အကြွေစေ့လေးတစ်စေ့ [Completed]

By Yin-2323

228K 34.8K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] More

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၆[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၂[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၅[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၁[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၆-Extra1[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၈၄[U]

1K 195 14
By Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၈၄

လီရှောင်း၏ ကိစ္စကို သူ ယမ့်ဟန်အား မပြောပြတော့ပေ။အဓိက ကတော့ ဘယ်လိုပြောရမလဲဆိုတာကို မသိလို့ပင်။စကားနည်းနည်းလောက်သာ ပြောတာပဲ ရှိတာကြောင့် ၊ ယမ့်ဟန်ကိုသာ ပြောပြလိုက်လျှင် မိမိမှာ ကိစ္စနည်းနည်းလေးရှိလာသည်နှင့် အိမ်ထောင်ဦးစီးကို ပြန်ပြောပြတတ်သည့် မိန်းကလေးနှင့် တူသွားလိမ့်မည်ဟု ချူးယိ တွေးလိုက်မိသည်။

သို့သော်လည်း လီရှောင်းမှာ တစ်ခြား လှုပ်ရှားမှုများ ထပ်မရှိလာတော့ပေ။နှစ်ရက်ခြား ၊ သုံးရက်ခြား တစ်ခါ ကားလာဆေးတတ်သည်။ချူးယိ ရှိနေပါက ချူးယိကို ခေါ်ပြီး ဆေးခိုင်းတတ်သည်။ချူးယိ မရှိချိန် ၊ ချူးယိ မအားသည့် အချိန်များတွင်တော့ ၀န်ထမ်းဟောင်းများကို အမိန့်ပေးရင်း ဆေးခိုင်းတတ်သည်။

ဒီကိစ္စကို တစ်ခြား၀န်ထမ်းဟောင်းတွေက ဘာမှ မပြောကြပေ။အားချီတစ်ယောက်ကသာ နည်းနည်း မကျေမနပ် ဖြစ်နေတတ်သည်။

"ကားပြင်တဲ့ ဘက်မှာပဲ မင်း တစ်ချိန်လုံး နေ မနေနဲ့"

အားချီက ပြောလာသည်။

"မင်းက လက်တွေ့လေ့ကျင့်တဲ့သူတောင် မဟုတ်ပဲနဲ့ ၊ နွေရာသီအလုပ်သမားပဲဟာ ၊ ကားရေဆေးတဲ့သူက မလောက်ဘူး ၊ မင်းက ကိုယ့်ကိုကိုယ် ကားပြင်နိုင်တဲ့သူလို့ ထင်နေသေးတယ်"

ချူးယိက အားချီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊ ဘာမှ ပြန်မပြောလိုက်ပေ။

ကားပြင်ရန်အတွက် ချူးယိက ကိုယ့်ဘာသာ သွားနေခြင်းမဟုတ်ပေ။ကား ပြုပြင်ထိန်းသိမ်းသည့် ၀န်ထမ်းများမှာ အမှန်အတိုင်းပြောရလျှင် ကားရေဆေးသည့် ဒီလူများထက် ပို၍ အများကြီး ပေါင်းသင်းရ အဆင်ပြေလှသည်။တစ်ခါတစ်လေဆိုလျှင် သူတို့က အရင်စ၍ ချူးယိကို အတူတူသွားကြည့်ရန် ခေါ်တတ်ကြသည်။သူကလည်း စိတ်၀င်စားတာကြောင့် လိုက်သွားတတ်သည်။ဒီဘက်မှာ လျုံကော မရှိပါက ၊ သူ ဒီဘက်မှာ နေချင်စိတ် သိပ်မရှိပေ။

ဘာကြောင့်လဲတော့ မသိပေ။ဆိုင်တစ်ဆိုင်ထဲက လူချင်း အတူတူတောင်မှ ၊ အလုပ်တာ၀န်အလိုက် မတူညီသည့် လုပ်ငန်းနယ်ပယ်ကို ခွဲခြားထားကြသည်။

မိမိမှာ ဘယ်လိုပဲ ကုန်ကော ဖြစ်နေပါစေ ၊ ဒီလိုဆက်ဆံရေးမျိုးကို သူ သိပ်ပြီး မဖြေရှင်းနိုင်ဘူးဟု ချူးယိ ထင်မိသည်။နောက်ဆိုလျှင် အဓိကမေဂျာကို သေသေချာချာ သင်ယူရမည်။ကားပြုပြင်ထိန်းသိမ်းတတ်သွားပြီ ဆိုပါက ၊ မိမိတစ်ယောက်တည်း ကားကို မျက်နှာမူနေရလျှင် အများကြီး သက်သောင့်သက်သာ ရှိသွားမည်ပင်။

"မင်းတို့မှာ နားရက် မရှိဘူး မဟုတ်လား?"

ယမ့်ဟန်မှာ ကုတင်ပေါ်တွင် လှဲ၍ ၊ အာသမ်းရင်း မေးလာသည်။

"မရှိဘူး"

ချူးယိက လေသာဆောင်ကို သွား၍ ခြောက်သွားပြီ ဖြစ်သည့် ယူနီဖောင်းကိုယူကာ ၀တ်လိုက်သည်။

"ပြောရမယ်ဆိုရင် ၊ ကားရေဆေးတာ ၊ ကားပြု,ပြုပြင်ထိန်းသိမ်းတာက ၊ လက်,ခရတယ် ၊ များများသွားရင် ပိုက်ဆံ များ,များရတယ်"

ယမ့်ဟန်က ရယ်လိုက်ပြီး ကျစ်ကျစ်ကျစ်ကျစ်ဟု အကြိမ်အနည်းငယ် စုတ်သတ်လိုက်ကာ :

"ဒီပုံစံက ၊ လုပ်နေတာ အသက်ရှင်သန်ရတာ မလွယ်ကူတဲ့ ပုံစံနဲ့ ၊ ငါတောင် ကြည့်နေရင်း မျက်ရည်ကျချင်လာပြီ"

"အသက်ရှင်သန်ရတာက"

ချူးယိက ယမ့်ဟန်ကို ကြည့်လိုက်ပြီး ၊ စကားလုံး ရှာနေသည့်ပုံပင်။အတော်ကြာသွားကာမှ ၊ မျက်နှာမော့လာပြီး ၊ သီချင်းဆိုပြလာသည်။

"နှမ်းလုံးတစ်ခုလို......မဖြေရှင်နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်......."

အသံက အရမ်းကို ကျယ်လွန်းလှသည်။ယမ့်ဟန်မှာ ချူးယိ၏ အသံအကျယ်ကြီးဖြင့် သီချင်းရွတ်ဆိုမှုကြောင့် ၊ စက္ကန့်အတော်ကြာအောင် ကြောင်အနေမိသွားပြီးမှ ၊ ခေါင်းအုံးဖြင့် လှမ်းပေါက်လိုက်သည်။ :

"အိုင်း ၊ လစ်လိုက်စမ်း ! "

"၀က်ခြံလေး ! "

ချူးယိက ခေါင်းအုံးကို ဖမ်းယူလိုက်ပြီး ၊ ထိုစာသားကို ပြီးဆုံးအောင် ဆက်ဆိုလိုက်သည်။

ယမ့်ဟန်က သူမှီနေသည့် ခေါင်းအုံးကိုပါ ဆွဲယူ၍ လှမ်းပေါက်လိုက်သည်။ :

"မင်း ဘယ်ကနေ သင်လာတာလဲ ! ဒီသီချင်းက ငါ့အဖေ ငယ်ငယ်တုန်းက နားထောင်တဲ့ သီချင်းကြီး ! ပြီးတော့ မှားဆိုနေသေးတယ် ! "

"မှားတယ်?"

ချူးယိက ဒုတိယခေါင်းအုံးကို ဖမ်းယူလိုက်ပြီး

"ဒါဆ်ို ဘာ,ဘာလဲ?"

"အဲ့ဒါက လျှော်ထုံးအခွေရဲ့....."

ယမ့်ဟန်က ပါးစပ်ထဲ ရှိရာ ဆိုလိုက်ပြီး ၊ တစ်၀က်လောက် ဆိုပြီးသွားကာမှ ထခုန်လိုက်ကာ ၊ ချူးယိကို ဖမ်းဆွဲ၍ ကုတင်ပေါ် တွန်းလှဲလိုက်သည်။ချူးယိကို ဖိထားရင်း လက်မောင်းပေါ် လက်ဝါးဖြင့် အကြိမ်အနည်းငယ်လောက် ရိုက်လိုက်ပြီး

"အထိုးခံချင်နေတာပေါ့ ၊ မင်းက "

"မင်း ဆို,ဆိုတတ်တာပဲ"

ချူးယိက ကုတင်ပေါ် ပစ်လှဲနေရင်း ရယ်၍ ပြောလိုက်သည်။

"ဦးလေးယမ့် ငယ်,ငယ်ငယ်တုန်းက နားထောင်တဲ့ သီချင်းကို ၊ မင်း,မင်း အကုန်ဆိုတတ်တာပဲ"

"ပါးစပ်ပိတ်ထား ! "

ယမ့်ဟန်က ချူးယိကို လွှတ်ပေးလိုက်ပြီး ၊ ချူးယိ၏ တင်ပါးကို တစ်ချက်ကန်လိုက်သည်။

"ဒီသီချင်းကို လျုံ,လျုံကောက ဖုန်း,ဖုန်းထဲထည့်ပြီး"

ချူးယိက ပြောလိုက်သည်။

"နေ့တိုင်း ဖွင့်နေတာ ၊ ငါ နား,နားထောင်နေရင်း ဆိုတတ်သွားတာ"

"မင်းတို့ရဲ့ အဲ့ဒီလျုံကောနဲ့ နည်းနည်း ဝေးဝေးနေ ၊ အစကတည်းကမှ ထူထူအအပါဆို ၊ ဘဲအကောင်ရေတဲ့ သီချင်းအပြင် ဆိုတတ်တဲ့ သိချင်းကလည်း ဒီလိုသီချင်းကြီး"

ယမ့်ဟန်က သက်ပြင်းချလိုက်သည်။

"အင်း"

ချူးယိက ရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

ချူးယိက တော်တော်လေး လုပ်ကိုင်နိုင်စွမ်း ရှိလှသည်ပင်။ယမ့်ဟန်မှာ စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် အပြင်ထွက်သွားသည့် ချူးယိကို ကြည့်နေမိရင်း ၊ နည်းနည်း သနားသွားမိသည်။

အလုပ် လုပ်ရသည်မှာ ပင်ပမ်းသည့် ကိစ္စတစ်ခုပင်။ချူးယိလို မိုးလင်းကနေ မိုးချုပ်အထိ အလုပ်နှစ်ခု လုပ်နေသည့် သူဆို ပြောစရာပင် မလိုတော့ပေ။သို့သော်လည်း အကယ်၍ အလုပ်မလုပ်ဘူး ဆိုပါက ၊ နောက်ထပ် စာသင်နှစ်စရိတ်ပင် တတ်နိုင်တော့မည် မဟုတ်ပေ။အသက်ရှင် နေထိုင်ဖို့လည်း အဆင်ပြေတော့မှာ မဟုတ်ပေ။

ဒီလို ဖိအားမျိုးဖြင့်ဆိုလျှင် ၊ ဘာအလုပ်ပဲ ဖြစ်ပါစေ ၊ အဆမတန် ပို၍ ပင်ပမ်းသည်ဟု ခံစားရမည်ပင်။

သို့သော်လည်း ချူးယိထံတွင်တော့ ဒီလိုဖိအားမျိုး မတွေ့ရပေ။ည အိပ်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတတ်ပြီး ၊ တစ်ခါတစ်လေ သက်ပြင်းအနည်းငယ် ချတတ်သည်မှ လွဲ၍ ၊ တစ်ခြား ဘာအမူအရာမှ မဖော်ပြခဲ့ပေ။

ချူးယိမှာ တစ်ခါတစ်လေ အူကြောင်ကြောင်ဖြစ်နေတတ်တာကြောင့် ခွေးအဟု ယမ့်ဟန် တစ်ချိန်လုံး လှောင်ပြောင်စနောက်နေခဲ့သော်လည်း ၊ အချိန်အများစုတွင် သူ ထိုကလေးကို အရမ်း လေးစားမိသည်ပင်။

တကယ်ကို တောင့်ခံနိုင်လွန်းလှသည်။

သူ အာတစ်ချက်သမ်းလိုက်ပြီး ၊ လောင်တာ့ သူ့ကို ဖတ်ခိုင်းထားသည့် စာအုပ်ကို လှမ်းဆွဲယူလိုက်သည်။

စာအုပ်က တော်တော်လေး စိတ်၀င်စားစရာ ကောင်းလှသည်ပင်။ယဥ်ကျေးမှုအမျိုးမျိုး၏ အနောက်တိုင်း စားသောက်ဖွယ်ရာများအကြောင်း ပြောဆိုဆွေးနွေးမှုများကို အနှစ်ချုပ်ထားခြင်း ဖြစ်သည်။ယမ့်ဟန်မှာ အလေးအနက်ဖြင့် ဖတ်နေမိသည်။ထိုစာထဲကနေ လောင်တာ့၏ ဟင်းချက်သည့် စိတ်ကူးစိတ်သန်း ၊ အတွေး ၊ အကြံအစည် အမျိုးမျိုးကို သိမြင်နိုင်သည်ပင်။

ဟင်းချက်တာပဲဖြစ်ဖြစ် ၊ အင်္ဂလိပ်စာလုပ်တာပဲဖြစ်ဖြစ် ၊ သူ၏ အရည်အချင်းက သိပ်ပြီး မလုံလောက်သေးပေ။အချိန်ကြာလာလျှင် ၊ အရမ်းကို ပင်ပမ်းလာသည်။

ကုတင်ပေါ်တွင် ပျင်းတိပျင်းရွဲဖြင့် နှစ်နာရီလောက် စာဖတ်နေပြီး နောက်မှာတော့ ၊ သူ ထထိုင်လိုက်ပြီး ရေသွားချိုးလိုက်သည်။ချဲလ်းကျီးတောက်ဆီ သွား၍ ကားရေဆေးသမား ခွေးအချူးကို သွားကြည့်ရန် စိတ်ကူးလိုက်သည်။

ချူးယိ အလုပ်လုပ်နေသည့် ပုံစံကို ကြည့်နေရသည်အား သူ တော်တော်လေး သဘောကျမိသည်။ထိုကလေး အထူးပြုမေဂျာနှင့် ဆက်စပ်သည့် အလုပ်ကို လုပ်နေလျှင် ဘယ်လိုပုံစံဖြစ်နေမလဲဆိုသည်ကို သူ မမြင်ဖူးသေးပေ။

ယမ့်ဟန်က အင်္ကျီလဲလိုက်ပြီး ၊ ပြတင်းပေါက်နား လျှောက်သွားလိုက်ကာ အောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ချွေးယ်ိ၏ ကားက တိုက်အောက်ရှိ ကားပါကင်တွင် ရပ်ထားသည်ကို မြင်လိုက်ရသည်။

"ဦးလေးရဲ့ကားက ပြင်စရာရှိလား?"

သူ ချွေးယိက်ို ဖုန်းလှမ်းဆက်လိုက်သည်။

"မင်း ကားကို သုံးစရာရှိရင်လည်း ပြောလေ"

ချွေးယ်ိက ပြောလာသည်။

"မင်း ဦးလေးရဲ့ကားကို တိုက်အောက်မှာ တွေ့နေလို့ မဟုတ်လား?"

ယမ့်ဟန်က ရယ်လိုက်ပြီး :

"ကားကို မသုံးပါဘူး ၊ ကျွန်တော်က ဆင်ခြေတစ်ခု ရှာချင်ရုံပါ"

"အိတ်ဇောပိုက်ထဲမှာ မီးခိုးမည်းတွေ ထွက်နေတယ်လို့ ချူးယိ ​ပြောနေတာ ၊ ငါ့ကို ဆိုင်သွားပြခိုင်းသေးတယ်"

ချွေးယိက ပြောလာသည်။

"မင်း ကားကို ယူပြီး သွားပြကြည့်လိုက်"

"ရတယ်လေ"

ယမ့်ဟန်က ပြောလိုက်သည်။

"ဓာတ်လှေကား အပေါက်၀ရောက်ရင် ငါ့ ဖုန်းကို အသံတစ်ချက် လှမ်းပေးလိုက်"

ချွေးယိက ပြောလာသည်။

ယမ့်ဟန်က တိုက်ပေါ်ကနေ ဆင်းလာခဲ့လိုက်ပြီး ၊ ချွေးယိတိုက်အောက်ရှိ ဓာတ်လှေကားအပေါက်၀ဆီ လျှောက်လာခဲ့ကာ ၊ ချွေးယိကို ဖုန်းတစ်ချက် လှမ်းခေါ်၍ ဖုန်းပြန်ချလိုက်သည်။

ခဏကြာသွားသည့် နောက်တွင် ဓာတ်လှေကားက အောက်ကို ဆင်းလာပြီး ၊တံခါးအောက်ခြေဘေးနားရှိ ကြမ်းပြင်ပေါ်တွင် ချွေးယိက ကားသော့ကို ချထားသည်။

"ဓာတ်လှေကားကို သယ်ပို့ရေး ကိရိယာ ထပ်လုပ်ပြန်ပြီလား?"

လုံ့ခြုံရေး၀န်ထမ်းက ရယ်၍ ပြောလာသည်။

"အဆင်ပြေပြီး မြန်တယ်လေ"

ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။

ချဲးကျီးတောက်က တော်တော်လေး အဆင်ပြေသည့် ဆိုင်ခွဲတစ်ခုပင်။လမ်းညွှန်ပေါ်တွင် လိပ်စာ အတော်များများ ရှိနေသည်။ချူးယိက သူဘယ်ဆိုင်မှာ လုပ်နေလဲကို မပြောပြဖူးပေ။သို့သော်လည်း ချူးယိက နေ့တိုင်း အိမ်ရာ၀င်း အပေါက်၀ရှိ ဘတ်စ်ကားကို စီး၍ သွားတတ်ရာ ၊ သွားနိုင်သည့်နေရာက ထိုဆိုင်တစ်ဆိုင်သာ ရှိသည်။

ယမ့်ဟန်က ကားကိုမောင်း၍ ထွက်လာခဲ့လိုက်ပြီး ၊ လမ်းညွှန်အတိုင်း လမ်းတစ်လျှောက်လုံး မောင်းလာခဲ့လိုက်သည်။

ဘာကြောင့်မှန်းတော့ မသိပေ။ချူးယိမှာ ဖုန်းက်ိုကိုင်ရင်း နေ့စဥ်နေ့တိုင်း ရှောင်လီအကင်ဆိုင်ကို ရှာခဲ့ရသည့် ကိစ္စအား သတိရမိသွားရာ ၊ သူ သက်ပြင်းဖွဖွ ချလိုက်မိသည်။

လူကို တကယ် အံ့သြစေသည့် ခွေးပင်။

ချဲးကျီးတောက်က တော်တော်လေး ရှာရလွယ်သည်ပင်။ဆိုင်းပုတ်က အတော်လေး ကြီးလှရာ ၊ အဝေးကြီးကနေပင် လှမ်းမြင်နေရသည်။ဆိုင်အပြင်အဆင်ကလည်း တော်တော်လေး အဆင်ပြေသည်ပင်။

ယမ့်ဟန်က ကားကို ဆိုင်ပေါက်၀စီ မောင်း၀င်သွားသည့် အချိန်မှာပင် ၊ ယူနီဖောင်း၀တ်ထားသည့် ကောင်လေးနှစ်ယောက်က ထွက်လာကြသည်။

"အိတ်ဇောပိုက်က မီးခိုးမည်းတွေ နည်းနည်း ထွက်နေလို့"

ယမ့်ဟန်က ပြောလိုက်သည်။

"အရင်ဆုံး တစ်ချက် စစ်ဆေးကြည့်လိုက်တာပေါ့"

ကောင်လေးတစ်ယောက်က ပြောလာသည်။

"လူကြီးမင်း ဆင်းခဲ့လိုက်လေ ၊ ကျွန်တော်တို့ အထဲကို မောင်းပေးသွားလိုက်မယ်"

ယမ့်ဟန် ကားပေါ်က ဆင်းပေးလိုက်သည်။ကောင်လေးတစ်ယောက်က ကားပေါ် တက်လိုက်ပြီး ၊ ကားပြုပြင်ရာ နေရာဆီ မောင်းယူသွားခဲ့သည်။

ကားရေဆေးသည့် နေရာက တံခါး၀နားမှာ ရှိသည်။ကားရေဆေးသည့် နေရာ လေးနေရာတွင် ၊ သုံးနေရာ၌ ကားများ ရပ်ထားသည်။ယမ့်ဟန် ထိုဘက်ဆီ အကြိမ်အနည်းငယ်လောက် လှမ်းကြည့်လိုက်သည်။ချူးယိကို မတွေ့ပေ။

သူ ကားပြုပြင်သည့်ဘက်ဆီ ထပ်ပြီး လှမ်းကြည့်လိုက်မိသည်။မိန်းကလေးတစ်ယောက်က သူ့အတွက် ရေတစ်ခွက် ယူလာပေးသည်။

ချူးယိကို မတွေ့ရပြန်ပေ။ယမ့်ဟန်မှာ ရေသောက်နေရင်းဖြင့် ၊ ဆိုင်မှားလာမိတာလားဟု သံသယဖြစ်နေစဥ်မှာပင် ၊ ဟိုဘက်က ကတုတ်ကျင်းထဲတွင် လူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။

ကတုတ်ကျင်းပေါ်တွင် ကားရပ်ထားတာကြောင့် ၊ ထိုသူ၏ မျက်နှာကို မမြင်ရပေ။

သို့သော်လည်း ထိုသူ၏ အတွင်းခံဘောင်းဘီကို.....ယမ့်ဟန် မှတ်မိသည်ပင်။

ထိုသူ ၀တ်ထားသည့် အတွင်းခံဘောင်းဘီက သူ့ဘောင်းဘီ ဖြစ်နေလို့ပင်။

အရမ်းကို သတိမထားတတ်ဘူးပဲ ၊ ဘောင်းဘီကို အပေါ်ဘက် နည်းနည်း မ,တင်ထားလို့ မရဘူးလား ! ဘောင်းဘီခါးချောင်နေရင် ခါးပတ်ကြိုးနဲ့ ချည်ထားလို့ မရဘူးလား ! အတွင်းခံဘောင်းဘီတောင် ပေါ်နေပြီ !

"ချူးယိ ၊ မင်း ဒီကားကို တစ်ချက်လောက် ကူကြည့်ပေးဦး"

ကားကို မောင်းယူသွားသည့် ကောင်လေးက ကတုတ်ကျင်းဘက်ကို တစ်ချက် လှမ်းအော်ပြောလိုက်သည်။

"ငါ ကွန်ပျူတာအခန်းဆီ သွားလိုက်ဦးမယ်"

"အင်း"

အတွင်းခံဘောင်းဘီ၏ သခင်က အသံတစ်ချက် ပြန်ပေးလာသည်။တကယ်ကို ချူးယိပင်။

ကတုတ်ကျင်းထဲကနေ ပြန်ထွက်လာသည့် ချူးယိကို ယမ့်ဟန် ကြည့်နေလိုက်မိသည်။အချိန်အတော်ကြာအောင် အလုပ်လုပ်ထားလို့ ဖြစ်ပုံရသည်။တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီး ၊ တီရှပ်ပင် ခန္ဓာကိုယ်ပေါ် ကပ်နေသည်။အတွင်းဘက်ရှိ ကြွက်သားလိုင်းကြောင်းများကို မြင်နေရသည်။

ချူးယိက စက်ဆီတွေ စိုရွှဲနေသည့် လက်အိတ်က်ို ဆွဲချွတ်နေရင်း ၊ ဒီဘက်ကို တစ်ချက် လှမ်းကြည့်လာပြီး ၊ ကြောင်အသွားခဲ့သည်။

"ငါ့ကို ကူကြည့်ပေးဦး"

ယမ့်ဟန်က ခေါင်းကိုစောင်း၍ ပြောလိုက်သည်။

"မင်း ဘယ်,ဘယ်လ်ိုဖြစ်ပြီး ရောက်လာတာလဲ?"

ချူးယိမှာ စက္ကန့်အနည်းငယ်လောက် ကြောင်အနေပြီးနောက် ၊ ရုတ်တရက် ရယ်ချလိုက်ပြီး ၊ လက်ကိုမြှောက်၍ နဖူးပေါ်ရှိ ချွေးများကို ဖိသုတ်လိုက်သည်။နဖူးထောင့်စွန်းတွင် အမည်းကြောင်းတစ်ခု ပေသွားခဲ့သည်။

"ဒီကားက ပြသင့်ပြီဆိုပြီး မင်းပြောဖူးတယ်လို့ လောင်ချွေးက ပြောတယ်"

ယမ့်ဟန်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်သည်။

"အင်း"

ချူးယိက အနားကို လျှောက်သွားလိုက်ပြီး ၊ ရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ငါ အရင် ကြည့်ကြည့်လိုက်ဦးမယ်"

"ရှောင်ကော ပင်ပမ်းသွားပြီ"

ယမ့်ဟန်က ပြောလိုက်သည်။

"မ,ပင်ပမ်းပါဘူး"

ချူးယိက ကားအရှေ့ဘက်ဆီ လျှောက်သွားလိုက်ပြီး ၊ ကားဘောနပ်ကို ဖွင့်လိုက်သည်။

ယမ့်ဟန်မှာ ဘေးနားတွင် ရပ်၍ ကြည့်နေမိသည်။

ချူးယိက ကားခေါင်းကို လက်ဖြင့် အားပြု၍ ၊ ခါးကိုင်းကာ အထဲဘက်ကို ကြည့်လိုက်သည်။ချွေးများစိုနေသည့် မျက်နှာအမူအရာက အရမ်းကို အလေးအနက် ရှိနေရာ ၊ ကြည့်လိုက်လျှင် အရမ်းကို ဆွဲဆောင်မှု ရှိလှသည်။

"မီး,မီးပွားပိတ်နေတာ ဖြစ်မယ်"

ချူးယိက ပြောလိုက်သည်။

"အင်း"

ချူးယိ ဘာကို စစ်ဆေးနေမှုန်း ယမ့်ဟန် သတိမထားမိပေ။တစ်ချိန်လုံး ချူးယိ၏ လှုပ်ရှားမှုများကိုသာ စိုက်ကြည့်နေမိသည်။

ချူးယိက ခါးပေါ်ချိတ်ထားသည့် ကိရိယာအိတ်ထဲမှ ၀က်အူလှည့်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ၊ အင်ဂျင်အဖုံးကို ဖွင့်လိုက်သည်။ထပ်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ :

"ဦးလေးချွေးရဲ့ ဒီကားက တစ်,တစ်ခါမှ ပြုပြင်ထိန်းသိမ်းတာ မ,မလုပ်ဘူးမဟုတ်လား?"

"ကြည့်ရတာ သိပ်မထိန်းသိမ်းဘူး ထင်တယ် ၊ ကားက မောင်းနေတာ နှစ်တော်တော်ကြာနေပြီ ၊ တစ်ခုခုဖြစ်မှ ကားလဲပစ်လိုက်ဖို့ စောင့်နေတာထင်တယ်"

ယမ့်ဟန်က ပြောလိုက်သည်။

"စစ်ထုတ်တဲ့ ကိရိယာက လဲ,လဲရတော့မယ်"

ချူးယိက လေစစ်ထုတ် ကိရိယာကို ဖွင့်လိုက်ပြီး

"ဆေးရင်တောင် မ,ရလောက်တော့ဘူး"

"လဲလိုက်"

ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။

"နောက်ထပ် ဘာလဲစရာရှိသေးလဲ?"

"မီးပွားပလပ်"

ချူးယိက ပြောလိုက်သည်။

"ဟုတ်ပြီ"

ယမ့်ဟန်က ချူးယိကို ကြည့်လိုက်သည်။

ချူးယိက ခေါင်းမော့၍ ယမ့်ဟန်ကို တစ်ချက်ကြည့်လိုက်သည်။နှုတ်ခမ်းထောင့်စွန်းတွင် ဖုံးဖိထားလို့ မရနိုင်သည့် အပြုံးတစ်ခုရှိနေသည်။ :

"မင်း တ,တကယ်ကြီး ၊ ဒီကို ရောက်,အောင်လာခဲ့တာပဲ"

"မင်း အခုမှ အသိပြန်၀င်လာတာတော့ မဟုတ်ဘူးမလား?"

ယမ့်ဟန်က ပြောလိုက်သည်။

"ဟုတ်တယ်လေ"

ချူးယိက ရယ်နေပြီး

"အရမ်း ပျော်တာပဲ"

"ခွေးရူး"

ယမ့်ဟန်က ပြောလိုက်သည်။

ချွေးယိ၏ ဒီကားက ဘာပြဿနာမှ သိပ်မရှိပေ။ချူးယိက စစ်ထုတ်စက်ကို လဲပေးလိုက်ပြီး ၊ နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ကာ ၊ မီးပွားပလပ်က်ိုပါ လဲပေးလိုက်သည်။

ယမ့်ဟန်မှာ ချူးယိ၏ လှုပ်ရှားမှုများကို တစ်ချိန်လုံး စိုက်ကြည့်နေမိသည်။

ချူးယိ မော်တော်ကားပြုပြင်ရေးကို သင်တာ တစ်နှစ်ကြာသွားပြီပင်။ချူးယိ ကားပြင်နေသည့် အချိန်၌ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုသည်ကို သူ အရင်က တစ်ခါမှ မစဥ်းစားမိဖူးခဲ့ပေ။ဟိုတစ်လောက ခရီးထွက်စဥ်ကလည်း ၊ ဒီကားက ဘာပြဿနာမှ မရှိခဲ့တာကြောင့် ချူးယိကို မပြင်ခိုင်းခဲ့ရပေ။

အခုအချိန်ကျမှသာ ၊ "အထူးပြုမေဂျာနှင့် ပတ်သတ်သည့်" အလုပ်က်ို ချူးယိ လုပ်နေသည့်အချိန်၌ ၊ ဘယ်လိုပုံစံမျိုးလဲ ဆိုသည်ကို တွေ့လိုက်ရသည်။

အရမ်းကို စတိုင်ကျလှသည်။ပစ္စည်းကိရိယာကို ယူနေသည့် ပုံစံပဲ ဖြစ်ဖြစ် ၊ စစ်ဆေးနေသည့် အချိန်၌ ဖြစ်နေသည့် မျက်နှာအမူအရာပဲ ဖြစ်ဖြစ် ၊ ပုံစံ အကုန်လုံးက ကျွမ်းကျင်သမားနှင့် တူလှသည်။လုပ်ခါစ အသားမကျ ဖြစ်နေသလို ပုံစံမျိုး လုံး၀ ရှိမနေပေ။

အရမ်းကို ဆွဲဆောင်မှု ရှိလှသည်။

ယမ့်ဟန်က ဘေးနားကို ဆုတ်လိုက်ပြီး ၊ ဆေးလိပ်မီးညှိလိုက်သည်။

"ခင်ဗျားတို့က သိနေကြတယ် မဟုတ်လား?"

ယူနီဖောင်း၀တ်စုံပေါ်တွင် စက်ဆီအစက်အပျောက်များ စွန်းနေသော အင်္ကျီကို ၀တ်ထားသည့် ကောင်လေးက ဘေးနားကနေ မေးလာသည်။

"အင်း"

ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်ပြီး ၊ လက်ထဲရှိ ဆေးလိပ်ဘူးနှင့် မီးခြစ်ကို လှမ်းပေးလိုက်သည်။

ကောင်လေးက လေးဖက်လေးတန်ကို လှမ်းကြည့်လိုက်ပြီး ၊ ဆေးလိပ်တစ်လိပ်ယူ၍ မီးညှိလိုက်သည်။

"ချူးယိက တော်တော်လေး တော်တယ်"

ကောင်လေးက ပြောလာသည်။

"သူတို့ကျောင်းကနေ ကျောင်းပြီးသွားတဲ့လူတော်တော်များများက ကျွန်တော်တို့ဆီလာပြီး လက်တွေ့လာဆင်းကြတယ် ၊ သူက လက်တွေ့လာဆင်းတဲ့သူတွေနဲ့ သိပ်မကွာဘူး"

"ဟုတ်လား"

ယမ့်ဟန်က ရယ်လိုက်သည်။

"မော်တော်ကား ပြုပြင်တယ်ဆိုတာက အရည်အချင်းက စကားပြောတာပဲ ၊ တစ်ခြား ဘာမှ မလိုဘူး"

ကောင်လေးက ပြောလာသည်။

"ချူးယိလို အရည်အချင်းမျိုးနဲ့ဆိုရင် ၊ ကျောင်းပြီးသွားလို့ကတော့ ဘယ်နေရာသွားသွား ပြဿနာမရှိဘူး"

ထိုကောင်လေးမှာ ယမ့်ဟန်၏ ဆေးလိပ်ကို သောက်နေတာကြောင့်လားတော့ မသိပေ။အနှစ်ချုပ်လိုက်လျှင် ဆေးလိပ်သောက်နေသည့် အချိန်အတွင်း ၊ တစ်ချိန်လုံး ချူးယိက်ို ချီးမွမ်းနေသည်။

ဤကောင်လေး၏ တရစပ် ချီးကျူးမှူများကြောင့် ယမ့်ဟန်ကိုယ်တိုင်ပင် ချူးယိအစား နည်းနည်း မနေတတ်မထိုင်တတ် ဖြစ်သွားမိသည်။

ချူးယိက လဲစရာရှိသည်များကို လဲပြီးသည့် နောက်တွင် ၊ တစ်ခြားအစိတ်အပိုင်းများကိုပါ တစ်ခေါက် စစ်ဆေးကြည့်လိုက်သည်။

"အားတဲ့ တစ်ရက်လောက်ကျရင် သူ့ကို လာပြီး ပြုပြင်ထိန်းသိမ်းခိုင်းလိုက်ကြတာပေါ့"

ယမ့်ဟန်က ပြောလိုက်သည်။

"အခုလုပ်,လုပ်သွားလည်း ရတယ်လေ"

ချူးယိက ပြောလိုက်သည်။

"ဒီနေ့က ပိုက်ဆံကို ငါရှင်းပေးတာ"

ယမ့်ဟန်က ပြောလိုက်သည်။

"ပြုပြင်ထိန်းသိမ်းတာကိုတော့ သူကိုယ်တိုင် လုပ်ပါစေ"

"သြော"

ချူးယိက ယမ့်ဟန်ကို ကြည့်လိုက်သည်။

"ဟုတ်ပါတယ်လေ ၊ မင်းက သိန်းနှစ်,နှစ်ဆယ်တန်ကား ၀ယ်မလို့ဟာကို"

ယမ့်ဟန်က ရယ်လိုက်ပြီး :

"ဒါမှမဟုတ်ရင်လဲ ၊ ကားကို ရေထပ်ဆေးပေးလိုက်လေ"

"ကဒ်လုပ်မှာလား?"

ချူးယိက မေးလိုက်သည်။

"......ကဒ်လုပ်ရင် မင်း ကော်မရှင်ခ ရလား?"

ယမ့်ဟန်က မေးလိုက်သည်။

"ရတယ်"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုလည်း လုပ်လိုက်"

ယမ့်ဟန်က ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် လောင်ချွေးမှာ ကားရေဆေးဖို့ သတ်မှတ်ထားတဲ့ နေရာမှ မရှိတာ ၊ သူ့ကိုကူပြီး တစ်ခုလောက် လုပ်ပေးလိုက်တာပေါ့ ၊ ဒီလူက ပုံမှန်ဆိုလည်း ကားကို ကားရေဖြန်းစက်က်ို အားကိုးပြီး ဆေးနေတာပဲ"

ချူးယိက ရယ်လိုက်ပြီး :

"ဒါဆို မင်း ပိုက်ဆံ လာ,ရှင်း"

ဤသည်မှာ ချူးယိအတွက် ပထမဆုံး အကြိမ်အဖြစ် ဦးစည်းဦးဆောင်ပြုကာ ပျော်ပျော်ကြီး ပြေးသွားပြီး ကားသွားဆေးခြင်းပင်။

အားချီက သူနှင့်အတူတူ ကားလာဆေးနေသည်ကိုပင် မကျေမနပ် ဖြစ်သလိုမျိုး မခံစားရပေ။

"မင်းသူငယ်ချင်းလား?"

အားချီက ကုလားထိုင်ပေါ်တွင် ထိုင်၍ ခြေထောက်ကိုဆန့်ထားပြီး ဖုန်းဆော့နေသည့် ယမ့်ဟန်ကို လှမ်းကြည့်လိုက်သည်။

"အင်း"

ချူးယိက အသံတစ်ချက် ပြန်ပေးလိုက်သည်

"လူမိုက်မဟုတ်လား?"

အားချီက ထပ်မေးလာသည်။

"မဟုတ်ပါဘူး"

ချူးယိက ပြောလိုက်သည်။

"ပုံစံကို ကြည့်ရတာ လူမိုက်နဲ့ တူတယ်"

အားချီက ပြောလာသည်။

ချူးယိက ဘာမှပြန်မပြောပေ။

"ဘာလုပ်တဲ့သူလဲ?"

အားချီက ဆက်မေးလာသည်။

"မင်း သူ့ကို အင်,အင်တာ သွားဗျူးလိုက်လေ"

ချူးယိက ပြောလိုက်သည်။

ဘေးနားရှိ ကားဆေးသည့် နေရာတွင် ကားဆေးနေသည့် လျုံကောက ကြားသွားပြီး ရယ်လိုက်သည်။ :

"အားချီပြောတာကို နားထောင်ရတာက အင်တာဗျူးနေတာနဲ့ မတူဘူး ၊ စစ်ဆေးမေးမြန်းနေတာနဲ့ တူနေတယ်"

"ကျွန်တော်က သူ့ကို စစ်ဆေးမေးမြန်းပြီး ဘာလုပ်ရမှာလဲ"

အားချီမှာ နည်းနည်း အရှက်ကွဲသွားခဲ့သည်။

"ဒီအတိုင်းပဲ ပါးစပ်ထဲရှိရာ မေးကြည့်တာ"

ချူးယိက စကားဆက်ပြောမနေတော့ပဲ ၊ ကားအနောက်ဘက်ကို လျှောက်လာခဲ့ပြီး ၊ ခါးကိုကိုင်း၍ ဘီးကို ရေဖြင့် ထိုးဆေးလိုက်သည်။ချွေးယိ၏ ဒီကားက တစ်ချိန်လုံး မြို့ထဲတွင်သာ မောင်းတတ်ရာ ၊ တစ်ချက်ကြည့်လိုက်လျှင် ကားရေမဆေးတာ အတော်ကြာပြီမှန်း သိသာနေသော်လည်း ၊ ဆေးလို့ အဆင်ပြေနေသေးသည်ပင်။

ကားရေဆေးတာ တစ်၀က်လောက် ရောက်သည့် အချိန်၌ ၊ တံခါးအပြင်ဘက်ကနေ လူတိုင်း ရင်းနှီးနေကြသည့် ကားတစ်စီး မောင်း၀င်လာသည်ကို ချူးယိ တွေ့လိုက်ရသည်။

လီရှောင်းလာပြီပင်။

ယမ့်ဟန်က ခေါင်းလှည့်၍ တစ်ချက်ကြည့်လိုက်ပြီး ၊ ပြီးနောက်တွင် ချူးယိရှိရာဘက်ကို တစ်ချက် ထပ်ကြည့်လာသည်။

လီရှောင်းရဲ့ကားက ဘာကားလဲဆိုတာကို သူ ယမ့်ဟန်ကို ပြောပြဖူးသည်ပင်။ယမ့်ဟန်က မှတ်မိသွားသည့်ပုံပင်။သို့ဖြစ်ရာ သူ ခေါင်းညိတ်ပြလိုက်သည်။ယမ့်ဟန်က သိသိသာသာပင် ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး ၊ ခေါင်းပြန်ငုံ့၍ ဖုန်းဆက်ဆော့နေသည်။

"ချူးယိ"

လီရှောင်းက ၀င်လာပြီး ချူးယိကို တစ်ချက် လှမ်းခေါ်လိုက်သည်။

"ဒီကားက ဆေးပြီးဖို့ ဘယ်လောက်ကြာဦးမှာလဲ?ပြီးတော့မှာ မဟုတ်လား?"

"နည်း,နည်းတော့ ကြာဦးမှာ"

ချူးယိက ပြောလိုက်သည်။

"ဒါဆိုလည်း ငါ ခဏစောင့်နေမယ်"

လီရှောင်းက ကားဘေးနားတွင် ရပ်လိုက်သည်။

"ဟိုဘက်မှာ နေရာတစ်နေရာ ရှိသေးတယ်"

လျုံကောက ပြောလိုက်သည်။

"အဲ့မှာ ဆေးတာပေါ့"

"အလျင်မလိုပါဘူး"

လီရှောင်းက ပြောနေရင်း နာရီတစ်ချက်ကြည့်လိုက်ကာ

"အချိန် နည်းနည်း ရသေးတယ်"

ချူးယိမှာ ဘာမှ ပြန်မပြောမိပေ။ယမ့်ဟန်ရှိရာဘက်ကို လှမ်းကြည့်လိုက်မိသည်။ယမ့်ဟန်က ခေါင်းငုံ့၍ ဖုန်းဆော့နေဆဲပင်။ဘာတုံ့ပြန်မှုမှ မရှိပေ။

ကားရေဆေးတာ ပြီးတော့မည့် အချိန်တွင် ၊ ယမ့်ဟန်က အနားက်ို လျှောက်လာပြီး ၊ ကားက်ို လာကြည့်သည်။ :

"ဘမ်ပါ နားက်ို ထပ်ပြီး ရေဆေးပေးဦး ၊ ဖုန်တွေ တော်တော်များနေတယ် ၊ ရေဆေးလို့ ပြောင်ရဲ့လား?"

"သြော"

ချူးယိက အသံတစ်ချက် ပြန်ပေးလိုက်ပြီး ၊ ရေဖြန်းစက်ဖြင့် ဘမ်ပါကို ချိန်၍ ရေဖြန်းလိုက်သည်။

"ခဏနေကျရင် ကားထိပ်က်ိုလည်း နောက်ထပ် တစ်ခေါက်လောက် ထပ်လုပ်ပေးဦး"

ယမ့်ဟန်က ပြောလိုက်သာာည်။

"ဒီကားကို သိပ်မသုံးဖြစ်တာ ကြာပြီ ၊ ကားအမိုးပေါ်မှာ ငှက်ချေးတွေ တော်တော်များတယ်"

"ဟုတ်ပြီ"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

ယမ့်ဟန် တောင်းဆိုသည့် အတိုင်း ရေဆေးပေးပြီးနောက်တွင် ၊ လီရှောင်းက နာရီကို ကြည့်လိုက်ပြီး :

"မပြီးသေးဘူးလား?"

"ဘီးရဲ့ ဒီနားမှာ ရွှံ့တွေ ရှိနေသေးတယ်"

ယမ့်ဟန်က ခါးကိုင်း၍ ဘီးကို ညွှန်ပြလိုက်သည်။

"ရေဆေးတာ မပြောင်ဘူးပဲ"

ချူးယိက ရေဖြန်းစက်ကို ယူ၍ ဆက်ဆေးပေးလိုက်သည်။

အခုတော့ ယမ့်ဟန်ဘာလုပ်နေသလဲဆိုတာကို သူ သိသွားပြီပင်။နည်းနည်း ရယ်ချင်နေသော်လည်း အောင့်ထားလိုက်သည်။

လုပ်ထုံးလုပ်နည်း အရ ဆိုလျှင် ၊ အခု အတွင်းပိုင်းကို ဖုန်စုပ်ပြီး သန့်ရှင်းရေး လုပ်ပေးရတော့မည်ပင်။သို့သော်လည်း ယမ့်ဟန်၏ ခိုင်းနေမှုကြောင့် ဆယ်မိနစ်လောက် အချိန်ကုန်သွားခဲ့သည်။ခဏနေ ဒီနား ၊ ခဏနေ ဟိုနားနှင့် ခိုင်းနေသည်မှာ လီရှောင်းနှင့် လက်ရည်အတူတူလောက် ရှိသည်ပင်။

"ဒီကားက်ို ဆေးနေတာ မပြီးတော့ဘူးလား?"

လီရှောင်းမှာ တကယ်ကို သည်းမခံနိုင်တော့ပဲ တစ်ခွန်း မေးလိုက်သည်။

"ကျွန်တော်က အသန့်ကြိုက်ရောဂါရှိလို့ပါ"

ယမ့်ဟန်က အရမ်းက်ို ရိုးရိုးသားသားဖြင့် လီရှောင်းကို ကြည့်လိုက်ပြီး

"တောင်းပန်ပါတယ်နော"

လျုံကောက ရိပ်မိသွားပုံရသည်။ဘေးနားက ကားက်ို ဆေးပြီးသွားသည့် နောက်တွင် ၊ ကားဆေးပေးနေရတာ စိတ်မရှည်ဖြစ်နေသည့် အားချီကို ခေါ်လိုက်သည်။ :

"ငါတို့နှစ်ယောက် သူဌေးလီရဲ့ကားကို ဆေးပေးလိုက်ကြရအောင်"

".....ဒီနေ့ တကယ် ကံအရမ်းဆိုးနေတာပဲ"

အားချိီက အသံတိုးတိုးဖြင့် ပြောလာသည်။

"သူဌေးလီရဲ့ကားကို သွားမောင်းလာခဲ့လိုက်"

လျုံကောက အားချီ၏ ပခုံးကို ပုတ်၍ ၊ လီရှောင်းကို ထပ်ကြည့်လိုက်သည်။

"ဒီနားမှာ ခဏလောက် ကြာဦးမှာ ၊ ဟိုဘက်မှာ သွားဆေးကြတာပေါ့"

"ခဏနေ ဖုန်စုတ်ရင် နည်းနည်း ဂရုစိုက်"

ယမ့်ဟန်က ဆက်ပြောနေသည်။

"ခြေထောက်အခံနားကို တစ်ချက်လောက် ပိုလုပ်ပေး ၊ အကုန်လုံး ရွှံ့တွေကြီးပဲ"

"အင်း"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

"ပြီးတော့ ကားတံခါးကြားထဲရောပဲ ၊ ရွှံ့တွေအများကြီး စုနေတယ်"

ယမ့်ဟန်က ပြောလိုက်သည်။

"အသန့်ကြိုက်တဲ့သူက ဒီလောက် ရွှံ့တွေအများကြီး စုထားတယ်ပေါ့ ၊ ဖုန်တွေကြီးပဲ"

လီရှောင်းက နောက်ဆုံးတော့ လက်လျှော့လိုက်ပြီး ၊ လျုံကောကို လက်ယမ်းပြလိုက်သည်။

"လောင်လျုံ ၊ မင်းငါ့ကို ဆေးပေး ၊ ငါ ခဏနေ ကိစ္စတစ်ခုရှိတယ်"

လီရှောင်း ထွက်သွားသည်ကို မြင်လိုက်ရသည့် နောက်မှသာ ချူးယိမှာ လေတစ်ချက် မှုတ်ထုတ်လိုက်မိသည်။သူ လီရှောင်းကားကို ဆေးပေးရတာကို ဂရုမစိုက်ပေ။လီရှောင်းသာ ထပ်ပြိီး ပွစိပွစိ ပြောနေလျှင် ၊ ယမ့်ဟန်က စိတ်တိုသွားပြီး လီရှောင်းကို သွားထိုးလိုက်မှာ သူ ကြောက်နေခြင်း ဖြစ်သည်။

လီရှောင်းထွက်သွားသည့်နောက်တွင် ၊ ယမ့်ဟန်က အမိန့်ပေးခိုင်းနေတာ မရှိတော့ပေ။ဘေးနားတွင် ထိုင်၍ ကားတံခါးကို ညွှန်ပြလာပြီး :

"မြန်မြန်လေး ၊ အထဲဘက်ကို အဆင်ပြေသလို ဖုန်စုပ်လိုက်ရင် ရပြီ"

"မင်းရဲ့ အ,အသန့်ကြိုက်ရောဂါက ကောင်းသွားပြီလား?"

ချူးယိက ယမ့်ဟန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"အဆင်ပြေသလို သန့်ရှင်းလိုက်ရင် ၊ ရောဂါ ပျောက်သွားပြီ"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါ သည်းခံနိုင်တယ်"

"ပုံမှန်အတိုင်း မင်း,ကိုဆေးပေးမယ်"

ချူးယိက ရေဖြန်းစက်ကို သိမ်းလိုက်ပြီး ၊ အ၀တ်စယူ၍ ကားကို စသုတ်လိုက်သည်။

"မင်း ဒီလို အလုပ်လုပ်နေတာက ပိုလုပ်နေရတာမဟုတ်လား?"

ယမ့်ဟန်က ပြောလိုက်သည်။

"အမှန်ဆို လူနှစ်ယောက် လုပ်ရမယ့် အလုပ်ကို"

"ဘာမှမဖြစ်ဘူး"

ချူးယိက ပြောလိုက်သည်။

"ဒါက ငါ့အ,အတွက်တော့ အားလပ်ရက်,အနားယူသလိုပဲ"

"ဟို စိတ်မရှည်တဲ့ မျက်နှာနဲ့လူက"

ယမ့်ဟန်က ဟိုဘက်ကို လှမ်းကြည့်လိုက်ပြီး

"မင်းပြောတဲ့ ပေါင်းသင်းရအဆင်မပြေဘူးဆိုတဲ့ အလုပ်ဖော် မဟုတ်လား?"

"အင်း"

ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး ၊ ကားကို အမြန်သုတ်ပေးနေလိုက်သည်။

"သူ ခုနက ဒေါသမ,မထွက်တာကို ငါ တော်တော်လေးအံ့,သြနေတာ"

"သူ ငါ့ကို ကြောက်နေတာ"

ယမ့်ဟန်က ရယ်လိုက်သည်။

ချူးယိမှာ ယမ့်ဟန်ကို ကြည့်လိုက်မိသည်။

"မယုံမရှိနဲ့"

ယမ့်ဟန်က နှုတ်ခမ်းထောင့်စွန်းကို ဆွဲဆန့်လိုက်ပြီး

"ငါ လူကို တစ်ချက်ကြည့်လိုက်ရုံပဲ ၊ အထူးသဖြင့် ဒီအချက်ကိုပဲ"

ချူးယိက ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး :

"ဒါဆို ငါ က မင်းကို ကြောက်လား မကြောက်ဘူးလား?"

"မင်းက ငါ့ကို မကြောက်ဘူး"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါက မင်းကို ကြောက်တာ"

"ငါ စကားတစ်ခွန်းပြော,လိုက်တာနဲ့ မင်းပျော့သွားမှာကို ကြောက်,ကြောက်တာ မဟုတ်လား?"

ချူးယိက ပြောလိုက်သည်။

"မင်း ပါးစပ်ကြောင့် ၊ ငါ မင်းကို သေအောင်ရိုက်မိသွားမှာကို ကြောက်နေတာ"

ယမ့်ဟန်က ပြောလိုက်သည်။

ချူးယိမှာ တဟီးဟီးဖြင့် အတော်ကြာအောင် ရယ်နေလိုက်မိသည်။

ချွေးယိ၏ ကားက မထိန်းသိမ်းထားသော်လည်း ၊ ကားအတွင်းပိုင်းကတော့ တော်တော်လေး အဆင်ပြေသည်ပင်။ဖုန်စုပ်တာကလည်း ပြဿနာ မရှိပေ။

သို့သော်လည်း ကားမောင်းသူခုံအောက်ဘက်ကို ချူးယိ ဖုန်စုပ်လိုက်သည့် အချိန်၌ ၊ ဖုန်စုပ်စက် ထိပ်၀မှာ ပစ္စည်းတစ်ခုဖြင့် ပိတ်ဆို့သွားခဲ့သည်။သူ ဖုန်စုပ်စက်ကို ပိတ်၍ တစ်ချက်ကြည့်လိုက်သည်။ဖုန်စုပ်စက် ထိပ်၀တွင် လေးထောင့်ပုံ အိတ်သေးသေးလေးတစ်ခု တစ်စို့နေသည်။

သူ တစ်ချက်ကြည့်လိုက်သည်။အိတ်ပေါ်တွင် တရုတ်စာလုံး တစ်လုံးမှ မပါပေ။သို့သော်လည်း.....ထိုအရာမှာ သန့်ရှင်းသည့် အရာတစ်ခု မဟုတ်မှန်းကိုတော့ စိတ်ထဲကနေ ခံစားမိလိုက်သည်။

"ဒါက....."

သူ အိတ်လေးကို လက်ချောင်းဖြင့် ညှပ်ယူ၍ ယမ့်ဟန်အား လှုပ်ယမ်းပြလိုက်သည်။

ယမ့်ဟန်မှာ ခေါင်းတစ်ချက် မော့ကြည့်လိုက်ပြီးနောက် ကြောင်အသွားခဲ့သည်။နှစ်စက္ကန့်လောက် ကြာသွားကာမှ အသံတိုးတိုးဖြင့် စကားတစ်ခွန်း ဆိုလိုက်သည်။ :

"ငါလူး ၊ မင်း ငါ့ကို ဖိတ်ခေါ်နေတာလား?"

"အာ?"

ချူးယိမှာ နားမလည်ဖြစ်သွားခဲ့သည်။

"ကားထိုင်ခုံအောက်,အောက်မှာ တွေ့ , လို့"

".....ကားထိုင်ခုံအောက်မှာ?"

ယမ့်ဟန်မှာ ကြောင်အသွားမိပြီး ၊ အနားကို လျှောက်သွား၍ အိတ်ကိုယူကာ တစ်ချက်ကြည့်လိုက်သည်။

"မဖောက်ရသေးလို့ တော်သေးတယ် ၊ ဒီဟာသာ သုံးထားပြီးသားဆိုရင် ၊ ငါ လောင်ချွေးကို ဘယ်လို မျက်နှာချင်းဆိုင်ရမယ်မှန်း သိမှာ မဟုတ်တော့ဘူး"

"ဒါက ကွန်,ကွန်,ကွန်....."

ချူးယိက အသံကို ဖိ၍ ခက်ခက်ခဲခဲဖြင့် ပြောလာသည်။

"ကွန်....."

"ဒုံးဒုံး"

ယမ့်ဟန်မှာ ဆက်နားမထောင်နိုင်တော့ပေ။ချူးယိစကားကို ဆုံးသွားအောင် ဖြည့်ပြောပေးလိုက်သည်။

"ကွန်ဒုံးဒုံး"

ချူးယိမှာ နောက်ဆုံးတော့ ပြောထွက်နိုင်သွားခဲ့သည်။

"ကွန်ဒုံးပါ ၊ ဘာတွေ ချစ်စရာကောင်းအောင် လုပ်နေတာလဲ ! "

ယမ့်ဟန်က ပြောလိုက်သည်။

"လူလူရမ်းကား"

ချူးယိက ပြောလိုက်သည်။

[T/N : ချူးယိက နောက်ကစကားလုံးကို နှစ်ခါနှစ်ခါစီ ပြောနေတာပါ။]

ယမ့်ဟန်က ဘာမှ ဆက်မပြောတော့ပဲ ချူးယိကို ကြည့်နေလိုက်သည်။အတော်ကြာသွားကာမှ သက်ပြင်းချလိုက်ပြီး ၊ ထိုကွန်ဒုံးကိုယူ၍ ချူးယိ အိတ်ကပ်ထဲ ထည့်လိုက်သည်။ :

"ငါတို့အိမ်က ခွေးက တကယ်ချစ်စရာကောင်းတာပဲ"

"ဘာလုပ်တာလဲ?"

ချူးယိမှာ ကွန်ဒုံးကို ထုတ်ယူရန် လက်က်ို ဆန့်ထုတ်လိုက်သည်။အလုပ်လုပ်နေသည့် အချိန်၌ ထိုပစ္စည်းကို ယူနီဖောင်းအိတ်ကပ်ထဲ ထည့်ထားခြင်းက ၊ လူကို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားစေသည်။

"ဆော့ဖို့ယူထား"

ယမ့်ဟန်က ကုလားထိုင်ပေါ် ပြန်ထ်ိုင်လိုက်ပြီး

"ဒီလို ခေတ်ပေါ်ပစ္စည်းမျိုးကို မင်း မဆော့ဖူးဘူး မဟုတ်လား?ခွေးအ"

"မင်း,ဆော့ဖူးတယ်ပေါ့?"

ချူးယိက ယမ့်ဟန်ကို ကြည့်လိုက်သည်။

"ဆော့ဖူးတယ်"

ယမ့်ဟန်က အလေးအနက်ပုံဖြင့် ခေါင်းညိတ်ပြလာသည်။

"ငါ့အဖေက အဲ့ဒါကိုသုံးပြီး ငါ့အတွက် ပူဖောင်း မှုတ်ပေးဖူးတယ်"

ချူးယိက ဘာမှပြန်မပြောပဲ ၊ ကိုယ်ကို ပြန်လှည့်၍ ခေါင်းငုံ့လိုက်ကာ ၊ ကုလားထိုင် နောက်မှီကို မျက်နှာမူပြီး ရယ်လိုက်မိသည်။ရယ်ရလွန်း၍ ချောင်းပင် ဆိုးလိုက်မိသည်။

ကွန်ဒုံးဒုံး။

ယမ့်ဟန် ပြန်သွားသည့် နောက်တွင် ၊ ချူးယိမှာ အိတ်ကပ်ထဲရှိ ထိုကွန်ဒုံးအကြောင်းကို တစ်နေ့လုံး စဥ်းစားနေမိသည်။

သူက ထုံအသော်လည်း ၊ ကွန်ဒုံးကိုတော့ သိသည်ပင်။သို့သော်လည်း သူ ဒီအသက်ဒီအရွယ် ရောက်သည်အထိ ၊ ဒီပစ္စည်းကို ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ဖူးခြင်းဖြစ်သည်။

သူ့ကို ဒီအခွင့်အရေး ပေးသည့် အတွက် ဦးလေးချွေးကို ကျေးဇူးတင်ရမည်ပင်။

ဦးလေးချွေး၏ ကားပေါ်တွင် ဘာလို့ ဒီပစ္စည်း ရှိနေတာလဲ နှင့် ၊ ဦးလေးချွေးက ဒီပစ္စည်းကို ကားပေါ်မှာ ထားထားတာ ဘာလုပ်ဖို့လဲ ဆိုသည်တို့ကို သူ တွေးကြည့်ဖို့ ရှက်ရွံ့နေမိသည်။.....သို့သော်လည်း ၊ သူ ထိုအိတ်ကို ဖောက်၍ တစ်ချက်လောက် စပ်စုကြည့်ချင်စိတ် အတော်လေး ဖြစ်နေမိသည်။

သို့သော်လည်း ဤပစ္စည်း၏ ဦးတည်ရာက အရမ်းကို သိသာလွန်းလှသည်။အိတ်ကပ်ထဲတွင် ဒီလိုပစ္စည်း ရှိနေသည်ဟု သူ တွေ့မိလိုက်သည်နှင့် ၊ ထူးဆန်းစွာဖြင့် ယမ့်ဟန်ကို သတိရမိသွားကာ ၊ ပြီးနောက်တွင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကို မထိန်းချုပ်နိုင်တော့ပေ။

ယူနီဖောင်း ဘောင်းဘီက အတော်လေး ပွပွရောင်းရောင်း ရှိနေလို့ တော်သေးသည်ပင်။

ညနေ အလုပ်ဆင်းသည့် အချိန် ရောက်မှသာ ၊ စိတ်ကူးယဥ်မှု အမျိုးမျိူးဆီကနေ သူ အသိပြန်၀င်လာခဲ့သည်။

အလုပ်ဖော်နှင့် နှုတ်ဆက်လိုက်ပြီး နောက်တွင် ၊ သူ ဖုန်းကို ထုတ်ယူ၍ ယမ့်ဟန်အား ဖုန်းလှမ်းဆက်ရန် တွေးလိုက်သည်။ညကျလျှင် သူ ကော်ဖီဆိုင် သွားစရာ မလိုပေ။ယမ့်ဟန်နှင့် အတူ အပြင်တွင် ညဘက်လျှောက်လည်ပတ်ရန် တွေးလိုက်သည်။

"မင်္ဂလာပါ ၊ ခွေးကိုပွတ်ပေးတဲ့ ဆက်သွယ်ရေး လင့်ခ်ကို ခေါ်ဆိုဖို့ ဖိတ်ခေါ်ပါတယ်"

ယမ့်ဟန်က ဖုန်းကို ပြန်ဖြေလိုက်သည်။

"ဘယ်လို ပွတ်,ပေးတဲ့ နည်းလမ်းလဲ?"

ချူးယိက မေးလိုက်သည်။

"ငါက ခွေးကို ပွတ်ပေးမှာ ၊ မင်း နားထောင်"

ယမ့်ဟန်က ပြောလိုက်သည်။

ချူးယိက ရယ်လိုက်ပြီး :

"ဒါကို ဘယ်သူက နားထောင်,ချင်မှာလဲ?"

"ရှောင်ကျဲကျဲတွေ"

ယမ့်ဟန်က ပြောလိုက်သည်။

"အရူး"

ချူးယိက ရယ်လိုက်ပြီး အချိန်ကိို ကြည့်လိုက်သည်။

"မင်း အိမ်မှာလား?ငါ အလုပ်ဆင်း,ဆင်းပြီ ၊ ညကျရင် အပြင်မှာ ထွက်,ထွက်စားကြရအောင်?"

"ဟုတ်ပြီလေ ၊ ငါ မင်းအတွက် ဒရိုင်ဘာတစ်ယောက် ပို့ပေးလိုက်မယ်"

ယမ့်ဟန်က ပြောလိုက်သည်။

"ဒရိုင်ဘာကို တစ်ချက် နမ်းခွင့်ပေးလိုက် ၊ ဒရိုင်ဘာက မင်းကို ပြန်ပို့ပေးလိမ့်မယ်"

"ဘာ....."

ချူးယိမှာ ကြောင်အသွားမိပြီး ၊ ချက်ချင်းပင် အရပ်လေးမျက်နှာကို လှည့်ပတ်ကြည့်လိုက်မိသည်။

အနောက်ဘက်ကနေ ဟွန်းသံ တစ်ချက် မြည်လာခဲ့သည်။

ချူးယိမှာ အနောက်ဘက်ကို လှည့်ကြည့်လိုက်မိသည်။သူ့အနောက်တွင် ဘယ်အချိန်ကတည်းကနေ ရောက်နေမှန်း မသိသည့် ကားကို တွေ့လိုက်ရသည်။ထို့အပြင် ကားထဲကနေ သူ့ကို လှမ်းရယ်ပြနေသည့် ယမ့်ဟန်ကိုလည်း မြင်လိုက်ရသည်။

"မင်း ! "

ချူးယိမှာ ရုတ်တရက် ဆိုသလို ဆရာ မလိုပဲ ကောင်းမွန်သည့် နေ့ရက် သီချင်းကို ဆိုတတ်သွားတော့မလို စိတ်ခံစားချက် ကောင်းသွားပြီး ၊ ပြေးသွားလိုက်ကာ ကားတံခါးက်ို ဆွဲဖွင့်လိုက်သည်။

"မင်း မ ! ပြန်သွားဘူးလား ! "

"ငါက ရူးနေလို့လား?မင်းတို့ ဒီနားမှာက ကုန်စုံဆိုင်တောင် မရှိဘူး ၊ ငါက ဒီမှာ တစ်နေကုန် ငေးငိုင်နေရမှာလား"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါ ခုနကမှ လာခဲ့တာ"

"ဒရိုင်ဘာ"

ချူးယ်ိက ရယ်၍ ပြောလိုက်သည်။

"ဟုတ်တယ်"

ယမ့်ဟန်က လက်ကိုဆန့်ထုတ်၍ ချူးယိ မေးစေ့ကို ဖိပွတ်လိုက်သည်။

"ရှောင်ကုန် ၊ လာ ၊ တစ်ချက်လောက် ပေးနမ်း ၊ ရှောင်ထျန်းကောကောက မင်းကို သွားဆော့ဖို့ ခေါ်သွားပေးမယ်"

ချူးယိက ယမ့်ဟန် အရှေ့နား တိုးသွားလိုက်ပြီး ၊ အလွန် ပူးပေါင်းစွာဖြင့်ပင် ယမ့်ဟန်၏ ရင်ဘတ်ကို ထိလိုက်သည်။

ယမ့်ဟန်က ခေါင်းငုံ့၍ သူ့ကို နမ်းလာသည့် အချိန်တွင် ၊ ချူးယိက လက်ကို ချက်ချင်းဆန့်ထုတ်၍ ယမ့်ဟန်၏ ဘောင်းဘီခွနားကို တစ်ချက် ပွတ်လိုက်သည်။

"Fuck ! "

ယမ့်ဟန်က ချူးယိကို လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်သည်။

"လမ်းမကြီးပေါ်မှာနော်"

"သြော"

ချူးယိက ခေါင်းကိုစောင်း၍ ၊ ယမ့်ဟန်၏ လည်ပင်းပေါ် တစ်ချက် ကိုက်လိုက်သည်။

Continue Reading

You'll Also Like

334K 33.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
263K 13.8K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...