𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎...
By Zoey_Glow
64.2K 8K 778
~မြို့တော်၀န်ကစကားနာခံတတ်ပြီး ထားရာနေစေရာသွားတဲ့အရုပ်ကလေးတွေကိုဆို သိပ်သဘောကျတာလေ...~ ~မြို့တော်ဝန်ကစကားနာခံတ... More
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 [Final]
5
1.7K 242 1
By Zoey_Glow
Z
နာသည်။
သို့ပေမယ့်
"ဒီလာခဲ့!"
"အင်း..မင်းသွားတော့"
U
"မြို့တော်ဝန်တော့ သောင်းကျန်းနေပြီ"
အစေခံတစ်ယောက်၏ ခေါင်းကိုကုတ်ရင်း ဆိုလာတဲ့ စကားမှာ အလုပ်သမားဆောင်ထဲက လူတွေက ငယ်ထိပ်ကို တက်ဆောင့်လိုက်သလို ပြာသွားကြတယ်။ဖင်မထိုင်နိုင် ၊ အိမ်တ်ာဘက်ကို ခြေလိမ်မတတ်သွားနေရနေသူတွေ မှာလည်းဒူးခွေကာ ပျော့ကျလုနီးနီးပင်။
"မြို့တော်ဝန်ပတ်က သိပ်စိတ်ကြီးတာ ဒီကိစ္စနဲ့ လုံးဝကို ဒေါသထွက်နေမှာ။"
အကြောင်းအရင်းကို မေးချင်နေသည့် ဗြောင်၏မျက်ဝန်းတွေကို နားလည်သိသည့်အလား အကိုမင်ဆော့က အကြောင်းကုန်ရှင်းပြလာတယ်။
"အခုကသွေးပူနေတုန်းမို့...မနက်ဖြန် သပတ်ခါ သို့မဟုတ်တော့ ရေလမ်းကလူတွေ ဘုံပျောက်တော့မယ်ဆိုတာ အကိုတော့ ကြိုသိနေပြီ"
အကိုမင်ဆော့က ရယ်နှောနှောပြောရင်း ပြာယာခက်နေသူတွေကို ဘာအကူညီပေးရမလဲ မေးဖို့ ထထွက်သွားတယ်။ကချေသည်တဲ့။သူအများကြီးမဟုတ်တောင် ကြားနေရတဲ့ သတင်းတွေထဲမှာတင် နားရေ၀နေပြီ။အဲ့ဒီအမျိုးသမီး ရိုစီက ကချေသည်တွေကို ကြိုက်နှစ်သက်သူထင်ပါရဲ့။မြို့တော်ဝန်ဟာလည်း ရိုစီအပေါ် စိတ်ရှိသည်ထင်၏။သို့မဟုတ်ရင် ဒီလောက်ပြာနေပါ့မလား။
ထိုသို့တွေးမိပြန်တော့ ရင်ဘက်က ဆစ်ကနဲဖြစ်သွားသည်။
ဗြောင်ဟာ ရင်ဘက်တစ်နေရာကို လက်ညိုးလေးဖြင့် တစ်ချက်ထိကြည့်ရင်း ငြိမ်နေမိသည်။
နာသည်။
သို့ပေမယ့်
ဗြောင်ဟာ တိတ်ဆိတ်စွာ နူးနူးညံ့ညံ့လေးပြုံးလိုက်မိပါသည်။
နူးညံလှပသော လက်ဖယောင်းသွယ်သွယ်တွေဟာ မီးရောင်သာသာအောက် အနုပညာဆန်ဆန် လှုပ်ရှားနေတယ်။တေးဂီတသံဟာ အိမ်တော်ခန်းမအတွင်း ငြိမ့်ညောင်းစွာ ပြန့်နှံ့လျက်ရှိနေပြီး တစ်ကိုယ်စာသာ ထွန်းထားတဲ့ မီးရောင်ဟာ ခြေလက်ဟန်ညီ ပျော့ပျောင်းစွာ ကပြေနေသော လူနောက် အရိပ်သဖွယ်လိုက်၏
တေးဂီတသံနှင့် တေးဂီတံသံနောက် လိုက်ရင်းအလိုလိုလှုပ်ရှားသွားတဲ့ အစိတ်အပိုင်းတွေကို ကြည့်နေသူများမက တီးခတ်သူတွေကပါ ခိုးကြည့်ကြလေတယ်
အဖြူရောင်ကချေသည်ဝတ်စုံခပ်ပါးပါးဟာ မီးရောင်အောက်မို့
သေးသွယ်သော ခါးအား မြင်သာရလေ၏။ဖယောင်းသဖွယ် လက်ချောင်းတွေ၏ ချိုးဆစ်မှုတွေအပါအ၀င် ခပ်အုပ်အုပ်ဆံသားညိုတွေဟာ တစ်ခါခါ လေ၀ဲရှိုက်သည့်အခါ ငေးကြည့်သူအပေါင်းဟာ တစ်ချက်ချက်တော့ အသက်ရှုအောင့်သက်မိကြ၏
မြို့တော်ဝန်ဟာ ဆလိုက်မီးရောင်အောက်က လှုပ်ရှုးမှုများအား တစ်စွန်းတစ်စမကျန်လိုက်ကြည့်၏။မှိတ်ချထားသော မျက်ဝန်းတွေအပါအ၀င် လေမှာ လှုပ်ရှားသွားတဲ့ ဆံကေသာနွယ်တွေကိုရော။ဒါက သိပ်ကိုလှတဲ့ ပန်းချီကားတစ်ချပ်ဟု လူတွေက ထင်ကြေးပေးကြလိမ့်မည်ဆိုတာ မလွှဲဧကန်၏။
တယောထိုးတဲ့ ကောင်လေးဟာ ကချေသည်တစ်ယောက်လို ပိုင်ပိုင်နိုင်နိုင် ကနိုင်မည်ဟု မြို့တော်ဝန်ဟာ မတွေးမိဝံ့ခဲ့။
စန္ဒယားသံတီးခတ်မှုအောက် လှုပ်ရှားနေပုံက စိတ်ခံစားချက်အပြည့်ပင်။နစ်နစ်နဲနဲ တီးခတ်နေသော စန္ဒယားသံဟာ လွမ်းဆွတ်ဖွယ်ကောင်းသည်။စန္ဒယားသံအပါအ၀င် ကပြဖျော်ဖြေသူ၏ စိတ်နှလုံးသားနှစ်ထားပုံဟာ ပါးပြင်ထက်က မျက်ရည်စတွေဟာ သက်သေတည်လေသည်။ထိုလူဟာ တယောထိုးသမားလေး ဗြောင်ပင်ဖြစ်ပေတည်း။
ပြီးဆုံးသွားသော စန္ဒယားသံနှင့် ကပြတင်ဆက်ဖျော်ဖြေမှု။
လက်ခုပ်သံခပ်ကျယ်ကျယ်ဟာ ထွက်ပေါ်လာသည်။ထိုလက်ခုပ်သံပိုင်ရှင်ဟာ မြို့တော်ဝန်ပတ်နံဘေးမှ 'ရိုစီ'ဟူသော အမျိုးသမီးငယ်ထံမှ ဖြစ်နေတယ်
"သူ 'က'တာ ကျွန်မကြိုက်တယ်ပတ်ခ် "
ဗြောင်ဟာ ကချေသည်ဝတ်စုံက အ၀တ်စကို လက်ဖြင့် ဆုတ်ကိုင်ရင်း ခေါင်းကို ငုတ်ထားသည်။
"ဒီလာခဲ့!"
ဗြောင်ဟာ ပြန်လည်လင်းထိန်လာပြီဖြစ်တဲ့ မီးရောင်တွေအောက် တိတ်ဆိတ်စွာ ခြေလှမ်းတွေကို အရှေ့သို့တင်ရင်း...
"မင်းကို ဆုကြေးငွေချီးမြင့်မယ်။မြို့တော်ဝန်ပတ်ရဲ့ တရားဝင်တယောသမားအဖြစ် မင်းကိုခန့်အပ်မယ်။မင်းအတွက် အိမ်တော်ထဲကတစ်နေရာမှာ နေထိုင်ဖို့ စီစဉ်ပေးကြလိမ့်မယ်။ရိုစီ မင်းရော ဘာပြောချင်သေးလဲ"
"NO...ကျွန်မကတော့ သူကကျွန်မကြည့်ဖူးတဲ့ကချေသည်တွေရဲ့ အကထက် ပိုလှတာပဲ သိတယ်။"
မြို့တော်ဝန်က ရိုစီ၏စကားအားနားထောင်ရင်း ဆေးပေါ့လိပ်အား မီးညှိသည်။ရိုစီသည် ခုနက ကပြဖျော်ဖြေမှုကို အတော်သဘောတွေ့နေဟန် ပုံပေါ်၏
"အင်း..မင်းသွားတော့"
ဗြောင်ဟာ သူ့ဆီသို့ ရောက်လာသော စကားကြောင့် အရှေ့က လူ၂ယောက်အား အရိုသေပေးလျက် တိတ်ဆိတ်စွာ ထွက်လာခဲ့တယ်
ညအမှောင်ထဲ ကချေသည်ဝတ်စုံလေးနဲ့ ဗြောင်ဟာဆောင်းလေကိုအံတုရင်း အစေခံအဆောင်ဘက်ပြန်လာခဲ့သည်။
ခန္ဓာကိုယ်ပေါ်က ကချေသည်ဝတ်စုံတွေဟာ ဗြောင်နှင့် လိုက်ဖတ်သည်ဟုပြောကြပေမယ့် ဗြောင်ကတော့ မနှစ်သက်ပါ။
မြို့တော်ဝန်ပတ်၏ ဒေါသကို ငြိမ်းစေလိုငြား အရင်က ကတတ်သလောက်နှင့် ဖျော်ဖြေလိုက်မိရုံသာ။
သေချာတာကတော့ ဗြောင်ဟာ ကရသည်ကို လုံးဝမနှစ်သက်ဘူး။ဒါပေမယ့် သူဘာလို့ ကရတာကို ဒီနေ့လုပ်မိနေမှန်းလည်းမသိဘူး။
သာမန်အညာတရ မြို့လေးထဲက တယောထိုးသမားလေး ဗြောင်က ယခုတွင်တော့ မြို့တော်ဝန်၏ တရားဝင် တယောထိုးသမားလေးဖြစ်နေလေပြီ။ဖျော်ဖြေသူအဆင့်သာသာကနေ တရားဝင် မြို့တော်ဝန်၏ တယောထိုးသမားဖြစ်လာရခြင်းကို အချို့ ဖျော်ဖြေသူတွေက အားကျနေကြပေမယ့် ဗြောင်ကတော့ မပျော်ရွှင်မိပါ။
ဘာကြောင့်လဲဆိုတာကို ဗြောင်မသိပေမယ့် ဗြောင်က ဒီလိုမျိုး အဆောင်အယောင် ဂုဏ်ပုဒ်တွေကိုတော့ တပ်မက်တတ်တဲ့သူ မဟုတ်ဘူး။
ဗြောင်က နေ့ချင်းညချင်းပဲ အစေခံအဆောင်ကနေ အိမ်တော်ထဲက အခန်းငယ်တစ်ခုမှာ နေရာရတယ်။
ကနုတ်လိုင်းတွေက နံရံတွေမှာ ပြီးပြည့်စုံလှပစွာ ဖော်ကြူးရေးဆွဲထားပြီးတော့ လှပသည့် မီးဆိုင်းကြီးတွေက အခန်းအတွင်း အလင်းရောင်လောက်ငစွာရလေအောင် ဖြန့်ချီပေးလေတယ်။
နူးညံ့အိစက်လှသော အိပ်ယာခင်းထက်မှာ တယောအိတ်လေးကိုချရင်း ဗြောင်ဟာ စိတ်လွတ်နေသည့်နယ် ရပ်နေမိသည်။
ပြောင်းလဲသွားသော အခန်းပတ်ဝန်းကျင်အနေအထား။ကြမ်းတမ်းသော အိပ်ယာခင်းနဲ့အကောင်းစားနူးညံသည့်အိပ်ယာခင်းထက်မှာ အိပ်စက်ဖို့ ပြောင်းလဲလာခဲ့လည်း သူနိုးထတိုင်းမှာ သူ့ဘေးနံရံက အေးစက်နေအုန်းမှာပဲ။
ဒီဂီတတွေကသာ သူ့ကိုပျော်ရွှင်စေခဲ့တာ။သူ့အကိုကသာ သူ့ရဲ့ တစ်ဦးတည်းသော သူရဲကောင်းနဲ့ အားကိုးအားထားရာဖြစ်စေခဲ့သည်။အကို၏အကြောင်းအား သတင်းမကြားရသလို အဆင်ပြေရဲ့လား နေကောင်းရဲ့လားဆိုသည်တာ ဗြောင်မသိရ။သတင်းမကြားရပဲ နေမည်ပေါ့ ဗြောင်ဟာ အကို့ဆီ စာမှမပို့ရသေးပေ။
ဗြောင်ဟာ တောဂျောင်ကြားငယ်လေးထဲက တောသားလေးမို့
ဒီလို မြို့တော်ကြီးမှာ ဘယ်နားကနေ ဘယ်လိုစာပို့ရတယ်။ဆက်သွယ်ရတယ်ဆိုတာကို ဗြောင်နားမလည်ပေ။
ဗြောင်ဟာ သက်ပြင်းလေးချရင်း အိပ်စက်အနားယူဖို့သာပြင်တော့တယ်။ဗြောင်အိပ်နေကျ အိပ်ယာနဲ့ ဒီအိပ်ယာက ဘာများကွာခြားသွားအုန်းမှာလဲ။
ဗြောင်ဟာ ရွှေအိုရောင်မျက်ဝန်းတွေ အသာအယာမှိတ်ချလိုက်လေရင်း ခပ်ပါးပါးစောင်လေးကို ရင်ဘက်အထိ ဆွဲခြုံလိုက်လေရင်း အိမ်မက်ကမ္ဘာငယ်လေးဆီ ခပ်ဖြေးဖြေးလျှောက်သွားတယ်။
ရွှေအိုရောင်အခန်းငယ်လေးထဲ တယောထိုးသမားလေးဟာ ကောင်းမွန်စ အိပ်မောကျလျက်ရှိတယ်။မြို့တော်ဝန်အိမ်ရာထဲမှာ တယောထိုးသမားလေးက နေရာတစ်ခုနဲ့ ၀င်ဆန့်လာတဲ့အခါ မြို့တော်ဝန်ပတ်ရဲ့ နှလုံးသားလေးထဲမှာရော နေရာဝင်ဆန့်နိုင်အုန်းလေမလား။
ဗြောင်ကတော့ ခပ်တိုးတိုးဆိုလိမ့်မယ်။
တယောသံစဉ်တွေဟာ မြို့တော်ဝန်ထပ် ပိုစိတ်သက်သာရာရတယ်ဆိုတဲ့အကြောင်း။
Continue Reading
You'll Also Like
116K 4.1K 84
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1M 39.8K 49
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
318K 14.2K 37
જ⁀➴ᡣ𐭩 hidden, various hazbin hotel characters x female reader જ⁀➴ᡣ𐭩 𝑰𝒏 𝒘𝒉𝒊𝒄𝒉 we follow an angel named y/n, who had her bes...
282K 9.6K 52
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024 Started: April 8, 2024 Completed: May 10, 2...