Dandelion

Von AyeThu2

77.5K 6.2K 289

"မင်းရဲ့လက်ထဲက Dandelion လေးတွေကို လေနဲ့မှုတ်လိုက်ပြီးဆုတောင်းရင် ဆုတောင်း ပြည့်တယ်တဲ့" "မဖြစ်နိုင်တဲ့ဆုတောင်... Mehr

စာရေးသူအမှာစာ - ဖတ်ဖြစ်အောင်ဖတ်ပါ
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၁)
အခန်း (၂၂)

အခန်း (၂၀)

2.2K 208 10
Von AyeThu2

တစ်ခါမှမမြင်ဖူးသော မြန်မာဝတ်စုံကိုဝတ်ဆင်ထားတော့ ထိုအမျိုးသမီးဟာ အံ့ဩစွာဖြင့်သူ့ကိုကြည့်သည်။ သူ့ရဲ့အံ့ဩမှင်သက်နေမှုကို သဘောကျစွာနှုတ်ခမ်းတွေကွေးတက်သွားကာ သွားညီညီလေးတွေပေါ်အောင်ရယ်လိုက်မိသည်။

"မင်းကို ဒီလိုပုံစံနဲ့တစ်ခါမှမမြင်ဖူးဘူး"

"အခုမြင်ဖူးပြီမဟုတ်လား ဘုရားသွားမှာကို ကျွန်မကထဘီမဝတ်လို့မကောင်းဘူးလေ ရှင်လဲကြည့်လို့ကောင်းတယ်"

ရှားရှားပါးပါး ထဘီဝတ်ခဲသော ထိုအမျိုးသမီးဟာလဲ ဝတ်ဆင်ထားသည်မဟုတ်ပါလား။ ဆယ်ခါတစ်ခါမြင်ဖူးသော်လဲ ယခုလိုကြတော့ ကြည့်ကောင်းနေပြန်ရော။
ရှက်သွားဟန်ရှိသော ထိုအမျိုးသမီးရဲ့လက်ကို နွယ်က အရင်လှမ်းကိုင်လိုက်သည်။

ဘယ်အချိန်ချိန်ဖြစ်ဖြစ် နွေးထွေးကာ လုံခြုံမှုကိုပေးစွမ်းသော လက်တစ်စုံဟာ ထွက်ခွါသွားစေဖို့ ဝန်လေးစေသည်။ သို့သော်လဲ နောက်ဆုံးသော အချိန်လေးတွေမှာတော့ သူလောဘကြီးချင်မိသည်။

ကားမောင်းနေတဲ့ ဘေးတစောင်းအနေအထား ပုံရိပ်ကို ရင်ထဲမှာစွဲမြဲနေအောင်မှတ်ထားသည်။ မျက်လုံးတွေမှတ်ထားရင်တောင် နောင်သံသရာအဆက်ဆက်ထိမှတ်မိနေချင်မိပါသည်။

လူရှုပ်နေသည့် ဘုရားစောင်းတန်းမှာ ကိုယ့်လက်ကိုမြဲမြဲဆွဲကာ တက်သွားတော့ သံသရာကို သူ့လက်ဆွဲကာ ဖြတ်ကျော်ခြင်မိပေမဲ့ အချိန်တန်ရင်တော့ လေလွင့်သွားရသည့်တိမ်တိုက်လေးတွေလို စိတ်ကူးသက်သက်သာ။

နေ့နံထောင့်မှာ ဘုရားရှိခိုးပူဇော်ရင်း တောင်းမိခဲ့တဲ့ဆုက နောင်ဘဝတွေအဆက်ဆက် သံသရာအကွေ့မှာ ဆုံမိခဲ့ရင် သူက ထိုအမျိုးသမီးရဲ့ ပထမဆုံးသောသူဖြစ်ပါရစေလို့။

"ဘာစားချင်လဲ"

ကားမောင်းရင်း မေးလာသော ထိုမျက်နှာထားလေးကို သူချစ်လိုက်တာ။ ရယ်ပြုံးနေတဲ့ မျက်နှာလေးဟာ တကယ်ကို လက်မလွှတ်ချင်စရာပေါ့။ ခပ်ယဲ့ယဲ့ပြုံးလိုက်မိကာ

"ရှင်ရော ဘာစားချင်လဲ ကျွန်မဝယ်ကျွေးမှာ"

သူ့ရဲ့ပြောစကားကို ထိုအမျိုးသမီးကရယ်သည်။ ဟုတ်တော့ဟုတ်ပါတယ်လေ။ ဝယ်ကျွေးမယ်ဆိုသည့် ပိုက်ဆံဟာလဲ ထိုအမျိုးသမီးရဲ့ပိုက်ဆံတွေပဲကို။

"မနက်ဖြန်ဆေးခန်းသွားရဦးမှာနော်"

"အင်း"

"တို့ လာခေါ်မယ်နော် မနက် ၁၀ နာရီမဟုတ်လား"

"မနက်ဖြန်မှကို စောပါသေးတယ် ဒီနေ့အတွက်တော့ ဒီနေ့အကြောင်းတွေပဲပြောကြတာပေါ့ ကျွန်မရှင့်ကိုမေးစရာရှိတယ်"

"မေးလေ"

ပြုံးရွှင်နေသည့် ဂုဏ်ထည်ဝါမောင်၏မျက်နှာလေးကိုမြင်ရတော့ မေးချင်သည့်မေးခွန်းကိုလက်တွန့်သွားမိသလို အပြုံးလေးပျောက်ကွယ်သွားမှာ စိုးရိမ်မိသည်။

"ရှင့်ရဲ့ချစ်သူကဘယ်သူလဲ"

ထင်သည့်အတိုင်းပင် ပြုံးနေသောသူ့မျက်နှာထားဟာတည်သွားရသလို စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့်နွယ့်ကိုကြည့်သည်။ သူ့အကြည့်ကိုနားလည်သော နွယ်အတွက်ကတော့ မချိပြုံးပြုံးလိုက်မိကာ

"တစ်မျိုးမထင်ပါနဲ့ ဘယ်သူဆိုတာသိထားမှ ကြိုရှောင်လို့ရမှာပေါ့ ရှင်လဲသူ့ကိုမသိစေချင်ဘူးမလား"

သက်ပြင်းချသံသဲ့သဲ့ကိုကြားရတော့ ကိုယ့်ဘာသာ လှောင်ပြုံးပြုံးလိုက်မိသည်။

"မြတ်လေးရုံတဲ့ တို့အမျိုးသမီးပါ ဒီနိုင်ငံမှာ လိင်တူလက်ထပ်လို့ရတဲ့ ဥပဒေမရှိပေမဲ့ နှစ်ဦးသဘောတူ လက်ထပ်ထားတယ်ပဲဆိုပါတော့"

မပြတ်သားသော ကြိုးစလေးကို လွတ်မချခြင်သည့်စိတ်လေးဖြင့် မေးလိုက်မိသော်လဲ ပို၍သေချာသွားတော့ အနည်းငယ်မျှော်လင့်ချက်မီးပွါးလေးဟာ ငြိမ်းသက်လို့သွားရသည်။

"သူက ဆရာဝန်တစ်ယောက်လေ တို့နဲ့သူက ငယ်ငယ်ထဲက ရင်းနှီးခဲ့တာ"

နှစ်ပေါင်းများစွာတည်ဆောက်ထားသော မေတ္တာအိမ်ကို လပိုင်းမျှသာရှိသေးသော လေပွေတွေက မယိမ်းယိုင်စေခဲ့နိုင်ပါ။

တိကျသောအဖြေတစ်ခုကိုရလိုက်တော့ မျက်ဝန်းဆီကရစ်သိုင်းလာသောမျက်ရည်စတွေကို မျက်တောင်ဖျားခတ်ကာ ထိန်းသိမ်းလိုက်သည်။

"မင်းအကြောင်းလဲ တို့ကိုနည်းနည်းတော့ပြောပြသင့်တယ်မဟုတ်ဘူးလား"

ဒါပေါ့ အနည်းငယ်လောက်ဖြစ်ဖြစ်ပေါ့ ခွဲခွါသွားကြသည့်အခါ သူ့ရဲ့အကြောင်းအနည်းငယ်ကိုတော့မှတ်မိစေလိုပါသည်။ အခြားအကြောင်းအရာတွေကတော့ ဖွင့်ပြောပြဖို့အတွက် နှုတ်မရဲသလို ကြောက်မိသည်။

"ကျွန်မ နာမည်က သမုဒယနွယ် ဒီနာမည်ကို ဖေဖေက အမြတ်တနိုးပေးခဲ့တာ မိသားစုကိုရစ်ပတ်တဲ့ သမုဒယကြိုးလေးဆိုတဲ့အဓိပ္ပာယ်နဲ့လေ"

"မင်းနာမည်က တကယ်လှပါတယ်"

"ကျွန်မအကြောင်းက သိပ်မထူးဆန်းပါဘူး အသက်ဆယ်ငါးနှစ်မှာ ဖေဖေဆုံးတယ် သိပ်မကြာပါဘူး ဆယ်တန်းအောင်တော့ မေမေဆုံးပြန်တယ် အဲ့နောက်အဒေါ်အိမ်မှာနေရင်း ကျောင်းဆက်တက်တယ် အဝေးသင်ဘွဲ့ရတယ် ကြွားပြောတာတော့မဟုတ်ဘူး ကျွန်မကအင်္ဂလိပ်စာအရမ်းတော်တယ် ကွန်ပျူတာလဲကျွမ်းတယ် တခြား certificate တွေလဲအများကြီးပဲ"

သူ့စကားတွေကို ထိုအမျိုးသမီးကာပြုံးကာနားထောင်သည်။ ကားမောင်းရင်းဆိုပေမဲ့လို့ သူ့စကားတွေကို အာရုံစိုက်နားထောင်နေတယ်ဆိုတာကို သူသိပါသည်။

"မင်းကို တို့ကုမ္မဏီမှာ အလုပ်ခန့်ရမယ်ထင်တယ်"

"ကျေးဇူးတင်ပါတယ်"

စနောက်၍လား တကယ်လားမသိခဲ့ပေမဲ့လို့ ထိုအပြောကို သူကျေနပ်ခဲ့ပါသည်။

"ကော်ဖီသောက်ချင်တယ်"

ရုတ်တရတ်ပြင်းပြင်းပြပြခံစားမှုကို ထုတ်ပြောလိုက်တော့ သူကမျက်ခုံးပင့်ကာ လှည့်ကြည့်သည်။

"ကိုယ်ဝန်ဆောင်တွေဟာ ကဖင်းဓာတ်ပါတာတွေမစားရဘူးလို့ ဆရာဝန်ပြောတယ်လေ"

"တစ်ခါတစ်လေပဲလေ မသောက်တာလဲကြာနေပါပြီကို လုပ်ပါနော်"

ဂုဏ်ထည်ဝါမောင်၏မျက်နှာဟာ အပြုံးတွေအပြည့်ဖြင့် ဖြစ်သွားရသည်။ ပြီးတော့ သူ့ရဲ့ဆံနွယ်ကိုလက်တစ်ဖက်ဖြင့် လှမ်းဖွကာ

"မင်းချွဲတာလေးက အရမ်းချစ်စရာကောင်းတာပဲ"

"ရှင် သဘောကျတယ်ပေါ့"

"အင်း"

လက်ဖမိုးတစ်ဖက်ဟာတော့ ဂုဏ်ထည်ဝါမောင်ရဲ့ ဆွဲယူနမ်းရှိုက်ခြင်းကိုခံလိုက်ရတော့ တစ်ကိုယ်လုံးနွေးထွေးသွားသလိုပင်။

--------------

"အိုး ဒီကော်ဖီဆိုင်ကလှလိုက်တာ အနုပညာအရမ်းဆန်တာပဲ"

ကော်ဖီဆိုင်ကိုမြင်တော့ မမရဲ့ချီးမွမ်းစကားလို သမုဒယနွယ်ဟာလဲ ချီးကျူးစကားဆိုသည်။ ကော်ဖီသောက်ချင်သည်ဟူသော ခပ်ချွဲချွဲစကားလေးမှာ အရည်ပျော်ကျသွားတော့ အလိုလိုက်မိပြန်သည်။

"ဟိုဖက်က တို့အိမ်လေ"

လက်ညှိုးထိုးပြရာနေရာကိုလိုက်ကြည့်တော့ ဒီဇိုင်းဆန်းဆန်းဖြင့် လှပစွာတည်ဆောက်ထားသော နှစ်ထပ်အိမ်လေး။

"အဲ့ဒီအိမ်က တို့ကိုယ်တိုင်ဆောက်ထားတာ"

နွယ်ရဲ့ရင်ထဲမှာ မနာလိုအားကျမှုအရိပ်တွေထင်လာသော ကိုယ့်ဘာသာထိန်းချုပ်ရသည်။ သူတို့နှစ်ယောက်အတူတူနေဖို့အတွက် သူ့လက်ဖြင့်ပုံစံဖော်ကာဆောက်ထားသော အိမ်။

ထားပါတော့လေ... ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကို လောဘတက်တာမကောင်းပါဘူး တချို့အရာတွေက ငေးကြည့်နေရုံသပ်သပ်ပဲကို။

ကော်ဖီဆိုင်လေးရဲ့အတွင်းအပြင်အဆင်ကိုမြင်တော့ ဒီမိန်းကလေးက ချီးကျူးလို့မဆုံး။ ကော်ဖီနှစ်ခွက်နှင့် မုန့်အချို့ကိုမှာပြီးတော့ ဆိုင်ထဲက Dandelion ပန်းချီကားတွေကိုငေးနေသော ကောင်မလေးကို သူပြုံးကြည့်မိသည်။

"ဒုဓလီပန်းတွေက ဆောင်းဦးကိုရောက်တာနဲ့ ပန်းပွင့်လေးတွေကနေ အဖြူရောင်ဝတ်ဆံအစေ့ကိုပြောင်းလဲသွားကြတယ် ပြီးတော့ လေရဲ့ဦးဆောင်မှုနဲ့အတူ နေရာအနှံ့ကို လွင့်သွားရပြီး ကျရာနေရာမှာ ပြန်ပေါက်ကြတယ်တဲ့ သူတို့ကတကယ်ကို ကြံခိုင်တဲ့ပန်းလေးတွေပဲ ဘယ်နေရာမှန်းမသိတဲ့ နေရာသစ်တစ်ခုကို ခိုနားဖို့ ကြံခိုင်မှုတွေနဲ့ရှေ့ဆက်တယ် သူတို့ကို တကယ်အားကျတာပဲ"

"သူတို့အလေ့ကျပေါက်တဲ့ပန်းပင်တွေဆိုပေမဲ့ မင်းပြောသလိုပဲ လေနှင်ရာကိုဦးတည်သွားရတာပဲ ပြီးတော့ ပန်းဝတ်ဆံလေးကိုမှုတ်ပြီးလေထဲကိုလွှင့်သွားတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့"

"ဆုတောင်း ဟုတ်လား"

"ဟုတ်တယ် မင်းဆုတောင်းကြည့်မလား"

ခွက်ထဲကပန်းလေးကို သူ့ကိုယူပေးလိုက်တော့ ခေါင်းယမ်းပြမိသည်။

"မပြည့်တဲ့ ဆုတောင်းတွေကိုရော ဖြည့်ဆည်းပေးမှာလား"

သူ့အမေးကို ထိုအမျိုးသမီးမဖြေနိုင်ခဲ့ပါ။ သို့သော်လဲ သူပေါ့ပေါ့ပါးပါးပဲရယ်လိုက်ကာ ထိုအမျိုးသမီးလက်ထဲက ပန်းကိုလှမ်းယူလိုက်သည်။

"ကျွန်မက ကိုယ်တိုင် ဒုဓလီပန်းလေးဖြစ်ချင်တာ ဖြစ်နေခဲ့တယ်လို့လဲထင်တယ် ဒုဓလီပန်းတွေဟာ တစ်နေရာထဲမှာနားခိုလို့မရဘူး လေနဲ့အတူအမြဲလိုက်ပါနေရတာလေ လေဆိုတဲ့ ကံတရားကကျွန်မရဲ့နားခိုရာသေးသေးလေးဆီကို ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ငိုင်၍ကျန်ခဲ့သော အမျိုးသမီးကို သူပြုံးပြကာ ပြတင်တံခါးကနေ ပန်းဝတ်ဆံလေးတွေ လေဖြင့်မှုတ်ထုပ်လိုက်သည်။ သို့သော် ဆုတောင်းတွေတော့မပါခဲ့ဘူးပေါ့။

ခွဲခွါရမည့်အချိန်နီးလာလေ သူကြောက်လာမိလေ။ သို့သော်လဲ တစ်နေ့တာ အတူတူကုန်ဆုံးခွင့်ရခဲ့သော နေ့လေးအတွက် ထာဝရကျေးဇူးတင်ပါတယ်။

ဘုရားအတူတူသွားတယ် မနက်စာ နေ့လည်စာအတူတူစားကြတယ် ရုပ်ရှင်အတူတူကြည့်တယ် သူ့ရဲ့လက်ဖျားတွေကိုမလွတ်တမ်းဆုပ်ကိုင်ထားတယ် လိုချင်သောအရာသေးသေးလေးတွေကို ချွဲနွဲ့ပူဆာမိတယ်။ ရုပ်ရှင်ရုံအမှောင်မှာ သူ့နှုတ်ခမ်းတွေကိုဖွဖွနမ်းသည်။ သူ့ပခုံးပေါ်ကိုခေါင်းမှီကာ အိပ်တယ်။ သူ့ရင်ခွင်သေးသေးမှာ အနွေးဓာတ်ရယူတယ်။

တော်ပါပြီလေ လုံလောက်ခဲ့ပါပြီ။

"တို့ကို တကယ်ကြီးပြန်လွှတ်မလို့လား တကယ်တော့ ဒီနေ့ မင်းဆီမှာ အိပ်မလို့စဉ်းစားထားတာ"

သူခေါင်းကိုညင်သာစွာပဲယမ်းလိုက်သည်။ ပို၍အနေနီးလေ သူ့ရဲ့ဆုံးဖြတ်ချက်တွေ ပို၍ဝေဝါးလေဖြစ်လာရမည်မဟုတ်ပါလား။

"ကောင်းပါပြီ တို့အတင်းမတောင်းဆိုတော့ဘူး အိပ်ရေးဝဝအိပ်ပါ"

ညနေစောင်းအချိန်ဟာ နောက်ဆုံးသောမြင်တွေ့ရခြင်းအခိုက်အတန့်ဖြစ်လိမ့်မည်။

"တစ်ခုလောက်တောင်းဆိုလို့ရမလား"

လှည့်ထွက်ဟန်ပြင်နေသော မောင်ကပြန်လှည့်လာသည်။ အပြုံးနုနုကိုငေးမောရင်း စကားတစ်ခွန်းကိုဆိုမိသည်။

"ကျွန်မကလေးလေးကို နာမည်ပေးပေးပါလား"

"ဟမ် မွေးမှမမွေးသေးတာကို တို့ကဘယ်လိုပေးရမလဲ"

"မလုပ်ပေးနိုင်ဘူးလား"

"ဟုတ်ပါပြီ နေဦးစဉ်းစားကြည့်ဦးမယ်"

"ထည်ဝါနှောင်ကြိုးဆိုရင်ရော တို့နာမည်နဲ့ တို့ကိုရစ်ပတ်တဲ့မင်းလိုကြိုးကလေးပေါ့"

သူနှစ်ခြိုက်စွာပြုံးမိတော့ ချစ်စရာကောင်းသည်ဟူသော ချီးကျူးစကားကိုရပြန်သည်။

"ကျေးဇူးတင်ပါတယ်"

မောင့်ရဲ့နှုတ်ခမ်းလေးတွေ ဖိကပ်နမ်းလိုက်မိတော့ ဒါဟာ နှုတ်ဆက်အနမ်းလို့ပဲခေါ်လေမလားပေါ့။
ထွက်သွားသော ကျောပြင်လေးဟာ တဖြည်းဖြည်းသေးသေးလာပြီး မြင်ကွင်းကပျောက်ကွယ်သွားတော့ နေညိုချိန်လမ်းခွဲဟာ ထာဝရအတွက်ဝေးကွာခဲ့ပြီ။

ချစ်တယ်ဆိုတဲ့ စကားကို ဘယ်သောအခါမှမပြောမိခဲ့ပေမဲ့ ရင်ထဲမှာထာဝရကျန်ရှိသွားမဲ့သူဟာ မောင်ပါပဲလေ။
ထည်ဝါနှောင်ကြိုးတဲ့လား မောင်ရေ အခုချိန်ကစပြီး မောင့်ကိုရစ်ပတ်တဲ့ကြိုးတွေက မရှိတော့ပါဘူး မောင်ရယ်။

၁၃.၁၂.၂၀၂၁

တစ္ခါမွမျမင္ဖူးေသာ ျမန္မာဝတ္စုံကိုဝတ္ဆင္ထားေတာ့ ထိုအမ်ိဳးသမီးဟာ အံ့ဩစြာျဖင့္သူ႕ကိုၾကည့္သည္။ သူ႕ရဲ႕အံ့ဩမွင္သက္ေနမႈကို သေဘာက်စြာႏႈတ္ခမ္းေတြေကြးတက္သြားကာ သြားညီညီေလးေတြေပၚေအာင္ရယ္လိုက္မိသည္။

"မင္းကို ဒီလိုပုံစံနဲ႕တစ္ခါမွမျမင္ဖူးဘူး"

"အခုျမင္ဖူးၿပီမဟုတ္လား ဘုရားသြားမွာကို ကြၽန္မကထဘီမဝတ္လို႔မေကာင္းဘူးေလ ရွင္လဲၾကည့္လို႔ေကာင္းတယ္"

ရွားရွားပါးပါး ထဘီဝတ္ခဲေသာ ထိုအမ်ိဳးသမီးဟာလဲ ဝတ္ဆင္ထားသည္မဟုတ္ပါလား။ ဆယ္ခါတစ္ခါျမင္ဖူးေသာ္လဲ ယခုလိုၾကေတာ့ ၾကည့္ေကာင္းေနျပန္ေရာ။
ရွက္သြားဟန္ရွိေသာ ထိုအမ်ိဳးသမီးရဲ႕လက္ကို ႏြယ္က အရင္လွမ္းကိုင္လိုက္သည္။

ဘယ္အခ်ိန္ခ်ိန္ျဖစ္ျဖစ္ ေႏြးေထြးကာ လုံၿခဳံမႈကိုေပးစြမ္းေသာ လက္တစ္စုံဟာ ထြက္ခြါသြားေစဖို႔ ဝန္ေလးေစသည္။ သို႔ေသာ္လဲ ေနာက္ဆုံးေသာ အခ်ိန္ေလးေတြမွာေတာ့ သူေလာဘႀကီးခ်င္မိသည္။

ကားေမာင္းေနတဲ့ ေဘးတေစာင္းအေနအထား ပုံရိပ္ကို ရင္ထဲမွာစြဲၿမဲေနေအာင္မွတ္ထားသည္။ မ်က္လုံးေတြမွတ္ထားရင္ေတာင္ ေနာင္သံသရာအဆက္ဆက္ထိမွတ္မိေနခ်င္မိပါသည္။

လူရႈပ္ေနသည့္ ဘုရားေစာင္းတန္းမွာ ကိုယ့္လက္ကိုၿမဲၿမဲဆြဲကာ တက္သြားေတာ့ သံသရာကို သူ႕လက္ဆြဲကာ ျဖတ္ေက်ာ္ျခင္မိေပမဲ့ အခ်ိန္တန္ရင္ေတာ့ ေလလြင့္သြားရသည့္တိမ္တိုက္ေလးေတြလို စိတ္ကူးသက္သက္သာ။

ေန႕နံေထာင့္မွာ ဘုရားရွိခိုးပူေဇာ္ရင္း ေတာင္းမိခဲ့တဲ့ဆုက ေနာင္ဘဝေတြအဆက္ဆက္ သံသရာအေကြ႕မွာ ဆုံမိခဲ့ရင္ သူက ထိုအမ်ိဳးသမီးရဲ႕ ပထမဆုံးေသာသူျဖစ္ပါရေစလို႔။

"ဘာစားခ်င္လဲ"

ကားေမာင္းရင္း ေမးလာေသာ ထိုမ်က္ႏွာထားေလးကို သူခ်စ္လိုက္တာ။ ရယ္ၿပဳံးေနတဲ့ မ်က္ႏွာေလးဟာ တကယ္ကို လက္မလႊတ္ခ်င္စရာေပါ့။ ခပ္ယဲ့ယဲ့ၿပဳံးလိုက္မိကာ

"ရွင္ေရာ ဘာစားခ်င္လဲ ကြၽန္မဝယ္ေကြၽးမွာ"

သူ႕ရဲ႕ေျပာစကားကို ထိုအမ်ိဳးသမီးကရယ္သည္။ ဟုတ္ေတာ့ဟုတ္ပါတယ္ေလ။ ဝယ္ေကြၽးမယ္ဆိုသည့္ ပိုက္ဆံဟာလဲ ထိုအမ်ိဳးသမီးရဲ႕ပိုက္ဆံေတြပဲကို။

"မနက္ျဖန္ေဆးခန္းသြားရဦးမွာေနာ္"

"အင္း"

"တို႔ လာေခၚမယ္ေနာ္ မနက္ ၁၀ နာရီမဟုတ္လား"

"မနက္ျဖန္မွကို ေစာပါေသးတယ္ ဒီေန႕အတြက္ေတာ့ ဒီေန႕အေၾကာင္းေတြပဲေျပာၾကတာေပါ့ ကြၽန္မရွင့္ကိုေမးစရာရွိတယ္"

"ေမးေလ"

ၿပဳံး႐ႊင္ေနသည့္ ဂုဏ္ထည္ဝါေမာင္၏မ်က္ႏွာေလးကိုျမင္ရေတာ့ ေမးခ်င္သည့္ေမးခြန္းကိုလက္တြန့္သြားမိသလို အၿပဳံးေလးေပ်ာက္ကြယ္သြားမွာ စိုးရိမ္မိသည္။

"ရွင့္ရဲ႕ခ်စ္သူကဘယ္သူလဲ"

ထင္သည့္အတိုင္းပင္ ၿပဳံးေနေသာသူ႕မ်က္ႏွာထားဟာတည္သြားရသလို စိတ္ရႈပ္ေထြးမႈအျပည့္ျဖင့္ႏြယ့္ကိုၾကည့္သည္။ သူ႕အၾကည့္ကိုနားလည္ေသာ ႏြယ္အတြက္ကေတာ့ မခ်ိၿပဳံးၿပဳံးလိုက္မိကာ

"တစ္မ်ိဳးမထင္ပါနဲ႕ ဘယ္သူဆိုတာသိထားမွ ႀကိဳေရွာင္လို႔ရမွာေပါ့ ရွင္လဲသူ႕ကိုမသိေစခ်င္ဘူးမလား"

သက္ျပင္းခ်သံသဲ့သဲ့ကိုၾကားရေတာ့ ကိုယ့္ဘာသာ ေလွာင္ၿပဳံးၿပဳံးလိုက္မိသည္။

"ျမတ္ေလး႐ုံတဲ့ တို႔အမ်ိဳးသမီးပါ ဒီနိုင္ငံမွာ လိင္တူလက္ထပ္လို႔ရတဲ့ ဥပေဒမရွိေပမဲ့ ႏွစ္ဦးသေဘာတူ လက္ထပ္ထားတယ္ပဲဆိုပါေတာ့"

မျပတ္သားေသာ ႀကိဳးစေလးကို လြတ္မခ်ျခင္သည့္စိတ္ေလးျဖင့္ ေမးလိုက္မိေသာ္လဲ ပို၍ေသခ်ာသြားေတာ့ အနည္းငယ္ေမွ်ာ္လင့္ခ်က္မီးပြါးေလးဟာ ၿငိမ္းသက္လို႔သြားရသည္။

"သူက ဆရာဝန္တစ္ေယာက္ေလ တို႔နဲ႕သူက ငယ္ငယ္ထဲက ရင္းႏွီးခဲ့တာ"

ႏွစ္ေပါင္းမ်ားစြာတည္ေဆာက္ထားေသာ ေမတၱာအိမ္ကို လပိုင္းမွ်သာရွိေသးေသာ ေလေပြေတြက မယိမ္းယိုင္ေစခဲ့နိုင္ပါ။

တိက်ေသာအေျဖတစ္ခုကိုရလိုက္ေတာ့ မ်က္ဝန္းဆီကရစ္သိုင္းလာေသာမ်က္ရည္စေတြကို မ်က္ေတာင္ဖ်ားခတ္ကာ ထိန္းသိမ္းလိုက္သည္။

"မင္းအေၾကာင္းလဲ တို႔ကိုနည္းနည္းေတာ့ေျပာျပသင့္တယ္မဟုတ္ဘူးလား"

ဒါေပါ့ အနည္းငယ္ေလာက္ျဖစ္ျဖစ္ေပါ့ ခြဲခြါသြားၾကသည့္အခါ သူ႕ရဲ႕အေၾကာင္းအနည္းငယ္ကိုေတာ့မွတ္မိေစလိုပါသည္။ အျခားအေၾကာင္းအရာေတြကေတာ့ ဖြင့္ေျပာျပဖို႔အတြက္ ႏႈတ္မရဲသလို ေၾကာက္မိသည္။

"ကြၽန္မ နာမည္က သမုဒယႏြယ္ ဒီနာမည္ကို ေဖေဖက အျမတ္တနိုးေပးခဲ့တာ မိသားစုကိုရစ္ပတ္တဲ့ သမုဒယႀကိဳးေလးဆိုတဲ့အဓိပၸာယ္နဲ႕ေလ"

"မင္းနာမည္က တကယ္လွပါတယ္"

"ကြၽန္မအေၾကာင္းက သိပ္မထူးဆန္းပါဘူး အသက္ဆယ္ငါးႏွစ္မွာ ေဖေဖဆုံးတယ္ သိပ္မၾကာပါဘူး ဆယ္တန္းေအာင္ေတာ့ ေမေမဆုံးျပန္တယ္ အဲ့ေနာက္အေဒၚအိမ္မွာေနရင္း ေက်ာင္းဆက္တက္တယ္ အေဝးသင္ဘြဲ႕ရတယ္ ႂကြားေျပာတာေတာ့မဟုတ္ဘူး ကြၽန္မကအဂၤလိပ္စာအရမ္းေတာ္တယ္ ကြန္ပ်ဴတာလဲကြၽမ္းတယ္ တျခား certificate ေတြလဲအမ်ားႀကီးပဲ"

သူ႕စကားေတြကို ထိုအမ်ိဳးသမီးကာၿပဳံးကာနားေထာင္သည္။ ကားေမာင္းရင္းဆိုေပမဲ့လို႔ သူ႕စကားေတြကို အာ႐ုံစိုက္နားေထာင္ေနတယ္ဆိုတာကို သူသိပါသည္။

"မင္းကို တို႔ကုမၼဏီမွာ အလုပ္ခန့္ရမယ္ထင္တယ္"

"ေက်းဇူးတင္ပါတယ္"

စေနာက္၍လား တကယ္လားမသိခဲ့ေပမဲ့လို႔ ထိုအေျပာကို သူေက်နပ္ခဲ့ပါသည္။

"ေကာ္ဖီေသာက္ခ်င္တယ္"

႐ုတ္တရတ္ျပင္းျပင္းျပျပခံစားမႈကို ထုတ္ေျပာလိုက္ေတာ့ သူကမ်က္ခုံးပင့္ကာ လွည့္ၾကည့္သည္။

"ကိုယ္ဝန္ေဆာင္ေတြဟာ ကဖင္းဓာတ္ပါတာေတြမစားရဘူးလို႔ ဆရာဝန္ေျပာတယ္ေလ"

"တစ္ခါတစ္ေလပဲေလ မေသာက္တာလဲၾကာေနပါၿပီကို လုပ္ပါေနာ္"

ဂုဏ္ထည္ဝါေမာင္၏မ်က္ႏွာဟာ အၿပဳံးေတြအျပည့္ျဖင့္ ျဖစ္သြားရသည္။ ၿပီးေတာ့ သူ႕ရဲ႕ဆံႏြယ္ကိုလက္တစ္ဖက္ျဖင့္ လွမ္းဖြကာ

"မင္းခြၽဲတာေလးက အရမ္းခ်စ္စရာေကာင္းတာပဲ"

"ရွင္ သေဘာက်တယ္ေပါ့"

"အင္း"

လက္ဖမိုးတစ္ဖက္ဟာေတာ့ ဂုဏ္ထည္ဝါေမာင္ရဲ႕ ဆြဲယူနမ္းရွိုက္ျခင္းကိုခံလိုက္ရေတာ့ တစ္ကိုယ္လုံးေႏြးေထြးသြားသလိုပင္။

--------------

"အိုး ဒီေကာ္ဖီဆိုင္ကလွလိုက္တာ အႏုပညာအရမ္းဆန္တာပဲ"

ေကာ္ဖီဆိုင္ကိုျမင္ေတာ့ မမရဲ႕ခ်ီးမြမ္းစကားလို သမုဒယႏြယ္ဟာလဲ ခ်ီးက်ဴးစကားဆိုသည္။ ေကာ္ဖီေသာက္ခ်င္သည္ဟူေသာ ခပ္ခြၽဲခြၽဲစကားေလးမွာ အရည္ေပ်ာ္က်သြားေတာ့ အလိုလိုက္မိျပန္သည္။

"ဟိုဖက္က တို႔အိမ္ေလ"

လက္ညွိုးထိုးျပရာေနရာကိုလိုက္ၾကည့္ေတာ့ ဒီဇိုင္းဆန္းဆန္းျဖင့္ လွပစြာတည္ေဆာက္ထားေသာ ႏွစ္ထပ္အိမ္ေလး။

"အဲ့ဒီအိမ္က တို႔ကိုယ္တိုင္ေဆာက္ထားတာ"

ႏြယ္ရဲ႕ရင္ထဲမွာ မနာလိုအားက်မႈအရိပ္ေတြထင္လာေသာ ကိုယ့္ဘာသာထိန္းခ်ဳပ္ရသည္။ သူတို႔ႏွစ္ေယာက္အတူတူေနဖို႔အတြက္ သူ႕လက္ျဖင့္ပုံစံေဖာ္ကာေဆာက္ထားေသာ အိမ္။

ထားပါေတာ့ေလ... ပိုင္ဆိုင္ခြင့္မရွိတဲ့အရာေတြကို ေလာဘတက္တာမေကာင္းပါဘူး တခ်ိဳ႕အရာေတြက ေငးၾကည့္ေန႐ုံသပ္သပ္ပဲကို။

ေကာ္ဖီဆိုင္ေလးရဲ႕အတြင္းအျပင္အဆင္ကိုျမင္ေတာ့ ဒီမိန္းကေလးက ခ်ီးက်ဴးလို႔မဆုံး။ ေကာ္ဖီႏွစ္ခြက္ႏွင့္ မုန့္အခ်ိဳ႕ကိုမွာၿပီးေတာ့ ဆိုင္ထဲက Dandelion ပန္းခ်ီကားေတြကိုေငးေနေသာ ေကာင္မေလးကို သူၿပဳံးၾကည့္မိသည္။

"ဒုဓလီပန္းေတြက ေဆာင္းဦးကိုေရာက္တာနဲ႕ ပန္းပြင့္ေလးေတြကေန အျဖဴေရာင္ဝတ္ဆံအေစ့ကိုေျပာင္းလဲသြားၾကတယ္ ၿပီးေတာ့ ေလရဲ႕ဦးေဆာင္မႈနဲ႕အတူ ေနရာအႏွံ႕ကို လြင့္သြားရၿပီး က်ရာေနရာမွာ ျပန္ေပါက္ၾကတယ္တဲ့ သူတို႔ကတကယ္ကို ႀကံခိုင္တဲ့ပန္းေလးေတြပဲ ဘယ္ေနရာမွန္းမသိတဲ့ ေနရာသစ္တစ္ခုကို ခိုနားဖို႔ ႀကံခိုင္မႈေတြနဲ႕ေရွ႕ဆက္တယ္ သူတို႔ကို တကယ္အားက်တာပဲ"

"သူတို႔အေလ့က်ေပါက္တဲ့ပန္းပင္ေတြဆိုေပမဲ့ မင္းေျပာသလိုပဲ ေလႏွင္ရာကိုဦးတည္သြားရတာပဲ ၿပီးေတာ့ ပန္းဝတ္ဆံေလးကိုမႈတ္ၿပီးေလထဲကိုလႊင့္သြားတဲ့အခါ ဆုေတာင္းရင္ ဆုေတာင္းျပည့္တယ္တဲ့"

"ဆုေတာင္း ဟုတ္လား"

"ဟုတ္တယ္ မင္းဆုေတာင္းၾကည့္မလား"

ခြက္ထဲကပန္းေလးကို သူ႕ကိုယူေပးလိုက္ေတာ့ ေခါင္းယမ္းျပမိသည္။

"မျပည့္တဲ့ ဆုေတာင္းေတြကိုေရာ ျဖည့္ဆည္းေပးမွာလား"

သူ႕အေမးကို ထိုအမ်ိဳးသမီးမေျဖနိုင္ခဲ့ပါ။ သို႔ေသာ္လဲ သူေပါ့ေပါ့ပါးပါးပဲရယ္လိုက္ကာ ထိုအမ်ိဳးသမီးလက္ထဲက ပန္းကိုလွမ္းယူလိုက္သည္။

"ကြၽန္မက ကိုယ္တိုင္ ဒုဓလီပန္းေလးျဖစ္ခ်င္တာ ျဖစ္ေနခဲ့တယ္လို႔လဲထင္တယ္ ဒုဓလီပန္းေတြဟာ တစ္ေနရာထဲမွာနားခိုလို႔မရဘူး ေလနဲ႕အတူအၿမဲလိုက္ပါေနရတာေလ ေလဆိုတဲ့ ကံတရားကကြၽန္မရဲ႕နားခိုရာေသးေသးေလးဆီကို ပို႔ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္"

ငိုင္၍က်န္ခဲ့ေသာ အမ်ိဳးသမီးကို သူၿပဳံးျပကာ ျပတင္တံခါးကေန ပန္းဝတ္ဆံေလးေတြ ေလျဖင့္မႈတ္ထုပ္လိုက္သည္။ သို႔ေသာ္ ဆုေတာင္းေတြေတာ့မပါခဲ့ဘူးေပါ့။

ခြဲခြါရမည့္အခ်ိန္နီးလာေလ သူေၾကာက္လာမိေလ။ သို႔ေသာ္လဲ တစ္ေန႕တာ အတူတူကုန္ဆုံးခြင့္ရခဲ့ေသာ ေန႕ေလးအတြက္ ထာဝရေက်းဇူးတင္ပါတယ္။

ဘုရားအတူတူသြားတယ္ မနက္စာ ေန႕လည္စာအတူတူစားၾကတယ္ ႐ုပ္ရွင္အတူတူၾကည့္တယ္ သူ႕ရဲ႕လက္ဖ်ားေတြကိုမလြတ္တမ္းဆုပ္ကိုင္ထားတယ္ လိုခ်င္ေသာအရာေသးေသးေလးေတြကို ခြၽဲႏြဲ႕ပူဆာမိတယ္။ ႐ုပ္ရွင္႐ုံအေမွာင္မွာ သူ႕ႏႈတ္ခမ္းေတြကိုဖြဖြနမ္းသည္။ သူ႕ပခုံးေပၚကိုေခါင္းမွီကာ အိပ္တယ္။ သူ႕ရင္ခြင္ေသးေသးမွာ အေႏြးဓာတ္ရယူတယ္။

ေတာ္ပါၿပီေလ လုံေလာက္ခဲ့ပါၿပီ။

"တို႔ကို တကယ္ႀကီးျပန္လႊတ္မလို႔လား တကယ္ေတာ့ ဒီေန႕ မင္းဆီမွာ အိပ္မလို႔စဥ္းစားထားတာ"

သူေခါင္းကိုညင္သာစြာပဲယမ္းလိုက္သည္။ ပို၍အေနနီးေလ သူ႕ရဲ႕ဆုံးျဖတ္ခ်က္ေတြ ပို၍ေဝဝါးေလျဖစ္လာရမည္မဟုတ္ပါလား။

"ေကာင္းပါၿပီ တို႔အတင္းမေတာင္းဆိုေတာ့ဘူး အိပ္ေရးဝဝအိပ္ပါ"

ညေနေစာင္းအခ်ိန္ဟာ ေနာက္ဆုံးေသာျမင္ေတြ႕ရျခင္းအခိုက္အတန့္ျဖစ္လိမ့္မည္။

"တစ္ခုေလာက္ေတာင္းဆိုလို႔ရမလား"

လွည့္ထြက္ဟန္ျပင္ေနေသာ ေမာင္ကျပန္လွည့္လာသည္။ အၿပဳံးႏုႏုကိုေငးေမာရင္း စကားတစ္ခြန္းကိုဆိုမိသည္။

"ကြၽန္မကေလးေလးကို နာမည္ေပးေပးပါလား"

"ဟမ္ ေမြးမွမေမြးေသးတာကို တို႔ကဘယ္လိုေပးရမလဲ"

"မလုပ္ေပးနိုင္ဘူးလား"

"ဟုတ္ပါၿပီ ေနဦးစဥ္းစားၾကည့္ဦးမယ္"

"ထည္ဝါေႏွာင္ႀကိဳးဆိုရင္ေရာ တို႔နာမည္နဲ႕ တို႔ကိုရစ္ပတ္တဲ့မင္းလိုႀကိဳးကေလးေပါ့"

သူႏွစ္ၿခိဳက္စြာၿပဳံးမိေတာ့ ခ်စ္စရာေကာင္းသည္ဟူေသာ ခ်ီးက်ဴးစကားကိုရျပန္သည္။

"ေက်းဇူးတင္ပါတယ္"

ေမာင့္ရဲ႕ႏႈတ္ခမ္းေလးေတြ ဖိကပ္နမ္းလိုက္မိေတာ့ ဒါဟာ ႏႈတ္ဆက္အနမ္းလို႔ပဲေခၚေလမလားေပါ့။
ထြက္သြားေသာ ေက်ာျပင္ေလးဟာ တျဖည္းျဖည္းေသးေသးလာၿပီး ျမင္ကြင္းကေပ်ာက္ကြယ္သြားေတာ့ ေနညိုခ်ိန္လမ္းခြဲဟာ ထာဝရအတြက္ေဝးကြာခဲ့ၿပီ။

ခ်စ္တယ္ဆိုတဲ့ စကားကို ဘယ္ေသာအခါမွမေျပာမိခဲ့ေပမဲ့ ရင္ထဲမွာထာဝရက်န္ရွိသြားမဲ့သူဟာ ေမာင္ပါပဲေလ။
ထည္ဝါေႏွာင္ႀကိဳးတဲ့လား ေမာင္ေရ အခုခ်ိန္ကစၿပီး ေမာင့္ကိုရစ္ပတ္တဲ့ႀကိဳးေတြက မရွိေတာ့ပါဘူး ေမာင္ရယ္။

၁၃.၁၂.၂၀၂၁

Weiterlesen

Das wird dir gefallen

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...