Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၃၈)/(ခ)
TRANSLATOR - SS
--------------------
"အမကြီး လာပြီပဲ"
ရန်ရှီးထျင်ကဆိုလိုက်သည်။
"ဒီနေ့က ညီမလေးရဲ့ မင်္ဂလာပွဲပဲ။ ဒီအစ်မကြီးက လာရမှာပေါ့။ ဒါနဲ့ တို့ညီမလေးက ဒီနေ့သိပ်လှနေတာပဲ။ အိမ်ရှေ့မင်းသားသာမြင်ရင် ရူးလောက်အောင်ပျော်နေတော့မှာ"
ရန်ရှီးနဥ်၏ ချီးကျူးစကားကြောင့် ရန်ရှီးထျင်ပျော်သွားမိသည်။ သို့သော်အိမ်ေရှ့မင်းသား၏နာမည်ကိုကြားတော့ သူမမျက်မှောင်ကျုံ့မိသွား၏။ အိမ်ရှေ့မင်းသားက ဘာလိူ့သူမကို မင်္ဂလာလက်ဖွဲ့ပို့မပေးသေးမှန်း သူမ မသိ။
ရန်ရှီးနဥ်ကတော့ လက်ဖက်ရည်နှစ်ခွက်ကိုငှဲ့လိုက်ပြီး ဘယ်သူမှမမြင်ခင် တစ်ခွက်တွင် ဆေးတစ်လုံးကိုချေပြိးထည့်လိုက်၏။
"ညီမလေး လက်ဖက်ရည်သောက်လေ...ခဏနေရင် လက်ဖက်ရည်သောက်ဖို့အချိန်ရှိတော့မှာမဟုတ်ဘူး"
ရန်ရှီးထျင်လည်းရေဆာနေလေပြီ။ သူမမိခင်က ရေတောင်မသောက်ခိုင်းသည်မို့ ဒီတစ်ခါတော့ လက်ဖက်ရည်ခွက်ကိုယူပြီးသောက်ချလိုက်တော့သည်။
ရန်ရှီးနဥ်ကတော့ပြုံးရင်း လက်ဖက်ရည်တစ်၀က်ကိုသောက်လိုက်ပြီး ကျန်တစ်၀က်ကိုတော့ ပန်းအိုးထဲ သွန်ပစ်လိုက်၏။
ဆေးလုံးက လွန်ခဲ့သည့်နှစ်ရက်လောက်က ပေ့သိုထံမှ ရခဲ့ခြင်းပင်။
"အကိုကြီးပေ့...အကိုကြီးဆီမှာ ဗိုက်နာစေတဲ့ဆေးလေးလေးများမရှိဘူးလား"
ရန်ရှီးနဥ်မေးလိုက်၏။
"ရှိတယ်"
ပေ့သိုက သူမကို ခပ်ဆင်ဆင်ဆေးလုံးများပြသည်။
"ဆေးကိုချေလို့ရလားဟင်"
ရန်ရှီးနဥ်က မေးလိုက်သည်။
"ရတာပေါ့"
"အကိုကြီးပေ့...အဲ့ဒါဆို ကျွန်မကို အဲ့ဆေးတွေပေးလို့ရလား?
"ရတယ်"
ပေ့သိုကပြန်ဖြေရင်း ဆေးတွေကိုသူမဆီသို့ထည့်ပေးလိုက်သည်။
ရန်ရှီးနဥ်လည်းဆေးတစ်တောင့်ကို သူမကိုယ်တိုင်စမ်းသောက်ကြည့်လိုက်သည်။ တစ်ရှီးချန်ေလာက်ကြာပြီးသည့်နောက် သူမဗိုက်နာလာပြီး အိမ်သာသို့ပြေးရတော့၏။
တစ်အောင့်လောက်ကြာပြီးနာက် ပေ့သိုအခန်းထဲသို့ ကွတကွတဖြင့်သူမ ပြန်၀င်လာပြန်သည်။
"အကိုကြီး...ခုနက ကျွန်မကိုပေးလိုက်တာ ဘာဆေးလဲဟင်?" ရန်ရှီးနဥ်မေးလိုက်သည်။
"၀မ်းနှုတ်ဆေးလေ"
ရန်ရှီးနဥ်ရော သူမအစာအိမ်လေးရော ဆွံ့အသွားကြသည်။ ပေ့သိုကတော့ ရန်ရှီးနဥ်တစ်ယောက်ဘာကိစ္စ ၀မ်းနှုတ်ဆေးလိုချင်ရသလဲဟု တွေးနေတော့သည်။
နောက်ဆုံးတွင်တော့ သတို့သားရော သတို့သမီးရော နန်းတော်သို့ ရောက်လာကြတော့သည်။ အိမ်ရှေ့မင်းသားက ေဖ့ကျင်းကို အေးစက်စက်သာပြုံးပြသော်ငြား ဖေ့ကျင်းကတော့ သူ့မင်္ဂလာပွဲနေ့တုန်းကလို ပြုံးရွှင်နေတော့သည်။
သတို့သမီးအ၀တ်အစားများ ကူညီနေသည့် ရန်ရှီးနဥ်ကိုကြည့်ရင်း သူတို့မင်္ဂလာပွဲနေ့ကို သတိရသွားမိသည်။
ရန်ရှီးထျင်ကို အိမ်ရှေ့မင်းသားခေါ်သွားပြီးသည့်နောက် သူ့ဘေးတွင်လာရပ်သော ရန်ရှီးနဥ်ကို သူတိုးတိုးလေးကပ်ပြောလိုက်၏။
"မိန်းမ...ကိုယ်တို့လည်း ညကျရင် မင်္ဂလာဦးည လုပ်ကြမယ်လေ"
ရန်ရှီးနဥ်က သိမ်သိမ်မွေ့မွေ့လေးဖြင့် ဖေ့ကျင်းခြေထောက်ကိုဆောင့်နင်းပစ်လိုက်သည်။ ထို့နောက် စိုးရိမ်ဟန်ပြုနေသော မင်းသမီးခန်းဟွာကို ပြုံးပြလိုက်သည်။
ဘုရင်မင်းမြတ်နှင့်မိဖုရားခေါင်ကြီးကတော့ တစ်တန်းထဲတွင်ထိုင်နေကြသည်။ ဘုရင်ကြီးက မျက်မှောင်ကျုံ့နေသလောက် မိဖုရားခေါင်ကတော့ အပြုံးပန်းတွေေ၀နေသည်။
ဖေ့ကျန်းတစ်ယောက်နားချင်သော်ငြား အိမ်ရှေ့မင်းသား မင်္ဂလာပွဲမို့ မုမိဖုရားဘေးတွင် အားနည်းနေဟန်ဆောင်၍ နေနေသည်။
မုမိဖုရားကတော့ ဖေ့ဝမ်ချိုင်ကို သူမပေါင်ပေါ်တွင်တင်ထားရင်း
"ဝမ်ချိုင်...ဘွားဘွားပြောထားတာကို မှတ်မိတယ်မလား"
ဖေ့ဝမ်ချိုင်ကတော့ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ဖေ့ကျန်းကိုကြည့်ရင်း အလုပ်များနေတော့သည်။
"ဟုတ်ကဲ့ ဘွားဘွား"
ဖေ့ခန်းကတော့ သူ့ကို ဖေ့၀မ်ချိုင်ကြည့်နေသည်ကိုသတိမထားမိ။ သူ၏ လက်တုတ်တုတ်လေးများကို ရန်ရှီးနဥ်ထံသို့ဝေ့ယမ်းပြရင်း သူ့နားသို့လာထိုင်ရန်အချက်ပြနေတော့သည်။
လူတိုင်းက ပုံမှန်လိုပြုမူနေကြသော်ငြား သူတို့၏ မျက်လုံးများကတော့ အိမ်ရှေ့မင်းသားနှင့်ရန်ရှီးထျင်ထံတွင်သာ ရောက်နေတော့သည်။
"အခါတော်ရောက်ပြီ"
ဘိသိတ်ဆရာက ပြောလိုက်ခြင်ပင်။
"သတို့သားနဲ သတို့သမီး မိုးမြေကို ကန်တော့ပါ!"
ရန်ရှီးထျင် မိုးမြေနှင့် အကြီးအကဲများကိုကန်တော့လိုက်သည်။ သို့သော်သူမ၏ဗိုက်က အဆမတန်နာလာတော့သည်။ မင်းသားကို ကန်တော့ပြီးသည်နှင့် သူမလဲကျသွားတော့သည်။
ခန်းမတစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားတော့၏။
မုမိဖုရားကတော့ သတ္တမမင်းသားနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့၏အကြံက ဖေ့၀မ်ချိုင်ကို ရန်ရှီးထျင်အပေါ်မတော်တဆလဲကျစေပြီး သူမသွားထူသည့်အခါ သွေးအတုတွေကို ရန်ရိှီးထျင် ၀တ်ရုံပေါ်သို့ ဖြန်းခဲ့လိုက်မည်။ ထို့နောက် တော်၀င်သမားတော်တွေကိုခေါ်ပြီး ရန်ရှီးထျင်ကိုယ်၀န်ပျက်ကျမကျ စမ်းစေမည်။ တော်၀င်သမားတော်များနှင့် လက်ဝါးချင်းရိုက်ပြီးသားမို့ ရန်ရှီးထျင်တွင်ကိုယ်ဝန်မရှိသည့်အကြောင်း ဘုရင်မင်းမြတ်ကိုလျောက်ထားစေမည်။
မုမိဖုရားနှင့် သတ္တမမင်းသား ဘာမှမလုပ်ရသေးခင်မှာပင် ရန်ရှီးထျင်လဲကျသွားခြင်းဖြစ်သည်။
မုမိဖုရား ရန်ရှီးထျင်ထံသို့အလျင်အမြန်သွားပြီးသူမ၀တ်ရုံပေါ်သို့ သွေးအတုများဖြန်းလိုက်သည်။ ထို့နောက် သူမကိုရပ်နိုင်ရန်ကူညီပေးလိုက်၏။
"ဘာဖြစ်တာလဲ?"
ဘုရင်မင်းမြတ်က မေးလိုက်၏။
မိဖုရားခေါင်ကြီးလည်းအလန့်တကြားနှင့်
"ကျွန်...ကျွန်...ကျွန်မ"
"သွေးတွေ...သွေးတွေ"
ဖေ့ခန်းက ကြမ်းပြင်ပေါ်ပေနေသော သွေးများကိုလက်ညှိုးနှင့်ထိုးရင်း အော်တော့သည်။
လူတိုင်း၏ မျက်လုံးများက ဖေ့ခန်းလက်ညှိုးထိုးရာသို့ ရောက်သွားတော့သည်။
ရန်ရှီးထျင်တစ်ယောက် မတ်တပ်ရပ်နေမိသည်။ သူမ၏ မျက်နှာခြုံထည်ကလည်း အောက်သို့ကျသွားလေပြီ။ ဗိုက်နာတာကိုလည်းသည်းခံနေရ၏။ သို့သော် သွေးဟူသည့်အသံကြောင့် သူမတစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ သူမခုနက လဲကျသွားသည့်နေရာတွင် သွေးကွက်ကြီးရှိနေသည်။
ရန်ရှီးထျင် အတော်လေးလန့်သွားမိသည်။ သူမ၏ အင်္ကျီအနောက်ဖက်ကိုကြည့်ရင်း သွေးတွေပေစွန်းနေသည့်အင်္ကျီကြောင့် သူမမျက်နှာလည်းဖြူလျော်လာလေပြီ။
"အမလေး!'
မုမိဖုရားကအော်လိုက်သည်။ "သတို့သမီးအင်္ကျီမှာသွေးတွေနဲ့ တော်၀င်သမားတော်တွေ လာကြစမ်း!"
ဘုရင်မင်းမြတ်၏မျက်နှာလည်း မည်းသွားသည်။ သူ၏ မမွေးရသေးသောမြေးလေး ကောင်းကင်ဘုံကို ပြန်သွားပြီလား?
"နန်းတွင်းသမားတော်ကိုအမြန်သွားခေါ်ကြစမ်း!"
ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်တော့သည်။
***
Short Side Story
ဆောင်းတစ်နေ့တွင် သားမွေးအင်္ကျီထဲအိပ်ပျော်နေသော ဖေ့သေးသေးလေးကို ဖေ့ကျင်းတစ်ယောက်ငေးကြည့်နေမိသည်။ သူတို့ဖေ့လေးက နို့သောက်နေသည့်အိပ်မက် မက်နေပုံရသည်။ နှုတ်ခမ်းလေးကိုစူထားသေး၏။ ထိုပုံစံက ရန်အိမ်တော်တွင်ဖြစ်ခဲ့သော မတော်တဆမှုကို သတိရသွားတော့သည်။
ထို့နောက် အိမ်တော်တွင်းရှိထိုင်ခုံပေါ်တွင်ထိုင်ရင်း မက်မွန်သီးစားနေသော ရန်ရှီးနဥ်ထံသို့ ဖေ့ကျင်းလျှောက်လာခဲ့သည်။
"ရှီးနဥ်...ခွက်ထဲကိုသွေးထည့်ပြီးစမ်းတဲ့ သွေးသားတော်မတော်စမ်းတာကို ယုံလား"
ဖေ့ကျင်းကမေးလိုက်သည်။
"မှန်တယ်ထင်တာပဲ"
ရန်ရှီးနဥ်က ပြန်ပြောသည်။
"အရင်ကလည်း အဲ့လိုပဲစမ်းခဲ့ကြတာ မဟုတ်ဘူးလား"
ဖေ့ကျင်းကခေါင်းကိုငြိမ့်ပြရင်း ရန်ရှီးနဥ်ကိုပြုံးပြလိုက်သည်။
"ခြင်္သေ့လေး...မှန် မမှန်ကိုယ်တို့စမ်းကြည့်ကြမလား"
"ဖေ့ကျင်း ရှင်ဘာလုပ်ချင်နေတာလဲ"
ရန်ရှီးနဥ်တစ်ယောက် မယုံသင်္ကာနှင့်မေးလာသည်။
ခဏကြာတော့ ဖေ့သေးသေးလေးနိုးလာကာ အကျယ်ကြီးအော်ငိုပါတော့သည်။
ရန်ရှီးနဥ်တစ်ယောက်ပြာသွားပြီး ဖေ့လေးကိုပွေ့ချီကာ ချော့ရတော့သည်။
"မြေနိုးဖေ့ကျင်း...ရှင် ဖေ့လေးကိုဘာလုပ်လိုက်တာလဲ?" ရန်ရှီးနဥ်က မေးလိုက်သည်။
ဖေ့ကျင်းနှင့် ရန်ရှီးနဥ်တို့ ဖေ့လေး၏ သွေးတစ်စက်ရေထဲကျသွားသည်ကို ကြည့်လိုက်သည်။ ဖေ့လေး၏ သွေးက တခြားသွေးစက်များနှင့် ရောမသွားပေ။
ဖေ့ကျင်းရော ရန်ရှီးနဥ္ပါ လန့်ဖြန့်သွားကြ၏။
"ရန်ရှီးနဥ်!!!!!!"
ဖေ့ကျင်းက အသံအကျယ်ကြီးနှင့်အော်တော့သည်။ "မိန်းမ...ဖြေစမ်း!!!"
ရန်ရှီးနဥ်က ဖေ့ကျင်းလက်ထဲက ပန်းကန်ကိုဆွဲယူရင်း
"မြေနိုးဖေ့ကျင်း! ရှင်ဘာတွေ ထပ်ထည့်ထားသေးတာလဲ?"
ဖေ့ကျင်းက ရန်ရှီးနဥ်ကိုယ်လေးကို ဆွဲဖက်လိုက်ရင်း
"မိန်းမကလည်း စိတ်မဆိုးပါနဲ့! ကိုယ်ကစတာပါ"
ရန်ရှီးနဥ်ကတော့ ဒေါသထွက်လွန်းလို့ ဘာမှမပြောနိုင်။
်
ထိုနေ့ပြီးသည့်နောက် ဖေ့ကျင်းတစ်ယောက် လက်ရေးလှခန်းထဲတွင် လ၀က်လောက်အိပ်လိုက်ရသည်။ မျက်ကွင်းညိုညိုနှင့် နံရံပေါ်တွင်လည်း တိတ်တိတ်လေးစာရေးထားခဲ့သေးသည်။
"ရေခွက်ထဲမှာ သွေးစက်ထည့်ပြီး သွေးသားတော်မတော်စမ်းတာကို ယုံပြီး မစမ်းကြပါနှင့်" ဟူ၍။
***
Short Interview One
ဆုရှင်းယွဲ့ : ရှောင်ကျင်း...ရှောင်းနဥ်ကို တကယ်ပဲသံသယမဖြစ်ဘူးလား?
ဖေ့ကျင်း : ငါရှီးနဥ်ကိုယုံတယ်။
ဆုရှင်းယွဲ့: နင်ဘာတွေဒီလောက်သေချာနေတာလဲ?
ဖေ့ကျင်း : ငါ နေ့ရောညရော ငါ့မိန်းမနဲ့ အိပ်ယာထဲမှာ အချိန်တိုင်း လူးလှိမ့်နေတာ။ သူ့မှာငါ့ကို အရူးလုပ်နိုင်တဲ့အချိန်ရှိမနေဘူး။
ဆုရှင်းယွဲ့: …
***
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန္း (၃၈)/(ခ)
TRANSLATOR - SS
--------------------
"အမႀကီး လာၿပီပဲ"
ရန္ရွီးထ်င္ကဆိုလိုက္သည္။
"ဒီေန့က ညီမေလးရဲ့ မဂၤလာပြဲပဲ။ ဒီအစ္မႀကီးက လာရမွာေပါ့။ ဒါနဲ႔ တို႔ညီမေလးက ဒီေန့သိပ္လွေနတာပဲ။ အိမ္ေရ႔ွမင္းသားသာျမင္ရင္ ရူးေလာက္ေအာင္ေပ်ာ္ေနေတာ့မွာ"
ရန္ရွီးနဥ္၏ ခ်ီးက်ူးစကားေၾကာင့္ ရန္ရွီးထ်င္ေပ်ာ္သြားမိသည္။ သို႔ေသာ္အိမ္ေရွ႔မင္းသား၏နာမည္ကိုၾကားေတာ့ သူမမ်က္ေမွာင္က်ံဳ႔မိသြား၏။ အိမ္ေရ႔ွမင္းသားက ဘာလိူ႔သူမကို မဂၤလာလက္ဖြဲ႔ပို႔မေပးေသးမွန္း သူမ မသိ။
ရန္ရွီးနဥ္ကေတာ့ လက္ဖက္ရည္ႏွစ္ခြက္ကိုငွဲ႔လိုက္ၿပီး ဘယ္သူမွမျမင္ခင္ တစ္ခြက္တြင္ ေဆးတစ္လံုးကိုေခ်ၿပိးထည့္လိုက္၏။
"ညီမေလး လက္ဖက္ရည္ေသာက္ေလ...ခဏေနရင္ လက္ဖက္ရည္ေသာက္ဖို႔အခ်ိန္ရိွေတာ့မွာမဟုတ္ဘူး"
ရန္ရွီးထ်င္လည္းေရဆာေနေလၿပီ။ သူမမိခင္က ေရေတာင္မေသာက္ခိုင္းသည္မို႔ ဒီတစ္ခါေတာ့ လက္ဖက္ရည္ခြက္ကိုယူၿပီးေသာက္ခ်လိုက္ေတာ့သည္။
ရန္ရွီးနဥ္ကေတာ့ၿပံဳးရင္း လက္ဖက္ရည္တစ္၀က္ကိုေသာက္လိုက္ၿပီး က်န္တစ္၀က္ကိုေတာ့ ပန္းအိုးထဲ သြန္ပစ္လိုက္၏။
ေဆးလံုးက လြန္ခဲ့သည့္ႏွစ္ရက္ေလာက္က ေပ့သိုထံမွ ရခဲ့ျခင္းပင္။
"အကိုႀကီးေပ့...အကိုႀကီးဆီမွာ ဗိုက္နာေစတဲ့ေဆးေလးေလးမ်ားမရိွဘူးလား"
ရန္ရွီးနဥ္ေမးလိုက္၏။
"ရိွတယ္"
ေပ့သိုက သူမကို ခပ္ဆင္ဆင္ေဆးလံုးမ်ားျပသည္။
"ေဆးကိုေခ်လို႔ရလားဟင္"
ရန္ရွီးနဥ္က ေမးလိုက္သည္။
"ရတာေပါ့"
"အကိုႀကီးေပ့...အဲ့ဒါဆို ကြၽန္မကို အဲ့ေဆးေတြေပးလို႔ရလား?
"ရတယ္"
ေပ့သိုကျပန္ေျဖရင္း ေဆးေတြကိုသူမဆီသို႔ထည့္ေပးလိုက္သည္။
ရန္ရွီးနဥ္လည္းေဆးတစ္ေတာင့္ကို သူမကိုယ္တိုင္စမ္းေသာက္ၾကည့္လိုက္သည္။ တစ္ရွီးခ်န္ေလာက္ၾကာၿပီးသည့္ေနာက္ သူမဗိုက္နာလာၿပီး အိမ္သာသို႔ေျပးရေတာ့၏။
တစ္ေအာင့္ေလာက္ၾကာၿပီးနာက္ ေပ့သိုအခန္းထဲသို႔ ကြတကြတျဖင့္သူမ ျပန္၀င္လာျပန္သည္။
"အကိုႀကီး...ခုနက ကြၽန္မကိုေပးလိုက္တာ ဘာေဆးလဲဟင္?" ရန္ရွီးနဥ္ေမးလိုက္သည္။
"၀မ္းႏႈတ္ေဆးေလ"
ရန္ရွီးနဥ္ေရာ သူမအစာအိမ္ေလးေရာ ဆြံ႔အသြားၾကသည္။ ေပ့သိုကေတာ့ ရန္ရွီးနဥ္တစ္ေယာက္ဘာကိစၥ ၀မ္းႏႈတ္ေဆးလိုခ်င္ရသလဲဟု ေတြးေနေတာ့သည္။
ေနာက္ဆံုးတြင္ေတာ့ သတို႔သားေရာ သတို႔သမီးေရာ နန္းေတာ္သို႔ ေရာက္လာၾကေတာ့သည္။ အိမ္ေရ႔ွမင္းသားက ေဖ့က်င္းကို ေအးစက္စက္သာၿပံဳးျပေသာ္ျငား ေဖ့က်င္းကေတာ့ သူ႔မဂၤလာပြဲေန့တုန္းကလို ၿပံဳးရႊင္ေနေတာ့သည္။
သတို႔သမီးအ၀တ္အစားမ်ား ကူညီေနသည့္ ရန္ရွီးနဥ္ကိုၾကည့္ရင္း သူတို႔မဂၤလာပြဲေန့ကို သတိရသြားမိသည္။
ရန္ရွီးထ်င္ကို အိမ္ေရ႔ွမင္းသားေခၚသြားၿပီးသည့္ေနာက္ သူ႔ေဘးတြင္လာရပ္ေသာ ရန္ရွီးနဥ္ကို သူတိုးတိုးေလးကပ္ေျပာလိုက္၏။
"မိန္းမ...ကိုယ္တို႔လည္း ညက်ရင္ မဂၤလာၪီးည လုပ္ၾကမယ္ေလ"
ရန္ရွီးနဥ္က သိမ္သိမ္ေမြ့ေမြ့ေလးျဖင့္ ေဖ့က်င္းေျခေထာက္ကိုေဆာင့္နင္းပစ္လိုက္သည္။ ထို႔ေနာက္ စိုးရိမ္ဟန္ျပဳေနေသာ မင္းသမီးခန္းဟြာကို ၿပံဳးျပလိုက္သည္။
ဘုရင္မင္းျမတ္ႏွင့္မိဖုရားေခါင္ႀကီးကေတာ့ တစ္တန္းထဲတြင္ထိုင္ေနၾကသည္။ ဘုရင္ႀကီးက မ်က္ေမွာင္က်ံဳ႔ေနသေလာက္ မိဖုရားေခါင္ကေတာ့ အၿပံဳးပန္းေတြေဝနေသည္။
ေဖ့က်န္းတစ္ေယာက္နားခ်င္ေသာ္ျငား အိမ္ေရ႔ွမင္းသား မဂၤလာပြဲမို႔ မုမိဖုရားေဘးတြင္ အားနည္းေနဟန္ေဆာင္၍ ေနေနသည္။
မုမိဖုရားကေတာ့ ေဖ့ဝမ္ခ်ိဳင္ကို သူမေပါင္ေပၚတြင္တင္ထားရင္း
"ဝမ္ခ်ိဳင္...ဘြားဘြားေျပာထားတာကို မွတ္မိတယ္မလား"
ေဖ့ဝမ္ခ်ိဳင္ကေတာ့ သူမႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနသည့္ ေဖ့က်န္းကိုၾကည့္ရင္း အလုပ္မ်ားေနေတာ့သည္။
"ဟုတ္ကဲ့ ဘြားဘြား"
ေဖ့ခန္းကေတာ့ သူ႔ကို ေဖ့၀မ္ခ်ိဳင္ၾကည့္ေနသည္ကိုသတိမထားမိ။ သူ၏ လက္တုတ္တုတ္ေလးမ်ားကို ရန္ရွီးနဥ္ထံသို႔ေဝ့ယမ္းျပရင္း သူ႔နားသို႔လာထိုင္ရန္အခ်က္ျပေနေတာ့သည္။
လူတိုင္းက ပံုမွန္လိုျပဳမူေနၾကေသာ္ျငား သူတို႔၏ မ်က္လံုးမ်ားကေတာ့ အိမ္ေရ႔ွမင္းသားႏွင့္ရန္ရွီးထ်င္ထံတြင္သာ ေရာက္ေနေတာ့သည္။
"အခါေတာ္ေရာက္ၿပီ"
ဘိသိတ္ဆရာက ေျပာလိုက္ျခင္ပင္။
"သတို႔သားနဲ သတို႔သမီး မိုးေျမကို ကန္ေတာ့ပါ!"
ရန္ရွီးထ်င္ မိုးေျမႏွင့္ အႀကီးအကဲမ်ားကိုကန္ေတာ့လိုက္သည္။ သို႔ေသာ္သူမ၏ဗိုက္က အဆမတန္နာလာေတာ့သည္။ မင္းသားကို ကန္ေတာ့ၿပီးသည္ႏွင့္ သူမလဲက်သြားေတာ့သည္။
ခန္းမတစ္ခုလံုးရုတ္ရုတ္သဲသဲျဖစ္သြားေတာ့၏။
မုမိဖုရားကေတာ့ သတၲမမင္းသားႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္သည္။ သူတို႔၏အႀကံက ေဖ့၀မ္ခ်ိဳင္ကို ရန္ရွီးထ်င္အေပၚမေတာ္တဆလဲက်ေစၿပီး သူမသြားထူသည့္အခါ ေသြးအတုေတြကို ရန္ရိွီးထ်င္ ၀တ္ရံုေပၚသို႔ ျဖန္းခဲ့လိုက္မည္။ ထို႔ေနာက္ ေတာ္၀င္သမားေတာ္ေတြကိုေခၚၿပီး ရန္ရွီးထ်င္ကိုယ္၀န္ပ်က္က်မက် စမ္းေစမည္။ ေတာ္၀င္သမားေတာ္မ်ားႏွင့္ လက္ဝါးခ်င္းရိုက္ၿပီးသားမို႔ ရန္ရွီးထ်င္တြင္ကိုယ္ဝန္မရိွသည့္အေၾကာင္း ဘုရင္မင္းျမတ္ကိုေလ်ာက္ထားေစမည္။
မုမိဖုရားႏွင့္ သတၲမမင္းသား ဘာမွမလုပ္ရေသးခင္မွာပင္ ရန္ရွီးထ်င္လဲက်သြားျခင္းျဖစ္သည္။
မုမိဖုရား ရန္ရွီးထ်င္ထံသို႔အလ်င္အျမန္သြားၿပီးသူမ၀တ္ရံုေပၚသို႔ ေသြးအတုမ်ားျဖန္းလိုက္သည္။ ထို႔ေနာက္ သူမကိုရပ္ႏိုင္ရန္ကူညီေပးလိုက္၏။
"ဘာျဖစ္တာလဲ?"
ဘုရင္မင္းျမတ္က ေမးလိုက္၏။
မိဖုရားေခါင္ႀကီးလည္းအလန္႔တၾကားႏွင့္
"ကြၽန္...ကြၽန္...ကြၽန္မ"
"ေသြးေတြ...ေသြးေတြ"
ေဖ့ခန္းက ၾကမ္းျပင္ေပၚေပေနေသာ ေသြးမ်ားကိုလက္ၫွိုးႏွင့္ထိုးရင္း ေအာ္ေတာ့သည္။
လူတိုင္း၏ မ်က္လံုးမ်ားက ေဖ့ခန္းလက္ၫွိုးထိုးရာသို႔ ေရာက္သြားေတာ့သည္။
ရန္ရွီးထ်င္တစ္ေယာက္ မတ္တပ္ရပ္ေနမိသည္။ သူမ၏ မ်က္ႏွာၿခံဳထည္ကလည္း ေအာက္သို႔က်သြားေလၿပီ။ ဗိုက္နာတာကိုလည္းသည္းခံေနရ၏။ သို႔ေသာ္ ေသြးဟူသည့္အသံေၾကာင့္ သူမတစ္ကိုယ္လံုးေတာင့္တင္းသြားရသည္။ သူမခုနက လဲက်သြားသည့္ေနရာတြင္ ေသြးကြက္ႀကီးရိွေနသည္။
ရန္ရွီးထ်င္ အေတာ္ေလးလန္႔သြားမိသည္။ သူမ၏ အက်ႌအေနာက္ဖက္ကိုၾကည့္ရင္း ေသြးေတြေပစြန္းေနသည့္အက်ႌေၾကာင့္ သူမမ်က္ႏွာလည္းျဖဴေလ်ာ္လာေလၿပီ။
"အမေလး!'
မုမိဖုရားကေအာ္လိုက္သည္။ "သတို႔သမီးအက်ႌမွာေသြးေတြနဲ႔ ေတာ္၀င္သမားေတာ္ေတြ လာၾကစမ္း!"
ဘုရင္မင္းျမတ္၏မ်က္ႏွာလည္း မည္းသြားသည္။ သူ၏ မေမြးရေသးေသာေျမးေလး ေကာင္းကင္ဘံုကို ျပန္သြားၿပီလား?
"နန္းတြင္းသမားေတာ္ကိုအျမန္သြားေခၚၾကစမ္း!"
ဘုရင္မင္းျမတ္က အမိန္႔ေပးလိုက္ေတာ့သည္။
***
Short Side Story
ေဆာင္းတစ္ေန့တြင္ သားေမြးအက်ႌထဲအိပ္ေပ်ာ္ေနေသာ ေဖ့ေသးေသးေလးကို ေဖ့က်င္းတစ္ေယာက္ေငးၾကည့္ေနမိသည္။ သူတို႔ေဖ့ေလးက ႏို႔ေသာက္ေနသည့္အိပ္မက္ မက္ေနပံုရသည္။ ႏႈတ္ခမ္းေလးကိုစူထားေသး၏။ ထိုပံုစံက ရန္အိမ္ေတာ္တြင္ျဖစ္ခဲ့ေသာ မေတာ္တဆမႈကို သတိရသြားေတာ့သည္။
ထို႔ေနာက္ အိမ္ေတာ္တြင္းရိွထိုင္ခံုေပၚတြင္ထိုင္ရင္း မက္မြန္သီးစားေနေသာ ရန္ရွီးနဥ္ထံသို႔ ေဖ့က်င္းေလ်ွာက္လာခဲ့သည္။
"ရွီးနဥ္...ခြက္ထဲကိုေသြးထည့္ၿပီးစမ္းတဲ့ ေသြးသားေတာ္မေတာ္စမ္းတာကို ယံုလား"
ေဖ့က်င္းကေမးလိုက္သည္။
"မွန္တယ္ထင္တာပဲ"
ရန္ရွီးနဥ္က ျပန္ေျပာသည္။
"အရင္ကလည္း အဲ့လိုပဲစမ္းခဲ့ၾကတာ မဟုတ္ဘူးလား"
ေဖ့က်င္းကေခါင္းကိုၿငိမ့္ျပရင္း ရန္ရွီးနဥ္ကိုၿပံဳးျပလိုက္သည္။
"ျခေသၤ့ေလး...မွန္ မမွန္ကိုယ္တို႔စမ္းၾကည့္ၾကမလား"
"ေဖ့က်င္း ရွင္ဘာလုပ္ခ်င္ေနတာလဲ"
ရန္ရွီးနဥ္တစ္ေယာက္ မယံုသကၤာႏွင့္ေမးလာသည္။
ခဏၾကာေတာ့ ေဖ့ေသးေသးေလးႏိုးလာကာ အက်ယ္ႀကီးေအာ္ငိုပါေတာ့သည္။
ရန္ရွီးနဥ္တစ္ေယာက္ျပာသြားၿပီး ေဖ့ေလးကိုေပြ့ခ်ီကာ ေခ်ာ့ရေတာ့သည္။
"ေျမႏိုးေဖ့က်င္း...ရွင္ ေဖ့ေလးကိုဘာလုပ္လိုက္တာလဲ?" ရန္ရွီးနဥ္က ေမးလိုက္သည္။
ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ ေဖ့ေလး၏ ေသြးတစ္စက္ေရထဲက်သြားသည္ကို ၾကည့္လိုက္သည္။ ေဖ့ေလး၏ ေသြးက တျခားေသြးစက္မ်ားႏွင့္ ေရာမသြားေပ။
ေဖ့က်င္းေရာ ရန္ရွီးနဥၸါ လန္႔ျဖန္႔သြားၾက၏။
"ရန္ရွီးနဥ္!!!!!!"
ေဖ့က်င္းက အသံအက်ယ္ႀကီးႏွင့္ေအာ္ေတာ့သည္။ "မိန္းမ...ေျဖစမ္း!!!"
ရန္ရွီးနဥ္က ေဖ့က်င္းလက္ထဲက ပန္းကန္ကိုဆြဲယူရင္း
"ေျမႏိုးေဖ့က်င္း! ရွင္ဘာေတြ ထပ္ထည့္ထားေသးတာလဲ?"
ေဖ့က်င္းက ရန္ရွီးနဥ္ကိုယ္ေလးကို ဆြဲဖက္လိုက္ရင္း
"မိန္းမကလည္း စိတ္မဆိုးပါနဲ႔! ကိုယ္ကစတာပါ"
ရန္ရွီးနဥ္ကေတာ့ ေဒါသထြက္လြန္းလို႔ ဘာမွမေျပာႏိုင္။
္
ထိုေန့ၿပီးသည့္ေနာက္ ေဖ့က်င္းတစ္ေယာက္ လက္ေရးလွခန္းထဲတြင္ လ၀က္ေလာက္အိပ္လိုက္ရသည္။ မ်က္ကြင္းညိုညိုႏွင့္ နံရံေပၚတြင္လည္း တိတ္တိတ္ေလးစာေရးထားခဲ့ေသးသည္။
"ေရခြက္ထဲမွာ ေသြးစက္ထည့္ၿပီး ေသြးသားေတာ္မေတာ္စမ္းတာကို ယံုၿပီး မစမ္းၾကပါႏွင့္" ဟူ၍။
***
Short Interview One
ဆုရွင္းယြဲ႔ : ေရွာင္က်င္း...ေရွာင္းနဥ္ကို တကယ္ပဲသံသယမျဖစ္ဘူးလား?
ေဖ့က်င္း : ငါရွီးနဥ္ကိုယံုတယ္။
ဆုရွင္းယြဲ႔: နင္ဘာေတြဒီေလာက္ေသခ်ာေနတာလဲ?
ေဖ့က်င္း : ငါ ေန့ေရာညေရာ ငါ့မိန္းမနဲ႔ အိပ္ယာထဲမွာ အခ်ိန္တိုင္း လူးလိွမ့္ေနတာ။ သူ႔မွာငါ့ကို အရူးလုပ္ႏိုင္တဲ့အခ်ိန္ရိွမေနဘူး။
ဆုရွင္းယြဲ႔: …
***