ရင္ခုန္သံကို မညာေၾကး / ရင်ခုန...

By Khinlay-Nyan

291K 27.1K 915

ရင္ခုန္သံကို မ်က္ကြယ္ျပဳခ်ိန္ အခ်စ္ကေတာ့ ႏွလံုးသားထဲကို တိုးတိတ္ညင္သာစြာ ဝင္လာခ့ဲတယ္။ ရင်ခုန်သံကို မျက်ကွယ်ပြ... More

ရင္ခုန္သံကို မညာေၾကး Episode (1)
Episode (2)
Episode (3)
Episode (4)
Episode (5)
Episode (6)
Episode (7)
Episode(8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (14)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (19)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (36)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Final episode (48)
Extra

Episode (47)

6.2K 496 30
By Khinlay-Nyan

" လက္စြပ္ေလးေတြကို ဝတ္ၾကည့္လိုက္အံုး... သားတို႔ ၊ တစ္ခုခု အဆင္မေျပရင္လဲ ေျပာေနာ္ ၊ အခ်ိန္ရိွတုန္းေလးျပင္ရေအာင္ "

ထိုစကားကိုေျပာလိုက္သည့္ ေဒၚမိုးယုခင္၏မ်က္ႏွာတြင္ ေပ်ာ္ရႊင္ျခင္းမ်ား အျပည့္အလ်ံွနွင့္ ။ ဦးဘုန္းပိုင္ ေဒၚမိုးယုခင္၏ ေပ်ာ္ရႊင္ျမဴ းတူးေနေသာ ပံုစံေလးကိုၾကည့္ၿပီး စခ်င္လာသျဖင့္

" ဝတ္ၾကည့္လိုက္အံုး သားတို႔... မင္းတို႔ေမေမကေလ ေဖေဖန႔ဲလက္ထပ္တုန္းကေတာင္ အခုလိုမ်ိဳး စိတ္လႈပ္႐ွားခ့ဲတာ မဟုတ္ဘူး ၊ အခုေတာ့ကြာ မိုးခမ်ာ တစ္ေန႔တစ္ေန႔ သားတို႔မဂၤလာရက္ကိုပဲ လက္ခ်ိဳးေရ​ေနတာကြ "

ခင္ပြန္းျဖစ္သူ၏စကားေၾကာင့္ ေဒၚမိုးယုခင္ ႏႈတ္ခမ္းကိုစူလိုက္ၿပီး

" မိုးက အေမေလ...ကိုရ႕ဲ "

" ေအးပါကြာ...ေအးပါ ၊ ကို႔မိန္းမေလး ေပ်ာ္ေနရင္ ကိုလဲေပ်ာ္ပါတယ္ ၊ ကဲ...ကဲ သားတို္႔ လက္စြပ္ေလးေတြ ဝတ္ၾကည့္လိုက္ပါအံုး "

လက္ဝဲႏွင့္ယာယာသည္ နဂိုဝတ္ဆင္ထားသည့္ ေငြလက္စြပ္မ်ားဆီသို႔ အၾကည့္ေရာက္သြားသည့္အခါဝယ္ တိုင္ပင္ထားျခင္းမရိွဘဲ တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္ၾကည့္လိုက္မိၾကသည္ ။ ႏွစ္ေယာက္လံုး၏ မ်က္ႏွာမ်ားသည္ အနည္းငယ္ညိဳးႏြမ္းသြားၾက၏ ။

သားနွစ္ေယာက္၏ ပ်က္ယြင္းသြားေသာမ်က္ႏွာမ်ား​ေျကာင့္ ေဒၚမိုးယုခင္ စိတ္ထဲဘဝင္မက် ျဖစ္သြားရ၏ ။ ဒီကေလးႏွစ္ေယာက္ ဘာျဖစ္သြားတာပါလိမ့္ ။

" ယာယာ...ဘာျဖစ္လို႔လဲ သားငယ္ေလး ၊ ႏွစ္ေယာက္လံုး ဘာျဖစ္လ္ု႔ိ မ်က္ႏွာပ်က္သြားၾကတာလဲ "

ယာယာ သူ႔လက္ေလးကို ေဒၚမိုးယုခင္ ျမင္ေအာင္ ေထာင္ျပလိုက္ကာ

" ဒီလက္စြပ္ေလးကို ခြၽတ္ပစ္ရမွာ ႏွေျမာလို႔ပါ ေမေမ "

ယခုမွသာ စိတ္ေပါ့သြားရသည္ ။

" ေျသာ္...သားငယ္ေလးရယ္ လႊင့္ပစ္ရတာမွ မဟုတ္တာ ၊ အမွတ္တရအျဖစ္ သိမ္းထားေပါ့ ၊ ဒီကေလးေတြကေတာ့ သိပ္အေတြးမ်ားၾကတာပဲ ၊ ကဲ...ကဲ... လက္စြပ္က ဒီေန႔ဝတ္ျဖစ္အံုးမွာလား "

ထိုအခါမွသာ ႏွစ္ေယာက္သား ျပံဳးႏိုင္သြားသည္ ။

မ်က္ႏွာခ်င္းဆိုင္ရိွ ဆိုဖာခံုမ်ားတြင္ ထိုင္ေနသည့္ လက္ဝဲႏွင့္ယာယာက စားပဲြခံုေပၚတြင္ရိွေနေသာ ကတၱီပါဘူးအနီေရာင္ထဲမွ စိန္လက္စြပ္ႏွစ္ကြင္းကို အသီးသီးယူလိုက္ကာ အျပန္အလွန္ ဝတ္ေပးလိုက္ၾကသည္ ။

" အဆင္ေျပၾကရ႕ဲလား "

ေဒၚမိုးယုခင္၏ အေမးစကားကို ေခါင္းညိတ္၍သာ ေျဖလိုက္သည့္ လက္ဝဲ ။

ယာယာ လက္စြပ္ဝတ္ထားသည့္ဘယ္လက္ေလးကို ေထာင္ၾကည့္လိုက္ရင္း

" အဆင္ေျပတယ္ ေမေမ ၊ ယာယာလက္န႔ဲ အေတာ္ပဲ သိလား ၊ ဒီလက္စြပ္က တန္ဖိုးျကီးမွာေနာ္ "

" တန္ဖိုးမျကီးပါဘူး သားငယ္ေလးရ႕ဲ ၊ ေမေမတို႔မွာ ဒါေလးပဲလုပ္ေပးစရာရိွတာ ၊ ေမေမက ဒီထက္ပိုတန္ဖိုးရိွတာကို လုပ္ေပးခ်င္တာ ၊ ေယာက္်ားေလးေတြဆိုေတာ့ သိပ္ႀကီးသြားရင္ မဝတ္ရဲမွာစိုးရိမ္လို႔ ခပ္ေသးေသးပဲ လုပ္လိုက္ရတယ္ "

ယာယာ သူ႔ဘယ္ဘက္ လက္သူျကြယ္တြင္ ဝတ္ထားသည့္ ေရႊေရာင္လက္စြပ္ေလးကို တစိမ့္စိမ့္ၾကည့္ေနမိသည္ ။ ေရႊထည္ပစၥည္းမ်ားကို မႏွစ္သက္ေသာ္လည္း ယခုလက္စြပ္ေလးကိုျဖင့္ သေဘာက်လွ၏ ။ ထိုလက္စြပ္ေလးက ကိုကိုနွင့္သူ႔ကို တရားဝင္အသိအမွတ္ျပဳမည့္ အရာဝတၳဳေလးတစ္ခု ။ ကိုကို႔ရ႕ဲ ပိုင္ဆိုင္သူက သူျဖစ္လာၿပီးေတာ့ သူ႔ရ႕ဲ ပိုင္ဆိုင္သူေနရာမွာေတာ့ ကိုကိုေပါ့ ။

စိန္တစ္ပြင့္စီ ျမႇဳပ္ႏံွထားသည့္ လက္စြပ္မ်ား၏ အတြင္းဘက္ေနရာတြင္ လက္ဝဲ၏အတိုေကာက္စာလံုး LW ႏွင့္ လက္ယာ၏အတိုေကာက္စာလံုး LYကို ေသသပ္လွပစြာ ပံုေဖာ္ထားသည္ ။

ယာယာက LWစာလံုးပါသည့္ လက္စြပ္ကိုဝတ္၍ လက္ဝဲက LYစာလံုးပါသည့္ လက္စြပ္ကိုဝတ္ထားသည္ ။

ဦးဘုန္းပိုင္ ဇနီးျဖစ္သူႏွင့္ သားႏွစ္ေယာက္ကို ပီတိလႊမ္းျခံဳထားေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနမိသည္ ။ မိုးမ်က္ႏွာေလးကလဲ အခုမွသာ ရႊင္ရႊင္ပ်ပ်န႔ဲ ။ ႀကီးႀကီးက်ယ္က်ယ္ မဂၤလာပဲြတစ္ခုကို မက်င္းပေပးႏိုင္ေသာ္လည္း လုပ္ႏိုင္သမ်ွျဖင့္ အေကာင္းမြန္ဆံုးျဖစ္ေစခ်င္သည္မွာ ဦးဘုန္းပိုင္ႏွင့္ေဒၚမိုးယုခင္၏ ဆႏၵ။ က်န္သည့္အရာအားလံုးထက္ ခ်စ္ရေသာသူမ်ား စိတ္ခ်မ္းသာေရးသည္သာ ဦးဘုန္းပိုင္အတြက္ အေရးႀကီးဆံုး ။ ခ်ီးမြမ္းခုႏွစ္ရက္ က့ဲရ႕ဲခုႏွစ္ရက္ျဖစ္ေသာ ပတ္ဝန္းက်င္စကားမ်ားထက္ ခ်စ္ရသူမ်ား၏ အျပံဳးမ်က္ႏွာသည္သာ ပိုအရာဝင္သည္ ။

ေဒၚမိုးယုခင္က လက္ဝဲကို

" သားႀကီး မဂၤလာပဲြကို ဘယ္သူ႔ဖိတ္ဖို႔ စိတ္ကူးထားေသးလဲ "

မဂၤလာပဲြဆ္ုိေသာ္လည္း အမွန္အားျဖင့္ မဂၤလာဦးဆြမ္းကပ္ရံုသာ ။ လူမ်ားမ်ားစားစားထက္ ခင္မင္ရသည့္လူနည္းစုျဖင့္သာ က်င္းပရန္စီစဥ္ထားၾကသည္ ။ လူအမ်ားအာရံုစိုက္မိေစရန္ ႀကီးႀကီးက်ယ္က်ယ္လည္း မလုပ္ခ်င္ ။ လက္ခုပ္တီးေပးမည့္သူထက္ လက္ညွိဳးထိုးမည့္သူက ပိုမ်ားမည့္ကိစၥေလ ။

" ဆိုင္က ဝန္ထမ္းတခ်ိဳ႕န႔ဲ မန္ေနဂ်ာေတြကိုေတာ့ ဖိတ္လိုက္မယ္ ေမေမ ၊ က်န္တာကေတာ့ ဖိတ္စရာမရိွပါဘူး "

" ဟုတ္ၿပီ ၊ အဲဒါဆိုရင္ သားငယ္ေလးကေရာ ဘယ္သူ႔ကိုဖိတ္ခ်င္ေသးလဲ "

ယာယာ ေဒၚမိုးယုခင္ကို ေခါင္းခါျပလိုက္သည္ ။ ယာယာ့အတြက္ အေပါင္းအသင္းဆိုတာ ႐ွားပါးပစၥည္းေလ ။ ဘယ္လိုလူမ်ိဳးကိုမွ ယာယာ သူ႔အနားကို မေခၚခ်င္ ။ သူ႔ဘဝတြင္ ကိုကိုတစ္ေယာက္သာရိွလ်ွင္ က်န္သည့္ သူငယ္ခ်င္းမိတ္ေဆြမ်ား မလိုအပ္ေတာ့ေပ ။

" အဲဒါဆိုရင္ ဖိတ္စာကိစၥလဲ အဆင္ေျပၿပီ ၊ ဘြားဘြားကလဲ မနက္ျဖန္ဆိုရင္ ရန္ကုန္ေရာက္ၿပီ ၊ ဒီမဂၤလာပဲြေလး ေအးေအးေဆးေဆး ၿပီးသြားမွ ေမေမလဲ သက္ျပင္းရဲရဲခ်ႏိုင္ေတာ့မယ္ "

ဦးဘုန္းပိုင္ ေဒၚမိုးယုခင္၏ ပခံုးကိုဖ်စ္ညႇစ္လိုက္ကာ

" အဆင္ေျပမွာပါ မိုးရယ္ ၊ သိပ္ၿပီးေသာကမမ်ားန႔ဲ ၊ အဆင္ေျပသြားလိမ့္မယ္ ၊ ကိုတို႔ရ႕ဲ မိသားစုေလးဆီကို ေကာင္းတ့ဲအရာေတြပဲ ေရာက္လာေတာ့မွာ ၊ မိုး စိတ္ေအးေအးေနေတာ့ေနာ္ "

လက္ဝဲ ေဖေဖ ၊ ေမေမႏွင့္ ယာယာကို အျပံဳးမ်က္ႏွာျဖင့္ ေငးၾကည့္ေနမိသည္ ။ မူရင္းေကာင္းမွ မိတၱဴ ေကာင္းသည္ ဆိုေသာ စကားမွာ သိပ္မွန္၏ ။ ယာယာက မိဘႏွစ္ပါး၏ ေကာင္းေမြအားလံုးကို္ အျပည့္အဝ ရထားသည္သာ ။ သူ႔မွာ ေသြးရင္းမိဘမရိွေသာ္လည္း မိဘရင္းက့ဲသို႔ ေကာင္းေပးသည့္ လူႏွစ္ေယာက္ကို ပိုင္ဆိုင္ရသည့္အျပင္ သူ႔တစ္မ်က္ႏွာကိုသာ ၾကည့္တတ္ေသာ လူသားေလးတစ္ေယာက္ကိုပါ အပိုဆုအေနႏွင့္ ေလာကႀကီးက လက္ေဆာင္ေပး၏ ။ သူ႔အသက္ထက္ ပိုခ်စ္ျမတ္ႏိုးရသည့္ ထိုလူသားေလးကို ဘယ္ေရြ႔ဘယ္မ်ွခ်စ္ေၾကာင္း ေျပာမျပႏိုင္သည္အထိကို ခ်စ္ရပါသည္ ။

*******
ယာယာ အက်ႌၾကယ္သီးတပ္ေနရင္းႏွင့္ လက္ဝဲကို မသိမသာခိုးၾကည့္လိုက္သည္ ။ ေရခ်ိဳးၿပီးစျဖစ္၍ လက္ဝဲ၏မ်က္ႏွာသည္ နဂိုထက္ကို ၾကည္လင္ေန၏ ။ ဆံစမ်ားတြင္လည္း ေရစက္အခ်ိဳ႕ခိုတဲြေနသည့္အျပင္ ႏႈတ္ခမ္းနီေထြးေထြးကလည္း ယခုမွ ပိုၿပီးရဲေနေသးသည္ ။ ကိုကို႔ႏႈတ္ခမ္းေလးကို နမ္းခ်င္လိုက္တာ ။ အၾကံထုတ္စမ္း ။ အၾကံထုတ္စမ္း ။ အဲဒီႏႈတ္ခမ္းေလးကို ပီပီျပင္ျပင္နမ္းဖို႔ အၾကံေတြထြက္လာစမ္းပါ ။ လက္ဝဲရပ္ေနသည့္ မွန္တင္ခံုေ႐ွ႕ကို ယာယာေလ်ွာက္သြားၿပီး

" ကိုကို ယာယာ့ကို ဒီအေပၚၾကယ္သီးေလး တပ္ေပးအံုး "

လက္ဝဲ ကိုင္ထားသည့္ေရေမႊးပုလင္းကို မွန္တင္ခံုေပၚ ျပန္တင္လိုက္သည္ ။ ေဘးနားတြင္လာရပ္သည့္ ယာယာ့ဘက္သို႔ လွည့္လိုက္ကာ အက်ႌၾကယ္သီးကို ငု႔ံၿပီးတပ္ေပးလိုက္၏ ။ ထိုအခ်ိန္ လက္ဝဲ၏ႏႈတ္ခမ္းေပၚ ေရာက္ရိွလာသည့္ အနမ္းတစ္ခု ။ ၾကယ္သီးတပ္ေနသည့္ လက္ဝဲ၏ လက္အစံုမွာ ရပ္တန္႔သြားေတာ့သည္ ။ လက္ဝဲ၏မ်က္ႏွာကို မက္မက္ေမာေမာၾကည့္ေနသည့္ ယာယာေၾကာင့္ လက္ဝဲမ်က္ႏွာသည္ ႐ွက္ေသြးျဖာသြားရ၏ ။

ၾကည့္ပါအံုး ။ ကိုကို႔မ်က္ႏွာက ရဲတြတ္သြားလိုက္တာ ။

" ကိုကို႔ကို နမ္းတာ မႀကိဳက္လို႔လားဟင္ ၊ အဲဒါဆိုရင္ ယာယာ ေတာင္းပန္ပါတယ္ ကိုကို "

ဝမ္းနည္းမႈအခ်ိဳ႕ ေရာစြက္ေနေသာ ထိုအသံေလးသည္ လက္ဝဲ၏ႏွလံုးသားကို နာက်င္ေစသည္ ။ မႀကိဳက္စရာလား ။ သိပ္ခ်စ္ရသည့္သူဆီကေန ရရိွသည့္အနမ္းကို မႀကိဳက္စရာလား ။ ထ္ုိေကာင္ေလးအေပၚ အျမဲတမ္း ႏူးႏူးည့ံည့ံသာ ခ်စ္ခ့ဲ၍ ျဖစ္လိမ့္မည္ ။ ႏႈတ္ခမ္းကိုနမ္းရမည္ကိုပင္ ႏွေျမာသလို ခံစားရသည္ ။ လက္ဝဲ အသက္ကို တဝႀကီး႐ႈသြင္းလိုက္ၿပီးေတာ့ ေခါင္းငု႔ံေနသည့္ ယာယာ့မ်က္ႏွာေလးကို လက္ႏွစ္ဖက္ႏွင့္ ပင့္ယူလိုက္သည္ ။ မ်က္ဝန္းၾကည္ၾကည္ေလးမ်ားႏွင့္ ျပန္ၾကည့္လာသည့္ ခ်စ္ရေသာသူ ။

လက္ဝဲႏႈတ္ခမ္းအစံုက ယာယာ၏ႏႈတ္ခမ္းေပၚသို႔ က်ေရာက္သြားေလသည္ ။ ေရခ်ိဳးၿပီးစျဖစ္ေသာေျကာင့္ ႏႈတ္ခမ္းအစံုသည္ ခပ္ေအးေအးျဖစ္၍ Colgateသြားတိုက္ေဆးန႔ံခပ္သင္းသင္းကိုလည္း ခံစားမိ၏ ။ အသိစိတ္အားလံုးသည္ ထိုအနမ္းႏွင့္အတူ ေမ်ွာပါသြားသည္ ။ လက္ဝဲနမ္းသည္ကို မ်က္လံုးမိွတ္ ေခါင္းေလးေမာ့၍ ခံယူေနသည့္ ယာယာ ။ ထိုအနမ္းသည္ ၾကမ္းတမ္းမႈမရိွဘဲ သိမ္ေမြ႔၏ ။ တကယ့္ကို ညင္ညင္သာသာန႔ဲ ။

လက္ဝဲခါးေပၚတြင္ ေရာက္ရိွေနသည့္ ယာယာ၏လက္မ်ားက ပို၍ပို၍တင္းလာသည္ ။ လက္ဝဲ သူ့အနမ္းမ်ားကို ယာယာ၏ႏႈတ္ခမ္းဆီမွ နဖူးျပင္ေလးေပၚသို႔ ေနရာေရြ႔လိုက္၏ ။ ထို႔ေနာက္ ယာယာ၏ ကိုယ္လံုးေလးကို တင္းတင္းၾကပ္ၾကပ္ ေပြ႔ဖက္လိုက္ၿပီး

" ဘယ္အခ်ိန္ထိ နမ္းဖို႔စဥ္းစားေနတာလဲ ယာယာ "

လက္ဝဲ စကားသံတြင္ ရယ္သံေရာစြက္ေနသည္ ။ ယာယာက မ်က္လံုးကို ပင့္ၾကည့္လိုက္ရင္း ျပံဳးတု႔ံတု႔ံမ်က္ႏွာထားန႔ဲ

" ယာယာကလား...အင္း...ယာယာက အခ်ိန္အၾကာႀကီးနမ္းခ်င္တာေလ ၊ ေအာက္ထပ္ကို မဆင္းေတာ့ဘဲ နမ္းပဲနမ္းေနရင္ ေကာင္းမလား...ကိုကို...ဟင္..."

လက္ဝဲ ယာယာ၏ နဖူးကို မနာေအာင္ခပ္ဖြဖြထုလိုက္သည္ ။ အတတ္ကေလး ။ စကားကေတာ့ တတ္သလားမေမးန႔ဲ ။

" ခဏေန ဘုန္းဘုန္းတို႔ႂကြလာမွာေလ ယာယာရ႕ဲ ၊ ေအာက္ထပ္ကိုမဆင္းလို႔ ရမလား ၊ အက်ႌၾကယ္သီးက တပ္ၿပီးသြားၿပီဆိုေတာ့ ပုဆိုးန႔ဲ တိုက္ပံုဝတ္ေတာ့ ၊ ေမေမတို႔ လာေခၚရရင္ အားနာစရာ ၊ ၿပီးတာန႔ဲ ေအာက္ထပ္ကို ဆင္းၾကမယ္ "

ယာယာက ေခါင္းကိုညိတ္ျပကာ ပုဆိုးႏွင့္တိုက္ပံုတင္ထားသည့္ ကုတင္ဆီကို ေလ်ွာက္သြားၿပီး ပုဆိုးအျပာေရာင္ေလးကို ေကာက္ဝတ္လိုက္သည္ ။ ထို႔ေနာက္ တိုက္ပံုကိုပါ တစ္ခါတည္းဝတ္လိုက္၏ ။

ယာယာေက်ာခိုင္းၿပီး ကုတင္ဆီေလ်ွာက္သြားမွ လက္ဝဲ သူ၏ရင္ဘတ္ကို ခပ္တင္းတင္းေလးဖိလိုက္သည္ ။ ဒီေလာက္ေလးနမ္းတာန႔ဲ ရင္ခုန္သံက မမွန္ခ်င္ေတာ့ ။ အနမ္းခပ္ၾကမ္းၾကမ္း သို႔မဟုတ္ ထို႔ထက္ပိုသည့္အရာကိုသာ ျပဳလုပ္ရလ်ွင္ လက္ဝဲေတာ့ မလြယ္ေရးခ်မလြယ္ေပ ။

အိမ္ေထာင္ဖက္ျဖစ္လာလ်ွင္ ထ္ုိအရာကျဖင့္ ၾကံဳရမည္သာ ။ ခက္ေနသည္က လက္ဝဲ၏စိတ္ ။ ထ္ုိအရာမ်ိဳးကို ယာယာအေပၚ မျပဳလုပ္ရက္ေပ ။ ဆံပင္ထဲ လက္ထိုးထည့္၍ ခပ္ၾကမ္းၾကမ္းကုတ္မိသည္ ။ မသိေတာ့ဘူး ။ ေနာင္ခါလာေနာင္ခါေစ်း ။ စစ္မျဖစ္ခင္ျမားကုန္မည့္ အေတြးမ်ားကို ခပ္ေဝးေဝးသို႔ လႊင့္ပစ္လိုက္ေတာ့မည္ ။

********

ဧည့္ခန္းထဲရိွ ဆိုဖာခံုမ်ားေပၚတြင္ ေဒၚမိုးေမ ၊ ေဒၚမိုးယုခင္ႏွင့္ ဦးဘုန္းပိုင္တို႔ထ္ုိင္ေန၍ ၾကမ္းျပင္ေပၚတြင္ လက္ဝဲႏွင့္ယာယာသည္ ေဘးခ်င္းကပ္ေဆာင့္ေျကာင့္ထိုင္၍ လူႀကီးသံုးေယာက္ကို ရိွခိုးကန္ေတာ့ေနၾကသည္ ။

ေဒၚမိုးေမ လက္ဝဲႏွင့္ယာယာကို အခ်ိန္ခဏၾကာ ေငးၾကည့္ေနၿပီးေတာ့မွ တုန္ယင္ေသာအသံျဖင့္

" ဘြားေျမးေလးႏွစ္ေယာက္လံုး သက္ဆံုးတိုင္ လက္တဲြႏိုင္ၾကပါေစ လို့ ဘြားဘြားက ဆု​ေတာင္းေပးတယ္ ၊ ေဘးဒုကၡအားလံုးကင္းေဝးပါေစ ၊ ယာယာ...ေျမးေလး ကိုကို႔ကို အႏိုင္မယူရဘူးေနာ္ ၊ ဘြားေျမးေလးမွာ လက္ဝဲေပးတ့ဲ အသက္ပဲရိွေတာ့တယ္ ၊ ေနာက္ၿပီးေတာ့ လက္ဝဲ... ဘြားဘြားကေလ လက္ဝဲကို အခုေျပာမ့ဲစကားေတြကို ေျပာဖို႔စဥ္းစားေနတာ ေတာ္ေတာ္ၾကာၿပီ ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေျပာျဖစ္ခ့ဲဘူး ၊ ပထမဆံုးေျပာခ်င္တာက ဘြားဘြားေလ အတၱေတြႀကီးခ့ဲတယ္ ၊ အဲဒီအတြက္လဲ ဘြားဘြားက ေတာင္းပန္တယ္ေနာ္ ၊ အခုအခ်ိန္မွာေတာ့ လက္ဝဲအေပၚမွာ ဘယ္လိုမေကာင္းတ့ဲ စိတ္ထားမ်ိဳးမွ မရိွေတာ့ဘူး ၊ ယာယာကို တစ္သက္လံုးေစာင့္ေ႐ွာက္ေပးပါ ၊ အဲဒီကေလးကေလ သူ႔ကမာၻမွာ လက္ဝဲဆိုတ့ဲေကာင္ေလးကို အခ်စ္ဆံုးပဲ ၊ ယာယာကို လက္ဝဲဆီကိုပဲ အပ္လိုက္ၿပီ ၊ ဘယ္လိုအခက္အခဲေတြကိုပဲ ၾကံဳလာပါေစ... တစ္ေယာက္လက္ကို တစ္ေယာက္ဆုပ္ကိုင္ၿပီး ေက်ာ္ျဖတ္ၾကေနာ္ "

" ဟုတ္က့ဲပါ ဘြားဘြား ၊ ကြၽန္ေတာ္ ယာယာ့ကို တစ္သက္လံုး ေစာင့္ေ႐ွာက္သြားမွာပါ ၊ ဘယ္လိုအခက္အခဲေတြကိုပဲ ရင္ဆိုင္ရပါေစ...ယာယာ့လက္ကို ဘယ္ေတာ့မွ မလႊတ္ပါဘူး ၊ ဘြားဘြား ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးကို စိတ္ခ်ပါ "

လက္ဝဲ၏စကားအဆံုး ေဒၚမိုးေမ၏ပါးျပင္ေပၚ မ်က္ရည္မ်ား စီးဆင္းလာသည္ ။ ေဘးခံုမွာထိုင္ေနသည့္ ေဒၚမိုးယုခင္က ေဒၚမိုးေမ၏လက္ကို ခပ္ဖြဖြဆုပ္ကိုင္ၿပီးေတာ့ ႏွစ္သိမ့္ျပံဳးေလးျပံဳးျပလိုက္၏ ။ ေဒၚမိုးေမလို အတၱကိုေ႐ွ႕တန္းတင္သည့္လူအတြက္ကေတာ့ ယခုက့ဲသို႔ စကားမ်ိဳးကို မွန္ကန္ေသာစိတ္ရင္းမပါဘဲ မေျပာႏိုင္ ။

ဦးဘုန္းပိုင္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ရင္း

" ေဖေဖကေတာ့ အမ်ားႀကီးေျပာစရာမရိွဘူး ၊ ေဖေဖ့သားႏွစ္ေယာက္ ေပ်ာ္ေနရင္ရၿပီ ၊ ေပ်ာ္ေအာင္ပဲေနၾကကြာ... အဲဒါတစ္ခုပဲ ေဖေဖ ေျပာခ်င္တယ္ ၊ မိုးလဲ ဆုေပးလိုက္အံုးေလ "

ေဒၚမိုးယုခင္က ဦးဘုန္းပိုင္၏စကားကို ေခါင္းညိတ္ျပကာ

" သားတို႔ေဖေဖ ေျပာသလိုပဲ ေမ့သားေလးႏွစ္ေယာက္ ေပ်ာ္ေနရင္ ေတာ္ပါၿပီ ၊ ေမေမ့အတြက္ကေတာ့ က်န္တာအားလံုးထက္ သားတ္ို႔ႏွစ္ေယာက္ရ႕ဲ ေပ်ာ္ရႊင္မႈကသာ အေရးႀကီးဆံုးေလ "

လက္ဝဲ သူ႔ေဘးနားရိွ ယာယာ၏လက္ကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္ၿပီးေတာ့ ခံုေပၚရိွလူႀကီးသံုးေယာက္၏မ်က္ႏွာမ်ားကို ေသေသခ်ာခ်ာၾကည့္လိုက္သည္ ။ လက္ဝဲ၏မ်က္ႏွာေပၚတြင္ တည္ၾကည္မႈအျပည့္ ။

" ယာယာ့လက္ကို ကြၽန္ေတာ္ေသသြားမွပဲ လႊတ္ေပးမွာပါ "

ထိုစကားတစ္ခြန္းသည္ စကားအမ်ားႀကီးထက္ပို၍ ထိေရာက္သည္ ။ လူႀကီးသံုးေယာက္လံုးရ႕ဲ မ်က္ႏွာေတြမွာလဲ အျပံဳးပန္းေဝေနသလို လူငယ္ႏွစ္ေယာက္ရ႕ဲ မ်က္ႏွာေပၚမွာလဲ အေပ်ာ္ေတြက မဖံုးႏိုင္မဖိႏိုင္ ။ ဒီေန႔ကစၿပီး သူတို႔ႏွစ္ေယာက္ကို ေသျခင္းတရားတစ္ခုကသာ ခဲြဖို႔တတ္ႏိုင္ေတာ့မယ္ ။

ေဒၚမိုးေမ သူ့ပခံုးေပၚတြင္ျခံဳထားေသာ ပိုးသားတဘက္အနီေရာင္ကို လက္ေပၚသို႔ေျပာင္းလိုက္သည္ ။ ထို႔ေနာက္ ၾကမ္းျပင္ေပၚရိွ လက္ဝဲႏွင့္ယာယာအျပင္ ခပ္လွမ္းလွမ္းရိွ ေတဇႏွင့္ေသာ့္ကိုပါ ျခံဳငံုၾကည့္လိုက္ၿပီး ထိုင္ေနရာမွ မတ္တတ္ထရပ္လိုက္၏ ။

" ဘြားဘြားကေတာ့ အခန္းထဲဝင္ၿပီးနားေတာ့မယ္ေနာ္ ၊ ေတဇန႔ဲေသာ္က ေနအံုးမယ္မို႔လား "

ေတဇေရာ ေသာ္ပါ ၿပိဳင္တူေခါင္းညိတ္လိုက္သည္ ။

" ဟုတ္...ဘြားဘြား...ေသာ္တို႔ ခဏေနအံုးမယ္ ၊ လက္ဝဲတို႔န႔ဲလဲ ေျပာစရာေလးေတြရိွေသးလို႔ "

" ေအး...ေအး...အဲဒါဆိုရင္ ကေလးေတြလြတ္လြတ္လပ္လပ္ စကားေျပာၾက ၊ ဘုန္းပိုင္န႔ဲ မိုးယုခင္လဲ နားၾကေတာ့ေလ "

ေဒၚမိုးေမ၏စကားေၾကာင့္ ဦးဘုန္းပိုင္ႏွင့္ေဒၚမိုးယုခင္ ထိုင္ခံုမ်ားမွ အလိုက္တသိ ထလိုက္ၾကသည္ ။

လူႀကီးမ်ား မရိွေတာ့မွ ေတဇႏွင့္ေသာ္ လက္ဝဲတို႔အနား ေျပာင္းထိုင္လိုက္သည္ ။ လက္ဝဲက ခံစားခ်က္မ်ားကို သိုဝွက္တတ္သူပီပီ တည္ၿငိမ္ေနေသာ္လည္း ယာယာမ်က္ႏွာတြင္ေတာ့ ေပ်ာ္ရႊင္မႈမ်ား ျပည့္ဝစြာလႊမ္းမိုးထားသည္ ။

ေသာ္ ခ်စ္ရသည့္လူသားႏွစ္ေယာက္၏ မ်က္ႏွာကို ၾကည့္၍မဝႏိုင္ ။ ​ေသာ္ ယာယာ့လက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္ေတာ့ မ်က္ဝန္းၾကည္ၾကည္ေလးႏွင့္ ျပန္ၾကည့္လာသည္ ။ ထိုအခ်ိန္တြင္ ယာယာက ေသာ္မထင္မွတ္ထားေသာ အျပဳအမႈတစ္ခုက္ုိ ျပဳလုပ္လိုက္၏ ။

ယာယာသည္ ထိုင္ေနသည့္ေနရာမွ ေနာက္သို့အနည္းငယ္ဆုတ္လိုက္ၿပီးေတာ့ ေတဇႏွင့္ေသာ္ကို ထိုင္ကန္ေတာ့လိုက္ျခင္းျဖစ္၏ ။ ယာယာ ထိုသို႔ကန္ေတာ့လိုက္ေတာ့ ေတဇမ်က္ႏွာမွာ ႐ိႈးတိုး႐ွန္႔တန္႔ျဖစ္သြားသည္ ။ ေသာ္ကေတာ့ မ်က္ႏွာထား ခပ္ျပံဳးျပံဳးျဖင့္

" ယာယာေရ... ဘာျဖစ္လို႔ မမတို့္ကို ကန္ေတာ့ရတာလဲ "

" ေက်းဇူးတင္လို႔ပါ မမ ၊ ယာယာ မမန႔ဲ ကိုကိုေတဇတို႔ကို တကယ္ေက်းဇူးတင္ပါတယ္ ၊ ယာယာန႔ဲကိုကို႔ဘက္က ရပ္တည္ေပးလို႔ ၊ ယာယာတို႔ရ႕ဲ အခက္အခဲေတြကို အျမဲကူညီေျဖ႐ွင္းေပးလို႔ ...ေျပာမျပတတ္ေအာင္ ေက်းဇူးတင္တယ္ ၊ တစ္ခုခုျပန္လုပ္ေပးခ်င္ေပမ့ဲ မမတို႔က ျပည့္စံုၿပီးသားေလ ၊ ယာယာ့အကူအညီကို မမတို႔လိုအပ္ခ့ဲရင္
ေျပာရမယ္ေနာ္ ၊ ဘာကိစၥကိုပဲျဖစ္ျဖစ္ ယာယာလုပ္ေပးမယ္ "

ေတဇက " ရပါတယ္ကြာ "ဟုေျပာလိုက္ေသာ္လည္း ေသာ္က ယာယာပခံုးစြန္းေလးကို ညင္သာစြာပုတ္လိုက္ၿပီးေတာ့

" သိပ္ခ်စ္ဖို႔ေကာင္းတ့ဲ ေမာင္ငယ္ေလး ၊ မမကေလ ယာယာတို႔ဆီကေန ဘာျပန္လိုခ်င္ပါတယ္ဆိုတ့ဲ စိတ္မရိွဘူး ၊ မမ တတ္ႏိုင္တာေလး ကူညီေပးလိုက္တယ္ ၊ အဲဒီအေပၚမွာ ယာယာတို႔အဆင္ေျပသြားတယ္ဆိုရင္ ေက်နပ္ၿပီ "

စကားဝိုင္းသည္ ခဏတာမ်ွတိတ္ဆိတ္သြား၏ ။ ေတဇက ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ကာ

" ယာယာ့အတြက္ ကိုကိုေတဇ လက္ေဆာင္ဝယ္လာတယ္ ၊ အဲဒါကားေပၚမွာ က်န္ေနခ့ဲလို႔... လိုက္ယူအံုး "

" ဟုတ္က့ဲ "

အနားကေန ထြက္သြားသည့္ ယာယာ့ကို လက္ဝဲ မ်က္စိတစ္ဆံုး လိုက္ၾကည့္မိေနသည္ ။ အနားမွာ ယာယာမရိွေတာ့တာန႔ဲ တစ္ခုခုဟာသြားသလိုလို ။ ဟိုေကာင္ေတဇကလဲ လက္ေဆာင္ေပးခ်င္တာမ်ား သူ႔ဘာသာ ကားထဲကသြားယူတာ မဟုတ္ဘူး ။ ယာယာ့ကိုပါ တကူးတကေခၚသြားရေသးတယ္ ။ သူ႔လက္ေဆာင္က ဘယ္ေလာက္ေတာင္မ်ား ႀကီးေနလဲမသိဘူး ။

အေပါက္ဝဆီကိုပဲ တေမ်ွာ္ေမ်ွာ္ျဖစ္ေနသည့္ လက္ဝဲေၾကာင့္ ေသာ္ ခပ္တိုးတိုး ရယ္မိသြားသည္ ။ ေသာ့္ရယ္သံေၾကာင့္ လက္ဝဲ၏အၾကည့္မ်ားသည္ တံခါးဝဆီမွ ေသာ့္ဆီသို႔ ေရြ႔လာ၏ ။ လက္ဝဲမ်က္ႏွာသည္ မလံုမလဲ ႐ွက္ကိုး႐ွက္ကန္းဟန္လည္း ေပၚေနေသးသည္ ။ လက္ဝဲ နားထင္စပ္ကို လက္ညွိဳးႏွင့္ကုတ္လ်က္

" ေသာ္ ရယ္ေတာ့ ကြၽန္ေတာ္ ႐ွက္တာေပါ့ "

ထိုစကားကိုေျပာေသာ လက္ဝဲအသံသည္ ခပ္တိမ္တိမ္သာ ။

ေသာ္ ေအာက္ႏႈတ္ခမ္းကို သြားႏွင့္ဖိကိုက္လိုက္ၿပီးမွ

" ေသာ့္ဘာသာ ရယ္တာပါကြယ္ ၊ မလံုတ့ဲအိုးက အေပါက္ႀကီးန႔ဲဆိုသလိုပဲ လက္ဝဲဘာသာ အိုးမလံုအံုပြင့္တာပါေနာ္ "

ေသာ့္စကားေၾကာင့္ လက္ဝဲမ်က္ႏွာ ခ်က္ခ်င္းရဲတက္လာသည္ ။ သူ၏ ယာယာအေပၚကို တြယ္တာမႈသည္ သိပ္ၿပီးသိသာထင္႐ွားေနျခင္းသာ ျဖစ္ေပလိမ့္မည္ ။ ေတဇကလည္းေတဇမို႔ ၊ ယခုလည္း ေသာ္ကပါ လက္ဝဲ၏အျဖစ္သည္းမႈကို ရိပ္မိသြားၿပီ ။

" ေသာ္ေျပာရင္လဲ ခံရမွာပဲဗ်ာ ၊ နဂိုကဆိုရင္ ကြၽန္ေတာ္ ကိုယ့္ဘာသာေနတတ္ပါတယ္ ၊ ေနမေကာင္းျဖစ္ၿပီးေနာက္မွပဲ ယာယာ့အေပၚကို ပိုပိုၿပီး တြယ္တာလာတာ ၊ ကြၽန္ေတာ္ ကေလးသိပ္ဆန္သြားလား...ေသာ္ "

ေသာ္ လက္ႏွင့္ေခါင္းကို တၿပိဳင္တည္းခါလိုက္ကာ

" ေသာ္က စတာပါ လက္ဝဲရ႕ဲ ၊ တစ္ေယာက္န႔ဲတစ္ေယာက္ ခ်စ္ေနတာ ဘယ္ေလာက္ေကာင္းလဲ ၊ ေသာ္တို႔ကလဲ အခုလိုပံုစံမ်ိဳးေလးပဲ ျမင္ခ်င္တာ ၊ အခုလိုေလး ျမင္ရတာကိုလဲ သိပ္စိတ္ခ်မ္းသာတယ္ ၊ လက္ဝဲက ကေလးဆန္တာ မဟုတ္ပါဘူး ... ယာယာက လူႀကီးဆန္လာတာ ၊ ဒီႏွစ္ပိုင္းေလးအတြင္းမွာပဲ ယာယာက အမ်ားႀကီးရင့္က်က္လာတယ္ ၊ အခုဆ္ုိရင္ လူႀကီးေပါက္စေလးလိုပဲ ...ခ်စ္စရာေကာင္းခ်က္ "

လက္ဝဲသည္ ေထာက္ခံဟန္ျဖင့္ ေခါင္းညိတ္ျပ၏ ။ စကားဝိုင္းသည္ ခဏတာမ်ွ တိတ္ဆိတ္သြားသည္ ။ ေသာ္က တစ္ခုခုကို စဥ္းစားမိဟန္ျဖင့္

" လက္ဝဲတို႔က မနက္ျဖန္မနက္ ကေလာသြားမွာမို႔လား "

" ဟုတ္တယ္ ေသာ္ ၊ မနက္အေစာသြားမွာ "

" အင္း...လက္ဝဲတို့ ​ေပ်ာ္ဘြယ္ေရာက္တာန့ဲ ေသာ္ ေပးထားတ့ဲ ဖုန္းနံပါတ္ကို ဆက္လိုက္ေနာ္ ၊ လက္ဝဲတို႔ကားကို ေမာင္းေပးမ့ဲေကာင္ေလးကိုေတာ့ ႀကိဳေစာင့္ခိုင္းထားၿပီးသား ၊ သူပဲ ကေလာအထိ ကားေမာင္းေပးလိမ့္မယ္ "

" ဟုတ္က့ဲ ...ေသာ္ ကြၽန္ေတာ္ ေပ်ာ္ဘြယ္ၿမိဳ႕ထဲေရာက္တာန႔ဲ ဆက္လိုက္ပါမယ္ "

ေသာ္ဆ္ိုသည့္ အမ်ိဳးသမီးေလးမွာ လက္ဝဲတို႔မိသားစုအတြက္ျဖင့္ ဆုလာဘ္တစ္ပါးဟုပင္ ေျပာရမည္ ။ လက္ဝဲ ဘဝတြင္ ေမေမၿပီးလ်ွင္ ေသာ္ေသာ္ေနခဆိုသည့္ အမ်ိဳးသမီးေလးကို ေလးစားဆံုးပင္ ။ ထိုအမ်ိဳးသမီးေလး၏ ေက်းဇူးတရားမ်ားကိုလည္း ဘယ္ေသာအခါမွ ေမ့မည္မဟုတ္ ။

ယခုခရီးစဥ္တြင္လည္း ေသာ္၏ စီစဥ္ေပးမႈ အမ်ားသား ။ လက္ဝဲတို႔ ပထမစီစဥ္ထားတာက ရန္ကုန္ကေနဟဲဟိုးကို ေလယာဥ္စီး ၊ အဲဒီကေနမွ ကေလာကိုကားန႔ဲ ဆက္သြားဖို႔ ။ ေတာင္ေပၚလမ္းဆိုေတာ့ ယာယာ့ကိုလဲ မေမာင္းေစခ်င္ဘူးေလ ။ လက္ဝဲက်ေတာ့လဲ ေမေမတို႔က ကားမေမာင္းရဘူးတ့ဲ ။ ဒါကေတာ့ လူႀကီးေတြ အစီအစဥ္ေပါ့ ။ ယာယာကက်ေတာ့ ကိုယ့္ကားန႔ဲကိုယ္သြားခ်င္တယ္လို႔ အဆိုျပဳတာ ။ အမွတ္တရျဖစ္ေအာင္တ့ဲ ။ ေမေမတို႔က ေတာင္ေပၚလမ္းမို႔ စိတ္မခ်ဘူးလို႔ ေျပာတ့ဲအခါ သူ႔ဆႏၵကို ေသာ့္ကို သြားေျပာပါေရာ ။ ေသာ္က ယာယာ့ဆႏၵလဲျပည့္ ၊ လူႀကီးေတြလဲ စိတ္မပူရေအာင္ သူ႔ဟိုတယ္က ဝန္ထမ္းတစ္ေယာက္ကို ေပ်ာ္ဘြယ္ၿမိဳ႕ကိုဆင္းၿပီး ႀကိဳခိုင္းမယ္လို႔ ဆိုတယ္ ။

" ေက်းဇူးပါ ေသာ္ "

အဆက္အစပ္မရိွေျပာလိုက္သည့္ လက္ဝဲစကားေၾကာင့္ ေသာ္ ေၾကာင္သြားရသည္ ။

" ဘာအတြက္လဲ လက္ဝဲ "

" အရာရာအတြက္ပါ ေသာ္ ၊ ေနာင္သံသရာမွာမ်ား ျပန္ဆံုျဖစ္ရင္ ေသာ့္ကို ကြၽန္ေတာ့္ရ႕ဲ အေမ ဒါမွမဟုတ္ အစ္မအရင္း ျဖစ္ေစခ်င္တယ္ "

ေသာ့္မ်က္ဝန္းအိမ္တြင္ မ်က္ရည္စမ်ားေဝ့သီလာသည္ ။ ေသာ္ ထိုမ်က္ရည္စမ်ား မ်က္ရည္အျဖစ္ေျပာင္းမသြားေအာင္ အေပၚမ်က္ႏွာၾကက္ကို ေမာ့ၾကည့္ၿပီးေတာ့မွ လက္ဝဲကို အျပံဳးမ်က္ႏွာေလးႏွင့္ၾကည့္လိုက္၏ ။

" ေသာ္ ဝမ္းပန္းတသာန႔ဲ လက္ခံပါတယ္ လက္ဝဲရယ္ "

*******

ကားေနာက္ခန္းထဲမွ စကၠဴ အိတ္ခပ္ႀကီးႀကီးတစ္ခုကိုယူ၍ ယာယာ့လက္ထဲသို႔ ေတဇထည့္ေပးသည္ ။ ယာယာ သူ႔လက္ထဲမွ စကၠဴ အိတ္ႏွင့္ ေတဇကို အျပန္ျပန္အလွန္လွန္ၾကည့္ၿပီးေတာ့

" ဒီအိတ္က ဘာလဲဟင္ ကိုကိုေတဇ "

ယာယာ၏အေမးစကားကိုမေျဖခင္ ေတဇ ရယ္ခ်င္စိတ္ကိုမနည္းထိန္းလိုက္ကာ

" ယာယာန႔ဲ လက္ဝဲအတြက္ မရိွမျဖစ္လိုတ့ဲပစၥည္းေတြေလ ၊ အခုေတာ့ မၾကည့္န႔ဲအံုး ၊ ညက်မွၾကည့္ေနာ္ ၊ ေနာက္ၿပီးေတာ့ လက္ဝဲမျမင္ေစန႔ဲ ၊ မဟုတ္ရင္ အဲဒီေကာင္က ကိုကိုေတဇကို ပြစိပြစိေျပာေနမွာ"

ပုုတ္သင္ညိဳက့ဲသို႔ ေခါင္းတဆတ္ဆတ္ညိတ္ျပသည့္ ယာယာ ။ လက္ထဲမွ စကၠဴ အိတ္ကိုလည္း က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားေသး၏ ။

ထိုစကၠဴ အိတ္ကိုေတြ႔လ်ွင္ ျဖစ္သြားမည့္ လက္ဝဲ၏ပံုစံအေနအထားကို ေတဇ စိတ္ကူးထဲျမင္ေယာင္ၿပီး တခိြခိြႏွင့္ အေတာမသတ္ရယ္မိေတာ့သည္ ။ ေတဇ၏ ပံုစံေၾကာင့္ ယာယာစိတ္ထဲ သံသယမ်ားဝင္လာ၏ ။ ကိုကိုေတဇက ဘာျဖစ္လို႔အခုလိုမ်ိဳး ရယ္ေနရတာလဲ ။ ယာယာ သူ႔လက္ထဲရိွ စကၠဴ အိတ္ကို ခပ္သာသာ ခါၾကည့္လိုက္ၿပီး

" ကိုကိုေတဇ ဒီစကၠဴ အိတ္ထဲမွာ ဘာေတြပါတာလဲ "

အားပါးတရရယ္လိုက္ျခင္းေၾကာင့္ မ်က္လံုးေထာင့္စြန္းတြင္ စိုစြတ္လာေသာမ်က္ရည္စမ်ားကို ေတဇ လက္ႏွင့္သုတ္လိုက္ကာ

" မေကာင္းတ့ဲပစၥည္းမဟုတ္ပါဘူး ယာယာရ႕ဲ ၊ ဘာမွမစိုးရိမ္န႔ဲေနာ္ ၊ ကိုကိုေတဇက ယာယာတို႔အတြက္ အသံုးဝင္မ့ဲပစၥည္းေတြကို ေသခ်ာေလးေရြးေပးထားတာ... သိလား "

ယာယာ ေခါင္းကိုသာ ညိတ္ျပလိုက္သည္ ။ ကိုကိုေတဇဆိုတာက သူတို႔ကို ဒုကၡေရာက္ေအာင္လုပ္မ့ဲသူမွ မဟုတ္တာေလ ။ ဘာပစၥည္းေတြလဲဆိုတာကိုေတာ့ သိခ်င္မိသား ။ ကိုကို႔အလစ္က်မွ ဖြင့္ၾကည့္ရမယ္ ။

ေရခ်ိဳးခန္းေ႐ွ႕ အေတာင့္သားရပ္ေနသည့္ ယာယာ ။ ေရခ်ိဳးခန္းအတြင္းမွ ေရက်သံၾကားလိုက္သည္ႏွင့္ ကုတင္ရိွရာဆီသို႔ သုတ္ခနဲေျပးၿပီး ကုတင္ေအာက္တြင္ထားထားသည့္ စကၠဴ အိတ္ကို ဆဲြထုတ္လိုက္၏ ။ စကၠဴ အိတ္တြင္ကပ္ထားသည့္ တိပ္အဝါစေလးမ်ားကိုလည္း ဖယ္ရေသးသည္ ။ ေနာက္ေက်ာမလံုစြာျဖင့္ ေရခ်ိဳးခန္းရိွရာသို႔ တစ္ခါတစ္ခါလွည့္ျကည့္ရေသး၏ ။

စကၠဴ အိတ္ထဲမွ ပစၥည္းမ်ားကိုျမင္သည္ႏွင့္ ခႏၶာကိုယ္တစ္ခုလံုး ပူထူသြားရသည္ ။ အမ်ိဳးအစားစံုလင္လွသည့္ကြန္ဒံုးမ်ား ၊ေခ်ာဆီငါးဘူး ၊ ​ေဆးကတ္မ်ားႏွင့္လိမ္းေဆးအခ်ိဳ႕ေၾကာင့္ ႏွလံုးခုန္ႏႈန္းမ်ား အဆမတန္ျမန္ဆန္လာရ၏ ။ ထိုအခ်ိန္မွာ ေရခ်ိဳးခန္းတံခါးဖြင့္သံကို ၾကားလိုက္ရေသာေၾကာင့္ စကၠဴ အိတ္ကို ကုတင္ေအာက္ဆီသို႔ ခပ္ျမန္ျမန္ပစ္ထည့္လိုက္ရသည္ ။

လက္ဝဲသည္ ကုတင္ေဘးနားမွာ ၿငိမ္သက္စြာရပ္ေနေသာ ယာယာကို

" ယာယာ ဘာျဖစ္ေနတာလဲ "

ေခါင္းကိုသာခါျပသည္ ။ လက္ဝဲ ယာယာအနားသို႔ေလ်ွာက္သြားၿပီး ၾကည့္လိုက္သည့္အခါ မလံုမလဲဟန္ျဖင့္ျပန္ၾကည့္လာေလ၏ ။ ဒီေကာင္ေလး ဘာျဖစ္ေနတာပါလိမ့္ ။ ခုနတုန္းကေတာင္ ရယ္ရယ္ေမာေမာရိွေနေသးတာေလ ။ အခုေတာ့ မ်က္ႏွာတစ္ျပင္လံုးလဲ နီရဲလို႔ ။ လက္ဝဲ ယာယာပခံုးကို ကိုင္လိုက္သည့္အခါ ယာယာ့ခႏၶာကိုယ္က တစ္ခ်က္တုန္သြား၏ ။ ခက္ေတာ့ခက္ေနၿပီ ။ ဒီေကာင္ေလး သူ႔ကိုမ်ားေၾကာက္ေနတာလား ။

" ယာယာ မ်က္ႏွာသစ္ သြားတိုက္လိုက္အံုး "

ေခါင္းညိတ္ျပၿပီး ေရခ်ိဳးခန္းဆီသို႔ အေျပးအလႊားထြက္သြားသည့္ ယာယာ ။ ေခ်ာ္လဲမလိုပင္ျဖစ္သြားေသး၏ ။ လက္ဝဲ ယာယာ၏ပံုစံေလးေၾကာင့္ ျပံဳးပင္ျပံဳးမိသြားသည္ ။ ယာယာကေတာ့ အခုထိကို ကေလးေလးလို ျဖစ္ေနတုန္း ။

ေရခ်ိဳးခန္းထဲေရာက္သည္ႏွင့္ မ်က္ႏွာသစ္ၿပီး ခပ္ျမန္ျမန္သြားတိုက္လိုက္သည္ ။ ကိုကို႔မ်က္ႏွာႏွင့္ စကၠဴ အိတ္ထဲမွပစၥည္းမ်ားကို ျမင္ေယာင္ၾကည့္သည့္အခါ ရင္အစံုက တသိမ့္သိမ့္တုန္၏ ။ ေအာက္ႏႈတ္ခမ္းကိုသြားႏွင့္ဖိကိုက္ၿပီး တခိခိလည္း ရယ္မိေသးသည္ ။ မဂၤလာဦးညဆ္ုိေတာ့လဲ မဂၤလာဦးညကို ခ်စ္ရတ့ဲ ကိုကိုန႔ဲအတူတူေပါ့...။

ေရခိ္်ဳးခန္းထဲမွအထြက္ ယာယာမ်က္ခံုးအစံုသည္ အလိုမက်မႈေၾကာင့္ တြန္႔ေကြးသြားရသည္ ။ ကိုကိုက ညအိပ္ဝတ္စံုကိုလဲထားၿပီး အိပ္ရာေပၚမွာပင္ လဲအိပ္ေနၿပီ ။ ဘာလဲ ကိုကိုက ဘာမွမဘာဘဲ အိပ္ေတာ့မွာလား ။ မျဖစ္ႏိုင္တာ ။ မျဖစ္ႏိုင္တာ ။ အနည္းငယ္က်န္ေသာ ေမ်ွာ္လင့္ခ်က္ေလးျဖင့္

" ကိုကိုက အိပ္ေတာ့မွာလား "

" အင္းေလ... အိပ္ေတာ့မွာေလ ၊ ယာယာ မီးပိတ္လိုက္အံုးေနာ္ "

ယာယာ ေျခတစ္ခ်က္ေဆာင့္လိုက္ကာ အခန္းမီးကိုပိတ္လိုက္၏ ။ ညအိပ္မီးကိုဖြင့္လိုက္၍ ျပာလ့ဲလ့ဲမီးေရာင္ေလးသည္ အခန္းတြင္းျဖန္႔က်က္သြားသည္ ။ လက္ဝဲ မတ္တတ္ရပ္ေနဆဲျဖစ္ေသာ ယာယာကိုၾကည့္၍

" ယာယာ ဒီညေစာေစာအိပ္ရေအာင္ေနာ္ ၊ မနက္ေစာေစာထရမွာဆိုေတာ့ အိပ္ေရးဝမွျဖစ္မွာေလ ၊ အိပ္ေရးမဝရင္ ယာယာ ကားေမာင္းလို႔အဆင္ေျပမွာ မဟုတ္ဘူး ၊ ကိုကိုတို႔ေစာေစာအိပ္ၾကမယ္ေနာ္ "

သြားၿပီ ။ သြားၿပီ ။ ခဲေလသမ်ွ သဲေရက်ၿပီ ။ ကိုကိုက တကယ္ကို အိပ္ေတာ့မ့ဲပံု ။ ေျခရင္းရိွေစာင္ကိုပင္ယူၿပီးေတာ့ ျခံဳေနၿပီဆိုေတာ့ ဘာဆိုဘာမွ မဘာရေတာ့ဘူးေပါ့ ။

ဒီညေတာ့ ထားလိုက္ေတာ့မယ္ ။ ကေလာေရာက္ရင္ေတာ့ ကိုကို ယာယာလက္က ေျပးမလြတ္ေစရဘူး...ၾကည့္ေန ။ ကိုကိုေတဇ ေပးထားတ့ဲပစၥည္းေတြကို ကေလာၿမိဳ႕မွာပဲ ကုန္ေအာင္သံုးပစ္ခ့ဲမယ္...ဟင္း...ဟင္း...။

Unicode

" လက်စွပ်လေးတွေကို ဝတ်ကြည့်လိုက်အုံး... သားတို့ ၊ တစ်ခုခု အဆင်မပြေရင်လဲ ပြောနော် ၊ အချိန်ရှိတုန်းလေးပြင်ရအောင် "

ထိုစကားကိုပြောလိုက်သည့် ဒေါ်မိုးယုခင်၏မျက်နှာတွင် ပျော်ရွှင်ခြင်းများ အပြည့်အလျှံနှင့် ။ ဦးဘုန်းပိုင် ဒေါ်မိုးယုခင်၏ ပျော်ရွှင်မြူးတူးနေသော ပုံစံလေးကိုကြည့်ပြီး စချင်လာသဖြင့်

" ဝတ်ကြည့်လိုက်အုံး သားတို့... မင်းတို့မေမေကလေ ဖေဖေနဲ့လက်ထပ်တုန်းကတောင် အခုလိုမျိုး စိတ်လှုပ်ရှားခဲ့တာ မဟုတ်ဘူး ၊ အခုတော့ကွာ မိုးခမျာ တစ်နေ့တစ်နေ့ သားတို့မင်္ဂလာရက်ကိုပဲ လက်ချိုးရေနေတာကွ "

ခင်ပွန်းဖြစ်သူ၏စကားကြောင့် ဒေါ်မိုးယုခင် နှုတ်ခမ်းကိုစူလိုက်ပြီး

" မိုးက အမေလေ...ကိုရဲ့ "

" အေးပါကွာ...အေးပါ ၊ ကို့မိန်းမလေး ပျော်နေရင် ကိုလဲပျော်ပါတယ် ၊ ကဲ...ကဲ သားတို့် လက်စွပ်လေးတွေ ဝတ်ကြည့်လိုက်ပါအုံး "

လက်ဝဲနှင့်ယာယာသည် နဂိုဝတ်ဆင်ထားသည့် ငွေလက်စွပ်များဆီသို့ အကြည့်ရောက်သွားသည့်အခါဝယ် တိုင်ပင်ထားခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်လိုက်မိကြသည် ။ နှစ်ယောက်လုံး၏ မျက်နှာများသည် အနည်းငယ်ညှိုးနွမ်းသွားကြ၏ ။ သားနှစ်ယောက်၏ ပျက်ယွင်းသွားသောမျက်နှာများကြောင့် ဒေါ်မိုးယုခင် စိတ်ထဲဘဝင်မကျ ဖြစ်သွားရ၏ ။ ဒီကလေးနှစ်ယောက် ဘာဖြစ်သွားတာပါလိမ့် ။

" ယာယာ...ဘာဖြစ်လို့လဲ သားငယ်လေး ၊ နှစ်ယောက်လုံး ဘာဖြစ်လ်ို့ မျက်နှာပျက်သွားကြတာလဲ "

ယာယာ သူ့လက်လေးကို ဒေါ်မိုးယုခင် မြင်အောင် ထောင်ပြလိုက်ကာ

" ဒီလက်စွပ်လေးကို ချွတ်ပစ်ရမှာ နှမြောလို့ပါ မေမေ "

ယခုမှသာ စိတ်ပေါ့သွားရသည် ။

" သြော်...သားငယ်လေးရယ် လွှင့်ပစ်ရတာမှ မဟုတ်တာ ၊ အမှတ်တရအဖြစ် သိမ်းထားပေါ့ ၊ ဒီကလေးတွေကတော့ သိပ်အတွေးများကြတာပဲ ၊ ကဲ...ကဲ... လက်စွပ်က ဒီနေ့ဝတ်ဖြစ်အုံးမှာလား "

ထိုအခါမှသာ နှစ်ယောက်သား ပြုံးနိုင်သွားသည် ။

မျက်နှာချင်းဆိုင်ရှိ ဆိုဖာခုံများတွင် ထိုင်နေသည့် လက်ဝဲနှင့်ယာယာက စားပွဲခုံပေါ်တွင်ရှိနေသော ကတ္တီပါဘူးအနီရောင်ထဲမှ စိန်လက်စွပ်နှစ်ကွင်းကို အသီးသီးယူလိုက်၍ အပြန်အလှန် ဝတ်ပေးလိုက်ကြသည် ။

" အဆင်ပြေကြရဲ့လား "

ဒေါ်မိုးယုခင်၏ အမေးစကားကို ခေါင်းညိတ်၍သာ ဖြေလိုက်သည့် လက်ဝဲ ။

ယာယာ လက်စွပ်ဝတ်ထားသည့်ဘယ်လက်လေးကို ထောင်ကြည့်လိုက်ရင်း

" အဆင်ပြေတယ် မေမေ ၊ ယာယာလက်နဲ့အတော်ပဲ သိလား ၊ ဒီလက်စွပ်က တန်ဖိုးကြီးမှာနော် "

" တန်ဖိုးမကြီးပါဘူး သားငယ်လေးရဲ့ ၊ မေမေတို့မှာ ဒါလေးပဲလုပ်ပေးစရာရှိတာ ၊ မေမေက ဒီထက်ပိုတန်ဖိုးရှိတာကို လုပ်ပေးချင်တာ ၊ ယောက်ျားလေးတွေဆိုတော့ သိပ်ကြီးသွားရင် မဝတ်ရဲမှာစိုးရိမ်လို့ ခပ်သေးသေးပဲ လုပ်လိုက်ရတယ် "

ယာယာ သူ့ဘယ်ဘက် လက်သူကြွယ်တွင် ဝတ်ထားသည့် ရွှေရောင်လက်စွပ်လေးကို တစိမ့်စိမ့်ကြည့်နေမိသည် ။ ရွှေထည်ပစ္စည်းများကို မနှစ်သက်သော်လည်း ယခုလက်စွပ်လေးကိုဖြင့် သဘောကျလှ၏ ။ ထိုလက်စွပ်လေးက ကိုကိုနှင့်သူ့ကို တရားဝင်အသိအမှတ်ပြုမည့် အရာဝတ္ထုလေးတစ်ခု ။ ကိုကို့ရဲ့ ပိုင်ဆိုင်သူက သူဖြစ်လာပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်သူနေရာမှာတော့ ကိုကိုပေါ့ ။

စိန်တစ်ပွင့်စီ မြှုပ်နှံထားသည့် လက်စွပ်များ၏ အတွင်းဘက်နေရာတွင် လက်ဝဲ၏အတိုကောက်စာလုံး LW နှင့် လက်ယာ၏အတိုကောက်စာလုံး LYကို သေသပ်လှပစွာ ပုံဖော်ထားသည် ။

ယာယာက LWစာလုံးပါသည့် လက်စွပ်ကိုဝတ်၍ လက်ဝဲက LYစာလုံးပါသည့် လက်စွပ်ကိုဝတ်ထားသည် ။

ဦးဘုန်းပိုင် ဇနီးဖြစ်သူနှင့် သားနှစ်ယောက်ကို ပီတိလွှမ်းခြုံထားသော အကြည့်များဖြင့် ကြည့်နေမိသည် ။ မိုးမျက်နှာလေးကလဲ အခုမှသာ ရွှင်ရွှင်ပျပျနဲ့ ။ ကြီးကြီးကျယ်ကျယ် မင်္ဂလာပွဲတစ်ခုကို မကျင်းပပေးနိုင်သော်လည်း လုပ်နိုင်သမျှဖြင့် အကောင်းမွန်ဆုံးဖြစ်စေချင်သည်မှာ ဦးဘုန်းပိုင်နှင့်ဒေါ်မိုးယုခင်၏ဆန္ဒ။ ကျန်သည့်အရာအားလုံးထက် ချစ်ရသောသူများ စိတ်ချမ်းသာရေးသည်သာ ဦးဘုန်းပိုင်အတွက် အရေးကြီးဆုံး ။ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ဖြစ်သော ပတ်ဝန်းကျင်စကားများထက် ချစ်ရသူများ၏ အပြုံးမျက်နှာသည်သာ ပိုအရာဝင်သည် ။

ဒေါ်မိုးယုခင်က လက်ဝဲကို

" သားကြီး မင်္ဂလာပွဲကို ဘယ်သူ့ဖိတ်ဖို့ စိတ်ကူးထားသေးလဲ "

မင်္ဂလာပွဲဆ်ိုသော်လည်း အမှန်အားဖြင့် မင်္ဂလာဦးဆွမ်းကပ်ရုံသာ ။ လူများများစားစားထက် ခင်မင်ရသည့်လူနည်းစုဖြင့်သာ ကျင်းပရန်စီစဉ်ထားကြသည် ။ လူအများအာရုံစိုက်မိစေရန် ကြီးကြီးကျယ်ကျယ်လည်း မလုပ်ချင် ။ လက်ခုပ်တီးပေးမည့်သူထက် လက်ညှိုးထိုးမည့်သူက ပိုများမည့်ကိစ္စလေ ။

" ဆိုင်က ဝန်ထမ်းတချို့နဲ့ မန်နေဂျာတွေကိုတော့ ဖိတ်လိုက်မယ် မေမေ ၊ ကျန်တာကတော့ ဖိတ်စရာမရှိပါဘူး "

" ဟုတ်ပြီ ၊ အဲဒါဆိုရင် သားငယ်လေးကရော ဘယ်သူ့ကိုဖိတ်ချင်သေးလဲ "

ယာယာ ဒေါ်မိုးယုခင်ကို ခေါင်းခါပြလိုက်သည် ။ ယာယာ့အတွက် အပေါင်းအသင်းဆိုတာ ရှားပါးပစ္စည်းလေ ။ ဘယ်လိုလူမျိုးကိုမှ ယာယာ သူ့အနားကို မခေါ်ချင် ။ သူ့ဘဝတွင် ကိုကိုတစ်ယောက်သာရှိလျှင် ကျန်သည့် သူငယ်ချင်းမိတ်ဆွေများ မလိုအပ်တော့ပေ ။

" အဲဒါဆိုရင် ဖိတ်စာကိစ္စလဲ အဆင်ပြေပြီ ၊ ဘွားဘွားကလဲ မနက်ဖြန်ဆိုရင် ရန်ကုန်ရောက်ပြီ ၊ ဒီမင်္ဂလာပွဲလေး အေးအေးဆေးဆေး ပြီးသွားမှ မေမေလဲ သက်ပြင်းရဲရဲချနိုင်တော့မယ် "

ဦးဘုန်းပိုင် ဒေါ်မိုးယုခင်၏ ပခုံးကိုဖျစ်ညှစ်လိုက်ကာ

" အဆင်ပြေမှာပါ မိုးရယ် ၊ သိပ်ပြီးသောကမများနဲ့ ၊ အဆင်ပြေသွားလိမ့်မယ် ၊ ကိုတို့ရဲ့မိသားစုလေးဆီကို ကောင်းတဲ့အရာတွေပဲ ရောက်လာတော့မှာ ၊ မိုး စိတ်အေးအေးနေတော့နော် "

လက်ဝဲ ဖေဖေ ၊ မေမေနှင့် ယာယာကို အပြုံးမျက်နှာဖြင့် ငေးကြည့်နေမိသည် ။ မူရင်းကောင်းမှ မိတ္တူကောင်းသည် ဆိုသော စကားမှာ သိပ်မှန်၏ ။ ယာယာက မိဘနှစ်ပါး၏ ကောင်းမွေအားလုံးကို အပြည့်အဝ ရထားသည်သာ ။ သူ့မှာ သွေးရင်းမိဘမရှိသော်လည်း မိဘရင်းကဲ့သို့ ကောင်းပေးသည့် လူနှစ်ယောက်ကို ပိုင်ဆိုင်ရသည့်အပြင် သူ့တစ်မျက်နှာကိုသာ ကြည့်တတ်သော လူသားလေးတစ်ယောက်ကိုပါ အပိုဆုအနေနှင့် လောကကြီးက လက်ဆောင်ပေး၏ ။ သူ့အသက်ထက် ပိုချစ်မြတ်နိုးရသည့် ထိုလူသားလေးကို ဘယ်ရွေ့ဘယ်မျှချစ်ကြောင်း ပြောမပြနိုင်သည်အထိကို ချစ်ရပါသည် ။

*******
ယာယာ အင်္ကျီကြယ်သီးတပ်နေရင်းနှင့် လက်ဝဲကို မသိမသာခိုးကြည့်လိုက်သည် ။ ရေချိုးပြီးစဖြစ်၍ လက်ဝဲ၏မျက်နှာသည် နဂိုထက်ကို ကြည်လင်နေ၏ ။ ဆံစများတွင်လည်း ရေစက်အချို့ခိုတွဲနေသည့်အပြင် နှုတ်ခမ်းနီထွေးထွေးကလည်း ယခုမှ ပိုပြီးရဲနေသေးသည် ။ ကိုကို့နှုတ်ခမ်းလေးကို နမ်းချင်လိုက်တာ ။ အကြံထုတ်စမ်း ။ အကြံထုတ်စမ်း ။ အဲဒီနှုတ်ခမ်းလေးကို ပီပီပြင်ပြင်နမ်းဖို့ အကြံတွေထွက်လာစမ်းပါ ။ လက်ဝဲရပ်နေသည့် မှန်တင်ခုံရှေ့ကို ယာယာလျှောက်သွားပြီး

" ကိုကို ယာယာ့ကို ဒီအပေါ်ကြယ်သီးလေး တပ်ပေးအုံး "

လက်ဝဲ ကိုင်ထားသည့်ရေမွှေးပုလင်းကို မှန်တင်ခုံပေါ် ပြန်တင်လိုက်သည် ။ ဘေးနားတွင်လာရပ်သည့် ယာယာ့ဘက်သို့ လှည့်လိုက်ကာ အင်္ကျီကြယ်သီးကို ငုံ့ပြီးတပ်ပေးလိုက်၏ ။ ထိုအချိန် လက်ဝဲ၏နှုတ်ခမ်းပေါ် ရောက်ရှိလာသည့် အနမ်းတစ်ခု ။ ကြယ်သီးတပ်နေသည့် လက်ဝဲ၏ လက်အစုံမှာ ရပ်တန့်သွားတော့သည် ။ လက်ဝဲ၏မျက်နှာကို မက်မက်မောမောကြည့်နေသည့် ယာယာကြောင့် လက်ဝဲမျက်နှာသည် ရှက်သွေးဖြာသွားရ၏ ။

ကြည့်ပါအုံး ။ ကိုကို့မျက်နှာက ရဲတွတ်သွားလိုက်တာ ။

" ကိုကို့ကို နမ်းတာ မကြိုက်လို့လားဟင် ၊ အဲဒါဆိုရင် ယာယာ တောင်းပန်ပါတယ် ကိုကို "

ဝမ်းနည်းမှုအချို့ ရောစွက်နေသော ထိုအသံလေးသည် လက်ဝဲ၏နှလုံးသားကို နာကျင်စေသည် ။ မကြိုက်စရာလား ။ သိပ်ချစ်ရသည့်သူဆီကနေ ရရှိသည့်အနမ်းကို မကြိုက်စရာလား ။ ထ်ိုကောင်လေးအပေါ် အမြဲတမ်း နူးနူးညံ့ညံ့သာ ချစ်ခဲ့၍ ဖြစ်လိမ့်မည် ။ နှုတ်ခမ်းကိုနမ်းရမည်ကိုပင် နှမြောသလို ခံစားရသည် ။ လက်ဝဲ အသက်ကို တစ်ဝကြီးရှုသွင်းလိုက်ပြီးတော့ ခေါင်းငုံ့နေသည့် ယာယာ့မျက်နှာလေးကို လက်နှစ်ဖက်နှင့် ပင့်ယူလိုက်သည် ။ မျက်ဝန်းကြည်ကြည်လေးများနှင့် ပြန်ကြည့်လာသည့် ချစ်ရသောသူ ။

လက်ဝဲနှုတ်ခမ်းအစုံက ယာယာ၏နှုတ်ခမ်းပေါ်သို့ ကျရောက်သွားလေသည် ။ ရေချိုးပြီးစဖြစ်သောကြောင့် နှုတ်ခမ်းအစုံသည် ခပ်အေးအေးဖြစ်၍ Colgateသွားတိုက်ဆေးနံ့ခပ်သင်းသင်းကိုလည်း ခံစားမိ၏ ။ အသိစိတ်အားလုံးသည် ထိုအနမ်းနှင့်အတူ မျှောပါသွားသည် ။ လက်ဝဲနမ်းသည်ကို မျက်လုံးမှိတ် ခေါင်းလေးမော့၍ ခံယူနေသည့် ယာယာ ။ ထိုအနမ်းသည် ကြမ်းတမ်းမှုမရှိဘဲ သိမ်မွေ့၏ ။ တကယ့်ကို ညင်ညင်သာသာနဲ့ ။

လက်ဝဲခါးပေါ်တွင် ရောက်ရှိနေသည့် ယာယာ၏လက်များက ပို၍ပို၍တင်းလာသည် ။ လက်ဝဲ သူ့အနမ်းများကို ယာယာ၏နှုတ်ခမ်းဆီမှ နဖူးပြင်လေးပေါ်သို့ နေရာရွေ့လိုက်၏ ။ ထို့နောက် ယာယာ၏ ကိုယ်လုံးလေးကို ခပ်တင်းတင်း ပွေ့ဖက်လိုက်ပြီး

" ဘယ်အချိန်ထိ နမ်းဖို့စဉ်းစားနေတာလဲ ယာယာ "

လက်ဝဲ စကားသံတွင် ရယ်သံရောစွက်နေသည် ။ ယာယာက မျက်လုံးကို ပင့်ကြည့်လိုက်ရင်း ပြုံးတုံ့တုံ့မျက်နှာထားနှင့်

" ယာယာကလား...အင်း...ယာယာက အချိန်အကြာကြီးနမ်းချင်တာလေ ၊ အောက်ထပ်ကို မဆင်းတော့ဘဲ နမ်းပဲနမ်းနေရင် ကောင်းမလား...ကိုကို...ဟင်..."

လက်ဝဲ ယာယာ၏ နဖူးကို မနာအောင်ခပ်ဖွဖွထုလိုက်သည် ။ အတတ်ကလေး ။ စကားကေတာ့ တတ်သလားမမေးနဲ့ ။

" ခဏနေ ဘုန်းဘုန်းတို့ကြွလာမှာလေ ယာယာရဲ့ ၊ အောက်ထပ်ကိုမဆင်းလို့ ရမလား ၊ အင်္ကျီကြယ်သီးက တပ်ပြီးသွားပြီဆိုတော့
ပုဆိုးနဲ့ တိုက်ပုံဝတ်တော့ ၊ မေမေတို့ လာခေါ်ရရင် အားနာစရာ ၊ ပြီးတာနဲ့ အောက်ထပ်ကို ဆင်းကြမယ် "

ယာယာက ခေါင်းကိုညိတ်ပြကာ ပုဆိုးနှင့်တိုက်ပုံတင်ထားသည့် ကုတင်ဆီကို လျှောက်သွားပြီး ပုဆိုးအပြာရောင်လေးကို ကောက်ဝတ်လိုက်သည် ။ ထို့နောက် တိုက်ပုံကိုပါ တစ်ခါတည်းဝတ်လိုက်၏ ။

ယာယာကျောခိုင်းပြီး ကုတင်ဆီလျှောက်သွားမှ လက်ဝဲ သူ၏ရင်ဘတ်ကို ခပ်တင်းတင်းလေးဖိလိုက်သည် ။ ဒီလောက်လေးနမ်းတာန့ဲ ရင်ခုန်သံက မမှန်ချင်တော့ ။ အနမ်းခပ်ကြမ်းကြမ်း သို့မဟုတ် ထို့ထက်ပိုသည့်အရာကိုသာ ပြုလုပ်ရလျှင် လက်ဝဲတော့ မလွယ်ရေးချမလွယ်ပေ ။

အိမ်ထောင်ဖက်ဖြစ်လာလျှင် ထ်ိုအရာကဖြင့် ကြုံရမည်သာ ။ ခက်နေသည်က လက်ဝဲ၏စိတ် ။ ထ်ိုအရာမျိုးကို ယာယာအပေါ် မပြုလုပ်ရက်ပေ ။ ဆံပင်ထဲ လက်ထိုးထည့်၍ ခပ်ကြမ်းကြမ်းကုတ်မိသည် ။ မသိတော့ဘူး ။ နောင်ခါလာနောင်ခါဈေး ။ စစ်မဖြစ်ခင်မြားကုန်မည့် အေတြးမ်ားကို ခပ်ဝေးဝေးသို့ လွှင့်ပစ်လိုက်တော့မည် ။

********

ဧည့်ခန်းထဲရှိ ဆိုဖာခုံများပေါ်တွင် ဒေါ်မိုးမေ ၊ ဒေါ်မိုးယုခင်နှင့် ဦးဘုန်းပိုင်တို့ထ်ိုင်နေ၍ ကြမ်းပြင်ပေါ်တွင် လက်ဝဲနှင့်ယာယာသည် ဘေးချင်းကပ်ဆောင့်ကြောင့်ထိုင်၍ လူကြီးသုံးယောက်ကို ရှိခိုးကန်တော့နေကြသည် ။

ဒေါ်မိုးမေ လက်ဝဲနှင့်ယာယာကို အချိန်ခဏကြာ ငေးကြည့်နေပြီးတော့မှ တုန်ယင်သောအသံဖြင့်

" ဘွားမြေးလေးနှစ်ယောက်လုံး သက်ဆုံးတိုင် လက်တွဲနိုင်ကြပါစေ လို့ ဘြားဘြားက ဆုတောင်းပေးတယ် ၊ ဘေးဒုက္ခအားလုံးကင်းဝေးပါစေ ၊ ယာယာ...မြေးလေး ကိုကို့ကို အနိုင်မယူရဘူးနော် ၊ ဘွားမြေးလေးမှာ လက်ဝဲပေးတ့ဲ အသက်ပဲရှိတော့တယ် ၊ နောက်ပြီးတော့
လက်ဝဲ... ဘြားဘြားကေလ လက်ဝဲကို အခုပြောမ့ဲစကားတွေကို ပြောဖို့စဉ်းစားနေတာ တော်တော်ကြာပြီ ၊ အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်ခ့ဲဘူး ၊ ပထမဆုံးပြောချင်တာက ဘွားဘွားလေ အတ္တတွေကြီးခ့ဲတယ် ၊ အဲဒီအတွက်လဲ ဘြားဘြားက တောင်းပန်တယ်နော် ၊ အခုအချိန်မှာတော့ လက်ဝဲအပေါ်မှာ ဘယ်လိုမကောင်းတ့ဲ
စိတ်ထားမျိုးမှ မရှိတော့ဘူး ၊ ယာယာကို တစ်သက်လုံးစောင့်ရှောက်ပေးပါ ၊ အဲဒီကေလးကေလ သူ့ကမ္ဘာမှာ လက်ဝဲဆိုတ့ဲကောင်လေးကို အချစ်ဆုံးပဲ ၊ ယာယာကို လက်ဝဲဆီကိုပဲ အပ်လိုက်ပြီ ၊ ဘယ်လိုအခက်အခဲတွေကိုပဲ ကြုံလာပါစေ... တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ကျော်ဖြတ်ကြနော် "

" ဟုတ်က့ဲပါ ဘြားဘြား ၊ ကျွန်တော် ယာယာ့ကို တစ်သက်လုံး စောင့်ရှောက်သွားမှာပါ ၊ ဘယ်လိုအခက်အခဲတွေကိုပဲ ရင်ဆိုင်ရပါစေ...ယာယာ့လက္ကို ဘယ်တော့မှ မလွှတ်ပါဘူး ၊ ဘြားဘြား ကျွန်တော်တို့နှစ်ယောက်လုံးကို စိတ္ခ်ပါ "

လက်ဝဲ၏စကားအဆုံး ဒေါ်မိုးမေ၏ပါးပြင်ပေါ် မျက်ရည်များ စီးဆင်းလာသည် ။ ဘေးခုံမှာထိုင်နေသည့် ဒေါ်မိုးယုခင်က ဒေါ်မိုးမေ၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီးတော့ နှစ်သိမ့်ပြုံးလေးပြုံးပြလိုက်၏ ။ ဒေါ်မိုးမေလို အတ္တကိုရှေ့တန်းတင်သည့်လူအတွက်ကတော့ ယခုက့ဲသို့ စကားမျိုးကို မှန်ကန်သောစိတ်ရင်းမပါဘဲ မပြောနိုင် ။

ဦးဘုန်းပိုင် ချောင်းတစ်ချက်ဟန့်လိုက်ရင်း

" ဖေဖေကတော့ အများကြီးပြောစရာမရှိဘူး ၊ ဖေဖေ့သားနှစ်ယောက် ပျော်နေရင်ရပြီ ၊ ပျော်အောင်ပဲနေကြကွာ... အဲဒါတစ္ခုပဲ ဖေဖေ ပြောချင်တယ် ၊ မိုးလဲ ဆုပေးလိုက်အုံးလေ "

ဒေါ်မိုးယုခင်က ဦးဘုန်းပိုင်၏စကားကို ခေါင်းညိတ်ပြကာ

" သားတို့ဖေဖေ ပြောသလိုပဲ မေ့သားလေးနှစ်ယောက် ပျော်နေရင်
တော်ပါပြီ ၊ မေမေ့အတွက်ကတော့ ကျန်တာအားလုံးထက် သားတ်ို့နှစ်ယောက်ရ့ဲ ပျော်ရွှင်မှုကသာ အရေးကြီးဆုံးလေ "

လက်ဝဲ သူ့ဘေးနားရှိ ယာယာ၏လက္ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးတော့ ခုံပေါ်ရှိလူကြီးသုံးယောက်၏မျက်နှာများကို သေသေချာချာကြည့်လိုက်သည် ။ လက်ဝဲ၏မျက်နှာပေါ်တွင် တည်ကြည်မှုအပြည့် ။

" ယာယာ့လက္ကို ကျွန်တော်သေသွားမှပဲ လွှတ်ပေးမှာပါ "

ထိုစကားတစ်ခွန်းသည် စကားအများကြီးထက်ပို၍ ထိရောက်သည် ။ လူကြီးသုံးယောက်လုံးရ့ဲ မျက်နှာတွေမှာလဲ အပြုံးပန်းဝေနေသလို
လူငယ်နှစ်ယောက်ရ့ဲ မျက်နှာပေါ်မှာလဲ အပျော်တွေက မဖုံးနိုင်မဖိနိုင် ။ ဒီနေ့ကစပြီး သူတို့နှစ်ယောက်ကို သေခြင်းတရားတစ်ခုကသာ
ခွဲဖို့တတ်နိုင်တော့မယ် ။

ဒေါ်မိုးမေ သူ့ပခုံးပေါ်တွင်ခြုံထားသော ပိုးသားတဘက်အနီရောင်ကို
လက်ပေါ်သို့ပြောင်းလိုက်သည် ။ ထို့နောက် ကြမ်းပြင်ပေါ်ရှိ လက်ဝဲနှင့်ယာယာအပြင် ခပ်လှမ်းလှမ်းရှိ တေဇနှင့်သော့်ကိုပါ ခြုံငုံကြည့်လိုက်ပြီး ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်၏ ။

" ဘြားဘြားကေတာ့ အခန်းထဲဝင်ပြီးနားတော့မယ်နော် ၊ တေဇန့ဲသော်က နေအုံးမယ်မို့လား "

တေဇရော သော်ပါ ပြိုင်တူခေါင်းညိတ်လိုက်သည် ။

" ဟုတ်...ဘြားဘြား...သော်တို့ ခဏနေအုံးမယ် ၊ လက်ဝဲတို့န့ဲလဲ ပြောစရာလေးတွေရှိသေးလို့ "

" အေး...အေး...အဲဒါဆိုရင် ကလေးတွေလွတ်လွတ်လပ်လပ် စကားပြောကြ ၊ ဘုန်းပိုင်န့ဲ မိုးယုခင်လဲ နားကြတော့လေ "

ဒေါ်မိုးမေ၏စကားကြောင့် ဦးဘုန်းပိုင်နှင့်ဒေါ်မိုးယုခင် ထိုင်ခုံများမှ အလိုက္တသိ ထလိုက်ကြသည် ။

လူကြီးများ မရှိတော့မှ တေဇနှင့်သော် လက်ဝဲတို့အနား ပြောင်းထိုင်လိုက်သည် ။ လက်ဝဲက ခံစားချက်များကို သိုဝွက္တတ္သူပီပီ တည်ငြိမ်နေသော်လည်း ယာယာမျက်နှာတွင်တော့ ပျော်ရွှင်မှုများ ပြည့်ဝစွာလွှမ်းမိုးထားသည် ။

သော် ချစ်ရသည့်လူသားနှစ်ယောက်၏ မျက်နှာကို ကြည့်၍မဝနိုင် ။
သော် ယာယာ့လက္တစ္ဖက္ကို ဆုပ်ကိုင်လိုက်တော့ မျက်ဝန်းကြည်ကြည်လေးနှင့် ပြန်ကြည့်လာသည် ။ ထိုအချိန်တွင် ယာယာက သော်မထင်မှတ်ထားသော အပြုအမှုတစ်ခုက်ို ပြုလုပ်လိုက်၏ ။

ယာယာသည် ထိုင်နေသည့်နေရာမှ နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီးတော့ တေဇနှင့်သော်ကို ထိုင်ကန်တော့လိုက်ခြင်းဖြစ်၏ ။ ယာယာ ထိုသို့ကန်တော့လိုက်တော့ တေဇမျက်နှာမှာ ရှိုးတိုးရှန့်တန့်ဖြစ်သွားသည် ။ သော်ကတော့ မျက်နှာထား ခပ်ပြုံးပြုံးဖြင့်

" ယာယာရေ... ဘာဖြစ်လို့ မမတို့္ကို ကန်တော့ရတာလဲ "

" ကျေးဇူးတင်လို့ပါ မမ ၊ ယာယာ မမန့ဲ ကိုကိုတေဇတို့ကို တကယ်ကျေးဇူးတင်ပါတယ် ၊ ယာယာန့ဲကိုကို့ဘက်က ရပ်တည်ပေးလို့ ၊ ယာယာတို့ရ့ဲ အခက်အခဲတွေကို အမြဲကူညီဖြေရှင်းပေးလို့ ...ပြောမပြတတ်အောင် ကျေးဇူးတင်တယ် ၊ တစ်ခုခုပြန်လုပ်ပေးချင်ပေမ့ဲ မမတို့က ပြည့်စုံပြီးသားလေ ၊ ယာယာ့အကူအညီကို မမတို့လိုအပ်ခ့ဲရင်
ပြောရမယ်နော် ၊ ဘာကိစ္စကိုပဲဖြစ်ဖြစ် ယာယာလုပ်ပေးမယ် "

တေဇက " ရပါတယ္ကြာ "ဟုပြောလိုက်သော်လည်း သော်က ယာယာပခုံးစွန်းလေးကို ညင်သာစွာပုတ်လိုက်ပြီးတော့

" သိပ်ချစ်ဖို့ကောင်းတ့ဲ မောင်ငယ်လေး ၊ မမကေလ ယာယာတို့ဆီကနေ ဘာပြန်လိုချင်ပါတယ်ဆိုတ့ဲ စိတ်မရှိဘူး ၊ မမ တတ်နိုင်တာလေး ကူညီပေးလိုက်တယ် ၊ အဲဒီအပေါ်မှာ ယာယာတို့အဆင်ပြေသွားတယ်ဆိုရင် ကျေနပ်ပြီ "

စကားဝိုင်းသည် ခဏတာမ်ွတိတ္ဆိတ္သြား၏ ။ တေဇက ချောင်းတစ်ချက်ဟန့်လိုက်ကာ

" ယာယာ့အတွက် ကိုကိုတေဇ လက်ဆောင်ဝယ်လာတယ် ၊ အဲဒါကားပေါ်မှာ ကျန်နေခ့ဲလို့... လိုက်ယူအုံး "

" ဟုတ်က့ဲ "

အနားကေန ထွက်သွားသည့် ယာယာ့ကို လက်ဝဲ မျက်စိတစ်ဆုံး လိုက်ကြည့်မိနေသည် ။ အနားမွာ ယာယာမရှိတော့တာန့ဲ တစ္ခုခုဟာသြားသလိုလို ။ ဟိုကောင်တေဇကလဲ လက်ဆောင်ပေးချင်တာများ
သူ့ဘာသာ ကားထဲကသြားယူတာ မဟုတ္ဘူး ။ ယာယာ့ကိုပါ တကူးတကခေါ်သွားရသေးတယ် ။ သူ့လက်ဆောင်က ဘယ်လောက်တောင်များ ကြီးနေလဲမသိဘူး ။

အပေါက်ဝဆီကိုပဲ တမျှော်မျှော်ဖြစ်နေသည့် လက်ဝဲကြောင့် သော် ခပ္တိုးတိုး ရယ်မိသွားသည် ။ သော့်ရယ်သံကြောင့် လက်ဝဲ၏အကြည့်များသည် တံခါးဝဆီမွ သော့်ဆီသို့ ရွေ့လာ၏ ။ လက်ဝဲမျက်နှာသည် မလုံမလဲ ရှက်ကိုးရှက်ကန်းဟန်လည်း ပေါ်နေသေးသည် ။ လက်ဝဲ နားထင်စပ်ကို လက်ညှိုးနှင့်ကုတ်လျက်

" သော် ရယ်တော့ ကျွန်တော် ရှက်တာပေါ့ "

ထိုစကားကိုပြောသော လက်ဝဲအသံသည် ခပ္တိမ္တိမ္သာ ။

သော် အောက်နှုတ်ခမ်းကို သွားနှင့်ဖိကိုက်လိုက်ပြီးမှ

" သော့်ဘာသာ ရယ်တာပါကွယ် ၊ မလုံတ့ဲအိုးက အပေါက်ကြီးန့ဲဆိုသလိုပဲ လက်ဝဲဘာသာ အိုးမလုံအုံပွင့်တာပါနော် "

သော့်စကားကြောင့် လက်ဝဲမျက်နှာ ချက်ချင်းရဲတက်လာသည် ။ သူ၏ ယာယာအပေါ်ကို တွယ်တာမှုသည် သိပ်ပြီးသိသာထင်ရှားနေခြင်းသာ ဖြစ်ပေလိမ့်မည် ။ တေဇကလည်းတေဇမို့ ၊ ယခုလည်း သော်ကပါ လက်ဝဲ၏အဖြစ်သည်းမှုကို ရိပ်မိသွားပြီ ။

" သော်ပြောရင်လဲ ခံရမွာပဲဗ်ာ ၊ နဂိုကဆိုရင် ကျွန်တော် ကိုယ့်ဘာသာနေတတ်ပါတယ် ၊ နေမကောင်းဖြစ်ပြီးနောက်မှပဲ ယာယာ့အပေါ်ကို ပိုပိုပြီး တြယ္တာလာတာ ၊ ကျွန်တော် ကေလးသိပ္ဆန္သြားလား...သော် "

သော် လက်နှင့်ခေါင်းကို တပြိုင်တည်းခါလိုက်ကာ

" သော်က စတာပါ လက်ဝဲရ့ဲ ၊ တစ်ယောက်န့ဲတစ်ယောက် ချစ်နေတာ ဘယ်လောက်ကောင်းလဲ ၊ သော်တို့ကလဲ အခုလိုပုံစံမျိုးလေးပဲ မြင်ချင်တာ ၊ အခုလိုလေး မြင်ရတာကိုလဲ သိပ်စိတ်ချမ်းသာတယ် ၊ လက်ဝဲက ကေလးဆန္တာ မဟုတ်ပါဘူး ... ယာယာက လူကြီးဆန်လာတာ ၊ ဒီနှစ်ပိုင်းလေးအတွင်းမှာပဲ ယာယာက အများကြီးရင့်ကျက်လာတယ် ၊ အခုဆ်ိုရင် လူကြီးပေါက်စလေးလိုပဲ ...ချစ်စရာကောင်းချက် "

လက်ဝဲသည် ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြ၏ ။ စကားဝိုင်းသည်
ခဏတာမ်ွ တိတ်ဆိတ်သွားသည် ။ သော်က တစ္ခုခုကို စဉ်းစားမိဟန်ဖြင့်

" လက်ဝဲတို့က မနက်ဖြန်မနက် ကလောသွားမှာမို့လား "

" ဟုတ်တယ် သော် ၊ မနက်အစောသွားမှာ "

" အင်း...လက်ဝဲတို့ ပျော်ဘွယ်ရောက်တာန့ဲ သော် ပေးထားတ့ဲ ဖုန်းနံပါတ်ကို ဆက်လိုက်နော် ၊ လက်ဝဲတို့ကားကို မောင်းပေးမ့ဲကောင်လေးကိုတော့ ကြိုစောင့်ခိုင်းထားပြီးသား ၊ သူပဲ ကေလာအထိ ကားမောင်းပေးလိမ့်မယ် "

" ဟုတ်က့ဲ ...သော် ကျွန်တော် ပျော်ဘွယ်မြို့ထဲရောက်တာန့ဲ ဆက်လိုက်ပါမယ် "

သော်ဆ်ိုသည့် အမျိုးသမီးလေးမှာ လက်ဝဲတို့မိသားစုအတွက်ဖြင့် ဆုလာဘ်တစ်ပါးဟုပင် ပြောရမည် ။ လက်ဝဲ ဘဝတွင် မေမေပြီးလျှင် သော်သော်နေခဆိုသည့် အမျိုးသမီးလေးကို လေးစားဆုံးပင် ။ ထိုအမျိုးသမီးလေး၏ ကျေးဇူးတရားများကိုလည်း ဘယ်သောအခါမှ မေ့မည်မဟုတ် ။

ယခုခရီးစဉ်တွင်လည်း သော်၏ စီစဉ်ပေးမှု အမ်ားသား ။ လက်ဝဲတို့ ပထမစီစဉ်ထားတာက ရန္ကုန္ကေနဟဲဟိုးကို လေယာဉ်စီး ၊ အဲဒီကေနမွ ကလောကိုကားန့ဲ ဆက်သွားဖို့ ။ တောင်ပေါ်လမ်းဆိုတော့ ယာယာ့ကိုလဲ မမောင်းစေချင်ဘူးလေ ။ လက်ဝဲကျတော့လဲ မေမေတို့က ကားမမောင်းရဘူးတ့ဲ ။ ဒါကေတာ့ လူကြီးတွေ အစီအစဉ်ပေါ့ ။ ယာယာကကျတော့ ကိုယ့်ကားန့ဲကိုယ်သွားချင်တယ်လို့ အဆိုပြုတာ ။ အမှတ်တရဖြစ်အောင်တ့ဲ ။ မေမေတို့က တောင်ပေါ်လမ်းမို့ စိတ်မချဘူးလို့ ပြောတ့ဲအခါ သူ့ဆန္ဒကို သော့်ကို သွားပြောပါရော ။
သော်က ယာယာ့ဆန္ဒလဲပြည့် ၊ လူကြီးတွေလဲ စိတ်မပူရအောင် သူ့ဟိုတယ်က ဝန်ထမ်းတစ်ယောက်ကို ပျော်ဘွယ်မြို့ကိုဆင်းပြီး ကြိုခိုင်းမယ်လို့ ဆိုတယ် ။

" ကျေးဇူးပါ သော် "

အဆက်အစပ်မရှိပြောလိုက်သည့် လက်ဝဲစကားကြောင့် သော် ကြောင်သွားရသည် ။

" ဘာအတွက်လဲ လက်ဝဲ "

" အရာရာအတွက်ပါ သော် ၊ နောင်သံသရာမှာများ ပြန်ဆုံဖြစ်ရင် သော့်ကို ကျွန်တော့်ရ့ဲ အေမ ဒါမှမဟုတ် အစ်မအရင်း ဖြစ်စေချင်တယ် "

သော့်မျက်ဝန်းအိမ်တွင် မျက်ရည်စများဝေ့သီလာသည် ။ သော် ထိုမျက်ရည်စများ မျက်ရည်အဖြစ်ပြောင်းမသွားအောင် အပေါ်မျက်နှာကြက်ကို မော့ကြည့်ပြီးတော့မှ လက်ဝဲကို အပြုံးမျက်နှာလေးနှင့်ကြည့်လိုက်၏ ။

" သော် ဝမ်းပန်းတသာန့ဲ လက်ခံပါတယ် လက်ဝဲရယ် "

*******

ကားနောက်ခန်းထဲမှ စက္ကူ အိတ်ခပ်ကြီးကြီးတစ်ခုကိုယူ၍ ယာယာ့လက်ထဲသို့ တေဇထည့်ပေးသည် ။ ယာယာ သူ့လက်ထဲမှ စက္ကူ အိတ်နှင့် တေဇကို အပြန်ပြန်အလှန်လှန်ကြည့်ပြီးတော့

" ဒီအိတ္က ဘာလဲဟင် ကိုကိုတေဇ "

ယာယာ၏အမေးစကားကိုမဖြေခင် တေဇ ရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ကာ

" ယာယာန့ဲ လက်ဝဲအတွက် မရှိမဖြစ်လိုတ့ဲပစ္စည်းတွေလေ ၊ အခုတော့ မကြည့်န့ဲအုံး ၊ ညကျမှကြည့်နော် ၊ နောက်ပြီးတော့ လက်ဝဲမမြင်စေန့ဲ ၊ မဟုတ်ရင် အဲဒီကောင်က ကိုကိုတေဇကို ပွစိပွစိပြောနေမှာ"

ပုတ်သင်ညိုက့ဲသို့ ခေါင်းတဆတ်ဆတ်ညိတ်ပြသည့် ယာယာ ။ လက်ထဲမှ စက္ကူ အိတ်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသေး၏ ။

ထိုစက္ကူ အိတ်ကိုတွေ့လျှင် ဖြစ်သွားမည့် လက်ဝဲ၏ပုံစံအနေအထားကို တေဇ စိတ်ကူးထဲမြင်ယောင်ပြီး တခွိခွိနှင့် အတောမသတ်ရယ်မိတော့သည် ။ တေဇ၏ ပုံစံကြောင့် ယာယာစိတ်ထဲ သံသယများဝင်လာ၏ ။ ကိုကိုတေဇက ဘာဖြစ်လို့အခုလိုမျိုး ရယ်နေရတာလဲ ။ ယာယာ သူ့လက်ထဲရှိ စက္ကူ အိတ္ကို ခပ်သာသာ ခါကြည့်လိုက်ပြီး

" ကိုကိုတေဇ ဒီစက္ကူ အိတ်ထဲမှာ ဘာတွေပါတာလဲ "

အားပါးတရရယ်လိုက်ခြင်းကြောင့် မျက်လုံးထောင့်စွန်းတွင် စိုစွတ်လာသောမျက်ရည်စများကို တေဇ လက်နှင့်သုတ်လိုက်ကာ

" မကောင်းတ့ဲပစ္စည်းမဟုတ်ပါဘူး ယာယာရ့ဲ ၊ ဘာမှမစိုးရိမ်န့ဲနော်
၊ ကိုကိုတေဇက ယာယာတို့အတွက် အသုံးဝင်မ့ဲပစ္စည်းတွေကို သေချာလေးရွေးပေးထားတာ... သိလား "

ယာယာ ခေါင်းကိုသာ ညိတ်ပြလိုက်သည် ။ ကိုကိုတေဇဆိုတာက သူတို့ကို ဒုက္ခရောက်အောင်လုပ်မ့ဲသူမှ မဟုတ်တာလေ ။ ဘာပစ္စည်းတွေလဲဆိုတာကိုတော့ သိချင်မိသား ။ ကိုကို့အလစ်ကျမှ ဖွင့်ကြည့်ရမယ် ။

ရေချိုးခန်းရှေ့ အတောင့်သားရပ်နေသည့် ယာယာ ။ ရေချိုးခန်းအတွင်းမှ ရေကျသံကြားလိုက်သည်နှင့် ကုတင်ရှိရာဆီသို့ သုတ်ခနဲပြေးပြီး ကုတင်အောက်တွင်ထားထားသည့် စက္ကူ အိတ္ကို ဆွဲထုတ်လိုက်၏ ။ စက္ကူ အိတ်တွင်ကပ်ထားသည့် တိပ်အဝါစလေးများကိုလည်း
ဖယ်ရသေးသည် ။ နောက်ကျောမလုံစွာဖြင့် ရေချိုးခန်းရှိရာသို့ တစ်ခါတစ်ခါလှည့်ကြည့်ရသေး၏ ။

စက္ကူ အိတ်ထဲမှ ပစ္စည်းများကိုမြင်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ပူထူသွားရသည် ။ အမျိုးအစားစုံလင်လှသည့်ကွန်ဒုံးများ ၊ေခ်ာဆီငါးဘူး ၊ ဆေးကတ်များနှင့်လိမ်းဆေးအချို့ကြောင့် နှလုံးခုန်နှုန်းများ အဆမတန်မြန်ဆန်လာရ၏ ။ ထိုအချိန်မှာ ရေချိုးခန်းတံခါးဖွင့်သံကို ကြားလိုက်ရသောကြောင့် စက္ကူ အိတ္ကို ကုတင်အောက်ဆီသို့ ခပ်မြန်မြန်ပစ်ထည့်လိုက်ရသည် ။

လက်ဝဲသည် ကုတင်ဘေးနားမှာ ငြိမ်သက်စွာရပ်နေသော ယာယာကို

" ယာယာ ဘာဖြစ်နေတာလဲ "

ခေါင်းကိုသာခါပြသည် ။ လက်ဝဲ ယာယာအနားသို့လျှောက်သွားပြီး ကြည့်လိုက်သည့်အခါ မလုံမလဲဟန်ဖြင့်ပြန်ကြည့်လာလေ၏ ။ ဒီကောင်လေး ဘာဖြစ်နေတာပါလိမ့် ။ ခုနတုန်းကတောင် ရယ်ရယ်မောမောရှိနေသေးတာလေ ။ အခုတော့ မျက်နှာတစ်ပြင်လုံးလဲ နီရဲလို့ ။ လက်ဝဲ ယာယာပခုံးကို ကိုင်လိုက်သည့်အခါ ယာယာ့ခန္ဓာကိုယ်က တစ္ခ်က္တုန္သြား၏ ။ ခက်တော့ခက်နေပြီ ။ ဒီကောင်လေး သူ့ကိုများကြောက်နေတာလား ။

" ယာယာ မျက်နှာသစ် သွားတိုက်လိုက်အုံး "

ခေါင်းညိတ်ပြပြီး ရေချိုးခန်းဆီသို့ အပြေးအလွှားထွက်သွားသည့် ယာယာ ။ ချော်လဲမလိုပင်ဖြစ်သွားသေး၏ ။ လက်ဝဲ ယာယာ၏ပုံစံလေးကြောင့် ပြုံးပင်ပြုံးမိသွားသည် ။ ယာယာကေတာ့ အခုထိကို ကလေးလေးလို ဖြစ်နေတုန်း ။

ရေချိုးခန်းထဲရောက်သည်နှင့် မျက်နှာသစ်ပြီး ခပ်မြန်မြန်သွားတိုက်လိုက်သည် ။ ကိုကို့မျက်နှာနှင့် စက္ကူ အိတ်ထဲမှပစ္စည်းများကို မြင်ယောင်ကြည့်သည့်အခါ ရင်အစုံက တသိမ့်သိမ့်တုန်၏ ။ အောက်နှုတ်ခမ်းကိုသွားနှင့်ဖိကိုက်ပြီး တခိခိလည်း ရယ်မိသေးသည် ။ မင်္ဂလာဦးညဆ်ိုတော့လဲ မင်္ဂလာဦးညကို ချစ်ရတ့ဲ ကိုကိုန့ဲအတူတူပေါ့...။

ရေခိ်ျုးခန်းထဲမှအထွက် ယာယာမျက်ခုံးအစုံသည် အလိုမကျမှုကြောင့် တွန့်ကွေးသွားရသည် ။ ကိုကိုက ညအိပ်ဝတ်စုံကိုလဲထားပြီး အိပ်ရာပေါ်မှာပင် လဲအိပ်နေပြီ ။ ဘာလဲ ကိုကိုက ဘာမွမဘာဘဲ အိပ်တော့မှာလား ။ မဖြစ်နိုင်တာ ။ မဖြစ်နိုင်တာ ။ အနည်းငယ်ကျန်သော
မျှော်လင့်ချက်လေးဖြင့်

" ကိုကိုက အိပ်တော့မှာလား "

" အင်းလေ... အိပ်တော့မှာလေ ၊ ယာယာ မီးပိတ်လိုက်အုံးနော် "

ယာယာ ခြေတစ်ချက်ဆောင့်လိုက်ကာ အခန်းမီးကိုပိတ်လိုက်၏ ။
ညအိပ်မီးကိုဖွင့်လိုက်၍ ပြာလ့ဲလ့ဲမီးရောင်လေးသည် အခန်းတွင်းဖြန့်ကျက်သွားသည် ။ လက်ဝဲ မတ်တတ်ရပ်နေဆဲဖြစ်သော ယာယာကိုကြည့်၍

" ယာယာ ဒီညစောစောအိပ်ရအောင်နော် ၊ မနက်စောစောထရမှာဆိုတော့ အိပ်ရေးဝမှဖြစ်မှာလေ ၊ အိပ်ရေးမဝရင် ယာယာ ကားမောင်းလို့အဆင်ပြေမှာ မဟုတ္ဘူး ၊ ကိုကိုတို့စောစောအိပ်ကြမယ်နော် "

သွားပြီ ။ သွားပြီ ။ ခဲလေသမျှ သဲရေကျပြီ ။ ကိုကိုက တကယ္ကို အိပ်တော့မ့ဲပုံ ။ ခြေရင်းရှိစောင်ကိုပင်ယူပြီးတော့ ခြုံနေပြီဆိုတော့ ဘာဆိုဘာမွ မဘာရတော့ဘူးပေါ့ ။

ဒီညေတာ့ ထားလိုက်တော့မယ် ။ ကလောရောက်ရင်တော့ ကိုကို ယာယာလက္က ပြေးမလွတ်စေရဘူး...ကြည့်နေ ။ ကိုကိုတေဇ ပေးထားတ့ဲပစ္စည်းတွေကို ကလောမြို့မှာပဲ ကုန်အောင်သုံးပစ်ခ့ဲမယ်...ဟင်း...ဟင်း...။

Continue Reading

You'll Also Like

251K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
87.2K 5.7K 32
ကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်...
339K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
432K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...