လျှို့ဝှက်ခြင်းတေးသွားသံစဥ် [...

By __K_Y_A_L__

3.8K 333 110

Unicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်... More

Part 1 ( Uni )
Part 1 ( ZG )
Part 2 ( Uni )
Part 2 ( ZG )
Part 3 ( Uni )
Part 3 ( ZG )
Part 4 ( Uni )
Part 4 ( ZG )
Part 5 ( Uni )
Part 5 ( ZG )
Part 6 ( Uni )
Part 6 ( ZG )
Final ( ZG )

Final ( Uni )

316 20 2
By __K_Y_A_L__

လျှို့ဝှက်ခြင်းတေးသွားသံစဥ်

Final

Unicode

"ကျွန်တော် တောင်းပန်ပါတယ် အကိုလေး "

"အကိုလေး..အကိုလေး..အမြဲတမ်း အကိုလေးပဲခေါ်နေတော့မှာလား Rain "

ကားရပ်ထားသည့် ရင်ပြင်သို့ အရှေ့မှလျှောက်သွားသည့် အကိုလေး ကြောင့် မိုးစက် လိုက်ကာ တောင်းပန်နေရသည် ။ သူ ဒီလိုဆုံးဖြတ်တယ်ဆိုတာ အကိုလေး ကို ချစ်လွန်း၍သာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချထားရခြင်းဖြစ်သည် ။ သူဘယ်လောက်တောင် ခံစားနေရလဲဆိုတာ အကိုလေး က သိနိုင်မှာ မဟုတ်ပါဘူး ။

"ကျွန်တော် က .."

"အကိုလေး!!!! "

ရုတ်တရက် သူ့အား ဆောင့်တွန်းလိုက်ကာ မျက်စိရှေ့တင် အဝေးသို့ လွှင့်ထွက်သွားသော အကိုလေး ၏ ခန္ဓာကိုယ် ။ သူရှိသမျှ အားအကုန်သုံးကာ အော်ခေါ်လိုက်မိသည် ။ အကိုလေး ရှိရာသို့လည်း သူအမြန်ပြေးကာ သွားရင် မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည် ။

"အကိုလေး မျက်လုံးတွေမမှိတ်သွားနဲ့နော် ။ ကျွန်တော် ဆေးရုံ ပို့ပေးမယ် ။ "

ပါးစပ်ထဲမှရော ဦးခေါင်းထက်မှပါ သွေများစိမ့်ထွက်လာသည် ကိုကြည့်ရင်း မိုးစက် တုန်ရီလာသည် ။ အကိုလေး လက်များကလည်း သူ့ပါးပြင်ပေါ်သို့ထိတွေ့လာသည် မှာ သွေးစတို့ပင် မြင်မကောင်း ။

"ချစ်..တယ်..လို့..ပြော.."

"ကိုကို့ ကို ကျွန်တော် သိပ်ချစ်ပါတယ်ဗျာ ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့ ။ "

မိုးစက် , ရှက်မနေနိုင်တော့အောင် ရှိုက်ငိုရင်း အော်ပြောနေမိသည် ။

"ကိုယ်..လည်း..ချစ်..တယ်.."

"သား !!!! "

ဦးမင်းယံ , မိဘများသဘောမတူ၍ ဂွင်ဆင်ခြင်းခံရကာ ထောင်ဒဏ်  ၁၅ နှစ် ချမှတ်ခံခဲ့ရသည် ။ ပြန်လွှတ်လာပြီး နှစ်အတော်ကြာမှသာ ချစ်သူမိမိနိုင်နှင့် ပြန်ဆုံတွေ့ခဲ့ရပြီး သားတစ်ယောက်ရှိနေမှန်းကိုသိခဲ့ရသည် ။ ယခုလည်း ချစ်သူအမျိုးသမီး၏ ဆန္ဒ အရ ဒီမိုးစက် ဟူသော ကောင်လေး အား အပြတ်ရှင်းပေးဖို့အထိဖြစ်လာခဲ့သည် ။ ကားလီဗာအဆုံးထိနင်းလာပြီး အနားရောက်ခါမှ လူပြောင်းသွားသဖြင့် ဘရိတ်နင်းကာ ကားကိုချို့ကွေ့သော်လည်း အရှိန်ပြင်းသဖြင့် ကိုယ့်သားဖြစ်သူကို ကိုယ်ပြန်တိုက်မိသွားရသည် ။ ဆေးရုံကားအားဖုန်းခေါ်နေသည့် အချိန်တွင် သားဖြစ်သူက ငြိမ်သက်သွားခဲ့သည် ။

............................................................................................................

"ဖြောင်း!!! "

ဦးမိုးကောင်း လုပ်ရက်လွန်းသည့် ဇနီးဖြစ်သူ အား အားကုန်လွှဲရိုက်လိုက်သည် ။

"ရိုက်ပါ ။ ရှင် ဒေါသပြေသည်အထိသာ ရိုက် ။ "

"မင်း..မင်းကွာ..တော်တော် အသည်းမာလွန်းနဲ့ မိန်းမ "

ကျောခိုင်းကာ ထွက်သွားသည့် ဦးမိုးကောင်း ကိုကြည့်ရင်း ဒေါ် မိမိနိုင် မျက်ရည်များကျဆင်းကာ ပြုံးရယ်မိနေသည် ။ အခုချိန်မှာ သူခံစားနေရသည်ကို မည်သူတစ်ဦးတစ်ယောက်မှ နားလည်ပေးနိုင်မည်မဟုတ်ပါ ။ သားဖြစ်သူကို ချစ်လွန်း၍သာ သူဒီလို လူယုတ်မာဖြစ်ရခြင်းဖြစ်သည် ။

🎼🎼🎼

"မိုးစက် , ညီလေး ထမင်းမစားတောင် ဆန်ပြုတ်လေးဖြစ်ဖြစ်တော့ နည်းနည်းစားပါလားကွာ ။ "

ရက်ပိုင်းအတွင်း မစားမသောက် မအိပ်ဘဲ နေနေသည့် မိုးစက် သည် သိသိသာသာပင် ပိန်ချုံးကျသွားသည် မှာ မြင်ရသော မိုးသား နှင့် သုတ တို့အဖို့ ဖြေမဆည်နိုင်အောင်ဖြစ်မိသည် ။

"အကိုလေးကော .."

ပြန်မလာနိုင်တော့သည့် လူတစ်ယောက်ကိုသာ မေးနေသည့် သားဖြစ်သူ အား ကြည့်ရင်း ဦးမိုးကောင်း ရင်ဘတ်ထဲမှတဆစ်ဆစ်နေအောင်နာကျင်ရပါသည် ။ သား မိုးတိမ်ယံ သည်လည်း ကိုယ့်လက်ပေါ်ကြီးပြင်းလာသည့် ကလေးမို့ သွေးတော် မတော်စပ်ဘူးဟု သိလိုက်ရတာတောင် သူမမုန်းနိုင်ခဲ့ပါ ။ သားတိမ်ယံ သူ့အပေါ်ဘယ်လောက်တောင်ချစ်လဲ ဆိုတာ သူအသိဆုံးဖြစ်ပါသည် ။

ဆယ်နှစ်ခန့်ကြာပြီးနောက်...

"ကိုကို နေရာသစ်မှာ ပျော်နေပြီလား..ကျွန်တော် ကိုမေ့နေပြီလားဟင် ။ "

နောက်ဆုံး အတူတူအချိန်ကုန်ဆုံးခဲ့သည့် ပြည် မြို့ Hotel ၏ လသာဆောင်တွင် မိုးစက် မတ်တပ်ရပ်ကာ ထိန်ထိန်သာနေသော လမင်းကြီးနှင့် မှိတ်တုတ် မှိတ်တုတ် ကြယ်လေးများအား ကြည့်ကာ တစ်ယောက်တည်း စကားပြောနေမိသည် ။ ပြန်ဖြေပေးမဲ့သူ မရှိဘဲ တစ်ယောက်တည်း စကားတွေသာ ပြောနေတတ်ခဲ့တာ အခုဆို ဆယ်စုနှစ်ထိတိုင်ခဲ့ပါပြီ ။

"သား အိပ်တော့လေ ။ မနက်ဖြန် သီချင်းဆိုရမဲ့ ပွဲရှိတယ်မလား ။ "

အဖေအရင်းပါဟု သိလိုက်ရချိန်တွင် ဘာစကားမှ ပြန်မပြောနိုင်ဘဲ တုန်လှုပ်သွားသည့် သားဖြစ်သူအား ဦးမိုးကောင်း အတော်ပင်ရှင်းပြခဲ့ရသည် ။ အစ်ကိုအရင်းနှင့် ချစ်ကြိုက်မိသည်ဟုလည်း ထင်မှတ်သွားကာ Shock ပင်ရသွားသေးသည် ။ အသက်ငယ်ငယ်လေး နှင့် ခံစားခဲ့ရသော ဒုက္ခများကများလွန်းသောကြောင့် ဦးမိုးကောင်း ကျန်ရှိသည့် လက်ကျန်အချိန်တွေအား သားဖြစ်သူအနားမှာသာ အတိုးချအချိန်ပေးဖြစ်သည် ။

"ဟုတ်ကဲ့ ဖေဖေ ။ ခဏနေရင်အိပ်ပါမယ် ။ ဖေဖေလည်း စောစောအနားယူတော့လေ ။ "

"အေးအေး သား ။ Good Night ကွာ ။ "

"Good Night ပါ ဖေဖေ "

အစ်ကိုမိုးသား နှင့် သုတ တို့၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဝိုင်းဝန်းပြီး နှစ်အတော်ကြာ အားပေးကြသည့် နောက်တွင်တော့ လူ့အရှေ့သို့ မိုးစက် မျက်နှာပြကာ သီချင်းဆိုရဲသော အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သည် ။ အရင်ကလို သိမ်ငယ်စိတ်တွေလိုရှိမနေခဲ့တော့ပါ ။ ရှိနေခဲ့သည်က ကိုကို့အား အချိန်တိုင်း သတိရလွမ်းနေခဲ့သည့် စိတ်တွေသာ..။

............................................................................................................

"မဂ်လာပါဗျာ ။ အားလုံးစောင့်မျှော်နေကြတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူချစ် အနုပညာရှင် ဒီမိုးစက် ဟာ ဒီနေ့ဆို အဆိုတော်တစ်ယောက်အဖြစ် ပြန်လည် မွေးဖွားခဲ့တာ သုံးနှစ်တိတိပြည့်ပါပြီ ။ ဒါကြောင့် ပရိတ်သတ်ကြီးတွေကို ဖျော်ဖြေဖို့ စင်ပေါ်ကို လက်ခုပ်တီးပြီးကြိုဆိုလိုက်ကြရအောင်လားဗျာ ။ "

ကိုသုတ စကားဆုံးသည်နှင့် ပရိတ်သတ်များ၏ လက်ခုပ်သံသည်လည်း တစ်ခဲနက် ထွက်ပေါ်လာသည် ။

"အားလုံး နှစ်သက်ကြမဲ့ သီချင်း တစ်ပုဒ်ကိုစတင်ပြီး သီဆိုပါရစေခင်ဗျာ ။ "

ပြန်ဆုံချင်ရင် ရင်ခုန်သံကိုမညာနဲ့လေ
မညာနဲ့လေ..သေချာစဥ်းစား..
ဒီတစ်ခါရင်ခုန်သံကို ညာခဲ့ရင်
ငါနဲ့မင်းတကယ်ကိုအဝေးဆုံး..
ဟိုး တစ်ချိန်က..
ချစ် မင်းပြောဖူးခဲ့ချစ်တဲ့စကားတွေ
ငါမှတ်မိလို့နေသေး
လွယ်လွယ်မေ့ပစ်လို့မဖြစ်ဘူး
ငါနဲ့မင်းက ဘဝတူ...ရင်ခုန်ဘက်လူ..

အဆွေးဓာတ်ခံရှိနေသော မိုးစက် ၏ အသံချိုချို နှင့် သီဆိုမှုအောက်တွင် ပရိတ်သတ်များကလည်း အမှန်တကယ် ခံစားကာအားပေးနေကြသည်မှာ မျက်နှာလေးတွေက သိသာကြပါသည် ။ ဤသို့ဖြင့် မရိုးနိုင်သော ဖျော်ဖြေ တင်ဆက်မှုများအပြင် Lucky Draw နှင့် ဟာသ ညီနောင်နှစ်ဦး၏ ဖျော်ဖြေတင်ဆက်မှုကပါ ပါဝင်နေသေးသည် ။

"ဟုတ်ကဲ့ပါ ဒီတစ်ခါမှာတော့ Lucky Draw အစီအစဥ်လေးပဲဖြစ်ပါတယ်ဗျ ။ ကံထူးရှင်လေးကတော့ ကျွန်တော် တို့ရဲ့ ညီလေး ဒီမိုးစက် ကိုယ်တိုင် ရေးသား သီဆိုထားတဲ့ ဘယ်သူမှ မကြားဖူးသေးတဲ့ သီချင်းသစ်တစ်ပုဒ် ကို ဒီညမှာ တစ်ဦးတည်း နားဆင်ခွင့်ရမှာဖြစ်ပါတယ်ဗျ ။ ကံထူးရှင်ကဘယ်သူများဖြစ်မလဲ ဆိုတာ ကျွန်တော် တော့ တော်တော်ရင်ခုန်နေပါပြီဗျာ ။ "

အစီအစဉ်တင်ဆက်သူပါ လုပ်နေသော ကိုသုတ ကိုကြည့်ရင်း မိုးစက် ပြုံးပင် ပြုံးမိလာရသည် ။ ပုံမှန်ဆို အစီအစဉ်တင်ဆက်သူကိုပါခေါ်လာတတ်ပေမဲ့ ဒီနှစ်မှ ကိုယ်တွေနှင့် လက်တွဲထားသော Announcer က ကိုယ်ရေးကိုယ်တာဖြင့်ခရီးထွက်သွားသည် ။ အစီအစဉ်များ တစ်ခုပြီးတစ်ခု အလှည့်ကျစီတင်ဆက်ရင်း ဖျော်ဖြေပွဲလေးသည်လည်း ညနေမတိုင်ခင်တွင်တော့ အောင်အောင်မြင်မြင် အထမြောက်ပြီးစီးသွားခဲ့သည် ။

🎼🎼🎼

"နင်ကအခုတော့ ငါ့သားနေရာယူပြီး အောင်မြင်နေတယ်ပေါ့ ဒီမိုးစက် "

အင်တာနက်မှတိုက်ရိုက် ထုတ်လွှင့်မှုအား ကြည့်ရင်း ဒေါ်မိမိနိုင် လက်သီးတင်းတင်းဆုပ်ကာ ရေရွတ်နေသည် ။

"ဘယ်ကိုမောင်းရမလဲ အန်တီနိုင် "

ဒရိုင်ဘာ၏ အမေးအား ဒီမိုးစက် ညတွင်ပွဲပြုလုပ်မည့် Hotel ရှိရာသို့ လမ်းညွှန်ကာ မောင်းစေလိုက်သည် ။
.
.
🎼🎼🎼

" အဆင်သင့်ပဲလား ညီလေး "

မကြာခင် Lucky Draw မှကံထူးရှင် အပါအဝင် ကိုယ်တွေလုပ်ဖော်ကိုင်ဖက် မိသားစုတွေသာ မြက်ခင်းပြင်တွင် ညစာစားပွဲ သီးသန့်ကျင်းပမည်မို့ မိုးစက် အား လာခေါ်လိုက်သည် ။

ဆယ်စုနှစ်တိုင်အထိ ကိုယ့်အပေါ်မှာ ညီအစ်ကို သံယောဇဥ် ထက် မပိုသော အဖြူရောင် မေတ္တာ ကိုလည်း မိုးသား နားလည်တတ်ခဲ့ပြီ ။ ထို့ကြောင့် ကိုယ်တိုင်လည်း အချစ်သစ်မရှာဖြစ်ခဲ့သလို လူပျိုကြီးသာဖြစ်နေခဲ့သည် ။ ကိုယ့်ကိုလာကပ်သည့် ချာတိတ်လေးတွေရှိပေမဲ့လည်း အချစ်ကို ခုန်မင်တတ်တော့သည့် အရွယ်မဟုတ်တော့၍ စိတ်ဝင်စားခြင်း မရှိခဲ့ ။

မနက်ည အဖြူရောင်ဝတ်စုံဖြင့် ကြည့်ကောင်းနေသော ကောင်လေးသည် သူ့၏ အားနည်းချက်ကိုပင် အများက သတိမထားနိုင်လောက်အောင်အထိ အရှိန်အဝါတို့က လွှမ်းခြုံနေသည် ။ ဆေးပညာ နည်းပညာတွေကလည်း တိုးတက်ပြီးဖြစ်တာကြောင့် လက်အစစ်နှင့် တထေရာတည်း တူသော လက်နှစ်ဖက်ကလည်း ပြည့်ပြည့်ဝဝ မို့ လိုအပ်ချက်ဟူ၍ပင်မရှိ ။

"သွားကြမယ်လေ အစ်ကို ။ ဘာတွေကြည့်နေတာလဲ ။ "

"အင်း .. သွားကြမယ် ။ "

Hotel ဝန်ထမ်းများကလည်း စေတနာပါပါပြင်ဆင်ပေးထားသည်မို့ မြက်ခင်းပြင်သည် မီးရောင်စုံ နှင့် စကြာ်လေးတွေအကူအညီဖြင့် မြင်ရသူအဖို့ စိတ်ကြည်နူးစေသည် ။

"ဧည့်သည်ကရောက်ပြီလား ကိုသု "

"ရောက်နေပြီ မိုးစက် ။ ဒါပေမဲ့ ဒီ ဧည့်သည်က နည်းနည်းတော့ ထူးဆန်းတယ်ကွ ။ သူ့ဘာသာ သက်သက် တစ်ဝိုင်း ထိုင်ချင်တယ်တဲ့ ။ "

ကိုသုတ၏အပြောကြောင့် မိုးစက် နည်းနည်းတော့ မျက်ခုံးပင့်တက္သွားမိသည် ။ ယနေ့ခေတ် ပရိတ်သတ် များအဖို့တော့ ကိုယ်ကြိုက်နှစ်သက်သည့် အနုပညာရှင်နှင့် နီးနီးကပ်ကပ်ရှိချင်ကြသည် ။ ဒီတစ်ယောက်ကတော့ တခြားသူတွေနဲ့ကွဲပြားစွာပင် ။

"ကောင်းပြီလေ ။ သူ့ ဆန္ဒအတိုင်းပေါ့..ဒါဆို ခဏနေရင် စကြတာပေါ့ ။ "
.
.
"နိုင် ! "

ဦးမိုးကောင်း , ဇနီးဟောင်း ဖြစ်သူအား မြက်ခင်းပြင် သို့လျှောက်လှမ်းလာသည်ကိုမြင်လိုက်သဖြင့် နာမည်ခေါ်လိုက်မိသည် ။ သားမိုးစက်ကတော့ သူ့သီချင်းထဲ အာရုံဝင်စားကာ သတိပြုမိသည့်ပုံမပေါ် ။

"ငါ့သားနေရာကိုလုယူထားတဲ့ကောင် "

ဒေါ်မိမိနိုင် လက်ထဲတွင် ပါလာသော အက်စစ်ပုလင်းအား အဖုံးဖွင့်ကာ စင်ပေါ်ရှိ မိုးစက် အား ပက်ရန်ပြင်လိုက်သည် ။

"မေမေ !! မေမေ ရဲ့ ဒေါသတွေ အမုန်းတရားတွေ အခုချိန်ထိ မကုန်နိုင်သေးဘူးလားဗျာ .. "

"သား..."

ရုတ်တရက် သားဖြစ်သူ၏ အသံကြောင့် ဒေါ်မိမိနိုင် ကိုင်လာသော အက်စစ်ပုလင်း သည်ပင် မြက်ခင်းပေါ်သို့ လွှတ်ကျသွားသည် ။

"ကိုကို "

"တိမ်ယံ "

ပွဲခင်းထဲရှိလူများအားလုံး အံဩထိတ်လန့်သွားကြသည် ။ တိမ်ယံ အား လွန်ခဲ့သော ဆယ်နှစ်ကတည်းက ဆုံးပါးသွားကြသည်ဟု သိထားခဲ့သဖြင့် ယခုကဲ့သို့ ပြန်မြင်လိုက်ရချိန်တွင် ဝမ်းနည်း၊ဝမ်းသာ ဖြစ်နေကြသည် ။

"သား..သားရယ် .. မေမေ က သားအတွက် မခံစားနိုင်လွန်းလို့ပါ ။ သားလေး ဒီနှစ် ငါးနှစ်အတွင်း ဘယ်တွေပျောက်နေတာလဲကွယ် ။ မေမေဖြင့်လိုက်ရှာလိုက်ရတာ အရူးတပိုင်းကိုဖြစ်နေပါပြီ ။ "

ပြည်ဆေးရုံ မှ တဆင့် ရန်ကုန် ထိုမှတဆင့် တစ်ဖက်နိုင်ငံသို့ တိ်တ်တဆိတ်သွားကာ ဆေးကုခဲ့သည်မှာ ငါးနှစ်ကျော်ကြာမှသာ သားဖြစ်သူက အကောင်းပကတိပြန်လည်ကျန်းမာလာခဲ့သည် ။ ကိုယ် မြန်မာပြည်သို့ စီးပွါးရေးကိစ္စ ခေတ္တပြန်ချိန်တွင် ဆေးရုံမှ ထွက်ပြေးကာ သားဖြစ်သူပျောက်သွားခဲ့သည် ။ ထို့ကြောင့် ဒီမိုးစက် အပေါ်သာ အမုန်းကြီး မုန်းနေခဲ့မိသည် ။

"ကျွန်တော် ကို သားလို့ မသတ်မှတ်ပါနဲ့တော့ ။ ကျွန်တော် မေမေ အပေါ်မှာလည်း သားတစ်ယောက်တာဝန် မကျေခဲ့ပါဘူး ။ ကျေးဇူးပြုပြီး Rain အပေါ်လည်း မေမေ အငြိုးတွေကျေပါတော့ဗျာ ။ ကျွန်တော် တောင်းပန်ပါတယ် ။ "

"သားရယ်..မေမေလည်း မှားခဲ့ပါတယ် ။ "

မြက်ခင်းပေါ်တွင် ထိုင်ချကာ ရှိခိုး ဦးချနေသော ကိုကို နှင့် ကိုကို့အား ဖက်ကာ ငိုနေသော အန်တီကြီး တို့ အား ကြည့်ရင်း မိုးစက် အဖြစ်အပျက်အား ကြောင်အနေမိသည် ။

............................................................................................................

"ဘယ်လဲ မေမေ  "

"လိုက်ခဲ့ရင် သိမှာပေါ့သားရယ် "

မနက်စောစော အတင်းရေမိုးချိုးခိုင်းကာ အဝတ်အစားထိပြင်ဆင်ပေးပြီး အပြင်သွားဖို့ခေါ်နေသော ဇွဲကြီးလွန်းသည့် မေမေကြောင့် တိမ်ယံ မငြင်းသာတော့ဘဲ ပါလာခဲ့ရသည် ။

သူငါးနှစ်လုံးလုံး ဖခင်အရင်းဖြင့် သာအတူတူနေပြီး ကားပြင်သည့် အလုပ်အား ကူညီကာလုပ်ကိုင်ပေးခဲ့သည် ။ တစ်ပတ်ကို တစ်ကြိမ်တော့အနည်းလေး Rain ရှိနေတတ်သည့် နေရာအား သွားကာ သူငေးကြည့်နေတတ်သည် ။ အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သူကောင်းကောင်း နားလည်းသွားခဲ့ပါပြီ ။

"တရားရုံး ကို ဘာလို့..."

ကားရပ်လိုက်သည်မှာ တရားရုံးရှေ့တွင်မို့ သူအံဩစွာ မေးလိုက်မိသည် ။ သို့သော် ကားနားရောက်လာသော Rain အားမြင်လိုက်ရချိန်တွင် သူ့အမေးစကားတို့ပင် ရပ်တန့်သွားသည် ။

"ကဲ ဆင်းတော့ သား ..ဒီတစ်ခါတော့ သားတို့ နှစ်ယောက်လုံး ကို မေမေတို့ မိဘတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လက်မှတ်ရေးထိုးပေးမှာ ။ "

"မေမေ .."

မျက်ရည်များရွှန်းစိုတောက်ပစွာ ပြုံးနေသော မေမေ့၏ အပြုံးသည် မြင်ဖူးသမျှထဲတွင် ဒီနေ့က အလှပဆုံးပင်..။
.
.
"တရားဝင် အကြင်လင်လင်တွေ ဖြစ်သွားကြပါပြီဗျာ ။ ဒီလင် ဒီလင် အိုအောင်မင်းအောင် ပေါင်းနိုင်ကြပြီး အမြဲပျော်ရွှင်သာယာသော အိမ်ထောင်ရေးလေးဖြစ်ပါစေဗျာ ။ "

လက်မှတ်ရေးထိုး ကျမ်းကျိန် အပြီးတွင် ရှေ့နေကြီးကလည်း ဆုမွန်ကောင်းတောင်းပေးလာသည် ။ အားလုံး၏ မျက်နှာထက်တွင်လည်း ကြည်နူးပျော်ရွှင်လွန်း၍ စီးဆင်းလာသော မျက်ရည်တချို့ကလည်း ရှိနေသည် ။

🎼🎼🎼

"ကျွန်တော် ကို ဒီလောက်နှစ်အကြာကြီး ပစ်ထားနိုင်တယ်လား ။ "

မိုးစက် ပြောချင်နေခဲ့သော စကားလုံးတို့သည် အခုမှသာ အချိန်ရသဖြင့် လွတ်လွတ်လပ်လပ်ပြောရတော့သည် ။

"ကိုယ် ဘယ်တုန်းကမှ Rain ကို ပစ်မထားခဲ့ပါဘူး ။ Rain ကသာ သတိမထားခဲ့တာဖြစ်မှာပါ ။ ကိုယ်က Rain အနားမှာ အမြဲရှိနေခဲ့ပါတယ် ။ "

ချစ်ရသူ၏ နဖူးလေးအား ငုံ့နမ်းရင်းပင် တိမ်ယံ လျှောက်လဲချက်တို့ပေးနေရသည် ။ ငါးနှစ်တာ အတွင်း အကြောင်းအရာတို့ကိုလည်း ရှင်းပြရသည် ။

"မယုံပါဘူး ။ "

"မယုံရင်သက်သေပြမယ် ။ "

"ပြ..ပြ.."

နှုတ်ခမ်းလေးစူကာ ပြောနေသည့် ကောင်လေး သည် မမာနိုင်သော အသည်းကို အရည်ပျော်အောင် လုပ်နေသည်မို့ ထိန်းချုပ်ထားသော စိတ်တို့အား ဖြေလျော့စွာ အစွမ်းကုန် ချစ်ပြလိုက်တော့သည်...။

တကယ်တော့ အချစ်ဆိုတာ...

ရယူပိုင်ဆိုင်ခြင်း ၊ စွန့်လွှတ်အနစ်နာခံခြင်း တွေ မဟုတ်ခဲ့ပါဘူး...

တစ်ဦးနဲ့တစ်ဦး မေတ္တာရောင်ပြန်ဟပ်တဲ့သဘောရှိပြီးသာမို့ စစ်မှန်တဲ့ ချစ်ခြင်မေတ္တာပေးဖို့သာ လိုအပ်ပါတယ်....

လူသားအားလုံး မှန်ကန်တဲ့ချစ်ခြင်းဖြင့် ချစ်တတ်နိုင်ကြပါစေ ။

>>>ပြီးပါပြီ<<<

ဤဇာတ်လမ်း၊ဇာတ်ကောင် နှင့် ပါဝင်သောအကြောင်းအရာတို့သည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပါသည် ။

ဆက်လက်ကြိုးစားသွားပါဦးမည် ။

လိုအပ်ချက်တွေရှိခဲ့လျှင်လည်း နားလည်ပေးကြမယ်ဆိုမျှော်လင့်ပါတယ် ။ ဝေဖန်အကြံပြုပေးသွားကြပါဦးနော်..။ 🙆‍♀️❣️

ချစ်တဲ့
KYAL 🌟

Continue Reading

You'll Also Like

889K 57.8K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
913K 9.7K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
2.2M 145K 60
မှောင်ခိုစီးပွားရေးလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ဆဲ စစ်သခင်ဆိုသည့်သူ။ စစ်သခင်ဟာ ချမ်းသာတာနဲ့အမျှ မောက်မာသလို လူမှုဆက်ဆံရေးလည်းအတော်လေးညံ့တယ်။ အချစ်...
835K 54.6K 65
Cover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား...