အကြွေစေ့လေးတစ်စေ့ [Completed]

By Yin-2323

229K 35K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] More

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၆[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၅[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၁[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၄[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၆-Extra1[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၅၂[U]

1.5K 321 4
By Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၅၂

ချူးယိသည် အယ်လ်က်ိုဟောလ် အပူပေးမီးဖိုကို သယ်ရင်း ၊ ယမ့်ဟန်အနောက်ကနေလိုက်၍ ရွက်ဖျင်တဲဘေးဘက်နားဆီ ပြန်လျှောက်လာခဲ့လိုက်သည်။ချွေးယိက စားစရာများအားလုံးက်ို ကူရှင်ပေါ်မှာပင် ချထားပြီးနေပြီ ဖြစ်သည်။

"အရိပ်လိုပဲနော်"

သူတို့နှစ်ယောက်ကို မြင်လိုက်သည်နှင့် ၊ ချွေးယိက စကားတစ်ခွန်း ဆိုလာသည်။

"မီးဖိုလေးတစ်ခုကို သွားယူတာများ နောက်ကနေ တစ်ယောက်က လိုက်သွားရသေးတာ"

"ကျွန်တော့်အဖေသာ ကျွန်တော့်အတွက် ညီလေးတစ်ယောက်လောက် မွေးပေးခဲ့ရင်"

ယမ့်ဟန်က ရယ်ရင်း ကူရှင်ပေါ်တွင် ထိုင်ချလိုက်ကာ

"အခုအချိန်ဆို ဒီလိုမျိုးပဲ ကျွန်တော့်နောက်ကို လျှောက်လိုက်နေမယ်ထင်တယ်"

"မင်းအဖေက သမီးလေးတစ်ယောက် လိုချင်တာ"

ချွေးယိက ပြောသည်။

"ညစ်ညစ်ပတ်ပတ် ကောင်လေးတစ်ယောက်က်ို ပြုစုပျိုးထောင်ရတာ တော်တော် ငြီးငွေ့စရာ ကောင်းတယ် ၊ သမီးမိန်းကလေးကမှ ချစ်စရာကောင်းတာ ၊ စကတ်သေးသေးလေးလည်း ၀တ်ပေးလို့ ရသေးတယ်"

ယမ့်ဟန် သက်ပြင်းချလိုက်မိသည်။

"ကိုယ့်ဘာသာ စကားစပြီး ၊ ကိုယ့်ဘာသာ သက်ပြင်းချနေတယ်"

ချွေးယိက သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြောသည်။

"ဒီအတိုင်း သက်ပြင်းချလိုက်မိတာပါ"

ယမ့်ဟန်က ပြောလိုက်သည်။

"ကျွန်တော်သက်ပြင်းချတဲ့ အသံက သိသာသွားတာ"

ချူးယိသည် ယမ့်ဟန်ဘေးနားတွင် ထိုင်၍ ၊ ချွေးယိက အယ်လ်ကိုဟောလ် အပူပေးမီးဖိုကို မီးညှိကာ ၊ အောက်ခံပြား ဒယ်အိုးအား တင်လိုက်သည်ကို ကြည့်နေမိသည်။ယမ့်ဟန်ကတော့ အရင်တုန်းကအတိုင်းပင်။အလုပ်မှာ ကင်ပြီးသား အကင်ကိုဖြစ်စေ ၊ အခုလို လုပ်ထားသည့် ပစ္စည်းများကိုဖြစ်စေ ၊ ထောပတ်ဆီ တစ်တုံးလောက် ထည့်လိုက်ရသည်ကို နှစ်သက်လေသည်။

ချူးယိလည်း အိမ်မှာတော့ ထမင်းချက်ဖူးသည်ပင်။သို့သော်လည်း အချိန်အများစုတွင် အိမ်က လုပ်စားသည့် အစားအစာများက ရိုးရှင်းလှသည်။အမေ ဟင်းမချက်သည့် အချ်ိန်မျိုးဆိုလျှင် သူတို့အကုန်လုံး အအေးခံထားသည့် အစားအစာများက်ိုသာ စားတတ်ကြသည်။သ်ို့ဖြစ်ရာ ထမင်းချက်သည့် အပိုင်းမှာတော့ သူ့တွင် အရည်အချင်း မရှိပေ။ယခုလို အချိန်မျိုး၌ ၊ သူ လုပ်နိုင်သည့် အရာမှာ ဘေးနားတွင်ထိုင်၍ ကြည့်နေခြင်းပင် ဖြစ်သည်။

ချွေးယိ၏ အရည်အချင်းကလည်း အသင့်စားခေါက်ဆွဲစားသည့် အဆင့်လောက်သာ ဖြစ်နိုင်သည်။နည်းနည်းပါးပါး လုပ်ပြီးသွားသည့် နောက်မှာတော့ ယမ့်ဟန်သာ ကျန်တော့သည်။သူတို့နှစ်ယောက်လုံး ဘေးနားကနေသာ ထိုင်ကြည့်နေလိုက်ကြသည်။

ဦးခေါင်းထိပ်ရှိ လမှာ သူတို့ရောက်ရောက်ချင်း အချိန်တုန်းကထက် ပိုပြီး ကြီးလာသလိုပင်။ချူးယိမှာ ယမ့်ဟန်၏ လက်ကို အတော်ကြာအောင် ကြည့်လိုက် ၊ ခေါင်းမော့ပြီး လကိုအတော်ကြာအောင် ကြည့်လိုက်ဖြင့် ရှိနေသည်။

ဒီလို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးဖြင့် လကိုကြည့်သည်မှာ သူ့အတွက်တော့ ဤသည်က ပထမဆုံး အကြိမ်ပင်။ဒီမြို့က ပင်လယ်ဘက်မှာ ရှိနေတာကြောင့်လားတော့ မသိပေ။ရာသီဥတုက စိုစွတ်ပြီး အေးစက်နေသည်။ဒီနေ့မြင်နေရသည့် လကလည်း ၊ သူ မြင်ဖူးသမျှထဲတွင် အကြီးဆုံးလဖြစ်သည်။

တစ်ကိုက်လောက် ကိုက်စားလိုက်မည် ဆိုပါက ၊ အရသာမှာ လတ်လတ်ဆတ်ဆတ်ရှိလှသည့် နို့အရသာ ရေခဲမုန့်လိုမျိုးပင်။

"ရော့"

ယမ့်ဟန်က ပန်းကန်ပြားတစ်ချပ် ယူလိုက်ပြီး ၊ အလွန်မွှေးကြိုင်နေအောင် ကြော်ထားသည့် အမဲသားပြား နှစ်ပြားကို ထည့်၍ ချွေးယိအား ပေးလိုက်ကာ ၊ သိုးသားနှစ်ပြားက်ို သူ့(ချူးယ်ိ)အား ကမ်းပေးလာပြီး

"ဦးလေးချွေးက အမဲသားကြိုက်တယ် ၊ မင်းက သိုးသားကြိုက်မယ် ထင်တယ်"

"အင်း"

ချူးယိက ရယ်လိုက်ပြီး

"အမှန်တော့ အသားဆို,ဆိုရင် ဘာအသားပဲဖြစ်ဖြစ်ရ,ရတယ်"

"ယမ့်ဟန်ရဲ့ ဒီလက်ရာကတော့"

ချွေးယိက စားရင်း ပြောလာသည်။

"နောက်ထပ် နှစ်နှစ်လောက်နေရင် မင်းအတွက် အနောက်တိုင်း စားသောက်ဆိုင်အသေးလေး တစ်ဆိုင်ဖွင့်လို့ရအောင် ဦးလေး ရင်းနှီး မြှုပ်နှံပေးမယ်လေ"

"ကျွန်တော့်မှတ်ဥာဏ်က အရမ်းကောင်းတာနော် ၊ မှတ်ထားလိုက်ပြီ"

ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။

"ကျေးဇူးပဲ"

ကျေးဇူးပဲ။

ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရသည့် အချိန်၌ ၊ ချူးယိမှာ ထိန်းမထားနိုင်တော့ပဲ ယမ့်ဟန်ရှိရာကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ငါ မင်းကို သဘောကျတယ်။

ကျေးဇူးပဲ။

ဤသည်မှာ ခုနက ယမ့်ဟန်ပြောခဲ့သည့် အဖြေစကားကို အခြေခံ၍ ၊ ကျိုးချွမ်းရန်နှင့် ယမ့်ဟန်တို့ ပြောဆိုကြမည့် အဖြေကို စဥ်းစားလိုက်နိုင်ခြင်း ဖြစ်သည်။

ကျိုးချွမ်းရန်ကတော့ ဒီလိုပျင်းစရာကောင်းသည့် ပုံစံဖြင့် သေချာပေါက် မပြောလောက်ပေ။သို့သော်လည်း သူကတော့ ပျင်းစရာကောင်းသည့် သူ ဖြစ်တာကြောင့် ၊ ဒိီလိုပုံစံမျ်ိုးကိုသာ သူ စဥ်းစားလိုက်နိုင်သည်။

ထိုသို့ မပြောပါက......သူ့ကို သွားပြောခိုင်းမည်ဆိုလျှင်တော့ ၊ သူကတော့ ဒီလိုမျိုးသာ ပြောတတ်သည်။

အစပျ်ိုးနေတာမျိုး မရှိသလို ၊ စကားအလှဆင် နေတာမျိုးလည်း ရှိမှာ မဟုတ်ပေ။

ငါ မင်းကို သဘောကျတယ်။

ကျေးဇူးပဲ။

အဲ့အနောက်မှာ အားနာပါးနာနဲ့ နောက်ထပ် စကားတစ်ခွန်းလောက် ထပ်ပြောဖို့ လိုသေးလား?

တကယ်လို့ ထပ်ထည့်ပြီး မပြောပါက ၊ အရမ်း ရှက်စရာကောင်းသွားမယ် မဟုတ်လား။

ထပ်ဖြည့်ပြောလိုက်တာကမှ ပိုပြီး ရှက်စရာကောင်းမှာ ၊ ဟုတ်ပြီလား။

ချူးယိ သက်ပြင်းချလိုက်မိသည်။

"စားရတာ မကြိုက်ဘူးလား?"

ယမ့်ဟန်က သူ့ကို တစ်ချက်လှမ်းကြည့်လာပြီး

"ဘယ်လိုဖြစ်ပြီး သက်ပြင်းတွေတောင် ချနေရတာလဲ?"

"မင်းနဲ့ ဘီ,ယာ တစ်တစ်ငုံ သောက်ပြီး"

ချူးယိက ဘေးနားရှိ အချ်ိုရည်ကိုယူ၍ နှစ်ငုံလောက် သောက်လိုက်ပြီး

"အား...."

ယမ့်ဟန်မှာ ရယ်လိုက်မိသည်။

"သက်သောင့်သက်သာဖြစ်လို့ ချတဲ့ သက်,သက်ပြင်း"

ချူးယိက ပြောလိုက်သည်။

ချွေးယ်ကလည်း ရယ်မောရင်းဖြင့် ဘီယာတစ်ဘူးကိုယူလိုက်ပြီး ၊ ခေါင်းကိုမော့၍ အကြိမ်တော်တော်များများ သောက်ချလိုက်ကာ ၊ ပြီးနောက်မှာတော့ ပါးစပ်ကို သုတ်လိုက်ပြီး :

"အား ....."

"ကျွန်တော့်ကို လာမဆွနဲ့"

ယမ့်ဟန်က ပြောလိုက်သည်။

"ဒါမှမဟုတ်ရင်လည်း ပြန်တဲ့အချိန်ကျရင် ကားကို ဦးလေးမောင်း ၊ ကျွန်တော် နှစ်ငုံလောက် သောက်လိုက်မယ်"

"နောက်ကျသွားပြီ"

ချွေးယိက ဘူးကို လှုပ်ပြလာပြီး

"ငါက သောက်လို့တောင် ပြီးသွားပြီ"

ယမ့်ဟန်က ရယ်နေရင်း ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်သည်။

စိတ်သက်သောင့်သက်သာ ရှိလှသည်။

ချူးယိသည် သိုးသားအကြီးကြီးများကို နှစ်ပန်းကန်ကုန်အောင် စားကာ ၊ တောင်ပံကင်များကို တစ်ပြုံကြီး စားလိုက်ပြီးနောက် လှဲချလိုက်တော့သည်။ကမ်းခြေရှိ သဲပြင်ပေါ်တွင် လှဲချကာ ၊ လက်မောင်းနှစ်ဘက်ကို ဘေးနှစ်ဖက်ဆီ ဆန့်တန်းလျက် ၊ လကို ကြည့်နေမိသည်။

အရမ်းပျော်စရာကောင်းပြီး ၊ အရမ်းလည်း သက်တောင့်သက်သာ ရှိလှသည်။

ထို"ငါ မင်းကို သဘောကျတယ်"ဟူသော အကြောင်းကို သွားမတွေးမိဖို့သာ လိုသည်။အရမ်းပျော်စရာကောင်း၍ ၊ လူက ခပ်ပြုံးပြုံး ဖြစ်နေမိသည်။

သို့သော်လည်း သွားမတွေးမိစေရန် လုပ်ရသည်ကလည်း ၊ လွယ်ကူသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။

ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ပျော်ရွှင်စရာ အဖြစ်အပျက်များနှင့် အပြုံးနုတို့မှာ ၊ အကုန်လုံးက ယမ့်ဟန်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယမ့်ဟန်နှင့် အတူတူ ရှိနေခြင်းကြောင့်။

သူက ယမ့်ဟန်နှင့် အတူတူ ရှိနေချင်မိတာကြောင့်။

အမှန်တော့ ခုနက ယမ့်ဟန်ဆီ လိုက်သွားမိခဲ့သည်မှာ ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်မိခြင်းသာ ဖြစ်သည်။မိမိအား စိတ်ရှုပ်ထွေးစေသည့် ထိုအတွေးများ၏ ဖိအားကြောင့် စိတ်လိုက်မာန်ပါ လုပ်လိုက်မိခြင်းဖြစ်သည်။ထိုအချိန်အတွင်းမှာတော့ သူ အဲ့လိုထင်မိခဲ့သည်။

ငါ ယမ့်ဟန်ကို သဘောကျတယ်။

သို့သော်လည်း ယမ့်ဟန်၏ ထို"ကျေးဇူးပဲ"ဆိုသည့် စကားကို ကြားလိုက်ရပြီး နောက်မှာတော့ ၊ သူ ထပ်ပြီး တုံ့ဆိုင်းသွားမိသည်။

မိမိက ကျိုးချွမ်းရန်နှင့် အတူတူပဲလား ဆိုသည်ကိုပင် သူ မသိပေ။

အကယ်၍ ယမ့်ဟန်က သူ့အား"ကျေးဇူးပဲ"ဆိုသည့် အဖြေတစ်ခုကိုသာ ပေးလာခဲ့ပါက ၊ ဘာဆက်လုပ်သင့်လဲဆိုသည်ကိုလည်း သူ မသိပေ။

ယမ့်ဟန်ကရော ဘယ်လို ဆက်လုပ်မှာလဲ?

တကယ်ဟုတ်လို့လား?

လိင်တူစိတ်၀င်စားတယ်?

ချူးယိက လိင်တူစိတ်၀င်စားတဲ့သူလား?

ငယ်ငယ်ကတည်းကနေ အခုအရွယ်ရောက်လာသည်အထိ ၊ သူ ဘယ်သူ့ကိုမှ သဘောမကျမိခဲ့ဖူးပေ။ယောကျာ်းလေးမပြောနှင့် ၊ မိန်းကလေးကိုပင် သဘောမကျဖူးခဲ့ချေ။သူ့တွင် တစ်ခြားသူတစ်ယောက်ကို သဘောကျနေဖို့ အခွင့်အရေး မရှိခဲ့ပေ။ထို့အပြင် သူ့ကို သဘောကျသည့်သူဆို ပိုလို့ပင် မရှိခဲ့ချေ။သူ၏ တစ်ချိန်က အတန်းဖော်များတွင် ၊ ယောကျာ်းလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် ၊ သူ့လိုလူကို မှတ်မိနေသည့်သူ မရှိမှာကိုပင် စိုးရိမ်ရသည်။

လူတစ်ယောက်ကို သဘောကျရတာက ဘယ်လိုပုံစံမျ်ိုးလဲ ဆိုသည်ကို သူ မသိပေ။

လူတစ်ယောက်၏ သဘောကျခြင်းက်ို ခံရသည်က ဘယ်လိုမျိုးလဲဆိုသည်ကို ၊ သူ ပိုလို့ပင် မသိချေ။

ဒီလိုခံစားချက်မျိုးက လူကို အတော်လေး စိတ်ပင်ပမ်းစေသည်။

ယမ့်ဟန်နှင့် နီးစပ်ချင်သည်။မရပ်မနား ၊ အတိုင်းအဆမရှိ နီးစပ်ချင်သည်။

သို့သော်လည်း ဒီလို ဆန္ဒမျိုးကြောင့် ကြောက်လန့်ကာ စိတ်ရှုပ်ထွေးလာမိသည်။

လရောင်က လျော့ပါးသွားခဲ့လေပြီ။

တစ်ညတာအချိန်က အလွန်ကို တိုတောင်းလွန်းလှသည်။ညနေစာ စားချ်ိန်မှ ၊ ညလယ်စာ အချိန်အထိ ဆိုသော်လည်း ၊ အရမ်းကို တိုတောင်းလှသည်ပင်။

သူနှင့် ယမ့်ဟန်မှာ ရွက်ဖျင်တဲထဲတွင် အတူတူ လှဲလိုက်ကြပြီး ၊ ခေါင်းများကိုတော့ ရွက်ဖျင်တဲအပေါက်၀ရှိ ကူရှင်ပေါ် တင်ထားလိုက်ကြသည်။ချွေးယိက သူတို့နှစ်ယောက်အတွက် ခေါင်းအုံးငယ်ပုံစံတစ်ခု ဖြစ်လာအောင် သဲများကို စုပုံပေးနေသည်။

မလှုပ်ချင်ပေ။တစ်ချိန်လုံး ဒီလိုပဲငေးငိုင်ပြီး လကို စိုက်ကြည့်နေချင်သည်။

ချွေးယိက သူတို့နှစ်ယောက်ထက်ပင် ပိုပြီး တက်ကြွနေသေးသည်။ဘေးနားရှိ လှေအဟောင်းပေါ် တက်သွားပြီး လကို ဓာတ်ပုံရိုက်ယူနေသည်။လရောင်အောက်က ငါးဖမ်းလှေကို ရိုက်ယူ၍ ၊ တစ်ဆက်တည်းမှာပင် လရာင်အောက် ရွက်ဖျင်တဲထဲတွင် မလှုပ်မယှက် နေနေကြသည့် ကောင်လေးနှစ်ယောက်ကိုပါ ဓာတ်ပုံရိုက်လိုက်သေးသည်။

"တစ်နာရီ ထိုးတော့မှာပဲ"

ချွေးယိက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းတို့နှစ်ယောက် မပြန်ချင်ကြဘူးဆိုရင် ၊ ဒီမှါပဲ အိပ်လိုက်ကြလေ ၊ ငါ မျက်နှာချင်းဆိုင်မှာရှိတဲ့ တည်ခိုခန်းမှာ အခန်းတစ်ခန် ငှါးလိုက်မယ်"

"ပြန်မယ်လေ"

ချူးယိက ပြောလိုက်သည်။ယမ့်ဟန်က မနက်ဖြန် အလုပ်သွားရဦးမှာပင်။ဒီဆေါင်းဦးလယ်ပွဲတော်ကို သူ့(ချူးယိ)အား ကောင်းကောင်းဖြတ်သန်းနိုင်စေရန်အတွက် ၊ ယမ့်ဟန်က ဒီနေ့ အလုပ်ကနေ စောထွက်လာခဲ့သည်။မနက်ဖြန်ပါ အလုပ်ချ်ိန်မမှီပါက တကယ်ကို မသင့်တော်တော့ပေ။

"ယမ့်ဟန်က မ,မနက်ဖြန် အလုပ်သွားရဦးမှာ"

"ပျော်လား?"

ယမ့်ဟန်က သူ့ကို လှည့်ကြည့်၍ မေးလာသည်။

"အင်း"

ချူးယိက ကောင်းကင်ကို မျက်နှာမူ၍ ပြုံးနေသည်။

သူ ယမ့်ဟန်ကို လှည့်မကြည့်ရဲပေ။အခုအကွာအဝေးက အရမ်းကို နီးကပ်လွန်းနေသည်။အရင်ကတော့ သူ ဘာခံစားချက်မျိုးမှ မရှိခဲ့ပေ။ယမ့်ဟန်နား ကပ်ချက်လျှင် ကပ်လိုက် ၊ ယမ့်ဟန်ကို ဖက်ချင်လျှင် ဖက်လိုက် ၊ ယမ့်ဟန်၏ လက်ကို ဆုပ်ကိုင်ချင်လျှင်လည်း ဆုပ်ကိုင်လိုက်သည်ပင်။သူ့ဘက်ကကြည့်လျှင် ဒီအရါအားလုံးက သဘာ၀အတိုင်း ပြုမူလိုက်မိခြင်း ဖြစ်သည်။

ဒီ"အလိုဆန္ဒ" အါးလုံးထဲတွင် ၊ တစ်ခြားအကြောင်းအရာ တစ်ခုခုပါ ရောနှောနေသည်အား သိရှိလိုက်ရသည့် အချိန်၌ ၊ သူ ယမ့်ဟန်ကို မျက်နှာချင်းဆိုင်ဖို့ရန် စတင်၍ နည်းလမ်းမရှိဖြစ်လာသည်။

"အမှန်တော့ ဒီလိုလာပျော်ချင်ရင် ၊ ဆောင်းဦးလယ်ပွဲတော်မှ လာပျော်လို့ရတာ မဟုတ်ပါဘူး"

ယမ့်ဟန်က ပြောလာသည်။

"ကျောင်းပိတ်ရက်လည်း ရတာပဲ ၊ မင်း ဒီလိုမျိုး လာလည်ချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ၊ လာလို့ရတာပဲ ၊ ငါတို့နှစ်ယောက်တည်းလည်း ရတယ် ၊ အတန်းဖော်တွေကိုပါ ခေါ်ခဲ့ပြီး အတူတူလာလို့လည်း ရတယ်"

"အင်း"

ချူးယိက လကို စိုက်ကြည့်နေရင်း ၊ ပြုံးကာခေါင်းည်ိတ်ပြလိုက်သည်။

"ဒါဆို သွားကြစို့"

ယမ့်ဟန်က ထထိုင်လိုက်ပြီး

"ကားမောင်းပြန်ရင်တောင် တစ်နာရီတောင် မောင်းရဦးမှာ"

ချူးယိလည်း ထထိုင်လိုက်သည်။ယမ့်ဟန်က အလျင်းသင့်သလိုပင် သူ့(ချူးယိ)ဆံပင်ကို တစ်ချက်လောက် ဆွဲဖွလိုက်ရာ ၊ သူ့(ချူးယိ)ခေါင်းပေါ်ရှိ သဲများက ပြုတ်ကျသွားခဲ့သည်။ထို လှုပ်ရှားမှု တစ်ခု​နှင့် ၊ ယမ့်ဟန်၏ တစ်စောင်းဖြစ်နေသည့် ခန္ဓာကိုယ်ဆီမှ ပျံ့လွင့်လာသော အသံရှူသည့်လေငွေ့နွေးနွေးလေးက ၊ သူ့အတွက်တော့ အသက်လုကာ အရှိန်ဖြင့် ပြေးနေရာမှ မျက်တောင်တစ်ခတ် အတွင်း၌ ချက်ချင်းပြန်ပြီးလဲကျသွားခဲ့သလိုပင်။

"မင်း အထိုးခံချင်နေတာလား?"

ယမ့်ဟန်၏ လက်က မြှောက်ထားဆဲဖြစ်ပြီး

"သဲတွေ နည်းနည်းလောက်ကျသွားအောင် လုပ်ပေးနေတုန်းကို ! "

"ဘယ်လိုပဲဖြစ်ဖြစ် ပြောင်သွားမှာမှ မဟုတ်တာ"

ချွေးယိက ပြောလာသည်။

"အိမ်ပြန်ရောက်မှ ခေါင်းလျှော်လိုက်"

ပင်လယ်သဲများနှင့် ဒီလို အနီးကပ်ထိတွေ့ရသည်က ချူးယိအတွက်တော့ ဤသည်က ပထမဆုံး အကြိမ်ဖြစ်သည်။ကားပေါ်ထိုင်၍ ပြန်လာခဲ့သည့် အချိန်ကျမှသာ ၊ မိမိမှာ ကမ်းခြေပေါ်တွင် မလူးလှိမ့်ခဲ့သည့်အပြင် ၊ ၀တ်ထားသည်ကလည်း အင်္ကျီလက်ရှည် ၊ ဘောင်းဘီအရှည်ဖြစ်သည်ကို သတိထားလိုက်မိသည်။သို့သော်လည်း ခေါင်းတစ်ခုလုံး သဲတွေရှိနေရုံ မကပဲ ၊ အင်္ကျီထဲမှာလည်း သဲတွေရှိနေသည်။အတွင်းခံဘောင်းဘီထဲမှာတောင် သဲတွေရှိနေသလိုပင်။သူ ဘောင်းဘီထဲကို လက်ထိုးထည့်ပြီး အတည်ပြုကြည့်ဖို့ ရှက်နေမိလို့ပင်။

သူ ယမ့်ဟန်ကို တစ်ချက်လောက် လှမ်းခိုးကြည့်လိုက်ရာ ၊ ယမ့်ဟန်က သန်းဝေနေသည်ကို တွေ့လိုက်ရသည်။အနောက်ခန်းကို တစ်ချက်လှည့်လိုက်ပြန်ရာ ၊ ချွေးယိက အနောက်ခန်းတွက် ခွေခေါက်၍ အိပ်ပျော်နေပြီဖြစ်သည်။

သူ မျက်မှောင်ကြုတ်လိုက်မိသည်။မိမိအား ပျော်ရွှင်သွားစေရန်အတွက် မဟုတ်ပါက ၊ ယမ့်ဟန်နှင့် ချွေးယိမှာ ပင်လယ်ဘေးတွင် တစ်ညလုံး နေနေကြဖို့ စိတ်၀င်စားကြမှာ မဟုတ်ပေ။

"မင်း အိပ်ချင်နေပြီလား?"

သူ ခပ်မတ်မတ်ထိုင်လိုက်ပြိီး ၊ ယမ့်ဟန်ကို အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။

"မအိပ်ချင်ပါဘူး"

ယမ့်ဟန်က ပြန်ဖြေလာသည်။

ချူးယိမှာ အရှေ့ဘက်က လမ်းကိုသာ စူးစိုက်၍ ကြည့်နေမိသည်။ရုတ်တရက် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ၊ သူ ယမ့်ဟန်ကို သတိပေး၍ ရသည်ပင်။

"မင်း အိပ်ချင်ရင် ခဏလောက် အိပ်နေလေ"

ယမ့်ဟန်က ပြောသည်။

"မင်း ခုနက လှဲပြီး လကိုကြည့်နေတုန်းက ၊ ဟောက်နေတာ"

"မဖြစ်နိုင်တာ"

ချူးယိမှာ ကြောင်အသွားပြီး

"ငါ အိပ်,အိပ်မပျော်သွားပါဘူး"

"ဦးလေးလည်း ကြားလိုက်တယ်"

အနောက်ခန်းရှိ ချွေးယိကလည်း ရယ်ရင်း ပြောလာသည်။

ချူးယိမှာ ချွေးယိကို အနောက်လှည့်၍ တစ်ချက်လှမ်းကြည့်လိုက်မိသည်။ချွေးယိမှာ ခုနက ပုံစံအတိုင်းပင် ရှိနေပြီး ၊ မျက်လုံးကို မဖွင့်ပဲ ၊ ရယ်နေသည်ကို တွေ့လိုက်ရသည်။

"ငါ အိပ်,အိပ်ပျော်သွားတာလား?"

ချူးယိမှာ အတော်လေးကို လက်မခံနိုင်ပေ။

"အင်း"

ယမ့်ဟန်က ရယ်လိုက်ပြီး

"အိပ်လေ ၊ ငါ့ကို ဂရုစိုက်မနေနဲ့ ၊ ငါက ပုံမှန်ဆိုလည်း အိပ်ချင်ရင်တောင် အိပ်ပျော်တာ မဟုတ်ဘူး ၊ ကားမောင်းနေတဲ့ အချိန်ကို ထည့်ပြောမနေနဲ့တော့"

ချူးယိက ဘာမှပြန်မပြောတော့ပေ။ယမ့်ဟန်က ကောင်းကောင်းအိပ်မပျော်နိုင်မှန်း သူ သိသည်ပင်။ကုတင် ခေါင်းရင်းတွင် ဆေးဘူးလည်း ရှိသည်။သို့သော်လည်း အရှေ့ဘက်ရှိ လမ်းကိုသာ စူးစိုက်ကြည့်နေမိသည်။တစ်ခါတစ်လေတွင်တော့ ယမ့်ဟန်မျက်နှာကို တစ်ချက်လောက် လှမ်းကြည့်တတ်သည်။ယမ့်ဟန်က မျက်လုံးကို ဖွင့်ထားလား ၊ ဒါမှမဟုတ် ပိတ်ထားလားကို ကြည့်ခြင်းဖြစ်သည်။

ယမ့်ဟန်အိမ်ကို ပြန်ရောက်သည့် အချိန်၌ ၊ သုံးနာရီပင် ထိုးပြီးသွားပြီဖြစ်သည်။

သူတို့နှစ်ယောက်စလုံး မြန်မြန်သွက်သွက်ပင် ပစ္စည်းများကို သိမ်းဆည်း၍ မျက်နှာသစ် သွားတိုက်လိုက်ကြပြီး ၊ ကုတင်ပေါ် လှဲလိုက်ကြသည့် အချိန်တွင် သုံးနာရီခွဲသွားပြီဖြစ်သည်။

"အိပ်တော့"

ယမ့်ဟန်က မီးကိုမှိတ်လိုက်ပြီး ၊ သူ့(ချူးယိ)လက်မောင်းကို ပုတ်ပေးလာသည်။

"Good night"

ချူးယိက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"Good night"

ယမ့်ဟန်က ပြန်ပြောလာသည်။

Good night က Good nightသည်ပင်။သို့သော်လည်း မိမိမှာ ဒီလေါက်အထိ အိပ်မပျော်နိုင် ဖြစ်တတ်သည်ကို ချူးယိ ပထမဆုံး သိလိုက်ရခြင်းဖြစ်သည်။သွားလည်ရ၍ စိတ်လှုပ်ရှားနေတာကြောင့်လား ၊ ဒါမှမဟုတ် ခေါင်းထဲတွင် တွေးစရာကိစ္စတွေ အရမ်းများနေတာကြောင့်လားတော့ မသိပေ။

မဟုတ်ပေ။ခေါင်းထဲတွင် တွေးနေမိသည့် ကိစ္စများက အရမ်းများနေတာ မဟုတ်ပေ။အရမ်း တုန်လှုပ်မိနေလို့ ဖြစ်သည်။

အံ့သြတုန်လှုပ်နေတာကြောင့် သူ တစ်ချိန်လုံး အတွေးများနေမိသည်။ခဏနေ ဒီလိုဖြစ်နေတာပဲဟု တွေးမိလိုက် ၊ ခဏနေကျပြန်တော့ ချီးပဲ ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲဟု တွေးမိသွားပြန်လိုက် ၊ ခဏနေလျှင် ဘာဖြစ်လို့ ဒီလိုမဖြစ်နိုင်ရမှာလဲဟု တွေးမိသွားလိုက် ၊ ခဏနေကျပြန်လျှင်လည်း ထားလိုက်စမ်းပါ ၊ ကလေးလည်း မဟုတ်တော့ဘူး ၊ ကိစ္စတစ်ခုကို တွေးတာ ဘာလို့ ဒီလေါက် နည်းလမ်းတကျတွေးနေရတာလဲဟု တွေးလိုက်ဖြင့် ရှိနေသည်။

ကြည့်ရသည်မှာတော့ ယမ့်ဟန်လည်း အိပ်ပျော်ပုံမရပေ။ယမ့်ဟန် မနက် အိပ်ရာထသည့် အချိန်တွင် ၊ သူ့(ယမ့်ဟန်)အသက်ရှူနှုန်း ပြောင်းလဲသွားသည်ကို ချူးယိ မကြားလိုက်ရပေ။တစ်ချိန်လုံး ဒီအတိုင်း လှဲရုံသာ လှဲနေပုံရသည်။

"မင်း ခဏလောက် ဆက်အိပ်နေဦးလေ ၊ ကြည့်ရတာ မင်း နေ့လည်လောက်အထိ အိပ်ပျော်လောက်တယ်"

ယမ့်ဟန်က ၀တ်ထားသည့် တီရှပ်ကို ချွတ်လိုက်ပြီး ၊ အ၀တ်ဘီရိုကို ဆွဲဖွင့်၍ အင်္ကျီရှာနေကာ

"တစ်ညလုံး မအိပ်ထားပဲနဲ့"

"မင်းသိတယ်ပေါ့?"

ချူးယိသည် ယမ့်ဟန်၏ နောက်ကျောရှိ နူးညံ့ပြီး ကျစ်လျစ်လှသည့် ကြွက်သားလိုင်းများက်ို ကြည့်နေမိသည်။

"အဓိပ္ပါယ် မရှိတာ"

ယမ့်ဟန်က တီရှပ်လက်ရှည်တစ်ထည်ကို ၀တ်လိုက်ပြီး ၊ ကိုယ်ကိုလှည့်လာကာ

"မင်း ကိုယ်ကို ဘယ်နှစ်ကြိမ်လှည့်လဲဆိုတာတောင် သိတယ် ၊ မင်းအတွက် မနက်စာ မလုပ်ပေးတော့ဘူး ၊ အိပ်ရေး၀သွားမှ ကိုယ့်ဘာသာ အပြင်မှာ သွားစားလိုက်တော့"

"အင်း"

ချူးယိက ကုတင်ပေါ်တွင် တင်ပလွေခွေထိုင်နေရင်း ခေါင်းညိတ်ပြလိုက်သည်။

ယမ့်ဟန် အိပ်ခန်းထဲမှ ထွက်သွားသည်ကို လိုက်ကြည့်နေမိပြီး ၊ ဧည့်ခန်းထံရှိ တံခါးက အသံတစ်ချက်မြည်သွားသည်ကို ကြားလိုက်ရမှသာ ၊ သူ ခေါင်းအုံးပေါ် ပြန်လှဲချလိုက်ပြီး ၊ အလိုလိုပင် ယမ့်ဟန်၏ ခေါင်းအုံးကိုယူ၍ ဖက်ထားလိုက်မိသည်။

မိမ်ိမှာ ယမ့်ဟန်၏ ခေါင်းအုံးကို ဖက်ထားရုံသာ မကပဲ ၊ မျက်နှာကိုပင် ခေါင်းအုံးထဲ နစ်၀င်နေသည်အထိ ဖိအပ်ထားမိသည်က်ို သတိထားလိုက်မိသည့် အချိန်၌ ၊ စိတ်ထဲတွင် ချက်ချင်း ထိတ်လန့်သွားမ်ိခဲ့သည်။သို့သော်လည်း ခေါင်းအုံးကို ပြန်မထားပဲ ၊ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။

**************

ဒီနှစ်ရက်အတွင်းတွင် ဧည့်သည်များက နေ့တိုင်း ပို၍ များပြားလာခဲ့သည်။အကုန်လုံးက ကြိုတင်မှာထားကြခြင်းဖြစ်သည်။ကြိုတင်မမှာထားသည့် ဧည့်သည်များအတွက် စီစဥ်ပေးဖို့ရာ နည်းလမ်း မရှိပေ။ယမ့်ဟန်မှာ ခြေထောက်များပင် အတော်လေး နာကျဥ်လာသည်ဟု နေ့တိုင်း ထင်နေမိသည်။ဒီ အါးလပ်ရက် ကုန်ဆုံးသွားအောင် စောင့်ပြီး ၊ နေရာတစ်နေရာရှာကာ တစ်ခါလောက် ကောင်းကောင်း အနှိပ်ခံလိုက်ဦးမည်ဟု တွေးထားသည်။

သို့သော်လည်း သူ့ကို အရမ်းပိုပင်ပန်းစေသည်မှာ ၊ စိတ်ထဲက မလုံခြုံသည့် ခံစားချက်ပင်ဖြစ်သည်။

နှစ်ရက်လောက် ဆက်တိုက်ပင် ကောင်းကောင်းအိပ်မပျော်တာကြောင့် ထင်ယောင်ထင်မှား ဖြစ်နေတာလား ၊ ဒါမှမဟုတ် မိမိ၏ အမြဲလိုလို ကြိုတင်ခံစားမိနေတတ်သည့် ခံစားချက်ကြောင့်လား ၊ ဒါမှမယုတ် တကယ် အမှန်အတိုင်း ဖြစ်နေတာလား တော့ မသိပေ။ဒီနေ့တစ်နေ့လုံး လူတစ်ယောက်က သူ့ကို လိုက်ကြည့်နေသည်ဟု သူ ခံစားနေရသည်။

သို့သော်လည်း စားသောက်ဆိုင်ထဲရှိ စားပွဲထိုးများ ၊ ဧည့်သည်များက်ို သူ လိုက်ကြည့်ပြီးသွားပြီပင်။သံသယဖြစ်စရာ လူ တစ်ယောက်မှ မရှိပေ။

သူ အကြိမ်အနည်းငယ်လောက် မျက်နှာ သွားသစ်ပြီးပြီ ဖြစ်သည်။ကိုယ့်ကိုကိုယ် နိုးန်ိုးကြားကြား ဖြစ်လာပြီး နည်းနည်းလောက် စ်ိတ်အေးလက်အေး ဖြစ်သွားစေရန် ဖြစ်သည်။

မိမိ၏ ပင်ကိုယ်အသိနှင့် အန္တရာယ်ဖြစ်စေမည့် ကိစ္စများကို ဆုံးဖြတ်ရာတွင် သူ အမြဲတမ်း ကိုယ့်က်ိုကိုယ် ယုံကြည့်မှုအပြည့် ရှိခဲ့သည်။ထိုအချက်မှာ အဖေက မသိလိုက်မသိဘာသာဖြင့် နှစ်ပေါင်းများစွာ "လေ့ကျင့်" ပေးခဲ့သည့် အရာဖြစ်သည်။သို့သော်လည်း မိမိ၏ ခံစားချက်များနှင့် စိတ်အခြေအနေ သိပ်မကောင်းသည့် အချိန်မျိုးတွင်တော့ ၊ မှားယွင်းသွားတတ်သည်ကို သူ သိသည်ပင်။

ဤကဲ့သ်ို့သော ကောက်ချက်ချမှုများ အဆက်မပြတ် ထွက်ပေါ်နေပြီး ၊ "ယခုအချိန်က မတည်ငြိမ်သေးသည့် အခြေအနေ"ဆိုသည့် ပြိုလဲစေသည့် အတွေးများက အဆက်မပြတ်ဖြစ်ပေါ်နေလေရာ သူ့ကို အရမ်းစိုးရိမ်စေသည်။

-ငါ ဒီနေ့ မင်းအလုပ်ဆင်းမယ့်အချိန်ကို လာစောင့်နေမယ်

စားသောက်ဆိုင်၏ အနောက်ဘက်ရှိ အမှိုက်ပုံးဘေးတွင် ကွယ်၍ ဆေးလိပ်သောက်နေသည့် အချိန်တွင် ၊ ချူးယိဆီက စာတစ်စောင် ၀င်လာတာကြောင့် ၊ ယမ့်ဟန်မှာ ရယ်မိသွားသည်။

စိုးရိမ်မှုလွန်ကဲပြီး စိတ်မလုံခြုံသည့် အချိန်မျိုး၌ သူ့က်ို ရယ်သွားအောင် ပြုလုပ်နိုင်သည့်သူမှာ ချူးယိသာ ရှိသည်။

-အရမ်း ပျင်းနေလို့လား?

သူ စာတစ်စောင် ပြန်ပို့လိုက်သည်။

ဒီနှစ်ရက်လုံး ချူးယိမှာ တစ်ယောက်တည်း အိမ်တွင်နေနေရသည်။ဂိမ်းမကစားတတ်တာကြောင့် လက်ပ်တော့ကို ယူပြီး ဘာလုပ်ရမယ်မှန်းလည်း မသိပေ။သို့ဖြစ်ရာ သူ တီဗွီသာ ကြည့်နေရသည်။ကြည့်ရတာတော့ ပျင်းလွန်းလို့ မနေနိုင်တော့သည့် ပုံပင်။

-ငါက ပျင်းရမှာ မကြောက်ပါဘူး ၊ မြစ်ဘေးနားမှာ ငါတစ်ယောက်တည်းလည်း တစ်ရက်လုံး ထိုင်နေနိုင်တယ်

ငါ့ကိုလွမ်းလို့လား?

ယမ့်ဟန်မှာ စခရင်ပေါ်တွင် စာလုံးများကို ရိုက်နှိပ်လိုက်ပြီးနောက် ၊ မပို့ရသေးခင်မှာပင် ပြန်ဖျက်လိုက်တော့သည်။အမှန်တော့ အရင်ကလိုဆိုပါက ဒီလိုစကားမှာ ၊ သူနှင့် ချူးယိအကြားတွင် ဒီအတိုင်း ပါးစပ်ထဲရှိရာပြောလိုက်သည့် စနောက်သည့် စကားတစ်ခွန်းသာ ဖြစ်သည်။သို့သော်လည်း အခုအချိန်မှာတော့ တစ်နေရာရာက မူမမှန်သလိုမျိုး သူ ခံစားနေရသည်။

ချူးယိက အစကတည်းကကို တော်တော်လေး မူမမှန်ဖြစ်နေပြီး ၊ ဟိုနေ့က လကြည့်သည့် အချိန်တွင် ၊ ထိုမေးခွန်းကို မေးပြီးနောက်မှာတော့ ပိုပြီးတော့ပင် မူမမှန်တော့ပေ။သို့သော်လည်း သူကိုယ်တိုင်ကကို ဒီနှစ်ရက်အတွင်း အခြေအနေ ကောင်းမနေလေရာ ၊ အသေးစိတ် လိုက်ပြီးစစ်ဆေးကြည့်ဖို့ ဂရုမစိုက်နိုင်ခဲ့ပေ။ဒီလိုအလားတူသည့် စကားမျိုးကို အခုတော့ မပြောသေးဖို့သာ တွေးလိုက်မိသည်။ချူးယိ ပိုပြီး မူမမှန်ဖြစ်သွားမှာစိုးလို့ပင်။

သူ ချူးယိကို အလွန်သနားလှသည်။ချူးယိက အရမ်းလည်း အလေးထားသည်။ချူးယိ နည်းနည်းလောက် မပျော်မရွှင် ဖြစ်သွားမှာမျိုးကိုတောင် မလိုချင်ပေ။

-စျေး၀ယ်ထွက်ပြီး လျှောက်ကြည့်ချင်လို့လား ၊ စားသောက်ဆိုင် တစ်ဆိုင်မှာ သွားစားချင်လား?

-ငါ မင်းကို ၀ယ်ကျွေးမယ်လေ

ယမ့်ဟန်ရယ်လိုက်မိသည်။

-ကောင်းတာပေါ့

-ငါ မင်းကို ပြောစရာရှိတယ်

ယမ့်ဟန်မှာ ထိုစာကို ကြည့်နေမိပြီး အတော်ကြာသွားကာမှ စာပြန်ပို့မိသည်။

-ရတယ်လေ ၊ ဘာကိစ္စဖြစ်ဖြစ် ငါ့က်ို ပြောပြလို့ရတယ်

စာပြန်ပို့ပြီးနောက်မှာတော့ သူ ဆေးလိပ်ကို ထိုးချေလိုက်ပြီး ၊ ပီကေနှစ်ခုကိုယူ၍ ဝါးလိုက်ကာ ဆိုင်ထဲကို ပြန်၀င်လာခဲ့လိုက်သည်။

ချူးယိ၏ တုန့်ပြန်မှုနှင့် အရမ်းကို သာမန်ဆန်သည့် "ငါ မင်းကို ပြောစရာရှိတယ်" ဆ်ိုသည့် စကားမှာ ၊ မိမိ၏ အရင်က မှန်းဆချက်အချို့မှာ မှန်နေသည်ဟု သူ့(ယမ့်ဟန်)ကို စတင်၍ တွေးမိသွားစေခဲ့သည်။

*********

ယမ့်ဟန်,ငါ မင်းကို သဘောကျတယ်။

ငါ မင်းကို သဘောကျနေတာ ဖြစ်နိုင်တယ်။

ငါ မင်းကို နည်းနည်း သဘောကျနေတာ ဖြစ်နိုင်တယ်?

ငါ့အထင်တော့ ငါက....

ချူးယိမှာ မှန်အရှေ့တွင် ရပ်နေရင်း သက်ပြင်းချလိုက်မိသည်။

ယမ့်ဟန် ၊ အခု ငါ့ပုံစံက နည်းနည်းထူးဆန်းနေတယ်လို့ မင်းထင်နေတယ်မလား......

မင်း ငါ့ကို ကူညီပြီး ခွဲခြမ်းစိတ်ဖြာပေးနိုင်မလား?

ယမ့်ဟန် ၊ ငါ ဒီနှစ်ရက်လုံး စဥ်းစားခဲ့ပြီးပြီ ၊ ငါက....ကျိုးချွမ်းရန်လို ဖြစ်နေတာ မဟုတ်လား?

ကြည့်ရတာ ငါက လိင်တူချင်းသဘောကျတဲ့သူ ဖြစ်နိုင်တယ်။

ချူးယိမှာ မျက်မှောင်ကြုတ်လိုက်မိပြီး ၊ ရုတ်တရက်ဆိုသလို မှန်ထဲက ကိုယ့်ကိုကိုယ်ပင် ပြန်မကြည့်ရဲတော့ပေ။

သူ ဒီနေရာတွင် ရပ်နေမိသည်မှာ အတန်းချိန်တစ်ချိန်စာလောက် ရှိတော့မည်ပင်။ခေါင်းထဲတွင် စကားစပြောရမည့် အဖွင့်မြင်ကွင်းကို မရေမတွက်နိုင်အောင် တွေးမိပြီးသွားပြီ ဖြစ်သည်။သ်ို့သော်လည်း သင့်တော်မည့် စကားတစ်ခွန်းက်ို ရှာမတွေ့သေးပေ။

စကားလုံး တစ်လုံးကိုပင် ပြောထွက်နိုင်ဖို့ ကြိုးစားကြည့်လို့ မရသေးချေ။

ခံစားချက်အားလုံးက သူ့ဘာသာ မှန်းဆထားသည်သာ ဖြစ်ရာ ၊ မိမိဘာသာ ဘောင်တစ်ခု ကန့်သတ်ထားလိုက်မိသည်။ထိုဘောင်အတွင်းမှနေ၍ သူ၏ အတွေးနှင့် လုပ်ဆောင်မှုများ အားလုံးက်ို ဆုံးဖြတ်လိုက်ရာ ၊ အနှစ်ချုပ်အနေဖြင့် ဒီအဖြေကိုသာ ရသည်။

သို့သော်လည်း ဒီဆုံးဖြတ်ချက်က မှန်လား မမှန်ဘူးလား ဆိုသည်ကို သူ မသိပေ။ဘယ်လိုစပြောလိုက်ရမည်ကိုလည်း မသိချေ။ယမ့်ဟန်က သူ့ကို ဘယ်လိုအဖြေမျိုး ပြန်ပေးလာမလဲဆိုသည်ကို ပို၍ပင် မစဥ်းစားကြည့်ရဲပေ။

"ကျေးဇူးပဲ" လို့ ပြန်ပြောမှာလား ၊ ဒါမှမဟုတ် တိတ်ဆိတ်သွားမှာလား။

ကိစ္စအများစုတွင် သတ္တိရှိဖို့ရာ လိုအပ်လှသည်။သူကတော့ တစ်လျှောက်လုံး သတ္တိမရှိခဲ့ချေ။အငြင်းခံရမှာကို သူကြောက်သည်။သူ ဖွင့်ပြောသည်ကို လက်မခံမှာ ကြောက်မိသည်။ရှောင်ပြေးရခြင်းနှင့် နှုတ်ဆိတ်နေရခြင်းကိုသာ သူ ပို၍ ရင်းနှီးကျွမ်း၀င်မှုရှိခဲ့သည်။

သတ္တိဆိုသည့် အရာကို သူ့အား ယမ့်ဟန်က ပေးခဲ့ခြင်းဖြစ်သည်။

အစပိုင်း၌ ယမ့်ဟန်နှင့် နီးစပ်နိုင်ရန် သတ္တိရှိလာခဲ့သည်။ယမ့်ဟန်ပေးသည့် နွေးထွေးမှုများက သူ့ကို သတ္တိရှိလာစေခဲ့တာကြောင့်ပင်။

သူ အလုပ်ထွက်လုပ်သည်။သူ တစ်ခြားမြို့ကိုသွားပြီး စာသင်ချင်ခဲ့သည်။သူ လျန်ပင်းကို ပြန်ချခဲ့သည်။သူ အိမ်ကလူတွေပြောတာက်ို ထပ်ပြီး မနာခံတော့ပေ။သူ ယမ့်ဟန်ကို သွားရှာချင်ခဲ့သည်။အားလုံး ၊ အားလုံး ၊ သတ္တိဖြစ်လာသည့် ကိစ္စနှင့်သက်ဆိုင်သော အရာအားလုံးမှာ ၊ အကုန်လုံးက ယမ့်ယန်နှင့် ဆက်စပ်နေခဲ့သည်။

ဒီတစ်ကြိမ်တွင်လည်း ၊ သူ အချိန်နှစ်ရက်လောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကာ ၊ နောက်ဆုံး နောက်ဖြတ်ချက် အနေဖြင့် ၊ ဒီလို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၊ မဖြစ်မနေ ရင်ဆိုင်ရမည့် ရလဒ်က ဘာပဲ ဖြစ်နေပါစေဟူ၍ ဆုံးဖြတ်နိုင်စေခဲ့သည်မှာ ၊ ယမ့်ဟန်ကြောင့်ပင် ဖြစ်သည်။

ယ့်ဟန်က အရမ်းကိုတော်သည့် သူဖြစ်သည်။ယခု မိမိကိုယ်ကိုပင် ရှောင်လွှဲလို့ မရနိုင်တော့အောင် ဖြစ်နေသည့် ပုံစံက်ို ၊ ယမ့်ဟန်က အစောကြီးကတည်းက ခံစားမိနေခဲ့သည်ပင်။ယမ့်ဟန်ကို စိတ်ပူအောင် လုပ်နေမည့်အစား ၊ ဒီလိုရင်ဆိုင်လိုက်တာပဲ ကောင်းမည်ဖြစ်သည်။

ရင်ဆိုင်လိုက်တော့မည် !

သူက ခွေးအလေး မဟုတ်တော့ပေ။

ကုန်ကောဖြစ်နေပြီပင် !

နာမည်ကြီးနေသည့် ! ကုန်ကောပင် !

သူ ဖုန်းကိုထုတ်ပြီး တစ်ခေါက် ထပ်ကြည့်လိုက်မိကာ ၊ မိမိမှာ ယမ့်ဟန်အား "ပြောစရာရှိသည်"ဟု ပြောပြီးပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ထိုစကားက်ို ပြောပြီးသွားပြီပင်။သူ့တွင် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။သူ ယမ့်ဟန်က်ို ဒီလို အလေးအနက်ဖြင့် ပြောဖ်ို့လိုသည့် ဒုတိယမြောက်ကိစ္စကို ရှာလို့မရတော့ချေ။

ယမ့်ဟန်က သူ့ထံ စာလှမ်းပို့ကာ ၊ အိမ်ကထွက်လာခဲ့လို့ ရပြီဟု ပြောလာသည်။

ချူးယိမှာ တစ်စက္ကန့်လောက်မျှပင် နှောင့်နှေးမနေတော့ပေ။လွယ်အိတ်ကိုယူပြီး အပြင်ကို ပြေးထွက်လာခဲ့လိုက်သည်။

ဒီရက်များမှာ ပွဲတော်အားလပ်ရက်များ ဖြစ်တာကြောင့် ၊ အလုပ်သွား အလုပ်ဆင်းသည့် အချိန်များလောက် လူမရှုပ်ပေ။ဘယ်အချိန်ပဲဖြစ်ဖြစ် လူတွေကတော့ များနေသည်သာ။သူ ဘတ်စ်ကားမှတ်တိုင်တွင် ရပ်ပြီး ၊ ကားလာမည့် ဘက်ကို စူးစိုက်ကြည့်နေလိုက်သည်။

အရမ်း စိတ်လှုပ်ရှားနေပြီး ၊ ခဏနေ မိမိနှင့် ယမ့်ဟန် မျက်နှာချင်းဆိုင် တွေ့ရမည့်အချိန်၌ ဘယ်လိုစိတ်ခံစားချက်မျိုး ဖြစ်နေမလဲကို မသိသော်လည်း ၊ အရမ်းကို အလျင်စလို ဖြစ်နေမိသည်။ယမ့်ဟန်နှင့် နည်းနည်းလောက်ပဲဖြစ်ဖြစ် အမြန်တွေ့ချင်နေမိသည်။

နောက်ဆုံး၌ ကားမောင်းလာနေသည်ကို လှမ်းမြင်လိုက်ရသည့် အချိန်တွင် ၊ ကြီးသူကိုရိုသေ ၊ ငယ်သူကို သနားဆိုသည့် သူ၏ အကျင့်ကောင်းလေးကိုပင် မေ့သွားခဲ့ပြီး ၊ တိုးသွားလိုက်ကာ ကားကိုပေါ် ပထမဆုံး ခုန်တက်လိုက်သည်။ကားပေါ်ရောက်ပြီးမှသာ ၊ သူ အသိပြန်၀င်လာခဲ့သည်။ကားပေါ်ကို ပထမဆုံး တက်သည်ဆိုသော်လည်း ၊ ကားပေါ်ကို နောက်ဆုံးမှ တက်သည့်သူထက် မြန်သွားမှာ မဟုတ်ဘူး ဆိုသည်ကိုပင်......

[T/N : ဆ်ိုလိုချင်တာက ကားပေါ်က်ို စောပြီးပဲတက်တက် ၊ နောက်ကျမှပဲ တက်တက် ဆင်းရင် အတူတူဆင်းရမှာကို ပြောတာပါ။]

ကားက တစ်လမ်းလုံး တုံ့နှေးနှေးဖြင့် မောင်းနေသည်။အားလပ်ရက် ဖြစ်တာကြောင့် လမ်းပေါ်တွင် ကိုယ်ပိုင်ကား မောင်းသူများဖြင့် ပြည့်ညက်နေသည်။ဘတ်စ်ကားက ပုံမှမ်အချိန်မျထက် အများကြီး ပိုနှေးလှသည်။ရောက်တော့မည့် အချိန်တွင် ၊ ယမ့်ဟန်က သူ့ကို ဖုန်းဆက်လာသည်။

"ဟယ်လို?"

ချူးယိက ဖုန်းကို ပြန်ဖြေလိုက်သည်။

"ငါ အင်္ကျီလဲပြီးသွားပြီ"

ယမ့်ဟန်က ပြောလာသည်။

"အခု ထွက်လာခဲ့ပြီ"

"ငါက ရောက်တောင် မ,မရောက်သေးဘူး"

ချူးယိမှာ ချက်ချင်းပင် အလျင်စလို ဖြစ်သွားခဲ့သည်။

"ငါ မင်းကို ကားဂိတ်မှာစောင့်နေမယ်လေ"

ယမ့်ဟန်က ရယ်လိုက်ပြီး

"အလျင်မလိုပါဘူး"

"ငါက အ,အလျင်လိုတယ်"

ချူးယိ အပြင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။မှတ်တိုင်တစ်တိုင်စာ လိုနေသေးတာကြောင့် ၊ နာရီ၀က်လောက်တော့ ကြာဦးမည့်ပုံပင်။ဟော်တယ်ကို ရောက်မည့် ဒီဘက်လမ်းများပေါ်တွင် လူရော ၊ ကားပါ နည်းလှသည်။ဒီဘက်တွင် စိတ်၀င်စားစရာ နေရာများ မရှိတာကြောင့် ၊ ခရီးသွားဧည့်သည်တွေ အလွန်နည်းရာ ၊ ကားက ခုနကထက် မောင်းတာ ပိုမြန်လာသည်။

"ငါက မင်း အလုပ်ဆင်းမှာကို စောင့်,စောင့်နေမယ်လို့ ပြောထားတာလေ ၊ အခုကျတော့ မင်းက ငါ ကားပေါ်က ဆင်းလာမှာကို စောင့်,စောင့်နေရတာ ဖြစ်သွားပြီ"

"ဒါဆိုလည်း ဒီလိုလုပ်ကြတာပေါ့...."

ယမ့်ဟန်က စကားကို တစ်၀က်သာပြောပြီး အသံထွက်မလာတော့ပေ။

"ဘာဖြစ်လို့လဲ?"

ချူးယိက မေးလိုက်သည်။

"......ဘာမှမဖြစ်ဘူး"

ယမ့်ဟန် စကားပြန်ပြောလာသည့် အချိန်၌ အသံကို နားထောင်ရသည်မှာ နည်းနည်း စိတ်နဲ့လူ ကပ်မနေသလိုပင်။

"ငါအခု ကားဂိတ်ကို.....သွားနေပြီ ၊ မင်းက ဘယ်ရောက်နေပြီလဲ?"

"စူပါမားကတ်"

ချူးယိက ပြန်ဖြေလိုက်သည်။ဘာကြောင့်လဲတော့ မသိပေ။သူ အခု အရမ်းကို အလောတကြီး ဖြစ်လာမိသည်။

"ငါ ကားပေါ်ကဆင်းပြီး ပြေး,လာခဲ့မယ်"

"ဟင်?"

ယမ့်ဟန်မှာ ကြောင်အသွားခဲ့သည်။

ကားက မှတ်တိုင်တွင် ရပ်လိုက်ရာ ၊ ချူးယိလည်း ကားပေါ်မှ တိုးဆင်းလာခဲ့လိုက်သည်။ယခုအချိန်၌ ကောင်းကင်က မှောင်မည်းလာပြီဖြစ်ရာ ၊ လူသွားလမ်းပေါ်တွင်လည်း လူတွေ နည်းသွားပြီဖြစ်သည်။သူ ပြေးသွားလိုက်ပါက ဘတ်စ်ကားထကမ ပိုမြန်မည်ပင်။

"ငါ ပြေး,လာခဲ့မယ်"

ချူးယိက ပြေးနေရင်း ပြောလိုက်သည်။

"မင်း ကားပေါ်က ဆင်းလာပြီလား?"

ယမ့်ဟန်က မေးလာသည်။

"အင်း ! "

ချူးယိ ရယ်လိုက်မိသည်။ပြေးလာသည့် အချိန်တွင် မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသည့် ဆောင်းလေက သူ့က်ို သက်သောင့်သက်သာ ဖြစ်သွားစေသည်။လေက လူတစ်ကိုယ်လုံးက်ို ဖြတ်တိုက်သွားသလိုပင်။

"ယမ့်ဟန်"

".....ဟင်?"

ယမ့်ဟန်က ပြန်ထူးလာသည်။

ချူးယိသည် တင်ပါးကို ထိပုတ်နေသည့် လွယ်အိတ်အား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး ၊ ကျန်လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ထားလိုက်ကာ :

"ငါ အခုပဲ ပြောချင်တယ်......"

"မင်း ငါ့ကို အဲ့နားကနေ စောင့်နေလေ"

ယမ့်ဟန်က ရုတ်တရက်ကြီး ပြောလာသည်။

"စူပါမားကတ်နားမှာ"

"အာ?"

ချူးယိမှာ ကြောင်အသွားမိပြီး

"ငါ ပြေးလာနေတာ အ,အခု ရောက်တော့မှာ"

ယမ့်ဟန်သည် လမ်းမကို ဖြတ်ကူးလာခဲ့ပြီးနောက်တွင် အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။ထူးခြားနေသည့်လူ မရှိပေ။သို့သော်လည်း လူတစ်ယောက်က သူ့နောက်ကို လိုက်နေသည်မှာ သေချာသည်ပင်။

ကောင်းကောင်း အိပ်မပျော်တာကြောင့် မဟုတ်သလို ၊ စိတ်အခြေအနေ၏ လွှမ်းမိုးမှုကြောင့်လည်း မဟုတ်ပေ။ဤကဲ့သို့သော အလွန်အန္တရာယ်ရှိသည့် အရာက နီးကပ်လာနေသလို ခံစားချက်မျိုးကို သူ မခံစားခဲ့ရသည်မှာ အလွန်ကို ကြာနေပြီဖြစ်သည်။

"မင်း...."

ယမ့်ဟန် လေးဘက်လေးတန်ကို ကြည့်လိုက်မိသည်။လူမများလှပေ။အမှန်အတိုင်း ပြောရပါလျှင် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့်ပင် အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။သူ ရှာတွေ့ချင်သည့် ပစ်မှတ် ရှိမနေပေ။

"မင်း အဲ့နားမှာ ငါ့ကိုစောင့်နေ"

သူ ချူးယိကို လာခွင့်မပေးနိုင်ပေ။သူ အခု အခြေအနေကို ရှင်းလင်းအောင် မလုပ်ရသေးပေ။

"ဘာဖြစ်လို့လဲ?"

ချူးယိက မေးလိုက်သည်။

"ငါမှာ မင်းကိုအံ့သြသွားစေမယ့်ဟာ ပေးစရာရှိတယ်"

ယမ့်ဟန်လည်း ပါးစပ်ထဲရှိရာ အကြောင်းပြချက်တစ်ခုဖြင့် လိမ်ပြောလိုက်သည်။

"မင်း.....ငါ့ကို စောင့်နေ ၊ ခဏနေ လာခဲ့မယ်"

ဟော်တယ်ရှိသည့် ဒီဘက်ပတ်၀န်းကျင်က အတော်လေး ရှင်းရှင်းလင်းလင်း ရှိလှသည်။ဟော်တယ်အနောက်ဘက်တွင် ရှော့ပင်းလေ်တစ်ခု ရှိနေသည်က လွဲပြီးဘ၊ ဒီဘက်လမ်းမပေါ်တွင်တော့ စိမ်းစိုနေသည့် ဥယျာဥ်ငယ်လေးနှင့် သီးခြားခတ်ထားသည့် ခြံစည်းရိုးများသာ ရှိသည်။

"အံ့သြစရာ?"

ချူးယိ အသံကို နားထောင်ရသည်မှာ ခြေလှမ်းကို ရပ်တန့်လိုက်ပုံရသည်။

"ဘာ အံ့,အံ့သြစရာလဲ?

"ပြောလိုက်မှတော့ အံ့သြစရာလို့ ခေါ်ပါတော့မလား?"

ယမ့်ဟန်က ပြန်ပြောလိုက်သည်။သူ ချူးယိလာမဲ့ ဘက်ကို မသွားပဲ ၊ အနောက်ကိုပြန်လှည့်လာခဲ့လိုက်သည်။ထိုဘက်တွင် လူပိုနည်းတာကြောင့် ၊ အကယ်၍ လူတစ်ယောက်ယောက် ရှိနေသည် ဆိုပါက ၊ ရှာတွေ့ဖို့ ပိုလွယ်သည်ပင်။

ကိုယ်ကိုလှည့်လိုက်သည့် အချိန်မှာပင် ၊ အရှေ့ဘက်ရှိ အကွေ့တစ်ကွေ့နားတွင် လူတစ်ယောက်၏ အရိပ် တစ်ချက်လှုပ်ရှားသွားသည်ကို သူ တစ်ခါတည်းဖြင့် လှမ်းမြင်လိုက်ရသည်။

သူသာ အရပ်လေးမျက်နှာစလုံးကို သတိဖြင့်မကြည့်နေမိပါက ၊ ထ်ိုလူကို သေချာပေါက် မြင်လိုင်မိမှာ မဟုတ်ပေ။ထို့အပြင် ထိုလှုပ်ရှားသွားမှုကြောင့် ၊ တစ်ချိန်လုံး အလိုလို ခံစားမိနေသည့် စိတ်က ၊ ထိုလူနှင့် ဟိုတစ်နေ့က စားသောက်ဆိုင်တွင် ဆုံခဲ့ရသည့် ဘယ်ဘက်ခြေထောက် ပြဿနာရှိနေသည့်လူမှာ အတူတူ ဆက်စပ်နေသည်ဟု အတည်ပြုပြီးသား ဖြစ်သွားခဲ့သည်။

"ဒါဆို ငါ မင်းလာ,လာမှာကို စောင့်နေမယ်"

ချူးယိအသံကို နားထောင်ရသလောက်တော့ စိတ်အခြေအနေ မဆိုးလှပေ။

သူ ဖုန်းကို ချလိုက်တော့ရန် တွေးလိုက်သည့် အချိန်မှာပင် ၊ ချူးယိက သူ့ကို ခေါ်လာသည်။ :

"ယမ့်ဟန်"

"ဟင်?"

ယမ့်ဟန်က လမ်းအကွေ့နား ဖြည်းဖြည်းချင်း သွားလိုက်ပြီး ၊ လက်ကို အိပ်ကပ်ထဲ ထိုးထည့်၍ ၊ သော့ကို ဆုပ်ကိုင်လိုက်ကာ ၊ သံအချွန်လေးက်ို လက်ချောင်းကြားထဲတွင် ညှပ်ထားလိုက်သည်။

"ငါ....ငါ မင်း,ကို ကိစ္စတစ်ခု ပြောပြ,ပြချင်တယ်"

ချူးယိက ပြောလိုက်သည်။

"ငါ မင်းကိုတွေ့ ,တဲ့အချိန်ကျရင် ၊ မ,မပြောရဲမှာစိုးလို့"

"ဘာကိစ္စလဲ?"

ယမ့်ဟန်က မေးလိုက်ပြီး ၊ မျက်လုံးကတော့ လမ်းထောင့်ကို စိုက်ကြည့်နေကာ ၊ ဖြည်းဖြည်းချင်း တိုးကပ်သွား၍ ၊ ချက်ချင်း ​ရှေ့ကိုတစ်လှမ်းတိုးလိုက်သည်။

လမ်းထောင့်နားမှာတော့ ပန်းပျိုးခင်းတစ်ခု ရှိပြီး ၊ အပြင်ဘက်မှာတော့ ရေပန်းတစ်ခုရှိကာ ၊ အတွက်းဘက်တွင်တော့ သစ်ပင်အများအပြား စိုက်ပျိုးထားသည်။ကျောက်တုံးလမ်းလေး တစ်ခုကို ဖြတ်ကျော်လိုက်လျှင် ၊ ကျောက်စားပွဲနှင့် ထိုင်ခုံ သုံးလေးခုလောက် ရှိနေသည်။နေ့ခင်းဘက်ဆိုလျှင် ဘေးနားတွင် အလုပ်လာလုပ်ကြသည့် ကောင်မလေးများက နေ့လည်စာ ၀ယ်လာကြပြီး ဒီနေရာတွင် လာစားတတ်ကြသည်။

သို့သော်လည်း အခုအချိန်မှာတော့ လူတစ်ယောက်မှ မတွေ့ရပေ။

"ချူးယိ"

ယမ့်ဟန်က ဘေးနားကို ကြည့်နေပြီး

"ငါ ခဏနေကျမှ ဖုန်းဆက်......."

"ယမ့်ဟန်"

ချူးယိက လည်ချောင်းရှင်းလိုက်ပြီး

"ငါ မင်းကို သ,သဘောကျတယ်"

ယမ့်ဟန်မှာ ကြောင်အသွားခဲ့သည်။

အနောက်ဘက်ရှိ ခြေသံကို ကြားလိုက်ရသည့် အချိန်၌ ၊ သူက ချူးယိ၏စကားဆီမှ အသိပြန်၀င်လာဆဲ ရှိနေသေးရာ ၊ ရှောင်လိုက်ဖို့ အချိန်မမှီတော့ပေ။

အနောက်ဘက်ရှိ လူက သူ့က်ို ရုတ်တရက် ၀င်တိုက်လာသည်။

Continue Reading

You'll Also Like

2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
719K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...