一个钢镚儿(A lucky coin)
အပိုင်း၈၅
ချူးယိ၏ ဒီတစ်ချက် ကိုက်ခြင်းက ယမ့်ဟန်၏ လည်ချောင်းကို အတော်လေး ခြောက်ကပ်သွားစေသော်လည်း ၊ ဒီလမ်းတစ်လျှောက်လုံးမှာ မော်တော်ကားပြင်ဆိုင် ၊ မော်တော်ကားပစ္စည်းရောင်းဆိုင်များသာရှိ၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာ အလွန်နည်းသော်လည်း ၊ အခုအချ်ိန်၌ ဖြတ်သွားသည့် ကားတစ်စီးတစ်လေတောင် မရှိသော်လည်း ၊ ယမ့်ဟန်မှာ ချူးယိ၏ ဆံပင်ကို ဆွဲ၍ ချူးယိအား ခရီးသည်ထိုင်ခုံပေါ် သေချာထိုင်ခိုင်းလိုက်သည်။
ဒီလို ကားပေါ်လိင်ဆက်ဆံခြင်းမျိုးကို မကြာမကြာ ကြားဖူးနေသော်လည်း ၊ လမ်းမကြီးပေါ်တွင် ကားကိုလှုပ်ခါရဲသည့် သတ္တိမျိုး သူ့မှာ ရှိမနေပေ။
"မင်း ထွက်,ထွက်လာတဲ့ အချိန်တုန်းက ရေ,ရေချိုးခဲ့တယ် မဟုတ်လား?"
ချူးယိက လုံခြုံရေး ခါးပတ် ပတ်နေရင်း မေးလိုက်သည်။
"အရမ်းမွှေးနေတယ်"
"မဟုတ်ပါဘူး"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး "ငါ ကားရေဆေးပြီးလို့ ပြန်သွားကတည်းက ရေချိုးထားတာ ၊ ဟုတ်ပြီလား ၊ တစ်ကိုယ်လုံး ချွေးတွေကြီးပဲကို ၊ ငါက ထွက်လာမှ ရေချိုးရတဲ့အထိ တောင့်ခံန်ိုင်ပါ့မလား?"
"ငါတော့ ရေမ,ချိုးရသေးဘူး"
ချူးယိက ကိုယ့်ယူနီဖောင်းကို ဆွဲယူ၍ အနံ့ခံကြည့်လိုက်သည်။
"နံလား?"
"ကိုယ့်ဘာသာ အနံ့ခံကြည့်ပြီးပြီက်ို ၊ သူများကို လာမေးနေသေးတယ်?"
ယမ့်ဟန်က ပြောလိုက်သည်။
"ဘယ်လိုလုပ်မလဲ"
ချူးယိမှာ အတော်လေး စိတ်ဖိစီးသွားမိသည်။
"ငါ နံနေတယ်"
ယမ့်ဟန်မှာ ကားမောင်းနေရင်း ရယ်လိုက်မိသည်။လမ်းမ တစ်၀က်လောက် ရောက်သည်အထိ ရယ်နေပြီး နောက်မှ ၊ ကားနောက်ခန်းကို ညွှန်ပြလိုက်ပြီး :
"မင်းအတွက် အင်္ကျီတစ်စုံ ယူလာခဲ့ပေးတယ် ၊ အရင်ဆုံး လဲ၀တ်ထားလိုက်ပေါ့ ၊ ငါလည်း အခု မင်းကို မစားသေးပါဘူး ၊ အိမ်ရောက်မှ ရေချိုးလိုက်"
"မင်းက တကယ်ကို ကြင်,ကြင်နာတတ်တာပဲ"
ချူးယိက ချက်ချင်းပင် လုံခြုံရေး ခါးပတ်ကို ဖြုတ်လိုက်ပြီး ၊ ကားနောက်ခန်းထဲ တွားသွား၍ သွားလိုက်သည်။
"အကုန်ချွတ်လိုက် ၊ ငါ ကြည့်ကြည့်မယ်"
ယမ့်ဟန်က နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။
"မင်း ဆာလောင်နေတာ မ,မဟုတ်လား?"
ချူးယိက အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်သည်။
"လူငယ်မဟုတ်လား"
ယမ့်ဟန်က နောက်ကြည့်မှန်ထဲကနေ ချူးယိ၏ ကျစ်လျစ်နေသည့် ကြွက်သားလိုင်းကြောင်းများကို ကြည့်၍ သက်ပြင်းချလိုက်သည်။
"တကယ်ပဲ ၊ ငါ မင်းရဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တဲ့ အချိန်ကျမှ ၊ မင်း လူငယ်လေးတစ်ယောက် ဖြစ်နေပြီဆိုတာကို သတိထားမိတယ်"
"ပြောနေတဲ့ လေသံ အ,ဖိုးကြီးနဲ့ တူ,တူနေတယ်"
ချူးယိက တီရှပ်ကို ၀တ်လိုက်ပြီး ၊ တစ်ဆက်တည်းပင် ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။
ယမ့်ဟန်မှာ အကြည့်ကို လွှဲလိုက်သည်။ကားမောင်းလျှင် အာရုံစိုက်ရမည်ပင်။မတော်တဆများ တိုက်မိသွားပါက ရဲတွေရောက်လာပြီး.....အိုး?လမ်းမကြီးပေါ်မှာ ကားတစ်စိီးက သစ်ပင်ကို ၀င်တိုက်မိသွားတယ်။ကားပေါ်က ကောင်လေးနှစ်ယောက်လုံး ဒဏ်ရာရသွားကြတယ်။အဲ့ထဲက ကောင်လေးတစ်ယောက်က ဘောင်းဘီ ၀တ်မထားဘူး။
အဲ့လိုဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပေ။
ချူးယိက အင်္ကျီလဲပြီးသွားသည့် အချိန်တွင် ခရီးသည်ခုံပေါ် တွားသွား၍ ပြန်သွားထိုင်လိုက်ပြီး ၊ လက်ဖြင့် ဘောင်းဘီအိတ်ကပ်ကို ပုတ်လိုက်သည်။
ယမ့်ဟန်က ချူးယိကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ကွန်ဒုံး"
ချူးယိက အနေရခက်စွာဖြင့် ရယ်ပြလိုက်သည်။
"အဲ့ဒါက ချွေးယိရဲ့ ကွန်ဒုံးလေ"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက်စုတ်သပ်လိုက်ပြီး
"မင်းက ချမထားရက် ဖြစ်နေတာလား?"
"ယူသွားပြိီး သူ့က်ို ပြန်,ပြန်ပေးမလို့"
ချူးယ်ိက ပြောလိုက်သည်။
"အိုင်း ! "
ယမ့်ဟန်က တစ်ချက် အော်ပြောလိုက်သည်။
"မင်း ဒီပစ္စည်းကို နဂိုနေရာမှာ ပြန်ထားချင်ထား ၊ ပစ်ချင်လည်း လွှင့်ပစ်လိုက် ၊ မင်း အဲ့ပစ္စည်းကို ယူပြီး ဦးလေးချွေး ၊ ကျွန်တော် ဦးလေးရဲ့ ကားပေါ်မှာ ကွန်ဒုံးတစ်ခု ကောက်ရခဲ့တယ် ဆိုပြီး သူ့ကို သွားပြောမနေနဲ့ဦး"
ချူးယိမှာ ထိုင်ခုံနောက်မှီပေါ် မှီ၍ ရယ်နေမိသည်မှာ ရပ်လို့ပင် မရတော့ပေ။
"လောင်ချွေးကလည်း ငါ့အဖေလိုပဲ ၊ ကြည့်လိုက်ရင် အသက်ငယ်သေးတဲ့ပုံ ပေါက်တယ် ၊ လူက အသက်လေးဆယ်လောက် ရှိနေပြီ ၊ ကားပေါ်မှာ ကွန်ဒုံးတစ်ခု ထားထားတာကို ကလေးစုတ်လေးက တွေ့သွားတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"တော်တော်လေး မလွယ်တာပဲ"
"ဦးလေးချွေးက ဘယ်သူ,နဲ့ သုံးတာလဲ?"
ချူးယိက ခေါင်းကိုစောင်း၍ တစ်ခွန်းမေးလိုက်သည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"သူက လက်လည်း မထပ်ဘူး ၊ ကောင်မလေးလည်း မရှိဘူး ၊ ကောင်လေးလည်း မရှိဘူး ၊ အရမ်း စေ့စပ်တော့ ရှောင်ကျဲ လည်း ရှာလောက်မှာ မဟုတ်ဘူး.....ကြည့်ရတာတော့ အိပ်ဖော် ရှိတယ်ထင်တယ် ၊ ယောကျာ်းအိုကြီးတွေရဲ့ လောကကို ငါ သိပ်မသိဘူး"
"သြော"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။စဥ်းစားနေလိုက်ပြီး ခေါင်းပြန်လှည့်လိုက်ကာ
"ဘာဖြစ်လို့ လက်မ,မထပ်တာလဲ?"
"မသိဘူးလေ"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒီကိစ္စက်ို မင်း သူ့ကို သွားမေးကြည့်လိုက်"
"အင်း"
ချူးယိက ခေါင်းထပ်ညိတ်ပြလိုက်သည်။
"မင်း တကယ်ကြီး သွားမေးမနေနဲ့နော် ! "
ယမ့်ဟန်မှာ ချူးယိ၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် နောက်တစ်ခွန်း ထပ်ဖြည့်ပြောလိုက်ရသည်။
ချူးယိက ရယ်လိုက်ပြီး ၊ သက်ပြင်းချလိုက်ကာ :
"မင်း ငါ့ကို အ,အရမ်း ရူးကြောင်ကြောင် နိုင်တယ်လို့ ထင်နေတာ မ,ဟုတ်လား?"
"ဘယ်သူက မင်းကို အလေးအနက်ပုံစံနဲ့ အင်းလို့ ဖြေခိုင်းနေလို့လဲ?"
ယမ့်ဟန်က ပြောလိုက်သည်။
ချူးယိက ရယ်နေပြီး ဘာမှ မပြောပေ။
ယမ့်ဟန်မှာ ကားကို မြို့ထဲဘက် မောင်းလာခဲ့လိုက်သည်။ဒီနေ့ည သူရော ချူးယိပါ အချိန်ရှိကြသည်။နေရာတစ်နေရာ ရှာပြီး အစားအသောက်ကောင်း နည်းနည်းပါးပါး စားလို့ ရသည်ပင်။ထို့အပြင် ဂီတပွဲတော် အသေးလေးတစ်ခု နားထောင်ရန် သူ ချူးယိကို ဘားဆီ ခေါ်သွားဖို့ စဥ်းစားထားသည်။လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက ဂီတပွဲတော်၏ လက်မှတ်တစ်စောင်အား ၀မ်ကျဲက သူ့ကို ပေးထားသည်။သူ ချူးယိကို မပြောပြထားပေ။ဒီနေ့သွားဖ်ို့ရန် အချိန်အဆင်မပြေမှာ စိုးလို့ပင်။
အမှန်တော့ ချူးယိသာ မရှိဘူးဆိုပါက သူဒီကိစ္စက်ို စိတ်မ၀င်စားပေ။သို့သော်လည်း ချူးယိရှိနေတာကြောင့် မတူတော့ပေ။အသစ်အဆန်းကိစ္စအမျိုးမျိုးကို ချူးယိအား သူကြည့်စေချင်မ်ိသည်။
နေ့တိုင်း အဲ့လို ထူအနေတာမျိုး သိပ်မဖြစ်တော့အောင်လို့ပင်။
အတော်ကြာအောင် ကားမောင်လာခဲ့သော်လည်း ၊ ချူးယိက စကားတစ်ခွန်းမှ ပြောမလာပေ။
ယမ့်ဟန်မှာ ခေါင်းကိုစောင်း၍ ချူးယိအား တစ်ချက်လှမ်းကြည့်လိုက်မိပြီး ၊ ကြောင်အသွားခဲ့သည်။ :
"မင်းက တကယ်ကို......စူးစမ်းချင်စိတ် အရမ်းရှိတာပဲ"
"တကယ်တော့ စပ်,စပ်စုချင်တာပါ"
ချူးယိမှာ အတော်လေး ရှက်ရွံ့သွားမိသည်။
"မင်း ဆက်ပြီး စူးစမ်းနေလိုက်ဦး"
ယမ့်ဟန်မှာ ပွတ်ချေနေ၍ ပွင့်သွားပြီဖြစ်သည့် ချူးယိလက်ပေါ်ရှိ ကွန်ဒုံးကို ကြည့်လိုက်မိသည်။
"ဆီတွေကြီးပဲ"
ချူးယိက ပြောလိုက်သည်။
"ပူပေါင်း ဘယ်လို,မှုတ်တာလဲ?"
ယမ့်ဟန်မှာ ဘယ်လိုပြန်ဖြေလိုက်ရမယ်မှန်း မသိတော့ပေ။ :
"ငါ လမ်းညွှန်ကြည့်နေတာကို မနှောင့်ယှက်နဲ့"
"သုံး,သုံးပြီးသားကို ယူပြီး မှုတ်တာလား?"
ချူးယိမှာ ဇဝေဇဝါ ဖြစ်နေသည်။
"......လစ်လိုက်"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ ပူ,ပေါင်းတစ်ခု မင်းဆော့ဖို့ မှုတ်ပေးမယ်လေ"
ချူးယိက တစ်သျှူးအစိုတစ်ရွက် ဆွဲယူလိုက်ပြီး ၊ ကွန်ဒုံးအတွင်းဘက်ကို သုတ်လိုက်သည်။
"မင်း ရူးနေတာ မဟုတ်လား?"
ယမ့်ဟန်က မေးလိုက်သည်။
ချူးယိက ယမ့်ဟန်က်ို အဖတ်မလုပ်ပေ။ကွန်ဒုံးကို သုတ်နေသည့်ပုံပင်။
လမ်းညွှန်က လမ်းကွေ့ဖို့ ပြောလာတာကြောင့် ၊ ယမ့်ဟန်မှာ အာရုံကို ကားမောင်းသည့် အပေါ် ပြန်ထားလိုက်ရသည်။
အမှန်တော့ ဒီပစ္စည်းက်ို ယူလာပြီး သူ့အတွက် အဖေပူပေါင်းမှုတ်ပေးသည့် ပထမဆုံး အကြိမ်တုန်းက ၊ ဒီပစ္စည်းက ဘာမှန်း သူ လုံး၀မသိခဲ့ပေ။ရိုးရိုးသားသားဖြင့်ပင် ပူပေါင်းတစ်ခုဟုသာ ထင်မိခဲ့သည်။အဓိကက ပူပေါင်းပေါ်တွင် နှာခေါင်း ၊ မျက်လုံးနှင့် ပါးစပ်များကို အဖေက ဆွဲထားတာကြောင့်ပင်။
သူ ဆော့လို့ ၀သွားသည့် အချိန်ကျမှသာ ၊ ထိုအချိန်က မူလတန်းတက်နေဆဲဖြစ်သည့် သူ့အား အဖေက ခေါ်၍ ၊ ဒီပစ္စည်းက ဘာလဲဆိုတာ ပြောပြပြီး ၊ တစ်ခါတည်း အလျင်းသင့်စွာဖြင့် ကျားမအသိပညာများကို ပြောပြခဲ့သည်။
သို့သော်လည်း ဒီနည်းလမ်းကို သူ ချူးယိအပေါ် သုံးဖို့ မဖြစ်နိုင်ပေ။သူနှင့် ချူးယိ၏ ဆက်ဆံရေးက အရမ်းကို မသန့်ရှင်းပေ။သူ ချူးယိကို ဘယ်လိုပဲ ရှင်းပြရှင်းပြ ၊ ဒီအရာက ကွန်ဒုံးတစ်ခု ဖြစ်နေလေသည်။ထို့အပြင် သူတို့နှစ်ယောက် သုံးလို့လည်း ရနေသေးသည်။
"ဒီ ခေါက်ကြောင်းသေး,သေးသေးလေးက"
ချူးယိက ကွန်ဒုံးကို ယမ့်ဟန်မျက်နှာဘေးနားတွင် လွှဲယမ်းလိုက်ပြီး
"ဘာလုပ်,လုပ်ဖို့ သုံးရတာလဲ?"
"ဘာ သေး...."
ယမ့်ဟန်မှာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊ ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။
"မင်း ဖုန်း ယူလာခဲ့တယ် မဟုတ်လား?"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"ကိုယ့်ဘာသာ ရှာ ! "
ယမ့်ဟန်က တစ်ချက် အော်ပြောလိုက်သည်။
"ထားလိုက်တော့"
ချူးယိက ထိုင်ခုံပေါ် ပြန်မှီချလိုက်ပြီး
"သေချာပေါက်ကို အ,အရမ်းဝါနေမှာပဲ ၊ ငါ ပူပေါင်းပဲမှုတ်,တော့မယ်"
"ငါ ကားမရပ်ခင် ၊ မင်း ကွန်ဒုံးအကြောင်း ငါ့ကို ထပ်ပြောလို့ကတော့ ၊ ငါ မင်းကို ထိုးပြီပဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"တကယ်ထိုးမှာနော် ၊ အာမခံတယ် ၊ လုံး၀ မျက်နှာထောက်ထားနေမှာ မဟုတ်ဘူး"
"ဟုတ်ပြိီ"
ချူးယိက ရယ်လိုက်သည်။
ယမ့်ဟန်က ရှော့လ်ပင်းမောတစ်ခု၏ မြေအောက်ကားပါကင်တွင် ကားကို ရပ်လိုက်သည်။ဒီရှော့လ်ပင်းမော အပေါ်ဆုံးထပ်တွင် အရမ်းစားလို့ကောင်းသည့် ဟော့ပေါ့ဆိုင်တစ်ဆိုင်ရှိသည်။ဒီလို ပူအိုက်နေသည့် ရက်တွင်တောင် ၊ စားသုံးသူများက ပြည့်နေသည်။
"အပေါ်တက်ပြီး...."
သူ ခေါင်းလှည့်လိုက်ပြီး ၊ စကားပင် ဆုံးအောင် မပြောလိုက်နိုင်ပေ။
မျက်စိအရှေ့တွင် ဖောက်မြင်နေရသည့် နွားနို့နှစ်ရောင် ပူပေါင်းတစ်လုံး ရှိနေသည်။
"ဟော့ပေါ့သွားစားရအောင်"
သူ ဆက်ပြောလိုက်သည်။
"အင်း"
ချူးယိက "ပူပေါင်း"၏ အ၀ကို သေချာချည်လိုက်ပြီး ၊ မောင်းသည့်စင်ပေါ် တင်ထားလိုက်သည်။
"ဒီဟာရဲ့ အ,ရည်အသွေးက သာမန်ပူ,ပေါင်းထက် ပိုကောင်းတာပဲ"
".....ဟုတ်တယ်လေ"
ယမ့်ဟန်က ကားတံခါးကို ဖွင့်၍ ကားပေါ်က ဆင်းလိုက်သည်။စဥ်းစားနေရင်း ပြန်လှည့်ကြည့်လိုက်ကာ ၊ လေကာမှန် အပြင်ဘက်ကနေ တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် မြင်နေရသည့် ထိုကွန်ဒုံးပူပေါင်းကို ညွှန်ပြလိုက်ပြီး
"အောက်ဘက်မှာ ချထားလိုက်"
"သြော"
ချူးယိက ပူပေါင်းကို ယူ၍ ခြေထောက်အောက်ခံပြားပေါ် ချထားလိုက်သည်။
ဟော့ပေါ့စားနေသည့် တစ်လျှောက်လုံး ၊ ချူးယိမှာ ဗိုက်ဆာနေတာကြောင့် ဖြစ်ပုံရသည်။အစားအသောက်ကြောင့် ကွန်ဒုံးအပေါ် အလွန်အမင်း စိတ်၀င်စားနေမှုမှာ ပြန်ရုပ်သိမ်းသွားခဲ့ပြီး ၊ ခေါင်းမမော့စတမ်း စားနေသည်။ကွန်ဒုံးနှင့် ပူပေါင်းအကြောင်းကို ထပ်မပြောလာတော့ပေ။
ယမ့်ဟန်မှာ အရမ်းကို စိတ်သက်သာရာ ရသွားသလိုမျိုး ခံစားလိုက်ရသည်။
"ကျောင်းဖွင့်,ဖွင့်တော့မယ်"
ချူးယိက စားနေရင်း ပြောလာသည်။
"နောက်တစ်ကြိမ် နှစ်သစ်ကူး ရောက်,ရောက်ရင် ၊ လက်တွေ့ဆင်းရပြီ"
"အင်း"
ယမ့်ဟန်က အသားတစ်ချပ်ကိုယူ၍ ဖြည်းဖြည်းချင်း ပြုတ်လိုက်ပြီး
"မင်းတို့ လက်တွေ့ဆင်းရင် ဘယ်မှာ ဆင်းရမှာလဲ?"
"မသိဘူး"
ချူးယိက ပြောလိုက်သည်။
"နေ,နေရာတွေ အများကြီး ရှိတယ် ၊ ဒီနေ့ ဆိုင်,ဆိုင်မန်နေဂျာက ကျောင်း,ပြီးသွားရင် သူတို့ဆိုင်ကိုလာ,ခဲ့ဖို့ ငါ့ကို ပြောလိုက်သေးတယ်"
"သွားချင်လား?"
ယမ့်ဟန်က မေးလိုက်သည်။
"ငါ့ကို ကားရေ,မဆေးခိုင်းရင် အဆင်ပြေတယ်"
ချူးယိက စဥ်းစားလိုက်ပြီး
"ငါ ကားရေဆေးရတာကို မ,ကြိုက်ဘူး"
"မင်း သွားမယ်ဆိုရင် နည်းပညာဘက်ပိုင်းပဲ သွားခိုင်းလောက်မှာပါ ၊ ကားရေဆေးတဲ့ အလုပ်ကို လူတိုင်း လုပ်နိုင်တယ်"
ယမ့်ဟန်က ရယ်လိုက်ပြီး
"မင်းက ဒါကို စိုးရိမ်နေသေးတယ်"
"ကျောင်း,ပြီးသွားလည်း ကားရေသွားဆေး,ဆေးရတဲ့ သူတွေ ရှိတယ်"
ချူးယိက ပြောလိုက်သည်။
"နည်းပညာဘက် မကျွမ်းကျင်ရင်လေ"
"မင်းတို့အဆောင်က တာ့ရှောင်ချန်တို့လိုမျိုးတွေပေါ့"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး
"ကြည့်ရတာ အဲ့လိုပဲ ဖြစ်မယ့်ပုံပဲ"
ချူးယိက ခေါင်းယမ်းပြလိုက်ပြီး :
"သူတို့ က အိမ်ပြန်,ပြန်ကြမှာ ၊ အိမ်က အလုပ် ရှာ,ရှာပေးပြီးနေပြီ"
"ဟုတ်လား?"
ယမ့်ဟန်မှာ ချူးယိကို ကြည့်လိုက်မိသည်။
ချူးယိက အိမ်ပြန်လို့ မရပေ။အိမ်ပြန်လျှင်လည်း သူ့အတွက် အလုပ်ကူစီစဥ်ပေးမည့်လူ မရှိချေ။
"နောက်ထပ် နှစ်,၀က်လောက်ဆိုရင် ၊ စိတ်အေးအေးနဲ့ ပိုက်ဆံ ရှာ,ရှာလို့ရပြီ"
ချူးယိက အဲ့လောက်အများကြီး မတွေးပေ။စားနေရင်း ပျော်ရွှင်စွာဖြင့် လက်ကို ပွတ်၍ ၊ ဖျော်ရည်ကို ယူကာ ယမ့်ဟန်နှင့် ခွက်ချင်း တစ်ချက်တိုက်လိုက်သည်။
"နောက်ဆို ကုန်ကောက မင်းကို ကျွေး,ကျွေးမွေးစောင့်ရှောက်မယ်"
"မင်းပြောတာနော်"
ယမ့်ဟန်က ဖျော်ရည်ကို ယူ၍ တစ်ငုံသောက်လိုက်သည်။
"ငါ ပြောတာ"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
စားလို့ ၀သွားသည့် အချိန်တွင် ၊ နှစ်ယောက်သား ဖြည်းဖြည်းချင်း လမ်းလျှောက်၍ ဂီတပွဲတော် နားထောင်ရန် ဘားလမ်းဆီ ထွက်လာခဲ့ကြသည်။
မိမိ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ခေတ်မှီသည့် ခံစားချက်များနှင့် ပြည့်နှက်နေသလိုမျိုး ချူးယိ ခံစားလိုက်ရသည်။
ကောင်လေးနဲ့ ဂီတပွဲတော် သွားနားထောက်တယ်။ထိုအကြောင်းကို စဥ်းစားရင်း စဥ်းစားရင်း လူက ပျော်လာသည်။
ခေတ်မှီလွန်းသွားပြီ။
ဘားအပေါက်၀ဆီ ရောက်လာသည့် အချိန်ကျမှသာ သူ သတိရလာပြီး တစ်ခွန်းမေးလိုက်မိသည်။ :
"ဘာ,ဘာဂီတပွဲလဲ?"
"ကျေးလက်"
ယမ့်ဟန်က ပြောလိုက်သည်။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
ကျေးလက်ဂီတက ဘယ်လိုဂီတမျိုးမှန်း သူ လုံး၀ မသိသော်လည်း ၊ ခပ်တည်တည်ဖြင့်ပင် သိနေသလို အမူအရာ လုပ်ပြလိုက်သည်။
ဘားထဲတွင် လူတွေ တော်တော်များသည်ပင်။အကုန်လုံးက နှစ်ယောက် ၊ သုံးယောက်စီ ထိုင်နေကြသည်။သူနှင့် ယမ့်ယန်က ချောင်ကျသည့် နေရာရှိ ဆိုဖာအသေးလေးတစ်ခုကို ရွေး၍ ထိုင်လိုက်ကြသည်။
"ဒီအတိုင်း နားထောင်ကြည့်လိုက်"
ယမ့်ဟန်က ချူးယိ နား,နားကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"တကယ်လို့ မင်း နားထောင်ရတာ မကြိုက်ဘူးဆိုရင် ၊ ငါတို့ ခဏပဲ နားထောင်ပြီး သွားကြမယ်"
"အင်း"
ချူးယိက ရယ်ပြလိုက်သည်။
သူ ဘာဂီတပွဲတော်မှ နားမထောင်ဖူးခဲ့ပေ။သီချင်းအမျိုးအစားကို ပိုလို့ပင် မခွဲခြားတတ်ချေ။ကျေးလက်ဂီတဆိုသည်မှာ သူ တွေးထားသလို ကျေးလက်ဂီတမျိုး မဖြစ်နိုင်မှန်း ရှင်းရှင်းလင်းလင်း သိနေသော်လည်း ၊ ခေါင်းထဲတွင် နှဲသံနှင့် မောင်းသံများသာ တစ်ချိန်လုံး ကြားယောင်နေမိသည်။
မြန်မြန်စလိုက်တော့။သူ့ ခေါင်းကို ရှင်းလင်းဖို့ အရေးပေါ် လိုအပ်နေပြီ။
အမှန်တော့ အတော်လေး နားထောင်လို့ ကောင်းလှသည်။စင်ပေါ်ရှိ အဆိုတော်က ရိုးရှင်းစွာဖြင့်ပင် အကုန်လုံးကို မင်္ဂလာညနေခင်းပါဟု တစ်ခွန်းပြောပြီး ၊ တစ်ဖက်က ဂီတာတီးရင်း တစ်ဖက်က ဘာဂျာမှုတ်လိုက်သည်။
သီချင်းက အရမ်းကို.....ရိုးရှင်းလွန်းလှသည်။သံစဥ်ကလည်း သာယာညက်ညော၍ မြန်ဆန်လှသည်။ချူးယိ ထင်ထားသလို "ခပ်မိုက်မိုက်"ပုံစံနှင့် အရမ်းကို ကွာခြားနေသည်ပင်။ ထူးဆန်းစွာဖြင့် အရမ်းကို နားထောင်လို့ ကောင်းလှသည်ဟု သူ ခံစားလိုက်ရသည်။
ကြည့်ရတာတော့ ခွေးအက ဒီလိုသီချင်းမျိုးကို နားထောင်ဖို့ သင့်တော်သည့်ပုံပင်။
"ဘယ်လိုလဲ?"
ယမ့်ဟန်က အသံတိုးတိုးဖြင့် ချူးယိကို မေးလိုက်သည်။
"နားထောင်လို့ ကောင်းတယ်"
ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး
"ငါ ကြိုက်တယ်"
"တကယ်လား?"
ယမ့်ဟန်က ချူးယိကို ကြည့်လိုက်သည်။
"တကယ်"
ချူးယိက ပြန်ပြောလိုက်သည်။
"ပြန်တဲ့ အချိန်ကျရင် မင်းအတွက် နည်းနည်းကောင်းတဲ့ နားကြပ် ၀ယ်ပေးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း သီချင်းနားထောင်လို့ ရတာပေါ့"
"အင်း"
ချူးယိက ယမ့်ဟန်ဘေးနား တိုးကပ်သွားလိုက်ပြီး ၊ ယမ့်ဟန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ဂီတပွဲတော်က အချိန် သိပ်မကြာပေ။ပွဲပြီးသွားသည့် နောက် ၊ ချူးယိနှင့် အတူတူ ပြန်လျှောက်လာခဲ့သည့် အချိန်တွင် ၊ ချူးယိ၏ စိတ်အခြေအနေက အရမ်းကို ကောင်းမွန်နေကြောင်း သူ ခံစားမိသည်ပင်။ချူးယိမှာ စိတ်အခြေအနေ မကောင်းသည့် အချိန်ဟူ၍ မရှိခဲ့ဖူးပေမယ့်လည်း။
"အရင်တုန်းက ငါ့ကို သူ့အိမ်မှာရှိတဲ့ ကက်ဆက်လာယူဖို့ လောင်ချွေးက တစ်ချိန်လုံး ပြောနေတာ"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါက အလုပ်ရှုပ်မှာစိုးလို့ သွားမယူဖြစ်တာ ၊ မနက်ဖြန်ကျရင် သွားယူလိုက်ကြတာပေါ့"
"ငါ့ကို သီ,သီချင်း နားထောင်ခိုင်းမလို့လား?"
ချူးယိက မေးလိုက်သည်။
"အင်း"
ယမ့်ဟန်က ရယ်လိုက်ပြီး
"ငါလည်း နားထောင်မှာ ၊ နားမထောင်ဖြစ်တာ တော်တော်ကြာနေပြီ"
သူရော အဖေပါ သီချင်းနားထောင်ရခြင်းကို အရမ်း သဘောကျကြသည်။သူတို့နှစ်ယောက် နေရာအစုံ လျှောက်မသွားကြခင် အချိန်တုန်းက ၊ အဖေ့ထံတွင် အရမ်းကိုကောင်းသည့် ကက်ဆက်တစ်လုံး ရှိခဲ့ကြောင်းကို သူ မှတ်မိသည်ပင်။သူ အဖေနှင့်အတူတူ ကက်ဆက်အရှေ့တွင် ထိုင်ပြီး သီချင်းနားထောင်တတ်ခဲ့သည်။
နောက်ပိုင်းတွင်တော့ အိမ်ကနေ ထွက်လာခဲ့ကြပြီး ၊ ထိုပစ္စည်းများ ဘယ်ရောက်သွားသလဲကိုတော့ မသိတော့ပေ။တစ်ခြားသူကို ပေးလိုက်တာ ၊ ရောင်းလိုက်တာ ၊ ပစ်လိုက်တာ ၊ ဒါမှမဟုတ် အဲ့နေရာမှာပဲ ထားပစ်ခဲ့တာ ဖြစ်နိုင်သည်ပင်။သူ မမှတ်မိတော့ပေ။
သူ ငယ်ငယ်တုန်းက အကြောင်းတွေကို မမှတ်မိတော့၍ ချူးယိက လှောင်ပြောင်ဖူးသည်ပင်။အမှန်မှာတော့ အရမ်းငယ်သေးသည့် အချိန်ကို မပြောနှင့် ၊ မူလတန်းတက်တုန်းက အကြောင်းတွေကိုပင် များများစားစား မမှတ်မိတော့ပေ။
ကားတံခါးကို ဆွဲဖွင့်၍ ကားပေါ်တက်လိုက်သည့် အချိန်တွင် ၊ ချူးယိက ခြေထောက်အောက်ခံပြားပေါ် ချထားခဲ့သည့် "ပူပေါင်း"ကို ထပ်ပြီး ကောက်ယူလိုက်သည်။
ထိုင်ပြီးသွားသည့်နောက်တွင် ၊ ဘယ်နေရာမှာ ချထားရမယ်မှန်း မသိတာကြောင့် ဒီအတိုင်းသာ ကိုင်ထားလိုက်သည်။
ယမ့်ဟန်၏ သည်းခံနိုင်စွမ်းကင်းမဲ့နေသလို အကြည့်က ချူးယိကို နည်းနည်းတော့ ရယ်ချင်သလို ဖြစ်သွားစေသည်ပင်။သို့သော်လည်း ၊ ဒီပစ္စည်းက တကယ်ကို......အရမ်း အံ့သြစရာကောင်းသည်ပင်။
သို့သော်လည်း ထိုခေါက်ကြောင်းသေးသေးလေးက ဘာလုပ်ဖို့ သုံးတာလဲဆိုသည်ကို သူ အခုထိ နားမလည်သေးပေ။အခုအချိန်ကျမှသာ သူ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားပြီး ၊ အဖြေကို ရှာတွေ့သွားသလိုပင်။
"ဒါက ၊ ဒီခေါက်,ခေါက်ကြောင်းသေးသေးလေးက....."
ချူးယိက ယမ့်ဟန်ကို ကြည့်လိုက်သည်။တစ်ချက်လောက် အတည်ပြုကြည့်ချင်လို့ပင်။သို့သော်လည်း စကားမဆုံးသေးမီမှာပင် ယမ့်ဟန်က ဒေါသတကြီး စကားကို ဖြတ်ပြောလာခဲ့သည်။
"အဲ့ဒါက မင်းရဲ့ သားကို သိမ်းတဲ့နေရာ"
ယမ့်ဟန်က ပြောလိုက်သည်။
"....အာ?"
ချူးယိမှာ ကြောင်အသွားမိသည်။ယမ့်ဟန်က ကားကို ကားပါကင်မှ မောင်းထွက်လာပြီး နောက်မှသာ ၊ ရုတ်တရက် အပြင်းအထန် ရယ်မောလိုက်သည်။
"ငါ ပြန်ရောက်ရင် ချွေးယိနဲ့ ရန်တစ်ပွဲလောက် နွှဲပစ်လိုက်မယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ဘာမှမဟုတ်ပဲနဲ့ ကားပေါ်မှာ ဒီလိုပစ္စည်းကို ထားထားတယ်.....မင်း တစ်နေ့လုံး တွေးနေတာ မဟုတ်လား?တွေးနေတာ နားလည်သွားပြီလား?"
"နားလည်သွားပြီ"
ချူးယိက ရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
အနည်းနဲ့ အများတော့ နားလည်သွားပြီပင်။တကယ့် အရူးမှ မဟုတ်ပဲ။
ချူးယိက ပူပေါင်းကို ဖြည်၍ အထဲက လေများကို ထုတ်လိုက်သည်။
သူ မျက်စိနှင့် ကိုယ်တိုင် မမြင်ဖူး ၊ လက်ဖြင့် မကိုင်ကြည့်ဖူးခဲ့ရုံသာပင်။
တကယ့် အသုံးပြုပုံကိုတော့.......ကြားဖူးနား၀တော့ ရှိသည်ပင်။
ကားမောင်း၍ အိမ်ရာ၀င်းလမ်းမပေါ် ရောက်လာသည့် အချိန်၌ ၊ ယမ့်ဟန်က တစ်ခါတည်း အိမ်ရာ၀င်းတံခါး၀ဆီ မမောင်းသွားပဲ ၊ လမ်းဘေးနားတွင် ကားကို ရပ်လိုက်သည်။
"ဘာလုပ်မလို့လဲ?"
ချူးယိက မေးလိုက်သည်။
"ပစ္စည်းနည်းနည်း ၀ယ်မလို့"
ယမ့်ဟန်က ပြောလိုက်သည်။
"ကားပေါ်က ဆင်း"
"သြော"
ချူးယိက ကားပေါ်က ဆင်း၍ ၊ ယမ့်ဟန် အနောက်ကနေ လမ်းမကြီးကို ဖြတ်ကူးလာခဲ့လိုက်ပြီး ၊ စူပါမားကတ်ဘေးနားရှိ လမ်းကျဥ်းလေးထဲ ထပ်ပြီး ကွေ့၀င်လာခဲ့လိုက်သည်။ဒီလမ်းကို သူ တစ်ခါ လာဖူးသည်ပင်။အရင်က ကြော်ငြာလက်ကမ်းစာစောင် ဝေသည့် အချိန်က ဖြတ်ခဲ့ဖူးသည်။
ခြေလှမ်း အနည်းငယ် လျှောက်လာပြီးသည့် အချိန်၌ ၊ အရှေ့ဘက်နားရှိ လျှပ်စစ်ဆိုင်းဘုတ်တစ်ခုက်ို သူ မြင်လိုက်ရသည်။ဆိုင်းဘုတ်ပေါ်တွင် စာလုံးကြီး လေးလုံး ရေးထိုးထားသည်။
အရွယ်ရောက်ပြီးသူများသုံးသည့် ပစ္စည်း။
[T/N : တရုတ်လိုဆိုရင် လေးလုံးပဲ ရှိတာပါ။]
"ယမ့်ဟန် ! "
သူ ချက်ချင်း အသိပြန်၀င်လာပြီး ၊ ယမ့်ဟန်၏ လက်မောင်းကို တစ်ချက် လှမ်းဆွဲထားလိုက်သည်။
"ဟင်?"
ယမ့်ဟန်က လှည့်ကြည့်လာသည်။
"မင်း ဘာ,လုပ်မလို့လဲ ! "
ချူးယိက အသံကို ဖိ၍ ပြောလိုက်သည်။
အရွယ်ရောက်ပြီးသူတွေ သုံးတဲ့ ပစ္စည်း !
အရွယ်ရောက်ပြီးသူတွေ သုံးတဲ့ ပစ္စည်း အရောင်းဆိုင် !
ဆိုင်ထဲမှာ ရောင်းတာက အရွယ်ရောက်ပြီးသူတွေ သုံးတဲ့ ပစ္စည်း !
အရွယ်ရောက်ပြီးသူတွေ သုံးတဲ့ ပစ္စည်းက ဘာလုပ်တဲ့ဟာတွေလဲ !
အရွယ်ရောက်ပြီးသူတွေ သုံးတဲ့ ပစ္စည်းက ကုတင်ပေါ်မှာ ၊ ဒါမှမဟုတ် ကုတင်ပေါ် မဟုတ်ဘူး ဆိုရင်တောင် ကားထဲမှာ ၊ ကွင်းပြင်ကြီးထဲမှာ ဟိုကိစ္စလုပ်ရင် သုံးတဲ့ ပစ္စည်းတွေပဲ။
"မင်းကို ကစားစရာ ၀ယ်ပေးမလို့"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ မလိုချင်ဘူး"
ချူးယိမှာ ယမ့်ဟန်၏ လက်မောင်းကို ဆွဲထားပြီး မလွှတ်လိုက်ရဲပေ။
"ရှောင်ထျန်းကောကော ငါ မှား,မှားသွားပါတယ် ၊ ငါ ကွန်,ကွန်ဒုံးကို မဆော့တော့ဘူးလေ"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သပ်လိုက်ပြီး :
"ငါ မင်းကို ပြောမယ် ၊ မင်း ငါ့ကို ဒီလို ဆွဲနေတာက ၊ ဒီအတိုင်း ၀င်သွားလိုက်ထက် လှုပ်ရှားမှုက အများကြီး ပိုများနေပြီ"
"အထဲ၀င်သွားပြီး ဘာလုပ်မလို့လဲ ! "
ချူးယိက အသံကို ဖိ၍ တိုးတိုးလေး အော်ပြောလိုက်သည်။
"ဘာတွေ ရှိလဲလို့ ကြည့်မှာပေါ့"
ယမ့်ဟန်က ရယ်လိုက်သည်။
တစ်ဆက်တည်းမှာပင် ယမ့်ဟန်က လက်ကို မြှောက်လိုက်ပြီး ၊ ချူးယိ၏ လက်မောင်းကို ဘယ်လိုလှည့်လိုက်မှန်းတော့ မသိပေ။တစ်ပတ်လောက် လက်ကို လှည့်လိုက်ပြီး လက်နောက်ပြန်ဖြင့် ချူးယိ၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သည်။
ချူးယိမှာ ယမ့်ဟန်၏ ထိုတိုက်ကွက်ကို အံ့သြတကြီးဖြစ်နေစဥ် ၊ ဆိုင်ထဲဆီ ဆွဲခေါ်ခံလိုက်ရသည်။
"စိတ်ကြိုက် ကြည့်ကြ"
ဆိုင်ထဲတွင် ထိုင်နေသည့် အစ်မကြီးတစ်ယောက်က တစ်ခွန်းပြောလာသည်။
ထိုသူမှာ အစ်မကြီးတစ်ယောက် ဆိုတာကိုသာ ချူးယိ သိသည်။သူမ စကားပြောတာကို ကြားလိုက်ရလို့ပင်။သူ ထိုဘက်ကို လှမ်းပင် မကြည့်ရဲပေ။
ယမ့်ဟန်က ချူးယိ၏ လက်ကို လွှတ်ပေးလိုက်ပြီး ၊ ရှိုးကေ့စ်စင်အရှေ့တွင် ခါးကို ကုန်း၍ စိတ်၀င်တစားဖြင့် ကြည့်နေလိုက်သည်။
ချူးယိမှာ တံခါးဘေးနားတွင် တောင့်တောင့်ကြီး ရပ်နေလိုက်မိသည်။လှည့်ထွက်သွားလိုက်သင့်လား ၊ ဒါမှမဟုတ် ဒီနားမှာပဲ ရပ်နေပြီး စိတ်ရှည်ရှည်ထား၍ စောင့်နေလိုက်ရမလား ၊ ဒါမှမဟုတ် ယမ့်ဟန်နား လျှောက်သွားပြီး အတူတူ ကြည့်နေလိုက်ရမလား ဆိုတာ သူ မသိတော့ပေ။
သူ ဆိုင်ထဲကို အလျဥ်းသင့်သလို နည်းနည်း လှမ်းကြည့်လိုက်မိသည်။စိတ်ထဲတွင် ဘာအရောင်မှန်း မသ်ိသည့် ဧရာမလှိုင်းလုံးကြီးတစ်လုံး လိမ့်တက်လာသလိုပင်။၀ုန်းခနဲ ဆူညံစွာ ရိုက်ခတ်သွားရာ သူ့ခေါင်းတစ်ခုလုံး ထုံထိုင်းသွားခဲ့သည်။
ဆိုင်ထဲတွင် ပိုစတာ အများအပြား ကပ်ထားသည်။ထို့အပြင် ကြော်ငြာဆိုင်းဘုတ် အချို့လည်း ရှိနေသေးသည်။ထိုအပေါ်ရှိ ပုံများက ချူးယိကို ကြောက်ရွံ့သွားမိစေသည်။
ယမ့်ဟန်၏ အစက အစီအစဥ်မှာ ၊ ၀င်တောင်၀င်လာပြီးပြီပဲ ၊ ဖြည်းဖြည်းချင်း ကြည့်ကြည့်မည် ဟူ၍ပင်။
အမှန်တော့ အရွယ်ရောက်ပြီးသူ သုံးသည့် ပစ္စည်းဆိုင်အပေါ် သူလည်း ချူးယိလောက် အတွေ့အကြုံ ပိုရှိမနေပေ။သူလည်း ပထမဆုံးအကြိမ် လာဖူးခြင်းဖြစ်သည်။သူက ချူးယိလောက် အရမ်း ရိုးသား မနေရုံသာရှိသည်။
ဟွန်း။
အမှန်တော့ ချူးယိလည်း အဲ့လောက်ကြီး ရိုးသားမနေပေ။
အဝါလုပ်ရပ်များလည်း လုပ်ဖူးပြီး ၊ ကွန်ဒုံးကိုလည်း တစ်လမ်းလုံး ဆော့လာခဲ့သေးသည်။အသေအချာ ပြောရမည်ဆိုလျှင် ဒီလိုအကြောင်းအရာနှင့် ပတ်သတ်သည့် ကိစ္စများကို ချူးယိ တစ်ခါမှ မထိတွေ့ဖူးခြင်းပင်။
သို့သော်လည်း အခုတော့ သူ့အစီအစဥ်ကို ဆက်မလုပ်နိုင်တော့ပေ။ဒီလိုအကြောင်းအရာနှင့် ပတ်သတ်သည့် ကိစ္စများကိုတစ်ခါမှ မထိတွေ့ဖူးတာကြောင့် ၊ အရမ်းကို ရိုးသားဖြူစင်သည့် ချူးယိမှာ ရှက်ပြီး လှုပ်ပင်မလှုပ်နိုင်တော့သည့်ပုံပင်။
"ဒီဘူးလေး ကျွန်တော့်ကို ယူပေးပါ"
ယမ့်ဟန်က ဘီရိုစင်ထဲရှိ ဘူးက်ို ညွှန်ပြလိုက်သည်။
"ကွန်ဒုံးလား"
အစ်မကြီးက လျှောက်လာပြီး
"ဘယ်အမျိုးအစားထဲက လိုချင်တာလဲ?မင်း ဒီအပါးဆုံးဟာကို သုံးဖ်ို့ အကြံပေးတယ်နော် ၊ ပိုပြီး သက်သောင့်သက်သာ ရှိတယ်"
"ရတယ်လေ"
ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။
ချူးယိမှာ လည်ပင်းပင် တောင့်တင်းသွားခဲ့သည်။သို့သော်လည်း ယမ့်ဟန်ပြောလိုက်သည်က်ို ကြားလိုက်ရသည့် အချိန်၌ ၊ သူ ချက်ချင်း ခေါင်းလှည့်၍ ကြည့်လိုက်မိသည်။
ယမ့်ဟန်က တကယ်ကြီး ကွန်ဒိုး၀ယ်မလို့ပေါ့?
၀ယ်ပြီး ဘာလုပ်မလို့လဲ ! ပူပေါင်းမှုတ်ပြီး ပွဲကျင်းပ မလို့လား !
"ဘယ်ဆိုဒ်ကို လိုချင်တာလဲ?"
အစ်မကြီးက ထပ်မေးလာသည်။
ဘာ?
ကွန်ဒုံးက ဆိုဒ်ရှိသေးတာလား?
ချူးယိမှာ ကြိုးစား၍ လက်ကိုမြှောက်ကာ ၊ မျက်ဆံအား နေရာမှန်ဆီ ပြန်ဖိထည့်ချင်မိသွားသည်။
"မသိဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"မတိုင်းကြည့်ဖူးဘူး"
တိုင်းတယ်?အခုချက်ချင်း တိုင်းပေးသေးတာလား?
ဘယ်သူ့ဟာကိုလဲ?ယမ့်ဟန်ဟာလား?ဒါမှမဟုတ်ရင် သူ့ဟာလား?
ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အရွယ်အစားက သိပ်မကွာလောက်ပေ......တစ်ယောက်ကို တိုင်းကြည့်လိုက်ရင် ရပြီပင်။
ခဏလေး ၊ ဘယ်လိုတိုင်းမှာလဲ?ဘယ်သူက တိုင်းပေးမှာလဲ?
ချူးယိက အံ့သြထိတ်လန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည့် အချိန်တွင် ၊ ယမ့်ဟန်မှာ အစ်မကြီး ညွှန်ပေးချက်အတိုင်း ကွန်ဒုံးကို ၀ယ်ပြီးသွားပြီ ဖြစ်ပြီး ၊ ပိုက်ဆံပင် ချေပြီးသွားပြီပင်။
"သွားစို့"
ယမ့်ဟန်က ချူးယိကို တစ်ချက်ပုတ်လိုက်သည်။
"သြော"
ချူးယိက ကိုယ်ကိုလှည့်လိုက်ပြီး ၊ ယမ့်ဟန်နှင့် အတူ ဆိုင်တံခါး၀မှ ထွက်လာခဲ့လိုက်သည်။
"မင်း တကယ်ကြီး ၀ယ်လာတာလား?"
ချူးယိမှာ ဆိုင်တံခါးမှ ထွက်ထွက်ချင်း ၊ အသံတိုးတိုးဖြင့် ချက်ချင်း မေးလိုက်မိသည်။
"အင်း"
ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်ပြီး
"အစက စူပါမားကတ်မှာ ၀ယ်မလို့ စဥ်းစားထားတာ ၊ စူပါမားကတ်မှာက လူ အရမ်းများတယ် ၊ ငါက မင်း သည်းမခံနိုင်မှာ စိုးနေလို့"
"လူမရှိလည်း ငါ သည်း,မခံနိုင်ဘူး ! "
ချူးယိက ပြောလိုက်သည်။
"ငါ မင်းဆော့ဖို့ တစ်ခု ဖောက်ပေးမယ်"
ယမ့်ဟန်က ဘူးကို ဖွင့်လိုက်ပြီး
"ဒီဟာရဲ့ ကြော်ငြာမှာ ရေးထားတာက စိတ်လှုပ်ရှားမှု သုံညဒီဂရီ......"
"ငါ မဆော့ဘူး"
ချူးယိက ယမ့်ဟန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ငါ တောင်းပန်,ပါတယ် ရှောင်,ထျန်းကောကော ၊ လမ်းမကြီးပေါ်မှာနော်"
"အင်းပါ ၊ ငါလည်း လမ်းမကြီးပေါ်မှာ ဆော့ခိုင်းဖို့ စိတ်မရှိပါဘူး"
ယမ့်ဟန်က ဘူးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး
"ပြန်ရောက်မှ ဆော့ကြတာပေါ့"
"ပြန်ရောက်လည်း ဘာမှ ဆော့စရာ အကြောင်းမ,မရှိဘူး"
ချူးယိက ပြောလိုက်သည်။
"ဆော့စရာမကြောင်းမရှိဘူးဆိုပြီး မင်း တစ်လမ်းလုံး ဆော့လာတာလေ"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ ထိုးပစ် ချင်လာပြီနော်"
ချူးယိက ပြောလိုက်သည်။
"လန့်သွားတာပဲ"
ယမ့်ဟန်က ရယ်လိုက်ပြီး
"ကုန်ကော ချမ်းသာပေးပါ ၊ ငါ့ကို မထ်ိုးပါနဲ့"
အိမ်ကို ပြန်ရောက်သည်နှင့် ချူးယိက ရေချက်ချင်း သွားချိုးတော့သည်။ဒီနေ့တစ်နေကုန် အလုပ်လုပ်ထားတာကြောင့် တစ်ကိုယ်လုံး ချွေးတွေပဲ ဖြစ်နေသည့်အပြင် ၊ ကွန်ဒုံးသွား၀ယ်သည့် အချိန်ကလည်း လန့်ပြီး တစ်ကိုယ်လုံး ချွေးတွေ ပျံခဲ့ပြန်သည်။
ရေချိုးပြီး၍ ပြန်ထွက်လာသည့် အချိန်၌ ၊ ယမ့်ဟန်က ဆိုဖာပေါ် မှီနေပြီး ၊ လက်ထဲတွင်လည်း မဖောက်ရသေးသည့် လေးထောင့်အိတ်လေးကိုကိုင်၍ ကြည့်နေသည်။
ချူးယိက အနားကို လျှောက်သွားလိုက်ပြီး ၊ ယမ့်ဟန်ဘေးနားတွင် လှဲချ၍ အနားကို တိုးကပ်လိုက်ကာ ၊ ယမ့်ဟန်လက်ထဲရှိ အိတ်လေးကို လုယူ၍ ဘေးနားဆီ လွှင့်ကစ်လိုက်သည်။
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်သည်။
"မကြည့်နဲ့တော့"
ချူးယိက ပြောလိုက်သည်။
"သုံးလို့,ရမှာလဲ မဟုတ်ပဲနဲ့"
"ဟင်?"
ယမ့်ဟန်က ချူးယိကို ကြည့်လိုက်သည်။
"သုံးလို့ ရမှာမှ မဟုတ်တာ"
ချူးယိက ပြောလိုက်သည်။
"မင်းမှာ ကောင်မလေးလည်း မ,မရှိပဲနဲ့"
ယန့်ဟန်မှာ ချူးယိကို ကြည့်နေပြီး ဘာမှပြန်မပြောမိပေ။
"ဘာဖြစ်လို့လဲ?"
ချူးယိကလည်း ယမ့်ဟန်ကို ပြန်ကြည့်လိုက်သည်။ယမ့်ဟန်၏ နှုတ်ခမ်းထောင့်စွန်းက မထိန်းချုပ်ထားနိုင်သလိုမျိုး အပြုံးရိပ်ရိပ်လေး ပေါ်လာသည်ကို မြင်လိုက်ရသည်။
အရမ်း ကြည့်ကောင်းတယ်။
ယမ့်ဟန် ဒီလိုရယ်နေသည့် ပုံစံမျိုးကို သူ အရမ်း သဘောကျမိသည်။သို့သော်လည်း ယမ့်ဟန်က သူ့ကို လှောင်ရယ်ရယ်နေခြင်း ဖြစ်သည်။
"ဘာရယ်နေတာလဲ?"
ချူးယိက မေးလိုက်သည်။
"ဒီပစ္စည်းက ယောကျာ်းလေးနဲ့ မိန်းကလေး ကြားမှာပဲ သုံးလို့ရတာလို့ မင်း ထင်နေတာ မဟုတ်လား?"
ယမ့်ဟန်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်သည်။
ချူးယိမှာ ကြောင်အသွားမိသည်။
သူ တကယ်ကြီး အဲ့လိုထင်နေတာ ဖြစ်သည်။
သို့သော်လည်း ယမ့်ဟန်၏ ထိုစကားကို ကြားလိုက်ရသည့် အချိန်၌ သူ ချက်ချင်း အသိပြန်၀င်လာမိသည်။ဒီပစ္စည်းက ယောကျာ်းလေးနှင့် ယောကျာ်းလေးကြားမှာလည်း သုံးနိုင်သည်ပင်။
ယမ့်ဟန်မှာ ထိုစကားကို ပြောပြီးသည့်နောက်တွင် ၊ ဘယ်လိုဆက်ပြောရမည်မှန်း မသိတော့ပေ။ချူးယိနှင့် မျက်လုံးချင်း ဆုံကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ယောကျာ်းလေးနှစ်ယောက်ဆို ဘယ်လို သုံးရမှာလဲဟု ချူးယိ မမေးလာဖို့ သူ ဆုတောင်းနေမိသည်။ဘယ်လို ပြန်ဖြေရမည်မှန်း သူ တကယ် မသိပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း တစ်ခါမှ မသုံးဖူးတာကြောင့် ၊ တကယ့်လက်တွေ့ အတွေ့အကြုံက ချူးယိနှင့် အတူတူပဲပင်။
"ဘယ်လိုသုံးရမှာလဲ?"
ချူးယိက မေးလိုက်သည်
"ကြက်လေးပေါ် စွပ်ပြီး သုံးရတာ"
ယမ့်ဟန်က ပြောလိုက်သည်။
ဆုတောင်းတာက အသုံးမ၀င်ပေ။ချူးယိက မေးလာသည်ပင်။
ချူးယိ ထပ်မမေးတော့ဖို့ ယမ့်ဟန် ဆက်ပြိီး ဆုတောင်းလိုက်မိသည်။
"အမှန်တော့ ခု,ခုနက ငါ စဥ်းစားနေတာ"
ချူးယိက လက်ကိုဆန့်ထုတ်၍ ကွန်ဒုံးတစ်ခုကို ယူကာ ကြည့်လိုက်သည်။
"ဒီဟာကို ဘယ်,ဘယ်လို စွပ်,ရတာလဲ?"
"ဟင်?"
ယမ့်ဟန်မှာ ကြောင်အသွားမိသည်။
"ခြေအိတ်စွပ်သလိုမျိုးလား?"
ချူးယိက မေးလိုက်သည်။
ယမ့်ဟန်မှာ အစက မရယ်ချင်သေးပေ။ဒီလိုမေးခွန်းမျိုးကြောင့် ၊ ဖြူစင်သည့် လူငယ်ကို လှောင်ရယ်တာက မမှန်ပေ။သို့သော်လည်း သူ ထိန်းမထားနိုင်တော့ပဲ ၊ အသားကုန် ရယ်လိုက်မိသည်။
"ငါ့သာ,သာ ကြည့်လိုက်မယ်"
ချူးယိကတော့ တည်တည်ငြိမ်ငြိမ်ပင်။လက်ကိုဆန့်ထုတ်၍ သုံးရန်အညွှန်စာအုပ်ကို ယူလိုက်သည်။
"ကွန်ဒုံးကလည်း အ,အညွှန်းစာအုပ် ရှိသေးတာပဲ ၊ တကယ် အဆင့်မြင့်တယ်"
"အညွှန်းစာအုပ် မရှိလို့ ဘယ်ဖြစ်မလဲ"
ယမ့်ဟန်မှာ အရယ်မရပ်နိုင်တော့ပေ။
"မတော်လို့ ဖြူစင်တဲ့ ရှောင်ကုန်လေးက ခြေအိတ်စွပ်သလို စွပ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ?"
ချူးယိက ကျစ်ကျစ်ဟု နှစ်ချက်လောက် စုတ်သတ်လိုက်ပြီး ၊ ခေါင်းငုံ့၍ အလေးအနက် ကြည့်နေမိသည်။
"ကုန်ဇီ"
ယမ့်ဟန်က ဆိုဖာပေါ် လှဲချလိုက်ပြီး ၊ လက်မောင်းပေါ် ခေါင်းခုလိုက်သည်။
"မင်း ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေတာလဲ?"
"ဒါဆို ကောင်း,ကောင်းတန်ဖိုးထား"
ချူးယိက အညွှန်းအုပ်ကို ကြည့်နေရင်း ပြောလိုက်သည်။
"ဒါက အရမ်း တန်ဖိုးထားနေတာပဲ မဟုတ်ဘူးလား?"
ယမ့်ဟန်က ချူးယိကို ဆွဲ၍ သူ့ကိုယ်ပေါ် မှီခိုင်းလိုက်သည်။
"ကားဆေးတဲ့ ဧည့်သည်ကိုတောင် ငါ သေအောင် ကာကွယ်နေရတာ"
"အခေါက်,ခေါက်လေးကို လိမ်ရမှာ"
ချူးယိက ယမ့်ဟန်ကို လှည့်ကြည့်လိုက်သည်။
"တစ်ချက်ပွတ်လိုက်,တာနဲ့ စွပ်ပြီးသား ဖြစ်သွားပြီ"
"အင်း"
ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။
ချူးယိ ခေါင်းလှည့်ကြည့်သည့် ဤအနေအထားမှာ ၊ လည်ပင်း နှင့် မျက်နှာတစ်စောင်းဖြစ်နေ၍ ထွက်ပေါ်လာသည့် လိုင်းကြောင်းက အရမ်းကို ဆွဲဆောင်မှု ရှိနေသည်။ယမ့်ဟန်မှာ ထိန်းမထားနိုင်တော့ပဲ လက်ကို ဆန့်ထုတ်၍ ချူးယိလည်ပင်းကို တစ်ချက် ပွတ်လိုက်မိသည်။ :
"မင်း တစ်ခေါက်လောက် စမ်းပြီး စွပ်ကြည့်မလား?"
"......အင်း"
ချူးယိက စက္ကန့်အတော်ကြာအောင် စဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။
"ငါ မင်းကို ကူပေးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းက ငါ့,ငါ့ရဲ့ ဆိုဒ်အတိုင်း ၀ယ်,ခဲ့တာလား?"
ချူးယိက မေးလိုက်သည်။
"ငါတို့နှစ်ယောက်က ဆိုဒ်အတူတူပဲ"
ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။
"ဒါဆို မင်း,မင်းလည်း"
ချူးယိက ကိုယ်ကိုလှည့်၍ ယမ့်ဟန်ကို ဖက်လိုက်ပြီး ၊ ယမ့်ဟန်၏ ဘောင်းဘီကို ဆွဲဟ၍ အထဲကို စမ်းလိုက်သည်။
"တစ်ချက်,စမ်းကြည့်လိုက်"
ယမ့်ဟန်မှာ ဘာမှ မပြောနိုင်တော့ပဲ ၊ လည်ပင်းကို မော့လိုက်မိသည်။