စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းသမီးငယ်လေးPete
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
Noraက Peteရဲ့အမေ?
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )
အပိုင်း ( ၁၈၀ )

အစပျိုးတဲ့သူ

4.1K 535 12
By Ichika2104

သူမမွတ္ဥာဏ္ကို သူမ ေသခ်ာျပန္စဥ္းစားခဲ့မယ္ဆိုရင္ ပထမဆုံးေတြ႕တဲ့ အခ်ိန္က သားျဖစ္သူနဲ႔ ခပ္ေဝးေဝးေနဖို႔ သူမကို သတိေပးခဲ့သည္။  မေန႔ညက ႐ုပ္ရွင္သြားၾကည့္တုန္းကလည္း သူ႔ကို ေနာက္ထပ္သတိေပးခဲ့ဖူးတယ္။

႐ုတ္​တရက္​ႀကီး ဒီေယာက်္ားက ဘာထျဖစ္သည္လဲ။

သူမ အံ့အားသင့္သြားသည္ကို ျမင္လိုက္ရေတာ့ Justin ၏ မ်က္ႏွာေပၚတြင္ အနည္းငယ္ စိတ္မသက္မသာ အၾကည့္တစ္ခ်က္ ေပၚလာသည္။

သူနဲ႔ရင္းႏွီးဖို႔အတြက္ Pete ရဲ႕ခြင့္ျပဳခ်က္ရဖို႔အတြက္ ဒီအမ်ိဳးသမီးက တတ္ႏိုင္သမွ်အကုန္လုပ္ခဲ့ပါသည္။  ထို႔ေၾကာင့္ သူမသည္ ဤအခြင့္အေရးကို ဘယ္ေတာ့မွ လက္လြတ္ခံမည္မဟုတ္ေပ။

Nora က သူမကို  ေအးစက္ေသာ မ်က္လုံးမ်ားႏွင့္ ငုံ႔ၾကည့္ေနတာကို ျမင္လိုက္ရေတာ့ သူမ ထေျပာလိုက္မိသည္။  "ရွင္ အထင္ မွားသြားပုံပဲ မစၥတာHunt။  ကြၽန္မက ကေလးထိန္းဆရာမ မဟုတ္ဘူးေလ။  ရွင္နဲ႔ပတ္သက္တဲ့ စိတ္ကူးယဥ္မႈေတြလည္း ကြၽန္မမွာမရွိပါဘူး။"

Justin ေခတၱတုံ႔ဆိုင္းသြားသည္။

Noraသည္ ေရွ႕သို႔ ေျခတစ္လွမ္းတိုးလိုက္သည္။  သူ႔အေပၚ ဘယ္နည္းနဲ႔မွ အရႈံးမေပးႏိုင္ဘဲ“ဒါ့အျပင္ ေဆး႐ုံက ကြၽန္မကို အမွန္တကယ္ တာဝန္ခံေစခ်င္ရင္ ေက်းဇူးျပဳၿပီး ကြၽန္မေရွ႕ေနကိုသာ ဆက္သြယ္ပါ” လို႔ ေျပာလိုက္သည္။

ထိုစကားကိုေျပာၿပီးေနာက္ သူမပါးစပ္ကို ဟကာ သမ္းေဝၿပီး Justinရဲ႕  အနားမွ ေအးေအးလူလူ လမ္းေလွ်ာက္ထြက္ကာ ခြဲစိတ္ခန္းမွ ထြက္လာခဲ့သည္။

သူမ အရမ္း အိပ္ခ်င္ေနၿပီ။  ကေလးတစ္ေယာက္နဲ႔ ကစားဖို႔ သူမမွာ ဘယ္လိုအခ်ိန္ရႏိုင္မလဲ။  အခု အေရးႀကီးဆုံးက အိမ္ျမန္ျမန္ျပန္ၿပီး အိပ္ဖို႔ပဲ။

Justin မွာေတာင္ လူေတြကို အလိုအေလ်ာက္ ခ်ဳပ္ေႏွာင္ပိုင္ခြင့္ မရွိပါဘူး။

Antiကို ရွာမေတြ႕ရင္ သူလုပ္ႏိုင္တဲ့ တစ္ခုတည္းေသာ အရာက သူတို႔ကို လႊတ္ေပးလိုက္ရမည္ ျဖစ္သည္။

ဟိုတယ္ကို အျပန္ ကားထဲမွာ Lawrence က “Anti က ငါးရွဥ့္မ်ား ျဖစ္ႏိုင္မလား။  သူမက ဘာေၾကာင့္ ဒီေလာက္ေခ်ာေနရတာလဲ?  အျပင္မွာ အေစာင့္အၾကပ္ေတြ ဒီေလာက္မတ္တပ္ရပ္ေနတာကို သူမက ဘယ္လို ျပန္ထြက္သြားတာလဲ။”

ေနာက္ထိုင္ခုံမွာပါတဲ့ Justin က “ျဖစ္ႏိုင္ေခ်ရွိတာက သုံးမ်ိဳးပဲ ရွိမယ္  တစ္ခုက ငါတို႔ရဲ႕ Intelက မွားယြင္းေနၿပီးေတာ့ Anti က ဆံပင္ ေ႐ႊေရာင္နဲ႔ျဖစ္မယ္  ႏွစ္ခု၊ေျမာက္က Anti က အလြန္ေကာင္းမြန္ေသာ လႈပ္ရွားမႈရွိၿပီးေတာ့ လြတ္ေျမာက္ဖို႔ကို  စီမံထားတာလဲ ျဖစ္ႏိုင္တယ္ ဒါမဲ့လဲ အဲဒါက မျဖစ္ႏိုင္ဘူး"

“ဟုတ္တယ္၊ ကြၽန္ေတာ္တို႔က အဲဒီေနရာကို လုံလုံၿခဳံၿခဳံ ဝိုင္းထားတာ  ေဆး႐ုံက ေျမေအာက္ဥမင္လိုဏ္ေခါင္းတစ္ခု ဒါမွမဟုတ္ သူမ မပ်ံသန္းႏိုင္ဘူးဆိုမွ  သူထြက္သြားႏိုင္တဲ့လမ္းမရွိတာပဲ ျဖစ္လိမ့္မယ္။”  ထို႔ေနာက္ Lawrence က "တတိယျဖစ္ႏိုင္တာက ဘာလဲ" ဟုေမးေတာ့သည္။

Justin က တိတ္ဆိတ္ေနခဲ့တယ္။  ထို႔ေနာက္ သူသည္ ကားအျပင္ဘက္သို႔ ၾကည့္ကာ “Nora Smith က Anti ျဖစ္ႏိုင္တယ္” ဟု ျဖည္းညႇင္းစြာ ေျပာခဲ့သည္။

Lawrence ၏ ႏႈတ္ခမ္းေထာင့္မ်ား အနည္းငယ္ တုန္ယင္သြားသည္။  “အဲဒါနဲ႔ ယွဥ္ရင္ ဒုတိယအခ်က္ကိုပဲ ယုံၾကည္ခ်င္ပါတယ္။  Miss Smith ကို ကြၽန္ေတာ္တို႔ ေသခ်ာစုံစမ္းၿပီးပါၿပီ။  ေက်ာင္းေတာင္ မတက္ဖူးတဲ့ သူတစ္ေယာက္က Anti ျဖစ္ဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။  သူမအေၾကာင္းေျပာရရင္ သူမက Anti ကို အီးေမးလ္ပို႔တဲ့သူပဲ ျဖစ္တယ္။  အဲဒါေၾကာင့္ Anti က လာတာပါ။  သူမ အေဒၚခြဲစိတ္မႈျပဳလုပ္တာကို သူမ အၿမဲတည္ၿငိမ္ေနတာက အံ့ၾသစရာေတာ့ မဟုတ္ဘူး။ Anti  ေပၚလာတာေၾကာင့္  သူမမွာ ယုံၾကည္မႈအျပည့္ရွိေနတာပါ…”

Justin က သူ႔ႏႈတ္ခမ္းေတြကို တင္းတင္းၾကပ္ၾကပ္ပိတ္ထားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။  ထို႔ေနာက္ သူက ႐ုတ္တရက္ “Barbie အ႐ုပ္ဝယ္လို႔ရတဲ့ တစ္ေနရာကို ရွာလိုက္” လို႔ ေျပာသည္။

Hotel Finest ၏ အေပၚဆုံးထပ္ရွိ ေလွကားထစ္တြင္ ကေလးႏွစ္ဦး တိတ္တဆိတ္ ဆုံေတြ႕ခဲ့ၾကသည္။

စိတ္ဆိုးေနေသာ Cherryက "ညီမ ဂိမ္းမကစားတာ ႏွစ္ရက္ရွိၿပီ Pete!  ေဖေဖက အရမ္းတင္းၾကပ္တာပဲ  သူက ဖုန္းကိုလဲ မသုံးခိုင္းဘူး!"

Pete က "ကဲ ဒါဆို အကိုတို႔  ျပန္ေျပာင္းၾကရေအာင္။"

Cherry ခ်က္ခ်င္း ေခါင္းညိတ္ျပလိုက္သည္။  "ဟုတ္ကဲ့ဟုတ္ကဲ့ဟုတ္ကဲ့!  ငါ့ဂိမ္းေတြကို တစ္ရက္ကစားၿပီးရင္ ျပန္ေျပာင္းၾကမယ္ေလ။"

“တကယ္လား။”

ခ်ယ္ရီ သက္ျပင္းခ်လိုက္သည္။  "ေဖေဖက ေမေမကို အရမ္းမုန္းေနတာ Pete  ငါတို႔ ဘာလုပ္သင့္လဲ?"

Pete မ်က္ေမွာင္ၾကဳတ္လိုက္သည္။  ခဏေလာက္စဥ္းစားၿပီးမွ “ေပ်ာ့တဲ့ခ်ဥ္းကပ္နည္းက အလုပ္မျဖစ္ဘူးဆိုရင္ ခက္ခက္ခဲခဲ ခ်ဥ္းကပ္ၾကည့္ရေအာင္” လို႔ ေျပာသည္။

Cherry၏ မ်က္လုံးမ်ား ေတာက္ပလာသည္။

"ဘယ္လို ခက္ခက္ခဲခဲ ခ်ဥ္းကပ္မႈမ်ိဳးလဲ!"

ႏွစ္ေယာက္သား ေခါင္းတညိတ္ညိတ္ႏွင့္ အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၾကၿပီး ေနာက္ဆုံးတြင္ ေက်ေက်နပ္နပ္နဲ႔ လမ္းခြဲခဲ့ၾကသည္။

မထြက္ခြာခင္ Cherryက မ်က္ေတာင္ခတ္ၿပီး ေအာင္ပြဲခံစြာေျပာသည္။

“ဒါနဲ႔ ဆရာဝန္က ဒီေန႔ IQ test လုပ္ခိုင္းတယ္။  ငါ့ရဲ႕ IQ က တကယ္ျမင့္တယ္။  ဆရာဝန္က ညီမကို ဆုတစ္ခုေပးတယ္၊ အေဖကေတာင္ စကားမေျပာႏိုင္ေတာ့ဘဲ အံ့ၾသသြားတယ္ သိလား!”

ေမေမက အရင္ကလည္း ဒီလိုမ်ိဳး လုပ္ခြင့္ေပးခဲ့ဖူးၿပီး သူ႔ကိုေတာင္ ခ်ီးက်ဴးၿပီး ပါရမီရွင္တစ္ေယာက္လို႔ေတာင္ တင္စားေခၚေဝၚခဲ့ပါသည္။

ဒီေန႔လဲ  သူ႔အစ္ကိုကို ဂုဏ္ယူေစခဲ့သည္။

Pete က သူမကို တစ္ဖန္ယုံၾကည္ၿပီး ခ်ီးက်ဴးခဲ့သည္။  "မင္းက အရမ္းေတာ္တယ္။"

ေမာင္ႏွမ ၂ေယာက္ စကားေျပာၿပီးေနာက္  အခန္းထဲျပန္ဝင္သြားေတာ့သည္။  သူက စာက်က္ခါနီးမွာ တံခါးဖြင့္သံၾကားတာနဲ႔ ျပန္လည္ျပင္ဆင္မႈအခ်ိဳ႕လုပ္ရင္း အခ်ိန္ကုန္သြားသည္ကို သိလိုက္သည္။  Justin လဲ အထဲကို ဝင္လာသည္။

သူ႔အက်ႌကို ခြၽတ္လိုက္သည္။  ထို႔ေနာက္ ေလွ်ာက္လာကာ “စိတ္မဆိုးပါနဲ႔ Pete။  ေဖေဖဝယ္ေပးခဲ့တဲ့ အ႐ုပ္ကို တစ္ခ်က္ ၾကည့္လိုက္ပါဦး။"

Pete ၏ မ်က္လုံးမ်ား ေတာက္ပလာသည္။

ေဖေဖသည္ သူ႔ကို ေန႔တိုင္း စာက်က္ဖို႔ အၿမဲတိုက္တြန္းေနၿပီး သူ႔ကို ကစားခြင့္ ေပးခဲသည္။  ဒီေန႔ သူ႔အတြက္ အ႐ုပ္ေတြ တကယ္ဝယ္ခဲ့တာလား။

ထို႔ေနာက္တြင္ေတာ့ Justin သည္ ပန္းေရာင္ Barbie ႀကီးႀကီးႏွင့္ လမ္းေလွ်ာက္လာၿပီး သူ႔စားပြဲေပၚတြင္ တင္လိုက္သည္ ။

Pete စိတ္ထဲတြင္ ေမးခြန္းအမွတ္အသားတစ္ခု ျဖည္းညႇင္းစြာ ေပၚလာျပန္သည္။

သူ႔သားက မတုံ႔ျပန္တာကိုျမင္ေတာ့ Justin က ႐ူးေနတုန္းပဲလို႔ ေတြးၿပီး "Daddy မင္းနဲ႔ ကစားေပးရမလား?"

Pete က သူ႔ကို ေဖာ္မျပႏိုင္ေသာ အမူအရာျဖင့္ စိုက္ၾကည့္ေနသည္။  “…”

ေနာက္ဆုံးေတာ့ သူ တုံ႔ျပန္လာတာကို ေတြ႕လိုက္ရေတာ့ Justin က သူ႔ကိုယ္ တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္ၿပီး "Barbie ရဲ႕ ဆံပင္ပုံစံကို စတိုင္လ္က်ေအာင္ လုပ္ၿပီး ေျပာင္းလဲလိုက္ၾကရေအာင္။"

သူသည္ Barbie ၏ ထုပ္ပိုးထားေသာ ေသတၱာကိုဖြင့္ၿပီး အ႐ုပ္ကို ထုတ္ယူလိုက္သည္။  သို႔ေသာ္၊ ဆံပင္ကို ကိုင္လိုက္ၿပီး စႏၵယားတီးရင္ အလြန္သြက္လက္ၿပီး လိုက္ေလ်ာညီေထြရွိေသာ သူ၏လက္ေခ်ာင္းမ်ားသည္  ေအးခဲသြားေတာ့သည္။

“…”

ဝမ္းခ်ဳပ္တဲ့အၾကည့္နဲ႔ Justin က သူ႔သားကိုၾကည့္ၿပီး “က်စ္ဆံၿမီးခ်ည္နည္းသိလား Pete” လို႔ ေမးလိုက္သည္။

Pete သည္ စကားမေျပာႏိုင္ေတာ့ေပ။

သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္အၾကာႀကီး စိုက္ၾကည့္ၿပီးေနာက္ Pete က “…ဒါက အရမ္း႐ူးတာပဲ” လို႔ ျဖည္းညႇင္းစြာ ေျပာလိုက္သည္။

Justin ၏ မ်က္ႏွာသည္ ခ်က္ခ်င္း မည္းေမွာင္သြားေတာ့သည္။  အေၾကာင္းတစ္ခုခုေၾကာင့္၊ သူ႔သား၏ တည္ၿငိမ္ၿပီး ေဖာ္မျပႏိုင္ေသာ အမူအရာေၾကာင့္ သူ႔ေဒါသကို မထိန္းႏိုင္ျဖစ္ခဲ့ရသည္။  "ဒါကို မင္းအတြက္ ငါလုပ္ေပးေနတာ!"

Pete က ေခါင္းငုံ႔ၿပီး စာအုပ္ကိုလွန္လိုက္ၿပီး သူ႔ကို လုံးဝလ်စ္လ်ဴရႈလိုက္သည္။

Justin  သူ႔သားရဲ႕ လ်စ္လ်ဴရႈမႈကို ခံလိုက္ရေတာ့အံ့ၾသသြားသည္။

ထို႔ေနာက္ သားျဖစ္သူ ေျဖေနသည့္ ေမးခြန္းကို စိုက္ၾကည့္မိသည္။  ေမးခြန္းက Pete ရဲ႕ လက္ရွိ သင္႐ိုးၫႊန္းတမ္းထက္ ေက်ာ္လြန္ေနတာေၾကာင့္ “မင္းရဲ႕ အေျခခံေတြကို ခိုင္ခိုင္မာမာ နားလည္မႈေတာင္ မရွိေသးတာကို ဒီလိုခက္ခဲတဲ့ေမးခြန္းကို နားလည္ႏိုင္လို႔လား။”

Pete က ေခါင္းေမာ့ၿပီး သူ႔ကို ေမာ့ၾကည့္ျပန္သည္။  ဒီ႐ိုးရွင္းတဲ့ေမးခြန္းရဲ႕ ဘယ္အပိုင္းက ခက္ခဲေနလို႔လဲ။

အာဏာရွင္၏ အျပဳအမူသည္ ယေန႔တြင္ နားလည္ရခက္ေနသည္။

သူက ေအးေအးေဆးေဆးေျပာတယ္ " ကြၽန္ေတာ္ စာလုပ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ့ကို မေႏွာင့္ယွက္နဲ႔။"

“…”

Justin က သူ႔သားရဲ႕ အျပဳအမူေၾကာင့္ သူ႔ခဗ်ာ ရွင္းရွင္းလင္းလင္း ဘာမွေတာင္ မေျပာႏိုင္ေတာ့ေပ။  ဒီေမးခြန္းကို လုံးလုံးနားလည္သလို သူ႔သားရဲ႕ အျပဳအမူကို ျမင္တဲ့အခါ ေနာက္ဆုံး သူ႔သားအား အေလ်ာ့ေပးလိုက္ရေတာ့သည္။

"ေကာင္းၿပီ မင္းလုပ္ခ်င္တာကို သာ လုပ္ေတာ့!"

Pete က ဟန္ေဆာင္မႈကို ဘယ္ေလာက္ၾကာၾကာခံႏိုင္မလဲဆိုတာ သူ  ၾကည့္ေနလိုက္မယ္။

ညစာစားၿပီးေနာက္ Justin သည္ အံႀကိတ္ကာ စာသင္ခန္းထဲတြင္ ထိုင္ေနခဲ့သည္။

သူ႔သားက အရမ္းခ်စ္စရာေကာင္းတဲ့ အျပဳအမူျဖစ္ေနတယ္ဆိုတာ သိသာထင္ရွားပါတယ္၊ ဒါေပမဲ့သူ႔သားက ဘာလို႔ ႐ုတ္တရက္ အထီးက်န္ၿပီး ရင့္က်က္လာျပန္တာလဲ။
(ၾကာရင္ Justin တစ္ေယာက္ အ႐ူးေထာင္သြားရပါေတာ့မယ္)

သူက အခု သာမာန္ပုံေပါက္ေနေပမယ့္ နားမလည္ႏိုင္တဲ့ အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ Justin သည္ သူ႔အား နားမလည္ႏိုင္  အရင္ကေတာ့ သူ႔သားက ဘယ္ေလာက္ထိ သြက္လက္ခဲ့သလဲ ခုေတာ့ မတူဘဲ တစ္ခုခုက လြဲေနသလိုပါပဲ။

ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး မိသားစုဆရာဝန္ကို ခ်က္ျခင္းဖုန္းဆက္လိုက္သည္။  သူက “Pete ရဲ႕ ပင္ကိုယ္စ႐ိုက္က ဘာလို႔ အလွည့္က်ေျပာင္းေနရတာလဲ” လို႔ ေမးလိုက္သည္။

ဆရာဝန္က ခဏေလာက္စဥ္းစားၿပီး “အရင္က သူ႔ကို တစ္ခုခုက အစပ်ိဳးခဲ့ၿပီး သူ႔ရဲ႕ ပင္ကိုယ္စ႐ိုက္ကို ေျပာင္းလဲေစခဲ့တာ ထင္တယ္ ” လို႔ ျပန္ေျဖခဲ့သည္။

တစ္ခုခု… သူ႔ကို ဘယ္အရာကမ်ား  အစပ်ိဳးႏိုင္ခဲ့တာလဲ။

အဲဒီမိန္းမျဖစ္ႏိုင္မလား?

ေအာက္ထပ္တြင္။

Noraသည္ ေရခ်ိဳးၿပီး  ခ်က္ခ်င္းပင္ အိပ္ေပ်ာ္သြားခဲ့သည္။

သူမလက္ထဲတြင္ ဖုန္းျဖင့္ Cherryသည္ ဆိုဖာေပၚတြင္ ထိုင္ကာ Chester ႏွင့္ ဂိမ္းေဆာ့ေနသည္။

Chester သည္ သူတို႔ကစားေနစဥ္တြင္ စကားေျပာတတ္သည္ ။  သူက "မင္း Justin နဲ႔ ထပ္ၿပီး ျငင္းခုံေနတာလား။  ဒီအျပဳအမူက သူ႔အတြက္ အလုပ္မျဖစ္ဘူးထင္တယ္။  မင္းကဘာလို႔ ဆန္႔က်င္ ေနတာလဲ။  ၿပီးေတာ့ ၊ Justin  ဒီေန႔ေဒါက္တာ Anti ကိုရွာမေတြ႕လို႔ သူစိတ္မေကာင္းျဖစ္ေနတာ  အဲဒါကို မင္းက ကလန္ကဆန္လုပ္ေနေတာ့ သူပိုၿပီး အေႏွာက္အယွက္ျဖစ္ေနတယ္ မဟုတ္ဘူးလား။”

ေဒါက္တာ Anti ကိုရွာေနတာလား။

Cherry အံ့ဩသြားသည္။  အိပ္ခန္းထဲတြင္ ကုတင္ေပၚ  ေမွာက္ရက္နဲ႔ ဖုန္းကို ၾကည့္လိုက္ၿပီး “Chesty ေဖေဖ ဘာလို႔ Anti ကိုရွာေနတာလဲ” လို႔ ေမးလိုက္သည္။

Chester က “ဒါက ရွင္းေနတာပဲ မဟုတ္ဘူးလား။  မင္းအတြက္ပဲ-"

ၿပီးခါနီးတြင္ တံခါးေခါက္သံ ျမည္လာသည္။

မစၥစ္လူး၀စ္သည္ မီးဖိုေခ်ာင္တြင္ အလုပ္မ်ားေနသျဖင့္ Cherryသည္ ဆိုဖာေပၚမွ ခုန္ဆင္းကာ တံခါးဆီသို႔ ေလွ်ာက္သြားခဲ့သည္။  သူမ သိပ္ေတြးမေနဘဲ တံခါးကို ခ်က္ခ်င္းဖြင့္လိုက္သည္။

Justin သည္ လက္ရွိတြင္ တံခါးအျပင္ဘက္တြင္ ရွိေနသည္။  သူ႔သားကို ျပဳစုေစာင့္ေရွာက္ဖို႔ Noraကို အေပၚထပ္ လာခိုင္းဖို႔ ႀကိဳးစားခ်င္သည္။

တံခါးဖြင့္လိုက္တာနဲ႔ စကားေျပာဖို႔ အသင့္ျပင္ထားခဲ့ေပမဲ့ ဖြင့္ဖြင့္ခ်င္းပဲ Cherryကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။ 

Unicode

သူမမှတ်ဥာဏ်ကို သူမ သေချာပြန်စဥ်းစားခဲ့မယ်ဆိုရင် ပထမဆုံးတွေ့တဲ့ အချိန်က သားဖြစ်သူနဲ့ ခပ်ဝေးဝေးနေဖို့ သူမကို သတိပေးခဲ့သည်။  မနေ့ညက ရုပ်ရှင်သွားကြည့်တုန်းကလည်း သူ့ကို နောက်ထပ်သတိပေးခဲ့ဖူးတယ်။

ရုတ်​တရက်​ကြီး ဒီယောကျ်ားက ဘာထဖြစ်သည်လဲ။

သူမ အံ့အားသင့်သွားသည်ကို မြင်လိုက်ရတော့ Justin ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်မသက်မသာ အကြည့်တစ်ချက် ပေါ်လာသည်။

သူနဲ့ရင်းနှီးဖို့အတွက် Pete ရဲ့ခွင့်ပြုချက်ရဖို့အတွက် ဒီအမျိုးသမီးက တတ်နိုင်သမျှအကုန်လုပ်ခဲ့ပါသည်။  ထို့ကြောင့် သူမသည် ဤအခွင့်အရေးကို ဘယ်တော့မှ လက်လွတ်ခံမည်မဟုတ်ပေ။

Nora က သူမကို  အေးစက်သော မျက်လုံးများနှင့် ငုံ့ကြည့်နေတာကို မြင်လိုက်ရတော့ သူမ ထပြောလိုက်မိသည်။  "ရှင် အထင် မှားသွားပုံပဲ မစ္စတာHunt။  ကျွန်မက ကလေးထိန်းဆရာမ မဟုတ်ဘူးလေ။  ရှင်နဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်မှုတွေလည်း ကျွန်မမှာမရှိပါဘူး။"

Justin ခေတ္တတုံ့ဆိုင်းသွားသည်။

Noraသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။  သူ့အပေါ် ဘယ်နည်းနဲ့မှ အရှုံးမပေးနိုင်ဘဲ“ဒါ့အပြင် ဆေးရုံက ကျွန်မကို အမှန်တကယ် တာဝန်ခံစေချင်ရင် ကျေးဇူးပြုပြီး ကျွန်မရှေ့နေကိုသာ ဆက်သွယ်ပါ” လို့ ပြောလိုက်သည်။

ထိုစကားကိုပြောပြီးနောက် သူမပါးစပ်ကို ဟကာ သမ်းဝေပြီး Justinရဲ့  အနားမှ အေးအေးလူလူ လမ်းလျှောက်ထွက်ကာ ခွဲစိတ်ခန်းမှ ထွက်လာခဲ့သည်။

သူမ အရမ်း အိပ်ချင်နေပြီ။  ကလေးတစ်ယောက်နဲ့ ကစားဖို့ သူမမှာ ဘယ်လိုအချိန်ရနိုင်မလဲ။  အခု အရေးကြီးဆုံးက အိမ်မြန်မြန်ပြန်ပြီး အိပ်ဖို့ပဲ။

Justin မှာတောင် လူတွေကို အလိုအလျောက် ချုပ်နှောင်ပိုင်ခွင့် မရှိပါဘူး။

Antiကို ရှာမတွေ့ရင် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူတို့ကို လွှတ်ပေးလိုက်ရမည် ဖြစ်သည်။

ဟိုတယ်ကို အပြန် ကားထဲမှာ Lawrence က “Anti က ငါးရှဉ့်များ ဖြစ်နိုင်မလား။  သူမက ဘာကြောင့် ဒီလောက်ချောနေရတာလဲ?  အပြင်မှာ အစောင့်အကြပ်တွေ ဒီလောက်မတ်တပ်ရပ်နေတာကို သူမက ဘယ်လို ပြန်ထွက်သွားတာလဲ။”

နောက်ထိုင်ခုံမှာပါတဲ့ Justin က “ဖြစ်နိုင်ချေရှိတာက သုံးမျိုးပဲ ရှိမယ်  တစ်ခုက ငါတို့ရဲ့ Intelက မှားယွင်းနေပြီးတော့ Anti က ဆံပင် ရွှေရောင်နဲ့ဖြစ်မယ်  နှစ်ခု၊မြောက်က Anti က အလွန်ကောင်းမွန်သော လှုပ်ရှားမှုရှိပြီးတော့ လွတ်မြောက်ဖို့ကို  စီမံထားတာလဲ ဖြစ်နိုင်တယ် ဒါမဲ့လဲ အဲဒါက မဖြစ်နိုင်ဘူး"

“ဟုတ်တယ်၊ ကျွန်တော်တို့က အဲဒီနေရာကို လုံလုံခြုံခြုံ ဝိုင်းထားတာ  ဆေးရုံက မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ဒါမှမဟုတ် သူမ မပျံသန်းနိုင်ဘူးဆိုမှ  သူထွက်သွားနိုင်တဲ့လမ်းမရှိတာပဲ ဖြစ်လိမ့်မယ်။”  ထို့နောက် Lawrence က "တတိယဖြစ်နိုင်တာက ဘာလဲ" ဟုမေးတော့သည်။

Justin က တိတ်ဆိတ်နေခဲ့တယ်။  ထို့နောက် သူသည် ကားအပြင်ဘက်သို့ ကြည့်ကာ “Nora Smith က Anti ဖြစ်နိုင်တယ်” ဟု ဖြည်းညှင်းစွာ ပြောခဲ့သည်။

Lawrence ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ယင်သွားသည်။  “အဲဒါနဲ့ ယှဉ်ရင် ဒုတိယအချက်ကိုပဲ ယုံကြည်ချင်ပါတယ်။  Miss Smith ကို ကျွန်တော်တို့ သေချာစုံစမ်းပြီးပါပြီ။  ကျောင်းတောင် မတက်ဖူးတဲ့ သူတစ်ယောက်က Anti ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။  သူမအကြောင်းပြောရရင် သူမက Anti ကို အီးမေးလ်ပို့တဲ့သူပဲ ဖြစ်တယ်။  အဲဒါကြောင့် Anti က လာတာပါ။  သူမ အဒေါ်ခွဲစိတ်မှုပြုလုပ်တာကို သူမ အမြဲတည်ငြိမ်နေတာက အံ့သြစရာတော့ မဟုတ်ဘူး။ Anti  ပေါ်လာတာကြောင့်  သူမမှာ ယုံကြည်မှုအပြည့်ရှိနေတာပါ…”

Justin က သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး မျက်မှောင်ကြုတ်လိုက်သည်။  ထို့နောက် သူက ရုတ်တရက် “Barbie အရုပ်ဝယ်လို့ရတဲ့ တစ်နေရာကို ရှာလိုက်” လို့ ပြောသည်။

Hotel Finest ၏ အပေါ်ဆုံးထပ်ရှိ လှေကားထစ်တွင် ကလေးနှစ်ဦး တိတ်တဆိတ် ဆုံတွေ့ခဲ့ကြသည်။

စိတ်ဆိုးနေသော Cherryက "ညီမ ဂိမ်းမကစားတာ နှစ်ရက်ရှိပြီ Pete!  ဖေဖေက အရမ်းတင်းကြပ်တာပဲ  သူက ဖုန်းကိုလဲ မသုံးခိုင်းဘူး!"

Pete က "ကဲ ဒါဆို အကိုတို့  ပြန်ပြောင်းကြရအောင်။"

Cherry ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။  "ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့!  ငါ့ဂိမ်းတွေကို တစ်ရက်ကစားပြီးရင် ပြန်ပြောင်းကြမယ်လေ။"

“တကယ်လား။”

ချယ်ရီ သက်ပြင်းချလိုက်သည်။  "ဖေဖေက မေမေကို အရမ်းမုန်းနေတာ Pete  ငါတို့ ဘာလုပ်သင့်လဲ?"

Pete မျက်မှောင်ကြုတ်လိုက်သည်။  ခဏလောက်စဉ်းစားပြီးမှ “ပျော့တဲ့ချဉ်းကပ်နည်းက အလုပ်မဖြစ်ဘူးဆိုရင် ခက်ခက်ခဲခဲ ချဉ်းကပ်ကြည့်ရအောင်” လို့ ပြောသည်။

Cherry၏ မျက်လုံးများ တောက်ပလာသည်။

"ဘယ်လို ခက်ခက်ခဲခဲ ချဉ်းကပ်မှုမျိုးလဲ!"

နှစ်ယောက်သား ခေါင်းတညိတ်ညိတ်နှင့် အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ကျေကျေနပ်နပ်နဲ့ လမ်းခွဲခဲ့ကြသည်။

မထွက်ခွာခင် Cherryက မျက်တောင်ခတ်ပြီး အောင်ပွဲခံစွာပြောသည်။

“ဒါနဲ့ ဆရာဝန်က ဒီနေ့ IQ test လုပ်ခိုင်းတယ်။  ငါ့ရဲ့ IQ က တကယ်မြင့်တယ်။  ဆရာဝန်က ညီမကို ဆုတစ်ခုပေးတယ်၊ အဖေကတောင် စကားမပြောနိုင်တော့ဘဲ အံ့သြသွားတယ် သိလား!”

မေမေက အရင်ကလည်း ဒီလိုမျိုး လုပ်ခွင့်ပေးခဲ့ဖူးပြီး သူ့ကိုတောင် ချီးကျူးပြီး ပါရမီရှင်တစ်ယောက်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။

ဒီနေ့လဲ  သူ့အစ်ကိုကို ဂုဏ်ယူစေခဲ့သည်။

Pete က သူမကို တစ်ဖန်ယုံကြည်ပြီး ချီးကျူးခဲ့သည်။  "မင်းက အရမ်းတော်တယ်။"

မောင်နှမ ၂ယောက် စကားပြောပြီးနောက်  အခန်းထဲပြန်ဝင်သွားတော့သည်။  သူက စာကျက်ခါနီးမှာ တံခါးဖွင့်သံကြားတာနဲ့ ပြန်လည်ပြင်ဆင်မှုအချို့လုပ်ရင်း အချိန်ကုန်သွားသည်ကို သိလိုက်သည်။  Justin လဲ အထဲကို ဝင်လာသည်။

သူ့အင်္ကျီကို ချွတ်လိုက်သည်။  ထို့နောက် လျှောက်လာကာ “စိတ်မဆိုးပါနဲ့ Pete။  ဖေဖေဝယ်ပေးခဲ့တဲ့ အရုပ်ကို တစ်ချက် ကြည့်လိုက်ပါဦး။"

Pete ၏ မျက်လုံးများ တောက်ပလာသည်။

ဖေဖေသည် သူ့ကို နေ့တိုင်း စာကျက်ဖို့ အမြဲတိုက်တွန်းနေပြီး သူ့ကို ကစားခွင့် ပေးခဲသည်။  ဒီနေ့ သူ့အတွက် အရုပ်တွေ တကယ်ဝယ်ခဲ့တာလား။

ထို့နောက်တွင်တော့ Justin သည် ပန်းရောင် Barbie ကြီးကြီးနှင့် လမ်းလျှောက်လာပြီး သူ့စားပွဲပေါ်တွင် တင်လိုက်သည် ။

Pete စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ပေါ်လာပြန်သည်။

သူ့သားက မတုံ့ပြန်တာကိုမြင်တော့ Justin က ရူးနေတုန်းပဲလို့ တွေးပြီး "Daddy မင်းနဲ့ ကစားပေးရမလား?"

Pete က သူ့ကို ဖော်မပြနိုင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။  “…”

နောက်ဆုံးတော့ သူ တုံ့ပြန်လာတာကို တွေ့လိုက်ရတော့ Justin က သူ့ကိုယ် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး "Barbie ရဲ့ ဆံပင်ပုံစံကို စတိုင်လ်ကျအောင် လုပ်ပြီး ပြောင်းလဲလိုက်ကြရအောင်။"

သူသည် Barbie ၏ ထုပ်ပိုးထားသော သေတ္တာကိုဖွင့်ပြီး အရုပ်ကို ထုတ်ယူလိုက်သည်။  သို့သော်၊ ဆံပင်ကို ကိုင်လိုက်ပြီး စန္ဒယားတီးရင် အလွန်သွက်လက်ပြီး လိုက်လျောညီထွေရှိသော သူ၏လက်ချောင်းများသည်  အေးခဲသွားတော့သည်။

“…”

ဝမ်းချုပ်တဲ့အကြည့်နဲ့ Justin က သူ့သားကိုကြည့်ပြီး “ကျစ်ဆံမြီးချည်နည်းသိလား Pete” လို့ မေးလိုက်သည်။

Pete သည် စကားမပြောနိုင်တော့ပေ။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် Pete က “…ဒါက အရမ်းရူးတာပဲ” လို့ ဖြည်းညှင်းစွာ ပြောလိုက်သည်။

Justin ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားတော့သည်။  အကြောင်းတစ်ခုခုကြောင့်၊ သူ့သား၏ တည်ငြိမ်ပြီး ဖော်မပြနိုင်သော အမူအရာကြောင့် သူ့ဒေါသကို မထိန်းနိုင်ဖြစ်ခဲ့ရသည်။  "ဒါကို မင်းအတွက် ငါလုပ်ပေးနေတာ!"

Pete က ခေါင်းငုံ့ပြီး စာအုပ်ကိုလှန်လိုက်ပြီး သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။

Justin  သူ့သားရဲ့ လျစ်လျူရှုမှုကို ခံလိုက်ရတော့အံ့သြသွားသည်။

ထို့နောက် သားဖြစ်သူ ဖြေနေသည့် မေးခွန်းကို စိုက်ကြည့်မိသည်။  မေးခွန်းက Pete ရဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းထက် ကျော်လွန်နေတာကြောင့် “မင်းရဲ့ အခြေခံတွေကို ခိုင်ခိုင်မာမာ နားလည်မှုတောင် မရှိသေးတာကို ဒီလိုခက်ခဲတဲ့မေးခွန်းကို နားလည်နိုင်လို့လား။”

Pete က ခေါင်းမော့ပြီး သူ့ကို မော့ကြည့်ပြန်သည်။  ဒီရိုးရှင်းတဲ့မေးခွန်းရဲ့ ဘယ်အပိုင်းက ခက်ခဲနေလို့လဲ။

အာဏာရှင်၏ အပြုအမူသည် ယနေ့တွင် နားလည်ရခက်နေသည်။

သူက အေးအေးဆေးဆေးပြောတယ် " ကျွန်တော် စာလုပ်နေတဲ့အချိန်မှာ ကျွန်တော့ကို မနှောင့်ယှက်နဲ့။"

“…”

Justin က သူ့သားရဲ့ အပြုအမူကြောင့် သူ့ခဗျာ ရှင်းရှင်းလင်းလင်း ဘာမှတောင် မပြောနိုင်တော့ပေ။  ဒီမေးခွန်းကို လုံးလုံးနားလည်သလို သူ့သားရဲ့ အပြုအမူကို မြင်တဲ့အခါ နောက်ဆုံး သူ့သားအား အလျော့ပေးလိုက်ရတော့သည်။

"ကောင်းပြီ မင်းလုပ်ချင်တာကို သာ လုပ်တော့!"

Pete က ဟန်ဆောင်မှုကို ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ သူ  ကြည့်နေလိုက်မယ်။

ညစာစားပြီးနောက် Justin သည် အံကြိတ်ကာ စာသင်ခန်းထဲတွင် ထိုင်နေခဲ့သည်။

သူ့သားက အရမ်းချစ်စရာကောင်းတဲ့ အပြုအမူဖြစ်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်၊ ဒါပေမဲ့သူ့သားက ဘာလို့ ရုတ်တရက် အထီးကျန်ပြီး ရင့်ကျက်လာပြန်တာလဲ။
(ကြာရင် Justin တစ်ယောက် အရူးထောင်သွားရပါတော့မယ်)

သူက အခု သာမာန်ပုံပေါက်နေပေမယ့် နားမလည်နိုင်တဲ့ အကြောင်းပြချက်တစ်ခုခုကြောင့် Justin သည် သူ့အား နားမလည်နိုင်  အရင်ကတော့ သူ့သားက ဘယ်လောက်ထိ သွက်လက်ခဲ့သလဲ ခုတော့ မတူဘဲ တစ်ခုခုက လွဲနေသလိုပါပဲ။

ဖုန်းကို ကောက်ကိုင်လိုက်ပြီး မိသားစုဆရာဝန်ကို ချက်ခြင်းဖုန်းဆက်လိုက်သည်။  သူက “Pete ရဲ့ ပင်ကိုယ်စရိုက်က ဘာလို့ အလှည့်ကျပြောင်းနေရတာလဲ” လို့ မေးလိုက်သည်။

ဆရာဝန်က ခဏလောက်စဉ်းစားပြီး “အရင်က သူ့ကို တစ်ခုခုက အစပျိုးခဲ့ပြီး သူ့ရဲ့ ပင်ကိုယ်စရိုက်ကို ပြောင်းလဲစေခဲ့တာ ထင်တယ် ” လို့ ပြန်ဖြေခဲ့သည်။

တစ်ခုခု… သူ့ကို ဘယ်အရာကများ  အစပျိုးနိုင်ခဲ့တာလဲ။

အဲဒီမိန်းမဖြစ်နိုင်မလား?

အောက်ထပ်တွင်။

Noraသည် ရေချိုးပြီး  ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည်။

သူမလက်ထဲတွင် ဖုန်းဖြင့် Cherryသည် ဆိုဖာပေါ်တွင် ထိုင်ကာ Chester နှင့် ဂိမ်းဆော့နေသည်။

Chester သည် သူတို့ကစားနေစဉ်တွင် စကားပြောတတ်သည် ။  သူက "မင်း Justin နဲ့ ထပ်ပြီး ငြင်းခုံနေတာလား။  ဒီအပြုအမူက သူ့အတွက် အလုပ်မဖြစ်ဘူးထင်တယ်။  မင်းကဘာလို့ ဆန့်ကျင် နေတာလဲ။  ပြီးတော့ ၊ Justin  ဒီနေ့ဒေါက်တာ Anti ကိုရှာမတွေ့လို့ သူစိတ်မကောင်းဖြစ်နေတာ  အဲဒါကို မင်းက ကလန်ကဆန်လုပ်နေတော့ သူပိုပြီး အနှောက်အယှက်ဖြစ်နေတယ် မဟုတ်ဘူးလား။”

ဒေါက်တာ Anti ကိုရှာနေတာလား။

Cherry အံ့ဩသွားသည်။  အိပ်ခန်းထဲတွင် ကုတင်ပေါ်  မှောက်ရက်နဲ့ ဖုန်းကို ကြည့်လိုက်ပြီး “Chesty ဖေဖေ ဘာလို့ Anti ကိုရှာနေတာလဲ” လို့ မေးလိုက်သည်။

Chester က “ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား။  မင်းအတွက်ပဲ-"

ပြီးခါနီးတွင် တံခါးခေါက်သံ မြည်လာသည်။

မစ္စစ်လူး၀စ်သည် မီးဖိုချောင်တွင် အလုပ်များနေသဖြင့် Cherryသည် ဆိုဖာပေါ်မှ ခုန်ဆင်းကာ တံခါးဆီသို့ လျှောက်သွားခဲ့သည်။  သူမ သိပ်တွေးမနေဘဲ တံခါးကို ချက်ချင်းဖွင့်လိုက်သည်။

Justin သည် လက်ရှိတွင် တံခါးအပြင်ဘက်တွင် ရှိနေသည်။  သူ့သားကို ပြုစုစောင့်ရှောက်ဖို့ Noraကို အပေါ်ထပ် လာခိုင်းဖို့ ကြိုးစားချင်သည်။

တံခါးဖွင့်လိုက်တာနဲ့ စကားပြောဖို့ အသင့်ပြင်ထားခဲ့ပေမဲ့ ဖွင့်ဖွင့်ချင်းပဲ Cherryကို ချက်ချင်းတွေ့လိုက်ရသည်။

Continue Reading

You'll Also Like

1.6M 107K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.4M 92.8K 68
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
860K 21.7K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
985K 23.8K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...