I never said " Alpha "

By MayThuLay1485

13.9K 1K 29

|| Uni & Zaw || ငါဘယ်တော့မှ Alpha လို့မပြောဖူးဘူး။ #ကုန်းရိဖေး၊ ကျန်းကျန့်ယွင် # Writer - Aeri_Saung(D.W) 🖤�... More

🖤 Intro 🖤
🖤 ငါဆေးမသောက်ချင်ဘူး 🖤
🖤 ဇာတ်ကောင်မိတ်ဆက် / ဇာတ္ေကာင္မိတ္ဆက္ 🖤
🖤🔥 အမှတ်အသားပေးခြင်း 🔥🖤
🖤 အရမ်းပင်ပန်းနေပြီ 🖤
🖤 မင်း...လာတယ် 🖤
🖤 ငါက တုံးတာမဟုတ်ပါဘူး 🖤
ငါကမင်းအတွက် ဘာလဲဟင်?
ငါ မမြူဆွယ်ပါဘူး

🖤 ပထမဆုံး Heat ဝင်ခြင်း 🖤

1.1K 101 2
By MayThuLay1485

|| Unicode ||
Chapter - 2

ကျန့်ယွင် ခေါ်လိုက်ပေမဲ့ ကုန်းရိဖေးက လှည့်မကြည့်တော့ဘူး။ တန်းထွက်သွားတော့တာပဲ့။

အတိတ်တွေက ကြာခဲ့ပြီပဲ့။

အမေအရင်းမဆုံးခင် အသက်၅နှစ်မှာ အဖေ၊အမေ ကျန့်ယွင်လေးတို့က အရမ်းပျော်ရွှင်တဲ့ မိသားစုလေးဖြစ်ခဲ့ပါသေးတယ်။ အမေ့ရဲ့ မိသားစုက အဖေ့လောက်မချမ်းသာပေမဲ့ ကိုယ်ပိုင်လုပ်ငန်းအသီးသီးနဲ့ပါ။

ကျန့်ယွင်လေး အသက်၅နှစ်မှာ အမေကရုတ်တရက်ကြီး သေဆုံးသွားခဲ့တယ်။ ဘာလို့မှန်းမသိခဲ့ဘူး။ ဆရာဝန်တစ်ချို့က မတည့်တာစားမိလို့ သွေးအဆိပ်သင့်ခဲ့တာတဲ့။ အဖေက တစ်လအတွင်း နောက်မိန်းမတစ်ယောက်ကိုလက်ထပ်ခဲ့တယ်။ သူတို်ကအစတော့ ကျန့်ယွင်အပေါ်ကောင်းပါတယ်။

ဆေးစစ်ချက်အဖြေမထွက်ခင်အထိပေါ့။ လူတိုင်းကိုယ့်ရဲ့ မျိုးရိုးဗီဇဖြစ်တဲ့ ABO ( Alpha,Beta,Omega) ကိုအသက်၅နှစ်မှာ စစ်ရတယ်။ အဖေကသာမန်Alpha တစ်ယောက်ဖြစ်ပြီး အမေကသွေးသန့်Omega ဖြစ်တယ်။ သူတို့ကလေး ကျန့်ယွင်လေးမှာ Omega လို့အဖြေထွက်လာတော့ မိထွေးနဲ့အဖေတို့ရဲ့ စိတ်ဓာတ်အမှန်တွေ ပေါ်ထွက်လာတော့သည်။

ကလေးကို တားမြစ်ထားတဲ့ ဆေးတွေတိုက်ပြီး Omega ဟော်မုန်းတွေမထွက်အောင် တားကြတော့တယ်။ တားမြစ်တဲ့ဆေးတွေက ကလေးတွေနဲ့လုံးဝမသင့်တော်ဘူး။ ဒါအြပြင်အားပြင်းတဲ့ ဆေးတွေကိုပါ သွေးကျောတွေအတွင်း ထိုးသွင်းတော့သည်။ ငယ်စဥ်ကတည်းကတစ်ယောက်ထဲ ပိတ်လှောင်ခံထားရတဲ့အပြင် Omega နဲ့ပတ်သက်တဲ့ ပညာပေးတွေကိုလုံးဝ မသင်ကြားပေးခဲ့ဘူး။ ဘာလို့ဆို omega တစ်ယောက်လို ပြုမူနေမှာစိုးလို့တဲ့။

ဆရာတွေကိုအိမ်မှာခေါ်သင်ပြီး အတန်းတင်စာမေးပွဲတွေဖြေစေတယ်။ အသက်၇နှစ်ကစ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ခိုင်းခဲ့တယ်။ သေချာတာပေါ့ omega တစ်ယောက်လို သေးသေးကွေးကွေး ဖြစ်မနေအောင်ပေါ့။

နောက်ဆုံးအထက်တန်းနောက်ဆုံးနှစ်ကို အွန်လိုင်းပေါ်ကနေဖြေခဲ့တယ်။ သူတို့နိုင်ငံက တက္ကသိုလ်တွေကို လက်တွေ့သင်ကြားပေးတယ်။ ဒါကြောင့်ကျန့်ယွင်လေးက ပထမဆုံးလူတွေအများကြီးရှိတဲ့ ကျောင်းကိုသွားဖို့ဖြစ်လာခဲ့သည်။ အဆူအပူ၊ အကျိန်းအမောင်း၊ အရိုက်နှက် များစွာခံလာခဲ့ရတဲ့ ကျန့်ယွင်လေးက omega တစ်ယောက်လိုမဟုတ်ပဲ ခန္ဓာကိုယ်တောင့်တင်းပြီး Alpha တစ်ယောက်လိုကြီးပြင်းလာခဲ့တယ်။

သူ့ရဲ့အကြီးမားဆုံး အားနည်းချက်က လူတွေနဲ့စကားမပြောတတ်တာပဲ့။ သူ့အသက်အရွယ်ထိ တစ်ယောက်ထဲ နေလာခဲ့တာ သူမှာစကားပြောဖော်ဆို ဒေါက်တာချင် တစ်ယောက်ထဲရှိခဲ့တယ်။

ကျောင်းမှာသူ့ကို Beta ဒါမှမဟုတ် Alpha လို့ခန့်မှန်းတဲ့သူတွေအများကြီးရှိခဲ့တယ်။ သူ့မှာ ဟော်မုန်းအနံမရှိတဲ့ beta တစ်ယောက်လိုဖြစ်နေပြီး ခန္ဓာကိုယ်အချိုးအစားက alpha တစ်ယောက်လိုဖြစ်နေခဲ့လို့ပေါ့။ ကျောင်းမှာအခက်ခဲဆုံးက လူတစ်ယောက်ကို စိတ်ဝင်စားမိတာပဲ့။ သူဒါကိုဘယ်လိုအဓိပ္ပါယ်မှန်းမသိခဲ့ဘူး။ အဲ့ဒီလူတစ်ယောက်ကို ကြည့်ရတာသဘောကျတယ်။ သူပြန်ကြည့်ရင် ရှက်သလိုလို သူခိုးလူမိသွားသလို ခံစားခဲ့ရတယ်။ ဒါမဲ့တစ်ဖက်လူက
သူ့ရဲ့အေးစက်စက်ဖြစ်နေခဲ့တယ်။ သူ့ကိုအမြဲမုန်းနေခဲ့သည်။

ပုံမှန် omega တစ်ယောက်က အသက် ၁၈ နှစ်မှာပထမဆုံးheat ဝင်တယ်တဲ့။ ဒါမဲ့ကျန့်ယွင်လေးက အသက်၁၈ နှစ်ကို ဘုမသိဘမသိနဲ့ ဖြတ်ကျော်သွားခဲ့ရသည်။ သေချာတာက တားမြစ်ဆေးတွေကြောင့်ပေါ့။ အသက် ၂၅ နှစ်မှာဆေးတွေကို တိတ်တိတ်လေးမသောက်ပဲ ပြစ်လွှတ်တက်ခဲ့တယ်။ ဒါမဲ့လွန်ခဲ့တဲ့ အနှစ်၂၀ လုံးသောက်ခဲ့ရတဲ့ ဆေးအာနိသင်တွေကြောင့် ပုံမှန်ပြန်ဖြစ်မဖြစ် မသိတော့ဘူး။ အခုအသက် ၃၀ ပြည့်တော့မည်။

ဟက် အခုထိထိန်းချုပ်တာ ခံနေရတုန်းပေါ့။ ဘာလို့အဖေတို့အဲ့လိုလုပ်ခဲ့လဲဆိုတာ ရှင်းနေတာပဲ့။ အခုC မြို့တော်က Alpha တွေကိုဦးစားပေးတယ်။ ကျန်းမိသားစုရဲ့ အမွေအားလုံးကို ဆက်ခံရမဲ့သူက Alpha ဖြစ်နေမှရမယ်တဲ့။ ဆွေမျိုးတွေထဲမှာ alphaမျိုးဆက်တွေရှိပေမဲ့ ကျန်းအဖိုးကြီးက ကျန့်ယွင်လေးကိုဦးစားပေးတယ်။ တကယ်လို့ ကျန့်ယွင်သာ omega ဆိုတာသိသွားရင် အမွေတွေကျန့်ယွင်လေးရတော့မှာမဟုတ်ဘူး။

ဒါကြောင့်ကျန့်ယွင်လေးကို omega ဆိုတဲ့အချက်ကိုဖုံးကွယ်ထားကြသည်။ အိုး....မိထွေးက ကိုယ်ဝန်မဆောင်နိုင်တော့ ကျန့်ယွင်ကသာ အဓိကဓားစာခံကောင်လေးတစ်ယောက်ဖြစ်ခဲ့ရသည်။

" ရှောင်ကျန့်.... "

အတွေးတွေများနေတုန်း ဒေါက်တာချင် နဲ့ထပ်တွေ့တယ်။ ချင်လျှိထုံက ဆက်ပြောသည်။

" ဘယ်သူနဲ့တွေ့လိုက်လုပ်တုန်း... မပြန်သေးဘူးလား "

နာနာကျင်ကျင်နဲ့ အနည်းငယ်ပြုံးလိုက်မိသည်။

" အင်း အခုပြန်တော့မှာအကိုလျှိထုံ "

" ok....အား....ရှောင်ကျန့် ခဏလေး ညဘက်ပါတီတစ်ခုရှိတယ်။ မင်းအဖေက ငါ့ကိုပြောတယ်။ မင်းကိုပါခေါ်လာခဲ့တဲ့... "

ကျန့်ယွင် မျက်ခုံးပင့်လိုက်သည်။

" အင်း...အကို သွားမဲ့အချိန် ကျွန်တော့ကိုဖုန်းလှမ်းဆက်လိုက် "

ထို့နောက်အလုပ်ကိုထွက်လာခဲ့သည်။ နေ့လည်စာအတွက် အိမ်ကိုမပြန်ချင်ဘူး။ ဆေးတွေကိုကုမ္ပဏီမှာပဲ့ လက်စဖျောက်လိုက်ချင်ပေမဲ့ နေရာအနှံ CCTV တွေနဲ့မို့ အိတ်ကပ်ထဲသာထည့်ထားလိုက်ရသည်။

[ 7:05 pm ]

လျှိထုံနဲ့အတူပါတီပွဲကို တက်ခဲ့တယ်။ ပွဲမှာ အဖေနဲ့မိထွေးလည်း ရှိနေခဲ့တယ်။

" သားလေး ရှောင်ကျန့်လာပြီလား "

မိထွေးရဲ့ညူတုတု အသံကတော်တော်လေးကို နားဝင်ခါးလှပါတယ်။ အိမ်မှာတမျိုး လူကြားထဲတစ်မျိုးနဲ့ အမျိုးမျိုးပြောင်းလဲနိုင်လွန်းတယ်။ ထုံးစံအတိုင်း ကျန့်ယွင်က အေးစက်စက်မျက်နှာနဲ့သာ တုန့်ပြန်ခဲ့တယ်။

လုပ်ငန်းရှင်တွေကလည်း ကျန့်ယွင်ကိုမျက်နှာလို မျက်နှာရ ချီးကျူး​ကြသည်။ ကျန့်ယွင် စိတ်မပါပဲ ပြန်နှုတ်ဆက်နေရပေမဲ့ ရုတ်တရက်ပြင်းပြတဲ့ အနံတွေရလိုက်တယ်။

" ဘာ....အနံတွေ အကိုလျှိ.... "

ချင်လျှိထုံ ကိုရှာတော့ လုပ်ငန်းရှင်တစ်ချို့နဲ့ စကားလက်ဆုံကျနေခဲ့သည်။

" အား... ဘာလို့ အရမ်းပူလာရတာလဲ။ တစ်ယောက်ယောက် ငါသောက်မဲ့ ဝိုင်ထဲတစ်ခုခုထည့်ထားတာလား။ "

အခြေအနေမဟန်တာကြောင့် party ကနေထွက်လာဖို့ အလောတစ်ကြီး ပြင်ဆင်လိုက်သည်။ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းရင်း ထူးဆန်းတဲ့ ဖိအားရှိတဲ့ Alpha အများအပြားရဲ့ ဟော်မုန်းအနံတွေကို ရလိုက်သည်။

ရုတ်တရက် သူတိတ်တိတ်လေးရှာဖွေဖူးတဲ့ ABO အကြောင်းတွေက ပုံရိပ်တွေအဖြစ်ပေါ်လာခဲ့သည်။ထိုအချိန် သူကအန္တာရယ်များတဲ့ သားရဲအုပ်ထဲ ရောက်နေတာကို သတိထားမိလိုက်သည်။

ဒါကြောင့် ခြေလှမ်းတွေ မြန်လာတဲ့အပြင် စိတ်ကလည်းအလောကြီးလာခဲ့သည်။ ရုတ်တရက် သတိမထားမှုကြောင့် လူတစ်ယောက်ကို ဝင်တိုက်မိတော့တယ်။ ဒါမဲ့သူဂရုမစိုက်နိုင်တော့ဘူး။

နှာခေါင်းထဲတိုးဝင်လာတဲ့ ထိုလူရဲ့ဝိုင်အနံပြင်းပြင်းဟော်မုန်း အနံတို့က အလိပ်လိပ် တိုးဝင်လာကြသည်။ သူ့ရဲ့ခန္ဓာကိုယ်က ပိုမယိုးမယွဖြစ်လာတာကြောင့် ထိုလူကိုလည်း တောင်းပန်ဖို့ မနိုင်တော့ဘူး။ ဒါကြောင့် အပြင်ကိုထွက်မဲ့ခြေလှမ်းကို ပြန်လည်စတင်လိုက်သည်။

ဒါမဲ့ထိုလူက သူ့ကိုသက်ညှာစွာ လွှတ်ပေးမဲ့ပုံမရပါဘူး။ သူ့ရဲ့လက်မောင်းတစ်ဖက်ကို အားနဲ့ဆုပ်ကိုင်ကာ ထိုလူကသူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။ ထို့နောက် အလွန်ဒေါသထွက်နေတဲ့ အသံနဲ့ဆိုလာခဲ့သည်။

" ကျန်း ကျန့် ယွင်...အခုထိမာနကြီးတုန်း မင်းတိုက်သွားတာ လမ်းဘေးကသူတောင်းစားမဟုတ်ဘူး။ တောင်း ပန် စမ်း! "

သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ ဆိုလိုက်သည်။

" ကုန်းရိဖေး ငါတောင်းပန်တယ်။ လွှတ်ပေးပါတော့ "

ကုန်းရိဖေး ဆိုသူက ကြောင်အသွားပြီး လက်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် ကျန်းကျန့်ယွင် ဆီကဆွဲဆောင်မှုရှိတဲ့ ကော်ဖီ အနံလေးကြောင့် မျက်ဆံတစ်စုံဟာ အနီရောင်ပြောင်းလိုက် မူလအနက်ရောင်ပြောင်းလိုက်ဖြစ် တုန့်ဆိုင်းနေခဲ့ပြီး ထိုထွက်ပြေးသွားတဲ့ ကောင်လေးအနောက်လိုက်ခဲ့သည်။ သူမြင်လိုက်ရတာက လမ်းကြားတစ်ခုထဲ Heat ဝင်နေတဲ့ကောင်လေး တစ်ယောက်ပဲ။

သူသေချာကြည့်မှ ထိုကောင်လေးက သူကြည့်မရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့သာ်။

" မင်း.....မင်း....Omega လား။ "

" ငါက ...... Alphaလို့ မပြောဖူးဘူး "

ဘာလို့ဒီအသံက အရမ်းဆွဲဆောင်မှုရှိတယ်လို့ ခံစားရတာပါလဲ။ အရမ်းလည်းသနားစရာကောင်းသလို ဖျစ်ညစ်ပြစ်ချင်စရာလည်း ကောင်းလှတယ်။ သူ့ရဲ့အတွေးတွေထဲ ထိုကောင်လေးပေါ် ညစ်ပတ်တဲ့အတွေးတွေ တစ်သီကြီးပေါ်လာတော့တယ်။

" WTF ! အသက် 30 မှ Heat ဝင်တာလား ဟက် ဒါမဲ့.....ဒီတစ်ခါတော့ ငါ့ကို မင်း မလွန်ဆန်နိုင်တော့ဘူး "

ကျန့်ယွင် ကိုပခုံးပေါ်ကို ချီပြီးကားဆီဦးတည်လိုက်သည်။

" အ့.... ဘယ်ကို...."

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ဟဲလို....နှစ်တစ်ထောင် ဗီလိန်မလေးဆောင်း ပြန်ပေါ်လာပါပြီ။ 😂 .....

ဟုတ်ကဲ့....ဒါကို တစ်ပတ်တိတိ ဆက်တိုက်တင်ပေးမှာပါ...နောက်ပြီး တစ်ခြားတစ်ပုဒ်ကိုတစ်ပတ်.....ဒီလိုပဲ့သွားတော့မှာပါ။😊

11.Dec.21
Saung's

============================================

ပထမဆုံး heat ဝင္ျခင္း

|| Zawgyi ||
C

hapter - 2

က်န့္ယြင္ ေခၚလိုက္ေပမဲ့ ကုန္းရိေဖးက လွည့္မၾကည့္ေတာ့ဘူး။ တန္းထြက္သြားေတာ့တာပဲ့။

အတိတ္ေတြက ၾကာခဲ့ၿပီပဲ့။

အေမအရင္းမဆုံးခင္ အသက္၅ႏွစ္မွာ အေဖ၊အေမ က်န့္ယြင္ေလးတို႔က အရမ္းေပ်ာ္႐ႊင္တဲ့ မိသားစုေလးျဖစ္ခဲ့ပါေသးတယ္။ အေမ့ရဲ႕ မိသားစုက အေဖ့ေလာက္မခ်မ္းသာေပမဲ့ ကိုယ္ပိုင္လုပ္ငန္းအသီးသီးနဲ႕ပါ။

က်န့္ယြင္ေလး အသက္၅ႏွစ္မွာ အေမက႐ုတ္တရက္ႀကီး ေသဆုံးသြားခဲ့တယ္။ ဘာလို႔မွန္းမသိခဲ့ဘူး။ ဆရာဝန္တစ္ခ်ိဳ႕က မတည့္တာစားမိလို႔ ေသြးအဆိပ္သင့္ခဲ့တာတဲ့။ အေဖက တစ္လအတြင္း ေနာက္မိန္းမတစ္ေယာက္ကိုလက္ထပ္ခဲ့တယ္။ သူတို္ကအစေတာ့ က်န့္ယြင္အေပၚေကာင္းပါတယ္။

ေဆးစစ္ခ်က္အေျဖမထြက္ခင္အထိေပါ့။ လူတိုင္းကိုယ့္ရဲ႕ မ်ိဳးရိုးဗီဇျဖစ္တဲ့ ABO ( Alpha,Beta,Omega) ကိုအသက္၅ႏွစ္မွာ စစ္ရတယ္။ အေဖကသာမန္Alpha တစ္ေယာက္ျဖစ္ၿပီး အေမကေသြးသန့္Omega ျဖစ္တယ္။ သူတို႔ကေလး က်န့္ယြင္ေလးမွာ Omega လို႔အေျဖထြက္လာေတာ့ မိေထြးနဲ႕အေဖတို႔ရဲ႕ စိတ္ဓာတ္အမွန္ေတြ ေပၚထြက္လာေတာ့သည္။

ကေလးကို တားျမစ္ထားတဲ့ ေဆးေတြတိုက္ၿပီး Omega ေဟာ္မုန္းေတြမထြက္ေအာင္ တားၾကေတာ့တယ္။ တားျမစ္တဲ့ေဆးေတြက ကေလးေတြနဲ႕လုံးဝမသင့္ေတာ္ဘူး။ ဒါျအျပင္အားျပင္းတဲ့ ေဆးေတြကိုပါ ေသြးေက်ာေတြအတြင္း ထိုးသြင္းေတာ့သည္။ ငယ္စဥ္ကတည္းကတစ္ေယာက္ထဲ ပိတ္ေလွာင္ခံထားရတဲ့အျပင္ Omega နဲ႕ပတ္သက္တဲ့ ပညာေပးေတြကိုလုံးဝ မသင္ၾကားေပးခဲ့ဘူး။ ဘာလို႔ဆို omega တစ္ေယာက္လို ျပဳမူေနမွာစိုးလို႔တဲ့။

ဆရာေတြကိုအိမ္မွာေခၚသင္ၿပီး အတန္းတင္စာေမးပြဲေတြေျဖေစတယ္။ အသက္၇ႏွစ္ကစ ေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္ခိုင္းခဲ့တယ္။ ေသခ်ာတာေပါ့ omega တစ္ေယာက္လို ေသးေသးေကြးေကြး ျဖစ္မေနေအာင္ေပါ့။

ေနာက္ဆုံးအထက္တန္းေနာက္ဆုံးႏွစ္ကို အြန္လိုင္းေပၚကေနေျဖခဲ့တယ္။ သူတို႔နိုင္ငံက တကၠသိုလ္ေတြကို လက္ေတြ႕သင္ၾကားေပးတယ္။ ဒါေၾကာင့္က်န့္ယြင္ေလးက ပထမဆုံးလူေတြအမ်ားႀကီးရွိတဲ့ ေက်ာင္းကိုသြားဖို႔ျဖစ္လာခဲ့သည္။ အဆူအပူ၊ အက်ိန္းအေမာင္း၊ အရိုက္ႏွက္ မ်ားစြာခံလာခဲ့ရတဲ့ က်န့္ယြင္ေလးက omega တစ္ေယာက္လိုမဟုတ္ပဲ ခႏၶာကိုယ္ေတာင့္တင္းၿပီး Alpha တစ္ေယာက္လိုႀကီးျပင္းလာခဲ့တယ္။

သူ႕ရဲ႕အႀကီးမားဆုံး အားနည္းခ်က္က လူေတြနဲ႕စကားမေျပာတတ္တာပဲ့။ သူ႕အသက္အ႐ြယ္ထိ တစ္ေယာက္ထဲ ေနလာခဲ့တာ သူမွာစကားေျပာေဖာ္ဆို ေဒါက္တာခ်င္ တစ္ေယာက္ထဲရွိခဲ့တယ္။

ေက်ာင္းမွာသူ႕ကို Beta ဒါမွမဟုတ္ Alpha လို႔ခန့္မွန္းတဲ့သူေတြအမ်ားႀကီးရွိခဲ့တယ္။ သူ႕မွာ ေဟာ္မုန္းအနံမရွိတဲ့ beta တစ္ေယာက္လိုျဖစ္ေနၿပီး ခႏၶာကိုယ္အခ်ိဳးအစားက alpha တစ္ေယာက္လိုျဖစ္ေနခဲ့လို႔ေပါ့။ ေက်ာင္းမွာအခက္ခဲဆုံးက လူတစ္ေယာက္ကို စိတ္ဝင္စားမိတာပဲ့။ သူဒါကိုဘယ်လိုအဓိပ္ပါယ်မှန်းမသိခဲ့ဘူး။ အဲ့ဒီလူတစ္ေယာက္ကို ၾကည့္ရတာသေဘာက်တယ္။ သူျပန္ၾကည့္ရင္ ရွက္သလိုလို သူခိုးလူမိသြားသလို ခံစားခဲ့ရတယ္။ ဒါမဲ့တစ္ဖက္လူက
သူ႕ရဲ႕ေအးစက္စက္ျဖစ္ေနခဲ့တယ္။ သူ႕ကိုအၿမဲမုန္းေနခဲ့သည္။

ပုံမွန္ omega တစ္ေယာက္က အသက္ ၁၈ ႏွစ္မွာပထမဆုံးheat ဝင္တယ္တဲ့။ ဒါမဲ့က်န့္ယြင္ေလးက အသက္၁၈ ႏွစ္ကို ဘုမသိဘမသိနဲ႕ ျဖတ္ေက်ာ္သြားခဲ့ရသည္။ ေသခ်ာတာက တားျမစ္ေဆးေတြေၾကာင့္ေပါ့။ အသက္ ၂၅ ႏွစ္မွာေဆးေတြကို တိတ္တိတ္ေလးမေသာက္ပဲ ျပစ္လႊတ္တက္ခဲ့တယ္။ ဒါမဲ့လြန္ခဲ့တဲ့ အႏွစ္၂၀ လုံးေသာက္ခဲ့ရတဲ့ ေဆးအာနိသင္ေတြေၾကာင့္ ပုံမွန္ျပန္ျဖစ္မျဖစ္ မသိေတာ့ဘူး။ အခုအသက္ ၃၀ ျပည့္ေတာ့မည္။

ဟက္ အခုထိထိန္းခ်ဳပ္တာ ခံေနရတုန္းေပါ့။ ဘာလို႔အေဖတို႔အဲ့လိုလုပ္ခဲ့လဲဆိုတာ ရွင္းေနတာပဲ့။ အခုC ၿမိဳ႕ေတာ္က Alpha ေတြကိုဦးစားေပးတယ္။ က်န္းမိသားစုရဲ႕ အေမြအားလုံးကို ဆက္ခံရမဲ့သူက Alpha ျဖစ္ေနမွရမယ္တဲ့။ ေဆြမ်ိဳးေတြထဲမွာ alphaမ်ိဳးဆက္ေတြရွိေပမဲ့ က်န္းအဖိုးႀကီးက က်န့္ယြင္ေလးကိုဦးစားေပးတယ္။ တကယ္လို႔ က်န့္ယြင္သာ omega ဆိုတာသိသြားရင္ အေမြေတြက်န့္ယြင္ေလးရေတာ့မွာမဟုတ္ဘူး။

ဒါေၾကာင့္က်န့္ယြင္ေလးကို omega ဆိုတဲ့အခ်က္ကိုဖုံးကြယ္ထားၾကသည္။ အိုး....မိေထြးက ကိုယ္ဝန္မေဆာင္နိုင္ေတာ့ က်န့္ယြင္ကသာ အဓိကဓားစာခံေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့ရသည္။

" ေရွာင္က်န့္.... "

အေတြးေတြမ်ားေနတုန္း ေဒါက္တာခ်င္ နဲ႕ထပ္ေတြ႕တယ္။ ခ်င္လွ်ိထုံက ဆက္ေျပာသည္။

" ဘယ္သူနဲ႕ေတြ႕လိုက္လုပ္တုန္း... မျပန္ေသးဘူးလား "

နာနာက်င္က်င္နဲ႕ အနည္းငယ္ၿပဳံးလိုက္မိသည္။

" အင္း အခုျပန္ေတာ့မွာအကိုလွ်ိထုံ "

" ok....အား....ေရွာင္က်န့္ ခဏေလး ညဘက္ပါတီတစ္ခုရွိတယ္။ မင္းအေဖက ငါ့ကိုေျပာတယ္။ မင္းကိုပါေခၚလာခဲ့တဲ့... "

က်န့္ယြင္ မ်က္ခုံးပင့္လိုက္သည္။

" အင္း...အကို သြားမဲ့အခ်ိန္ ကြၽန္ေတာ့ကိုဖုန္းလွမ္းဆက္လိုက္ "

ထို႔ေနာက္အလုပ္ကိုထြက္လာခဲ့သည္။ ေန႕လည္စာအတြက္ အိမ္ကိုမျပန္ခ်င္ဘူး။ ေဆးေတြကိုကုမၸဏီမွာပဲ့ လက္စေဖ်ာက္လိုက္ခ်င္ေပမဲ့ ေနရာအႏွံ CCTV ေတြနဲ႕မို႔ အိတ္ကပ္ထဲသာထည့္ထားလိုက္ရသည္။

[ 7:05 pm ]

လွ်ိထုံနဲ႕အတူပါတီပြဲကို တက္ခဲ့တယ္။ ပြဲမွာ အေဖနဲ႕မိေထြးလည္း ရွိေနခဲ့တယ္။

" သားေလး ေရွာင္က်န့္လာၿပီလား "

မိေထြးရဲ႕ၫူတုတု အသံကေတာ္ေတာ္ေလးကို နားဝင္ခါးလွပါတယ္။ အိမ္မွာတမ်ိဳး လူၾကားထဲတစ္မ်ိဳးနဲ႕ အမ်ိဳးမ်ိဳးေျပာင္းလဲနိုင္လြန္းတယ္။ ထုံးစံအတိုင္း က်န့္ယြင္က ေအးစက္စက္မ်က္ႏွာနဲ႕သာ တုန့္ျပန္ခဲ့တယ္။

လုပ္ငန္းရွင္ေတြကလည္း က်န့္ယြင္ကိုမ်က္ႏွာလို မ်က္ႏွာရ ခ်ီးက်ဴးၾကသည္။ က်န့္ယြင္ စိတ္မပါပဲ ျပန္ႏႈတ္ဆက္ေနရေပမဲ့ ႐ုတ္တရက္ျပင္းျပတဲ့ အနံေတြရလိုက္တယ္။

" ဘာ....အနံေတြ အကိုလွ်ိ.... "

ခ်င္လွ်ိထုံ ကိုရွာေတာ့ လုပ္ငန္းရွင္တစ္ခ်ိဳ႕နဲ႕ စကားလက္ဆုံက်ေနခဲ့သည္။

" အား... ဘာလို႔ အရမ္းပူလာရတာလဲ။ တစ္ေယာက္ေယာက္ ငါေသာက္မဲ့ ဝိုင္ထဲတစ္ခုခုထည့္ထားတာလား။ "

အေျခအေနမဟန္တာေၾကာင့္ party ကေနထြက္လာဖို႔ အေလာတစ္ႀကီး ျပင္ဆင္လိုက္သည္။ ေျခလွမ္းေတြကိုခပ္သြက္သြက္လွမ္းရင္း ထူးဆန္းတဲ့ ဖိအားရွိတဲ့ Alpha အမ်ားအျပားရဲ႕ ေဟာ္မုန္းအနံေတြကို ရလိုက္သည္။

႐ုတ္တရက္ သူတိတ္တိတ္ေလးရွာေဖြဖူးတဲ့ ABO အေၾကာင္းေတြက ပုံရိပ္ေတြအျဖစ္ေပၚလာခဲ့သည္။ထိုအခ်ိန္ သူကအႏၱာရယ္မ်ားတဲ့ သားရဲအုပ္ထဲ ေရာက္ေနတာကို သတိထားမိလိုက္သည္။

ဒါေၾကာင့္ ေျခလွမ္းေတြ ျမန္လာတဲ့အျပင္ စိတ္ကလည္းအေလာႀကီးလာခဲ့သည္။ ႐ုတ္တရက္ သတိမထားမႈေၾကာင့္ လူတစ္ေယာက္ကို ဝင္တိုက္မိေတာ့တယ္။ ဒါမဲ့သူဂ႐ုမစိုက္နိုင္ေတာ့ဘူး။

ႏွာေခါင္းထဲတိုးဝင္လာတဲ့ ထိုလူရဲ႕ဝိုင္အနံျပင္းျပင္းေဟာ္မုန္း အနံတို႔က အလိပ္လိပ္ တိုးဝင္လာၾကသည္။ သူ႕ရဲ႕ခႏၶာကိုယ္က ပိုမယိုးမယြျဖစ္လာတာေၾကာင့္ ထိုလူကိုလည္း ေတာင္းပန္ဖို႔ မနိုင္ေတာ့ဘူး။ ဒါေၾကာင့္ အျပင္ကိုထြက္မဲ့ေျခလွမ္းကို ျပန္လည္စတင္လိုက္သည္။

ဒါမဲ့ထိုလူက သူ႕ကိုသက္ညွာစြာ လႊတ္ေပးမဲ့ပုံမရပါဘူး။ သူ႕ရဲ႕လက္ေမာင္းတစ္ဖက္ကို အားနဲ႕ဆုပ္ကိုင္ကာ ထိုလူကသူ႕ဘက္သို႔ ဆြဲလွည့္လိုက္သည္။ ထို႔ေနာက္ အလြန္ေဒါသထြက္ေနတဲ့ အသံနဲ႕ဆိုလာခဲ့သည္။

" က်န္း က်န့္ ယြင္...အခုထိမာနႀကီးတုန္း မင္းတိုက္သြားတာ လမ္းေဘးကသူေတာင္းစားမဟုတ္ဘူး။ ေတာင္း ပန္ စမ္း! "

သူ႕စိတ္ကိုအတတ္နိုင္ဆုံးထိန္းကာ ဆိုလိုက္သည္။

" ကုန္းရိေဖး ငါေတာင္းပန္တယ္။ လႊတ္ေပးပါေတာ့ "

ကုန္းရိေဖး ဆိုသူက ေၾကာင္အသြားၿပီး လက္ကိုလႊတ္ေပးလိုက္သည္။ ထို႔ေနာက္ က်န္းက်န့္ယြင္ ဆီကဆြဲေဆာင္မႈရွိတဲ့ ေကာ္ဖီ အနံေလးေၾကာင့္ မ်က္ဆံတစ္စုံဟာ အနီေရာင္ေျပာင္းလိုက္ မူလအနက္ေရာင္ေျပာင္းလိုက္ျဖစ္ တုန့္ဆိုင္းေနခဲ့ၿပီး ထိုထြက္ေျပးသြားတဲ့ ေကာင္ေလးအေနာက္လိုက္ခဲ့သည္။ သူျမင္လိုက္ရတာက လမ္းၾကားတစ္ခုထဲ Heat ဝင္ေနတဲ့ေကာင္ေလး တစ္ေယာက္ပဲ။

သူေသခ်ာၾကည့္မွ ထိုေကာင္ေလးက သူၾကည့္မရတဲ့ လူတစ္ေယာက္ျဖစ္ေနခဲ့သာ္။

" မင္း.....မင္း....Omega လား။ "

" ငါက ...... Alphaလို႔ မေျပာဖူးဘူး "

ဘာလို႔ဒီအသံက အရမ္းဆြဲေဆာင္မႈရွိတယ္လို႔ ခံစားရတာပါလဲ။ အရမ္းလည္းသနားစရာေကာင္းသလို ဖ်စ္ညစ္ျပစ္ခ်င္စရာလည္း ေကာင္းလွတယ္။ သူ႕ရဲ႕အေတြးေတြထဲ ထိုေကာင္ေလးေပၚ ညစ္ပတ္တဲ့အေတြးေတြ တစ္သီႀကီးေပၚလာေတာ့တယ္။

" WTF ! အသက္ 30 မွ Heat ဝင္တာလား ဟက္ ဒါမဲ့.....ဒီတစ္ခါေတာ့ ငါ့ကို မင္း မလြန္ဆန္နိုင္ေတာ့ဘူး "

က်န့္ယြင္ ကိုပခုံးေပၚကို ခ်ီၿပီးကားဆီဦးတည္လိုက္သည္။

" အ့.... ဘယ္ကို...."

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ဟဲလို....ႏွစ္တစ္ေထာင္ ဗီလိန္မေလးေဆာင္း ျပန္ေပၚလာပါၿပီ။ 😂 .....

ဟုတ္ကဲ့....ဒါကို တစ္ပတ္တိတိ ဆက္တိုက္တင္ေပးမွာပါ...ေနာက္ၿပီး တစ္ျခားတစ္ပုဒ္ကိုတစ္ပတ္.....ဒီလိုပဲ့သြားေတာ့မွာပါ။😊

11.Dec.21
Saung's

============================================

Continue Reading

You'll Also Like

36.9K 1.1K 59
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
47K 5.3K 10
Dragonwall's queen no longer remembers who she is. Her magic is locked away at the hands of an evil sorcerer. Kane hoped to deal the drengr monarchy...
1.9M 97.2K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
1.4M 97K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...