ကျိုရွှီဂိုဏ်းက ဟိုင်ရှန်းမြို့ရဲ့အနောက်ဘက်ပိုင်းမှာတည်ရှိပြီး တိမ်စိုင်တိမ်ညွန့်တွေနဲ့ဖုံးလွှမ်းနေလေသည်။ ဒါကြောင့် တောင်အောက်ခြေကနေတော့ ဂိုဏ်းရဲ့ခမ်းနားကြီးကျယ်မှုကို သိရှိနားလည်နိုင်မှာမဟုတ်ချေ။
ရုန်ယိ သိချင်စိတ်ကြောင့် လိုက်ကာစကိုဘေးကပ်ပြီး အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ အောက်ခြေမှာတော့ စိမ်းပြာရောင်တောင်တန်းကြီးတွေက တစ်ခုပြီးတစ်ခု စီတန်းလျက်ထပ်လျက်တည်ရှိနေကြ၏။ တစ်ချို့က တိမ်တွေကြားထဲထိုးဖောက်ဝင်ရောက်နေကြသလို..တစ်ချို့ကလည်း အဝေးကိုလွင့်မြောနေတဲ့ပုံသဏ္ဍာန်တွေရှိပြီး တစ်ချို့ကတော့ ပျံသန်းနေတဲ့နဂါးကြီးတွေဟန်..တစ်ချို့ကတော့ သတ္တဝါကြီးတွေလှဲလျောင်းနေကြသဏ္ဍာန်...စသဖြင့်ပုံသဏ္ဍာန်မျိုးစုံနှင့် ရေလှိုင်းတွေလိုမျိုးအဆုံးမရှိမြင်တွေ့နေရပြီး..ကောင်းကင်ရဲ့အဆုံးထိရောက်တော့မယောင်နဲ့ မြင့်မားစွာတည်ရှိနေကြလေသည်။
များစွာသောကျင့်ကြံသူတွေကလည်း သူတို့လှည်းဘေးကနေပြီး ဓားပျံတွေစီးနင်းကာ ဖြတ်ကျော်သွားကြ၏။ တစ်ချို့တွေက ကျိုရွှီဂိုဏ်းရဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားကြပေမဲ့ တစ်ချို့ကတော့ တစ်ခြားဂိုဏ်းကဝတ်စုံတွေကိုဝတ်ဆင်ထားကြလေသည်။ သူတို့တွေက ကျင့်ကြံခြင်းအကြောင်းတွေပြောရင်ပြော မဟုတ်ရင် ဘယ်သူ့ဂိုဏ်းကပိုပြီးစွမ်းအားကြီးတယ်ဆိုတာကိုငြင်းခုန်နေကြ၏။ အမှုမဲ့အမှတ်မဲ့နဲ့ဘဲ သူတို့တွေ ကျိုရွှီဂိုဏ်းရဲ့ ဂိတ်ပေါက်ဝကိုရောက်ရှိလာခဲ့ကြတော့သည်။
ပုချီက လှည်းကိုထောင့်တစ်ထောင့်မှာဆင်းပြီးရပ်လိုက်သည်။
"ဆရာ ကျွန်တော်တို့ရောက်ပြီ"
"ကျွန်တော်တို့တွေက ကျိုရွှီဂိုဏ်းရဲ့တပည့်တွေချည်းဘဲကို..ကျွန်တော့်ကို ဆရာလို့ခေါ်နေတာက မသင့်တော်သလိုဖြစ်မနေဘူးလား"
ရုန်ယိသူ့ကိုပြောနေရင်းနဲ့ လှည်းအပြင်ကိုလှမ်းထွက်လိုက်ပေမဲ့ ယင်ကျင်းရဲ့က တားလာသည်။
"ခဏလေး"
ရုန်ယိ ပြန်လှည့်ကြည့်လိုက်၏။
"ဘာလို့လဲ"
ယင်ကျင်းရဲ့ သူ့ခါးမှာဝတ်ဆင်ထားတဲ့ ကျောက်စိမ်းခါးပတ်ကို ဖြုတ်ယူလိုက်သည်။
"ဒါကိုဝတ်ထားလိုက်"
ထိုအရာပေါ်ကနေ ဖျော့တော့တဲ့ဝိညာဥ်စွမ်းအားလေးထွက်နေတာ သတိပြုမိလိုက်တာကြောင့် ရုန်ယိ အပြုံးလေးနဲ့ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကိုဝတ်ပေးလေ"
သူ့ရဲ့ဗိုက်ကြီးကြောင့် လက်ကတစ်ခြားတစ်ဖက်အထိမရောက်နိုင်တာကိုသိတာကြောင့် ယင်ကျင်းရဲ့ သူ့နားကိုသွားလိုက်ပြီး သူ့ခါးမှာ ဝတ်ဆင်ပေးလိုက်သည်။
"မင်း အန္တာရယ်တစ်ခုခုနဲ့ကြုံတွေ့ခဲ့မယ်ဆိုရင် ဒါကမင်းရဲ့အသက်ကိုကယ်ပေးလိမ့်မယ်"
"ကျေးဇူးဘဲ"
ရုန်ယိ ခေါင်းငုံ့လိုက်ပြီး ယင်ကျင်းရဲ့ကိုကြည့်လိုက်သည်။ သူကအပေါ်စီးကနေကြည့်နေတာကြောင့် ယင်ကျင်းရဲ့ ရဲ့မျက်တောင်တွေက ရှည်လျားကာ ထူထဲနေတာကိုတွေ့လိုက်ရသည်။ အဲ့တာတွေကအရမ်းကို လှပပြီး အထူးသဖြင့်တော့ သူမျက်တောင်ခတ်လိုက်တဲ့အချိန်မှာဘဲ ဖြစ်၏။
ယင်ကျင်းရဲ့သူ့ကိုမော့ကြည့်လာသည်။
"ကိုယ်တို့မင်းကို ဒီကနေဘဲစောင့်နေမယ်"
"ကောင်းပြီ"
သူတို့ရဲ့ မျက်နှာတွေအရမ်းနီးကပ်နေတာကို အပြင်ဘက်မှာရပ်နေတဲ့ရုန်စုက လိုက်ကာကြားကနေပြီးမြင်တွေ့လိုက်၏။ သူ့မျက်လုံးတွေတောက်ပသွားပြီး..လိုက်ကာနဲ့ပိုနီးနေတဲ့ရုန်ယိကို အော်ပြောရင်းနဲ့ အားနဲ့တွန်းလိုက်သည်။
"သခင်လေး ရောက်လာပြီ"
အစကတည်းက လှည်းပေါ်မှာသေသေချာချာရပ်နေနိုင်ဖို့က ရုန်ယိအတွက်မလွယ်ကူပေ..အခုတော့ ရှေ့ကိုယိုင်ကျသွားပြီး ချက်ချင်းဘဲ သူ့နှုတ်ခမ်းတွေက ယင်ကျင်းရဲ့ရဲ့အေးစက်နေတဲ့နှုတ်ခမ်းတွေအပေါ်ကို ဖိမိသွားလေသည်။
နှစ်ယောက်စလုံး ကြောင်အသွားကြရသည်။
"ကျွန်တော်...ကျွန်တော်..မရည်ရွယ်ပါဘူး"
ရုန်ယိ ချက်ချင်းကိုယ်ကိုပြန်မတ်လိုက်ပေမဲ့ သူကလှည်းပေါ်မှာရပ်နေတယ်ဆိုတာကိုတော့ မေ့လျော့သွား၏။ ထို့နောက် အမိုးနဲ့ရိုက်မိသွားပြီး ရှေ့ကိုပြန်ကျသွားပြန်ပြီး သူ့နှုတ်ခမ်းတွေက ယင်ကျင်းရဲ့ကိုသွားနမ်းမိပြန်၏။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ယင်ကျင်းရဲ့ရဲ့မျက်နှာကိုဖြစ်လေသည်။
သူချက်ချင်း ခေါင်းပြန်မော့လိုက်ပြီး အပြုံးတစ်ခုရအောင်မနည်းလုပ်ယူလိုက်ရသည်။
"ကျွန်တော် တစ်ကယ့်ကိုမရည်ရွယ်ပါဘူး..ကျိန်ပြောရဲတယ်"
ယင်ကျင်းရဲ့ နှုတ်ခမ်းတွေကွေးညွှတ်သွားပြီး သူ့ကိုလှည်းပေါ်ကဆင်းဖို့ကူညီပေးလိုက်သည်။
ရုန်ယိ ရုန်စုကို စိုက်ကြည့်လိုက်သည်။
ရုမ်စုကတော့ သူ့ကိုအပြစ်ကင်းတဲ့ပုံလေးနဲ့ပြန်ကြည့်လာသည်။
"သခင်လေး..ဘာလို့ကျွန်တော့်ကို ဒီလိုကြီးစိုက်ကြည့်နေရတာလဲ"
သူ သူ့ကိုရည်ရွယ်ချက်ရှိရှိနဲ့တွန်းလိုက်တယ်ဆိုတာ ရုန်ယိသေချာပေါက်ကိုသိသည်။ ဒါကြောင့်သူ မှုန်တေတေနဲ့ပြောလိုက်သည်။
"မင်းမျက်လုံးထဲအမှုန်ဝင်နေတာဘဲဖြစ်ရမယ်"
ရုန်စု သူ့မျက်လုံးထောင့်သူ ထိကြည့်လိုက်သည်။
"မဝင်ပါဘူး"
ထို့နောက် ရုန်ယိတစ်ဖက်ကိုလှည့်ကာ ပုချီနဲ့အတူ လူအုပ်ထဲကိုဝင်ရောက်သွားတော့သည်။
ယင်ကျင်းရဲ့ အခုလေးတင်အနမ်းခံလိုက်ရတဲ့ နှုတ်ခမ်းကိုထိကိုင်နေရင်း သူထွက်သွားတာကိုကြည့်နေလိုက်သည်။
"နူးညံ့နေတာဘဲ"
ရုန်ယိ ခပ်ဝေးဝေးထိလျှောက်သွားပြီးမှ နောကိုပြန်လှည့်ကြည့်လိုက်တဲ့အခါ လှည်းက မြင်ကွင်းကနေပျောက်ကွယ်သွားပြီး ဖြစ်လေသည်။ သူလည်း မသိစိတ်အရ သူ့နှုတ်ခမ်းသူထိကြည့်မိလိုက်ကာ ရွေရွတ်ပြောဆိုလိုက်၏။
"ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းကဒီလောက်အထိနူးညံ့နိုင်လို့လား"
ပြီးတော့ ယင်ကျင်းရဲ့ရဲ့မျက်နှာကနေပြီး သစ်တော်ပန်းရနံ့ဖျော့ဖျော့လေးလည်း သူရလိုက်သေးသည်။ အရမ်းကိုမှ လတ်ဆတ်လှ၏။ ခေတ်သစ်ကမိန်းကလေးတွေဆီကရတဲ့ရေမွှေးနဲ့တွေနဲ့မတူ..ထိုအရာတွေကတော့ အနံ့စူးရှလှပြီး သူ့ကိုနှာချေစေလေသည်။
ပုချီက သူပြောလိုက်တာကိုကြားလိုက်တာကြောင့် ပြန်ဖြေပေးလာသည်။
"လုံးဝမနူးညံ့ပါဘူး"
ရုန်ယိ ပုချီကိုလှမ်းကြည့်လိုက်သည်။
"ခင်ဗျားအရင်က ယောက်ျားတစ်ယောက်ကိုနမ်းဖူးလို့လား..ဒါမှမဟုတ် ခင်ဗျား ကိုယ့်နှုတ်ခမ်းကို မာတယ်လို့ပြောနေတာလား"
"ဟုတ်..ကျွန်တော်အရင်က ယောက်ျားတစ်ယောက်ကိုနမ်းဖူးတယ်"
"ဘယ်သူ့ကိုလဲ"
"ဆရာသခင်ယွမ်ရိလေ"
ရုန်ယိ "!!!!!"
ပုချီက ဘာလို့များ သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ လူအိုကြီးကို သွားနမ်းရတာလဲဆိုတာ ရုန်ယိလုံးဝကိုမတွေးတတ်တော့..။
ပုချီ လမ်းလျှောက်ရာကနေရပ်လိုက်၏။
"ဆရာ..ကျွန်တော်လုပ်စရာလေးတစ်ခုရှိသေးလို့..ဆရာအရင်သွားနှင့်လိုက်ပါလား"
"ကောင်းပြီလေ"
ထို့နောက် ရုန်ယိ သူ့ကိုရုန်စုပေးလိုက်တဲ့ ဝင်ခွင့်ကတ်ကိုထုတ်ပြီး ဂိတ်ဝကိုစောင့်နေတဲ့တပည့်တွေကိုပြလိုက်သည်။
ကျိုရွှီဂိုဏ်းရဲ့ ဝင်ခွင့်ကတ်ကိုတွေ့လိုက်တာနဲ့ သူ့ကိုချက်ချင်းဝင်ခွင့်ပြုလိုက်၏။
ရုန်ယိ ဂိတ်ပေါက်ကနေဝင်လိုက်ပြီးတာနဲ့ ပုချီထွက်သွားတဲ့ဘက်ကိုလှည့်ကြည့်လိုက်သည်။ တပည့်တစ်ယောက်ကသူ့နားကိုလျှောက်သွားပြီး ပုချီက မျက်နှာဖုံးကိုအမြန်မလိုက်ကာ သူ့မျက်နှာကိုပြလိုက်သည်။
ထိုတပည့်က သူ့မျက်နှာကိုတွေ့လိုက်တဲ့အခါ ထိတ်လန့်သွားပြီး လေးစားမှုအပြည့်နဲ့ဖြစ်သွား၏။ ထို့နောက် သူ့မျက်နှာကိုကြည့်ဖို့ မျက်နှာဖုံးထပ်မချွတ်ခိုင်းတော့ဘဲ အမြန်အထဲဝင်ဖို့ခွင့်ပြုလိုက်လေသည်။
သူကအထဲဝင်လာပြီးတာနဲ့ ချက်ချင်းရုန်ယိကိုရှာလိုက်ပြီး သူ့ဆီပြေးလာ၏။
"ဆရာ..စောင့်နေအောင်လုပ်မိတာ အားနာပါတယ်"
ရုန်ယိ ပုချီရဲ့နောက်ခံက မရိုးရှင်းမှန်းတွေးလိုက်မိပေမဲ့ သူဘယ်သူလဲဆိုတာကိုတော့ စိတ်မဝင်စားပေ။
"ခင်ဗျားမှာ မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောရှိတာ ဟုတ်တယ်မလား..ခင်ဗျားက အဆင့်ဘယ်လောက်ရှိတဲ့ ပန်းပဲဆရာလဲ"
"ခုနှစ်ပါ"
"ဒါဆိုလုံလောက်တယ်"
ပုချီ နားမလည်ဘဲဖြစ်သွားရသည်။
"လုံလောက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
ရုန်ယိမရှင်းပြတော့ဘဲ အဲ့အစား စက္ကူအဖြူတွေကိုထုတ်ပြီး ပုချီကိုကမ်းပေးလိုက်သည်။
"အခု ကျွန်တော့်မှာ ခင်ဗျားအတွက်တာဝန်တစ်ခုရှိတယ်..ဒီစက္ကူတွေပေါ်မှာ သူတို့ကိုမပြဲဆုတ်စေဘဲနဲ့ ခင်ဗျားရဲ့မိုးကြိုးမီးတောက်ကိုသုံးပြီး အင်းကွက်တွေထွင်းပေးရမယ်"
"ဘာအင်းကွက်လဲ"
"ဘယ်အင်းကွက်ဘဲဖြစ်ဖြစ် အဆင်ပြေတယ်"
ပုချီ စက္ကူကိုယူပြီးအလင်းရောင်အောင်မှာထောင်ကြည့်လိုက်သည်။
"ဒါပေမဲ့ ဒီစက္ကူတွေက အရမ်းပါးတော့ အလွယ်တကူလောင်ကျွမ်းကုန်မှာပေါ့"
"ဒါဆို ထပ်ခါထပ်ခါလေ့ကျင့်ပေါ့..ခင်ဗျားဒါတွေကိုမလောင်ကျွမ်းစေဘဲလုပ်နိုင်သွားတဲ့အခါကျရင် ကျွန်တော်ခင်ဗျားကို တစ်ခြားတစ်မျိုးထပ်သင်ပေးမယ်"
ပုချီ စိတ်လှုပ်ရှားလာကာ မျက်လုံးတွေလည်းတောက်ပလာသည်။
"ဆရာ..ကျွန်တော့်ကိုမွမ်းမံထွင်းထုတာကိုသင်ပေးမှာလား"
"ဒီစကားဘဲထပ်ပြောမယ်..ခင်ဗျားသာ ဒီစက္ကူတွေကိုမလောင်ကျွမ်းစေဘဲလုပ်နိုင်သွားတဲ့အခါကျရင် ကျွန်တော်ခင်ဗျားကို တစ်ခြားတစ်ခုထပ်သင်ပေးမယ်"
"ကောင်းပါပြီ"
ပုချီ ချက်ချင်း စလုပ်ကြည့်လိုက်သည်။ ဒါပေမဲ့ သူ့လက်ပေါ်မှာမီးတောက်ပေါ်လာတဲ့ တစ်ခဏမှာဘဲ စာရွက်က ပြာအဖြစ်ပြောင်းသွားတော့သည်။ ကံကောင်းတာက သူ့သိုလှောင်လက်စွပ်ထဲမှာ စာရွက်တွေအလုံအလောက်ရှိနေတာဘဲဖြစ်၏။ သူအမြန်ထုတ်ယူလိုက်ပြီး ဆက်လုပ်ကြည့်နေတော့သည်။
ရုန်ယိ စက္ကူတွေတစ်ရွက်ပြီးတစ်ရွက်လောင်ကျွမ်းကုန်တာကိုကြည့်ရင်း ရယ်ချင်စိတ်ကိုထိန်းကာ တစ်ခြားနေရာကိုအကြည့်လွှဲလိုက်ရ၏။ ဝင်လာတုန်းက ယင်ကျင်းရဲ့နှုတ်ခမ်းနဲ့ အနမ်းပေးခဲ့မိတာကိုဘဲ တွေးမိနေတာကြောင့် ဂိတ်ပေါက်ဝရဲ့ ခမ်းနားကြီးကျယ်နေမှုကို သတိမပြုမိခဲ့ပေ။ အခုကြည့်မိလိုက်တော့မှသာ ကျိုရွှီဂိုဏ်းက ကျုံးဟိုင်နယ်မြေရဲ့ နံပါတ်တစ်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ထိုက်ကြောင်း အသိအမှတ်ပြုလိုက်မိသည်။
သူအခုရပ်နေတဲ့နေရာက လေးထောင့်ကွင်းပြင်ကျယ်ကြီးဖြစ်ပြီး လူတွေကိုသူတို့ကိုသူတို့ဘယ်လောက်သေးငယ်သွားကြောင့် ခံစားမိစေ၏။ ကွင်းလယ်မှာတော့ ပေတစ်ရာလောက်မြင့်တဲ့ ကြီးမားတဲ့ သုံးချောင်းထောက် ကြေးအိုးကြီးတစ်ခုရှိနေပြီးထိုနေရာကနေ ဖျော့တော့တဲ့မွှေးရနံ့တွေက ဟိုဟိုဒီဒီ ပျံ့နှံ့နေကာ လူတွေကိုအနည်းငယ်လန်းဆန်းသွားသလိုခံစားရစေ၏။
ကွင်းပြင်ရဲ့အဆုံးမှာတော့ တစ်ခြားတောင်ထိပ်တွေနဲ့ ကွင်းပြင်ထိပ်တွေကိုဆက်သွယ်ထားပေးတဲ့ ကျောက်တုံးတံတားကြီးကိုးစင်းရှိလေသည်။ ထိုတံတားတွေပေါ်ကနေဖြတ်ပြီး တစ်ခြားတောင်ထိပ်တွေ ခန်းမကြီးတွေကို ရောက်ရှိနိုင်၏။ ကြည်လင်လှတဲ့ကောင်းကင်ထက်မှာတော့ ကြိုးကြာငှက်တွေကရစ်ဝဲကာပျံသန်းနေကြပြီး သာယာနာပျော်ဖွယ်အသံတွေကိုဟစ်ကြွေးနေကြလေသည်။
အဲ့အခိုက်အတန့်လေးမှာ ဒီကျင့်ကြံရေးလောကကြီးထဲကို ကူးပြောင်းလာတာ အရမ်းကံကောင်းလွန်းလှတယ်လို့ ရုန်ယိခံစားမိလိုက်သည်။ မဟုတ်ခဲ့ရင် သူ ဒီလိုရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ခမ်းနားကြီးကျယ်တဲ့ ဂိုဏ်းကြီးကိုမြင်တွေ့နိုင်ခွင့်ကို လက်လွတ်သွားရပေလိမ့်မည်။
ရင်သပ်ရှုမောစွာပင့်သက်ရှိုက်လိုက်မိတဲ့အချိန်မှာ ပါးစပ်အပြည့်ဝိညာဥ်ချီတွေကို ရှူသွင်းလိုက်မိသည်။ တစ်ကယ့်ကို အကြီးဆုံးကျင့်ကြံရေးဂိုဏ်းကြီး ဖြစ်ထိုက်ပေသည်။ ဒီလေးထောင့်ကွင်းပြင်တစ်ခုတည်းကပင် ခေတ်သစ်က ဂိုဏ်းသေးလေးတစ်ခုထက် ပိုမိုကြီးမားလေ၏။
ရုန်ယိ ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပြီးနောက် စက္ကူတွေမီးရှို့နေတုန်းဖြစ်တဲ့ ပုချီကိုလှည့်မေးလိုက်သည်။
"ကျွန်တော့်စစ်ဆေးမှုကို ဘယ်နေရာမှာသွားလုပ်ရမှာလဲ"
"အချိန်ကျရင် တပည့်တွေအကုန်လုံး ပြိုင်ကွဲကွင်းပြင်မှာစုကြလိမ့်မယ်..ပြီးရင် တပည့်အသစ်တွေနဲ့ သူတို့ဆရာတွေက ဒီနေရာမှာစစ်ဆေးမှုပြုလုပ်ကြလိမ့်မယ်"
ပုချီသူ့ကိုလှည့်တောင်မကြည့်ဘဲ နောက်ထပ်စာရွက်ဖြူတွေထုတ်ယူလိုက်ပြန်သည်။
"ခင်ဗျားကရော..ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့မလိုဘူးလား"
"ဟင့်အင်း...ကျွန်တော်က ဒီကိုဆရာနဲ့အဖော်လိုက်လာပေးတာ"
ရုန်ယိ ပတ်ပတ်လည်ကိုကြည့်နေရင်း ပျင်းရိလာသလိုခံစားလိုက်ရသည်။
"ပြိုင်ပွဲက ကျိုရွှီဂိုဏ်းရဲ့ပြိုင်ပွဲဘဲမဟုတ်ဘူးလား..ဘာလို့တစ်ခြားဂိုဏ်းကတပည့်တွေပါ ရှိနေရတာလဲ"
"ဂိုဏ်းတစ်ခုခုက ဂိုဏ်းတွင်းပြိုင်ပွဲကျင်းပတဲ့အခါ တစ်ခြားဂိုဏ်းတွေကလည်း ဘယ်ဂိုဏ်းကတပည့်တွေကပိုတော်လဲဆိုတာကြည့်ဖို့ သူတို့ရဲ့တပည့်တွေကိုပါ လွှတ်လေ့ရှိကြတယ်လေ"
အဲ့အချိန်မှာဘဲ တော်တော်ဝေးဝေးက တောင်မြင့်တစ်ခုပေါ်ကနေ ခေါင်းလောင်းသံကိုကြားလိုက်ရ၏။
ထိုအခါ ကွင်းပြင်ထဲကတပည့်တွေအကုန်လုံး ဓားပျံတွေစီးကာ ပြိုင်ပွဲကွင်းပြင်ထဲကိုပျံသန်းသွားကြတော့သည်။
ကောင်းကင်ပေါ်မှာလည်း ဟိုင်ရှန်းကျောင်းတော်ကအစောင့်ဝတ်စုံတွေနဲ့သူတွေ မောင်းသွားကြတဲ့ လှည်းတွေလည်းတွေ့ရပြီး အထဲကသူတွေက ဟိုင်ရှန်းကျောင်းတော်က တပည့်တွေဆိုတာသိနိုင်၏။ သူတို့ကလည်း ပြိုင်ပွဲကွင်းပြင်ထဲကို တစ်ခြားတပည့်တွေနောက်ကနေပြီး လိုက်သွားကြသည်။
ရုန်ယိ သက်ပြင်းချလိုက်သည်။
"အာ...ငါ့အဆင့်က ငါ့သားထက်တောင်နိမ့်နေပါရောလား"
ယင်ထောင်တောင်မှ ပြိုင်ပွဲကွင်းပြင်ထဲကို သူ့ဘာသာသူသွားနိုင်၏။ သူ့ဖေဖေဖြစ်တဲ့ ရုန်ယိကတော့ စစ်ဆေးမှုခံယူဖို့အတွက် ဒီနေရာကနေစောင့်နေရလေသည်။
တပည့်တွေအကုန်ထွက်သွားကြပြီးတဲ့အခါ ကွင်းပြင်ကြီးကတိတ်ဆိတ်သွားပြီး ကျိုရွှီဂိုဏ်းဝတ်စုံမဝတ်ထားတဲ့ ကျင့်ကြံသူတစ်ချို့သာကျန်နေခဲ့တော့သည်။
သူတို့ကြားကလေထုက တင်းကြပ်လာပြီး ဘယ်သူမှစကားတစ်ခွန်းတောင်မပြောကြတော့ပေ။
အချိန်တစ်ချို့လောက်ကြာပြီးတဲ့အခါ တစ်ယောက်ယောက်က ကြိုးကြာကိုစီးပြီး ကွင်းပြင်ပေါ်ကိုပျံသန်းလာလေသည်။
တစ်ယောက်က အော်ပြောလိုက်၏။
"ကျင့်ကြံသူဆရာတစ်ယောက်ရောက်လာပြီ..လူတိုင်းတန်းစီကြတော့"
ရုန်ယိ ကြိုးကြာပေါ်ကလူကိုတွေ့လိုက်တဲ့အခါ မျက်ခုံးတွေပင့်သွားရပြီး မေးလိုက်သည်။
"အဲ့တာ ကျင်းထုံမဟုတ်ဘူးလား"
ပုချီလည်း တစ်ချက်လှမ်းကြည့်ပြီး ပြောလာ၏။
"သူ့ရဲ့ တန်ထျန်းကဖျက်ဆီးခံလိုက်ရပြီ ဒါကြောင့် ဂိုဏ်းချုပ်က သူ့ကိုတပည့်အသစ်တွေကိုကြီးကြပ်ဖို့ လွှတ်လိုက်တာ"
ရုန်ယိ တိုးတိုးလေးနှာခေါင်းရှုံ့လိုက်သည်။
"ဆရာသခင်ယွမ်ရိက သူ့ကိုအပြစ်ပေးမယ်လို့ ကတိပေးထားတယ် ဒါပေမဲ့ အခုသူကတစ်ကိုယ်လုံးအကောင်းအတိုင်းရှိနေတဲ့အပြင် ဒီလိုလွယ်ကူတဲ့အလုပ်မျိုးလေးကိုတောင်လုပ်ခွင့်ရနေသေးတယ်"
"သူသေချာပေါက်အပြစ်ပေးခံခဲ့ရပါတယ်..လွန်ခဲ့တဲ့ရက်အနည်းငယ်က ဆရာသခင်ယွမ်ရိကသူပြန်ရောက်တာနဲ့ ချက်ချင်းဘဲ သူ့ကိုတပည့်အဖြစ်ကနေစွန့်လွှတ်လိုက်ပြီး ကြိမ်ဒဏ်အချက်တစ်ရာပေးခဲ့တာ"
သာမန်လူတစ်ယောက်အတွက်တော့ ကြိမ်ဒဏ်အချက်တစ်ရာဆိုတာ သေတောင်သေသွားနိုင်လေသည်။ ဒါပေမဲ့ ကျင်းထုံရဲ့အဖေက သူခံနိုင်ရည်ရှိအောင် လျှို့ဝှက်ပြီး ဆေးလုံးတစ်မျိုးတိုက်ခဲ့၏။ မဟုတ်ရင်တော့ အခုလောက်ဆို သူ ငရဲမင်းထံကို သွားနှုတ်ဆက်နေရလောက်လေပြီ။
တပည့်အသစ်တွေအကုန်လုံးက ကြိုးကြာစီးလာတဲ့ ကျင်းထုံကို မနာလိုအားကျစွာနဲ့လိုက်ကြည့်နေကြလေသည်။
ကြိုးကြာငှက်က သူတို့အရှေ့မှာဆင်းသက်လာ၏။ ကျင်းထုံက ဒဏ်ရာရထားတာကြောင့် ဆင်းလာတဲ့အခါ မတည်မငြိမ်ဖြစ်နေပြီး မြေကြီးပေါ်လဲကျတော့မလိုတောင်ဖြစ်သွားရသည်။ ကံကောင်းထောက်မစွာနဲ့ လူတိုင်းက ကြိုးကြာငှက်ကိုဘဲ အာရုံစိုက်နေကြ၏။ ဒါပေမဲ့ သူတို့မြင်တွေ့ခဲ့မယ်ဆိုရင်တောင်မှ ဘယ်သူမှသူ့ကိုပြက်ရယ်ပြုရဲကြမှာမဟုတ်ပေ။
ကျင်းထုံ မျက်နှာကိုတည်ထားတာ အော်ပြောလိုက်သည်။
"အားလုံး အသင့်ပြင်ကြတော့"
တစ်ချို့ဉာဏ်ကောင်းတဲ့တပည့်တွေက ကျင်းထုံကိုချင်ချင်း နှုတ်ဆက်လိုက်ကြသည်။
"နှုတ်ဆက်ပါတယ် ကြီးကြပ်ရေးမှူး"
တစ်ခြားတပည့်တွေကလည်းလိုက်နှုတ်ဆက်လိုက်ကြ၏။
အကုန်လုံးက သူ့ကိုလေးလေးစားစားနှုတ်ဆက်လိုက်တာကြောင့် ကျင်းထုံ အနည်းငယ်စိတ်သက်သာရာရသွားပုံပေါ်သည်။
ရုန်ယိကတော့ နှာခေါင်းသာရှုံ့လိုက်မိသည်။
တန်ထျန်းဖျက်ဆီးခံလိုက်ရတာတောင်မှ ဒီနေရာမှာရပ်နေနိုင်သေးတယ်...။
တပည့်သစ်လက်ခံရေးအတွက်တာဝန်ရှိတဲ့တစ်ယောက်က ကျင်းထုံကို တပည့်တွေရဲ့နာမည်စာရင်းစာရွက်အုပ်သုံးအုပ်ကို ကမ်းပေးလိုက်၏။
ကျင်းထုံ အပေါ်ဆုံးတစ်အုပ်ကိုယူပြီး လှန်ကြည့်လိုက်တဲ့အခါ သူတွေ့လိုက်ရတဲ့ပထမဆုံးနာမည်က ရုန်ယိ ဖြစ်နေ၏။ သူဘေးနားကတပည့်တစ်ယောက်ဘက်ကို ချက်ချင်းလှည့်လိုက်ပြီး တီးတိုးမေးလိုက်သည်။
"ရုန်ယိဆိုတာ..ထျန်းရွှီတောင်ထွတ်သခင်ရဲ့သား ရုန်ယိလား"
ထိုတပည့်က လှောင်ရယ်သံနဲ့ပြန်ဖြေလာသည်။
"ဘယ်သူရှိသေးလို့လဲ..သူက နှစ်တိုင်းစစ်ဆေးပွဲကိုလာတာ..အိုး ဟုတ်သားဘဲ..ဆရာဒေါ်လေးကျင်းက အမိန့်ပေးထားတယ်..အကယ်၍ သူရောက်လာခဲ့ရင် သူ့ကိုဝင်ခွင့်မပေးနဲ့တဲ့"
"ဆရာဒေါ်လေးကျင်း..မင်းပြောတာ ဆရာဒေါ်လေးကျင်းယွဲ့ယောင်လား"
ကျင်းထုံ သူ့အဒေါ်က ရုန်ယိရဲ့ဆရာတူအစ်ကိုကြီး ပိုင်ယွမ်ချန်ကိုသဘောကျနေတာသိသည်။ ဒါပေမဲ့ ရုန်ယိရှိနေတာကြောင့် ပိုင်ယွမ်ချန်က ကျင်းယွဲ့ယောင်ကို အေးတိအေးစက်နဲ့သာဆက်ဆံလေ့ရှိတာကြောင့် သူမက ရုန်ယိကို အရိုးထဲထိအောင်မုန်းတီးနေလေသည်။
်"အသေအချာဘဲ"
ကျင်းထုံရဲ့ မျက်လုံးတွေထဲမှာ မုန်းတီးမှုအရိပ်အယောင်တွေဖြတ်ပြေးသွား၏။
"သောက်ချီးဘဲ..ငါဒီနေ့သူ့ကို ငရဲရောက်အောင်ပို့ပစ်မယ်"
ဆရာသခင်ယွမ်ရိက ဟိုင်ရှန်းကျောင်းတော်ကို ရုန်ယိနဲ့အတူလာခဲ့တယ်ဆိုတာ သူစုံစမ်းသိရှိခဲ့ရသည်။ သူက ရုန်ယိက ဆရာသခင်ယွမ်ရိကို ယင်ထောင်အကြောင်းပြောလိုက်တဲ့သူဖြစ်ပြီး ဒါကြောင့် ဆရာသခင်ယွမ်ရိက သူ့ကိုတပည့်အဖြစ်ကနေကန်ထုတ်လိုက်ပြီး ကြိမ်ဒဏ်အချက်တစ်ရာတောင်ပေးခဲ့တာဖြစ်သည်လို့ဘဲ တွေးထား၏။
ဒါတွေအကုန်လုံးက ယင်ထောင်နဲ့ရုန်ယိတို့ကြောင့်ဘဲ..သူတို့ကြောင့်သာမဟုတ်ခဲ့ရင် ကျိုရွှီဂိုဏ်းကိုပြန်တဲ့လမ်းမှာ သူ့တန်ထျန်းကလည်း တစ္ဆေကျင့်ကြံသူတွေဖျက်ဆီးတာကိုခံရမှာမဟုတ်..။
ဒီအကြောင်းတွေးလိုက်မိတာနဲ့ ကျင်းထုံ အံကြိတ်လိုက်မိသည်။
"ရုန်ယိ..ဒီတစ်ခါတော့ မင်းအလှည့်ဘဲ"
##
update လာတောင်းထားတဲ့ reader လေးတစ်ယောက်အတွက်ပါ♥♥
*************
Zawgyi
က်ိဳ႐ႊီဂိုဏ္းက ဟိုင္ရွန္းၿမိဳ႕ရဲ႕အေနာက္ဘက္ပိုင္းမွာတည္ရွိၿပီး တိမ္စိုင္တိမ္ၫြန့္ေတြနဲ႕ဖုံးလႊမ္းေနေလသည္။ ဒါေၾကာင့္ ေတာင္ေအာက္ေျခကေနေတာ့ ဂိုဏ္းရဲ႕ခမ္းနားႀကီးက်ယ္မႈကို သိရွိနားလည္နိုင္မွာမဟုတ္ေခ်။
႐ုန္ယိ သိခ်င္စိတ္ေၾကာင့္ လိုက္ကာစကိုေဘးကပ္ၿပီး အျပင္ဘက္ကိုလွမ္းၾကည့္လိုက္သည္။ ေအာက္ေျခမွာေတာ့ စိမ္းျပာေရာင္ေတာင္တန္းႀကီးေတြက တစ္ခုၿပီးတစ္ခု စီတန္းလ်က္ထပ္လ်က္တည္ရွိေနၾက၏။ တစ္ခ်ိဳ႕က တိမ္ေတြၾကားထဲထိုးေဖာက္ဝင္ေရာက္ေနၾကသလို..တစ္ခ်ိဳ႕ကလည္း အေဝးကိုလြင့္ေျမာေနတဲ့ပုံသ႑ာန္ေတြရွိၿပီး တစ္ခ်ိဳ႕ကေတာ့ ပ်ံသန္းေနတဲ့နဂါးႀကီးေတြဟန္..တစ္ခ်ိဳ႕ကေတာ့ သတၱဝါႀကီးေတြလွဲေလ်ာင္းေနၾကသ႑ာန္...စသျဖင့္ပုံသ႑ာန္မ်ိဳးစုံႏွင့္ ေရလွိုင္းေတြလိုမ်ိဳးအဆုံးမရွိျမင္ေတြ႕ေနရၿပီး..ေကာင္းကင္ရဲ႕အဆုံးထိေရာက္ေတာ့မေယာင္နဲ႕ ျမင့္မားစြာတည္ရွိေနၾကေလသည္။
မ်ားစြာေသာက်င့္ႀကံသူေတြကလည္း သူတို႔လွည္းေဘးကေနၿပီး ဓားပ်ံေတြစီးနင္းကာ ျဖတ္ေက်ာ္သြားၾက၏။ တစ္ခ်ိဳ႕ေတြက က်ိဳ႐ႊီဂိုဏ္းရဲ႕ဝတ္စုံေတြကိုဝတ္ဆင္ထားၾကေပမဲ့ တစ္ခ်ိဳ႕ကေတာ့ တစ္ျခားဂိုဏ္းကဝတ္စုံေတြကိုဝတ္ဆင္ထားၾကေလသည္။ သူတို႔ေတြက က်င့္ႀကံျခင္းအေၾကာင္းေတြေျပာရင္ေျပာ မဟုတ္ရင္ ဘယ္သူ႕ဂိုဏ္းကပိုၿပီးစြမ္းအားႀကီးတယ္ဆိုတာကိုျငင္းခုန္ေနၾက၏။ အမႈမဲ့အမွတ္မဲ့နဲ႕ဘဲ သူတို႔ေတြ က်ိဳ႐ႊီဂိုဏ္းရဲ႕ ဂိတ္ေပါက္ဝကိုေရာက္ရွိလာခဲ့ၾကေတာ့သည္။
ပုခ်ီက လွည္းကိုေထာင့္တစ္ေထာင့္မွာဆင္းၿပီးရပ္လိုက္သည္။
"ဆရာ ကြၽန္ေတာ္တို႔ေရာက္ၿပီ"
"ကြၽန္ေတာ္တို႔ေတြက က်ိဳ႐ႊီဂိုဏ္းရဲ႕တပည့္ေတြခ်ည္းဘဲကို..ကြၽန္ေတာ့္ကို ဆရာလို႔ေခၚေနတာက မသင့္ေတာ္သလိုျဖစ္မေနဘူးလား"
႐ုန္ယိသူ႕ကိုေျပာေနရင္းနဲ႕ လွည္းအျပင္ကိုလွမ္းထြက္လိုက္ေပမဲ့ ယင္က်င္းရဲ႕က တားလာသည္။
"ခဏေလး"
႐ုန္ယိ ျပန္လွည့္ၾကည့္လိုက္၏။
"ဘာလို႔လဲ"
ယင္က်င္းရဲ႕ သူ႕ခါးမွာဝတ္ဆင္ထားတဲ့ ေက်ာက္စိမ္းခါးပတ္ကို ျဖဳတ္ယူလိုက္သည္။
"ဒါကိုဝတ္ထားလိုက္"
ထိုအရာေပၚကေန ေဖ်ာ့ေတာ့တဲ့ဝိညာဥ္စြမ္းအားေလးထြက္ေနတာ သတိျပဳမိလိုက္တာေၾကာင့္ ႐ုန္ယိ အၿပဳံးေလးနဲ႕ေျပာလိုက္သည္။
"ခင္ဗ်ား ကြၽန္ေတာ့္ကိုဝတ္ေပးေလ"
သူ႕ရဲ႕ဗိုက္ႀကီးေၾကာင့္ လက္ကတစ္ျခားတစ္ဖက္အထိမေရာက္နိုင္တာကိုသိတာေၾကာင့္ ယင္က်င္းရဲ႕ သူ႕နားကိုသြားလိုက္ၿပီး သူ႕ခါးမွာ ဝတ္ဆင္ေပးလိုက္သည္။
"မင္း အႏၱာရယ္တစ္ခုခုနဲ႕ႀကဳံေတြ႕ခဲ့မယ္ဆိုရင္ ဒါကမင္းရဲ႕အသက္ကိုကယ္ေပးလိမ့္မယ္"
"ေက်းဇူးဘဲ"
႐ုန္ယိ ေခါင္းငုံ႕လိုက္ၿပီး ယင္က်င္းရဲ႕ကိုၾကည့္လိုက္သည္။ သူကအေပၚစီးကေနၾကည့္ေနတာေၾကာင့္ ယင္က်င္းရဲ႕ ရဲ႕မ်က္ေတာင္ေတြက ရွည္လ်ားကာ ထူထဲေနတာကိုေတြ႕လိုက္ရသည္။ အဲ့တာေတြကအရမ္းကို လွပၿပီး အထူးသျဖင့္ေတာ့ သူမ်က္ေတာင္ခတ္လိုက္တဲ့အခ်ိန္မွာဘဲ ျဖစ္၏။
ယင္က်င္းရဲ႕သူ႕ကိုေမာ့ၾကည့္လာသည္။
"ကိုယ္တို႔မင္းကို ဒီကေနဘဲေစာင့္ေနမယ္"
"ေကာင္းၿပီ"
သူတို႔ရဲ႕ မ်က္ႏွာေတြအရမ္းနီးကပ္ေနတာကို အျပင္ဘက္မွာရပ္ေနတဲ့႐ုန္စုက လိုက္ကာၾကားကေနၿပီးျမင္ေတြ႕လိုက္၏။ သူ႕မ်က္လုံးေတြေတာက္ပသြားၿပီး..လိုက္ကာနဲ႕ပိုနီးေနတဲ့႐ုန္ယိကို ေအာ္ေျပာရင္းနဲ႕ အားနဲ႕တြန္းလိုက္သည္။
"သခင္ေလး ေရာက္လာၿပီ"
အစကတည္းက လွည္းေပၚမွာေသေသခ်ာခ်ာရပ္ေနနိုင္ဖို႔က ႐ုန္ယိအတြက္မလြယ္ကူေပ..အခုေတာ့ ေရွ႕ကိုယိုင္က်သြားၿပီး ခ်က္ခ်င္းဘဲ သူ႕ႏႈတ္ခမ္းေတြက ယင္က်င္းရဲ႕ရဲ႕ေအးစက္ေနတဲ့ႏႈတ္ခမ္းေတြအေပၚကို ဖိမိသြားေလသည္။
ႏွစ္ေယာက္စလုံး ေၾကာင္အသြားၾကရသည္။
"ကြၽန္ေတာ္...ကြၽန္ေတာ္..မရည္႐ြယ္ပါဘူး"
႐ုန္ယိ ခ်က္ခ်င္းကိုယ္ကိုျပန္မတ္လိုက္ေပမဲ့ သူကလွည္းေပၚမွာရပ္ေနတယ္ဆိုတာကိုေတာ့ ေမ့ေလ်ာ့သြား၏။ ထို႔ေနာက္ အမိုးနဲ႕ရိုက္မိသြားၿပီး ေရွ႕ကိုျပန္က်သြားျပန္ၿပီး သူ႕ႏႈတ္ခမ္းေတြက ယင္က်င္းရဲ႕ကိုသြားနမ္းမိျပန္၏။ ဒါေပမဲ့ ဒီတစ္ေခါက္ကေတာ့ ယင္က်င္းရဲ႕ရဲ႕မ်က္ႏွာကိုျဖစ္ေလသည္။
သူခ်က္ခ်င္း ေခါင္းျပန္ေမာ့လိုက္ၿပီး အၿပဳံးတစ္ခုရေအာင္မနည္းလုပ္ယူလိုက္ရသည္။
"ကြၽန္ေတာ္ တစ္ကယ့္ကိုမရည္႐ြယ္ပါဘူး..က်ိန္ေျပာရဲတယ္"
ယင္က်င္းရဲ႕ ႏႈတ္ခမ္းေတြေကြးၫႊတ္သြားၿပီး သူ႕ကိုလွည္းေပၚကဆင္းဖို႔ကူညီေပးလိုက္သည္။
႐ုန္ယိ ႐ုန္စုကို စိုက္ၾကည့္လိုက္သည္။
႐ုမ္စုကေတာ့ သူ႕ကိုအျပစ္ကင္းတဲ့ပုံေလးနဲ႕ျပန္ၾကည့္လာသည္။
"သခင္ေလး..ဘာလို႔ကြၽန္ေတာ့္ကို ဒီလိုႀကီးစိုက္ၾကည့္ေနရတာလဲ"
သူ သူ႕ကိုရည္႐ြယ္ခ်က္ရွိရွိနဲ႕တြန္းလိုက္တယ္ဆိုတာ ႐ုန္ယိေသခ်ာေပါက္ကိုသိသည္။ ဒါေၾကာင့္သူ မႈန္ေတေတနဲ႕ေျပာလိုက္သည္။
"မင္းမ်က္လုံးထဲအမႈန္ဝင္ေနတာဘဲျဖစ္ရမယ္"
႐ုန္စု သူ႕မ်က္လုံးေထာင့္သူ ထိၾကည့္လိုက္သည္။
"မဝင္ပါဘူး"
ထို႔ေနာက္ ႐ုန္ယိတစ္ဖက္ကိုလွည့္ကာ ပုခ်ီနဲ႕အတူ လူအုပ္ထဲကိုဝင္ေရာက္သြားေတာ့သည္။
ယင္က်င္းရဲ႕ အခုေလးတင္အနမ္းခံလိုက္ရတဲ့ ႏႈတ္ခမ္းကိုထိကိုင္ေနရင္း သူထြက္သြားတာကိုၾကည့္ေနလိုက္သည္။
"ႏူးညံ့ေနတာဘဲ"
႐ုန္ယိ ခပ္ေဝးေဝးထိေလွ်ာက္သြားၿပီးမွ ေနာကိုျပန္လွည့္ၾကည့္လိုက္တဲ့အခါ လွည္းက ျမင္ကြင္းကေနေပ်ာက္ကြယ္သြားၿပီး ျဖစ္ေလသည္။ သူလည္း မသိစိတ္အရ သူ႕ႏႈတ္ခမ္းသူထိၾကည့္မိလိုက္ကာ ေ႐ြ႐ြတ္ေျပာဆိုလိုက္၏။
"ေယာက္်ားတစ္ေယာက္ရဲ႕ ႏႈတ္ခမ္းကဒီေလာက္အထိႏူးညံ့နိုင္လို႔လား"
ၿပီးေတာ့ ယင္က်င္းရဲ႕ရဲ႕မ်က္ႏွာကေနၿပီး သစ္ေတာ္ပန္းရနံ႕ေဖ်ာ့ေဖ်ာ့ေလးလည္း သူရလိုက္ေသးသည္။ အရမ္းကိုမွ လတ္ဆတ္လွ၏။ ေခတ္သစ္ကမိန္းကေလးေတြဆီကရတဲ့ေရေမႊးနဲ႕ေတြနဲ႕မတူ..ထိုအရာေတြကေတာ့ အနံ႕စူးရွလွၿပီး သူ႕ကိုႏွာေခ်ေစေလသည္။
ပုခ်ီက သူေျပာလိုက္တာကိုၾကားလိုက္တာေၾကာင့္ ျပန္ေျဖေပးလာသည္။
"လုံးဝမႏူးညံ့ပါဘူး"
႐ုန္ယိ ပုခ်ီကိုလွမ္းၾကည့္လိုက္သည္။
"ခင္ဗ်ားအရင္က ေယာက္်ားတစ္ေယာက္ကိုနမ္းဖူးလို႔လား..ဒါမွမဟုတ္ ခင္ဗ်ား ကိုယ့္ႏႈတ္ခမ္းကို မာတယ္လို႔ေျပာေနတာလား"
"ဟုတ္..ကြၽန္ေတာ္အရင္က ေယာက္်ားတစ္ေယာက္ကိုနမ္းဖူးတယ္"
"ဘယ္သူ႕ကိုလဲ"
"ဆရာသခင္ယြမ္ရိေလ"
႐ုန္ယိ "!!!!!"
ပုခ်ီက ဘာလို႔မ်ား သခၤ်ိဳင္းကုန္းကိုေျခတစ္ဖက္လွမ္းေနၿပီျဖစ္တဲ့ လူအိုႀကီးကို သြားနမ္းရတာလဲဆိုတာ ႐ုန္ယိလုံးဝကိုမေတြးတတ္ေတာ့..။
ပုခ်ီ လမ္းေလွ်ာက္ရာကေနရပ္လိုက္၏။
"ဆရာ..ကြၽန္ေတာ္လုပ္စရာေလးတစ္ခုရွိေသးလို႔..ဆရာအရင္သြားႏွင့္လိုက္ပါလား"
"ေကာင္းၿပီေလ"
ထို႔ေနာက္ ႐ုန္ယိ သူ႕ကို႐ုန္စုေပးလိုက္တဲ့ ဝင္ခြင့္ကတ္ကိုထုတ္ၿပီး ဂိတ္ဝကိုေစာင့္ေနတဲ့တပည့္ေတြကိုျပလိုက္သည္။
က်ိဳ႐ႊီဂိုဏ္းရဲ႕ ဝင္ခြင့္ကတ္ကိုေတြ႕လိုက္တာနဲ႕ သူ႕ကိုခ်က္ခ်င္းဝင္ခြင့္ျပဳလိုက္၏။
႐ုန္ယိ ဂိတ္ေပါက္ကေနဝင္လိုက္ၿပီးတာနဲ႕ ပုခ်ီထြက္သြားတဲ့ဘက္ကိုလွည့္ၾကည့္လိုက္သည္။ တပည့္တစ္ေယာက္ကသူ႕နားကိုေလွ်ာက္သြားၿပီး ပုခ်ီက မ်က္ႏွာဖုံးကိုအျမန္မလိုက္ကာ သူ႕မ်က္ႏွာကိုျပလိုက္သည္။
ထိုတပည့္က သူ႕မ်က္ႏွာကိုေတြ႕လိုက္တဲ့အခါ ထိတ္လန့္သြားၿပီး ေလးစားမႈအျပည့္နဲ႕ျဖစ္သြား၏။ ထို႔ေနာက္ သူ႕မ်က္ႏွာကိုၾကည့္ဖို႔ မ်က္ႏွာဖုံးထပ္မခြၽတ္ခိုင္းေတာ့ဘဲ အျမန္အထဲဝင္ဖို႔ခြင့္ျပဳလိုက္ေလသည္။
သူကအထဲဝင္လာၿပီးတာနဲ႕ ခ်က္ခ်င္း႐ုန္ယိကိုရွာလိုက္ၿပီး သူ႕ဆီေျပးလာ၏။
"ဆရာ..ေစာင့္ေနေအာင္လုပ္မိတာ အားနာပါတယ္"
႐ုန္ယိ ပုခ်ီရဲ႕ေနာက္ခံက မရိုးရွင္းမွန္းေတြးလိုက္မိေပမဲ့ သူဘယ္သူလဲဆိုတာကိုေတာ့ စိတ္မဝင္စားေပ။
"ခင္ဗ်ားမွာ မိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာရွိတာ ဟုတ္တယ္မလား..ခင္ဗ်ားက အဆင့္ဘယ္ေလာက္ရွိတဲ့ ပန္းပဲဆရာလဲ"
"ခုႏွစ္ပါ"
"ဒါဆိုလုံေလာက္တယ္"
ပုခ်ီ နားမလည္ဘဲျဖစ္သြားရသည္။
"လုံေလာက္တယ္ဆိုတာ ဘာကိုဆိုလိုတာလဲ"
႐ုန္ယိမရွင္းျပေတာ့ဘဲ အဲ့အစား စကၠဴအျဖဴေတြကိုထုတ္ၿပီး ပုခ်ီကိုကမ္းေပးလိုက္သည္။
"အခု ကြၽန္ေတာ့္မွာ ခင္ဗ်ားအတြက္တာဝန္တစ္ခုရွိတယ္..ဒီစကၠဴေတြေပၚမွာ သူတို႔ကိုမၿပဲဆုတ္ေစဘဲနဲ႕ ခင္ဗ်ားရဲ႕မိုးႀကိဳးမီးေတာက္ကိုသုံးၿပီး အင္းကြက္ေတြထြင္းေပးရမယ္"
"ဘာအင္းကြက္လဲ"
"ဘယ္အင္းကြက္ဘဲျဖစ္ျဖစ္ အဆင္ေျပတယ္"
ပုခ်ီ စကၠဴကိုယူၿပီးအလင္းေရာင္ေအာင္မွာေထာင္ၾကည့္လိုက္သည္။
"ဒါေပမဲ့ ဒီစကၠဴေတြက အရမ္းပါးေတာ့ အလြယ္တကူေလာင္ကြၽမ္းကုန္မွာေပါ့"
"ဒါဆို ထပ္ခါထပ္ခါေလ့က်င့္ေပါ့..ခင္ဗ်ားဒါေတြကိုမေလာင္ကြၽမ္းေစဘဲလုပ္နိုင္သြားတဲ့အခါက်ရင္ ကြၽန္ေတာ္ခင္ဗ်ားကို တစ္ျခားတစ္မ်ိဳးထပ္သင္ေပးမယ္"
ပုခ်ီ စိတ္လႈပ္ရွားလာကာ မ်က္လုံးေတြလည္းေတာက္ပလာသည္။
"ဆရာ..ကြၽန္ေတာ့္ကိုမြမ္းမံထြင္းထုတာကိုသင္ေပးမွာလား"
"ဒီစကားဘဲထပ္ေျပာမယ္..ခင္ဗ်ားသာ ဒီစကၠဴေတြကိုမေလာင္ကြၽမ္းေစဘဲလုပ္နိုင္သြားတဲ့အခါက်ရင္ ကြၽန္ေတာ္ခင္ဗ်ားကို တစ္ျခားတစ္ခုထပ္သင္ေပးမယ္"
"ေကာင္းပါၿပီ"
ပုခ်ီ ခ်က္ခ်င္း စလုပ္ၾကည့္လိုက္သည္။ ဒါေပမဲ့ သူ႕လက္ေပၚမွာမီးေတာက္ေပၚလာတဲ့ တစ္ခဏမွာဘဲ စာ႐ြက္က ျပာအျဖစ္ေျပာင္းသြားေတာ့သည္။ ကံေကာင္းတာက သူ႕သိုေလွာင္လက္စြပ္ထဲမွာ စာ႐ြက္ေတြအလုံအေလာက္ရွိေနတာဘဲျဖစ္၏။ သူအျမန္ထုတ္ယူလိုက္ၿပီး ဆက္လုပ္ၾကည့္ေနေတာ့သည္။
႐ုန္ယိ စကၠဴေတြတစ္႐ြက္ၿပီးတစ္႐ြက္ေလာင္ကြၽမ္းကုန္တာကိုၾကည့္ရင္း ရယ္ခ်င္စိတ္ကိုထိန္းကာ တစ္ျခားေနရာကိုအၾကည့္လႊဲလိုက္ရ၏။ ဝင္လာတုန္းက ယင္က်င္းရဲ႕ႏႈတ္ခမ္းနဲ႕ အနမ္းေပးခဲ့မိတာကိုဘဲ ေတြးမိေနတာေၾကာင့္ ဂိတ္ေပါက္ဝရဲ႕ ခမ္းနားႀကီးက်ယ္ေနမႈကို သတိမျပဳမိခဲ့ေပ။ အခုၾကည့္မိလိုက္ေတာ့မွသာ က်ိဳ႐ႊီဂိုဏ္းက က်ဳံးဟိုင္နယ္ေျမရဲ႕ နံပါတ္တစ္ဂိုဏ္းႀကီးတစ္ဂိုဏ္းျဖစ္ထိုက္ေၾကာင္း အသိအမွတ္ျပဳလိုက္မိသည္။
သူအခုရပ္ေနတဲ့ေနရာက ေလးေထာင့္ကြင္းျပင္က်ယ္ႀကီးျဖစ္ၿပီး လူေတြကိုသူတို႔ကိုသူတို႔ဘယ္ေလာက္ေသးငယ္သြားေၾကာင့္ ခံစားမိေစ၏။ ကြင္းလယ္မွာေတာ့ ေပတစ္ရာေလာက္ျမင့္တဲ့ ႀကီးမားတဲ့ သုံးေခ်ာင္းေထာက္ ေၾကးအိုးႀကီးတစ္ခုရွိေနၿပီးထိုေနရာကေန ေဖ်ာ့ေတာ့တဲ့ေမႊးရနံ႕ေတြက ဟိုဟိုဒီဒီ ပ်ံ့ႏွံ႕ေနကာ လူေတြကိုအနည္းငယ္လန္းဆန္းသြားသလိုခံစားရေစ၏။
ကြင္းျပင္ရဲ႕အဆုံးမွာေတာ့ တစ္ျခားေတာင္ထိပ္ေတြနဲ႕ ကြင္းျပင္ထိပ္ေတြကိုဆက္သြယ္ထားေပးတဲ့ ေက်ာက္တုံးတံတားႀကီးကိုးစင္းရွိေလသည္။ ထိုတံတားေတြေပၚကေနျဖတ္ၿပီး တစ္ျခားေတာင္ထိပ္ေတြ ခန္းမႀကီးေတြကို ေရာက္ရွိနိုင္၏။ ၾကည္လင္လွတဲ့ေကာင္းကင္ထက္မွာေတာ့ ႀကိဳးၾကာငွက္ေတြကရစ္ဝဲကာပ်ံသန္းေနၾကၿပီး သာယာနာေပ်ာ္ဖြယ္အသံေတြကိုဟစ္ေႂကြးေနၾကေလသည္။
အဲ့အခိုက္အတန့္ေလးမွာ ဒီက်င့္ႀကံေရးေလာကႀကီးထဲကို ကူးေျပာင္းလာတာ အရမ္းကံေကာင္းလြန္းလွတယ္လို႔ ႐ုန္ယိခံစားမိလိုက္သည္။ မဟုတ္ခဲ့ရင္ သူ ဒီလိုရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ ခမ္းနားႀကီးက်ယ္တဲ့ ဂိုဏ္းႀကီးကိုျမင္ေတြ႕နိုင္ခြင့္ကို လက္လြတ္သြားရေပလိမ့္မည္။
ရင္သပ္ရႈေမာစြာပင့္သက္ရွိုက္လိုက္မိတဲ့အခ်ိန္မွာ ပါးစပ္အျပည့္ဝိညာဥ္ခ်ီေတြကို ရႉသြင္းလိုက္မိသည္။ တစ္ကယ့္ကို အႀကီးဆုံးက်င့္ႀကံေရးဂိုဏ္းႀကီး ျဖစ္ထိုက္ေပသည္။ ဒီေလးေထာင့္ကြင္းျပင္တစ္ခုတည္းကပင္ ေခတ္သစ္က ဂိုဏ္းေသးေလးတစ္ခုထက္ ပိုမိုႀကီးမားေလ၏။
႐ုန္ယိ ပတ္ပတ္လည္ကိုလိုက္ၾကည့္လိုက္ၿပီးေနာက္ စကၠဴေတြမီးရွို႔ေနတုန္းျဖစ္တဲ့ ပုခ်ီကိုလွည့္ေမးလိုက္သည္။
"ကြၽန္ေတာ့္စစ္ေဆးမႈကို ဘယ္ေနရာမွာသြားလုပ္ရမွာလဲ"
"အခ်ိန္က်ရင္ တပည့္ေတြအကုန္လုံး ၿပိဳင္ကြဲကြင္းျပင္မွာစုၾကလိမ့္မယ္..ၿပီးရင္ တပည့္အသစ္ေတြနဲ႕ သူတို႔ဆရာေတြက ဒီေနရာမွာစစ္ေဆးမႈျပဳလုပ္ၾကလိမ့္မယ္"
ပုခ်ီသူ႕ကိုလွည့္ေတာင္မၾကည့္ဘဲ ေနာက္ထပ္စာ႐ြက္ျဖဴေတြထုတ္ယူလိုက္ျပန္သည္။
"ခင္ဗ်ားကေရာ..ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ဖို႔မလိုဘူးလား"
"ဟင့္အင္း...ကြၽန္ေတာ္က ဒီကိုဆရာနဲ႕အေဖာ္လိုက္လာေပးတာ"
႐ုန္ယိ ပတ္ပတ္လည္ကိုၾကည့္ေနရင္း ပ်င္းရိလာသလိုခံစားလိုက္ရသည္။
"ၿပိဳင္ပြဲက က်ိဳ႐ႊီဂိုဏ္းရဲ႕ၿပိဳင္ပြဲဘဲမဟုတ္ဘူးလား..ဘာလို႔တစ္ျခားဂိုဏ္းကတပည့္ေတြပါ ရွိေနရတာလဲ"
"ဂိုဏ္းတစ္ခုခုက ဂိုဏ္းတြင္းၿပိဳင္ပြဲက်င္းပတဲ့အခါ တစ္ျခားဂိုဏ္းေတြကလည္း ဘယ္ဂိုဏ္းကတပည့္ေတြကပိုေတာ္လဲဆိုတာၾကည့္ဖို႔ သူတို႔ရဲ႕တပည့္ေတြကိုပါ လႊတ္ေလ့ရွိၾကတယ္ေလ"
အဲ့အခ်ိန္မွာဘဲ ေတာ္ေတာ္ေဝးေဝးက ေတာင္ျမင့္တစ္ခုေပၚကေန ေခါင္းေလာင္းသံကိုၾကားလိုက္ရ၏။
ထိုအခါ ကြင္းျပင္ထဲကတပည့္ေတြအကုန္လုံး ဓားပ်ံေတြစီးကာ ၿပိဳင္ပြဲကြင္းျပင္ထဲကိုပ်ံသန္းသြားၾကေတာ့သည္။
ေကာင္းကင္ေပၚမွာလည္း ဟိုင္ရွန္းေက်ာင္းေတာ္ကအေစာင့္ဝတ္စုံေတြနဲ႕သူေတြ ေမာင္းသြားၾကတဲ့ လွည္းေတြလည္းေတြ႕ရၿပီး အထဲကသူေတြက ဟိုင္ရွန္းေက်ာင္းေတာ္က တပည့္ေတြဆိုတာသိနိုင္၏။ သူတို႔ကလည္း ၿပိဳင္ပြဲကြင္းျပင္ထဲကို တစ္ျခားတပည့္ေတြေနာက္ကေနၿပီး လိုက္သြားၾကသည္။
႐ုန္ယိ သက္ျပင္းခ်လိဳက္သည္။
"အာ...ငါ့အဆင့္က ငါ့သားထက္ေတာင္နိမ့္ေနပါေရာလား"
ယင္ေထာင္ေတာင္မွ ၿပိဳင္ပြဲကြင္းျပင္ထဲကို သူ႕ဘာသာသူသြားနိုင္၏။ သူ႕ေဖေဖျဖစ္တဲ့ ႐ုန္ယိကေတာ့ စစ္ေဆးမႈခံယူဖို႔အတြက္ ဒီေနရာကေနေစာင့္ေနရေလသည္။
တပည့္ေတြအကုန္ထြက္သြားၾကၿပီးတဲ့အခါ ကြင္းျပင္ႀကီးကတိတ္ဆိတ္သြားၿပီး က်ိဳ႐ႊီဂိုဏ္းဝတ္စုံမဝတ္ထားတဲ့ က်င့္ႀကံသူတစ္ခ်ိဳ႕သာက်န္ေနခဲ့ေတာ့သည္။
သူတို႔ၾကားကေလထုက တင္းၾကပ္လာၿပီး ဘယ္သူမွစကားတစ္ခြန္းေတာင္မေျပာၾကေတာ့ေပ။
အခ်ိန္တစ္ခ်ိဳ႕ေလာက္ၾကာၿပီးတဲ့အခါ တစ္ေယာက္ေယာက္က ႀကိဳးၾကာကိုစီးၿပီး ကြင္းျပင္ေပၚကိုပ်ံသန္းလာေလသည္။
တစ္ေယာက္က ေအာ္ေျပာလိုက္၏။
"က်င့္ႀကံသူဆရာတစ္ေယာက္ေရာက္လာၿပီ..လူတိုင္းတန္းစီၾကေတာ့"
႐ုန္ယိ ႀကိဳးၾကာေပၚကလူကိုေတြ႕လိုက္တဲ့အခါ မ်က္ခုံးေတြပင့္သြားရၿပီး ေမးလိုက္သည္။
"အဲ့တာ က်င္းထုံမဟုတ္ဘူးလား"
ပုခ်ီလည္း တစ္ခ်က္လွမ္းၾကည့္ၿပီး ေျပာလာ၏။
"သူ႕ရဲ႕ တန္ထ်န္းကဖ်က္ဆီးခံလိုက္ရၿပီ ဒါေၾကာင့္ ဂိုဏ္းခ်ဳပ္က သူ႕ကိုတပည့္အသစ္ေတြကိုႀကီးၾကပ္ဖို႔ လႊတ္လိုက္တာ"
႐ုန္ယိ တိုးတိုးေလးႏွာေခါင္းရႈံ႕လိုက္သည္။
"ဆရာသခင္ယြမ္ရိက သူ႕ကိုအျပစ္ေပးမယ္လို႔ ကတိေပးထားတယ္ ဒါေပမဲ့ အခုသူကတစ္ကိုယ္လုံးအေကာင္းအတိုင္းရွိေနတဲ့အျပင္ ဒီလိုလြယ္ကူတဲ့အလုပ္မ်ိဳးေလးကိုေတာင္လုပ္ခြင့္ရေနေသးတယ္"
"သူေသခ်ာေပါက္အျပစ္ေပးခံခဲ့ရပါတယ္..လြန္ခဲ့တဲ့ရက္အနည္းငယ္က ဆရာသခင္ယြမ္ရိကသူျပန္ေရာက္တာနဲ႕ ခ်က္ခ်င္းဘဲ သူ႕ကိုတပည့္အျဖစ္ကေနစြန့္လႊတ္လိုက္ၿပီး ႀကိမ္ဒဏ္အခ်က္တစ္ရာေပးခဲ့တာ"
သာမန္လူတစ္ေယာက္အတြက္ေတာ့ ႀကိမ္ဒဏ္အခ်က္တစ္ရာဆိုတာ ေသေတာင္ေသသြားနိုင္ေလသည္။ ဒါေပမဲ့ က်င္းထုံရဲ႕အေဖက သူခံနိုင္ရည္ရွိေအာင္ လွ်ို႔ဝွက္ၿပီး ေဆးလုံးတစ္မ်ိဳးတိုက္ခဲ့၏။ မဟုတ္ရင္ေတာ့ အခုေလာက္ဆို သူ ငရဲမင္းထံကို သြားႏႈတ္ဆက္ေနရေလာက္ေလၿပီ။
တပည့္အသစ္ေတြအကုန္လုံးက ႀကိဳးၾကာစီးလာတဲ့ က်င္းထုံကို မနာလိုအားက်စြာနဲ႕လိုက္ၾကည့္ေနၾကေလသည္။
ႀကိဳးၾကာငွက္က သူတို႔အေရွ႕မွာဆင္းသက္လာ၏။ က်င္းထုံက ဒဏ္ရာရထားတာေၾကာင့္ ဆင္းလာတဲ့အခါ မတည္မၿငိမ္ျဖစ္ေနၿပီး ေျမႀကီးေပၚလဲက်ေတာ့မလိုေတာင္ျဖစ္သြားရသည္။ ကံေကာင္းေထာက္မစြာနဲ႕ လူတိုင္းက ႀကိဳးၾကာငွက္ကိုဘဲ အာ႐ုံစိုက္ေနၾက၏။ ဒါေပမဲ့ သူတို႔ျမင္ေတြ႕ခဲ့မယ္ဆိုရင္ေတာင္မွ ဘယ္သူမွသူ႕ကိုျပက္ရယ္ျပဳရဲၾကမွာမဟုတ္ေပ။
က်င္းထုံ မ်က္ႏွာကိုတည္ထားတာ ေအာ္ေျပာလိုက္သည္။
"အားလုံး အသင့္ျပင္ၾကေတာ့"
တစ္ခ်ိဳ႕ဉာဏ္ေကာင္းတဲ့တပည့္ေတြက က်င္းထုံကိုခ်င္ခ်င္း ႏႈတ္ဆက္လိုက္ၾကသည္။
"ႏႈတ္ဆက္ပါတယ္ ႀကီးၾကပ္ေရးမႉး"
တစ္ျခားတပည့္ေတြကလည္းလိုက္ႏႈတ္ဆက္လိုက္ၾက၏။
အကုန္လုံးက သူ႕ကိုေလးေလးစားစားႏႈတ္ဆက္လိုက္တာေၾကာင့္ က်င္းထုံ အနည္းငယ္စိတ္သက္သာရာရသြားပုံေပၚသည္။
႐ုန္ယိကေတာ့ ႏွာေခါင္းသာရႈံ႕လိုက္မိသည္။
တန္ထ်န္းဖ်က္ဆီးခံလိုက္ရတာေတာင္မွ ဒီေနရာမွာရပ္ေနနိုင္ေသးတယ္...။
တပည့္သစ္လက္ခံေရးအတြက္တာဝန္ရွိတဲ့တစ္ေယာက္က က်င္းထုံကို တပည့္ေတြရဲ႕နာမည္စာရင္းစာ႐ြက္အုပ္သုံးအုပ္ကို ကမ္းေပးလိုက္၏။
က်င္းထုံ အေပၚဆုံးတစ္အုပ္ကိုယူၿပီး လွန္ၾကည့္လိုက္တဲ့အခါ သူေတြ႕လိုက္ရတဲ့ပထမဆုံးနာမည္က ႐ုန္ယိ ျဖစ္ေန၏။ သူေဘးနားကတပည့္တစ္ေယာက္ဘက္ကို ခ်က္ခ်င္းလွည့္လိုက္ၿပီး တီးတိုးေမးလိုက္သည္။
"႐ုန္ယိဆိုတာ..ထ်န္း႐ႊီေတာင္ထြတ္သခင္ရဲ႕သား ႐ုန္ယိလား"
ထိုတပည့္က ေလွာင္ရယ္သံနဲ႕ျပန္ေျဖလာသည္။
"ဘယ္သူရွိေသးလို႔လဲ..သူက ႏွစ္တိုင္းစစ္ေဆးပြဲကိုလာတာ..အိုး ဟုတ္သားဘဲ..ဆရာေဒၚေလးက်င္းက အမိန့္ေပးထားတယ္..အကယ္၍ သူေရာက္လာခဲ့ရင္ သူ႕ကိုဝင္ခြင့္မေပးနဲ႕တဲ့"
"ဆရာေဒၚေလးက်င္း..မင္းေျပာတာ ဆရာေဒၚေလးက်င္းယြဲ႕ေယာင္လား"
က်င္းထုံ သူ႕အေဒၚက ႐ုန္ယိရဲ႕ဆရာတူအစ္ကိုႀကီး ပိုင္ယြမ္ခ်န္ကိုသေဘာက်ေနတာသိသည္။ ဒါေပမဲ့ ႐ုန္ယိရွိေနတာေၾကာင့္ ပိုင္ယြမ္ခ်န္က က်င္းယြဲ႕ေယာင္ကို ေအးတိေအးစက္နဲ႕သာဆက္ဆံေလ့ရွိတာေၾကာင့္ သူမက ႐ုန္ယိကို အရိုးထဲထိေအာင္မုန္းတီးေနေလသည္။
္"အေသအခ်ာဘဲ"
က်င္းထုံရဲ႕ မ်က္လုံးေတြထဲမွာ မုန္းတီးမႈအရိပ္အေယာင္ေတြျဖတ္ေျပးသြား၏။
"ေသာက္ခ်ီးဘဲ..ငါဒီေန႕သူ႕ကို ငရဲေရာက္ေအာင္ပို႔ပစ္မယ္"
ဆရာသခင္ယြမ္ရိက ဟိုင္ရွန္းေက်ာင္းေတာ္ကို ႐ုန္ယိနဲ႕အတူလာခဲ့တယ္ဆိုတာ သူစုံစမ္းသိရွိခဲ့ရသည္။ သူက ႐ုန္ယိက ဆရာသခင္ယြမ္ရိကို ယင္ေထာင္အေၾကာင္းေျပာလိုက္တဲ့သူျဖစ္ၿပီး ဒါေၾကာင့္ ဆရာသခင္ယြမ္ရိက သူ႕ကိုတပည့္အျဖစ္ကေနကန္ထုတ္လိုက္ၿပီး ႀကိမ္ဒဏ္အခ်က္တစ္ရာေတာင္ေပးခဲ့တာျဖစ္သည္လို႔ဘဲ ေတြးထား၏။
ဒါေတြအကုန္လုံးက ယင္ေထာင္နဲ႕႐ုန္ယိတို႔ေၾကာင့္ဘဲ..သူတို႔ေၾကာင့္သာမဟုတ္ခဲ့ရင္ က်ိဳ႐ႊီဂိုဏ္းကိုျပန္တဲ့လမ္းမွာ သူ႕တန္ထ်န္းကလည္း တစ္ေဆက်င့္ႀကံသူေတြဖ်က္ဆီးတာကိုခံရမွာမဟုတ္..။
ဒီအေၾကာင္းေတြးလိုက္မိတာနဲ႕ က်င္းထုံ အံႀကိတ္လိုက္မိသည္။
"႐ုန္ယိ..ဒီတစ္ခါေတာ့ မင္းအလွည့္ဘဲ"
##
update လာေတာင္းထားတဲ့ reader ေလးတစ္ေယာက္အတြက္ပါ♥♥
*************
7.12.2021