အကြွေစေ့လေးတစ်စေ့ [Completed]

Por Yin-2323

229K 34.9K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] Más

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၆[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၂[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၅[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၄[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၆-Extra1[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၆၁[U]

1.8K 351 17
Por Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၆၁

ချူးယိ၏ အံ့သြတကြီး ဖြစ်နေသည့် အမူအရာက ယမ့်ဟန်အား ရုတ်တရက်ဆိုသလို အနေရခက်သွားစေခဲ့သည်။ကလေးအား မကောင်းသည့်ကိစ္စ လုပ်ရန် သင်ပေးနေစဥ် ၊ ရိုးသားဖြူစင်သည့် ကောင်ကလေးက သံသယဖြင့် မေးချင်နေသလို ပုံစံမျိုးပင်။

"....ငါကြည့်ကြည့်မယ်"

ယမ့်ဟန်က လက်ကိုဆန့်တန်း၍ ပြောလိုက်သည်။

"သြော"

ချူးယိက ဖုန်းကို ယမ့်ဟန်ဆီ ပေးလိုက်သည်။

ယမ့်ဟန်က ၀ီချက်ကို ဖွင့်၍ ကြည့်လိုက်သည်။သူငယ်ချင်းအဖြစ် လက်ခံရန် စောင့်ဆိုင်းနေသည့် တောင်းဆိုမှု 4ခု ၊ ဖွင့်မဖတ်ရသေးသည့် စာက 17 စောင်။

သူ ချူးယိကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ချူးယိက ဘာခံစားချက်မှ မရှိသည့် ပုံစံဖြင့် ခေါင်းငုံ့ကာ ထမင်းဆက်စားနေပြီဖြစ်သည်။

မိမ်ိအား သတိထားကြည့်သည့်နေပုံစံ နည်းနည်းလေးမှ ရှိမနေသည့် ဒီခွေးအလေးကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ၊ ဒီ 17+4 ခုစာ မဖြေရှင်းရသေးသည့် စာများကို ​တစ်ခုခုလုပ်ရန်အတွက် ယမ့်ဟန် ချူးယိအပေါ် အားနာသွားမိသည်။

နောက်ဆုံးမှာတော့ သူ စာများကိုသာ နှိပ်၍ ဖတ်ကြည့်လိုက်သည်။

အကုန်လုံးက မိန်းကလေးတွေ ဖြစ်သည်။

ဖတ်ထားပြီးပြီ ဖြစ်သည့် စာများအပါအ၀င် ၊ စာအများအပြား ၀င်နေသည်။

ယမ့်ဟန်က အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ရာ ၊ အသစ်လက်ခံထားသည့် ကောင်မလေးများမှာ ၊ အနည်းဆုံး 15 အထက် ရှိသည်ပင်။

အံ့သြစရာပဲ ၊ ကုန်ကော။

"ဟူပြောင်းက မင်းရဲ့မန်နေဂျာလား?ဒါမှမဟုတ် မင်းနံပါတ်ကိုယူပြီး ပိုက်ဆံရအောင် ရောင်းစားလိုက်တာလား?"

ယမ့်ဟန်မှာ သက်ပြင်းချလိုက်မိသည်။ချူးယိက ရှင်ထျန်း၏ စကားပြောချက်ဘောက်ကို ထိပ်ဆုံးတွင် မထား,ထားပါက ၊ ဒီတစ်ပတ်လုံး အဆက်အသွယ် မရှိခဲ့တာကြောင့် ၊ ဟိုးအောက်ဆုံးနေရာကို ရောက်သွားလောက်ပြီ ဖြစ်သည်။

"ချွမ်းရန်ရဲ့,နံပါတ်ကိုလည်း သူဖြန့်,ဖြန့်လိုက်တာပဲ"

ချူးယိက ပြောလိုက်သည်။

"ကျိုးချွမ်းရန်ရဲ့ နံပါတ် ပျံ့သွားလဲ ဘာကြောက်စရာရှိလဲ"

ယမ့်ဟန်က ပြောလိုက်သည်။

"သူက ယောကျာ်းလေးတွေကို သဘောကျတာလေ"

ချူးယိက ယမ့်ဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။

မိမိမှာ အဖျားမကျသေးတာကြောင့် ၊ ဒါမှမဟုတ် ချူးယိကို မတွေ့ရသည်မှာ အတော်လေး ကြာသွားပြီ ဖြစ်တာကြောင့် ၊ စကားကို ဘယ်လိုပြောမှ သင့်တော်မလဲ ဆိုသည်ကို မေ့သွားခဲ့ခြင်း ဖြစ်သည်ဟု ယမ့်ဟန် တွေးလိုက်မိသည်။

"ဒီကောင်မလေးက တော်တော် လှတာပဲ"

ယမ့်ဟန်က ချူးယိဘက်ဆီ စခရင်ကို ပြလိုက်သည်။စခရင်ပေါ်ရှိ ပုံမှာ ကောင်မလေးတစ်ယောက်က ဆယ်လ်ဖီပုံကို တင်ထားသည့် ပုံဖြစ်သည်။

"ကျောင်းရဲ့ပန်းလေးလို့ ပြောတာပဲ"

ချူးယိက ကြည့်လိုက်သည်။

"ကြည့်,ကြည့်ကောင်းတယ်လို့ မင်းထင်လား?"

"အင်း ၊ တော်တော်လေးအဆင်ပြေတယ်"

ယမ့်ဟန်က ဓာတ်ပုံကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။

"မျက်နှာက အနောက်တိုင်းဆန်တယ် ၊ မျက်လုံးကလည်း ကြီးကြီးလေး"

"သြော်"

ချူးယိက အသံတစ်ချက် ပြန်ပေးလိုက်သည်။

ယမ့်ဟန်က ချူးယိကို ကြည့်လိုက်ပြီး :

"မင်းက ကြည့်မကောင်းဘူးလို့ ထင်တာလား?"

"ကြည့်ကောင်းလား ဒါ,ဒါမှမဟုတ် ကြည့်မကောင်းဘူးလား ဆိုတာကို ငါ သေ,သေချာချာ မကြည့်တတ်ဘူး"

ချူးယိက အနည်းငယ် နေရခက်သွားသည့်ပုံစံဖြင့် ပြောလိုက်သည်။

"ငါက တုံး,တယ်လို့ မင်းပြော,ဖူးတယ်မဟုတ်လား?"

"ဒီကိစ္စနဲ့ တုံးအတဲ့ ကိစ္စက သက်သက်စီပဲ ၊ ဟုတ်ပြီလား"

ယမ့်ဟန်က အနည်းငယ် ကူကယ်ရာ မဲ့သွားပုံဖြင့် ပြောလိုက်သည်။

"ဒီထက် တုံးအတဲ့သူတောင် ကြည့်ကောင်းတာကို ခံစားတတ်တယ် ၊ မင်းက အခု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပြဿနာ ဖြစ်နေတာ"

ချူးယိမှာ ရယ်မိသွားခဲ့သည်။၀က်နံရိုးကင်တစ်ခုကိုညှပ်ယူ၍ အတော်ကြာအောင် ရယ်နေမိပြီးမှ ပါးစပ်ထဲ ထည့်လိုက်သည်။ :

"ဒါဆို သူမက ပေ့,ခယ််အာလောက် ကြည့်မ,မကောင်းဘူး"

ယမ့်ဟန်မှာ တစ်စက္ကန့်လောက် ကြာမှ ပေ့ခယ်က ဘယ်သူမှန်း ပြန်သတိရသွားခဲ့သည်။

သို့ဖြစ်၍ အောက်ဘက်ကို ဆွဲချလိုက်ရာ ၊ ပေ့ခယ်၏ ချက်ဘောက်ကို တွေ့လိုက်ရ၍ နှိပ်ပြီး ၀င်ကြည့်လိုက်သည်။သူ အရင်တစ်ခေါက်က ချူးယိအစား ပေ့ခယ်ကို စာပြန်ပို့ပေးထားပြီးသည့်နောက်တွင် ၊ သူတို့နှစ်ဦး၏ စကားပြောဆိုမှုမှာ ခန့်မှန်းခြေ လေးခေါက်လောက် ထပ်ရှိထားသည်။အများစုမှာ ပေ့ခယ်က တရင်းတနှီးဖြင့် "ဟိုင်း ရွှိုက်ကော"နှင့် စထားပြီး ၊ ချူးယိ၏ အေးစက်စက် "အင်း"ဖြင့် အဆုံးသတ်ထားသည်။

ယမ့်ဟန်မှာ ကြည့်နေရင်းဖြင့် ပေ့ခယ်အစား ၀မ်းနည်းသွားမိသည်။

"ထမင်းစားလေ"

ချူးယိက ခေါင်းငုံ့၍ အတော်ကြာအောင် အလုပ်ရှုပ်နေပြီး နောက်မှာတော့ ၊ ခေါင်းမော့ကာ ယမ့်ဟန်ကို ကြည့်လိုက်သည်။

"အင်း"

ယမ့်ဟန်က ဖုန်းကို ချူးယိလက်ဘေးနားတွင်ပြန်ချပေးလိုက်သည်။

"ဘလော့လိုက်ပြီလား?"

ချူးယိက မေးလိုက်သည်။

"ဟင့်အင်း"

ယမ့်ဟန်က ရယ်လိုက်သည်။

"သူငယ်ချင်းအဖြစ် လက်ခံပြီးမှ ဘလော့လိုက်ရင် တော်တော်လေး ယဥ်ကျေးမှု မရှိရာကျသွားမယ်"

"သြော်"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

ယမ့်ဟန်က တူကိုကောက်ကိုင်၍ ထမင်းစားရန် ပြင်လိုက်သည့် အချိန်တွင် ၊ ချူးယိ၏ဖုန်းက ထပ်ပြီး အသံမြည်လာပြန်သည်။

"မင်း ငါ့ကို ကူပြီး ......"

ချူးယိက ဖုန်းကို ချက်ချင်း ကောက်ယူလိုက်ပြီး

"အ,သံ မ,မ,မပိတ်ထားပေးဘူးလား?"

ယမ့်ဟန်က ဘာမှပြောမနေတော့ပဲ ၊ ချူးယိလက်ထဲရှိ ဖုန်းကို ဆွဲယူလိုက်ကာ ၊ တစ်ခါတည်း စက်ပိတ်ပစ်လိုက်တော့သည်။

"ထမင်းစားရအောင်"

ယမ့်ဟန်က ချူးယိကို ပြုံးပြ၍ ပြောလိုက်သည်။

ထမင်းစားပြီးသွားသည့် နောက်တွင် ယမ့်ဟန်က ဆိုဖာပေါ် မှီချလိုက်သည်။ဒီရက်များစွာအတွင်း ၊ ပထမဆုံးအကြိမ်အဖြစ် ဟင်းတွေမကျန်ပဲ ပြောင်ရှင်းသွားသည့် ပန်းကန်များကို ကြည့်နေမိရင်း အတော်လေး ပျော်ရွှင်လာသလို ခံစားလိုက်ရသည်။

ချူးယိက သာမိုမီတာကိုယူခဲ့ကာ ယမ့်ဟန်ကို လှမ်းပေးလိုက်သည်။ :

"ထပ်တိုင်းကြည့်မလား?"

"အင်း"

ယမ့်ဟန်က လှမ်းယူလိုက်ပြီး အင်္ကျီထဲ ထည့်လိုက်သည်။

ချူးယိ ပန်းကန်သွားဆေးနေသည့် အချိန်တွင် ၊ ယမ့်ဟန်က တီဗွီကို ဖွင့်ကြည့်လိုက်သည်။

သူ တီဗွီမဖွင့်ကြည့်မိသည်မှာ ခန့်မှန်းခြေ လေးငါးရက်လောက်ပင် ရှိလောက်ပြီဖြစ်သည်။ဘာမှစိတ်၀င်စားစရာ မရှိဘူးဟု ထင်မိသည်။အခန်းထဲတွင် တီဗွီအသံ ထွက်ပေါ်နေသည်က စိတ်မသက်မသာ ဖြစ်လာစေကာ အရမ်းဒေါသ ထွက်လာစေသည်။သို့သော်လည်း တစ်ခါတစ်လေဆိုလျှင် အရမ်းတိတ်ဆိတ်နေပါက စိတ်ဖိစီးလွန်း၍ လူကသေတော့မလိုပင်။

အခုအချိန်၌ အခန်းထဲတွင် တိဗွီအသံ ထွက်ပေါ်လာချိန်တွင် မီးရှူးမီးပန်းအငွေ့အသက်ကိုသာ သူ ခံစားနေရသည်။

မီးဖိုခန်းထဲတွင် ပန်းကန်ဆေးနေသည့် ချူးယိကို သူ လှမ်းကြည့်မိလိုက်သည်။ဘယ်လို ခံစားချက်မျိုးမှန်း မပြောပြတတ်ပေ။

ကျိုးချွမ်းရန်က ယောကျာ်းလေးတွေကိုပဲ စိတ်၀င်စားတာဟု သူ ပြောလိုက်သည့် အချိန်တွင် ၊ ချူးယိ သူ့အား ကြည့်လာသည့် ထိုအကြည့်တစ်ချက်က ၊ အခုအချိန် ပြန်စဥ်းစားကြည့်လိုက်လျှင် ၊ သူပြောလိုက်သည့် "ယောကျာ်းလေးတွေကို သဘောကျတာ"ဟူသော ထိုစကားကို တုန့်ပြန်ရုံသက်သက် အမူအရာမျိုး မဟုတ်လောက်ပေ။

ချူးယိမှာ သူ့ကိုယ်သူ ယောကျာ်းလေးကိုပဲ သဘောကျကြောင်း ရှင်းရှင်းလင်းလင်း သိသွားပြီးသည့် ပုံပင်။

ယမ့်ဟန်က ဆိုဖာပေါ် လှဲချလိုက်ပြီး ခေါင်းကိုစောင်း၍ ချူးယိကို လှမ်းကြည့်လိုက်မိသည်။ဘာခံစားချက်မှန်း မပြောပြတတ်ချေ။

ချူးယိ သဘောပေါက်နားလည်နိုင်ဖို့ သူ မျှော်လင့်မိသည်။သို့သော်လည်း ချူးယိ သဘောပေါက် နားလည်သွားမှာကိုလည်း သူ သိပ်ပြီး မဖြစ်စေချင်ပြန်ပေ။ ဘယ်လို ခံစားချက်မျိုးကိုမှ အတွေ့အကြုံ မရှိဖူးခဲ့ပဲ ၊ သူ့ကိုယ်သူ ယောကျာ်းလေးကို သဘောကျကြောင်း သေချာသွားပါက ၊ စိတ်မအေးနိုင် ဖြစ်သွားစေနိုင်သည်ဟု ထင်နေမိသည်။

သ်ို့သော်လည်း မိန်းကလေးများဆိုလျှင်....

ချူးယိ၏ မိန်းကလေးတွေအပေါ်ထားသည့် ဤအပြုအမူမှာ ၊ မိန်းကလေးတွေနှင့် အခြေအနေ တစ်ခုခု ရှိလာနိုင်သည့် ပုံစံမျိုးနှင့် လုံး၀ကို မတူပေ။ရည်းစားထားဖို့ မပြောနှင့် ၊ သာမန်သူငယ်ချင်းလိုပင် ပေါင်းသင်းဆက်ဆံနိုင်မည့်ပုံ မရှိပေ.....သူ မိန်းကလေးကို သဘောကျသည် ဆိုလျှင်တောင် ကိုင်တွယ်ဖြေရှင်းနိုင်မည့်ပုံ မရှိလောက်ချေ။

ယမ့်ဟန်က ကိုယ်ကိုလှည့်လိုက်ပြီး ၊ ဆိုဖာနောက်မှီကို မျက်နှာမူ၍ စိုက်ကြည့်နေလိုက်မိသည်။

အမှန်မှာတော့ ချူးယိက အရင်ဆုံး ကောင်မလေးတစ်ယောက်ထားပြီး စမ်းသပ်ကြည့်ကာ သေချာသွားအောင်လုပ်တာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် သေချာပြီးနေပြီပဲ ဖြစ်ဖြစ် ၊ ထိုထက်ပိုအရေးကြီးနေသည်မှာ ၊ ယမ့်ဟန်က သူ၏ အင်အားများကို သူ့ကိုယ်သူအတွက် ပိုပြီး အာရုံစိုက်သင့်နေခြင်းဖြစ်သည်။

ချူးယိနှင့် ယှဥ်လိုက်ပါလျှင် ၊ သူက ဘယ်နေရာမှ သိပ်မသွားပေ။

ဘာသူငယ်ချင်းမှ မရှိဖူးခဲ့သည့် အပြင် ၊ ကောင်မလေးဆို ပိုလို့တောင် မထားခဲ့ဖူးချေ။ယောကျာ်းလေးတစ်ချို့ ၊ မိန်းကလေးတစ်ချို့၏ ဖွင့်ပြောခြင်း ခံရတာမျိုးသာ ရှိခဲ့ဖူးသည်။

တစ်ချို့မိန်းကလေးများကို အရမ်းလှသည်ဟု ထင်မိဖူးပြီး ၊ တစ်ချို့ယောကျာ်းလေးများကိုလည်း အရမ်းချောသည်ဟု တွေးမိဖူးခဲ့သည်။

သို့သော်လည်း စိတ်လှုပ်ရှားသည့်အကြောင်း ပြောရလျှင် ၊ ဘယ်သူ့ကိုမှ တစ်ခါမှ စိတ်မလှုပ်ရှားဖူးခဲ့ချေ။

အကယ်၍ တစ်ခြားလူတစ်ယောက်သာ ဆ်ိုပါက ၊ ခုနက ချူးယိ၏ ၀ီချက်အပေါ်မိမိ၏ တုန့်ပြန်မှုအား ၊ ထူးချွန်လွန်းလှသည့် သူ၏ လေ့လာစွမ်းအားနှင့် ဆုံးဖြတ်နိုင်မှုအရ ၊ ဒီလူမှာ မဖြစ်နိုင်စရာအကြောင်း နည်းနည်းလေးမှ ရှိမနေဘူးဟု အစောကတည်းက ပြောလိုက်မှာ ဖြစ်သည်။

မမျှော်လင့်ထာစွာဖြင့် ဤကိစ္စမှာ သူ့ထံတွင် ဖြစ်ပွါးလာခဲ့သည်။

ဤသည်မှာ ပိုင်စိုပိုင်နင်းဆန်တာလား ၊ ဒါမှမဟုတ် တစ်ခြားတစ်ခုခု ရှိနေတာလား ဆိုသည်ကိုတော့ သူလည်း ကွဲကွဲပြားပြား မသိတော့ပေ။

ခွေးအ မှာ သူ၏ ခွေးအဖြစ်သည်။

သူ တစ်ယောက်တည်း၏ အပိုင်ဖြစ်သည်။

ဤသည်မှာ သူ့ရင်ထဲတွင် အချိန်အတော်ကြာအောင် အမြစ်တွယ်နေခဲ့သည့် အတွေးဖြစ်သည်။တစ်ခါတစ်လေဆိုလျှင် ချူးယိ၏ မိဘနှစ်ပါး ၊ အဖိုးနှင့်အဖွားတို့ကိုပင် သူ ဖယ်ထုတ်ထားမိတတ်ခဲ့လေသည်။

ခွေးအ၏ သူငယ်ချင်းက သူတစ်ယောက်တည်းဖြစ်သည်။ခွေးအ၏ ကောကောက သူတစ်ယောက်တည်းပင်။ခွေးအ၏ အားကိုးရာကလည်း သူတစ်ယောက်တည်းဖြစ်ပြီး ၊ ခွေးအ၏ မျက်လုံးထဲတွင်လည်း သူတစ်ယောက်သာ ရှိသည်။

ယခုအချိန်၌ ထိုအကြောင်းအရာများထဲတွင် တစ်ခြားလူတွေ ထွက်ပေါ်လာခဲ့သည်။ယောကျာ်းလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် သူ အဆင်မပြေမည် မဟုတ်ပေ။

ကလေးလေးက သူချစ်ခင်မြတ်နိုးရသည့် ကစားစရာလေးအား လုယူသွားတာ ခံလိုက်ရသလိုမျိုး ကလေးဆန်နေမိသည်။

ဤသည်မှာ ပိုင်စိုးပိုင်နင်း ဆန်နေခြင်းပင်။

အခု အသေးစိတ် စဥ်းစားကြည့်လိုက်ရာ တော်တော်လေးကို ကျိုးကြောင်းမဆီလျော်လှပေ။

သို့သော်လည်း တစ်ချက်ပြန်လှည့်ကြည့်၍ ခွဲခြမ်းစ်ိတ်ဖြာရပါလျှင် ၊ အကယ်၍များ "တစ်စုံတစ်ရာ ရှိနေပါက" ၊ အပြင်မှာ ထုတ်ဖော်ပြသတတ်သည့် အမူအရာက ဒီလိုပုံစံမျိုးနှင့် သိပ်ကွားခြားမှာ မဟုတ်ပေ။သေသေချာချာ ခွဲခြမ်းစိတ်ဖြာဖို့ အရမ်း ခက်ခဲသည်ပင်။

ချူးယိက ခွေးလေးတစ်ကောင်သာ ဖြစ်သည်။ကောင်းကင်ကို ဖြိုခွဲပြီး ထိပ်ဆုံးမှာ ရှိနေမည့် ငယ်ရွယ်သည့် ခွေးလေးတစ်ကောင်ပင်။17နှစ်ပြည့် မွေးနေ့ကိုပင် မဖြတ်ကျော်ရသေးချေ။

သူ ဘယ်လိုအတွေးမျိုးပဲ ရှိလာသည် ဖြစ်စေ ၊ ချူးယိကို အရိပ်အမြွက်တစ်ခုခု ပေးလိုက်မိပါက ၊ လမ်းညွှန်ပြလိုက်သလိုမျိုး ဖြစ်သွားမည်ပင်။

သူ ကျိုးချွမ်းရန်အကြောင်းကိုတောင် ချူးယိအား ပြောခဲ့ဖူးသည်ပင်။ချူးယိအပေါ် လွှမ်းမိုးမှုတစ်ခုခု ဖြစ်သွားမှာကို သူ စိုးရိမ်မိခဲ့သည်။ထိုလူမှာ သူကိုယ်တိုင်ဖြစ်နေခဲ့လေသည်။

"ငါကြည့်ကြည့်မယ်"

ချူးယိက ပန်းကန်များကို ဆေးပြီး သိမ်းဆည်းလိုက်ကာ ဧည့်ခန်းထဲ ပြန်လာခဲ့သည်။

"ဘာကို ကြည့်မှာလဲ?"

ယမ့်ဟန်က မေးလိုက်သည်။

"သာမိုမီ,တာလေ"

ချူးယိက ပြောလိုက်သည်။

"သြော်"

ယမ့်ဟန်က အင်္ကျီထဲ စမ်းကြည့်လိုက်သည်။မစမ်းမိတော့ပေ။နောက်တစ်ဖက်ကို ပြောင်းပြီး ရှာကြည့်လိုက်သော်လည်း ရှာမတွေ့ပေ။

"မတွေ့တော့ဘူး"

"မင်း ရေ,ရေဒီယို လေ့ကျင့်ခန်း လုပ်,နေတာ,တာလား?"

ချူးယိမှာ အတော်လေးကို ဇဝေဇဝါဖြစ်သွားခဲ့သည်။

"သာ,မိုမီတာ ထည့်ထားတာကိုတောင် ပျောက်,ပျောက်သွားတယ်?"

"မသိဘူးလေ ၊ လက်ဝှေ့ရေးပြလိုက်တာပဲ"

ယမ့်ဟန်က ခပ်မတ်မတ် ထထိုင်လိုက်ပြီး ကိုယ်ပေါ်ကို ရိုက်ကြည့်လိုက်ကာ ၊ အင်္ကျီကို ထပ်ပြီး ခါလိုက်သည်။သာမ်ိုမီတာက အင်္ကျီထဲကနေ ပြုတ်ကျလာခဲ့သည်။

ချူးယိက ကောက်ယူ၍ ကြည့်လိုက်သည်။ :

"35°"

"ဒါဆို သေလိုက်လို့ရပြီ ခဏပဲလိုတော့တာ"

ယမ့်ဟန်က ရယ်ရင်း ပြောလိုက်သည်။

"လျှောက်မပြောနဲ့"

ချူးယိက မျက်မှောင်ကြုတ်လိုက်ပြီး ယမ့်ဟန်အား သာမ်ိုမီတာ ပြန်ပေးလိုက်သည်။

"ထပ်တိုင်းကြည့်လိုက်"

"အိုင်း"

ယမ့်ဟန်က သာမိုမီတာကို အင်္ကျီထဲ ထိုးထည့်လိုက်ပြီး ၊ ဆိုဖာပေါ် လှဲချလိုက်သည်။

ချူးယိက ဆိုဖာဘေးနားတွင် ရပ်နေပြီး နည်းနည်းလေးမှ မလှုပ်ပေ။

ယမ့်ဟန်က ချူးယိကို တစ်ချက်ကြည့်လိုက်ပြီး ၊ ခြေထောက်ကို ရုတ်လိုက်သည်။ :

"ထိုင်နေ"

ချူးယိက ဆိုဖာပေါ် ထိုင်ချလိုက်သည်။

ယမ့်ဟန်မှာ မျက်လုံးက်ို မှိတ်၍ စ်ိတ်ထဲတွင် သက်ပြင်းချမိသွားသည်။

အရင်ကဆိုလျှင် ချူးယိက ဒီလိုမျိုး လုံး၀တွန့်ဆုတ်နေမှာ မဟုတ်ပေ။အခုတော့ သူ့ဘေးနား ထိုင်ဖ်ို့က်ိုပင် ဒီလိုကြိုးပမ်းအားထုတ်နေရလေသည်။

"ငါ့ဖုန်းက ပျက်,ပျက်သွားတာလား?"

ချူးယိက ဖုန်းက်ိုယူ၍ အကြိမ်အနည်းငယ်လောက် နှိပ်ကြည့်ပြီးနောက်တွင် အလန့်တကြားဖြင့် ယမ့်ဟန်အား လှည့်ကြည့်ကာ မေးလိုက်သည်။

"....ငါ ခုနက မင်းကိုကူပြီး စက်ပိတ်ပေးလိုက်တာလေ ၊ မင်းမမြင်လိုက်ဘူးလား?"

ယမ့်ဟန်က ပြောလိုက်သည်။

"သြော ၊ ငါ မေ့သွားတာ"

ချူးယိက လေတစ်ချက်မှုတ်ထုတ်လိုက်သည်။

"ဒီရက်ပိုင်း ကျောင်းမှာ အခြေအနေဘယ်လိုရှိလဲ?"

ယမ့်ဟန်က ချူးယိအား ခြေထောက်ဖြင့် တ်ို့ကာ မေးလိုက်သည်။

"ဒီအတိုင်းပါပဲ"

ချူးယိက ဖုန်းကိုကြည့်နေရင်း ပြန်ဖြေလိုက်သည်။

"အတန်းတက်တယ် ၊ အတန်းဆင်းတယ် ၊ ထမင်းစားတယ် ၊ လျှောက်ပတ်သွားတယ်"

"လျှောက်ပတ်သွားတယ်?"

ယမ့်ဟန်က လက်မောင်းပေါ် ခေါင်းတင်လိုက်သည်။

"ကျောင်းဘေးနားမှာ သွား,လိုက်လာလိုက်နဲ့ လျှောက်သွားနေတာ"

ချူးယိက ရယ်ရင်း ပြန်ပြောလိုက်သည်။

"သြော်"

ယမ့်ဟန်က အသံတစ်ချက်ပေးလိုက်သည်။

ချူးယိက ဖုန်းကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီးမှ ၊ ခေါင်းလှည့်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။ :

"မင်းရော?"

"မင်း ခန့်မှန်းကြည့်?"

ယမ့်ဟန်က ပြောလိုက်သည်။

ချူးယိက ဘာမှ ပြန်မပြောပဲ ၊ နှုတ်ခမ်းကို ဖိကိုက်၍ ခေါင်းပြန်လှည့်သွားကာ ၊ ဖုန်းက်ိုအတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ :

"တောင်းပန်ပါတယ်"

"ဘာတောင်းပန်စရာရှိလို့လဲ?"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါက , က ,....က...."

ချူးယိက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဖုန်းကို ဖွင့်မှာလား မဖွင့်ဘူးလား"

ယမ့်ဟန်က ချူးယိစကားကို ဖြတ်ပြောလိုက်သည်။

"ငါတောင် တမ်းတမ်းစွဲတတ်တဲ့ရောဂါဖြစ်တော့မယ်"

ချူးယိက ကြောင်အသွားပြီး ရယ်လိုက်မိကာ ၊ ခေါင်းငုံ့၍ ဖုန်းကိုဖွင့်လိုက်သည်။

ဒီတစ်ခေါက်တော့ တီတီတီဆိုသည့် အသံတွေ မရှိတော့ပေ။ချူးယိက ဖုန်းစခရင်ကို နှိပ်နေသည်။ဘာလုပ်နေတာလဲတော့ မသ်ိပေ။

"ကုန်ကော"

ယမ့်ဟန်က ချူးယ်ိ၏ ဘေးတစ်စောင်းမျက်နှာကို ကြည့်လိုက်ပြီး

"အခု မင်းက မင်းတို့ကျောင်းရဲ့ သြဇာရှိတဲ့သူ ဖြစ်နေပြီ မဟုတ်လား?"

ချူးယိက ယမ့်ဟန်က်ို တစ်ချက် ကြည့်လိုက်ပြီး ၊ ဘာမှပြန်မပြောပဲ ၊ စခရင်ကို ဆက်နှိပ်နေသည်။ပုံစံကို ကြည့်ရတာတော့ စာပြန်ပ်ို့နေသည့်ပုံပင်။

ယမ့်ဟန်မှာ ရယ်လိုက်မိပြီး ဘာမှ ထပ်မပြောတော့ပေ။ထိုပုံစံဖြင့်သာ ချူးယိကို တစ်ချိန်လုံး ကြည့်နေလိုက်သည်။

ချူးယိက မိန်းကလေးများကို ဆွဲဆောင်နိုင်သည်မှာ အမှန်တော့ နည်းနည်းလေးမှ မထူးဆန်းပေ။အရင်တုန်းက သတိမထားမိကြသည်မှာ ၊ ချူးယိက အမြဲတမ်းလိုလို သတိထားနေတတ်သည့် ပုံစံဖြင့် ၊ ဟောင်းပြီးစုတ်နေသည့် ကျောင်း၀တ်စုံကို ၀တ်ကာ ၊ ခေါင်းပေါ်တွင် သူ့ဘာသာသူ ညှပ်ထားသည့် ဆံပင်ကေဖြင့် ၊ လမ်းလျှောက်လျှင်လည်း နံရံနား ကပ်လျှောက်တတ်ကာ ၊ သူ့ကိုယ်သူ တတ်နိုင်သလောက် ပုန်းကွယ်၍ နေတတ်ခဲ့သောကြောင့်ပင်။

သို့သော်လည်း အခုအချိန်မှာတော့ ချူးယ်ိက ထိုပုံစံအနေအထားက်ို စွန့်ခွါလိုက်ပြီဖြစ်ရာ ၊ ချူးယိ၏ ပုံစံက မိန်းကလေးအများစု သဘောကျတတ်သည့် ပုံစံ ဖြစ်လာခဲ့သည်။

ရုပ်ရည်က ချော ၊ ခန္ဓာကိုယ်အနေအထားက ကောင်းပြီး ၊ ရန်ဖြစ်နိုင်ကာ ၊ စကားလည်း နည်းသည်။

ယမ့်ဟန်၏ အကြည့်များက ချူးယိ၏ ဘေးတစ်စောင်းမျက်နှာမှ တစ်ဆင့် ၊ တစ်ဖြည်းဖြည်းချင်း အောက်ကို ရွေ့လျားသွားခဲ့သည်။

လည်ပင်း ၊ ပခုံး ၊ လက်မောင်း......အကုန်လုံးက အင်္ကျီဖြင့် ဖုံးနေသည်။ဘာကိုမှ မမြင်ရပေ။

ပန်းကန်ဆေးသည့် အချိန်တုန်းက အင်္ကျီလက်ဖျားကို ခေါက်တင်ထားတာကြောင့်သာ လက်ဖျားကို မြင်နေရလေသည်။

ချူးယိက ကြည့်လိုက်လျှင် သန်သန်မာမာပုံစံ မရှိပေ။သို့သော်လည်း ကြွက်သားလိုင်းများက အတော်လေး ဆွဲဆောင်မှု ရှိလှသည်။လက်ချောင်းများက စခရင်ပေါ်၌ ရွေ့လျားနေသည့် အချိန်တွင် ၊ လက်မောင်းအပေါ်၌ သွယ်လျကျစ်လျစ်သည့် ကြွက်သားများက မကြာခဏဆ်ိုသလို မသ်ိမသာ ထွက်ပေါ်လာနေသည်......

အကယ်၍ မိမိက ချူးယိအပေါ် တစ်ခုခုရှိနေလား မရှိနေဘူးလား ဆိုသည်က်ို ဆုံးဖြတ်ချင်လျှင် ၊ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုကနေသာ ဆုံးဖြတ်နိုင်မည်ဟု ယမ့်ဟန် ရုတ်တရက် တွေးလိုက်မိသည်။

သူ ချူးယိအပေါ်ကို မဟုတ်သည့်အတွေးတွေ တစ်ခုမှ မတွေးဖူးခဲ့တာကြောင့် ၊ သဘာ၀ကျစွာပင် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု တစ်ခုမှ မဖြစ်ဖူးခဲ့ပေ။

အကယ်၍ အခုအချိန်၌ စိတ်ထဲတွင် မကောင်းသည့် အတွေးများ တွေးကြည့်လိုက်ပါက ၊ တုန့်ပြန်မှု တစ်ခုခု ရှိနေမလား?

"အိုင်း ၊ ကုန်ကော"

ယမ့်ဟန်က ချူးယိ၏ ကျောအား ခြေချောင်းဖြင့် တို့လိုက်သည်။

"အင်္ကျီအပေါ်ထပ် ချွတ်လ်ိုက်"

"ဟင်?"

ချူးယိက ခေါင်းလှည့်၍ ကြည့်လာသည်။

"အင်္ကျီအပေါ်ထပ် ချွတ်လိုက်"

ယမ့်ဟန်က ပြောလိုက်သည်။

"ချွတ် ပြီး,ပြီးပြီ,လေ"

ချူးယိက အထိတ်တလန့်ဖြင့် ယမ့်ဟန်ကို ကြည့်လိုက်သည်။

"သြော်"

ယမ့်ဟန်က အင်္ကျီချိတ်စင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဒီနေ့တော့ ချူးယိမှာ အားကစားအင်္ကျီအပေါ်တွင် အပေါ်ထပ်ကုတ်အင်္ကျီအထူကို ထပ်၀တ်ထားပြီး ၊ အိမ်ထဲ၀င်သည့် အချိန်ကတည်းက အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်တာဖြစ်သည်။

"မင်း ဒီအင်္ကျီအထဲထဲမှာ ၀တ်ထားတာ ဘာလဲ?"

ယမ့်ဟန်က မေးလိုက်သည်။

"အင်္ကျီလက်တိုလေ"

ချူးယိက ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ကိုယ့်အင်္ကျီကိုယ် ကြည့်လိုက်မိသည်။

"မင်း အေးလား?"

ယမ့်ဟန်က ထပ်မေးလာပြန်သည်။

"မအေးပါဘူး"

ချူးယိက ဖြေလိုက်သည်။

"ချွတ်လိုက်လေ"

ယမ့်ဟန်က ပြောလာသည်။

ချူးယိမှာ ပါးစပ်တစ်၀က်လောက် ဟနေပြီး ၊ အတော်လေး ဇဝေဇဝါဖြစ်နေပုံဖြင့် ယမ့်ဟန်ကို ကြည့်လိုက်သည်။ :

"ဘာ,လို့လဲ?"

"ကြည့်ရတာ ငါပါ ပူလာလို့"

ယမ့်ဟန်က ပြောလိုက်သည်။

"....သြော"

ချူးယိမှာ ကြောင်အသွားပြီး ဖုန်းကိုချ၍ ၊ ကိုယ်ပေါ်ရှိ အားကစားအင်္ကျီကို ချွတ်လိုက်သည်။

အတွင်းထဲတွင် ၀တ်ထားသည်က အနက်ရောင်တီရှပ်လက်တိုဖြစ်သည်။

ယမ့်ဟန်က ခြေချောင်းကိုသုံး၍ တီရှပ်ကို ညှပ်လိုက်ကာ အပေါ်သို့ ပင့်တင်လိုက်ရာ ၊ ချူးယိ၏ ခါးက်ို မြင်လိုက်ရသည်။အရမ်းကျစ်လျစ်သန်မာပြီး ၊ အဆီပိုမရှိပေ.....

"ဘာလုပ်တာလဲ?"

နောက်ဆုံးမှာတော့ ချူးယိက ယမ့်ဟန်၏ခြေထောက်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သည်။

"ဒီအင်္ကျီက ငါ့ဟာမဟုတ်လား?"

ယမ့်ဟန်က မေးလိုက်သည်။

"ဟုတ်တယ်လေ"

ချူးယိက အင်္ကျီကို ဆွဲလိုက်သည်။

"ပြီးတော့ အ,အဖြူရောင်လည်း ရှိသေးတယ်"

"အရမ်းကောင်းတယ်"

ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။

ချူးယိက ယမ့်ဟန်ကိုကြည့်နေပြီး ငါးစက္ကန့်လောက်ကြာသွားကာမှ စကားတစ်ခွန်း ပြောလိုက်သည်။ :

"သာမိုမီတာ ငါ့ကို,ပေး"

ယမ့်ဟန်က သာမ်ိုမီတာက်ို ထုတ်ယူ၍ ချူးယိအား ပေးလိုက်သည်။

ချူးယိက လှမ်းယူလိုက်ပြီး နှစ်ခါလောက်ကြည့်ပြီးကာမှ ၊ ချက်ချင်း ခေါင်းလှည့်ကြည့်လာကာ :

"38.7°?"

"ထပ်ပြီးတက်သွားတာလား?လန့်လွန်းလို့ မင်း တောင် စကားမထစ်တော့ဘူးပဲ.....ငါကြည့်ကြည့်မယ်"

ယမ့်ဟန်က ထထိုင်လိုက်ပြီး ၊ ချူးယိလက်ထဲမှ သာမိုမီတာကို ယူ၍ ကြည့်လိုက်သည်။

"တကယ်ကြီး 38.7° ပဲ"

"ဆေးရုံသွားမယ်"

ချူးယိက မတ်ထတ်ထရပ်လိုက်သည်။

"ခဏနေ ကျသွားလိမ့်မယ်"

ယမ့်ဟန်က ဆိုဖာပေါ် ပြန်လှဲချလိုက်သည်။

"ငါ အဲ့လောက် နူးညံ့မနေပါဘူး"

"ဒါက အဖျားတက်,တက်နေတာမဟုတ်လား?"

ချူးယိမှာ နည်းနည်း အလောတကြီး ဖြစ်သွားမိသည်။ယမ့်ဟန်၏ အင်္ကျီချွတ်ခိုင်းလိုက် ၊ ခဏနေ အင်္ကျီဆွဲတင်လိုက်ဖြင့် စေခိုင်းခံနေရမှုကြောင့် ၊ နည်းနည်းထွက်လာသည့် ဒေါသများမှာ ၊ ထို 38.7° ကြောင့် အလန့်တကြားဖြစ်သွားကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

"မင်းဖျားတဲ့အချိန်ဆို ဆေးရုံသွားလား?"

ယမ့်ဟန်က မေးလိုက်သည်။

".....မသွားဘူး"

ချူးယိက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။သူ ဘာပဲဖြစ်ဖြစ် ဆေးရုံမသွားခဲ့ဖူးပေ။

"ဒါပေမယ့် ငါက မ,မ...."

"ငါမသွားဘူး"

ယမ့်ဟန်က လက်ကိုယမ်းရင်း ပြောလာသည်။

"ငါ့ကိုယ်ငါ သိတယ်"

ချူးယိမှာ ယမ့်ဟန်ကိုသာ ကြည့်နေလိုက်မိသည်။

စိတ်ထဲတွင် အရမ်း စိုးရိမ်နေမိသည်။သို့သော်လည်း ထိုသူက ယမ့်ဟန်ဖြစ်နေသည်။အဆောင်က လူ တစ်ယောက်ယောက် ဆိုပါက ၊ သူ သွားဆွဲထူပြီး ဆေးရုံဆီ ဆွဲခေါ်သွားမှာဖြစ်သည်။သို့သော်လည်း ယမ့်ဟန်ကိုတော့ သူ အဲ့လိုမလုပ်ရဲပေ။ယမ့်ဟန် သူ့ကို ထိုးလိုက်မည်ကို သူ ကြောက်နေမိသည်။

"ငါ့ကို ရေနွေးနည်းနည်းလောက် ထည့်ပေးပါလား"

ယမ့်ဟန်က ပြာလာသည်။

"ချွေးထွက်လာအောင်လို့"

"သြော ! "

ချူးယိက မီးဖိုခန်းထဲ အမြန်ပြေး၀င်သွားခဲ့သည်။

ပုံမှန်အချိန်ဆိုလျှင် ယမ့်ဟန်က ရေနွေးသောက်တတ်သည့် အကျင့် မရှိပေ။ရေနွေးနည်းနည်း သောက်ချင်ပါက အခုချက်ချင်း တည်ရမည်ဖြစ်သည်။သူ ရေနွေးကရားက်ို ယူလိုက်ပြီး ၊ ကရားထဲသို့ ရေတွေထည့်လိုက်သည်။လျှပ်စစ်ပလက်ပေါက် ထိုးပြီးနောက်မှ ၊ ထပ်ပြီး စဥ်းစားလိုက်ကာ ၊ ရေတစ်၀က်ကျော်ကျော်လောက်ကို ပြန်သွန်ပစ်လိုက်သည်။ဒီလိုမှသာ တစ်ခွက်စာ အမြန်ရမှာဖြစ်ပြီး ၊ ယမ့်ဟန်ကို အရင်သောက်ခိုင်းထားလို့ ရမည်ပင်။ပြီးမှသာ နောက်တစ်အိုးစာ ဖြည်းဖြည်းချင်း တည်လိုက်မည်။

အာ ၊ ခွေးအလေးက တကယ် ဥာဏ်ကောင်းတာပဲ။

ရေက အမြန်ပင် ဆူပွက်လာခဲ့သည်။သူ ငှဲ့ထည့်လိုက်ရာ တစ်ခွက်စာ အတော်ပဲ ဖြစ်နေသည်။ယမ့်ဟန်ဆီ ယူသွားပေးလိုက်သည့် အချ်ိန်မှာတော့ ၊ ယမ့်ဟန်က ဆိုဖာပေါ်ထိုင်ရင်း တီဗွီကြည့်နေလေသည်။မျက်နှာအရောင်ကတော့ ပုံမှန်အတိုင်းပင်။နည်းနည်းအိပ်ချင်နေသလို ပုံစံမျိုးတော့ ပေါက်နေသည်။

"ဒါမှမဟုတ်ရင်လည်း မင်း အိပ်,အိပ်လိုက်ပါလား"

ချူးယိက ရေကို ယမ့်ဟန်အရှေ့တွင် ချပေးလိုက်သည်

"အင်း"

ယမ့်ဟန်က ရယ်လိုက်သည်။

"ဒီလေါက်ကြီးလည်း စိုးရိမ်မနေပါနဲ့ ၊ ငါ ပထမဆုံး ဖျားတာမှ မဟုတ်တာ"

"ငါ မမြင်,ဖူးဘူးလေ"

ချူးယိက ပြောလိုက်သည်။

"အခု တွေ့ဖူးသွားပြီပေါ့"

ယမ့်ဟန်က ပြောလိုက်သည်။

"မင်း နည်းနည်းလောက် စိတ်အေးအေး ထားဦး ၊ မင်းက အလန့်တကြားဖြစ်နေတော့ ငါတောင် စိတ်ပူလာသလိုပဲ ၊ မေ့မလဲသွားလို့ မင်းကို အားတောင်နာလာပြီ"

ချူးယိမှာ အနေရခက်စွာဖြင့် ရယ်လိုက်မိသည်။ယမ့်ဟန်၏ ရုပ်ပိုင်းဆိုင်ရာက အတော်လေး ကောင်းသည်ဟု ဆရာ၀န်က ပြောခဲ့ဖူးသည်။တစ်ခါလောက် ဖျားရုံနှင့်တော့ ဘာပြဿနာကြီးကြီးမားမား ရှိမှာ မဟုတ်လောက်ပေ။အရင်က သူ(ချူးယိ) ဖျားလျှင်လည်း ၊ တစ်ညလောက် စောင်ခြုံပြီး နေလိုက်တာနှင့် အဖျားကကျသွားခဲ့သည်။

"မင်းခြေထောက်က ဘယ်လိုနေသေးလဲ?"

ယမ့်ဟန်က မေးလိုက်သည်။

"ကောင်းသွားပြီ"

ချူးယိက ခြေထောက်ကို မြှောက်ပြလိုက်သည်။

"အဲ့လောက်မြန်မြန်ကြီး ပြန်မကောင်းဘူး"

ယမ့်ဟန်က ရေနွေးကို ဖြည်းဖြည်းချင်း သောက်ရင်း ပြောလာသည်။

"ကောင်းပြီလို့သာ ထင်ရတာ ၊ နောက်တစ်ခေါက် ခြေခွေပြီး ဒဏ်ရါရဖို့က အရမ်းလွယ်တယ် ၊ မင်း လမ်းလျှောက်တဲ့အချိန်ဆို နည်းနည်း ဂရုစိုက်ဦး"

"အင်း"

ချူးယိက ယမ့်ဟန်ခြေထောက်ဘေးနားတွင် ထိုင်ချလိုက်ပြီး ၊ ယမ့်ဟန်ကို မော့ကြည့်လိုက်သည်။မိမိမှာ ယမ့်ဟန်လိုဒဏ်ရါရထားသည့် လူနာကို ဂရုမစိုက်ပဲ တစ်ပတ်လုံး ပစ်ထားခဲ့မိသည်ကို စဥ်းစားမိလိုက်ချိန်တွင် ၊ သူ အရမ်းစိတ်မကောင်းဖြစ်မိသွားခဲ့သည်။

"ယမ့်ဟန်"

"မင်း ဘာပြောချင်နေလဲကို ငါသိတယ်"

ယမ့်ဟန်က ချူးယိကို တစ်ချက်ကြည့်လိုက်သည်။

"ထိန်းချုပ်ထား"

"အင်း"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

"ကုန်ဇီ"

ယမ့်ဟန်က ချူးယိ၏ ဆံပင်ကို ဆွဲဖွလိုက်ပြီး ၊ ချူးယိ၏ ခေါင်းပေါ်တွင် လက်ကို တင်ထားလိုက်သည်။

[T/N : 狗子(ကုန်ဇီ)=ခွေးလေး]

"အာ"

ချူးယိက အသံတစ်ချက်ပြန်ပေးလိုက်ပြီး ၊ ယမ့်ဟန် ဆက်ပြောလာမည်ကို စောင့်နေလိုက်သည်။သို့သော်လည်း အတော်ကြာအောင် စောင့်ပြီးသည်အထိ ယမ့်ဟန်က စကားမပြောလာပေ။နည်းနည်း အတွေးလွန်နေပုံရသည်။ချူးယိက ခေါင်းကို လှုပ်ယမ်းလိုက်ပြီး

"အာ?"

"မင်းက တကယ်ကိုကောင်းတဲ့ ခွေးတစ်ကောင်ပဲ"

ယမ့်ဟန်က ပြောလိုက်သည်။

"....မင်းက လူကို တကယ်,မြှောက်ပြောတတ်တာပဲ"

ချူးယိက ပြန်ပြောလိုက်သည်။

ယမ့်ဟန်က ရယ်လိုက်ပြီး ၊ ဆိုဖာက်ိုမှီ၍ သက်ပြင်းချလိုက်သည်။

ဒုတိယမြောက် ရေနွေးကရားအိုးက ဆူလာလေပြီ။ချူးယိက မီးဖိုခန်းထဲ လျှောက်သွားလိုက်သည်။

မျက်လုံးများက နည်းနည်းမှေးကျလာသလိုမျိုး ယမ့်ဟန် ခံစားလိုက်ရသည်။ရက်များစွာ တောင့်ခံထားခဲ့ရာမှ ၊ အခုတော့ အိပ်ချင်စိတ် ဖြစ်ပေါ်လာလေပြီ။

"ငါ အရင်အိပ်တော့မယ် ၊ နည်းနည်း အိပ်ချင်လာပြီ"

ယမ့်ဟန်က ရေချိုးခန်းထဲ၀င်၍ မျက်နှာသစ်လိုက်သည်။

"မင်း မအိပ်ချင်သေးဘူးဆိုရင် ကိုယ့်ဘာသာ ခဏလောက် ကစားနေလိုက်လေ"

"အင်း"

ချူးယိက အနွေးခံဘူးထဲသို့ ရေနွေးများထည့်နေရင်း ပြောလိုက်သည်။

"ခဏနေကျရင် တဘတ်,အေး ယူလာခဲ့မယ် ၊ အပူချိန်ကျ,ကျသွားအောင် လုပ်ရအောင်လို့"

"အင်း"

ယမ့်ဟန်က ပြန်ပြောလိုက်သည်။မျက်နှာသစ်ပြီး၍ ထွက်လာခဲ့သည့် အချိန်အထိ ချူးယိက မီးဖိုခန်းထဲတွင် ရပ်နေလျက်ပင် ရှိသေးသည်။ပုံစံကို ကြည့်ရသည်မှာတော့ သူ့က်ို စောင့်နေသည့်ပုံပင်။မျက်နှာက စိတ်မချမှုအပြည့်နှင့် ဖြစ်သည်။ယမ့်ဟန်က ချူးယိ၏ မျက်နှာကိုပုတ်၍ ပြောလိုက်သည်။

"ညကျရင် ဆိုဖာပေါ်မှာ အိပ်မနေနဲ့"

"သြော"

ချူးယိက ခေါင်းငြိတ်ပြလိုက်သည်။

အိပ်ချင်လာသည်ဟု ပြောရသော်လည်း ၊ အမှန်တကယ် အိပ်ပျော်သွားဖို့ ဆိုသည်မှာ အရမ်းလွယ်ကူနေသည့် ကိစ္စမဟုတ်ပေ။

ယမ့်ဟန်က ကုတင်ပေါ် လှဲချ၍ မျက်လုံးကို မှိတ်ချလိုက်သည်။

သို့သော်လည်း အိပ်ချင်စိတ်မရှိပဲ တောင့်ခံပြီးလှဲနေကာ မိုးလင်းလာမှာကို စောင့်နေရသည်နှင့် ၊ အိပ်ချင်စိတ်ဖြင့် လှဲကာ အိပ်ပျော်သွားမှာကို ဖြေးဖြေးချင်း စောင့်ဆိုင်းနေရသည်က ၊ အတော်လေး ကွဲပြားလှသည့် ခံစားချက် နှစ်မျိုးဖြစ်သည်။

ခဏလောက်ကြာအောင် လှဲနေပြီးနောက်တွင် ချူးယိ ၀င်လာသည့် အသံကို သူကြားလိုက်ရသည်။တစ်ဆက်တည်းမှာပင် နည်းနည်းအေးနေသည့် မျက်နှာသုတ်ပ၀ါတစ်ထည်က သူ့နဖုံးပေါ် ရောက်လာခဲ့သည်။

"မင်းအိပ်,နေတာကို နိုး,နိုးအောင် လုပ်မိသွားတာလား?"

ချူးယိက အသံတိုးတိုးလေးဖြင့် မေးလာသည်။

"မဟုတ်ပါဘူး"

ယမ့်ဟန်က မျက်လုံးကို ဖွင့်မကြည့်ပေ။ချူးယိ၏ အသံအား ဒီလိုအချိန်မျိုး၌ နားထောင်ရသည်မှာ အတော်လေး ဆွဲငင်နိုင်စွမ်း ရှိလှသည်။

"ငါ ဘေး,ဘေးနားမှာ ရှိတယ်"

ချူးယိက ပြောလိုက်သည်။

"အင်း"

ယမ့်ဟန်က ရယ်လိုက်သည်။

အိပ်ရာက အောက်ဘက် နိမ့်ကျသွားခဲ့သည်။ချူးယိက သူ့ဘေးနားမှာ ၀င်ထိုင်လိုက်တာကြောင့်ပင်။

ချူးယိ၏ ကိုယ်ဖျောက်စကေး လေ့ကျင့်ထားမှုက အတော်လေး ကောင်းလွန်းလှသည်။ထိုင်လိုက်ပြီးနောက်တွင် ဘာလှုပ်ရှားမှုမှ မရှိတော့ပေ။နဖူးပေါ်ရှိ မျက်နှာသုတ်ပဝါက အအေးဓာတ်မရှိတော့သည့် အချိန်ကျမှသာ ချူးယိက လှုပ်ရှားလာပြီး ၊ မျက်နှာသုတ်ပဝါကို အသာလေးယူသွားသည်အား ယမ့်ဟန် ခံစားမိလိုက်သည်။

ထို့နောက်မှာတော့ အိပ်ရာက အသားလေး အပေါ်ကို မြှောက်တက်သွားခဲ့သည်။ချူးယိက မတ်တပ်ထရပ်လိုက်ပြီး ခြေသံဖွဖွဖြင့် အိပ်ခန်းထဲမှ ထွက်သွားခဲ့သည်။

အမှန်မှာတော့ ကောင်းကောင်းအိပ်မပျော်တတ်သည့် လူတစ်ယောက်အတွက် ၊ ချူးယိအခုလို လုပ်နေသလိုမျိူး ဘာဆ်ိုဘာအသံမှ မကြားရအောင် လုပ်နေသည့် အပြုအမူက ကြောက်စရာ အကောင်းဆုံးပင်။ထိန်းချုပ်မထားနိုင်ပဲ အာရုံအလုံးစုံက သံသယစိတ်ဖြင့် အသံကို ကြားချင်နေကာ ၊ သေသေချာချာ ကြားလိုက်ရပြီးနောက်မှာတော့ အိပ်ချင်စိတ်က မရှိတော့ပေ။

သို့သော်လည်း ဒီနေ့မှာတော့ ယမ့်ဟန်တွင် ထိုကဲ့သို့သော စိတ်တိုဒေါသထွက်မှုမျိုး ရှိမနေပေ။ဆန့်ကျင်ဘက်အနေဖြင့် နည်းနည်းတောင် ကျေနပ်နေမိသလိုပင်။

ဒီအတောအတွင်း သူ အိမ်ပြင်မထွက်ရတာကြောင့် ချွေးယိနှင့် အိမ်ထိန်းအဒေါ်ကြီးမှလွဲ၍ ၊ တစ်ခြားသူများနှင့် သူ မတွေ့ရပေ။အခန်းထဲတွင် တိတ်ဆိတ်နေသည့် အချိန်က ပိုများနေတာကြောင့် သူ့စ်ိတ်ကို ထိုင်းမှိုင်းလေးလံနေစေသည်။

ဒဏ်ရါရထားတာကြောင့် ဖြစ်နိုင်ပြီး ၊ ဖျားထားတာကြောင့်လည်း ဖြစ်နိုင်သည်ပင်။သူအရမ်းကို ခံစားလွယ်နေသည်။အထီးကျန်ပြီး တိတ်ဆိတ်နေသလို ခံစားချက်က အရိုးထဲကနေကို ပျံ့နှံ့နေသလိုပင်။အရင်က အချိန်အကြာကြီး တစ်ယောက်တည်း နေထိုင်ခဲ့သည့် ဟန်ချက်ညီသည့် ခံစားချက်မျိုးကို ဘယ်လိုမှ ရှာမရတော့ပေ။

ချူးယိက ဒီအိမ်ထဲမှာ ရှိနေပြီး ၊ အသံတိုးတိုး တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်လာနေသည်က သူ့စိတ်ကို ငြိမ်းအေးစေလေသည်။

သို့သော်လည်း သူ၏ သနားစရာကောင်းလှသည့် ထိုအိပ်ချင်စိတ်နည်းနည်းလေးမှာ လုံး၀ပျောက်ကွယ်သွားတာ မဟုတ်သော်လည်း ၊ အိပ်ချင်စိတ်က ထပ်ပြီးဖြစ်ပေါ်မလာတော့ပေ။

ချူးယိက သူ့အား စတုတ္ထအကြိမ်မြောက် မျက်နှာသုတ်ပဝါကို လဲပေးပြီးသွားပြီဖြစ်သည်။ သူ အစကနေ အဆုံးအထိ မျက်လုံးကို မှိတ်ထားပြီး အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်သည်။

ပဥ္စမအကြိမ်မြောက် မျက်နှာသုတ်ပဝါကို လဲပေးပြီးသည့် အချိန်မှာတော့ ၊ ချူးယိက ယမ့်ဟန်နဖူးကို စမ်းကြည့်လိုက်ပြီး ၊ ဆဌမမြောက် မျက်နှာသုတ်ပဝါကို နဖူးပေါ် မတင်ပေးတော့ပေ။

ချူးယိက မျက်နှာသွားသစ်နေသည်ကို ယမ့်ဟန် ကြားနေရသည်။ထို့နောက်မှာတော့ ဧည့်ခန်းထဲရှိ မီးကို မှိတ်၍ အိပ်ခန်းထဲ ၀င်လာလေသည်။

သူ နိုးသွားမှာ စိုးလို့ ဖြစ်ပုံရသည်။အိပ်ခန်းထဲ ၀င်လာသည့် အချိန်၌ ချူးယိက မီးမဖွင့်ပေ။ကုတင်ဘေးနား နှစ်လမ်းလောက် လျှောက်လာပြီးချိန်မှာတော့ ကုတင်ခြေရင်းကို ကန်မိသွားလေသည်။

"Fuck မင်းဘိုးအေပဲ"

ချူးယိက လေသံထွက်တယ်ဆိုရုံလေးဖြင့် အသံကို ဖိကာ တစ်ခွန်းဆဲဆိုလိုက်သည်။

ယမ့်ဟန်မှာ ရယ်ချင်တာကို အောင့်ထားနေရသည်။

ခွေးအလေးက နောက်ကွယ်မှာ လူတွေကို ဆဲတတ်တယ်?

ချူးယိက ကုတင်ပေါ်ကို အသာလေး တက်လိုက်ပြီး ၊ ငြိမ်ငြိမ်လေးလှဲနေကာ ထပ်မလှုပ်တော့ပေ။

ကုတင်ပေါ်တွင် စောင်တစ်ထည်သာ ရှိနေသည်။ရာသီဥတု ပူနေချိန်တုန်းက သူတို့နှစ်ယောက်မှာ တစ်ကုတင်တည်းတွင် အိပ်ကြပြီး ဘာမှမခြုံကြပေ။အခု ရာသီဥတုက အရမ်းအေးနေပြီ ဖြစ်ရာ ၊ စောင်မခြုံထားပါက အိပ်လို့မရနိုင်ချေ။

ယမ့်ဟန်မှာ အစကတော့ ချူးယိအား စောင်အတူတူ ခြုံဖို့ပြောရန် တွေးလိုက်မိသေးသည်။သို့သော်လည်း သူ ပြောလိုက်ပါက ချူးယိ အနေရခက်သွားမှာကို စိုးတာကြောင့် အိပ်ချင်ယောင်ဆက်ဆောင်နေလိုက်တော့သည်။

ချူးယိက စက္ကန့်သုံးဆယ်လောက် ငြိမ်သက်နေပြီး ၊ နောက်ဆုံးမှာတော့ လက်ကို ဆန့်ထုတ်၍ စောင်ကို ဆွဲလိုက်သည်။

ယမ့်ဟန်က အိပ်ချင်ယောင်ဆောင်ရင်း ချူးယိဘက်ဆီသို့ ကိုယ်ကို တစ်ပတ်လောက် လှည့်လိုက်ပြီး ၊ စောင်ကို ချူးယိဘက် တစ်၀က်လောက် ခွဲပေးလိုက်သည်။

ချူးယိက ယမ့်ဟန် ကိုယ်ကိုလှည့်လိုက်စဥ် အမြန်အခွင့်ကောင်းယူလိုက်ကာ စောင်ထဲ တိုး၀င်လိုက်ပြီး ၊ ယမ့်ဟန်ဘက်ကို တိုးကပ်၍ စောင်ကိုသေချာခြုံလိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့ပြီး ၊ ကုတင်ခေါင်းရင်းရှိ နှိုးစက်နာရီလေးထံမှ ချက်ချက်ဟူသော အသံတိုးတိုးလေးကိုသာ ကြားနေရတော့သည်။

ထို့အပြင် ချူးယိ၏ အသက်ရှူသံကိုလည်း ကြားနေရသေးသည်။

ချူးယိ၏ အသက်ရှူသံက မြန်နေရာမှ နှေးသွားသည်အထိ ယမ့်ဟန် နားထောင်နေမိသည်။

ခွေးအ၏ အိပ်ပျော်နှုန်းက သူ့အား အမှန်တကယ်ကို မနာလိုအားကျမိသွားစေသည်။အများဆုံးမှ ဆယ်မိနစ်ပဲကြာသည်။ချူးယိ၏ အသက်ရှူသံ တိုးတိုးလေးကို သူ ကြားနေရသည်။ဆယ်မိနစ် မပြည့်သေးမီမှာပင် သက်သောင့်သက်သာဖြင့် ဖြည်းဖြည်းချင်း အသက်ရှူသွင်းနေသည့် ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

ဒါက အိပ်ပျော်သွားတာပင်။

ကျစ်။

ယမ့်ယန်မှာ ချူးယိအား တွန်း၍နှိုးကာ အစကနေ ပြန်အိပ်ခိုင်းရန် စဥ်းစားလိုက်မိသည်။ဒီမှါ အိပ်လို့မရတဲ့ လူတစ်ယောက် ရှိနေသေးတယ်လေ ၊ မင်း ဘယ်လိုစိတ်နဲ့ ဒီလေါက် မြန်မြန်ကြီး အိပ်ပျော်သွားရတာလဲ?

သူ မျက်လုံးက်ို ဖွင့်ပြီး ချူးယိကို ကြည့်လိုက်သည်။

ချူးယိက ကိုယ်ကိုစောင်းကာ သူ့အား ကျောပေး၍ အိပ်နေလေသည်။အခုအချိန်၌ ချူးယိ၏ လည်ပင်းနှင့် ပခုံးကိုသာ သူ မြင်နေရသည်။

.....ဘာမှ မခံစားရပေ။

ဖျားနေတာကြောင့် ခေါင်းထဲတွင် ထိုကိစ္စများကို တွေးတောဖို့ နေရာလွတ် ရှိမနေတာလား ၊ ဒါမှမဟုတ် သူ ချူးယိအပေါ်ကို တကယ်ပဲ ဘာခံစားချက်မှ ရှိမနေတာလားတော့ မသ်ိပေ။

စိတ်လှုပ်ရှားမှုက မလုံလောက်သေးတာကြောင့်လည်း ဖြစ်နိုင်သည်ပင်။

ယမ့်ဟန်မှာ ရုတ်တရက် ရယ်ချင်မိသွားသည်။မိမိမှာ အမှန်တော့ ဒီလေါက်ကလေးဆန်တတ်မှန်းကို ကိုယ့်ဘာသာပင် သတိမထားမိခဲ့ချေ။

သူ ချူးယိရှိရာဘက်ဆီ လက်ကို ဆန့်ထုတ်လိုက်ပြီး ၊ ချူးယိ၏ ခါးပေါ်တွင် တင်လိုက်သည်။

အင်္ကျီကြားခံနေရာကနေ တစ်ဆင့် ၊ အသက်ရှူနှုန်းအတိုင်း အသားလေး မြင့်လိုက်နိမ့်လိုက်ဖြစ်နေသည့် ချူးယိ၏ ခန္ဓာကိုယ်ကို လက်ကနေ ခံစားလို့ရနေသည်။အတော်လေး စီးချက်မိနေသည်။

"ကုန်ဇီ"

ယမ့်ဟန်က တိုးတိုးလေး ခေါ်လိုက်သည်။

ချူးယိက လှုပ်ရှားမလာပေ။အသက်ရှူနေတာတောင် ပြောင်းလဲသွားခြင်း မရှိချေ။

သို့ဖြစ်ရာ သူ လက်ချောင်းလေးများကိုသုံး၍ အင်္ကျီကို ပင့်တင်လိုက်ပြီး ၊ လက်ကို ထည့်လိုက်ကာ ချူးယိ၏ ခါးကို ထပ်ပြီး ပွတ်သပ်လိုက်သည်။

ယခုဖြစ်နေသည့် လေထုအနေအထားက အတော်လေး ထူးဆန်းနေလေသည်။အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး နေရာအနှံ့ရောက်ဖူခဲ့ကာ ၊ အသိအမြင်ဗဟုသုတများ၍ ဘယ်အရာကိုမဆို မကြောက်မလန့် ဖြေရှင်းတတ်ခဲ့သည့် မိမိမှာ ဒီလို မလုပ်သင့်သည့် အပြုအမူမျိုးအား လုပ်လိုက်မိသည်ကို နားမလည်နိုင်တော့ပေ။ထို့အပြင် တိတ်တိတ်လေး ခိုး၍ လုပ်လိုက်မိခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ကို ပိုပြီး အံ့သြသွားစေသည့် အရာမှာ ၊ ဒီလို စိတ်လှုပ်ရှားပြီး ရူးနေသလို လုပ်ရပ်မျိုးတွင် ၊ ချူးယိ၏ ခါးက အရမ်းပွတ်သပ်လို့ ​ကောင်းသည်ဟု သူ......ရုတ်တရက် တွေးလိုက်မိခြင်းပင်။အသားက အလွန်ကျစ်လျစ်ပြီး ၊ ချောမွေ့နေသည်.....

အိပ်ရာက နှစ်ချက်လှုပ်ခါသွားခဲ့သည်။ချူးယိ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည့် အချိန်တွင် ယမ့်ဟန်က စောင်ကိုဖယ်၍ ထထိုင်ပြီးနေပြီ ဖြစ်သည်။

"ဘာဖြစ်လို့လဲ ! "

ချူးယိက စိုးရိမ်တကြီး ထထိုင်လိုက်သည်။အခန်းထဲတွင် မီးမဖွင့်ထားတာကြောင့် ၊ ယမ့်ဟန်၏ ပုံသဏ္ဍာန်ကိုသာ သူ မြင်နေရသည်။

မီးဖွင့်ရန် လက်ကိုဆန့်ထုတ်လိုက်သည့် အချိန်၌ ၊ ယမ့်ဟန်က သူ့လက်ကောက်၀တ်ကို ဖမ်းဆုပ်လိုက်ပြီး :

"မင်းဘာသာ အိပ်နေပါ"

"မသက်သာဘူးလား?"

ချူးယိက မေးလိုက်သည်။ယမ့်ဟန်၏ လက်က အတော်လေး ပူနေသည်။သို့သော်လည်း အရမ်းပူနေတာတော့ မဟုတ်ပေ။အဖျားက နည်းနည်းကျသွားသည့်ပုံပင်။

"ငါ အပေါ့သွားမလို့"

ယမ့်ဟန်က ကုတင်ပေါ်မှ ဆင်းလိုက်သည်။

"သြော်"

ချူးယိက လေတစ်ချက်မှုတ်ထုတ်၍ ပြန်လှဲချလိုက်သည်။

Seguir leyendo

También te gustarán

1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
718K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
438K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်