အိမ်မက်အလား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတွေက လွန်းရဲ့ခေါင်းထဲ ရှုပ်ထွေးစွာအဆက်မပြတ်၀င်ရောက်လာ၏။
ချစ်ပါသည် မြတ်နိုးပါသည်ဟူ၍ တိတိကျကျ၀န်ခံခြင်းမရှိသေးသည့်ထိုအမျိုးသားက သူ့နှင့်အတူတစ်ညတာကုန်ဆုံးခဲ့တာမို့ ဟန်နရီရဲ့စိတ်နေစိတ်ထားကို လွန်းအနေဖြင့် ကောင်းစွာအကဲမခတ်နိုင်တော့ပေ။ယခုမနက်နိုးလာသည့်အချိန်တွင်လည်း ထိုအမျိုးသားက သူ့အနားတွင်မရှိတော့တာကြောင့် လွန်းကတိုးတိတ်စွာသက်ပြင်းချမိလိုက်သည်။ဟန်နရီဘက်သို့အနည်းငယ်ယိုင်လဲချင်မိနေသော စိတ်နှလုံးသားကို လွန်းအနေဖြင့်လျှင်မြန်စွာ ထိန်းချုပ်ရမှာဖြစ်၏။
'အာ့'
ခန္ဓာကိုယ်ကို အားပြုကာ ကုန်းထလိုက်တော့ သူ့တစ်ကိုယ်လုံးတောင့်တင်းကာ နာကျင်ခြင်းဒဏ်ကိုခံစားလိုက်ရသည်။လွန်းက နာကျင်ဒဏ်ကြောင့်သူ့အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ကုတင်ဘေးမှစားပွဲပေါ်လှမ်းကြည့်လိုက်၏။အဖုံးပိတ်ထားသော ပန်းကန်လုံးတစ်လုံးနှင့် စာရွက်အဖြူလေးက ထိုစားပွဲတွင် အချိန်ကိုက်နေရာယူထားတာမို့ လွန်းကထိုစာရွက်ကိုလှမ်းယူလိုက်သည်။လွန်ခဲ့သော အချိန်ကာလတစ်ခုက ယခုကဲ့သို့လက်ရေးစာစောင်လေးကို ဟန်နရီထံမှရရှိခဲ့ဖူးတာဖြစ်၏။
('ကိုယ်အလုပ်ကိစ္စလေးရှိလို့ လွန်းလေး မနိုးခင်ထွက်သွားပီနော် စားပွဲပေါ်မှာ လွန်းအတွက် မနက်စာနဲ့ ဆေးထားခဲ့ပေးခဲ့တယ် မနက်စာက ကိုကိုယ်တိုင်လုပ်ပေးထားတာမို့ အဆင်ပြေပါ့မလားတော့မသိဘူး အဆင်မပြေရင် မိလှိုင်တို့ကို လုပ်ခိုင်းလိုက်နော် ကျောင်းသွားရင်လဲ လုံလုံခြုံခြုံ၀တ်သွားနော် ကိုယ်ပေးထားတဲ့အမှတ်အသားလေးတွေကို တခြားသူတွေကို မမြင်စေချင်ဘူး အဟက်...ညကျ အိမ်မှာပြန်ဆုံမယ်')
ဘာရယ်မဟုတ်သော်လည်း လွန်းကထိုစာကိုဖတ်ရင်း မသိစိတ်ကလှုံ့ဆော်မှုကြောင့် သဘောကျစွာဖြင့်ပြုံးမိလိုက်၏။သို့ပေမယ့် လျှင်မြန်စွာပင် ထိုအပြုံးတွေကို ယုတ်သိမ်းရင်း လက်ထဲမှစာရွက်ကို သူ့လက်ထဲတင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။အန္တရာယ်များသော ထိုအမျိုးသားအပေါ် ယခုထက်ပိုပြီး သဘောကျသွားလို့မဖြစ်ပေ။
****
" 6435 "
လျှို့၀ှက်ဖုန်းထဲ၀င်ရောက်လာသည့် နံပါတ်တစ်ခုအား ဟန်နရီက ခဏတာမျှစူးစိုက်ကြည့်ရင်း သူ့ရုံးခန်းထဲမှ ထွက်ခွာဖို့ဟန်ပြင်လိုက်၏။
" ဘယ်သွားမလို့လဲ သားကြီး "
အလုပ်ရောက်တာမကြာသေးသော်လည်း ဟန်နရီက ပြန်လည်ထွက်ခွာဖို့ပြင်နေတာကြောင့် သုတကနားမလည်စွာမေးလိုက်ခြင်းဖြစ်သည်။
" အရေးကြီးကိစ္စလေးပေါ်လာလို့ကွာ ဒီနေ့ငါအလုပ်ပြန်လာဖြစ်တော့မယ်မထင်ဘူး အရေးကြီးကိစ္စရှိရင် ငါ့ကိုဖုန်းဆက်လိုက် "
ဟန်နရီက အကြောင်းပြချက်ရေရေရာရာမပေးပဲ ထွက်ခွာသွားတာမို့ သုတကအီလည်လည်ဖြင့်သာကျန်ခဲ့၏။ဟန်နရီရဲ့မျက်နှာက တစ်စုံတစ်ခုအပေါ်အာရုံစူးစိုက်နေသည့်အနေအထားမှာရှိပြီး အဆောက်အဦးတစ်ခုဆီသို့ ခရီးဆက်သွားတာဖြစ်သည်။
.
.
.
.
" Boss "
ကားထဲမှ အလိုမကျစွာဆင်းလာသည့်ဟန်နရီကိုမြင်သည်နှင့်
အနောက်တိုင်း၀တ်စုံပြည့်၀တ်ဆင်ထားသည့် လူလေးယောက်လောက်က ပြာပြာသလဲဖြင့် ထွက်ကြိုကြသည်။
" သူရောက်နေပြီလား "
" ဟုတ်ကဲ့Boss အထဲမှာနေရာယူခိုင်းထားပါတယ် "
ဟန်နရီက အနည်းငယ်ရွဲ့စောင်းနေသော သူ့အင်္ကျီကော်လံကို သေသပ်စွာပြန်တည့်ကာ အသက်၀၀ရှုလိုက်၏။ဟီရို၏ မိတ်ဆွေတစ်ယောက်နှင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုရတာ သူ့အတွက်မပြောပလောက်သော်လည်း လက်ရှိတွင်ဟီရိုဗစ်တာ၏စောင့်ကြည့်ခြင်းကို ခံနေရသည့်အချိန်ကာလသာရှိသေးတာမို့ အလုပ်အပေါ်ပြတ်သားစွာလုပ်တတ်ရမှာဖြစ်သည်။ဟန်နရီဗစ်တာ၏ဗီဇက ဗစ်တာမျိုးရိုးထဲတွင် အထက်မြတ်ဆုံးဟူသောဂုဏ်ပုဒ်ကို ဟီရိုထံမှ အသိမှတ်ပြုခံချင်သေးတာကြောင့် သူ့အနေဖြင့် တစ်စုံတစ်ရာလွဲချော်သွားလို့မရပေ။
" တွေ့ရတာ၀မ်းသာပါတယ် အန်ကယ် "
ဟန်နရီက သူ့ရုံးခန်းထဲတွင်စောင့်နေသော လူတစ်ယောက်အား လက်ဆွဲနှုတ်ဆက်ကာ အစပြုလိုက်၏။
" မင်းက ဗစ်တာပဲဖြစ်မယ်ထင်တယ် "
" အန်ကယ့်အထင်က မလွဲမှားနေတာတော့ ၀မ်းသာစရာပဲ"
ဟန်နရီက ထိုလူပြန်မထိုင်ခင်မှာတင် သူအရင်ဦးအောင်ထိုင်ကာ ခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။ထို့နောက် သူ့ညာဘက်လက်ကို ဆန့်တန်းကာ နောက်လိုက်တစ်ယောက်အား မျက်စပစ်ပြလိုက်သည်။ဟန်နရီ၏အချက်ပြမှုကြောင့် နောက်လိုက်တစ်ယောက်က အသင့်ပြင်ထားသော စာချုပ်ကိုသူ့လက်ထဲသို့ ထည့်ပေးလာ၏။
" လုပ်ငန်းအကြောင်းအရာတွေက ထွေထွေထူးထူးရှင်းပြစရာမလိုတော့ဘူးထင်တယ် ဒီထဲမှာပါတဲ့စည်းမျဥ်းစည်းကမ်းတွေကို ဖတ်ပြီးရင်ဒီမှာလက်မှတ်ထိုးပေးပါ "
" မင်းအသက်ဘယ်နှနှစ်ရှိပြီလဲ မင်းအဖေဆုံးသွားတာ အတော်ကြာပြီထင်တယ် '
ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေနှင့် စပ်စုလာသူကြောင့် ဟန်နရီကသူ့လက်ထဲမှတံဆိပ်တုံးကို တစ်ဖက်လူဘက်သို့တွန်းပို့ကာ အရယ်အပြုံးမရှိစူးစိုက်ကြည့်လိုက်၏။
" ဘာကိုစကားနှိုက်နေသလဲမသိပေမယ့် လုပ်ငန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာကိုပဲဆက်သွားကြတာကောင်းမယ်ထင်တယ် အပိုစကားပြောတတ်တာ ကျွန်တော့်ရဲ့အကျင့်မဟုတ်လို့ "
" မင်းက တကယ်ကိုဟီရိုရဲ့မြေးပီသတာပဲ ဗစ်တာ "
တစ်ဖက်လူက ချီးကျူးဟန်ဖြင့် ခေါင်းတဆက်ဆက်ညိတ်ကာပြောဆိုရင်း စားပွဲပေါ်မှတံဆိပ်တုံးကိုလှမ်းယူလိုက်၏။
ထို့နောက် တုံ့ဆိုင်းခြင်းမရှိပါပဲ သဘောတူစာချုပ်တွင် တံဆိပ်တုံးထုကာ ဟန်နရီဘက်သို့ပြန်ပေးလိုက်သည်။
" မင်းရဲ့အရည်အချင်းကိုစောင့်ကြည့်နေမယ်ဗစ်တာ ငါကိုတော့ယုံလိုက်ပါ ငါ့ဘက်ကစောင့်ကြည့်စရာမလိုအောင် အကုန်ပြင်ဆင်ထားပေးမှာမို့လို့ "
မယုံတစ်၀က် ယုံတစ်၀က်နှင့်ပြောဆိုလာသည့်စကားက သူ့အတွက်တော့အထူးအဆန်းမဟုတ်ပေ။သူတစ်ပါးချီးကျူးတိုင်း ၀မ်းသာမည့်အထဲမှာမပါသလို ပုတ်ခတ်စော်ကားပြောဆိုလာလျှင်လည်း စိတ်ဓာတ်ကျမည့်အထဲမှာမပါ။
ဟန်နရီက အထင်သေးဟန်ပြောဆိုလာသောတစ်ဖက်လူအား
တည်ငြိမ်စွာဖြင့် လှမ်းကြည့်ကာ ခပ်ရွဲ့ရွဲ့ပြုံးပြလိုက်၏။
" စိတ်မပူပါနဲ့ ခင်ဗျားကျွန်တော့်ကိုမစောင့်ကြည့်ခင်တည်းက ဟန်နရီဗစ်တာက ခင်ဗျားကိုအချိန်ပြည့်စောင့်ကြည့်နေပြီးသားဖြစ်နေလို့ ဘယ်သူက အရည်အချင်းပိုရှိလဲဆိုတာ မကြာခင်လက်တွေ့မြင်ရမှာပါ "
*****
"လွန်းတာနေဆန်း'
ကျောင်း၀န်းထဲလျှောက်လှမ်းမိတော့မည့် ခြေလှမ်းတွေက နောက်ကွယ်မှခေါ်ဆိုလာသည့် မိန်းကလေးအသံကြောင့် လွန်းကချက်ချင်းဆိုသလိုလှည့်ကြည့်လိုက်၏။
' အမကိုမှတ်မိတယ်မှတ်လားဟင် ဟိုတခါအိမ်ကိုလာလည်တဲ့
ဟန်နီဆိုတာလေ'
' ဟုတ် သိပါတယ်ဗျ'
' အဲ့တာဆို အမတို့ဒီနားကကော်ဖီဆိုင်မှာ ခဏစကားပြောကြမလား'
' ဟုတ် ရပါတယ်ဗျ'
ဘာအကြောင်းကြောင့် ဟန်နီက ယခုလိုလာရောက်တွေ့ဆုံသလဲဆိုတာ သေချာမသိသော်လည်း ကောင်းတဲ့အရာတော့ မဟုတ်လောက်ပေ။လွန်းက ငြင်းပယ်ခြင်းမရှိပဲ ထိုအမျိုးသမီးခေါ်ဆောင်ရာနောက်သို့သာ ငြိမ်သက်စွာဖြင့်လိုက်လာတာဖြစ်၏။
.
.
.
.
.
' မှာထားတာလေးတွေအရင် သောက်လိုက်ပါအုံး'
' ရပါတယ်အစ်မ ကျွန်တော့်ကိုပြောစရာရှိတာသာအရင်ပြောပါ ကျွန်တော့်အတန်းချိန်ရှိသေးလို့'
' မင်း မောင့်ကို သဘောကျနေလားဟင်'
ဘယ်လိုအဓိပ္ပာယ်နှင့် ထိုစကားမျိုးကိုမေးလာသလဲဆိုတာ မသိသော်လည်း လွန်းကရှုပ်ထွေးနေသည့်သူ့အာရုံတွေကို ခဏတာမေ့ဖျောက်ရင်း ဟန်နီအားလှမ်းကြည့်လိုက်၏။
' အစ်မ ဘာကိုဆိုလိုချင်တာလဲ'
' မောင့်အပေါ်ကိုများ လိုတာထက်ပိုပီးစိတ်ရောက်နေသလားလို့ပါ မောင်ကနောက်အပတ်ထဲ အမနဲ့စေ့စပ်တော့မှာလေ အဲ့တာမောင်က ငါ့မောင်လေးအပေါ်ကို အပျော်ကစားနေတာကို အမကမကြည့်ရက်လို့ပါ '
' ဘယ်လို? "
' သူက မင်းကို တကယ်မချစ်ပဲ အပျော်ကြံနေတာကိုပြောတာပါ မောင်လေးပဲစဥ်းစားကြည့်လေနော် ကိုယ့်အိမ်ကအခိုင်းစေရဲ့တူကို သူ့လိုသူဌေးသားက တကယ်ချစ်မယ်ထင်လို့လား'
တစ်ဖက်သတ်စွပ်စွဲပြောဆိုလာသည့်အပြင် နှိမ့်ချပုတ်ခတ်လာသော စကားတွေက လွန်းရဲ့သိက္ခာကိုပင် ထိခိုက်နစ်နာစေ၏။ကိုယ်တိုင်က ဟန်နရီနှင့်အမြဲရှောင်ဖယ်ကာနေသော်လည်း ထိုအမျိုးသားက အမြဲလိုလိုလိုက်ကပ်တွယ်နေတာကြောင့် စိတ်တွေကအမြဲရှုပ်ထွေးနေရတာဖြစ်သည်။ပိုဆိုးသည်က မကြာခင်စေ့စပ်တော့မယ့်အခြေအနေမှာတောင် သူ့အားလွန်ကျူးစွာ ပြုမူဆက်ဆံခဲ့သည့်ဟန်နရီကြောင့် စိတ်ထဲနာကျည်းလာတော့၏။
' အမက ကိုယ့်မောင်လေးလိုသဘောထားလို့ပြောတာပါ အချိန်တန်ရင် သူကအမနဲ့ပဲ လက်ထပ်မှာဆိုတော့လေ'
' အစ်မစိတ်မပူပါနဲ့ ကျွန်တော်သူ့ကိုလည်းစိတ်မ၀င်စားဘူး '
' အင်းပါ အစ်မကလည်းသတိပေးတယ်ဆိုတဲ့သဘောမျိုးပါပဲမောင်လေးရယ် ဖြစ်နိုင်ရင် သူနဲ့၀ေး၀ေးနေပေးရင်တော့ ပိုကောင်းတာပေါ့'
' စိတ်ချပါအစ်မ....ကျွန်တော်သူနဲ့၀ေး၀ေးနေမှာပါ '
' ကျေးဇူးပါနော် အဲ့တာဆိုအမကို သွားခွင့်ပြုပါအုံး'
' ဟုတ်ကဲ့ "
ဆိုင်ထဲငူငိုင်ငိုင်ဖြင့်ကျန်ခဲ့သည့် လွန်းကစိတ်ထဲနာကျင်စွာဖြင့် အံကြိတ်မိလိုက်သည်။ယခုလောက်ထိ စော်ကားပြောဆိုခံရတာနဲ့တင် သူ့ရဲ့အမှတ်တရားမရှိမှုတွေက နောင်တရချင်စရာပင်ကောင်း၏။
* ကျွန်တော် ခင်ဗျားကိုမုန်းမိတော့မယ်
>>>>>>>
' လွန်း "
အလုပ်မှပြန်ရောက်သည်နှင့် အခန်းတံခါးရှေ့အော်ဟစ်ကာ တံခါးခေါက်နေသည့် ဟန်နရီကြောင့် လွန်းကအခန်းထဲတွင်သာ ငြိမ်သက်စွာထိုင်နေမိ၏။ထိုလူနဲ့ဆက်ပြီး ပတ်သတ်စရာအကြောင်းမရှိတော့ပေ။
" ချာတိတ် ကိုယ့်ကိုတံခါးအခုလာဖွင့်ပေး "
" ..... "
" လွန်း! "
" ...... "
" ကိုယ့်ကိုတံခါးလာဖွင့်ပေးလို့ပြောနေတယ်နော် လွန်းတာနေဆန်း "
စိတ်မရှည်လောက်တော့သည့် ဟန်နရီက အခန်းတံခါးကို အဆက်မပြတ်ထုကာ အော်ငေါက်လာ၏။အိမ်တွင်းမှ အခြားသူတွေကြားလျှင် ပို၍အာရုံစိုက်မိသွားမှာကြောက်တာကြောင့် လွန်းကလျှင်မြန်စွာဖြင့် တံခါးသွားဖွင့်ပေးလိုက်သည်။
' ဘာလို့ကြာနေတာလဲ အခန်းထဲမှာဘာလုပ်နေလို့လဲ "
"...... "
" မျက်နှာကြီးကဘာလို့စူပုတ်နေတာလဲ နေမကောင်းဘူးလား "
" မလာနဲ့ ထွက်သွား! "
သူ့ရင်ဘတ်ကိုတွန်းထုတ်ကာ နှင်လွှတ်နေသည့်လွန်းကြောင့် ဟန်နရီကအံ့သြစွာဖြင့် လွန်းကိုငုံ့မိုးကြည့်လိုက်၏။
" မနေ့ညကကိစ္စကြောင့် ကိုယ့်ကိုစိတ်ဆိုးနေသေးတာလား "
' ခင်ဗျား ကျတော့်ကို အခုလိုစိတ်ထဲမပါတဲ့စကားတွေနဲ့ ကစားနေတာတွေတော်ပါတော့ '
လွန်းက သူ့အားအော်ထုတ်ရင်း ၀မ်းနည်းစွာဖြင့်ငိုကြွေးတေတာကြောင့် ဟန်နရီကချက်ချင်းဆိုသလို လွန်းရဲ့မျက်နှာကိုဆွဲမော့လိုက်၏။ရုတ်တရက်သူစိမ်းဆန်သွားသည့်အပြောအဆိုတွေကြောင့် လွန်းထံတွင်တစ်ခုခုဖြစ်ပျက်ခဲ့မည်ကို ဟန်နရီတွေးတောမိသွားသည်။
' ဘာလို့၀မ်းနည်းနေတာလဲ ကိုယ့်ကိုပြော "
' ခင်ဗျားကိုကျတော်မုန်းတယ် ကျတော့်မှာဘာအပြစ်ရှိလို့ အခုချိန်ထိဒုက္ခပေးနေရတာလဲ ကျတော်ကခင်ဗျားတို့အတွက် အနှိမ်ခံတယောက်ပဲလား '
' အနှိမ်ခံ? ဘယ်သူကမင်းကိုနှိမ်တာလဲ "
' ကျွန်တော့်နားက ထွက်သွား...မဟုတ်ရင်ကျွန်တော်ထွက်သွားမှာ '
' လွန်းတာနေဆန်း!!!! ငါ့ကိုပြော....မင်းကိုအခုလိုမျက်ရည်ကျအောင်လုပ်တာ ဘယ်သူလဲ....ငါ့ကိုအခုချက်ချင်းပြော'
' ထွက်သွား'
' ငါ့ကိုပြော!!!! ငါရူးသွားတာမြင်ချင်လို့လား ဘယ်ကောင်လုပ်တာလဲ ငါ့ကိုပြော.....'
' တောင်းပန်ပါတယ် ထွက်သွားပေးပါ'
အကြောင်းအရင်းတိတိကျကျမပြောလာသည့်လွန်းက ဆက်တိုက်ငိုယိုနေတာမို့ ဟန်နရီကအံကြိတ်ကာ လွန်းကိုပွေ့ဖက်လိုက်၏။သူ့အနေဖြင့် ပြဿနာအရင်းအမြစ်ကို တိတိကျကျမသိရသေးသော်လည်း လွန်းကို၀မ်းနည်းအောင်ဆက်မမေးချင်တော့ပေ။
" ပြောဖို့အခက်အခဲရှိနေရင် ကိုယ်မမေးတော့ဘူး ဒါပေမယ့်ဆက်မငိုနဲ့တော့ မင်းငိုရင်ကိုယ်မပျော်ဘူး "
" ကျွန်တော်ခင်ဗျားကိုမုန်းချင်တယ် "
" အခုချိန်မင်းစိတ်ထဲမှာ ကိုယ့်ကိုဘယ်လိုတွေးနေမလဲမသိပေမယ့် မုန်းချင်ရင်ကိုယ့်ကိုဒီနေ့တစ်ရက်မုန်းပစ်လိုက်။မနက်ဖြန်ကစပြီး အဲ့ဒီအမုန်းတွေကို ကိုယ်ကပြန်လျှော့ပေးဖို့ တောင်းခံပေးမယ် "
" ကိုကိုကြီးကို ကျွန်တော်မုန်းပစ်တော့မှာ "
" ဒါဆို ကိုယ်ကဒီနေ့တစ်ရက်အမုန်းခံပေးမယ် "
Grey
******
အိမ္မက္အလား ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာေတြက လြန္းရဲ႕ေခါင္းထဲ ရႈပ္ေထြးစြာအဆက္မျပတ္၀င္ေရာက္လာ၏။
ခ်စ္ပါသည္ ျမတ္ႏိုးပါသည္ဟူ၍ တိတိက်က်၀န္ခံျခင္းမရွိေသးသည့္ထိုအမ်ိဳးသားက သူ႔ႏွင့္အတူတစ္ညတာကုန္ဆုံးခဲ့တာမို႔ ဟန္နရီရဲ႕စိတ္ေနစိတ္ထားကို လြန္းအေနျဖင့္ ေကာင္းစြာအကဲမခတ္ႏိုင္ေတာ့ေပ။ယခုမနက္ႏိုးလာသည့္အခ်ိန္တြင္လည္း ထိုအမ်ိဳးသားက သူ႔အနားတြင္မရွိေတာ့တာေၾကာင့္ လြန္းကတိုးတိတ္စြာသက္ျပင္းခ်မိလိုက္သည္။ဟန္နရီဘက္သို႔အနည္းငယ္ယိုင္လဲခ်င္မိေနေသာ စိတ္ႏွလုံးသားကို လြန္းအေနျဖင့္လွ်င္ျမန္စြာ ထိန္းခ်ဳပ္ရမွာျဖစ္၏။
'အာ့'
ခႏၶာကိုယ္ကို အားျပဳကာ ကုန္းထလိုက္ေတာ့ သူ႔တစ္ကိုယ္လုံးေတာင့္တင္းကာ နာက်င္ျခင္းဒဏ္ကိုခံစားလိုက္ရသည္။လြန္းက နာက်င္ဒဏ္ေၾကာင့္သူ႔ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ရင္း ကုတင္ေဘးမွစားပြဲေပၚလွမ္းၾကည့္လိုက္၏။အဖုံးပိတ္ထားေသာ ပန္းကန္လုံးတစ္လုံးႏွင့္ စာ႐ြက္အျဖဴေလးက ထိုစားပြဲတြင္ အခ်ိန္ကိုက္ေနရာယူထားတာမို႔ လြန္းကထိုစာ႐ြက္ကိုလွမ္းယူလိုက္သည္။လြန္ခဲ့ေသာ အခ်ိန္ကာလတစ္ခုက ယခုကဲ့သို႔လက္ေရးစာေစာင္ေလးကို ဟန္နရီထံမွရရွိခဲ့ဖူးတာျဖစ္၏။
('ကိုယ္အလုပ္ကိစၥေလးရွိလို႔ လြန္းေလး မႏိုးခင္ထြက္သြားပီေနာ္ စားပြဲေပၚမွာ လြန္းအတြက္ မနက္စာနဲ႔ ေဆးထားခဲ့ေပးခဲ့တယ္ မနက္စာက ကိုကိုယ္တိုင္လုပ္ေပးထားတာမို႔ အဆင္ေျပပါ့မလားေတာ့မသိဘူး အဆင္မေျပရင္ မိလႈိင္တို႔ကို လုပ္ခိုင္းလိုက္ေနာ္ ေက်ာင္းသြားရင္လဲ လုံလုံၿခဳံၿခဳံ၀တ္သြားေနာ္ ကိုယ္ေပးထားတဲ့အမွတ္အသားေလးေတြကို တျခားသူေတြကို မျမင္ေစခ်င္ဘူး အဟက္...ညက် အိမ္မွာျပန္ဆုံမယ္')
ဘာရယ္မဟုတ္ေသာ္လည္း လြန္းကထိုစာကိုဖတ္ရင္း မသိစိတ္ကလႈံ႕ေဆာ္မႈေၾကာင့္ သေဘာက်စြာျဖင့္ၿပဳံးမိလိုက္၏။သို႔ေပမယ့္ လွ်င္ျမန္စြာပင္ ထိုအၿပဳံးေတြကို ယုတ္သိမ္းရင္း လက္ထဲမွစာ႐ြက္ကို သူ႔လက္ထဲတင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္။အႏၲရာယ္မ်ားေသာ ထိုအမ်ိဳးသားအေပၚ ယခုထက္ပိုၿပီး သေဘာက်သြားလို႔မျဖစ္ေပ။
****
" 6435 "
လွ်ိဳ႕၀ွက္ဖုန္းထဲ၀င္ေရာက္လာသည့္ နံပါတ္တစ္ခုအား ဟန္နရီက ခဏတာမွ်စူးစိုက္ၾကည့္ရင္း သူ႔႐ုံးခန္းထဲမွ ထြက္ခြာဖို႔ဟန္ျပင္လိုက္၏။
" ဘယ္သြားမလို႔လဲ သားႀကီး "
အလုပ္ေရာက္တာမၾကာေသးေသာ္လည္း ဟန္နရီက ျပန္လည္ထြက္ခြာဖို႔ျပင္ေနတာေၾကာင့္ သုတကနားမလည္စြာေမးလိုက္ျခင္းျဖစ္သည္။
" အေရးႀကီးကိစၥေလးေပၚလာလို႔ကြာ ဒီေန႔ငါအလုပ္ျပန္လာျဖစ္ေတာ့မယ္မထင္ဘူး အေရးႀကီးကိစၥရွိရင္ ငါ့ကိုဖုန္းဆက္လိုက္ "
ဟန္နရီက အေၾကာင္းျပခ်က္ေရေရရာရာမေပးပဲ ထြက္ခြာသြားတာမို႔ သုတကအီလည္လည္ျဖင့္သာက်န္ခဲ့၏။ဟန္နရီရဲ႕မ်က္ႏွာက တစ္စုံတစ္ခုအေပၚအာ႐ုံစူးစိုက္ေနသည့္အေနအထားမွာရွိၿပီး အေဆာက္အဦးတစ္ခုဆီသို႔ ခရီးဆက္သြားတာျဖစ္သည္။
.
.
.
.
" Boss "
ကားထဲမွ အလိုမက်စြာဆင္းလာသည့္ဟန္နရီကိုျမင္သည္ႏွင့္
အေနာက္တိုင္း၀တ္စုံျပည့္၀တ္ဆင္ထားသည့္ လူေလးေယာက္ေလာက္က ျပာျပာသလဲျဖင့္ ထြက္ႀကိဳၾကသည္။
" သူေရာက္ေနၿပီလား "
" ဟုတ္ကဲ့Boss အထဲမွာေနရာယူခိုင္းထားပါတယ္ "
ဟန္နရီက အနည္းငယ္႐ြဲ႕ေစာင္းေနေသာ သူ႔အက်ႌေကာ္လံကို ေသသပ္စြာျပန္တည့္ကာ အသက္၀၀ရႈလိုက္၏။ဟီ႐ို၏ မိတ္ေဆြတစ္ေယာက္ႏွင့္ လုပ္ငန္းသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုရတာ သူ႔အတြက္မေျပာပေလာက္ေသာ္လည္း လက္ရွိတြင္ဟီ႐ိုဗစ္တာ၏ေစာင့္ၾကည့္ျခင္းကို ခံေနရသည့္အခ်ိန္ကာလသာရွိေသးတာမို႔ အလုပ္အေပၚျပတ္သားစြာလုပ္တတ္ရမွာျဖစ္သည္။ဟန္နရီဗစ္တာ၏ဗီဇက ဗစ္တာမ်ိဳး႐ိုးထဲတြင္ အထက္ျမတ္ဆုံးဟူေသာဂုဏ္ပုဒ္ကို ဟီ႐ိုထံမွ အသိမွတ္ျပဳခံခ်င္ေသးတာေၾကာင့္ သူ႔အေနျဖင့္ တစ္စုံတစ္ရာလြဲေခ်ာ္သြားလို႔မရေပ။
" ေတြ႕ရတာ၀မ္းသာပါတယ္ အန္ကယ္ "
ဟန္နရီက သူ႔႐ုံးခန္းထဲတြင္ေစာင့္ေနေသာ လူတစ္ေယာက္အား လက္ဆြဲႏႈတ္ဆက္ကာ အစျပဳလိုက္၏။
" မင္းက ဗစ္တာပဲျဖစ္မယ္ထင္တယ္ "
" အန္ကယ့္အထင္က မလြဲမွားေနတာေတာ့ ၀မ္းသာစရာပဲ"
ဟန္နရီက ထိုလူျပန္မထိုင္ခင္မွာတင္ သူအရင္ဦးေအာင္ထိုင္ကာ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးလိုက္၏။ထို႔ေနာက္ သူ႔ညာဘက္လက္ကို ဆန္႔တန္းကာ ေနာက္လိုက္တစ္ေယာက္အား မ်က္စပစ္ျပလိုက္သည္။ဟန္နရီ၏အခ်က္ျပမႈေၾကာင့္ ေနာက္လိုက္တစ္ေယာက္က အသင့္ျပင္ထားေသာ စာခ်ဳပ္ကိုသူ႔လက္ထဲသို႔ ထည့္ေပးလာ၏။
" လုပ္ငန္းအေၾကာင္းအရာေတြက ေထြေထြထူးထူးရွင္းျပစရာမလိုေတာ့ဘူးထင္တယ္ ဒီထဲမွာပါတဲ့စည္းမ်ဥ္းစည္းကမ္းေတြကို ဖတ္ၿပီးရင္ဒီမွာလက္မွတ္ထိုးေပးပါ "
" မင္းအသက္ဘယ္ႏွႏွစ္ရွိၿပီလဲ မင္းအေဖဆုံးသြားတာ အေတာ္ၾကာၿပီထင္တယ္ '
ကိုယ္ေရးကိုယ္တာအေၾကာင္းအရာေတြႏွင့္ စပ္စုလာသူေၾကာင့္ ဟန္နရီကသူ႔လက္ထဲမွတံဆိပ္တုံးကို တစ္ဖက္လူဘက္သို႔တြန္းပို႔ကာ အရယ္အၿပဳံးမရွိစူးစိုက္ၾကည့္လိုက္၏။
" ဘာကိုစကားႏႈိက္ေနသလဲမသိေပမယ့္ လုပ္ငန္းနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာကိုပဲဆက္သြားၾကတာေကာင္းမယ္ထင္တယ္ အပိုစကားေျပာတတ္တာ ကြၽန္ေတာ့္ရဲ႕အက်င့္မဟုတ္လို႔ "
" မင္းက တကယ္ကိုဟီ႐ိုရဲ႕ေျမးပီသတာပဲ ဗစ္တာ "
တစ္ဖက္လူက ခ်ီးက်ဴးဟန္ျဖင့္ ေခါင္းတဆက္ဆက္ညိတ္ကာေျပာဆိုရင္း စားပြဲေပၚမွတံဆိပ္တုံးကိုလွမ္းယူလိုက္၏။
ထို႔ေနာက္ တုံ႔ဆိုင္းျခင္းမရွိပါပဲ သေဘာတူစာခ်ဳပ္တြင္ တံဆိပ္တုံးထုကာ ဟန္နရီဘက္သို႔ျပန္ေပးလိုက္သည္။
" မင္းရဲ႕အရည္အခ်င္းကိုေစာင့္ၾကည့္ေနမယ္ဗစ္တာ ငါကိုေတာ့ယုံလိုက္ပါ ငါ့ဘက္ကေစာင့္ၾကည့္စရာမလိုေအာင္ အကုန္ျပင္ဆင္ထားေပးမွာမို႔လို႔ "
မယုံတစ္၀က္ ယုံတစ္၀က္ႏွင့္ေျပာဆိုလာသည့္စကားက သူ႔အတြက္ေတာ့အထူးအဆန္းမဟုတ္ေပ။သူတစ္ပါးခ်ီးက်ဴးတိုင္း ၀မ္းသာမည့္အထဲမွာမပါသလို ပုတ္ခတ္ေစာ္ကားေျပာဆိုလာလွ်င္လည္း စိတ္ဓာတ္က်မည့္အထဲမွာမပါ။
ဟန္နရီက အထင္ေသးဟန္ေျပာဆိုလာေသာတစ္ဖက္လူအား
တည္ၿငိမ္စြာျဖင့္ လွမ္းၾကည့္ကာ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးျပလိုက္၏။
" စိတ္မပူပါနဲ႔ ခင္ဗ်ားကြၽန္ေတာ့္ကိုမေစာင့္ၾကည့္ခင္တည္းက ဟန္နရီဗစ္တာက ခင္ဗ်ားကိုအခ်ိန္ျပည့္ေစာင့္ၾကည့္ေနၿပီးသားျဖစ္ေနလို႔ ဘယ္သူက အရည္အခ်င္းပိုရွိလဲဆိုတာ မၾကာခင္လက္ေတြ႕ျမင္ရမွာပါ "
*****
"လြန္းတာေနဆန္း'
ေက်ာင္း၀န္းထဲေလွ်ာက္လွမ္းမိေတာ့မည့္ ေျခလွမ္းေတြက ေနာက္ကြယ္မွေခၚဆိုလာသည့္ မိန္းကေလးအသံေၾကာင့္ လြန္းကခ်က္ခ်င္းဆိုသလိုလွည့္ၾကည့္လိုက္၏။
' အမကိုမွတ္မိတယ္မွတ္လားဟင္ ဟိုတခါအိမ္ကိုလာလည္တဲ့
ဟန္နီဆိုတာေလ'
' ဟုတ္ သိပါတယ္ဗ်'
' အဲ့တာဆို အမတို႔ဒီနားကေကာ္ဖီဆိုင္မွာ ခဏစကားေျပာၾကမလား'
' ဟုတ္ ရပါတယ္ဗ်'
ဘာအေၾကာင္းေၾကာင့္ ဟန္နီက ယခုလိုလာေရာက္ေတြ႕ဆုံသလဲဆိုတာ ေသခ်ာမသိေသာ္လည္း ေကာင္းတဲ့အရာေတာ့ မဟုတ္ေလာက္ေပ။လြန္းက ျငင္းပယ္ျခင္းမရွိပဲ ထိုအမ်ိဳးသမီးေခၚေဆာင္ရာေနာက္သို႔သာ ၿငိမ္သက္စြာျဖင့္လိက္လာတာျဖစ္၏။
.
.
.
.
.
' မွာထားတာေလးေတြအရင္ ေသာက္လိုက္ပါအုံး'
' ရပါတယ္အစ္မ ကြၽန္ေတာ့္ကိုေျပာစရာရွိတာသာအရင္ေျပာပါ ကြၽန္ေတာ့္အတန္းခ်ိန္ရွိေသးလို႔'
' မင္း ေမာင့္ကို သေဘာက်ေနလားဟင္'
ဘယ္လိုအဓိပၸာယ္ႏွင့္ ထိုစကားမ်ိဳးကိုေမးလာသလဲဆိုတာ မသိေသာ္လည္း လြန္းကရႈပ္ေထြးေနသည့္သူ႔အာ႐ုံေတြကို ခဏတာေမ့ေဖ်ာက္ရင္း ဟန္နီအားလွမ္းၾကည့္လိုက္၏။
' အစ္မ ဘာကိုဆိုလိုခ်င္တာလဲ'
' ေမာင့္အေပၚကိုမ်ား လိုတာထက္ပိုပီးစိတ္ေရာက္ေနသလားလို႔ပါ ေမာင္ကေနာက္အပတ္ထဲ အမနဲ႔ေစ့စပ္ေတာ့မွာေလ အဲ့တာေမာင္က ငါ့ေမာင္ေလးအေပၚကို အေပ်ာ္ကစားေနတာကို အမကမၾကည့္ရက္လို႔ပါ '
' ဘယ္လို? "
' သူက မင္းကို တကယ္မခ်စ္ပဲ အေပ်ာ္ႀကံေနတာကိုေျပာတာပါ ေမာင္ေလးပဲစဥ္းစားၾကည့္ေလေနာ္ ကိုယ့္အိမ္ကအခိုင္းေစရဲ႕တူကို သူ႔လိုသူေဌးသားက တကယ္ခ်စ္မယ္ထင္လို႔လား'
တစ္ဖက္သတ္စြပ္စြဲေျပာဆိုလာသည့္အျပင္ ႏွိမ့္ခ်ပုတ္ခတ္လာေသာ စကားေတြက လြန္းရဲ႕သိကၡာကိုပင္ ထိခိုက္နစ္နာေစ၏။ကိုယ္တိုင္က ဟန္နရီႏွင့္အၿမဲေရွာင္ဖယ္ကာေနေသာ္လည္း ထိုအမ်ိဳးသားက အၿမဲလိုလိုလိုက္ကပ္တြယ္ေနတာေၾကာင့္ စိတ္ေတြကအၿမဲရႈပ္ေထြးေနရတာျဖစ္သည္။ပိုဆိုးသည္က မၾကာခင္ေစ့စပ္ေတာ့မယ့္အေျခအေနမွာေတာင္ သူ႔အားလြန္က်ဴးစြာ ျပဳမူဆက္ဆံခဲ့သည့္ဟန္နရီေၾကာင့္ စိတ္ထဲနာက်ည္းလာေတာ့၏။
' အမက ကိုယ့္ေမာင္ေလးလိုသေဘာထားလို႔ေျပာတာပါ အခ်ိန္တန္ရင္ သူကအမနဲ႔ပဲ လက္ထပ္မွာဆိုေတာ့ေလ'
' အစ္မစိတ္မပူပါနဲ႔ ကြၽန္ေတာ္သူ႔ကိုလည္းစိတ္မ၀င္စားဘူး '
' အင္းပါ အစ္မကလည္းသတိေပးတယ္ဆိုတဲ့သေဘာမ်ိဳးပါပဲေမာင္ေလးရယ္ ျဖစ္ႏိုင္ရင္ သူနဲ႔၀ေး၀ေးေနေပးရင္ေတာ့ ပိုေကာင္းတာေပါ့'
' စိတ္ခ်ပါအစ္မ....ကြၽန္ေတာ္သူနဲ႔၀ေး၀ေးေနမွာပါ '
' ေက်းဇူးပါေနာ္ အဲ့တာဆိုအမကို သြားခြင့္ျပဳပါအုံး'
' ဟုတ္ကဲ့ "
ဆိုင္ထဲငူငိုင္ငိုင္ျဖင့္က်န္ခဲ့သည့္ လြန္းကစိတ္ထဲနာက်င္စြာျဖင့္ အံႀကိတ္မိလိုက္သည္။ယခုေလာက္ထိ ေစာ္ကားေျပာဆိုခံရတာနဲ႔တင္ သူ႔ရဲ႕အမွတ္တရားမရွိမႈေတြက ေနာင္တရခ်င္စရာပင္ေကာင္း၏။
* ကြၽန္ေတာ္ ခင္ဗ်ားကိုမုန္းမိေတာ့မယ္
>>>>>>>
' လြန္း "
အလုပ္မွျပန္ေရာက္သည္ႏွင့္ အခန္းတံခါးေရွ႕ေအာ္ဟစ္ကာ တံခါးေခါက္ေနသည့္ ဟန္နရီေၾကာင့္ လြန္းကအခန္းထဲတြင္သာ ၿငိမ္သက္စြာထိုင္ေနမိ၏။ထိုလူနဲ႔ဆက္ၿပီး ပတ္သတ္စရာအေၾကာင္းမရွိေတာ့ေပ။
" ခ်ာတိတ္ ကိုယ့္ကိုတံခါးအခုလာဖြင့္ေပး "
" ..... "
" လြန္း! "
" ...... "
" ကိုယ့္ကိုတံခါးလာဖြင့္ေပးလို႔ေျပာေနတယ္ေနာ္ လြန္းတာေနဆန္း "
စိတ္မရွည္ေလာက္ေတာ့သည့္ ဟန္နရီက အခန္းတံခါးကို အဆက္မျပတ္ထုကာ ေအာ္ေငါက္လာ၏။အိမ္တြင္းမွ အျခားသူေတြၾကားလွ်င္ ပို၍အာ႐ုံစိုက္မိသြားမွာေၾကာက္တာေၾကာင့္ လြန္းကလွ်င္ျမန္စြာျဖင့္ တံခါးသြားဖြင့္ေပးလိုက္သည္။
' ဘာလို႔ၾကာေနတာလဲ အခန္းထဲမွာဘာလုပ္ေနလို႔လဲ "
"...... "
" မ်က္ႏွာႀကီးကဘာလို႔စူပုတ္ေနတာလဲ ေနမေကာင္းဘူးလား "
" မလာနဲ႔ ထြက္သြား! "
သူ႔ရင္ဘတ္ကိုတြန္းထုတ္ကာ ႏွင္လႊတ္ေနသည့္လြန္းေၾကာင့္ ဟန္နရီကအံ့ၾသစြာျဖင့္ လြန္းကိုငုံ႔မိုးၾကည့္လိုက္၏။
" မေန႔ညကကိစၥေၾကာင့္ ကိုယ့္ကိုစိတ္ဆိုးေနေသးတာလား "
' ခင္ဗ်ား က်ေတာ့္ကို အခုလိုစိတ္ထဲမပါတဲ့စကားေတြနဲ႔ ကစားေနတာေတြေတာ္ပါေတာ့ '
လြန္းက သူ႔အားေအာ္ထုတ္ရင္း ၀မ္းနည္းစြာျဖင့္ငိုေႂကြးေတတာေၾကာင့္ ဟန္နရီကခ်က္ခ်င္းဆိုသလို လြန္းရဲ႕မ်က္ႏွာကိုဆြဲေမာ့လိုက္၏။႐ုတ္တရက္သူစိမ္းဆန္သြားသည့္အေျပာအဆိုေတြေၾကာင့္ လြန္းထံတြင္တစ္ခုခုျဖစ္ပ်က္ခဲ့မည္ကို ဟန္နရီေတြးေတာမိသြားသည္။
' ဘာလို႔၀မ္းနည္းေနတာလဲ ကိုယ့္ကိုေျပာ "
' ခင္ဗ်ားကိုက်ေတာ္မုန္းတယ္ က်ေတာ့္မွာဘာအျပစ္ရွိလို႔ အခုခ်ိန္ထိဒုကၡေပးေနရတာလဲ က်ေတာ္ကခင္ဗ်ားတို႔အတြက္ အႏွိမ္ခံတေယာက္ပဲလား '
' အႏွိမ္ခံ? ဘယ္သူကမင္းကိုႏွိမ္တာလဲ "
' ကြၽန္ေတာ့္နားက ထြက္သြား...မဟုတ္ရင္ကြၽန္ေတာ္ထြက္သြားမွာ '
' လြန္းတာေနဆန္း!!!! ငါ့ကိုေျပာ....မင္းကိုအခုလိုမ်က္ရည္က်ေအာင္လုပ္တာ ဘယ္သူလဲ....ငါ့ကိုအခုခ်က္ခ်င္းေျပာ'
' ထြက္သြား'
' ငါ့ကိုေျပာ!!!! ငါ႐ူးသြားတာျမင္ခ်င္လို႔လား ဘယ္ေကာင္လုပ္တာလဲ ငါ့ကိုေျပာ.....'
' ေတာင္းပန္ပါတယ္ ထြက္သြားေပးပါ'
အေၾကာင္းအရင္းတိတိက်က်မေျပာလာသည့္လြန္းက ဆက္တိုက္ငိုယိုေနတာမို႔ ဟန္နရီကအံႀကိတ္ကာ လြန္းကိုေပြ႕ဖက္လိုက္၏။သူ႔အေနျဖင့္ ျပႆနာအရင္းအျမစ္ကို တိတိက်က်မသိရေသးေသာ္လည္း လြန္းကို၀မ္းနည္းေအာင္ဆက္မေမးခ်င္ေတာ့ေပ။
" ေျပာဖို႔အခက္အခဲရွိေနရင္ ကိုယ္မေမးေတာ့ဘူး ဒါေပမယ့္ဆက္မငိုနဲ႔ေတာ့ မင္းငိုရင္ကိုယ္မေပ်ာ္ဘူး "
" ကြၽန္ေတာ္ခင္ဗ်ားကိုမုန္းခ်င္တယ္ "
" အခုခ်ိန္မင္းစိတ္ထဲမွာ ကိုယ့္ကိုဘယ္လိုေတြးေနမလဲမသိေပမယ့္ မုန္းခ်င္ရင္ကိုယ့္ကိုဒီေန႔တစ္ရက္မုန္းပစ္လိုက္။မနက္ျဖန္ကစၿပီး အဲ့ဒီအမုန္းေတြကို ကိုယ္ကျပန္ေလွ်ာ့ေပးဖို႔ ေတာင္းခံေပးမယ္ "
" ကိုကိုႀကီးကို ကြၽန္ေတာ္မုန္းပစ္ေတာ့မွာ "
" ဒါဆို ကိုယ္ကဒီေန႔တစ္ရက္အမုန္းခံေပးမယ္ "
Grey
******