Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-19

4.9K 846 282
By MochiCookie95

Unicode;

ဂျာမနီမှာဆို နှစ်စဉ်ဝင်ငွေကို high-net-worth  ဘယ်လောက်ရှိလဲ ကြည့်ပြီးမှ Black card ကိုင်ဖို့ ကမ်းလှမ်းတာလေ.. Grazie အနေနဲ့တောင် လုပ်ငန်းခွင်ထဲ ဝင်ပြီး ရှစ်နှစ်ကျော်မှ Black Card ကိုင်ဖို့ ကမ်းလှမ်းခံခဲ့ရတာ... Jungkook လို အစိုးရဝန်ထမ်း အနေနဲ့ လစာနည်းနည်းပဲ ရတဲ့သူက Black card ရှိနေစရာ နည်းနည်းမှ အကြောင်းမရှိ။ တောင်ကိုရီးယား နိုင်ငံက Black Card ကို လွယ်လွယ်ကူကူ လူတကာကို ထုတ်ပေးနေပြီလား...။

"မင်းမှာ Black card ရှိလား"

Taehyung အနား တိုးတိုး ကပ်မေးလိုက်တဲ့ Jimin မေးခွန်းကြောင့် Taehyung က မျက်မှောင်ကြုံလျက်

"ဘယ်ရှိမလဲ.."
"မင်းက ပြိုင်ကားတောင် စီးပြီး.."
"အဲ့တာ အဖေဝယ်ပေးတာပါဆို.. Black Card ဆိုတာက လုံးဝ ချမ်းသာတဲ့ သူတွေ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းကျော်လောက် သုံးနိုင်တဲ့ သူတွေမှ ရှိမှာ.. ဥပမာ စီးပွါးရေး လုပ်ငန်းရှင် အကြီးကြီးတို့ Idol တွေတို့ပေါ့.. ငါက အဖေ့လုပ်စာ ထိုင်စားနေရတာ ဘယ်သူက လာလုပ်ပေးမှာလဲ"

Taehyung အဖြေကြောင့် Jimin ဘာမှ ဆက်မပြောတော့ပဲ ငြိမ်သက်နေမိသည်။ ဘယ်လိုပဲ စဉ်းစား စဉ်းစား Jeon Jungkook လို လူမျိုးမှာ Black Card ရှိနေစရာ အကြောင်း တစ်စက်လေးတောင် မရှိ။ ခိုးလာတယ်လို့ တွေးရအောင်လည်း Card ပေါ်က နာမည်ကြီးကတော့ ထွင်းထားစရာ အကြောင်းမှ မရှိတာ..။

"မင်းက ငါ့သူငယ်ချင်းမလား.. အဲ့တော့ ငါနဲ့ Jungkook အကြောင်း ဘယ်လောက်သိလဲ"

Jimin မေးခွန်းကို Taehyung က စိတ်မရှည်သလို သက်ပြင်းချရင်း

"မင်းတို့က လက်ထပ်ထားတယ် Jungkook က အခွန်ရုံးမှာ အလုပ်လုပ်တယ် မင်းက ဒီဆိုင်ကို ငါ့ထက် အရင် လုပ်တယ် မင်းနဲ့ ငါက ရွယ်တူ Jungkook က မင်းထက် နှစ်နှစ် ငယ်တယ်"
"Ya! အဲ့လောက်တော့ ငါလည်း သိတာပေါ့ ကြွက်စုတ်ရဲ့ ငွေကြေးဘာညာ အဆင်ပြေကြလား သိချင်တာ"

Taehyung က ဂရုမစိုက်သလို Jimin အနားက ထလာပြီး ကြက်မွှေးလေးယူကာ မှန်တင်ခုံဘေးတွေ ဖုန်သုတ်ရင်း

"ငွေရေးကြေးရေးဆို.. အင်း.. အဆင်ပြေလှတယ်တော့ မဟုတ်ပေမယ့် မင်းတို့ လည်ပတ်ရုံပဲပေါ့.. အိမ်ထောင်ရေးအရဆိုရင်တော့ များသောအားဖြင့် အဆင်ပြေပါတယ်"

အဆုံးသတ်သွားတဲ့ စကားလေးက လိုရင်းတော့ မရောက်ခဲ့ပါ။ ဒါဆို Jeon Jungkook မှာ Black Card ရှိတာ ဘယ်သူမှ မသိကြဘူးလား... အရင် Jimin ရော သိခဲ့လား..။

"ဒါပဲလား.. ငါ အတိတ်မမေ့ခင်က ငါ့ဆီကနေ Jungkook နဲ့ ပတ်သက်တာ ဘာတွေ ကြားခဲ့ဖူးလဲ"
"အင်း.. အစုံပါပဲ"
"ဘယ်လိုအစုံလဲ ကောင်းတာလား မကောင်းတာလား"
"နှစ်ခုစလုံးပဲ.. တစ်ခါတစ်လေကျတော့လည်း အိမ်ထောင်ရေးကြောင့် စိတ်ပင်ပန်းရတယ်လို့ ပြောဖူးတယ် တစ်ခါတစ်လေကျတော့လည်း Jeon Jungkook က ဘယ်လောက် ဂရုစိုက်ကြောင်း ကြွားဖူးတယ်.. ဘာလို့လဲ"

Taehyung မေးခွန်းအား Jimin မဖြေပဲ တစ်ယောက်ထဲ အတွေးများနေမိသည်။ ဒါဆို.. အရင် Park Jimin ကရော Jeon Jungkook က black card ကိုင် နိုင်တဲ့သူဆိုတာ သိရဲ့လား...။

"ဘာလို့လဲလို့.. အစဖော်ပြီးမှ မလျှို့ဝှက်နဲ့ကွာ"
"လျှို့ဝှက်နေတာ မဟုတ်ပါဘူးကွာ.. မင်းက တစ်မျိုး"

Jimin က သူဝတ်ဆင်ထားသည့် အဖြူရောင် Hoodie လေးရဲ့ အိပ်ထောင်လေးထဲမှ Black card လေး ထုတ်ပြရင်း

"ဒါကို အတိတ်မမေ့ခင်က ငါ သိခဲ့လား.. သိချင်တာ"
"အဲ့တာ Black card ကြီးလား"
"မဟုတ်ဘူး အမှိုက်ကြီး"

ဘုကလန့်တို့ ထိပ်ခေါင် Jimin အဖြေကြောင့် Taehyung က မကျေနပ်သလို ကြည့်ပြီး Jimin လက်ထဲက card ကို ဆွဲယူကာ ကြည့်လိုက်သည်။ အံ့ဩသွားသလို မျက်လုံးမျက်ဆံပင် ပြူး၍

"ဒါက Jeon Jungkook နာမည်ကြီးလား"
"မဟုတ်ဘူး မင်းအဖေနာမည်.. မင်း မျက်လုံးမပါဘူးလား ဘာလို့ မြင်ရဲ့သားနဲ့ ပြန်ပြန်မေးနေတာလဲ"

Jimin ငေါက်လိုက်သည်မို့ Taehyung က သက်ပြင်းချရင်း

"အံ့ဩမိလို့.. အာမေဋိတ် အနေနဲ့ ထွက်သွားတာပါ"
"ငါ အတိတ်မမေ့ခင်က ဒါနဲ့ပတ်သက်ပြီး ပြောတာ ကြာဖူးလား"
"ဟင့်အင်း ငါ့ကိုတော့ မပြောဖူးဘူး.."

Taehyung အဖြေကြောင့် Jimin သက်ပြင်းသာ ချလိုက်မိသည်။ Taehyung က Jimin အနားကပ်ကာ ပခုံးလေးပေါ် မှီချလိုက်ရင်း

"သူငယ်ချင်းလေး.. အခု မင်းက Black card ပိုင်ရှင် ကောင်လေးရဲ့ ချစ်ချစ် ခင်ပွန်းလေးဆိုတော့ ငါ မင်းကို ပေးစရာ ရှိတဲ့ ဝမ်သိန်းငါးဆယ် မေ့လိုက်ပါတော့လားဟင်"
"သောက်ကောင်.. ဒါမျိုးကျ တတ်တယ်"

Jimin က ထိုးတော့မလို လက်နဲ့ရွယ်ပြီး ပြောလိုက်တာမို့ Taehyung မျက်စောင်းထိုးကာ မှီထားရာမှ ထလိုက်ရသည်။ Jimin ကတော့ Black card လေးကို ကြည့်ရင်း

"သေချာ စဉ်းစားကြည့်ရင်လေ.. ငါက ရုတ်တရပ် အရာအားလုံး မေ့ပြီး ပြောင်းလဲသွားတာကို သူက အေးအေးဆေးဆေး လက်ခံပေးတယ် ဆိုတာ မထူးဆန်းလွန်းဘူးလား"

Jimin စကားကို Taehyung က ခဏ စဉ်းစားဟန် တွေဝေနေပြီး

"အမှန်တိုင်း ပြောရရင်... ငါလည်း သေချာ မသိဘူး ဒါပေမယ့် အခု မင်းက အရင်ကထက် အပူပင်ကင်းနေတဲ့ ပုံစံမျိုးမို့ Jungkook က ဘာမှမပြောတာလည်း ဖြစ်နိုင်တယ်"
"ဘာကိုလဲ"
"မင်းက အရမ်း စိတ်ပင်ပန်းနေခဲ့တာ.. Jungkook ဒီလိုလာပို့ရင် ပြုံးပြပြီး စကားပြော ချွဲ နှုတ်ဆက်နေပေမယ့် Jungkook ထွက်သွားတဲ့အခါကျ သက်ပြင်းတစ်ချချနဲ့.. ငါတို့က ဘာဖြစ်တာလဲ မေးရင် စိတ်ပင်ပန်းလို့ လို့ အမြဲဖြေခဲ့တာ.. ဒါပေမယ့် Jungkook ရှေ့ ရောက်ရင်တော့ မင်းကို အဲ့လိုပုံစံနဲ့ လုံးဝ မမြင်ရဘူး"

Taehyung စကားကြားမှ Jimin ပိုရှုပ်ထွေးလာသည်။ အရင်ကတော့ ဒီ Jimin ဘဝက ကိုယ့်ဘဝ အစစ်အမှန် မဟုတ်လို့ စိတ်မဝင်စားခဲ့ပေမယ့် အခုတော့ အနည်းငယ် သိချင်လာမိသည်။ လက်ထဲက ကဒ်ကလေးကြောင့်ရော ကဒ်ပိုင်ရှင် အပေါ် ပြောင်းလဲသွားတဲ့ စိတ်ထားတွေကြောင့်ရောပေါ့...။ ငါက ဘာတွေကို စိတ်ပင်ပန်းပြီး ဘာလို့ Jeon Jungkook အပေါ် ဖုံးကွယ်ထားတာလဲ... ဒါနဲ့များ ဆိုင်နေမလား...။ လက်ထဲက Black card လေးကို ကြည့်ရင်း အတွေးများနေမိသည်။

"ဒါပေမယ့် မင်း ဖုံးကွယ်ထားတဲ့ စိတ်ပင်ပန်းကို Jungkook က ရိပ်မိခဲ့တယ်ထင်တယ် အဲ့တာကြောင့် မင်း အတိတ်မေ့နေတဲ့ အပေါ်မှာ တအား ဖိအားမပေးဘူးလေ"

Taehyung စကားကြောင့် Jimin စိတ်လေးလံလာသည်။ လက်ထဲက Black Card လေးကို လှည့်ဆော့နေရင်း တစ်ခုခုကို တွေးမိသွားသလို ရပ်သွားသည်။ မဟုတ်မှ လွဲရော... ဒီလို Black Card ကြီး ရှိနေလျက်နဲ့ ငါ့ကို ဘာမှ သုံးခွင့်မပေးလို့ ငါက ကြိတ်ပြီး စိတ်ပင်ပန်းနေရတာများလား..။ ဒီကိစ္စ ဒင်းကလည်း သိလို့ ငါအတိတ်မေ့တာကို ပျော်ပျော်ကြီး တည်တည်ငြိမ်ငြိမ် လက်ခံခဲ့တာလား.. Awesome.. ဒါကို ဒီတိုင်း ငြိမ်နေလို့ မဖြစ်ဘူး.. ဒီတိုင်း ငြိမ်နေလိုက်ရင် Grazie မပီသဘူး.. အတိတ်မေ့နေတယ် ဆိုတာ အသုံးချပြီး ရူးချင်ယောင်ဆောင်ပြီး သုံးလိုက်ကြရအောင်.. Let's go..။ ........။

"ဦးလေး Jeon နဲ့ တွေ့ချင်လို့ပါ.. ကြိုချိန်းထားတာတော့ မရှိပေမယ့် Jungkook အကြောင်း ပြောစရာလေး ရှိလို့မို့... တွေ့လို့ရမယ် ထင်ပါတယ်"

J လုပ်ငန်းစု တိုက်မြင့်ကြီးရဲ့ Reception လေးမှာ Gumeong အပြုံးလေးနဲ့ တောင်းဆိုလိုက်သည်။ သိပ်မကြာခဲ့ပါ ထင်ထားသလိုပဲ တွေ့ခွင့်ပေးလိုက်သည်မို့ ဝန်ထမ်း အမျိုးသမီးငယ် ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရလေသည်။ ရုံးခန်းလေးထဲ ထိုင်စောင့်နေတဲ့ Mr.Jeon က ပြုံးပြကာ နှုတ်ဆက်လေသည်။

"မတွေ့ရတာ ကြာပြီပဲ.. အငယ်ကောင် ထွက်သွားကတည်းက မလား"
"ဟုတ်ပါရဲ့.. ဦးလေးတို့နဲ့ မတွေ့တာ ကြာနေပြီပေမယ့် Kook နဲ့ကတော့ အမြဲ တွေ့ဖြစ်ပါတယ်.. Kook ကို ဦးလေးတို့ ခွင့်ပြုလိုက်ပြီ ထင်လို့ မပြောဖြစ်ခဲ့တာပါ.. ဒါပေမယ့် မနေ့ညနေက အတွင်းရေးမှူး ဦးလေးကို မြင်လိုက်ရတော့ လုံးဝ အံ့ဩသွားခဲ့တာ.. ခုထိ ခွဲဖို့ ကြိုးစားနေတုန်းလား ဆိုပြီး"

စိတ်မကောင်းဖြစ်နေသလို ညှိုးငယ်ပြနေတဲ့ မျက်နှာလေးကြောင့် Mr Jeon က သက်ပြင်းတစ်ချက်သာ ဆွဲချလိုက်ရင်း

"ခွဲရမှာပေါ့.. ယောက်ျားလေးချင်း ယူထားတာမလား.. ငါတို့သား အနာဂတ်အတွက် ငါ့မှာလည်း ကြိုးစားခွင့် ရှိသင့်တယ်လေ"
"အင်းပေါ့.. ဦးလေး ဘက်ကိုလည်း နားလည်ပါတယ်.. ဒါပေမယ့် Kook က Jimin အနားမှာ နေရတာ ပျော်နေရှာတာ"

မျက်နှာငယ်လေးနဲ့ သက်ပြင်းချရင်း ပြောလိုက်တဲ့ Gumeong ကြောင့် Mr.Jeon လည်း အတူ သက်ပြင်းလိုက်ချရင်း

"အငယ်ကောင်ကတော့ ဒီလို စိတ်ထားကောင်းတဲ့ သမီးကိုပစ်ပြီး ဘယ်လိုလုပ် ယောက်ျားချင်း ကြိုက်သွားလဲ စဉ်းစားတိုင်း ဒေါသထွက်လိုက်တာ"
"အဲ့လိုကြီး မပြောပါနဲ့ ဦးရယ်.. သမီးက စိတ်ထားကောင်းတာ မဟုတ်ပါဘူး Kook ပျော်တာကို လိုချင်တဲ့သူပါ"

ဖြူစင်ရိုးသားသည့်ဟန်နဲ့ Gumeong ကြောင့် Mr Jeon ပြုံးလိုက်ရင်း Gumeong လက်ကို ဆုပ်ကိုင်ကာ

"ဦးကတော့ အငယ်ကောင်ကို သမီးနဲ့ပဲ သဘောတူတယ်"

Mr Jeon စကားကြောင့် Gumeong ရှက်ပြုံးလေး ပြုံးရင်း

"ဒီစကားကို သမီးပြောသင့်ရဲ့လား မသိပေမယ့်.."
"ဘာကိုလဲ သမီး"
"ဟို Jimin မကောင်း ပြောသလို ဖြစ်သွားမှာလည်း ဆိုးတယ်.. ဒါပေမယ့် Kook ပင်ပန်းနေရတာကိုလည်း မကြည့်ရက်လို့ပါ"

တစ်အိမ်လုံးရဲ့ အငယ်ဆုံးမို့ သည်းခဲ့တဲ့သား ပင်ပန်းနေရတယ် ဆိုတဲ့ စကားကြောင့် Mr Jeon က မျက်မှောင်ကြုံ့ ကြည့်လာလေသည်။ Gumeong က မပြောရဲသလို သက်ပြင်းတိုးတိုးလေးချ​ပြီး

"Kook ပုံစံက အဆင်ပြေတဲ့ပုံစံ မပေါ်ဘူး.. ဟိုနေ့ကဆိုလည်း နေမကောင်းဘူး အဟင့်.."

ပိုက်ဆံအိတ်လေးထဲက လက်ကိုင်ပုဝါလေး ထုတ်ကာ မျက်ရည်သုတ်ပြနေတဲ့ Gumeong ကို ကြည့်ရင်း Mr.Jeon တစ်ယောက် မွေးထားတဲ့ သားကိုသာ အပြစ်တင်လိုက်မိသည်။

"မပူပါနဲ့.. ဦးလေးတို့ အမြန်ဆုံး အငယ်ကောင်ကို အိမ်ရောက်အောင် ခေါ်မှာပါ"
"Kook က ဦးလေးတို့ မနေ့ကလို လိုက်ဖမ်းနေလို့ ရမယ့်သူမှ မဟုတ်တာ.. Kook အကြောင်းလည်း ဦးလေးတို့ အသိဆုံးပဲမလား.. ဆုံးဖြတ်ပြီးရင် အဆုံးထိမှ မပြင်တတ်တာ.. ဦးလေးတို့ ခေါ်လို့ အိမ်ပါလာခဲ့ရင်တောင် ပြန်ထွက်ပြေးမယ့် သူမျိုးလေ"

Gumeong စကားက မှန်နေတာမို့ Mr.Jeon သက်ပြင်းရှည်ကြီး တစ်ချက် ဆွဲချလိုက်မိသည်။ Gumeong ကတော့ ခိုးပြုံးရင်း အသံတိုးတိုးဖြင့်

"ဒါပေမယ့်.."

ဒါပေမယ့် ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ ရှေ့က ပြောခဲ့သည့် စကားနဲ့ ဆန့်ကျင်ဘက် တစ်ခုကြီးကြောင်း အမြဲကပ်ပါနေကြမလား။ Mr.Jeon မျှော်လင့်ချက်ကြီးစွာ စောင့်ကြည့်နေသည်မို့ Gumeong က ပြုံးပြလျက်

"အခု ကံကောင်းတာက Jimin အတိတ်မေ့နေတာပါ.."
"ဆိုလိုတာက.."
"Kook က Jimin ပြောစကားဆိုရင်တော့ လက်ခံမယ့်သူမလား.. Jimin ကို အသုံးချကြည့်ပါ့လားဟင်"

Gumeong စကားလေး အဆုံးသတ်သွားတဲ့ အချိန်မှာ Mr.Jeon လည်း အကြံတစ်ခုရသွားသလို တောက်ပစွာပြုံးသွားလေသည်။ Gumeong ကတော့ ဖျောက်ခဲ့တဲ့ လမ်း ဖြူးနေပြီမို့ လမ်းထိပ်ကနေ အသင့် မင်္ဂလာပွဲ ကျင်းပဖို့ စောင့်ကြိုကာ ပြုံးနေလေရဲ့...။ ........။

"Jungkook ဘာချောင်းနေတာလဲ"

ရုံးဆင်းချိန် မပြန်သေးပဲ ရုံးခန်းတည်ရှိရာ တိုက်လှေကားထောင့်ကနေ အပြင်ကို ချောင်းနေသည့် Jungkook အား Yoongi နားမလည်သလို မေးလိုက်ခြင်း ဖြစ်သည်။ Jungkook က လှည့်ပြုံးပြရင်း

"ဟီး.. အဖေ့လူတွေကိုပါ.. Hyung ရုံးဆင်းတော့မလို့လား"
"ဒါပေါ့ အချိန်ပို မဆင်းချင်တော့လည်း ဟိုဘိုးတော် ထွက်မလာခင် အမြန်လစ်ရတာပဲ"
"ဟုတ်ပါ့ဗျာ.."
"ငါ ပြန်ပြီနော်"
"ဟုတ်ကဲ့ Hyung"

Yoongi နှုတ်ဆက်ပြီး ပြန်သွားသည်မို့ Jungkook လည်း ဆက်ချောင်းနေလိုက်မိသည်။ ဒီနေ့တော့ ကူညီပေးမယ် ထင်ရတဲ့ Gumeong ကလည်း ခွင့်ယူထားသည်မို့ ပြေးရ လွှားရရင် လွှတ်ဖို့ မလွယ်ပါ။ မနေ့ကလူတွေနဲ့ တူတဲ့ အရိပ်တောင် မတွေ့ရသည်မို့ စိတ်ထဲ ပိုလေးလံနေမိသည်။ အဖေ့စိတ်နဲ့ဆို နေရာသေချာပေါက် သိသွားတာကို နေ့တိုင်းလာမှာ မဟုတ်ဘူးလား.. ဘာလို့ မလာကြတော့တာလဲ..။ တစ်ယောက်ထဲ ကြိတ်တွေးရင်း ကျောမဖြောင့်စွာ ဘီဘီ ဆံသဆိုင်လေးဆီ ဦးတည်ခဲ့ရသည်။

"မောင်လာကြို.."
"အင်း.. လာပြီလား"

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Jungkook ဆုံးအောင်တောင် မနှုတ်ဆက်နိုင်တော့ ပေမယ့် ဆရာကြီးပေါက်စကတော့ တက်ကြွစွာ နှုတ်ဆက်လေသည်။

"ဒါက ဘာတွေလဲ"

Jungkook နားမလည်သလိုဟန်ဖြင့် ဘီဘီ ဆံသဆိုင်လေး တစ်ဆိုင်လုံး နီးပါး ပျောက်ကွယ်လုမတတ် ဖုံးအုပ်ထားတဲ့ စက္ကူလက်ဆွဲအိတ် လေးတွေအား လက်ညှိုးထိုးရင်း မေးလိုက်သည်။ Hobi နဲ့ Taehyung ကတော့ ပြသနာဖြစ်မယ့် အရိပ်အငွေ့တွေ ခံစားနေရပြီမို့ အသက်ပင် ပြင်းပြင်း မရူရဲကြ.. အသံတိတ်ကာ ချောင်ကပ်နေလေသည်။ Jimin က ထိုစက္ကူအိပ်လေးတွေ အကုန်လုံးကို စုသယ်ရင်း

"ငါ့အတွက် လိုအပ်မယ် ထင်တာတွေ ဝယ်ထားတာ.. ရပ်ကြည့်မနေပဲ လာကူသယ်ပေးဦး"

Jungkook ဆက်မမေးတော့ပဲ မနိုင်မနင်း ဖြစ်နေသည့် Jimin ရဲ့ အိတ်လေးတွေကို တော်တော်များများကို ဝင်ကူသယ်ပေးလိုက်သည်။ ထိုမှ အိတ်လေးတွေပေါ်မှာ နာမည်လေးတွေအား သတိထားမိသွားသည်။ Prada, Dior, Givenchy, Gucci, Alexander McQueen, Ralph Lauren, Chanel...။ အပေါ်အိတ်ခွံ့ သက်သက်ကြီးပဲတော့ မဟုတ်ဘူးမလား...။

Jungkook အများကြီး သယ်ပိုးပေးထားတာတောင် ကျန်နေသေးတာမို့ Jimin တစ်ယောက်ထဲ လက်မောင်း သုံးလုံးလောက်ချိတ် လက်ကလည်း ခြောက်လုံးလောက်ဆွဲရလေသည်။

"Hyung.. ဒါတွေကို ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီး.."
"အာ.. ဒါနဲ့ ဝယ်လိုက်တာ"

Jimin က သူဝတ်ထားတဲ့ Hoodie အဖြူလေးထဲမှ Black Card လေးအား ထုတ်ပြလိုက်သည်မို့ Jungkook မျက်လုံးပြူးကျယ်သွားသည်။

"Hyung.. ဒါကို.."
"ဝတ်စရာမရှိလို့ မင်းအင်္ကျီငှါးဝတ်ရင်း တွေ့တာ မင်းနာမည်လည်း ပါနေတာမို့ ငါ နည်းနည်း သုံးလိုက်တာ ရတယ်မလား"

Jimin ကိုယ်ပေါ်က Hoodie အဖြူလေးကို ငေးရင်း Jungkook ဘာဆက်ပြောရမှန်းမသိ။ အဲ့အင်္ကျီက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ Jimin လက်ကို ဆုပ်ကိုင်ပြီး အိမ်က ထွက်လာတဲ့ သူ့ရဲ့ တစ်ခုတည်းသော အိမ်က အဝတ်ဖြစ်သည်။ နောက်ပိုင်း Jimin ဝယ်ပေးတဲ့ အင်္ကျီများကိုသာ အမြတ်တနိုး ဝတ်ဆင်ပြီး ထိုအင်္ကျီအား အိမ်ကပါလာသည့် အမှတ်တရ တစ်ခုအနေနဲ့သာ ချောင်ထိုးထားခဲ့လေသည်။ အခုတော့ အိမ်နဲ့ ပတ်သက်တာ အကုန် လွင့်ပစ်လိုက်ပါဆိုတဲ့သူ ကိုယ်တိုင်က ထိုအဝတ်ကို ဝတ်ဆင်ထားပြီး Black Card ကြီးနဲ့ Shopping ထွက်ထားတာ နည်းနည်းနောနောမှ မဟုတ်တာ..။

"မပူပါနဲ့.. မင်းအတွက်လည်း ပါပါတယ်"

ပြောပြီး ဆံသဆိုင်လေးထဲကနေ တက်ကြွစွာ ထွက်သွားတဲ့ Jimin အား Jungkook ပြောစရာ ပျောက်ရှစွာ ငေးနေမိခဲ့သည်။ ဒီနေ့တော့ Hobi တို့ကိုတောင် မနှုတ်ဆက်နိုင်ပဲ Jimin နောက်ကို အရင်ပြေးလိုက်သွားရသည်။

"Hyung.."
"မင်း အလုပ်သွားရင် ဝတ်နေတဲ့ Suit တွေက အရောင်မှိန်နေပြီမို့ ငါ အရောင်တောက်တောက်လေးတွေ ဝယ်ခဲ့တယ်.. Necktie လှတာလေးတွေလည်း ဝယ်ခဲ့တယ် ပြီးတော့ မင်းအတွက် ဖိနပ်လည်း ဝယ်ခဲ့တယ်.. မင်းက ရုံးတက်နေရတာဆိုတော့ တောက်ပြောင်နေမှ ဖြစ်မှာပေါ့"

စိတ်ဆိုးမှာ ကြိုသိလို့ ချော့နေသလား အောက်မေ့ရအောင် ကိုယ့် အတွက်ဝယ်ထားတာတွေ တန်းစီပြောနေတဲ့ Jimin ကြောင့် Jungkook သက်ပြင်းသာ ချလိုက်မိသည်။

"အာ မေ့တော့မလို့ လာမယ့် ပိတ်ရက် ငါတို့ ကားသွားကြည့်မလား.. ကားဝယ်ရအောင်"
"တော်ပါတော့ Hyung.."
"ဘာ!! ဘာပြောလိုက်တာ"
"တော်ပါတော့လို့"

Jungkook အော်လိုက်တာမို့ Jimin ပြုံးရွှင်နေရာမှ ချက်ခြင်း ခက်ထန်သည့် အသွင်ပြောင်းကာ ဒေါသထွက်လာလေသည်။

"သောက်ကောင်.. မင်းက ငွေလေး နည်းနည်းရှိတယ်ဆိုပြီး အခု ငါ့ကို အော်လိုက်တာလား"
"Hyung အတွေးထဲမှာ အမြဲတမ်း ငွေပဲ တွေးနေတာလား.. လူတစ်ယောက်ကို ငွေနဲ့ တိုင်းထွာမှာလား.. ဘာလို့ စကားပြောရင် အမြဲ ငွေပဲပါနေတာလဲ.. ဘာလို့ အမြဲ ငွေပဲလဲလို့"

မျက်ရည်တို့ ရစ်ဝိုင်းကာ အော်လိုက်တဲ့ Jungkook ကို ဖြတ်သွားဖြတ်လာ လူများမှာလည်း ကွက်ကျိ ကွက်ကျိ ကြည့်ကာ တီးတိုးအတင်း ပြောရင်း ရှောင်ဖယ်သွားကြလေသည်။

"မင်းမှာ ငါ့ကို အော်ပိုင်ခွင့် မရှိဘူး.. မင်း ဘာသာမင်း ဘယ်လောက် ချမ်းသာ ချမ်းသာ ငါအတွက်တော့ လေထုထဲက ဖုန်မှုန့်သာသာပဲ ဆိုတာ နားလည်ထား.. အေး ငါ့ အတွေးထဲမှာ ငွေပဲရှိတယ် ဘာလို့လဲ သိလား.. ငါ ဒီကြွက်တွင်းလေးထဲမှာ မနေနိုင်လို့.. ငါ ဒီကြွက်တွင်းထဲကနေ ရုန်းထွက်ချင်နေပြီမို့လို့.. ငါနဲ့ ဒီလိုကြွက်တွင်းနဲ့ နည်းနည်းမှ မအပ်စပ်လို့.."

Jungkook မျက်ရည်ဝဲတဲ့ အဆင့်မှ ငိုချလိုက်သည့် အဆင့်ကို ရောက်လာလေသည်။ Jimin နားမလည်ပါ။ သူက ဘာလို့ ငိုနေတာလဲ.. ငါပြောတာ မှားလို့လား.. သူက ငါ့ယောက်ျားလေ သူချမ်းသာနေရဲ့သားနဲ့ ငါ့ကို ကြွက်တွင်းမှာပဲ ထားစရာလား.. ဒါမှမဟုတ် ငါက သူ့ငွေတွေ အများကြီး သုံးလိုက်မိလို့လား..။

"မဟုတ်သေးပါဘူး နေပါဦး.. ငါ အသုံးများသွားလို့ စိတ်ဆိုးမယ် ဆိုတာ နားလည်တယ် ဒါပေမယ့် ငိုစရာပါ လို့လား မင်း ကပ်စီးနည်းလား.. မင်း ယူထားတဲ့ ယောက်ျားလေ.. အဲ့လောက်လေး သုံးတာ ငိုစရာပါလား"

Jungkook ဘာမှ ပြန်မဖြေပဲ ခေါင်းငုံ့ထားရင်းသာ တရှုံ့ရှုံ့ ငိုနေလေသည်။ လမ်းမအလယ်မို့ ဖြတ်သွားဖြတ်လာ များမှာလည်း ဝိုင်းကြည့်နေကြလေသည်။ မသိရင် ကိုယ်ကပဲ ယောက်ျားကို နှိပ်စက်တဲ့ လူကြမ်းကြီး ကျလို့...။

"ဒီမှာ သောက်ကပ်စီးနည်း.. လမ်းမ အလယ်တည့်တည့်ကို ငွေဒီလောက်လေး သုံးလိုက်တာနဲ့ ငိုယိုနေစရာလား.. မင်းမရှက်ပေမယ့် ငါ ရှက်တယ်.. ရော့ မင်းငွေနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေ.. မသဒ္ဓါရေစာတွေ ငါလည်း မယူဘူး"

Jimin လက်ထဲက အထုတ်တွေနဲ့ပါ Jungkook အား ပေါက်လိုက်လေသည်။ Jungkook က ဘာမှပြန်မပြောပဲ ခေါင်းငုံ့ရင်းသာ ငိုနေလေသည်မို့ Jimin စိတ်တိုတိုနဲ့ ကျောခိုင်းလာခဲ့သည်။

"ငတုံးကောင် ငါ့ကို ဒီလောက်လေးတောင် မသဒ္ဓါဘူးလား.. ပြောတော့ ချစ်တယ်ဘေး ဘာလေးနဲ့.. တကယ် ချစ်တာရော ဟုတ်ရဲ့လား မသိဘူး"

ပြောရင်း ပါးပြင်ထက် ခပ်နွေးနွေး အထိအတွေ့ကြောင့် Jimin ဘယ်သူမှ မမြင်အောင် အလျင်အမြန် ဖယ်ရှားလိုက်သည်။

"ဒီသောက်မျက်ရည်တွေကလည်း ငါလည်း မငိုပဲ ကျနေလိုက်"

သိမ့်သိမ့်တုန်လာတဲ့ ရင်ထဲက ခံစားချက်နဲ့အတူ အသက်ရူသံတွေပါ တုန်ယင်လာသည်။ အမှန်အတိုင်းပြောရရင် ကြိုမပြောပဲ သုံးလိုက်မိတာ မလုပ်သင့်မှန်း သိပေမယ့် Jungkook ဆီက အော်ခံလိုက်ရတာကို မကျေနပ်နိုင်ပါ.. အင်း.. မခံစားနိုင်ဘူးဆို ပိုမှန်မလား...။ အဆက်မပြတ်ကျနေတဲ့ မျက်ရည်တို့ကို အလျင်အမြန် လိုက်သုတ်ရင်း

"ငါကိုက မှားတာ.. အစကတည်း အဲ့ကဒ်နဲ့ ဂျာမနီကို ထွက်သွားဖို့ လတ်မှတ်လေးပဲ ဝယ်ပြီး တိတ်တိတ်လေး ထွက်သွားလိုက်ရမှာ.. ဒီသောက်တုံးကို မထားခဲ့နိုင် ဖြစ်နေတဲ့ ငါက မှားတာ"

ပစ္စည်းတွေ ဗလပွကျဲနေတဲ့ လမ်းမထက် Jungkook ရပ်ငိုနေမိသည်။ အဖေပြောတဲ့ ဘယ်လောက်ခံမလဲ ဆိုတဲ့ စကားကို ပြန်ကြားယောင် မိတာကြောင့် ရှေ့ဆက်လျှောက်ဖို့ ကြောက်နေမိသည်။ လှုပ်တုပ်လှုပ်တုပ် ထွက်သွားတဲ့ ကျောပြင်ငယ်လေးဟာ တဖြေးဖြေး Jungkook နဲ့ ဝေးကွာလာခဲ့သည်။ ပစ်ချခဲ့သော ပစ္စည်းတစ်ခုချင်းစီ လိုက်လံ ကောက်သိမ်းရင်း အဝတ်တွေ ဖိနပ်တွေ ကြားထဲမှ ထွက်လာသည့် တစ်ခုတည်းသော စာအုပ်ငယ်လေး တစ်အုပ်..။

'ဟင်းချက်နည်းစာအုပ်'

Jungkook မျက်ရည်တွေကြားထဲမှ ပြုံးမိသွားသည်။ ခုနကအထိ စိတ်တိုတာနဲ့ ဝမ်းနည်းနေခဲ့တာတွေက ဟင်းချက်နည်း စာအုပ်လေးကြောင့် အကုန်ပြေးထွက်ကုန်လေသည်။ အတိတ်မေ့နေတဲ့ သူအပေါ် ဒေါသ ထွက်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်မိသည်။ ဒါတောင် ဟင်းချက်နည်းစာအုပ်မို့ အချစ်ပေးနည်း စာအုပ်သာဆို Jeon Jungkook တို့ ရူးနေလောက်ပြီ..။

တိုက်ခန်းလေးဆီ Jungkook ပြန်ရောက်ချိန်မှာ သခင်လေးဟာ အခန်းတွင်းသာ အောင်းနေလေသည်။ Jimin ဝယ်ထားတဲ့ ပစ္စည်းတွေ အကုန် သယ်ပြီး အခန်းထဲ ဝင်လိုက်တော့ ကျောခိုင်းကာ လဲလျောင်းနေတဲ့ ဆရာကြီး ပေါက်စက ဆက်ကနဲ ထထိုင်လာသည်။

"ဘာလဲ.. ငါ့အခန်းထဲက အခုထွက်သွားစမ်း"
"ဒါတွေ မသိမ်းရတော့ဘူးလား"
"မသိမ်းဘူး.. လွင့်ပစ်ချင် လွင့်ပစ် ဆိုင်ပြန်သွင်းချင်သွင်း ကြိုက်တာလုပ်"

Jungkook ကို အခန်းအပြင် တွန်းထုပ်ပြီး သယ်လာတဲ့ အထုတ်တွေပါ အခန်းအပြင် ပစ်ပေါက်လေသည်။ ပြီးတာနဲ့ ဂျောင်းခနဲ တံခါးဆောင့်ပိတ်ကာ ဒီတစ်ခါတော့ Lock ပါ ချသွားလေသည်။ Jungkook သက်ပြင်းတိုးတိုးလေး ချရင်း တစ်ခုချင်းစီ ပြန်ကောက်သိမ်းရပြန်သည်။ ရေချိုးပြီးတာနဲ့ ညစာကို အပြင်ထွက် ဝယ်လာခဲ့ပြီး အိမ်ပြန်ရောက်မှာ အခန်းတံခါးလေး ခေါက်ကာ ဆရာကြီး ပေါက်စအား ခေါ်လိုက်ရသည်။

"Hyung ညစာ စားရအောင်"
"မသဒ္ဓါ ရေစာတွေ ငါ မစားဘူး သောက်ကပ်စီးနည်း"
'ဒုန်း'

အော်သံနဲ့ အညီ အခန်းတံခါးကိုလည်း တစ်ခုခုနဲ့ ပစ်ထုလိုက်ဟန်ပေါ်သည်မို့ Jungkook ဆက်မမေးရဲတော့ပဲ တစ်ယောက်တည်း အရင်စားလိုက်သည်။ ပြီးမှ ဆရာကြီးပေါက်စ ဗိုက်ဆာသည့်အချိန် ထစားနိုင်ရန် အသင့်ပြင်ပေးထားလိုက်ရသည်။

'ဂွီ'

လူကနေပေမယ့် အစာအိမ်က မနေတာမို့ Jimin စောင်ကိုသာ လဲလျောင်းရင်း အညှိုးထားကန်နေလိုက်သည်။ ဒီ ဗိုက်ကလည်း မလိုက်မသိလိုက်တာ...။ စားပွဲပေါ်က ရေဗူးကိုသာ သောက်ရင်း အူနိုပ်ကာ ကြိတ်ခံနေလိုက်သည်။ ငါ့ကို မသဒ္ဓါတဲ့ ကောင်ဆီက ထမင်းတစ်စိ ရေတစ်စက်တောင် မယူနိုင်ဘူး.. ဒါ ငါ့မာနပဲ.. Alex Armanto အိမ်တော်က အငယ်ဆုံး သခင်လေး Grazie ရဲ့ မာနကို ဘယ်အစာအိမ်မှ လာအနိုင်ယူလို့ မရစေရဘူး...။

'ကျွီ'

ည ဆယ့်တစ်နာရီ ထိုးနေပြီမို့ တံခါးလေးအား အသံမထွက်အောင် တွန်းဖွင့်ကာမှ အသံထွက်သွားသေးတာကြောင့် Jimin ကိုယ့်ကိုကိုယ် အပြစ်တင်ကာ အောက်နှုတ်ခမ်းအား ကိုက်လိုက်မိသည်။ TV ရှေ့က ဆိုဖာခုံလေးဆီ အရင်လှမ်းခိုးကြည့်လိုက်တော့ ဆိုဖာခုံပေါ်က ကောင်လေးမှာ အိပ်မောကျနေဟန်။ ခြေသံဖွဖွလေးနင်းပြီး မီးဖိုချောင် ကောင်တာလေးဆီ လျှောက်လာရင်း စားစရာ ရှာဖွေရတော့သည်။ ကြည့်ရတာ အစာအိမ်နဲ့ မာနရဲ့ အားပြိုင်ပွဲမှာ အစာအိမ်က အနိုင်ယူသွားပုံပေါ်သည်။

မီးဖိုချောင် ကောင်တာလေးထက် အသင့်ပြင်ထားသည့် အုပ်စောင်းလေးကို မြင်လိုက်တာမို့ Jimin ကြိတ်ပြီး ဂုဏ်ဆာ လိုက်မိသေးသည်။ မြင်တယ်မလား.. ဘယ်သူက နေနိုင်ပြီး ဘယ်သူက မနေနိုင်တာလဲဆိုတာ..။ ဒီလို အစားလေး တစ်နပ်စာ အသင့်ပြင်ထားရုံနဲ့ ကိုယ့်ကို အော်ထားခဲ့တဲ့သူ အပေါ်  Park Jimin တို့ စိတ်ပျော့သွားမယ် ထင်ရင်တော့ လုံးဝ မှားသွားမယ်.. Grazie ဆိုတာ တစ်လောကလုံးကို အကြောတင်းလာတာ.. ဒီလောက်လေးနဲ့ နည်းနည်းမှ မတုန်လှုပ်ဘူး...။ .....။

Jimin အုပ်ဆောင်းလေးကို အသံမထွက်အောင် အသာလေး မ ကြည့်လိုက်သည်။ ကြက်ဥ half fried လေး တင်ထားသော ထမင်းသုပ်လေးရယ် ဘူဂိုဂီလေးရယ် Sausage ပိစိကြော်လေးတွေရယ် Note စာရွက်လေးရယ်..။

'တစ်စုံတစ်ယောက်အတွက် လုပ်ထားပေမယ့် သူ့ကို မသဒ္ဓါဘူးလို့ အထင်လွဲပြီး မစားလို့ပါ ဒီစာကို မြင်တဲ့သူ ဘယ်သူမဆို စားလို့ရပါတယ် သဒ္ဓါပါတယ်'

Note စာရွက်လေးထဲမှ စာတိုလေးကြောင့် Jimin အသံမထွက်အောင် ခိုးရယ်လိုက်မိသည်။ ဒီချည်နှောင်မှုတွေကြားမှာ ဘယ်သူက ကြာကြာ စိတ်ဆိုးနိုင်မှာလဲ.. ဒီငတုံးကတော့... ဒါမျိုးကျ ဘယ်က သင်လာလဲ မသိ.. သိပ်တတ်တာပဲ..။

"အူကြောင်ကြောင်နဲ့.. ဒီအိမ်မှာ ငါနဲ့သူ နှစ်ယောက်ပဲ ရှိတာကို ဘယ်သူမဆိုတဲ့.. ကျပ်မပြည့်ဘူးလား"

တီးတိုးလေး အပြစ်တင်လိုက်သေးပေမယ့် စိတ်ထဲ ကြည်နူးစွာ ထိုညစာကို စားနေလိုက်သည်။ ချစ်မရှက် ကြိုက်မရှက် ငတ်မရှက်တဲ့လေ...။ ဗိုက်ဆာနေတော့လည်း မရှက်တော့ပဲ အားရပါးရ စားလိုက်မိသည်။ စားနေရင်း ဆိုဖာခုံပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်လေးကို လှမ်းကြည့်ကာ မျက်စောင်းထိုးပြီးမှ ပြုံးလိုက်မိသေးသည်။ ဘယ်သူမှမမြင်လောက်ဘူး ဆိုပေမယ့် ကိုယ့်မျက်နှာကိုယ် ပြန်ထိမ်းကာ တင်းထားရင်း

"ငါ မင်းကို မချစ်ဘူး.. ဒီတိုင်း မင်းဆီက အချစ်ခံရတာကိုပဲ သဘောကျတာ.. ချစ်ရမှာက မင်းအလုပ် ငါက အချစ်ခံဖို့က ငါ့အလုပ်"

အိပ်ပျော်နေတဲ့ ကောင်လေး မကြားလောက်ဘူး ဆိုပေမယ့် ညစာပလုတ်ပလောင်း စားရင်း လှမ်းကာ ရန်လုပ်လိုက်မိသည်။ Jimin ထမင်းပြန်ငုံ့စားနေတဲ့ အချိန်မှာ အိပ်ပျော်နေပြီလို့ သတ်မှတ်ထားတဲ့ ကောင်လေး မျက်နှာထက် အပြုံးတစ်ပွင့် ဖြတ်ပြေး သွားတာကို Jimin မမြင်လိုက်ပါ။ ချစ်တဲ့ မျက်စိနဲ့ ကြည့်ရင် အရာအားလုံးက ချစ်ဖို့ကောင်းပါတယ်...။ ........။

သန်းခေါင်ကျော်သည်အထိ အိပ်ရာထက် အိပ်မပျော်နိုင်ပဲ Jimin တစ်ယောက် လူးလိမ့်နေမိသည်။ လဲလျောင်းနေရာမှ ထထိုင်ကာ နံရံထက်က မင်္ဂလာဆောင် ဓါတ်ပုံလေးကို ငြိမ်သက်စွာ ငေးနေမိသည်။

"မင်းဆီက ခွင့်မတောင်းပဲ ယူသုံးမိတာ ငါ့အပြစ်ပါ"

"အတိတ်မေ့နေတဲ့ Hyung ကို လျှို့ဝှက်ထားမိတာ ကျွန်တော့်အပြစ်ပါ"

TV ရှေ့က ဆိုဖာခုံလေးပေါ်က ကောင်လေးကလည်း ဧည့်ခန်းလေးမှာ ချိတ်ထားတဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေး ငေးရင်း တီးတိုးစွာ အပြစ်ဝန်ခံနေလေသည်။

"ကျွန်တော် တောင်းပန်ပါတယ်"

"ငါ တောင်းပန်ချင်ပေမယ့် ငါက အဲ့လိုစကားကို လွယ်လွယ်ပြောမထွက်လို့.. ဒီလောက်ဆို တောင်းပန်တယ် မှတ်လိုက်တော့"

ခြားထားတဲ့ အခန်းနံရံလေးသာ မရှိခဲ့ရင် အရာအားလုံးက ပိုအဆင်ပြေနိုင်မည် ထင်ရသည်။ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုပေမယ့် နံရံတွေကတော့ ထူပါတယ်...။ ............။

"ဒီ ပစ္စည်းတွေ အကုန် မင်းပဲ ဆိုင်ပြန်သွင်းလိုက်တော့"

အိပ်ရာနိူးနိူးချင်း ပြောလာတဲ့ ဆရာကြီးပေါက်စ စကားကြောင့် Jungkook မနက်စာပြင်ရင်း ကြောင်နေမိသည်။

"ဘာလို့လဲ"
"ငါ စိတ်ကြိုက်ဝယ်ပြီးမှ ပြန်သွားသွင်းရမှာ ရှက်လို့ မင်းပဲ သွင်းပေး"
"ကျွန်တော်ပြောတာ အဲ့လို မဟုတ်ဘူးလေ.. ဘာလို့ ဆိုင်ပြန်သွင်းမှာလဲလို့"

Sausage ကြော်နေတဲ့ အိုးလေးအား အပူလျော့ပြီး Jimin ဘက်လှည့်ကာ မေးလိုက်သည်။ Jimin ကတော့ ပခုံးလေးတွန့်ပြရင်း

"ငါ မလိုတော့လို့ပေါ့.. ခိုင်းတာမလုပ်ပဲ အရမ်းစကားများတာပဲ"

မနေ့က လမ်းမထက် အော်ခဲ့သလို မဟုတ်ပဲ သိပ်မမာတော့တဲ့ လေသံအရတော့ သေချာပေါက် စိတ်ဆိုးပြေသွားတဲ့ အသံမျိုး..။ Jungkook မီးဖိုခလုတ်အား ပိတ်လိုက်ပြီး Jimin ရပ်နေသည့် နေရာလေးဆီ ရောက်လာကာ Jimin အား ပွေ့ဖက်လိုက်သည်။

"ဘာလုပ်တာလဲ လွတ်စမ်း ငါ ရေချိုးတော့မလို့"
"ချစ်တယ် Hyung"
"သောက်ကပ်စီးနည်း... ပစ္စည်းတွေ ဆိုင်ပြန်သွင်းခိုင်းတော့ကျ ချစ်တယ်တဲ့"

Jimin စကားကြောင့် Jungkook ရယ်ကာ ပိုမို တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။

"အာ့.. ကျပ်တယ်ကွ.. လွှတ်ဦး အသက်ရူကြပ်ပြီး သေကုန်တော့မယ်"
"မလွှတ်ဘူး... အရမ်းချစ်လို့ အရမ်းဖက်ထားချင်တာ"
"အဲ့လောက် ဖြစ်နေရင် သေလိုက်.. ဖယ် ငါ့ကို လွှတ်စမ်း"

ပါးစပ်ကသာ လွှတ်ဖို့ တဖွဖွ ပြောနေတာ ခန္ဓာကိုယ်က ငြိမ်ခံနေသည့် ဆရာကြီးပေါက်စရဲ့ ခန္ဓာကိုယ်ငယ်လေးကို ပိုညှစ်ဖက်လိုက်ပြီး နဖူးပြင်အား အနမ်းဖွဖွလေး ပေးလိုက်မိသည်။

"Ya!! ဒါ ဘာလုပ်တာလဲ.. ငါ မျက်နှာ မသစ်ရသေးဘူး"
"ရပါတယ်ဗျ.. ညစ်ပတ်တုံးလေးလို နေလည်း မောင်က ချစ်ပါတယ်"
"သောက်ရူး"

Jimin ကျိန်ဆဲသံ တိုးတိုးလေးအား Jungkook ရယ်ရင်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရာမှာ ညင်သာစွာ ဖြေလျော့ပေးလိုက်သည်။

"ဒီနေ့ ညနေ ကျွန်တော် ရုံးက ပြန်လာရင် Hyung အတိတ်မမေ့ခင်က အကြောင်းတွေ အကုန် ပြောပြမှာမို့ မနေ့က ကိစ္စကို ခွင့်လွှတ်ပေးနော်"
"ငါက ပုံမှန်လိုဆို သနားညှာတာ တတ်တဲ့ စိတ်မျိုး မရှိပေမယ့်... မင်းကိုတော့ ခွင့်လွှတ်ဖို့ စဉ်းစားပေးပါ့မယ်"

စိတ်ထဲကနေ အကြိမ်တစ်ရာလောက် ခွင့်လွှတ်နေလည်း အပြင်ဘက်ကတော့ နောက်ဆုံးအထိ အကြောတင်းနေဦးမှာပါ..။  Jungkook ကတော့ Jimin စိတ်ကို ဖတ်တတ်နေသလို ပါးဖောင်းဖောင်းလေးကို ညင်ညင်သာသာလေး ဆွဲလိုက်ရင်း

"မောင် အရမ်း အသည်းယားလာပြီကွာ"
"အဲ့ညစ်ပတ်တဲ့ လက်ကို ဖယ်စမ်း.. ဒါနဲ့ ငါက ရေချိုးနောက်ကျတော့မှာ"
"ချစ်လို့ပါဗျ"

Jimin မျက်စောင်းမဆိုရုံလောက်လေး ပေစောင်းစောင်း ကြည့်လိုက်သည်မို့ Jungkook အမြန်ဖယ်ပေးလိုက်ရသည်။ ရေချိုးခန်းလေးထဲ ရောက်မှ နံရံထက်က တစ်ပေပတ်လည် လေးထောင့် မှန် သေးသေး ကို ကြည့်ရင်း ကိုယ့်နဖူးကို ထိတွေ့ကာ Jimin ပြုံးလိုက်မိသည်။ ဒီငတုံးလေးနဲ့မှ ငါလည်း ရူးတော့မှာ သေချာသလောက် ဖြစ်နေပါပြီ...။

မနက်စာ အတူစားရင်း အတူတူ အလုပ်ရှိရာ လျှောက်လှမ်းရတဲ့ ခြေလှမ်းတွေက Jimin အတွက် ရောက်ကာစကလို ရိုးရှင်းမနေတော့ပဲ စိတ်ကျေနပ် အပြည့်အဝ ပေးသည်။ ဒီကြားထဲ အတူအလုပ်မသွားခဲ့ရတဲ့ ရက်တွေ များနေလို့ပဲလားတော့ သေချာမသိ။ ထွေရာလေးပါး လျှောက်ပြောနေတဲ့ ကောင်လေးကို လမ်းလျှောက်ရင်း ဘေးနားထား ငေးရတာကို Jimin ပျော်တတ်လာခဲ့ပြီ..။

"ဒီညနေရော အချိန်ပိုရှိသေးလား"
"မသိသေးဘူး ဟိုအဘိုးကြီးနဲ့ မတွေ့ဖို့တော့ ဆုတောင်းရမယ်.. ဘာလို့လဲ မောင်နဲ့ ကိုးနာရီလောက် ခွဲရမှာကို ဝမ်းနည်းနေလို့လား"
"သောက်ရူး.. ငါက အရူးမို့ ဝမ်းနည်းရမှာလား.. လုံးဝပဲ.. စောင့်နေရမှာစိုးလို့ မေးတာ"
"ဟုတ်ပါပြီဗျာ.. မစောင့်စေရပါဘူး အချိန်ပို ရှိရင်တောင် မောင် မက်ဆေ့ပို့လိုက်မယ်လေနော်"

Jimin ခေါင်းသာ ငြိမ့်ပြလိုက်သည်။ လက်ပြနှုတ်ဆက်ပြီး ပြေးသွားတဲ့ ကောင်လေးကို ဆိုင်ထဲ မဝင်သေးပဲ ရပ်ကြည့်နေမိသည်။ ထိုကောင်လေးက ပြန်လှည့်လာသည်မို့ Jimin အံ့ဩစွာ ကြည့်ရင်း ငေါက်လိုက်မိသည်။

"ဘာမေ့ကျန်ခဲ့ပြန်ပြီလဲ"
"အားဆေး"

ပြောပြီး ပါးဖောင်းဖောင်းလေးတွေကို အသံမြည်အောင်အထိ အနမ်းပေးကာ အဆဲမခံရစေဖို့ ထွက်ပြေးသွားတဲ့ ကောင်လေးကို ငေးရင်း Jimin အရင်လို ဆဲဖို့တောင် အတွေးမရလိုက် လှိုက်ဖိုသွားတဲ့ ရင်ဘတ်တစ်စုံကို ဖက်တွယ်ရင်း ကြည်နူးစွာ ပြုံးလိုက်မိသည်။

"ဒီငတုံး... အဲ့တာ မေ့စရာမှ မဟုတ်တာကို"

ဘယ်သူမှ မကြားနိုင်လောက်တဲ့ အပြစ်တက်သံ တိုးတိုးလေးကို တစ်ယောက်တည်း ရေရွတ်ရင်း တစ်ယောက်တည်း ပြန်ရှင်းပြ ရပြန်သည်။

"ငါက သူနမ်းတာကို သဘောကျလို့ မဟုတ်ပေမယ့်.."

ဒါဆိုဘာလို့လဲ... ကိုယ့်ဟာကိုယ် ဖြေရှင်းနေရင်းတောင် ဖြေစရာ အဖြေမရှိ။

"ငါက အစကတည်း အနမ်းခံရတာကြိုက်လို့"

ကိုယ့်ဟာကိုယ် အဓိပ္ပာယ် မရှိတဲ့ မှတ်ချက်ချလိုက်ပြီး ကိုယ့်စကားကိုယ် ကြိတ်ရယ်လိုက်မိသည်။ Grazie ရယ်.. အရင်က နမ်းတုန်းက ဆက်ဆက်ခါနေခဲ့ပြီး ဘယ်တုန်းက အနမ်းခံရတာ ကြိုက်သွားတာလဲ..။ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်လိုက်ပေမယ့် ဒီတစ်ခါ ပြန်တော့ မဖြေတော့ပါ...။

"ဒီက မောင်ရင်.. Jimin ssi"

ဘယ်အချိန်ကတည်းက အနောက်က ရောက်နေမှန်း မသိတဲ့ ဦးလေးကြီးကြောင့် Jimin ရဲ့ ကြည်နူးဖွယ်ရာ အတွေးတွေ အကုန် ပြေးကုန်လေသည်။ မျက်မှောင်ကြုံ့ကာ ကြည့်လိုက်ရင်း

"ကျွန်တော့်ကို သိလို့လား"
"သိတာပေါ့ကွယ်.. ဦးကို မမှတ်မိတော့ဘူးလားဟင်.. မတွေ့တာ ကြာလို့များလား.. Jeon Jungkook အဖေပါ"

Jimin ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ချင်မိသည်။ ကိုယ့်ယောက္ခထီးနဲ့ တွေ့တာတောင် မသိဘူးလား.. Jeon Jungkook ကကျ မင်းအမေကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံပေးလဲ..။ နေပါဦး ငါလည်း ဘယ်သိမလဲ ငါက Jimin ဘဝတစ်ဝက်တစ်ပြတ်ကြီးမှာ ကူးလာတဲ့သူလေ.. အိမ်မှာလည်း မိသားစုပုံတွေ ဘာတွေ ရှိတာမှ မဟုတ်တာ..။ အနည်းငယ်တော့ နေရခက်ပေမယ့် Jimin လေသံမာမာ မပြောမိဖို့ ကြိုးစားပြီး နှုတ်ဆက်လိုက်သည်။

"အာ.. မင်္ဂလာပါ ဦးလေး.. ကျွန်တော်က အတိတ်မေ့နေလို့ မမှတ်မိတာပါ"
"ဦးလေးတို့ စကား ခဏလောက်ပြောကြမလား"

ငြင်းလို့လည်း မကောင်းသည်မို့ Jimin ပြုံးရင်းသာ ခေါင်းငြိမ့်ပြလိုက်သည်။ Jungkook အဖေ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရင်း လမ်းမထက်က Ford Transit-350 ကားအမျိုးအစားအား မြင်လိုက်ရသည်။ ကားပေါ်မှာ ဦးလေးကြီးတစ်ယောက် ဆင်းလာပြီး Jimin အား တံခါးဖွင့်ပေးသည်မို့ ကျေနပ်စွာ တက်လိုက်သည်။ Black Card ကိုင်ထားတဲ့ ယောက်ျားနဲ့ ဒေါ်လာ လေးသောင်းခွဲတန် ကားစီးတဲ့ ယောက္ခထီး..။ Grazie ပီသပါတယ်.. မင်းကလည်း ငါပဲမို့ ငါ့လိုပဲ လူရွေး တော်တယ် Jimin..။ အခုတော့ ဘယ်တမန်တော်ရဲ့ အကူအညီမှ မပါပဲ ဂျာမနီကို နေ့ချင်းပြန်တောင် သွားလို့ရနေပြီ.. အဲ့လိုမှ မဟုတ်ရင်တောင် Grazie မဟုတ်တဲ့ Park Jimin ဘဝက နေသာနေပါပြီ..။

ကိုယ့်ကိုကိုယ် ကြိတ်ချီးကျူးရင်း ယောက္ခထီး ဖြစ်သူအား နွေးထွေးစွာ ပြုံးပြလိုက်မိသည်။ Jungkook အဖေကလည်း လေးပင်တဲ့ အပြုံးတစ်ခုကို ပြုံးပြရင်း

"သားက အတိတ်မေ့နေတာမို့ မသိလောက်ပေမယ့် Jungkook အိမ်ပြန်မလာတာ အရမ်းကြာနေပြီလေ"

အား.. ဒီကောင်လေး.. ကိုယ့်မိဘအိမ်တောင် ကိုယ်မပြန်ခဲ့ဘူးလား.. ငါ့အမေအိမ်ကျ ခဏ ခဏ သွားပြီး..။ စိတ်ထဲကနေ Jungkook ကို လှမ်းဆူလိုက်ပေမယ့် အပြင်ကတော့ ဟန်ဆောင်ပြုံးထားရသည်။

"အဲ့တာ ဒီညနေလေး ဦးလေးတို့အိမ်မှာ ညစာအတူစားပြီး Jungkook ကို တစ်ညလောက် ထားခဲ့ပေးပါ့လားဟင်"
"အာ.. ဒါပေါ့.. လုပ်ပေးရမှာပေါ့"
"ဒါဆို ညနေ့ကျ ဦးလေး Jimin ကို အရင်လာခေါ်မယ်လေ အိမ်ရောက်မှ Jimin က သူ့ကို ခေါ်လိုက်ပေါ့ Surprises လေ.."

တက်ကြွစွာဆိုလာတဲ့ Jungkook အဖေ စကားကို Jimin မငြင်းရက် နိုင်ပါ။ မိဘပဲလေ.. ကိုယ့်သားသမီးကို တွေ့ချင်ရှာမှာပေါ့...။ .........။

အရာအားလုံးက စီစဉ်ထားသလိုပါပဲ ညနေစောင်းချိန် Mr.Jeon လာခေါ်သည့် ကားလေးနဲ့ Jimin လိုက်သွားလေသည်။ Alex Armanto အိမ်တော်ကြီးလောက်ထိတော့ မဟုတ်ပေမယ့် သူ့ဟာနဲ့သူ ခမ်းနားလှတဲ့ တိုက်ကြီးမို့ Jimin စိတ်ထဲ အနည်းငယ် စိတ်ထင့်လာသည်။ ဟိုငတုံး ဒီလိုတိုက်ကြီးကို စွန့်ပြီး ကြွက်တွင်းလောက်ပဲ ရှိတဲ့ တိုက်ခန်းလေးထဲ ဘာလို့နေနေတာလဲ... Black card ကြီး ရှိလျက်နဲ့ ဘာလို့ မသုံးပဲ ပင်ပန်းတဲ့ ဝန်ထမ်းအလုပ်ကို ဘာလို့ လုပ်နေတာလဲ...။

အတွေးများစွာနဲ့ အိမ်ကြီးအထဲ ဝင်လိုက်ချိန် ကြိုဆိုနေသည့် နံရံထက်က မိသားစုပုံ..။ Jungkook အဖေရယ် အမေလို့ ထင်ရတဲ့ အဒေါ်ကြီးရယ် Jungkook ထက် အနည်းငယ် အသက်ကြီးတဲ့ ကောင်လေး တစ်ယောက်ရယ် Jungkook ရယ်..။ သို့ပေမယ့် အိမ်ထဲမှာတော့ အဖေတစ်ယောက်တည်းသာ ရှိပြီး Jimin အား စောင့်ကြိုနေလေသည်။ ခမ်းနားတဲ့ စားပွဲဝိုင်းထက် အစားအသောက်များနှင့် ပြည့်နေပေမယ့် ထမင်းပန်းကန်လုံးလေးကတော့ နှစ်ယောက်စာသာ..။ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာ Jimin နားမလည်ပေမယ့် တောင်းဆိုထားသလို Jungkook ကိုသာ ဖုန်းဆက်ခေါ်လိုက်သည်။

"မင်း အလုပ်ဆင်းပြီလား"
"ဟုတ် Hyung.. မောင် အခုပဲ Hobi Hyung ဆိုင် လာနေပြီ"
"မသွားနဲ့တော့.. ငါ အခု မင်းအိမ်မှာ"
"ဗျာ?? ဘယ်အိမ်.. မဟုတ်မှ.."
"မင်း မိဘတွေအိမ်"

Jimin စကားဆုံးတာနဲ့ ဖုန်းချသွားလေသည်မို့ Jimin စိတ်ထဲကနေ ကြိတ်ဆဲလိုက်မိသည်။ ငါ့စကားကို ဆုံးအောင် နားမထောင်ဘူး ဒီကောင်ကတော့ ဘာတွေများ လောနေပါလိမ့်...။ Jungkook အဖေကတော့ သဘောကျသလို ပြုံးပြနေသည်မို့ Jimin လည်း ဟန်ဆောင်ကာသာ ပြန်ပြုံးပြလိုက်ရတာ စိတ်ထဲ သိပ်မပါတော့...။ အေးစက်နေတဲ့ လေထုနဲ့ ခမ်းနားတဲ့ ထမင်းဝိုင်းမှာ ထိုင်နေရတာကို စိတ်ထဲ မကြိုက်တော့သလို..။ Jeon Jungkook အမြန်လာပါတော့... ငါက စကားအပြောအဆို မတတ်တာမို့ လူကြီးတွေနဲ့ နှစ်ယောက်တည်း ရှိလို့ မဖြစ်ဘူး...။

မိနစ်အနည်းငယ်အကြာမှာ ပြေးလွှားကာ Jungkook ဝင်လာလေသည်။

"ပြန်ကြစို့ Hyung"
"ဟင်.. အခု ချက်ခြင်းကြီးလား"
"ရောက်မှတော့ မပြန်နဲ့တော့"

Jungkook အဖေက ဝင်ပြောလိုက်သည်ကို Jungkook က မကြားသလို Jimin လက်ကို ဆွဲကာ ထွက်သွားဖို့ ပြင်နေသည်မို့ ဘာတွေ ဖြစ်နေလဲဆိုတာ Jimin နားမလည်နိုင်။ မျက်တောင်ခတ်လိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာ တောင့်တောင့် တင်းတင်း Bodyguard တွေက Jungkook ကို ဟိုဘက် ဒီဘက် ချုပ်လိုက်လေသည်။ Jungkook ဆွဲကိုင်ထားတဲ့ Jimin လက်ကိုပါ Bodyguard များက ဆွဲဖြုတ်ချလိုက်သည်မို့ Jungkook အသားကုန် ရုန်းလေတော့သည်။

"ဒါဘာလုပ်တာလဲ.. ငါ့ကို အခုလွတ်ပေး"

ရုန်းကန်နေတဲ့ Jungkook ကို ကြည့်ရင်း Jimin ဘာလုပ်ပေးရမှန်း မသိ။ ဖြစ်သမျှ အကုန်ကို ကြောင်ငေးနေရုံသာ တတ်နိုင်သည်။ ဘာတွေ ဖြစ်နေကြတာလဲ.. တစ်ယောက်ယောက် ရှင်းပြပါဦး..။

"Jungkook ကို အိမ်ပြန်လာအောင် လုပ်ပေးလို့ ကျေးဇူးပါ Jimin"
"ဗျာ?"

Jungkook ကို အိမ်ပြန်လာအောင် လုပ်ပေးတာ မှန်ပေမယ့် သူမျှော်လင့်ထားတာ ဒီလိုမျိုးမှ မဟုတ်တာ..။ Jimin ဘာမှပြန်ဖြေရမှန်း မသိ တွေဝေနေချိန်မှာပဲ Jungkook အဖေ ဖြစ်သူက Suitcase တစ်ခုကို ဖွင့်ပြရင်း

"ကူညီပေးလို့ ဝမ် သိန်းတစ်ရာပါ.."
"ဗျာ??"
"Hyung.. ကျွန်တော့်ကို ထပ်ပြီး ရောင်းစားပြန်ပြီလား"

Jungkook မေးခွန်းကြောင့် Jimin ဦးနှောက်ထဲ အရာရာ ရှုပ်ထွေးကုန်သည်။ ဘယ်သူက ငွေတောင်းခဲ့လို့လဲ.. ဘာလို့ Jungkook အဖေက ဒီလိုလုပ်တာလဲ..။ မေးခွန်းပေါင်း များစွာကို မဖြေရှင်းနိုင်ခင် တစ်ဦးတည်းသော ယုံကြည်ရတဲ့ Jungkook မျက်နှာကို အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။ ဒေါသထွက်နေသလို နီရဲနေတဲ့ မျက်လုံးဝိုင်းတွေမှာ မျက်ရည်ကြည်တွေ လဲ့ကာ တောက်နေလေသည်။ လတ်တလော အခြေအနေအရတော့ သူ အထင်လွဲသွားပြီ.. သူ့အဖေက ငါ့ကို ချောက်ချခဲ့တာ...။

"မဟုတ်ဘူး Jungkook ငါ..."
"Hyung က အတိတ်မေ့နေတာ မဟုတ်ဘူး.. Hyung က ပြောင်းလဲသွားတာ"

နာကျည်းမုန်းတီးနေသလို ကြည့်ရင်း ထွက်လာတဲ့ အေးစက်စက် စကားသံ တိုးတိုးလေးကြောင့် Jimin တစ်ကိုယ်လုံး ရေခဲရိုက်ခံရသလို တောင့်ခဲသွားသည်။

"Hyung အပြုအမူ ကောင်းခြင်းဆိုးခြင်း အကုန်လုံး ကျွန်တော်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ အမြဲတွေးထားတာ.. Hyung ကျွန်တော်ကြောင့် စိတ်ပင်ပန်းနေတာ သိလို့ Hyung ဘယ်လောက် အမှားတွေ လုပ်နေပါစေ ကျွန်တော့်အပြစ်လို့ပဲ အမြဲ တွေးခဲ့ပေမယ့်... ဒီတစ်ခါတော့ Hyung မှားသွားပြီ"
"ဟင့်အင်း.. ငါ.."
"ကျွန်တော် Hyung ကို မုန်းလိုက်တာ"

ပြောလိုက်ရင်း စီးကျလာတဲ့ မျက်လုံးဝိုင်းထဲမှ မျက်ရည်ကြည်တွေက Jimin ရင်ဘတ်ကို နာကျင်စေသည်။ ရှင်းပြဖို့တောင် အခွင့်အရေးမရလိုက်ပဲ Bodyguard နှစ်ဦး ခေါ်ဆောင်ရာ အပေါ်ထပ်ကို ပါသွားတဲ့ ကောင်လေးကို Jimin ကြောင်ငေးနေမိသည်။

"တာဝန်ကျေခဲ့ပါတယ် Jimin ssi.. မင်းရဲ့ ဝမ်သိန်းတစ်ရာကို ယူပြီး ပြန်လို့ရပါပြီ"
"ဒီပိုက်ဆံတွေ ကျွန်တော် မတောင်းဆိုခဲ့ဘူးနော်"
"ဒါပေမယ့် မင်း ငွေလိုနေတယ်လို့ ငါ သိထားလို့ပါ"

Jimin လက်ထဲကို ငွေအပြည့်ထည့်ထားတဲ့ Suitcase လေး ထိုးထည့်ပေးလိုက်ပြီး Bodyguard တစ်ဦးမှ ဆွဲခေါ်သွားရာနောက် ယောင်တောင်တောင်နဲ့ ပါသွားလေသည်။ Jimin တို့ နေထိုင်ရာ ရပ်ကွက်လေးထဲအထိ ကားလေးနဲ့ ချပေးရင်း မောင်းပြန်ထွက်သွားလေသည်။ လေးလံနေတဲ့ ခြေလှမ်းတို့နဲ့ ဝမ်သိန်းတစ်ရာကို ပိုက်ထားရင်း Jimin တိုက်ခန်းလေးဆီ ပြန်ရောက်လာခဲ့သည်။

ကြွက်တွင်းတိုက်ခန်းလေးမှာ ဝင်ဝင်ခြင်း စောင့်ကြိုနေတဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေးကို မြင်လိုက်တာနဲ့ တောက်ပစွာ ပြုံးပြနေသည့် Jungkook ကို ငေးရင်း Jimin ငိုချလိုက်မိသည်။

'ကျွန်တော် Hyung ကို မုန်းလိုက်တာ' တဲ့လေ...။

အမြဲတမ်း ချစ်တယ် တဖွဖွ ပြောခဲ့ကောင်လေး.. အနမ်းလေးတွေ အလစ်သုတ်တတ်တဲ့ ကောင်လေး.. မောင့်ယောက်ျား ဆိုတဲ့ နာမ်စားလေးကို မမောနိုင် မပန်းနိုင် ခေါ်ခဲ့တဲ့ ကောင်လေးက အခုတော့ သူ့ကို မုန်းလိုက်တာတဲ့..။ ငါကတော့ မင်းဆီက အချစ်ခံလို့ မဝသေးဘူး Jeon Jungkook ရယ်....။ ............။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တစ်ခါတစ်လေ ဘာပြန်ရမလဲ မသိလို့သာ comment တွေ အကုန်ကို မ လိုက် မပြန်နိုင်တာပါ ရေးသမျှ comment လေးတွေ အကုန်လုံးကိုတော့ ဖတ်ဖြစ်ပါတယ်လို့ 😚 စားလုံးပေါင်း အမှားပါရင် ခွင့်လွှတ်ပါရှင် 💕

Zawgyi;

ဂ်ာမနီမွာဆို ႏွစ္စဥ္ဝင္ေငြကို high-net-worth  ဘယ္ေလာက္ရွိလဲ ၾကည့္ၿပီးမွ Black card ကိုင္ဖို႔ ကမ္းလွမ္းတာေလ.. Grazie အေနနဲ႔ေတာင္ လုပ္ငန္းခြင္ထဲ ဝင္ၿပီး ရွစ္ႏွစ္ေက်ာ္မွ Black Card ကိုင္ဖို႔ ကမ္းလွမ္းခံခဲ့ရတာ... Jungkook လို အစိုးရဝန္ထမ္း အေနနဲ႔ လစာနည္းနည္းပဲ ရတဲ့သူက Black card ရွိေနစရာ နည္းနည္းမွ အေၾကာင္းမရွိ။ ေတာင္ကိုရီးယား ႏိုင္ငံက Black Card ကို လြယ္လြယ္ကူကူ လူတကာကို ထုတ္ေပးေနၿပီလား...။

"မင္းမွာ Black card ရွိလား"

Taehyung အနား တိုးတိုး ကပ္ေမးလိုက္တဲ့ Jimin ေမးခြန္းေၾကာင့္ Taehyung က မ်က္ေမွာင္ႀကဳံလ်က္

"ဘယ္ရွိမလဲ.."
"မင္းက ၿပိဳင္ကားေတာင္ စီးၿပီး.."
"အဲ့တာ အေဖဝယ္ေပးတာပါဆို.. Black Card ဆိုတာက လုံးဝ ခ်မ္းသာတဲ့ သူေတြ တစ္ႏွစ္ကို ေဒၚလာ တစ္သိန္းေက်ာ္ေလာက္ သုံးႏိုင္တဲ့ သူေတြမွ ရွိမွာ.. ဥပမာ စီးပြါးေရး လုပ္ငန္းရွင္ အႀကီးႀကီးတို႔ Idol ေတြတို႔ေပါ့.. ငါက အေဖ့လုပ္စာ ထိုင္စားေနရတာ ဘယ္သူက လာလုပ္ေပးမွာလဲ"

Taehyung အေျဖေၾကာင့္ Jimin ဘာမွ ဆက္မေျပာေတာ့ပဲ ၿငိမ္သက္ေနမိသည္။ ဘယ္လိုပဲ စဥ္းစား စဥ္းစား Jeon Jungkook လို လူမ်ိဳးမွာ Black Card ရွိေနစရာ အေၾကာင္း တစ္စက္ေလးေတာင္ မရွိ။ ခိုးလာတယ္လို႔ ေတြးရေအာင္လည္း Card ေပၚက နာမည္ႀကီးကေတာ့ ထြင္းထားစရာ အေၾကာင္းမွ မရွိတာ..။

"မင္းက ငါ့သူငယ္ခ်င္းမလား.. အဲ့ေတာ့ ငါနဲ႔ Jungkook အေၾကာင္း ဘယ္ေလာက္သိလဲ"

Jimin ေမးခြန္းကို Taehyung က စိတ္မရွည္သလို သက္ျပင္းခ်ရင္း

"မင္းတို႔က လက္ထပ္ထားတယ္ Jungkook က အခြန္႐ုံးမွာ အလုပ္လုပ္တယ္ မင္းက ဒီဆိုင္ကို ငါ့ထက္ အရင္ လုပ္တယ္ မင္းနဲ႔ ငါက ႐ြယ္တူ Jungkook က မင္းထက္ ႏွစ္ႏွစ္ ငယ္တယ္"
"Ya! အဲ့ေလာက္ေတာ့ ငါလည္း သိတာေပါ့ ႂကြက္စုတ္ရဲ႕ ေငြေၾကးဘာညာ အဆင္ေျပၾကလား သိခ်င္တာ"

Taehyung က ဂ႐ုမစိုက္သလို Jimin အနားက ထလာၿပီး ၾကက္ေမႊးေလးယူကာ မွန္တင္ခုံေဘးေတြ ဖုန္သုတ္ရင္း

"ေငြေရးေၾကးေရးဆို.. အင္း.. အဆင္ေျပလွတယ္ေတာ့ မဟုတ္ေပမယ့္ မင္းတို႔ လည္ပတ္႐ုံပဲေပါ့.. အိမ္ေထာင္ေရးအရဆိုရင္ေတာ့ မ်ားေသာအားျဖင့္ အဆင္ေျပပါတယ္"

အဆုံးသတ္သြားတဲ့ စကားေလးက လိုရင္းေတာ့ မေရာက္ခဲ့ပါ။ ဒါဆို Jeon Jungkook မွာ Black Card ရွိတာ ဘယ္သူမွ မသိၾကဘူးလား... အရင္ Jimin ေရာ သိခဲ့လား..။

"ဒါပဲလား.. ငါ အတိတ္မေမ့ခင္က ငါ့ဆီကေန Jungkook နဲ႔ ပတ္သက္တာ ဘာေတြ ၾကားခဲ့ဖူးလဲ"
"အင္း.. အစုံပါပဲ"
"ဘယ္လိုအစုံလဲ ေကာင္းတာလား မေကာင္းတာလား"
"ႏွစ္ခုစလုံးပဲ.. တစ္ခါတစ္ေလက်ေတာ့လည္း အိမ္ေထာင္ေရးေၾကာင့္ စိတ္ပင္ပန္းရတယ္လို႔ ေျပာဖူးတယ္ တစ္ခါတစ္ေလက်ေတာ့လည္း Jeon Jungkook က ဘယ္ေလာက္ ဂ႐ုစိုက္ေၾကာင္း ႂကြားဖူးတယ္.. ဘာလို႔လဲ"

Taehyung ေမးခြန္းအား Jimin မေျဖပဲ တစ္ေယာက္ထဲ အေတြးမ်ားေနမိသည္။ ဒါဆို.. အရင္ Park Jimin ကေရာ Jeon Jungkook က black card ကိုင္ ႏိုင္တဲ့သူဆိုတာ သိရဲ႕လား...။

"ဘာလို႔လဲလို႔.. အစေဖာ္ၿပီးမွ မလွ်ိဳ႕ဝွက္နဲ႔ကြာ"
"လွ်ိဳ႕ဝွက္ေနတာ မဟုတ္ပါဘူးကြာ.. မင္းက တစ္မ်ိဳး"

Jimin က သူဝတ္ဆင္ထားသည့္ အျဖဴေရာင္ Hoodie ေလးရဲ႕ အိပ္ေထာင္ေလးထဲမွ Black card ေလး ထုတ္ျပရင္း

"ဒါကို အတိတ္မေမ့ခင္က ငါ သိခဲ့လား.. သိခ်င္တာ"
"အဲ့တာ Black card ႀကီးလား"
"မဟုတ္ဘူး အမႈိက္ႀကီး"

ဘုကလန္႔တို႔ ထိပ္ေခါင္ Jimin အေျဖေၾကာင့္ Taehyung က မေက်နပ္သလို ၾကည့္ၿပီး Jimin လက္ထဲက card ကို ဆြဲယူကာ ၾကည့္လိုက္သည္။ အံ့ဩသြားသလို မ်က္လုံးမ်က္ဆံပင္ ျပဴး၍

"ဒါက Jeon Jungkook နာမည္ႀကီးလား"
"မဟုတ္ဘူး မင္းအေဖနာမည္.. မင္း မ်က္လုံးမပါဘူးလား ဘာလို႔ ျမင္ရဲ႕သားနဲ႔ ျပန္ျပန္ေမးေနတာလဲ"

Jimin ေငါက္လိုက္သည္မို႔ Taehyung က သက္ျပင္းခ်ရင္း

"အံ့ဩမိလို႔.. အာေမဋိတ္ အေနနဲ႔ ထြက္သြားတာပါ"
"ငါ အတိတ္မေမ့ခင္က ဒါနဲ႔ပတ္သက္ၿပီး ေျပာတာ ၾကာဖူးလား"
"ဟင့္အင္း ငါ့ကိုေတာ့ မေျပာဖူးဘူး.."

Taehyung အေျဖေၾကာင့္ Jimin သက္ျပင္းသာ ခ်လိုက္မိသည္။ Taehyung က Jimin အနားကပ္ကာ ပခုံးေလးေပၚ မွီခ်လိုက္ရင္း

"သူငယ္ခ်င္းေလး.. အခု မင္းက Black card ပိုင္ရွင္ ေကာင္ေလးရဲ႕ ခ်စ္ခ်စ္ ခင္ပြန္းေလးဆိုေတာ့ ငါ မင္းကို ေပးစရာ ရွိတဲ့ ဝမ္သိန္းငါးဆယ္ ေမ့လိုက္ပါေတာ့လားဟင္"
"ေသာက္ေကာင္.. ဒါမ်ိဳးက် တတ္တယ္"

Jimin က ထိုးေတာ့မလို လက္နဲ႔႐ြယ္ၿပီး ေျပာလိုက္တာမို႔ Taehyung မ်က္ေစာင္းထိုးကာ မွီထားရာမွ ထလိုက္ရသည္။ Jimin ကေတာ့ Black card ေလးကို ၾကည့္ရင္း

"ေသခ်ာ စဥ္းစားၾကည့္ရင္ေလ.. ငါက ႐ုတ္တရပ္ အရာအားလုံး ေမ့ၿပီး ေျပာင္းလဲသြားတာကို သူက ေအးေအးေဆးေဆး လက္ခံေပးတယ္ ဆိုတာ မထူးဆန္းလြန္းဘူးလား"

Jimin စကားကို Taehyung က ခဏ စဥ္းစားဟန္ ေတြေဝေနၿပီး

"အမွန္တိုင္း ေျပာရရင္... ငါလည္း ေသခ်ာ မသိဘူး ဒါေပမယ့္ အခု မင္းက အရင္ကထက္ အပူပင္ကင္းေနတဲ့ ပုံစံမ်ိဳးမို႔ Jungkook က ဘာမွမေျပာတာလည္း ျဖစ္ႏိုင္တယ္"
"ဘာကိုလဲ"
"မင္းက အရမ္း စိတ္ပင္ပန္းေနခဲ့တာ.. Jungkook ဒီလိုလာပို႔ရင္ ၿပဳံးျပၿပီး စကားေျပာ ခြၽဲ ႏႈတ္ဆက္ေနေပမယ့္ Jungkook ထြက္သြားတဲ့အခါက် သက္ျပင္းတစ္ခ်ခ်နဲ႔.. ငါတို႔က ဘာျဖစ္တာလဲ ေမးရင္ စိတ္ပင္ပန္းလို႔ လို႔ အၿမဲေျဖခဲ့တာ.. ဒါေပမယ့္ Jungkook ေရွ႕ ေရာက္ရင္ေတာ့ မင္းကို အဲ့လိုပုံစံနဲ႔ လုံးဝ မျမင္ရဘူး"

Taehyung စကားၾကားမွ Jimin ပိုရႈပ္ေထြးလာသည္။ အရင္ကေတာ့ ဒီ Jimin ဘဝက ကိုယ့္ဘဝ အစစ္အမွန္ မဟုတ္လို႔ စိတ္မဝင္စားခဲ့ေပမယ့္ အခုေတာ့ အနည္းငယ္ သိခ်င္လာမိသည္။ လက္ထဲက ကဒ္ကေလးေၾကာင့္ေရာ ကဒ္ပိုင္ရွင္ အေပၚ ေျပာင္းလဲသြားတဲ့ စိတ္ထားေတြေၾကာင့္ေရာေပါ့...။ ငါက ဘာေတြကို စိတ္ပင္ပန္းၿပီး ဘာလို႔ Jeon Jungkook အေပၚ ဖုံးကြယ္ထားတာလဲ... ဒါနဲ႔မ်ား ဆိုင္ေနမလား...။ လက္ထဲက Black card ေလးကို ၾကည့္ရင္း အေတြးမ်ားေနမိသည္။

"ဒါေပမယ့္ မင္း ဖုံးကြယ္ထားတဲ့ စိတ္ပင္ပန္းကို Jungkook က ရိပ္မိခဲ့တယ္ထင္တယ္ အဲ့တာေၾကာင့္ မင္း အတိတ္ေမ့ေနတဲ့ အေပၚမွာ တအား ဖိအားမေပးဘူးေလ"

Taehyung စကားေၾကာင့္ Jimin စိတ္ေလးလံလာသည္။ လက္ထဲက Black Card ေလးကို လွည့္ေဆာ့ေနရင္း တစ္ခုခုကို ေတြးမိသြားသလို ရပ္သြားသည္။ မဟုတ္မွ လြဲေရာ... ဒီလို Black Card ႀကီး ရွိေနလ်က္နဲ႔ ငါ့ကို ဘာမွ သုံးခြင့္မေပးလို႔ ငါက ႀကိတ္ၿပီး စိတ္ပင္ပန္းေနရတာမ်ားလား..။ ဒီကိစၥ ဒင္းကလည္း သိလို႔ ငါအတိတ္ေမ့တာကို ေပ်ာ္ေပ်ာ္ႀကီး တည္တည္ၿငိမ္ၿငိမ္ လက္ခံခဲ့တာလား.. Awesome.. ဒါကို ဒီတိုင္း ၿငိမ္ေနလို႔ မျဖစ္ဘူး.. ဒီတိုင္း ၿငိမ္ေနလိုက္ရင္ Grazie မပီသဘူး.. အတိတ္ေမ့ေနတယ္ ဆိုတာ အသုံးခ်ၿပီး ႐ူးခ်င္ေယာင္ေဆာင္ၿပီး သုံးလိုက္ၾကရေအာင္.. Let's go..။ ........။

"ဦးေလး Jeon နဲ႔ ေတြ႕ခ်င္လို႔ပါ.. ႀကိဳခ်ိန္းထားတာေတာ့ မရွိေပမယ့္ Jungkook အေၾကာင္း ေျပာစရာေလး ရွိလို႔မို႔... ေတြ႕လို႔ရမယ္ ထင္ပါတယ္"

J လုပ္ငန္းစု တိုက္ျမင့္ႀကီးရဲ႕ Reception ေလးမွာ Gumeong အၿပဳံးေလးနဲ႔ ေတာင္းဆိုလိုက္သည္။ သိပ္မၾကာခဲ့ပါ ထင္ထားသလိုပဲ ေတြ႕ခြင့္ေပးလိုက္သည္မို႔ ဝန္ထမ္း အမ်ိဳးသမီးငယ္ ေခၚေဆာင္ရာ ေနာက္ကို လိုက္သြားရေလသည္။ ႐ုံးခန္းေလးထဲ ထိုင္ေစာင့္ေနတဲ့ Mr.Jeon က ၿပဳံးျပကာ ႏႈတ္ဆက္ေလသည္။

"မေတြ႕ရတာ ၾကာၿပီပဲ.. အငယ္ေကာင္ ထြက္သြားကတည္းက မလား"
"ဟုတ္ပါရဲ႕.. ဦးေလးတို႔နဲ႔ မေတြ႕တာ ၾကာေနၿပီေပမယ့္ Kook နဲ႔ကေတာ့ အၿမဲ ေတြ႕ျဖစ္ပါတယ္.. Kook ကို ဦးေလးတို႔ ခြင့္ျပဳလိုက္ၿပီ ထင္လို႔ မေျပာျဖစ္ခဲ့တာပါ.. ဒါေပမယ့္ မေန႔ညေနက အတြင္းေရးမႉး ဦးေလးကို ျမင္လိုက္ရေတာ့ လုံးဝ အံ့ဩသြားခဲ့တာ.. ခုထိ ခြဲဖို႔ ႀကိဳးစားေနတုန္းလား ဆိုၿပီး"

စိတ္မေကာင္းျဖစ္ေနသလို ညႇိဳးငယ္ျပေနတဲ့ မ်က္ႏွာေလးေၾကာင့္ Mr Jeon က သက္ျပင္းတစ္ခ်က္သာ ဆြဲခ်လိုက္ရင္း

"ခြဲရမွာေပါ့.. ေယာက္်ားေလးခ်င္း ယူထားတာမလား.. ငါတို႔သား အနာဂတ္အတြက္ ငါ့မွာလည္း ႀကိဳးစားခြင့္ ရွိသင့္တယ္ေလ"
"အင္းေပါ့.. ဦးေလး ဘက္ကိုလည္း နားလည္ပါတယ္.. ဒါေပမယ့္ Kook က Jimin အနားမွာ ေနရတာ ေပ်ာ္ေနရွာတာ"

မ်က္ႏွာငယ္ေလးနဲ႔ သက္ျပင္းခ်ရင္း ေျပာလိုက္တဲ့ Gumeong ေၾကာင့္ Mr.Jeon လည္း အတူ သက္ျပင္းလိုက္ခ်ရင္း

"အငယ္ေကာင္ကေတာ့ ဒီလို စိတ္ထားေကာင္းတဲ့ သမီးကိုပစ္ၿပီး ဘယ္လိုလုပ္ ေယာက္်ားခ်င္း ႀကိဳက္သြားလဲ စဥ္းစားတိုင္း ေဒါသထြက္လိုက္တာ"
"အဲ့လိုႀကီး မေျပာပါနဲ႔ ဦးရယ္.. သမီးက စိတ္ထားေကာင္းတာ မဟုတ္ပါဘူး Kook ေပ်ာ္တာကို လိုခ်င္တဲ့သူပါ"

ျဖဴစင္႐ိုးသားသည့္ဟန္နဲ႔ Gumeong ေၾကာင့္ Mr Jeon ၿပဳံးလိုက္ရင္း Gumeong လက္ကို ဆုပ္ကိုင္ကာ

"ဦးကေတာ့ အငယ္ေကာင္ကို သမီးနဲ႔ပဲ သေဘာတူတယ္"

Mr Jeon စကားေၾကာင့္ Gumeong ရွက္ၿပဳံးေလး ၿပဳံးရင္း

"ဒီစကားကို သမီးေျပာသင့္ရဲ႕လား မသိေပမယ့္.."
"ဘာကိုလဲ သမီး"
"ဟို Jimin မေကာင္း ေျပာသလို ျဖစ္သြားမွာလည္း ဆိုးတယ္.. ဒါေပမယ့္ Kook ပင္ပန္းေနရတာကိုလည္း မၾကည့္ရက္လို႔ပါ"

တစ္အိမ္လုံးရဲ႕ အငယ္ဆုံးမို႔ သည္းခဲ့တဲ့သား ပင္ပန္းေနရတယ္ ဆိုတဲ့ စကားေၾကာင့္ Mr Jeon က မ်က္ေမွာင္ႀကဳံ႔ ၾကည့္လာေလသည္။ Gumeong က မေျပာရဲသလို သက္ျပင္းတိုးတိုးေလးခ်​ၿပီး

"Kook ပုံစံက အဆင္ေျပတဲ့ပုံစံ မေပၚဘူး.. ဟိုေန႔ကဆိုလည္း ေနမေကာင္းဘူး အဟင့္.."

ပိုက္ဆံအိတ္ေလးထဲက လက္ကိုင္ပုဝါေလး ထုတ္ကာ မ်က္ရည္သုတ္ျပေနတဲ့ Gumeong ကို ၾကည့္ရင္း Mr.Jeon တစ္ေယာက္ ေမြးထားတဲ့ သားကိုသာ အျပစ္တင္လိုက္မိသည္။

"မပူပါနဲ႔.. ဦးေလးတို႔ အျမန္ဆုံး အငယ္ေကာင္ကို အိမ္ေရာက္ေအာင္ ေခၚမွာပါ"
"Kook က ဦးေလးတို႔ မေန႔ကလို လိုက္ဖမ္းေနလို႔ ရမယ့္သူမွ မဟုတ္တာ.. Kook အေၾကာင္းလည္း ဦးေလးတို႔ အသိဆုံးပဲမလား.. ဆုံးျဖတ္ၿပီးရင္ အဆုံးထိမွ မျပင္တတ္တာ.. ဦးေလးတို႔ ေခၚလို႔ အိမ္ပါလာခဲ့ရင္ေတာင္ ျပန္ထြက္ေျပးမယ့္ သူမ်ိဳးေလ"

Gumeong စကားက မွန္ေနတာမို႔ Mr.Jeon သက္ျပင္းရွည္ႀကီး တစ္ခ်က္ ဆြဲခ်လိုက္မိသည္။ Gumeong ကေတာ့ ခိုးၿပဳံးရင္း အသံတိုးတိုးျဖင့္

"ဒါေပမယ့္.."

ဒါေပမယ့္ ဆိုတဲ့ စကားလုံးရဲ႕ ေနာက္မွာ ေရွ႕က ေျပာခဲ့သည့္ စကားနဲ႔ ဆန္႔က်င္ဘက္ တစ္ခုႀကီးေၾကာင္း အၿမဲကပ္ပါေနၾကမလား။ Mr.Jeon ေမွ်ာ္လင့္ခ်က္ႀကီးစြာ ေစာင့္ၾကည့္ေနသည္မို႔ Gumeong က ၿပဳံးျပလ်က္

"အခု ကံေကာင္းတာက Jimin အတိတ္ေမ့ေနတာပါ.."
"ဆိုလိုတာက.."
"Kook က Jimin ေျပာစကားဆိုရင္ေတာ့ လက္ခံမယ့္သူမလား.. Jimin ကို အသုံးခ်ၾကည့္ပါ့လားဟင္"

Gumeong စကားေလး အဆုံးသတ္သြားတဲ့ အခ်ိန္မွာ Mr.Jeon လည္း အႀကံတစ္ခုရသြားသလို ေတာက္ပစြာၿပဳံးသြားေလသည္။ Gumeong ကေတာ့ ေဖ်ာက္ခဲ့တဲ့ လမ္း ျဖဴးေနၿပီမို႔ လမ္းထိပ္ကေန အသင့္ မဂၤလာပြဲ က်င္းပဖို႔ ေစာင့္ႀကိဳကာ ၿပဳံးေနေလရဲ႕...။ ........။

"Jungkook ဘာေခ်ာင္းေနတာလဲ"

႐ုံးဆင္းခ်ိန္ မျပန္ေသးပဲ ႐ုံးခန္းတည္ရွိရာ တိုက္ေလွကားေထာင့္ကေန အျပင္ကို ေခ်ာင္းေနသည့္ Jungkook အား Yoongi နားမလည္သလို ေမးလိုက္ျခင္း ျဖစ္သည္။ Jungkook က လွည့္ၿပဳံးျပရင္း

"ဟီး.. အေဖ့လူေတြကိုပါ.. Hyung ႐ုံးဆင္းေတာ့မလို႔လား"
"ဒါေပါ့ အခ်ိန္ပို မဆင္းခ်င္ေတာ့လည္း ဟိုဘိုးေတာ္ ထြက္မလာခင္ အျမန္လစ္ရတာပဲ"
"ဟုတ္ပါ့ဗ်ာ.."
"ငါ ျပန္ၿပီေနာ္"
"ဟုတ္ကဲ့ Hyung"

Yoongi ႏႈတ္ဆက္ၿပီး ျပန္သြားသည္မို႔ Jungkook လည္း ဆက္ေခ်ာင္းေနလိုက္မိသည္။ ဒီေန႔ေတာ့ ကူညီေပးမယ္ ထင္ရတဲ့ Gumeong ကလည္း ခြင့္ယူထားသည္မို႔ ေျပးရ လႊားရရင္ လႊတ္ဖို႔ မလြယ္ပါ။ မေန႔ကလူေတြနဲ႔ တူတဲ့ အရိပ္ေတာင္ မေတြ႕ရသည္မို႔ စိတ္ထဲ ပိုေလးလံေနမိသည္။ အေဖ့စိတ္နဲ႔ဆို ေနရာေသခ်ာေပါက္ သိသြားတာကို ေန႔တိုင္းလာမွာ မဟုတ္ဘူးလား.. ဘာလို႔ မလာၾကေတာ့တာလဲ..။ တစ္ေယာက္ထဲ ႀကိတ္ေတြးရင္း ေက်ာမေျဖာင့္စြာ ဘီဘီ ဆံသဆိုင္ေလးဆီ ဦးတည္ခဲ့ရသည္။

"ေမာင္လာႀကိဳ.."
"အင္း.. လာၿပီလား"

ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Jungkook ဆုံးေအာင္ေတာင္ မႏႈတ္ဆက္ႏိုင္ေတာ့ ေပမယ့္ ဆရာႀကီးေပါက္စကေတာ့ တက္ႂကြစြာ ႏႈတ္ဆက္ေလသည္။

"ဒါက ဘာေတြလဲ"

Jungkook နားမလည္သလိုဟန္ျဖင့္ ဘီဘီ ဆံသဆိုင္ေလး တစ္ဆိုင္လုံး နီးပါး ေပ်ာက္ကြယ္လုမတတ္ ဖုံးအုပ္ထားတဲ့ စကၠဴလက္ဆြဲအိတ္ ေလးေတြအား လက္ညႇိဳးထိုးရင္း ေမးလိုက္သည္။ Hobi နဲ႔ Taehyung ကေတာ့ ျပသနာျဖစ္မယ့္ အရိပ္အေငြ႕ေတြ ခံစားေနရၿပီမို႔ အသက္ပင္ ျပင္းျပင္း မ႐ူရဲၾက.. အသံတိတ္ကာ ေခ်ာင္ကပ္ေနေလသည္။ Jimin က ထိုစကၠဴအိပ္ေလးေတြ အကုန္လုံးကို စုသယ္ရင္း

"ငါ့အတြက္ လိုအပ္မယ္ ထင္တာေတြ ဝယ္ထားတာ.. ရပ္ၾကည့္မေနပဲ လာကူသယ္ေပးဦး"

Jungkook ဆက္မေမးေတာ့ပဲ မႏိုင္မနင္း ျဖစ္ေနသည့္ Jimin ရဲ႕ အိတ္ေလးေတြကို ေတာ္ေတာ္မ်ားမ်ားကို ဝင္ကူသယ္ေပးလိုက္သည္။ ထိုမွ အိတ္ေလးေတြေပၚမွာ နာမည္ေလးေတြအား သတိထားမိသြားသည္။ Prada, Dior, Givenchy, Gucci, Alexander McQueen, Ralph Lauren, Chanel...။ အေပၚအိတ္ခြံ႕ သက္သက္ႀကီးပဲေတာ့ မဟုတ္ဘူးမလား...။

Jungkook အမ်ားႀကီး သယ္ပိုးေပးထားတာေတာင္ က်န္ေနေသးတာမို႔ Jimin တစ္ေယာက္ထဲ လက္ေမာင္း သုံးလုံးေလာက္ခ်ိတ္ လက္ကလည္း ေျခာက္လုံးေလာက္ဆြဲရေလသည္။

"Hyung.. ဒါေတြကို ဘယ္လိုျဖစ္ၿပီး ဒီေလာက္အမ်ားႀကီး.."
"အာ.. ဒါနဲ႔ ဝယ္လိုက္တာ"

Jimin က သူဝတ္ထားတဲ့ Hoodie အျဖဴေလးထဲမွ Black Card ေလးအား ထုတ္ျပလိုက္သည္မို႔ Jungkook မ်က္လုံးျပဴးက်ယ္သြားသည္။

"Hyung.. ဒါကို.."
"ဝတ္စရာမရွိလို႔ မင္းအက်ႌငွါးဝတ္ရင္း ေတြ႕တာ မင္းနာမည္လည္း ပါေနတာမို႔ ငါ နည္းနည္း သုံးလိုက္တာ ရတယ္မလား"

Jimin ကိုယ္ေပၚက Hoodie အျဖဴေလးကို ေငးရင္း Jungkook ဘာဆက္ေျပာရမွန္းမသိ။ အဲ့အက်ႌက အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ Jimin လက္ကို ဆုပ္ကိုင္ၿပီး အိမ္က ထြက္လာတဲ့ သူ႔ရဲ႕ တစ္ခုတည္းေသာ အိမ္က အဝတ္ျဖစ္သည္။ ေနာက္ပိုင္း Jimin ဝယ္ေပးတဲ့ အက်ႌမ်ားကိုသာ အျမတ္တႏိုး ဝတ္ဆင္ၿပီး ထိုအက်ႌအား အိမ္ကပါလာသည့္ အမွတ္တရ တစ္ခုအေနနဲ႔သာ ေခ်ာင္ထိုးထားခဲ့ေလသည္။ အခုေတာ့ အိမ္နဲ႔ ပတ္သက္တာ အကုန္ လြင့္ပစ္လိုက္ပါဆိုတဲ့သူ ကိုယ္တိုင္က ထိုအဝတ္ကို ဝတ္ဆင္ထားၿပီး Black Card ႀကီးနဲ႔ Shopping ထြက္ထားတာ နည္းနည္းေနာေနာမွ မဟုတ္တာ..။

"မပူပါနဲ႔.. မင္းအတြက္လည္း ပါပါတယ္"

ေျပာၿပီး ဆံသဆိုင္ေလးထဲကေန တက္ႂကြစြာ ထြက္သြားတဲ့ Jimin အား Jungkook ေျပာစရာ ေပ်ာက္ရွစြာ ေငးေနမိခဲ့သည္။ ဒီေန႔ေတာ့ Hobi တို႔ကိုေတာင္ မႏႈတ္ဆက္ႏိုင္ပဲ Jimin ေနာက္ကို အရင္ေျပးလိုက္သြားရသည္။

"Hyung.."
"မင္း အလုပ္သြားရင္ ဝတ္ေနတဲ့ Suit ေတြက အေရာင္မွိန္ေနၿပီမို႔ ငါ အေရာင္ေတာက္ေတာက္ေလးေတြ ဝယ္ခဲ့တယ္.. Necktie လွတာေလးေတြလည္း ဝယ္ခဲ့တယ္ ၿပီးေတာ့ မင္းအတြက္ ဖိနပ္လည္း ဝယ္ခဲ့တယ္.. မင္းက ႐ုံးတက္ေနရတာဆိုေတာ့ ေတာက္ေျပာင္ေနမွ ျဖစ္မွာေပါ့"

စိတ္ဆိုးမွာ ႀကိဳသိလို႔ ေခ်ာ့ေနသလား ေအာက္ေမ့ရေအာင္ ကိုယ့္ အတြက္ဝယ္ထားတာေတြ တန္းစီေျပာေနတဲ့ Jimin ေၾကာင့္ Jungkook သက္ျပင္းသာ ခ်လိုက္မိသည္။

"အာ ေမ့ေတာ့မလို႔ လာမယ့္ ပိတ္ရက္ ငါတို႔ ကားသြားၾကည့္မလား.. ကားဝယ္ရေအာင္"
"ေတာ္ပါေတာ့ Hyung.."
"ဘာ!! ဘာေျပာလိုက္တာ"
"ေတာ္ပါေတာ့လို႔"

Jungkook ေအာ္လိုက္တာမို႔ Jimin ၿပဳံး႐ႊင္ေနရာမွ ခ်က္ျခင္း ခက္ထန္သည့္ အသြင္ေျပာင္းကာ ေဒါသထြက္လာေလသည္။

" ေသာက္$ေကာင္.. မင္းက ေငြေလး နည္းနည္းရွိတယ္ဆိုၿပီး အခု ငါ့ကို ေအာ္လိုက္တာလား"
"Hyung အေတြးထဲမွာ အၿမဲတမ္း ေငြပဲ ေတြးေနတာလား.. လူတစ္ေယာက္ကို ေငြနဲ႔ တိုင္းထြာမွာလား.. ဘာလို႔ စကားေျပာရင္ အၿမဲ ေငြပဲပါေနတာလဲ.. ဘာလို႔ အၿမဲ ေငြပဲလဲလို႔"

မ်က္ရည္တို႔ ရစ္ဝိုင္းကာ ေအာ္လိုက္တဲ့ Jungkook ကို ျဖတ္သြားျဖတ္လာ လူမ်ားမွာလည္း ကြက္က်ိ ကြက္က်ိ ၾကည့္ကာ တီးတိုးအတင္း ေျပာရင္း ေရွာင္ဖယ္သြားၾကေလသည္။

"မင္းမွာ ငါ့ကို ေအာ္ပိုင္ခြင့္ မရွိဘူး.. မင္း ဘာသာမင္း ဘယ္ေလာက္ ခ်မ္းသာ ခ်မ္းသာ ငါအတြက္ေတာ့ ေလထုထဲက ဖုန္မႈန္႔သာသာပဲ ဆိုတာ နားလည္ထား.. ေအး ငါ့ အေတြးထဲမွာ ေငြပဲရွိတယ္ ဘာလို႔လဲ သိလား.. ငါ ဒီႂကြက္တြင္းေလးထဲမွာ မေနႏိုင္လို႔.. ငါ ဒီႂကြက္တြင္းထဲကေန ႐ုန္းထြက္ခ်င္ေနၿပီမို႔လို႔.. ငါနဲ႔ ဒီလိုႂကြက္တြင္းနဲ႔ နည္းနည္းမွ မအပ္စပ္လို႔.."

Jungkook မ်က္ရည္ဝဲတဲ့ အဆင့္မွ ငိုခ်လိုက္သည့္ အဆင့္ကို ေရာက္လာေလသည္။ Jimin နားမလည္ပါ။ သူက ဘာလို႔ ငိုေနတာလဲ.. ငါေျပာတာ မွားလို႔လား.. သူက ငါ့ေယာက္်ားေလ သူခ်မ္းသာေနရဲ႕သားနဲ႔ ငါ့ကို ႂကြက္တြင္းမွာပဲ ထားစရာလား.. ဒါမွမဟုတ္ ငါက သူ႔ေငြေတြ အမ်ားႀကီး သုံးလိုက္မိလို႔လား..။

"မဟုတ္ေသးပါဘူး ေနပါဦး.. ငါ အသုံးမ်ားသြားလို႔ စိတ္ဆိုးမယ္ ဆိုတာ နားလည္တယ္ ဒါေပမယ့္ ငိုစရာပါ လို႔လား မင္း ကပ္စီးနည္းလား.. မင္း ယူထားတဲ့ ေယာက္်ားေလ.. အဲ့ေလာက္ေလး သုံးတာ ငိုစရာပါလား"

Jungkook ဘာမွ ျပန္မေျဖပဲ ေခါင္းငုံ႔ထားရင္းသာ တရႈံ႕ရႈံ႕ ငိုေနေလသည္။ လမ္းမအလယ္မို႔ ျဖတ္သြားျဖတ္လာ မ်ားမွာလည္း ဝိုင္းၾကည့္ေနၾကေလသည္။ မသိရင္ ကိုယ္ကပဲ ေယာက္်ားကို ႏွိပ္စက္တဲ့ လူၾကမ္းႀကီး က်လို႔...။

"ဒီမွာ ေသာက္ကပ္စီးနည္း.. လမ္းမ အလယ္တည့္တည့္ကို ေငြဒီေလာက္ေလး သုံးလိုက္တာနဲ႔ ငိုယိုေနစရာလား.. မင္းမရွက္ေပမယ့္ ငါ ရွက္တယ္.. ေရာ့ မင္းေငြနဲ႔ ဝယ္ထားတဲ့ ပစၥည္းေတြ.. မသဒၶါေရစာေတြ ငါလည္း မယူဘူး"

Jimin လက္ထဲက အထုတ္ေတြနဲ႔ပါ Jungkook အား ေပါက္လိုက္ေလသည္။ Jungkook က ဘာမွျပန္မေျပာပဲ ေခါင္းငုံ႔ရင္းသာ ငိုေနေလသည္မို႔ Jimin စိတ္တိုတိုနဲ႔ ေက်ာခိုင္းလာခဲ့သည္။

"ငတုံးေကာင္ ငါ့ကို ဒီေလာက္ေလးေတာင္ မသဒၶါဘူးလား.. ေျပာေတာ့ ခ်စ္တယ္ေဘး ဘာေလးနဲ႔.. တကယ္ ခ်စ္တာေရာ ဟုတ္ရဲ႕လား မသိဘူး"

ေျပာရင္း ပါးျပင္ထက္ ခပ္ေႏြးေႏြး အထိအေတြ႕ေၾကာင့္ Jimin ဘယ္သူမွ မျမင္ေအာင္ အလ်င္အျမန္ ဖယ္ရွားလိုက္သည္။

"ဒီေသာက္မ်က္ရည္ေတြကလည္း ငါလည္း မငိုပဲ က်ေနလိုက္"

သိမ့္သိမ့္တုန္လာတဲ့ ရင္ထဲက ခံစားခ်က္နဲ႔အတူ အသက္႐ူသံေတြပါ တုန္ယင္လာသည္။ အမွန္အတိုင္းေျပာရရင္ ႀကိဳမေျပာပဲ သုံးလိုက္မိတာ မလုပ္သင့္မွန္း သိေပမယ့္ Jungkook ဆီက ေအာ္ခံလိုက္ရတာကို မေက်နပ္ႏိုင္ပါ.. အင္း.. မခံစားႏိုင္ဘူးဆို ပိုမွန္မလား...။ အဆက္မျပတ္က်ေနတဲ့ မ်က္ရည္တို႔ကို အလ်င္အျမန္ လိုက္သုတ္ရင္း

"ငါကိုက မွားတာ.. အစကတည္း အဲ့ကဒ္နဲ႔ ဂ်ာမနီကို ထြက္သြားဖို႔ လတ္မွတ္ေလးပဲ ဝယ္ၿပီး တိတ္တိတ္ေလး ထြက္သြားလိုက္ရမွာ.. ဒီ ေသာက္တုံးကို မထားခဲ့ႏိုင္ ျဖစ္ေနတဲ့ ငါက မွားတာ"

ပစၥည္းေတြ ဗလပြက်ဲေနတဲ့ လမ္းမထက္ Jungkook ရပ္ငိုေနမိသည္။ အေဖေျပာတဲ့ ဘယ္ေလာက္ခံမလဲ ဆိုတဲ့ စကားကို ျပန္ၾကားေယာင္ မိတာေၾကာင့္ ေရွ႕ဆက္ေလွ်ာက္ဖို႔ ေၾကာက္ေနမိသည္။ လႈပ္တုပ္လႈပ္တုပ္ ထြက္သြားတဲ့ ေက်ာျပင္ငယ္ေလးဟာ တေျဖးေျဖး Jungkook နဲ႔ ေဝးကြာလာခဲ့သည္။ ပစ္ခ်ခဲ့ေသာ ပစၥည္းတစ္ခုခ်င္းစီ လိုက္လံ ေကာက္သိမ္းရင္း အဝတ္ေတြ ဖိနပ္ေတြ ၾကားထဲမွ ထြက္လာသည့္ တစ္ခုတည္းေသာ စာအုပ္ငယ္ေလး တစ္အုပ္..။

'ဟင္းခ်က္နည္းစာအုပ္'

Jungkook မ်က္ရည္ေတြၾကားထဲမွ ၿပဳံးမိသြားသည္။ ခုနကအထိ စိတ္တိုတာနဲ႔ ဝမ္းနည္းေနခဲ့တာေတြက ဟင္းခ်က္နည္း စာအုပ္ေလးေၾကာင့္ အကုန္ေျပးထြက္ကုန္ေလသည္။ အတိတ္ေမ့ေနတဲ့ သူအေပၚ ေဒါသ ထြက္ခဲ့မိတဲ့ ကိုယ့္ကိုကိုယ္သာ အျပစ္တင္လိုက္မိသည္။ ဒါေတာင္ ဟင္းခ်က္နည္းစာအုပ္မို႔ အခ်စ္ေပးနည္း စာအုပ္သာဆို Jeon Jungkook တို႔ ႐ူးေနေလာက္ၿပီ..။

တိုက္ခန္းေလးဆီ Jungkook ျပန္ေရာက္ခ်ိန္မွာ သခင္ေလးဟာ အခန္းတြင္းသာ ေအာင္းေနေလသည္။ Jimin ဝယ္ထားတဲ့ ပစၥည္းေတြ အကုန္ သယ္ၿပီး အခန္းထဲ ဝင္လိုက္ေတာ့ ေက်ာခိုင္းကာ လဲေလ်ာင္းေနတဲ့ ဆရာႀကီး ေပါက္စက ဆက္ကနဲ ထထိုင္လာသည္။

"ဘာလဲ.. ငါ့အခန္းထဲက အခုထြက္သြားစမ္း"
"ဒါေတြ မသိမ္းရေတာ့ဘူးလား"
"မသိမ္းဘူး.. လြင့္ပစ္ခ်င္ လြင့္ပစ္ ဆိုင္ျပန္သြင္းခ်င္သြင္း ႀကိဳက္တာလုပ္"

Jungkook ကို အခန္းအျပင္ တြန္းထုပ္ၿပီး သယ္လာတဲ့ အထုတ္ေတြပါ အခန္းအျပင္ ပစ္ေပါက္ေလသည္။ ၿပီးတာနဲ႔ ေဂ်ာင္းခနဲ တံခါးေဆာင့္ပိတ္ကာ ဒီတစ္ခါေတာ့ Lock ပါ ခ်သြားေလသည္။ Jungkook သက္ျပင္းတိုးတိုးေလး ခ်ရင္း တစ္ခုခ်င္းစီ ျပန္ေကာက္သိမ္းရျပန္သည္။ ေရခ်ိဳးၿပီးတာနဲ႔ ညစာကို အျပင္ထြက္ ဝယ္လာခဲ့ၿပီး အိမ္ျပန္ေရာက္မွာ အခန္းတံခါးေလး ေခါက္ကာ ဆရာႀကီး ေပါက္စအား ေခၚလိုက္ရသည္။

"Hyung ညစာ စားရေအာင္"
"မသဒၶါ ေရစာေတြ ငါ မစားဘူး ေသာက္ကပ္စီးနည္း"
'ဒုန္း'

ေအာ္သံနဲ႔ အညီ အခန္းတံခါးကိုလည္း တစ္ခုခုနဲ႔ ပစ္ထုလိုက္ဟန္ေပၚသည္မို႔ Jungkook ဆက္မေမးရဲေတာ့ပဲ တစ္ေယာက္တည္း အရင္စားလိုက္သည္။ ၿပီးမွ ဆရာႀကီးေပါက္စ ဗိုက္ဆာသည့္အခ်ိန္ ထစားႏိုင္ရန္ အသင့္ျပင္ေပးထားလိုက္ရသည္။

'ဂြီ'

လူကေနေပမယ့္ အစာအိမ္က မေနတာမို႔ Jimin ေစာင္ကိုသာ လဲေလ်ာင္းရင္း အညႇိဳးထားကန္ေနလိုက္သည္။ ဒီ ဗိုက္ကလည္း မလိုက္မသိလိုက္တာ...။ စားပြဲေပၚက ေရဗူးကိုသာ ေသာက္ရင္း အူႏိုပ္ကာ ႀကိတ္ခံေနလိုက္သည္။ ငါ့ကို မသဒၶါတဲ့ ေကာင္ဆီက ထမင္းတစ္စိ ေရတစ္စက္ေတာင္ မယူႏိုင္ဘူး.. ဒါ ငါ့မာနပဲ.. Alex Armanto အိမ္ေတာ္က အငယ္ဆုံး သခင္ေလး Grazie ရဲ႕ မာနကို ဘယ္အစာအိမ္မွ လာအႏိုင္ယူလို႔ မရေစရဘူး...။

'ကြၽီ'

ည ဆယ့္တစ္နာရီ ထိုးေနၿပီမို႔ တံခါးေလးအား အသံမထြက္ေအာင္ တြန္းဖြင့္ကာမွ အသံထြက္သြားေသးတာေၾကာင့္ Jimin ကိုယ့္ကိုကိုယ္ အျပစ္တင္ကာ ေအာက္ႏႈတ္ခမ္းအား ကိုက္လိုက္မိသည္။ TV ေရွ႕က ဆိုဖာခုံေလးဆီ အရင္လွမ္းခိုးၾကည့္လိုက္ေတာ့ ဆိုဖာခုံေပၚက ေကာင္ေလးမွာ အိပ္ေမာက်ေနဟန္။ ေျခသံဖြဖြေလးနင္းၿပီး မီးဖိုေခ်ာင္ ေကာင္တာေလးဆီ ေလွ်ာက္လာရင္း စားစရာ ရွာေဖြရေတာ့သည္။ ၾကည့္ရတာ အစာအိမ္နဲ႔ မာနရဲ႕ အားၿပိဳင္ပြဲမွာ အစာအိမ္က အႏိုင္ယူသြားပုံေပၚသည္။

မီးဖိုေခ်ာင္ ေကာင္တာေလးထက္ အသင့္ျပင္ထားသည့္ အုပ္ေစာင္းေလးကို ျမင္လိုက္တာမို႔ Jimin ႀကိတ္ၿပီး ဂုဏ္ဆာ လိုက္မိေသးသည္။ ျမင္တယ္မလား.. ဘယ္သူက ေနႏိုင္ၿပီး ဘယ္သူက မေနႏိုင္တာလဲဆိုတာ..။ ဒီလို အစားေလး တစ္နပ္စာ အသင့္ျပင္ထား႐ုံနဲ႔ ကိုယ့္ကို ေအာ္ထားခဲ့တဲ့သူ အေပၚ  Park Jimin တို႔ စိတ္ေပ်ာ့သြားမယ္ ထင္ရင္ေတာ့ လုံးဝ မွားသြားမယ္.. Grazie ဆိုတာ တစ္ေလာကလုံးကို အေၾကာတင္းလာတာ.. ဒီေလာက္ေလးနဲ႔ နည္းနည္းမွ မတုန္လႈပ္ဘူး...။ .....။

Jimin အုပ္ေဆာင္းေလးကို အသံမထြက္ေအာင္ အသာေလး မ ၾကည့္လိုက္သည္။ ၾကက္ဥ half fried ေလး တင္ထားေသာ ထမင္းသုပ္ေလးရယ္ ဘူဂိုဂီေလးရယ္ Sausage ပိစိေၾကာ္ေလးေတြရယ္ Note စာ႐ြက္ေလးရယ္..။

'တစ္စုံတစ္ေယာက္အတြက္ လုပ္ထားေပမယ့္ သူ႔ကို မသဒၶါဘူးလို႔ အထင္လြဲၿပီး မစားလို႔ပါ ဒီစာကို ျမင္တဲ့သူ ဘယ္သူမဆို စားလို႔ရပါတယ္ သဒၶါပါတယ္'

Note စာ႐ြက္ေလးထဲမွ စာတိုေလးေၾကာင့္ Jimin အသံမထြက္ေအာင္ ခိုးရယ္လိုက္မိသည္။ ဒီခ်ည္ေႏွာင္မႈေတြၾကားမွာ ဘယ္သူက ၾကာၾကာ စိတ္ဆိုးႏိုင္မွာလဲ.. ဒီငတုံးကေတာ့... ဒါမ်ိဳးက် ဘယ္က သင္လာလဲ မသိ.. သိပ္တတ္တာပဲ..။

"အူေၾကာင္ေၾကာင္နဲ႔.. ဒီအိမ္မွာ ငါနဲ႔သူ ႏွစ္ေယာက္ပဲ ရွိတာကို ဘယ္သူမဆိုတဲ့.. က်ပ္မျပည့္ဘူးလား"

တီးတိုးေလး အျပစ္တင္လိုက္ေသးေပမယ့္ စိတ္ထဲ ၾကည္ႏူးစြာ ထိုညစာကို စားေနလိုက္သည္။ ခ်စ္မရွက္ ႀကိဳက္မရွက္ ငတ္မရွက္တဲ့ေလ...။ ဗိုက္ဆာေနေတာ့လည္း မရွက္ေတာ့ပဲ အားရပါးရ စားလိုက္မိသည္။ စားေနရင္း ဆိုဖာခုံေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးကို လွမ္းၾကည့္ကာ မ်က္ေစာင္းထိုးၿပီးမွ ၿပဳံးလိုက္မိေသးသည္။ ဘယ္သူမွမျမင္ေလာက္ဘူး ဆိုေပမယ့္ ကိုယ့္မ်က္ႏွာကိုယ္ ျပန္ထိမ္းကာ တင္းထားရင္း

"ငါ မင္းကို မခ်စ္ဘူး.. ဒီတိုင္း မင္းဆီက အခ်စ္ခံရတာကိုပဲ သေဘာက်တာ.. ခ်စ္ရမွာက မင္းအလုပ္ ငါက အခ်စ္ခံဖို႔က ငါ့အလုပ္"

အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလး မၾကားေလာက္ဘူး ဆိုေပမယ့္ ညစာပလုတ္ပေလာင္း စားရင္း လွမ္းကာ ရန္လုပ္လိုက္မိသည္။ Jimin ထမင္းျပန္ငုံ႔စားေနတဲ့ အခ်ိန္မွာ အိပ္ေပ်ာ္ေနၿပီလို႔ သတ္မွတ္ထားတဲ့ ေကာင္ေလး မ်က္ႏွာထက္ အၿပဳံးတစ္ပြင့္ ျဖတ္ေျပး သြားတာကို Jimin မျမင္လိုက္ပါ။ ခ်စ္တဲ့ မ်က္စိနဲ႔ ၾကည့္ရင္ အရာအားလုံးက ခ်စ္ဖို႔ေကာင္းပါတယ္...။ ........။

သန္းေခါင္ေက်ာ္သည္အထိ အိပ္ရာထက္ အိပ္မေပ်ာ္ႏိုင္ပဲ Jimin တစ္ေယာက္ လူးလိမ့္ေနမိသည္။ လဲေလ်ာင္းေနရာမွ ထထိုင္ကာ နံရံထက္က မဂၤလာေဆာင္ ဓါတ္ပုံေလးကို ၿငိမ္သက္စြာ ေငးေနမိသည္။

"မင္းဆီက ခြင့္မေတာင္းပဲ ယူသုံးမိတာ ငါ့အျပစ္ပါ"

"အတိတ္ေမ့ေနတဲ့ Hyung ကို လွ်ိဳ႕ဝွက္ထားမိတာ ကြၽန္ေတာ့္အျပစ္ပါ"

TV ေရွ႕က ဆိုဖာခုံေလးေပၚက ေကာင္ေလးကလည္း ဧည့္ခန္းေလးမွာ ခ်ိတ္ထားတဲ့ မဂၤလာေဆာင္ ဓါတ္ပုံေလး ေငးရင္း တီးတိုးစြာ အျပစ္ဝန္ခံေနေလသည္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

"ငါ ေတာင္းပန္ခ်င္ေပမယ့္ ငါက အဲ့လိုစကားကို လြယ္လြယ္ေျပာမထြက္လို႔.. ဒီေလာက္ဆို ေတာင္းပန္တယ္ မွတ္လိုက္ေတာ့"

ျခားထားတဲ့ အခန္းနံရံေလးသာ မရွိခဲ့ရင္ အရာအားလုံးက ပိုအဆင္ေျပႏိုင္မည္ ထင္ရသည္။ ကမာၻႀကီးက က်ဥ္းတယ္ဆိုေပမယ့္ နံရံေတြကေတာ့ ထူပါတယ္...။ ............။

"ဒီ ပစၥည္းေတြ အကုန္ မင္းပဲ ဆိုင္ျပန္သြင္းလိုက္ေတာ့"

အိပ္ရာႏိူးႏိူးခ်င္း ေျပာလာတဲ့ ဆရာႀကီးေပါက္စ စကားေၾကာင့္ Jungkook မနက္စာျပင္ရင္း ေၾကာင္ေနမိသည္။

"ဘာလို႔လဲ"
"ငါ စိတ္ႀကိဳက္ဝယ္ၿပီးမွ ျပန္သြားသြင္းရမွာ ရွက္လို႔ မင္းပဲ သြင္းေပး"
"ကြၽန္ေတာ္ေျပာတာ အဲ့လို မဟုတ္ဘူးေလ.. ဘာလို႔ ဆိုင္ျပန္သြင္းမွာလဲလို႔"

Sausage ေၾကာ္ေနတဲ့ အိုးေလးအား အပူေလ်ာ့ၿပီး Jimin ဘက္လွည့္ကာ ေမးလိုက္သည္။ Jimin ကေတာ့ ပခုံးေလးတြန္႔ျပရင္း

"ငါ မလိုေတာ့လို႔ေပါ့.. ခိုင္းတာမလုပ္ပဲ အရမ္းစကားမ်ားတာပဲ"

မေန႔က လမ္းမထက္ ေအာ္ခဲ့သလို မဟုတ္ပဲ သိပ္မမာေတာ့တဲ့ ေလသံအရေတာ့ ေသခ်ာေပါက္ စိတ္ဆိုးေျပသြားတဲ့ အသံမ်ိဳး..။ Jungkook မီးဖိုခလုတ္အား ပိတ္လိုက္ၿပီး Jimin ရပ္ေနသည့္ ေနရာေလးဆီ ေရာက္လာကာ Jimin အား ေပြ႕ဖက္လိုက္သည္။

"ဘာလုပ္တာလဲ လြတ္စမ္း ငါ ေရခ်ိဳးေတာ့မလို႔"
"ခ်စ္တယ္ Hyung"
" ေသာက္ကပ္စီးနည္း... ပစၥည္းေတြ ဆိုင္ျပန္သြင္းခိုင္းေတာ့က် ခ်စ္တယ္တဲ့"

Jimin စကားေၾကာင့္ Jungkook ရယ္ကာ ပိုမို တင္းၾကပ္စြာ ဖက္ထားလိုက္မိသည္။

"အာ့.. က်ပ္တယ္ကြ.. လႊတ္ဦး အသက္႐ူၾကပ္ၿပီး ေသကုန္ေတာ့မယ္"
"မလႊတ္ဘူး... အရမ္းခ်စ္လို႔ အရမ္းဖက္ထားခ်င္တာ"
"အဲ့ေလာက္ ျဖစ္ေနရင္ ေသလိုက္.. ဖယ္ ငါ့ကို လႊတ္စမ္း"

ပါးစပ္ကသာ လႊတ္ဖို႔ တဖြဖြ ေျပာေနတာ ခႏၶာကိုယ္က ၿငိမ္ခံေနသည့္ ဆရာႀကီးေပါက္စရဲ႕ ခႏၶာကိုယ္ငယ္ေလးကို ပိုညႇစ္ဖက္လိုက္ၿပီး နဖူးျပင္အား အနမ္းဖြဖြေလး ေပးလိုက္မိသည္။

"Ya!! ဒါ ဘာလုပ္တာလဲ.. ငါ မ်က္ႏွာ မသစ္ရေသးဘူး"
"ရပါတယ္ဗ်.. ညစ္ပတ္တုံးေလးလို ေနလည္း ေမာင္က ခ်စ္ပါတယ္"
" ေသာက္႐ူး"

Jimin က်ိန္ဆဲသံ တိုးတိုးေလးအား Jungkook ရယ္ရင္း တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားရာမွာ ညင္သာစြာ ေျဖေလ်ာ့ေပးလိုက္သည္။

"ဒီေန႔ ညေန ကြၽန္ေတာ္ ႐ုံးက ျပန္လာရင္ Hyung အတိတ္မေမ့ခင္က အေၾကာင္းေတြ အကုန္ ေျပာျပမွာမို႔ မေန႔က ကိစၥကို ခြင့္လႊတ္ေပးေနာ္"
"ငါက ပုံမွန္လိုဆို သနားညႇာတာ တတ္တဲ့ စိတ္မ်ိဳး မရွိေပမယ့္... မင္းကိုေတာ့ ခြင့္လႊတ္ဖို႔ စဥ္းစားေပးပါ့မယ္"

စိတ္ထဲကေန အႀကိမ္တစ္ရာေလာက္ ခြင့္လႊတ္ေနလည္း အျပင္ဘက္ကေတာ့ ေနာက္ဆုံးအထိ အေၾကာတင္းေနဦးမွာပါ..။  Jungkook ကေတာ့ Jimin စိတ္ကို ဖတ္တတ္ေနသလို ပါးေဖာင္းေဖာင္းေလးကို ညင္ညင္သာသာေလး ဆြဲလိုက္ရင္း

"ေမာင္ အရမ္း အသည္းယားလာၿပီကြာ"
"အဲ့ညစ္ပတ္တဲ့ လက္ကို ဖယ္စမ္း.. ဒါနဲ႔ ငါက ေရခ်ိဳးေနာက္က်ေတာ့မွာ"
"ခ်စ္လို႔ပါဗ်"

Jimin မ်က္ေစာင္းမဆို႐ုံေလာက္ေလး ေပေစာင္းေစာင္း ၾကည့္လိုက္သည္မို႔ Jungkook အျမန္ဖယ္ေပးလိုက္ရသည္။ ေရခ်ိဳးခန္းေလးထဲ ေရာက္မွ နံရံထက္က တစ္ေပပတ္လည္ ေလးေထာင့္ မွန္ ေသးေသး ကို ၾကည့္ရင္း ကိုယ့္နဖူးကို ထိေတြ႕ကာ Jimin ၿပဳံးလိုက္မိသည္။ ဒီငတုံးေလးနဲ႔မွ ငါလည္း ႐ူးေတာ့မွာ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ...။

မနက္စာ အတူစားရင္း အတူတူ အလုပ္ရွိရာ ေလွ်ာက္လွမ္းရတဲ့ ေျခလွမ္းေတြက Jimin အတြက္ ေရာက္ကာစကလို ႐ိုးရွင္းမေနေတာ့ပဲ စိတ္ေက်နပ္ အျပည့္အဝ ေပးသည္။ ဒီၾကားထဲ အတူအလုပ္မသြားခဲ့ရတဲ့ ရက္ေတြ မ်ားေနလို႔ပဲလားေတာ့ ေသခ်ာမသိ။ ေထြရာေလးပါး ေလွ်ာက္ေျပာေနတဲ့ ေကာင္ေလးကို လမ္းေလွ်ာက္ရင္း ေဘးနားထား ေငးရတာကို Jimin ေပ်ာ္တတ္လာခဲ့ၿပီ..။

"ဒီညေနေရာ အခ်ိန္ပိုရွိေသးလား"
"မသိေသးဘူး ဟိုအဘိုးႀကီးနဲ႔ မေတြ႕ဖို႔ေတာ့ ဆုေတာင္းရမယ္.. ဘာလို႔လဲ ေမာင္နဲ႔ ကိုးနာရီေလာက္ ခြဲရမွာကို ဝမ္းနည္းေနလို႔လား"
" ေသာက္႐ူး.. ငါက အ႐ူးမို႔ ဝမ္းနည္းရမွာလား.. လုံးဝပဲ.. ေစာင့္ေနရမွာစိုးလို႔ ေမးတာ"
"ဟုတ္ပါၿပီဗ်ာ.. မေစာင့္ေစရပါဘူး အခ်ိန္ပို ရွိရင္ေတာင္ ေမာင္ မက္ေဆ့ပို႔လိုက္မယ္ေလေနာ္"

Jimin ေခါင္းသာ ၿငိမ့္ျပလိုက္သည္။ လက္ျပႏႈတ္ဆက္ၿပီး ေျပးသြားတဲ့ ေကာင္ေလးကို ဆိုင္ထဲ မဝင္ေသးပဲ ရပ္ၾကည့္ေနမိသည္။ ထိုေကာင္ေလးက ျပန္လွည့္လာသည္မို႔ Jimin အံ့ဩစြာ ၾကည့္ရင္း ေငါက္လိုက္မိသည္။

"ဘာေမ့က်န္ခဲ့ျပန္ၿပီလဲ"
"အားေဆး"

ေျပာၿပီး ပါးေဖာင္းေဖာင္းေလးေတြကို အသံျမည္ေအာင္အထိ အနမ္းေပးကာ အဆဲမခံရေစဖို႔ ထြက္ေျပးသြားတဲ့ ေကာင္ေလးကို ေငးရင္း Jimin အရင္လို ဆဲဖို႔ေတာင္ အေတြးမရလိုက္ လႈိက္ဖိုသြားတဲ့ ရင္ဘတ္တစ္စုံကို ဖက္တြယ္ရင္း ၾကည္ႏူးစြာ ၿပဳံးလိုက္မိသည္။

"ဒီငတုံး... အဲ့တာ ေမ့စရာမွ မဟုတ္တာကို"

ဘယ္သူမွ မၾကားႏိုင္ေလာက္တဲ့ အျပစ္တက္သံ တိုးတိုးေလးကို တစ္ေယာက္တည္း ေရ႐ြတ္ရင္း တစ္ေယာက္တည္း ျပန္ရွင္းျပ ရျပန္သည္။

"ငါက သူနမ္းတာကို သေဘာက်လို႔ မဟုတ္ေပမယ့္.."

ဒါဆိုဘာလို႔လဲ... ကိုယ့္ဟာကိုယ္ ေျဖရွင္းေနရင္းေတာင္ ေျဖစရာ အေျဖမရွိ။

"ငါက အစကတည္း အနမ္းခံရတာႀကိဳက္လို႔"

ကိုယ့္ဟာကိုယ္ အဓိပၸာယ္ မရွိတဲ့ မွတ္ခ်က္ခ်လိုက္ၿပီး ကိုယ့္စကားကိုယ္ ႀကိတ္ရယ္လိုက္မိသည္။ Grazie ရယ္.. အရင္က နမ္းတုန္းက ဆက္ဆက္ခါေနခဲ့ၿပီး ဘယ္တုန္းက အနမ္းခံရတာ ႀကိဳက္သြားတာလဲ..။ ကိုယ့္ကိုကိုယ္ ျပန္ေမးခြန္းထုတ္လိုက္ေပမယ့္ ဒီတစ္ခါ ျပန္ေတာ့ မေျဖေတာ့ပါ...။

"ဒီက ေမာင္ရင္.. Jimin ssi"

ဘယ္အခ်ိန္ကတည္းက အေနာက္က ေရာက္ေနမွန္း မသိတဲ့ ဦးေလးႀကီးေၾကာင့္ Jimin ရဲ႕ ၾကည္ႏူးဖြယ္ရာ အေတြးေတြ အကုန္ ေျပးကုန္ေလသည္။ မ်က္ေမွာင္ႀကဳံ႔ကာ ၾကည့္လိုက္ရင္း

"ကြၽန္ေတာ့္ကို သိလို႔လား"
"သိတာေပါ့ကြယ္.. ဦးကို မမွတ္မိေတာ့ဘူးလားဟင္.. မေတြ႕တာ ၾကာလို႔မ်ားလား.. Jeon Jungkook အေဖပါ"

Jimin ကိုယ့္နဖူးကိုယ္သာ ႐ိုက္လိုက္ခ်င္မိသည္။ ကိုယ့္ေယာကၡထီးနဲ႔ ေတြ႕တာေတာင္ မသိဘူးလား.. Jeon Jungkook ကက် မင္းအေမကို ဘယ္ေလာက္ေကာင္းေကာင္း ဆက္ဆံေပးလဲ..။ ေနပါဦး ငါလည္း ဘယ္သိမလဲ ငါက Jimin ဘဝတစ္ဝက္တစ္ျပတ္ႀကီးမွာ ကူးလာတဲ့သူေလ.. အိမ္မွာလည္း မိသားစုပုံေတြ ဘာေတြ ရွိတာမွ မဟုတ္တာ..။ အနည္းငယ္ေတာ့ ေနရခက္ေပမယ့္ Jimin ေလသံမာမာ မေျပာမိဖို႔ ႀကိဳးစားၿပီး ႏႈတ္ဆက္လိုက္သည္။

"အာ.. မဂၤလာပါ ဦးေလး.. ကြၽန္ေတာ္က အတိတ္ေမ့ေနလို႔ မမွတ္မိတာပါ"
"ဦးေလးတို႔ စကား ခဏေလာက္ေျပာၾကမလား"

ျငင္းလို႔လည္း မေကာင္းသည္မို႔ Jimin ၿပဳံးရင္းသာ ေခါင္းၿငိမ့္ျပလိုက္သည္။ Jungkook အေဖ ေခၚေဆာင္ရာ ေနာက္ကို လိုက္သြားရင္း လမ္းမထက္က Ford Transit-350 ကားအမ်ိဳးအစားအား ျမင္လိုက္ရသည္။ ကားေပၚမွာ ဦးေလးႀကီးတစ္ေယာက္ ဆင္းလာၿပီး Jimin အား တံခါးဖြင့္ေပးသည္မို႔ ေက်နပ္စြာ တက္လိုက္သည္။ Black Card ကိုင္ထားတဲ့ ေယာက္်ားနဲ႔ ေဒၚလာ ေလးေသာင္းခြဲတန္ ကားစီးတဲ့ ေယာကၡထီး..။ Grazie ပီသပါတယ္.. မင္းကလည္း ငါပဲမို႔ ငါ့လိုပဲ လူေ႐ြး ေတာ္တယ္ Jimin..။ အခုေတာ့ ဘယ္တမန္ေတာ္ရဲ႕ အကူအညီမွ မပါပဲ ဂ်ာမနီကို ေန႔ခ်င္းျပန္ေတာင္ သြားလို႔ရေနၿပီ.. အဲ့လိုမွ မဟုတ္ရင္ေတာင္ Grazie မဟုတ္တဲ့ Park Jimin ဘဝက ေနသာေနပါၿပီ..။

ကိုယ့္ကိုကိုယ္ ႀကိတ္ခ်ီးက်ဴးရင္း ေယာကၡထီး ျဖစ္သူအား ေႏြးေထြးစြာ ၿပဳံးျပလိုက္မိသည္။ Jungkook အေဖကလည္း ေလးပင္တဲ့ အၿပဳံးတစ္ခုကို ၿပဳံးျပရင္း

"သားက အတိတ္ေမ့ေနတာမို႔ မသိေလာက္ေပမယ့္ Jungkook အိမ္ျပန္မလာတာ အရမ္းၾကာေနၿပီေလ"

အား.. ဒီေကာင္ေလး.. ကိုယ့္မိဘအိမ္ေတာင္ ကိုယ္မျပန္ခဲ့ဘူးလား.. ငါ့အေမအိမ္က် ခဏ ခဏ သြားၿပီး..။ စိတ္ထဲကေန Jungkook ကို လွမ္းဆူလိုက္ေပမယ့္ အျပင္ကေတာ့ ဟန္ေဆာင္ၿပဳံးထားရသည္။

"အဲ့တာ ဒီညေနေလး ဦးေလးတို႔အိမ္မွာ ညစာအတူစားၿပီး Jungkook ကို တစ္ညေလာက္ ထားခဲ့ေပးပါ့လားဟင္"
"အာ.. ဒါေပါ့.. လုပ္ေပးရမွာေပါ့"
"ဒါဆို ညေန႔က် ဦးေလး Jimin ကို အရင္လာေခၚမယ္ေလ အိမ္ေရာက္မွ Jimin က သူ႔ကို ေခၚလိုက္ေပါ့ Surprises ေလ.."

တက္ႂကြစြာဆိုလာတဲ့ Jungkook အေဖ စကားကို Jimin မျငင္းရက္ ႏိုင္ပါ။ မိဘပဲေလ.. ကိုယ့္သားသမီးကို ေတြ႕ခ်င္ရွာမွာေပါ့...။ .........။

အရာအားလုံးက စီစဥ္ထားသလိုပါပဲ ညေနေစာင္းခ်ိန္ Mr.Jeon လာေခၚသည့္ ကားေလးနဲ႔ Jimin လိုက္သြားေလသည္။ Alex Armanto အိမ္ေတာ္ႀကီးေလာက္ထိေတာ့ မဟုတ္ေပမယ့္ သူ႔ဟာနဲ႔သူ ခမ္းနားလွတဲ့ တိုက္ႀကီးမို႔ Jimin စိတ္ထဲ အနည္းငယ္ စိတ္ထင့္လာသည္။ ဟိုငတုံး ဒီလိုတိုက္ႀကီးကို စြန္႔ၿပီး ႂကြက္တြင္းေလာက္ပဲ ရွိတဲ့ တိုက္ခန္းေလးထဲ ဘာလို႔ေနေနတာလဲ... Black card ႀကီး ရွိလ်က္နဲ႔ ဘာလို႔ မသုံးပဲ ပင္ပန္းတဲ့ ဝန္ထမ္းအလုပ္ကို ဘာလို႔ လုပ္ေနတာလဲ...။

အေတြးမ်ားစြာနဲ႔ အိမ္ႀကီးအထဲ ဝင္လိုက္ခ်ိန္ ႀကိဳဆိုေနသည့္ နံရံထက္က မိသားစုပုံ..။ Jungkook အေဖရယ္ အေမလို႔ ထင္ရတဲ့ အေဒၚႀကီးရယ္ Jungkook ထက္ အနည္းငယ္ အသက္ႀကီးတဲ့ ေကာင္ေလး တစ္ေယာက္ရယ္ Jungkook ရယ္..။ သို႔ေပမယ့္ အိမ္ထဲမွာေတာ့ အေဖတစ္ေယာက္တည္းသာ ရွိၿပီး Jimin အား ေစာင့္ႀကိဳေနေလသည္။ ခမ္းနားတဲ့ စားပြဲဝိုင္းထက္ အစားအေသာက္မ်ားႏွင့္ ျပည့္ေနေပမယ့္ ထမင္းပန္းကန္လုံးေလးကေတာ့ ႏွစ္ေယာက္စာသာ..။ ဘာေတြ ျဖစ္ေနၿပီလဲ ဆိုတာ Jimin နားမလည္ေပမယ့္ ေတာင္းဆိုထားသလို Jungkook ကိုသာ ဖုန္းဆက္ေခၚလိုက္သည္။

"မင္း အလုပ္ဆင္းၿပီလား"
"ဟုတ္ Hyung.. ေမာင္ အခုပဲ Hobi Hyung ဆိုင္ လာေနၿပီ"
"မသြားနဲ႔ေတာ့.. ငါ အခု မင္းအိမ္မွာ"
"ဗ်ာ?? ဘယ္အိမ္.. မဟုတ္မွ.."
"မင္း မိဘေတြအိမ္"

Jimin စကားဆုံးတာနဲ႔ ဖုန္းခ်သြားေလသည္မို႔ Jimin စိတ္ထဲကေန ႀကိတ္ဆဲလိုက္မိသည္။ ငါ့စကားကို ဆုံးေအာင္ နားမေထာင္ဘူး ဒီေကာင္ကေတာ့ ဘာေတြမ်ား ေလာေနပါလိမ့္...။ Jungkook အေဖကေတာ့ သေဘာက်သလို ၿပဳံးျပေနသည္မို႔ Jimin လည္း ဟန္ေဆာင္ကာသာ ျပန္ၿပဳံးျပလိုက္ရတာ စိတ္ထဲ သိပ္မပါေတာ့...။ ေအးစက္ေနတဲ့ ေလထုနဲ႔ ခမ္းနားတဲ့ ထမင္းဝိုင္းမွာ ထိုင္ေနရတာကို စိတ္ထဲ မႀကိဳက္ေတာ့သလို..။ Jeon Jungkook အျမန္လာပါေတာ့... ငါက စကားအေျပာအဆို မတတ္တာမို႔ လူႀကီးေတြနဲ႔ ႏွစ္ေယာက္တည္း ရွိလို႔ မျဖစ္ဘူး...။

မိနစ္အနည္းငယ္အၾကာမွာ ေျပးလႊားကာ Jungkook ဝင္လာေလသည္။

"ျပန္ၾကစို႔ Hyung"
"ဟင္.. အခု ခ်က္ျခင္းႀကီးလား"
"ေရာက္မွေတာ့ မျပန္နဲ႔ေတာ့"

Jungkook အေဖက ဝင္ေျပာလိုက္သည္ကို Jungkook က မၾကားသလို Jimin လက္ကို ဆြဲကာ ထြက္သြားဖို႔ ျပင္ေနသည္မို႔ ဘာေတြ ျဖစ္ေနလဲဆိုတာ Jimin နားမလည္ႏိုင္။ မ်က္ေတာင္ခတ္လိုက္တဲ့ စကၠန္႔ပိုင္းအတြင္းမွာ ေတာင့္ေတာင့္ တင္းတင္း Bodyguard ေတြက Jungkook ကို ဟိုဘက္ ဒီဘက္ ခ်ဳပ္လိုက္ေလသည္။ Jungkook ဆြဲကိုင္ထားတဲ့ Jimin လက္ကိုပါ Bodyguard မ်ားက ဆြဲျဖဳတ္ခ်လိုက္သည္မို႔ Jungkook အသားကုန္ ႐ုန္းေလေတာ့သည္။

"ဒါဘာလုပ္တာလဲ.. ငါ့ကို အခုလြတ္ေပး"

႐ုန္းကန္ေနတဲ့ Jungkook ကို ၾကည့္ရင္း Jimin ဘာလုပ္ေပးရမွန္း မသိ။ ျဖစ္သမွ် အကုန္ကို ေၾကာင္ေငးေန႐ုံသာ တတ္ႏိုင္သည္။ ဘာေတြ ျဖစ္ေနၾကတာလဲ.. တစ္ေယာက္ေယာက္ ရွင္းျပပါဦး..။

"Jungkook ကို အိမ္ျပန္လာေအာင္ လုပ္ေပးလို႔ ေက်းဇူးပါ Jimin"
"ဗ်ာ?"

Jungkook ကို အိမ္ျပန္လာေအာင္ လုပ္ေပးတာ မွန္ေပမယ့္ သူေမွ်ာ္လင့္ထားတာ ဒီလိုမ်ိဳးမွ မဟုတ္တာ..။ Jimin ဘာမွျပန္ေျဖရမွန္း မသိ ေတြေဝေနခ်ိန္မွာပဲ Jungkook အေဖ ျဖစ္သူက Suitcase တစ္ခုကို ဖြင့္ျပရင္း

"ကူညီေပးလို႔ ဝမ္ သိန္းတစ္ရာပါ.."
"ဗ်ာ??"
"Hyung.. ကြၽန္ေတာ့္ကို ထပ္ၿပီး ေရာင္းစားျပန္ၿပီလား"

Jungkook ေမးခြန္းေၾကာင့္ Jimin ဦးေႏွာက္ထဲ အရာရာ ရႈပ္ေထြးကုန္သည္။ ဘယ္သူက ေငြေတာင္းခဲ့လို႔လဲ.. ဘာလို႔ Jungkook အေဖက ဒီလိုလုပ္တာလဲ..။ ေမးခြန္းေပါင္း မ်ားစြာကို မေျဖရွင္းႏိုင္ခင္ တစ္ဦးတည္းေသာ ယုံၾကည္ရတဲ့ Jungkook မ်က္ႏွာကို အားကိုးတႀကီး လွမ္းၾကည့္လိုက္မိသည္။ ေဒါသထြက္ေနသလို နီရဲေနတဲ့ မ်က္လုံးဝိုင္းေတြမွာ မ်က္ရည္ၾကည္ေတြ လဲ့ကာ ေတာက္ေနေလသည္။ လတ္တေလာ အေျခအေနအရေတာ့ သူ အထင္လြဲသြားၿပီ.. သူ႔အေဖက ငါ့ကို ေခ်ာက္ခ်ခဲ့တာ...။

"မဟုတ္ဘူး Jungkook ငါ..."
"Hyung က အတိတ္ေမ့ေနတာ မဟုတ္ဘူး.. Hyung က ေျပာင္းလဲသြားတာ"

နာက်ည္းမုန္းတီးေနသလို ၾကည့္ရင္း ထြက္လာတဲ့ ေအးစက္စက္ စကားသံ တိုးတိုးေလးေၾကာင့္ Jimin တစ္ကိုယ္လုံး ေရခဲ႐ိုက္ခံရသလို ေတာင့္ခဲသြားသည္။

"Hyung အျပဳအမူ ေကာင္းျခင္းဆိုးျခင္း အကုန္လုံး ကြၽန္ေတာ္နဲ႔ တိုက္႐ိုက္ သက္ဆိုင္တယ္လို႔ အၿမဲေတြးထားတာ.. Hyung ကြၽန္ေတာ္ေၾကာင့္ စိတ္ပင္ပန္းေနတာ သိလို႔ Hyung ဘယ္ေလာက္ အမွားေတြ လုပ္ေနပါေစ ကြၽန္ေတာ့္အျပစ္လို႔ပဲ အၿမဲ ေတြးခဲ့ေပမယ့္... ဒီတစ္ခါေတာ့ Hyung မွားသြားၿပီ"
"ဟင့္အင္း.. ငါ.."
"ကြၽန္ေတာ္ Hyung ကို မုန္းလိုက္တာ"

ေျပာလိုက္ရင္း စီးက်လာတဲ့ မ်က္လုံးဝိုင္းထဲမွ မ်က္ရည္ၾကည္ေတြက Jimin ရင္ဘတ္ကို နာက်င္ေစသည္။ ရွင္းျပဖို႔ေတာင္ အခြင့္အေရးမရလိုက္ပဲ Bodyguard ႏွစ္ဦး ေခၚေဆာင္ရာ အေပၚထပ္ကို ပါသြားတဲ့ ေကာင္ေလးကို Jimin ေၾကာင္ေငးေနမိသည္။

"တာဝန္ေက်ခဲ့ပါတယ္ Jimin ssi.. မင္းရဲ႕ ဝမ္သိန္းတစ္ရာကို ယူၿပီး ျပန္လို႔ရပါၿပီ"
"ဒီပိုက္ဆံေတြ ကြၽန္ေတာ္ မေတာင္းဆိုခဲ့ဘူးေနာ္"
"ဒါေပမယ့္ မင္း ေငြလိုေနတယ္လို႔ ငါ သိထားလို႔ပါ"

Jimin လက္ထဲကို ေငြအျပည့္ထည့္ထားတဲ့ Suitcase ေလး ထိုးထည့္ေပးလိုက္ၿပီး Bodyguard တစ္ဦးမွ ဆြဲေခၚသြားရာေနာက္ ေယာင္ေတာင္ေတာင္နဲ႔ ပါသြားေလသည္။ Jimin တို႔ ေနထိုင္ရာ ရပ္ကြက္ေလးထဲအထိ ကားေလးနဲ႔ ခ်ေပးရင္း ေမာင္းျပန္ထြက္သြားေလသည္။ ေလးလံေနတဲ့ ေျခလွမ္းတို႔နဲ႔ ဝမ္သိန္းတစ္ရာကို ပိုက္ထားရင္း Jimin တိုက္ခန္းေလးဆီ ျပန္ေရာက္လာခဲ့သည္။

ႂကြက္တြင္းတိုက္ခန္းေလးမွာ ဝင္ဝင္ျခင္း ေစာင့္ႀကိဳေနတဲ့ မဂၤလာေဆာင္ ဓါတ္ပုံေလးကို ျမင္လိုက္တာနဲ႔ ေတာက္ပစြာ ၿပဳံးျပေနသည့္ Jungkook ကို ေငးရင္း Jimin ငိုခ်လိုက္မိသည္။

'ကြၽန္ေတာ္ Hyung ကို မုန္းလိုက္တာ' တဲ့ေလ...။

အၿမဲတမ္း ခ်စ္တယ္ တဖြဖြ ေျပာခဲ့ေကာင္ေလး.. အနမ္းေလးေတြ အလစ္သုတ္တတ္တဲ့ ေကာင္ေလး.. ေမာင့္ေယာက္်ား ဆိုတဲ့ နာမ္စားေလးကို မေမာႏိုင္ မပန္းႏိုင္ ေခၚခဲ့တဲ့ ေကာင္ေလးက အခုေတာ့ သူ႔ကို မုန္းလိုက္တာတဲ့..။ ငါကေတာ့ မင္းဆီက အခ်စ္ခံလို႔ မဝေသးဘူး Jeon Jungkook ရယ္....။ ............။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တစ္ခါတစ္ေလ ဘာျပန္ရမလဲ မသိလို႔သာ comment ေတြ အကုန္ကို မ လိုက္ မျပန္ႏိုင္တာပါ ေရးသမွ် comment ေလးေတြ အကုန္လုံးကိုေတာ့ ဖတ္ျဖစ္ပါတယ္လို႔ 😚 စားလုံးေပါင္း အမွားပါရင္ ခြင့္လႊတ္ပါရွင္ 💕

Continue Reading

You'll Also Like

217K 14.6K 43
Min Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်...
133K 15.7K 22
[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ေဆာင္က်န္ကြမ္ေက်ာင္းေတာ္ကို ဗဟ...
342K 34.7K 63
Gangster တယောက်ရဲ့နားခိုရာနိဗ္ဗာန်ဘုံလေး
77.5K 9.4K 25
အချစ်ဟာဘာလဲမေး မင်းရဲ့ရွှေရောင်ဆံနွယ်လေးတွေလို့ ကိုယ်ဖြေဆိုမယ် အခ်စ္ဟာဘာလဲေမး မင္းရဲ႕ေရႊေရာင္ဆံႏြယ္ေလးေတြလို႔ ကိုယ္ေျဖဆိုမယ္