အကြွေစေ့လေးတစ်စေ့ [Completed]

By Yin-2323

228K 34.7K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] More

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၂[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၅[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၁[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၄[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၆-Extra1[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၄၆[U]

1.5K 335 12
By Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၄၆

ချူးယိ အဆောင်ထဲ တစ်ပတ်ပတ်ကြည့်လိုက်သည်။အဆောင်က လူတွေ အိမ်ပြန်ကြသည်မှာ ထွက်ပြေးသွားကြသကဲ့သို့ပင်။ပစ္စည်းများကို ရှုပ်ပွနေအောင် လုပ်၍ ပစ်ထားခဲ့ကြသည်။သူ ပစ္စည်းတွေကို နေရာကျအောင် ပြန်ထားလိုက်ကာ၊ ပြတင်းပေါက်များနှင့် ၊ လျှပ်စစ်ကိရိယာများက်ို တစ်ခေါက်စစ်ဆေးလိုက်ပြီးနောက် ၊ လွယ်အိတ်ကိုယူ၍ လဲ၀တ်စရာ အင်္ကျီနှစ်စုံလောက်ကို ထိုးထည့်လိုက်သည်........

ယမ့်ဟန်အိမ်ကို သွားရတော့မယ် !

ဟားဟားဟား ယမ့်ဟန်အိမ်ကို သွားရတော့မယ် !

ယမ့်ဟန်အိမ်မှာနေပြီး အောက်တိုဘာတစ်ရက်နေ့ကို ကုန်ဆုံးမယ် !

လာ လာ လာ ! ဟား ဟား ဟား !

ချူးယိမှာ ပစ္စည်းများကို သိမ်းဆည်းနေရင်း သွားလိုက်လာလိုက်ဖြင့် ခုန်ပေါက်နေကာ ၊ တစ်ခါတစ်လေဆို လေထဲဆီသို့ လက်သီးဖြင့် ဝှေ့ယမ်းထိုးလိုက်ပြီး :

"ရား ! ရားရား ! ရား ! "

ပြီးသွားသည့် နောက်မှာတော့ သူ လွယ်အိတ်ကို လွယ်လိုက်ပြီး အဆောင်ထဲမှ ထွက်လိုက်ကာ ၊ တံခါးကို ပိတ်၍ သော့ခတ်လိုက်ပြီး ၊ တံခါးကို နောက်တစ်ခေါက် ထပ်တွန်းကြည့်လိုက်သည်။တံခါးလော့ကျသွားတာ သေချာမှ တိုက်ပေါ်ကနေ ပြေးဆင်းလာခဲ့လိုက်သည်။

သူ့တို့ အဆောင်တစ်ထပ်လုံးက ကျောင်းသားတွေ တစ်ယောက်မှ မရှိကြတော့ပေ။အကုန်လုံးက ကျောင်းသားအသစ်များ ဖြစ်ကြရာ ၊ အိမ်ပြန်ဖို့ စောင့်နေကြသည်မှာ တစ်လလောက်ပင် ရှိနေကြပြီဖြစ်သည်။

အောက်ထပ်က အဆောင်မှာတော့ လူတွေ ရှိနေကြသေးပြီး ၊ ခုနကမှ ထမင်းမှာလိုက်ကာ စင်္ကြံလမ်းပေါ်တွင် စကားပြောရင်း ထမင်းစားနေကြသည့် သူများလည်း ရှိနေသည်။

အကယ်၍ ယမ့်ဟန်သာ မရှိပါက ၊ ဒီရက်တွေမှာ လူတစ်ယောက်မှ မရှိတော့သည့် လေးထပ်မြောက်တွင် သူ တစ်ယောက်တည်း ကျန်နေခဲ့မှာဖြစ်ပြီး ၊ နေ့တိုင်း ငေးငိုင်နေရမှာပင်။ဒီနေရာတွင် သစ်ခေါင်းပေါက် တစ်ခုတစ်လေကိုမှ ရှာမတွေ့ရာ ၊ တိုးတိုးတိတ်တ်ိတ် ရင်ဖွင့်ရမည့် နေရာလည်း မရှိပေ။ကုတင်ပေါ်တွင် အားလျားမှောက်၍ မှတ်စုစာအုပ်ပေါ်တွင် စာရေးနေဖို့သာ ရှိသည်။

ချူးယိမှာ ခြေလှမ်းနေသည့် အရှိန်ကို လျှော့ချလိုက်မိပြီး ၊ သစ်ပင်နှင့် ကံအကြောင်းတိုက်ဆိုင်စွာ မိမိ၏ မျက်နှာနှင့် ကွက်တိဖြစ်နေပြီး လက်ဖြင့်ပွတ်တိုက်မှုကြောင့် ချောမွတ်သွားသည့် သစ်ခေါင်းပေါက်ကို ရုတ်တရက်ဆိုသလို သတိရမိသွားသည်။

အခုဆိုလျှင် လှပသည့် မြို့ကြီးတစ်မြို့ထံ သူ ရောက်နေပြီဖြစ်ပြီး ၊ ယမ့်ဟန် ၊ တောင်တန်း ၊ ပင်လယ် ၊ အတန်းဖော်များ ရှိနေပြီပင်.......အကယ်၍ အိမ်ပြန်သွားပါက ၊ သူ သစ်ခေါင်းပေါက်ထံတွင် မျက်နှာအပ်ကာ နာရီ၀က်လောက် မနားတန်း ပြောပြလို့ ရလောက်ပြီဖြစ်သည်။

သူ ကန်တင်းမှာ ထမင်းသွားမစားတော့ပေ။ထမင်းစားပြီးမှ ယမ့့််ဟန်အိမ်ကို သွားလျှင် ညနေပိုင်းအချိန်နှင့် အရမ်းနီးကပ်သွားမည်ဖြစ်ပြီး ၊ ကားပေါ်တွင် လူအလွန်ကြပ်တော့မည်ပင်။နည်းနည်းလောက် စောသွားလိုက်ပြီး ရှောင်လီအကင်င်ဆိုင်ဆီ သွားစားလို့ရသည်ပင်။

ဘတ်စ်ကားပေါ် တက်လိုက်ပြီးနောက်မှာတော့ သူ ယမ့််ဟန်ဆီ စာလှမ်းပို့လိုက်သည်။

-ငါ ကားပေါ်ရောက်နေပြီ

-အင်း ၊ အရင်ဆုံး မင်းတစ်ယောက်တည်း ခဏလောက် နေနေလိုက်ဦး ၊ ငါ ဒီနေ့ အလုပ်ဆင်းတာ နောက်ကျမှာ

-ငါ့ကို ဂရုစိုက်မနေပါနဲ့

ထိုစာကို ပြန်ပို့ပြီးနောက်မှာတော့ ချူးယိသည် ဖုန်းကိုကိုင်ထားရင်း ခဏလောက် စောင့်ကြည့်လိုက်သည်။သူ ပြောသည့်အတ်ိုင်း ယမ့််ဟန်က သူ့ကို ဂရုမစိုက်ိုက်တော့ပေ။ထ်ိုအချိန်ကျမှသာ ဖုန်းကို လွယ်အိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။

ဘတ်စ်ကားပေါ်မှ ဆင်းသည့်အချိန်တွင် နေရောင်ပျောက်ကွယ်သွားပြီဖြစ်ပြီး ၊ တိုက်ခတ်လာသည့် လေများက အနည်းငယ် အေးစက်နေသည်။

လမ်းဘေးနှစ်ဖက်နှစ်ချက်ရှ်ိ ထမင်းဆိုင်များထဲတွင် မီးရောင်များ လင်းလက်လာပြီး ၊ လမ်းမပေါ်တွင် လမ်းလျှောက်နေကြသည့် လုများကလည်း အလောတကြီး သွားလာနေကြသည်။

ချူးယိသည် လမ်းဘေးတွင်ရပ်၍ ၊ မီးစိမ်းသည်ကို စောင့်၍ လမ်းမကို ဖြတ်ကူးလာခဲ့သည်။ဆောင်းရာသီ၏ အထီးကျန်မှုတစ်မျိုးကို ရုတ်ချည်း ခံစားလိုက်မိသည်။

သို့သော်လည်း အရင်ကလိုမျ်ိုး အိမ်ကိုအလျင်အမြန်ပြန်ချင်နေပြီး ၊ အိမ်ပြန်ရောက်လျှင်လည်း ပျောက်ကွယ်မသွားသည့် ခံစားချက်နှင့် နှိုင်းယှဥ်လိုက်လျှင် ၊ အခုလ်ို 'အထီးကျန်'မှုကို ခံစားရတာက သူ့အတွက် ပိုအဆင်ပြေလေသည်။

အနောက်ဘက်မှာတော့ အဆောင်ရှိလေသည်။အကုန်လုံး အိမ်ပြန်သွားကြပြီဆိုသော်လည်း ၊ ၀ီချက်ထဲတွင် အခုဆို အကုန်လုံးက သူတို့၏ အကြောင်းကြားစာများဖြင့် ပြည့်နှက်နေလျက် ရှိသည်။အရှေ့မှာတော့ ယမ့်ဟန်၏ အိမ်ရှိသည်။ယမ့်ဟန် ပြန်မလာသေးသော်လည်း သော့ကတော့ လုံးခြုံရေး၀န်ထမ်းဆီတွင် ရှိနေသည်ပင်။

သူ လမ်းမကို ပြေး၍ ဖြတ်ကူးလာခဲ့လိုက်ပြီး ၊ အိမ်ရာ၀င်းထဲ ရောက်သည်အထိ တစ်လမ်းလုံး ပြေးလာခဲ့လိုက်သည်။

တံခါးမကြီးက လုံခြုံရေး၀န်ထမ်းမှာ သူ့ကို ရင်းနှီးနေပြီ ဖြစ်ပြီး ၊ ပြုံး၍ နှုတ်ဆက်လာသည်။တိုက်အောက်က လုံခြုံရေး၀န်ထမ်းကလည်း သူ့ကို ရင်းနှီးနေပြီပင်။

"ညီလေးလာတာလား?"

လုံခြုံရေး၀န်ထမ်းက ပန်းခြံလေး၏ မြက်ပင်ဘေးနားတွင် ရပ်နေပြီး သူ့အား နှုတ်ဆက်လာသည်။

"အင်း"

ချူးယိက လုံခြုံရေး၀န်ထမ်း၏ လက်ထဲရှိ ပန်းသီးကို ကြည့်လိုက်ပြီး

"ဖြူကောင်,လေးက်ို အစာကျွေးနေတာလား?"

"ဟုတ်တယ်"

လုံခြုံရေး၀န်ထမ်းက ရယ်လိုက်ပြီး

"ငါ သော့သွားယူပေးမယ်"

"အ,အလျင်မလိုပါဘူး"

ချူးယိက လွယ်အိတ်ကို ခန္ဓာကိုယ်အနောက်ဘက်ဆီ လွှဲယမ်းလိုက်ပြီး

"ဖြူကောင်လေးက ဘယ်,မှာလဲ?"

"ဒီမှါ"

လုံခြုံရေး၀န်ထမ်းက ဒူးတစ်ဖက်ထောက်၍ ထိုက်ချလိုက်ပြီး ၊ မြက်ပင်များထဲသို့ ပန်းသီးစိတ်လေး ချပေးလိုက်ကာ

"တွေ့လား?"

"အင်း"

ချူးယိ ရယ်လိုက်မိသည်။ဖြူကောင်လေးမှာ အရင်တစ်ခေါက်က တွေ့တုန်းကအတိုင်း သိပ်မပြောင်းလဲသွားပေ။၀လာသလိုတော့ ထင်ရသည်။

"တော်,တော် ၀လာတာပဲ"

"ဆောင်းဦးရာသီဆိုတော့ အစားအများကြီး စားတယ်လေ"

လုံခြုံရေး၀န်ထမ်းက ပြောလာသည်။

"ဆောင်းခိုဖို့ အချိန်တန်နေပြီ"

"ဘယ်နေရာမှာ ဆောင်း,ဆောင်းခိုတာလဲ?"

ချူးယိက မေးလိုက်သည်။

"မြက်ပင်တွေ သစ်ပင်တွေကြားထဲမှာလေ"

လုံခြုံရေး၀န်ထမ်းက ပြန်ဖြေလာသည်။

"အဲ့အချိန်ဆို သူ့(ဖြူကောင်)အတွက် မြက်ပင်တွေ သစ်ရွက်တွေ နည်းနည်းလောက်စီ လုပ်ပေးလိုက်ရင် ရပြီ"

လုံခြုံရေး၀န်ထမ်း၏ ထိုဖော်ပြမှုက ဘာကြောင့်မှန်းမသ်ိသော်လည်း ချူးယိအတွက်တော့ အရမ်း နွေးထွေးမှုရှိသလို ခံစားလိုက်ရသည်။ဖြူကောင်လေးက သူ့ကိုယ်ပိုင် အသိုက်လေးရှိပြီး ၊ သစ်ပင် ၊ မြက်ပင် ၊ သစ်ရွက်များဖြင့် ကိုယ်ပိုင်နေရာငယ်လေးတစ်ခု ဖြစ်ပေါ်သွားသည်ပင်။

သူ အမြဲတမ်း ပိုင်ဆိုင်ချင်ခဲ့သော်လည် တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။

အခု အဆောင်ကတော့ မဆိုးဘူးဟု ပြော၍ ရသည်ပင်။လိုက်ကာကို ဆွဲချလိုက်လျှင် ကိုယ်ပိုင်နေရာလေး ဖြစ်သွားသည်ပင်။

ချူးယိသည် ဖြူ​ကောင်လေး ပန်းသီးစိတ်သုံးစိတ် စားပြီးသွားသည်အထိ ကြည့်နေမိပြီး ၊ ထို့နောက်မှာတော့ သော့ကိုယူ၍ တိုက်ပေါ် တက်လာခဲ့လိုက်သည်။

တံခါးကို ဖွင့်ဖွင့်ချင်း တ်ိုးထွက်လာသည့် အနွေးဓာတ်က သက်သောင့်သက်သာဖြစ်လွန်း၍ မျက်လုံးကိုပင် တစ်ချက်လောက် မှေးမိသွားစေသည်။

သူ လွယ်အိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး ၊ လေသာဆောင်မှာ ခဏလောက်ကြာအောင် ရပ်နေလိုက်သည်။ပြီးနောက်မှာတော့ မီးဖိုခန်းဘက် ပြန်လှည့်၀င်လာခဲ့လိုက်ပြီး ရေခဲသေတ္တာကို ဆွဲဖွင့်၍ ကြည့်လိုက်သည်။

ဒီနေ့သူတို့ စားဖိုလ်အနောက်ဆောင်က ဧည့်သည် မမှာကြားထားသည့် ဟင်းလျာများကို ပို့ပေးလိုက်မိတာကြောင့် ၊ သူနှင့် မန်နေဂျာထန်က ဧည့်သည်၏ အခန်းအထိ ဟင်းပွဲများ သွားပို့ကာ တောင်းပန်လိုက်ရသည်။

"သိပ်မကျေနပ်ကြဘူး"

ယမ့်ဟန်က သက်ပြင်းအသာ ချလိုက်ပြီး

"မဟုတ်ရင် တစ်နာရီလောက် ဘယ်လိုလုပ် ကြာနေပါ့မလဲ"

"အဖွားအရွယ်ဆိုတော့ ၊ ပြောလို့ဆိုလို့ တော်တော် အဆင်ပြေမယ်လို့ ငါက ထင်နေတာ"

ကျန်းချန်က လျှာထုတ်ပြကာ ပြောလာသည်။

"တော်တော်ကို ပြောရဆိုရခက်တာ ၊ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ"

ယမ့်ဟန်က အလုပ်မှတ်တမ်းကို ကြည့်လိုက်ပြီး

"ငါတို့ဘက်က မှားတာလေ....နင့်ရဲ့ ဟိုလက္ဖက်ရည်မျိုး ရှိသေးလား?ငါ့ကို တစ်ခွက်လောက် တိုက်ဦး"

"စောင့်နေ"

ကျန်းချန်က သူမ၏ အနွေးခံ ရေဘူးကို ယူလိုက်ပြီး ၊ သူ့အတွက် လက္ဖက်ရည်တစ်ခွက် ငှဲ့ထည့်ပေးသည်။

ရေခဲသေတ္တာထဲတွင် အစားအသောက်တွေ မနည်းမနော ရှိနေပြီး ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံလည်း ရှိနေသေးသည်။သို့သော်လည်း ဘာတွေမှန်းကို သူ နားမလည်ပေ။အစက ယမ့်ဟန်ပြန်မရောက်ခင်တွင် စားစရာနည်းနည်းပါးပါး လုပ်ထားပြီး ချီးကျူးခံချင်ခဲ့သော်လည်း ၊ ရေခဲသေတ္တာထဲရှိ အနောက်တိုင်း အစားအစာ အဆာပလာများကို မြင်လိုက်ရချိန်တွင် လက်လျှော့လိုက်ဖို့သာ တတ်နိုင်တော့သည်။

အတော်ကြာအောင် တွန့်ဆုတ်နေမိပြီး နောက်မှာတော့ ရှောင်လီအကင်ဆိုင်ဆီသွားပြီး ပါဆယ်၀ယ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ယမ့်ဟန်ပြန်ရောက်လာလျှင် သူတို့နှစ်ဦး အကင်ကင်ရင်း တီဗွီကြည့်လို့ ရသည်ပင်။

အရမ်းကို ပြီးပြည့်စုံတယ်။

************

ယမ့်ဟန် စားသောက်ဆိုင်ထဲသို့ ပြန်ရောက်လာသည့် အချိန်တွင် ၊ ဧည့်သည် အားလုံးလိုလို ပြန်သွားကြပြီဖြစ်ပြီး ၊ စားပွဲထိုးအချို့က သိမ်းဆည်းနေကြလေပြီ။

"ဒီနေ့အတွက် အလုပ်မှတ်တမ်းကို ငါ နင့်အစား ကူဖြည့်ပေးထားတယ်"

ကျန်းချန်က အလုပ်မှတ်တမ်းကို သူ့အား ကမ်းပေးလာပြီး

"ဖြည့်စရာ လိုမလို နင် တစ်ချက်လောက် ကြည့်ကြည့်လိုက်ဦး"

"ကျေးဇူးပဲ"

ယမ့်ဟန်က ပြောလိုက်သည်။

"ဧည့်သည်တွေဘက်ကရော ဘယ်လိုလဲ?"

ကျန်းချန်က အသံတိုးတိုးဖြင့် မေးလာသည်။

ဒီလက္ဖက်ရည်က ဘာလက္ဖက်ရည်မှန်းတော့ ယမ့်ဟန် မသိပေ။ပန်းတွေ အရွက်တွေ အများကြီး ထည့်ထားပြီး ၊ သစ်သားတုတ်နှင့် ဆင်တူသည့် အရာများလည်း ပါသေးသည်။သို့သော်လည်း အရသာက မဆိုးပေ။သောက်လိုက်လျှင် စိတ်ကို လန်းဆန်းသွားစေသည်။

"အိုင်း ၊ ဟန်ကော ၊ ငါ နင့်ကို မေးဦးမယ်"

ကျန်းချန်က ဘေးနားတွင် လူရှိမရှိ ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာသည်။

"နင်နဲ့ အရူးကောင်မာက ၊ ဘာဖြစ်ထားကြတာလဲ?"

ယမ့်ဟန်က သူမကို ကြည့်၍ ပြန်ပြောလိုက်သည်။

"သူက နင့်ဆီမှာ တရားမ၀င်တဲ့မြေအောက်ဂိုဏ်းအဖွဲ့ နောက်ခံရှိတယ်ဆိုပြီး ၀မ်ကျဲကို ပြောနေတာ"

ကျန်းချန်က ပြောနေရင်း ရယ်ချလိုက်ကာ

"ပြီးတော့ သူ့အဖွဲ့ထဲက လူတွေကိုလည်း ပြောနေသေးတယ်"

"ယုံတဲ့သူ ရှိလား?"

ယမ့်ဟန်ကလည်း ရယ်၍ ပြန်​မေးလိုက်သည်။

"ဘယ်သူက ယုံမှာလဲ"

ကျန်းချန်က နှုတ်ခမ်းကို အုပ်၍ ရယ်ရင်း ပြန်ဖြေလာသည်။

"တရားမ၀င်အဖွဲ့ကလို့ ပြောရအောင် ခန္ဓာကိုယ်ပေါ်မှာ တက်တူးတစ်ခုတောင် မရှိပဲနဲ့"

"......ဒါမှမဟုတ်ရင်လည်း ငါ မနက်ဖြန်ကျရင် စတစ်ကာနည်းနည်းလောက် ၀ယ်လိုက်ရမလား"

ကျန်းချန်က တရားမ၀င်ဂိုဏ်းနှင့် မပတ်သတ်ဘူးဆိုသည်အား ထိုကဲ့သို့ ရိုးရှင်းသည့် နည်းလမ်းဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်ကို ယမ့်ဟန် လက်ခံလိုက်ရသည်။

"ငါအထင်တော့ မဆိုးလောက်ဘူးလားလို့"

ကျန်းချန်က ခေါင်းညိတ်ပြလာသည်။

"မြန်မြန် သွားသိမ်းဆည်းတော့"

ယမ့်ဟန်က အလုပ်မှတ်တမ်းကို ပိတ်လိုက်ပြီး အံဆွဲထဲ ထည့်၍ ပြောလိုက်သည်။

ဒီနေ့ အိမ်ပြန်ချိန်က ယမ့်ဟန်မှန်းဆထားသည်ထက် မိနစ်နှစ်ဆယ်လောက် ပိုစောနေသည်။ရှောင်လီအကင်ဆိုင်ရှေ့မှ ဖြတ်လာသည့် အချိန်တွင် သူ တစ်ချက်တုံ့ဆိုင်းသွားမိပြီး ၊ ချူးယိအား အကင်စားရန်အတွက် ဆင်းလာခဲ့ဖို့ ဖုန်းခေါ်ရန် ဖုန်းကိုထုတ်ယူလိုက်မိသည်။

"ရှောင်ကော ၊ အကင်စားချင်နေတာ မဟုတ်လား"

ဦးလေးကြီးက ဆိုင်ထဲမှ ထွက်လာပြီး ၊ တံခါးကို မှီ၍ ရယ်ရင်း မေးလာသည်။

"ဦးလေးလက်ကိုင်ပ၀ါကို နောက်တစ်ခေါက်လောက် ယမ်းလိုက်ဦး"

ယမ့်ဟန်က ပြန်ပြောလိုက်သည်။

"ဆိုင်ထဲ၀င်စရာ မလိုတော့ဘူး"

ဦးလေးကြီးက လက်ယမ်းပြလာပြီး

"မင်းညီလေးက ခုနကပဲ အကင်အများကြီး၀ယ်ပြီး ပြန်သွားခဲ့ပြီ"

"အာ?"

ယမ့်ဟန်မှာ ကြောင်အနေမိသည်။

"မင်းကို မလိမ်ဘူး ၊ တကယ်"

ဦးလေးကြီးက ပြောသည်။

"မင်းအခု ပြေးလိုက်သွားရင် သူ့ကို မှီနိုင်လောက်သေးတယ်"

"ကျေးဇူးတင်ပါတယ်"

ယမ့်ဟန်က ရယ်လိုက်ပြီး

"အဲ့ဒါဆို ကျွန်တော် ပြေးလိုက်တော့မယ်နော်"

ယမ့်ဟန်မှ တစ်ချက်လောက် တုံ့ဆိုင်းနေမိပြီး ၊ အိမ်ရာဘက်သို့ ပြေးလိုက်သွားလိုက်သည်။

တံခါးမကြီးဆီ ၀င်၀င်ချင်း သူ တံခါးစောင့်ကို လှမ်းမေးလိုက်သည်။ :

"ကျွန်တော့်ညီလေး ခုနက ၀င်သွားတာလား?"

တံခါးစောင့်က ခေါင်းညိတ်ပြလာပြီး လက်ဖြင့်ပုံဖော်ပြလာကာ :

"အကင်တွေ ဒီလေါက်အများကြီးပဲ ၊ ငါတောင် ကြည့်နေရင်း ဗိုက်ဆာသွားတယ်"

ယမ့်ဟန် အရှေ့ဘက်ကို ထပ်ပြီး ပြေးလာခဲ့လိုက်ရာ ၊ အရှေ့ဘက်နားတွင် လမ်းလျှောက်သွားနေသည့် ချူးယိကို မြင်လိုက်ရသည်။

လက်တစ်ဖက်က အကင်အိတ်ကို ကိုင်ထားပြီး ၊ ကျန်လက်တစ်ဖက်ကတော့ ဖုန်းကိုကိုင်၍ နှိပ်နေလေသည်။

ယမ့်ဟန်လည်း ခြေလှမ်းကို ဖော့နင်းလိုက်ပြီး ၊ အမြန် အနားသို့ ကပ်သွားလိုက်ကာ ၊ အိတ်ကပ်ထဲတွင် စမ်း၍ လက်နက်တစ်ခုကို ရှာလိုက်သည်။

နောက်ဆုံးမှာတော့ ချူးယိ သူ့ကို ပေးထားသည့် မီးခြစ်ကိုသာ စမ်းမိသည်။

ချူးယိနှင့် ခြေလှမ်းတစ်လှမ်းစာသာ ဝေးတော့သည့် အချိန်၌ ချူးယိပခုံးအား လှမ်းထိရန် ပြင်လိုက်စဥ်တွင် ၊ သူ့အိတ်ကပ်ထဲရှိ ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။

ယမ့််ဟန်မှာ လန့်ဖြန့်၍ ခုန်လိုက်မိသည်။

ချူးယိလည်း လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လာသည်။

ယမ့််ဟန်မှာ ဖုန်းကို ဂရုမစိုက်နိုင်တော့ပေ။ကစားပွဲက စနေပြီဖြစ်ရာ သရုပ်ဆောင်ရတော့မည်ပင်။

သူ ချူးယိ၏ ပခုံးကို တစ်ချက်တည်း လက်ဖြင့်ဆွဲဖက်ထားလိုက်ပြီး ၊ ချူးယိခေါင်းပေါ်တွင် မီးခြစ်ဖြင့် ထောက်ထားလိုက်ကာ :

"မလှုပ်နဲ့"

"တာ့,တာ့,တာ့ကော အ,သက်ကို ချမ်းသာပေးပါ"

ချူးယိက ကြောင်အနေသည်။

ဒီလိုအချိန်မျိုးဆိုလျှင် ချူးယိ၏ စကားထစ်နေမှုက အတော်လေးပြီးပြည့်စုံသည့် ပူးပေါင်းမှု ဖြစ်သွားခဲ့သည်။

ယမ့််ဟန်က ရယ်ချင်သည်ကို အောင့်အီးထားလိုက်ပြီး :

"ပိုက်ဆံတွေ ထုတ်လိုက်"

"အကုန်လုံး အကင် ၀ယ်,၀ယ်လိုက်ပြီ"

ချူးယိက ပြန်ပြောလာသည်။

"အဲ့လိုမှ မဟုတ်ရင် အ,အကင်တွေကို ယူ,ယူသွားလိုက်ပါ"

ယမ့််ဟန်၏လက်ချောင်းက လှုပ်ရှားမှု တစ်ချက် မှားသွားခဲ့ရာ ၊ မီးခြစ်ကို ခြစ်မိသွားခဲ့သည်။

မီးတောက်ကလေး ထွက်ပေါ်လာသည်။

တစ်ဆက်တည်းမှာပင် သူတ်ို့နှစ်ယောက်စလုံး မီးလောင်နံ့ကို ရှူရှိုက်မိသွားတာကြောင့် ၊ နှစ်ယောက်စလုံး ကြောင်အသွားကြသည်။

"Fuck ! "

ယမ့်ဟန်က လက်ကို အမြန်ပြန်ဖယ်လိုက်ပြီး မီးခြစ်ကို ပိတ်လိုက်ကာ

"ဘယ်နားလောင်သွားတာလဲ?"

"ဆံပင်"

ချူးယိက ပြောပြီးသည်နှင့် လက်ချောင်းဖြင့် သူ့(ယမ့်ဟန်)ဗိုက်ကို ထောက်လိုက်ကာ

"ဒိုင်း ! "

"အား ! "

ယမ့်ဟန်က ဗိုက်ကို အုပ်ကိုင်၍ အနောက်သို့ ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်လိုက်ကာ

"မင်းက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး......"

"ဒိုင်း ဒိုင်း ! "

ချူးယိက လက်ချောင်းဖြင့် သူ့(ယမ့်ဟန်)ကို ထပ်ချိန်၍ နှစ်ချက်ထပ်ပစ်လိုက်ပြီး ၊ ထို့နောက်မှာတော့ လက်ချောင်းကို ပါးစပ်နားကပ်၍ လေဖြင့် မှုတ်လိုက်သေးသည်။

ယမ့်ဟန်က ရယ်လိုက်ပြီး :

"သရုပ်ဆောင်တာ မဆိုးဘူးပဲ"

ချူယိကလည်း ထိုအချိန်ကျမှသာ ရယ်ချလိုက်ပြီး :

"မင်း အလုပ်ဆင်းတာ,ကို ဘာလို့ ငါ့ဆီ စာပို့ပြီး မ,မပြောတာလဲ?"

"ကားပေါ်ရောက်မှ သတိရလို့ ၊ လူတွေကြပ်နေတော့ ဖုန်းထုတ်ရမှာ ပျင်းသွားတာ"

ယမ့်ဟန်က ပြောပြနေရင်း ဖုန်းကို ထုတ်လိုက်ကာ

"ခုနက ဖုန်းက ဘယ်သူ........"

"ငါခေါ်တာ"

ချူးယိက ပြောလိုက်သည်။

"ခုနက အ,အနောက်ကနေ အသံထွက်လာတော့ ငါတောင် လန့်,လန့်သွားတယ်"

"အကင်တွေ အဲ့လောက်အများကြီး ၀ယ်လာတယ်?"

ယမ့်ဟန်က အိတ်ကိုဖွင့်၍ ကြည့်ရင်း မေးလာသည်။

"ညလယ်စာ အ,အတွက်ရောလေ"

ချူးယိက ပြောလိုက်သည်။

"မင်းဆီမှာ ဘီ,ဘီယာတွေပဲ ငါတွေ့လို့"

"အကင်စားရင်း ဘီယာသောက်ပြီး တီဗွီကြည့်မယ်"

ယမ့်ဟန်က ပြောလိုက်သည်။

"အဲ့လိုတွေးထားတာ မဟုတ်လား?"

"ဟုတ်တယ်"

ချူးယိက ရယ်လိုက်ပြီး

"ငါ အဲ့လိုတစ်ခါမှမလုပ်လုပ်ဖူးဘူး"

"သနားစရာကောင်လေး"

ယမ့်ဟန်က သူ့(ချူးယိ)ပခုံးကို ဖက်၍ တိုက်ရှိရာဘက် လျှောက်သွားလိုက်ကာ

"မင်း အရင်တုန်းက ညဘက်ဆို ပြေးပြီး မြစ်ဘေးနားက သစ်ခေါင်းပေါက်ဆီမှာ နည်းနည်းကြာအောင် မျက်နှာအပ်ပြီး စကားပြောတာကလွဲရင် ၊ တစ်ခြားဘာလုပ်သေးလဲ?"

"စာကြည့်စားပွဲမှာ ထိုင်ပြီး ငေး,ငေးငိုင်နေတယ်လေ"

ချူးယိက ပြောလိုက်သည်။

"ငါ ည,ညလုံးပေါက် ငေးငိုင်ပြီး နေနိုင်တယ်"

ယမ့်ဟန်က သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် နောက်,နောက်ကျတော့ လက်,ဝှေ့ရုံမှာပဲ"

ချူးယိက ပြောလာသည်။

"အလုပ်လုပ်နေရတာ ၊ ငါ သန့်စင်ခန်းတွေကို သန့်,ရှင်းရေး လုပ်ရတယ်"

"အဲ့တုန်းက တစ်လကို ပိုက်ဆံဘယ်လောက်ရတာလဲ?"

ယမ့်ဟန်က မေးလိုက်သည်။

"တစ်ထောင့်သုံးရာ"

ချူးယိက စဥ်းစားလိုက်ပြီး

"မဟုတ်ဘူး ၊ တစ်ထောင့်,ရှစ်ရာ"

"သန့်စင်ခန်းကို သန့်ရှင်းရေးလုပ်တာ တစ်ထောင့်ရှစ်ရာပေးတယ်?"

ယမ့်ဟန်က ချူးယိကို တစ်ချက်လှမ်းကြည့်လိုက်ပြီး

"မင်း ဘယ်သူ့ကို လာလိမ်နေတာလဲ?"

"နည်း,ပြက ငါ့ကို တစ်ခါလက်,လက်ဝှေ့ တက်ထိုးခိုင်းတယ်"

ချူးယိက ရုတ်ချည်းပင် အနည်းငယ် ဂုဏ်ယူမိသွားပြီး

"နိုင်ရင် ငါး,ငါးရာ ထပ်တိုးပေးမယ်လို့ ပြောတယ်"

"မင်း နိုင်သွားတယ်ပေါ့?"

ယမ့်ဟန်က မေးလိုက်သည်။

"အင်း"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။မိမိမှာ ရုတ်တရက်ပင် လက်ဝှေ့ဆရာတစ်ယောက်ဖြစ်သွားသလို ခံစားလိုက်ရသည်။

လက်ဝှေ့မျိုးဆက် ချောမောသည့် ခွေးအ။

"အားတဲ့တစ်ရက်ကျ နေရာတစ်နေရာ ရှာပြီး ငါတို့နှစ်ယောက် စမ်းကြည့်ကြရအောင်"

ယမ့်ဟန်က ပြောလာသည်။

"မင်း တကယ် အဲ့လောက်တော်နေပြီလားဆိုတာကို သိရအောင် ငါ စမ်းသပ်ကြည့်ရမယ်"

"ငါရှုံးသွားရင် မင်း ငါခိုင်း,ခိုင်းတာ လုပ်ရမယ်"

ချူးယိက ပြောလိုက်သည်။

"အရှက်ရော ရှိရဲ့လား ၊ မင်းနိုင်သွားရင် မင်းတော်တယ်တဲ့ သတ်မှတ်ရပေးမယ် ၊ မင်းရှုံးသွားရင် ငါက မင်းခိုင်းတာကို လုပ်ရမယ်?"

ယမ့်ဟန်က ချူးယိကို ကြည့်၍ မေးလိုက်သည်။

"အင်း"

ချူးယိက အလေးအနက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အမှန်တော့ တစ်ခြားသူတွေနှင့် လက်ဝှေ့ထိုးတာပဲဖြစ်ဖြစ် ၊ ရန်ဖြစ်ရမှာပဲ ဖြစ်ဖြစ် ထိုးနိုင်မလာစ ၊ မထိုးနိုင်ဘူးဆိုသည်ကို သူ သိပ်ပြီး မစဥ်းစားတတ်ပေ။သူ သေချာပေါက် နိုင်အောင် ကစားနိုင်သည်ပင်။

ယမ့်ဟန်ကိုတော့ ၊ သူ ကြိုပြီး မဆုံးဖြတ်နိုင်ပေ။

ယမ့်ဟန် လက်ဝှေ့ထိုးပြီ ရန်ဖြစ်တာမျိုးကိုပင် သူ မမြင်ဖူးပေ။တစ်ခြားသူများကို လက်ပါခဲ့သည့် ထိုနှစ်ကြိမ်စလုံးတွင် ပြိုင်ဘက်မှာ ပါးအလွန်နည်းတာကြောင့် ယမ့်ဟန်မှာ ပညာပင် ပြရန် မလိုခဲ့ချေ။

ယမ့်ဟန်မှာ ဦလေးယမ့်လိုပင် တောနက်ထဲတွင် နေပြီး အလွယ်တကူ မတွေ့နိုင်သည့် အဆင့်မြင့်သူဟု အမြဲ ခံစားနေရသည်။

အိမ်ကို ပြန်ရောက်သည့် အချိန်တွင် ကောင်းကင်က လုံး၀မှောင်မည်းနေပြီဖြစ်သည်။အခန်းထဲက ပြတင်းပေါက်ကို ဖွင့်ထားတာကြောင့် အပြင်ဘက်ရှိ မည်းမှောင်နေသည့် ကောင်းကင်နှင့် ကောင်းကင်အောက်ရှိ လင်းလက်နေသည့် မီးရောင်များကို မြင်နေရသည်။။

ချူးယိမှာ ပြတင်းပေါက်၀တွင် ရပ်၍ ငေးကြည့်နေရင်း အတွေးလွန်နေမိသည်။

"ဘာဖြစ်နေတာလဲ?"

ယမ့်ဟန်က သူ့(ချူးယိ)အနောက်တွင် လာရပ်ပြီး ၊ လက်မောင်းကို သူ့(ချူးယိ)ပခုံးပေါ်တင်၍ မေးလာသည်။

"မင်း"

ချူးယိက သူ့(ယမ့်ဟန်)လက်မောင်းကိ ခေါင်းငဲ့ကြည့်လိုက်ပြီး

"ငါ့အရပ်,မရှည်တော့ပဲ နေမယ်"

"တော်တော်ဟုတ်နေတာပဲ"

ယမ့်ဟန်က လက်မောင်းကိုအထပ်ထည့်ပြီး အောက်ဘက်ဆီ ဖိလိုက်ကာ

"မင်း နှစ်မီတာမပြည့်မှာ စိုးလို့လား?"

"ငါတို့အဆောင်မှာဆို ငါနဲ့ ၀ူ,၀ူရွှိက အ,အပုဆုံးပဲ"

ချူးယိက သက်ပြင်းချ၍ ပြောလိုက်သည်။

"မင်းထက် ပုတဲ့သူရှိနေတာကို မင်းပျော်သင့်တယ်"

ယမ့်ဟန်က ရယ်၍ လှည့်ထွက်သွားခဲ့ကာ တီဗွီစင်၏ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး

"သွား ၊ နံရံနားမှာ ရပ်လိုက် ၊ ငါ မင်းကို တိုင်းပေးမယ်"

ချူးယိက နံရံနားတွင် ကပ်၍ ရပ်လိုက်သည်။

ယမ့်ဟန်က စာအုပ်တစ်အုပ်ကို ယူလာခဲ့ပြီး သူ့ခေါင်းပေါ်တွင် တစ်ချက်တိုင်းတာကာ မျဥ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်သည်။

ချူးယိက မျက်လုံးကို လှန်၍ ကြည့်လိုက်သည်။

ဘာကြောင့်မှန်းတော့ မသိပေ။ယမ့်ဟန်၏ အုပ်များကို မြင်လိုက်ရသည့် အချိန်တိုင်း ထူးဆန်းသည့် ခံစားချက်တစ်မျိုးကို သူ ခံစားရတတ်သည်။ပုံမှန်အချိန်များတွင် ယမ့်ဟန်နှင့် စာအုပ်များက အဆက်အစပ်ရှိသည်ဟု သူ ဘယ်လိုမှ ခံစားလ်ို့မရပေ။

ယမ့်ဟန်က လွဆ်လွတ်လပ်လပ်ဖြင့် နေရာအနှံ့သွားလာတတ်သည့် ရာဇ၀င်ထဲက ဓားသမားတစ်ယောက်လိုပင်။

သို့သော်လည်း ယမ့်ဟန် အင်္ဂလိပ်စကား ပြောသည်ကို ကြားရချိန်တိုင်း ၊ အင်္ဂလိပ်သီချင်း ဆိုသည်ကို ကြားရတိုင်း ၊ ထို့အပြင်....သူ စာအုပ်နာမည်ကို သေချာမကြည့်လိုက်ရသေးမီမှာပင် ယမ့်ဟန်က စာအုပ်ကို ပြန်ယူသွားခဲ့ပြီး ပေတံကိုယူ၍ နံရံပေါ်တွင် စတင်၍ တွက်ချက်နေတော့သည်။

ချူးယိက ဘေးနားတွင် ချထားသည့် အဖုံးခရမ်းရောင်နှင့် စာအုပ်ကို လှမ်းကြည့်လိုက်ပြီး :

"အဲ့ဒါက မင်းရဲ့ပါး,ပါး,ပါးစပ်......"

ယမ့်ဟန်က သူ့ကို လှည့်ကြည့်လာပြီး :

"ရပ်လိုက်"

ချူးယိလည်း ရပ်လိုက်သည်။

"မင်းဆက်ပြောရင် မကြားသင့်တဲ့ စကားတွေ ထွက်လာတော့မယ်လို့ ခံစားနေရတယ်"

ယမ့်ဟန်က ပြောလာသည်။

"အဲ့စာအုပ်က အစ်မတစ်ယောက် ငါ့ကို ညွှန်းပေးလိုက်တဲ့ ၊ ပြဋ္ဌာန်းစာ ဘာသာပြန်"

"ဘာသာပြန်"

ချူးယိမှ မရင်းနှီးသည့် စကားလုံးအား ရင်းနှီးသလို ဖြစ်နေကာ

"ဘာက နားထောင်လို့,မရတာလဲ?"

[T/N : 口译=kou yi(ဘာသာပြန်) ၊ 口=kou(တံခါးပေါက် ၊ ၀င်ပေါက် ၊ ပါးစပ် ၊ အပေါက်)။ ချူးယိက တစ်kou kouနဲ့ စကားထစ်နေလို့ ယမ့်ဟန်က ရပ်ခိုင်းလိုက်တာပါ။]

ယမ့်ဟန်က ရယ်လိုက်ပြီး ဘာမှပြန်မပြောပဲ ၊ ပေတံကိုကြည့်လိုက်ကာ :

"တစ်ရာ့ရှစ်ဆယ့်....ရှစ်?"

"ရှည်လာတယ် ! "

ချူးယိက ထိုစကားက်ို ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသွားပြီး နံရံကို လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ကာ

"သုံး ! သုံးစင်တီမီတာ ! "

"တော်ရုံပဲလုပ်ပါ"

ယမ့်ဟန်က သူ့ကို ကြည့်လာပြီး

"မသိတဲ့သူဆို မင်း သုံးမီတာလောက် ရှည်လာတယ်လို့ ထင်သွားကြဦးမယ်"

ချူးယိက ရယ်နေပြီး ဘာမှပြန်မပြောပေ။

အရပ်ရှည်လာခြင်းက အမှန်တကယ်ကိုပင် သူ့အား အလွန်ပျော်ရွှင်စေနိုင်သည့် ကိစ္စဖြစ်သည်။အရင်တုန်းကတော့ ဘာခံစားချက်မှ မရှိခဲ့ပေ။အမေက အရပ်မရှည်သည့်အပြင် ၊ အဖေကလည်း အရပ်ရှည်သည်ဟု ပြောလ်ို့မရတာကြောင့် သူ အရပ်မရှည်တာဟု အဖွား(အမေဘက်က)က ပြောဖူးသည်။အန်တီလေးကလည်း စိုးရိမ်နေခဲ့သည်။
သူ ငယ်ငယ်တုန်းက အာဟာရ မပြည့်၀ခဲ့သည့်အပြင် အမြဲတမ်းကြောက်လန့်နေတတ်တာကြောင့်ပင်။

သို့ဖြစ်ရာ သူ အရပ်စရှည်သည့် နောက်ပိုင်းမှစ၍ တစ်ချိန်လုံး စိတ်ပူနေခဲ့ရသည်။ဂရုမစိုက်မိပါက အရပ်မထွက်တော့မှာ စိုးလို့ပင်။

အခု အရပ်ထပ်ရှည်လာသည်ကို တွေ့လိုက်ရတာကြောင့် ၊ သူ ဆိုဖာပေါ်တွင် ထိုင်၍ ရယ်နေမိကာ ဘာမှ မလုပ်ချင်တော့ပေ။ယမ့်ဟန်က ၀င်လိုက်ထွက်လိုက်ဖြင့် မီးဖိုခန်းထဲမှ အိုးများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို တစ်မျိုးပြီးတစ်မျိုး ထုတ်ယူ၍ သူ့အရှေ့တွင် လာချပေးသည်ကိုသာ ထိုင်ကြည့်နေမိသည်။

ပစ္စည်းအားလုံးလိုလို ယူပြီးသွားသည့် အချိန်မှသာ သူ ထရပ်လိုက်မိပြီး :

"ငါ သွားယူ,ယူ........"

"ထိုင်နေပါ"

ယမ့််ဟန်က ပြောလာသည်။

"အကုန်ယူပြီးသွားပြီ ၊ ငါက မင်းအတွက် အချိန်မှတ်ပေးမလို့ လုပ်နေတာ ၊ သုံးစင်တီမီတာရှည်လာတာက မင်းကို ဘယ်လောက်ကြာတဲ့အထိ ပျော်စေတာလဲလို့လေ"

"မင်းမသ်ိပါဘူး"

ချူးယိက ပြန်ထိုင်လိုက်သည်။

"ငါက ဘာကိုမသိလို့လဲ ၊ ငါ 150cm ပဲ တုန်းကတောင် နည်းနည်းမှ စိတ်မပူခဲ့ဖူးဘူး"

ယမ့််ဟန်က လျှပ်စစ်မီးဖိုကို ဖွင့်၍ ပြောလာသည်။

"ဦးလေးယမ့််က အ,ရပ်မြင့်တယ်"

ချူးယိက ပြောပြီးသွားသည့် နောက်တွင် စဥ်းစားလိုက်ကာ

"မင်းက အခု အရပ်,ရှည်လာသေးလား?"

"ဘာပေါက်ကရစကားတွေ ပြောနေတာလဲ"

ယမ့််ဟန်က ပြောလိုက်သည်။

"ငါက အခုမှ 19 နှစ်ပဲရှိသေးတာ ၊ ရေနည်းနည်းလောင်းလိုက်တာနဲ့ တစ်မီတာနှစ်မီတာလောက်ကတော့ အသာလေး ရှည်နိုင်သေးတယ်"

ချူးယိက အသံထွက်သည်အထိ ရယ်လိုက်သည်။

ယမ့််ဟန်က အ်ိမ်တွင် ပရိုဂျက်တာတစ်ခု လုပ်ထားတာကြောင့် ၊ နံရံပေါ်တွင် အလွန်ကြီးမားသည့် စခရင်တစ်ခု ဖြစ်ပေါ်နေသည်။ဆိုဖာပေါ်တွင် ထိုင်လိုက်သည့် အချ်ိန်၌ ရုပ်ရှင်ရုံတွင် ထိုင်နေရသလို ခံစားချက်မျိုး ရနေသည်။

စပီကာတစ်ခုလည်း ရှိနေသေးသည်။ချူးယိမှာ အကြိမ်တော်တော်များများ လာလည်နေသော်လည်း ၊ တီဗွီစင်ဘေးနားရှိ တုတ်ချောင်းပုံစံ ငွေရောင်အချောင်းနှစ်ချောင်းမှာ စပီကာများဖြစ်ကြောင်းကို ဒီနေ့မှသာ သတိထားမိလိုက်သည်။

"ယမ့််ဟန်"

ချူးယိမှာ ထိန်းချုပ်မထားနိုတော့ပဲ စိုးရိမ်စွာဖြင့် မေးလိုက်မိသည်။

"မင်းရဲ့ ပိုက်ဆံတွေ အ,အကုန်လုံးကို ဒီလိုမျိုးတွေ ၀ယ်ပြီး ဖြုန်း,လိုက်တာလား?"

"အင်း"

ယမ့််ဟန်က ရုပ်ပုံနှင့် အသံများကို ထိန်းညှိလိုက်ပြီး ၊ သူ့(ချူးယိ)ကို တစ်ချက်လှမ်းကြည့်လာကာ

"ငါက အကျင့်ဖြစ်နေပြီ ၊ ရှိရင် ရှိသလောက် သုံးပစ်လိုက်တာပဲ ၊ ပိုက်ဆံကို သိမ်းမထားတတ်ဘူး"

ချူးယိ သက်ပြင်းချလိုက်မိသည်။

"မင်းက ငါ့အတွက်စ်ိတ်ပူပေးနေသေးတယ်ပေါ့?"

ယမ့်ဟန်က ရယ်လိုက်ပြီး

"ခုနက မင်းကို ပြောမလို့ ၊ မင်း စကားလမ်းကြောင်းလွှဲလိုက်တာနဲ့ မေ့သွားတာ ၊ ငါ ငါ့အလုပ်ဖော်ကို မေးကြည့်ခဲ့တယ် ၊ သူမဆီမှာ အလုပ်ရှိတယ်တဲ့ ၊ စားသောက်ဆိုင်အသေးလေး တစ်ဆိုင်ပဲ ၊ ညပိုင်းစားပွဲထိုးတစ်ယောက် ရချင်လို့ ရှာနေတယ်တဲ့....."

"ငါ မ,မဖြစ်လောက်ဘူး ထင်တယ်"

ချူးယိက ပြောလိုက်သည်။

"ငါ စ,စကားပြောတာ နားမလည်လောက်ဘူး"

"စားပွဲထိုးက ဘာစကားတွေ ပြောရမှာမို့လို့လဲ"

ယမ့်ဟန်က ပြောလိုက်သည်။

"ညဆို သူတို့က ပုံမှန်အစားအသောက်တွေ မလုပ်ကြဘူး ၊ အဓိကက စျေး၀ယ်ထွက်လာကြတဲ့ စုံတွဲတွေအတွက် အအေးလေး ဘာသေးလေး သောက် ၊ အချိုပွဲနည်းနည်းပါးပါး စားလို့ရအောင် လုပ်ပေးရုံပဲ ၊ စကားပြောစရာ မလိုဘူး"

ချူးယိက ဘာမှ ပြန်မပြောပေ။

ဒီ အချိန်ပိုင်းအလုပ်က သူနှင့် အတော်လေး သင့်တော်သော်လည်း.....စားပွဲထိုးဆိုသည်ကို တွေးလိုက်မိသည်နှင့် သူ နည်းနည်း ကြောက်နေမိပြန်သည်။မတော်လို့များ ဧည့်သည်က တစ်ခုခု မေးလာချိန်၌ သူ စကားထစ်ငေါ့ထစ်ငေါ့ ဖြစ်နေ၍ နားမလည်ဘူးဆိုလျှင် ဘယ်လိုလုပ်ရမလဲ?










"သွားစမ်းကြည့်ကြတာပေါ့"

ယမ့်ဟန်က ပြောလာသည်။

"ကိစ္စတော်တော်များများက မင်း သွားလုပ်ကြည့်မှ သိရမှာလေ ၊ အဆင်မပြေရင်လည်း မလုပ်ဘူးပေါ့ ၊ ဘာ စိုးရ်ိမ်နေစရာ လိုလို့လဲ"

ချူးယိက နှစ်စက္ကန့်လောက် တုံ့ဆိုင်းနေမိပြီးမှ ခေါင်းညိတ်ပြလိုက်ကာ :

"အင်း"

"စားဖို့ ပြင်တော့"

ယမ့်ဟန်က ထောပတ်ဆီကိုယူ၍ အိုးထဲထည့်ကာ မွှေလိုက်ပြီး ၊ ချထားသည့် အကင်တစ်တွဲကို ယူထည့်လိုက်ကာ

"ကွန်ထိုးက မင်းလက်နားမှာ ၊ မင်းဘာသာ ရုပ်ရှင်ကို ရွေးပြီး ကြည့်လိုက်"

ကွန်ထိုးကို ယူရန် လက်လှမ်းလိုက်သည့် အချိန်တွင် လက္ဖက်ရည်စားပွဲပေါ်ရှိ ငွေရောင်ဘောလုံးလေးတစ်လုံးကို တွေ့လိုက်ရသည်။ဘောလုံးပေါ်တွင် အလွန်သေးငယ်သည့် အပေါက်ကလေးများ ရှိပြီး ၊ အမြင်လှနေသလို ၊ လက်တွေ့လည်း ဆန်လှသည်။

"ဒါက ဘာ,ဘာလဲ?"

ချူးယိက မေးလိုက်သည်။

"Bluetoothစပီကာလေ ၊ ညအိပ်သုံးမီးအဖြစ်လည်း သုံးလို့ရတယ်"

ယမ့်ဟန်က လှမ်းယူလိုက်ပြီး ခလုတ်က်ိုဖွင့်၍ လက်ထဲတစ်ချက် လှုပ်ယမ်းလိုက်ဖာ အပေါက်သေးသေးလေးများဆီမှ အဝါရောင်ဖျော့ဖျော့မီးအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

"မင်း မသိဘူးလား?"

"ဒီ,ဒီလောက် အဆင့်မြင့်တဲ့ ပစ္စည်းကို မ,မမြင်ဖူးဘူး"

ယမ့်ဟန်က ဘောလုံးလေးကို ယူ၍ လှည့်ပတ်ကြည့်လိုက်သည်။

"ငါ​ ပြောချင်တဲ့ မင်း မသိဘူးလားဆိုတာက ဒါကို........"

ယမ့်ဟန်က သူ့ကို ကြည့်လာပြီး

"ကျိုးချွမ်းရန်က ငါ့ကို မွေးနေ့လက်ဆောင် ပေးထားတာ"

"ဘ,ဘာ?"

ချူးယိမှာ ကြောင်အသွားမိသည်။

"ငါ့မွေးနေ့ ပြီးသွားတဲ့ အချိန်တုန်းက ၊ သူက သူ့အဖေနဲ့ ဆိုင်မှာ ထမင်းလာစားတယ်"

ယမ့်ဟန်က ပြောလိုက်သည်။

"တစ်ခါတည်း ယူလာခဲ့တာ ၊ ငါက မင်းသိတယ် ထင်နေတာ"

"ငါမသိဘူး"

ချူးယိမှာ လက်ထဲက ဘောလုံးလေးကိုသာ စိုက်ကြည့်နေမိသည်။

ကျိုးချွမ်းရန် !

အဆောင်မှာ မရှိတဲ့ ညနေတွေထဲက တစ်ရက်မှာ တကယ်ကြီး ယမ့်ဟန်ဆို့ဆိုင်ကို သွားခဲ့တာပဲ !

ယမ့်ဟန်ကို မွေးနေ့လက်ဆောင်တောင် ပေးလိုက်သေးတယ် !

ယမ့်ဟန်ရဲ့ မွေးနေ့ကို သူ ဘယ်လိုသိသွားတာလဲ !

သြော ငါ သူ့ကို ပြောပြလိုက်မိတာပဲ။

ဒါဆို သူက ဘာလို့ တိတ်တိတ်လေး ခိုးသွားပြီး လက်ဆောင်သွားပေးရတာလဲ !

ဘာလို့ ပေးလို့ မရ,ရမှာလဲ?

....မရဘူး !

မရဘူး !

"ဘာဖြစ်လို့လဲ?"

ယမ့်ဟန်က သူ့အား တို့လိုက်ပြီး ၊ သိုးသားနှစ်ကင်ကို သူ့(ချူးယိ)အရှေ့ရှိ ပန်းကန်ထဲ ထည့်ပေးလာကာ

"မင်းတို့နှစ်ယောက် ဘာပြဿနာမှ မရှိကြဘူး မဟုတ်လား"

"မရှိပါဘူး"

ချူးယိမှာ အသိပြန်၀င်လာပြီး နိုးစက်ကို ပြန်ချလိုက်ကာ ၊ သိုးသားတစ်ကင်ကို ယူ၍ တစ်ကိုက် ကိုက်စားလိုက်ပြီး

"သူ ခ,ခဏ ခဏ လာတတ်လား?"

"ခဏခဏတော့ မလာတတ်ဘူး ၊ နှစ်ကြိမ်သုံးကြိမ်လောက်တော့ လာဖူးတယ် ၊ အမြဲတမ်း သူ့အဖေနဲ့ လာတာပဲ"

ယမ့်ဟန်က ပြန်ပြောလိုက်သည်။

"သူ့အဖေက ငါတို့ဟော်တယ်ရဲ့ VIP ဆ်ိုတာကို ငါတောင် သိတာ မကြာသေးဘူး"

"ပိုက်ဆံ အ,ရမ်းချမ်းသာမှာပဲ"

ချူးယိက ပြောလိုက်သည်။

"အင်း ၊ ဟုတ်မှာပေါ့"

ယမ့်ဟန်က ရယ်၍ ပြန်ဖြေလာသည်။

အခု မိမိမှာ ဘယ်လိုစိတ်အခြေအနေ ဖြစ်နေလဲကိုပင် ချူးယိ မပြောပြတတ်တော့ပေ။စိတ်ထဲ ခုနေတာ ၊ လို့လည်း ပြောလို့မရသလို ၊ စိတ်ဖိစီးနေတာဟု ပြောရန်ကလည်း မတိကျပြန်ပေ။ခန္ဓာကိုယ်ထဲရှိ နေရာတစ်နေရာတွင် တစ်စုံတစ်ခုက ပိတ်ဆို့နေသလိုပင်။ဘယ်နေရာမှာ ပိတ်ဆို့နေတာလဲကို ရှာဖွေချင်သော်လည်း ရှာလို့ မတွေ့ပေ။

တော်တော်လေးကို နေရထိုင်ရ အဆင်မပြေပေ။

"ရုပ်ရှင်ကို ငါပဲ ရွေးလိုက်တော့မယ်"

ယမ့်ဟန်က ကွန်ထိုးကို ယူလိုက်ပြီး

"သရဲကား ကြည့်မလား ၊ အစာကြေတာပေါ့"

"မသိဘူး"

ချူးယိမှာ အတော်လေး ဇဝေဇဝါ ဖြစ်နေမိသည်။ရုပ်ရှင်ဆိုသည့် အရာအတွက် သူ့မှာ ဘာ မှတ်ဥာဏ်မှ မရှိပေ။မူလတန်း ဆက်စဥ်အချိန်က ကျောင်းအဖွဲ့အစည်းက ပြသသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ရုပ်ရှင်ကို ကြည့်ခဲ့ဖူးပြီး ၊ တစ်ခြား ဘာရုပ်ရှင်မှ မကြည့်ဖူးပေ။

"ငါတို့ခွေးအက ကြည့်ရတာ ရုပ်ရှင်မကြည့်ဖူးဘူးထင်တယ်"

ယမ့်ဟန်က သက်ပြင်းချလိုက်ပြီး

"အဆင်ပြေတဲ့ တစ်ခုပဲ ကြည့်လိုက်ကြတာပေါ့ ၊ ဒီရုပ်ရှင်ကို ငါ မကြည့်ဖူးသေးဘူး"

"အင်း"

ချူးယိက ရုပ်ရှင်အမည်ကို ကြည့်လိုက်သည်။နည်းလမ်းအမျိုးမျိုး သုံးနိုင်သည့် သော့ ဟူ၍ပင်။

ကြည့်ရတာတော့ သော့ပြင်ဆရာတစ်ယောက်၏ အကြောင်း ဖြစ်ပုံရသည်။

သော့ပြင်သမားဆိုမှ ၊ ချူးယိလည်း ယမ့်ဟန်ကို လှည့်ကြည့်လိုက်ကာ :

"ငါ သော့ဖွင့်,ဖွင့်တတ်တယ်"

"ဟင်?"

ယမ့်ဟန်က သူ့ကိုလှည့်ကြည့်လာကာ ၊ ကြောင်အနေပြီးနောက်မှ ဇာတ်ကားနာမည်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ၊ ချက်ချင်း ထရယ်လိုက်သည်မှာ တူပင် ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

"တကယ်ပြောတာ"

ချူးယိက ပြောလိုက်သည်။

"အိုင်း"

ယမ့်ဟန်က ရယ်ရင်း သက်ပြင်းချလိုက်ကာ ၊ သူ့(ချူးယိ)အား ဖက်၍ ခေါင်းထိပ်ကို မေးစေ့ဖြင့် ပွတ်လိုက်ပြီး ၊ တူကို ပြန်ကောက်ယူ၍ ချူးယိအား ပေးလိုက်ကာ

"ရော့ ၊ သွားဆေးလိုက် ၊ မင်းကြောင့် ရယ်မိလို့ ပြုတ်ကျသွားတာ"

ချူးယိလည်း မတ်တပ်ထရပ်လိုက်ပြီး တူကို သွားဆေးလိုက်ပြီးနောက်မှ အသိပြန်၀င်လာခဲ့ကာ :

"သော့ပြင်သမား မ,မဟုတ်ဘူးလား?"

"မင်း ပါးစပ်ပိတ်ထားလိုက်တော့"

ယမ့်ဟန်မှာ အရယ် ရပ်တော့မည့်အချိန်မှာပင် ထိုစကားကို ပြန်ကြားလိုက်ရ၍ ထပ်ရယ်မိသွားပြန်ရာ ပုစွန်ကင်များပင် စားပွဲပေါ် ပြုတ်ကျသွားခဲ့သည်။

ချုးယိမှာ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိသည်။ပုံမှန်အချိန်ဆိုလျှင် ဒီလိုအရူးလုပ်ခံရတာမျိုးကို ဘယ်လိုမှ စိတ်ထဲမရှိပေ။အဓိက အကြောင်းအရင်းမှာ ရုတ်တရက်ကြီး ပေါ်လာသည့် ကျိုးချွမ်းရန်၏ ဟိုစပီကာမီးအိမ်အသေးလေး​က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဘယ်လိုမှ အဆင်မပြေစေသောကြောင့်ပင်။

ရုပ်ရှင်က တော်တော်ကြောက်စရာကောင်းသည်ပင်။ချူးယိမှာ စားလိုက် ကြည့်လိုက်ဖြင့် ရှိနေပြီး ၊ စိတ်ထဲတွင် ကျိုးချွမ်းရန်အကြောင်းကို တွေးနေမိတာတောင်မှ ကိုယ်ပေါ်တွင် ကြက်သီးများထလာသည်ကို ခံစားလိုက်ရသည်။

"နည်းနည်းလောက် ထပ်သောက်ဦးမလား?"

ယမ့်ဟန်က ပြောင်စင်နေပြီဖြစ်သည့် ဘီယာဘူးကို လှုပ်ယမ်းပြ၍ မေးလာသည်။

"ငါက နောက်ထပ် တစ်,တစ်ဘူးဆို ရ,ပြီ"

ချူးယိက ပြန်ဖြေလ်ိုက်သည်။

ယမ့်ဟန် မီးဖိုခန်းဆီ ထွက်သွားသည့် အချိန်တွင် ချူးယိလည်း မချုပ်တည်းထားနိုင်တော့ပဲ ဖုန်းကိုထုတ်ယူ၍ ကျိုးချွမ်းရန်အား စာလှမ်းပို့လိုက်သည်။

-မင်း ယမ့်ဟန်ကို လက်ဆောင် ပေးထားတာလား?

ကျိုးချွမ်းရန်က ဖုန်းဆော့နေပုံရပြီး ၊ အမြန်ပင် စာပြန်ပို့လာသည်။

-အင်း ၊ တစ်ခြားတစ်ယောက်က ငါ့ကို ပေးထားတာ ၊ ငါအတွက် အသုံးမတည့်ဘူးလေ ၊ အဲ့ဒါနဲ့ လမ်းလည်းသင့်နေတော့ သူ့အတွက် ယူသွားပေးလိုက်တာ

တကူးတက ၀ယ်ထားတဲ့ လက်ဆောင် မဟုတ်ဘူး?

ချူးယိမှာ ရုတ်ချည်း သက်ပြင်းချလိုက်မိသည်။

-မင်း သဘောကျလား?ငါ့ဆီမှာ နောက်ထပ်တစ်ခု ရှ်ိသေးတယ် ၊ ကျောင်းကို ပြန်လာတဲ့အခါကျရင် မင်းအတွက် ယူလာခဲ့ပေးမယ်

ကျိုးချွမ်းရန်က နောက်ထပ်စာတစ်စောင် ထပ်ပို့လာသည်။

ထိုစာကို ကြည့်နေမိရင်း ဘယ်လိုပြန်ဖြေလိုက်သင့်လဲကိုပင် ချူးယိ မသိတော့ပေ။မိမိမှာ အရူးနှင့်ပင် တူနေသည်ဟု ရုတ်ရက် တွေးလိုက်မိသည်။

-ငါ့မှာ သုံးစရာနေရာ မရှိဘူး

-ဖုန်းမှာလည်း သုံးလို့ရတယ်လေ ၊ Bluetooth က ၊ အမည်းရောင်လေး ၊ ယမ့်ဟန်ကို ပေးထားတဲ့ဟာနဲ့ အတူတူပဲ

......

......

ချူးယိမှာ ဖုန်းကို ကိုင်ထားရင်းဖြင့် ၊ ကျိုးချွမ်းရန်အား ဘယ်လိုရှင်းပြရမှန်း မသိတော့သည့် အနေရခက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

Continue Reading

You'll Also Like

325K 32.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
2.5M 179K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
409K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."