HANARY(S1+S2)

By greyvictor25

6.7M 436K 74.4K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

18

86K 6.5K 696
By greyvictor25

" တကယ့်တရားခံက မင်းပဲဗစ်တာ!! "

အိမ်မက်ထဲရှင်းလင်းစွာကြားလိုက်ရသော ရှိန်းခန့်ပိုင်အသံကြောင့် ဟန်နရီက အသက်ရှုသံပြင်းစွာဖြင့် အိမ်မက်မှလန့်နှိုးလာ၏။အိမ်မက်တစ်ခုသာဖြစ်သော်လည်း ထိုအသံက သူ့ခံစားချက်တွေအား ထိန်းချုပ်ထားသည်မှာ ယခုတိုင်ဖြစ်သည်။

" စောက်ရေးမပါတာကွာ "

ဟန်နရီက အံကြိတ်ကာသက်ပြင်းချလိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်၏။ခြောက်နာရီအမှီထမည်ဟုတွေးတောထားသော်လည်း ကိုးနာရီပင်ကျော်လွန်နေပြီမို့ ဟန်နရီကအားမလိုအားမရဖြင့် အိပ်ယာပေါ်မှကုန်းထလာသည်။

နားထဲခပ်သဲ့သဲ့ကြားနေရသော ရယ်သံတစ်ချို့ကြောင့် ဟန်နရီက လိုက်ကာနောက်ကွယ်မှ အပြင်သို့လှမ်းကြည့်လိုက်၏။
အမိုးအကာမရှိသည့် မြက်ခင်းပြင်ပေါ်တွင် လွန်းက ချွေးသံရွှဲစွာဖြင့် မြက်နှုတ်နေတာမို့ ဖြောင့်တန်းနေသည့်မျက်ခုံးနှစ်ဖက်က အလိုမကျစွာစုကြုတ်သွားတော့သည်။

>>>>>>>>>>

' နေပူနေတာကို ဘာလုပ်နေတာလဲ '

အလိုမကျဟန်ရှိသည့် သြရှရှအသံကြောင့် လွန်းနှင့်ဖိုးစိန်က မြက်ထိုင်နှုတ်ရင်း အနောက်သို့လှမ်းကြည့်လိုက်၏။လက်ပိုက်ကာ စူးစိုက်ကြည့်နေသူက လွန်းတို့နှစ်ယောက်ကို ဘ၀င်ကျပုံမရ။

' ဒီနေ့ကျွန်တော့်ကျောင်းပိတ်ရက်မို့ ကိုဖိုးစိန်ကိုကူလုပ်ပေးနေတာ '

' မင်းက တော်တော်အားနေတာမို့လို့ ကူလုပ်နေတာလား'

' .......'

ရယ်သံပျံ့လွှင့်ခဲ့သည့် ထိုရပ်၀န်းက ဟန်နရီရောက်လာသည်နှင့် တိတ်ဆိတ်သွားတာမို့ ဖိုးစိန်က ချက်ချင်းပြန်လှည့်ကာ လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေ၏။

' မေးတာပြန်ဖြေလေ '

' ..........'

' လွန်းတာနေဆန်း!!!'

'ကျွန်တော်ဒီမြက်တွေကုန်မှ အိမ်ထဲ၀င်မှာ နှုတ်စရာနည်းနည်းပဲကျန်တော့တယ်'

' ငါ့ကို အာခံနေတာလားလွန်း "

' ကျွန်တော် ဒါပြီးမှပဲ အိမ်ထဲ၀င်မှာလို့ဆုံးဖြတ်ပြီးသား ကိုကိုကြီး "

လွန်းတာနေဆန်းက ငယ်ငယ်ထဲကတကယ်ခေါင်းမာတဲ့ကလေး..တော်တော် စိတ်ဒုက္ခပေးတဲ့ကလေးကို မှတ်လောက်သားလောက်ရှိအောင် အပြစ်ပေးရမယ်...

ဇွက် ဇွက်

ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချကာ မြက်တွေကိုဆွဲနှုတ်နေတဲ့သူကြောင့် လွန်းတယောက်ပြောစရာစကားများပင် ပျောက်ဆုံးသွားသည် ဖိုးစိန်ကတော့ ဟန်နရီ့အပြုအမူကြောင့် ပါးစပ်အဟောင်းသားပင်ဖြစ်နေသည်....

' ခင်ဗျားဘာလုပ်နေတာလဲ '

' မြက်နှုတ်နေတာလေ မမြင်ဘူးလား '

' ဒါပေမဲ့ ခင်ဗျားက....'

' စကားသိပ်များနေတာလား နားကိုငြီးတယ် ဟိုသစ်ပင်အောက်ကအရိပ်မှာသွားရပ်နေ ငါဒါတွေနှုတ်ပြီးရင် လာခဲ့မယ် '

ဟန်နရီက နေပူထဲတွင် သူကိုယ်တိုင်လိုလိုလားလားဖြင့်ထိုင်ချကာ မြက်နှုတ်နေတာမို့ ဖိုးစိန်နှင့်လွန်းက ဘာစကားမှပြောမထွက်တော့လောက်အောင် အံ့သြသွားရ၏။

' မင်းကကော ဘာကြည့်နေတာလဲ ဘာထူးဆန်းနေလို့လဲ '

ဟန်နရီက ဖိုးစိန်ဘက်သို့လှည့်ကာ ရန်ပြန်တွေ့နေတာမို့ လွန်းကခေါင်းငုံ့ကာ ကြိတ်ရယ်လိုက်၏။

' ခင်ဗျာ...မ..မထူးဆန်းပါဘူး '

' ငါဒီလိုတွေလုပ်နေတာကို မာမီ့ကိုပြန်ပြောမယ်မကြံနဲ့နော် မာမီ့ကိုသွားပြောရင် မင်းကိုအလုပ်ထုတ်ပစ်မယ် '

' ဟုတ် မပြောပါဘူး သခင်လေး '

>>>>>>>>

' ပူတာ သေတော့မလိုပဲ "

အလုပ်တွေပြီးသည်နှင့် အိမ်ထဲပြန်၀င်လာသည့်ဟန်နရီက ဆိုဖာပေါ်ပစ်လှဲကာ ညည်းတွားလာတာမို့ လွန်းကဂရုဏာသက်စွာဖြင့် မလှမ်းမကမ်းမှလှမ်းကြည့်မိ၏။လွန်းသတိထားမိသလောက် ဟန်နရီက အပူဒဏ်ကို ငယ်ငယ်တည်းက မခံနိုင်တာဖြစ်သည်။ဒါကိုဘာကြောင့်များ ယခုလိုနေပူထဲပင်ပန်းစွာဖြင့် မြက်တွေထိုင်နှုတ်ခဲ့ပါသလဲ။သေချာခြင်းမရှိသည့် မေးခွန်းတစ်ချို့ကသာ လွန်းရဲ့အာရုံထဲတွင်ပျံ့လွင့်လာရ၏။

" ကိုကိုကြီးအရမ်းပင်ပန်းသွားတာလား "

' ဒီနားကိုခဏလာအုံး '

ဟန်နရီက လွန်းအသံကြားသည်နှင့် သူလှဲအိပ်နေသော ဆိုဖာပေါ်သို့လက်ပုတ်ပြကာ ခေါ်နေတာမို့ လွန်းကမ၀ံ့မရဲဖြင့် ရှေ့ဆက်တိုးလာ၏။

' အာ့ '

အနားရောက်သည်နှင့် သူ့ကိုယ်ပေါ်သို့လှမ်းဆွဲလိုက်ပုံက တင်တင်စီးစီး။လွန်းသတိမထားမိခင်မှာတင် လွန်းရဲ့ဦးခေါင်းက ဟန်နရီရဲ့ရင်ခွင်ထဲ၌ နစ်မြုပ်သွားရသည်။

' ကျွန်တော့်ကိုလွှတ် '

' အိမ်ကသူတွေ ဒီနေ့ဘယ်ရောက်နေတာလဲ ဖိုးစိန်ကလွဲရင်ဘယ်သူ့မှမတွေ့ဘူး '

' မရှိဘူး ကြီးကြီးဆရီနာနဲ့ လိမ္မော်ခြံထဲလိုက်သွားကြတယ်'

' ဒါဆို ဖိုးစိန်ကခြံထဲမှာဆိုတော့ ဒီအိမ်ထဲမှာ ကိုယ်တို့နှစ်ယောက်ပဲရှိတာပေါ့ '

နားအနားကပ်ကာပြောဆိုလာသည့်အသံကြောင့် လွန်းကချက်ချင်းခေါင်းထောင်ကာ ဟန်နရီရင်ခွင်ထဲမှရုန်းထွက်ဖို့ကြိုးစားလိုက်၏။

' ခင်ဗျားမနက်စာ မစားရသေးဘူးမလား ကျွန်တော်ပြင်ပေးမယ် ကျွန်တော့်ကိုလွှတ် '

' စကားလမ်းကြောင်းမလွှဲနဲ့ချာတိတ် ကိုယ်မေးတာဖြေအုံးလေ'

'........'

' မနက်စာကို တခြားဟာမဟုတ်ပဲ ချာတိတ်ကိုစားလို့ရမလား '

' ကိုကိုကြီး!! "

လွန်းက စူပုတ်ပုတ်မျက်နှာဖြင့် သူ့အားစူးစိုက်ကြည့်လာတာမို့ ဟန်နရီက ပခုံးလေးနှစ်ဖက်တွန့်သည်အထိပြုံးရယ်လိုက်၏။

" ကျွန်တော်က စားစရာမဟုတ်ဘူး "

" ဟုတ်လား စားစရာမဟုတ်ရင် သောက်စရာများလား "

" လိုက်စနောက်မနေနဲ့ '

" ဘယ်သူက စနောက်နေလို့လဲ '

" ခင်ဗျားလေ '

" အသည်းယားစရာလေးဖြစ်နေတော့ စမိသွားတာ။မကျေနပ်ရင် ကိုယ့်ကိုပြန်နမ်းပြီးလက်စားချေလိုက် "

ဟန်နရီက လွန်းရဲ့လက်တွေကိုတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း သူ့မျက်နှာကိုအရှေ့တိုးလာ၏။ထို့နောက် စည်းချက်ကင်းမဲ့နေသည့် သူ့နှလုံးခုန်သံတွေကိုထိန်းချုပ်ရင်း လွန်းရဲ့မျက်၀န်းတွေအား မျက်တောင်မခပ်စူးစိုက်ကြည့်လာသည်။

' ကိုယ် ချာတိတ်ကို ချစ်တယ် '

' ဟင် '

ချစ်တယ်ဆိုသောစကားက ထိုလူနှုတ်မှ ဖွင့်ဟလာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ဖူးတာမို့ လွန်းက အံ့သြစွာဖြင့်ငြိမ်သက်သွား၏။ယခုဖွင့်ဟချက်က ခံစားချက်အစစ်အမှန်လား အတုအယောင်လားဆိုတာ လွန်းအနေဖြင့် ခွဲခြားနိုင်စွမ်းမရှိတော့သော်လည်း ဟန်နရီနှင့်သူက ဘယ်လိုမှရှေ့ဆက်လို့မရသည့် ဆက်ဆံရေးမျိုးဖြစ်သည်။

' ချက်ချင်းမဖြေနိုင်လည်းရတယ် ကိုယ်ကမင်းအတွက်ဆို စောင့်ပေးနိုင်တယ် '

' ခင်ဗျားမှာ ပိုင်ဆိုင်သူရှိနေပြီးသားလေ '

' အင်း ရှိတာပေါ့ ကိုယ့်ရဲ့ပိုင်ဆိုင်သူက မင်းလေ '

' ကျွန်တော်တို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ဘူးကိုကိုကြီး '

' ကိုယ့်အတွက်ကတော့ ဖြစ်နိုင်တယ်...တခြားသူတွေရဲ့အတွေးကိုထည့်မတွက်ပဲ ကိုယ့်ကိုပြန်ချစ်ပေးဖို့ စဥ်းစားပေးရင်ရပြီ '

' ခင်ဗျားကိုမယုံဘူး '

' ယုံအောင် ဘယ်လိုသက်သေပြရမလဲ မင်းကြောင့် ကိုယ်သေမလိုဖြစ်ခဲ့တယ်ဆိုရင်ကော ယုံမလား '

လျှင်မြန်စွာပြောလိုက်မိသောစကားကြောင့် လွန်းကနားမလည်စွာဖြင့် သူ့မျက်၀န်းတွေအား ၀ေ့၀ိုက်ကြည့်လာ၏။ဟန်နရီကလည်း ချက်ချင်းဆိုသလိုစကားလမ်းကြောင်းလွှဲကာ အခြားတစ်ဖက်သို့လက်ညှိုးထိုးပြလိုက်၏။

' ဟိုအပေါ်က ဘာကောင်ကြီးလဲ '

' ဟမ် ဘယ်မှာလဲ '

' ပြွတ်'

' ကိုကိုကြီး!! "

ပါးတစ်ဖက်သို့လျှင်မြန်စွာကျူးကျော်လာသောအနမ်းကြောင့်
လွန်းက ထိုနေရာမှအမြန်ရှောင်ထွက်ဖို့ပြင်၏။သို့ပေမယ့် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည့်တရားခံကြောင့် ထိုနေရာတွင်သာ ပြန်လည်အဆုံးသတ်သွားရတာဖြစ်သည်။

' ပြွတ် '

' ခင်ဗျား အရမ်းလွန်နေပီနော် ကျတော်ခင်ဗျားကို အဖြေပြန်မပေးရသေးပဲနဲ့ စည်းမကျော်နဲ့ '

' စည်းကျော်လို့ရအောင် အဖြေအမြန်ပေးလိုက်ပါလား '

" မပေးချင်ပါဘူး '

' ဘယ်အချိန်သေမလဲမသိတဲ့ကိုယ့်ကို ချာတိတ်ကအမြန်ပြန်ချစ်ပေးရင် ကောင်းမှာပဲ '

' ဟင် '

နားမလည်စွာဖြင့် ပြန်လည်ငေးမောကြည့်မိချိန်၌ ဟန်နရီက လွန်းရဲ့လက်တွေကိုလွှတ်ပေးကာ မျက်နှာလွှဲသွား၏။လျှို့၀ှက်ချက်များသည့် ထိုလူရဲ့ရင်ဘတ်ထဲ၌ မည်သည့်အရာတွေက စိုးမိုးထားသလဲဟု သိချင်မိသော်လည်း လွန်းအနေဖြင့် မေးခွန်းမထုတ်ရဲပေ။

" ကိုယ်ဗိုက်ဆာနေပြီမို့ မနက်စာပြင်ပေးလို့ရမလား "

" ခင်ဗျားဘာစားချင်လဲ '

" ကိုယ်ကဘာဖြစ်ဖြစ်ရတယ် "

လွန်းက မနက်စာပြင်ပေးရန် ထိုနေရာမှခပ်မြန်မြန်ပြေးထွက်သွားသော်လည်း စိတ်တွေက လေးလံနေမိတာဖြစ်၏။ယခုရက်ပိုင်းအတွင်း ဟန်နရီထံမှ မထင်မှတ်စွာကြားနေမိသော စကားတွေအား လွန်းအနေဖြင့် ကောင်းစွာနားမလည်နိုင်ပေ။လျှို့၀ှက်ချက်များသူဟု သတ်မှတ်နိုင်သော်လည်း ထိုလူက လွန်းရဲ့နှလုံးသားထဲ၌ နေရာတစ်ခုထက်ပိုပြီးနစ်၀င်နေမိပြီဖြစ်သည်။ရာခိုင်နှုန်းဖြင့်သတ်မှတ်ပါက ကိုကိုကြီးအပေါ်အမှတ်ပေးထားသော ရာနှုန်းက 100ပြည့်ဖို့ မည်မျှလိုအပ်ပါသေးသလဲ။

Grey
10.12.2021

****

" တကယ့္တရားခံက မင္းပဲဗစ္တာ!! "

အိမ္မက္ထဲရွင္းလင္းစြာၾကားလိုက္ရေသာ ရွိန္းခန္႔ပိုင္အသံေၾကာင့္ ဟန္နရီက အသက္ရႈသံျပင္းစြာျဖင့္ အိမ္မက္မွလန္႔ႏႈိးလာ၏။အိမ္မက္တစ္ခုသာျဖစ္ေသာ္လည္း ထိုအသံက သူ႔ခံစားခ်က္ေတြအား ထိန္းခ်ဳပ္ထားသည္မွာ ယခုတိုင္ျဖစ္သည္။

" ေစာက္ေရးမပါတာကြာ "

ဟန္နရီက အံႀကိတ္ကာသက္ျပင္းခ်လိုက္ၿပီး နာရီကိုလွမ္းၾကည့္လိုက္၏။ေျခာက္နာရီအမွီထမည္ဟုေတြးေတာထားေသာ္လည္း ကိုးနာရီပင္ေက်ာ္လြန္ေနၿပီမို႔ ဟန္နရီကအားမလိုအားမရျဖင့္ အိပ္ယာေပၚမွကုန္းထလာသည္။

နားထဲခပ္သဲ့သဲ့ၾကားေနရေသာ ရယ္သံတစ္ခ်ိဳ႕ေၾကာင့္ ဟန္နရီက လိုက္ကာေနာက္ကြယ္မွ အျပင္သို႔လွမ္းၾကည့္လိုက္၏။
အမိုးအကာမရွိသည့္ ျမက္ခင္းျပင္ေပၚတြင္ လြန္းက ေခြၽးသံ႐ႊဲစြာျဖင့္ ျမက္ႏႈတ္ေနတာမို႔ ေျဖာင့္တန္းေနသည့္မ်က္ခုံးႏွစ္ဖက္က အလိုမက်စြာစုၾကဳတ္သြားေတာ့သည္။

>>>>>>>>>>

' ေနပူေနတာကို ဘာလုပ္ေနတာလဲ '

အလိုမက်ဟန္ရွိသည့္ ၾသရွရွအသံေၾကာင့္ လြန္းႏွင့္ဖိုးစိန္က ျမက္ထိုင္ႏႈတ္ရင္း အေနာက္သို႔လွမ္းၾကည့္လိုက္၏။လက္ပိုက္ကာ စူးစိုက္ၾကည့္ေနသူက လြန္းတို႔ႏွစ္ေယာက္ကို ဘ၀င္က်ပုံမရ။

' ဒီေန႔ကြၽန္ေတာ့္ေက်ာင္းပိတ္ရက္မို႔ ကိုဖိုးစိန္ကိုကူလုပ္ေပးေနတာ '

' မင္းက ေတာ္ေတာ္အားေနတာမို႔လို႔ ကူလုပ္ေနတာလား'

' .......'

ရယ္သံပ်ံ႕လႊင့္ခဲ့သည့္ ထိုရပ္၀န္းက ဟန္နရီေရာက္လာသည္ႏွင့္ တိတ္ဆိတ္သြားတာမို႔ ဖိုးစိန္က ခ်က္ခ်င္းျပန္လွည့္ကာ လုပ္လက္စအလုပ္ကိုသာဆက္လုပ္ေန၏။

' ေမးတာျပန္ေျဖေလ '

' ..........'

' လြန္းတာေနဆန္း!!!'

'ကြၽန္ေတာ္ဒီျမက္ေတြကုန္မွ အိမ္ထဲ၀င္မွာ ႏႈတ္စရာနည္းနည္းပဲက်န္ေတာ့တယ္'

' ငါ့ကို အာခံေနတာလားလြန္း "

' ကြၽန္ေတာ္ ဒါၿပီးမွပဲ အိမ္ထဲ၀င္မွာလို႔ဆုံးျဖတ္ၿပီးသား ကိုကိုႀကီး "

လြန္းတာေနဆန္းက ငယ္ငယ္ထဲကတကယ္ေခါင္းမာတဲ့ကေလး..ေတာ္ေတာ္ စိတ္ဒုကၡေပးတဲ့ကေလးကို မွတ္ေလာက္သားေလာက္ရွိေအာင္ အျပစ္ေပးရမယ္...

ဇြက္ ဇြက္

႐ုတ္တရက္ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ျမက္ေတြကိုဆြဲႏႈတ္ေနတဲ့သူေၾကာင့္ လြန္းတေယာက္ေျပာစရာစကားမ်ားပင္ ေပ်ာက္ဆုံးသြားသည္ ဖိုးစိန္ကေတာ့ ဟန္နရီ႕အျပဳအမူေၾကာင့္ ပါးစပ္အေဟာင္းသားပင္ျဖစ္ေနသည္....

' ခင္ဗ်ားဘာလုပ္ေနတာလဲ '

' ျမက္ႏႈတ္ေနတာေလ မျမင္ဘူးလား '

' ဒါေပမဲ့ ခင္ဗ်ားက....'

' စကားသိပ္မ်ားေနတာလား နားကိုၿငီးတယ္ ဟိုသစ္ပင္ေအာက္ကအရိပ္မွာသြားရပ္ေန ငါဒါေတြႏႈတ္ၿပီးရင္ လာခဲ့မယ္ '

ဟန္နရီက ေနပူထဲတြင္ သူကိုယ္တိုင္လိုလိုလားလားျဖင့္ထိုင္ခ်ကာ ျမက္ႏႈတ္ေနတာမို႔ ဖိုးစိန္ႏွင့္လြန္းက ဘာစကားမွေျပာမထြက္ေတာ့ေလာက္ေအာင္ အံ့ၾသသြားရ၏။

' မင္းကေကာ ဘာၾကည့္ေနတာလဲ ဘာထူးဆန္းေနလို႔လဲ '

ဟန္နရီက ဖိုးစိန္ဘက္သို႔လွည့္ကာ ရန္ျပန္ေတြ႕ေနတာမို႔ လြန္းကေခါင္းငုံ႔ကာ ႀကိတ္ရယ္လိုက္၏။

' ခင္ဗ်ာ...မ..မထူးဆန္းပါဘူး '

' ငါဒီလိုေတြလုပ္ေနတာကို မာမီ့ကိုျပန္ေျပာမယ္မႀကံနဲ႔ေနာ္ မာမီ့ကိုသြားေျပာရင္ မင္းကိုအလုပ္ထုတ္ပစ္မယ္ '

' ဟုတ္ မေျပာပါဘူး သခင္ေလး '

>>>>>>>>

' ပူတာ ေသေတာ့မလိုပဲ "

အလုပ္ေတြၿပီးသည္ႏွင့္ အိမ္ထဲျပန္၀င္လာသည့္ဟန္နရီက ဆိုဖာေပၚပစ္လွဲကာ ညည္းတြားလာတာမို႔ လြန္းကဂ႐ုဏာသက္စြာျဖင့္ မလွမ္းမကမ္းမွလွမ္းၾကည့္မိ၏။လြန္းသတိထားမိသေလာက္ ဟန္နရီက အပူဒဏ္ကို ငယ္ငယ္တည္းက မခံႏိုင္တာျဖစ္သည္။ဒါကိုဘာေၾကာင့္မ်ား ယခုလိုေနပူထဲပင္ပန္းစြာျဖင့္ ျမက္ေတြထိုင္ႏႈတ္ခဲ့ပါသလဲ။ေသခ်ာျခင္းမရွိသည့္ ေမးခြန္းတစ္ခ်ိဳ႕ကသာ လြန္းရဲ႕အာ႐ုံထဲတြင္ပ်ံ႕လြင့္လာရ၏။

" ကိုကိုႀကီးအရမ္းပင္ပန္းသြားတာလား "

' ဒီနားကိုခဏလာအုံး '

ဟန္နရီက လြန္းအသံၾကားသည္ႏွင့္ သူလွဲအိပ္ေနေသာ ဆိုဖာေပၚသို႔လက္ပုတ္ျပကာ ေခၚေနတာမို႔ လြန္းကမ၀ံ့မရဲျဖင့္ ေရွ႕ဆက္တိုးလာ၏။

' အာ့ '

အနားေရာက္သည္ႏွင့္ သူ႔ကိုယ္ေပၚသို႔လွမ္းဆြဲလိုက္ပုံက တင္တင္စီးစီး။လြန္းသတိမထားမိခင္မွာတင္ လြန္းရဲ႕ဦးေခါင္းက ဟန္နရီရဲ႕ရင္ခြင္ထဲ၌ နစ္ျမဳပ္သြားရသည္။

' ကြၽန္ေတာ့္ကိုလႊတ္ '

' အိမ္ကသူေတြ ဒီေန႔ဘယ္ေရာက္ေနတာလဲ ဖိုးစိန္ကလြဲရင္ဘယ္သူ႔မွမေတြ႕ဘူး '

' မရွိဘူး ႀကီးႀကီးဆရီနာနဲ႔ လိေမၼာ္ၿခံထဲလိုက္သြားၾကတယ္'

' ဒါဆို ဖိုးစိန္ကၿခံထဲမွာဆိုေတာ့ ဒီအိမ္ထဲမွာ ကိုယ္တို႔ႏွစ္ေယာက္ပဲရွိတာေပါ့ '

နားအနားကပ္ကာေျပာဆိုလာသည့္အသံေၾကာင့္ လြန္းကခ်က္ခ်င္းေခါင္းေထာင္ကာ ဟန္နရီရင္ခြင္ထဲမွ႐ုန္းထြက္ဖို႔ႀကိဳးစားလိုက္၏။

' ခင္ဗ်ားမနက္စာ မစားရေသးဘူးမလား ကြၽန္ေတာ္ျပင္ေပးမယ္ ကြၽန္ေတာ့္ကိုလႊတ္ '

' စကားလမ္းေၾကာင္းမလႊဲနဲ႔ခ်ာတိတ္ ကိုယ္ေမးတာေျဖအုံးေလ'

'........'

' မနက္စာကို တျခားဟာမဟုတ္ပဲ ခ်ာတိတ္ကိုစားလို႔ရမလား '

' ကိုကိုႀကီး!! "

လြန္းက စူပုတ္ပုတ္မ်က္ႏွာျဖင့္ သူ႔အားစူးစိုက္ၾကည့္လာတာမို႔ ဟန္နရီက ပခုံးေလးႏွစ္ဖက္တြန္႔သည္အထိၿပဳံးရယ္လိုက္၏။

" ကြၽန္ေတာ္က စားစရာမဟုတ္ဘူး "

" ဟုတ္လား စားစရာမဟုတ္ရင္ ေသာက္စရာမ်ားလား "

" လိုက္စေနာက္မေနနဲ႔ '

" ဘယ္သူက စေနာက္ေနလို႔လဲ '

" ခင္ဗ်ားေလ '

" အသည္းယားစရာေလးျဖစ္ေနေတာ့ စမိသြားတာ။မေက်နပ္ရင္ ကိုယ့္ကိုျပန္နမ္းၿပီးလက္စားေခ်လိုက္ "

ဟန္နရီက လြန္းရဲ႕လက္ေတြကိုတင္းက်ပ္က်ပ္ဆုပ္ကိုင္ရင္း သူ႔မ်က္ႏွာကိုအေရွ႕တိုးလာ၏။ထို႔ေနာက္ စည္းခ်က္ကင္းမဲ့ေနသည့္ သူ႔ႏွလုံးခုန္သံေတြကိုထိန္းခ်ဳပ္ရင္း လြန္းရဲ႕မ်က္၀န္းေတြအား မ်က္ေတာင္မခပ္စူးစိုက္ၾကည့္လာသည္။

' ကိုယ္ ခ်ာတိတ္ကို ခ်စ္တယ္ '

' ဟင္ '

ခ်စ္တယ္ဆိုေသာစကားက ထိုလူႏႈတ္မွ ဖြင့္ဟလာလိမ့္မည္ဟု ဘယ္ေသာအခါမွ မေမွ်ာ္လင့္ခဲ့ဖူးတာမို႔ လြန္းက အံ့ၾသစြာျဖင့္ၿငိမ္သက္သြား၏။ယခုဖြင့္ဟခ်က္က ခံစားခ်က္အစစ္အမွန္လား အတုအေယာင္လားဆိုတာ လြန္းအေနျဖင့္ ခြဲျခားႏိုင္စြမ္းမရွိေတာ့ေသာ္လည္း ဟန္နရီႏွင့္သူက ဘယ္လိုမွေရွ႕ဆက္လို႔မရသည့္ ဆက္ဆံေရးမ်ိဳးျဖစ္သည္။

' ခ်က္ခ်င္းမေျဖႏိုင္လည္းရတယ္ ကိုယ္ကမင္းအတြက္ဆို ေစာင့္ေပးႏိုင္တယ္ '

' ခင္ဗ်ားမွာ ပိုင္ဆိုင္သူရွိေနၿပီးသားေလ '

' အင္း ရွိတာေပါ့ ကိုယ့္ရဲ႕ပိုင္ဆိုင္သူက မင္းေလ '

' ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဘယ္လိုမွမျဖစ္ႏိုင္ဘူးကိုကိုႀကီး '

' ကိုယ့္အတြက္ကေတာ့ ျဖစ္ႏိုင္တယ္...တျခားသူေတြရဲ႕အေတြးကိုထည့္မတြက္ပဲ ကိုယ့္ကိုျပန္ခ်စ္ေပးဖို႔ စဥ္းစားေပးရင္ရၿပီ '

' ခင္ဗ်ားကိုမယုံဘူး '

' ယုံေအာင္ ဘယ္လိုသက္ေသျပရမလဲ မင္းေၾကာင့္ ကိုယ္ေသမလိုျဖစ္ခဲ့တယ္ဆိုရင္ေကာ ယုံမလား '

လွ်င္ျမန္စြာေျပာလိုက္မိေသာစကားေၾကာင့္ လြန္းကနားမလည္စြာျဖင့္ သူ႔မ်က္၀န္းေတြအား ၀ေ့၀ိုက္ၾကည့္လာ၏။ဟန္နရီကလည္း ခ်က္ခ်င္းဆိုသလိုစကားလမ္းေၾကာင္းလႊဲကာ အျခားတစ္ဖက္သို႔လက္ညႇိဳးထိုးျပလိုက္၏။

' ဟိုအေပၚက ဘာေကာင္ႀကီးလဲ '

' ဟမ္ ဘယ္မွာလဲ '

' ႁပြတ္'

' ကိုကိုႀကီး!! "

ပါးတစ္ဖက္သို႔လွ်င္ျမန္စြာက်ဴးေက်ာ္လာေသာအနမ္းေၾကာင့္
လြန္းက ထိုေနရာမွအျမန္ေရွာင္ထြက္ဖို႔ျပင္၏။သို႔ေပမယ့္ သူ႔လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ထားသည့္တရားခံေၾကာင့္ ထိုေနရာတြင္သာ ျပန္လည္အဆုံးသတ္သြားရတာျဖစ္သည္။

' ႁပြတ္ '

' ခင္ဗ်ား အရမ္းလြန္ေနပီေနာ္ က်ေတာ္ခင္ဗ်ားကို အေျဖျပန္မေပးရေသးပဲနဲ႔ စည္းမေက်ာ္နဲ႔ '

' စည္းေက်ာ္လို႔ရေအာင္ အေျဖအျမန္ေပးလိုက္ပါလား '

" မေပးခ်င္ပါဘူး '

' ဘယ္အခ်ိန္ေသမလဲမသိတဲ့ကိုယ့္ကို ခ်ာတိတ္ကအျမန္ျပန္ခ်စ္ေပးရင္ ေကာင္းမွာပဲ '

' ဟင္ '

နားမလည္စြာျဖင့္ ျပန္လည္ေငးေမာၾကည့္မိခ်ိန္၌ ဟန္နရီက လြန္းရဲ႕လက္ေတြကိုလႊတ္ေပးကာ မ်က္ႏွာလႊဲသြား၏။လွ်ိဳ႕၀ွက္ခ်က္မ်ားသည့္ ထိုလူရဲ႕ရင္ဘတ္ထဲ၌ မည္သည့္အရာေတြက စိုးမိုးထားသလဲဟု သိခ်င္မိေသာ္လည္း လြန္းအေနျဖင့္ ေမးခြန္းမထုတ္ရဲေပ။

" ကိုယ္ဗိုက္ဆာေနၿပီမို႔ မနက္စာျပင္ေပးလို႔ရမလား "

" ခင္ဗ်ားဘာစားခ်င္လဲ '

" ကိုယ္ကဘာျဖစ္ျဖစ္ရတယ္ "

လြန္းက မနက္စာျပင္ေပးရန္ ထိုေနရာမွခပ္ျမန္ျမန္ေျပးထြက္သြားေသာ္လည္း စိတ္ေတြက ေလးလံေနမိတာျဖစ္၏။ယခုရက္ပိုင္းအတြင္း ဟန္နရီထံမွ မထင္မွတ္စြာၾကားေနမိေသာ စကားေတြအား လြန္းအေနျဖင့္ ေကာင္းစြာနားမလည္ႏိုင္ေပ။လွ်ိဳ႕၀ွက္ခ်က္မ်ားသူဟု သတ္မွတ္ႏိုင္ေသာ္လည္း ထိုလူက လြန္းရဲ႕ႏွလုံးသားထဲ၌ ေနရာတစ္ခုထက္ပိုၿပီးနစ္၀င္ေနမိၿပီျဖစ္သည္။ရာခိုင္ႏႈန္းျဖင့္သတ္မွတ္ပါက ကိုကိုႀကီးအေပၚအမွတ္ေပးထားေသာ ရာႏႈန္းက 100ျပည့္ဖို႔ မည္မွ်လိုအပ္ပါေသးသလဲ။

Grey
10.12.2021

****







Continue Reading

You'll Also Like

731K 7.8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
201K 14.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
329K 26.3K 29
Mini Story Uni Life Style Sweet Romance