အသံလာရာကို ကြည့်လိုက်တဲ့အခါ ထိုတပည့်က ပြီးခဲ့တဲ့လဝက်လောက်က ကောင်းချီးဆယ်ဖြာဆိုင်မှာ သူ့ကို အပျက်လို့ပြောခဲ့တဲ့သူဖြစ်နေသည်။
မုန့်ဟွာ သူ့သိုလှောင်လက်စွပ်ထဲကနေပြီး တိမ်ဝိညာဥ်ကျောက်တုံး သေတ္တာ၂၅လုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"ဘယ်သူက ဒါတွေကိုယူချင်တာလဲ"
ထိုသူက သူနဲ့ပြဿနာတက်ဖူးတာကြောင့် အချိန်မရွေး သူ့စကားသူပြန်ရုတ်သိမ်းသွားပြီး ရောင်းဖို့ငြင်းဆိုနိုင်သည်။ ဒါကြောင့်သူငြင်းဖို့အခွင့်အရေးတောင် မရနိုင်အောင် တိမ်ဝိညာဥ်ကျောက်တုံးသေတ္တာတွေကို သူ့သိုလှောင်လက်စွပ်ထဲကိုအမြန်ကောက်သိမ်းလိုက်တော့သည်။
သူ့လက်စွပ်လေးသူ ပျော်ရွှင်စွာနဲ့ ထိကြည့်နေလိုက်သည်။ ရှေးခေတ်မှာ ပါဝင်ပစ္စည်းတွေက ပေါများလွန်းလှတာကြောင့် သူလိုချင်သလောက်ကိုသူစုဆောင်းနိုင်သည်။
ဒါတွေကိုဝယ်တဲ့သူက ရုန်ယိဖြစ်နေတာကြောင့် မုန့်ဟွာမှာအံ့အားသင့်သွားရသည်။ သူကနှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ဝိညာဥ်သွေးကြောတောင်မရှိတဲ့ အသုံးမဝင်တဲ့အရှုံးသမားကလည်း ပါဝင်ပစ္စည်းတွေဝယ်ချင်တာဘဲလား..ရယ်စရာကောင်းလိုက်တာ "
ရုန်ယိ ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း မင်းဘာလို့အူတက်ပြီးမသေသွားသေးတာလဲ"
မုန့်ဟွာရဲ့ မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။
တိမ်ဝိညာဥ်ကျောက်တုံးတွေက တန်ဖိုးမရှိဘူးလို့ပြောခဲ့တဲ့ တပည့်ကမေးလိုက်သည်။
"အစ်ကိုမုန့် သူကဘယ်သူလဲ"
သူ ကျိုရွှီဂိုဏ်းကိုဝင်ရောက်လာတဲ့အချိန်မှာ ရုန်ယိက ယင်အိမ်တော်ကိုလက်ထပ်ပြီးသွားပြီဖြစ်၏။ ဒါကြောင့် တပည့်အများစုက ရုန်ယိကို တစ်ခါမှမမြင်ဖူးကြပေ။ သူ့ရဲ့ ဂိုဏ်းတူမောင်နှမတွေကသာ သူ့ကိုမြင်တွေ့ဖူးကြတာဖြစ်သည်။
မုန့်ဟွာ ကောင်တာနောက်က မိန်းကလေးတပည့်တွေကိုကြည့်လိုက်ပြီး
"တုန်ဟွမ်တို့ ခဏခဏပြောနေကြတဲ့ ဆရာဦးလေးရုန်လေ"
မိန်းကလေးတပည့်တွေမှာ မျက်လုံးတွေပြူးသွားရတော့သည်။ သူတို့ပြောနေကြတဲ့ထဲက ဇာတ်လိုက်က သူတို့ရှေ့မှာရပ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးကြည့်ခဲ့ဖူးပေ။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ရုန်ယိက တစ်ကယ့်ကိုလှပသည်။ ကြီးမားတောက်ပနေတဲ့မျက်ဝန်းတွေ ၊ ပါးလွှာပြီး နှင်းဆီရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးတွေနဲ့ မိန်းကလေးတွေထက်တောင်မှ ပိုပြီးလှသေးသည်။ ရုန်ယိနဲ့ ပိုင်ယွမ်ချန်တို့က အလိုက်ဖက်ဆုံးအတွဲဆိုတာ ငြင်းပယ်စရာမရှိပေ။ သူ့မှာ ဝိညာဥ်သွေးကြောမရှိတာကတော့ နှမြောစရာကောင်းလှသည်။ အကောင်းဆုံးဆေးလုံးနဲ့တောင်မှ သူက သူ့ဆရာတူအစ်ကိုကြီးပိုင်ယွမ်ချန်နဲ့အတူတူ အကြာကြီးမနေထိုင်နိုင်သွားဘဲ အသက်ကြီးရင့်လာကာ သေဆုံးသွားရလိမ့်မည်။
တိမ်ဝိညာဥ်ကျောက်တုံးတွေက အသုံးမဝင်ဖူးပြောခဲ့တဲ့ တပည့်က နှာခေါင်းရှုံ့လိုက်သည်။ ဝိညာဥ်သွေးကြောမရှိတာက မကျင့်ကြံနိုင်ဘူးလို့ဆိုလိုတာဖြစ်ပြီး အဲ့တာက သူကမှော်လက်နက်လည်းမသန့်စင်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဘဲဖြစ်သည်။ ဒါတောင်မှ အရှက်မရှိစွာ တစ်ခြားသူတွေမသိတဲ့အရာကိုသူသိသလိုပုံမျိုးနဲ့ တိမ်ဝိညာဥ်ကျောက်တုံးတွေက အသုံးအရမ်းဝင်တယ်လို့ပြောလာသေးသည်။ ဘာလဲ..သူက သူ့အရည်အချင်းကို သူတို့ကိုလာကြွားနေတာလား..ချက်ချင်းပေါ်သွားတာကတော့ သနားစရာဘဲ..အရမ်းရှက်စရာကောင်းတာဘဲ..။
မုန့်ဟွာက သူနဲ့အတူဆင်းလာတဲ့ ကျင့်ကြံသူတွေဖက်ကို လှည့်ပြောလိုက်သည်။
"အစ်ကိုရှောင်..အစ်ကိုရဲ့ ဆရာဦးလေးကို နှုတ်ဆက်သင့်တယ်မဟုတ်ဘူးလား"
ရှောင်ရှင်းကျင်းက နှာခေါင်းရှုံ့လိုက်သည်။
"ဒီလို ဆရာဦးလေးမျိုးကို ငါ့စိတ်ထဲမှာထည့်မထားဘူး"
မုန့်ဟွာ ပြုံးကာပြောလိုက်သည်။
"အိုး ဟုတ်သားဘဲ အစ်ကိုရှောင် ကျွန်တော်ကြားထားတာတော့ ဂိုဏ်းချုပ်က အစ်ကို့အဘိုးကို ထျန်းရွှီတောင်ထိပ်ရဲ့သခင်အဖြစ်ခန့်အပ်ပြီး အစ်ကိုတို့အပိုင်အဖြစ် တောင်ကိုချီးမြင့်မယ်လို့ စီစဥ်ထားတယ်ဆို"
ဒီစကားတွေကြားလိုက်တဲ့အခါ ရှောင်ရှင်းကျင်း အလွန်သွေးနားထင်ရောက်သွားရသည်။
"သေချာတာပေါ့..ဂိုဏ်းချုပ်က အကယ်၍ ထျန်းရွှီတောင်ထိပ်သခင်က နောက်နှစ်ဝက်မှပြန်မလာသေးဘူးဆိုရင် ငါ့အဘိုးကို အဲ့နေရာယူခိုင်းတော့မယ်လို့ပြောထားတယ်..ထျန်းရွှီတောင်ထိပ်က ဝိညာဥ်ချီတွေအပေါများဆုံးနေရာလို့ ကြားထားတာ..ငါသာ အဲ့နေရာမှကျင့်ကြံနိုင်ခဲ့ရင် ငါ့ကျင့်ကြံနှုန်းက မြှားစီးသလိုကို မြန်သွားတော့မှာဘဲ"
"ဆူလိုက်ကြတာ"
ရုန်ယိ နားကလော်တဲ့ပုံလုပ်ပြပြီး သူတို့နှစ်ယောက်ရဲ့ ပြဇာတ်ကိုစိတ်မဝင်စားဘူးဆိုတာပြသလိုက်သည်။ ထို့နောက် ရောင်းတဲ့ထဲမှာ ကောင်းတဲ့ ပါဝင်ပစ္စည်းတွေများရှိဦးမလားဆိုတာ ရှာကြည့်နေလိုက်သည်။
သူ့ရဲ့ မထူးခြားနားတဲ့အမူအယာကြောင့် မုန့်ဟွာနဲ့ ရှောင်ရှင်းကျင်းတို့မှာ ပြောလက်စကိုတောင် ဆက်မပြောနိုင်တော့ဘဲ...ကောင်တာရှေ့မှာရပ်နေတဲ့ ရုန်ယိကိုသာစိုက်ကြည့်နေရင်း မျက်နှာတွေမည်းမှောင်လာကြတော့သည်။
ပုချီက သူတို့ကိုတစ်ချက်ခိုးကြည့်လိုက်ပြီး ပြောလာသည်။
"ဆရာ..ကျွန်တော်တို့အပြင်မှာ လမ်းလေးနည်းနည်းသွားလျှောက်ကြမလား"
"ကောင်းပြီလေ"
ရုန်ယိ သူစိတ်ဝင်စားတဲ့ ပါဝင်ပစ္စည်းတွေကိုရှာမတွေ့တော့တာကြောင့် ပုချီနောက်ကလိုက်ပြီး နေရာတစ်ခုရှာကာ မေးလိုက်သည်။
"ကျွန်တော့်အဖေဘယ်မှာလဲဆိုတာ..ခင်ဗျား သိလား"
ပုချီကခေါင်းခါပြလိုက်သည်။
"ဆရာသခင်ယွမ်ရိပြောတာတော့..ဆရာ့အဖေက လွန်ခဲ့တဲ့ငါးနှစ်က ဆရာ့အတွက် ဝိညာဥ်သွေးကြောစိုက်ပျိုးပေးနိုင်မဲ့နည်းလမ်းကိုရှာမယ်ဆိုပြီး ထွက်သွားခဲ့တာတဲ့...ဒါပေမဲ့ ဒီငါးနှစ်အတွင်း ဘယ်သူမှ သူ့ဆီကသတင်းအစအနတောင်မကြားခဲ့ကြရဘူး....နောက်ဆုံးအကြိမ်..သူ့ကို တပည့်အချို့တွေ့ခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ဝက်က ပေပနယ်မြေမှာဘဲ..အဲ့တပည့်တွေပြောတာတော့ သူက တစ်ခြားကျင့်ကြံသူတစ်ချို့ရဲ့ နေရာကိုရှာနေတာတဲ့..သူဘယ်သွားမယ်ဆိုတာကိုတော့ ပြောမသွားခဲ့ဘူး..ပြီးတော့ ဆရာ့အဖေက တပည့်တစ်ယောက်နဲ့စကားပါးလိုက်သေးတယ်..သူအဲ့နေရာကိုရှာမတွေ့ရင် ဘယ်တော့မှပြန်မလာတော့ဘူးတဲ့...ထျန်းရွှီတောင်ထိပ်ကိုလည်း ဂိုဏ်းချုပ်ကိုကိုင်တွယ်ပေးဖို့ပြောသွားသေးတယ်"
ရုန်ယိ သိချင်သွားရသည်။
"သူက ဘယ်နေရာကိုရှာနေတာလဲ..သူ့သားနဲ့ တပည့်တွေအကုန်လုံးကို ထားပစ်ခဲ့ဖို့ လိုလို့လား"
အကယ်၍ ရုန်ဝေ့ယိသာ ဒီနှစ်တွေမှာ ကျိုရွှိ်ဂိုဏ်းမှာရှိနေခဲ့ရင် မူလပိုင်ရှင်ရဲ့အမေက သူ့သားကို တစ်ခြားလူအတွက် ကလေးမွေးဖွားပေးဖို့လုပ်တာကို လုံးဝခွင့်ပြုမှာမဟုတ်ပေ။
"အဲ့တပည့်တွေက သူအဲ့နေရာအကြောင်းပြောတဲ့အချိန်က ကမ္ဘာတုန်လောက်တဲ့ လျှို့ဝှက်ချက်ကိုသိလိုက်ရသလိုမျိုး အရမ်းစိတ်လှုပ်ရှားနေပြီး ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတယ်လို့ ပြောတယ်"
"ခင်ဗျားတို့ ကျွန်တော့်အဖေဘယ်မှာရှိနေလဲဆိုတာ ကျွန်တော့်အမေကိုရော မမေးကြည့်ကြဘူးလား"
"ကျိုရွှီဂိုဏ်းက ဆရာ့အမေရဲ့ဂိုဏ်းနဲ့ မသင့်မြတ်ကြဘူးဆိုတာ ဆရာလည်းသိတာဘဲ"
"သူတို့က မသင့်မြတ်ဘဲအတူရှိမနေနိုင်ဘူးဆိုရင် ကျွန်တော့်ကိုဘယ်လိုမွေးလာတာလဲ"
"ဒါကတော့..ဆရာ့မိဘတွေကိုဘဲသွားမေးကြည့်သင့်တယ်လေ"
"....."
ရုန်ယိမှာ ရုန်ဝေ့ယိရှာနေတဲ့ နေရာအကြောင်းကိုသိချင်နေပေမဲ့လည်း ဘယ်သူမှမသိကြမှတော့ သူလည်း စိတ်ထဲသိမ်းထားရုံသာရှိတော့သည်။
သူတို့ ခြံဝန်းထဲက နားနေဆောင်လေးကိုလာနေတဲ့အချိန်မှာဘဲ လူတစ်စုက ဓားပျံတွေစီးပြီးခြံဝန်းထဲကို ဆင်းသက်လာတာတွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်က ဆရာသခင်ယွမ်ရိဖြစ်ပြီး သူ့ဘေးကတော့ အနီနဲ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့လိုပုံစံတူဝတ်ဆင်ထားတဲ့ ငါးနှစ်လောက်ဘဲရှိသေးတဲ့ ကလေးသုံးယောက်လည်းဘေးမှာရှိနေလေသည်။
ဆရာသခင်ယွမ်ရိက အနီနဲ့အဖြူဝတ်ထားတဲ့အဘိုးကြီးကိုဒေါသတကြီး အော်ပြောလိုက်၏။
"ငါ့တပည့်လေးက မင်းတပည့်တွေထက်သေချာပေါက်ကိုပိုတော်တာပေါ့..သူက သုံးနှစ်အရွယ်မှာတောင် မှော်လက်နက်သန့်စင်နိုင်နေပြီ"
အနီနဲ့အဖြူဝတ်ထားတဲ့အဘိုးကြီးက နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်..ငါ့တပည့်လေးသုံးယောက်ကလည်း သုံးနှစ်မှာတည်းက မှော်လက်နက်လုပ်တာ စသင်ကြတာဘဲ..ဘာကိစ္စနဲ့များ မင်းတပည့်ကပိုတော်တယ်လို့ စဥ်းစားလိုက်ရတာလဲ..ဒါ့အပြင် မင်းတပည့်က စသင်တာတောင်မကြာသေးဘူး..မင်းက ငါ့ကိုနိုင်မယ်များ ထင်နေတာလား"
"ဒါပေါ့"
ဆရာသခင်ယွမ်ရိက ပြိုင်ပွဲခန်းမထဲကို လျှောက်ဝင်သွားလိုက်သည်။
"ရပ်ကြ..ရပ်ကြ...လူတိုင်း ရပ်လိုက်ကြ"
လက်နက်သန့်စင်နေတဲ့ တပည့်တွေအကုန် သူ့နှောင့်ယှက်မှုကြောင့် ကျရှုံးသွားကြရပြီးနောက် မတ်တပ်ရပ်ကာ သူ့ကို ရှူသိုးသိုးကြည့်လာကြသည်။
ရုန်ယိနဲ့ ပုချီလည်း ခန်းမအပေါက်ဝကို ရောက်လာကြသည်။
"ဆရာသခင်ယွမ်ရိ ဘာလုပ်နေတာလဲ"
ပုချီက အကူအညီမဲ့စွာနဲ့ ပြောလာ၏။
"သူက ရွှမ်ရှင်းဂိုဏ်းက ဆရာသခင်ကျိရှင်းကို သူ့မှာအရည်အချင်းရှိတဲ့တပည့်လေးတစ်ယောက်ရထားကြောင်း ကြွားနေတာလေ"
ရုန်ယိ သူ့ကိုယ်သူညွှန်ပြလိုက်ကာ
"အဲ့အရည်အချင်းရှိတဲ့တပည့်ဆိုတာ..ကျွန်တော့်သားလား"
ပုချီက ခေါင်းငြိမ့်ပြလာသည်။
ရုန်ယိ "......"
သူ့သားကို သိမ်ငယ်အောင်လုပ်နေတာတော့မဟုတ်ပေမဲ့ ယင်ထောင်က အခုမှ လက်နက်သန့်စင်တာကိုစသင်တုန်းဘဲရှိသေးတာလေ..သူက လက်နက်ကိုပုံကောင်းအောင်တောင်မှ မလုပ်နိုင်သေးတာကို ဆရာသခင်ယွမ်ရိက ဘယ်လိုလုပ်ပြီး တစ်ခြားသူတွေရှေ့မှာ ကြွားနေရတာလဲ..။
ထိုတပည့်တွေက အထွန့်တက်ချင်နေတာမြင်တဲ့အခါ ဆရာသခင်ယွမ်ရိက လက်ဝှေ့ယမ်းပြလိုက်၏။
"မင်းတို့စိုးရိမ်စရာမလိုဘူး..ဒီပြိုင်ပွဲကိုထည့်မတွက်ဘူး"
တပည့်တွေက ထခုန်ကြပြီး ဟစ်ကြွေးလိုက်ကြသည်။ သူတို့အကုန်လုံး ခုနကလေးတင် ကောင်းမွန်တဲ့မှော်လက်နက်တစ်ခုသန့်စင်တာကို ကျရှုံးမှာစိုးပြီး စိတ်တွေတင်းကြပ်နေခဲ့ကြတာဖြစ်သည်။ မဟုတ်ရင် ဆရာသခင်ယွမ်ရိအော်လိုက်တဲ့အခိုက်အတန့်မျာ သူတို့ကျရှုံးသွားမှာမဟုတ်ပေ။ ဒါပေမဲ့အခု သူတို့နောက်ထပ်အခွင့်အရေးတစ်ခါထပ်ရတဲ့အခါမှာတော့ သေချာပေါက်ကိုပျော်ရွှင်သွားကြရတာဖြစ်သည်။
တပည့်တွေကိုကြီးကြပ်ဖို့တာဝန်ကျတဲ့ ဆရာက ဆရာသခင်ယွမ်ရိဆီကိုလျှောက်လာ၏။
"ဆရာအဘိုး...ဒီနေရာကိုဘာကိစ္စရှိလို့ပါလဲ"
"ငါ့တပည့်လေးအတွက်လာတာ"
ဆရာသခင်ယွမ်ရိက ခန်းမထဲကိုလိုက်ကြည့်လိုက်ပြီးနောက် ထောင့်လေးမှာထိုင်ပြီး လက်နက်သန့်စင်နေတဲ့ ယင်ထောင်ကိုတွေ့လိုက်ရသည်။ သူချက်ချင်း အပြုံးတစ်ခုဖြစ်ပေါ်လာတော့၏။
"ငါ့တပည့်လေးက လက်နက်သန့်စင်နေတဲ့အချိန်မှာ မိုးပြိုရင်တောင်မှလှုပ်မှာမဟုတ်ဘူး...ငါသူ့ကိုသဘောအကျဆုံးဖြစ်နေတာ ဒါတွေကြောင့်ဘဲ"
ဆရာသခင်ကျိရှင်းက နှာခေါင်းရှုံ့လိုက်သည်။
"ငါ့တပည့်လေးသုံးယောက်ကလည်း အဲ့လောက်ထိတော်တာဘဲ"
"ဟမ့်"
ဆရာသခင်ယွမ်ရိက ယင်ထောင်ဖက်ကို ပြန်လှည့်လိုက်သည်။
"ခဏလေးစောင့်...သူမကြာခင် အောင်မြင်တော့မှာ"
ရုန်ယိ အထဲကိုပြတင်းပေါက်ကနေ ကြည့်လိုက်သည်။ ယင်ထောင်ရဲ့ မျက်နှာသေးသေးလေးက ယခင်လိုရယ်မောတာတွေဘာတွေမရှိဘဲ အလေးအနက်ပုံစံလေးဖြစ်နေသည်။ သူက မီးဖိုကိုသာ အာရုံစူးစိုက်ကြည့်နေပြီး သူ့မှော်လက်နက်ကိုသာ အလေးအနက်ထားပြီးသန့်စင်နေကြောင်းသိသာသည်။
ရုန်ယိ မီးဖိုထဲကမီးတောက်က ရွှေရောင်ဖြစ်နေတာ တွေ့လိုက်ရ၏။
"သူက သန္ဒေပြောင်းရွှေမီးတောက်ဝိညာဥ်သွေးကြောဘဲရှိတာ နှမြောစရာဘဲ..သူ့မှာသာ မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောပါခဲ့ရင် ဒီ့ထက်ကောင်းကောင်းလုပ်နိုင်မှာ"
ပုချီ ထောက်ခံလိုက်သည်။
ယင်ထောင် နောက်ဆုံးပါဝင်ပစ္စည်းကို မီးဖိုထဲကိုပစ်ထည့်လိုက်ကာ တစ်ခြားအရာတွေနဲ့ ဖြေးဖြေးချင်းရောနှောလိုက်သည်။ နောက်နာရီဝက်လောက်ကြာတဲ့အခါမှာတော့ မှော်လက်နက်က ပြီးစီးအောင်မြင်သွားပြီဖြစ်လေသည်။ သူဝိညာဥ်စွမ်းအားသုံးပြီး မှော်လက်နက်ကို မီးဖိုထဲကထုတ်ယူလိုက်ကာ ပျော်ရွှင်စွာ ဟစ်အော်လိုက်သည်။
"ရသွားပြီ!..ရသွားပြီ!"
ခန်းမထဲက လူတိုင်းကသူ့ကိုဝိုင်းကြည့်နေကြတာတွေ့လိုက်ရတဲ့အခါ သူအနည်းငယ်အံ့အားသင့်သွားရသည်။ ထို့နောက် ဆရာသခင်ယွမ်ရိက ရှေ့ဆုံးမှာရပ်နေတာတွေ့လိုက်ရတဲ့အခါ သူချက်ချင်းဘဲ စိတ်လှုပ်ရှားစွာအော်ပြောလာသည်။
"ဆရာ..ကျွန်တော်လုပ်ခဲ့တာ"
ယင်ထောင် သူ့ဆီပြေးလာ၏။
ဆရာသခင်ယွမ်ရိက ထိုင်ချလိုက်ပြီး ပြုံးကာ သူ့လက်မောင်းတွေကိုဖွင့်ပေးထားလိုက်သည်။ ဒါပေမဲ့ ယင်ထောင်က လမ်းတစ်ဝက်မှာဘဲ ပြတင်းပေါက်အပြင်ဘက်က ရုန်ယိကိုတွေ့သွား၏။ သူ့မျက်လုံးတွေတောက်ပသွားပြီး ပြတင်းပေါက်ဘက်ကိုလှည့်ကာပြေးသွားလိုက်သည်။
"ဖေဖေ...ဖေဖေ...သားလုပ်ခဲ့တာ"
သူ့ဖေဖေက သူ့ပြိုင်ပွဲကိုလာကြည့်တာကြောင့် သူအရမ်းပျော်နေ၏။ သူပြတင်းပေါက်ပေါ်ခုန်တက်ကာ ရုန်ယိလည်ပင်းကိုဖက်ထားလိုက်သည်။
"ဖေဖေ..တွေ့လား..သား မှော်လက်နက်တစ်ခုကို အောင်မြင်အောင်လုပ်ခဲ့တာ"
ရုန်ယိ အပြုံးလေးနဲ့ပြောလိုက်သည်။
"အထင်ကြီးစရာဘဲကွာ"
ထို့နောက် ယင်ထောင်က သူ့မျက်နှာကပေါ်ကိုပျော်ရွှင်စွာနဲ့ အနမ်းတွေပေးလာတော့သည်။
သူ့နှလုံးသားက ဘယ်လောက်ဘဲမာကြောနေပါစေ..ဒီလိုချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ရဲ့အနမ်းခံလိုက်ရတာကြောင့် နူးညံ့သွားရသည်။ သူ့ကိုယ်သူ အရင်ကလောက် ကလေးတွေကိုမမုန်းတော့ဘူးလို့ခံစားလာရသည်။
ဆရာသခင်ကျိရှင်းက ထိုနေရာမှာထိုင်နေဆဲဖြစ်တဲ့ ဆရာသခင်ယွမ်ရိကို ဟာသလုပ်လာသည်။
"တွေ့လား..မင်းရဲ့တပည့်လေးက မင်းကို မျက်လုံးထဲတောင်မထည့်ဘူး"
ဆရာသခင်ယွမ်ရိကတော့ ဂရုမစိုက်ပေ။ သူသက်ပြင်းလေးချကာ အပြုံးတစ်ပွင့်နဲ့ ရုန်ယိနားကို လျှောက်သွားလိုက်သည်။
"ချယ်ရီသီးလေးဖေဖေ..မင်းဒီမှာဘာလုပ်နေတာလဲ"
ရုန်ယိ ပုချီကို တစ်ချက်လှမ်းကြည့်လိုက်၏။
"ကျွန်တော်တို့ ဒီကိုမထင်မှတ်ဘဲရောက်လာခဲ့တာ"
ဆရာသခင်ယွမ်ရိက ယင်ထောင်ကိုပြောလိုက်သည်။
"ချယ်ရီသီးလေး ဆရာ့ကို မင်းမှော်လက်နက်လေး ပြပါဦး"
ယင်ထောင်က သူ့ရဲ့အဆင့်၁ မှော်လက်နက်ကို ဆရာသခင်ယွမ်ရိကို လှမ်းပေးလိုက်သည်။
ဆရာသခင်ယွမ်ရိက ဟိုဖက်ပြန်လှည်ကြာ ဆာရသခင်ကျိရှင်းကိုပြရင်း ပျော်ရွှင်စွာပြောလိုက်သည်။
"မြင်ပြီလား..ဒါကမဆိုးဘူး...ဟုတ်တယ်မလား"
ဆရာသခင်ကျိရှင်းက မှော်လက်နက်ကို တစ်ချက်ကြည့်လိုက်သည်။ လက်နက်ရဲ့ပုံပန်းသဏ္ဍာန်ကိုမေ့ထားလိုက်ရင်တော့..သုံးနှစ်အရွယ်ကလေးတစ်ယောက်က အဆင့်၁ မှော်လက်နက်ကို သန့်စင်နိုင်တယ်ဆိုတာ တစ်ကယ့်ကိုရှားပါးလှသည်။ သူခေါင်းငြိမ့်လိုက်သည်။ သူပါးစပ်မဟရသေးခင် သူ့ဘေးက ကလေးသုံးယောက်ထဲက အကြီးလေးက မနှစ်မြို့တဲ့ပုံနဲ့ပြောလာသည်။
"ရုပ်ဆိုးလိုက်တာ"
တစ်ခြားကလေးနှစ်ယောက်ကလည်း လိုက်ပြောလာသည်။
"တစ်ကယ် ရုပ်ဆိုးတာဘဲ"
ဆရာသခင်ယွမ်ရိ ဒေါသတွေထွက်သွား၏။
"မင်းတို့လက်နက်သန့်စင်တာ စသင်တုန်းကလည်း မင်းတို့လက်နက်တွေကဒီ့ထက်တော့ပိုမကောင်းပါဘူးကွ!"
ဆရာသခင်ကျိရှင်းက သူ့တပည့်အကြီးလေးရဲ့ခေါင်းကိုပုတ်ကာပြောလာသည်။
"ဒီကလေးက တစ်ကယ်ပြည့်စုံတဲ့ကလေး...သူအသက်သုံးနှစ်မှာသန့်စင်ခဲ့တဲ့မှော်လက်နက်က ဆယ်နှစ်ကလေးလုပ်ထားသလောက်ကိုကောင်းတယ်..ပုံစံက သိပ်တော့မကောင်းပေမဲ့..မင်းတို့ဆီက အငယ်လေးတွေထက်တော့ အများကြီးပိုကောင်းတယ်"
"ငါကတော့မယုံဘူး"
ဆရာသခင်ကျိရှင်းက ကောင်းမွန်တဲ့ပုံစံရှိတဲ့မှော်လက်နက်တစ်ခုထုတ်ကာ ဆရာသခင်ယွမ်ရိကိုကြည့်လို့ရအောင်ပေးလိုက်သည်။
်"ဒါက သူပြီးခဲ့တဲ့ရက်ပိုင်းက သန့်စင်ထားတဲ့ အဆင့်၁ အစစ်အမှန်အဆင့် မှော်လက်နက်ဘဲ"
ဆရာသခင်ယွမ်ရိ ယူကြည့်လိုက်၏။ ဒါက တစ်ကယ့်ကိုမဆိုးဖူးဆိုတာ ငြင်းစရာတောင်မလိုပေ။
ရုန်ယိ ရုတ်တရက်မသက်မသာခံစားလိုက်ရသည်။ သူ ထိုအဘိုးကြီးရဲ့တပည့်တွေနဲ့ သူ့သားကို မနှိုင်းယှဥ်ချင်ပေမဲ့ တစ်ယောက်ယောက်က သူ့သားကတစ်ခြားကလေးတွေထက် ညံ့တယ်လို့ ပြောတာကြားလိုက်ရတဲ့အခါ သူမသက်မသာခံစားလိုက်ရသည်။
သူ့အမေက သူ့ဒုတိယအစ်ကိုကို တစ်ယောက်ယောက်က သူ့ကျင့်ကြံဆင့်ကတစ်ခြားသူတွေထက်နိမ့်တယ်လို့ပြောတာ ကြားတဲ့အချိန်တိုင်း ဂုဏ်ကျက်သရေရှိတဲ့အမျိုးသမီးကနေ အပေါက်ဆိုးတဲ့မိန်းမပုံပြောင်းသွားတာ အံ့သြစရာမရှိတော့ပေ။ သူမက သူမကလေးေတွအပေါ် မကောင်းတဲ့စကားတစ်ခွန်းလေးတောင်မှ အပြောမခံနိုင်ပေ။
အခု ရုန်ယိလည်း သူ့အမေလိုမျိုး ခံစားနေရသည်။
ဆရာသခင်ကျိရှင်းက ပြုံးလိုက်သည်။
"ဆရာသခင်ယွမ်ရိရေ...ပြိုင်ဖို့လိုသေးတယ်လို့ထင်နေတုန်းဘဲလား"
ဆရာသခင်ယွမ်ရိက ချက်ချင်းပြန်ပြောလိုက်သည်။
"ဒါပေါ့..ဘာလို့မပြိုင်ရမှာလဲ...ငါတို့က ဘယ်သူ့မှော်လက်နက်ကပိုစွမ်းအားကြီးလဲပိုင်မှာ သူ့ပုံပန်းသဏ္ဍာန်ကိုပြိုင်မှာမှမဟုတ်တာ..ငါ့ထောင်အာလေးကြီးလာနဲ့အချိန်ကျရင်လည်း..သူက သေချာပေါက်ပိုကြည့်ကောင်းတဲ့ဟာကိုလုပ်နိုင်မှာဘဲ..ဒါပေမဲ့ မင်းရဲ့အငယ်ဆုံးတပည့်နဲ့ပြိုင်ခိုင်းမှဘဲ မျှတမှာနော်"
"ဒါပေါ့"
ဆရာသခင်ကျိရှင်းက သူ့တပည့်ငယ်လေးရဲ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
်"ရိအာ..မင်းမှာ ယုံကြည့်ချက်ရှိလား"
ဟယ်ရွှေရိ ယင်ထောင်ကိုကြည့်ရင်း ခေါင်းငြိမ့်ကာပြောလိုက်သည်။
"ဆရာ..ကျွန်တော် သူ့ကိုသေချာပေါက်အနိုင်ယူပစ်မယ်"
************
Zawgyi
အသံလာရာကို ၾကည့္လိုက္တဲ့အခါ ထိုတပည့္က ၿပီးခဲ့တဲ့လဝက္ေလာက္က ေကာင္းခ်ီးဆယ္ျဖာဆိုင္မွာ သူ႕ကို အပ်က္လို႔ေျပာခဲ့တဲ့သူျဖစ္ေနသည္။
မုန့္ဟြာ သူ႕သိုေလွာင္လက္စြပ္ထဲကေနၿပီး တိမ္ဝိညာဥ္ေက်ာက္တုံး ေသတၱာ၂၅လုံးကို ထုတ္ယူလိုက္ၿပီး စားပြဲေပၚတင္လိုက္သည္။
"ဘယ္သူက ဒါေတြကိုယူခ်င္တာလဲ"
ထိုသူက သူနဲ႕ျပႆနာတက္ဖူးတာေၾကာင့္ အခ်ိန္မေ႐ြး သူ႕စကားသူျပန္႐ုတ္သိမ္းသြားၿပီး ေရာင္းဖို႔ျငင္းဆိုနိုင္သည္။ ဒါေၾကာင့္သူျငင္းဖို႔အခြင့္အေရးေတာင္ မရနိုင္ေအာင္ တိမ္ဝိညာဥ္ေက်ာက္တုံးေသတၱာေတြကို သူ႕သိုေလွာင္လက္စြပ္ထဲကိုအျမန္ေကာက္သိမ္းလိုက္ေတာ့သည္။
သူ႕လက္စြပ္ေလးသူ ေပ်ာ္႐ႊင္စြာနဲ႕ ထိၾကည့္ေနလိုက္သည္။ ေရွးေခတ္မွာ ပါဝင္ပစၥည္းေတြက ေပါမ်ားလြန္းလွတာေၾကာင့္ သူလိုခ်င္သေလာက္ကိုသူစုေဆာင္းနိုင္သည္။
ဒါေတြကိုဝယ္တဲ့သူက ႐ုန္ယိျဖစ္ေနတာေၾကာင့္ မုန့္ဟြာမွာအံ့အားသင့္သြားရသည္။ သူကႏွာေခါင္းရႈံ႕ကာေျပာလိုက္သည္။
"ဝိညာဥ္ေသြးေၾကာေတာင္မရွိတဲ့ အသုံးမဝင္တဲ့အရႈံးသမားကလည္း ပါဝင္ပစၥည္းေတြဝယ္ခ်င္တာဘဲလား..ရယ္စရာေကာင္းလိုက္တာ "
႐ုန္ယိ ျပန္ေျပာလိုက္သည္။
"ဒါဆိုလည္း မင္းဘာလို႔အူတက္ၿပီးမေသသြားေသးတာလဲ"
မုန့္ဟြာရဲ႕ မ်က္လုံးေတြ အနည္းငယ္က်ဥ္းေျမာင္းသြား၏။
တိမ္ဝိညာဥ္ေက်ာက္တုံးေတြက တန္ဖိုးမရွိဘူးလို႔ေျပာခဲ့တဲ့ တပည့္ကေမးလိုက္သည္။
"အစ္ကိုမုန့္ သူကဘယ္သူလဲ"
သူ က်ိဳ႐ႊီဂိုဏ္းကိုဝင္ေရာက္လာတဲ့အခ်ိန္မွာ ႐ုန္ယိက ယင္အိမ္ေတာ္ကိုလက္ထပ္ၿပီးသြားၿပီျဖစ္၏။ ဒါေၾကာင့္ တပည့္အမ်ားစုက ႐ုန္ယိကို တစ္ခါမွမျမင္ဖူးၾကေပ။ သူ႕ရဲ႕ ဂိုဏ္းတူေမာင္ႏွမေတြကသာ သူ႕ကိုျမင္ေတြ႕ဖူးၾကတာျဖစ္သည္။
မုန့္ဟြာ ေကာင္တာေနာက္က မိန္းကေလးတပည့္ေတြကိုၾကည့္လိုက္ၿပီး
"တုန္ဟြမ္တို႔ ခဏခဏေျပာေနၾကတဲ့ ဆရာဦးေလး႐ုန္ေလ"
မိန္းကေလးတပည့္ေတြမွာ မ်က္လုံးေတြျပဴးသြားရေတာ့သည္။ သူတို႔ေျပာေနၾကတဲ့ထဲက ဇာတ္လိုက္က သူတို႔ေရွ႕မွာရပ္ေနလိမ့္မယ္လို႔ ဘယ္တုန္းကမွမေတြးၾကည့္ခဲ့ဖူးေပ။ ဒါေပမဲ့ အရိုးသားဆုံးေျပာရရင္ ႐ုန္ယိက တစ္ကယ့္ကိုလွပသည္။ ႀကီးမားေတာက္ပေနတဲ့မ်က္ဝန္းေတြ ၊ ပါးလႊာၿပီး ႏွင္းဆီေရာင္သမ္းေနတဲ့ ႏႈတ္ခမ္းေလးေတြနဲ႕ မိန္းကေလးေတြထက္ေတာင္မွ ပိုၿပီးလွေသးသည္။ ႐ုန္ယိနဲ႕ ပိုင္ယြမ္ခ်န္တို႔က အလိုက္ဖက္ဆုံးအတြဲဆိုတာ ျငင္းပယ္စရာမရွိေပ။ သူ႕မွာ ဝိညာဥ္ေသြးေၾကာမရွိတာကေတာ့ ႏွေျမာစရာေကာင္းလွသည္။ အေကာင္းဆုံးေဆးလုံးနဲ႕ေတာင္မွ သူက သူ႕ဆရာတူအစ္ကိုႀကီးပိုင္ယြမ္ခ်န္နဲ႕အတူတူ အၾကာႀကီးမေနထိုင္နိုင္သြားဘဲ အသက္ႀကီးရင့္လာကာ ေသဆုံးသြားရလိမ့္မည္။
တိမ္ဝိညာဥ္ေက်ာက္တုံးေတြက အသုံးမဝင္ဖူးေျပာခဲ့တဲ့ တပည့္က ႏွာေခါင္းရႈံ႕လိုက္သည္။ ဝိညာဥ္ေသြးေၾကာမရွိတာက မက်င့္ႀကံနိုင္ဘူးလို႔ဆိုလိုတာျဖစ္ၿပီး အဲ့တာက သူကေမွာ္လက္နက္လည္းမသန့္စင္နိုင္ဘူးဆိုတဲ့ အဓိပ္ပါယ်ဘဲဖြစ်သည်။ ဒါေတာင္မွ အရွက္မရွိစြာ တစ္ျခားသူေတြမသိတဲ့အရာကိုသူသိသလိုပုံမ်ိဳးနဲ႕ တိမ္ဝိညာဥ္ေက်ာက္တုံးေတြက အသုံးအရမ္းဝင္တယ္လို႔ေျပာလာေသးသည္။ ဘာလဲ..သူက သူ႕အရည္အခ်င္းကို သူတို႔ကိုလာႂကြားေနတာလား..ခ်က္ခ်င္းေပၚသြားတာကေတာ့ သနားစရာဘဲ..အရမ္းရွက္စရာေကာင္းတာဘဲ..။
မုန့္ဟြာက သူနဲ႕အတူဆင္းလာတဲ့ က်င့္ႀကံသူေတြဖက္ကို လွည့္ေျပာလိုက္သည္။
"အစ္ကိုေရွာင္..အစ္ကိုရဲ႕ ဆရာဦးေလးကို ႏႈတ္ဆက္သင့္တယ္မဟုတ္ဘူးလား"
ေရွာင္ရွင္းက်င္းက ႏွာေခါင္းရႈံ႕လိုက္သည္။
"ဒီလို ဆရာဦးေလးမ်ိဳးကို ငါ့စိတ္ထဲမွာထည့္မထားဘူး"
မုန့္ဟြာ ၿပဳံးကာေျပာလိုက္သည္။
"အိုး ဟုတ္သားဘဲ အစ္ကိုေရွာင္ ကြၽန္ေတာ္ၾကားထားတာေတာ့ ဂိုဏ္းခ်ဳပ္က အစ္ကို႔အဘိုးကို ထ်န္း႐ႊီေတာင္ထိပ္ရဲ႕သခင္အျဖစ္ခန့္အပ္ၿပီး အစ္ကိုတို႔အပိုင္အျဖစ္ ေတာင္ကိုခ်ီးျမင့္မယ္လို႔ စီစဥ္ထားတယ္ဆို"
ဒီစကားေတြၾကားလိုက္တဲ့အခါ ေရွာင္ရွင္းက်င္း အလြန္ေသြးနားထင္ေရာက္သြားရသည္။
"ေသခ်ာတာေပါ့..ဂိုဏ္းခ်ဳပ္က အကယ္၍ ထ်န္း႐ႊီေတာင္ထိပ္သခင္က ေနာက္ႏွစ္ဝက္မွျပန္မလာေသးဘူးဆိုရင္ ငါ့အဘိုးကို အဲ့ေနရာယူခိုင္းေတာ့မယ္လို႔ေျပာထားတယ္..ထ်န္း႐ႊီေတာင္ထိပ္က ဝိညာဥ္ခ်ီေတြအေပါမ်ားဆုံးေနရာလို႔ ၾကားထားတာ..ငါသာ အဲ့ေနရာမွက်င့္ႀကံနိုင္ခဲ့ရင္ ငါ့က်င့္ႀကံႏႈန္းက ျမႇားစီးသလိုကို ျမန္သြားေတာ့မွာဘဲ"
"ဆူလိုက္ၾကတာ"
႐ုန္ယိ နားကေလာ္တဲ့ပုံလုပ္ျပၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ျပဇာတ္ကိုစိတ္မဝင္စားဘူးဆိုတာျပသလိုက္သည္။ ထို႔ေနာက္ ေရာင္းတဲ့ထဲမွာ ေကာင္းတဲ့ ပါဝင္ပစၥည္းေတြမ်ားရွိဦးမလားဆိုတာ ရွာၾကည့္ေနလိုက္သည္။
သူ႕ရဲ႕ မထူးျခားနားတဲ့အမူအယာေၾကာင့္ မုန့္ဟြာနဲ႕ ေရွာင္ရွင္းက်င္းတို႔မွာ ေျပာလက္စကိုေတာင္ ဆက္မေျပာနိုင္ေတာ့ဘဲ...ေကာင္တာေရွ႕မွာရပ္ေနတဲ့ ႐ုန္ယိကိုသာစိုက္ၾကည့္ေနရင္း မ်က္ႏွာေတြမည္းေမွာင္လာၾကေတာ့သည္။
ပုခ်ီက သူတို႔ကိုတစ္ခ်က္ခိုးၾကည့္လိုက္ၿပီး ေျပာလာသည္။
"ဆရာ..ကြၽန္ေတာ္တို႔အျပင္မွာ လမ္းေလးနည္းနည္းသြားေလွ်ာက္ၾကမလား"
"ေကာင္းၿပီေလ"
႐ုန္ယိ သူစိတ္ဝင္စားတဲ့ ပါဝင္ပစၥည္းေတြကိုရွာမေတြ႕ေတာ့တာေၾကာင့္ ပုခ်ီေနာက္ကလိုက္ၿပီး ေနရာတစ္ခုရွာကာ ေမးလိုက္သည္။
"ကြၽန္ေတာ့္အေဖဘယ္မွာလဲဆိုတာ..ခင္ဗ်ား သိလား"
ပုခ်ီကေခါင္းခါျပလိုက္သည္။
"ဆရာသခင္ယြမ္ရိေျပာတာေတာ့..ဆရာ့အေဖက လြန္ခဲ့တဲ့ငါးႏွစ္က ဆရာ့အတြက္ ဝိညာဥ္ေသြးေၾကာစိုက္ပ်ိဳးေပးနိုင္မဲ့နည္းလမ္းကိုရွာမယ္ဆိုၿပီး ထြက္သြားခဲ့တာတဲ့...ဒါေပမဲ့ ဒီငါးႏွစ္အတြင္း ဘယ္သူမွ သူ႕ဆီကသတင္းအစအနေတာင္မၾကားခဲ့ၾကရဘူး....ေနာက္ဆုံးအႀကိမ္..သူ႕ကို တပည့္အခ်ိဳ႕ေတြ႕ခဲ့တာကေတာ့ လြန္ခဲ့တဲ့ႏွစ္ဝက္က ေပပနယ္ေျမမွာဘဲ..အဲ့တပည့္ေတြေျပာတာေတာ့ သူက တစ္ျခားက်င့္ႀကံသူတစ္ခ်ိဳ႕ရဲ႕ ေနရာကိုရွာေနတာတဲ့..သူဘယ္သြားမယ္ဆိုတာကိုေတာ့ ေျပာမသြားခဲ့ဘူး..ၿပီးေတာ့ ဆရာ့အေဖက တပည့္တစ္ေယာက္နဲ႕စကားပါးလိုက္ေသးတယ္..သူအဲ့ေနရာကိုရွာမေတြ႕ရင္ ဘယ္ေတာ့မွျပန္မလာေတာ့ဘူးတဲ့...ထ်န္း႐ႊီေတာင္ထိပ္ကိုလည္း ဂိုဏ္းခ်ဳပ္ကိုကိုင္တြယ္ေပးဖို႔ေျပာသြားေသးတယ္"
႐ုန္ယိ သိခ်င္သြားရသည္။
"သူက ဘယ္ေနရာကိုရွာေနတာလဲ..သူ႕သားနဲ႕ တပည့္ေတြအကုန္လုံးကို ထားပစ္ခဲ့ဖို႔ လိုလို႔လား"
အကယ္၍ ႐ုန္ေဝ့ယိသာ ဒီႏွစ္ေတြမွာ က်ိဳ႐ႊိ္ဂိုဏ္းမွာရွိေနခဲ့ရင္ မူလပိုင္ရွင္ရဲ႕အေမက သူ႕သားကို တစ္ျခားလူအတြက္ ကေလးေမြးဖြားေပးဖို႔လုပ္တာကို လုံးဝခြင့္ျပဳမွာမဟုတ္ေပ။
"အဲ့တပည့္ေတြက သူအဲ့ေနရာအေၾကာင္းေျပာတဲ့အခ်ိန္က ကမၻာတုန္ေလာက္တဲ့ လွ်ို႔ဝွက္ခ်က္ကိုသိလိုက္ရသလိုမ်ိဳး အရမ္းစိတ္လႈပ္ရွားေနၿပီး ပုန္းလွ်ိုးကြယ္လွ်ိုးျဖစ္ေနတယ္လို႔ ေျပာတယ္"
"ခင္ဗ်ားတို႔ ကြၽန္ေတာ့္အေဖဘယ္မွာရွိေနလဲဆိုတာ ကြၽန္ေတာ့္အေမကိုေရာ မေမးၾကည့္ၾကဘူးလား"
"က်ိဳ႐ႊီဂိုဏ္းက ဆရာ့အေမရဲ႕ဂိုဏ္းနဲ႕ မသင့္ျမတ္ၾကဘူးဆိုတာ ဆရာလည္းသိတာဘဲ"
"သူတို႔က မသင့္ျမတ္ဘဲအတူရွိမေနနိုင္ဘူးဆိုရင္ ကြၽန္ေတာ့္ကိုဘယ္လိုေမြးလာတာလဲ"
"ဒါကေတာ့..ဆရာ့မိဘေတြကိုဘဲသြားေမးၾကည့္သင့္တယ္ေလ"
"....."
႐ုန္ယိမွာ ႐ုန္ေဝ့ယိရွာေနတဲ့ ေနရာအေၾကာင္းကိုသိခ်င္ေနေပမဲ့လည္း ဘယ္သူမွမသိၾကမွေတာ့ သူလည္း စိတ္ထဲသိမ္းထား႐ုံသာရွိေတာ့သည္။
သူတို႔ ၿခံဝန္းထဲက နားေနေဆာင္ေလးကိုလာေနတဲ့အခ်ိန္မွာဘဲ လူတစ္စုက ဓားပ်ံေတြစီးၿပီးၿခံဝန္းထဲကို ဆင္းသက္လာတာေတြ႕လိုက္ရသည္။ သူတို႔ထဲက တစ္ေယာက္က ဆရာသခင္ယြမ္ရိျဖစ္ၿပီး သူ႕ေဘးကေတာ့ အနီနဲ႕အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ထားတဲ့ အဘိုးႀကီးတစ္ေယာက္ျဖစ္ၿပီး သူ႕လိုပုံစံတူဝတ္ဆင္ထားတဲ့ ငါးႏွစ္ေလာက္ဘဲရွိေသးတဲ့ ကေလးသုံးေယာက္လည္းေဘးမွာရွိေနေလသည္။
ဆရာသခင္ယြမ္ရိက အနီနဲ႕အျဖဴဝတ္ထားတဲ့အဘိုးႀကီးကိုေဒါသတႀကီး ေအာ္ေျပာလိုက္၏။
"ငါ့တပည့္ေလးက မင္းတပည့္ေတြထက္ေသခ်ာေပါက္ကိုပိုေတာ္တာေပါ့..သူက သုံးႏွစ္အ႐ြယ္မွာေတာင္ ေမွာ္လက္နက္သန့္စင္နိုင္ေနၿပီ"
အနီနဲ႕အျဖဴဝတ္ထားတဲ့အဘိုးႀကီးက ႏွာေခါင္းရႈံ႕လိုက္သည္။
"ဟမ့္..ငါ့တပည့္ေလးသုံးေယာက္ကလည္း သုံးႏွစ္မွာတည္းက ေမွာ္လက္နက္လုပ္တာ စသင္ၾကတာဘဲ..ဘာကိစၥနဲ႕မ်ား မင္းတပည့္ကပိုေတာ္တယ္လို႔ စဥ္းစားလိုက္ရတာလဲ..ဒါ့အျပင္ မင္းတပည့္က စသင္တာေတာင္မၾကာေသးဘူး..မင္းက ငါ့ကိုနိုင္မယ္မ်ား ထင္ေနတာလား"
"ဒါေပါ့"
ဆရာသခင္ယြမ္ရိက ၿပိဳင္ပြဲခန္းမထဲကို ေလွ်ာက္ဝင္သြားလိုက္သည္။
"ရပ္ၾက..ရပ္ၾက...လူတိုင္း ရပ္လိုက္ၾက"
လက္နက္သန့္စင္ေနတဲ့ တပည့္ေတြအကုန္ သူ႕ႏွောင့္ယွက္မႈေၾကာင့္ က်ရႈံးသြားၾကရၿပီးေနာက္ မတ္တပ္ရပ္ကာ သူ႕ကို ရႉသိုးသိုးၾကည့္လာၾကသည္။
႐ုန္ယိနဲ႕ ပုခ်ီလည္း ခန္းမအေပါက္ဝကို ေရာက္လာၾကသည္။
"ဆရာသခင္ယြမ္ရိ ဘာလုပ္ေနတာလဲ"
ပုခ်ီက အကူအညီမဲ့စြာနဲ႕ ေျပာလာ၏။
"သူက ႐ႊမ္ရွင္းဂိုဏ္းက ဆရာသခင္က်ိရွင္းကို သူ႕မွာအရည္အခ်င္းရွိတဲ့တပည့္ေလးတစ္ေယာက္ရထားေၾကာင္း ႂကြားေနတာေလ"
႐ုန္ယိ သူ႕ကိုယ္သူၫႊန္ျပလိုက္ကာ
"အဲ့အရည္အခ်င္းရွိတဲ့တပည့္ဆိုတာ..ကြၽန္ေတာ့္သားလား"
ပုခ်ီက ေခါင္းၿငိမ့္ျပလာသည္။
႐ုန္ယိ "......"
သူ႕သားကို သိမ္ငယ္ေအာင္လုပ္ေနတာေတာ့မဟုတ္ေပမဲ့ ယင္ေထာင္က အခုမွ လက္နက္သန့္စင္တာကိုစသင္တုန္းဘဲရွိေသးတာေလ..သူက လက္နက္ကိုပုံေကာင္းေအာင္ေတာင္မွ မလုပ္နိုင္ေသးတာကို ဆရာသခင္ယြမ္ရိက ဘယ္လိုလုပ္ၿပီး တစ္ျခားသူေတြေရွ႕မွာ ႂကြားေနရတာလဲ..။
ထိုတပည့္ေတြက အထြန့္တက္ခ်င္ေနတာျမင္တဲ့အခါ ဆရာသခင္ယြမ္ရိက လက္ေဝွ႕ယမ္းျပလိုက္၏။
"မင္းတို႔စိုးရိမ္စရာမလိုဘူး..ဒီၿပိဳင္ပြဲကိုထည့္မတြက္ဘူး"
တပည့္ေတြက ထခုန္ၾကၿပီး ဟစ္ေႂကြးလိုက္ၾကသည္။ သူတို႔အကုန္လုံး ခုနကေလးတင္ ေကာင္းမြန္တဲ့ေမွာ္လက္နက္တစ္ခုသန့္စင္တာကို က်ရႈံးမွာစိုးၿပီး စိတ္ေတြတင္းၾကပ္ေနခဲ့ၾကတာျဖစ္သည္။ မဟုတ္ရင္ ဆရာသခင္ယြမ္ရိေအာ္လိုက္တဲ့အခိုက္အတန့္မ်ာ သူတို႔က်ရႈံးသြားမွာမဟုတ္ေပ။ ဒါေပမဲ့အခု သူတို႔ေနာက္ထပ္အခြင့္အေရးတစ္ခါထပ္ရတဲ့အခါမွာေတာ့ ေသခ်ာေပါက္ကိုေပ်ာ္႐ႊင္သြားၾကရတာျဖစ္သည္။
တပည့္ေတြကိုႀကီးၾကပ္ဖို႔တာဝန္က်တဲ့ ဆရာက ဆရာသခင္ယြမ္ရိဆီကိုေလွ်ာက္လာ၏။
"ဆရာအဘိုး...ဒီေနရာကိုဘာကိစၥရွိလို႔ပါလဲ"
"ငါ့တပည့္ေလးအတြက္လာတာ"
ဆရာသခင္ယြမ္ရိက ခန္းမထဲကိုလိုက္ၾကည့္လိုက္ၿပီးေနာက္ ေထာင့္ေလးမွာထိုင္ၿပီး လက္နက္သန့္စင္ေနတဲ့ ယင္ေထာင္ကိုေတြ႕လိုက္ရသည္။ သူခ်က္ခ်င္း အၿပဳံးတစ္ခုျဖစ္ေပၚလာေတာ့၏။
"ငါ့တပည့္ေလးက လက္နက္သန့္စင္ေနတဲ့အခ်ိန္မွာ မိုးၿပိဳရင္ေတာင္မွလႈပ္မွာမဟုတ္ဘူး...ငါသူ႕ကိုသေဘာအက်ဆဳံးျဖစ္ေနတာ ဒါေတြေၾကာင့္ဘဲ"
ဆရာသခင္က်ိရွင္းက ႏွာေခါင္းရႈံ႕လိုက္သည္။
"ငါ့တပည့္ေလးသုံးေယာက္ကလည္း အဲ့ေလာက္ထိေတာ္တာဘဲ"
"ဟမ့္"
ဆရာသခင္ယြမ္ရိက ယင္ေထာင္ဖက္ကို ျပန္လွည့္လိုက္သည္။
"ခဏေလးေစာင့္...သူမၾကာခင္ ေအာင္ျမင္ေတာ့မွာ"
႐ုန္ယိ အထဲကိုျပတင္းေပါက္ကေန ၾကည့္လိုက္သည္။ ယင္ေထာင္ရဲ႕ မ်က္ႏွာေသးေသးေလးက ယခင္လိုရယ္ေမာတာေတြဘာေတြမရွိဘဲ အေလးအနက္ပုံစံေလးျဖစ္ေနသည္။ သူက မီးဖိုကိုသာ အာ႐ုံစူးစိုက္ၾကည့္ေနၿပီး သူ႕ေမွာ္လက္နက္ကိုသာ အေလးအနက္ထားၿပီးသန့္စင္ေနေၾကာင္းသိသာသည္။
႐ုန္ယိ မီးဖိုထဲကမီးေတာက္က ေ႐ႊေရာင္ျဖစ္ေနတာ ေတြ႕လိုက္ရ၏။
"သူက သႏၵေေျပာင္းေ႐ႊမီးေတာက္ဝိညာဥ္ေသြးေၾကာဘဲရွိတာ ႏွေျမာစရာဘဲ..သူ႕မွာသာ မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာပါခဲ့ရင္ ဒီ့ထက္ေကာင္းေကာင္းလုပ္နိုင္မွာ"
ပုခ်ီ ေထာက္ခံလိုက္သည္။
ယင္ေထာင္ ေနာက္ဆုံးပါဝင္ပစၥည္းကို မီးဖိုထဲကိုပစ္ထည့္လိုက္ကာ တစ္ျခားအရာေတြနဲ႕ ေျဖးေျဖးခ်င္းေရာႏွောလိုက္သည္။ ေနာက္နာရီဝက္ေလာက္ၾကာတဲ့အခါမွာေတာ့ ေမွာ္လက္နက္က ၿပီးစီးေအာင္ျမင္သြားၿပီျဖစ္ေလသည္။ သူဝိညာဥ္စြမ္းအားသုံးၿပီး ေမွာ္လက္နက္ကို မီးဖိုထဲကထုတ္ယူလိုက္ကာ ေပ်ာ္႐ႊင္စြာ ဟစ္ေအာ္လိုက္သည္။
"ရသြားၿပီ!..ရသြားၿပီ!"
ခန္းမထဲက လူတိုင္းကသူ႕ကိုဝိုင္းၾကည့္ေနၾကတာေတြ႕လိုက္ရတဲ့အခါ သူအနည္းငယ္အံ့အားသင့္သြားရသည္။ ထို႔ေနာက္ ဆရာသခင္ယြမ္ရိက ေရွ႕ဆုံးမွာရပ္ေနတာေတြ႕လိုက္ရတဲ့အခါ သူခ်က္ခ်င္းဘဲ စိတ္လႈပ္ရွားစြာေအာ္ေျပာလာသည္။
"ဆရာ..ကြၽန္ေတာ္လုပ္ခဲ့တာ"
ယင္ေထာင္ သူ႕ဆီေျပးလာ၏။
ဆရာသခင္ယြမ္ရိက ထိုင္ခ်လိဳက္ၿပီး ၿပဳံးကာ သူ႕လက္ေမာင္းေတြကိုဖြင့္ေပးထားလိုက္သည္။ ဒါေပမဲ့ ယင္ေထာင္က လမ္းတစ္ဝက္မွာဘဲ ျပတင္းေပါက္အျပင္ဘက္က ႐ုန္ယိကိုေတြ႕သြား၏။ သူ႕မ်က္လုံးေတြေတာက္ပသြားၿပီး ျပတင္းေပါက္ဘက္ကိုလွည့္ကာေျပးသြားလိုက္သည္။
"ေဖေဖ...ေဖေဖ...သားလုပ္ခဲ့တာ"
သူ႕ေဖေဖက သူ႕ၿပိဳင္ပြဲကိုလာၾကည့္တာေၾကာင့္ သူအရမ္းေပ်ာ္ေန၏။ သူျပတင္းေပါက္ေပၚခုန္တက္ကာ ႐ုန္ယိလည္ပင္းကိုဖက္ထားလိုက္သည္။
"ေဖေဖ..ေတြ႕လား..သား ေမွာ္လက္နက္တစ္ခုကို ေအာင္ျမင္ေအာင္လုပ္ခဲ့တာ"
႐ုန္ယိ အၿပဳံးေလးနဲ႕ေျပာလိုက္သည္။
"အထင္ႀကီးစရာဘဲကြာ"
ထို႔ေနာက္ ယင္ေထာင္က သူ႕မ်က္ႏွာကေပၚကိုေပ်ာ္႐ႊင္စြာနဲ႕ အနမ္းေတြေပးလာေတာ့သည္။
သူ႕ႏွလုံးသားက ဘယ္ေလာက္ဘဲမာေၾကာေနပါေစ..ဒီလိုခ်စ္စရာေကာင္းတဲ့ကေလးတစ္ေယာက္ရဲ႕အနမ္းခံလိုက္ရတာေၾကာင့္ ႏူးညံ့သြားရသည္။ သူ႕ကိုယ္သူ အရင္ကေလာက္ ကေလးေတြကိုမမုန္းေတာ့ဘူးလို႔ခံစားလာရသည္။
ဆရာသခင္က်ိရွင္းက ထိုေနရာမွာထိုင္ေနဆဲျဖစ္တဲ့ ဆရာသခင္ယြမ္ရိကို ဟာသလုပ္လာသည္။
"ေတြ႕လား..မင္းရဲ႕တပည့္ေလးက မင္းကို မ်က္လုံးထဲေတာင္မထည့္ဘူး"
ဆရာသခင္ယြမ္ရိကေတာ့ ဂ႐ုမစိုက္ေပ။ သူသက္ျပင္းေလးခ်ကာ အၿပဳံးတစ္ပြင့္နဲ႕ ႐ုန္ယိနားကို ေလွ်ာက္သြားလိုက္သည္။
"ခ်ယ္ရီသီးေလးေဖေဖ..မင္းဒီမွာဘာလုပ္ေနတာလဲ"
႐ုန္ယိ ပုခ်ီကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။
"ကြၽန္ေတာ္တို႔ ဒီကိုမထင္မွတ္ဘဲေရာက္လာခဲ့တာ"
ဆရာသခင္ယြမ္ရိက ယင္ေထာင္ကိုေျပာလိုက္သည္။
"ခ်ယ္ရီသီးေလး ဆရာ့ကို မင္းေမွာ္လက္နက္ေလး ျပပါဦး"
ယင္ေထာင္က သူ႕ရဲ႕အဆင့္၁ ေမွာ္လက္နက္ကို ဆရာသခင္ယြမ္ရိကို လွမ္းေပးလိုက္သည္။
ဆရာသခင္ယြမ္ရိက ဟိုဖက္ျပန္လွည္ၾကာ ဆာရသခင္က်ိရွင္းကိုျပရင္း ေပ်ာ္႐ႊင္စြာေျပာလိုက္သည္။
"ျမင္ၿပီလား..ဒါကမဆိုးဘူး...ဟုတ္တယ္မလား"
ဆရာသခင္က်ိရွင္းက ေမွာ္လက္နက္ကို တစ္ခ်က္ၾကည့္လိုက္သည္။ လက္နက္ရဲ႕ပုံပန္းသ႑ာန္ကိုေမ့ထားလိုက္ရင္ေတာ့..သုံးႏွစ္အ႐ြယ္ကေလးတစ္ေယာက္က အဆင့္၁ ေမွာ္လက္နက္ကို သန့္စင္နိုင္တယ္ဆိုတာ တစ္ကယ့္ကိုရွားပါးလွသည္။ သူေခါင္းၿငိမ့္လိုက္သည္။ သူပါးစပ္မဟရေသးခင္ သူ႕ေဘးက ကေလးသုံးေယာက္ထဲက အႀကီးေလးက မႏွစ္ၿမိဳ႕တဲ့ပုံနဲ႕ေျပာလာသည္။
"႐ုပ္ဆိုးလိုက္တာ"
တစ္ျခားကေလးႏွစ္ေယာက္ကလည္း လိုက္ေျပာလာသည္။
"တစ္ကယ္ ႐ုပ္ဆိုးတာဘဲ"
ဆရာသခင္ယြမ္ရိ ေဒါသေတြထြက္သြား၏။
"မင္းတို႔လက္နက္သန့္စင္တာ စသင္တုန္းကလည္း မင္းတို႔လက္နက္ေတြကဒီ့ထက္ေတာ့ပိုမေကာင္းပါဘူးကြ!"
ဆရာသခင္က်ိရွင္းက သူ႕တပည့္အႀကီးေလးရဲ႕ေခါင္းကိုပုတ္ကာေျပာလာသည္။
"ဒီကေလးက တစ္ကယ္ျပည့္စုံတဲ့ကေလး...သူအသက္သုံးႏွစ္မွာသန့္စင္ခဲ့တဲ့ေမွာ္လက္နက္က ဆယ္ႏွစ္ကေလးလုပ္ထားသေလာက္ကိုေကာင္းတယ္..ပုံစံက သိပ္ေတာ့မေကာင္းေပမဲ့..မင္းတို႔ဆီက အငယ္ေလးေတြထက္ေတာ့ အမ်ားႀကီးပိုေကာင္းတယ္"
"ငါကေတာ့မယုံဘူး"
ဆရာသခင္က်ိရွင္းက ေကာင္းမြန္တဲ့ပုံစံရွိတဲ့ေမွာ္လက္နက္တစ္ခုထုတ္ကာ ဆရာသခင္ယြမ္ရိကိုၾကည့္လို႔ရေအာင္ေပးလိုက္သည္။
္"ဒါက သူၿပီးခဲ့တဲ့ရက္ပိုင္းက သန့္စင္ထားတဲ့ အဆင့္၁ အစစ္အမွန္အဆင့္ ေမွာ္လက္နက္ဘဲ"
ဆရာသခင္ယြမ္ရိ ယူၾကည့္လိုက္၏။ ဒါက တစ္ကယ့္ကိုမဆိုးဖူးဆိုတာ ျငင္းစရာေတာင္မလိုေပ။
႐ုန္ယိ ႐ုတ္တရက္မသက္မသာခံစားလိုက္ရသည္။ သူ ထိုအဘိုးႀကီးရဲ႕တပည့္ေတြနဲ႕ သူ႕သားကို မႏွိုင္းယွဥ္ခ်င္ေပမဲ့ တစ္ေယာက္ေယာက္က သူ႕သားကတစ္ျခားကေလးေတြထက္ ညံ့တယ္လို႔ ေျပာတာၾကားလိုက္ရတဲ့အခါ သူမသက္မသာခံစားလိုက္ရသည္။
သူ႕အေမက သူ႕ဒုတိယအစ္ကိုကို တစ္ေယာက္ေယာက္က သူ႕က်င့္ႀကံဆင့္ကတစ္ျခားသူေတြထက္နိမ့္တယ္လို႔ေျပာတာ ၾကားတဲ့အခ်ိန္တိုင္း ဂုဏ္က်က္သေရရွိတဲ့အမ်ိဳးသမီးကေန အေပါက္ဆိုးတဲ့မိန္းမပုံေျပာင္းသြားတာ အံ့ၾသစရာမရွိေတာ့ေပ။ သူမက သူမကေလးေတွအပေါ် မေကာင္းတဲ့စကားတစ္ခြန္းေလးေတာင္မွ အေျပာမခံနိုင္ေပ။
အခု ႐ုန္ယိလည္း သူ႕အေမလိုမ်ိဳး ခံစားေနရသည္။
ဆရာသခင္က်ိရွင္းက ၿပဳံးလိုက္သည္။
"ဆရာသခင္ယြမ္ရိေရ...ၿပိဳင္ဖို႔လိုေသးတယ္လို႔ထင္ေနတုန္းဘဲလား"
ဆရာသခင္ယြမ္ရိက ခ်က္ခ်င္းျပန္ေျပာလိုက္သည္။
"ဒါေပါ့..ဘာလို႔မၿပိဳင္ရမွာလဲ...ငါတို႔က ဘယ္သူ႕ေမွာ္လက္နက္ကပိုစြမ္းအားႀကီးလဲပိုင္မွာ သူ႕ပုံပန္းသ႑ာန္ကိုၿပိဳင္မွာမွမဟုတ္တာ..ငါ့ေထာင္အာေလးႀကီးလာနဲ႕အခ်ိန္က်ရင္လည္း..သူက ေသခ်ာေပါက္ပိုၾကည့္ေကာင္းတဲ့ဟာကိုလုပ္နိုင္မွာဘဲ..ဒါေပမဲ့ မင္းရဲ႕အငယ္ဆုံးတပည့္နဲ႕ၿပိဳင္ခိုင္းမွဘဲ မွ်တမွာေနာ္"
"ဒါေပါ့"
ဆရာသခင္က်ိရွင္းက သူ႕တပည့္ငယ္ေလးရဲ႕ပုခုံးကိုပုတ္ကာ ေျပာလိုက္သည္။
္"ရိအာ..မင္းမွာ ယုံၾကည့္ခ်က္ရွိလား"
ဟယ္ေ႐ႊရိ ယင္ေထာင္ကိုၾကည့္ရင္း ေခါင္းၿငိမ့္ကာေျပာလိုက္သည္။
"ဆရာ..ကြၽန္ေတာ္ သူ႕ကိုေသခ်ာေပါက္အနိုင္ယူပစ္မယ္"
************
10.12.2021