စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
အစပျိုးတဲ့သူ
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
Noraက Peteရဲ့အမေ?
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )
အပိုင်း ( ၁၈၀ )

မင်းသမီးငယ်လေးPete

3.9K 543 7
By Ichika2104

ဒါကိုၾကားလိုက္ရေသာအခါ Nora၏မ်က္လုံးမ်ားက ခ်က္ခ်င္းေတာက္ပလာသည္။

အျပင္ထြက္ၿပီး အဝတ္အစားမ်ိဳးစုံနဲ႔ ျပန္လာတဲ့ မိန္းကေလးတစ္ေယာက္—အခုေတာ့ ဒါက ေလးနက္တဲ့အရာတစ္ခုဆိုတာ သံသယမျဖစ္စရာေတာင္ မရွိေတာ့ဘူး။

ေမေမက သံသယျဖစ္သြားတာကိုျမင္ေတာ့ Pete က မစၥစ္လူးဝစ္ကို ေအးေဆးတည္ၿငိမ္စြာၾကည့္ၿပီး “မဟုတ္ဘူး၊ ငါ မဟုတ္ဘူး” လို႔ ျပန္ေျဖသည္။  "မွတ္ထားတာ လြဲေနတာမ်ားလား"

မစၥစ္လူးဝစ္သည္ သူမည္မွ်ေသခ်ာသည္ကို ျမင္ေသာအခါ တုံ႔ဆိုင္းတုံ႔ဆိုင္း ျဖစ္သြားသည္။  "တကယ္လား?"

“အင္း။”  Pete က အေၾကာင္းအရာကို ေျပာင္းလိုက္သည္။   သူက Cherryရဲ႕စကားေျပာပုံကို တုပၿပီး “သြားအိပ္ပါ ေမေမ။  ငါ လည္း ဂိမ္းသြားေဆာ့လိုက္အုံးမယ္!"

သူ႔သမီးက အနည္းငယ္ ထူးဆန္းေနေပမယ့္လဲ Nora ကေတာ့ အိပ္ငိုက္လြန္းေနၿပီ ျဖစ္သည္။   သူ႔စိတ္ေတြေတာင္ မွင္တက္သြားတယ္။  သူမက ေခါင္းညိတ္ျပၿပီး “ေကာင္းပါၿပီ” ဟုဆိုသည္။

သူမႏိုးလာၿပီးမွ  Justin ႏွင့္ ဒီကိစၥကို ေျဖရွင္းရလိမ့္မည္။

ႏႈတ္ဆက္စကားေတာင္ မေျပာဘဲ သူ႔သမီးကို သူ႔ေနရာကို ေခၚသြားတာကို လုံးဝသည္းမခံႏိုင္ဘူး။

ဒီတစ္ခါေတာ့ ေနာက္ေန႔ မြန္းတည့္ခ်ိန္အထိ အိပ္ေပ်ာ္သြားေတာ့သည္။

Nora ႏိုးလာေသာအခါတြင္ သူမ၏အေဒၚႏိုးလာၿပီျဖစ္ေၾကာင္းႏွင့္ သူမအားလပ္လွ်င္ Cherryႏွင့္အတူတူ လာလည္ေစလိုေၾကာင္း Lisa ထံမွ စာတိုတစ္ေစာင္ကိုေတြ႕လိုက္ရသည္။

Nora အရင္ ေရခ်ိဳးဖို႔ သြားလိုက္သည္။  ဒါေပမယ့္ သူမ ထြက္လာခ်ိန္မွာေတာ့ မစၥစ္လူးဝစ္ဟာ သူ႔သမီးကို စိုက္ၾကည့္ေနတာကို သူမက ျမင္လိုက္ရျပန္သည္။

လွပေသာ မင္းသမီးဝတ္စုံကို ကိုင္ထားသည့္ မစၥစ္လူးဝစ္သည္ Cherryကို ၀တ္ဆင္ရန္ ေခ်ာ့ေမာ့ကာ ေျပာဆိုဖို႔ ႀကိဳးစားေနသည္။  သူမက “ဘာလို႔ ဒီလိုမဝတ္တာလဲ Cherry။  သမီးက လူႀကီးေတြဆီ သြားလည္တာဆိုေတာ့ သပ္သပ္ရပ္ရပ္ ဝတ္ထားရမယ္ေလ။"

Pete သည္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ၀တ္စုံကို စိုက္ၾကည့္ရင္း ခံစားခ်က္မဲ့ေနခဲ့သည္။  “…”

သူသာ ဒီအ၀တ္အစားကို ဝတ္ရင္ ရွက္ၿပီး ေသသြားလိမ့္မယ္ လို႔ သူခံစားရသည္။

Noraက မ်က္ေမွာင္ၾကဳတ္ကာ တိုးတိုးေလးေမးသည္ “ဒီေန႔ မင္းသမီးေလးအ၀တ္ကို ဘာ့ေၾကာင့္ မဝတ္ခ်င္တာလဲ ေမေမကို ေျပာျပႏိုင္မလား။”

Cherryသည္ ေယာက္်ားေလးမ်ား၏ ဝတ္စားဆင္ယင္မႈ ရွိေသာ္လည္း စိတ္ထဲတြင္ သူမသည္ မင္းသမီးေလးတစ္ဦးျဖစ္သည္။  သက္ႀကီး႐ြယ္အိုေတြဆီ သြားလည္တဲ့အခါတိုင္း သူမသည္ ထိုကဲ့သို႔ ၀တ္စားဆင္ယင္မႈကို ႏွစ္သက္ခဲ့ပါသည္။

Nora သည္ အနည္းငယ္ သံသယျဖစ္သြားသည္ကို ျမင္လိုက္ရသျဖင့္ Pete သည္ သြားမ်ားကိုသာ အံႀကိတ္ကာ မစၥစ္လူးဝစ္ထံမွ ၀တ္စုံကို ယူသြားခဲ့သည္။

ေဆာင္းဦးရာသီျဖစ္ေသာေၾကာင့္ ၀တ္စုံသည္ အျဖဴေရာင္ leggings တစ္စုံႏွင့္ပင္ ေရာက္လာသည္။

Pete သည္ အ၀တ္ေၾကာင့္ စကားမ်ား ေပ်ာက္ဆုံးသြားခဲ့သည္။

အိပ္ခန္းထဲသို႔ဝင္ကာ ခက္ခက္ခဲခဲဝတ္ ၿပီးေနာက္ ျပန္ထြက္လာခဲ့သည္။ Nora၏ ေက်နပ္သည့္အမူအရာကို ျမင္ေသာအခါ တိတ္တိတ္ဆိတ္ဆိတ္ သက္ျပင္းခ်လိုက္သည္။

မိသားစုအျဖစ္ ျပန္လည္ဆုံဆည္းခြင့္ရဖို႔အတြက္ သူတကယ္ကို အမ်ားႀကီးလုပ္ခဲ့ပါသည္။

မင္းသမီးေလး၀တ္စုံကို ၀တ္ထားၿပီး အၾကာႀကီး မဝတ္ထားႏိုင္ဘဲ ေကာင္းေကာင္းလဲ လမ္းမေလွ်ာက္ႏိုင္တဲ့ ပုံကို ျမင္တဲ့အခါ Nora က သူမကို ေကာက္ခ်ီဖို႔ ဆုံးျဖတ္လိုက္ပါသည္။  ထို႔ေနာက္ သူမ ထြက္လာခဲ့သည္။

စႀကႍထဲသို႔ဝင္ေသာအခါတြင္ သမီးျဖစ္သူ၏မ်က္ႏွာကို မသိစိတ္က ဖုံးကြယ္ထားသည္။

Nora ၏မိခင္သည္သူမေမြးဖြားၿပီးတစ္ႏွစ္အၾကာတြင္ကြယ္လြန္ခဲ့သည္။  သူမသည္ သူမ၏ အရည္အခ်င္းကို ျပသသည့္နည္းလမ္းျဖင့္ သူမကို တားျမစ္သည့္ ေနာက္ဆုံးစကားမ်ားသာ က်န္ခဲ့သည္။  သူမသည္ နိမ့္က်ေသာကိုယ္ေရးအက်ဥ္းျဖင့္သာ ထိန္းသိမ္းေနထိုင္ခဲ့ကာ မိမိကိုယ္ကို ကာကြယ္ႏိုင္စြမ္းမရရွိမခ်င္း ႐ိုး႐ိုးရွင္းရွင္းႏွင့္ ပုန္းကြယ္ေနရမည္ျဖစ္သည္။  မဟုတ္ရင္ သူမ အႏၲရာယ္ က်ေရာက္လိမ့္မည္။

သူ႔အေမက ဘယ္လိုအႏၲရာယ္မ်ိဳးကို ရည္ၫႊန္းမွန္း မသိေပမယ့္ သူ႔ၫႊန္ၾကားခ်က္ေတြကို အၿမဲလိုက္နာခဲ့သည္။ ထို႔ေၾကာင့္ သူမသည္ သတိႏွင့္ ႏွိမ့္ခ်စြာေနရန္ အေလ့အထကို ျဖစ္ေပၚေစခဲ့သည္။

ႏွစ္ေယာက္သား ေအာက္ထပ္သို႔ဆင္းကာ တကၠစီတစ္စီးျဖင့္ ေဆး႐ုံသို႔ ထြက္လာခဲ့သည္။  သူတို႔ေရာက္တဲ့အခါ VIP လူ‌နာေဆာင္ထဲကို တန္းတန္းမတ္မတ္သြားၾကသည္။

ေခါင္းမွာပတ္တီးပတ္ထားတဲ့ Irene က ႏိုးေနၿပီျဖစ္သည္။   ေဆး႐ုံတြင္ ေဆးစစ္မႈအရ သူမသည္ ဦးေႏွာက္ထိခိုက္မႈ လုံးဝမရွိခဲ့ေၾကာင္း ျပသခဲ့သည္။  ခြဲစိတ္မႈဟာ လက္ေတြ႕က်က် ၿပီးဆုံး ေအာင္ျမင္သြားခဲ့ပါၿပီ။

လြန္ခဲ့သည့္ရက္အနည္းငယ္က Lisa ႏွင့္ Will ၏မ်က္ႏွာမ်ားေပၚတြင္ စိတ္ပူပန္ေနေသာအၾကည့္မ်ားသည္ အခုေတာ့ ေပ်ာက္ကြယ္သြားခဲ့ၿပီး သူမကိုေတြ႕လိုက္ရသည့္အတြက္ ပီတိျဖစ္ခဲ့ၾကသည္။  Lisa က သူတို႔ဆီ ေျပးတက္လာၿပီး Pete ကို ေပြ႕ဖက္လိုက္သည္။  "မင္းက Cherryမလား?  မင္းက အရမ္းခ်စ္စရာေကာင္းၿပီး အရမ္းလွတာပဲ!"

Pete သည္ ထိုစကားေၾကာင့္ တုံ႔ဆိုင္းသြားခဲ့သည္။

လူနာေဆာင္အတြင္းရွိ ေပ်ာ္႐ႊင္မႈႏွင့္ ၀မ္းနည္းမႈမ်ားၾကားတြင္ ရန္လိုေသာအသံတစ္ခု ႐ုတ္တရက္ သူတို႔ဆီေရာက္လာသည္။  “Tsk၊ မင္းတာဝန္ယူရမွာေၾကာက္လို႔ ခြဲစိတ္မႈ လုပ္ေနခ်ိန္မွာ ေပ်ာက္သြားၿပီး ခြဲစိတ္မႈ ေခ်ာေမြ႕သြားေတာ့မွ လူေကာင္းတစ္ေယာက္လို ျပန္လာတယ္  Nora မင္း တကယ္ကို စိတ္ကူးယဥ္ေနတာလား။"

ထိုအသံႏွင့္အတူ လိုက္ပါလာရျခင္းမွာ မ်က္လုံးနီရဲေနသည့္ Angelaတစ္ေယာက္ လမ္းေလွ်ာက္လာျခင္းျဖစ္သည္။ သူမမ်က္လုံးတြင္ မုန္းတီးဖြယ္အၾကည့္မ်ားျဖင့္ ျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားေအာက္တြင္ အေတာ္ေလး နက္ေသာ အမဲစက္မ်ားပင္ ရွိေနသည္။

မေန႔ က ေဒါက္တာAnti က သူမကို ထုတ္ေဖာ္ျပသၿပီးေနာက္ ေက်ာင္းက သူမကို သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီး ယခုႏွစ္တြင္ သူမ၏ ေကာလိပ္၏ ေဆးေက်ာင္းတြင္ အေကာင္းမြန္ဆုံး ဘြဲ႕တံဆိပ္ရခဲ့သည္။

သူမသည္ Noraႏွင့္ Blackမိသားစုမ်ားၾကား သေဘာထားကြဲလြဲမႈကို လႈံ႕ေဆာ္ရန္ ႀကိဳးစားလိုက္သည္။

“သူမလုပ္သမွ်က လက္ေခ်ာင္းေလးေတြနဲ႔ပဲ လႈပ္ၿပီး Anti ဆီကို အီးေမးလ္တစ္ေစာင္ ပို႔လိုက္တာပဲကို အားလုံးက သူမကို ေက်းဇူးတင္ေနၾကၿပီလား။  အန္တီ Irene ကို တကယ္ ဂ႐ုစိုက္ရင္ ခြဲစိတ္မႈ အတြင္း သူ ထြက္သြားမွာေတာင္ မဟုတ္ဘူး!”

လူနာေမးတဲ့အထဲမွာ အန္တီIreneက ဝမ္းနည္းေနမွာ ေသခ်ာသည္။

Angela ၏ စိတ္ထဲတြင္ အေတြးတစ္ခု ေပၚလာသည္ႏွင့္ တၿပိဳင္နက္ Irene ကလဲ "မေန႔က အတြက္ ေက်းဇူးတင္ပါတယ္ Nora" လို႔ ေျပာတာကို သူမ ၾကားလိုက္ရသည္။

Nora က တခစ္ခစ္ရယ္ၿပီး "ဘာမွ ျပႆနာမရွိပါဘူး"

ႏွစ္ေယာက္သား အၾကည့္ခ်င္းဖလွယ္ၾကသည္။  သူတို႔ႏွစ္ေယာက္ၾကားတြင္ တိတ္တိတ္ဆိတ္ဆိတ္ နားလည္မႈမ်ိဳးရွိထားသကဲ့သို႔၊ သူတို႔ႏွစ္ဦးစလုံးသည္ Angela၏ ပါးျပင္မ်ားကို ပူေလာင္လာကာ သူမရဲ႕ စကားကိုေတာ့  နားမေထာင္ခဲ့ၾကေပ။  သူမသည္ ယခုပင္ သူတို႔ၾကားတြင္ သေဘာထားကြဲလြဲမႈကို လုပ္ရန္ ႀကိဳးစားေနေသာ လူ႐ႊင္ေတာ္တစ္ေယာက္လိုပင္ ျဖစ္ေနခဲ့သည္။

Wendy က "ဒါ မင္းသမီးေလး Cherry မဟုတ္လား။  သူမက အရမ္းခ်စ္စရာေကာင္းတယ္ေနာ္။"

Noraမ်က္ေမွာင္ၾကဳတ္လိုက္သည္။  သူမကို ဒီအမ်ိဳးသမီးရဲ႕ စကားက  စိတ္အေႏွာက္အယွက္ျဖစ္ေစတာေတြ႕ရသည္။

ဒီအခ်ိန္မွာ Irene က "မင္းတို႔အားလုံး ဘာလို႔ဒီကိုေရာက္ေနၾကတာလဲ"

Smiths သည္ သူမ ေဆး႐ုံတက္ရခ်ိန္တြင္ မည္သည့္စိုးရိမ္မႈကိုမွ တစ္ႀကိမ္မွ် မေဖာ္ျပခဲ့ဖူးေသာ္လည္း ယေန႔တြင္ ဤမွ် မၾကာခဏ ဤေနရာသို႔ လာေနၾကသည္။  Nora နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ သူတို႔တကယ္လိုက္လာၾကသည္ ထင္ပါရဲ႕။

Wendy ၏ မ်က္လုံးမ်ားတြင္ အထင္အျမင္ေသးမႈ အရိပ္အေယာင္မ်ား ေပၚလာသည္။

ေဆး႐ုံလိုေနရာမ်ိဳးကို လာခ်င္တယ္လို႔ Irene တကယ္ထင္ေနတာလား။  Nora သည္ သူတို႔၏ ဖုန္းေခၚဆိုမႈမ်ားကို ေျဖၾကားရန္ ျငင္းဆိုခဲ့ျခင္းေၾကာင့္ သူမကို ရွာေဖြဖို႔ ေဆး႐ုံသို႔ လာခဲ့ရျခင္း ျဖစ္သည္။

ဝင္လာေသာ Henryက မ်က္ေမွာင္ၾကဳတ္ကာ
" ဘာလို႔လဲ မင္းကို ၾကည့္ဖို႔ ငါတို႔ေရာက္ေနတာေလ” လို႔ ျပန္ေျဖသည္။

စကားေျပာၿပီးေနာက္ သူသည္ Wendy ၏အၾကည့္ေနာက္သို႔လိုက္ကာ Pete ကိုၾကည့္လိုက္သည္။  သူက  အၿပဳံးတုကို ပုံေဖာ္ျပၿပီး “ဒါဆို ဒါေလးက ခ်ယ္ရီလား။  သူ႔အေဖက လူဆိုး လူယုတ္မာ ျဖစ္ႏိုင္ေပမယ့္ သူကေတာ့ ေတာ္ေတာ္ခ်စ္စရာေကာင္းတယ္”

Pete က "ငါ့အေဖက ႐ိုင္းစိုင္းတဲ့လူမဟုတ္ဘူး"

Angela က ျပက္ရယ္ျပဳၿပီး “မင္းေျပာတာမွန္တယ္။  မင္းအေဖဘယ္သူလဲဆိုတာ မင္းအေမေတာင္မသိဘူး။  သူက ႐ိုင္းစိုင္းသူမဟုတ္ေပမဲ့ ပိုၿပီး ယုတ္မာ႐ိုင္းစိုင္းတဲ့ သူေတာင္းစားမ်ား ျဖစ္ႏိုင္မလား။  ဒါမွမဟုတ္ ရာဇ၀တ္ေကာင္ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။  ဘယ္လိုပဲ ဆိုဆိုပါ နင့္ အေမရဲ႕ေနာက္ေၾကာင္းကို အေျခခံၿပီးေတာ့ သာမန္လူ နည္းနည္းေလးေတာင္မွ သူ႔အေပၚ စိတ္ကူးယဥ္မယ့္သူမရွိဘူး!"

Nora သည္ Pete ရဲ႕ အေရွ႕ကို ပိတ္ရပ္ကာ "ေနာက္ဆုံးအႀကိမ္ ႐ိုက္ႏွက္တာက မလုံေလာက္ေသးဘူးလား" ဟု ေအးစက္စြာ ေမးလိုက္သည္။

သူတို႔ရဲ႕ သေရာ္ေလွာင္ေျပာင္တာကို သူမ ဂ႐ုမစိုက္ေပမယ့္ Cherryဝမ္းနည္းသြားမွာကိုေတာ့  သူမေၾကာက္သည္ေလ။

Noraသည္ ယခင္က သူမအား လုပ္ခဲ့သည့္ ပါး႐ိုက္ျခင္းကို ေတြးကာ Angela ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ Henry ၏ေနာက္တြင္ ပုန္းေနလိုက္သည္။  "ေဖေဖ၊ သူ႔ကိုၾကည့္။  ေဖေဖ ဒီမွာရွိရင္ေတာင္ သူက သမီးကို ႐ိုက္ခ်င္ေနတာ။  သူမက အရမ္း႐ိုင္းလြန္းတယ္!"

Henryက ေဒါသတႀကီး ၿခိမ္းေျခာက္လိုက္ၿပီး “Nora မင္း သူ႔ကို လက္တင္ရဲရင္ တင္လိုက္စမ္းပါ။  မင္းကပဲ တကယ့္ကို ျပႆနာ‌ေတြပဲ  လုပ္ေနတာမဟုတ္လား!”

Wendy သည္ သူတို႔ၾကားတြင္ ေျပလည္ေအာင္ ေဆာင္႐ြက္ေပးသည္။  “ကေလးေတြေရွ႕မွာ ၾကမ္းတမ္းမေနပါနဲ႔။  Nora၊ Cherryကို ျမင္လိုက္တာနဲ႔ ဟို ေနာက္တစ္ေယာက္ ကေလးငယ္သာ   အသက္ရွင္ေနေသးတယ္ဆိုရင္ သူလည္း အရမ္းၾကည့္ေကာင္းေနမွာပဲလို႔ ေတြးမေနဘဲ မေနႏိုင္ေတာ့ဘူးလား”

ထိုစကားကို ေျပာလိုက္ေသာအခါ Noraသည္ ႐ုတ္တရက္ သူမကို ၾကည့္လိုက္သည္။

ထိုႏွစ္မ်ားတစ္ေလွ်ာက္လုံး သူမသည္ Henryကို ထိုအခ်ိန္က  သူ႔သားကို ဘယ္မွာထားခဲ့သလဲဟု ထပ္ခါတလဲလဲ ေမးခဲ့ဖူးသည္။  သူ႔အေၾကာင္းအၿမဲတမ္းတမ္းတေနခဲ့တာဆိုေတာ့ ဒီေန႔ဘာလို႔ ဒီကိစၥကို အစေဖာ္လာတာလဲ။

ဟုတ္ပါတယ္ Henryက ေနာက္အခိုက္အတန႔္မွာ သေဘာတူ စာခ်ဳပ္ကို ထုတ္လိုက္သည္။

  "မင္းရဲ႕ သားကို ရွာေနတာမဟုတ္ဘူးလား။  ပိုင္ဆိုင္မႈလႊဲေျပာင္းေၾကာင္းကို သေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရးထိုးၿပီး အဲ့ဒီေခြးေကာင္ေလးကို ဘယ္မွာထားခဲ့လဲဆိုတာ ေျပာျပမယ္။”

Nora သည္ သူမ၏ လက္သီးမ်ားကို ဆုပ္ထားလိုက္သည္။  သူမ၏ မ်က္လုံးမ်ားတြင္ စူးရွေသာ အၾကည့္တစ္ခု ေပၚလာသည္။

Henry က “မင္း အေမရိကားကို ျပန္ေရာက္တာ တစ္ပတ္ရွိၿပီ မဟုတ္လား၊  နင္ တစ္ကိုယ္ေတာ္  စုံစမ္းစစ္ေဆးေရးမႉး အခ်ိဳ႕ကိုလည္း ခ်ဥ္းကပ္ေနေပမဲ့ သူတို႔လဲ  ဘာသတင္းမွ မရွိဘူးလို႔ ေျပာမယ္ဆိုတာ ငါသိတယ္ ငါ  မင္းကိုေျပာျပမယ္ေလ- ငါက မင္းရဲ႕သားဘယ္ေရာက္ေနမွန္းသိတာ ဒီကမာၻမွာ ငါတစ္ေယာက္ထဲပဲရွိတာ။   မင္းရဲ႕ သားကို တကယ္ျပန္လိုခ်င္ရင္ သေဘာတူ စာခ်ဳပ္မွာ  လက္မွတ္ထိုးလိုက္"

Noraအတြက္ သူမ၏သားသည္  အားနည္းခ်က္ျဖစ္သည္။

Noraသည္ သေဘာတူညီခ်က္ကို လက္မွတ္ထိုးရန္ မဆိုင္းမတြပဲ Henryထံမွ ေဘာပင္ကို ယူလိုက္သည္။

ထိုျမင္ကြင္းသည္ သူမေဘးတြင္ရွိေသာ Pete ၏မ်က္လုံးမ်ား ထိတ္လန႔္တၾကား က်ယ္လာေတာ့သည္။  "အေမ မလုပ္နဲ႔!"

Noraက သူ႔ဘက္လွည့္ၿပီး “ဟင့္အင္း၊ Cherry။  မင္း မင္းအစ္ကိုကိုသာ ငါတို႔ရွာေတြ႕ႏိုင္ခဲ့ရင္ ေမေမ ကုမၸဏီကို ‌ပဲ ေပးရေပးရ ေမေမ့မွာရွိတဲ့အရာအားလုံးကို ေပးရမယ္ဆိုရင္ေတာင္ ေမေမ စြန႔္လႊတ္လိုက္မယ္။"

ေမေမသည္ သူ႔ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သူသိလိုက္ရသည္။

Pete ၏ မ်က္လုံးမ်ား နီရဲလာၿပီး Nora ၏ လက္ကို အျမန္ ဆုပ္ကိုင္လိုက္သည္။

❤❤❤❤
paid gp ၀င္တဲ့သူေတြက ေနာက္တစ္ပိုင္းက စၿပီး ဖတ္ႏိုင္ပါၿပီ 😍😍 ၃၇ထိ တင္ေပးထားပါတယ္။ ❤❤✨✨ 

Unicode

ဒါကိုကြားလိုက်ရသောအခါ Nora၏မျက်လုံးများက ချက်ချင်းတောက်ပလာသည်။

အပြင်ထွက်ပြီး အဝတ်အစားမျိုးစုံနဲ့ ပြန်လာတဲ့ မိန်းကလေးတစ်ယောက်—အခုတော့ ဒါက လေးနက်တဲ့အရာတစ်ခုဆိုတာ သံသယမဖြစ်စရာတောင် မရှိတော့ဘူး။

မေမေက သံသယဖြစ်သွားတာကိုမြင်တော့ Pete က မစ္စစ်လူးဝစ်ကို အေးဆေးတည်ငြိမ်စွာကြည့်ပြီး “မဟုတ်ဘူး၊ ငါ မဟုတ်ဘူး” လို့ ပြန်ဖြေသည်။  "မှတ်ထားတာ လွဲနေတာများလား"

မစ္စစ်လူးဝစ်သည် သူမည်မျှသေချာသည်ကို မြင်သောအခါ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားသည်။  "တကယ်လား?"

“အင်း။”  Pete က အကြောင်းအရာကို ပြောင်းလိုက်သည်။   သူက Cherryရဲ့စကားပြောပုံကို တုပပြီး “သွားအိပ်ပါ မေမေ။  ငါ လည်း ဂိမ်းသွားဆော့လိုက်အုံးမယ်!"

သူ့သမီးက အနည်းငယ် ထူးဆန်းနေပေမယ့်လဲ Nora ကတော့ အိပ်ငိုက်လွန်းနေပြီ ဖြစ်သည်။   သူ့စိတ်တွေတောင် မှင်တက်သွားတယ်။  သူမက ခေါင်းညိတ်ပြပြီး “ကောင်းပါပြီ” ဟုဆိုသည်။

သူမနိုးလာပြီးမှ  Justin နှင့် ဒီကိစ္စကို ဖြေရှင်းရလိမ့်မည်။

နှုတ်ဆက်စကားတောင် မပြောဘဲ သူ့သမီးကို သူ့နေရာကို ခေါ်သွားတာကို လုံးဝသည်းမခံနိုင်ဘူး။

ဒီတစ်ခါတော့ နောက်နေ့ မွန်းတည့်ချိန်အထိ အိပ်ပျော်သွားတော့သည်။

Nora နိုးလာသောအခါတွင် သူမ၏အဒေါ်နိုးလာပြီဖြစ်ကြောင်းနှင့် သူမအားလပ်လျှင် Cherryနှင့်အတူတူ လာလည်စေလိုကြောင်း Lisa ထံမှ စာတိုတစ်စောင်ကိုတွေ့လိုက်ရသည်။

Nora အရင် ရေချိုးဖို့ သွားလိုက်သည်။  ဒါပေမယ့် သူမ ထွက်လာချိန်မှာတော့ မစ္စစ်လူးဝစ်ဟာ သူ့သမီးကို စိုက်ကြည့်နေတာကို သူမက မြင်လိုက်ရပြန်သည်။

လှပသော မင်းသမီးဝတ်စုံကို ကိုင်ထားသည့် မစ္စစ်လူးဝစ်သည် Cherryကို ၀တ်ဆင်ရန် ချော့မော့ကာ ပြောဆိုဖို့ ကြိုးစားနေသည်။  သူမက “ဘာလို့ ဒီလိုမဝတ်တာလဲ Cherry။  သမီးက လူကြီးတွေဆီ သွားလည်တာဆိုတော့ သပ်သပ်ရပ်ရပ် ဝတ်ထားရမယ်လေ။"

Pete သည် ပန်းရောင်ဖျော့ဖျော့ ၀တ်စုံကို စိုက်ကြည့်ရင်း ခံစားချက်မဲ့နေခဲ့သည်။  “…”

သူသာ ဒီအ၀တ်အစားကို ဝတ်ရင် ရှက်ပြီး သေသွားလိမ့်မယ် လို့ သူခံစားရသည်။

Noraက မျက်မှောင်ကြုတ်ကာ တိုးတိုးလေးမေးသည် “ဒီနေ့ မင်းသမီးလေးအ၀တ်ကို ဘာ့ကြောင့် မဝတ်ချင်တာလဲ မေမေကို ပြောပြနိုင်မလား။”

Cherryသည် ယောက်ျားလေးများ၏ ဝတ်စားဆင်ယင်မှု ရှိသော်လည်း စိတ်ထဲတွင် သူမသည် မင်းသမီးလေးတစ်ဦးဖြစ်သည်။  သက်ကြီးရွယ်အိုတွေဆီ သွားလည်တဲ့အခါတိုင်း သူမသည် ထိုကဲ့သို့ ၀တ်စားဆင်ယင်မှုကို နှစ်သက်ခဲ့ပါသည်။

Nora သည် အနည်းငယ် သံသယဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် Pete သည် သွားများကိုသာ အံကြိတ်ကာ မစ္စစ်လူးဝစ်ထံမှ ၀တ်စုံကို ယူသွားခဲ့သည်။

ဆောင်းဦးရာသီဖြစ်သောကြောင့် ၀တ်စုံသည် အဖြူရောင် leggings တစ်စုံနှင့်ပင် ရောက်လာသည်။

Pete သည် အ၀တ်ကြောင့် စကားများ ပျောက်ဆုံးသွားခဲ့သည်။

အိပ်ခန်းထဲသို့ဝင်ကာ ခက်ခက်ခဲခဲဝတ် ပြီးနောက် ပြန်ထွက်လာခဲ့သည်။ Nora၏ ကျေနပ်သည့်အမူအရာကို မြင်သောအခါ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။

မိသားစုအဖြစ် ပြန်လည်ဆုံဆည်းခွင့်ရဖို့အတွက် သူတကယ်ကို အများကြီးလုပ်ခဲ့ပါသည်။

မင်းသမီးလေး၀တ်စုံကို ၀တ်ထားပြီး အကြာကြီး မဝတ်ထားနိုင်ဘဲ ကောင်းကောင်းလဲ လမ်းမလျှောက်နိုင်တဲ့ ပုံကို မြင်တဲ့အခါ Nora က သူမကို ကောက်ချီဖို့ ဆုံးဖြတ်လိုက်ပါသည်။  ထို့နောက် သူမ ထွက်လာခဲ့သည်။

စင်္ကြံထဲသို့ဝင်သောအခါတွင် သမီးဖြစ်သူ၏မျက်နှာကို မသိစိတ်က ဖုံးကွယ်ထားသည်။

Nora ၏မိခင်သည်သူမမွေးဖွားပြီးတစ်နှစ်အကြာတွင်ကွယ်လွန်ခဲ့သည်။  သူမသည် သူမ၏ အရည်အချင်းကို ပြသသည့်နည်းလမ်းဖြင့် သူမကို တားမြစ်သည့် နောက်ဆုံးစကားများသာ ကျန်ခဲ့သည်။  သူမသည် နိမ့်ကျသောကိုယ်ရေးအကျဉ်းဖြင့်သာ ထိန်းသိမ်းနေထိုင်ခဲ့ကာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရရှိမချင်း ရိုးရိုးရှင်းရှင်းနှင့် ပုန်းကွယ်နေရမည်ဖြစ်သည်။  မဟုတ်ရင် သူမ အန္တရာယ် ကျရောက်လိမ့်မည်။

သူ့အမေက ဘယ်လိုအန္တရာယ်မျိုးကို ရည်ညွှန်းမှန်း မသိပေမယ့် သူ့ညွှန်ကြားချက်တွေကို အမြဲလိုက်နာခဲ့သည်။ ထို့ကြောင့် သူမသည် သတိနှင့် နှိမ့်ချစွာနေရန် အလေ့အထကို ဖြစ်ပေါ်စေခဲ့သည်။

နှစ်ယောက်သား အောက်ထပ်သို့ဆင်းကာ တက္ကစီတစ်စီးဖြင့် ဆေးရုံသို့ ထွက်လာခဲ့သည်။  သူတို့ရောက်တဲ့အခါ VIP လူ‌နာဆောင်ထဲကို တန်းတန်းမတ်မတ်သွားကြသည်။

ခေါင်းမှာပတ်တီးပတ်ထားတဲ့ Irene က နိုးနေပြီဖြစ်သည်။   ဆေးရုံတွင် ဆေးစစ်မှုအရ သူမသည် ဦးနှောက်ထိခိုက်မှု လုံးဝမရှိခဲ့ကြောင်း ပြသခဲ့သည်။  ခွဲစိတ်မှုဟာ လက်တွေ့ကျကျ ပြီးဆုံး အောင်မြင်သွားခဲ့ပါပြီ။

လွန်ခဲ့သည့်ရက်အနည်းငယ်က Lisa နှင့် Will ၏မျက်နှာများပေါ်တွင် စိတ်ပူပန်နေသောအကြည့်များသည် အခုတော့ ပျောက်ကွယ်သွားခဲ့ပြီး သူမကိုတွေ့လိုက်ရသည့်အတွက် ပီတိဖြစ်ခဲ့ကြသည်။  Lisa က သူတို့ဆီ ပြေးတက်လာပြီး Pete ကို ပွေ့ဖက်လိုက်သည်။  "မင်းက Cherryမလား?  မင်းက အရမ်းချစ်စရာကောင်းပြီး အရမ်းလှတာပဲ!"

Pete သည် ထိုစကားကြောင့် တုံ့ဆိုင်းသွားခဲ့သည်။

လူနာဆောင်အတွင်းရှိ ပျော်ရွှင်မှုနှင့် ၀မ်းနည်းမှုများကြားတွင် ရန်လိုသောအသံတစ်ခု ရုတ်တရက် သူတို့ဆီရောက်လာသည်။  “Tsk၊ မင်းတာဝန်ယူရမှာကြောက်လို့ ခွဲစိတ်မှု လုပ်နေချိန်မှာ ပျောက်သွားပြီး ခွဲစိတ်မှု ချောမွေ့သွားတော့မှ လူကောင်းတစ်ယောက်လို ပြန်လာတယ်  Nora မင်း တကယ်ကို စိတ်ကူးယဉ်နေတာလား။"

ထိုအသံနှင့်အတူ လိုက်ပါလာရခြင်းမှာ မျက်လုံးနီရဲနေသည့် Angelaတစ်ယောက် လမ်းလျှောက်လာခြင်းဖြစ်သည်။ သူမမျက်လုံးတွင် မုန်းတီးဖွယ်အကြည့်များဖြင့် ပြည့်နှက်နေသော မျက်လုံးများအောက်တွင် အတော်လေး နက်သော အမဲစက်များပင် ရှိနေသည်။

မနေ့ က ဒေါက်တာAnti က သူမကို ထုတ်ဖော်ပြသပြီးနောက် ကျောင်းက သူမကို သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယခုနှစ်တွင် သူမ၏ ကောလိပ်၏ ဆေးကျောင်းတွင် အကောင်းမွန်ဆုံး ဘွဲ့တံဆိပ်ရခဲ့သည်။

သူမသည် Noraနှင့် Blackမိသားစုများကြား သဘောထားကွဲလွဲမှုကို လှုံ့ဆော်ရန် ကြိုးစားလိုက်သည်။

“သူမလုပ်သမျှက လက်ချောင်းလေးတွေနဲ့ပဲ လှုပ်ပြီး Anti ဆီကို အီးမေးလ်တစ်စောင် ပို့လိုက်တာပဲကို အားလုံးက သူမကို ကျေးဇူးတင်နေကြပြီလား။  အန်တီ Irene ကို တကယ် ဂရုစိုက်ရင် ခွဲစိတ်မှု အတွင်း သူ ထွက်သွားမှာတောင် မဟုတ်ဘူး!”

လူနာမေးတဲ့အထဲမှာ အန်တီIreneက ဝမ်းနည်းနေမှာ သေချာသည်။

Angela ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်နှင့် တပြိုင်နက် Irene ကလဲ "မနေ့က အတွက် ကျေးဇူးတင်ပါတယ် Nora" လို့ ပြောတာကို သူမ ကြားလိုက်ရသည်။

Nora က တခစ်ခစ်ရယ်ပြီး "ဘာမှ ပြဿနာမရှိပါဘူး"

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြသည်။  သူတို့နှစ်ယောက်ကြားတွင် တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုမျိုးရှိထားသကဲ့သို့၊ သူတို့နှစ်ဦးစလုံးသည် Angela၏ ပါးပြင်များကို ပူလောင်လာကာ သူမရဲ့ စကားကိုတော့  နားမထောင်ခဲ့ကြပေ။  သူမသည် ယခုပင် သူတို့ကြားတွင် သဘောထားကွဲလွဲမှုကို လုပ်ရန် ကြိုးစားနေသော လူရွှင်တော်တစ်ယောက်လိုပင် ဖြစ်နေခဲ့သည်။

Wendy က "ဒါ မင်းသမီးလေး Cherry မဟုတ်လား။  သူမက အရမ်းချစ်စရာကောင်းတယ်နော်။"

Noraမျက်မှောင်ကြုတ်လိုက်သည်။  သူမကို ဒီအမျိုးသမီးရဲ့ စကားက  စိတ်အနှောက်အယှက်ဖြစ်စေတာတွေ့ရသည်။

ဒီအချိန်မှာ Irene က "မင်းတို့အားလုံး ဘာလို့ဒီကိုရောက်နေကြတာလဲ"

Smiths သည် သူမ ဆေးရုံတက်ရချိန်တွင် မည်သည့်စိုးရိမ်မှုကိုမှ တစ်ကြိမ်မျှ မဖော်ပြခဲ့ဖူးသော်လည်း ယနေ့တွင် ဤမျှ မကြာခဏ ဤနေရာသို့ လာနေကြသည်။  Nora နဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့တကယ်လိုက်လာကြသည် ထင်ပါရဲ့။

Wendy ၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပေါ်လာသည်။

ဆေးရုံလိုနေရာမျိုးကို လာချင်တယ်လို့ Irene တကယ်ထင်နေတာလား။  Nora သည် သူတို့၏ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းကြောင့် သူမကို ရှာဖွေဖို့ ဆေးရုံသို့ လာခဲ့ရခြင်း ဖြစ်သည်။

ဝင်လာသော Henryက မျက်မှောင်ကြုတ်ကာ
" ဘာလို့လဲ မင်းကို ကြည့်ဖို့ ငါတို့ရောက်နေတာလေ” လို့ ပြန်ဖြေသည်။

စကားပြောပြီးနောက် သူသည် Wendy ၏အကြည့်နောက်သို့လိုက်ကာ Pete ကိုကြည့်လိုက်သည်။  သူက  အပြုံးတုကို ပုံဖော်ပြပြီး “ဒါဆို ဒါလေးက ချယ်ရီလား။  သူ့အဖေက လူဆိုး လူယုတ်မာ ဖြစ်နိုင်ပေမယ့် သူကတော့ တော်တော်ချစ်စရာကောင်းတယ်”

Pete က "ငါ့အဖေက ရိုင်းစိုင်းတဲ့လူမဟုတ်ဘူး"

Angela က ပြက်ရယ်ပြုပြီး “မင်းပြောတာမှန်တယ်။  မင်းအဖေဘယ်သူလဲဆိုတာ မင်းအမေတောင်မသိဘူး။  သူက ရိုင်းစိုင်းသူမဟုတ်ပေမဲ့ ပိုပြီး ယုတ်မာရိုင်းစိုင်းတဲ့ သူတောင်းစားများ ဖြစ်နိုင်မလား။  ဒါမှမဟုတ် ရာဇ၀တ်ကောင် ဖြစ်ကောင်းဖြစ်လိမ့်မယ်။  ဘယ်လိုပဲ ဆိုဆိုပါ နင့် အမေရဲ့နောက်ကြောင်းကို အခြေခံပြီးတော့ သာမန်လူ နည်းနည်းလေးတောင်မှ သူ့အပေါ် စိတ်ကူးယဉ်မယ့်သူမရှိဘူး!"

Nora သည် Pete ရဲ့ အရှေ့ကို ပိတ်ရပ်ကာ "နောက်ဆုံးအကြိမ် ရိုက်နှက်တာက မလုံလောက်သေးဘူးလား" ဟု အေးစက်စွာ မေးလိုက်သည်။

သူတို့ရဲ့ သရော်လှောင်ပြောင်တာကို သူမ ဂရုမစိုက်ပေမယ့် Cherryဝမ်းနည်းသွားမှာကိုတော့  သူမကြောက်သည်လေ။

Noraသည် ယခင်က သူမအား လုပ်ခဲ့သည့် ပါးရိုက်ခြင်းကို တွေးကာ Angela နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ Henry ၏နောက်တွင် ပုန်းနေလိုက်သည်။  "ဖေဖေ၊ သူ့ကိုကြည့်။  ဖေဖေ ဒီမှာရှိရင်တောင် သူက သမီးကို ရိုက်ချင်နေတာ။  သူမက အရမ်းရိုင်းလွန်းတယ်!"

Henryက ဒေါသတကြီး ခြိမ်းခြောက်လိုက်ပြီး “Nora မင်း သူ့ကို လက်တင်ရဲရင် တင်လိုက်စမ်းပါ။  မင်းကပဲ တကယ့်ကို ပြဿနာ‌တွေပဲ  လုပ်နေတာမဟုတ်လား!”

Wendy သည် သူတို့ကြားတွင် ပြေလည်အောင် ဆောင်ရွက်ပေးသည်။  “ကလေးတွေရှေ့မှာ ကြမ်းတမ်းမနေပါနဲ့။  Nora၊ Cherryကို မြင်လိုက်တာနဲ့ ဟို နောက်တစ်ယောက် ကလေးငယ်သာ   အသက်ရှင်နေသေးတယ်ဆိုရင် သူလည်း အရမ်းကြည့်ကောင်းနေမှာပဲလို့ တွေးမနေဘဲ မနေနိုင်တော့ဘူးလား”

ထိုစကားကို ပြောလိုက်သောအခါ Noraသည် ရုတ်တရက် သူမကို ကြည့်လိုက်သည်။

ထိုနှစ်များတစ်လျှောက်လုံး သူမသည် Henryကို ထိုအချိန်က  သူ့သားကို ဘယ်မှာထားခဲ့သလဲဟု ထပ်ခါတလဲလဲ မေးခဲ့ဖူးသည်။  သူ့အကြောင်းအမြဲတမ်းတမ်းတနေခဲ့တာဆိုတော့ ဒီနေ့ဘာလို့ ဒီကိစ္စကို အစဖော်လာတာလဲ။

ဟုတ်ပါတယ် Henryက နောက်အခိုက်အတန့်မှာ သဘောတူ စာချုပ်ကို ထုတ်လိုက်သည်။

  "မင်းရဲ့ သားကို ရှာနေတာမဟုတ်ဘူးလား။  ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်းကို သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီး အဲ့ဒီခွေးကောင်လေးကို ဘယ်မှာထားခဲ့လဲဆိုတာ ပြောပြမယ်။”

Nora သည် သူမ၏ လက်သီးများကို ဆုပ်ထားလိုက်သည်။  သူမ၏ မျက်လုံးများတွင် စူးရှသော အကြည့်တစ်ခု ပေါ်လာသည်။

Henry က “မင်း အမေရိကားကို ပြန်ရောက်တာ တစ်ပတ်ရှိပြီ မဟုတ်လား၊  နင် တစ်ကိုယ်တော်  စုံစမ်းစစ်ဆေးရေးမှူး အချို့ကိုလည်း ချဉ်းကပ်နေပေမဲ့ သူတို့လဲ  ဘာသတင်းမှ မရှိဘူးလို့ ပြောမယ်ဆိုတာ ငါသိတယ် ငါ  မင်းကိုပြောပြမယ်လေ- ငါက မင်းရဲ့သားဘယ်ရောက်နေမှန်းသိတာ ဒီကမ္ဘာမှာ ငါတစ်ယောက်ထဲပဲရှိတာ။   မင်းရဲ့ သားကို တကယ်ပြန်လိုချင်ရင် သဘောတူ စာချုပ်မှာ  လက်မှတ်ထိုးလိုက်"

Noraအတွက် သူမ၏သားသည်  အားနည်းချက်ဖြစ်သည်။

Noraသည် သဘောတူညီချက်ကို လက်မှတ်ထိုးရန် မဆိုင်းမတွပဲ Henryထံမှ ဘောပင်ကို ယူလိုက်သည်။

ထိုမြင်ကွင်းသည် သူမဘေးတွင်ရှိသော Pete ၏မျက်လုံးများ ထိတ်လန့်တကြား ကျယ်လာတော့သည်။  "အမေ မလုပ်နဲ့!"

Noraက သူ့ဘက်လှည့်ပြီး “ဟင့်အင်း၊ Cherry။  မင်း မင်းအစ်ကိုကိုသာ ငါတို့ရှာတွေ့နိုင်ခဲ့ရင် မေမေ ကုမ္ပဏီကို ‌ပဲ ပေးရပေးရ မေမေ့မှာရှိတဲ့အရာအားလုံးကို ပေးရမယ်ဆိုရင်တောင် မေမေ စွန့်လွှတ်လိုက်မယ်။"

မေမေသည် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူသိလိုက်ရသည်။

Pete ၏ မျက်လုံးများ နီရဲလာပြီး Nora ၏ လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။

❤❤❤❤
paid gp ၀င်တဲ့သူတွေက နောက်တစ်ပိုင်းက စပြီး ဖတ်နိုင်ပါပြီ 😍😍 ၃၇ထိ တင်ပေးထားပါတယ်။ ❤❤✨✨

Continue Reading

You'll Also Like

988K 23.8K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1M 46.6K 105
Unicode ဒုက္ခိတ ဖြစ်​​နေတဲ့ သူ​ေဋ္ဌး​ချော​ချော​လေး ကို လက်​မခံနိုင်​တဲ့ညီမဖြစ်​သူက အမဖြစ်​သူရဲ့ ရည်​းစားကိုလုပြီး သူမလိုချင်​တဲ့ ဒုက္ခိတ သူ​ေဋ္ဌးနဲ့...
1.5M 84K 83
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...