ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား

9.7K 1.7K 13
By Juliexin__

ကျင်းထုံက တစ်ခုခုကိုကြံစည်နေမှန်းသိလိုက်တာကြောင့် အရင်လက်ဦးမှုရယူဖို့တွေးပြီး ရုန်ယိ လူအုပ်ထဲကနေရှေ့ထွက်လိုက်သည်။
"မတွေ့ရတာကြာပြီနော် ကျင့်ကြံသူကျင်း..ကျွန်တော်ကြားတာတော့ ခင်ဗျားရဲ့တန်ထျန်းပျက်စီးသွားကတည်းက ခင်ဗျားကလုံးဝကိုအမှိုက်တစ်စဖြစ်သွားပြီဆို"

သူ့စကားလုံးတွေက ကျင်းထုံရဲ့အမုန်းတရားတွေကိုချက်ချင်းကိုမြင့်တက်လာစေပြီး..သူ့မျက်လုံးတွေကလည်း လူတွေကိုစားသောက်ချင်နေတဲ့ မိစ္ဆာတစ်ကောင်လိုမျိုး နီရဲလာတော့သည်။
"ရုန်ယိ...မဟုတ်တာတွေလျှောက်ပြောမနေနဲ့စမ်း"

ဒီကိစ္စက လုံးဝကိုတားမြစ်ထားတဲ့အရာဖြစ်တာကြောင့် သူလည်းကျင့်ကြံဆင့်ရှိတဲ့သာမန်လူတစ်ယောက်အဖြစ် ဆက်လက်ဟန်ဆောင်နေနိုင်လေသည်။ ဒါပေမဲ့ ရုန်ယိက ဘယ်လိုလုပ်ပြီးသိနေရတာလဲ..ဆရာသခင်ယွမ်ရိက သူ့ကိုပြောပြလိုက်တာများလား...။

တပည့်အသစ်တွေက များသောအားဖြင့် ကလေးတွေဖြစ်ကြလေသည်။ ကျင်းထုံရဲ့ရှုံ့တွသွားတဲ့မျက်နှာကိုတွေ့လိုက်ကြတဲ့အခါ ထိတ်လန့်သွားကြပြီး မသိစိတ်အရ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်မိလိုက်ကြ၏။

တပည့်သစ်လက်ခံရေးအတွက် တာဝန်ကျတဲ့ တပည့်လည်း ကြောင်အသွားသည်။ သူတို့ကလည်း တပည့်သစ်လက်ခံတာတွေနဲ့ အလုပ်တွေရှုပ်နေကြတာကြောင့် ကျင်းထုံရဲ့ တန်ထျန်းပျက်စီးသွားတာ မသိလိုက်ရပေ။ ပြီးတော့လည်း ကျင်းထုံက ဂိုဏ်းချုပ်ရဲ့မြေးလည်းဖြစ်သည်။ သေချာပေါက်ကို သူတို့ကိုဖုံးကွယ်ထားမှာဘဲဖြစ်၏။

တွေဝေသွားကြတဲ့တပည့်တွေကိုတွေ့တဲ့အခါ သတင်းကဖုံးကွယ်ခံထားရမှန်း ရုန်ယိသိသွားရသည်။ ဒါကြောင့် သူ ရိုးသားတဲ့အသံလေးနဲ့ပြောလိုက်သည်။
"ကျွန်တော်က မဟုတ်တာတွေပြောနေတာမဟုတ်ပါဘူး...ခင်ဗျားကိုစိတ်ပူလို့ပါ..ဆရာသခင်ယွမ်ရိကလည်း ခင်ဗျားကိုတပည့်အဖြစ်ကနေစွန်လြွှတ်ပြီး ကြိမ်ဒဏ်တစ်ရာပေးခဲ့သေးတယ်လို့လည်းကြားတယ်..ဒီအကြောင်းကြားရတာ ကျွန်တော်စိတ်မကောင်းပါဘူး...ဘယ်လိုဘဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်သားရဲ့ဆရာတူအစ်ကိုဘဲလေ..အိုး..ဟုတ်သားဘဲ..ကျွန်တော့်မှာ ခင်ဗျားရဲ့တင်ပါးပေါ်ကဒဏ်ရာတွေကိုသက်သာစေနိုင်တဲ့ ဆေးလုံးတစ်လုံးရှိတယ်..ကျေးဇူးပြုပြီး လက်ခံပေးပါ"

ထို့နောက် ဆေးလုံးအသေးလေးတစ်လုံးထုတ်ပြီး ကျင်းထုံကိုပေးလိုက်သည်။

"မင်း မဟုတ်တာတွေဆက်ပြောနေမယ်ဆိုရင်..ငါမင်းကို ကျိုရွှီဂိုဏ်းကနေ ထုတ်ပယ်ပစ်မယ်!!"
ကျင်းထုံ သူ့ဆေးလုံးကိုလွှတ်ပစ်လိုက်ပြီး တပည့်သစ်လက်ခံရေးအတွက် တာဝန်ကျတဲ့တပည့်တွေဘက်ကိုလှည့်ပြောလိုက်သည်။
"သူပြောတာတွေနားထောင်မနေနဲ့..သူဒါတွေပြောနေတာက ငါ့ကိုမနာလိုဖြစ်နေလို့ဘဲ"

ဒါပေမဲ့ သူ့ရဲ့ရှုံ့တွနေတဲ့မျက်နှာကြောင့် သူ့စကားတွေကယုံစရာမရှိပေ။ ဒါ့အပြင် သူသာ တစ်ကယ်ဘဲ တစ်ဖက်လူကမဟုတ်တာတွေပြောနေတယ်ဆိုတာ သက်သေပြချင်ရင်..သူ့ရဲ့ဝိညာဥ်စွမ်းအားကိုထုတ်သုံးပြလိုက်ရုံဘဲဖြစ်လေသည်။ သူ့ကိုယ်သူရုပ်ပျက်စေအောင်လို့ အော်ဟစ်နေစရာမလိုပေ။

တပည့်သစ်လက်ခံရေးအတွက်တာဝန်ကျတဲ့တပည့်တွေက မျက်နှာပေါ်မှာထူးဆန်းနေတဲ့အမူအယာတွေနဲ့ အချင်းချင်းကြည့်လိုက်မိကြသည်။

ရုန်ယိ သူ့ကိုကြည့်လိုက်၏။
"ဘယ်သူက တစ်ယောက်ယောက်ကိုမနာလိုဖြစ်ပြီး ဘယ်သူရဲ့တန်ထျန်းက ဖျက်ဆီးခံလိုက်ရတာလဲ"

"ရုန်ယိ..မင်းဂိုဏ်းထဲမှာ ဆက်မနေချင်တော့ဘူးထင်တယ်"
ကျင်းထုံ စာအုပ်ကိုလှန်ကာ စုတ်တံနဲ့မင်နီကိုသုံးပြီး ရုန်ယိရဲ့နာမည်ကိုဖျက်ဖို့လုပ်လိုက်ပေမဲ့ ရုတ်တရက် လက်တစ်ဖက်က ရုန်ယိနာမည်ကိုလာကာထားလိုက်သည်။

လူတိုင်းကြောင်အသွားကြပြီး ဓားပျံစီးပြီး ဒီနေရာကိုရုတ်တရက်ကြီးရောက်ရှိလာတဲ့ အမျိုးသမီးကိုကြည့်လိုက်ကြသည်။ သူမက ကျိုရွှီဂိုဏ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကျင်းထုံကိုစိုက်ကြည့်နေ၏။
"လုပ်ပိုင်ခွင့်မရှိဘဲ သူ့နာမည်ကိုဖျက်ဖို့ မင်းကိုဘယ်သူကခွင့်ပြုထားလို့လဲ..သူစစ်ဆေးမှုကိုကျရှုံးခဲ့ရင်တောင်မှ..ငါ့အစ်ကိုပြန်ရောက်မလာခင်အထိ ဂိုဏ်းချုပ်အပါအဝင် ဘယ်သူမှ သူ့နာမည်ကိုဖျက်ပစ်ခွင့်မရှိဘူး"

ရုန်ယိ နှမြောစရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူ့နာမည်က ဖျက်ခံရတော့မယ့်ဟာကို...

"ဆရာမရုန်ကိုနှုတ်ဆက်ပါတယ်"
တပည့်သစ်လက်ခံရေးအတွက်တာဝန်ကျနေတဲ့ တပည့်တွေအကုန်လုံး သူမကိုဂါဝရပြုလိုက်ကြသည်။ ကျင်းထုံတောင်မှ သူ့ဒေါသကိုထိန်းပြီးပြန်ဖြေလိုက်ရသည်။
"ဆရာမရုန်..ဂိုဏ်းချုပ်က အကယ်၍ ရုန်ယိသာဒီတစ်ခေါက်စစ်ဆေးမှုထပ်ကျရှုံးခဲ့မယ်ဆိုရင် ဂိုဏ်းကနေထုတ်ပယ်ခံရမယ်လို့ပြောထားပါတယ်"

ရုန်ယွမ်ယင်း ဒီအငယ်တန်းလေးတွေနဲ့ စကားဆက်မပြောချင်တော့ပေ။ သူမ ရုန်ယိဘက်ကိုသာလှည့်ပြောလိုက်တော့သည်။
"အသုံးမကျတဲ့ဟာလေး..မင်း ဒီအဆင့်နိမ့်တပည့်လေးတွေကိုတောင်မဖြေရှင်းနိုင်ဘူးလား..မင်းဘာများလုပ်နိုင်သေးလဲ ဟမ်..မင်းက ငါတို့ကိုမျက်နှာပျက်အောင်ဘဲ လုပ်တတ်တယ်..မင်းကြောင့်နဲ့ ငါ့ရှောင်းအာမှာလည်း အခုထိ ကျင့်ကြံဖော်မရှာနိုင်သေးဘူး..သူတို့မှာ မင်းလိုအရှုံးသမားတစ်ယောက်ကိုမွေးမိမှာ စိုးရိမ်နေကြရတယ်"

သူမရဲ့စကားတွေကတစ်ဆင့် သူမက မူလပိုင်ရှင်ရဲ့ အဒေါ်ဆိုတာ ရုန်ယိသိလိုက်ရသည်။ သူမက သူ့ဘက်ကနေပြောပေးနေတယ်လို့ သူထင်ခဲ့တာ..ဒါပေမယ့် သူအတွေးလွန်မိသွားတဲ့ပုံပါဘဲ..မဟုတ်ရင်..မူလပိုင်ရှင်က ချီယွဲ့ရှီတို့ပြောသလို နှစ်စဥ်စစ်ဆေးပွဲတွေမှာ ဆိုးဆိုးဝါးဝါးအရိုက်ခံရစရာအကြောင်းလုံးဝမရှိပေ။

"အရင်ဆုံး စစ်ဆေးမယ်"
ရုန်ယွမ်ယင်း လက်ဆန့်ပြီး တာဝန်ကျတဲ့တပည့်တွေကိုပြောလိုက်သည်။
"ငါ့ကို စမ်းသပ်ကျောက်တုံးပေး"

တပည့်တစ်ယောက်က ဖောက်ထွင်းမြင်နေရတဲ့ သုံးမြှောင့်ပုံစမ်းသပ်ကျောက်တုံးကို ရုန်ယိရှေ့ကိုယူဆောင်လာခဲ့သည်။

ရုန်ယွမ်ယင်းက ရုန်ယိရဲ့လက်တစ်ဖက်ကိုယူကာ စမ်းသပ်ကျောက်တုံးပေါ်ဖိချလိုက်သည်။ စက္ကန့်အနည်းငယ်လောက်ကြာတဲ့အခါ ကျောက်တုံးက အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားတာကိုသာပြလာခဲ့သည်။ သူ့မှာ ဘာအလင်းရောင်မှတောက်ပမလာတာကြောင့် ရုန်ယိက ဝိညာဥ်သွေးကြောလုံးဝမရှိတဲ့သူလို့ ပြောနိုင်သည်။

တပည့်တွေအကုန်လုံးက အထင်သေးတဲ့အမူအယာတွေဖြစ်ကုန်ကြသည်။ တပည့်သစ်လက်ခံရေးအတွက်တာသန်ကျတဲ့ တပည့်တစ်ချို့ဆိုရင် သူ့ကို အထင်အမြင်သေးတဲ့အကြည့်တွေနဲ့တောင် ကြည့်လာကြသည်။ သူ့ကိုသာဂိုဏ်းထဲမှာ ဆက်နေခွင့်ပြုလိုက်ရင် ဂိုဏ်းကိုအရှက်သာရစေလိမ့်မည်။

"ဟမ့်..ရလဒ်ကနှစ်တိုင်းလည်းအတူတူဘဲကို..ဘာလို့များ နှစ်တိုင်းလာနေရတာလဲဆိုတာ နားကိုမလည်တော့ဘူး"
နောက်တစ်စက္ကန့်မှာဘဲ ရုန်ယိလက်ကိုတစ်ခြားလက်တစ်ဖက်ကဆွဲယူသွားတာကြောင့် ရုန်ယွမ်ယင်းကိုင်ထားတာကို လွှတ်ပေးလိုက်ရသည်။

ရုန်ယိ လှည့်ကြည့်လိုက်တဲ့အခါ သူ့လက်ကိုဆွဲကိုင်ထားတာက သူနဲ့အတူလိုက်ပါလာတဲ့ ပုချီဖြစ်နေတာ တွေ့လိုက်ရသည်။
"ရောင်စဥ်တစ်ရာပုလဲလုံးနဲ့ စမ်းသပ်တာကပိုပြီးတိကျတယ်"

ထို့နောက် ပုချီက ရုန်ယိလက်ကို ရောင်စုံတောက်ပနေတဲ့ ပုလဲလုံးကြီးအပေါ်ကိုတင်လိုက်သည်။

ရောင်စဥ်တစ်ရာပုလဲလုံးက မိစ္ဆာခုံးကောင်သားရဲက နှစ်ပေါင်းငါးထောင် ပြုစုပျိုးထောင်မှရရှိတာဖြစ်ပြီး ရဖို့အလွန်ခက်ခဲလှသည်။ ဒါက အဆင့်၉ ဆေးပစ္စည်းတစ်မျိုးဖြစ်ရုံသာမက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံဆင့်နဲ့ ဝိညာဥ်သွေးကြောတွေကိုပါ စစ်ဆေးလို့ရလေသည်။

ဒါက ရလဒ်ကိုပြသဖို့အတွက် အရမ်းမြန်သည်။ ရုန်ယိလက်တင်လိုက်တာနဲ့ ချက်ချင်းဘဲ ခရမ်းရင့်ရောင်အလင်းတွေတောက်ပလာခဲ့သည်။ ဒါပေမဲ့ အရောင်ကအနည်းငယ် နက်မှောင်နေပြီး ကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်မမြင့်သေးတာကိုပြသနေသည်။

ရုန်ယွမ်ယင်း ကျင်းထုံနဲ့ တစ်ခြားသူတွေအကုန်လုံး သူတို့မျက်လုံးတောင်သူတို့မယုံကြည်နိုင်ကြပေ။ ရောင်စဥ်တစ်ရာပုလဲလုံးက ခရမ်းရင့်ရောင်အလင်းတွေတောက်ပနေတာကြောင့် အဲ့တာက ရုန်ယိမှာ ဝိညာဥ်သွေးကြောရှိရုံသာမက ထိုသွေးကြောက သန္ဒေပြောင်း မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောဖြစ်တယ်လို့ ဆိုလိုနေသည်။ ဘာလို့လဲဆိုရင် သန္ဒေပြောင်း မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောကသာလျှင် ခရမ်းရင့်ရောင်အလင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့်ဖြစ်၏။

ရုန်ယိ ပုလဲလုံးက တစ်ခြားဝိညာဥ်သွေးကြောတွေရဲ့အရောင်တွေကိုပါ ပြမလာခင် သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ရသည်။ သူ မကျေမနပ်ဖြစ်ကာ ပြောလိုက်၏။
"ခင်ဗျား ကျွန်တော့်အတွက် တွင်းတူးပေးဖို့များလိုက်လာတာလား"

ပုချီက နှုတ်ခမ်းလှုပ်ရုံပြန်ပြောလိုက်သည်။
"ဆရာသခင်ယွမ်ရိက ကျွန်တော့်ကိုဒီလိုလုပ်ဖို့ပြောလိုက်တာ..သူက ဆရာ့ကို ဂိုဏ်းကနေမထွက်သွားစေချင်လို့လေ"

ဆရာသခင်ယွမ်ရိက ရုန်ယိအကြောင်းတွေကိုစုံစမ်းပြီးသွားပြီဖြစ်သည်။ ရုန်ယိမှာ ဝိညာဥ်သွေးကြောမရှိဘူးလို့ကြားလိုက်တဲ့အခါ ရုန်ယိက မွမ်းမံထွင်းထုတာကိုလုပ်တဲ့အခါ ဝိညာဥ်စွမ်းအားသုံးတာတွေ့ခဲ့ဖူးတာကြောင့် သူထူးဆန်းသလိုခံစားလိုက်ရသည်။ သူ့မှာ ဝိညာဥ်သွေးကြောမရှိဘူးဆိုတာက လုံးဝမဖြစ်နိုင်ချေ။ သူ့ရဲ့ဝိညာဥ်သွေးကြောကိုစမ်းသပ်လို့မရတာက သူ့ဟာက ရှာမတွေ့နိုင်တဲ့သွေးကြောတွေဖြစ်နေလို့ဘဲဖြစ်ရမည်။ ပြီးတော့ ကျိုရွှိ်ဂိုဏ်းက တပည့်တွေအကုန်လုံးက ရုန်ယိကိုအထင်သေးတဲ့သဘောထားတွေပြသကြပေမဲ့ ရုန်ယိကတော့ သူ့ရဲ့ဝိညာဥ်စွမ်းအားကိုထုတ်မပြခဲ့တာ သူသိထားသည်။ ဒါကြောင့် ရုန်ယိက ဂိုဏ်းကနေထွက်ဖို့စီစဥ်ထားတယ်လို့ သူခန့်မှန်းမိလိုက်၏။ ဒါကြောင့်သာ သူ့မှာ ရုန်ယိကိုစစ်ဆေးဖို့အတွက် ရောင်စဥ်တစ်ရာပုလဲလုံးကို အထူးရှာဖွေခဲ့ရတာဖြစ်သည်။

ရုန်ယိ "......."

ဒီမြေခွေးအိုကြီးကတော့...ဘာလို့များ..ငါ့ကို တစ်ခါပြီးတစ်ခါ တွင်းတွေတူးပေးနေရတာလဲ...

ရုန်ယိ အနည်းငယ်မကျေမနပ်ဖြစ်သွားတာတွေ့တဲ့အခါ ပုချီက အမြန်ဘဲ နှုတ်ခမ်းဘဲလှုပ်ပြီး ရှင်းပြလိုက်သည်။
"ဆရာသခင်ယွမ်ရိက ဒါကနောက်ဆုံးတစ်ခေါက်ပါဘဲတဲ့"

ရုန်ယိ နှာခေါင်းရှုံ့လိုက်သည်။

"မဖြစ်နိုင်ဘူး!"
ကျင်းထုံ ဒေါသတကြီးထပြောလာသည်။
"ဒါကမှားနေတာ...အမှားကြီးဘဲဖြစ်ရမယ်...ရောင်စဥ်တစ်ရာပုလဲလုံးကလည်း အတုကြီးဘဲဖြစ်ရမယ်"

၁၈နှစ်လုံးလုံး ဝိညာဥ်သွေးကြောမရှိခဲ့တဲ့သူက ရုတ်တရက်ကြီးရှိလာတယ်ဆိုတာ သူမယုံနိုင်ပေ။

ရုန်ယွမ်ယင်းလည်းဘဲ မဖြစ်နိုင်ဘူးလို့သာထင်သည်။ သူမ သူ့ကိုနောက်တစ်ကြိမ်စစ်ဆေးကြည့်လိုက်သည်။ ဒါပေမဲ့ သူ့ကိုယ်က သိပ်သည်းထဲဝိညာဥ်စွမ်းအားတွေက သူမကို ဒီ့ထက်စစ်မှန်တာမရှိတော့ဘူးလို့ ပြောနေ၏။

"မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြော...ဒါက သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောဘဲ"

မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောက မှော်လက်နက်တွေ ၊ ပစ္စည်းကိရိယာတွေ နဲ့ ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာအသုံးဝင်ပြီး တစ်ခြားနေရာတွေမှာလည်း အရမ်းအရေးကြီးတဲ့နေရာကနေ ပါဝင်လေသည်။ ဒါ့အပြင် မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောရှိတဲ့လူတွေရဲ့ စွမ်းအားက သေလောက်အောင်ကြီးမားပြီး သူတို့တွေရဲ့ကျင့်ကြံနှုန်းကလည်း အရမ်းအရမ်းကိုမြန်လေသည်။ ရုန်ယိက အခုမှ ၁၈နှစ်သာရှိသေးတာကြောင့် နှစ်အနည်းငယ်လောက်ကျင့်ကြံလိုက်ရုံနဲ့ သူ့ထက် ဆယ်နှစ်လောက်စောပြီးကျင့်ကြံထားခဲ့ကြတဲ့သူတွေကို အမှီလိုက်နိုင်ပေလိမ့်မည်။

ရုန်ယွမ်ယင်းရဲ့မျက်နှာ အနည်းငယ်ဖြူဖျော့သွား၏။ သူမ ဒီနေရာကိုဘာလို့ရောက်လာရတာလဲဆိုတာကိုပါ မေ့လျော့သွားရသည်။ သူမက အမြဲတမ်း သူမရဲ့ပါရမီရှင်အစ်ကိုကြီးကို ဒီလိုအရှုံးသမားတစ်ယောက်ကိုမွေးထားတာကြောင့် အမြဲလှောင်ရယ်ခဲ့တာကို ပြန်တွေးကြည့်မိတဲ့အခါ သူမရဲ့မျက်နှာကို တစ်ယောက်ယောက်က ဖြတ်ရိုက်လိုက်သလိုမျိုး ပူလောင်လာတော့သည်။

စိတ်အနှောင့်အယှက်အဖြစ်ရဆုံးကတော့ ဒီအရှုံးသမားရဲ့ ဝိညာဥ်သွေးကြောက သူမသားရဲ့ဟာထက်တောင် ကောင်းနေသေးတာဘဲဖြစ်၏။

"ဟုတ်တယ်..မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောဘဲ"
ပုချီက ကျင်းထုံလက်ထဲက မှတ်တမ်းစာအုပ်ကိုယူကာ တစ်ခြားတပည့်တစ်ယောက်ရဲ့လက်ထဲကိုထည့်ပေးလိုက်သည်။
"မှတ်ထားလိုက်"

"အိုး...အိုး"
ထိုတပည့်ကအခုမှဘဲ သတိပြန်ဝင်လာတော့သည်။

"မလုပ်နဲ့"
ကျင်းထုံသတိပြန်ဝင်လာတဲ့အခါ ထိုတပည့်ကိုလှမ်းတားဖို့လုပ်လိုက်ပေမဲ့ ပုချီက သူ့ကိုမီတာတော်တော်မျာများရောက်တဲ့အထိ ကန်ထုတ်ပစ်လိုက်သည်။

ကျင်းထုံက အစတည်းက သေမျိုးတစ်ယောက်ပြန်ဖြစ်နေပြီးဖြစ်တာမလို့ နေရာမှာဘဲ သတိလစ်သွားတော့သည်။

ထိုတပည့်က အမြန်ရေးမှတ်လိုက်ပြီးတော့ ရုန်ယိဘက်ကိုလှည့်လိုက်သည်။
"ဟို..."

သူက တုံ့ဆိုင်းစွာနဲ့ပြောလာသည်။
"ဆရာ....ဆရာဦးလေးရုန်..ခင်ဗျားရဲ့ ဆရာတူအစ်ကိုကြီး ဆရာဦလေးပိုင်က..ကျင်းလင်ခြံဝန်းထဲမှာ စောင့်နေပါတယ်..သူက စစ်ဆေးမှုပြီးရင် သူ့ကိုလာတွေ့ဖို့ပြောထားပါတယ်"

ရုန်ယိ သူ့ကိုစိုက်ကြည့်လိုက်၏။

သူ့ရဲ့စူးရှတဲ့ မျက်ဝန်းတွေကြောင့် ထိုတပည့်မှာ အပြစ်မကင်းစွာနဲ့ အဝေးကိုအကြည့်လွှဲလိုက်မိသည်။ တစ်ကယ်တော့ သူ့ကို ကျင်းလင်ခြံဝန်းထဲကိုသွားအောင်လှည့်စားပြောခိုင်းတာက ကျင်းယွဲ့ယောင်ဖြစ်သည်။ နောက်ထပ်ဖြစ်လာမဲ့အရာတွေကတော့ သူနဲ့မဆိုင်တော့ပေ။

"ကျေးဇူးဘဲ"
ရုန်ယိ သူ့ကိုပြုံးပြလိုက်ပြီး နောက်လှည့်လိုက်ကာ ကွင်းပြင်အစပ်က တံတားကြီးကိုးစင်းဆီကိုလျှောက်သွားလိုက်သည်။

တံတားတွေဆီရောက်တဲ့အခါ ရုန်ယိ ပုချီကိုလှည့်မေးလိုက်သည်။
"ကျွန်တော် ဘယ်တံတားကနေသွားရမှာလဲ"

"ကျင်းလင်ခြံဝန်းကို မသွားတော့ဘူးလား"

ရုန်ယိ မျက်ဆံလှန်လိုက်မိသည်။ ထိုတပည့်က သူ့ကိုလိမ်ပြောနေတာဒီလောက်သိသာနေတာကို  သူက ထိုထောင်ချောက်ထဲကို ကျသွားစရာလား..။
"အခုတော့ ပြိုင်ပွဲအခြေအနေကိုဘဲ သွားကြည့်ချင်တယ်"

"ကောင်းပါပြီ...ပြိုင်ပွဲနေရာက ဟိုဘက်မှာ"
ပုချီ ကျင့်ကြံသူများစွာ ပျံသန်းသွားနေတဲ့ဘက်ကို ညွှန်ပြလိုက်သည်။
"နေရာက နည်းနည်းတော့ဝေးတယ်..ကျွန်တော် ဆရာ့ကိုခေါ်သွားပေးမယ်လေ"

"အင်း.."

သူတို့ထွက်သွားတော့မှသာ ရုန်ယွမ်ယင်း သတိပြန်ဝင်လာတော့သည်။ ရုန်ယိမရှိတော့မှန်းတွေ့လိုက်ကတဲ့အခါ သူမဒေါသထွက်သွားရ၏။
"ရုန်ယိ ဘယ်မှာလဲ"

တပည့်တစ်ယောက်က ပြန်ဖြေလာသည်။
"သူသွားပါပြီ"

"သူ ဘယ်ကိုသွားတာလဲ"

ထိုတပည့်က ပြိုင်ပွဲကွင်းပြင်လို့ ပြောလိုက်သည်။

ရုန်ယွမ်ယင်း ခြေထောက်ဆောင့်လိုက်မိသည်။ ထို့နောက် ဓားပျံစီးကာ အရှေ့ဘက်ကိုပျံသန်းသွားတော့သည်။

သူ့အမေပြန်ရောက်လာတာတွေ့တဲ့အခါ ဝေ့ဝမ်ရှောင်း အမြန်မေးလိုက်သည်။
"အမေ..ရုန်ယိကို ရှာတွေ့ခဲ့လား"

"တွေ့တယ်"
စစ်ဆေးတဲ့ဟာကိုပြန်တွေးလိုက်တဲ့အခါ ရုန်ယွမ်ယင်း မျက်နှာ မည်းသွားရသည်။

"ရုန်ဝေ့ယိရဲ့ ဂူထဲကပစ္စည်းတွေ မှတ်တမ်းတွေ ဘယ်နေရာမှာထားထားတာလဲရော မေးလိုက်သေးလား"

"ငါမေးတော့မလို့ဘဲရှိသေး..သူကထွက်သွားပြီ"

ဝေ့ဝမ်ရှောင်း အံ့အားသင့်သွားရ၏။
"အမေ သူ့ကိုလွှတ်ပေးလိုက်ရတာလား..ထူးဆန်းလိုက်တာ..သူကဘယ်လိုလုပ်ပြီး အမေ့ထက်တောင် အမြန်ပြေးသွားနိုင်ရတာလဲ"

"ရှောင်းအာ..မင်းသိလား..ငါသူ့ကိုတွေ့တော့...."
ရုန်ယွမ်ယင်း သူ့ကို စစ်ဆေးတဲ့ အဖြေကိုပြန်ပြောပြလိုက်သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ဝေ့ဝမ်ရှောင်း သူ့နားသူတောင် မယုံကြည်နိုင်ပေ။
"အမေ..အမေ အမှားမလုပ်မိတာ သေချာရဲ့လား"

"အဲ့မှာ ဒီလောက်လူတွေအများကြီးရှိနေတာ..ငါကဘယ်လိုလုပ်ပြီး အမှားလုပ်မိရမှာလဲ..အခု တပည့်အချို့က မှတ်တမ်းထဲမှာ သူ့ဝိညာဥ်သွေးကြောကို မှတ်တမ်းတင်ပြီးသွားပြီ။.တစ်နေ့အတွင်း လူတွေက သူ့မှာ သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောရှိတာကို သိသွားကြလိမ့်မယ်"

ဝေ့ဝမ်ရှောင်း မေးလိုက်သည်။
"သူ အခုဘယ်မှာဘဲ"

"သူတို့ပြောတာတော့ သူဒီကိုသွားတယ်တဲ့"

ဝေ့ဝမ်ရှောင်း လူသတ်ချင်တဲ့အကြည့်တွေပေါ်လာသည်။
"အမေ..ဒီလိုလုပ်ရင်ရော... လူတိုင်းက သူ့မှာဝိညာဥ်သွေးကြောရှိမှန်းမသိသွားခင်မှာ..ကျွန်တော်တို့...."

သူ ရုန်ယွမ်ယင်းကို ရှင်းပစ်မယ့်အမူအယာလုပ်​ြပလိုက်သည်။ သူက ဘဝတစ်လျှောက်လုံး သူ့အရှုံးသမားဦးလေးရဲ့လောင်းရိပ်အောက်မှာ နေလာခဲ့ရတဲ့ သူ့အမေလိုမျိုးမဟုတ်။

ရုန်ယွမ်ယင်း သူမအစ်ကိုရဲ့သားက သူ့သားထက်ပိုတော်သွားမှာမလိုချင်သလို သူ့သားကိုသူများအရိပ်အောက်မှာလည်း ပိတ်မိမသွားစေချင်..ဒါကြောင့် သူမ ခေါင်းငြိမ့်ပြလိုက်တော့သည်။
"ကောင်းပြီ..အခုလူခွဲပြီး သူ့ကိုသွားရှာကြရအောင်"

##
update တောင်းထားတဲ့ reader လေးအတွက်ပါ♥♥

**************


Zawgyi


က်င္းထုံက တစ္ခုခုကိုႀကံစည္ေနမွန္းသိလိုက္တာေၾကာင့္ အရင္လက္ဦးမႈရယူဖို႔ေတြးၿပီး ႐ုန္ယိ လူအုပ္ထဲကေနေရွ႕ထြက္လိုက္သည္။
"မေတြ႕ရတာၾကာၿပီေနာ္ က်င့္ႀကံသူက်င္း..ကြၽန္ေတာ္ၾကားတာေတာ့ ခင္ဗ်ားရဲ႕တန္ထ်န္းပ်က္စီးသြားကတည္းက ခင္ဗ်ားကလုံးဝကိုအမွိုက္တစ္စျဖစ္သြားၿပီဆို"

သူ႕စကားလုံးေတြက က်င္းထုံရဲ႕အမုန္းတရားေတြကိုခ်က္ခ်င္းကိုျမင့္တက္လာေစၿပီး..သူ႕မ်က္လုံးေတြကလည္း လူေတြကိုစားေသာက္ခ်င္ေနတဲ့ မိစ္ဆာတစ္ေကာင္လိုမ်ိဳး နီရဲလာေတာ့သည္။
"႐ုန္ယိ...မဟုတ္တာေတြေလွ်ာက္ေျပာမေနနဲ႕စမ္း"

ဒီကိစၥက လုံးဝကိုတားျမစ္ထားတဲ့အရာျဖစ္တာေၾကာင့္ သူလည္းက်င့္ႀကံဆင့္ရွိတဲ့သာမန္လူတစ္ေယာက္အျဖစ္ ဆက္လက္ဟန္ေဆာင္ေနနိုင္ေလသည္။ ဒါေပမဲ့ ႐ုန္ယိက ဘယ္လိုလုပ္ၿပီးသိေနရတာလဲ..ဆရာသခင္ယြမ္ရိက သူ႕ကိုေျပာျပလိုက္တာမ်ားလား...။

တပည့္အသစ္ေတြက မ်ားေသာအားျဖင့္ ကေလးေတြျဖစ္ၾကေလသည္။ က်င္းထုံရဲ႕ရႈံ႕တြသြားတဲ့မ်က္ႏွာကိုေတြ႕လိုက္ၾကတဲ့အခါ ထိတ္လန့္သြားၾကၿပီး မသိစိတ္အရ ေနာက္ကိုေျခလွမ္းအနည္းငယ္ဆုတ္မိလိုက္ၾက၏။

တပည့္သစ္လက္ခံေရးအတြက္ တာဝန္က်တဲ့ တပည့္လည္း ေၾကာင္အသြားသည္။ သူတို႔ကလည္း တပည့္သစ္လက္ခံတာေတြနဲ႕ အလုပ္ေတြရႈပ္ေနၾကတာေၾကာင့္ က်င္းထုံရဲ႕ တန္ထ်န္းပ်က္စီးသြားတာ မသိလိုက္ရေပ။ ၿပီးေတာ့လည္း က်င္းထုံက ဂိုဏ္းခ်ဳပ္ရဲ႕ေျမးလည္းျဖစ္သည္။ ေသခ်ာေပါက္ကို သူတို႔ကိုဖုံးကြယ္ထားမွာဘဲျဖစ္၏။

ေတြေဝသြားၾကတဲ့တပည့္ေတြကိုေတြ႕တဲ့အခါ သတင္းကဖုံးကြယ္ခံထားရမွန္း ႐ုန္ယိသိသြားရသည္။ ဒါေၾကာင့္ သူ ရိုးသားတဲ့အသံေလးနဲ႕ေျပာလိုက္သည္။
"ကြၽန္ေတာ္က မဟုတ္တာေတြေျပာေနတာမဟုတ္ပါဘူး...ခင္ဗ်ားကိုစိတ္ပူလို႔ပါ..ဆရာသခင္ယြမ္ရိကလည္း ခင္ဗ်ားကိုတပည့္အျဖစ္ကေနစြန္ႂလႊတ္ၿပီး ႀကိမ္ဒဏ္တစ္ရာေပးခဲ့ေသးတယ္လို႔လည္းၾကားတယ္..ဒီအေၾကာင္းၾကားရတာ ကြၽန္ေတာ္စိတ္မေကာင္းပါဘူး...ဘယ္လိုဘဲျဖစ္ျဖစ္ ခင္ဗ်ားက ကြၽန္ေတာ့္သားရဲ႕ဆရာတူအစ္ကိုဘဲေလ..အိုး..ဟုတ္သားဘဲ..ကြၽန္ေတာ့္မွာ ခင္ဗ်ားရဲ႕တင္ပါးေပၚကဒဏ္ရာေတြကိုသက္သာေစနိုင္တဲ့ ေဆးလုံးတစ္လုံးရွိတယ္..ေက်းဇူးျပဳၿပီး လက္ခံေပးပါ"

ထို႔ေနာက္ ေဆးလုံးအေသးေလးတစ္လုံးထုတ္ၿပီး က်င္းထုံကိုေပးလိုက္သည္။

"မင္း မဟုတ္တာေတြဆက္ေျပာေနမယ္ဆိုရင္..ငါမင္းကို က်ိဳ႐ႊီဂိုဏ္းကေန ထုတ္ပယ္ပစ္မယ္!!"
က်င္းထုံ သူ႕ေဆးလုံးကိုလႊတ္ပစ္လိုက္ၿပီး တပည့္သစ္လက္ခံေရးအတြက္ တာဝန္က်တဲ့တပည့္ေတြဘက္ကိုလွည့္ေျပာလိုက္သည္။
"သူေျပာတာေတြနားေထာင္မေနနဲ႕..သူဒါေတြေျပာေနတာက ငါ့ကိုမနာလိုျဖစ္ေနလို႔ဘဲ"

ဒါေပမဲ့ သူ႕ရဲ႕ရႈံ႕တြေနတဲ့မ်က္ႏွာေၾကာင့္ သူ႕စကားေတြကယုံစရာမရွိေပ။ ဒါ့အျပင္ သူသာ တစ္ကယ္ဘဲ တစ္ဖက္လူကမဟုတ္တာေတြေျပာေနတယ္ဆိုတာ သက္ေသျပခ်င္ရင္..သူ႕ရဲ႕ဝိညာဥ္စြမ္းအားကိုထုတ္သုံးျပလိုက္႐ုံဘဲျဖစ္ေလသည္။ သူ႕ကိုယ္သူ႐ုပ္ပ်က္ေစေအာင္လို႔ ေအာ္ဟစ္ေနစရာမလိုေပ။

တပည့္သစ္လက္ခံေရးအတြက္တာဝန္က်တဲ့တပည့္ေတြက မ်က္ႏွာေပၚမွာထူးဆန္းေနတဲ့အမူအယာေတြနဲ႕ အခ်င္းခ်င္းၾကည့္လိုက္မိၾကသည္။

႐ုန္ယိ သူ႕ကိုၾကည့္လိုက္၏။
"ဘယ္သူက တစ္ေယာက္ေယာက္ကိုမနာလိုျဖစ္ၿပီး ဘယ္သူရဲ႕တန္ထ်န္းက ဖ်က္ဆီးခံလိုက္ရတာလဲ"

"႐ုန္ယိ..မင္းဂိုဏ္းထဲမွာ ဆက္မေနခ်င္ေတာ့ဘူးထင္တယ္"
က်င္းထုံ စာအုပ္ကိုလွန္ကာ စုတ္တံနဲ႕မင္နီကိုသုံးၿပီး ႐ုန္ယိရဲ႕နာမည္ကိုဖ်က္ဖို႔လုပ္လိုက္ေပမဲ့ ႐ုတ္တရက္ လက္တစ္ဖက္က ႐ုန္ယိနာမည္ကိုလာကာထားလိုက္သည္။

လူတိုင္းေၾကာင္အသြားၾကၿပီး ဓားပ်ံစီးၿပီး ဒီေနရာကို႐ုတ္တရက္ႀကီးေရာက္ရွိလာတဲ့ အမ်ိဳးသမီးကိုၾကည့္လိုက္ၾကသည္။ သူမက က်ိဳ႐ႊီဂိုဏ္းဝတ္စုံကိုဝတ္ဆင္ထားၿပီး က်င္းထုံကိုစိုက္ၾကည့္ေန၏။
"လုပ္ပိုင္ခြင့္မရွိဘဲ သူ႕နာမည္ကိုဖ်က္ဖို႔ မင္းကိုဘယ္သူကခြင့္ျပဳထားလို႔လဲ..သူစစ္ေဆးမႈကိုက်ရႈံးခဲ့ရင္ေတာင္မွ..ငါ့အစ္ကိုျပန္ေရာက္မလာခင္အထိ ဂိုဏ္းခ်ဳပ္အပါအဝင္ ဘယ္သူမွ သူ႕နာမည္ကိုဖ်က္ပစ္ခြင့္မရွိဘူး"

႐ုန္ယိ ႏွေျမာစရာေကာင္းတယ္လို႔ ခံစားလိုက္ရသည္။ သူ႕နာမည္က ဖ်က္ခံရေတာ့မယ့္ဟာကို...

"ဆရာမ႐ုန္ကိုႏႈတ္ဆက္ပါတယ္"
တပည့္သစ္လက္ခံေရးအတြက္တာဝန္က်ေနတဲ့ တပည့္ေတြအကုန္လုံး သူမကိုဂါဝရျပဳလိုက္ၾကသည္။ က်င္းထုံေတာင္မွ သူ႕ေဒါသကိုထိန္းၿပီးျပန္ေျဖလိုက္ရသည္။
"ဆရာမ႐ုန္..ဂိုဏ္းခ်ဳပ္က အကယ္၍ ႐ုန္ယိသာဒီတစ္ေခါက္စစ္ေဆးမႈထပ္က်ရႈံးခဲ့မယ္ဆိုရင္ ဂိုဏ္းကေနထုတ္ပယ္ခံရမယ္လို႔ေျပာထားပါတယ္"

႐ုန္ယြမ္ယင္း ဒီအငယ္တန္းေလးေတြနဲ႕ စကားဆက္မေျပာခ်င္ေတာ့ေပ။ သူမ ႐ုန္ယိဘက္ကိုသာလွည့္ေျပာလိုက္ေတာ့သည္။
"အသုံးမက်တဲ့ဟာေလး..မင္း ဒီအဆင့္နိမ့္တပည့္ေလးေတြကိုေတာင္မေျဖရွင္းနိုင္ဘူးလား..မင္းဘာမ်ားလုပ္နိုင္ေသးလဲ ဟမ္..မင္းက ငါတို႔ကိုမ်က္ႏွာပ်က္ေအာင္ဘဲ လုပ္တတ္တယ္..မင္းေၾကာင့္နဲ႕ ငါ့ေရွာင္းအာမွာလည္း အခုထိ က်င့္ႀကံေဖာ္မရွာနိုင္ေသးဘူး..သူတို႔မွာ မင္းလိုအရႈံးသမားတစ္ေယာက္ကိုေမြးမိမွာ စိုးရိမ္ေနၾကရတယ္"

သူမရဲ႕စကားေတြကတစ္ဆင့္ သူမက မူလပိုင္ရွင္ရဲ႕ အေဒၚဆိုတာ ႐ုန္ယိသိလိုက္ရသည္။ သူမက သူ႕ဘက္ကေနေျပာေပးေနတယ္လို႔ သူထင္ခဲ့တာ..ဒါေပမယ့္ သူအေတြးလြန္မိသြားတဲ့ပုံပါဘဲ..မဟုတ္ရင္..မူလပိုင္ရွင္က ခ်ီယြဲ႕ရွီတို႔ေျပာသလို ႏွစ္စဥ္စစ္ေဆးပြဲေတြမွာ ဆိုးဆိုးဝါးဝါးအရိုက္ခံရစရာအေၾကာင္းလုံးဝမရွိေပ။

"အရင္ဆုံး စစ္ေဆးမယ္"
႐ုန္ယြမ္ယင္း လက္ဆန့္ၿပီး တာဝန္က်တဲ့တပည့္ေတြကိုေျပာလိုက္သည္။
"ငါ့ကို စမ္းသပ္ေက်ာက္တုံးေပး"

တပည့္တစ္ေယာက္က ေဖာက္ထြင္းျမင္ေနရတဲ့ သုံးျမႇောင့္ပုံစမ္းသပ္ေက်ာက္တုံးကို ႐ုန္ယိေရွ႕ကိုယူေဆာင္လာခဲ့သည္။

႐ုန္ယြမ္ယင္းက ႐ုန္ယိရဲ႕လက္တစ္ဖက္ကိုယူကာ စမ္းသပ္ေက်ာက္တုံးေပၚဖိခ်လိဳက္သည္။ စကၠန့္အနည္းငယ္ေလာက္ၾကာတဲ့အခါ ေက်ာက္တုံးက အနည္းငယ္လႈပ္လႈပ္ရွားရွားျဖစ္သြားတာကိုသာျပလာခဲ့သည္။ သူ႕မွာ ဘာအလင္းေရာင္မွေတာက္ပမလာတာေၾကာင့္ ႐ုန္ယိက ဝိညာဥ္ေသြးေၾကာလုံးဝမရွိတဲ့သူလို႔ ေျပာနိုင္သည္။

တပည့္ေတြအကုန္လုံးက အထင္ေသးတဲ့အမူအယာေတြျဖစ္ကုန္ၾကသည္။ တပည့္သစ္လက္ခံေရးအတြက္တာသန္က်တဲ့ တပည့္တစ္ခ်ိဳ႕ဆိုရင္ သူ႕ကို အထင္အျမင္ေသးတဲ့အၾကည့္ေတြနဲ႕ေတာင္ ၾကည့္လာၾကသည္။ သူ႕ကိုသာဂိုဏ္းထဲမွာ ဆက္ေနခြင့္ျပဳလိုက္ရင္ ဂိုဏ္းကိုအရွက္သာရေစလိမ့္မည္။

"ဟမ့္..ရလဒ္ကႏွစ္တိုင္းလည္းအတူတူဘဲကို..ဘာလို႔မ်ား ႏွစ္တိုင္းလာေနရတာလဲဆိုတာ နားကိုမလည္ေတာ့ဘူး"
ေနာက္တစ္စကၠန့္မွာဘဲ ႐ုန္ယိလက္ကိုတစ္ျခားလက္တစ္ဖက္ကဆြဲယူသြားတာေၾကာင့္ ႐ုန္ယြမ္ယင္းကိုင္ထားတာကို လႊတ္ေပးလိုက္ရသည္။

႐ုန္ယိ လွည့္ၾကည့္လိုက္တဲ့အခါ သူ႕လက္ကိုဆြဲကိုင္ထားတာက သူနဲ႕အတူလိုက္ပါလာတဲ့ ပုခ်ီျဖစ္ေနတာ ေတြ႕လိုက္ရသည္။
"ေရာင္စဥ္တစ္ရာပုလဲလုံးနဲ႕ စမ္းသပ္တာကပိုၿပီးတိက်တယ္"

ထို႔ေနာက္ ပုခ်ီက ႐ုန္ယိလက္ကို ေရာင္စုံေတာက္ပေနတဲ့ ပုလဲလုံးႀကီးအေပၚကိုတင္လိုက္သည္။

ေရာင္စဥ္တစ္ရာပုလဲလုံးက မိစ္ဆာခုံးေကာင္သားရဲက ႏွစ္ေပါင္းငါးေထာင္ ျပဳစုပ်ိဳးေထာင္မွရရွိတာျဖစ္ၿပီး ရဖို႔အလြန္ခက္ခဲလွသည္။ ဒါက အဆင့္၉ ေဆးပစၥည္းတစ္မ်ိဳးျဖစ္႐ုံသာမက က်င့္ႀကံသူေတြရဲ႕ က်င့္ႀကံဆင့္နဲ႕ ဝိညာဥ္ေသြးေၾကာေတြကိုပါ စစ္ေဆးလို႔ရေလသည္။

ဒါက ရလဒ္ကိုျပသဖို႔အတြက္ အရမ္းျမန္သည္။ ႐ုန္ယိလက္တင္လိုက္တာနဲ႕ ခ်က္ခ်င္းဘဲ ခရမ္းရင့္ေရာင္အလင္းေတြေတာက္ပလာခဲ့သည္။ ဒါေပမဲ့ အေရာင္ကအနည္းငယ္ နက္ေမွာင္ေနၿပီး က်င့္ႀကံသူရဲ႕ က်င့္ႀကံဆင့္မျမင့္ေသးတာကိုျပသေနသည္။

႐ုန္ယြမ္ယင္း က်င္းထုံနဲ႕ တစ္ျခားသူေတြအကုန္လုံး သူတို႔မ်က္လုံးေတာင္သူတို႔မယုံၾကည္နိုင္ၾကေပ။ ေရာင္စဥ္တစ္ရာပုလဲလုံးက ခရမ္းရင့္ေရာင္အလင္းေတြေတာက္ပေနတာေၾကာင့္ အဲ့တာက ႐ုန္ယိမွာ ဝိညာဥ္ေသြးေၾကာရွိ႐ုံသာမက ထိုေသြးေၾကာက သႏၵေေျပာင္း မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာျဖစ္တယ္လို႔ ဆိုလိုေနသည္။ ဘာလို႔လဲဆိုရင္ သႏၵေေျပာင္း မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာကသာလွ်င္ ခရမ္းရင့္ေရာင္အလင္းကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ျဖစ္၏။

႐ုန္ယိ ပုလဲလုံးက တစ္ျခားဝိညာဥ္ေသြးေၾကာေတြရဲ႕အေရာင္ေတြကိုပါ ျပမလာခင္ သူ႕လက္ကို အျမန္ျပန္႐ုတ္လိုက္ရသည္။ သူ မေက်မနပ္ျဖစ္ကာ ေျပာလိုက္၏။
"ခင္ဗ်ား ကြၽန္ေတာ့္အတြက္ တြင္းတူးေပးဖို႔မ်ားလိုက္လာတာလား"

ပုခ်ီက ႏႈတ္ခမ္းလႈပ္႐ုံျပန္ေျပာလိုက္သည္။
"ဆရာသခင္ယြမ္ရိက ကြၽန္ေတာ့္ကိုဒီလိုလုပ္ဖို႔ေျပာလိုက္တာ..သူက ဆရာ့ကို ဂိုဏ္းကေနမထြက္သြားေစခ်င္လို႔ေလ"

ဆရာသခင္ယြမ္ရိက ႐ုန္ယိအေၾကာင္းေတြကိုစုံစမ္းၿပီးသြားၿပီျဖစ္သည္။ ႐ုန္ယိမွာ ဝိညာဥ္ေသြးေၾကာမရွိဘူးလို႔ၾကားလိုက္တဲ့အခါ ႐ုန္ယိက မြမ္းမံထြင္းထုတာကိုလုပ္တဲ့အခါ ဝိညာဥ္စြမ္းအားသုံးတာေတြ႕ခဲ့ဖူးတာေၾကာင့္ သူထူးဆန္းသလိုခံစားလိုက္ရသည္။ သူ႕မွာ ဝိညာဥ္ေသြးေၾကာမရွိဘူးဆိုတာက လုံးဝမျဖစ္နိုင္ေခ်။ သူ႕ရဲ႕ဝိညာဥ္ေသြးေၾကာကိုစမ္းသပ္လို႔မရတာက သူ႕ဟာက ရွာမေတြ႕နိုင္တဲ့ေသြးေၾကာေတြျဖစ္ေနလို႔ဘဲျဖစ္ရမည္။ ၿပီးေတာ့ က်ိဳ႐ႊိ္ဂိုဏ္းက တပည့္ေတြအကုန္လုံးက ႐ုန္ယိကိုအထင္ေသးတဲ့သေဘာထားေတြျပသၾကေပမဲ့ ႐ုန္ယိကေတာ့ သူ႕ရဲ႕ဝိညာဥ္စြမ္းအားကိုထုတ္မျပခဲ့တာ သူသိထားသည္။ ဒါေၾကာင့္ ႐ုန္ယိက ဂိုဏ္းကေနထြက္ဖို႔စီစဥ္ထားတယ္လို႔ သူခန့္မွန္းမိလိုက္၏။ ဒါေၾကာင့္သာ သူ႕မွာ ႐ုန္ယိကိုစစ္ေဆးဖို႔အတြက္ ေရာင္စဥ္တစ္ရာပုလဲလုံးကို အထူးရွာေဖြခဲ့ရတာျဖစ္သည္။

႐ုန္ယိ "......."

ဒီေျမေခြးအိုႀကီးကေတာ့...ဘာလို႔မ်ား..ငါ့ကို တစ္ခါၿပီးတစ္ခါ တြင္းေတြတူးေပးေနရတာလဲ...

႐ုန္ယိ အနည္းငယ္မေက်မနပ္ျဖစ္သြားတာေတြ႕တဲ့အခါ ပုခ်ီက အျမန္ဘဲ ႏႈတ္ခမ္းဘဲလႈပ္ၿပီး ရွင္းျပလိုက္သည္။
"ဆရာသခင္ယြမ္ရိက ဒါကေနာက္ဆုံးတစ္ေခါက္ပါဘဲတဲ့"

႐ုန္ယိ ႏွာေခါင္းရႈံ႕လိုက္သည္။

"မျဖစ္နိုင္ဘူး!"
က်င္းထုံ ေဒါသတႀကီးထေျပာလာသည္။
"ဒါကမွားေနတာ...အမွားႀကီးဘဲျဖစ္ရမယ္...ေရာင္စဥ္တစ္ရာပုလဲလုံးကလည္း အတုႀကီးဘဲျဖစ္ရမယ္"

၁၈ႏွစ္လုံးလုံး ဝိညာဥ္ေသြးေၾကာမရွိခဲ့တဲ့သူက ႐ုတ္တရက္ႀကီးရွိလာတယ္ဆိုတာ သူမယုံနိုင္ေပ။

႐ုန္ယြမ္ယင္းလည္းဘဲ မျဖစ္နိုင္ဘူးလို႔သာထင္သည္။ သူမ သူ႕ကိုေနာက္တစ္ႀကိမ္စစ္ေဆးၾကည့္လိုက္သည္။ ဒါေပမဲ့ သူ႕ကိုယ္က သိပ္သည္းထဲဝိညာဥ္စြမ္းအားေတြက သူမကို ဒီ့ထက္စစ္မွန္တာမရွိေတာ့ဘူးလို႔ ေျပာေန၏။

"မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာ...ဒါက သႏၵေေျပာင္းမိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာဘဲ"

မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာက ေမွာ္လက္နက္ေတြ ၊ ပစၥည္းကိရိယာေတြ နဲ႕ ေဆးလုံးေတြ သန့္စင္တဲ့ေနရာမွာအသုံးဝင္ၿပီး တစ္ျခားေနရာေတြမွာလည္း အရမ္းအေရးႀကီးတဲ့ေနရာကေန ပါဝင္ေလသည္။ ဒါ့အျပင္ မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာရွိတဲ့လူေတြရဲ႕ စြမ္းအားက ေသေလာက္ေအာင္ႀကီးမားၿပီး သူတို႔ေတြရဲ႕က်င့္ႀကံႏႈန္းကလည္း အရမ္းအရမ္းကိုျမန္ေလသည္။ ႐ုန္ယိက အခုမွ ၁၈ႏွစ္သာရွိေသးတာေၾကာင့္ ႏွစ္အနည္းငယ္ေလာက္က်င့္ႀကံလိုက္႐ုံနဲ႕ သူ႕ထက္ ဆယ္ႏွစ္ေလာက္ေစာၿပီးက်င့္ႀကံထားခဲ့ၾကတဲ့သူေတြကို အမွီလိုက္နိုင္ေပလိမ့္မည္။

႐ုန္ယြမ္ယင္းရဲ႕မ်က္ႏွာ အနည္းငယ္ျဖဴေဖ်ာ့သြား၏။ သူမ ဒီေနရာကိုဘာလို႔ေရာက္လာရတာလဲဆိုတာကိုပါ ေမ့ေလ်ာ့သြားရသည္။ သူမက အၿမဲတမ္း သူမရဲ႕ပါရမီရွင္အစ္ကိုႀကီးကို ဒီလိုအရႈံးသမားတစ္ေယာက္ကိုေမြးထားတာေၾကာင့္ အၿမဲေလွာင္ရယ္ခဲ့တာကို ျပန္ေတြးၾကည့္မိတဲ့အခါ သူမရဲ႕မ်က္ႏွာကို တစ္ေယာက္ေယာက္က ျဖတ္ရိုက္လိုက္သလိုမ်ိဳး ပူေလာင္လာေတာ့သည္။

စိတ္အႏွောင့္အယွက္အျဖစ္ရဆုံးကေတာ့ ဒီအရႈံးသမားရဲ႕ ဝိညာဥ္ေသြးေၾကာက သူမသားရဲ႕ဟာထက္ေတာင္ ေကာင္းေနေသးတာဘဲျဖစ္၏။

"ဟုတ္တယ္..မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာဘဲ"
ပုခ်ီက က်င္းထုံလက္ထဲက မွတ္တမ္းစာအုပ္ကိုယူကာ တစ္ျခားတပည့္တစ္ေယာက္ရဲ႕လက္ထဲကိုထည့္ေပးလိုက္သည္။
"မွတ္ထားလိုက္"

"အိုး...အိုး"
ထိုတပည့္ကအခုမွဘဲ သတိျပန္ဝင္လာေတာ့သည္။

"မလုပ္နဲ႕"
က်င္းထုံသတိျပန္ဝင္လာတဲ့အခါ ထိုတပည့္ကိုလွမ္းတားဖို႔လုပ္လိုက္ေပမဲ့ ပုခ်ီက သူ႕ကိုမီတာေတာ္ေတာ္မ်ာမ်ားေရာက္တဲ့အထိ ကန္ထုတ္ပစ္လိုက္သည္။

က်င္းထုံက အစတည္းက ေသမ်ိဳးတစ္ေယာက္ျပန္ျဖစ္ေနၿပီးျဖစ္တာမလို႔ ေနရာမွာဘဲ သတိလစ္သြားေတာ့သည္။

ထိုတပည့္က အျမန္ေရးမွတ္လိုက္ၿပီးေတာ့ ႐ုန္ယိဘက္ကိုလွည့္လိုက္သည္။
"ဟို..."

သူက တုံ႕ဆိုင္းစြာနဲ႕ေျပာလာသည္။
"ဆရာ....ဆရာဦးေလး႐ုန္..ခင္ဗ်ားရဲ႕ ဆရာတူအစ္ကိုႀကီး ဆရာဦေလးပိုင္က..က်င္းလင္ၿခံဝန္းထဲမွာ ေစာင့္ေနပါတယ္..သူက စစ္ေဆးမႈၿပီးရင္ သူ႕ကိုလာေတြ႕ဖို႔ေျပာထားပါတယ္"

႐ုန္ယိ သူ႕ကိုစိုက္ၾကည့္လိုက္၏။

သူ႕ရဲ႕စူးရွတဲ့ မ်က္ဝန္းေတြေၾကာင့္ ထိုတပည့္မွာ အျပစ္မကင္းစြာနဲ႕ အေဝးကိုအၾကည့္လႊဲလိုက္မိသည္။ တစ္ကယ္ေတာ့ သူ႕ကို က်င္းလင္ၿခံဝန္းထဲကိုသြားေအာင္လွည့္စားေျပာခိုင္းတာက က်င္းယြဲ႕ေယာင္ျဖစ္သည္။ ေနာက္ထပ္ျဖစ္လာမဲ့အရာေတြကေတာ့ သူနဲ႕မဆိုင္ေတာ့ေပ။

"ေက်းဇူးဘဲ"
႐ုန္ယိ သူ႕ကိုၿပဳံးျပလိုက္ၿပီး ေနာက္လွည့္လိုက္ကာ ကြင္းျပင္အစပ္က တံတားႀကီးကိုးစင္းဆီကိုေလွ်ာက္သြားလိုက္သည္။

တံတားေတြဆီေရာက္တဲ့အခါ ႐ုန္ယိ ပုခ်ီကိုလွည့္ေမးလိုက္သည္။
"ကြၽန္ေတာ္ ဘယ္တံတားကေနသြားရမွာလဲ"

"က်င္းလင္ၿခံဝန္းကို မသြားေတာ့ဘူးလား"

႐ုန္ယိ မ်က္ဆံလွန္လိုက္မိသည္။ ထိုတပည့္က သူ႕ကိုလိမ္ေျပာေနတာဒီေလာက္သိသာေနတာကို  သူက ထိုေထာင္ေခ်ာက္ထဲကို က်သြားစရာလား..။
"အခုေတာ့ ၿပိဳင္ပြဲအေျခအေနကိုဘဲ သြားၾကည့္ခ်င္တယ္"

"ေကာင္းပါၿပီ...ၿပိဳင္ပြဲေနရာက ဟိုဘက္မွာ"
ပုခ်ီ က်င့္ႀကံသူမ်ားစြာ ပ်ံသန္းသြားေနတဲ့ဘက္ကို ၫႊန္ျပလိုက္သည္။
"ေနရာက နည္းနည္းေတာ့ေဝးတယ္..ကြၽန္ေတာ္ ဆရာ့ကိုေခၚသြားေပးမယ္ေလ"

"အင္း.."

သူတို႔ထြက္သြားေတာ့မွသာ ႐ုန္ယြမ္ယင္း သတိျပန္ဝင္လာေတာ့သည္။ ႐ုန္ယိမရွိေတာ့မွန္းေတြ႕လိုက္ကတဲ့အခါ သူမေဒါသထြက္သြားရ၏။
"႐ုန္ယိ ဘယ္မွာလဲ"

တပည့္တစ္ေယာက္က ျပန္ေျဖလာသည္။
"သူသြားပါၿပီ"

"သူ ဘယ္ကိုသြားတာလဲ"

ထိုတပည့္က ၿပိဳင္ပြဲကြင္းျပင္လို႔ ေျပာလိုက္သည္။

႐ုန္ယြမ္ယင္း ေျခေထာက္ေဆာင့္လိုက္မိသည္။ ထို႔ေနာက္ ဓားပ်ံစီးကာ အေရွ႕ဘက္ကိုပ်ံသန္းသြားေတာ့သည္။

သူ႕အေမျပန္ေရာက္လာတာေတြ႕တဲ့အခါ ေဝ့ဝမ္ေရွာင္း အျမန္ေမးလိုက္သည္။
"အေမ..႐ုန္ယိကို ရွာေတြ႕ခဲ့လား"

"ေတြ႕တယ္"
စစ္ေဆးတဲ့ဟာကိုျပန္ေတြးလိုက္တဲ့အခါ ႐ုန္ယြမ္ယင္း မ်က္ႏွာ မည္းသြားရသည္။

"႐ုန္ေဝ့ယိရဲ႕ ဂူထဲကပစၥည္းေတြ မွတ္တမ္းေတြ ဘယ္ေနရာမွာထားထားတာလဲေရာ ေမးလိုက္ေသးလား"

"ငါေမးေတာ့မလို႔ဘဲရွိေသး..သူကထြက္သြားၿပီ"

ေဝ့ဝမ္ေရွာင္း အံ့အားသင့္သြားရ၏။
"အေမ သူ႕ကိုလႊတ္ေပးလိုက္ရတာလား..ထူးဆန္းလိုက္တာ..သူကဘယ္လိုလုပ္ၿပီး အေမ့ထက္ေတာင္ အျမန္ေျပးသြားနိုင္ရတာလဲ"

"ေရွာင္းအာ..မင္းသိလား..ငါသူ႕ကိုေတြ႕ေတာ့...."
႐ုန္ယြမ္ယင္း သူ႕ကို စစ္ေဆးတဲ့ အေျဖကိုျပန္ေျပာျပလိုက္သည္။

"ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ "
ေဝ့ဝမ္ေရွာင္း သူ႕နားသူေတာင္ မယုံၾကည္နိုင္ေပ။
"အေမ..အေမ အမွားမလုပ္မိတာ ေသခ်ာရဲ႕လား"

"အဲ့မွာ ဒီေလာက္လူေတြအမ်ားႀကီးရွိေနတာ..ငါကဘယ္လိုလုပ္ၿပီး အမွားလုပ္မိရမွာလဲ..အခု တပည့္အခ်ိဳ႕က မွတ္တမ္းထဲမွာ သူ႕ဝိညာဥ္ေသြးေၾကာကို မွတ္တမ္းတင္ၿပီးသြားၿပီ။.တစ္ေန႕အတြင္း လူေတြက သူ႕မွာ သႏၵေေျပာင္းမိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာရွိတာကို သိသြားၾကလိမ့္မယ္"

ေဝ့ဝမ္ေရွာင္း ေမးလိုက္သည္။
"သူ အခုဘယ္မွာဘဲ"

"သူတို႔ေျပာတာေတာ့ သူဒီကိုသြားတယ္တဲ့"

ေဝ့ဝမ္ေရွာင္း လူသတ္ခ်င္တဲ့အၾကည့္ေတြေပၚလာသည္။
"အေမ..ဒီလိုလုပ္ရင္ေရာ... လူတိုင္းက သူ႕မွာဝိညာဥ္ေသြးေၾကာရွိမွန္းမသိသြားခင္မွာ..ကြၽန္ေတာ္တို႔...."

သူ ႐ုန္ယြမ္ယင္းကို ရွင္းပစ္မယ့္အမူအယာလုပ္ျပလိုက္သည္။ သူက ဘဝတစ္ေလွ်ာက္လုံး သူ႕အရႈံးသမားဦးေလးရဲ႕ေလာင္းရိပ္ေအာက္မွာ ေနလာခဲ့ရတဲ့ သူ႕အေမလိုမ်ိဳးမဟုတ္။

႐ုန္ယြမ္ယင္း သူမအစ္ကိုရဲ႕သားက သူ႕သားထက္ပိုေတာ္သြားမွာမလိုခ်င္သလို သူ႕သားကိုသူမ်ားအရိပ္ေအာက္မွာလည္း ပိတ္မိမသြားေစခ်င္..ဒါေၾကာင့္ သူမ ေခါင္းၿငိမ့္ျပလိုက္ေတာ့သည္။
"ေကာင္းၿပီ..အခုလူခြဲၿပီး သူ႕ကိုသြားရွာၾကရေအာင္"

##
update ေတာင္းထားတဲ့ reader ေလးအတြက္ပါ♥♥

**************
8.12.2021


Continue Reading

You'll Also Like

50.9K 5.5K 85
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
181K 19.9K 99
ဘာသာပြန်သူ - စွဲညို့အသင်း
92.5K 10K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...