Amor is so Dumm

By MochiCookie95

170K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-20

5.6K 888 271
By MochiCookie95

Unicode;

'တီ.. တီ.. တီ.. တီ'

နှိုးစက်ကို ထပိတ်လိုက်ရင်း Jimin လေးလံစွာ နိူးထလာခဲ့သည်။ ညကလည်း ဘာမှမစားပဲ ငိုပြီး အိပ်လိုက်လို့လား မသိ အိပ်ရာက နိူးတာနဲ့ ဗိုက်ကအရင် ဆန္ဒပြလေသည်။

"Jeon Jungkook"

ယောင်ယောင်မှားမှား အော်ခေါ်လိုက်ပြီးမှ ဖြေသူမဲ့ မီးဖိုချောင်လေးကြောင့် Jimin ကိုယ့်နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သက်ပြင်းချလိုက်မိသည်။ ခုထိဘာတွေ ဖြစ်သွားမှန်း သူ သေချာမသိသေး။ သေချာတာကတော့ Jungkook သူ့ကို အထင်လွဲအောင် Jungkook အဖေ ကိုယ်တိုင်က လုပ်လိုက်တာဆိုသည်ပင်။ ရေခဲသေတ္တာထဲက အေးစက်စက် ယိုဘူးလေးထုတ် ပေါင်မုန့်ထုတ်လေး ဆွဲယာကာ ပေါင်မုန့်လေးအပေါ် ယိုသုတ်ရင်း သက်ပြင်းထက်ချမိပြန်သည်။ ငါစားချင်တာ ဒါမှမဟုတ်တာ...။

ပြန်ရစ်ဝိုင်းနေမိတဲ့ မျက်ရည်စတို့ကို ဖယ်ရှားရင်း Jimin ကိုယ်တိုင်လည်း နားမလည်။ အမြဲ စကားများသံတွေနဲ့ ဆူညံ့နေခဲ့တဲ့ တိုက်ခန်းကျဉ်းလေးဟာ 'မောင့်ယောက်ျား' နာမ်စားလေးနဲ့ အစပျိုးပေးမယ့် Jungkook မရှိတော့ ကျယ်ဝန်းနေသယောင်ယောင်နဲ့ အထီးကျန်စရာ ကောင်းလှသည်။ Jeon Jungkook သာ မရှိရင် Park Jimin ရဲ့ ဘဝကြီးက ပျင်းစရာကြီးပေါ့.. ။ ဒါမှမဟုတ် သူ Jungkook အပေါ် အများကြီး သံယောဇဉ် တွယ်နေမိခဲ့ပြီလား...။

အေးစက်စက် ခြောက်ကပ်ကပ် ပေါင်မုန့်ယိုသုတ်လေး စားရင်း ရေခဲသေတ္တာထဲက နွားနို့ တစ်ဗူး ယူသောက်လိုက်သည်။ သောက်နေကျလို နွားနို့ နွေးနွေးလေးမဟုတ်တော့ သက်ပြင်းချမိပြန်သည်။ မိုးလင်းတာနဲ့ အသင့်ပြင်ထားပေးတဲ့ မနက်စာပူပူနွေးနွေးဟာ ဘယ်လောက် အဖိုးတန်ကြောင်း Jimin သိလိုက်ခဲ့ရသည်။ ဒါဟာ မနက်စာရဲ့ ပါဝင်ပစ္စည်းများနဲ့ မဆိုင်ပါ။ လုပ်ပေးတဲ့ စားဖိုမှူးရဲ့ စေတနာနဲ့ ချစ်ခြင်း မေတ္တာ တရားကြောင့်လည်း ဖြစ်ကောင်ဖြစ်လိမ့်မည်။

"ဟိုတမန်တော်က ငါ ဒီလို ဂျာမနီ ပြန်ချင်တဲ့ အချိန်ကျ မေးခွန်းလာမမေးဘူးလား လွန်လိုက်တာ.."

ပေါင်မုန့် ယိုသုတ်လေးကို တစ်ကိုက်ကိုက်ရင်း တစ်ယောက်ထဲ တီးတိုး ညည်းညူလိုက်မိသည်။ ရှုပ်ထွေးနေတဲ့ အခြေအနေကြီးကို လွတ်ချခဲ့ပြီး Grazie နေရာပဲ အမြန်ဆုံး ပြန်ရောက်ချင်မိတော့သည်။ နွားနို့ခွက်လေးကို ကိုင်ရင်း ဧည့်ခန်းနားရောက်လာပြီး မင်္ဂလာဆောင် ဓါတ်ပုံလေးကို ငေးကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"Park Jimin က ယောက္ခမတွေနဲ့ မတည့်ဘူးလား.. အလကားနေရင်း ချောက်ချခံနေရတယ်"

မနေ့က TV ရှေ့က ဆိုဖာခုံလေးထက် ဒီတိုင်းတင်ထားခဲ့တဲ့ ဝမ်သိန်း တစ်ရာပါ Suitcase အိတ်လေးအနား သွားကာ ငုတ်တုတ်ထိုင်နေမိသည်။ ဖြစ်သမျှအကြောင်း အကောင်းမှတ်ပြီး ဒီပိုက်ဆံနဲ့ ဂျာမနီက အဘိုးဆီပဲ မြေးအဖြစ် ခံယူပေးဖို့ သွားတောင်းပန်ရမလား..။ သက်ပြင်းရှည်ကြီး တစ်ချက်သာ ဆွဲချလိုက်မိသည်။ ဒီလိုစိတ်ကြီးနဲ့တော့ ဂျာမနီမသွားချင်တော့ပါ..။ Jungkook နဲ့ မသိခဲ့တဲ့ အဖေ့နောက် လိုက်ခဲ့တဲ့ Park Jimin အနေနဲ့သာ ပြန်ချင်တော့သည်။

"ဟိုတမန်တော် အဒေါ်ကြီးက ဒီနေ့ပေါ်လာသင့်တယ်"

ဘယ်မှလည်း မသွားချင် ဘာမှလည်း မလုပ်ချင် TV ဖွင့်ထားပြီး မကြည့်ပဲ ငိုင်တွေနေမိသည်။ တကယ် Jeon Jungkook သာ မရှိရင် Park Jimin ဆိုတဲ့ ဘဝကြီးက ပျင်းခြောက်ခြောက်ကြီးရယ်...။ ကိုယ့်ဘာကိုယ် တွေးရင်း ခေါင်းခါလိုက်သည်။ မဟုတ်ဘူး.. ငါက အဲ့လို ဘဝကို သူများအပေါ် မှီခိုနေရတာကို ကြိုက်တဲ့သူမှ မဟုတ်တာ..။ ဘယ်သူရှိရှိ မရှိရှိ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရထားတဲ့ ဘဝကို ဖြတ်ကျော်နိုင်တဲ့ Grazie လေ..။ ချက်ခြင်းပဲ ထိုင်ရာမှ ထကာ ရေထချိုးလိုက်ပြီး ဘီဘီ ဆံသဆိုင်လေးဆီ ထွက်လာခဲ့သည်။

"မောနင်း.. တစ်ယောက်ထဲလား"

Hobi ရဲ့ နှုတ်ဆက်သံကြောင့် Jimin ဘာမှမဆိုင်တဲ့ Hobi ကို စိတ်ဆိုးနေသလို ကြည့်လိုက်မိသည်။ Taehyung က ဆိုင်ရှေ့ တံမြက်စည်းလှဲနေရာမှ ပြေးလာပြီး

"Jimin ပြန်ဖြေမယ့် အဖြေ ကျွန်တော် သိတယ်.. ဆံပင်ဆိုင် သူဌေး မျက်လုံးထဲ ဘယ်နှယောက် မြင်လို့လဲ.. ဟုတ်တယ်မလား"
"မဟုတ်ပါဘူး.. ဆံပင်ဆိုင်သူဌေး မျက်လုံးမပါဘူးလား လို့မေးမှာ ဟုတ်တယ်မလား"

ပဟေဌိ ဉာဏ်စမ်းတစ်ခုလို့ Taehyung နဲ့ Hobi က သူတို့ဘာသူ အဖြေလု ဖြေရင်း ရယ်နေသည်မို့ Jimin ဘာမှမပြောပဲ ဆိုင်ထဲသာ ဝင်ထိုင်လိုက်သည်။ Jimin အပြုအမူကြောင့် ရယ်နေတဲ့ Taehyung နဲ့ Hobi ကြောင်သွားသည်။ အတိတ်မေ့နေတဲ့ Jimin က သူတို့စတာကို အဲ့ဒီလို အေးဆေး ကျော်သွားမယ့် လူမျိုးမှ မဟုတ်တာ..။

"မင်း ကြောက်စရာကောင်းအောင် ဘာလို့ငြိမ်နေတာလဲ"

Jimin ဘာမှပြန်မဖြေ တိတ်ဆိတ်စွာ သက်ပြင်းချလေသည်မို့ Hobi လည်း မနေနိုင် ဝင်မေးရသည်။

"ဘာဖြစ်လာတာလဲ ဘာလို့ ဒီလောက် မှိုင်တွေနေရတာလဲ"
"ငါက မှိုင်နေလို့လား"

Jimin က ထိုင်ရာကနေ ထကာ Customer ထိုင်သည့် မှန်
တင်ခုံလေးတွင် မှန်ကြည့်ရင်း ဖြေလေသည်။ Jimin အဖြေအား Hobi က အလိုမကျသလို မျက်မှောင်ကြုံ့ရင်း

"မင်း Jeon Jungkook နဲ့ စကားများလာတာလား"
"စကားများလာရင်တောင် တော်သေးတာပေါ့"

Jimin အသံက တိုးဝင်သွားသည်မို့ Hobi နဲ့ Taehyung တစ်ယောက် မျက်နှာ တစ်ယောက်သာ လှမ်းကြည့်လိုက်မိသည်။ ရှုပ်ထွေးနေတဲ့ ခေါင်းထဲ Jimin လောလောဆယ် ဘာမှ မတွေးပဲ ခဏ ငြိမ်သက်နေချင်သည်မို့ မဂ္ဂဇင်း စာအုပ် တစ်အုပ်သာ ဆွဲဖတ်နေလိုက်သည်။ စိတ် အခြေအနေ မကောင်းသည့်ပုံပေါ်သည့် Jimin ပုံစံကြောင့် Hobi နဲ့ Taehyung ဘာမှ ဆက်မမေးဖြစ်ကြတော့ပါ။

"Hyung အတွက် လက်ဆောင်"

နေ့လည် Customer မရှိချိန် Taehyung က Hobi အနားကပ်ကာ လှလှပပ ထုတ်ပိုးထားသည့် ဘူးလေး တစ်ဘူး ထိုးပေးရင်း ပြောလိုက်သည်မို့ Jimin ပါ စာဖတ်ရာမှ လှမ်းကြည့်လာသည်။

"ဟင် ရုတ်တရပ်ကြီးလား"

Hobi လည်း အံ့ဩစွာ တိုးတိုးလေး ဖြေရင်း ထိုဘူးလေးအား ဖွင့်လိုက်တော့ ရွှေရောင် ရှိတ်ပြေး ဆံပင်ညှပ် ကတ်ကြေးလေးပင်။ ကတ်ကြေးလေးရဲ့ အလည် ဆုံမှတ်နေရာမှာ ဖိတ်ဖိတ်တောက်နေသော အနေတော် အရွယ် ကျောက်ကို ဘေးပတ်ပတ်လည်က ကျောက်ပိစိလေးတွေက ဝန်းရံထားလေသည်။

"ဝါး.. လှလိုက်တာ ကျေးဇူးပါ Taehyung ရယ်"
"ဒါလေးပါလို့ ပိုလှတာ"

Taehyung က ထိုကပ်ကြေးလေး ပေါ်တွင် ရေးထိုးထားသည့် BiV ဆိုသည့် နာမည်လေးအား ထိုးပြရင်း ပြောလေသည်။ Hobi က နားမလည်သလို Taehyung မျက်နှာ မော့ကြည့်လာသည်။

"အဲ့တာ ဘာအဓိပ္ပာယ်လဲ"
"ကျွန်တော် နိုင်ငံခြားမှာ ကျောင်းတက်တုန်းက အင်္ဂလိပ်နာမည်က V လေ Hyung ရဲ့ နာမည်က Hobi ရယ် ကျွန်တော့် V ရယ် ပေါင်းပြီး ဘီဘီ Salon လေး ကိုယ်စားပြု BiV လေးလေ"

Taehyung စကားကြောင့် Hobi က ကြည်နူးစွာပြုံးရင်း ထိုကတ်ကြေးလေးအား ကြည့်နေလေသည်။

"အဲ့တာ ဂျပန်ကနေ တကူးတက မှာထားတာ.. ဒီဆုံလည်နားက အလယ်တည့်တည့်က စိန် အစစ်ပါ.."
"တကယ်လား"

တစ်မနက်လုံး ငြိမ်သက်နေတဲ့ Jimin ဆီက ထွက်လာသည့် အာမေဋိတ်ပင်။ ထိုင်နေရာမှ ချက်ခြင်းထပြီး Hobi တို့ ရှိရာ ရောက်လာလေသည်။ ကတ်ကြေးလေးကို အနီးကပ်ယူကြည့်ရင်း

"ကြီးသားပဲ.. 3 carat လောက်တော့ ရှိမယ်ထင်တယ်.. ဒေါ်လာ တစ်သိန်းကျော်တယ်မလား"
"Taehyung ရာ အဲ့လောက်ကြီး မလိုတာကို.. အဲ့လောက် တန်ဖိုးကြီးရင် Hyung မလိုချင်ဘူး.. Taehyung လည်း အရမ်း အဆင်ပြေနေတာမှ မဟုတ်တာ"

Hobi စကားကြောင့် Jimin ပခုံးလေးတွန့်ပြကာ ရှောင်ပေးသလို ခုနာနေရာသာ ပြန်သွားထိုင်နေလိုက်သည်။ Taehyung က သက်ပြင်းတစ်ချက် ဆွဲချလိုက်ရင်း

"အမှန်တော့ ဒီကပ်ကြေးလေးနဲ့ ချစ်ခွင့်ပန်မလို့ပါ.. တစ်ယောက်ယောက်ကြောင့် နည်းနည်းစောပြီး အစီစဉ် မရှိပဲ ဖွင့်ပြောလိုက်ရတာ.."
"စောစော အဆင်ပြေသွားတာကျ ထည့်မပြောဘူး ကျေးဇူးမတင် -င်လှန်ပြနေလိုက်တာ"

Jimin တိုးတိုးလေး လှမ်းအပြစ်တင်လိုက်သည်ကို Taehyung မကြားချင်ယောင်ဆောင် လိုက်ရင်း စကားသာ ဆက်လိုက်သည်။

"ဟိုနေ့က Jungkook ရဲ့ Black Card ကိစ္စမှာ ကျွန်တော် သင်ခန်းစာတွေ အများကြီး ရသွားခဲ့တယ်"
"Jeon Jungkook က ဘာလို့ပါလာတာလဲ"

Jimin မေးခွန်းကို မဖြေပဲ Taehyung က Hobi ကို ငေးရင်းသာ သူ့စကားကို ဆက်နေလေသည်။

"Jeon Jungkook လို Black Card ကိုင်တဲ့သူတောင် Jimin နဲ့အတူ အေးအတူ ပူအမျှ အနားရှိပြီး နေနေတာလေ.."

Taehyung စကားကြောင့် Jimin ပါ ငြိမ်သက်သွားသည်။ ဟုတ်တယ်.. Jeon Jungkook က Black Card ရှိနေလျက်နဲ့.. တစ်လကို ဒေါ်လာ တစ်သိန်းကျော်လောက် သုံးနိုင်ပါလျက်နဲ့.. ကြွက်တွင်းလေးထဲနေပြီး ခြွေတာနေတာ ကပ်စီးကုပ်လို့ ဒါမှမဟုတ် ကိုယ်ထင်ထားသလို ငတုံးလေးမို့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်.. ကြက်ကြော်ဆိုင် မိသားစုက Park Jimin ကို ချစ်လို့သာ.. မဟုတ်ဘူး ချစ်လွန်းလို့သာ ဒီလို မိုက်ရူးရဲ ဆန်နိုင်တာ..။

"ကျွန်တော်လည်း.. ဘာမှ လျှို့ဝှက် မထားတော့ပဲ Hyung ကို ကျွန်တော့် အရှိအတိုင်း ချစ်ပြီး Hyung နဲ့ အေးအတူ ပူအမျှ ဖြတ်သန်းချင်တယ်.. ကျွန်တော့်တို့ လက်ထပ်ကြရအောင်"
"နေပါဦး Taehyung ရယ်.. မင်းက ဒီဟာလောက်ကိုတောင် လက်ဆောင်အနေနဲ့ ပေးနိုင်နေတာကို ငါတို့လက်တွဲဖို့ မင်း မိဘတွေက သဘောတူပါ့မလား"

Hobi ရဲ့ မေးခွန်းက Taehyung ကိုသာမက Jimin ကိုပါ အတွေး ပေးစေသည်။ တကယ်လို့သာ ငါက Grazie အနေနဲ့ Jeon Jungkook ကို တွေ့ခဲ့ရင် ငါ့ဘက်ကတော့ Jeon Jungkook လို မိုက်ရူးရဲဆန်ဆန် ခုန်ဆင်းလာမှာ မဟုတ်ပေမယ့် Jeon Jungkook ကတော့ ကြက်ကြော်ဆိုင်က Park Jimin အတွက် ခုန်ဆင်းလာခဲ့တယ်လေ...။ Business အရပဲ အပေါ်ယံ အချစ်ခံနေရတဲ့ Grazie ထက် ဘာမျှော်လင့်ချက်မှ မပါပဲ အပေးသက်သက် အချစ်ခံနေရတဲ့ Park Jimin ဖြစ်ရတာ ကံကောင်းလိုက်တာ..။

"ကျွန်တော်ကတော့ Hyung ချစ်ရင် ရပြီလေ.. Hyung ချစ်နေပေးရင် ကျန်တာ အကုန် ရင်ဆိုင်မယ်"

Taehyung စကားကြောင့် Jimin ဘာမဆိုင် ဘာမဆိုင် Jungkook စကားပါ နားထဲ ဝင်လာသည်။ 'Hyung ဒီမှာ ရှိနေရုံနဲ့ တင် ကျွန်တော့်အတွက် ကမ္ဘာကြီးက ပြည့်စုံနေပြီ' တဲ့လေ... ဘယ်လောက် တုံးလိုက်တဲ့ ကောင်လေးလဲ..။ အခုရော မင်း ကမ္ဘာကြီးက ပြည့်စုံနေသေးရဲ့လား ငါ မသိပေမယ့်.. ငါ့ ကမ္ဘာကြီးကတော့ မပြည့်စုံတော့ သလိုပဲ..။

"ကျွန်တော့်ကို မိဘတွေကို ဖွင့်ပြောပြီး လက်ထပ်ကြရအောင်နော်"
"ဒါပေမယ့်.. Hyung ဘက်က Taehyung ကို အဖြေတောင် ပြန်မပေးရသေးဘူးလေ.. အဆင့်တွေ အရမ်းကျော်မနေဘူးလား"

Hobi စကားကြောင့် Taehyung က ချစ်စရာကောင်းအောင် ရယ်ပြရင်း ခေါင်းလေးကုပ်ကာ

"ဟီး.. အဲ့လိုလား.. ကျွန်တော်ကတော့ Hyung ကို အရမ်း ပိုင် ချင်နေပြီ"

Taehyung စကားကြောင့် Jimin ရင်ဘတ်ထဲက အောင့်သက်သက် ခံစားချက် တစ်ခုနဲ့ အတူ ဆို့နင့်လာသည်။ တိုးတိုးလေး ပြန်ကြားယောင်လာမိတဲ့ စကားသံလေး။ 'ကျွန်တော်က Hyung အပိုင်လေ' တဲ့...။ ဟုတ်တယ်.. Jeon Jungkook.. မင်းက ငါ့အပိုင်မို့ မင်းမှာ ငါ့ကို ထားခဲ့ပိုင်ခွင့် မရှိဘူး..။

"ဟုတ်တယ်... သူက ငါ့အပိုင်"

ရုတ်တရပ် ဆက်ကနဲ ထကာ ပြောလိုက်တဲ့ Jimin စကားကြောင့် Taehyung ရော Hobi ပါ ကြောင်သွားသည်။ Taehyung က အလိုမကျသလို မျက်မှောင်ကြုံပြီး

"ဘာဖြစ်တာလဲ ရုတ်တရပ်ကြီး.. သူများ ကောင်းခန်းရောက်နေတာကို"
"ငါက ပုံမှန်လိုဆို အရမ်း ဉာဏ်ကောင်းလို့ သူများဆီက အကြံ မလိုအပ်ပေမယ့်... ဒီလိုကိစ္စမျိုးတော့ မကြုံဖူးတာမို့..."

Jimin စကားကြောင့် Hobi က နားလည်သွားသလို ခေါင်းညိမ့်ပြရင်း

"အကြံတောင်းချင်တာလား.. ဘာကိစ္စလဲ ဘယ်လို အကြံလဲ"
" ငါ ငါ့ Jeon Jungkook ကို ပြန်လိုချင်တယ် အဲ့တာ ငါ့ကို အကြံပေးကြပါ"

ရှက်သွားသလို အသံတိုးတိုးဖြင့် ခေါင်းငုံ့ဖြေလိုက်တဲ့ Jimin ကြောင့် Hobi ရော Taehyung ပါ ခိုးရယ်လိုက်မိသည်။ တစ်မနက်လုံး ငြိမ်ပြီး အခုမှ ထဖောက်လို့ ဘာပါလိမ့်ဆို တွေးနေတာ.. လင်ပူမိနေတာကိုး....။ Hobi က ပြုံးစစဖြင့် အရင် စကာ မေးခွန်းထုတ်လိုက်သည်။

"ဘယ်လိုဖြစ်ကြတာလဲ.. မနေ့က ပြန်အဆင်ပြေနေကြတယ်မလား"
"အင်း.. ပြသနာနည်းနည်းတက်သွားတယ်.. ငါ့ဆီက Jungkook မိသားစုနဲ့ ပတ်သတ်ပြီး ဘာကြားဖူးကြလဲ"

Jimin မေးခွန်းကြောင့် Hobi ရော Taehyung ပါ စဉ်းစားနေသလို တိတ်ဆိတ်သွားကြသည်။ Taehyung ကအရင် တစ်ခုခုကို သတိရသွားဟန်ဖြင့်

"Jungkook မိသားစုက Jungkook ကို Gumeong နဲ့ သဘောတူထားတယ် ဆိုတာရယ် Gumeong က Jungkook မိသားစုနဲ့ ရင်းနှီးတယ်ဆိုတာရယ်"
"အဲ့တာတော့ ငါလည်း သိထားတယ်.. ငါသိချင်တာ တခြား တစ်ခုခုပေါ့.. ဥပမာ ငါက ယောက္ခမတွေ ယောက္ခထီးတွေနဲ့ မတည့်တာမျိုး.."
"အဲ့လိုတော့ မပြောဖူးဘူး.. မင်းဆီကနေ Jungkook မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ဘာမှ မကြားဖူးဘူး ခုနာ နှစ်ချက်တောင် Kang Gumeong အကြောင်း မင်း ပြောပြရင်း ထည့်ပြောဖူးလို့ သိတာ"

Taehyung စကားကို Hobi က ခေါင်းတဆက်ဆက်ငြိမ့်ပြရင်း ထောက်ခံလေသည်။ Jimin ကတော့ ခဏ တိတ်ဆိတ်ကာ ငြိမ်သက်စဉ်းစားနေမိသည်။ ဒါဆို.. သေချာသလောက်ကတော့ ငါက Jungkook မိသားစုနဲ့ တည့်ပုံမပေါ်ဘူး.. ဘာလို့လဲ ယောက်ျားလေးချင်းမလို့လား.. ဒါပေမယ့် သဘောတူတယ်လို့ Jungkook ပြောခဲ့တယ်မလား..။ အဲ့ကောင် ငါ့ကို လိမ်ခဲ့တာလား...။

"အခု ဘာဖြစ်နေလို့လဲ ငါတို့ကို ပြောပြပါဦး.."
"မနေ့ညက Jungkook မိဘအိမ် ငါသွားခဲ့တယ်.. သူ့အဖေက ထူးဆန်တယ် Jungkook ကိုလည်း Bodyguard တွေနဲ့ ဖမ်းချုပ်ထားပြီး ငါ့ကိုလည်း ချောက်ချတယ်.. သူစီစဉ်ထားသလိုပဲ Jeon Jungkook ငါ့ကို အထင်လွဲသွားတယ် ငါ တစ်ယောက်တည်း ပြန်လာခဲ့ရတယ်.. ဒါပဲ"
"ဟင် မင်းယောက္ခထီးကြီးက ဘာလို့ သူ့သားသူ ဖမ်းပြီး မင်းကို ချောက်ချတာလဲ"

Taehyung အမေးကို Jimin က သက်ပြင်းချပြီး ပခုံးလေး တွန့်ပြကာ

"မသိဘူးလေ.. ငါ အတိတ်မေ့နေတာကို.. သိမှတော့ လေကုန်ခံ ပြောပြနေမလား"
"ဒီဟာကတော့ ငါတို့လည်း ကူညီအကြံပေးလို့ မရဘူးကွ.. ဘာလို့လဲဆိုတော့ မင်းတို့ ဘာတွေ ဖြစ်ခဲ့လဲ ငါတို့မှ မသိတာ.."

Taehyung က ပခုံးပြန်တွန့်ပြရင်း ပြောလိုက်သည်ကို Hobi ကပါ ခေါင်းညိမ့် ထောက်ခံလေသည်။ Jimin ကတော့ တစ်ယောက်တည်း တိတ်ဆိတ်စွာ အတွေးများနေမိသည်။ ငါတို့ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ အရင် အကုန် သိဖို့လိုတယ်.. အမေ့ဆီ ဖုန်းဆက်မေးလိုက်ရင် ကောင်းမလား.. လူကြီးကို အနှောက်အယှက် ပေးသလို ဖြစ်မှာလည်း စိုးရသေးတယ်..။

Jimin မဝံ့မရဲနဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းလေးကို ထုတ်လိုက်သည်။ ဖုန်းလေးထဲ ဝင်မှ Note app လေးကို မြင်ပြီ တစ်စုံတစ်ခုကို သတိရမိသွားသည်။

"အာ.. ငါ့မှာ Park Jimin ရဲ့ အတ္ထုပ္ပတိစာအုပ် ရှိသားပဲ.. ငါဘာလို့ အစက မတွေးခဲ့ မိပါလိမ့်"
"ဟင်.. ဘာကြီး"
"ငါ ပြန်တော့မယ်... ဆံပင်ဆိုင်သူဌေးရေ ငါ အလုပ်စောဆင်းပြီ လစာတော့ လျော့ဖို့ မစဉ်းစားနဲ့ Kim Taehyung လည်း တခါတလေ စောပြန်တာပဲ"

ပြောပြီး ဆံသဆိုင်လေးထဲမှ ထွက်ပြေးသွားတဲ့ Jimin ကို ငေးရင်း Taehyung ရော Hobi ရော တားချိန်ပင် မရလိုက်ပါ။

"သူ ဘာဖြစ်သွားတာလဲ"
"မသိဘူး ဘာရှိတယ် ဆိုလားပဲ.. အကူညီလိုရင် ပြန်လာလိမ့်မယ်.. အခု ကျွန်တော်တို့ နှစ်ယောက်ထဲ ရှိတော့တာဆိုတော့ အပျင်းပြေ အာဘွားပေးတိုင်း ကစားကြမလား"

Taehyung စကားကြောင့် Hobi ဆီက မျက်စောင်းမဆိုရုံလောက် ဂျိုကြည့်ပိစိလေး လွင့်စင်လာသည်။

"အာဘွားပေးကြေး ကစားရအောင် ငါက ကလေးလား"
"ကျွန်တော်က ကလေးလေ.. Hyung က လူကြီးဆိုတော့ မပေးနဲ့ ကျွန်တော်ပဲ ပေးမယ်"
"Ya~ ya~ ya Kim Taehyung.. ဘယ်လိုဖြစ်နေတာလဲ.. ငါ မင်းကို အဖြေမပေးရသေးဘူးနော်"

Taehyung ဆွဲဖက်လိုက်ရင်း အာဘွားပေးတိုင်း ကစားမည် ရွယ်လိုက်ပေမယ့်

"ဆံပင်ညှပ်ချင်လို့ပါ တူလေးတို့"

ဆိုင်ရှေ့ တည့်တည့်ရပ်နေတဲ့ အဒေါ်ကြီးက ပြုံးစိစိနဲ့ ဆိုလာသည်မို့ Hobi လည်း Taehyung ရင်ခွင်ထဲမှ အမြန်ထ ကြိုဆိုလိုက်ရသည်။ ဒီလိုနဲ့ အာဘွားပေးနည်း ကစားချင်းဟာ မကစားလိုက်ရပဲ ဇာတ်သိမ်းသွားခဲ့လေသည်။ .......။

"ဒီထဲမှာတော့ သေချာပေါက် ပါလိမ့်မယ်ဆိုတာ ငါ သိတယ်.. ငါ ယုံတယ်"

Jimin တိုက်ခန်းကျဉ်းလေးဆီ ပြန်ရောက်လာပြီး အခန်းလေးထဲက Diary စာအုပ်လေးအား အလောတကြီး ဖွင့်လှန်နေမိသည်။ ရည်းစားဖြစ်ကာစ ရက်တစ်ချို့ကို ကျော်လွန်လာခဲ့ပြီး နောက်မှာတော့...။

20.5.2019 : Jungkook က တွဲနေတာလည်း ကြာပြီဆိုပြီး လက်ထပ်ကြဖို့ စကားစလာတယ်.. ဒါပေမယ့် ငါ မသိချင်ယောင် ဆောင်နေခဲ့တယ် ကျော်ဖြတ်ရမယ့် နံရံအထူကြီး တွေကို ငါကြောက်လို့..

စာရေးထားတဲ့ Jimin ရဲ့စိတ်ကို အပြင် စာဖတ်နေတဲ့ Jimin အပြည့်အဝ နားလည်သည်။ စာထဲက Jimin ကလည်း ကိုယ်ပဲ ဖြစ်နေလို့လားတော့ မသိပေမယ့် ယောက်ျားလေး အချင်းချင်း ချစ်နေမိပါပြီ ဆိုတဲ့ အသိကြီးက ကိုယ့်ကိုကိုယ်တောင် လက်ခံဖို့ ခက်ခဲတာ လူကြီးတွေ လက်ခံဖို့ ဘယ်လောက်တောင် ခက်ခဲလေမလဲ..။

ဒီအခြေအနေလောက်ဆို နာကျင် ရင်မောစရာအပိုင်းတွေ Park Jimin နဲ့ Jeon Jungkook ကြားမှာလည်း ရှိခဲ့တာ သေချာနေပြီမို့ Jimin စာမျက်နှာ တချို့ကို ထပ်ကျော်လိုက်မိသည်။

13.10.2019 : မွေးနေ့ဆိုတာထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းခဲ့တယ် Jungkook ဘက်က လက်ထပ်ခွင့်တောင်းတယ်လေ.. ငါလည်း မငြင်းနိုင်ဘူး သူ့ကို လက်ထပ်ချင်တယ်။

Jimin သက်ပြင်းသာ ချလိုက်မိသည်။ မိုက်ရူးရဲ ဆန်လိုက်ကြတာ နှစ်ယောက်လုံး..။ ဒါပေမယ့် အဲ့ Jimin ကိုလည်း အပြစ်တော့ မပြောနိုင်.. ကိုယ်တောင် အခု Jeon Jungkook ကို ပြန်လိုချင်လို့ ဒီစာတွေ အချိန်ကုန်ခံ ပြန်ဖတ်နေရတာမလား..။

18.10.2019 : ငါတို့လက်ထပ်ချင်တဲ့ အကြောင်း မိဘတွေကို ဖွင့်ပြောခဲ့ကြတယ်.. ထင်ထားသလိုပဲ ခက်ခဲလိုက်တာ။

21.10.2019 : ရုံးပိတ်ရက်လေးတောင် ငါ မပျော်နိုင်ဘူး.. အမေရော အဒေါ်တို့ရော ငါ့ကို စကားမပြောကြတော့ဘူး ရှောင်ဖယ် ရှောင်ဖယ်နဲ့..

အင်း... အမေတို့လည်း လွယ်လွယ်နဲ့ လက်ခံပေးခဲ့တာတော့ မဟုတ်ဘူးပဲ..။ Jimin ကိုယ့်ဘာသာ တွေးရင်း ရက်အနည်းငယ် ကျော်လိုက်သည်။

23.10.2019 : Jungkook အိမ်ကို လိုက်သွားတယ် ခမ်းနားလွန်းလို့ ငါ ပိုကြောက်နေမိတယ်.. Jungkook အဖေကလည်း ငါ့ကို အားမနာဘူး ငါ့ရှေ့လည်း Jungkook ကို ငေါက်လိုက် ဆူလိုက် အပြစ်ပြောလိုက်တာဆိုတာ.. အမွေဖြတ်မယ်တွေရော အစုံပဲ.. ငါ့ကောင်လေးကို သနားလွန်းလို့ ငါ လမ်းခွဲဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့်လေ အဲ့အရူးလေးက အမြင့်နေရာကနေ ဆင်းလာခဲ့ပါ့မယ်တဲ့.. ငါဘယ်လိုလုပ် ဖြတ်နိုင်တော့မှာလဲ..

Jungkook အဖေက ဆိုးဆိုးဝါးဝါးကို ကန့်ကွက်ခဲ့တာပဲ..။ ဒါဆို ဟိုငတုံးက ငါ့ကို လိမ်ခဲ့တာပေါ့.. ဘာလို့လဲ..။ Jimin ရေလည်လည် သိချင်တာမို့ ဆက်ဖတ်လိုက်သည်။

24.10.2019 : မနက်ကတည်းက Jungkookငါတို့အိမ် ရောက်လာတယ် အမေတို့ကို ဒူးထောက်ပြီး အသနားခံတယ် ဒါပေမယ့် အမေတို့က လက်မခံဘူး.. ငါ့ကောင်လေးကိုပဲ ငါသနားတယ်။

25.10.2019 : ဒီနေ့လည်း Jungkook ရောက်လာပြန်တယ် မနေ့ကလိုပဲ တနေကုန် ဒူးထောက်ပြီး ညနက်မှ ပြန်သွားတယ်.. ငါတော့ သူဌေးသားလေးကို ဒုက္ခပေးနေမိပြီလား မသိတော့ဘူး..

26.10.2019 : ဒီနေ့လည်း မနေ့ကလိုပဲ.. ငါ Jungkook ကို နောက်ရက်မလာဖို့တော့ မပြောရဲဘူး.. အဲ့အရူးလေးက တအားကို စိတ်အားထက်သန်နေတာ.. ချစ်ဖို့တော့ကောင်းတယ်။

စာလေးအဆုံးမှာ Jimin ဖတ်ရင်း ပြုံးလိုက်မိသည်။ Jeon Jungkook က အရင်ကတည်းက ငတုံးလေးပဲ.. ဘာမဟုတ်တာလေးကို စိတ်အားထက်သန်နေလိုက်တာ..။ Jimin စာမျက်နှာ အနည်းကို ကျော်လိုက်သည်။

10.11.2019 : အမေတို့ Jungkook ကို လက်ခံသွားသလို Jungkook အဖေလည်း ငါ့ကို လက်ခံအောင် ငါ ကြိုးစားချင်တယ်.

11.11.2019 : ထင်သလောက် မလွယ်ခဲ့ဘူး ငါ အနှိမ်ခံခဲ့ရတယ်.. မပြည့်စုံနေတာ သိပေမယ့် ငါ အနှိမ် မခံနိုင်ဘူး ဒါကို Jungkook လည်း သိတယ် ငါ့အတွက်နဲ့ သူပါ အိမ်ပေါ်က ဆင်းလာတယ် ငါလည်း မာနရှေ့တန်းတင်ပြီး Jungkook အဖေကို ငွေမရှိလည်း စောင့်ရှောက်နိုင်ပါတယ်လို့ ပြန်အော်လိုက်ခဲ့မိတယ်.. ပြသနာတွေ ကြီးကုန်ပြီလား မသိတော့ဘူး။

12.11.2019 : ငါ့စကားကို ငါတည်ချင်လို့ Jungkook ကိုယ်ပေါ်က အဝတ်ကိုတောင် ငါ သိမ်းထားခိုင်းလိုက်ပြီး အင်္ကျီ ထည်လောက်  လိုက်ဝယ်ပေးလိုက်တယ်.. အရူးလေးက သူ့ Branded Hoodie အဖြူလေးကို ဘေးကပ်ပြီး ငါဝယ်ပေးတဲ့ အင်္ကျီတွေကို ပိုကြိုက်တယ်တဲ့လေ..

13.11.2019 : ငါတို့ လက်ထပ်ကြဖို့ ဆုံးဖြတ်လိုက်ပြီ..ငါစုထားတဲ့ ပိုက်ဆံနဲ့ Jungkook စုထားတဲ့ ပိုက်ဆံနဲ့ တိုက်ခန်းကျဉ်းလေး ဝယ်ကြဖို့ မနက်ဖြန် သွားကြည့်မှာ။

14.11.2019 : Jeon Jungkook အရူးကောင်ကလေ သူ့ Black Card ကြီး ထုတ်ချလာလို့ စကားများရသေးတယ်.. အဲ့ကတ် တသက်လုံး မထိဖို့ ဆူလိုက်ရတယ် ဟူး.. ဒီကောင်လေးကို ငွေမပါပဲ ငါ တကယ်စောင့်ရှောက်နိုင်ပါ့မလား..

စာထဲက Jimin ရဲ့ အရေးအသားလေးကြောင့် Jimin ဖတ်ရင်း ကြည်နူးစွာ ပြုံးလိုက်သည်။ စောင့်ရှောက်နိုင်ခဲ့ပါတယ် Park Jimin ရယ်.. မင်းကောင်လေးက သိပ်တော်တာပါ..။ ငါကသာ မင်းမထိခိုင်းတဲ့ ကတ်ကြီးနဲ့ Shopping ပတ်ထွက်လာခဲ့တာဟေ့...။

15.11.2019 : Jungkook က ဘာအလုပ်ရှာ ရမလဲ မေးတယ်.. လစာထက် နည်းတာ များတာထက် ဝါသနာပါတာကို အေးအေးချမ်းချမ်း လုပ်ပါ ပြောလိုက်တော့ အစိုးရဝန်ထမ်း လုပ်ချင်တယ်တဲ့လေ.. ငါ့ခင်ပွန်းလေး အိမ်မက်ကို ငါ support ပေးမှာ..

16.11.2019 : ငါ အလုပ်ဖြုတ်ခံလိုက်ရတယ်.. ငါလုပ်နေတဲ့ ကုမ္ပဏီက Jungkook အဖေရဲ့ အချိတ်အဆက်တွေထဲ ပါပုံပဲ.. သက်သက်ကြီး ငါတို့ကို ဆင်းရဲတွင်းထဲ တွန်းပို့တာ.. ငါ ဂရုမစိုက်ပါဘူး အဲ့အလုပ်တစ်ခုပဲ ရှိတာကြလို့..

17.11.2019 : ငါတို့ တကယ်ကြီး လက်ထပ်ခဲ့ပြီ.. တိုက်ခန်းလေးကိုလည်း ပြောင်းလာခဲ့ပြီ.. Jungkook အဖေလည်း ငါတို့ကို ဘာလုပ်နေလဲ ဘယ်လိုကြပ်တည်းနေလဲဆိုတာ ဘယ်တော့မှ လိုက်ချောင်းလို့ မရတော့ဘူး.. ဒါပေမယ့် နည်းနည်းကျဉ်းတော့ Jungkook နေရတာ အဆင်ပြေပါ့မလား တွေးပူမိတယ်..

18.11.2019 : ထင်တဲ့အတိုင်းပဲ.. ဒီတိုက်ခန်းမှာ Jungkook နေရ အဆင်မပြေ ဖြစ်နေလား မသိဘူး ညက ဖျားသွားပြီ။ ဒါတောင် သူက အဆင်ပြေတယ် ငြင်းတုန်း..

19.11.2019 : ငါအလုပ် အသစ်ရပြီ တော်သေးတယ်.. မဟုတ်ရင် ငါ့ခင်ပွန်းလေး ပင်ပန်းနေရဦးမှာ..

တစ်ရက်ချင်းစီတိုင်းမှာ Park Jimin ဟာ Jeon Jungkook ကို အမြင့်ကနေ ဆွဲချခဲ့လို့ အားနာ သနားနေမိပြီး သဲသဲလှုပ်နေကြောင်း နည်းအမျိုးမျိုးဖြင့် ဖော်ပြရေးသား ထားလေသည်။ Jeon Jungkook ဘာလို့ ကိုယ့်ကို သဲသဲလှုပ်နေလဲ ဆိုတာ သိပ်မအံ့ဩမိတော့..။ ငါတို့ တစ်ယောက်ကို တစ်ယောက်ကို တစ်ယာက် ကာကွယ်ပေးချင် စိတ်နဲ့ လက်ထပ်ခဲ့ကြတာပဲလေ...။

8.12.2019 : အလုပ်ကလည်း လုပ်တာ မကြာသေးဘူး အားလုံး အဆင်ပြေပြီးမှ ငါ့ကို ထုတ်လိုက်ပြီတဲ့ ဘာလို့လဲမေးတော့ လူကြီးအမိန့်အရပါတဲ့ ကြည့်ရတာ ဒီကုမ္ပဏီလည်း J Group အချိတ်အဆက်ထဲက ထင်တယ်။

11.12.2019 : အလုပ်တွေ အကုန်တော့ လျှောက်ထားတာပဲ.. J Group နဲ့ လွှတ်တဲ့ တစ်ခုက ခေါ်လိမ့်မယ်။

စာတိုလေးကြောင့် Jimin စိတ်မကောင်းဖြစ်မိသည်။ Park Jimin က အရမ်းပင်ပန်းခဲ့တာပဲ.. အဲ့တာကို သိလို့ Jeon Jungkook ကလည်း အတိတ်မေ့သွားတဲ့အပေါ် ဘာမှ မပြောပဲ တမင် ပင်ပန်းဆင်းရဲအောင် လုပ်တဲ့ သူ့အဖေကိုလည်း နာကျည်း မုန်းတီးနေတာ ဖြစ်နိုင်တယ်..။ မသိတာ က ငါ.. ဘာမှမသိပဲ အတင်း သဘော သွားကောင်းမိတာ...။

24.12. 2019 : ငါအလုပ်မရှိတော့ ငါ့ခင်ပွန်းလေးလည်း မျက်နှာလေးကို ငယ်လို့.. တောင်းပန်ပါတယ်ပဲ ပြောနေတယ် သူနဲ့ မဆိုင်တာကို..

5.1.2020 : ဒီနေ့ Jungkook အစိုးရစာမေးပွဲ ဖြေရတယ်.. ဖြေနိုင်ခဲ့တယ်လို့ ပြောပေမယ့် ဖြေနိုင်ပါစေ ထပ်ဆုတောင်း ပေးမိတယ်.. ငါ့ယောက်ျားကို မျက်နှာမငယ်စေချင်ဘူး..

12.1.2020 : Jungkook ရေးဖြေအောင်တယ်တဲ့လေ အင်တာဗျူးလည်း အောင်ပါစေ ဆုတောင်းတယ်..

30.1.2020 : သဖက်ခါက စပြီး Jungkook အလုပ်ဆင်းရတော့မယ်.. သူလည်း အရမ်းပျော်နေတာမို့ ငါလည်းပျော်တယ်

တအားကို ဖြစ်နေတာပါလား Park Jimin ရယ်..။ ဝတ္ထုတိုလေး ဖတ်နေရသလို ကြည်နူးမှုက ရင်ထဲ ရိုက်ခတ်နေလေသည်။ သိချင်တဲ့ အဓိက အကြောင်းအရာ သိသွားပြီမို့ Jimin စာရွက်တွေကို မဖတ်တော့ပဲ မျက်လုံးနဲ့ ကြည့်ရုံလောက်သာ ဖတ်ပြီး လှန်လိုက်တော့သည်။ အချိတ်အဆက် ပေါ်တဲ့ Jungkook အဖေရဲ့ ကုမ္ပဏီကြီးတွေကြောင့် အချိန်တော်တော်ကြာကြာအထိ ဘာအလုပ်မှ မရှိခဲ့တဲ့ Jimin က ဘီဘီဆံသဆိုင်လေးနဲ့မှ အဆင်ပြေသွားပုံ..။ နှစ်ယောက်လုံးက လစာအများကြီး မဟုတ်တော့ အဆင်ပြေတယ်ရယ်လို့ မဟုတ်ပေမယ့် ပြေလည်ရုံပေါ့..။ အခုလိုပါပဲ... နေ့တိုင်းမဟုတ်တောင် များသောအားဖြင့်တော့ အတူတူသွားကြပြီး အတူတူပြန်ခဲ့ကြလေသည်။ ညစာ ကို တစ်ယောက်တစ်လှည့်စီ ချက်ရင်း Drama အတူကြည့်ပြီး အိပ်ရာဝင်ခဲ့ကြသည်။

လှန်ကြည့်ခဲ့ရာက တဖြေးဖြေး နောက်စာရွက်တွေဆီ ရောက်လာပေမယ့် Park Jimin က အချိန် တော်တော် ကြာတဲ့အထိ Jungkook အပေါ် အားနာမဆုံး ဖြစ်နေသည့် အရေးအသားတွေကြောင့် စာဖတ်နေတဲ့ Jimin ပါ ထပ်တူ မွန်းကြပ်လာသည်။ စိတ်ပင်ပန်းခဲ့တယ် ဆိုတာ ဒါတွေလား Park Jimin ရယ်.. ဟိုက မင်းကို ချစ်လွန်းလို့ အရာအားလုံးကိုတောင် ကျောခိုင်းခဲ့ပြီး မိသားစုနဲ့ ပတ်သက်တာ မှန်သမျှ ဘာမှတောင် စိတ်ထဲ မရှိတော့တာကို မင်းက အလကား တွေးပူနေခဲ့တာပဲ..။

နောက်ဆုံး ရေးသားခဲ့သည့် အတိတ်မမေ့ခင် တရက်လို့ သက်မှတ်ရတဲ့ Date လေးကြောင့် Jimin စာရွက်လှန်နေသည့် လက်တို့ ရပ်တန့်လိုက်သည်။

25.9.2021 : ငါ ဒီစာကို နောက်ဆုံးရေးတာ ဖြစ်နိုင်တယ် ဘာလို့လဲ ဆိုတော့ Jungkook က ခိုးဖတ်လို့..

Jimin ဖတ်နေရင်းနဲ့ လစ်ကနဲ ရယ်မိသွားသည်။ ဒီငတုံးကတော့ သူများ Diary ကို ခိုးဖတ်စရာလား..။

ငါတို့စကားများခဲ့ကြတယ်.. သူ့အပေါ် ငါက မလိုအပ်တာတွေ လျှောက်တွေးပြီး စိတ်ပင်ပန်းခံနေတယ်တဲ့လေ ငါက သူ့အပေါ်ချစ်လွန်းလို့ ဖြစ်သွားတာကို နားမလည်ဘူး.. လူဆိုးပဲ။ အခုတော့ ပြန်အဆင်ပြေသွားပါပြီ ငါငိုလိုက်လို့ သူပြန်ချော့တယ်။ ငါတို့ Drama အတူကြည့်ပြီး ထမင်းစားပြီး အိပ်ရာဝင်ခဲ့ကြတယ်... အခုတော့ လူဆိုးလေးလည်း ဘေးမှာ အိပ်ပျော်နေပြီ ငါလည်း ငါ့လူဆိုးလေးအနား ဝင် အိပ်တော့မယ် Good Night.

မောင် တမင် ခိုးဖတ်တာ မဟုတ်ပါဘူး Hyung ရယ်..

ရုတ်တရပ် လက်ရေးပြောင်းသွားသည့် နောက်တကြောင်းကြောင့် Jimin အံ့ဩသွားသည်။

မတော်တဆ ဖတ်မိရင်း Hyung မောင့်အကြောင်း ရေးထားတာလေးတွေ အသည်းယားလို့ ဆက်ဖတ်မိတာပါ.. ဒါပေမယ့် မောင့်ကြောင့် အများကြီး စိတ်ပင်ပန်းနေခဲ့တာကို ဒီစာအုပ်လေးကို ဖတ်မှ သိရတော့ အရမ်း စိတ်မကောင်း ဖြစ်မိတယ် အရမ်းလည်း ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်.. မောင်သာ မချမ်းသာခဲ့ရင် ကောင်းမှာပဲနော် ဒါဆို မောင့်ယောက်ျားလည်း စိတ်ညစ်ရမှာမဟုတ်ဘူး.. မောင့်ယောက်ျား စိတ်ပင်ပန်းနေခဲ့တာတွေ အကုန်လုံး ပျောက်ကွယ်သွားရင် ကောင်းမှာပဲနော်.. ဘယ်လိုပဲနေနေ မောင့်ယောက်ျားကို မောင်က အရမ်းချစ်တာမို့ မောင့်ယောက်ျားကလည်း စိတ်ပင်ပန်းတာတွေ မတွေးပဲ မောင်နဲ့ လက်ရှိအခြေအနေကို အတူတူ ပျော်ပေးနော်.. ဒီစာလေးကို ဖတ်ဖြစ်တဲ့အခါကျ မောင့်ကို အနမ်းလေးပေး ပေးပါ..

Jimin ပြုံးပြီးမှ သက်ပြင်းချလိုက်မိသည်။ နောက်ပိုင်း စာရွက်အလွတ်များသာ ရှိတော့သည်မို့ စာအုပ်လေးပိတ်ကာ ထိုင်အတွေးများနေမိသည်။ Jungkook ဘက်ကကြည့်ရင်တော့ Jimin အတိတ်မေ့တာက သူ့ဆုတောင်းလေး ပြည့်သွားသလို Jimin အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုလိုပဲမလား..။ အပူပင် ကင်းမဲ့နေတဲ့ Jimin ကြောင့် အတိတ်မေ့တာကို ထမင်းစား ရေသောက်သလို အပြုံးမပျက် လက်ခံပေးခဲ့တာလား.. အဲ့တာကြောင့် အရင်ကလို ထပ်မခံစားရစေဖို့ သူချမ်းသာပါတယ်ဆိုတာကိုရော လျှို့ဝှက်ပေးခဲ့တာလား..။

တကယ်တော့ Park Jimin က Jeon Jungkook ကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့တာ မဟုတ်ခဲ့သလို Jeon Jungkook ကလည်း Park Jimin ကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့တာ မဟုတ်ခဲ့ဘူး ..။ ဒါပေမယ့် ကိုယ့်ကြောင့် ပင်ပန်းနေတဲ့ ကိုယ့်အိမ်ထောင်ဘက်ကို ကြည့်ရင်း ငါက သူ့အတွက် အနှောင့်အယှက်ကြီးဆိုတဲ့ စိတ်နဲ့ Jungkook နဲ့ စကားများခဲ့ကြပုံပဲ..။ ဘယ်လိုပဲ တွေးတွေး အကျဉ်းချုပ်ပြောရရင် Jeon Jungkook က Park Jimin အတွက် အရေးပါတာမို့.. ငါကလည်း ဒီတိုင်းထိုင်နေလို့မရဘူး.. ငါ ဒီမှာ ရှိနေသရွေ့ Jeon Jungkook က ငါ့ဘေးမှာပဲ ရှိရမယ်.. ဘာလို့လဲ ဆိုတော့.. ငါကလည်း Park Jimin ပဲလေ.. အဖေ့နောက်လိုက်ခဲ့တဲ့ Park Jimin ပေါ့...။

Diary စာအုပ်လေးနဲ့ အတွေးများနေတာ ညနေပင် စောင်းသွားပြီမို့ Jeon Jungkook ပြန်ခေါ်ရေး အစီစဉ်ချရင်း ဘောင်းဘီအိတ်ထဲက ဖုန်းလေးကို ထုတ်ကာ နံပါတ်တစ်ခုဆီ ခေါ်လိုက်သည်။

"မင်းအခု ငါ့ကို ကားနဲ့ လာခေါ်ရင် မင်းဆီက ရစရာရှိတဲ့ ဝမ်သိန်းငါးဆယ် မတောင်းတော့ဘူး"
"Ya.. မင်း လူတစ်ယောက်ကို အကူညီမတောင်းတတ်ဘူးလား.. တခါလာ ခြိမ်းခြောက် တခါလာ ခြိမ်းခြောက်နဲ့"

တဖက် ဖုန်းထဲက Taehyung ငေါက်သံကြောင့် Jimin စိတ်မရှည်သလို သက်ပြင်း တိုးတိုးလေးချရင်း

"မတောင်းတတ်ဘူး ရှင်းလား အခုလာခေါ် ဒါပဲ"
"လာပြီဟေ့ အရိုင်းအစိုင်းရဲ့"

အော်ပြီး ဖုန်းချသွားသည့် Taehyung ကြောင့် Jimin ပြုံးလိုက်မိသည်။ မလာတာလည်း မဟုတ်ပဲ အပိုတွေ...။ Jimin ရေချိုးပြီး အခန်းကျဉ်းလေးထဲ လိုအပ်သည့် အရာလေး သယ်ဆောင်ကာ တိုက်ခန်းအောက် Taehyung ကို အသင့်စောင့်နေလိုက်သည်။

"ဘာလဲ မိုးချုပ်နေပြီကို.. ဘယ်သွားချင်လို့လဲ"

ကားရပ်လိုက်တာနဲ့ အပြစ်တင် စကား အရင်ဆိုတဲ့ Taehyung အား Jimin မျက်စောင်းအရင်ထိုးပြီးမှ ကားတံခါးဖွင့်ကာ ကားပေါ်တက်ထိုင်လိုက်သည်။

"ငါ Jeon Jungkook ကို အရေးကြီး လိုအပ်နေတယ်... ဒီည သူ့ကိုရအောင် ပြန်ခေါ်မှာ.. ဒါနဲ့ ဘာလို့ ပြိုင်ကားမယူခဲ့တာလဲ"
"ညဘက်ကြီး အန္တရာယ်များတယ် မမောင်းချင်လို့.. ထားပါ ဒါမျိုးတော့ ငါက တဝကြီး ကူညီတယ်.. ကိုယ့်အလှည့်ဆိုတာ ရှိသေးတယ်လေ ဟဲဟဲ"

Taehyung စကားကို Jimin ခေါင်းခါရင်းသာ ပြုံးလိုက်မိသည်။ Jungkook မိဘအိမ်ကို Jimin လမ်းပြမှုနဲ့ ဦးတည်နေရင်း Jungkook မိဘအိမ် တည်ရှိရာသို့ ရောက်လာသည်။

"ဝါး... Jungkook က ဒီလို အိမ်ကြီးရဲ့ သားလား မိုက်လိုက်တာ"

မီးရောင်များ လင်းထိန်းကာ ခမ်းနားထည်ဝါလှသော အဖြူရောင် တိုက်ကြီးကို ငေးရင်း Taehyung က ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။ Jimin က နှာခေါင်းလေး ရှုံ့ရင်း

"အဲ့လောက်လေးကတော့ ငါက ချမ်းသာတယ်လို့ကို မမြင်တာ"
"မင်းကတော့ ဘယ်သူ့ကိုမှ ချမ်းသာတယ်လို့ မြင်မယ်ပုံ မပေါ်ဘူး"

Taehyung စကားကို ဒီတစ်ခါတော့ Jimin ခေါင်းငြိမ့်လက်ခံသည်။ အမှန်ပဲလေ... ဒီအိမ်က Alex Armanto အိမ်တော်ရဲ့ တခြမ်းပဲ ရှိပါသေးတယ်.. တကယ့် ချမ်းသာမှု စစ်စစ်ကို ဂျာမနီက Grazie ထက် ဘယ်သူက ပိုသိမှာလဲ..။

"သွားစို့"
"Ya.. ya ya ဒီတိုင်းကြီး သွားမှာလား ခိုးမဝင်ဘူးလား"
"ခိုးဝင်ရအောင် ငါက သူခိုးမှ မဟုတ်တာ"

ပြောပြီး အိမ်ဝန်းတံခါးကြီးနား ထွက်သွားတဲ့ Jimin ကြောင့် Taehyung အနောက်ကနေ ပြေးလိုက်ရသည်။

လူခေါ်ခေါင်းလောင်း ဆက်တိုက်နိုပ်နေတဲ့ အပြင်က အသံကြောင့် Mr.Jeon တစ်ယောက် မျက်မှောင်ကြုံလျက် အိမ်ဖော် အဒေါ်ကြီးအား မဖွင့်ခိုင်းပဲ နေခိုင်းခဲ့ရာမှ အရှုံးပေးလိုက်ရသည်။ တံခါးဖွင့်ပေးလိုက်တာနဲ့ Jimin ခပ်ညစ်ညစ်လေး ပြုံးရင်း ခြံဝန်းထဲက ပန်းအိုးတွေ အကုန် တွန်းလှဲ ကန်ထုတ် ပြီးမှ ဝင်လာလိုက်သည်။ Taehyung ကတော့ အနောက်ကနေ နှုတ်ဖြင့် တားနေရုံသာ သူကိုယ်တိုင်လည်း မနိုင်။

"မင်းက ဒီကို ဘာလာလုပ်တာလဲ"

Bodyguard လို လူနှစ်ယောက် ဘေးမှာ ခြံရံရင်း အေးဆေးစွာ ထိုင်နေသည့် Mr Jeon ကို Jimin ဂရုမစိုက်သလို အပေါ်ထပ်ကိုသာ ကြည့်ကာ အော်လိုက်သည်။

"Jeon Jungkook အိမ်ပြန်မယ်"

အောက်ထပ်က အော်သံကြောင့် Jungkook လှဲလျောင်းနေရာမှ ချက်ခြင်း ထထိုင်လိုက်သည်။ အလွမ်းပိပြီး နားကြားများ လွဲလေသလား..။

"Jeon Jungkook.. အခု အောက်ဆင်းခဲ့"

သေချာတယ် နားကြားမလွှဲတော့ဘူးဆိုတာ..။ အပြင်ကနေ သော့ခတ်ထားတဲ့ အခန်းတံခါးကို အားကုန်သုံးပြီး တဒုံးဒုံး ထုနေလိုက်သည်။ အပေါ်ထပ်က တံခါးထုသံကြောင့် Jimin က ရိပ်စားမိသွားသလို

"ခင်ဗျား Jeon Jungkook ကို သော့ခတ်ထားတာလား.. ခင်ဗျားသားကိုလေ"
"ယာယီထိန်းသိမ်းထားတာပါ.. သူဆင်းမလာနိုင်ဘူးမို့ ပြန်တော့"
"ခင်ဗျား ကျွန်တော့်ကို တစ်ညပဲ ခေါ်သိပ်မယ်လို့ ပြောခဲ့တယ်မလား.. ခင်ဗျား ပြန်လာမပို့လို့ ကျွန်တော်က ပြန်လာခေါ်တာ.. Jeon Jungkook မပါပဲ မပြန်နိုင်ဘူး"

Jimin အဖြေကြောင့် Mr.Jeon က ခပ်ပြုံးပြုံးဖြင့် အနားက Bodyguard အား တိုးတိုးလေး ပြောလိုက်သည်။

"ပြန်ပို့ပေးလိုက်"

စေခိုင်းချက်ကို ကြားတာနဲ့ Jimin တံခါးနားမှာ ထားထားသည့် ဂေါက်အိတ်ထဲက ဂေါက်ရိုက်တံ တစ်ချောင်းကို အလျင်မြန်ဆုံး ဆွဲထုတ်လိုက်သည်။ Jimin ဆွဲထုတ်လိုက်တဲ့ အချိန်တို အတွင်းမှာပဲ Bodyguard လေးယောက်လောက်က အနား ရောက်နှင့်ပြီးသား..။ Jimin သဘောကျစွာပြုံးလျက်

"လာလေ.. ငါက Kendo ကို 8 နှစ်လောက် သင်ဖူးတယ်.. ပြီးတော့ ငါရဲ့ လုံခြုံရေးအတွက် ကိုယ်ခံပညာတွေ အများကြီး သင်ဖူးပြီသား"

Fairytale  ဆန်ဆန်လေးပေါ့..။ မင်းသမီးလေးကို ကယ်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်နေရတဲ့ မင်းသားလေး..။ ကယ်ရမယ့် သူက မင်းသမီးလေးတော့ မဟုတ်ပေမယ့် မင်းသမီးလေးလို ဖြူဖြူစင်စင် ကောင်လေးလေ..။ ဒါမှမဟုတ် Jimeo နဲ့ Kookliet...။ Villain တွေကို မနိုင်တဲ့ မင်းသားရယ်လို့ မရှိသလိုပါပဲ... Park Jimin ဟာလည်း ဂေါက်ရိုက်တံတစ်ချောင်းနဲ့ Bodyguard တွေ အကုန်လုံးကို လက်စွမ်းပြနိုင်ခဲ့သည်။

"ရှိသေးလား ထပ်ခေါ်လိုက်ပါဦး"

လူးလိမ့်နေတဲ့ Bodyguard လေးယောက်နဲ့ ဆရာကြီးစတိုင်လ် ဂေါက်ရိုက်တံကို ပခုံးထက်တင်ရင်း မေးနေသည့် Jimin ကြောင့် Mr.Jeon ဒေါသထွက်ကာ အော်ငေါက်လိုက်လေသည်။

"ကလေကချေကများ ငါ့အိမ်ထဲ အထိ ဝင်လာပြီး ရမ်းကားနေတာ.. မင်းကို ငါ တရားစွဲမယ်"
"တရားစွဲမှာလား.. စွဲလေ.. ဘယ်သူက ရှုံးမှာလဲသိလား စာချုပ်နဲ့ တရားဝင် ယူထားတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖြိုခွဲတဲ့သူပေါ့.. မဟုတ်ဘူးလား"

Jimin စကားကြောင့် Mr.Jeon မှာ ဘာပြန်ပြောရမှန်း မသိ ခဏတာ စွံ့အနေမိသည်။ Jimin က Taehyung အား ကိုင်ခိုင်းထားသည့် Suitcase ကို ဆွဲယူလိုက်ပြီး ဖွင့်ကာ အထဲပါသည့် ပိုက်ဆံတွေအကုန် လေမှာ ဝဲလိုက်သည်။

"ခင်ဗျားရဲ့ ဝမ်သိန်းတစ်ရာ ခင်ဗျားပြန်ယူ.. ကျွန်တော်လည်း ကိုယ့်ယောက်ျားကိုယ် ပြန်ခေါ်မယ်"

ပြောပြီး Jimin အိမ်ပေါ်ထပ် တက်သွားလေသည်မို့ Taehyung မှာ နောက်က ပြေးလိုက်ရပြန်သည်။

"Jeon Jungkook"

အပေါ်ထပ်ရောက်လာသည့် အသံကြောင့် Jungkook အခန်းတံခါးကို ထပ်ကာ တဒုံးဒုံး ထုနေမိသည်။

"ဒီထဲမှာလား"

အခန်းအပြင်မှ လာတဲ့ အသံချိုချို စူးစူးလေးကြောင့် Jungkook မျက်ရည်တို့ ဝဲတက်လာသည်။ တကယ်ကြီး ပြန်လာခေါ်တာပဲ..။

"နောက်ဆုတ်နေနော်.. ငါ တံခါးကို ကန်ဖွင့်မှာမို့လို့"
"ဟုတ်"

အခန်းလေးထဲက ငိုမဲ့မဲ့ ဖြေသံလေးကြောင့် Jimin ခိုးပြုံးလိုက်မိသေးသည်။ ဒီငတုံးလေး ငိုနေတာလား..။ သော့ခလောက်ခတ်ထားကာ နေရာကို အားပြု ဆောင့်ကန်ရင်း သုံးခေါက်လောက် ကြိုးစားလိုက်တော့ ပွင့်ထွက်သွားသည်။ တံခါးပွင့်သွားတာနဲ့ အင့်ခနဲ ပြေးဖက်လာသည့် ရင်အုပ် ကျယ်ကြီးကြောင့် Jimin ကြောင်သွားမိသည်။

"Hyung က မောင့်ကို ပြန်လာခေါ်တာလားဟင်.. ကျွန်တော်တို့အိမ်ကို ပြန် ခေါ်သွားမယ် မလား.. မောင့်ယောက်ျားကို အရမ်းလွမ်းနေခဲ့တာ"
"မနေ့ကကျ မုန်းလိုက်တာဆို"
"စိတ်ဆိုးတုန်း ခဏ ပြောမိတာကို Hyung ရယ်.. မောင် အရမ်းချစ်တာ သိသားနဲ့"

မျက်ရည်လဲ့နေသည့် မျက်လုံးဝိုင်းကြီးတွေကြောင့် Jimin နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ဒီ မျက်လုံးဝိုင်းကြီးတွေကို ငါ သဘောကျလိုက်တာ Jeon Jungkook ရယ်..။ Jungkook ပါးပြင်ပေါ်က မျက်ရည်စ လက်ကျန်လေးတွေကို Jimin ခြေဖျားလေးထောက်ကာ ဖွဖွလေး သုတ်ပေးလိုက်ပြီး ငေါက်လိုက်သည်။

"မင်းငတုံးလား.. တံခါးသော့ခတ်ထားရင် သော့နေရာကို မှန်းပြီး ခြေထောက်နဲ့ ကန်ဖွင့်ရတယ်.. တဒုံးဒုံး ထုနေလို့ ဘယ်လိုလုပ် ပွင့်မှာလဲ.. တကယ်ပဲ.. လာ.. အိမ်ပြန်စို့"

ကမ်းလာတဲ့ လက်ဖဝါး ဖောင်းဖောင်းလေးကို Jungkook တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ အပေါ်ထပ်က အတူဆင်းလာရင်း အောက်ရောက်တော့ ထပ်ဖြည့်ထားသည့် Bodyguard တစ်စု Jimin ဟားတိုက်သလို ခပ်သဲ့သဲ့လေး ရယ်လိုက်ရင်း

"ကျွန်တော်တို့ကို ထပ် နှောက်ယှက်မလို့လား.. တရားရုံးမှာ အမှုတိုးချင်နေပုံပဲ.. ကျွန်တော်က ခင်ဗျား သိထားတဲ့ အရင်က Jimin မဟုတ်ဘူး.. ဒီနေ့ Jeon Jungkook ကို အိမ်ပြန်မခေါ်နိုင်ခဲ့ရင် နောက်ရက် ခင်ဗျားကို တရားရုံးခေါ်မယ့် Jimin ပါ"
"ငါ့ကို တရားစွဲဖို့ လွယ်မယ်ထင်နေလား"
"ခက်ခဲလည်း ရအောင် စွဲမှာပါ.. ဒီသူငယ်ချင်းက ရှေ့နေ့လေ ဒီနေ့အဖြစ်အပျက်တွေအကုန် သူမြင်အောင် ခေါ်လာတာ"

Taehyung ဘက်ကို ငေးမော့ကာ ပြောလိုက်တဲ့ Jimin စကားကြောင့် Taehyung ကြောင်သွားသည်။ ငါက ရှေ့နေလား..?။ အလိုက်အထိုက် Jimin flow အတိုင်း ခပ်တည်တည်နဲ့ အိမ်ပတ်ဝန်းကျင်ကို တချက် ဟိုကြည့်ဒီကြည့် လုပ်ပေးလိုက်ရသေးသည်။ တော်တော်မွှေတဲ့ သူငယ်ချင်း နေရင်းထိုင်ရင်း ရှေ့နေတွေပါ ဖြစ်လို့..။

Jimin က တံခါးနားက စားပွဲသေးလေးပေါ် အလှတင်ထားသည့် ကြွေပန်းအိုးကြီးအား လက်ဖြင့် ပုတ်တွန်းလိုက်ပြီး ကျကွဲသွားမှ Mr.Jeon ဘက် လှည့် ပြုံးပြလိုက်သည်။

"ဆောရီးနော်.. ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး"
"ဟို ဒီပန်းအိုးကို ခွဲတာတော့ ကျွန်တော်မပါဘူးနော်.ဟီး.."

ပြောပြီး Taehyung လည်း Jimin အနားသာ အမြန် ကပ်လိုက်ရသည်။ ကားလေးပေါ် ရောက်မှ နောက်ခန်း ထိုင်နေတဲ့ Jungkook နဲ့ Jimin အား back မှန်ကနေ ကြည့်ရင်း သက်ပြင်းချပြကာ

"Park Jimin တို့ မွှေလိုက်တာ.. ငါ့မှာ ရသမျှ ဘုရားစာ အကုန်ရွတ်နေရတယ် ငါ့ဘဝမှာ ဒီနေ့လောက် ဘယ်နေ့ကမှ ဘုရားတရား မမြဲဖူးဘူး"

Taehyung စကားကို Jimin က နောက်ခန်းလေးထဲကနေ ခြေထောက်ချိတ်ထိုင်ရင်း ပခုံးတွန့်ပြလေသည်။ Jungkook ကတော့ သူ့ခင်ပွန်းလေး လုပ်သမျှ သဘောကျစွာငေးမောနေမိသည်။ ထိုင်တာတောင် ရှေ့တည့်တည့် မထိုင်နိုင်.. ခန္ဓာကိုယ်ကြီးက Jimin ဘက်ကို လှည့်လို့..။ တကယ်ပါ မမြင်ရတဲ့ တစ်ရက်က.. တစ်နှစ်လိုပဲ..။

"မောင့်ယောက်ျားက မောင့်ကို ထားသွားပြီထင်တာ"
"ငါက ပုံမှန်လိုဆို ရက်စက်တတ်တာ မှန်ပေမယ့် ဒီတိုင်း သနားလို့ ပြန်လာခေါ်တာ.. မင်းက သနားစရာ ကောင်းတယ်လေ"

Jimin စကားကြောင့် Taehyung က ကားမောင်းရင်း အပြစ်တင်ချင်နေဟန် မျက်စောင်း လှမ်းထိုးလေတော့သည်။ Jimin မြင်လိုက်ပေမယ့် ဂရုမစိုက်သလို လက်ပိုက်ထားလိုက်သည်။ ရုတ်တရပ် ခါးနားကို ကျူးကျော်လာတဲ့ လက်တွေကြောင့် Jimin ဆိုဒ်ဂိုက်အပြည့် ထိုင်နေရာမှ တွန့်ကနဲ ဖြစ်သွားသည်။ Jungkook ကတော့ Jimin ခါးသွယ်သွယ်လေးကို သိမ်းဖက်ထားရင်း ပခုံးလေးထက် မျက်နှာအပ်ကာ

"အရမ်းလွမ်းနေခဲ့တာပါ Hyung ရယ်"
"ငါ့ကို ပရော်ပရီစကားတွေ မပြောစမ်းနဲ့"

Jimin တစ်ယောက် ပါးစပ်ကသာ ငြင်းဆိုနေပေမယ့် ရင်ထဲကတော့ ကျေနပ်နေမိသည်။

"တကယ် သိလား.. အလွမ်းတွေပိပြီး ရင်ထဲမှာနွမ်းနေတာ မောင်သာ ပန်းလေးတစ်ပွင့် ဖြစ်မယ်ဆိုရင်လေ ဒီအချိန်မှာ နွမ်းဖတ်ပြီး ကြွေနေလောက်ပြီ"

Jungkook စကားကြောင့် Jimin တစ်ယောက် ပခုံးပေါ် စောင်းတင်ထားတဲ့ ခေါင်းလေးအား စောင်းကြည့်လိုက်တော့ Jungkook ကလည်း မော့ကြည့်ရင်း တိုးတိုးလေး ဆိုလာသည်။

"အရမ်း ချစ်တယ် Hyung..."

တဒိတ်ဒိတ်ခုန်လာတဲ့ နှလုံးခုန်သံကြောင့် Jimin အဆုံးသတ်မှာ လက်ခံလိုက်မိသည်။ ငါရောပဲလို့တော့ ထင်တာပဲ...။

"ငါ..."

ငေးကြည့်နေသော ချစ်ရည်ရွှန်းလဲ့နေသည့် မျက်လုံးဝိုင်းကြီးတွေကြောင့် Jimin ပို နှလုံးခုန်းမြန်လာသည်။ ဝန်ခံဖို့ ကြိုးစားရင်းမှ ကိုယ်တိုင် ရှောင်ပြေးထွက်ခဲ့လိုက်မိသည်။ အေးဆေးပေါ့.. မသေချာသေးပဲ လွယ်လွယ်ပြောလို့ ရတဲ့ စကားမျိုးမှ မဟုတ်တာ.. နောက်မှ ပြောလည်း ရတာပဲ..။

"ငါ... ငါ ဗိုက်ဆာနေပြီ အိမ်ရောက်ရင် ညစာပြင်ပေး"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပွဲတွေဝင်နွဲနေရလို့ စာမရေးနိုင်လို့ နောက်ကျသွားတယ်.. ခဏခဏ လာတောင်းကြတော့ အားနာလို့ ဒီနေ့ အပြီးရေးပြီး အပ်လိုက်ပါပြီ အမှားပါရင် ခွင့်လွှတ်ပါ 💕


Zawgyi;

Unicode;

'တီ.. တီ.. တီ.. တီ'

ႏႈိးစက္ကို ထပိတ္လိုက္ရင္း Jimin ေလးလံစြာ ႏိူးထလာခဲ့သည္။ ညကလည္း ဘာမွမစားပဲ ငိုၿပီး အိပ္လိုက္လို႔လား မသိ အိပ္ရာက ႏိူးတာနဲ႔ ဗိုက္ကအရင္ ဆႏၵျပေလသည္။

"Jeon Jungkook"

ေယာင္ေယာင္မွားမွား ေအာ္ေခၚလိုက္ၿပီးမွ ေျဖသူမဲ့ မီးဖိုေခ်ာင္ေလးေၾကာင့္ Jimin ကိုယ့္ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး သက္ျပင္းခ်လိုက္မိသည္။ ခုထိဘာေတြ ျဖစ္သြားမွန္း သူ ေသခ်ာမသိေသး။ ေသခ်ာတာကေတာ့ Jungkook သူ႔ကို အထင္လြဲေအာင္ Jungkook အေဖ ကိုယ္တိုင္က လုပ္လိုက္တာဆိုသည္ပင္။ ေရခဲေသတၱာထဲက ေအးစက္စက္ ယိုဘူးေလးထုတ္ ေပါင္မုန႔္ထုတ္ေလး ဆြဲယာကာ ေပါင္မုန႔္ေလးအေပၚ ယိုသုတ္ရင္း သက္ျပင္းထက္ခ်မိျပန္သည္။ ငါစားခ်င္တာ ဒါမွမဟုတ္တာ...။

ျပန္ရစ္ဝိုင္းေနမိတဲ့ မ်က္ရည္စတို႔ကို ဖယ္ရွားရင္း Jimin ကိုယ္တိုင္လည္း နားမလည္။ အၿမဲ စကားမ်ားသံေတြနဲ႔ ဆူညံ့ေနခဲ့တဲ့ တိုက္ခန္းက်ဥ္းေလးဟာ 'ေမာင့္ေယာက္်ား' နာမ္စားေလးနဲ႔ အစပ်ိဳးေပးမယ့္ Jungkook မရွိေတာ့ က်ယ္ဝန္းေနသေယာင္ေယာင္နဲ႔ အထီးက်န္စရာ ေကာင္းလွသည္။ Jeon Jungkook သာ မရွိရင္ Park Jimin ရဲ႕ ဘဝႀကီးက ပ်င္းစရာႀကီးေပါ့.. ။ ဒါမွမဟုတ္ သူ Jungkook အေပၚ အမ်ားႀကီး သံေယာဇဥ္ တြယ္ေနမိခဲ့ၿပီလား...။

ေအးစက္စက္ ေျခာက္ကပ္ကပ္ ေပါင္မုန႔္ယိုသုတ္ေလး စားရင္း ေရခဲေသတၱာထဲက ႏြားႏို႔ တစ္ဗူး ယူေသာက္လိုက္သည္။ ေသာက္ေနက်လို ႏြားႏို႔ ေႏြးေႏြးေလးမဟုတ္ေတာ့ သက္ျပင္းခ်မိျပန္သည္။ မိုးလင္းတာနဲ႔ အသင့္ျပင္ထားေပးတဲ့ မနက္စာပူပူေႏြးေႏြးဟာ ဘယ္ေလာက္ အဖိုးတန္ေၾကာင္း Jimin သိလိုက္ခဲ့ရသည္။ ဒါဟာ မနက္စာရဲ႕ ပါဝင္ပစၥည္းမ်ားနဲ႔ မဆိုင္ပါ။ လုပ္ေပးတဲ့ စားဖိုမႉးရဲ႕ ေစတနာနဲ႔ ခ်စ္ျခင္း ေမတၱာ တရားေၾကာင့္လည္း ျဖစ္ေကာင္ျဖစ္လိမ့္မည္။

"ဟိုတမန္ေတာ္က ငါ ဒီလို ဂ်ာမနီ ျပန္ခ်င္တဲ့ အခ်ိန္က် ေမးခြန္းလာမေမးဘူးလား လြန္လိုက္တာ.."

ေပါင္မုန႔္ ယိုသုတ္ေလးကို တစ္ကိုက္ကိုက္ရင္း တစ္ေယာက္ထဲ တီးတိုး ညည္းညဴလိုက္မိသည္။ ရႈပ္ေထြးေနတဲ့ အေျခအေနႀကီးကို လြတ္ခ်ခဲ့ၿပီး Grazie ေနရာပဲ အျမန္ဆုံး ျပန္ေရာက္ခ်င္မိေတာ့သည္။ ႏြားႏို႔ခြက္ေလးကို ကိုင္ရင္း ဧည့္ခန္းနားေရာက္လာၿပီး မဂၤလာေဆာင္ ဓါတ္ပုံေလးကို ေငးကာ တိုးတိုးေလး ေရ႐ြတ္လိုက္မိသည္။

"Park Jimin က ေယာကၡမေတြနဲ႔ မတည့္ဘူးလား.. အလကားေနရင္း ေခ်ာက္ခ်ခံေနရတယ္"

မေန႔က TV ေရွ႕က ဆိုဖာခုံေလးထက္ ဒီတိုင္းတင္ထားခဲ့တဲ့ ဝမ္သိန္း တစ္ရာပါ Suitcase အိတ္ေလးအနား သြားကာ ငုတ္တုတ္ထိုင္ေနမိသည္။ ျဖစ္သမွ်အေၾကာင္း အေကာင္းမွတ္ၿပီး ဒီပိုက္ဆံနဲ႔ ဂ်ာမနီက အဘိုးဆီပဲ ေျမးအျဖစ္ ခံယူေပးဖို႔ သြားေတာင္းပန္ရမလား..။ သက္ျပင္းရွည္ႀကီး တစ္ခ်က္သာ ဆြဲခ်လိုက္မိသည္။ ဒီလိုစိတ္ႀကီးနဲ႔ေတာ့ ဂ်ာမနီမသြားခ်င္ေတာ့ပါ..။ Jungkook နဲ႔ မသိခဲ့တဲ့ အေဖ့ေနာက္ လိုက္ခဲ့တဲ့ Park Jimin အေနနဲ႔သာ ျပန္ခ်င္ေတာ့သည္။

"ဟိုတမန္ေတာ္ အေဒၚႀကီးက ဒီေန႔ေပၚလာသင့္တယ္"

ဘယ္မွလည္း မသြားခ်င္ ဘာမွလည္း မလုပ္ခ်င္ TV ဖြင့္ထားၿပီး မၾကည့္ပဲ ငိုင္ေတြေနမိသည္။ တကယ္ Jeon Jungkook သာ မရွိရင္ Park Jimin ဆိုတဲ့ ဘဝႀကီးက ပ်င္းေျခာက္ေျခာက္ႀကီးရယ္...။ ကိုယ့္ဘာကိုယ္ ေတြးရင္း ေခါင္းခါလိုက္သည္။ မဟုတ္ဘူး.. ငါက အဲ့လို ဘဝကို သူမ်ားအေပၚ မွီခိုေနရတာကို ႀကိဳက္တဲ့သူမွ မဟုတ္တာ..။ ဘယ္သူရွိရွိ မရွိရွိ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ရထားတဲ့ ဘဝကို ျဖတ္ေက်ာ္ႏိုင္တဲ့ Grazie ေလ..။ ခ်က္ျခင္းပဲ ထိုင္ရာမွ ထကာ ေရထခ်ိဳးလိုက္ၿပီး ဘီဘီ ဆံသဆိုင္ေလးဆီ ထြက္လာခဲ့သည္။

"ေမာနင္း.. တစ္ေယာက္ထဲလား"

Hobi ရဲ႕ ႏႈတ္ဆက္သံေၾကာင့္ Jimin ဘာမွမဆိုင္တဲ့ Hobi ကို စိတ္ဆိုးေနသလို ၾကည့္လိုက္မိသည္။ Taehyung က ဆိုင္ေရွ႕ တံျမက္စည္းလွဲေနရာမွ ေျပးလာၿပီး

"Jimin ျပန္ေျဖမယ့္ အေျဖ ကြၽန္ေတာ္ သိတယ္.. ဆံပင္ဆိုင္ သူေဌး မ်က္လုံးထဲ ဘယ္ႏွေယာက္ ျမင္လို႔လဲ.. ဟုတ္တယ္မလား"
"မဟုတ္ပါဘူး.. ဆံပင္ဆိုင္သူေဌး မ်က္လုံးမပါဘူးလား လို႔ေမးမွာ ဟုတ္တယ္မလား"

ပေဟဌိ ဉာဏ္စမ္းတစ္ခုလို႔ Taehyung နဲ႔ Hobi က သူတို႔ဘာသူ အေျဖလု ေျဖရင္း ရယ္ေနသည္မို႔ Jimin ဘာမွမေျပာပဲ ဆိုင္ထဲသာ ဝင္ထိုင္လိုက္သည္။ Jimin အျပဳအမူေၾကာင့္ ရယ္ေနတဲ့ Taehyung နဲ႔ Hobi ေၾကာင္သြားသည္။ အတိတ္ေမ့ေနတဲ့ Jimin က သူတို႔စတာကို အဲ့ဒီလို ေအးေဆး ေက်ာ္သြားမယ့္ လူမ်ိဳးမွ မဟုတ္တာ..။

"မင္း ေၾကာက္စရာေကာင္းေအာင္ ဘာလို႔ၿငိမ္ေနတာလဲ"

Jimin ဘာမွျပန္မေျဖ တိတ္ဆိတ္စြာ သက္ျပင္းခ်ေလသည္မို႔ Hobi လည္း မေနႏိုင္ ဝင္ေမးရသည္။

"ဘာျဖစ္လာတာလဲ ဘာလို႔ ဒီေလာက္ မႈိင္ေတြေနရတာလဲ"
"ငါက မႈိင္ေနလို႔လား"

Jimin က ထိုင္ရာကေန ထကာ Customer ထိုင္သည့္ မွန္
တင္ခုံေလးတြင္ မွန္ၾကည့္ရင္း ေျဖေလသည္။ Jimin အေျဖအား Hobi က အလိုမက်သလို မ်က္ေမွာင္ႀကဳံ႔ရင္း

"မင္း Jeon Jungkook နဲ႔ စကားမ်ားလာတာလား"
"စကားမ်ားလာရင္ေတာင္ ေတာ္ေသးတာေပါ့"

Jimin အသံက တိုးဝင္သြားသည္မို႔ Hobi နဲ႔ Taehyung တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္သာ လွမ္းၾကည့္လိုက္မိသည္။ ရႈပ္ေထြးေနတဲ့ ေခါင္းထဲ Jimin ေလာေလာဆယ္ ဘာမွ မေတြးပဲ ခဏ ၿငိမ္သက္ေနခ်င္သည္မို႔ မဂၢဇင္း စာအုပ္ တစ္အုပ္သာ ဆြဲဖတ္ေနလိုက္သည္။ စိတ္ အေျခအေန မေကာင္းသည့္ပုံေပၚသည့္ Jimin ပုံစံေၾကာင့္ Hobi နဲ႔ Taehyung ဘာမွ ဆက္မေမးျဖစ္ၾကေတာ့ပါ။

"Hyung အတြက္ လက္ေဆာင္"

ေန႔လည္ Customer မရွိခ်ိန္ Taehyung က Hobi အနားကပ္ကာ လွလွပပ ထုတ္ပိုးထားသည့္ ဘူးေလး တစ္ဘူး ထိုးေပးရင္း ေျပာလိုက္သည္မို႔ Jimin ပါ စာဖတ္ရာမွ လွမ္းၾကည့္လာသည္။

"ဟင္ ႐ုတ္တရပ္ႀကီးလား"

Hobi လည္း အံ့ဩစြာ တိုးတိုးေလး ေျဖရင္း ထိုဘူးေလးအား ဖြင့္လိုက္ေတာ့ ေ႐ႊေရာင္ ရွိတ္ေျပး ဆံပင္ညႇပ္ ကတ္ေၾကးေလးပင္။ ကတ္ေၾကးေလးရဲ႕ အလည္ ဆုံမွတ္ေနရာမွာ ဖိတ္ဖိတ္ေတာက္ေနေသာ အေနေတာ္ အ႐ြယ္ ေက်ာက္ကို ေဘးပတ္ပတ္လည္က ေက်ာက္ပိစိေလးေတြက ဝန္းရံထားေလသည္။

"ဝါး.. လွလိုက္တာ ေက်းဇူးပါ Taehyung ရယ္"
"ဒါေလးပါလို႔ ပိုလွတာ"

Taehyung က ထိုကပ္ေၾကးေလး ေပၚတြင္ ေရးထိုးထားသည့္ BiV ဆိုသည့္ နာမည္ေလးအား ထိုးျပရင္း ေျပာေလသည္။ Hobi က နားမလည္သလို Taehyung မ်က္ႏွာ ေမာ့ၾကည့္လာသည္။

"အဲ့တာ ဘာအဓိပၸာယ္လဲ"
"ကြၽန္ေတာ္ ႏိုင္ငံျခားမွာ ေက်ာင္းတက္တုန္းက အဂၤလိပ္နာမည္က V ေလ Hyung ရဲ႕ နာမည္က Hobi ရယ္ ကြၽန္ေတာ့္ V ရယ္ ေပါင္းၿပီး ဘီဘီ Salon ေလး ကိုယ္စားျပဳ BiV ေလးေလ"

Taehyung စကားေၾကာင့္ Hobi က ၾကည္ႏူးစြာၿပဳံးရင္း ထိုကတ္ေၾကးေလးအား ၾကည့္ေနေလသည္။

"အဲ့တာ ဂ်ပန္ကေန တကူးတက မွာထားတာ.. ဒီဆုံလည္နားက အလယ္တည့္တည့္က စိန္ အစစ္ပါ.."
"တကယ္လား"

တစ္မနက္လုံး ၿငိမ္သက္ေနတဲ့ Jimin ဆီက ထြက္လာသည့္ အာေမဋိတ္ပင္။ ထိုင္ေနရာမွ ခ်က္ျခင္းထၿပီး Hobi တို႔ ရွိရာ ေရာက္လာေလသည္။ ကတ္ေၾကးေလးကို အနီးကပ္ယူၾကည့္ရင္း

"ႀကီးသားပဲ.. 3 carat ေလာက္ေတာ့ ရွိမယ္ထင္တယ္.. ေဒၚလာ တစ္သိန္းေက်ာ္တယ္မလား"
"Taehyung ရာ အဲ့ေလာက္ႀကီး မလိုတာကို.. အဲ့ေလာက္ တန္ဖိုးႀကီးရင္ Hyung မလိုခ်င္ဘူး.. Taehyung လည္း အရမ္း အဆင္ေျပေနတာမွ မဟုတ္တာ"

Hobi စကားေၾကာင့္ Jimin ပခုံးေလးတြန႔္ျပကာ ေရွာင္ေပးသလို ခုနာေနရာသာ ျပန္သြားထိုင္ေနလိုက္သည္။ Taehyung က သက္ျပင္းတစ္ခ်က္ ဆြဲခ်လိုက္ရင္း

"အမွန္ေတာ့ ဒီကပ္ေၾကးေလးနဲ႔ ခ်စ္ခြင့္ပန္မလို႔ပါ.. တစ္ေယာက္ေယာက္ေၾကာင့္ နည္းနည္းေစာၿပီး အစီစဥ္ မရွိပဲ ဖြင့္ေျပာလိုက္ရတာ.."
"ေစာေစာ အဆင္ေျပသြားတာက် ထည့္မေျပာဘူး ေက်းဇူးမတင္ -င္လွန္ျပေနလိုက္တာ"

Jimin တိုးတိုးေလး လွမ္းအျပစ္တင္လိုက္သည္ကို Taehyung မၾကားခ်င္ေယာင္ေဆာင္ လိုက္ရင္း စကားသာ ဆက္လိုက္သည္။

"ဟိုေန႔က Jungkook ရဲ႕ Black Card ကိစၥမွာ ကြၽန္ေတာ္ သင္ခန္းစာေတြ အမ်ားႀကီး ရသြားခဲ့တယ္"
"Jeon Jungkook က ဘာလို႔ပါလာတာလဲ"

Jimin ေမးခြန္းကို မေျဖပဲ Taehyung က Hobi ကို ေငးရင္းသာ သူ႔စကားကို ဆက္ေနေလသည္။

"Jeon Jungkook လို Black Card ကိုင္တဲ့သူေတာင္ Jimin နဲ႔အတူ ေအးအတူ ပူအမွ် အနားရွိၿပီး ေနေနတာေလ.."

Taehyung စကားေၾကာင့္ Jimin ပါ ၿငိမ္သက္သြားသည္။ ဟုတ္တယ္.. Jeon Jungkook က Black Card ရွိေနလ်က္နဲ႔.. တစ္လကို ေဒၚလာ တစ္သိန္းေက်ာ္ေလာက္ သုံးႏိုင္ပါလ်က္နဲ႔.. ႂကြက္တြင္းေလးထဲေနၿပီး ေႁခြတာေနတာ ကပ္စီးကုပ္လို႔ ဒါမွမဟုတ္ ကိုယ္ထင္ထားသလို ငတုံးေလးမို႔ ဟုတ္ခ်င္မွ ဟုတ္လိမ့္မယ္.. ၾကက္ေၾကာ္ဆိုင္ မိသားစုက Park Jimin ကို ခ်စ္လို႔သာ.. မဟုတ္ဘူး ခ်စ္လြန္းလို႔သာ ဒီလို မိုက္႐ူးရဲ ဆန္ႏိုင္တာ..။

"ကြၽန္ေတာ္လည္း.. ဘာမွ လွ်ိဳ႕ဝွက္ မထားေတာ့ပဲ Hyung ကို ကြၽန္ေတာ့္ အရွိအတိုင္း ခ်စ္ၿပီး Hyung နဲ႔ ေအးအတူ ပူအမွ် ျဖတ္သန္းခ်င္တယ္.. ကြၽန္ေတာ့္တို႔ လက္ထပ္ၾကရေအာင္"
"ေနပါဦး Taehyung ရယ္.. မင္းက ဒီဟာေလာက္ကိုေတာင္ လက္ေဆာင္အေနနဲ႔ ေပးႏိုင္ေနတာကို ငါတို႔လက္တြဲဖို႔ မင္း မိဘေတြက သေဘာတူပါ့မလား"

Hobi ရဲ႕ ေမးခြန္းက Taehyung ကိုသာမက Jimin ကိုပါ အေတြး ေပးေစသည္။ တကယ္လို႔သာ ငါက Grazie အေနနဲ႔ Jeon Jungkook ကို ေတြ႕ခဲ့ရင္ ငါ့ဘက္ကေတာ့ Jeon Jungkook လို မိုက္႐ူးရဲဆန္ဆန္ ခုန္ဆင္းလာမွာ မဟုတ္ေပမယ့္ Jeon Jungkook ကေတာ့ ၾကက္ေၾကာ္ဆိုင္က Park Jimin အတြက္ ခုန္ဆင္းလာခဲ့တယ္ေလ...။ Business အရပဲ အေပၚယံ အခ်စ္ခံေနရတဲ့ Grazie ထက္ ဘာေမွ်ာ္လင့္ခ်က္မွ မပါပဲ အေပးသက္သက္ အခ်စ္ခံေနရတဲ့ Park Jimin ျဖစ္ရတာ ကံေကာင္းလိုက္တာ..။

"ကြၽန္ေတာ္ကေတာ့ Hyung ခ်စ္ရင္ ရၿပီေလ.. Hyung ခ်စ္ေနေပးရင္ က်န္တာ အကုန္ ရင္ဆိုင္မယ္"

Taehyung စကားေၾကာင့္ Jimin ဘာမဆိုင္ ဘာမဆိုင္ Jungkook စကားပါ နားထဲ ဝင္လာသည္။ 'Hyung ဒီမွာ ရွိေန႐ုံနဲ႔ တင္ ကြၽန္ေတာ့္အတြက္ ကမာၻႀကီးက ျပည့္စုံေနၿပီ' တဲ့ေလ... ဘယ္ေလာက္ တုံးလိုက္တဲ့ ေကာင္ေလးလဲ..။ အခုေရာ မင္း ကမာၻႀကီးက ျပည့္စုံေနေသးရဲ႕လား ငါ မသိေပမယ့္.. ငါ့ ကမာၻႀကီးကေတာ့ မျပည့္စုံေတာ့ သလိုပဲ..။

"ကြၽန္ေတာ့္ကို မိဘေတြကို ဖြင့္ေျပာၿပီး လက္ထပ္ၾကရေအာင္ေနာ္"
"ဒါေပမယ့္.. Hyung ဘက္က Taehyung ကို အေျဖေတာင္ ျပန္မေပးရေသးဘူးေလ.. အဆင့္ေတြ အရမ္းေက်ာ္မေနဘူးလား"

Hobi စကားေၾကာင့္ Taehyung က ခ်စ္စရာေကာင္းေအာင္ ရယ္ျပရင္း ေခါင္းေလးကုပ္ကာ

"ဟီး.. အဲ့လိုလား.. ကြၽန္ေတာ္ကေတာ့ Hyung ကို အရမ္း ပိုင္ ခ်င္ေနၿပီ"

Taehyung စကားေၾကာင့္ Jimin ရင္ဘတ္ထဲက ေအာင့္သက္သက္ ခံစားခ်က္ တစ္ခုနဲ႔ အတူ ဆို႔နင့္လာသည္။ တိုးတိုးေလး ျပန္ၾကားေယာင္လာမိတဲ့ စကားသံေလး။ 'ကြၽန္ေတာ္က Hyung အပိုင္ေလ' တဲ့...။ ဟုတ္တယ္.. Jeon Jungkook.. မင္းက ငါ့အပိုင္မို႔ မင္းမွာ ငါ့ကို ထားခဲ့ပိုင္ခြင့္ မရွိဘူး..။

"ဟုတ္တယ္... သူက ငါ့အပိုင္"

႐ုတ္တရပ္ ဆက္ကနဲ ထကာ ေျပာလိုက္တဲ့ Jimin စကားေၾကာင့္ Taehyung ေရာ Hobi ပါ ေၾကာင္သြားသည္။ Taehyung က အလိုမက်သလို မ်က္ေမွာင္ႀကဳံၿပီး

"ဘာျဖစ္တာလဲ ႐ုတ္တရပ္ႀကီး.. သူမ်ား ေကာင္းခန္းေရာက္ေနတာကို"
"ငါက ပုံမွန္လိုဆို အရမ္း ဉာဏ္ေကာင္းလို႔ သူမ်ားဆီက အႀကံ မလိုအပ္ေပမယ့္... ဒီလိုကိစၥမ်ိဳးေတာ့ မႀကဳံဖူးတာမို႔..."

Jimin စကားေၾကာင့္ Hobi က နားလည္သြားသလို ေခါင္းညိမ့္ျပရင္း

"အႀကံေတာင္းခ်င္တာလား.. ဘာကိစၥလဲ ဘယ္လို အႀကံလဲ"
" ငါ ငါ့ Jeon Jungkook ကို ျပန္လိုခ်င္တယ္ အဲ့တာ ငါ့ကို အႀကံေပးၾကပါ"

ရွက္သြားသလို အသံတိုးတိုးျဖင့္ ေခါင္းငုံ႔ေျဖလိုက္တဲ့ Jimin ေၾကာင့္ Hobi ေရာ Taehyung ပါ ခိုးရယ္လိုက္မိသည္။ တစ္မနက္လုံး ၿငိမ္ၿပီး အခုမွ ထေဖာက္လို႔ ဘာပါလိမ့္ဆို ေတြးေနတာ.. လင္ပူမိေနတာကိုး....။ Hobi က ၿပဳံးစစျဖင့္ အရင္ စကာ ေမးခြန္းထုတ္လိုက္သည္။

"ဘယ္လိုျဖစ္ၾကတာလဲ.. မေန႔က ျပန္အဆင္ေျပေနၾကတယ္မလား"
"အင္း.. ျပသနာနည္းနည္းတက္သြားတယ္.. ငါ့ဆီက Jungkook မိသားစုနဲ႔ ပတ္သတ္ၿပီး ဘာၾကားဖူးၾကလဲ"

Jimin ေမးခြန္းေၾကာင့္ Hobi ေရာ Taehyung ပါ စဥ္းစားေနသလို တိတ္ဆိတ္သြားၾကသည္။ Taehyung ကအရင္ တစ္ခုခုကို သတိရသြားဟန္ျဖင့္

"Jungkook မိသားစုက Jungkook ကို Gumeong နဲ႔ သေဘာတူထားတယ္ ဆိုတာရယ္ Gumeong က Jungkook မိသားစုနဲ႔ ရင္းႏွီးတယ္ဆိုတာရယ္"
"အဲ့တာေတာ့ ငါလည္း သိထားတယ္.. ငါသိခ်င္တာ တျခား တစ္ခုခုေပါ့.. ဥပမာ ငါက ေယာကၡမေတြ ေယာကၡထီးေတြနဲ႔ မတည့္တာမ်ိဳး.."
"အဲ့လိုေတာ့ မေျပာဖူးဘူး.. မင္းဆီကေန Jungkook မိသားစု အသိုင္းအဝိုင္းနဲ႔ ပတ္သက္ၿပီး ဘာမွ မၾကားဖူးဘူး ခုနာ ႏွစ္ခ်က္ေတာင္ Kang Gumeong အေၾကာင္း မင္း ေျပာျပရင္း ထည့္ေျပာဖူးလို႔ သိတာ"

Taehyung စကားကို Hobi က ေခါင္းတဆက္ဆက္ၿငိမ့္ျပရင္း ေထာက္ခံေလသည္။ Jimin ကေတာ့ ခဏ တိတ္ဆိတ္ကာ ၿငိမ္သက္စဥ္းစားေနမိသည္။ ဒါဆို.. ေသခ်ာသေလာက္ကေတာ့ ငါက Jungkook မိသားစုနဲ႔ တည့္ပုံမေပၚဘူး.. ဘာလို႔လဲ ေယာက္်ားေလးခ်င္းမလို႔လား.. ဒါေပမယ့္ သေဘာတူတယ္လို႔ Jungkook ေျပာခဲ့တယ္မလား..။ အဲ့ေကာင္ ငါ့ကို လိမ္ခဲ့တာလား...။

"အခု ဘာျဖစ္ေနလို႔လဲ ငါတို႔ကို ေျပာျပပါဦး.."
"မေန႔ညက Jungkook မိဘအိမ္ ငါသြားခဲ့တယ္.. သူ႔အေဖက ထူးဆန္တယ္ Jungkook ကိုလည္း Bodyguard ေတြနဲ႔ ဖမ္းခ်ဳပ္ထားၿပီး ငါ့ကိုလည္း ေခ်ာက္ခ်တယ္.. သူစီစဥ္ထားသလိုပဲ Jeon Jungkook ငါ့ကို အထင္လြဲသြားတယ္ ငါ တစ္ေယာက္တည္း ျပန္လာခဲ့ရတယ္.. ဒါပဲ"
"ဟင္ မင္းေယာကၡထီးႀကီးက ဘာလို႔ သူ႔သားသူ ဖမ္းၿပီး မင္းကို ေခ်ာက္ခ်တာလဲ"

Taehyung အေမးကို Jimin က သက္ျပင္းခ်ၿပီး ပခုံးေလး တြန႔္ျပကာ

"မသိဘူးေလ.. ငါ အတိတ္ေမ့ေနတာကို.. သိမွေတာ့ ေလကုန္ခံ ေျပာျပေနမလား"
"ဒီဟာကေတာ့ ငါတို႔လည္း ကူညီအႀကံေပးလို႔ မရဘူးကြ.. ဘာလို႔လဲဆိုေတာ့ မင္းတို႔ ဘာေတြ ျဖစ္ခဲ့လဲ ငါတို႔မွ မသိတာ.."

Taehyung က ပခုံးျပန္တြန႔္ျပရင္း ေျပာလိုက္သည္ကို Hobi ကပါ ေခါင္းညိမ့္ ေထာက္ခံေလသည္။ Jimin ကေတာ့ တစ္ေယာက္တည္း တိတ္ဆိတ္စြာ အေတြးမ်ားေနမိသည္။ ငါတို႔ ဘာေတြ ျဖစ္ခဲ့လဲဆိုတာ ငါ အရင္ အကုန္ သိဖို႔လိုတယ္.. အေမ့ဆီ ဖုန္းဆက္ေမးလိုက္ရင္ ေကာင္းမလား.. လူႀကီးကို အေႏွာက္အယွက္ ေပးသလို ျဖစ္မွာလည္း စိုးရေသးတယ္..။

Jimin မဝံ့မရဲနဲ႔ ေဘာင္းဘီအိတ္ထဲက ဖုန္းေလးကို ထုတ္လိုက္သည္။ ဖုန္းေလးထဲ ဝင္မွ Note app ေလးကို ျမင္ၿပီ တစ္စုံတစ္ခုကို သတိရမိသြားသည္။

"အာ.. ငါ့မွာ Park Jimin ရဲ႕ အတၳဳပၸတိစာအုပ္ ရွိသားပဲ.. ငါဘာလို႔ အစက မေတြးခဲ့ မိပါလိမ့္"
"ဟင္.. ဘာႀကီး"
"ငါ ျပန္ေတာ့မယ္... ဆံပင္ဆိုင္သူေဌးေရ ငါ အလုပ္ေစာဆင္းၿပီ လစာေတာ့ ေလ်ာ့ဖို႔ မစဥ္းစားနဲ႔ Kim Taehyung လည္း တခါတေလ ေစာျပန္တာပဲ"

ေျပာၿပီး ဆံသဆိုင္ေလးထဲမွ ထြက္ေျပးသြားတဲ့ Jimin ကို ေငးရင္း Taehyung ေရာ Hobi ေရာ တားခ်ိန္ပင္ မရလိုက္ပါ။

"သူ ဘာျဖစ္သြားတာလဲ"
"မသိဘူး ဘာရွိတယ္ ဆိုလားပဲ.. အကူညီလိုရင္ ျပန္လာလိမ့္မယ္.. အခု ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ထဲ ရွိေတာ့တာဆိုေတာ့ အပ်င္းေျပ အာဘြားေပးတိုင္း ကစားၾကမလား"

Taehyung စကားေၾကာင့္ Hobi ဆီက မ်က္ေစာင္းမဆို႐ုံေလာက္ ဂ်ိဳၾကည့္ပိစိေလး လြင့္စင္လာသည္။

"အာဘြားေပးေၾကး ကစားရေအာင္ ငါက ကေလးလား"
"ကြၽန္ေတာ္က ကေလးေလ.. Hyung က လူႀကီးဆိုေတာ့ မေပးနဲ႔ ကြၽန္ေတာ္ပဲ ေပးမယ္"
"Ya~ ya~ ya Kim Taehyung.. ဘယ္လိုျဖစ္ေနတာလဲ.. ငါ မင္းကို အေျဖမေပးရေသးဘူးေနာ္"

Taehyung ဆြဲဖက္လိုက္ရင္း အာဘြားေပးတိုင္း ကစားမည္ ႐ြယ္လိုက္ေပမယ့္

"ဆံပင္ညႇပ္ခ်င္လို႔ပါ တူေလးတို႔"

ဆိုင္ေရွ႕ တည့္တည့္ရပ္ေနတဲ့ အေဒၚႀကီးက ၿပဳံးစိစိနဲ႔ ဆိုလာသည္မို႔ Hobi လည္း Taehyung ရင္ခြင္ထဲမွ အျမန္ထ ႀကိဳဆိုလိုက္ရသည္။ ဒီလိုနဲ႔ အာဘြားေပးနည္း ကစားခ်င္းဟာ မကစားလိုက္ရပဲ ဇာတ္သိမ္းသြားခဲ့ေလသည္။ .......။

"ဒီထဲမွာေတာ့ ေသခ်ာေပါက္ ပါလိမ့္မယ္ဆိုတာ ငါ သိတယ္.. ငါ ယုံတယ္"

Jimin တိုက္ခန္းက်ဥ္းေလးဆီ ျပန္ေရာက္လာၿပီး အခန္းေလးထဲက Diary စာအုပ္ေလးအား အေလာတႀကီး ဖြင့္လွန္ေနမိသည္။ ရည္းစားျဖစ္ကာစ ရက္တစ္ခ်ိဳ႕ကို ေက်ာ္လြန္လာခဲ့ၿပီး ေနာက္မွာေတာ့...။

20.5.2019 : Jungkook က တြဲေနတာလည္း ၾကာၿပီဆိုၿပီး လက္ထပ္ၾကဖို႔ စကားစလာတယ္.. ဒါေပမယ့္ ငါ မသိခ်င္ေယာင္ ေဆာင္ေနခဲ့တယ္ ေက်ာ္ျဖတ္ရမယ့္ နံရံအထူႀကီး ေတြကို ငါေၾကာက္လို႔..။

စာေရးထားတဲ့ Jimin ရဲ႕စိတ္ကို အျပင္ စာဖတ္ေနတဲ့ Jimin အျပည့္အဝ နားလည္သည္။ စာထဲက Jimin ကလည္း ကိုယ္ပဲ ျဖစ္ေနလို႔လားေတာ့ မသိေပမယ့္ ေယာက္်ားေလး အခ်င္းခ်င္း ခ်စ္ေနမိပါၿပီ ဆိုတဲ့ အသိႀကီးက ကိုယ့္ကိုကိုယ္ေတာင္ လက္ခံဖို႔ ခက္ခဲတာ လူႀကီးေတြ လက္ခံဖို႔ ဘယ္ေလာက္ေတာင္ ခက္ခဲေလမလဲ..။

ဒီအေျခအေနေလာက္ဆို နာက်င္ ရင္ေမာစရာအပိုင္းေတြ Park Jimin နဲ႔ Jeon Jungkook ၾကားမွာလည္း ရွိခဲ့တာ ေသခ်ာေနၿပီမို႔ Jimin စာမ်က္ႏွာ တခ်ိဳ႕ကို ထပ္ေက်ာ္လိုက္မိသည္။

13.10.2019 : ေမြးေန႔ဆိုတာထက္ ပိုစိတ္လႈပ္ရွားဖို႔ ေကာင္းခဲ့တယ္ Jungkook ဘက္က လက္ထပ္ခြင့္ေတာင္းတယ္ေလ.. ငါလည္း မျငင္းႏိုင္ဘူး သူ႔ကို လက္ထပ္ခ်င္တယ္။

Jimin သက္ျပင္းသာ ခ်လိုက္မိသည္။ မိုက္႐ူးရဲ ဆန္လိုက္ၾကတာ ႏွစ္ေယာက္လုံး..။ ဒါေပမယ့္ အဲ့ Jimin ကိုလည္း အျပစ္ေတာ့ မေျပာႏိုင္.. ကိုယ္ေတာင္ အခု Jeon Jungkook ကို ျပန္လိုခ်င္လို႔ ဒီစာေတြ အခ်ိန္ကုန္ခံ ျပန္ဖတ္ေနရတာမလား..။

18.10.2019 : ငါတို႔လက္ထပ္ခ်င္တဲ့ အေၾကာင္း မိဘေတြကို ဖြင့္ေျပာခဲ့ၾကတယ္.. ထင္ထားသလိုပဲ ခက္ခဲလိုက္တာ။

21.10.2019 : ႐ုံးပိတ္ရက္ေလးေတာင္ ငါ မေပ်ာ္ႏိုင္ဘူး.. အေမေရာ အေဒၚတို႔ေရာ ငါ့ကို စကားမေျပာၾကေတာ့ဘူး ေရွာင္ဖယ္ ေရွာင္ဖယ္နဲ႔..။

အင္း... အေမတို႔လည္း လြယ္လြယ္နဲ႔ လက္ခံေပးခဲ့တာေတာ့ မဟုတ္ဘူးပဲ..။ Jimin ကိုယ့္ဘာသာ ေတြးရင္း ရက္အနည္းငယ္ ေက်ာ္လိုက္သည္။

23.10.2019 : Jungkook အိမ္ကို လိုက္သြားတယ္ ခမ္းနားလြန္းလို႔ ငါ ပိုေၾကာက္ေနမိတယ္.. Jungkook အေဖကလည္း ငါ့ကို အားမနာဘူး ငါ့ေရွ႕လည္း Jungkook ကို ေငါက္လိုက္ ဆူလိုက္ အျပစ္ေျပာလိုက္တာဆိုတာ.. အေမြျဖတ္မယ္ေတြေရာ အစုံပဲ.. ငါ့ေကာင္ေလးကို သနားလြန္းလို႔ ငါ လမ္းခြဲဖို႔ ႀကိဳးစားခဲ့တယ္ ဒါေပမယ့္ေလ အဲ့အ႐ူးေလးက အျမင့္ေနရာကေန ဆင္းလာခဲ့ပါ့မယ္တဲ့.. ငါဘယ္လိုလုပ္ ျဖတ္ႏိုင္ေတာ့မွာလဲ..။

Jungkook အေဖက ဆိုးဆိုးဝါးဝါးကို ကန႔္ကြက္ခဲ့တာပဲ..။ ဒါဆို ဟိုငတုံးက ငါ့ကို လိမ္ခဲ့တာေပါ့.. ဘာလို႔လဲ..။ Jimin ေရလည္လည္ သိခ်င္တာမို႔ ဆက္ဖတ္လိုက္သည္။

24.10.2019 : မနက္ကတည္းက Jungkookငါတို႔အိမ္ ေရာက္လာတယ္ အေမတို႔ကို ဒူးေထာက္ၿပီး အသနားခံတယ္ ဒါေပမယ့္ အေမတို႔က လက္မခံဘူး.. ငါ့ေကာင္ေလးကိုပဲ ငါသနားတယ္။

25.10.2019 : ဒီေန႔လည္း Jungkook ေရာက္လာျပန္တယ္ မေန႔ကလိုပဲ တေနကုန္ ဒူးေထာက္ၿပီး ညနက္မွ ျပန္သြားတယ္.. ငါေတာ့ သူေဌးသားေလးကို ဒုကၡေပးေနမိၿပီလား မသိေတာ့ဘူး..။

26.10.2019 : ဒီေန႔လည္း မေန႔ကလိုပဲ.. ငါ Jungkook ကို ေနာက္ရက္မလာဖို႔ေတာ့ မေျပာရဲဘူး.. အဲ့အ႐ူးေလးက တအားကို စိတ္အားထက္သန္ေနတာ.. ခ်စ္ဖို႔ေတာ့ေကာင္းတယ္။

စာေလးအဆုံးမွာ Jimin ဖတ္ရင္း ၿပဳံးလိုက္မိသည္။ Jeon Jungkook က အရင္ကတည္းက ငတုံးေလးပဲ.. ဘာမဟုတ္တာေလးကို စိတ္အားထက္သန္ေနလိုက္တာ..။ Jimin စာမ်က္ႏွာ အနည္းကို ေက်ာ္လိုက္သည္။

10.11.2019 : အေမတို႔ Jungkook ကို လက္ခံသြားသလို Jungkook အေဖလည္း ငါ့ကို လက္ခံေအာင္ ငါ ႀကိဳးစားခ်င္တယ္.။

11.11.2019 : ထင္သေလာက္ မလြယ္ခဲ့ဘူး ငါ အႏွိမ္ခံခဲ့ရတယ္.. မျပည့္စုံေနတာ သိေပမယ့္ ငါ အႏွိမ္ မခံႏိုင္ဘူး ဒါကို Jungkook လည္း သိတယ္ ငါ့အတြက္နဲ႔ သူပါ အိမ္ေပၚက ဆင္းလာတယ္ ငါလည္း မာနေရွ႕တန္းတင္ၿပီး Jungkook အေဖကို ေငြမရွိလည္း ေစာင့္ေရွာက္ႏိုင္ပါတယ္လို႔ ျပန္ေအာ္လိုက္ခဲ့မိတယ္.. ျပသနာေတြ ႀကီးကုန္ၿပီလား မသိေတာ့ဘူး။

12.11.2019 : ငါ့စကားကို ငါတည္ခ်င္လို႔ Jungkook ကိုယ္ေပၚက အဝတ္ကိုေတာင္ ငါ သိမ္းထားခိုင္းလိုက္ၿပီး အက်ႌ ၅ ထည္ေလာက္  လိုက္ဝယ္ေပးလိုက္တယ္..။ အ႐ူးေလးက သူ႔ Branded Hoodie အျဖဴေလးကို ေဘးကပ္ၿပီး ငါဝယ္ေပးတဲ့ အက်ႌေတြကို ပိုႀကိဳက္တယ္တဲ့ေလ..။

13.11.2019 : ငါတို႔ လက္ထပ္ၾကဖို႔ ဆုံးျဖတ္လိုက္ၿပီ..ငါစုထားတဲ့ ပိုက္ဆံနဲ႔ Jungkook စုထားတဲ့ ပိုက္ဆံနဲ႔ တိုက္ခန္းက်ဥ္းေလး ဝယ္ၾကဖို႔ မနက္ျဖန္ သြားၾကည့္မွာ။

14.11.2019 : Jeon Jungkook အ႐ူးေကာင္ကေလ သူ႔ Black Card ႀကီး ထုတ္ခ်လာလို႔ စကားမ်ားရေသးတယ္.. အဲ့ကတ္ တသက္လုံး မထိဖို႔ ဆူလိုက္ရတယ္ ဟူး.. ဒီေကာင္ေလးကို ေငြမပါပဲ ငါ တကယ္ေစာင့္ေရွာက္ႏိုင္ပါ့မလား..။

စာထဲက Jimin ရဲ႕ အေရးအသားေလးေၾကာင့္ Jimin ဖတ္ရင္း ၾကည္ႏူးစြာ ၿပဳံးလိုက္သည္။ ေစာင့္ေရွာက္ႏိုင္ခဲ့ပါတယ္ Park Jimin ရယ္.. မင္းေကာင္ေလးက သိပ္ေတာ္တာပါ..။ ငါကသာ မင္းမထိခိုင္းတဲ့ ကတ္ႀကီးနဲ႔ Shopping ပတ္ထြက္လာခဲ့တာေဟ့...။

15.11.2019 : Jungkook က ဘာအလုပ္ရွာ ရမလဲ ေမးတယ္.. လစာထက္ နည္းတာ မ်ားတာထက္ ဝါသနာပါတာကို ေအးေအးခ်မ္းခ်မ္း လုပ္ပါ ေျပာလိုက္ေတာ့ အစိုးရဝန္ထမ္း လုပ္ခ်င္တယ္တဲ့ေလ.. ငါ့ခင္ပြန္းေလး အိမ္မက္ကို ငါ support ေပးမွာ..။

16.11.2019 : ငါ အလုပ္ျဖဳတ္ခံလိုက္ရတယ္.. ငါလုပ္ေနတဲ့ ကုမၸဏီက Jungkook အေဖရဲ႕ အခ်ိတ္အဆက္ေတြထဲ ပါပုံပဲ.. သက္သက္ႀကီး ငါတို႔ကို ဆင္းရဲတြင္းထဲ တြန္းပို႔တာ.. ငါ ဂ႐ုမစိုက္ပါဘူး အဲ့အလုပ္တစ္ခုပဲ ရွိတာၾကလို႔..။

17.11.2019 : ငါတို႔ တကယ္ႀကီး လက္ထပ္ခဲ့ၿပီ.. တိုက္ခန္းေလးကိုလည္း ေျပာင္းလာခဲ့ၿပီ..။ Jungkook အေဖလည္း ငါတို႔ကို ဘာလုပ္ေနလဲ ဘယ္လိုၾကပ္တည္းေနလဲဆိုတာ ဘယ္ေတာ့မွ လိုက္ေခ်ာင္းလို႔ မရေတာ့ဘူး.. ဒါေပမယ့္ နည္းနည္းက်ဥ္းေတာ့ Jungkook ေနရတာ အဆင္ေျပပါ့မလား ေတြးပူမိတယ္..။

18.11.2019 : ထင္တဲ့အတိုင္းပဲ.. ဒီတိုက္ခန္းမွာ Jungkook ေနရ အဆင္မေျပ ျဖစ္ေနလား မသိဘူး ညက ဖ်ားသြားၿပီ။ ဒါေတာင္ သူက အဆင္ေျပတယ္ ျငင္းတုန္း..။

19.11.2019 : ငါအလုပ္ အသစ္ရၿပီ ေတာ္ေသးတယ္.. မဟုတ္ရင္ ငါ့ခင္ပြန္းေလး ပင္ပန္းေနရဦးမွာ..။

တစ္ရက္ခ်င္းစီတိုင္းမွာ Park Jimin ဟာ Jeon Jungkook ကို အျမင့္ကေန ဆြဲခ်ခဲ့လို႔ အားနာ သနားေနမိၿပီး သဲသဲလႈပ္ေနေၾကာင္း နည္းအမ်ိဳးမ်ိဳးျဖင့္ ေဖာ္ျပေရးသား ထားေလသည္။ Jeon Jungkook ဘာလို႔ ကိုယ့္ကို သဲသဲလႈပ္ေနလဲ ဆိုတာ သိပ္မအံ့ဩမိေတာ့..။ ငါတို႔ တစ္ေယာက္ကို တစ္ေယာက္ကို တစ္ယာက္ ကာကြယ္ေပးခ်င္ စိတ္နဲ႔ လက္ထပ္ခဲ့ၾကတာပဲေလ...။

8.12.2019 : အလုပ္ကလည္း လုပ္တာ မၾကာေသးဘူး အားလုံး အဆင္ေျပၿပီးမွ ငါ့ကို ထုတ္လိုက္ၿပီတဲ့ ဘာလို႔လဲေမးေတာ့ လူႀကီးအမိန႔္အရပါတဲ့ ၾကည့္ရတာ ဒီကုမၸဏီလည္း J Group အခ်ိတ္အဆက္ထဲက ထင္တယ္။

11.12.2019 : အလုပ္ေတြ အကုန္ေတာ့ ေလွ်ာက္ထားတာပဲ.. J Group နဲ႔ လႊတ္တဲ့ တစ္ခုက ေခၚလိမ့္မယ္။

စာတိုေလးေၾကာင့္ Jimin စိတ္မေကာင္းျဖစ္မိသည္။ Park Jimin က အရမ္းပင္ပန္းခဲ့တာပဲ.. အဲ့တာကို သိလို႔ Jeon Jungkook ကလည္း အတိတ္ေမ့သြားတဲ့အေပၚ ဘာမွ မေျပာပဲ တမင္ ပင္ပန္းဆင္းရဲေအာင္ လုပ္တဲ့ သူ႔အေဖကိုလည္း နာက်ည္း မုန္းတီးေနတာ ျဖစ္ႏိုင္တယ္..။ မသိတာ က ငါ.. ဘာမွမသိပဲ အတင္း သေဘာ သြားေကာင္းမိတာ...။

24.12. 2019 : ငါအလုပ္မရွိေတာ့ ငါ့ခင္ပြန္းေလးလည္း မ်က္ႏွာေလးကို ငယ္လို႔.. ေတာင္းပန္ပါတယ္ပဲ ေျပာေနတယ္ သူနဲ႔ မဆိုင္တာကို..။

5.1.2020 : ဒီေန႔ Jungkook အစိုးရစာေမးပြဲ ေျဖရတယ္.. ေျဖႏိုင္ခဲ့တယ္လို႔ ေျပာေပမယ့္ ေျဖႏိုင္ပါေစ ထပ္ဆုေတာင္း ေပးမိတယ္.. ငါ့ေယာက္်ားကို မ်က္ႏွာမငယ္ေစခ်င္ဘူး..။

12.1.2020 : Jungkook ေရးေျဖေအာင္တယ္တဲ့ေလ အင္တာဗ်ဴးလည္း ေအာင္ပါေစ ဆုေတာင္းတယ္..။

30.1.2020 : သဖက္ခါက စၿပီး Jungkook အလုပ္ဆင္းရေတာ့မယ္.. သူလည္း အရမ္းေပ်ာ္ေနတာမို႔ ငါလည္းေပ်ာ္တယ္

တအားကို ျဖစ္ေနတာပါလား Park Jimin ရယ္..။ ဝတၳဳတိုေလး ဖတ္ေနရသလို ၾကည္ႏူးမႈက ရင္ထဲ ႐ိုက္ခတ္ေနေလသည္။ သိခ်င္တဲ့ အဓိက အေၾကာင္းအရာ သိသြားၿပီမို႔ Jimin စာ႐ြက္ေတြကို မဖတ္ေတာ့ပဲ မ်က္လုံးနဲ႔ ၾကည့္႐ုံေလာက္သာ ဖတ္ၿပီး လွန္လိုက္ေတာ့သည္။ အခ်ိတ္အဆက္ ေပၚတဲ့ Jungkook အေဖရဲ႕ ကုမၸဏီႀကီးေတြေၾကာင့္ အခ်ိန္ေတာ္ေတာ္ၾကာၾကာအထိ ဘာအလုပ္မွ မရွိခဲ့တဲ့ Jimin က ဘီဘီဆံသဆိုင္ေလးနဲ႔မွ အဆင္ေျပသြားပုံ..။ ႏွစ္ေယာက္လုံးက လစာအမ်ားႀကီး မဟုတ္ေတာ့ အဆင္ေျပတယ္ရယ္လို႔ မဟုတ္ေပမယ့္ ေျပလည္႐ုံေပါ့..။ အခုလိုပါပဲ... ေန႔တိုင္းမဟုတ္ေတာင္ မ်ားေသာအားျဖင့္ေတာ့ အတူတူသြားၾကၿပီး အတူတူျပန္ခဲ့ၾကေလသည္။ ညစာ ကို တစ္ေယာက္တစ္လွည့္စီ ခ်က္ရင္း Drama အတူၾကည့္ၿပီး အိပ္ရာဝင္ခဲ့ၾကသည္။

လွန္ၾကည့္ခဲ့ရာက တေျဖးေျဖး ေနာက္စာ႐ြက္ေတြဆီ ေရာက္လာေပမယ့္ Park Jimin က အခ်ိန္ ေတာ္ေတာ္ ၾကာတဲ့အထိ Jungkook အေပၚ အားနာမဆုံး ျဖစ္ေနသည့္ အေရးအသားေတြေၾကာင့္ စာဖတ္ေနတဲ့ Jimin ပါ ထပ္တူ မြန္းၾကပ္လာသည္။ စိတ္ပင္ပန္းခဲ့တယ္ ဆိုတာ ဒါေတြလား Park Jimin ရယ္.. ဟိုက မင္းကို ခ်စ္လြန္းလို႔ အရာအားလုံးကိုေတာင္ ေက်ာခိုင္းခဲ့ၿပီး မိသားစုနဲ႔ ပတ္သက္တာ မွန္သမွ် ဘာမွေတာင္ စိတ္ထဲ မရွိေတာ့တာကို မင္းက အလကား ေတြးပူေနခဲ့တာပဲ..။

ေနာက္ဆုံး ေရးသားခဲ့သည့္ အတိတ္မေမ့ခင္ တရက္လို႔ သက္မွတ္ရတဲ့ Date ေလးေၾကာင့္ Jimin စာ႐ြက္လွန္ေနသည့္ လက္တို႔ ရပ္တန႔္လိုက္သည္။

25.9.2021 : ငါ ဒီစာကို ေနာက္ဆုံးေရးတာ ျဖစ္ႏိုင္တယ္ ဘာလို႔လဲ ဆိုေတာ့ Jungkook က ခိုးဖတ္လို႔..။

Jimin ဖတ္ေနရင္းနဲ႔ လစ္ကနဲ ရယ္မိသြားသည္။ ဒီငတုံးကေတာ့ သူမ်ား Diary ကို ခိုးဖတ္စရာလား..။

ငါတို႔စကားမ်ားခဲ့ၾကတယ္.. သူ႔အေပၚ ငါက မလိုအပ္တာေတြ ေလွ်ာက္ေတြးၿပီး စိတ္ပင္ပန္းခံေနတယ္တဲ့ေလ ငါက သူ႔အေပၚခ်စ္လြန္းလို႔ ျဖစ္သြားတာကို နားမလည္ဘူး.. လူဆိုးပဲ။ အခုေတာ့ ျပန္အဆင္ေျပသြားပါၿပီ ငါငိုလိုက္လို႔ သူျပန္ေခ်ာ့တယ္။ ငါတို႔ Drama အတူၾကည့္ၿပီး ထမင္းစားၿပီး အိပ္ရာဝင္ခဲ့ၾကတယ္... အခုေတာ့ လူဆိုးေလးလည္း ေဘးမွာ အိပ္ေပ်ာ္ေနၿပီ ငါလည္း ငါ့လူဆိုးေလးအနား ဝင္ အိပ္ေတာ့မယ္ Good Night.

ေမာင္ တမင္ ခိုးဖတ္တာ မဟုတ္ပါဘူး Hyung ရယ္..။

႐ုတ္တရပ္ လက္ေရးေျပာင္းသြားသည့္ ေနာက္တေၾကာင္းေၾကာင့္ Jimin အံ့ဩသြားသည္။

မေတာ္တဆ ဖတ္မိရင္း Hyung ေမာင့္အေၾကာင္း ေရးထားတာေလးေတြ အသည္းယားလို႔ ဆက္ဖတ္မိတာပါ.. ဒါေပမယ့္ ေမာင့္ေၾကာင့္ အမ်ားႀကီး စိတ္ပင္ပန္းေနခဲ့တာကို ဒီစာအုပ္ေလးကို ဖတ္မွ သိရေတာ့ အရမ္း စိတ္မေကာင္း ျဖစ္မိတယ္ အရမ္းလည္း ကိုယ့္ကိုကိုယ္ အျပစ္တင္မိတယ္.. ေမာင္သာ မခ်မ္းသာခဲ့ရင္ ေကာင္းမွာပဲေနာ္ ဒါဆို ေမာင့္ေယာက္်ားလည္း စိတ္ညစ္ရမွာမဟုတ္ဘူး.. ေမာင့္ေယာက္်ား စိတ္ပင္ပန္းေနခဲ့တာေတြ အကုန္လုံး ေပ်ာက္ကြယ္သြားရင္ ေကာင္းမွာပဲေနာ္..။ ဘယ္လိုပဲေနေန ေမာင့္ေယာက္်ားကို ေမာင္က အရမ္းခ်စ္တာမို႔ ေမာင့္ေယာက္်ားကလည္း စိတ္ပင္ပန္းတာေတြ မေတြးပဲ ေမာင္နဲ႔ လက္ရွိအေျခအေနကို အတူတူ ေပ်ာ္ေပးေနာ္.. ဒီစာေလးကို ဖတ္ျဖစ္တဲ့အခါက် ေမာင့္ကို အနမ္းေလးေပး ေပးပါ..။

Jimin ၿပဳံးၿပီးမွ သက္ျပင္းခ်လိုက္မိသည္။ ေနာက္ပိုင္း စာ႐ြက္အလြတ္မ်ားသာ ရွိေတာ့သည္မို႔ စာအုပ္ေလးပိတ္ကာ ထိုင္အေတြးမ်ားေနမိသည္။ Jungkook ဘက္ကၾကည့္ရင္ေတာ့ Jimin အတိတ္ေမ့တာက သူ႔ဆုေတာင္းေလး ျပည့္သြားသလို Jimin အတြက္ အေကာင္းဆုံး နည္းလမ္း တစ္ခုလိုပဲမလား..။ အပူပင္ ကင္းမဲ့ေနတဲ့ Jimin ေၾကာင့္ အတိတ္ေမ့တာကို ထမင္းစား ေရေသာက္သလို အၿပဳံးမပ်က္ လက္ခံေပးခဲ့တာလား.. အဲ့တာေၾကာင့္ အရင္ကလို ထပ္မခံစားရေစဖို႔ သူခ်မ္းသာပါတယ္ဆိုတာကိုေရာ လွ်ိဳ႕ဝွက္ေပးခဲ့တာလား..။

တကယ္ေတာ့ Park Jimin က Jeon Jungkook ကို ဆင္းရဲတြင္းထဲ ဆြဲခ်ခဲ့တာ မဟုတ္ခဲ့သလို Jeon Jungkook ကလည္း Park Jimin ကို ဆင္းရဲတြင္းထဲ ဆြဲခ်ခဲ့တာ မဟုတ္ခဲ့ဘူး ..။ ဒါေပမယ့္ ကိုယ့္ေၾကာင့္ ပင္ပန္းေနတဲ့ ကိုယ့္အိမ္ေထာင္ဘက္ကို ၾကည့္ရင္း ငါက သူ႔အတြက္ အေႏွာင့္အယွက္ႀကီးဆိုတဲ့ စိတ္နဲ႔ Jungkook နဲ႔ စကားမ်ားခဲ့ၾကပုံပဲ..။ ဘယ္လိုပဲ ေတြးေတြး အက်ဥ္းခ်ဳပ္ေျပာရရင္ Jeon Jungkook က Park Jimin အတြက္ အေရးပါတာမို႔.. ငါကလည္း ဒီတိုင္းထိုင္ေနလို႔မရဘူး.. ငါ ဒီမွာ ရွိေနသေ႐ြ႕ Jeon Jungkook က ငါ့ေဘးမွာပဲ ရွိရမယ္.. ဘာလို႔လဲ ဆိုေတာ့.. ငါကလည္း Park Jimin ပဲေလ.. အေဖ့ေနာက္လိုက္ခဲ့တဲ့ Park Jimin ေပါ့...။

Diary စာအုပ္ေလးနဲ႔ အေတြးမ်ားေနတာ ညေနပင္ ေစာင္းသြားၿပီမို႔ Jeon Jungkook ျပန္ေခၚေရး အစီစဥ္ခ်ရင္း ေဘာင္းဘီအိတ္ထဲက ဖုန္းေလးကို ထုတ္ကာ နံပါတ္တစ္ခုဆီ ေခၚလိုက္သည္။

"မင္းအခု ငါ့ကို ကားနဲ႔ လာေခၚရင္ မင္းဆီက ရစရာရွိတဲ့ ဝမ္သိန္းငါးဆယ္ မေတာင္းေတာ့ဘူး"
"Ya.. မင္း လူတစ္ေယာက္ကို အကူညီမေတာင္းတတ္ဘူးလား.. တခါလာ ၿခိမ္းေျခာက္ တခါလာ ၿခိမ္းေျခာက္နဲ႔"

တဖက္ ဖုန္းထဲက Taehyung ေငါက္သံေၾကာင့္ Jimin စိတ္မရွည္သလို သက္ျပင္း တိုးတိုးေလးခ်ရင္း

"မေတာင္းတတ္ဘူး ရွင္းလား အခုလာေခၚ ဒါပဲ"
"လာၿပီေဟ့ အ႐ိုင္းအစိုင္းရဲ႕"

ေအာ္ၿပီး ဖုန္းခ်သြားသည့္ Taehyung ေၾကာင့္ Jimin ၿပဳံးလိုက္မိသည္။ မလာတာလည္း မဟုတ္ပဲ အပိုေတြ...။ Jimin ေရခ်ိဳးၿပီး အခန္းက်ဥ္းေလးထဲ လိုအပ္သည့္ အရာေလး သယ္ေဆာင္ကာ တိုက္ခန္းေအာက္ Taehyung ကို အသင့္ေစာင့္ေနလိုက္သည္။

"ဘာလဲ မိုးခ်ဳပ္ေနၿပီကို.. ဘယ္သြားခ်င္လို႔လဲ"

ကားရပ္လိုက္တာနဲ႔ အျပစ္တင္ စကား အရင္ဆိုတဲ့ Taehyung အား Jimin မ်က္ေစာင္းအရင္ထိုးၿပီးမွ ကားတံခါးဖြင့္ကာ ကားေပၚတက္ထိုင္လိုက္သည္။

"ငါ Jeon Jungkook ကို အေရးႀကီး လိုအပ္ေနတယ္... ဒီည သူ႔ကိုရေအာင္ ျပန္ေခၚမွာ.. ဒါနဲ႔ ဘာလို႔ ၿပိဳင္ကားမယူခဲ့တာလဲ"
"ညဘက္ႀကီး အႏၲရာယ္မ်ားတယ္ မေမာင္းခ်င္လို႔.. ထားပါ ဒါမ်ိဳးေတာ့ ငါက တဝႀကီး ကူညီတယ္.. ကိုယ့္အလွည့္ဆိုတာ ရွိေသးတယ္ေလ ဟဲဟဲ"

Taehyung စကားကို Jimin ေခါင္းခါရင္းသာ ၿပဳံးလိုက္မိသည္။ Jungkook မိဘအိမ္ကို Jimin လမ္းျပမႈနဲ႔ ဦးတည္ေနရင္း Jungkook မိဘအိမ္ တည္ရွိရာသို႔ ေရာက္လာသည္။

"ဝါး... Jungkook က ဒီလို အိမ္ႀကီးရဲ႕ သားလား မိုက္လိုက္တာ"

မီးေရာင္မ်ား လင္းထိန္းကာ ခမ္းနားထည္ဝါလွေသာ အျဖဴေရာင္ တိုက္ႀကီးကို ေငးရင္း Taehyung က ပါးစပ္အေဟာင္းသားျဖင့္ ေျပာလိုက္သည္။ Jimin က ႏွာေခါင္းေလး ရႈံ႕ရင္း

"အဲ့ေလာက္ေလးကေတာ့ ငါက ခ်မ္းသာတယ္လို႔ကို မျမင္တာ"
"မင္းကေတာ့ ဘယ္သူ႔ကိုမွ ခ်မ္းသာတယ္လို႔ ျမင္မယ္ပုံ မေပၚဘူး"

Taehyung စကားကို ဒီတစ္ခါေတာ့ Jimin ေခါင္းၿငိမ့္လက္ခံသည္။ အမွန္ပဲေလ... ဒီအိမ္က Alex Armanto အိမ္ေတာ္ရဲ႕ တျခမ္းပဲ ရွိပါေသးတယ္.. တကယ့္ ခ်မ္းသာမႈ စစ္စစ္ကို ဂ်ာမနီက Grazie ထက္ ဘယ္သူက ပိုသိမွာလဲ..။

"သြားစို႔"
"Ya.. ya ya ဒီတိုင္းႀကီး သြားမွာလား ခိုးမဝင္ဘူးလား"
"ခိုးဝင္ရေအာင္ ငါက သူခိုးမွ မဟုတ္တာ"

ေျပာၿပီး အိမ္ဝန္းတံခါးႀကီးနား ထြက္သြားတဲ့ Jimin ေၾကာင့္ Taehyung အေနာက္ကေန ေျပးလိုက္ရသည္။

လူေခၚေခါင္းေလာင္း ဆက္တိုက္ႏိုပ္ေနတဲ့ အျပင္က အသံေၾကာင့္ Mr.Jeon တစ္ေယာက္ မ်က္ေမွာင္ႀကဳံလ်က္ အိမ္ေဖာ္ အေဒၚႀကီးအား မဖြင့္ခိုင္းပဲ ေနခိုင္းခဲ့ရာမွ အရႈံးေပးလိုက္ရသည္။ တံခါးဖြင့္ေပးလိုက္တာနဲ႔ Jimin ခပ္ညစ္ညစ္ေလး ၿပဳံးရင္း ၿခံဝန္းထဲက ပန္းအိုးေတြ အကုန္ တြန္းလွဲ ကန္ထုတ္ ၿပီးမွ ဝင္လာလိုက္သည္။ Taehyung ကေတာ့ အေနာက္ကေန ႏႈတ္ျဖင့္ တားေန႐ုံသာ သူကိုယ္တိုင္လည္း မႏိုင္။

"မင္းက ဒီကို ဘာလာလုပ္တာလဲ"

Bodyguard လို လူႏွစ္ေယာက္ ေဘးမွာ ၿခံရံရင္း ေအးေဆးစြာ ထိုင္ေနသည့္ Mr Jeon ကို Jimin ဂ႐ုမစိုက္သလို အေပၚထပ္ကိုသာ ၾကည့္ကာ ေအာ္လိုက္သည္။

"Jeon Jungkook အိမ္ျပန္မယ္"

ေအာက္ထပ္က ေအာ္သံေၾကာင့္ Jungkook လွဲေလ်ာင္းေနရာမွ ခ်က္ျခင္း ထထိုင္လိုက္သည္။ အလြမ္းပိၿပီး နားၾကားမ်ား လြဲေလသလား..။

"Jeon Jungkook.. အခု ေအာက္ဆင္းခဲ့"

ေသခ်ာတယ္ နားၾကားမလႊဲေတာ့ဘူးဆိုတာ..။ အျပင္ကေန ေသာ့ခတ္ထားတဲ့ အခန္းတံခါးကို အားကုန္သုံးၿပီး တဒုံးဒုံး ထုေနလိုက္သည္။ အေပၚထပ္က တံခါးထုသံေၾကာင့္ Jimin က ရိပ္စားမိသြားသလို

"ခင္ဗ်ား Jeon Jungkook ကို ေသာ့ခတ္ထားတာလား.. ခင္ဗ်ားသားကိုေလ"
"ယာယီထိန္းသိမ္းထားတာပါ.. သူဆင္းမလာႏိုင္ဘူးမို႔ ျပန္ေတာ့"
"ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္ညပဲ ေခၚသိပ္မယ္လို႔ ေျပာခဲ့တယ္မလား.. ခင္ဗ်ား ျပန္လာမပို႔လို႔ ကြၽန္ေတာ္က ျပန္လာေခၚတာ.. Jeon Jungkook မပါပဲ မျပန္ႏိုင္ဘူး"

Jimin အေျဖေၾကာင့္ Mr.Jeon က ခပ္ၿပဳံးၿပဳံးျဖင့္ အနားက Bodyguard အား တိုးတိုးေလး ေျပာလိုက္သည္။

"ျပန္ပို႔ေပးလိုက္"

ေစခိုင္းခ်က္ကို ၾကားတာနဲ႔ Jimin တံခါးနားမွာ ထားထားသည့္ ေဂါက္အိတ္ထဲက ေဂါက္႐ိုက္တံ တစ္ေခ်ာင္းကို အလ်င္ျမန္ဆုံး ဆြဲထုတ္လိုက္သည္။ Jimin ဆြဲထုတ္လိုက္တဲ့ အခ်ိန္တို အတြင္းမွာပဲ Bodyguard ေလးေယာက္ေလာက္က အနား ေရာက္ႏွင့္ၿပီးသား..။ Jimin သေဘာက်စြာၿပဳံးလ်က္

"လာေလ.. ငါက Kendo ကို 8 ႏွစ္ေလာက္ သင္ဖူးတယ္.. ၿပီးေတာ့ ငါရဲ႕ လုံၿခဳံေရးအတြက္ ကိုယ္ခံပညာေတြ အမ်ားႀကီး သင္ဖူးၿပီသား"

Fairytale  ဆန္ဆန္ေလးေပါ့..။ မင္းသမီးေလးကို ကယ္ဖို႔ အႏၲရာယ္ေတြကို ေက်ာ္ျဖတ္ေနရတဲ့ မင္းသားေလး..။ ကယ္ရမယ့္ သူက မင္းသမီးေလးေတာ့ မဟုတ္ေပမယ့္ မင္းသမီးေလးလို ျဖဴျဖဴစင္စင္ ေကာင္ေလးေလ..။ ဒါမွမဟုတ္ Jimeo နဲ႔ Kookliet...။ Villain ေတြကို မႏိုင္တဲ့ မင္းသားရယ္လို႔ မရွိသလိုပါပဲ... Park Jimin ဟာလည္း ေဂါက္႐ိုက္တံတစ္ေခ်ာင္းနဲ႔ Bodyguard ေတြ အကုန္လုံးကို လက္စြမ္းျပႏိုင္ခဲ့သည္။

"ရွိေသးလား ထပ္ေခၚလိုက္ပါဦး"

လူးလိမ့္ေနတဲ့ Bodyguard ေလးေယာက္နဲ႔ ဆရာႀကီးစတိုင္လ္ ေဂါက္႐ိုက္တံကို ပခုံးထက္တင္ရင္း ေမးေနသည့္ Jimin ေၾကာင့္ Mr.Jeon ေဒါသထြက္ကာ ေအာ္ေငါက္လိုက္ေလသည္။

"ကေလကေခ်ကမ်ား ငါ့အိမ္ထဲ အထိ ဝင္လာၿပီး ရမ္းကားေနတာ.. မင္းကို ငါ တရားစြဲမယ္"
"တရားစြဲမွာလား.. စြဲေလ.. ဘယ္သူက ရႈံးမွာလဲသိလား စာခ်ဳပ္နဲ႔ တရားဝင္ ယူထားတဲ့ အိမ္ေထာင္ေရးတစ္ခုကို ၿဖိဳခြဲတဲ့သူေပါ့.. မဟုတ္ဘူးလား"

Jimin စကားေၾကာင့္ Mr.Jeon မွာ ဘာျပန္ေျပာရမွန္း မသိ ခဏတာ စြံ႕အေနမိသည္။ Jimin က Taehyung အား ကိုင္ခိုင္းထားသည့္ Suitcase ကို ဆြဲယူလိုက္ၿပီး ဖြင့္ကာ အထဲပါသည့္ ပိုက္ဆံေတြအကုန္ ေလမွာ ဝဲလိုက္သည္။

"ခင္ဗ်ားရဲ႕ ဝမ္သိန္းတစ္ရာ ခင္ဗ်ားျပန္ယူ.. ကြၽန္ေတာ္လည္း ကိုယ့္ေယာက္်ားကိုယ္ ျပန္ေခၚမယ္"

ေျပာၿပီး Jimin အိမ္ေပၚထပ္ တက္သြားေလသည္မို႔ Taehyung မွာ ေနာက္က ေျပးလိုက္ရျပန္သည္။

"Jeon Jungkook"

အေပၚထပ္ေရာက္လာသည့္ အသံေၾကာင့္ Jungkook အခန္းတံခါးကို ထပ္ကာ တဒုံးဒုံး ထုေနမိသည္။

"ဒီထဲမွာလား"

အခန္းအျပင္မွ လာတဲ့ အသံခ်ိဳခ်ိဳ စူးစူးေလးေၾကာင့္ Jungkook မ်က္ရည္တို႔ ဝဲတက္လာသည္။ တကယ္ႀကီး ျပန္လာေခၚတာပဲ..။

"ေနာက္ဆုတ္ေနေနာ္.. ငါ တံခါးကို ကန္ဖြင့္မွာမို႔လို႔"
"ဟုတ္"

အခန္းေလးထဲက ငိုမဲ့မဲ့ ေျဖသံေလးေၾကာင့္ Jimin ခိုးၿပဳံးလိုက္မိေသးသည္။ ဒီငတုံးေလး ငိုေနတာလား..။ ေသာ့ခေလာက္ခတ္ထားကာ ေနရာကို အားျပဳ ေဆာင့္ကန္ရင္း သုံးေခါက္ေလာက္ ႀကိဳးစားလိုက္ေတာ့ ပြင့္ထြက္သြားသည္။ တံခါးပြင့္သြားတာနဲ႔ အင့္ခနဲ ေျပးဖက္လာသည့္ ရင္အုပ္ က်ယ္ႀကီးေၾကာင့္ Jimin ေၾကာင္သြားမိသည္။

"Hyung က ေမာင့္ကို ျပန္လာေခၚတာလားဟင္.. ကြၽန္ေတာ္တို႔အိမ္ကို ျပန္ ေခၚသြားမယ္ မလား.. ေမာင့္ေယာက္်ားကို အရမ္းလြမ္းေနခဲ့တာ"
"မေန႔ကက် မုန္းလိုက္တာဆို"
"စိတ္ဆိုးတုန္း ခဏ ေျပာမိတာကို Hyung ရယ္.. ေမာင္ အရမ္းခ်စ္တာ သိသားနဲ႔"

မ်က္ရည္လဲ့ေနသည့္ မ်က္လုံးဝိုင္းႀကီးေတြေၾကာင့္ Jimin ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိသည္။ ဒီ မ်က္လုံးဝိုင္းႀကီးေတြကို ငါ သေဘာက်လိုက္တာ Jeon Jungkook ရယ္..။ Jungkook ပါးျပင္ေပၚက မ်က္ရည္စ လက္က်န္ေလးေတြကို Jimin ေျခဖ်ားေလးေထာက္ကာ ဖြဖြေလး သုတ္ေပးလိုက္ၿပီး ေငါက္လိုက္သည္။

"မင္းငတုံးလား.. တံခါးေသာ့ခတ္ထားရင္ ေသာ့ေနရာကို မွန္းၿပီး ေျခေထာက္နဲ႔ ကန္ဖြင့္ရတယ္.. တဒုံးဒုံး ထုေနလို႔ ဘယ္လိုလုပ္ ပြင့္မွာလဲ.. တကယ္ပဲ.. လာ.. အိမ္ျပန္စို႔"

ကမ္းလာတဲ့ လက္ဖဝါး ေဖာင္းေဖာင္းေလးကို Jungkook တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္မိသည္။ အေပၚထပ္က အတူဆင္းလာရင္း ေအာက္ေရာက္ေတာ့ ထပ္ျဖည့္ထားသည့္ Bodyguard တစ္စု Jimin ဟားတိုက္သလို ခပ္သဲ့သဲ့ေလး ရယ္လိုက္ရင္း

"ကြၽန္ေတာ္တို႔ကို ထပ္ ေႏွာက္ယွက္မလို႔လား.. တရား႐ုံးမွာ အမႈတိုးခ်င္ေနပုံပဲ.. ကြၽန္ေတာ္က ခင္ဗ်ား သိထားတဲ့ အရင္က Jimin မဟုတ္ဘူး.. ဒီေန႔ Jeon Jungkook ကို အိမ္ျပန္မေခၚႏိုင္ခဲ့ရင္ ေနာက္ရက္ ခင္ဗ်ားကို တရား႐ုံးေခၚမယ့္ Jimin ပါ"
"ငါ့ကို တရားစြဲဖို႔ လြယ္မယ္ထင္ေနလား"
"ခက္ခဲလည္း ရေအာင္ စြဲမွာပါ.. ဒီသူငယ္ခ်င္းက ေရွ႕ေန႔ေလ ဒီေန႔အျဖစ္အပ်က္ေတြအကုန္ သူျမင္ေအာင္ ေခၚလာတာ"

Taehyung ဘက္ကို ေငးေမာ့ကာ ေျပာလိုက္တဲ့ Jimin စကားေၾကာင့္ Taehyung ေၾကာင္သြားသည္။ ငါက ေရွ႕ေနလား..?။ အလိုက္အထိုက္ Jimin flow အတိုင္း ခပ္တည္တည္နဲ႔ အိမ္ပတ္ဝန္းက်င္ကို တခ်က္ ဟိုၾကည့္ဒီၾကည့္ လုပ္ေပးလိုက္ရေသးသည္။ ေတာ္ေတာ္ေမႊတဲ့ သူငယ္ခ်င္း ေနရင္းထိုင္ရင္း ေရွ႕ေနေတြပါ ျဖစ္လို႔..။

Jimin က တံခါးနားက စားပြဲေသးေလးေပၚ အလွတင္ထားသည့္ ေႂကြပန္းအိုးႀကီးအား လက္ျဖင့္ ပုတ္တြန္းလိုက္ၿပီး က်ကြဲသြားမွ Mr.Jeon ဘက္ လွည့္ ၿပဳံးျပလိုက္သည္။

"ေဆာရီးေနာ္.. ကြၽန္ေတာ္တို႔ကို သြားခြင့္ျပဳပါဦး"
"ဟို ဒီပန္းအိုးကို ခြဲတာေတာ့ ကြၽန္ေတာ္မပါဘူးေနာ္.ဟီး.."

ေျပာၿပီး Taehyung လည္း Jimin အနားသာ အျမန္ ကပ္လိုက္ရသည္။ ကားေလးေပၚ ေရာက္မွ ေနာက္ခန္း ထိုင္ေနတဲ့ Jungkook နဲ႔ Jimin အား back မွန္ကေန ၾကည့္ရင္း သက္ျပင္းခ်ျပကာ

"Park Jimin တို႔ ေမႊလိုက္တာ.. ငါ့မွာ ရသမွ် ဘုရားစာ အကုန္႐ြတ္ေနရတယ္ ငါ့ဘဝမွာ ဒီေန႔ေလာက္ ဘယ္ေန႔ကမွ ဘုရားတရား မၿမဲဖူးဘူး"

Taehyung စကားကို Jimin က ေနာက္ခန္းေလးထဲကေန ေျခေထာက္ခ်ိတ္ထိုင္ရင္း ပခုံးတြန႔္ျပေလသည္။ Jungkook ကေတာ့ သူ႔ခင္ပြန္းေလး လုပ္သမွ် သေဘာက်စြာေငးေမာေနမိသည္။ ထိုင္တာေတာင္ ေရွ႕တည့္တည့္ မထိုင္ႏိုင္.. ခႏၶာကိုယ္ႀကီးက Jimin ဘက္ကို လွည့္လို႔..။ တကယ္ပါ မျမင္ရတဲ့ တစ္ရက္က.. တစ္ႏွစ္လိုပဲ..။

"ေမာင့္ေယာက္်ားက ေမာင့္ကို ထားသြားၿပီထင္တာ"
"ငါက ပုံမွန္လိုဆို ရက္စက္တတ္တာ မွန္ေပမယ့္ ဒီတိုင္း သနားလို႔ ျပန္လာေခၚတာ.. မင္းက သနားစရာ ေကာင္းတယ္ေလ"

Jimin စကားေၾကာင့္ Taehyung က ကားေမာင္းရင္း အျပစ္တင္ခ်င္ေနဟန္ မ်က္ေစာင္း လွမ္းထိုးေလေတာ့သည္။ Jimin ျမင္လိုက္ေပမယ့္ ဂ႐ုမစိုက္သလို လက္ပိုက္ထားလိုက္သည္။ ႐ုတ္တရပ္ ခါးနားကို က်ဴးေက်ာ္လာတဲ့ လက္ေတြေၾကာင့္ Jimin ဆိုဒ္ဂိုက္အျပည့္ ထိုင္ေနရာမွ တြန႔္ကနဲ ျဖစ္သြားသည္။ Jungkook ကေတာ့ Jimin ခါးသြယ္သြယ္ေလးကို သိမ္းဖက္ထားရင္း ပခုံးေလးထက္ မ်က္ႏွာအပ္ကာ

"အရမ္းလြမ္းေနခဲ့တာပါ Hyung ရယ္"
"ငါ့ကို ပေရာ္ပရီစကားေတြ မေျပာစမ္းနဲ႔"

Jimin တစ္ေယာက္ ပါးစပ္ကသာ ျငင္းဆိုေနေပမယ့္ ရင္ထဲကေတာ့ ေက်နပ္ေနမိသည္။

"တကယ္ သိလား.. အလြမ္းေတြပိၿပီး ရင္ထဲမွာႏြမ္းေနတာ ေမာင္သာ ပန္းေလးတစ္ပြင့္ ျဖစ္မယ္ဆိုရင္ေလ ဒီအခ်ိန္မွာ ႏြမ္းဖတ္ၿပီး ေႂကြေနေလာက္ၿပီ"

Jungkook စကားေၾကာင့္ Jimin တစ္ေယာက္ ပခုံးေပၚ ေစာင္းတင္ထားတဲ့ ေခါင္းေလးအား ေစာင္းၾကည့္လိုက္ေတာ့ Jungkook ကလည္း ေမာ့ၾကည့္ရင္း တိုးတိုးေလး ဆိုလာသည္။

"အရမ္း ခ်စ္တယ္ Hyung..."

တဒိတ္ဒိတ္ခုန္လာတဲ့ ႏွလုံးခုန္သံေၾကာင့္ Jimin အဆုံးသတ္မွာ လက္ခံလိုက္မိသည္။ ငါေရာပဲလို႔ေတာ့ ထင္တာပဲ...။

"ငါ..."

ေငးၾကည့္ေနေသာ ခ်စ္ရည္႐ႊန္းလဲ့ေနသည့္ မ်က္လုံးဝိုင္းႀကီးေတြေၾကာင့္ Jimin ပို ႏွလုံးခုန္းျမန္လာသည္။ ဝန္ခံဖို႔ ႀကိဳးစားရင္းမွ ကိုယ္တိုင္ ေရွာင္ေျပးထြက္ခဲ့လိုက္မိသည္။ ေအးေဆးေပါ့.. မေသခ်ာေသးပဲ လြယ္လြယ္ေျပာလို႔ ရတဲ့ စကားမ်ိဳးမွ မဟုတ္တာ.. ေနာက္မွ ေျပာလည္း ရတာပဲ..။

"ငါ... ငါ ဗိုက္ဆာေနၿပီ အိမ္ေရာက္ရင္ ညစာျပင္ေပး"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြဲေတြဝင္ႏြဲေနရလို႔ စာမေရးႏိုင္လို႔ ေနာက္က်သြားတယ္.. ခဏခဏ လာေတာင္းၾကေတာ့ အားနာလို႔ ဒီေန႔ အၿပီးေရးၿပီး အပ္လိုက္ပါၿပီ အမွားပါရင္ ခြင့္လႊတ္ပါ 💕

Continue Reading

You'll Also Like

77.5K 9.4K 25
အချစ်ဟာဘာလဲမေး မင်းရဲ့ရွှေရောင်ဆံနွယ်လေးတွေလို့ ကိုယ်ဖြေဆိုမယ် အခ်စ္ဟာဘာလဲေမး မင္းရဲ႕ေရႊေရာင္ဆံႏြယ္ေလးေတြလို႔ ကိုယ္ေျဖဆိုမယ္
571K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
71K 18.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
70.5K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။