ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (11)
Chp (12)
Chp(13)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp (6)

2.3K 480 56
By xingliang_baobei

[Unicode]

လော့ချင်ရှန်း နိုးလာတဲ့အခါ မိုးစင်စင်လင်းနေလေပြီ။

သူ အတော်ကြာတဲ့ထိ မျက်လုံးကို မှေးကျဉ်းထားပြီးနောက် အိပ်ရာကနေ ထထိုင်ဖို့ ကြိုးစားလိုက်တယ်။ သူ့ခေါင်းတစ်ခုလုံး သစ်သားတုတ်တစ်ချောင်းနဲ့ ခပ်ပြင်းပြင်း ရိုက်ခံထားရသလို သေလောက်အောင် ကိုက်ခဲနေတာကြောင့် သူ အံကြိတ်ထားရင်း နာကျင်မှုကို သည်းခံလိုက်တယ်။

လော့ချင်ရှန်းက ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တဲ့အခါ သူ ဟိုတယ်ခန်းတစ်ခုမှာ လဲနေမှန်း သိလိုက်ရ‌တယ်။ သူက အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းမှာလည်း အတွင်းခံတစ်ထည်တည်း ဝတ်ဆင်ထားတယ်။ သူ အမူးလွန်ခြင်းရဲ့ စေးကပ်ကပ်ဖြစ်မှုကို မခံစားရပေ။ တစ်ယောက်ယောက် သူ့ကို ကူညီသန့်ရှင်းပေးထားတာပဲ ဖြစ်ရမယ်။

ရေချိုးခန်းထဲမှာ ရေကျသံသဲ့သဲ့ ကြားနေရပြီး လော့ချင်ရှန်းက ခက်ခက်ခဲခဲ သည်းခံရင်း "ဘေဘီ မင်း ဘာလုပ်နေတာလဲ? ကိုယ့်ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီ....ငလူး ‌အဲ့ဒီသောက်ကျိုးနည်းကာရာအိုကေဆိုင်က ဝိုင်အတုတွေ ရောင်းတာပဲဖြစ်ရမယ်!"

လော့ချင်ရှန်းက ဆံပင်ကို ဆွဲဆုပ်လိုက်ပြီး စောင်ထဲမှ ထွက်ဖို့အလုပ် ရေချိုးခန်းထဲမှ ထွက်လာသော ခြေလှမ်းသံကို ကြားလိုက်ရတယ်။

"ကော မင်း နိုးလာပြီလား? မသက်မသာဖြစ်နေတာမျိုး ရှိလား? ရေတစ်ခွက်လောက် ခပ်ပေးရမလားဟင်?"

လော့ချင်ရှန်းက ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ ဇဝေဇဝါ မေးမြန်းလိုက်တယ် :: "ဘာလို့ မင်းဖြစ်နေရတာလဲ?"

စူးနျန်က လောလောလတ်လတ် ဆေးကြောထားတဲ့ ရေခွက်တစ်ခွက်ကို လက်ထဲမှာ ကိုင်ထားတယ် :: "ငါ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ?"

"ငါ့ရတနာလေး...ဖိန့်ရန် ဘယ်မှာလဲ?"

"သူက မနေ့ညတည်းက ပြန်သွားပြီလေ" စူးနျန်က ပြုံးပြလိုက်ပြီး "ငါ မင်းကို ရေတစ်ခွက်အရင်ခပ်ပေးမယ်။ မြန်မြန်ထ နေ့လည်မှာ အတန်းရှိသေးတယ်လေ။"

လော့ချင်ရှန်းက ဒူးထောင်ထိုင်ကာ သူ့နဖူးနဲ့ ဒူးခေါင်းကို အတော်ကြာ ဖိကပ်ထားပြီးမှ မနေ့ညက အဖြစ်အပျက်တွေကို တဖြည်းဖြည်း ပြန်အမှတ်ရလာတော့တယ်။

သူ toiletကနေ ပြန်ရောက်လာတော့ ဖိန့်ရန်က အခန်းထဲမှာ မရှိတော့ သူလည်း ပြန်မချော့နိုင်လိုက်ဘူး။

အဓိက က.....

လော့ချင်ရှန်း မနေနိုင်ဘဲ ရေချိုးခန်းဖက် တစ်ချက်ပြန်ကြည့်ပြီး သူ့လက်ကို မြှောက်ကာ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်တယ်။

ချီး သူ စူးနျန်ကို နမ်းမိလိုက်ပုံပဲ။

ဝိုင်အတုက လူတွေကို သောက်ရမ်းဒုက္ခပေးတာပဲ။

ဒီအဖြစ်အပျက်က လော့ချင်ရှန်းမျက်လုံးထဲမှာ မတော်တဆ ဖြစ်ရပ်လိုပဲ မြင်တာကြောင့် တစ်ခဏလောက် စိတ်တိုနေပြီးနောက် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ အချိန်အတော်ကြာ အားသွင်းထားရတဲ့ ဖုန်းလည်း နောက်ဆုံးတော့ ပြန်ပွင့်လာတယ်, သူ မြန်မြန်လှမ်းယူပြီး တစ်ချက်ကြည့်လိုက်တယ်။

သူ WeChat ဖွင့်ကြည့်လိုက်တဲ့အခါ မရယ်ဘဲမ‌နေနိုင်တော့ပေ --- မနေ့ညက သူ ဖိန့်ရန်ဆီ voice message အခုသုံးဆယ်ကျော်လောက် ပို့ခဲ့မိတယ်, နှစ်စက္ကန့် သုံးစက္ကန့်လောက်ပဲ ကြာတာရော စက္ကန့်လေးဆယ်ငါးဆယ်စာတွေရောပဲ။

ဖိန့်ရန်တော့ သူ့ကို သေချာပေါက် စိတ်ဆိုးနေလောက်ပြီ။

လော့ချင်ရှန်းက ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်လိုက်ပြီး စာစရိုက်တော့တယ်။

လော့ချင်ရှန်း :: [ဟားဟားဟား ဘေဘီ မနေ့ညက ကိုယ့်ကြောင့် စိတ်ရှုပ်သွားရသေးလား?]

လော့ချင်ရှန်း :: [ဘေဘီ မင်း ကိုယ့်ကို မနေ့ညက ဟိုတယ်ကို ဘာလို့လိုက်မပို့ရတာလဲ? {ဗိုက်ကိုကိုင်ပြီးငိုနေ} ]

လော့ချင်ရှန်း :: [ဘေဘီ မင်း အရမ်းရက်စက်တာပဲကွာ, ဒီလောက်messageအများကြီး ပို့ထားတာကို ကိုယ့်ကို တစ်စောင်လေးတောင် ပြန်မပို့ထားဘူး။]

စူးနျန်က ရေယူလာပေးတဲ့အခါ လော့ချင်ရှန်းလည်း လှမ်းယူပြီး တစ်ငုံသောက်လိုက်တယ် :: "ကျေးဇူးပဲကွာ။ ဒါနဲ့ မင်းခြေထောက်က အဆင်ပြေလား? မနေ့ညက ငါ မင်းကို ထိခိုက်အောင် လုပ်မိသေးလား?"

"အဆင်ပြေတယ်ရယ်။ အစတည်းက သက်သာချင်နေပြီ။" ‌စူးနျန်က ပါးချိုင့်တစ်ဖက် ပေါ်တဲ့ထိ ရယ်မောရင်း ပြန်ဖြေလိုက်တယ်။

လော့ချင်ရှန်းတစ်ယောက် ဆေးကြောသန့်စင်လို့ပြီးတော့ ဖုန်းကို နောက်တစ်ခါ ပြန်ကြည့်လိုက်တယ်။ ဒါပေမဲ့ ပြန်စာတစ်စောင်တောင် ရောက်မလာသေးပါဘူး။ သူ မျက်မှောင်ကြုပ်သွားတယ်။

လော့ချင်ရှန်းက ရေချိုးခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ စူးနျန်က သူ့ဘေးမှာ မတ်တပ်ရပ်နေပြီး မှန်ထဲမှာ သူ့ရဲ့ ရှေ့ဆံမြိတ်ကို ဟိုလိမ်သည်လိမ် ကလိနေလေရဲ့။

လော့ချင်ရှန်းက မေးလိုက်တယ် :: "မင်း တစ်ညလုံး မပြန်ရသေးတာလား? မနေ့ညက မင်း ဘယ်နားမှာ သွားအိပ်...."

စူးနျန်က သူ့ကိုယ်ပေါ် ရုတ်တရက်ကြီး မှီချလာပြီး ခေါင်းကိုမော့ကာ သူ့နားချည်းကပ်လာတာကြောင့် နောက်ပိုင်းစကားတွေကို ချက်ချင်းပြန်မျိုချလိုက်ရတယ်။

လော့ချင်ရှန်းက အနောက်ကို ခြေလှမ်းအနည်းငယ် မြန်မြန်ဆုတ်လိုက်ပြီး "မင်း ဘာလုပ်တာလဲ?"

စူးနျန်က တစ်ခဏလောက် စဉ်းစားကြည့်ပြီးမှ :: "morning kissလေ?"

လော့ချင်ရှန်းရဲ့မျက်လုံးတစ်စုံက အနည်းငယ် ပြူးကျယ်သွားပြီး ကြောင်အနေသော မျက်နှာထားမှ ထိတ်လန့်သွားသော မျက်နှာထားသို့ ပြောင်းလဲသွားတော့တယ်။ အချိန်အတော်ကြာမှ စကားပြန်စနိုင်တယ် :: "စူးနျန် မင်း အရက်မူးနေတုန်းလား?"

-----

အခန်းထဲမှ ဖုန်းသံက စက္ကန့်နှစ်ဆယ်နီးနီးလောက် မြည်ပြီးတဲ့နောက် အိပ်ရာပေါ်ကလူလည်း လှုပ်ရှားလာခဲ့တယ်။

ဖိန့်ရန်တစ်ယောက် မျက်လုံးပွင့်လာပြီး အိပ်မက်ထဲမှ နိုးထဖို့ စက္ကန့်အနည်းငယ် ကြာသွားခဲ့တယ်။

သူ ဖုန်းမကျခင် နှစ်စက္ကန့်အလိုမှာ ကိုင်လိုက်တယ်။ အိပ်ချင်နေသေးတာကြောင့် သူ အသံတစ်သံကိုပဲ ပြုလုပ်နိုင်တယ် :: "အင်း"

"ဘေဘီ ကိုယ်ပါ...မင်း အိပ်နေတုန်းလား? အို ‌ဒီနေ့ မင်းမှာ အတန်းမရှိဘူးလေ ဟုတ်တယ်မလား?" လော့ချင်ရှန်းအသံက တအားကိုမှ အားအင်ပြည့်ဝတက်ကြွနေပုံပဲ :: "ကိုယ်တော့ နေ့လည်မှာပဲ တစ်ချိန်ရှိတာ။ ဘေဘီ မင်း ဘာစားချင်လဲ? ကိုယ် မင်းကို လာပို့ပေးမယ်လေ"

ဖိန့်ရန် :: "မလိုဘူး"

"မင်း စားချင်ရင် ကိုယ် လာပို့ပေးပါ့မယ်။ မင်း ဘာစားချင်လဲသာ ပြောလိုက်" လော့ချင်ရှန်းက အနီးတစ်ဝိုက်က ဆိုင်တွေကို လိုက်ကြည့်ရင်း "မင်း ကိုယ့်messageတွေကို မဖတ်ဘူးလား? ကိုယ့်ကို ဘာလို့ replyမပြန်ရတာလဲ? မနေ့ညကလည်း မပြန်ဘူး။ ဘေဘီ မင်းက တအားရက်စက်တာပဲ။ ကိုယ့်ကောင်လေးကို အဲ့လိုကြီးတော့ နာကျင်အောင် မလုပ်သင့်...."

"လော့ချင်ရှန်း" ဖိန့်ရန်က ကြားဖြတ်ပြောလိုက်တယ်။

"အိုကေ?"

ဖိန့်ရန်က နှစ်စက္ကန့်လောက် အသံတိတ်နေပြီးမှ "ဖက်ထုပ်တစ်ပွဲ ဝယ်ခဲ့ပေး ကျေးဇူးပဲ"

"ဘာအတွက်များ ကျေးဇူးတင်နေရတာလဲ?" လော့ချင်ရှန်းက ရယ်ရယ်မောမောနဲ့ "‌မင်းရဲ့ အစား‌အသောက်ကို ယူလာပေးရမှာ ကိုယ့်တာဝန်မဟုတ်လို့.....?"

ဖိန့်ရန်ကတော့ တည့်ပဲ ဖုန်းချလိုက်တယ်။

သူ့မျက်နှာကို ပွတ်သပ်ပြီး မနေ့ညက အိပ်မက်အကြောင်းကို ပြန်မတွေးဘဲ မနေနိုင်တော့ပေ။

အတော်လေးကို ရှင်းပြမရနိုင်တဲ့ အိပ်မက်တစ်ခုပဲ။ အိပ်မက်ထဲမှာ သူ နဲ့ လော့ချင်ရှန်းက တောင်တစ်တောင်ပေါ် တက်နေကြတာတဲ့။ သူတို့တွေ တောင်ပြိုတာနဲ့ ကြုံပါလေရော။ သူက ဂူတစ်ခုထဲ ဝင်ပုန်းလိုက်တယ်။ သူ လှည့်ကြည့်လိုက်တဲ့အခါ လော့ချင်ရှန်းကနေ ယန်းကျွင်ဖြစ်သွားခဲ့တယ်။

အိပ်မက်ထဲက ယန်းကျွင်မှာ အပြင်လောကမှာလို အေးတိအေးစက်နဲ့ သူ့ကို မကြောက်ဖို့ နှစ်သိမ့်တယ်။ ပြီးတဲ့နောက် သူတို့နှစ်ယောက် အာရုဏ်တက်ချိန်ထိ စောင့်ခဲ့ရတယ်။

ယန်းကျွင် တစ်ခုခု ပြောရင်လည်းပြောလောက်တယ်, ‌ဒါပေမဲ့ သူ မမှတ်မိနိုင်တော့ဘူး။

ဖိန့်ရန်မျက်နှာသစ်ပြီးနောက် အခန်းတံခါးခေါက်သံ ထွက်လာခဲ့တယ်။

သူ တံခါးဖွင့်လိုက်တာနဲ့ လော့ချင်ရှန်းက လက်ထဲက ပလက်စတစ်ထုပ်ကို မြှောက်ပြကာ "ပုစွန်ဖက်ထုပ်လေး နည်းနည်းစပ်ထားပြီး နှမ်းဆီလေးနဲ့ အကြိုက်ပဲမလား?"

ဖိန့်ရန်က သူ့မျက်နှာကို တစ်ခဏလောက် တံဘက်နဲ့ သုတ်နေပြီး ရေချိုးခန်းထဲ ပြန်သွားလိုက်တယ် :: "အထဲဝင်ပြီးလာထိုင်လေ, ငါ တံဘက်သွားလျှော်လိုက်အုံးမယ်။"

အရာအားလုံး သန့်ရှင်းလို့အပြီးမှာ လော့ချင်ရှန်းက အခြားအခန်းဖော်တစ်ဦးရဲ့ ထိုင်ခုံကို ဖိန့်ရန်ဘေးနားသို့ ဆွဲလာပြီး ထိုင်ချကာ ဖိန့်ရန်စားနေတာကို မေးထောက်ရင်း ကြည့်ရှုနေလေရဲ့။

လော့ချင်ရှန်းက ဖိန့်ရန် အစာစားနေတာကို ကြည့်ရတာ တအားသဘောကျတယ်။ ဖိန့်ရန်ရဲ့ ကိုယ်နေဟန်ထားက တအားကောင်းမွန်တယ်။ သူ နေ့လည်မှာ ဘောလုံးကစားပြီး အူလှိမ့်နေအောင် ဗိုက်ဆာနေရင်တောင် သူ့ရဲ့အစားစားဟန်က သပ်ရပ်ကြော့ရှင်းနေတုန်းပဲ။ သူ့ကြည့်ရတာ ခပ်အေးအေးပဲ။

ဖိန့်ရန် စားသောက်လို့ပြီးတဲ့အခါ လမ်းခွဲဖို့ စပြောတော့ လော့ချင်ရှန်းက ပြုံးပြုံးကြီးနဲ့ ပြန်ဖြေလိုက်တယ် "အင်း"

စက္ကန့်အနည်းငယ်ကြာတဲ့အခါ လော့ချင်ရှန်းအပြုံးတွေ တောင့်ခဲသွားပြီး မယုံနိုင်စွာ ပြန်မေးတော့တယ် :: "ဘာကြီး?"

"ငါပြောတာ" ဖိန့်ရန်က နောက်တစ်ခေါက် ပြန်ပြောလိုက်တယ် "လမ်းခွဲကြစို့"

"ဘာလို့လဲ?" လော့ချင်ရှန်း လုံးဝမရယ်နိုင်တော့ပါဘူး။ သူ တဖြည်းဖြည်း ကျောမတ်သွားပြီး အနည်းငယ် ပျာယာခတ်နေပါပြီ :: "ဘေဘီ မင်း ကိုယ့်ကို နောက်နေတာမလား?"

ဖိန့်ရန် :: "ငါ ဒီကိစ္စကို ဟာသမလုပ်တတ်ဘူး။"

လော့ချင်ရှန်းရဲ့ လည်စေ့က အထက်အောက် ရွေ့သွားပြီး အချိန်အတော်ကြာမှ အသံပြန်ထွက်နိုင်တော့တယ် :: "ဘာလို့လဲ? ကိုယ် ဘာအမှားလုပ်မိလို့လဲ? ကိုယ် မင်းကို မပျော်မရွှင် ဖြစ်အောင် လုပ်မိလို့လား....မနေ့ညက မင်းစကားကို နားမထောင်ဘဲ အများကြီး သောက်လိုက်လို့လားဟင်? မဟုတ်ရင် ကိုယ် မင်းကို messageတွေ အများကြီး ပို့လို့လားဟင်? ကိုယ် မင်းကို အနှောင့်အယှက် ပေးမိ....."

လော့ချင်ရှန်းက စားပွဲပေါ်ကို တစ်ချက်လှမ်းကြည့်ပြီး "ဒါမှမဟုတ် ဒီဖက်ထုပ်က စားမကောင်းလို့လား?"

ဖိန့်ရန်က အလိုလို မျက်မှောင်ကြုပ်သွားတယ် :: "ငါ အဲ့လိုကိစ္စတွေအပေါ် စိတ်မဆိုးတတ်ဘူး။"

"ကိုယ် သိတယ် ကိုယ်သိပါတယ်" လော့ချင်ရှန်းက အောက်နှုတ်ခမ်းကို သပ်လိုက်ပြီး "ဒါဆို ကိုယ် မင်းစိတ်ဆိုးသွားရတဲ့ အကြောင်းရင်းကို မရှာနိုင်...."

"ငါ မြင်လိုက်တယ်"

"ဘာကိုလဲ?"

"ငါ မြင်လိုက်တယ်" ဖိန့်ရန်က တစ်ခဏလောက် အသံတိတ်သွားပြီးမှ "toiletတံခါးနားက မင်းနဲ့စူးနျန်ကို"

လော့ချင်ရှန်းက toiletတံခါးနားမှာ ဘာဖြစ်သွားလို့လဲဆိုပြီး ပြန်မေးမလို့ရှိသေး ရုတ်တရက် မိုးကြိုးအပစ်ခံလိုက်ရသလို သူ့တစ်ကိုယ်လုံး တောင့်ခဲပြီး မလှုပ်မယှက်နိုင် ဖြစ်သွားခဲ့တယ်။

ဖိန့်ရန်က ဖက်ထုပ်ဘူးကို ပြန်သိမ်းပြီးတဲ့နောက် "တူတူရှိခဲ့တဲ့သုံးနှစ်မှာ မင်း ငါ့ကို လက်ပတ်နာရီတစ်လုံးရယ် ကျောင်းလွယ်အိတ်တစ်ချို့ရယ် sneakerဖိနပ်၇ရံရယ်....ဒါ ငါ မှတ်မိတာအားလုံးပဲ, ငါ့ကို ခဏအချိန်ပေး အိမ်ပြန်ပြီး ရေတွက်လိုက်မယ်။ ဈေးတွက်ပြီးတာနဲ့ မင်းကို Wechat ကနေ ပြန်လွှဲပေးလိုက်မယ်။ အို ဒီဖက်ထုပ်ကရော ဘယ်လောက်ကျလဲ? ငါ မင်းကို အခုလွှဲပေးလိုက်မယ်။"

လော့ချင်ရှန်းတစ်ယောက် ဖိန့်ရန် Wechat ငွေလွှဲကို မဖွင့်ခင်အချိန်ထိ ဒီပြဿနာရဲ့ လေးနက်မှုကို လုံးလုံးနားမလည်သေးပေ။

သူ အလိုလို လက်ဆန့်ပြီး ဖိန့်ရန်လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။

"မဟုတ်...." လော့ချင်ရှန်းက စကားစီဖို့ မနည်းကြိုးစားနေရပြီး အဆက်အစပ်မရှိစွာ ထပြောတော့တယ် :: "မင်း ထင်သလို မဟုတ်ပါဘူး, ကိုယ်ပြောတာ နားထောင်ပေးပါအုံး ဘေဘီ...မင်း ပြောတာ မနေ့ညက...မနေ့ညက မင်း အဲ့နေရာမှာ ရှိနေတယ်...ကိုယ် အများကြီး သောက်ထားတာ, ကိုယ်ခေါင်းက အနည်းငယ် ရီဝေနေတာ..."

"ဒါကြောင့် မင်း တစ်စုံတစ်ယောက်ကို နမ်းလိုက်မိတာပေါ့" ဖိန့်ရန်က သူ့ကို ကူပြီးအဆုံးသတ်ပေးလိုက်တယ်။

"ဟုတ်တယ်....မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူး" လော့ချင်ရှန်းက မြန်မြန်ပြောလိုက်တယ် :: "သူက ကိုယ့်ကို ဘလိုင်းကြီး လာနမ်းတာ, ကိုယ် ဘာမှပြန်မလုပ်ဘူး။ ကိုယ် သူနဲ့ ဘာမှမရှုပ်ထားဘူး..."

ဖိန့်ရန် :: "ငါ လင်းခန်းကို မေးပြီးသွားပြီ။ မင်း မနေ့ညက အခန်းထဲ ပြန်လာတော့ သူတို့နဲ့ ဂိမ်းဆက်ဆော့သေးတယ်တဲ့"

လော့ချင်ရှန်းတစ်ယောက် ဒီစကားကြားတဲ့အခါ ဖိန့်ရန်ကို ကြောင်အစွာ စိုက်ကြည့်ရုံသာ တတ်နိုင်တော့တယ်။

"မင်းက အလယ်လောက်မှာ မမူးသေးပါဘူး။ နောက်တော့မှ ဆက်သောက်ရင်း သောက်ရင်းနဲ့ လူမှန်းမသိအောင် မူးသွားတာ" ဖိန့်ရန်က တည်တည်ငြိမ်ငြိမ် ဆက်ပြောတယ် :: "ဒါကြောင့် မင်း စူးနျန်နဲ့ နမ်းနေတုန်းက မင်း မမူးသေးပါဘူး။ သူ့ကို အားအပြည့်နဲ့ တွန်းထုတ်လို့ရပါသေးတယ်။"

လော့ချင်ရှန်း ရူးတော့မယ် :: "တကယ် မတော်တဆပါကွာ။ သူ ကိုယ့်ကို တကယ်ကြီးလာနမ်းမယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ် အချိန်မှီ မတုံ့ပြန်နိုင်လိုက်ချိန်မှာ အဲ့လိုကြီး ဖြစ်သွားတာပါ!"

ဖိန့်ရန်က နှုတ်ခမ်းစေ့ထားရင်း "စူးနျန်ရဲ့ wechatမှာ အားလုံးမင်းပုံတွေချည်းပဲ"

"အဲ့တာသူ့ကိစ္စလေ။ သူဝန်ခံတာကို ကိုယ် လုံးဝလက်မခံထားပါဘူး!"

ဝန်ခံတယ် ဆိုတဲ့စကားကို ကြားတဲ့အခါ ဖိန့်ရန် မျက်လွှာချလိုက်တယ်။

စူးနျန်က ဝန်ခံထားတာတောင် လော့ချင်ရှန်းက သူနဲ့ဝေးဝေးမနေတဲ့အပြင် မွေးနေ့ပွဲကိုပါ ဖိတ်ပြီး နှစ်ယောက်သား ရှောင်ထွက်သွားလိုက်သေးတယ်။

မနေ့ညက သက်ရောက်မှုကြောင့်လားဆိုတာ ဖိန့်ရန် မသိပေမဲ့ အခုတော့ သူ့နှလုံးသားက အများကြီး တည်ငြိမ်သွားပြီ။

"လော့ချင်ရှန်း" ဖိန့်ရန်က သက်ပြင်းချပြီး "လော့ချင်ရှန်း လမ်းခွဲရအောင်"

လော့ချင်ရှန်းမျက်ဝန်းတွေ ရုတ်တရက် နီရဲလာတော့တယ်။

သူ အံကြိတ်ထားပြီး အချိန်အကြာကြီးနေတော့မှ ပြောလာခဲ့တယ် "မရဘူး ဖိန့်ရန်"

"ဒီ‌ အသေးမွှားကိစ္စလောက်လေးနဲ့ မင်း ကိုယ့်ကို လမ်းခွဲလို့မရဘူး။" လော့ချင်ရှန်းက တတွတ်တွတ် ရေရွတ်တော့တယ် "မင်းကြောင့် ကိုယ် ကွေးသွားခဲ့တာ။ မင်းပဲ ကိုယ့်ကို ယောက်ျားတွေကို ကြိုက်အောင်လုပ်ခဲ့တာ။ မင်း ကိုယ်နဲ့ လမ်းခွဲလို့မရဘူး။"

ဖိန့်ရန်နောက်ကျော တောင့်ခဲသွားခဲ့တယ်။

"မင်းကြောင့်ပဲ မင်းနဲ့တူတူ တက္ကသိုလ်တက်နိုင်အောင်လို့ ကိုယ် အသည်းအသန် ကြိုးစားခဲ့တာ။ ကိုယ် မိန်းကလေးတွေအများကြီးကိုလည်း ငြင်းခဲ့တယ်, ပြီးတော့ မင်းကြောင့် ကိုယ် လက်တစ်ချောင်းလည်း ကျိုးသွားခဲ့တယ်လေ။"

လော့ချင်ရှန်းလက်နှစ်ဖက်လုံး သွေးရွှဲရွှဲစွန်းနေတဲ့ မြင်ကွင်းက ဖိန့်ရန်စိတ်ထဲ ချက်ချင်း တိုးဝင်လာခဲ့တယ်။ သူ့မျက်နှာ ချက်ချင်းဖြူလျော့သွားတော့တယ်။

လော့ချင်ရှန်း နောက်ပိုင်းပြောတာတွေကို ဖိန့်ရန် သေချာမကြားရတော့ပါဘူး။ ဒီခြောက်ခြားဖွယ်မြင်ကွင်းကနေ သူ့ကိုယ်သူ မနည်းပြန်ဆွဲထုတ်နေရတယ်။

"ဖိန့်ရန်...ကိုယ် မင်းကို တကယ်ကြိုက်တာပါ" လော့ချင်ရှန်း ပြောတယ် :: "ကိုယ် မနေ့ညက အမှားလုပ်မိတာကိုလည်း သိပါတယ်။ ကိုယ် အရက်မူးတယ်, မင်းကို ဂရုမစိုက်ဘူး...ကိုယ် နောက်ဆို ဒီလိုမဖြစ်စေရဘူး။ ကိုယ် ပြန်သွားပြီး စူးနျန်နဲ့လည်း အဆက်ဖြတ်လိုက်မယ်, ပြီးတော့ အရက်လည်း လုံးဝမ‌သောက်တော့ဘူး။ မင်း ကိုယ့်ကို ခွင့်လွှတ်မယ်မလားဟင်?"

ဖိန့်ရန်က သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေတယ်။

လော့ချင်ရှန်းတစ်ယောက် ဖိန့်ရန် စိတ်ပြန်ပျော့ချင်နေပြီလို့ ထင်မိလိုက်ရုံရှိသေး ဖိန့်ရန်က သူ့အကြည့်ကို ရုတ်တရက် ပြန်ရုပ်ပြီး သူ့ရှေ့က ပလက်စတစ်အိတ်ကို မြဲမြဲချည်နှောင်လိုက်တယ်။

"မင်း ငါ့အတွက် အဲ့လူတွေကို မောင်းထုတ်ပေးခဲ့လို့ ငါ မင်းကို တကယ်ကျေးဇူးတင်ပါတယ်။" ဖိန့်ရန် ဖြည်းဖြည်းချင်း ဆက်ပြောတယ် "ငါ မင်းကို ဆေးကုသငွေရဲ့ ငါးဆကို ပြန်ပေးမယ်လေ?"

"ဒါမှမဟုတ် မင်း အနာဂတ်မှာ အကူအညီလိုရင် ငါ့ကို လာပြောလို့ရတယ်။ ငါ ကူညီနိုင်ရင် ကူညီပေးမယ်။ ပြီးတော့ မင်း ငါ့ဆီကနေ ပိုက်ဆံချေးချင်ရင်လည်း ရတယ်။" ဖိန့်ရန်က ခပ်အေးအေး ဆက်ပြောတယ် :: "လမ်းခွဲကြစို့ လော့ချင်ရှန်း"

လော့ချင်ရှန်းတစ်ယောက် ဝိုင်တစ်ဒါဇင်လောက် ဝယ်လာပြီး အိပ်ဆောင်ဆီ ပြန်လာတော့တယ်။

သူ တတိယမြောက်ပုလင်းကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့အခန်းဖော်က သူ့ကို နောက်ဆုံးတော့ တစ်ချက်လှည့်ကြည့်လာတယ်။

ယန်းကျွင်က ကြက်သားစားနိုင်လိုက်တဲ့ ဂိမ်းမျက်နှာပြင်ကို ပိတ်ပြီး မတ်တပ်ထရပ်ကာ လော့ချင်ရှန်းစားပွဲပေါ် လက်ဆောင်တင်ပေးလိုက်တယ်, သူ တည်တည်ငြိမ်ငြိမ် ‌ပြောတယ် :: "happy birthday မင်းအတွက် လက်ဆောင်"

¶ကြက်သားစားတယ်ဆိုတာ ဂိမ်းမှာ အနိုင်ရလိုက်တာကို ပြောတာပါ {PUBG} ¶

"‌ကျေးဇူးပဲကွာ" လော့ချင်ရှန်းက ရီဝေဝေ ပြန်ဖြေပြီး လက်ဆောင်ဘူးကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ နာမည်ကြီးဘရန်းတစ်ခုရဲ့ headphonesအသစ်ပဲ, ဈေးကမနည်းဘူး။

သူ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ တကယ်တော့ သူ နဲ့ ယန်းကျွင်ရဲ့ဆက်ဆံရေးက ဒီလောက်ကြီး ကောင်းမွန်တာမဟုတ်ပေ။ ယန်းကျွင်တစ်ယောက် သူ့ကို ဒီလိုဈေးကြီးတဲ့လက်ဆောင်မျိုး ပေးလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

လော့ချင်ရှန်းက ဝိုင်တစ်ငုံ ဆက်‌သောက်ပြီး နှုတ်ခမ်းထောင့်ကို သုတ်ကာ ရုတ်တရက် မေးလိုက်တယ် "လင်းခန်းပြောဝာာ မင်း မနေ့ညက ဖိန့်ရန်နဲ့တူတူ ပြန်သွားတာဆို? သူ...သူ စိတ်ဆိုးနေတာလား? သူ မင်းကို တစ်ခုခုပြောသေးလား?"

ယန်းကျွင် :: "ဘာလို့ မေးတာလဲ?"

လော့ချင်ရှန်း မမူးသေးပါဘူး, ပြီးတော့ ယန်းကျွင်နဲ့ ဖိန့်ရန်တို့က သူစိမ်းသာသာပဲ။ ဖိန့်ရန်အကျင့်အရဆို ယန်းကျွင်ကို တစ်ခုခုပြောပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။

"ထားလိုက်ပါတော့ အဆင်ပြေပါတယ်" လော့ချင်ရှန်းက နောက်မှီပြီး သက်ပြင်းအရှည်ကြီး ချလိုက်တယ်။

ယန်းကျွင် :: "ဘာဖြစ်လို့လဲ?"

လော့ချင်ရှန်းတစ်ယောက် သူ့အခန်းဖော်ရဲ့ ဂရုတစိုက်အမေးမှာ မူမမှန်မှုကို သတိတောင်မထားမိလိုက်ပေ။

"ဖိန့်ရန်နဲ့ ငါနဲ့ စကားများခဲ့တယ်" လော့ချင်ရှန်းက မျက်မှောင်ကြုပ်ပြီး "ပြီးတော့ ငါ့ကို လမ်းခွဲတယ်...ငါ-ိုး! စူးနျန်အပြစ်ပဲ!"

ယန်းကျွင်က မသိမသာ မျက်ခုံးပင့်သွားပြီးမှ ပြောလိုက်တယ် "နောက်တစ်ယောက်က ပိုကောင်းမှာပါ"

"နောက်တစ်ယောက်ဆိုတာ မရှိဘူး" လော့ချင်ရှန်းက စိတ်ဆိုးမာန်ဆိုး ပြောတယ်, "ဖိန့်ရန် စိတ်တည်ငြိမ်သွားတာနဲ့ ငါ သူ့ဆီသွားပြီး အမှားဝန်ခံမယ်။"

ယန်းကျွင်က ထပ်မပြောတော့ပေ။ သူ ကွန်ပျူတာဆီ ပြန်သွားပြီး သူ အခုလေးတင် ရရှိလိုက်တဲ့ WeChat messageကို နှိပ်လိုက်တယ်။

ပုကျုံးယောင် :: [အဖေ တကယ်ပဲ ကစားတာ ရပ်တော့မလို့လား? အိုကေ ဒါဆို နောက်တစ်ခေါက်မှ တူတူကစားရအောင်, ဒီသားလေးကို ခေါ်နော်]

ပုကျုံးယောင် :: [မဟုတ်ဘူး! အဖေ နောက်တစ်ခေါက် လိုင်းတက်တာနဲ့ ဒီသားလေးကို ခေါ်လိုက်!သားလေး အဆင်သင့်ရှိနေပါ့မယ်! အဖေ!]

Quick :: [လူမပြည့်သေးရင် ငါ့ကို ခေါ်လိုက်]

ပုကျုံးယောင် :: [ ? ? ? ]

ပုကျုံး‌ယောင် :: [ထပ်မပြောတော့ဘူးလား အဖေ? ဒါဆို ဒီသားလေး အခုချက်ချင်း ခေါ်လိုက်တော့မယ်နော်!]

Quick :: [ပျော်နေလို့ မင်းနဲ့ နှစ်ပွဲဆက်ဆော့မယ်]

--------------

• နောက်တစ်ပိုင်းဆို လော့ချင်ရှန်းနဲ့ တွဲခဲ့တဲ့အကြောင်းကို သေချာသိရမှာပါ။ တို့ဖိန့်ရန်လေးကို တအားအထင်မလွဲကြပါနဲ့ •́  ‿ ,•̀

•ယန်းကျွင်ရဲ့ ဂိမ်းIDက Quick ပါ။ ရုပ်တည်ကြီးနဲ့ ချစ်ဖို့ကောင်းနေတာ ♡(˃͈ દ ˂͈ ༶ )

__________

[Zawgyi]

ေလာ့ခ်င္ရွန္း ႏိုးလာတဲ့အခါ မိုးစင္စင္လင္းေနေလၿပီ။

သူ အေတာ္ၾကာတဲ့ထိ မ်က္လံုးကို ေမွးက်ဉ္းထားၿပီးေနာက္ အိပ္ရာကေန ထထိုင္ဖို႔ ႀကိဳးစားလိုက္တယ္။ သူ႔ေခါင္းတစ္ခုလံုး သစ္သားတုတ္တစ္ေခ်ာင္းနဲ႔ ခပ္ျပင္းျပင္း ရိုက္ခံထားရသလို ေသေလာက္ေအာင္ ကိုက္ခဲေနတာေၾကာင့္ သူ အံႀကိတ္ထားရင္း နာက်င္မႈကို သည္းခံလိုက္တယ္။

ေလာ့ခ်င္ရွန္းက ပတ္ပတ္လည္ကို လိုက္ၾကၫ့္လိုက္တဲ့အခါ သူ ဟိုတယ္ခန္းတစ္ခုမွာ လဲေနမွန္း သိလိုက္ရ‌တယ္။ သူက အေပၚပိုင္းဗလာနဲ႔ ေအာက္ပိုင္းမွာလည္း အတြင္းခံတစ္ထည္တည္း ဝတ္ဆင္ထားတယ္။ သူ အမူးလြန္ျခင္းရဲ့ ေစးကပ္ကပ္ျဖစ္မႈကို မခံစားရေပ။ တစ္ေယာက္ေယာက္ သူ႔ကို ကူညီသန႔္ရွင္းေပးထားတာပဲ ျဖစ္ရမယ္။

ေရခ်ိဳးခန္းထဲမွာ ေရက်သံသဲ့သဲ့ ၾကားေနရၿပီး ေလာ့ခ်င္ရွန္းက ခက္ခက္ခဲခဲ သည္းခံရင္း "ေဘဘီ မင္း ဘာလုပ္ေနတာလဲ? ကိုယ့္ေခါင္းတစ္ခုလံုး ကိုက္ခဲေနၿပီ....ငလူး ‌အဲ့ဒီေသာက္က်ိဳးနည္းကာရာအိုေကဆိုင္က ဝိုင္အတုေတြ ေရာင္းတာပဲျဖစ္ရမယ္!"

ေလာ့ခ်င္ရွန္းက ဆံပင္ကို ဆြဲဆုပ္လိုက္ၿပီး ေစာင္ထဲမွ ထြက္ဖို႔အလုပ္ ေရခ်ိဳးခန္းထဲမွ ထြက္လာေသာ ေျခလွမ္းသံကို ၾကားလိုက္ရတယ္။

"ကော မင္း ႏိုးလာၿပီလား? မသက္မသာျဖစ္ေနတာမ်ိဳး ရိွလား? ေရတစ္ခြက္ေလာက္ ခပ္ေပးရမလားဟင္?"

ေလာ့ခ်င္ရွန္းက ရပ္တန႔္သြားၿပီး ေခါင္းလွၫ့္ကာ ဇေဝဇဝါ ေမးျမန္းလိုက္တယ္ :: "ဘာလို႔ မင္းျဖစ္ေနရတာလဲ?"

စူးန်န္က ေလာေလာလတ္လတ္ ေဆးေၾကာထားတဲ့ ေရခြက္တစ္ခြက္ကို လက္ထဲမွာ ကိုင္ထားတယ္ :: "ငါ မဟုတ္လို႔ ဘယ္သူျဖစ္ရမွာလဲ?"

"ငါ့ရတနာေလး...ဖိန႔္ရန္ ဘယ္မွာလဲ?"

"သူက မေန့ညတည္းက ျပန္သြားၿပီေလ" စူးန်န္က ၿပံဳးျပလိုက္ၿပီး "ငါ မင္းကို ေရတစ္ခြက္အရင္ခပ္ေပးမယ္။ ျမန္ျမန္ထ ေန့လည္မွာ အတန္းရိွေသးတယ္ေလ။"

ေလာ့ခ်င္ရွန္းက ဒူးေထာင္ထိုင္ကာ သူ႔နဖူးနဲ႔ ဒူးေခါင္းကို အေတာ္ၾကာ ဖိကပ္ထားၿပီးမွ မေန့ညက အျဖစ္အပ်က္ေတြကို တျဖည္းျဖည္း ျပန္အမွတ္ရလာေတာ့တယ္။

သူ toiletကေန ျပန္ေရာက္လာေတာ့ ဖိန႔္ရန္က အခန္းထဲမွာ မရိွေတာ့ သူလည္း ျပန္မေခ်ာ့ႏိုင္လိုက္ဘူး။

အဓိက က.....

ေလာ့ခ်င္ရွန္း မေနႏိုင္ဘဲ ေရခ်ိဳးခန္းဖက္ တစ္ခ်က္ျပန္ၾကၫ့္ၿပီး သူ႔လက္ကို ေျမႇာက္ကာ မ်က္ႏွာကို ခပ္ၾကမ္းၾကမ္း ပြတ္သပ္လိုက္တယ္။

ခ်ီး သူ စူးန်န္ကို နမ္းမိလိုက္ပံုပဲ။

ဝိုင္အတုက လူေတြကို ေသာက္ရမ္းဒုကၡေပးတာပဲ။

ဒီအျဖစ္အပ်က္က ေလာ့ခ်င္ရွန္းမ်က္လံုးထဲမွာ မေတာ္တဆ ျဖစ္ရပ္လိုပဲ ျမင္တာေၾကာင့္ တစ္ခဏေလာက္ စိတ္တိုေနၿပီးေနာက္ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားတယ္။ အခ်ိန္အေတာ္ၾကာ အားသြင္းထားရတဲ့ ဖုန္းလည္း ေနာက္ဆံုးေတာ့ ျပန္ပြင့္လာတယ္, သူ ျမန္ျမန္လွမ္းယူၿပီး တစ္ခ်က္ၾကၫ့္လိုက္တယ္။

သူ WeChat ဖြင့္ၾကၫ့္လိုက္တဲ့အခါ မရယ္ဘဲမ‌ေနႏိုင္ေတာ့ေပ --- မေန့ညက သူ ဖိန႔္ရန္ဆီ voice message အခုသံုးဆယ္ေက်ာ္ေလာက္ ပို႔ခဲ့မိတယ္, ႏွစ္စကၠန႔္ သံုးစကၠန႔္ေလာက္ပဲ ၾကာတာေရာ စကၠန႔္ေလးဆယ္ငါးဆယ္စာေတြေရာပဲ။

ဖိန႔္ရန္ေတာ့ သူ႔ကို ေသခ်ာေပါက္ စိတ္ဆိုးေနေလာက္ၿပီ။

ေလာ့ခ်င္ရွန္းက ေျခေထာက္ႏွစ္ဖက္ကို ခ်ိတ္ထိုင္လိုက္ၿပီး စာစရိုက္ေတာ့တယ္။

ေလာ့ခ်င္ရွန္း :: [ဟားဟားဟား ေဘဘီ မေန့ညက ကိုယ့္ေၾကာင့္ စိတ္ရႈပ္သြားရေသးလား?]

ေလာ့ခ်င္ရွန္း :: [ေဘဘီ မင္း ကိုယ့္ကို မေန့ညက ဟိုတယ္ကို ဘာလို႔လိုက္မပို႔ရတာလဲ? {ဗိုက္ကိုကိုင္ၿပီးငိုေန} ]

ေလာ့ခ်င္ရွန္း :: [ေဘဘီ မင္း အရမ္းရက္စက္တာပဲကြာ, ဒီေလာက္messageအမ်ားႀကီး ပို႔ထားတာကို ကိုယ့္ကို တစ္ေစာင္ေလးေတာင္ ျပန္မပို႔ထားဘူး။]

စူးန်န္က ေရယူလာေပးတဲ့အခါ ေလာ့ခ်င္ရွန္းလည္း လွမ္းယူၿပီး တစ္ငံုေသာက္လိုက္တယ္ :: "ေက်းဇူးပဲကြာ။ ဒါနဲ႔ မင္းေျခေထာက္က အဆင္ေျပလား? မေန့ညက ငါ မင္းကို ထိခိုက္ေအာင္ လုပ္မိေသးလား?"

"အဆင္ေျပတယ္ရယ္။ အစတည္းက သက္သာခ်င္ေနၿပီ။" ‌စူးန်န္က ပါးခ်ိဳင့္တစ္ဖက္ ေပၚတဲ့ထိ ရယ္ေမာရင္း ျပန္ေျဖလိုက္တယ္။

ေလာ့ခ်င္ရွန္းတစ္ေယာက္ ေဆးေၾကာသန႔္စင္လို႔ၿပီးေတာ့ ဖုန္းကို ေနာက္တစ္ခါ ျပန္ၾကၫ့္လိုက္တယ္။ ဒါေပမဲ့ ျပန္စာတစ္ေစာင္ေတာင္ ေရာက္မလာေသးပါဘူး။ သူ မ်က္ေမွာင္ၾကဳပ္သြားတယ္။

ေလာ့ခ်င္ရွန္းက ေရခ်ိဳးခန္းတံခါးကို ဖြင့္လိုက္တဲ့အခါ စူးန်န္က သူ႔ေဘးမွာ မတ္တပ္ရပ္ေနၿပီး မွန္ထဲမွာ သူ႔ရဲ့ ေရ႔ွဆံၿမိတ္ကို ဟိုလိမ္သည္လိမ္ ကလိေနေလရဲ့။

ေလာ့ခ်င္ရွန္းက ေမးလိုက္တယ္ :: "မင္း တစ္ညလံုး မျပန္ရေသးတာလား? မေန့ညက မင္း ဘယ္နားမွာ သြားအိပ္...."

စူးန်န္က သူ႔ကိုယ္ေပၚ ရုတ္တရက္ႀကီး မွီခ်လာၿပီး ေခါင္းကိုေမာ့ကာ သူ႔နားခ်ည္းကပ္လာတာေၾကာင့္ ေနာက္ပိုင္းစကားေတြကို ခ်က္ခ်င္းျပန္မ်ိဳခ်လိုက္ရတယ္။

ေလာ့ခ်င္ရွန္းက အေနာက္ကို ေျခလွမ္းအနည္းငယ္ ျမန္ျမန္ဆုတ္လိုက္ၿပီး "မင္း ဘာလုပ္တာလဲ?"

စူးန်န္က တစ္ခဏေလာက္ စဉ္းစားၾကၫ့္ၿပီးမွ :: "morning kissေလ?"

ေလာ့ခ်င္ရွန္းရဲ့မ်က္လံုးတစ္စံုက အနည္းငယ္ ျပဴးက်ယ္သြားၿပီး ေၾကာင္အေနေသာ မ်က္ႏွာထားမွ ထိတ္လန႔္သြားေသာ မ်က္ႏွာထားသို႔ ေျပာင္းလဲသြားေတာ့တယ္။ အခ်ိန္အေတာ္ၾကာမွ စကားျပန္စႏိုင္တယ္ :: "စူးန်န္ မင္း အရက္မူးေနတုန္းလား?"

-----

အခန္းထဲမွ ဖုန္းသံက စကၠန႔္ႏွစ္ဆယ္နီးနီးေလာက္ ျမည္ၿပီးတဲ့ေနာက္ အိပ္ရာေပၚကလူလည္း လႈပ္ရွားလာခဲ့တယ္။

ဖိန႔္ရန္တစ္ေယာက္ မ်က္လံုးပြင့္လာၿပီး အိပ္မက္ထဲမွ ႏိုးထဖို႔ စကၠန႔္အနည္းငယ္ ၾကာသြားခဲ့တယ္။

သူ ဖုန္းမက်ခင္ ႏွစ္စကၠန႔္အလိုမွာ ကိုင္လိုက္တယ္။ အိပ္ခ်င္ေနေသးတာေၾကာင့္ သူ အသံတစ္သံကိုပဲ ျပဳလုပ္ႏိုင္တယ္ :: "အင္း"

"ေဘဘီ ကိုယ္ပါ...မင္း အိပ္ေနတုန္းလား? အို ‌ဒီေန့ မင္းမွာ အတန္းမရိွဘူးေလ ဟုတ္တယ္မလား?" ေလာ့ခ်င္ရွန္းအသံက တအားကိုမွ အားအင္ျပၫ့္ဝတက္ႂကြေနပံုပဲ :: "ကိုယ္ေတာ့ ေန့လည္မွာပဲ တစ္ခ်ိန္ရိွတာ။ ေဘဘီ မင္း ဘာစားခ်င္လဲ? ကိုယ္ မင္းကို လာပို႔ေပးမယ္ေလ"

ဖိန႔္ရန္ :: "မလိုဘူး"

"မင္း စားခ်င္ရင္ ကိုယ္ လာပို႔ေပးပါ့မယ္။ မင္း ဘာစားခ်င္လဲသာ ေျပာလိုက္" ေလာ့ခ်င္ရွန္းက အနီးတစ္ဝိုက္က ဆိုင္ေတြကို လိုက္ၾကၫ့္ရင္း "မင္း ကိုယ့္messageေတြကို မဖတ္ဘူးလား? ကိုယ့္ကို ဘာလို႔ replyမျပန္ရတာလဲ? မေန့ညကလည္း မျပန္ဘူး။ ေဘဘီ မင္းက တအားရက္စက္တာပဲ။ ကိုယ့္ေကာင္ေလးကို အဲ့လိုႀကီးေတာ့ နာက်င္ေအာင္ မလုပ္သင့္...."

"ေလာ့ခ်င္ရွန္း" ဖိန႔္ရန္က ၾကားျဖတ္ေျပာလိုက္တယ္။

"အိုေက?"

ဖိန႔္ရန္က ႏွစ္စကၠန႔္ေလာက္ အသံတိတ္ေနၿပီးမွ "ဖက္ထုပ္တစ္ပြဲ ဝယ္ခဲ့ေပး ေက်းဇူးပဲ"

"ဘာအတြက္မ်ား ေက်းဇူးတင္ေနရတာလဲ?" ေလာ့ခ်င္ရွန္းက ရယ္ရယ္ေမာေမာနဲ႔ "‌မင္းရဲ့ အစား‌အေသာက္ကို ယူလာေပးရမွာ ကိုယ့္တာဝန္မဟုတ္လို႔.....?"

ဖိန႔္ရန္ကေတာ့ တၫ့္ပဲ ဖုန္းခ်လိုက္ပါၿပီ။

သူ႔မ်က္ႏွာကို ပြတ္သပ္ၿပီး မေန့ညက အိပ္မက္အေၾကာင္းကို ျပန္မေတြးဘဲ မေနႏိုင္ေတာ့ေပ။

အေတာ္ေလးကို ရွင္းျပမရႏိုင္တဲ့ အိပ္မက္တစ္ခုပဲ။ အိပ္မက္ထဲမွာ သူ နဲ႔ ေလာ့ခ်င္ရွန္းက ေတာင္တစ္ေတာင္ေပၚ တက္ေနၾကတာတဲ့။ သူတို႔ေတြ ေတာင္ၿပိဳတာနဲ႔ ႀကံဳပါေလေရာ။ သူက ဂူတစ္ခုထဲ ဝင္ပုန္းလိုက္တယ္။ သူ လွၫ့္ၾကၫ့္လိုက္တဲ့အခါ ေလာ့ခ်င္ရွန္းကေန ယန္းကြၽင္ျဖစ္သြားခဲ့တယ္။

အိပ္မက္ထဲက ယန္းကြၽင္မွာ အျပင္ေလာကမွာလို ေအးတိေအးစက္နဲ႔ သူ႔ကို မေၾကာက္ဖို႔ ႏွစ္သိမ့္တယ္။ ၿပီးတဲ့ေနာက္ သူတို႔ႏွစ္ေယာက္ အာရုဏ္တက္ခ်ိန္ထိ ေစာင့္ခဲ့ရတယ္။

ယန္းကြၽင္ တစ္ခုခု ေျပာရင္လည္းေျပာေလာက္တယ္, ‌ဒါေပမဲ့ သူ မမွတ္မိႏိုင္ေတာ့ဘူး။

ဖိန႔္ရန္မ်က္ႏွာသစ္ၿပီးေနာက္ အခန္းတံခါးေခါက္သံ ထြက္လာခဲ့တယ္။

သူ တံခါးဖြင့္လိုက္တာနဲ႔ ေလာ့ခ်င္ရွန္းက လက္ထဲက ပလက္စတစ္ထုပ္ကို ေျမႇာက္ျပကာ "ပုစြန္ဖက္ထုပ္ေလး နည္းနည္းစပ္ထားၿပီး ႏွမ္းဆီေလးနဲ႔ အႀကိဳက္ပဲမလား?"

ဖိန႔္ရန္က သူ႔မ်က္ႏွာကို တစ္ခဏေလာက္ တံဘက္နဲ႔ သုတ္ေနၿပီး ေရခ်ိဳးခန္းထဲ ျပန္သြားလိုက္တယ္ :: "အထဲဝင္ၿပီးလာထိုင္ေလ, ငါ တံဘက္သြားေလ်ွာ္လိုက္အံုးမယ္။"

အရာအားလံုး သန႔္ရွင္းလို႔အၿပီးမွာ ေလာ့ခ်င္ရွန္းက အျခားအခန္းေဖာ္တစ္ဦးရဲ့ ထိုင္ခံုကို ဖိန႔္ရန္ေဘးနားသို႔ ဆြဲလာၿပီး ထိုင္ခ်ကာ ဖိန႔္ရန္စားေနတာကို ေမးေထာက္ရင္း ၾကၫ့္ရႈေနေလရဲ့။

ေလာ့ခ်င္ရွန္းက ဖိန႔္ရန္ အစာစားေနတာကို ၾကၫ့္ရတာ တအားသေဘာက်တယ္။ ဖိန႔္ရန္ရဲ့ ကိုယ္ေနဟန္ထားက တအားေကာင္းမြန္တယ္။ သူ ေန့လည္မွာ ေဘာလံုးကစားၿပီး အူလိွမ့္ေနေအာင္ ဗိုက္ဆာေနရင္ေတာင္ သူ႔ရဲ့အစားစားဟန္က သပ္ရပ္ေၾကာ့ရွင္းေနတုန္းပဲ။ သူ႔ၾကၫ့္ရတာ ခပ္ေအးေအးပဲ။

ဖိန႔္ရန္ စားေသာက္လို႔ၿပီးတဲ့အခါ လမ္းခြဲဖို႔ စေျပာေတာ့ ေလာ့ခ်င္ရွန္းက ၿပံဳးၿပံဳးႀကီးနဲ႔ ျပန္ေျဖလိုက္တယ္ "အင္း"

စကၠန႔္အနည္းငယ္ၾကာတဲ့အခါ ေလာ့ခ်င္ရွန္းအၿပံဳးေတြ ေတာင့္ခဲသြားၿပီး မယံုႏိုင္စြာ ျပန္ေမးေတာ့တယ္ :: "ဘာႀကီး?"

"ငါေျပာတာ" ဖိန႔္ရန္က ေနာက္တစ္ေခါက္ ျပန္ေျပာလိုက္တယ္ "လမ္းခြဲၾကစို႔"

"ဘာလို႔လဲ?" ေလာ့ခ်င္ရွန္း လံုးဝမရယ္ႏိုင္ေတာ့ပါဘူး။ သူ တျဖည္းျဖည္း ေက်ာမတ္သြားၿပီး အနည္းငယ္ ပ်ာယာခတ္ေနပါၿပီ :: "ေဘဘီ မင္း ကိုယ့္ကို ေနာက္ေနတာမလား?"

ဖိန႔္ရန္ :: "ငါ ဒီကိစၥကို ဟာသမလုပ္တတ္ဘူး။"

ေလာ့ခ်င္ရွန္းရဲ့ လည္စိက ေအာက္သို႔ လိမ့္သြားၿပီး အခ်ိန္အေတာ္ၾကာမွ သူ အသံျပန္ထြက္ႏိုင္ေတာ့တယ္ :: "ဘာလို႔လဲ? ကိုယ္ ဘာအမွားလုပ္မိလို႔လဲ? ကိုယ္ မင္းကို မေပ်ာ္မရႊင္ ျဖစ္ေအာင္ လုပ္မိလို႔လား....မေန့ညက မင္းစကားကို နားမေထာင္ဘဲ အမ်ားႀကီး ေသာက္လိုက္လို႔လားဟင္? မဟုတ္ရင္ ကိုယ္ မင္းကို messageေတြ အမ်ားႀကီး ပို႔လို႔လားဟင္? ကိုယ္ မင္းကို အေနွာင့္အယွက္ ေပးမိ....."

ေလာ့ခ်င္ရွန္းက စားပြဲေပၚကို တစ္ခ်က္လွမ္းၾကၫ့္ၿပီး "ဒါမွမဟုတ္ ဒီဖက္ထုပ္က စားမေကာင္းလို႔လား?"

ဖိန႔္ရန္က အလိုလို မ်က္ေမွာင္ၾကဳပ္သြားတယ္ :: "ငါ အဲ့လိုကိစၥေတြအေပၚ စိတ္မဆိုးတတ္ဘူး။"

"ကိုယ္ သိတယ္ ကိုယ္သိပါတယ္" ေလာ့ခ်င္ရွန္းက ေအာက္ႏႈတ္ခမ္းကို သပ္လိုက္ၿပီး "ဒါဆို ကိုယ္ မင္းစိတ္ဆိုးသြားရတဲ့ အေၾကာင္းရင္းကို မရွာႏိုင္...."

"ငါ ျမင္လိုက္တယ္"

"ဘာကိုလဲ?"

"ငါ ျမင္လိုက္တယ္" ဖိန႔္ရန္က တစ္ခဏေလာက္ အသံတိတ္သြားၿပီးမွ "toiletတံခါးနားက မင္းနဲ႔စူးန်န္ကို"

ေလာ့ခ်င္ရွန္းက toiletတံခါးနားမွာ ဘာျဖစ္သြားလို႔လဲဆိုၿပီး ျပန္ေမးမလို႔ရိွေသး ရုတ္တရက္ မိုးႀကိဳးအပစ္ခံလိုက္ရသလို သူ႔တစ္ကိုယ္လံုး ေတာင့္ခဲၿပီး မလႈပ္မယွက္ႏိုင္ ျဖစ္သြားခဲ့တယ္။

ဖိန႔္ရန္က ဖက္ထုပ္ဘူးကို ျပန္သိမ္းၿပီးတဲ့ေနာက္ "တူတူရိွခဲ့တဲ့သံုးႏွစ္မွာ မင္း ငါ့ကို လက္ပတ္နာရီတစ္လံုးရယ္ ေက်ာင္းလြယ္အိတ္တစ္ခ်ိဳ႕ရယ္ sneakerဖိနပ္၇ရံရယ္....ဒါ ငါ မွတ္မိတာအားလံုးပဲ, ငါ့ကို ခဏအခ်ိန္ေပး အိမ္ျပန္ၿပီး ေရတြက္လိုက္မယ္။ ေဈးတြက္ၿပီးတာနဲ႔ မင္းကို Wechat ကေန ျပန္လႊဲေပးလိုက္မယ္။ အို ဒီဖက္ထုပ္ကေရာ ဘယ္ေလာက္က်လဲ? ငါ မင္းကို အခုလႊဲေပးလိုက္မယ္။"

ေလာ့ခ်င္ရွန္းတစ္ေယာက္ ဖိန႔္ရန္ Wechat ေငြလႊဲကို မဖြင့္ခင္အခ်ိန္ထိ ဒီျပႆနာရဲ့ ေလးနက္မႈကို လံုးလံုးနားမလည္ေသးေပ။

သူ အလိုလို လက္ဆန႔္ၿပီး ဖိန႔္ရန္လက္ေကာက္ဝတ္ကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္တယ္။

"မဟုတ္...." ေလာ့ခ်င္ရွန္းက စကားစီဖို႔ မနည္းႀကိဳးစားေနရၿပီး အဆက္အစပ္မရိွစြာ ထေျပာေတာ့တယ္ :: "မင္း ထင္သလို မဟုတ္ပါဘူး, ကိုယ္ေျပာတာ နားေထာင္ေပးပါအံုး ေဘဘီ...မင္း ေျပာတာ မေန့ညက...မေန့ညက မင္း အဲ့ေနရာမွာ ရိွေနတယ္...ကိုယ္ အမ်ားႀကီး ေသာက္ထားတာ, ကိုယ္ေခါင္းက အနည္းငယ္ ရီေဝေနတာ..."

"ဒါေၾကာင့္ မင္း တစ္စံုတစ္ေယာက္ကို နမ္းလိုက္မိတာေပါ့" ဖိန႔္ရန္က သူ႔ကို ကူၿပီးအဆံုးသတ္ေပးလိုက္တယ္။

"ဟုတ္တယ္....မဟုတ္ဘူး။ အဲ့လိုမဟုတ္ဘူး" ေလာ့ခ်င္ရွန္းက ျမန္ျမန္ေျပာလိုက္တယ္ :: "သူက ကိုယ့္ကို ဘလိုင္းႀကီး လာနမ္းတာ, ကိုယ္ ဘာမျွပန္မလုပ္ဘူး။ ကိုယ္ သူနဲ႔ ဘာမွမရႈပ္ထားဘူး..."

ဖိန႔္ရန္ :: "ငါ လင္းခန္းကို ေမးၿပီးသြားၿပီ။ မင္း မေန့ညက အခန္းထဲ ျပန္လာေတာ့ သူတို႔နဲ႔ ဂိမ္းဆက္ေဆာ့ေသးတယ္တဲ့"

ေလာ့ခ်င္ရွန္းတစ္ေယာက္ ဒီစကားၾကားတဲ့အခါ ဖိန႔္ရန္ကို ေၾကာင္အစြာ စိုက္ၾကၫ့္ရံုသာ တတ္ႏိုင္ေတာ့တယ္။

"မင္းက အလယ္ေလာက္မွာ မမူးေသးပါဘူး။ ေနာက္ေတာ့မွ ဆက္ေသာက္ရင္း ေသာက္ရင္းနဲ႔ လူမွန္းမသိေအာင္ မူးသြားတာ" ဖိန႔္ရန္က တည္တည္ၿငိမ္ၿငိမ္ ဆက္ေျပာတယ္ :: "ဒါေၾကာင့္ မင္း စူးန်န္နဲ႔ နမ္းေနတုန္းက မင္း မမူးေသးပါဘူး။ သူ႔ကို အားအျပၫ့္နဲ႔ တြန္းထုတ္လို႔ရပါေသးတယ္။"

ေလာ့ခ်င္ရွန္း ရူးေတာ့မယ္ :: "တကယ္ မေတာ္တဆပါကြာ။ သူ ကိုယ့္ကို တကယ္ႀကီးလာနမ္းမယ္လို႔ မထင္ထားခဲ့ဘူး။ ကိုယ္ အခ်ိန္မွီ မတံု႔ျပန္ႏိုင္လိုက္ခ်ိန္မွာ အဲ့လိုႀကီး ျဖစ္သြားတာပါ!"

ဖိန႔္ရန္က ႏႈတ္ခမ္းေစ့ထားရင္း "စူးန်န္ရဲ့ wechatမွာ အားလံုးမင္းပံုေတြခ်ည္းပဲ"

"အဲ့တာသူ႔ကိစၥေလ။ သူဝန္ခံတာကို ကိုယ္ လံုးဝလက္မခံထားပါဘူး!"

ဝန္ခံတယ္ ဆိုတဲ့စကားကို ၾကားတဲ့အခါ ဖိန႔္ရန္ မ်က္လႊာခ်လိုက္တယ္။

စူးန်န္က ဝန္ခံထားတာေတာင္ ေလာ့ခ်င္ရွန္းက သူနဲ႔ေဝးေဝးမေနတဲ့အျပင္ ေမြးေန့ပြဲကိုပါ ဖိတ္ၿပီး ႏွစ္ေယာက္သား ေရွာင္ထြက္သြားလိုက္ေသးတယ္။

မေန့ညက သက္ေရာက္မႈေၾကာင့္လားဆိုတာ ဖိန႔္ရန္ မသိေပမဲ့ အခုေတာ့ သူ႔ႏွလံုးသားက အမ်ားႀကီး တည္ၿငိမ္သြားၿပီ။

"ေလာ့ခ်င္ရွန္း" ဖိန႔္ရန္က သက္ျပင္းခ်ၿပီး "ေလာ့ခ်င္ရွန္း လမ္းခြဲရေအာင္"

ေလာ့ခ်င္ရွန္းမ်က္ဝန္းေတြ ရုတ္တရက္ နီရဲလာေတာ့တယ္။

သူ အံႀကိတ္ထားၿပီး အခ်ိန္အၾကာႀကီးေနေတာ့မွ ေျပာလာခဲ့တယ္ "မရဘူး ဖိန႔္ရန္"

"ဒီ‌ အေသးမႊားကိစၥေလာက္ေလးနဲ႔ မင္း ကိုယ့္ကို လမ္းခြဲလို႔မရဘူး။" ေလာ့ခ်င္ရွန္းက တတြတ္တြတ္ ေရရြတ္ေတာ့တယ္ "မင္းေၾကာင့္ ကိုယ္ ေကြးသြားခဲ့တာ။ မင္းပဲ ကိုယ့္ကို ေယာက္်ားေတြကို ႀကိဳက္ေအာင္လုပ္ခဲ့တာ။ မင္း ကိုယ္နဲ႔ လမ္းခြဲလို႔မရဘူး။"

ဖိန႔္ရန္ေနာက္ေက်ာ ေတာင့္ခဲသြားခဲ့တယ္။

"မင္းေၾကာင့္ပဲ မင္းနဲ႔တူတူ တကၠသိုလ္တက္ႏိုင္ေအာင္လို႔ ကိုယ္ အသည္းအသန္ ႀကိဳးစားခဲ့တာ။ ကိုယ္ မိန္းကေလးေတြအမ်ားႀကီးကိုလည္း ျငင္းခဲ့တယ္, ၿပီးေတာ့ မင္းေၾကာင့္ ကိုယ္ လက္တစ္ေခ်ာင္းလည္း က်ိဳးသြားခဲ့တယ္ေလ။"

ေလာ့ခ်င္ရွန္းလက္ႏွစ္ဖက္လံုး ေသြးရႊဲရႊဲစြန္းေနတဲ့ ျမင္ကြင္းက ဖိန႔္ရန္စိတ္ထဲ ခ်က္ခ်င္း တိုးဝင္လာခဲ့တယ္။ သူ႔မ်က္ႏွာ ခ်က္ခ်င္းျဖဴေလ်ာ့သြားေတာ့တယ္။

ေလာ့ခ်င္ရွန္း ေနာက္ပိုင္းေျပာတာေတြကို ဖိန႔္ရန္ ေသခ်ာမၾကားရေတာ့ပါဘူး။ ဒီေျခာက္ျခားဖြယ္ျမင္ကြင္းကေန သူ႔ကိုယ္သူ မနည္းျပန္ဆြဲထုတ္ေနရတယ္။

"ဖိန႔္ရန္...ကိုယ္ မင္းကို တကယ္ႀကိဳက္တာပါ" ေလာ့ခ်င္ရွန္း ေျပာတယ္ :: "ကိုယ္ မေန့ညက အမွားလုပ္မိတာကိုလည္း သိပါတယ္။ ကိုယ္ အရက္မူးတယ္, မင္းကို ဂရုမစိုက္ဘူး...ကိုယ္ ေနာက္ဆို ဒီလိုမျဖစ္ေစရဘူး။ ကိုယ္ ျပန္သြားၿပီး စူးန်န္နဲ႔လည္း အဆက္ျဖတ္လိုက္မယ္, ၿပီးေတာ့ အရက္လည္း လံုးဝမ‌ေသာက္ေတာ့ဘူး။ မင္း ကိုယ့္ကို ခြင့္လႊတ္မယ္မလားဟင္?"

ဖိန႔္ရန္က သူ႔ကို တိတ္တဆိတ္ စိုက္ၾကၫ့္ေနတယ္။

ေလာ့ခ်င္ရွန္းတစ္ေယာက္ ဖိန႔္ရန္ စိတ္ျပန္ေပ်ာ့ခ်င္ေနၿပီလို႔ ထင္မိလိုက္ရံုရိွေသး ဖိန႔္ရန္က သူ႔အၾကၫ့္ကို ရုတ္တရက္ ျပန္ရုပ္ၿပီး သူ႔ေရ႔ွက ပလက္စတစ္အိတ္ကို ၿမဲျမဲခ်ည္ေနွာင္လိုက္တယ္။

"မင္း ငါ့အတြက္ အဲ့လူေတြကို ေမာင္းထုတ္ေပးခဲ့လို႔ ငါ မင္းကို တကယ္ေက်းဇူးတင္ပါတယ္။" ဖိန႔္ရန္ ျဖည္းျဖည္းခ်င္း ဆက္ေျပာတယ္ "ငါ မင္းကို ေဆးကုသေငြရဲ့ ငါးဆကို ျပန္ေပးမယ္ေလ?"

"ဒါမွမဟုတ္ မင္း အနာဂတ္မွာ အကူအညီလိုရင္ ငါ့ကို လာေျပာလို႔ရတယ္။ ငါ ကူညီႏိုင္ရင္ ကူညီေပးမယ္။ ၿပီးေတာ့ မင္း ငါ့ဆီကေန ပိုက္ဆံေခ်းခ်င္ရင္လည္း ရတယ္။" ဖိန႔္ရန္က ခပ္ေအးေအး ဆက္ေျပာတယ္ :: "လမ္းခြဲၾကစို႔ ေလာ့ခ်င္ရွန္း"

ေလာ့ခ်င္ရွန္းတစ္ေယာက္ ဝိုင္တစ္ဒါဇင္ေလာက္ ဝယ္လာၿပီး အိပ္ေဆာင္ဆီ ျပန္လာေတာ့တယ္။

သူ တတိယေျမာက္ပုလင္းကို ဖြင့္လိုက္တဲ့အခ်ိန္မွာ သူ႔အခန္းေဖာ္က သူ႔ကို ေနာက္ဆံုးေတာ့ တစ္ခ်က္လွၫ့္ၾကၫ့္လာတယ္။

ယန္းကြၽင္က ၾကက္သားစားႏိုင္လိုက္တဲ့ ဂိမ္းမ်က္ႏွာျပင္ကို ပိတ္ၿပီး မတ္တပ္ထရပ္ကာ ေလာ့ခ်င္ရွန္းစားပြဲေပၚ လက္ေဆာင္တင္ေပးလိုက္တယ္, သူ တည္တည္ၿငိမ္ၿငိမ္ ‌ေျပာတယ္ :: "happy birthday မင္းအတြက္ လက္ေဆာင္"

¶ၾကက္သားစားတယ္ဆိုတာ ဂိမ္းမွာ အႏိုင္ရလိုက္တာကို ေျပာတာပါ {PUBG} ¶

"‌ေက်းဇူးပဲကြာ" ေလာ့ခ်င္ရွန္းက ရီေဝေဝ ျပန္ေျဖၿပီး လက္ေဆာင္ဘူးကို တစ္ခ်က္လွမ္းၾကၫ့္လိုက္တယ္။ နာမည္ႀကီးဘရန္းတစ္ခုရဲ့ headphonesအသစ္ပဲ, ေဈးကမနည္းဘူး။

သူ နည္းနည္းေတာ့ အံ့အားသင့္သြားမိတယ္။ တကယ္ေတာ့ သူ နဲ႔ ယန္းကြၽင္ရဲ့ဆက္ဆံေရးက ဒီေလာက္ႀကီး ေကာင္းမြန္တာမဟုတ္ေပ။ ယန္းကြၽင္တစ္ေယာက္ သူ႔ကို ဒီလိုေဈးႀကီးတဲ့လက္ေဆာင္မ်ိဳး ေပးလာလိမ့္မယ္လို႔ မထင္ထားခဲ့ေပ။

ေလာ့ခ်င္ရွန္းက ဝိုင္တစ္ငံု ဆက္‌ေသာက္ၿပီး ႏႈတ္ခမ္းေထာင့္ကို သုတ္ကာ ရုတ္တရက္ ေမးလိုက္တယ္ "လင္းခန္းေျပာဝာ မင္း မေန့ညက ဖိန႔္ရန္နဲ႔တူတူ ျပန္သြားတာဆို? သူ...သူ စိတ္ဆိုးေနတာလား? သူ မင္းကို တစ္ခုခုေျပာေသးလား?"

ယန္းကြၽင္ :: "ဘာလို႔ ေမးတာလဲ?"

ေလာ့ခ်င္ရွန္း မမူးေသးပါဘူး, ၿပီးေတာ့ ယန္းကြၽင္နဲ႔ ဖိန႔္ရန္တို႔က သူစိမ္းသာသာပဲ။ ဖိန႔္ရန္အက်င့္အရဆို ယန္းကြၽင္ကို တစ္ခုခုေျပာျပဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

"ထားလိုက္ပါေတာ့ အဆင္ေျပပါတယ္" ေလာ့ခ်င္ရွန္းက ေနာက္မွီၿပီး သက္ျပင္းအရွည္ႀကီး ခ်လိုက္တယ္။

ယန္းကြၽင္ :: "ဘာျဖစ္လို႔လဲ?"

ေလာ့ခ်င္ရွန္းတစ္ေယာက္ သူ႔အခန္းေဖာ္ရဲ့ ဂရုတစိုက္အေမးမွာ မူမမွန္မႈကို သတိေတာင္မထားမိလိုက္ေပ။

"ဖိန႔္ရန္နဲ႔ ငါနဲ႔ စကားမ်ားခဲ့တယ္" ေလာ့ခ်င္ရွန္းက မ်က္ေမွာင္ၾကဳပ္ၿပီး "ၿပီးေတာ့ ငါ့ကို လမ္းခြဲတယ္...ငါ-ိုး! စူးန်န္အျပစ္ပဲ!"

ယန္းကြၽင္က မသိမသာ မ်က္ခံုးပင့္သြားၿပီးမွ ေျပာလိုက္တယ္ "ေနာက္တစ္ေယာက္က ပိုေကာင္းမွာပါ"

"ေနာက္တစ္ေယာက္ဆိုတာ မရိွဘူး" ေလာ့ခ်င္ရွန္းက စိတ္ဆိုးမာန္ဆိုး ေျပာတယ္, "ဖိန႔္ရန္ စိတ္တည္ၿငိမ္သြားတာနဲ႔ ငါ သူ႔ဆီသြားၿပီး အမွားဝန္ခံမယ္။"

ယန္းကြၽင္က ထပ္မေျပာေတာ့ေပ။ သူ ကြန္ပ်ူတာဆီ ျပန္သြားၿပီး သူ အခုေလးတင္ ရရိွလိုက္တဲ့ WeChat messageကို ႏိွပ္လိုက္တယ္။

ပုက်ံဳးေယာင္ :: [အေဖ တကယ္ပဲ ကစားတာ ရပ္ေတာ့မလို႔လား? အိုေက ဒါဆို ေနာက္တစ္ေခါက္မွ တူတူကစားရေအာင္, ဒီသားေလးကို ေခၚေနာ္]

ပုက်ံဳးေယာင္ :: [မဟုတ္ဘူး! အေဖ ေနာက္တစ္ေခါက္ လိုင္းတက္တာနဲ႔ ဒီသားေလးကို ေခၚလိုက္!သားေလး အဆင္သင့္ရိွေနပါ့မယ္! အေဖ!]

Quick :: [လူမျပၫ့္ေသးရင္ ငါ့ကို ေခၚလိုက္]

ပုက်ံဳးေယာင္ :: [ ? ? ? ]

ပုက်ံဳး‌ေယာင္ :: [ထပ္မေျပာေတာ့ဘူးလား အေဖ? ဒါဆို ဒီသားေလး အခုခ်က္ခ်င္း ေခၚလိုက္ေတာ့မယ္ေနာ္!]

Quick :: [ေပ်ာ္ေနလို႔ မင္းနဲ႔ ႏွစ္ပြဲဆက္ေဆာ့မယ္]

--------------

• ေနာက္တစ္ပိုင္းဆို ေလာ့ခ်င္ရွန္းနဲ႔ တြဲခဲ့တဲ့အေၾကာင္းကို ေသခ်ာသိရမွာပါ။ တို႔ဖိန႔္ရန္ေလးကို တအားအထင္မလြဲၾကပါနဲ႔ •́  ‿ ,•̀

•ယန္းကြၽင္ရဲ့ ဂိမ္းIDက Quick ပါ။ ရုပ္တည္ႀကီးနဲ႔ ခ်စ္ဖို႔ေကာင္းေနတာ ♡(˃͈ દ ˂͈ ༶ )

__________

Continue Reading

You'll Also Like

319K 34.2K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
322K 6.9K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...