Love Wind Blows In Luoyang

By joey_wony

142 14 3

More

Part_1 ZG
Part-2 Uni
Part-2 ZG
Part-3 Uni
Part-3 ZG

Part_1 Uni

56 5 3
By joey_wony

2018 လော့ရန်မြို့ ။

"ဆရာရှောင်း ဒီနေ့ သား အစ်ကိုလာမှာနော်။"

မနက်စောစော ရှောင်းကျန့်အတန်းထဲဝင်ဝင် ချင်း အတန်းရဲ့ အလည်လေး အားရန်က
ကျေနပ်အားရနေတဲ့အသံနဲ့ထအော်တယ်။

"မင်းအကိုလာ ရင် မင်း ဆိုးနေတာတွေတိုင်ပေးရမှာပေါ့ ဟုတ်လား အားရန်"

"ဟာ ဆရာရှောင်းကလည်း သားကဆိုးတာတစ်ခါမှမရှိပါဘူးနော် ။ မယုံရင်တစ်ခန်းလုံးမေးကြည့်.... ဟွင့် "။

အားရန်က ပြောပီးတာနဲ့ လက်ကိုပိုက်လို့တစ်ခန်းလုံးကို မင်းတို့ပြောပြလိုက်ဆိုတဲ့အထာနဲ့ မေးဆတ်ပြတယ်။

အတန်းဖော်၁။ ဟုတ်တယ် ဆရာရှောင်းရဲ့ အားရန်က သမီးကို ရည်းစားစာပေးတာပဲရှိတာ ဆရာရှောင်းရဲ့။သူကလိမ္မာပါတယ်။

အတန်းဖော်၂။ အားရန်က သားကိုစာမလုပ်ဘဲ သူနဲ့အတူဆော့ဖို့ပဲခေါ်တာကလွဲကျန်တာအကုန်ကောင်းပါတယ် ဆရာရှောင်း။

အတန်းဖော်တွေရဲ့ အားရန်ရဲ့ကောင်းကြောင်းတွေနှစ်ယောက်လောက်ထ အပြောပီးမှာပဲ အားရန်က လက်ထောင်လိုက်ပြီးဆက်မပြောဖို့တားတယ်။

"တွေ့လားဆရာရှောင်း ...သားက လိမ္မာပါတယ်နော်။"

"လိမ္မာတဲ့သူက မူလတန်းပထမနှစ်မှာတင် ရည်းးစား စာပေးတယ်ပေါ့ဟုတ်လား။"

"ဟာ...ဆရာရှောင်းကလည်း ဟိုဘက်အတန်းက ကျားယွီ ဆို ရည်းစားနဲ့ဗျ"

နှုတ်ခမ်း တထော်ထော်နဲ့ရှင်းပြနေတဲ့ အားရန်ကို ကြည့်ပီး သဘောကျလွန်းလို့ မျက်လုံးတွေမှိတ်ကျတဲ့အထိ ပြုံးလိုက်တယ်။

"ဆရာရှောင်း ...ရယ်ရင် တော်တော်လှတာပဲ။အိမ်ကအကိုနဲ့တော့တော်တော်ကွာ။အိမ်ကအကိုဆို တစ်ရက်နေလို့တစ်ခါတောင် သားကိုပြုံးမပြဘူး" ။

"ဒါတောင် မင်းက မင်းအကုိကို အကသင်ပေးဖို့ ခေါ်လာနိူင်တယ်ပေါ့ " ။

"မားမားလေ... ဆရာရှောင်းရဲ့။ သားကိုမားမားက ချစ်တော့ အဲ့ဝမ်ကိုကိုလေး မခံနိူင်ပါဘူး ဟဲ...ဟဲ ။"

ရယ်လိုက်ရင် မို့တက်လာတဲ့ အားရန်ရဲ့ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်ပြီး ရှောင်းကျန့်က စာ စ သင်ဖုိ့ပြင်တယ်။
ကလေးတွေက စာသင်တဲ့အခါမှာတော့ စည်းကမ်းရှိတယ်။ ရှောင်းကျန့်သင်သမျှ အကုန်ဂရုတစိုက်နားထောင်တယ်။
အရင်က အခြားအခန်းက ဆရာ တွေတောင်ပြောဖူးတယ်။
"ဆရာရှောင်းအတန်းထဲ က မျောက်လောင်းတွေရဲ့ အရင်အတန်းပိုင်ဆရာကတော့ အခုလိုမျိုးကလေးတွေ ငြိမ်နေတာများတွေ့ရင် သူရူးသွားဦးမယ်။ အရင်ကကလေးတွေက အရမ်းဆော့လို့ကျောင်းမှာနာမည်ကြီးတာ။ ဆရာရှောင်း လက်ထဲမှငြိမ်လို့ပါပဲတဲ့"။

ကလေးတွေနဲ့တည့်အောင်ပေါင်းနိူင်တာကရှောင်းကျန့်ရဲ့ စူပါ ပါဝါလို့ပဲပြောရမယ်။
ကျောင်းကိုစရောက်ရောက်ချင်းတုန်းကတော့ထိန်းရခက်ပေမဲ့
အခုတော့ ဆရာရှောင်းက တိတ်မယ်ဆိုတာနဲ့အသံကိုမထွက်ကြတော့ဘူး။
ချစ်စရာကောင်းတဲ့ကလေးတွေကြားထဲ
ရှောင်းကျန့် အချစ်ပုိရတဲ့ကလေးလေးကတော့ အလည်လေး ဝမ်အားရန်လေးဖြစ်တယ်။ ရှောင်းကျန့်ကအလိုလိုက်တယ်ဆိုပီးအားရန်က နည်းနည်းတော့ဂျီကျချင်တယ်။
အခုလည်း ကျောင်းရဲ့ စုံညီပွဲတော်မှာ
အားရန်နဲ့ သူငယ်ချင်းတစ်စု က အက ထဲ ပါချင်ပါသတဲ့။ အက ကိုရှောင်းကျန့် သင်ပေးမယ်ဆိုတာကို လက်မခံဘူး။
"ဆရာရှောင်းက ကတာ ရိုးရိုးကြီးပဲကသွားတာ ။သားတို့က ခပ်မိုက်မိုက်လေးကချင်တာ ။တစ်ကျောင်းလုံးမှာ အမိုက်ဆုံးဖြစ်ချင်တာပါဆိုပီး " အတင်ငြင်းကြတယ်။ သူတို့ကသာ မသင်စေချင်တာပါနော် ။အရင် ချုံ‌ချင်းကျောင်းမှာတုန်းကဆို အကဆို ဆရာရှောင်းဆိုပြီးပဲ အားကိုးကြတာ ။ဟွန့်..။
ဝမ်အားရန် က သူ့အကိုက လော့ရန်မှာ အကသင်တန်းဖွင့်ထားတဲ့ အကဆရာမို့
သူ့အကိုနဲ့ပဲသင်ချင်ပါတယ်ဆိုပြီး အတင်းဂျီကျနေတာမို့ ရှောင်းကျန့်ကလက်ခံလိုက်ရတယ်။ ။

______

နေ့လည် တစ်နာရီလောက်မှာတော့အားရန်ရဲ့အစ်ကိုကရောက်လာတယ်။ကောင်လေးကကြည့်ရတာ တစ်ဆယ့်ရှစ် တစ်ဆယ့်ကိုး လောက်ပဲရှိဦးမယ်။ ‌ဂုတ်အထိရှည်နေတဲ့ဆံပင်တွေကို တစ်ဝက်သိမ်း စည်းထားတယ်။တစ်ကိုယ်လုံးအနက်ရောင်ကို အပေါ်က leather jacket အနက်ရောင်ထပ်ဝတ်ထားတယ် ။ အားရန်အကိုကလည်း အားရန်လို လူချောလေးပဲ။ဒါပေမဲ့ ရပ်ကွက်ထဲက မူလတန်းပြကျောင်းလေးမှာ လာပီး ရှိူးလုပ်နေတာ က နည်းနည်းတော့ အိုဗာဖြစ်နေတယ်မလား။။

ချာတိတ်လေးက ရှောင်းကျန့်ကိုပြုံးပြီးစိုက်ကြည့်နေတယ်။မသိရင် နှစ်ရှည်လများကွဲကွာလာပြီးအခုမှပြန်တွေ့ရတဲ့သူတွေလိုမျိုး။

"နိဟောင် ...အစ်ကိုက အားရန်ရဲ့ အတန်းပိုင်ဆရာ ရှောင်းရှောင်းကျန့်ပါ "

ကမ်းပေးလာတဲ့ ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို အားရန်အစ်ကိုဆိုသူက ပြန်ဆွဲကိုင်ရင်းနှုတ်ဆက်တယ်။ ။

"တွေ့ရတာ ဝမ်းသာ ပါတယ် ......ကျန့်ကော"။

‌လူတော်တော်များများက ရှောင်းကျန့်ကို ဆရာရှောင်းပဲခေါ်ကြတာမို့ လူငယ်လေးက ကျန့်ကောလို့ခေါ်တဲ့အခါခဏတော့ကြောင်သွားတယ်။ ။

"အာ...အင်းး ကိုယ်လည်းဝမ်းသာပါတယ်။
ဒါဆိုကိုယ့်လက်လေးလွှတ်ပါဦးလား။"

ရှောင်းကျန့်လက်ကမ်းပေးကတည်းက လက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်ပြီးမိတ်ဆက်နေတဲ့ ချာတိတ်လေးက လက်ကိုဖယ်မပေးသေးဘဲ ဆက်မိတ်ဆက်တယ်။

"ကျန့်ကော ကျွန်တော့ နာမည် ရိပေါ်၊ ဝမ်ရိပေါ်ပါ ။ အားရန်လေးကို ဂရုစိုက်ပေးပါဦးနော် ကျန့်ကော "။

ကျောင်းတက်နေတဲ့တစ်နှစ်ပတ်လုံးတစ်ခါမှပေါ်မလာဘဲ အခုမှလာပြီးဂရုစိုက်ခိုင်းနေတဲ့အစ်ကိုဖြစ်သူကို အားရန်က အမြင်ကပ်လာတာကြောင့် ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ထားတဲ့ ရိပေါ်လက်တွေကို ရိုက်ချတယ်။

"ဖယ် ..ဖယ် သားတို့ ဆရာရှောင်း လက်ကို ကိုင်ထားတာ ကြာပီလေ တော်လောက်ပြီ။
ကြောက်စရာ ကောင်းလောက်အောင်လည်း ရောက်ကတည်းက ပြုံးနေတယ် ဝမ်ကိုကိုလေး စိတ်ကောမှန်သေးရဲ့လား"။

ရိပေါ်က အားရန်ကို အိမ်ရောက်တွေ့မယ်ဆိုတဲ့သ‌ေဘာနဲ့လက်သီးဆုပ်ပြပြီး ထုမဲ့ဟန်ပြင်တယ်။
ညီအကိုနှစ်‌ယောက်ရဲ့ အသံတိတ်ရန်ပွဲကို ရှောင်းကျန့်ကပဲ အကတိုက်မဲ့အခန်းထဲအကုန်ခေါ်သွားပီးအဆုံးသတ်ပေးရတယ်။ ။

ရှောင်းကျန့်လည်း ရိပေါ်တို့ကို အခန်းလိုက်ပြပြီးတာနဲ့ပြန်ထွက်လာခဲ့တယ်။
ကလေးတွေကို ကြည့်ပေးဖို့ကုိတော့ အလုပ်သင်ဆရာမလေးကိုပါ ထားခဲ့လိုက်တယ်။

"ကျန့်ကော ...ကျန့်ကော နေပါဦးဗျ"။

ဘုရားရေ ။အကသင်ပေးရမဲ့သူက ရှောင်းကျန့်‌ေနာက်ကိုပြေးလိုက်နေတယ်။

"ရိပေါ် ..မင်း က အကသင်ပေးရမှာလေ ။"

"ကျန့်ကောကလည်း အဲ့ကလေးတွေ သင်ပေးဖို့လောက်တော့ ကျွန်တော့်သင်တန်းသားတွေနဲ့တင်ရပါတယ်ဗျ။
အခုသင်တန်းက ကလေးတစ်ယောက်ခေါ်လာတာလေ။ကျွန်တော်လိုက်လာတာနဲ့တင် ဟိုအမွှေကောင်လေးကျေးဇူးတင်သင့်နေပြီ။"

"ကလေးလားး မင်းက ကလေးနဲ့ ပြိုင်ဖြစ်နေတယ်။"

"ကျန့်ကော ကလေး လေး ဆိုရင်တော့ အိုကေပါတယ်။ ကျွန်တော့်လိုတပည့်လေးမွေးမလားဟင် ကျန့်ကော။"

တစ်ဝက်စည်းထားလို့ရှေ့ကျနေတဲ့ဆံပင်တွေကိုဖွဖွလေးသပ်တင်ရင်း ရိပေါ်က မေးတယ်။

အင်းးး ဒါက ဒရမ်မာ ‌ထဲမှာဆို မင်းသားက မင်းသမီးနောက်လိုက်တဲ့အခန်းနဲ့မတူဘူးလား။ဒီအချိန်မှာ သစ်ရွက်ဖြစ်ဖြစ်ပန်းဖြစ်ဖြစ်ကြွေကျတာမျိုးဖြစ်သင့်တယ်မလား။

နှစ်ဆယ့်ငါးနှစ်အရွယ်လူပျိုကြီးကဆယ့်ရှစ်ဆယ့်ကိုးအရွယ် ချာတိတ်လေးတစ်ယောက်နဲ့ရိုမန့်တစ်ဆန်ဆန်အတွေးမျိုးတွေးနေတာ ဒါကရူးမိုက်လွန်းတယ်။
ရှောင်းကျန့် ကိုယ့်အတွေးကို အမြန်ထိန်းချုပ်ပြီး ကိုယ့်ခေါင်း ကိုယ် တစ်ချက်ထုလိုက်တယ်။ ။

"အားးး းးး နာလိုက်တာဗျာ။"

"ကိုယ်ခေါင်း ကိုယ်ထုတာ။ရိပေါ်ကဘာလို့ထအော်နေတာတုန်း။"

"ဟုတ်တယ်နော် ။ ကျန့်ကောအစား ကျွန်တော်က ဘာလို့နာတာပါလိမ့်။ကြည့်ရတာ ကျန့်ကော အတွေးထဲ ကျွန်တော်ရောက်နေလို့ထင်တယ်။အဲ့တာကုိကျန့်ကောကထုလိုက်တော့ကျွန်တော်နာသွားတာဖြစ်မယ်။"

"ဟင်းးးလိပ်မျိုး။"

"ဝမ်မျိုးရိုးပါဗျ ကျန့်ကောကလည်း ။ မယုံရင် အိမ်ထောင်စုဇယားထဲ ကျန့်ကောနာမည် လာထည့်လို့ရတယ် ဟီးးဟီးး"။

ဒီလိုမလောက်‌လေးမလောက်စားချာတိတ်လေးက လာ ဖလစ်နေတာ ကို စိတ်‌တိုပြီး နှစ်ချက်သုံးချက်လောက်ပိတ်ထိုးပစ်ရမဲ့အစား လူပျိုကြီးရှောင်းကျန့်က ပြုံးပြုံးကြီးဖြစ်နေခဲ့တယ်။တစ်သက်လုံး အဖြောင့်စစ်စစ်ပါလို့ ကြွေးကြော်လာခဲ့တဲ့ ရှောင်းကျန့်က အခုချိန်မှာတော့ ချာတိတ်လေးတစ်ယောက်ကြောင့် ဂျယ်လီ ပေတံ ဖြစ်နေခဲ့တယ်။ ။

















Continue Reading

You'll Also Like

382K 21.8K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
733K 60.6K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
130K 3K 22
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...
937K 50.9K 58
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...