ဒီဇင်ဘာ(၁၀)ရက်နေ့
မနက်ခင်းလေးမှာ ပျော်ရွှင်စွာကောင်လေးတစ်ယောက်နိုးထလာခဲ့သည်။သူ့ဘေးက ချစ်ရသူလေးကတော့မရှိတော့ပါ။ သို့ပေမယ့် ကုတင်ဘေးတွင်
နွားနို့နဲ့ပါမုန့်မီးကင်စတော်ဘယ်ရီယိုသုပ်လေးနှစ်ချပ်ကိုဘေး၌ထားပေးခဲ့သည်။
"ညီနိုးနေပြီလား မောနင်း ညကလည်းဘာမှမစားပဲအိပ်လိုက်တာဆိုတော့ညီဗိုက်ဆာနေမှာပေါ့စားလိုက်နော် ပြီးရင်ဆေးသောက် ပြီးတာနဲ့အပြင်ထွက်လည်ကြမယ်ဟုတ်ပြီလား"
မိုးသားကပါးချိုင့်လေးပေါ်အောင်ရယ်လိုက်မိသည်။
"အကို လည်းအဖိုးအိုပေါက်စနဲ့တောင်တူလာပြီနော် ကျွန်တော်ကလေးမဟုတ်တော့ပါဘူး"
"ကလေးမဟုတ်လို့ပေါ့ကလေးသာဆိုရင် ရင်ဝယ်ထဲမှာသာပိုက်လိုက်ချင်တာဟုတ်ပြီလား"
နဖူးလေးကိုခေါက်ပြီး နောက်ရှိန်းကအပြင်ထွက်သွားသည်။
"အကိုပြန်လာခဲ့မယ် ညီအတွက် စတော်ဘယ်ရီအသီးသွားခူးလိုက်အုံးမယ်"
"အင်း"
ရှိန်းကအပြင်သို့ထွက်သွားပြီးနောက်မိုးသားက ရေချိုးခန်းထဲဝင်လိုက်သည်။ဘီးဖီးနေတဲ့အချိန်၌ဘီးတွင် ဆံပင်များစွာ စတင်ကျွတ်လာတော့သည်။ဒါမိုးသားအတွက်မထူးဆန်းတော့ဆေးရုံမှာကတည်းကနည်းနည်းချင်းစီကျွတ်နေခဲ့တာလေအခုတောင်ကြီးရောက်မှ အုံလိုက်ကြီးကျွတ်နေပြန်သည်။
မိုးသားအော်ငိုချင်မိသွားပါသည်။သူအကိုနဲ့အပြင်ကိုသွားရင်သူဂတုံးကြီးနဲ့ဆိုလိုက်ဖက်မည်မဟုတ်တော့ဘူးလေဒီအတွက်ကြောင့်သူငိုမိပါသည်။
"ကြည့်ရတာငါနေဖို့အချိန်သိပ်မရှိတော့ဘူးနဲ့တူတယ်"
ရေချိုးခန်းတံခါးကိုလော့မချထားတာကြောင့်စတော်ဘယ်ရီအသီးပန်းကန်လေးကိုပိုက်လျက် ချစ်ရသူဆံပင်စကျွတ်ပြီး ခံစားနေရတာကိုမြင်လိုက်ရသည့်အတွက် ရှိန်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ သူပါ ဂတုံး တုံးမယ်ဆိုပြီးပေါ့~
"ညီရယ် ရေချိုးခန်းထဲမှာကြာလိုက်တာဘာလုပ်နေတာလဲ"
"ဒီလိုပဲလေ အပြင်ထွက်လည်မှာဆိုတော့ကျွန်တော်ချောနေမှဖြစ်မယ် ဒါမှအကို သိက္ခာမကျမှာ"
သူရှေ့ကဟန်ဆောင်ကပြုံးရယ်ပြီးစနောက်နေတဲ့ကောင်လေးကိုကြည့်ပြီး ယောင်္ကျားလေးတန်မဲ့သူဝမ်းနည်းမိတာအမှန်ပင်။တစ်ခါတစ်လေကျတော့လည်းလောကကြီးက မတရားခဲ့ဘူး။သေခြင်းတရားဆိုတာကလည်းမကြာခင်ဒီလူသားလေးကိုခေါ်ထုတ်သွားတော့မယ် အားလုံးထက် ရှိန်းက မိုးသားအခြေနေကိုသိတာကြောင့်တွေးမိရင်းမျက်ရည်စို့လာခဲ့သည်။
"ညီကချောပြီးသားပြောစရာကိုမလိုဘူး"
အခန်းထဲ၌နှစ်ဦးသားတစ်ယောက်နဲ့တစ်ယောက်စနောက်နေကြသည်။ပြီးနောက် တောင်ကြီးမြို့ထဲသို့နှစ်ဦးသားထွက်လာခဲ့သည်။တောင်ကြီးမြို့မဈေးဘက်သို့ရှိန်းက ဦးတည်ကာမောင်းလာခဲ့သည်။
ကားပေါ်ကဆင်းဆင်းချင်း ရှိန်းက မိုးသားလက်ကိုဆုပ်ကိုင်ပြီးဈေးထဲပတ်ရန်ပြင်နေသောကြောင့်မိုးသားကလက်ကိုရုန်းလိုက်မိသည်။ရှိန်းကလည်းမလွှတ်ပေးပဲပိုမိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"အကိုလူတွေအများကြီးပဲလေ "
"ညီကဒါတွေကိုဂရုစိုက်နေတာလား အကိုတော့ဂရုမစိုက်နိုင်ပါဘူး လာသွားမယ်"
မိုးသားလည်းဘာမှထပ်မပြောနိုင်တော့ပဲအကိုခေါ်ရာနောက်သို့ပါသွားတော့သည်။လူတစ်ချို့က ကြည့်ကြပေမယ့် လူရှုပ်နေသောကြောင့်အေးဆေးပင်လျှောက်လည်ခဲ့သည်။ရှမ်းအစားအသောက်များကိုမိုးသားညိုတစ်မျိုးပြီးတစ်မျိုးဝယ်စားခဲ့သည်မှာ ရှိန်းပင်မတားနိုင်တော့သည်အထိဖြစ်ခဲ့သည်။
တစ်နေကုန်လျှောက်လည်ပြီးနောက် တောင်ကြီးရဲ့အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ စူဠာမုနိ ဘုရားသို့သွားခဲ့သည်။ညနေစောင်းလေ အအေးဓာတ်ကပိုလေဖြစ်သည်။မိုးသားမှာကုတ်အထူကြီးကိုဝတ်ထားရသောကြောင့်လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ပါ။
ဘုရားဖူးပြီးနောက် ရှိန်းကမိုးသားကိုမေးလိုက်သည်။
"ညီဘာဆုတောင်းလဲ"
"နောင်ဘဝတင်မဟုတ်ဘူးဘဝဆက်တိုင်းအကိုနဲ့အတူတူရှိနေဖို့အတွက်ဆုတောင်းခဲ့တယ် အကိုကကော"
"အကိုကဘာဆုတောင်းလဲဆိုတော့ ညီအမြန်ဆုံးသက်သာပါစေလို့လေ"
မိုးသားပြုံးနေရင်းခဏရပ်တန့်ကာ မျက်ရည်ဝိုင်းလဲ့သွားသည်။ရှိန်းကရိုးရိုးပင်ဆုတောင်းလိုက်သော်လည်းဒါမဖြစ်နိုင်တာအသိပင်မဟုတ်ဘူးလားချစ်ရသူလေးမျက်နှာညှိုးနေတာမြင်ပြီးစကားလမ်းကြောင်းလွှဲလိုက်ပါတော့သည်။
"အကိုတို့ဘုရားကိုပတ်ပြီးရင် အိမ်ပြန်မယ်လေ အပြင်မှာအရမ်းအေးနေပြီတစ်နေကုန်ဆိုတော့ညီလည်းပင်ပန်းနေမှာပဲမဟုတ်ဘူးလား"
"အင်းပြန်မယ် "
ဘုရားလည်းဖူးပြီးနောက်အိမ်ငယ်လေးသို့ပြန်ရောက်လာခဲ့သည်။ မိုးသားကရေချိုးခန်းထဲကထွက်လာပြီးရှိန်းကိုမြင်ကာအံဩမိသွားသည်။သူမျက်စိကိုသူမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့သည်။သူရှေ့ကရင်နှစ်သည်းချာလေးရဲ့ခေါင်းမှာဆံပင်တစ်မျှင်မှပင်မရှိတော့ပါ။သိုပေမယ့်လည်း ချောနေတာကတော့မပြောင်းလဲပဲတည်ရှိနေဆဲပင်ဖြစ်သည်။
"အကိုဘယ်လိုဖြစ်တာလဲ"
"အကိုဆံပင်တွေနဲ့နေရတာစိတ်ရှုပ်လို့ဂတုံးတုံးလိုက်တာ ညီလည်းတုံးပါလားအဲဒါဆို ကိုယ်တို့နှစ်ယောက်ဆင်တူဖြစ်သွားပြီပေါ့"
ရှိန်းကရယ်ကာမိုးသားခါးကိုဖက်၍ပြောသည်။
"ကျွန်တော်ကဂတုံးတုံးလိုက်လို့ရုပ်ဆိုးသွားရင်ဘယ်နှယ့်လုပ်မတုန်း"
"အဲလိုဆိုလည်းညီက ကိုယ်ကောင်လေးဆိုတာပြောင်းလဲသွားမှာမှမဟုတ်တာလေ"
"ကောင်းပါပြီဒါဆိုကျွန်တော်လည်းဂတုံးတုံးတာပေါ့"
ဂတုံးတုံးပြီးသကာလမှန်ရှေ့တွင်ကောင်လေးနှစ်ယောက်မှန်ကိုသေချာစိုက်ကြည့်နေမိသည်။ဂတုံးပုံစံနဲ့လည်းချောပါလားဆိုပြီးတော့ပေါ့~
အမှန်ကရှိန်းဂတုံးမတုံးလိုက်ရင် မကြာခင်ဆံပင်ပိုကျွတ်လာတော့မယ့်မိုးသားကိုကြည့်ပြီးမခံစားနိုင်တော့လို့ သူကိုယ်တိုင်လုပ်လိုက်ရတာပါသိတဲ့အတိုင်းမိုးသားဆိုတဲ့ကောင်လေးက ရှိန်းနေမင်းခဆိုတဲ့ ကောင်လေးရဲ့သေဆိုသေရှင်ဆိုရှင်လေး လေ~
တောင်ကြီးမှာအခုဆို ချစ်ရသူလေးနဲ့ဖြတ်သန်းလာသည်မှာ၁လပင်ဖြစ်တော့မည်။ချစ်ရသူလေးရဲ့ရောဂါမှာတစ်နေ့တစ်ခြားပိုပိုဆိုး၍လာခဲ့သည်။တစ်ရက်ကဆိုခဏတာအတိတ်မေ့လျော့ပြီးရှိန်းနေမင်းခကိုပါ မသိဖြစ်ခဲ့သည်။ ဦးနှောက်ထဲက အကြိတ်လေးဟာ အမြင်အာရုံနဲ့ မှတ်ဉာဏ်ကို့ဖုံးလွှမ်းလာတာကြောင့် သတိမေ့လိုက်ရလိုက်ပင်ဖြစ်နေတော့သည်။
ရှိန်းကဒီကနေ့မှာတော့သူချစ်ရတဲ့လူသားလေးကိုချစ်ခွင့်ပန်ဖို့စီစဉ်ထားမိသည်။အသိသက်သေအနေနဲ့တောင်ပန်းချီကိုခေါ်ထားသည်။သိုပေမယ့်ဘယ်သူသိမလဲဒီနေ့မှာပဲ ရှိန်းနေမင်းချစ်ရသူလေးကလောကကြီးကအပြီးပိုင်နှုတ်ဆက်သွားရမယ်လို့ပေါ့~
ပန်းချီတောင်ကြီးကိုရောက်ရောက်ခြင်းမောင်တော်လေးရှိရာအခန်းထဲသို့ဝင်သွားခဲ့သည်။မိုးသားညိုမှာလူမမာတစ်ယောက်လုံးလုံးဖြစ်နေတာကြောင့်မျက်ကွင်းရယ်ကညို၊ဖြူဖပ်ဖြူရော ဖြစ်နေသည်။အားမရှိသော်ညားသူအမ ပန်းချီ ဆိုတဲ့အသိလေးနဲ့ကြောင့် အားတင်းပြီးပြုံးရယ်လိုက်သည်။
"ပန်းချီ နင် ဒီကိုဘာလာလုပ်တာလဲ"
"နင့်ရဲ့ ချစ်သူက နင့်ကိုစပရိုက်ပေးစရာရှိလိုတဲ့ အဲဒါငါ့ကိုပွဲကြည့်ဖို့ဖိတ်တာ"
"ဟုတ်လား "
"ခဏနေငါပြန်လာခေါ်မယ်နော် မအိပ်နဲ့အုံးကြားလား"
"အင်းပါ...ကြားပါတယ်"
ထွက်သွားရန်ပြင်နေသောပန်းချီကိုမိုးသားကလက်လှမ်းဆွဲလိုက်သည်။ပြီးနောက်လက်ညိုးလေးထိုးကာ
"မမ ဟိုကအိတ်ထဲမှာ CD တစ်ချပ်ရှိတယ်သိလား တကယ်လို့ ကျွန်တော်မရှိတော့ရင်ကို ရှိန်းကို ပေးပေးနော်မမေ့နဲ့"
"မိုးသားကလည်းဟယ်....နင်မသေပါဘူးဆို ဟိုကပြင်ဆင်တာပြီးရင်ငါလာခေါ်မယ်"
ပြောချင်တာပြောပြီးနောက် ပန်းချီကထွက်သွားသည်။ခြံထဲတွင်လည်းမိုးသားကို Proposed လုပ်ဖို့ မနေ့ညကတည်းကရှိန်းတစ်ယောက်ပြင်ဆင်ထားတာဖြစ်သည်။သူဒီနေ့အတွက်လည်းအလွန်ပင်စိတ်လှုပ်ရှားလို့နေသည်။
"ပန်းချီ မိုးသားကိုသွားခေါ်လို့ရပြီ ငါအဆင့်သင့်ဖြစ်ပြီသိလား"
"ကြိုမပြောဘူး အခုမှသူဆီကပြန်လာတာ အေးပါအခုသွားပြန်ခေါ်ပေးမယ်"
ပန်းချီကလာရာလမ်းလေးအတိုင်းပြန်လှည့်ကာမိုးသားရှိရာအခန်းသို့ဝင်သွားလေသည်။တော်တော်ကြာသည်အထိ ပန်းချီထွက်မလာသောကြောင့်ရှိန်းလိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
အခန်းဝသို့ရောက်သောအခါ အခန်းထဲမှ ငိုသံကြားလိုက်မိသည်။သူချစ်ရတဲ့လူသားလေးဒီနေ့မှာပင်လောကကြီးထဲကအပြီးပင်နှုတ်ဆက်သွားပါတော့သည်။ သူချစ်တယ်ဆိုတဲ့စကားလေးတောင်မကြားရသေးခင်မှာပဲ သူချစ်ရတဲ့လူသားလေးကသူထက်အရင်ထွက်ခွာသွားနှင့်ပြီ။
Yuna🌸
*********
Extra လာပါမယ်❤️HE မှာပါ ငိုချင်တဲ့သူလည်းအခုအပိုင်းဖတ်ပြီးငိုကြပါ😆