အောင်ကျော်နဲ့စကားဆိုပြီးတဲ့နောက်မှာတော့ နှစ်နဲ့ချီပြီးမရောက်ဖြစ်ခဲ့တဲ့ လေပြေနေထိုင်ရာရပ်ကွက်လေးဆီသို့ ခွန်ပြည့်ရောက်လာဖြစ်ခဲ့သည်။ လေပြေတစ်ယောက်ကိုယုံစားမိလွန်း၍လမ်းထဲသို့လိုက်မလာဖြစ်ခဲ့မိတဲ့အပေါ် သူနောင်တရနေခဲ့ရပြီ။
လမ်းထိပ်တည့်တည့်က တိုက်ခံအိမ်လေးကိုစက်ဆုပ်စွာလှမ်းကြည့်ဖြစ်ခဲ့သည်။ သူ့ရင်ထဲကကောင်လေးကို မရမကယူထုတ်နိုင်ခဲ့တဲ့အတွက် အောင်နိုင်သူလိုပျော်ပါးနေပြီလား။ အဟက်! ပွဲမပြီးသေးဘူး.. ပြီးတော့ ဒီကောင့်ကိုအောင်ပွဲခံခွင့်သူမပေးနိုင်သေးဘူး။
မိုးပြာရောင်Shirtလေးနဲ့ကောင်ငယ်လေးကိုလှမ်းမြင်ရတော့ ရုတ်တရက်စက်ဘီးကိုရပ်ချပစ်လိုက်မိတယ်။ ဘယ်လောက်ချစ်ရတာမတန်တဲ့ကောင်လေးလဲ.. ငါ မင်းကိုတခြားကောင်ရင်ခွင်မှာပျော်ပါးခွင့်မပေးနိုင်သေးဘူး လေပြေ။
ငါ့နောက်မှာ ဖောက်ပြန်ခဲ့တဲ့မင်းကို စိတ်ဆင်းရဲအောင် ငါအဆုံးထိနှိပ်စက်ပစ်ဦးမှာ...။
"မောင်.."
"အင်း"
သူ့စက်ဘီးနားကို အပြေးလေးရောက်လာတဲ့ကောင်လေးကိုတချက်မျှအသိအမှတ်ပြုရင်း ခေါင်းညိတ်ပြလိုက်၏။
"မောင်.. ငါ"
"ကျစ်.. တိတ်စမ်းပါ လေပြေရာ. ငါပြောတာဘဲ မင်းနားထောင်"
"ဟဲ့.. ဘယ်သူတုန်း အော်"
လေပြေ့အမေ့ရဲ့ကြိုဆိုသံက ခွန်ပြည့်ကိုအလိုမကျစွာပင် ဆီးကြိုလာ၏။ ခွန်ပြည့်ကလဲ မထီမဲ့မြင်သာပြုရင်း လေပြေ့ခေါင်းလေးကိုခပ်ဖွဖွလှမ်းပုတ်လိုက်ကာ
"မောင်နဲ့ခဏလိုက်ခဲ့နော်. လာ တက်"
"ဟဲ့.. ဘာပြောတာ. ငါ့သားကိုဘယ်ခေါ်သွားဦးမလဲ။ လေပြေ မင်းမလိုက်သွားရဘူး. တအောင့်နေ သားပိုင်ပြန်လာတော့မှာမလား။ မင်းကို လာရှာနေလိမ့်မယ်"
ခွန်ပြည့် အံ့ကိုသာကြိတ်လိုက်မိ၏။ သားပိုင်တဲ့လား..။ ဒီမိန်းမကြီးက ဟိုကောင့်ကိုကျ သိပ်သဘောကျနေတာပါဘဲလား။
"လေပြေ မင်းလိုက်မှာလား. မလိုက်ဘူးလား။ နောက်ဆို မောင်ဘယ်တော့မှအားတော့မှာမဟုတ်ဘူးနော်"
ချိုသာစွာဆိုလာတဲ့မောင့်စကားသံမှာခြိမ်းခြောက်သံတွေရောနှောလို့နေ၏။ လေပြေ အမေ့ကိုတစ်ချက်မျှလှမ်းကြည့်ရင်း မောင့်စက်ဘီးနောက်သို့တက်လိုက်မိသည်။ ငါ့ဘ၀မှာ မောင့်ကိုအရေးကြီးဆုံးပါလေ..။
"လေပြေ မင်း"
"ခဏလေးပါဘဲ အမေရယ်.. သားလိုက်သွားပါရစေ"
မောင်ဟာ စက်ဘီးကိုခပ်မြန်မြန်လေးထွက်ခွာလိုက်၏။ မောင့်အင်္ကျီစကို ခပ်ဖွဖွဆုပ်ကိုင်မိတော့ မထိနဲ့လို့ခပ်တိုးတိုးအမိန့်ပေးလာတာမို့ လေပြေ့မျက်၀န်းမှာမျက်ရည်တို့တွဲခိုလာရပြန်သည်။ ငါ့ကိုရွံ့နေပြီလား မောင်ရယ်..။
"ရပြီ ဆင်း"
မောင်ကဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ရင်း ခပ်ခွာခွာရပ်တယ်။ ငါ့ကိုတချက်မှမကြည့်ဘဲ ကန်ရေပြင်ကို သဲသဲမဲမဲစိုက်ကြည့်နေတဲ့မောင့်ပုံစံက ငါ့ကိုအဆုံးထိသိမ်ငယ်စေပြန်တယ်။ သိပ်ချောလွန်းတဲ့မောင်ဟာ မျက်မှောင်လေးတွေတွန့်ချိုးနေတဲ့အခါ သိပ်ကြောက်ဖို့ကောင်းနေတတ်ပြန်တယ်။
"မောင်"
"မောင်ဘဲလား လေပြေ. ငါက မင်းအတွက်မောင်ဖြစ်နေတုန်းဘဲလား။ ထားပါတော့ မင်း အဲ့ကောင်ကိုရောဘယ်လိုခေါ်လဲ"
"မောင်ရယ်. ငါ့ကိုမသရော်ပါနဲ့"
"အာ.. Sry သရော်သလိုဖြစ်သွားလား. မောင် သရော်တာမဟုတ်ပါဘူး. သိချင်တာ. မောင်ဆို မောင့်ရဲ့ကောင်မလေးတွေကို Babe, သဲလေး အဲ့လိုခေါ်တယ်ကွာ။ လေပြေရော လေပြေ့လူကိုဘယ်လိုခေါ်လဲလို့ မောင်သိချင်ရုံပါ"
လေပြေ့လူတဲ့.. မောင့်ကောင်မလေးတဲ့။ လေပြေ့သိက္ခာကိုအစွမ်းကုန်ချစေနိုင်မယ့်စကားတွေကို မောင်ဟာအလောတကြီးကိုရှာဖွေပြီး သရော်ချင်ခဲ့ပုံ..။
"ငါတို့အကြောင်းဘဲပြောရအောင်ပါ မောင်ရယ်"
"အဟွန်း.. ယောင်္ကျားလေးဆိုတာ လုပ်ရဲရင် ခံရဲရတယ် လေပြေရ.. သတ္တိမနည်းစမ်းပါနဲ့။ ဒါမှမဟုတ်ရင်လဲ အစကတည်းကမောင်မသိအောင် ခြံမခုန်နဲ့ပေါ့ ဟုတ်လား"
"ငါ ဘယ်လိုရှင်းပြရမလဲ မောင်"
"လေပြေက ဘာလိမ်ချင်သေးလို့လဲ"
"ငါ ဘယ်လိုလုပ်ပေးရင် မောင်ကျေနပ်မလဲဟင်။ ငါ ဘယ်လိုလုပ်ရင် မောင်ငါ့အနားမှာဆက်နေပေးမလဲ။ မောင် မင်းခိုင်းတာငါအကုန်လုပ်ပါ့မယ်"
"လေပြေ မင်းမှာအရှက်ရောရှိသေးရဲ့လား. ဒီလိုလုပ်ထားပြီး ငါ့နားဆက်နေချင်သေးတာလား.. မင်းမရှက်တတ်ဘူးလား"
"အင်း.. ငါ မောင့်အနားမှာဆက်နေပါရစေ. ငါ မောင်နဲ့မခွဲနိုင်သေးဘူး"
"တောက်!! မင်းကိုလေ ငါသေလောက်အောင်ရွံ့တယ်သိလား. မင်းကိုရော မင်းပါးစပ်ထဲကထွက်လာတဲ့ဒီစောက်စကားတွေကိုရော!!"
ခွန်ပြည့်က လေပြေ့ရဲ့အင်္ကျီကော်လံစကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်း ခပ်ကြမ်းကြမ်းအော်ဟစ်ပစ်လိုက်၏။ မျက်၀န်းပြာထဲက မျက်ရည်တို့စီးကျလာတာကို အတိုင်းသားမြင်နေရတာမို့ ရင်ထဲမှပူလောင်မှုအရှိန်က နှစ်ဆတိုးတောက်လောင်လျက်။
"ငါ တောင်းပန်ပါတယ် မောင်ရယ်"
"မတောင်းပန်နဲ့ လေပြေ.. မင်း အစကတည်းက ငါ့ကိုတောင်းပန်ရမယ့်လုပ်ရပ်မျိုးမလုပ်ခဲ့ရမှာ! ငါ့ကိုလေ. မင်းပြောသမျှယုံပြီး မင်းကိုဘဲအချစ်ကြီးချစ်ခဲ့တဲ့ ငါ့လိုနွားကိုလေ!! မင်းနှစ်ကောင်ပြိုင်တွဲတာကိုမသိဘဲ မင်းသဘောကျအရှုပ်အရှင်းကင်းတဲ့လူဖြစ်အောင်ကြိုးစားနေခဲ့ရတာတွေကိုရော မင်းသိရဲ့လား!"
"...
"လူစုံရင် မင်းပုံထုတ်ပြရင်း ငါလက်ထပ်မဲ့လူပါလို့ ပြောပြတတ်တာတွေကိုရော မင်းသိလား. မင်းခေါ်တဲ့နာမ်စားမို့ ကျန်တဲ့မိန်းမတွေ မောင် လို့လာခေါ်ရင်ထားပစ်ခဲ့တတ်တာတွေ မင်းနားလည်လား လေပြေ!!"
ခွန်ပြည့်က လေပြေ့ရဲ့အင်္ကျီစကိုစောင့်တွန်းလွှတ်ချရင်း ခေါင်းငိုက်စိုက်ထိုင်ချပစ်လိုက်၏။
"ငါ မင်းကိုအကြိမ်ကြိမ်တောင်းပန်ခဲ့တယ်. ငါ့အပေါ်မဖောက်ပြန်ပါနဲ့လို့. ဒါလေးတစ်ခုဘဲတောင်းဆိုခဲ့တာတောင် ဘာလို့! ဘာလို့ မင်းဒီလိုလုပ်ရက်ရတာလဲကွာ!"
မောင့်ရဲ့ဒေါသသံမှာ ရှိုက်သံတို့ရောလာသယောင်မို့ လေပြေ မောင့်ဘေးနားသို့ထိုင်ချလုက်မိသည်။ မောင်ငိုနေသလား.. ငါ့ဘ၀မှာအမုန်းဆုံးက မောင့်မျက်ရည်တွေဘဲ သိလား မောင်။ ငါ့ကြောင့် မောင်ငိုနေခဲ့ရတာလား..။
"မင်း နိုင်တယ် လေပြေ. မောင်ရှုံးတာ"
"ဟင့်အင်း. ငါ မောင့်ကိုမနိုင်ချင်ပါဘူး။ ငါ့ကိုအမြဲတမ်း အထပ်စီးဆန်ဆန်အနိုင်ယူတတ်တဲ့မောင့်ပုံစံကိုဘဲ ငါသဘောကျခဲ့တာ. မောင်မရှုံးဘူးနော်"
မော့ကြည့်လာတဲ့မောင့်မျက်၀န်းတဝိုက်ဟာ စိုစွတ်နေဆဲမို့ လေပြေ့လက်လေးတွေနဲ့မရဲတရဲသုတ်ပေးရန်ပြင်မိတော့ မောင့်ကဆတ်ခနဲနောက်ယို့သွား၏။
"ဟင်း.. ငါ့ကိုအရမ်းရွံ့နေလား မောင်"
"အင်း"
"အဟင်း.. အင်း အင်း ဒါဆိုမောင်မငိုနဲ့တော့နော်. မောင်ထပ်ငိုရင် ငါမောင့်ကိုဖက်ထားမိတော့မယ်ထင်တယ်"
"လေပြေ"
"ဟင်"
"မနက်ဖြန်မနက်စောစော ၅နာရီလောက်ကျ လိုအပ်တဲ့ပစ္စည်းတွေယူပြီး ဒီကိုလာခဲ့နော်. အ၀တ်အစားတွေအများကြီးမထည့်ခဲ့နဲ့. ပိုက်ဆံလဲ မယူခဲ့နဲ့"
မောင်က လေပြေ့ခေါင်းလေးကို လှမ်းသပ်ပေးရင်း ခပ်တည်တည်ပြောနေပြန်၏။ ခဏလေးအတွင်းပြောင်းလဲသွားတတ်တဲ့ မောင့်အမူအရာနဲ့မောင့်စကားသံတွေကို လေပြေလိုက်မမှီနိုင်တော့..။
"ဘယ်သွားဖို့လဲဟင်"
"ခိုးပြေးဖို့လေ.. အဟက်! မင်းကိုတရား၀င်လက်ထပ်ချင်စိတ်မရှိတော့လို့. ပြီးတော့ မင်းကအဲ့လိုခမ်းခမ်းနားနားလက်ထပ်ဖို့လဲ မတန်တော့ဘူးလေ ဟုတ်တယ်မလား"
လေပြေ့မျက်၀န်းက မျက်ရည်ကြည်တို့ကိုကြည့်ရင်း ခွန်ပြည့်သဘောကျစွာရယ်မောလိုက်၏။
"မျက်ရည်သိပ်ပေါတယ်နော် လေပြေ. အရမ်းမငိုနဲ့ဦး။ နောင်လဲ ငိုရဦးမှာ. မင်း ငါ့ကိုဖောက်ပြန်ခဲ့တာနဲ့တန်အောင် မျက်ရည်ကျရဦးမှာမို့လို့လေ.. ကဲ ထတော့ ပြန်မယ်"
"မောင် ငါ့ကိုမချစ်တော့ဘူးလားဟင်"
"ဟား.. တနေ့ကဘဲ မင်းပါးစပ်ကပြောတာလေ. ငါက မင်းကိုမချစ်ပါဘူးဆို. အခုဘာလို့ထပ်လာမေးပြန်တာလဲ?"
"မချစ်ဘဲ ဘာလို့လက်ထပ်မှာလဲ မောင်. မောင်လဲစိတ်ဆင်းရဲရမှာပေါ့"
"မလိုဘူး လေပြေ. မင်းကိုသာ မျက်ရည်ကျအောင်လုပ်နိုင်မယ်ဆို ငါစိတ်ဆင်းရဲခံရလဲတန်တယ်"
"ငါ.."
"ဘာမှစောက်စကားမရှည်နဲ့တော့ လေပြေ. မင်းရွေး. မင်းကောင်နဲ့နေခဲ့မှာလား။ ငါနဲ့လိုက်ခဲ့မှာလား။ အေး မနက်ဖြန်မှမလာရင် မင်း ငါ့မျက်နှာတစ်သက်လုံးမတွေ့စေရတော့ဘူး လေပြေ. ဒါ မင်းနဲ့ပက်သက်ပြီး ငါလုပ်ပေးနိုင်တာဘဲ"
မောင်ဟာ စကားကုန်သွားသလို စက်ဘီးကိုတွန်းရင်းလမ်းလျှောက်ထွက်သွား၏။ မောင့်ကျောပြင်ပေါ်က အေးစက်စက်အငွေ့အသက်တွေက လေပြေ့မျက်၀န်းမှာ ငွေ့ရည်ကြည်တို့ကိုဖြစ်တည်လာစေပြန်သည်။
ငါ့ကိုနှိပ်စက်ဖို့လက်ထပ်မှာတဲ့လား မောင်။
ငါ့ကိုသာ ငိုအောင်လုပ်နိုင်မယ်ဆို စိတ်အဆင်းရဲခံရလဲဖြစ်တာဘဲလား မောင်ရယ်..။
ငါချစ်တဲ့မောင်က သိပ်ရက်စက်တတ်တဲ့လူပါဘဲလား...။
... 💜 ...
မောင့်ရဲ့စက်ဘီးလေးအိမ်ရှေ့ရောက်လာချိန်မှာဘဲ အိမ်ထဲမှထွက်လာတဲ့ပိုင်နဲ့တဲ့တဲ့တိုး၏။ ပိုင့်ရဲ့မျက်နှာမှာပူပန်စိတ်တွေပြည့်နှက်နေခဲ့သလောက် ခွန်ပြည့်ကတော့အေးစက်စွာပင်တည်ကြည်နေခဲ့လျက်။
"အိမ်တောင်ရောက်နေပါ့လား"
"..
"ဒါနဲ့.. ကျွန်တော် တခုလောက်မေးလို့ရမလား. ကျွန်တော်မသိအောင် ကျွန်တော့်ချစ်သူကိုကြာကူလီရတဲ့အရသာက ဘယ်လိုနေလဲဗျ။ မျက်နှာပြောင်တိုက်သလို မခံစားရဘူးလား"
"မောင်"
"မင်း ပါးစပ်ပိတ်ထား လေပြေ!!"
"မင်း သူ့ကိုအော်စရာမလိုဘူး ထင်တယ်"
"အဟက်!! ဒါကျွန်တော့်တရား၀င်ချစ်သူဗျ. ကျွန်တော့်ဘာသာ သူ့ကိုအော်အော်. ရိုက်ရိုက် ကျွန်တော်တို့ကိစ္စပါ"
"ဟဲ့ မင်းရိုင်းလှချည်လား"
"Sry အန်တီ. ကျွန်တော့်မှာအချိန်ပေးပြီးဆုံးမမဲ့မိဘမရှိလို့ ရိုင်းတော့ရိုင်းတယ်ဗျ"
"မောင်ရယ် ပြန်ပါတော့နော်. အမေ လာ အိမ်ထဲ၀င်ကြမယ်"
"ပြန်မှာပါ. ငါကလဲ လူကြီးအားကိုးနဲ့မှမိုက်ရဲတဲ့ကောင်တွေနဲ့ စောက်စကားမပြောချင်ဘူး.. အထူးသဖြင့် အောက်တန်းကျတဲ့ကောင်တွေနဲ့"
"တောက်!! မင်း"
ကိုယ့်အမှားနဲ့ကိုယ်မို့ အလျော့ပေးနေခဲ့ရတဲ့ပိုင်ဟာ ဒီစကားမှာတော့ နာသွားသည့်ဟန်ဖြင့် ခွန်ပြည့်ထံသို့ပြေးလာတာမို့ လေပြေကကြားမှ အတင်း၀င်ကာရင်း
"အမေ အကို့ကိုအိမ်ထဲခေါ်သွားပါ မောင် ပြန်တော့နော်"
"အဟက်! မှန်တာပြောတော့နာသွားတယ် ထင်တယ်. မင်းသတ္တိရှိရင် ကြိုက်တဲ့နေရာမှာလာရှင်းလို့ရတယ် သိလား!! နေရာမရွေးဘူး"
"ဟယ်. ဒီကောင်လေးရိုင်းလှချည်လား"
"မောင်!! မင်းကို ငါပြန်တော့လို့ပြောနေတယ်လေ! မင်းနားမလည်ဘူးလား!!"
တစွန်းတစထွက်ကြည့်နေကြပြီဖြစ်သောလူတွေနဲ့ သူများရပ်ကွက်မှာလာသောင်းကျန်းနေသောမောင့်ကြောင့် ရှက်စိတ်နဲ့ပူပန်စိတ်တို့ကိုရောထွေးလာတာမို့ မောင့်ကိုခပ်ကြမ်းကြမ်းလေးအော်ဟစ်ကာမောင်းထုတ်လိုက်မိ၏။
ပိုင့်ကိုအိမ်ထဲဆွဲသွင်းခိုင်းကာ သူ့ကိုအော်ဟစ်မောင်းထုတ်နေသောချစ်ရသူရဲ့အမူအရာကြောင့် ခွန်ပြည့်အံ့ကြိတ်ရင်း မဲ့လိုက်ကာ
"မင်းကပါ မောင်းထုတ်နေတာပါလား.. အဟက်!! ငါ ပြန်မှာ လေပြေ. ဒီနေ့မင်းရဲ့အပြုအမူကိုလဲ မင်းဘယ်တော့မှမမေ့နဲ့ လေပြေ။ ငါလဲ မမေ့ဘူး သိလား"
"ငါပြောတာ အဲ့လိုမဟုတ်.."
စက်ဘီးကိုအမြန်ဆုံးနင်းကာလှည့်ထွက်လာလိုက်တော့ သူ့ကိုကြည့်နေကြတဲ့လူတချို့.. ကျန်ခဲ့တဲ့သူ့နောက်ပါးမှာ ပိုင့်ကိုအိမ်ထဲဆွဲခေါ်သွားကြတဲ့ လေပြေ့အိမ်သားတွေ။
သူသိပ်ချစ်ရတဲ့ကောင်လေးကရော ဘာထူးလို့လဲ. တခြားလူအတွက်နဲ့သူ့ကိုစိတ်ပျက်လက်ပျက်မောင်းထုတ်ခဲ့သေးတာဘဲ။
သူ့ဘက်မှာ ဘယ်တုန်းကမှရပ်တည်ပေးမဲ့ တစ်စုံတစ်ယောက်ဆိုတာမရှိခဲ့ဖူးတာဘဲ။
မိသားစုက စွန့်ပစ်တယ်.. ပြီးတော့ ချစ်ရတဲ့တစ်ဦးတည်းသောကောင်လေးကလဲ သူ့နောက်မှာရှိမနေပေးနိုင်ခဲ့ဘူး။
ခွန်ပြည့်စုံရှိန်းဆိုတဲ့ကောင်ဟာ အားလုံးနဲ့တစ်ယောက်ပါဘဲ..။
ပစ်ထားတာကြာသွားတယ် ငယ်လေးတို့ရေ အလုပ်၀င်နေရတော့မအားလို့ပါ ဒီနေ့မှ Silence Strike လုပ်ရင် တစ်လက်စတည်း Up လိုက်ပြီ အားလုံးဘေးကင်းကင်းနဲ့ Strike ကို ပါ၀င်နိုင်ကြပါစေ 🖤
#Unicode
ေမာင့္ေလေျပ
အပိုင္း(၂၈)
ေအာင္ေက်ာ္နဲ႔စကားဆိုၿပီးတဲ့ေနာက္မွာေတာ့ ႏွစ္နဲ႔ခ်ီၿပီးမေရာက္ျဖစ္ခဲ့တဲ့ ေလေျပေနထိုင္ရာရပ္ကြက္ေလးဆီသို႔ ခြန္ျပည့္ေရာက္လာျဖစ္ခဲ့သည္။ ေလေျပတစ္ေယာက္ကိုယုံစားမိလြန္း၍လမ္းထဲသို႔လိုက္မလာျဖစ္ခဲ့မိတဲ့အေပၚ သူေနာင္တရေနခဲ့ရၿပီ။
လမ္းထိပ္တည့္တည့္က တိုက္ခံအိမ္ေလးကိုစက္ဆုပ္စြာလွမ္းၾကည့္ျဖစ္ခဲ့သည္။ သူ႕ရင္ထဲကေကာင္ေလးကို မရမကယူထုတ္ႏိုင္ခဲ့တဲ့အတြက္ ေအာင္ႏိုင္သူလိုေပ်ာ္ပါးေနၿပီလား။ အဟက္! ပြဲမၿပီးေသးဘူး.. ၿပီးေတာ့ ဒီေကာင့္ကိုေအာင္ပြဲခံခြင့္သူမေပးႏိုင္ေသးဘူး။
မိုးျပာေရာင္Shirtေလးနဲ႔ေကာင္ငယ္ေလးကိုလွမ္းျမင္ရေတာ့ ႐ုတ္တရက္စက္ဘီးကိုရပ္ခ်ပစ္လိုက္မိတယ္။ ဘယ္ေလာက္ခ်စ္ရတာမတန္တဲ့ေကာင္ေလးလဲ.. ငါ မင္းကိုတျခားေကာင္ရင္ခြင္မွာေပ်ာ္ပါးခြင့္မေပးႏိုင္ေသးဘူး ေလေျပ။
ငါ့ေနာက္မွာ ေဖာက္ျပန္ခဲ့တဲ့မင္းကို စိတ္ဆင္းရဲေအာင္ ငါအဆုံးထိႏွိပ္စက္ပစ္ဦးမွာ...။
"ေမာင္.."
"အင္း"
သူ႕စက္ဘီးနားကို အေျပးေလးေရာက္လာတဲ့ေကာင္ေလးကိုတခ်က္မွ်အသိအမွတ္ျပဳရင္း ေခါင္းညိတ္ျပလိုက္၏။
"ေမာင္.. ငါ"
"က်စ္.. တိတ္စမ္းပါ ေလေျပရာ. ငါေျပာတာဘဲ မင္းနားေထာင္"
"ဟဲ့.. ဘယ္သူတုန္း ေအာ္"
ေလေျပ့အေမ့ရဲ႕ႀကိဳဆိုသံက ခြန္ျပည့္ကိုအလိုမက်စြာပင္ ဆီးႀကိဳလာ၏။ ခြန္ျပည့္ကလဲ မထီမဲ့ျမင္သာျပဳရင္း ေလေျပ့ေခါင္းေလးကိုခပ္ဖြဖြလွမ္းပုတ္လိုက္ကာ
"ေမာင္နဲ႔ခဏလိုက္ခဲ့ေနာ္. လာ တက္"
"ဟဲ့.. ဘာေျပာတာ. ငါ့သားကိုဘယ္ေခၚသြားဦးမလဲ။ ေလေျပ မင္းမလိုက္သြားရဘူး. တေအာင့္ေန သားပိုင္ျပန္လာေတာ့မွာမလား။ မင္းကို လာ႐ွာေနလိမ့္မယ္"
ခြန္ျပည့္ အံ့ကိုသာႀကိတ္လိုက္မိ၏။ သားပိုင္တဲ့လား..။ ဒီမိန္းမႀကီးက ဟိုေကာင့္ကိုက် သိပ္သေဘာက်ေနတာပါဘဲလား။
"ေလေျပ မင္းလိုက္မွာလား. မလိုက္ဘူးလား။ ေနာက္ဆို ေမာင္ဘယ္ေတာ့မွအားေတာ့မွာမဟုတ္ဘူးေနာ္"
ခ်ိဳသာစြာဆိုလာတဲ့ေမာင့္စကားသံမွာၿခိမ္းေျခာက္သံေတြေရာေႏွာလို႔ေန၏။ ေလေျပ အေမ့ကိုတစ္ခ်က္မွ်လွမ္းၾကည့္ရင္း ေမာင့္စက္ဘီးေနာက္သို႔တက္လိုက္မိသည္။ ငါ့ဘ၀မွာ ေမာင့္ကိုအေရးႀကီးဆုံးပါေလ..။
"ေလေျပ မင္း"
"ခဏေလးပါဘဲ အေမရယ္.. သားလိုက္သြားပါရေစ"
ေမာင္ဟာ စက္ဘီးကိုခပ္ျမန္ျမန္ေလးထြက္ခြာလိုက္၏။ ေမာင့္အက်ႌစကို ခပ္ဖြဖြဆုပ္ကိုင္မိေတာ့ မထိနဲ႔လို႔ခပ္တိုးတိုးအမိန္႔ေပးလာတာမို႔ ေလေျပ့မ်က္၀န္းမွာမ်က္ရည္တို႔တြဲခိုလာရျပန္သည္။ ငါ့ကို႐ြံ႕ေနၿပီလား ေမာင္ရယ္..။
"ရၿပီ ဆင္း"
ေမာင္ကေဘာင္းဘီအိပ္ကပ္ထဲလက္ႏွစ္ဖက္ထည့္ရင္း ခပ္ခြာခြာရပ္တယ္။ ငါ့ကိုတခ်က္မွမၾကည့္ဘဲ ကန္ေရျပင္ကို သဲသဲမဲမဲစိုက္ၾကည့္ေနတဲ့ေမာင့္ပုံစံက ငါ့ကိုအဆုံးထိသိမ္ငယ္ေစျပန္တယ္။ သိပ္ေခ်ာလြန္းတဲ့ေမာင္ဟာ မ်က္ေမွာင္ေလးေတြတြန္႔ခ်ိဳးေနတဲ့အခါ သိပ္ေၾကာက္ဖို႔ေကာင္းေနတတ္ျပန္တယ္။
"ေမာင္"
"ေမာင္ဘဲလား ေလေျပ. ငါက မင္းအတြက္ေမာင္ျဖစ္ေနတုန္းဘဲလား။ ထားပါေတာ့ မင္း အဲ့ေကာင္ကိုေရာဘယ္လိုေခၚလဲ"
"ေမာင္ရယ္. ငါ့ကိုမသေရာ္ပါနဲ႔"
"အာ.. Sry သေရာ္သလိုျဖစ္သြားလား. ေမာင္ သေရာ္တာမဟုတ္ပါဘူး. သိခ်င္တာ. ေမာင္ဆို ေမာင့္ရဲ႕ေကာင္မေလးေတြကို Babe, သဲေလး အဲ့လိုေခၚတယ္ကြာ။ ေလေျပေရာ ေလေျပ့လူကိုဘယ္လိုေခၚလဲလို႔ ေမာင္သိခ်င္႐ုံပါ"
ေလေျပ့လူတဲ့.. ေမာင့္ေကာင္မေလးတဲ့။ ေလေျပ့သိကၡာကိုအစြမ္းကုန္ခ်ေစႏိုင္မယ့္စကားေတြကို ေမာင္ဟာအေလာတႀကီးကို႐ွာေဖြၿပီး သေရာ္ခ်င္ခဲ့ပုံ..။
"ငါတို႔အေၾကာင္းဘဲေျပာရေအာင္ပါ ေမာင္ရယ္"
"အဟြန္း.. ေယာက်ၤားေလးဆိုတာ လုပ္ရဲရင္ ခံရဲရတယ္ ေလေျပရ.. သတၱိမနည္းစမ္းပါနဲ႔။ ဒါမွမဟုတ္ရင္လဲ အစကတည္းကေမာင္မသိေအာင္ ျခံမခုန္နဲ႔ေပါ့ ဟုတ္လား"
"ငါ ဘယ္လို႐ွင္းျပရမလဲ ေမာင္"
"ေလေျပက ဘာလိမ္ခ်င္ေသးလို႔လဲ"
"ငါ ဘယ္လိုလုပ္ေပးရင္ ေမာင္ေက်နပ္မလဲဟင္။ ငါ ဘယ္လိုလုပ္ရင္ ေမာင္ငါ့အနားမွာဆက္ေနေပးမလဲ။ ေမာင္ မင္းခိုင္းတာငါအကုန္လုပ္ပါ့မယ္"
"ေလေျပ မင္းမွာအ႐ွက္ေရာ႐ွိေသးရဲ႕လား. ဒီလိုလုပ္ထားၿပီး ငါ့နားဆက္ေနခ်င္ေသးတာလား.. မင္းမ႐ွက္တတ္ဘူးလား"
"အင္း.. ငါ ေမာင့္အနားမွာဆက္ေနပါရေစ. ငါ ေမာင္နဲ႔မခြဲႏိုင္ေသးဘူး"
"ေတာက္!! မင္းကိုေလ ငါေသေလာက္ေအာင္႐ြံ႕တယ္သိလား. မင္းကိုေရာ မင္းပါးစပ္ထဲကထြက္လာတဲ့ဒီေစာက္စကားေတြကိုေရာ!!"
ခြန္ျပည့္က ေလေျပ့ရဲ႕အက်ႌေကာ္လံစကို လက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္ရင္း ခပ္ၾကမ္းၾကမ္းေအာ္ဟစ္ပစ္လိုက္၏။ မ်က္၀န္းျပာထဲက မ်က္ရည္တို႔စီးက်လာတာကို အတိုင္းသားျမင္ေနရတာမို႔ ရင္ထဲမွပူေလာင္မႈအ႐ွိန္က ႏွစ္ဆတိုးေတာက္ေလာင္လ်က္။
"ငါ ေတာင္းပန္ပါတယ္ ေမာင္ရယ္"
"မေတာင္းပန္နဲ႔ ေလေျပ.. မင္း အစကတည္းက ငါ့ကိုေတာင္းပန္ရမယ့္လုပ္ရပ္မ်ိဳးမလုပ္ခဲ့ရမွာ! ငါ့ကိုေလ. မင္းေျပာသမွ်ယုံၿပီး မင္းကိုဘဲအခ်စ္ႀကီးခ်စ္ခဲ့တဲ့ ငါ့လိုႏြားကိုေလ!! မင္းႏွစ္ေကာင္ၿပိဳင္တြဲတာကိုမသိဘဲ မင္းသေဘာက်အ႐ႈပ္အ႐ွင္းကင္းတဲ့လူျဖစ္ေအာင္ႀကိဳးစားေနခဲ့ရတာေတြကိုေရာ မင္းသိရဲ႕လား!"
"...
"လူစုံရင္ မင္းပုံထုတ္ျပရင္း ငါလက္ထပ္မဲ့လူပါလို႔ ေျပာျပတတ္တာေတြကိုေရာ မင္းသိလား. မင္းေခၚတဲ့နာမ္စားမို႔ က်န္တဲ့မိန္းမေတြ ေမာင္ လို႔လာေခၚရင္ထားပစ္ခဲ့တတ္တာေတြ မင္းနားလည္လား ေလေျပ!!"
ခြန္ျပည့္က ေလေျပ့ရဲ႕အက်ႌစကိုေစာင့္တြန္းလႊတ္ခ်ရင္း ေခါင္းငိုက္စိုက္ထိုင္ခ်ပစ္လိုက္၏။
"ငါ မင္းကိုအႀကိမ္ႀကိမ္ေတာင္းပန္ခဲ့တယ္. ငါ့အေပၚမေဖာက္ျပန္ပါနဲ႔လို႔. ဒါေလးတစ္ခုဘဲေတာင္းဆိုခဲ့တာေတာင္ ဘာလို႔! ဘာလို႔ မင္းဒီလိုလုပ္ရက္ရတာလဲကြာ!"
ေမာင့္ရဲ႕ေဒါသသံမွာ ႐ိႈက္သံတို႔ေရာလာသေယာင္မို႔ ေလေျပ ေမာင့္ေဘးနားသို႔ထိုင္ခ်လုက္မိသည္။ ေမာင္ငိုေနသလား.. ငါ့ဘ၀မွာအမုန္းဆုံးက ေမာင့္မ်က္ရည္ေတြဘဲ သိလား ေမာင္။ ငါ့ေၾကာင့္ ေမာင္ငိုေနခဲ့ရတာလား..။
"မင္း ႏိုင္တယ္ ေလေျပ. ေမာင္႐ႈံးတာ"
"ဟင့္အင္း. ငါ ေမာင့္ကိုမႏိုင္ခ်င္ပါဘူး။ ငါ့ကိုအၿမဲတမ္း အထပ္စီးဆန္ဆန္အႏိုင္ယူတတ္တဲ့ေမာင့္ပုံစံကိုဘဲ ငါသေဘာက်ခဲ့တာ. ေမာင္မ႐ႈံးဘူးေနာ္"
ေမာ့ၾကည့္လာတဲ့ေမာင့္မ်က္၀န္းတဝိုက္ဟာ စိုစြတ္ေနဆဲမို႔ ေလေျပ့လက္ေလးေတြနဲ႔မရဲတရဲသုတ္ေပးရန္ျပင္မိေတာ့ ေမာင့္ကဆတ္ခနဲေနာက္ယို႔သြား၏။
"ဟင္း.. ငါ့ကိုအရမ္း႐ြံ႕ေနလား ေမာင္"
"အင္း"
"အဟင္း.. အင္း အင္း ဒါဆိုေမာင္မငိုနဲ႔ေတာ့ေနာ္. ေမာင္ထပ္ငိုရင္ ငါေမာင့္ကိုဖက္ထားမိေတာ့မယ္ထင္တယ္"
"ေလေျပ"
"ဟင္"
"မနက္ျဖန္မနက္ေစာေစာ ၅နာရီေလာက္က် လိုအပ္တဲ့ပစၥည္းေတြယူၿပီး ဒီကိုလာခဲ့ေနာ္. အ၀တ္အစားေတြအမ်ားႀကီးမထည့္ခဲ့နဲ႔. ပိုက္ဆံလဲ မယူခဲ့နဲ႔"
ေမာင္က ေလေျပ့ေခါင္းေလးကို လွမ္းသပ္ေပးရင္း ခပ္တည္တည္ေျပာေနျပန္၏။ ခဏေလးအတြင္းေျပာင္းလဲသြားတတ္တဲ့ ေမာင့္အမူအရာနဲ႔ေမာင့္စကားသံေတြကို ေလေျပလိုက္မမွီႏိုင္ေတာ့..။
"ဘယ္သြားဖို႔လဲဟင္"
"ခိုးေျပးဖို႔ေလ.. အဟက္! မင္းကိုတရား၀င္လက္ထပ္ခ်င္စိတ္မ႐ွိေတာ့လို႔. ၿပီးေတာ့ မင္းကအဲ့လိုခမ္းခမ္းနားနားလက္ထပ္ဖို႔လဲ မတန္ေတာ့ဘူးေလ ဟုတ္တယ္မလား"
ေလေျပ့မ်က္၀န္းက မ်က္ရည္ၾကည္တို႔ကိုၾကည့္ရင္း ခြန္ျပည့္သေဘာက်စြာရယ္ေမာလိုက္၏။
"မ်က္ရည္သိပ္ေပါတယ္ေနာ္ ေလေျပ. အရမ္းမငိုနဲ႔ဦး။ ေနာင္လဲ ငိုရဦးမွာ. မင္း ငါ့ကိုေဖာက္ျပန္ခဲ့တာနဲ႔တန္ေအာင္ မ်က္ရည္က်ရဦးမွာမို႔လို႔ေလ.. ကဲ ထေတာ့ ျပန္မယ္"
"ေမာင္ ငါ့ကိုမခ်စ္ေတာ့ဘူးလားဟင္"
"ဟား.. တေန႔ကဘဲ မင္းပါးစပ္ကေျပာတာေလ. ငါက မင္းကိုမခ်စ္ပါဘူးဆို. အခုဘာလို႔ထပ္လာေမးျပန္တာလဲ?"
"မခ်စ္ဘဲ ဘာလို႔လက္ထပ္မွာလဲ ေမာင္. ေမာင္လဲစိတ္ဆင္းရဲရမွာေပါ့"
"မလိုဘူး ေလေျပ. မင္းကိုသာ မ်က္ရည္က်ေအာင္လုပ္ႏိုင္မယ္ဆို ငါစိတ္ဆင္းရဲခံရလဲတန္တယ္"
"ငါ.."
"ဘာမွေစာက္စကားမ႐ွည္နဲ႔ေတာ့ ေလေျပ. မင္းေ႐ြး. မင္းေကာင္နဲ႔ေနခဲ့မွာလား။ ငါနဲ႔လိုက္ခဲ့မွာလား။ ေအး မနက္ျဖန္မွမလာရင္ မင္း ငါ့မ်က္ႏွာတစ္သက္လုံးမေတြ႕ေစရေတာ့ဘူး ေလေျပ. ဒါ မင္းနဲ႔ပက္သက္ၿပီး ငါလုပ္ေပးႏိုင္တာဘဲ"
ေမာင္ဟာ စကားကုန္သြားသလို စက္ဘီးကိုတြန္းရင္းလမ္းေလွ်ာက္ထြက္သြား၏။ ေမာင့္ေက်ာျပင္ေပၚက ေအးစက္စက္အေငြ႕အသက္ေတြက ေလေျပ့မ်က္၀န္းမွာ ေငြ႕ရည္ၾကည္တို႔ကိုျဖစ္တည္လာေစျပန္သည္။
ငါ့ကိုႏွိပ္စက္ဖို႔လက္ထပ္မွာတဲ့လား ေမာင္။
ငါ့ကိုသာ ငိုေအာင္လုပ္ႏိုင္မယ္ဆို စိတ္အဆင္းရဲခံရလဲျဖစ္တာဘဲလား ေမာင္ရယ္..။
ငါခ်စ္တဲ့ေမာင္က သိပ္ရက္စက္တတ္တဲ့လူပါဘဲလား...။
... 💜 ...
ေမာင့္ရဲ႕စက္ဘီးေလးအိမ္ေ႐ွ႕ေရာက္လာခ်ိန္မွာဘဲ အိမ္ထဲမွထြက္လာတဲ့ပိုင္နဲ႔တဲ့တဲ့တိုး၏။ ပိုင့္ရဲ႕မ်က္ႏွာမွာပူပန္စိတ္ေတြျပည့္ႏွက္ေနခဲ့သေလာက္ ခြန္ျပည့္ကေတာ့ေအးစက္စြာပင္တည္ၾကည္ေနခဲ့လ်က္။
"အိမ္ေတာင္ေရာက္ေနပါ့လား"
"..
"ဒါနဲ႔.. ကြၽန္ေတာ္ တခုေလာက္ေမးလို႔ရမလား. ကြၽန္ေတာ္မသိေအာင္ ကြၽန္ေတာ့္ခ်စ္သူကိုၾကာကူလီရတဲ့အရသာက ဘယ္လိုေနလဲဗ်။ မ်က္ႏွာေျပာင္တိုက္သလို မခံစားရဘူးလား"
"ေမာင္"
"မင္း ပါးစပ္ပိတ္ထား ေလေျပ!!"
"မင္း သူ႕ကိုေအာ္စရာမလိုဘူး ထင္တယ္"
"အဟက္!! ဒါကြၽန္ေတာ့္တရား၀င္ခ်စ္သူဗ်. ကြၽန္ေတာ့္ဘာသာ သူ႕ကိုေအာ္ေအာ္. ႐ိုက္႐ိုက္ ကြၽန္ေတာ္တို႔ကိစၥပါ"
"ဟဲ့ မင္း႐ိုင္းလွခ်ည္လား"
"Sry အန္တီ. ကြၽန္ေတာ့္မွာအခ်ိန္ေပးၿပီးဆုံးမမဲ့မိဘမ႐ွိလို႔ ႐ိုင္းေတာ့႐ိုင္းတယ္ဗ်"
"ေမာင္ရယ္ ျပန္ပါေတာ့ေနာ္. အေမ လာ အိမ္ထဲ၀င္ၾကမယ္"
"ျပန္မွာပါ. ငါကလဲ လူႀကီးအားကိုးနဲ႔မွမိုက္ရဲတဲ့ေကာင္ေတြနဲ႔ ေစာက္စကားမေျပာခ်င္ဘူး.. အထူးသျဖင့္ ေအာက္တန္းက်တဲ့ေကာင္ေတြနဲ႔"
"ေတာက္!! မင္း"
ကိုယ့္အမွားနဲ႔ကိုယ္မို႔ အေလ်ာ့ေပးေနခဲ့ရတဲ့ပိုင္ဟာ ဒီစကားမွာေတာ့ နာသြားသည့္ဟန္ျဖင့္ ခြန္ျပည့္ထံသို႔ေျပးလာတာမို႔ ေလေျပကၾကားမွ အတင္း၀င္ကာရင္း
"အေမ အကို႔ကိုအိမ္ထဲေခၚသြားပါ ေမာင္ ျပန္ေတာ့ေနာ္"
"အဟက္! မွန္တာေျပာေတာ့နာသြားတယ္ ထင္တယ္. မင္းသတၱိ႐ွိရင္ ႀကိဳက္တဲ့ေနရာမွာလာ႐ွင္းလို႔ရတယ္ သိလား!! ေနရာမေ႐ြးဘူး"
"ဟယ္. ဒီေကာင္ေလး႐ိုင္းလွခ်ည္လား"
"ေမာင္!! မင္းကို ငါျပန္ေတာ့လို႔ေျပာေနတယ္ေလ! မင္းနားမလည္ဘူးလား!!"
တစြန္းတစထြက္ၾကည့္ေနၾကၿပီျဖစ္ေသာလူေတြနဲ႔ သူမ်ားရပ္ကြက္မွာလာေသာင္းက်န္းေနေသာေမာင့္ေၾကာင့္ ႐ွက္စိတ္နဲ႔ပူပန္စိတ္တို႔ကိုေရာေထြးလာတာမို႔ ေမာင့္ကိုခပ္ၾကမ္းၾကမ္းေလးေအာ္ဟစ္ကာေမာင္းထုတ္လိုက္မိ၏။
ပိုင့္ကိုအိမ္ထဲဆြဲသြင္းခိုင္းကာ သူ႕ကိုေအာ္ဟစ္ေမာင္းထုတ္ေနေသာခ်စ္ရသူရဲ႕အမူအရာေၾကာင့္ ခြန္ျပည့္အံ့ႀကိတ္ရင္း မဲ့လိုက္ကာ
"မင္းကပါ ေမာင္းထုတ္ေနတာပါလား.. အဟက္!! ငါ ျပန္မွာ ေလေျပ. ဒီေန႔မင္းရဲ႕အျပဳအမူကိုလဲ မင္းဘယ္ေတာ့မွမေမ့နဲ႔ ေလေျပ။ ငါလဲ မေမ့ဘူး သိလား"
"ငါေျပာတာ အဲ့လိုမဟုတ္.."
စက္ဘီးကိုအျမန္ဆုံးနင္းကာလွည့္ထြက္လာလိုက္ေတာ့ သူ႕ကိုၾကည့္ေနၾကတဲ့လူတခ်ိဳ႕.. က်န္ခဲ့တဲ့သူ႕ေနာက္ပါးမွာ ပိုင့္ကိုအိမ္ထဲဆြဲေခၚသြားၾကတဲ့ ေလေျပ့အိမ္သားေတြ။
သူသိပ္ခ်စ္ရတဲ့ေကာင္ေလးကေရာ ဘာထူးလို႔လဲ. တျခားလူအတြက္နဲ႔သူ႕ကိုစိတ္ပ်က္လက္ပ်က္ေမာင္းထုတ္ခဲ့ေသးတာဘဲ။
သူ႕ဘက္မွာ ဘယ္တုန္းကမွရပ္တည္ေပးမဲ့ တစ္စုံတစ္ေယာက္ဆိုတာမ႐ွိခဲ့ဖူးတာဘဲ။
မိသားစုက စြန္႔ပစ္တယ္.. ၿပီးေတာ့ ခ်စ္ရတဲ့တစ္ဦးတည္းေသာေကာင္ေလးကလဲ သူ႕ေနာက္မွာ႐ွိမေနေပးႏိုင္ခဲ့ဘူး။
ခြန္ျပည့္စုံ႐ွိန္းဆိုတဲ့ေကာင္ဟာ အားလုံးနဲ႔တစ္ေယာက္ပါဘဲ..။
ပစ္ထားတာၾကာသြားတယ္ ငယ္ေလးတို႔ေရ အလုပ္၀င္ေနရေတာ့မအားလို႔ပါ ဒီေန႔မွ Silence Strike လုပ္ရင္ တစ္လက္စတည္း Up လိုက္ၿပီ အားလုံးေဘးကင္းကင္းနဲ႔ Strike ကို ပါ၀င္ႏိုင္ၾကပါေစ 🖤
#Zawgyi
#Blfic
-Hanna
2021 Dec 10 Fri
12:10PM