Unicode
မုဏ်းအခုတလော Facebookမကြည့်တာကြာပြီဖစ်တကြောင့် Roundမလှည့်ချိန် ဖုန်းဖွင့်ပြီး Facebook ပွတ်ကြည့်ရန် လုပ်တော့သည်။ လိုင်းဖွင့်ချင်း နိုတီ99+တတ်နေသည်က မုဏ်းတွက်တော့အထူးဆန်းမဟုတ်၊ နိုတီတတ်နေသည့်နေရာအားနှိပ်လိုက်ချိန် မိမိအား Fb gp, Page, others people accတွေက မန်းရှင်းများစွာ ခေါ်ထားတာကြောင့် မုဏ်းမျက်ခုံးများတွန့်ကွေးမိ၏။
၎င်းနောက် လျှန်းရှိုးသီဟိုရ် ဆိုသည့်Accကမုဏ်းအား Tagတွဲထားတာကြောင့် ကြည့်လိုက်သည်။
"ဟင်... ဒါက..."
လွန်ခဲ့သည့်ရက်အနည်းငယ်တုံးက မုဏ်းနှင့် အစုတ်ပလုတ်ကောင်တို့ ဆိုင်ကယ်ပေါ်တွင် ဖက်နေကြသည့်အနေထား၊ မျက်နှာချင်းဆိုင်စကားပြောနေသည့်ပုံ ထိုပုံတွေများထဲမှ အစုတ်ပလုတ်ကောင်က မုဏ်းလည်တိုင်နားခေါင်းတိုး၀င်နေပြီး မုဏ်းကရယ်လျက် သူ့ရင်ဘတ်အားလက်ဖြင့်တွန်းထုတ်နေသည့်ပုံသည် မုဏ်းတွက်ကြည့်လေ ရှက်ရက်လေဖစ်၏။
ဒါဆိုသူ့ကိုTagတွဲထားတဲ့ အစုတ်ပလုတ်ကောင်နည်မည်က လျှန်းရှိုးသီဟိုရ်ပေါ့။ အစုတ်ပလုတ်ကောင် captionမှာရေးထားတာက "အချစ်ရယ်စိတ်မဆိုးနဲ့နော် မောင့်ကိုခွင့်လွှတ်ပါကွာ" တဲ့။
မုဏ်း မျက်နှာလေးသည် ဘေးတွင်ရှိသော လက်ဖက်သုတ်ထဲမှာ ခရမ်းချဉ်သီးနှင့်အပြိုင် နီရဲလျက်...
"သူတောင်းစား၊သေချင်းဆိုး၊ကာလန၊မြွေပေးကိုက်၊တသက်လုံး လူညွှန့်တုံးဘ၀နဲ့နေရမဲ့အစုတ်ပလုတ်ကောင်!"
[မုဏ်း၏ လူညွှန့်တုံး - ဂွေးတို ಥ‿ಥ ]
"လွန်ကြိုး"
"ဘာလဲ! အယ်~ အကိုထူးခန့် ဆောရီး"
"ဟောဗျာ ကိုယ့်ကိုအော်လိုက်တာ လန့်တောင်လန့်သွားတယ် လွန်ကြိုးရယ်"
"ဟီးဆောရီး ဆောရီး ကျတော့Personalကိစ္စလေးရှိလို့"
"ဟုတ်ပါပြီ Roundလှည့်တော့မယ်"
"ဟုတ် လာပါပြီဗျ"
---------------------
---------------------
"ဟား ဟား အဲ့ဆိုမင်းက ဂေးပေါ့"
"ငါလည်းသူနဲ့တွေ့ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး ဂေးဆိုလည်းဂေးပေါ့ကွာ"
"ဟေ့ရောင်ရေ ငါတို့ထဲကအချမ်းသာဆုံး လျှန်းရှိုးသီဟိုရ်က ဂေးကြီးဖစ်သွားပြီ"
Show Clubတွင်ဖစ်သည်။ ရှိုးနှင့်ငယ်ငယ်လေးထဲက ပေါင်းလာသော မင်းသစ္စာနှင့် ဟန့်ဘညားက ရှိုးအပြောကြောင့် ရယ်ေနကြခြင်း။
"ထပ်ရယ်နေရင် မင်းတို့အာတွေကို ငါ့လက်နဲ့ဆွဲဖြဲပစ်တော့မယ်"
ထိုသို့ပြောပြီးသည်နှင့်ရှိုးက အရက်ခွက်ကိုကိုင်ကာ မော့သောက်လိုက်သည်။ အသက်ဆယ့်ရှစ်ကျော်" ရှိုးက လူငယ်ပုံစံထက် လူကြီးဘက်ဆန်သည့်ဘက်ကိုသွားသည်၊ လည်ဇလုတ်ကြီးကြီး မေးရိုးကားကားမျက်နှာနှင့် အမြဲလိုလို ကျုံ့ထားသည့် မျက်ခုံး၊ ဆံပင်ရှေ့သို့ချထားတာကြောင့် မျက်လုံးကိုသိပ်မမြင်ရ။ ဖြောင့်ဆင်းသောနှာတုံအဆုံးမှာ အနည်းငယ်ချွန်နေသည်က ရှိုးနှင့်ကြည့်ကောင်းသလို။ ရှိုးကို ပျိုမဒီတွေဆွဲတာကတော့ ရယ်လိုက်တိုင်းပေါ်လာသည့် ယုန်သွားလေးတွေဖစ်သည်။
"အေးပါဟယ်"
"ဘာဟယ်လဲ မိန်းမကြီးကျနေတာဘဲ"
ဟန့်ဘညားအပြောကို မင်းသစ္စာက ဆိုလိုက်လျှင် ရှိုးက ယုန်သွားလေးပေါ်ကာ ရယ်၏။
"ရှိုး~"
အသဲပုံစံအကျီ၀တ်ထားသည့် မိန်းမတစ်ဦးက သူမ၏ရင်နှစ်မွှာအား ယောက်ျားတိုင်းမြင်အောင်ပြနေသလို။ ထိုမိန်းမက ရှိုးအနား၀င်ထိုင်ကာ ရှိုးသောက်ထားသည့်အရက်ခွက်ကို ကိုင်ပြီး ရှိုးသောက်ထားသည့်နေရာကနေ သူမတဖန်ပြန်သောက်၏။
ထိုအခါ မင်းသစ္စာနှင့်ဟန့်ဘညားက 'မခေဘူး' ဆိုသောအကြည့်ဖြင့် ရှိုးအားကြည့်လျှင်
"ငါပြန်တော့မယ်"
"ရှိုး~နေပါအုံး တို့နဲ့ဒီညကဲရအောင်"
အတင့်ရဲလွန်းသည့်မိန်းမက ရှိုးအနားကပ်ကာ ရှိုး၏ဘောင်းဘင်ဇစ်နားတွင် သူမ၏လက်ချောင်းများအားပြေးလွှားစေ၏။ နဂိုထဲကမှ ရေမွှေးနံ့မခံနိုင်ေသာ ရှိုးသည် ထိုမိန်းမကို အားနှင့်တွန်းဖယ်ပြီး မတ်တပ်ထရပ်ကာ
"ကိုယ်လိုးတာခံချင်နေလည်း မင်းဆန္ဒပြည့်လာမှာမဟုတ်ဘူး ကိုယ်ကငံပြာရည်တွေဆို သိပ်မုန်းတာ"
"ဟား ဟား"
ရှိုး၏စကေးကြွယ်ပုံကို မင်းသစ္စာနဲ့ဟန့်ဘညားက အားပါးတရ ရယ်သောအခါ မိန်းကလေးမှာ ရှက်ရှက်ဖြင့်...။
"ကတောက်စ်! လျှန်းရှိုးသီဟိုရ် ရှင်...ရှင်နောင်တရစေရမယ်"
"နောင်တမမြင်ဖူးလို့ မင်းမှာရှိရင် ကိုယ့်ဆီလွှတ်လိုက်"
"ရှင်...ရှင်"
ရှိုးရဲ့ စကားနိုင်အား မလုနိုင်သော မိန်းကလေးမှာ ရှက်ရှက်ဖြင့် ပြေးထွက်သွားသည်။ ဒါဘဲလေ လျှန်းရှိုးသီဟိုရ်ဆိုတဲ့ကောင်ကို မတူရင်မတုနဲ့။
သုံးထောင့်ချွန် စားပွဲပေါ်မှ ဆိုင်ကယ်သော့အား ဆွဲယူရင်း ရှိုးclubအတွင်းမှထွက်လာခဲ့သည်။ လေးရက်ကျော်" လောက်ဟိုလူကြီးလေးကို မတွေ့ရတာ လွမ်းသလိုလိုတော့ရှိသား။
ကလေးလူကြီးလေးနဲ့တွေ့ပြီး သူ့အကြောင်းစုံစမ်းတော့ ဆရာ၀န်တဲ့လေ၊ ဆရာ၀န်တောင်မှ 'ကလေးအထူးကုဆရာ၀န်' ကြီးဆိုဘဲ။ ကလေးအရမ်းချစ်တတ်တဲ့ ခင်ဗျားကို ကျုပ်နဲ့ညားမှ တပြွတ်ပြွတ်မွေးခိုင်းရမယ် အဟက်~...
အချိန်ကား ည၉နာရီ...။
မုဏ်း ဆေးရုံရှေ့ကနေ စပြီးအိမ်ပြန်လမ်းသို့လျှောက်လာ၏။ နှစ်ရက်ကွက်ကျော် ပုဂ္ဂလိကဆေးရုံဖစ်တာကြောင့် မုဏ်းလမ်းလျှောက်ခြင်းသာ ပြန်နေကြဖစ်သည်။
ဒီနေ့ကျမှ စိတ်ကဘာလို့ကြောက်စိတ်၀င်နေမှန်းမသိ ခပ်သုတ်သုတ်သာ လမ်းလျှောက်သော်လည်း မုဏ်းမှာ အိမ်နှင့်ပိုပိုဝေးနေပြီဟုသာ ခံစားနေရ၏။
"ဟေ့ ဒေါက်တာလေးတယောက်ထဲလား အေ့~"
"ဟ ဒေါက်တာလေးက ဖွေးဥနေတာဘဲကွာ စကားလည်းမပြောဘူး ကိုယ်တို့နဲ့လိုက်ခဲ့ပါလား အေ့~ ခံစားမှုကောင်းကောင်း ပေးမှာပါကွာ အေ့~ ဟားဟား"
မုဏ်းတွက် ကံဆိုးသောနေ့ဟုပြောရမလား အမူးသမားတွေနှင့် လမ်းမှာတွေ့ရင်း ထွက်ပြေးလို့လည်းမရ ရှောင်ဖယ်လို့လည်းမရဖစ်နေသည်။
"ဟင့်~ ဘာလုပ်တာလည်းလွှတ်"
"လာပါကွာ ကိုယ်တို့နဲ့လိုက်ခဲ့ပါ"
"မလိုက်ဘူး ဟင့်~ လွှတ်"
"ခုချက်ချင်းအဲ့လက်တွေကို လွှတ်လိုက်စမ်း!"
ဩဇာပြင်းလွန်းလှသည့်အသံကြောင့် အမူးသမားနှစ်ဦးမှာ အယောင်ယောင်အမှားမှားဖြင့် ကိုင်ထားသောလက်အား လွှတ်လိုက်သည်။
မုဏ်း ရင်းနီးနေသလိုရှိသော အသံကြားတာကြောင့် အနောက်သို့ကြည့်လိုက်၏။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသောသူက ဦးထုပ်အားချွတ်လိုက်သောခါ
"ဟင်~ အစုတ်ပလုတ်...အဲလေ"
ရှိုးသည် မုဏ်းလက်မောင်းလေးကိုဆွဲပြီး သူ၏နောက်ကျောဘက်သို့ ဆွဲပို့ပြီးလျှင်...။
"အသက်ကြီးလို့ ရိုသေနေမယ်မထင်နဲ့ ခုချက်ချင်း လစ်လိုက်ရင်ကောင်းမယ်"
"ကောင်လေး မင်းလမ်းမင်းသွားစမ်းပါ"
"ကျုပ်သွားတဲ့လမ်းမှာ ကျုပ်ချစ်သူကိုဆွဲလားရမ်းလားလုပ်နေတဲ့ ခင်ဗျားတို့ကို ဖြတ်တိုက်ပြီးသွားရမှာလား အဟက်~"
[A/C - ဗရမ်းဘတာနော် ချက်ချင်းသူ့ချစ်သူဖစ်သွားရော ဒါသက်သက်၀င်လုံးတာ🐒 ]
ရယ်သဲ့သဲ့ပြောလိုက်သော ရှိုးစကားကြောင့် အမူးသမားနှစ်ယောက်မှာ အမူးပြေသွားသော ပုံစံဖြင့်
"ဟဲဟဲ မသိလို့ပါကောင်လေးရယ် ဒါဆိုကိုယ်တို့သွားပြီ ဟဲဟဲ"
အမူးသမားနှစ်ယောက်သွားမှ မုဏ်းက ရှိုးရှေ့သို့ထွက်လာရင်း...
"ဟို...ကျေးဇူးပါနော်"
"ညကြီးမိုးချုပ် တယောက်ထဲပြန်လာရဲတယ်ဟုတ်လား ခင်ဗျား မိဘတွေကဒီလိုဘဲ လွတ်တာဘဲလားဟမ်!"
"အဟင့် အရင်ကလည်းဒီလိုဘဲ ပြန်လာနေ အင့်!"
မျက်ရည်များကျကာ မုန့်မစားရသောကလေးလိုငိုနေသည့် ကလေးလူကြီးလေးအား ခါးသွယ်သွယ်လေးမှဆွဲ၍ မိမိနှင့်နီးကပ်စွာကပ်စေပြီး
"ကျုပ်သာရောက်မလာရင် ခင်ဗျားလေး ဘယ်လိုဖစ်နေမလည်းဟမ် ကျုပ်ကိုစိတ်ပူအောင် လုပ်ဖူးတာ ခင်ဗျားလေး ပထမဆုံးဘဲသိလား"
"ဟင့်~ မင်းကိုယ်ကအရက်ဆော်နံတယ်"
"အာရှီး!"
ရှိုးသူ့စကားအား နားထောင်နေသည်ထင်သော်လည်း မုဏ်းပါးစပ်မှပြောလာသည့် စကားက သူပြောတာနှင့်လုံး၀ မအပ်ဆက်။
"လျှန်းရှိုးသီဟိုရ်"
မိမိနည်မည်ခေါ်သံကြားတာကြောင့် ရှိုးရင်ခွင်ထဲက ကလေးလူကြီးလေးအားကြည့်ရင်း 'ဘာလဲ' ဆိုသောသဘောဖြင့်မေးငေါ့ပြလိုက်သည်။
"ဟီး မင်းနည်ကအရမ်းမိုက်တယ်"
"ဟား ဟား"
"ဟင် ဘာလို့ရယ်တာလည်း"
"ခင်ဗျားလေး မျက်ရည်တွေဝိုင်းနေတဲ့ မီးခိုးရောင်မျက်လုံးရွှဲရွှဲလေးတွေနဲ့ ကျုပ်ကိုရယ်ပြတာ အရမ်းချစ်ဖို့ကောင်းလွန်းတယ် "
"ဟွန့်! အဲ့တာရယ်စရာမှမပါတာကို ငါ့နည်မည်မှတ်ထား အဟမ်း! ဒေါက်တာမုဏ်းလွန်ကြိုး အမ်ဘီဘီအက်စ်"
"အဟား ကျုပ်မျက်နှာတံထွေးတွေ စင်ကုန်ပြီခင်ဗျားလေးရာ"
"ဟီး ဟီး"
ဆိုက်ရောက်လာသော ဆိုင်ကယ်က မုဏ်း၏အိမ်ရှေ့ဖစ်သည်။ အနောက်တွင်ထိုင်ကာ ရှိုး၏ခါးကိုဖတ်ပြီးလိုက်လာတာ အိမ်ရောက်မှန်းတောင်မသိ။ ထို့နောက် မုဏ်းဆိုင်ကယ်ပေါ်မှဆင်းပြီး အိမ်ထဲ၀င်ဖို့အလုပ်
"ဟေ့ကလေးလူကြီးလေး ဆိုင်ကယ်ဦးထုပ်မပေးတော့ဘူးလား"
"အော်ဟုတ်သား အယ်~ အင့် လျှန်းရှိုးသီဟိုရ် လုပ်ပါအုံး မင်းဟာကြီးကဖြုတ်လို့မရတော့ဘူး"
"ဟမ် ဘယ်ဟာတုံး"
"ဆိုင်ကယ်ဦးထုပ်ကိုပြောတာဟ"
မုဏ်းက ဦးထုပ်ကိုလက်နှင့်ဖြုတ်နေသောလည်းမရတာကြောင့် ငိုမဲ့မဲ့နှင့် ရှိုးအားဆို၏။
ဦးထုပ်က လွယ်လွယ်နဲ့ဖြုတ်လို့မရသည့်ကြိုးနှစ်ချောင်း ကျစ်ထားကာ'သော့နဲ့ဖွင့်မှရသည့် ဦးထုပ်ဖစ်သည်ကို ရှိုးခုမှသတိရသည်။ ထိုသော့သည် အိမ်မှာအမှတ်မဲ့ ထားခဲ့တာကြောင့် ရှိုးစိတ်ထဲမှာ 'သွားပြီ' ဆိုသောအသိဖြင့်...။
[A/C -သော့ဖွင့်၊ပတ် ဆောင်းလို့ရတဲ့ဆိုင်ကယ်ဦးထုပ်တော့ ချမ်းလည်းမကြားဖူးပါဘူးနော် စိတ်ကူးယဥ် သက်သက်ရေးတာပါ😂]
"ကလေး...ကလေးလူကြီးလေး"
"ဟင်"
"အဲ့ဦးထုပ်က သော့နဲ့မှဖွင့်လို့ရတာ"
"အဲ့ဆိုလည်းသော့ပေးလေ ငါ့ခေါင်းနာနေပြီ"
"သော့ကအိမ်မှာ ကျန်ခဲ့တယ်"
"ဘာ! အူဝါးးး အဲ့ဆိုငါကဒီတိုင်းကြီး တညလုံးနေရမှာလား ခွေးသူတောင်းစား လျှန်းရှိုးသီဟိုရ်ရဲ့ အီးးး"
မြေပြင်ပေါ်တွင် ထိုကာခြေထောက်နှစ်ဖက်ကားပြီး ကလေးလူကြီးလေးမျက်လုံးမှိတ်ကာ ငိုနေတာကြောင့် ရှိုးဘာလုပ်ရမှန်းမသိဖစ်တော့သည်။ ရှေ့ကျနေသော ဆံပင်များကို လက်ဖြင့်တချက်ဖွာကာ ကလေးလူကြီးနား သွားထိုင်လိုက်ပြီး
"ကလေးလူကြီးလေး"
"အူဝါး မခေါ်နဲ့ အစုတ်ပလုတ်ကောင် သူတောင်းစားကြီး ဗြဲ!!!"
"မငိုပါနဲ့ဗျာ ကျုပ်တောင်းပန်ပါတယ် ကျုပ်အိမ်လိုက်ခဲ့နော်"
"မင်းအိမ်လိုက်ပြီးငါဘာလုပ်ရမှာလည်း"
"ဖြုတ်ပေးမယ်လေ"
"ဟမ်"
"ကျစ် ဦးထုပ်ကိုသော့နဲ့ဖြုတ်ပေးမယ်ပြောတာ"
မုဏ်း သူ၏နှစ်ထပ်တိုက်ပြာအိမ်လေးကို တချက်ကြည့်ပြီး...
"ဟင့်~ ပါးပါးနဲ့ဒယ်ဒီ ငါ့ကိုစိတ်ပူနေတော့မှာဘဲ"
မုဏ်းအပြောကြောင့် ရှိုးမျက်ခုံးတဖက်ဟာ အပေါ်သို့တတ်သွားသည်။ ပါးပါးနဲ့ဒယ်ဒီဆိုပါလား၊ ကလေးလူကြီးလေးက အဖေနှစ်ယောက်ရှိတာလား?...
"သွားမယ် ဘာတွေငှေးနေတာလည်း"
"ဟမ် ဟင့်အင်းသွားမယ်ကလေးလူကြီး"
-------------------------
-------------------------
စင်ဒရဲလားကားထဲကလို နန်းတော်ကြီးသဖွယ် စံအိမ်သို့ ဆိုင်ကယ်ဖြင့်၀င်လာခြင်းမှာပင် သူတို့အားတွေ့သည့် လူတိုင်းက အရိုသေများပေးကြ၏။ ပန်းခူးတုန်းက ချုံးထဲမှခူးတာကြောင့် မုဏ်း ဒီအစုတ်ပလုတ်ကောင်အိမ်ကိုသေချာမမြင်ရသော်လည်း ယခုတွေ့မြင်ရသည်ကား မုဏ်းအံ့အားသင့်ကား 'တဝိုးဝိုး တဝါးဝါး' ဖစ်။
၎င်းနောက် တနေရာတွင် ဆိုင်ကယ်အားရပ်ပြီး ရှိုး အိမ်ထဲ၀င်ဖို့အလုပ်...။
"လျှန်းရှိုးသီဟိုရ် နေအုံး"
"ဘာဖစ်လို့လည်း ကလေးလူကြီးရဲ့"
"ဟို ငါကြောက်တယ်"
"....."
ရှိုးကဘာမှမပြောဘဲ နေလျှင်မုဏ်းသည်
"မင်းအိမ်ရှေ့က ခွေးကြီးနှစ်ကောင်လေ"
နာဖူး၌ ချွေးများပြန်ကာ ကြောက်နေသော ကလေးလူကြီးလေးကြောင့် ရှိုးညစ်ပတ်ချင်သည့်စိတ်ကပေါက်လာသည်။ ထို့နောက် ခွေးနှစ်အား ရှိုးလှမ်းခေါ်လိုက်လျှင်
"အဟက် ဂျက်ကီနဲ့ဂျက်ဆီ ဒီလိုလာအုံး"
"မလာနဲ့သွား အားးး "
သူ့ပေါ်ကိုပြေးဖက်လာတာကြောင့် ခန္ဓာကိုယ်သေးသေးလေးအား အမိရပြန်ဖမ်းရင်း မြက်ခင်းပေါ်၌ နှစ်ယောက်စလုံးလဲကျသွား၏။ မုဏ်းက ရှိုး၏ကျယ်ပြန့်သော ရင်ခွင်ပေါ်၌နေ၍ ရှိုးက မြက်ခင်းြကားထဲက မုဏ်းနှင့်အကြည့်ချင်းစုံစေသည်။
ညရောင်ေအာက် တွေ့ရသည့် မီးခိုးရောင်မျက်လုံးလေးက တမွန်ထူးခြား လှပလွန်းသည်။ ကြောင်တောင်တောင်အကြည့်လေးဖြင့် ရှိုးအားကြည့်ပြီး စူထွက်လာသော နှုတ်ခမ်းလေးက ရှိုး၏သမာဓိအားစမ်းသက်နေသလိုလို...။
အာခေါင်ခြောက်လာမှုနှင့်အတူ သည်းမခံနိုင်တော့သည့်အဆုံး ကလေးလူကြီးလေးကို ခါးသွယ်သွယ်လေးမှဆွဲကာ ရှိုးအောက်သို့ဆွဲသွင်းစေပြီး ထိုနှုတ်ခမ်းလေးအား ဆွဲစုတ်ကာသုံးဆောင်စေ၏။
ပြွတ်~ အင့်~ အွန်း
တွန်းထုတ်သော လက်သီးစုပ်သေးသေးလေးနှစ်ဖက်အား ကြမ်းတမ်းသောလက်နှစ်ဖက်ကာ ဦးထုပ်ဆောင်းထားသည် ခေါင်းပေါ်ဘက်သို့ ချုပ်နှောင်စေပြီး စိတ်ကြိုက်သုံးဆောင်နေသည်။
အောက်နှစ်ခမ်းလေးအားသွားလေးဖြင့် ဆွဲကိုက်လိုက်လျှင် 'အ' ဆိုသော အသံဖြင့် ပွင့်ဟလာသော ပါးစပ်တွင်းသို့ လျှာတိုး၀င်ကာ နွယ်ပင်ကဲ့သို့ရစ်ပတ်ဆော့ကားစေ၏။
"ဟင့်~ တော်တော့...အွန်း"
ပြွတ်
အဆုံးသတ်အနမ်းဖြင့် အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း တစ်ခုလုံးကိုဆွဲစုတ်ကာ အပြီးသတ်စေသော်လည်း နှစ်ဦးကြားရှိ ငွေရောင်ကြိုးလေးက မပျက်
မုဏ်း...ခင်ဗျားက အရမ်းလှတယ်။
မုဏ်း...ခင်ဗျားပြောတဲ့အသံလေးက ကျုပ်ကိုအသည်းယားစေတယ်။
မုဏ်း...ခင်ဗျားရဲ့မီးခိုးရောင်မျက်လုံးလေးတွေက ကျုပ်ကိုအကြည့်မလွဲနိုင်အောင်လုပ်နိုင်တယ်။
အချစ်ဆိုတာကိုမယုံကြည်ပေမဲ့ သေချာတာကတော့ ကျုပ်ခင်ဗျားကို အဆုံးရှုံးမခံနိုင်တော့ဘူး...။
မနက်ဖြန် Updateမရှိပါဘူးရှင့်💙
#ချမ်းချမ်း
>>>>>>><<<<<<<
Zawgyi
၎နောက် လျှန်းရှိုးသီဟိုရ် ဆိုသည့်Accကမုဏ်းအား Tagတွဲထားတာကြောင့် ကြည့်လိုက်သည်။
"ဟင်... ဒါက..."
"လွန်ကြိုး"
"ဟုတ် လာပါပြီဗျ"
---------------------
---------------------
Show Clubတွင်ဖစ်သည်။ ရှိုးနှင့်ငယ်ငယ်လေးထဲက ပေါင်းလာသော မင်းသစ္စာနှင့် ဟန့်ဘညားက ရှိုးအပြောကြောင့် ရယ်နေကြခြင်း။
"အေးပါဟယ်"
"ရှိုး~"
"ငါပြန်တော့မယ်"
"ဟား ဟား"
"ရှင်...ရှင်"
အချိန်ကား ည၉နာရီ...။
"မလိုက်ဘူး ဟင့်~ လွှတ်"
"ဟင်~ အစုတ်ပလုတ်...အဲလေ"
"ဟို...ကျေးဇူးပါနော်"
"အာရှီး!"
"လျှန်းရှိုးသီဟိုရ်"
"ဟား ဟား"
"ဟင် ဘာလို့ရယ်တာလည်း"
"ဟီး ဟီး"
"ဟမ် ဘယ်ဟာတုံး"
"ကလေး...ကလေးလူကြီးလေး"
"ဟင်"
"ကလေးလူကြီးလေး"
"ဖြုတ်ပေးမယ်လေ"
"ဟမ်"
-------------------------
-------------------------
၎နောက် တနေရာတွင် ဆိုင်ကယ်အားရပ်ပြီး ရှိုး အိမ်ထဲဝင်ဖို့အလုပ်...။
"ဟို ငါကြောက်တယ်"
"....."
"မလာနဲ့သွား အားးး "
ပြွတ်~ အင့်~ အွန်း
"ဟင့်~ တော်တော့...အွန်း"
ပြွတ်
#ချမ်းချမ်း