"အကိုတော် ယွန်းဂီ!"
မြှားပစ်လေ့ကျင့်နေသည့် ကွင်းထဲသို့အပြေးလာကာ အော်နေသောပေါက်စ.....
ဂရုမစိုက်စွာ ရှေ့ကပစ်မှတ်ကိုသာသေချာကြည့်ပြီး လက်ကိုဆန့်ကာ မြှားကိုကိုင်ပြီး အာရုံစိုက်၍ပစ်မည်ကြံတုန်း ပစ်မှတ်ရှေ့ပိတ်ရပ်လာသည့် ဂျီမင်း.......
လက်မှလွတ်ထွက်တော့မည့် မြှားကိုမောင်းမှသေချာပြန်ထိန်းကာ နေရာရွေ့လိုက်တော့ သစ်ပင်ကိုထိုးစိုက်သွားသည့် မြှားချွန်ချွန်......
"ဂျီမင်း ရူးနေလား သေသွားနိုင်တာသိရဲ့လားဟမ်!!"
ငေါက်လိုက်တော့ သူ့ကိုမျက်ရည်များဖြင့်ကြည့်ကာ သနားစရာလေးလုပ်ပြနေတာကြောင့် စိတ်ကိုတစ်ထစ်လျော့လိုက်သည်။
"အကိုက ဂျီဂျီကိုမပစ်ဘူးဆိုတာကိုသိလို့လေ"
"ဘာ..ဘာ အကို ခါတိုင်းလိုဘဲခေါ် ဂျီဂျီ"
"ဟင့်အင်းမခေါ်ဘူး ခုအကိုလို့ခေါ်မယ် နောက်ကျရင်တော့ ဂျီဂျီရဲ့ခင်ပွန်း ဟီးးးး"
"ကျစ်....ဂျီဂျီ ဘယ်လိုတောင်ဖြစ်နေရတာလဲ ငါတို့က....အွန့်"
ဒေါသထွက်ကာပြောနေတဲ့ သူ့ကို မေးရိုးမှဆုပ်ကိုင်ကာနှုတ်ခမ်းကို မော့နမ်းတဲ့ဂျီဂျီကြောင့် ဒေါသတွေကိုရေနဲ့ပတ်ဖြန်းလိုက်သလို ရှူးးးခနဲနဲ့ငြိမ်သက်သွားသည်။
"မဖြစ်နိုင်တာမရှိပါဘူး ထယ်ထယ်တောင်အကိုတော်နဲ့လက်ဆက်လို့ရတာဘဲ ဂျီဂျီတို့လဲရပါတယ် ခုကစပြီးဂျီတို့ ချစ်သူဖြစ်တာတစ်ရက်နော် နောက်ရက်ကျရင် အကို့အဘိုးဆီကနေလာတောင်းမှာမို့ စောင့်နေနော် သွားပြီ"
ပြောချင်ရာကို စာကလေးလိုတစ်တွတ်တွတ်ပြောသွားသည့်ပေါက်စ.... ရှက်ပြာရှက်ပြာနဲ့သွားနေတာ ခလုတ်တွေပါတိုက်လို့။
"တကယ် မလွယ်ဘူး"
ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ကြည့်ကာ ရေရွတ်လိုက်ပြီး ဘေးဘီကိုဝှေ့ဝိုက်ကြည့်တော့ အခြားမြှားပစ်နေကြတဲ့လူတွေကသူ့ကိုကြည့်နေကြသည်။အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး လေ့ကျင့်စခန်းကွင်းထဲကနေထွက်လာလိုက်ရသည်။နောက်မို့ဆိုရှက်လို့အဲ့နေရာမှာတင် သေသွားလောက်တယ်။
♡
♡
♡More Than Love🌸🍃
♡
♡
မနက်ခင်းအစကနေ ညမိုးချုပ်သည်အထိ ယောင်းဆိုတဲ့ စကားတတ်လွန်းသည့်၀ံပုလွေဖြူလေးနဲ့သာကုန်ဆုံးချင်သည်။ခုတော့ ကြားချင်တဲ့ တီတီတာတာစကားသံလေးကိုမကြားရတာ 16ရက်ရှိနေပြီ.......
"ယောင်းကွာ ပါးဖောင်းဖောင်းလေးတွေပျောက်ကုန်ပြီကြည့်"
နေ့တိုင်းရေချိုးသန့်စင်ပေးနေတာမို့ ယောင်းရဲ့မျက်နှာလေးကကြည်လင်နေသည်။ပါးလေးကို မွေးကြူလိုက်တော့ စတော်ဘယ်ရီနံ့လေးကသင်းလို့......
"ယောင်းသိလား ယောင်းခုလိုထမလာတော့ အမတ်တွေရဲ့သမီးတွေကပျော်ပြီး ကိုယ့်ဆီလာလာနေကြတယ်သိလား အဆိုးလေးရဲ့"
နှာခေါင်းလုံးလုံးလေးကို ဆွဲကာပြောတော့လဲ တုပ်တုပ်မျှမလှုပ်.......
"ဟူးးးး ကိုယ်ကသူတို့ကိုအနားကိုအကပ်မခံတာ ကိုယ့်ယောင်းကလွဲရင် ဘယ်သူ့ကိုမှအနားကပ်မခံနိုင်ဘူး ယောင်းရဲ့ကိုယ်သင်းနံ့လေးကိုအကြိုက်ဆုံးဘဲ ဒီလူသားကလေ ဒီဝံပုလွေဖြူလေးမှ ဝံပုလွေဖြူလေးဖြစ်နေတာ သိရဲ့လား"
ဘုရင်ဂျွန်ပြုသမျှနုနေရတဲ့ ထယ်ယောင်းလေး.....
"ကလေးပိစိလေးတွေအများကြီး မွေးပေးမယ်ဆို ခုလိုအိပ်နေရင် ဘယ်လိုလုပ်မွေးမလဲလို့"
၀ံပုလွေဖြူလေးကို ရင်ခွင်ထဲသွင်းပြီး ချွဲနွဲ့စွာပြောနေသော ဘုရင်ကို တစ်ခြားသူတွေသာမြင်လျှင် လူစားထိုးခံရသလားဟုထင်ကြမည်။
♡
♡
♡More Than Love🌸🍃
♡
♡
ဂျောင်ဂု ယနေ့ညနေပိုင်းတွင် ရုပ်ဖျက်ကာ နမ်ဂျွန်းနဲ့တူတူ အရပ်ထဲသို့ သွားရောက်နေခြင်းပင်.....ယောင်းကိုစိတ်မချသော်လဲ မဖြစ်မနေဒီကိစ္စကိုဖြေရှင်းရမည်ဆို၍သာ......ကြားထားတဲ့သတင်းအရ သူကိုနန်းချရန် ဒါမှမဟုတ် ယောင်းကိုနန်းချရန် စုဝေးပြီးဆွေးနွေးနေကြမည်ဟုကြားသိပြီးထားခြင်းပင်.........
ရောက်လာတဲ့နေရာက ဆောင်ကြားမြိုင်......ဒီလိုနေရာတွေကိုဂျောင်ဂုတစ်ခါလေးတောင်ခြေဦးမလှည့်ဘူး။
အထဲထဲကို၀င်သွားတာနဲ့ မိန်းမလှလေးတွေက သူတို့အနားချဥ်းကပ်ကာ ကပ်ပါးကောင်တွေလိုကပ်တွယ်နေကြသည်။
"မျက်နှာတွေက ခြယ်မှုန်းထားတာများ ပေါင်ဒါမှုန့်တွေတစ်ဘူးလုံးမောက်ချထားသလား မှတ်ရတယ် ငါ့ယောင်းရဲ့ခြေမှုန်လောက်တောင် တစ်ယောက်မှလိုက်မမှီကြဘူး"
စကားရှည်ကြီးပြောပြီးသည့်နောက် ကောင်မလေးတွေက မဲ့ရွဲ့ကာ အနားကခွာသွားကြသည်။ဆိုးထားတဲ့ နှုတ်ခမ်းနီတွေက နီတွတ်နေတာများ ကြည့်မကောင်းလှ သူ့၀ံပုလွေဖြူလေးဆို ဆေးဆိုးပန်းရိုက်လိုကိုမဟုတ် သဘာ၀အတိုင်းကိုဘာမှမခြယ်မှုန်းဘဲ ကြည်လင်ပြီးနှုတ်ခမ်းလေးတွေကအလိုလို ပန်းရောင်သန်းနေတာ....
အခန်းတစ်ခုကို ကြိုပြီးယူထားပုံရတာကြောင့် အမျိုးသမီးတစ်ဦးက လိုက်ပြီးပြသည်။အခန်းထဲရောက်တာနဲ့ ထိုင်ကာ သူ့ကျောအနောက်အခန်းဆီသို့ နားစွင့်နေလိုက်သည်။နမ်ဂျွန်းမှာလဲ ရေနွေးကြမ်းငှဲ့ပေးပြီး တစ်ဖက်ခန်းကလူတွေပြောတာကို တိုးတိတ်စွာနားထောင်နေလိုက်သည်။
"ခစ်ခစ် ဟင့်လူကြီးမင်းကလဲ"
"ဟားဟားဟား"
"ကဲကဲ အပျော်တွေခဏထား ဆွေးနွေးစရာရှိတာ ဆွေးနွေးကြမယ်"
အခန်းထဲမှ လူတစ်ယောက်ရဲ့စကားသံစလိုက်မှ အကုန်လုံးငြိမ်ကျသွားစွာ စကားစမည်ကြတော့သည်။
"မင်းကြီးကဦးနှောက်မရှိတာလား ဒီဘာမဟုတ်တဲ့မိစ္ဆာမျိုးနွယ်ကို အနားကနေဖယ်မရဖြစ်နေရတာ"
"ငါကြားဘူးတာ ဝံပုလွေတွေက အောက်လမ်းတက်ကြတယ်ဆို"
"ဧကန္တ မင်းကြီးကို စုန်းအတတ်တွေနဲ့ပြုစားထားတာများလား"
"အဲ့တာကြောင့် ဆတ်ဆတ်ထိမခံနိုင်တာဖြစ်မယ်"
"ကြင်ယာတော်ကိုရှင်းထုတ်နိုင်ပြီး ငါ့သမီးမိဖုရားဖြစ်လာရင် ဒီအာဏာကငါ့လက်ထဲကိုအလိုလိုရောက်လာလိမ့်မယ် ပြီးရင်မင်းကြီးကိုပါအပြတ်ရှင်းလိုက်ရင် မောင်ရင်တို့လဲ ခုအမတ်အဆင့်ကနေရာထူးတက်နိုင်ပါသေးတယ်"
"ဟုတယ်ဟုတယ် ခင်ဗျားပြောတာမှန်တယ် ခုမင်းကြီးက ဟိုမိစ္ဆာမှမိစ္ဆာဖြစ်နေတာ"
ဂျောင်ဂု ဒေါသတွေထွက်နေတာ သည်းမခံနိုင်တော့.....
သူ့ယောင်းကို ဘယ်လိုစည်းမရှိတဲ့ပါးစပ်တွေကများ ခုလိုပြောဝံ့သလဲ......ချက်ချင်းထရပ်ကာ တစ်ဖက်ခန်းရဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ ချက်ချင်းကြောက်အားလန့်အားဖြစ်သွားတဲ့ အမတ်တွေ.....
"မင်း...မင်းကြီး"
မင်းကြီးဆိုတာနဲ့ အခန်းထဲက အပေါ်၀တ်ရုံတောင်မကပ်တဲ့မိန်းမပျက်များမှာ လန့်ကာ ပြေးထွက်ကြတော့သည်။သူတို့သေမှာတော့ ကြောက်ကြသည်လေ......
"မင်းကြီး ဘယ်လိုလုပ်ပြီးရောက်နေတာပါလဲ"
တည်ငြိမ်စွာမေးလာတဲ့လူကို ကြည့်လိုက်တော့ ပညာရေးအမတ်ကြီး.....
"ဟက် ခင်ဗျားက နန်းတွင်းကအမတ်တွေရဲ့သားသမီးတွေကို စာပေပညာသင်ကြားပေးရတဲ့အမတ်တစ်ဦးဘဲ....ဆရာတစ်ပါးရဲ့ပါးစပ်က ဘယ်လိုလုပ်များ ရွံစရာစကားတွေထွက်လာတာပါလိမ့် ပြီးတော့ ချောင်းအမတ်"
ပညာရေးအမတ်ဘေးက ခေါင်းကိုကြမ်းပြင်ထဲဝင်မတက်ငုံ့ထားတဲ့သူကို လက်ညိုးထိုးလိုက်ကာ......
"ဘာတဲ့ ငါကိုယ်တော်က ဦးနှောက်မရှိတာဆိုတဲ့လား ကြင်ယာတော်က စုန်းအတတ်တွေနဲ့ပြုစားထားတယ်တဲ့လား တကယ့်ဦးနှောက်မရှိတာက ဒီအခန်းထဲကလူတွေဘဲနေမယ် မတ်လုံးပေးလိုက်တာနဲ့ အဲ့လူနောက် ကောက်ကောက်ပါအောင်လိုက်သွားရတာ သဘောကျနေတဲ့ နောက်လိုက်ခွေးတွေဘဲ နမ်ဂျွန်း ဒီအခန်းထဲကတစ်ယောက်မှအရှင်မထားနဲ့"
"မင်း....မင်းကြီး....ကျွန်တော်မျိုးတို့မှားပါတယ်"
"သက်ညှာပေးတော်မူပါမင်းကြီး"
"ပညာရေးအမတ်ရဲ့ဆွဲဆောင်မှုကို ပညာမဲ့စွာယုံစားမိလို့ မှားပါတယ်မင်းကြီး"
တစ်ယောက်တစ်ပေါက်ထွက်လာတဲ့အသံတွေကို မျက်ကွယ်ပြုလိုက်ပြီး......
"နမ်ဂျွန်း ပညာရေးအမတ်ရဲ့သားစဥ်မြေးဆက် အဆွေအမျိုးတွေကိုပါသတ်ပစ်လိုက် တစ်ယောက်မှမချန်ဘဲ"
သူဟာယောင်းနဲ့ပတ်သက်ရင် စကားနဲတောင်အထိအခိုက်မခံနိုင်ပါ။အော်ဟစ်ငိုယိုသံတွေဟာ တစ်ခဏအတွင်းရပ်တန့်သွားရသည်။မကြာပါ ဒီဆောင်ကြားမြိုင်ပိတ်ရတော့မည်ဖြစ်သည်။
♡
♡
♡More Than Love🌸🍃
♡
♡
"ဟွန့်"
ထယ်ယောင်းအသိပြန်ကပ်လာပင်မဲ့ မျက်စိဖွင့်မရ.....ကိုင်ရိုက်ခံထားရသလို နုံးစိစိဖြစ်ကာ မျက်စိမဖွင့်နိုင်။ဖြေးညင်းစွာ အားစိုက်ပြီးဖွင့်လိုက်တော့ မျက်စိထဲ၀င်လာတဲ့ အရောင်မျိုးစုံ.....သူဘယ်လောက်တောင်အိပ်ပျော်နေတာမို့ ဖယောင်းတိုင်ရဲ့အလင်းရောင်ဖျော့ဖျော့ကိုတောင်ကြည့်မရတာပါလိမ့်......။
"အ့"
အားယူကာ ထထိုင်လိုက်ပြီး သလွန်တော်ပေါ်ကဆင်းလိုက်ချိန် ချက်ချင်းလဲကျသွားတဲ့ကိုယ်ငယ်လေး။မျက်လုံးမှေးမှေးလေးဖွင့်ကာ ပတ်၀န်းကျင်ကို လိုက်ကြည့်ပြီး ပြန်ထမို့ကြိုးစားလိုက်ပင်မဲ့ ခံစားလိုက်ရတာက သူ၀ံပုလွေတစ်ကောင်အဖြစ်ပြောင်းလဲနေတာပင်။လက်နှစ်ဖက်ကိုမြှောက်လိုက်တော့ အမွှေးအဖြူလေးတွေနဲ့.....
လူပုံစံပြန်ပြောင်းရန် စိတ်ထဲကရေရွတ်မိသော်လဲ ပြောင်းလို့မရ.....ထပ်ခါထပ်ခါကြိုးစားသော်လဲ ပြောင်းလဲမလာတာကြောင့် စိတ်အားငယ်ကာ ကိုကို့ကိုသာရှာဖွေနေမိသည်။
"အို...အို"
ဘယ်သူမှမရှိတဲ့ဒီအခန်းထဲဝယ် သူတစ်ယောက်ထဲ စိတ်အားငယ်နေမိသည်။လူကနေလို့မကောင်းတာကြောင့်စိတ်ကပါအလိုလိုငြိုးငယ်နေရသည်။
♡
♡
♡More Than Love🌸🍃
♡
♡
ဂျောင်ဂု ဘယ်သူမှမပါပါဘဲ နန်းတော်ထဲပြန်ရောက်လာတော့ မိုးပင်ချုပ်နေပြီ။နမ်ဂျွန်းကခုချိန်လောက်ဆို ပညာရေးအမတ်ရဲ့အဆွေအမျိုးတွေကိုသုတ်သင်နေလောက်ရောပေါ့။
"အကိုတော်"
"ဂျီဂျီ ဘာလို့ပြေးလာတာလဲချော်လဲမယ်"
"ဟိုဟို ထယ်ထယ်"
ထယ်ထယ်ဆိုတာနဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကိုပါဂရုမစိုက် ပြေးသွားတာတန်းလို့.......
♡
♡
♡More Than Love🌸🍃
♡
♡
သူစိတ်ညစ်ကာ ကြမ်းပြင်ပေါ်ပုံ့ပုံ့လေးထိုင်နေတုန်း ဂျီမင်းကရောက်လာပြီး အလန့်တကြားပြေးဖက်ကာ နှစ်သိမ့်ပေးသည်။သူ့ကိုလဲချီပြီး သလွန်တော်ပေါ်တင်ပေးကာ သူပါလိုက်ရောငိုသည်။လူခန္ဓာကိုယ်နဲ့သာဆို ပြန်ဖက်တွယ်ပြီး အော်ငိုမိမယ်ထင်သည်။အကိုတော်ကိုအသိပေးရမယ်ဆိုပြီး ပြေးထွက်သွားတဲ့ ဂျီဂျီ.....
သလွန်တော်ပေါ် လှဲနေတုန်း အခန်းနားပြေးလာတဲ့ ခြေသံကြားတာကြောင့် ခေါင်းလေးထောင်ကြည့်နေမိတုန်း အခန်းထဲပြေး၀င်လာတဲ့ကိုကို......
ကိုကိုဆိုပြီး ပြေးဖက်ချင်ပင်မဲ့ အခြေအနေကလူတစ်ယောက်လိုမဟုတ်တာကြောင့် သူ့မှာ စိတ်ထဲကနေသာ အော်ယိုနေရသည်။
"ယောင်း ကိုယ့်ယောင်းလေး နိုးလာပြီလား"
ကိုကိုဖက်လိုက်တာနဲ့ ရင်ခွင်ထဲခေါင်းလေးတိုး၀င်ကာ ချွဲနွဲ့နေလိုက်သည်။သူကိုကို့ကိုပြောစရာစကားတွေအများကြီးရှိတယ်.......
"ယောင်း ဘယ်လိုဖြစ်ပြီး ၀ံပုလွေဖြူလေးဖြစ်နေတာလဲ"
သူခေါင်းလေးခါပြတော့ ကိုကိုကပါ မျက်ရည်ကျကာ ပိုတိုး၍ဖက်တွယ်လာသည်။ကိုကိုရဲ့မျက်ရည်တွေကို သူမမြင်ဘူး......ကိုကိုဟာသူ့အရှေ့မှာပင် မျက်ရည်များကို မြစ်ရေစီးချောင်းလို တစ်သွင်သွင်ကျဆင်းခွင့်ပေးနေသည်။ကိုကို့မျက်ရည်ဥလေးတွေကအစ မြတ်နိုးရသူမို့ သူ့အမွှေးအဖြူလက်လေးတွေနဲ့ မမှီမှီအောင်လိုက်သုတ်ပေးနေမိသည်။
"ကိုကို့ကလေးလေး ဘယ်လောက်တောင် ၀မ်းနည်းနေမလဲ"
အရောင်လဲ့နေသည့် ရည်ဝေဝေမျက်၀န်းများဖြင့် ကြည့်လာသည့်ယောင်းကို သူချစ်လို့မ၀......
"ယောင်းကဘယ်လိုပုံစံလေးဘဲဖြစ်နေနေ ကိုယ်ကအရမ်းချစ်တာသိထားပေး"
"အု"
သူ့ကလေးပေါက်လေးရဲ့ အမွှေးဖြူလေးတွေကြား လက်ထည့်ကာ မျက်နှုလေးကိုစုတ်ကိုင်ပြီး နှုတ်ခမ်းလေးကို စုတ်နမ်းလိုက်တော့ သူ့လက်လေးတွေနဲ့ ရိုက်ပုတ်သည်။
သွားချွန်ချွန်လေးတွေကို ခံစားမိပြီးနောက် အာခံတွင်းထဲ လျှာကိုလည်ပတ်ခွင့်ပေးကာ ယောင်းရဲ့ လျှာသေးသေးလေးကိုပါ ဆွဲစုတ်ပြီး လိမ်ယှက်လိုက်ချိန် သူကိုင်တွယ်ထားတဲ့အမွှေးအမျှင်တို့သည် နူးအိအိအရာလေးဖြစ်လာသည်။
ခဏတာ အနမ်းတို့ကိုရပ်ဆိုင်းပြီး ယောင်းပေါက်ကိုကြည့်လိုက်တော့ သူ့ရင်ခွင်ထဲပစ်၀င်လာတဲ့ ကလေးငယ်.......အ၀တ်စလစ်ဖြစ်နေပြီး ဆံနွယ်အဖြူရောင်နဲ့ ယောင်းက သူ့ရင်ခွင်ထဲနစ်မြုပ်လို့။
"ဟင့် ရွှတ် ဟင့်"
"ယောင်း ကိုယ့်ကိုကြည့်ပါအုံး"
ရင်ခွင်ထဲကနေတော်ရုံနဲ့ထွက်မလာတဲ့ယောင်းက ဘယ်လောက်တောင်၀မ်းနည်းနေလို့ အတိုးချပြီးငိုနေတာပါလိမ့်......
"ကိုယ့်ကိုကြည့်ယောင်း"
"ကိုကို အင့်"
ကလေးငယ်ကိုသူ့ပေါင်ပေါ်မတင်လိုက်ကာ မျက်နှာချင်းဆိုင်ထားပြီး မျက်ရည်လေးတွေကို အနမ်းတို့ဖြင့်ဖယ်ရှားပေးလိုက်သည်။
"ကိုယ့်၀ံပုလွေဖြူလေးရယ် ဘာလို့သည်းကြီးမဲကြီးငိုနေရတာလဲကွာ"
"ကြောက်လို့ ဟင့် ယောင်းလူပြန်မဖြစ်တော့မှာ ကြောက်လို့ အီးးးဟင့်"
တယ်ခပ်ပါလားနော်.....
"ယောင်းကဘယ်လိုမျိုးဘဲ ဖြစ်တည်နေဖြစ်တည်နေ ကိုယ်ကချစ်ပါတယ်ကွာ ၀မ်းနည်းမနေနဲ့တော့နော် ကိုယ်တို့ရဲ့ ကလေးလေးလဲဗိုက်ထဲကနေ၀မ်းနည်းနေမှာပေါ့"
"ဟင်"
ထိုအခါမှ အငိုရပ်သွားပြီး သူ့ကိုပြူးကြောင်ကြောင်လေးကြည့်လာတဲ့ ပေါက်စ။အသဲယားစွာ ပါးလေးတွေထဲ နှာခေါင်းနစ်မြုပ်သည်အထိ တိုး၀င်နမ်းလိုက်သည်။
"ပါးဖောင်းဖောင်းလေးတွေပျောက်သွားပြီ ကိုယ်ပြန်ပြီးဂရုစိုက်မှဘဲ"
"ကိုကို ယောင်းဗိုက်ထဲမှာလေ ရွှတ်"
"အာပေတူးလေး နှာချီးတွဲလဲနဲ့"
"ကိုကိုနော်"
ဟော မျက်စောင်းကဒိုင်းကနဲရောက်လာတော့ ဒီလူသားအသက်ပျောက်ပြီပေါ့ဗျာ......
"ယောင်းပေါက်လေးရေ သေချာနားထောင်နော် ကိုယ်ရဲ့ကိုယ်ပွားလေးကလေ ယောင်းရဲ့ဟောဒီနေရာလေးမှာ တည်ရှိနေပြီတဲ့ဗျာ"
သစ်တော်သီးဗိုက်ပူတူလေးကို ပွတ်သပ်ပြီးပြောလိုက်တော့ အပြုံးလေးတွေေ၀ဆာလာလို့.......
"တကယ်"
"အင်းတကယ်ပေါ့ "
"အီးးးဟီးးးးဟင့်"
တကယ်လို့ပြောတော့ အော်ငိုတာများ အခန်းထဲမျက်ရည်တွေပြည့်တော့မည်ပင်။
"ယောင်း ၀တ်ရုံလေးအရင်၀တ်ပေးမယ်နော် ပြီးမှဆက်ငိုဟုတ်ပြီလား သမားတော်လဲခေါ်ထားမယ်နော်"
"သမားတော်က ရောက်နေပြီ မြန်မြန်လေးချစ်ကြည်နူးတာတွေရပ်တော့"
အခန်းအပေါက်၀က အော်ပြောနေသော ဂျီဂျီကြောင့် ယောင်းမှာမျက်နှာလေးရဲတောက်လို့........
"ကိုကို ချစ်တယ်"
"ကိုယ်ကပိုချစ်တယ် အာပေတူးဝံပုလွေဖြူလေး"
#TBC
#MoreThanLove🌸🍃
#Yung(김영챌)
စာမေးပွဲပြီးတာနဲ့ ရေးပြီးအပ်လိုက်ပါတယ်နော်
ဒီနေ့မupဘူးလုပ်ထားပင်မဲ့ ရက်အကြာကြီးပစ်မထားနိုင်လို့ပါ........
Zawgyi
"အကိုတော် ယွန်းဂီ!"
"တကယ် မလွယ်ဘူး"
♡
♡
♡More Than Love🌸🍃
♡
♡
♡
♡
♡More Than Love🌸🍃
♡
♡
"ဟားဟားဟား"
"မင်း...မင်းကြီး"
♡
♡
♡More Than Love🌸🍃
♡
♡
"ဟွန့်"
"အ့"
"အို...အို"
♡
♡
♡More Than Love🌸🍃
♡
♡
"အကိုတော်"
"ဟိုဟို ထယ်ထယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"အု"
"ဟင့် ရွှတ် ဟင့်"
"ကိုကို အင့်"
တယ်ခပ်ပါလားနော်.....
"ဟင်"
"ကိုကိုနော်"
သစ်တော်သီးဗိုက်ပူတူလေးကို ပွတ်သပ်ပြီးပြောလိုက်တော့ အပြုံးလေးတွေဝေဆာလာလို့.......
"တကယ်"
"အင်းတကယ်ပေါ့ "
"အီးးးဟီးးးးဟင့်"
"ကိုကို ချစ်တယ်"
#TBC
#MoreThanLove🌸🍃
#Yung(김영챌)