ယင်ထောင် ပျော်ရွှင်စွာခေါင်းလေးလှည့်လာပြီး သူ့ရဲ့ကြီးမားပြီးတလက်လက်တောက်ပနေတဲ့မျက်လုံးတွေနဲ့ ရုန်ယိနဲ့ယင်ကျင်းရဲ့ကိုကြည့်လာသည်။ ထို့နောက် ပြတင်းပေါက်ကိုပြန်မှီလိုက်ပြီး ကောင်းကင်ပေါ်ကိုညွှန်ပြကာပြောလာသည်။
"ဖေဖေ သားလည်း အဲ့ပေါ်မှာထိုင်စီးချင်တယ်"
"သားကဘယ်နေရာမှာထိုင်စီးချင်တာလဲ"
ရုန်ယိ သူ့ဘေးနားလာထိုင်ပြီး သူ့အကြည့်အတိုင်းလိုက်ကြည့်လိုက်သည်။ ကျင့်ကြံသူတွေက သူတို့ခေါင်းပေါ်မှာပျံသန်းနေကြပြီး များစွာသောစုံတွဲတွေကလည်း သူတို့ရဲ့ဓားတွေပေါ်မှာဘေးချင်းယှဥ်ရပ်စီးနေကြသည်။အမျိုးသားကျင့်ကြံသူတွေက အမျိုးသမီးကျင့်ကြံသူတွေရဲ့ခါးကနေထိန်းပေးထားတဲ့အချိန်မှာ အမျိုးသမီးကျင့်ကြံသူတွေက သူတို့လက်ထဲမှာ နှစ်နှစ် သုံးနှစ်အရွယ်ကလေးတွေကို ချီထားရင်ထား..မဟုတ်ရင် ကိုးနှစ် ဆယ်နှစ်ကလေးတွေကို သူတို့ရှေ့မှာရပ်စေပြီးထိန်းပေးထားကြသည်။ တစ်ချက်လောက်ကြည့်လိုက်တာနဲ့ သူတို့တွေက မိသားစုတွေဆိုတာသိရှိနိုင်လေ၏။
ကလေးတွေက ကစားရတာနှစ်သက်ကြသည်။ တစ်ခြားကလေးတွေက သူတို့ထက်ပိုမြန်မြန်ပျံသန်းသွားတာတွေ့တဲ့အခါ သူတို့က စိုးရိမ်ပြီး သူတို့အဖေတွေကို တစ်ခြားသူတွေနောက်အမှီလိုက်ဖို့ပြောပေလိမ့်မည်။ ဒီလိုနဲ့ ဓားပျံစီးတာက ကလေးတွေကြားမှာ ပြေးတမ်းလိုက်တမ်းကစားနည်းတစ်ခုဖြစ်လာသည်။
ရုန်ယိ ယင်ထောင်ကိုမေးလိုက်သည်။
"သားလည်းအဲ့လို လုပ်ချင်လို့လား"
ယင်ထောင်ပျော်ရွှင်စွာနဲ့ခေါင်းငြိမ့်ပြလာသည်။
"အင်း..သား ဖေဖေရယ် အဖေရယ်နဲ့တူတူဓားပျံစီးချင်တယ်"
ရုန်ယိ "......"
သူကအခုမှ ချီသန့်စင်အဆင့်၁ သာရောက်သေးတာကြောင့် အခြေတည်အဆင့်မတိုင်ခင်ထိတော့ သူဓားပျံမစီးနိုင်သေးချေ။
ဒါပေမဲ့ သူကဒါကိုမလုပ်နိုင်တာနဲ့ဘဲ ယင်ကျင်းရဲ့လည်း မလုပ်နိုင်ဘူးလို့မှမဆိုလိုတာ..။
ဒါကြောင့် ရုန်ယိသူ့ခေါင်းကို ထပ်ပြီးစာဖတ်နေပြန်ပြီဖြစ်တဲ့ ယင်ကျင်းရဲ့ဆီသို့ လှည့်ကြည့်လိုက်သည်။
ယင်ကျင်းရဲ့ မျှော်လင့်ချက်တွေပြည့်နှက်နေတဲ့အကြည့်တွေ သူ့အပေါ်ကျရောက်နေတာကို ခံစားမိတာကြောင့် မော့ကြည့်လိုက်၏။ ထိုအခါ ဆင်တူတဲ့မျက်နှာနှစ်ခု ကြီးကြီးတစ်ခု ၊ သေးသေးတစ်ခုက သူတို့ရဲ့ ကြီးမားတောက်ပတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတာ တွေ့လိုက်ရသည်။
ရုန်ယိ သူ့စာအုပ်ကိုဆွဲယူလိုက်ပြီး
"ကလေးတွေအဖေ..ကျွန်တော်တို့ ဓားပျံစီးချင်လို့"
ယင်ကျင်းရဲ့ "....."
ဒီကောင်လေးက သူစိတ်ထင်ရာလုပ်တတ်မှန်း သူသိသွားရပြီ။
ယင်ထောင် ယင်ကျင်းရဲ့ရဲ့လက်မောင်းတွေထဲပစ်ဝင်လာပြီး ပြောလာသည်။
"အဖေ...ဓားပျံစီးပြီး အိမ်ပြန်ကြရအောင်လေ"
ယင်ကျင်းရဲ့ လေသံပျော့လေးနဲ့ပြန်ပြောလိုက်သည်။
"ကိုယ်တစ်ခါမှ ဓားပျံမစီးဖူးဘူး"
ရုန်ယိ သိချင်စိတ်ပြင်းစွာနဲ့ ပြန်မေးလိုက်၏။
"မစီးဖူးဘူး!!...ဒါဆို ခင်ဗျား ခရီးသွားတဲ့အခါ မြန်မြန်သွားချင်ရင်ဘယ်လိုလုပ်လဲ"
ယင်ကျင်းရဲ့ ဘာမှပြန်မဖြေဘဲ စာအုပ်ကိုပြန်ယူကာ ဆက်ဖတ်နေလိုက်သည်။
ရုန်ယိ ထပ်မေးလိုက်ပြန်သည်။
"ဒါဆိုခင်ဗျားမှာ ဒီလှည်းကိုပျံသန်းေစနိုင်မဲ့ စိတ်ဝိညာဥ်အင်းကွက်တွေရောရှိလား"
"မရှိဘူး"
ယင်ကျင်းရဲ့ ဘယ်တုန်းကမှ အဆင့်နိမ့်စိတ်ဝိညာဥ်အင်းကွက်တွေကို အသုံးမပြုခဲ့ဖူးပေ။
"ခင်ဗျားမှာ ဘာလို့ဒါလေးတောင်မရှိရတာလဲ...ဒါကို ခင်ဗျားရဲ့သိုလှောင်လက်စွပ်ထဲထည့်ထားမယ်ဆိုရင်တောင် ဒါလေးကနေရာအများကြီးယူမှာမှမဟုတ်တာ"
အပြင်ဘက်မှာထိုင်နေတဲ့ကိုယ်ရံတော်က သူတို့ပြောစကားတွေကိုကြားတဲ့အခါ လှမ်းပြောလာသည်။
"သခင်လေး...သခင်လေးလိုချင်ရင် ကျွန်တော့်ဆီမှာ အဲ့တာတွေရှိတယ်"
"ဒါဆို အခု လှည်းပေါ်မှာ ပျံသန်းခြင်းအင်းကွက် ၁၀ခုကပ်လိုက်"
"ဟုတ်ကဲ့"
ကိုယ်ရံတော်က လှည်းကိုယ်ထည်မှာ ၆ခုအရင်ကပ်လိုက်ကာ မြင်းပေါ်မှာ ၄ခုကပ်လိုက်သည်။ ထို့နောက် လှည်းကိုပျံသန်းစေရန်အတွက် အင်းကွက်တွေကို အသက်ဝင်စေလိုက်သည်။
"ပျံနေပြီ!!....ပျံနေပြီ!!"
ယင်ထောင် ပျော်ရွှင်စွာနဲ့ လှည်းထဲမှာခုန်ပေါက်နေတော့၏။
ရုန်ယိ အရှေ့က ဓားပျံတွေနဲ့ပျံသန်းနေကြတဲ့ ကျင့်ကြံသူတွေကိုညွှန်ပြလိုက်သည်။
"သူတို့ကိုအမှီလိုက်မယ်"
ယင်ထောင်လည်း သူ့ဖေဖေအတိုင်းလိုက်ပြီးအော်လေသည်။
"အမှီလိုက်မယ်....သူတို့ကိုအမှီလိုက်မယ်"
"ဟိုလေ..."
အပြင်ဘက်ကနေ ရှက်ရွံ့နေတဲ့ကိုယ်ရံတော်ရဲ့အသံထွက်လာ၏။
"သခင်လေး... ကျွန်တော့်ကျင့်ကြံဆင့်က သူတို့လောက်မကောင်းတာကြောင့် ကျွန်တော်သူတို့ကိုအမှီမလိုက်နိုင်လောက်ဘူး"
ရုန်ယိ ယင်ကျင်းရဲ့ဘက်ကိုလှည့်လိုက်သည်။
"ကလေးတွေအဖေ အင်းကွက်တွေထဲ ခင်ဗျားရဲ့ဝိညာဥ်စွမ်းအားတွေထည့်ပေးပါဦး"
ယင်ထောင်ကလည်း သူ့ဖေဖေအတိုင်းထပ်လိုက်ပြောပြန်၏။
"ကလေးတွေအဖေ အင်းကွက်တွေထဲ ဝိညာဥ်စွမ်းအားတွေထည့်ပေးပါဦး"
ရုန်ယိ မရယ်ဘဲမနေနိုင်တော့။
"မင်းက သူ့ကို ကလေးတွေအဖေလို့ခေါ်လိုက်တာလား....အဖေလို့ခေါ်ရမှာလေ"
"အဖေ...အင်းကွက်တွေထဲ ဝိညာဥ်စွမ်းအားတွေထည့်ပေးပါဦး"
"မြန်မြန်လေး...လုပ်ပါ...သူတို့ကတစ်ဖြည်းဖြည်းဝေးသွားနေပြီ"
"မြန်မြန်..မြန်မြန်....လုပ်ပါ အဖေ..သူတို့ကတစ်ဖြည်းဖြည်းဝေးသွားနေပြီလို့"
"....."
နှောင့်ယှက်ခံနေရတာကြောင့် ယင်ကျင်းရဲ့ဘယ်လိုမှ စာဖတ်တဲ့နေရာမှာ အာရုံစိုက်လို့မရတော့..။ သူ့လက်ကို လှည်းနံရံပေါ်တင်လိုက်ပြီး ဝိညာဥ်စွမ်းအားတွေပို့်လွှတ်လိုက်သည်။
"မင်းတို့နောက်ထပ် ဆူဆူညံညံထပ်လုပ်မယ်ဆိုရင် လှည်းပေါ်ကနေပစ်ချပစ်မယ်"
သူအေးစက်စွာပြောလိုက်၏။
နောက်တစ်ခဏမှာဘဲ ရုန်ယိရော ယင်ထောင်ရော လှည်းရဲ့အရှိန်က သိသိသာသာကိုမြန်သွားတာခံစားလိုက်ရသည်။
"ဝိုးး"
ယင်ထောင် စိတ်လှုပ်ရှားစွာ အော်လိုက်၏။
"ဖေဖေ...ပိုမြန်မြန် ပျံနေပြီ...လှည်းကပိုပြီးမြန်မြန်ပျံနေပြီ"
ရုန်ယိ သူတို့ထိုကျင့်ကြံသူတွေကိုမှီလာပြီမှန်းတွေ့လိုက်တဲ့အခါ ချက်ချင်းဘဲ ရှေ့ဆုံးကပျံသန်းနေတဲ့ ကျင့်ကြံသူရဲ့ကလေးကို နှုတ်ဆက်ဖို့ပြောလိုက်၏။
"အစ်ကိုကြီးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ဦး"
သူ့လေသံက အနည်းငယ်ရန်စနေတဲ့ပုံပေါ်နေပြီး ချက်ချင်းဘဲ ထိုအမျိုးသားကျင့်ကြံသူနဲ့ ဘေးချင်းကပ်ရပ်မှီလာတော့သည်။
"မင်္ဂလာပါ အစ်ကိုကြီး"
ယင်ထောင်က စကားနားထောင်စွာဘဲ နှုတ်ဆက်လိုက်သည်။
လှည်းက သူတို့ထက်မြန်နေတာတွေ့တဲ့အခါ အမြဲတမ်းနံပါတ်တစ် ဖြစ်နေတဲ့ထိုကလေးကအော်ပြောလာတော့သည်။
"ဖေဖေ...သူတို့ကိုကျော်လိုက်"
အမျိုးသားကျင့်ကြံသူက အရှိန်မြှင့်လိုက်ပေမယ့် လှည်းကိုတော့မကျော်နိုင်သေးပေ။
"ဖေဖေ မြန်မြန်လုပ်"
ကောင်လေးက သူ့အဖေကိုတိုက်တွန်းနေရင်းနဲ့ မျက်လုံးလေးတွေလည်းရဲလာတော့သည်။
ယင်ထောင်က တခစ်ခစ်ရယ်မောလိုက်သည်။
"အမှီလည်းမလိုက်နိုင်ဘူး....အမှီလည်းမလိုက်နိုင်ဘူး"
ထိုကလေးမှာ စိတ်ဆိုးသွားပြီး
"ငါ့အဖေက အတော်ဆုံးဘဲ..ငါတို့မင်းကိုအမှီလိုက်နိုင်တယ်"
"ငါ့အဖေက ပိုတော်တယ်"
ရုန်ယိ ယင်ထောင်ကို ပြုံးပြီးပြောလိုက်သည်။
"သား အဖေကောင်းတစ်ယောက်ရှိဖို့ဆိုတာ ဘယ်လောက်အရေးကြီးလဲဆိုတာသိပြီမလား"
ယင်ထောင် သေချာတော့နားမလည်ပေမဲ့ ခေါင်းတော့ငြိမ့်ပြလိုက်သေးသည်။
ရုန်ယိ ပြုံးလိုက်ပြီး ထိုကျင့်ကြံသူရဲ့လက်တွဲဖော်ကိုပါပြောလိုက်၏။
"အဲ့လိုဘဲ စွမ်းအားကြီးတဲ့လက်တွဲဖော်တစ်ယောက်ရှိဖို့ကလည်း အရေးကြီးတာဘဲ"
ထိုအမျိုးသားကျင့်ကြံသူရဲ့လက်တွဲဖော် "......"
အမျိုးသားကျင့်ကြံသူက ဒေါသတွေထွက်သွား၏။
"မင်း ဘာသောက်စကားပြောတာလဲကွ"
ထိုသုက ဘယ်လိုလုပ်ပြီးသူ့လက်တွဲဖော်ရှေ့မှာ ဒီလိုစကားမျိုးပြောနိုင်ရတာလဲ..။ အဲ့တာက သူ့ကိုအရည်အချင်းမရှိဘူးလို့ပြောနေတာဘဲမဟုတ်ဘူးလား..။
"ငါကအမှန်ကိုဘဲပြောတာလေ...ငါဘာတွေများပြောမိလို့လဲ"
"မင်းသတ္တိရှိရင် ငါ့ကိုမင်းနာမည်ပြောစမ်း"
ရုန်ယိ ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်၏။
"ငါ့နာမည်က ယင်ကျင်းရဲ့"
ယင်ကျင်းရဲ့ "....."
သူ့ရဲ့အနာဂတ်က လုံးဝမချောမွေ့နိုင်တော့ဘူးလို့ သူဝိုးတိုးဝါးတားခံစားနေရသည်။
ယင်ထောင်ရဲ့ကိုယ်ရံတော်နဲ့ မြင်းလှည်းမောင်းသမားတို့လည်း ဆွံ့အသွားကြသည်။
ရုန်ယိက သူတို့သခင်အတွက် ရန်သူတွေဖွဲ့ပေးနေတာဘဲ။
"ယင်ကျင်းရဲ့ ငါမင်းနာမည်ကိုမှတ်ထားမယ်"
ထိုကျင့်ကြံသူက ဒေါသတကြီးနဲ့အော်ပြောလာသည်။
ယင်ကျင်းရဲ့ "....."
ယင်ထောင်လည်း တခစ်ခစ်ရယ်မောရင်းနဲ့ အော်ပြောလိုက်၏။
"ငါက ယင်ထောင်"
ထိုကျင့်ကြံသူရဲ့ကလေးကလည်းပြန်အော်ပြောလာသည်။
"ယင်ထောင် ငါလည်းမင်းနာမည်ကိုမှတ်ထားမယ်"
ရုန်ယိ လိုက်ကာကိုမြန်မြန်ဆွဲချလိုက်ပြီး ယင်ထောင်ရဲ့မျက်နှာလေးကိုကိုင်ကာပြောလိုက်သည်။
"သား မင်းဘယ်လိုလုပ် မင်းရဲ့နာမည်အစစ်ကိုပေးလိုက်ရတာတုန်း"
ယင်ထောင် သူ့ကိုစိတ်ရှုပ်ထွေးနေတဲ့ပုံလေးနဲ့ မော့ကြည့်လာသည်။
ရုန်ယိ ကြည့်တာနဲ့သူနားမလည်မှန်းသိတာကြောင့်
"ပြောရရင် တစ်ယောက်ယောက်က မင်းနာမည်ကိုမေးလာပြီဆိုရင် အမြဲတမ်းတစ်ခြားသူရဲ့နာမည်ကိုဘဲပြောသင့်တယ်..ဥပမာ မင်းတစ်ယောက်ယောက်ကိုမုန်းတယ်ဆိုရင် သု့နာမည်ကိုပြောပြီး သု့အတွက်ရန်သူတွေများလာအောင်လုပ်လို့ရတယ်..ဒီလိုဆိုရင် မင်းဘာမှအားထုတ်စရာမလိုဘဲ သူ့ရန်သူတွေက သူ့ကိုကူပြီးရှင်းပေးလိမ့်မယ်"
ကိုယ်ရံတော်နဲ့ မြင်းလှည်းသမား "......"
ကောင်းလိုက်တဲ့လှည့်ကွက်!!
ယင်ထောင်က ပျော်ပျော်ရွှင်ရွှင်နဲ့ခေါင်းငြိမ့်ပြလာ၏။
ရုတ်တရက် အေးစက်နေတဲ့အသံတစ်သံထွက်လာ၏။
"ဆိုတော့ မင်းက ကိုယ့်ကိုမုန်းတယ်လို့ပြောချင်တာပေါ့"
ရုန်ယိ ပြုံးပြီးသူ့ကိုလှည့်ကြည့်လိုက်ကာ
"ကလေးတွေအဖေ...ခင်ဗျားဘယ်လိုလုပ်အဲ့လိုတွေးလိုက်ရတာလဲ..ခင်ဗျားက ကျွန်တော့်အချစ်ဟာကို ခင်ဗျားကိုဘယ်လိုလုပ်မုန်းရမှာလဲ..ကျွန်တော်သူ့ကိုခင်ဗျားနာမည်ပြောလိုက်တယ်ဆိုတာက ခင်ဗျားကအရမ်းစွမ်းအားကြီးပြီး တစ်ဖက်သူက ခင်ဗျားပြိုင်ဘက်မဟုတ်ဘူးလို့ထင်လို့ပါ..ပြီးတော့ ခင်ဗျားသူတို့ကို ပုရွက်ဆိတ်သတ်သလိုမျိုး ရိုးရိုးလေး ဖြေရှင်းနိုင်တယ်လေ.. ခင်ဗျားက ဒီလိုရန်သူမျိုး တစ်ယောက်ဖြစ်စေ တစ်သောင်းဖြစ်စေ မှုတာမှမဟုတ်တာ"
ယင်ကျင်းရဲ့ "......"
ဒါကချီးမွမ်းနေတာလား...။
"ဒါ့အပြင် ဒါကနာမည်လေးတစ်ခုဘဲလေ..သူကခင်ဗျားဘယ်မှာနေလဲမှမသိတာ ခင်ဗျားကိုဘယ်လိုရှာနိုင်မှာလဲ..ဟုတ်တယ်မလား ချယ်ရီသီးလေး "
ယင်ထောင် ခေါင်းငြိမ့်ပြလာသည်။
"ဟုတ်တယ်"
ယင်ကျင်းရဲ့ ရုန်ယိပြောတာမှန်သမျှထောက်ခံနေတဲ့ ထိုကလေးကိုတစ်ချက်ကြည့်လိုက်ပြီး စာသာဆက်ဖတ်နေတော့သည်။
သူတို့ ယင်အိမ်တော်ကိုပြန်ရောက်ပြီး နေ့လည်စာစားသောက်ကြပြီးနောက် ရုန်ယိ ယင်ထောင်ဆီက လက်နက်သန့်စင်တဲ့မီးဖို ၊ အလူမီနီယံသတ္တုနဲ့ သံမဏိတို့ကိုငှားလိုက်သည်။
ရုန်စု လက်နက်သန့်စင်တဲ့မီးဖိုကိုကြည့်ပြီးမေးလိုက်သည်။
"သခင်လေး...သခင်လေးပြောတော့ လက်နက်ဘယ်လိုသန့်စင်ရလဲဆိုတာမသိဘူးဆို"
ရုန်ယိ ပြောလိုက်၏။
"ငါ့ကိုတစ်ယောက်ထဲထားပြီးထွက်သွားတော့..ငါ့ကိုလာမနှောင့်ယှက်ကြနဲ့"
"အိုး.."
ရုန်စု တံခါးပြန်ပိတ်သွား၏။
ရုန်ယိအထဲကနေပြီး လှမ်းအော်လိုက်၏။
"မင်းတို့ နောက်တစ်ခါထပ်မချောင်းကြည့်ကြနဲ့နော်"
ရုန်စု "....."
အင်း...ဒါကသူတို့အတွက်တော့လုံးဝမဖြစ်နိုင်ပေ။
ဒီတစ်ခါတော့ ပြတင်းပေါက်ကနေချောင်းကြည့်မဲ့အစား အကုန်လုံးခေါင်မိုးပေါ်တက်ပြီး အုပ်ကြွပ်ချပ်ကိုဖယ်ကာ အပေါ်ကနေပြီး အောက်ကိုချောင်းကြည့်ကြ၏။
ရုန်ယိ ဒီသတ္တုတွေ သံမဏိတွေကိုကြည့်ပြီး သက်ပြင်းတစ်ခါထပ်ချမိပြန်၏။
"တစ်နေ့ငါ့ဘဝမှာ လက်နက်သန့်စင်တဲ့မီးဖိုကိုသုံးရမယ်လို့လုံးဝကိုထင်မထားခဲ့ဘူး..ပြီးတော့ ဒါကိုသုံးရတာက ကလေးတစ်ယောက်အတွက်ဆိုတာကိုရောဘဲ"
သူဒီကိုကူးပြောင်းလာပြီးကတည်းက သူတစ်ဖြည်းဖြည်းနဲ့ ကလေးတွေကိုမမုန်းတော့တဲ့ပုံပင်။
ရုန်ယိ နောက်တစ်ကြိမ်စိတ်ရှုပ်ထွေးသွားပြန်၏။
"ငါလုပ်ရမလား မလုပ်ရဘူးလား"
အမိုးပေါ်မှာပုန်းပြီးသူ့ကိုချောင်းကြည့်နေတဲ့ လေ့စိုင့်မှာ ဆန္ဒတွေစောလွန်းတာမှ အောက်ပြေးဆင်းပြီး သူ့ကိုလည်ပင်းကသွားညှစ်ကာ 'အခုလုပ်တော့!' လို့အော်ပြောလိုက်ချင်သည်။
ရုန်ယိ တော်တော်ကြာတုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ ပါဝင်ပစ္စည်းတွေကို မီးဖိုထဲကိုပစ်ထည့်လိုက်တော့သည်။ ဒီနှစ်တွေအတွင်းမှာ ဒါပထမဆုံးလက်နက်သန့်စင်တာပေမဲ့ သူ့ရဲ့လက်နက်သန့်စင်တဲ့ အရည်အချင်းတွေကတော့ ေပျာက်မသွားသေး။
အမိုးပေါ်မှာတော့ လေ့စိုင့် ရုန်ယိဘာကိုလုပ်နေတာလဲဆိုတာ တစ်ကယ့်ကိုသိချင်နေသည်။ မှော်လက်နက်ဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်နိုင်ပေ။ ဘာလို့ဆို တစ်ယောက်ယောက်က ပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့မှော်လက်နက်သန့်စင်တာ သူတစ်ခါမှမတွေ့ဖူးသေး။ ဒါပေမဲ့ရုန်ယိရဲ့ အာရုံစူးစိုက်နေတဲ့အကြည့်တွေအရဆိုရင်တော့ သူကတစ်ကယ့်ကိုအတည်ကြီးလုပ်နေတဲ့ပုံပေါ်လေသည်။
ဘာဘဲဖြစ်ဖြစ် ရုန်ယိမှာ လေ့စိုင်မနာလိုဖြစ်ရတဲ့တစ်ချက်တော့ရှိ၏။ အဲ့တာကသူ့မှာ သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောရှိနေတာဘဲဖြစ်သည်။ ထိုသွေးကြောက လက်နက်သန့်စင်တာတွေ ဆေးလုံးသန့်စင်တာတွေနဲ့ ဝိညာဥ်စွမ်းအားသုံးကိရိယာတွေပြုလုပ်တဲ့နေရာမှာ အကောင်းဆုံးဝိညာဥ်သွေးကြောဖြစ်လေသည်။ ထိုသွေးကြောက ပန်းပဲဆရာတွေကို မာကြောလှတဲ့သတ္တုတွေအရည်ပျော်အောင်လုပ်ပေးနိုင်ရုံတင်မကဘဲ သူတို့မှော်လက်နက်တွေရဲ့အရည်အသွေးကို တစ်ခြားသူတွေရဲ့လက်နက်တွေထက် ပိုကောင်းအောင်ပြုလုပ်ပေးနိုင်၏။
ရုန်ယိ သတ္တုတွေ သံမဏိတွေအကုန်လုံးကိုအရည်ပျော်အောင်လုပ်ပြီးတဲ့အခါမှာ ဝိညာဥ်စွမ်းအားသုံးပြီး ပါဝင်ပစ္စည်းတွေကိုပုံစံပေါ်အောင်ထိန်းချုပ်ကာ သူ့စိတ်ထဲကပုံစံရအောင် ဖြည်းဖြည်းချင်းပုံဖော်နေ၏။ ဒါကသူ့အတွက်တော့ ဒီလိုအရာမျိုးကိုလုပ်တာပထမဆုံးအကြိမ်ဖြစ်တာကြောင့် အရာဝတ္ထုရဲ့ပုံသဏ္ဍာန်ပေါ်ဖို့အတွက် အားတွေအများကြီးသုံးရကာ အချိန်တွေအများကြီးယူရသည်။
ပြီးတော့ အခုကညတောင်နက်နေလေပြီ။
ရှင်းဟယ် အစကတော့ ရုန်ယိ အဆင့်နိမ့်ပါဝင်ပစ္စည်းကိုသုံးပြီး သူတော်စင်အဆင့်လက်နက်တစ်ခုဘယ်လိုလုပ်ခဲ့လဲဆိုတာသိချင်ခဲ့သည်။ ဒါပေမဲ့အချိန်အကြာကြီးစောင့်ပြီးတာတောင် ရုန်ယိက ညစာစားဖို့ထွက်မလာခဲ့ပေ။ ဒါကြောင့်သူကထိုအကြံကိုစွန့်လွှတ်လိုက်ပြီး အမိုးပေါ်ကနေသာဆက်ချောင်းကြည့်နေတော့၏။
ရုန်ယိ နောက်တစ့်နေ့မနက်မတိုင်ခင်အထိ ဆက်လက်သန်စင်နေခဲ့သည်။ ကြမ်းပြင်ပေါ်နဲ့ စားပွဲပေါ်က အသေးစားကိရိယာလေးတွေကိုကြည့်ပြီး သူစိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။
"ငါလုပ်နိုင်သွားပြီ..ချီး.ဒါကငါ့အချိန်တွေကိုအရမ်းဖြုန်းတီးစေတာဘဲ..ငါကျိန်တယ်...နောက်တစ်ခါ ဘယ်တော့မှဒါတွေထပ်မလုပ်တော့ဘူး"
သူအပြင်ဘက်က ကောင်းကင်ကိုလှမ်းကြည့်လိုက်ပြီး လင်းထင်းနေပြီဆိုတာတွေ့လိုက်ရသည်။ ဒါကြောင့် သူအပြင်ဘက်ကိုလှမ်းအော်လိုက်သည်။
"အားစု"
နောက်တစ်ခဏမှာဘဲ ရုန်စုကသူ့ရှေ့မှာပေါ်လာတော့သည်။
ရုန်ယိ မျက်ခုံးတွေပင့်မိသွား၏။
"မင်းဘာလို့ဒီလောက်အမြန်ကြီးရောက်ချလာတာလဲ..မင်းတို့ငါ့ကိုအပြင်ကနေထပ်ချောင်းကြည့်နေကြပြန်ပြီမလား"
ရုန်စုမြန်မြန်ဘဲ ပြန်ဖြေလိုက်သည်။
"မကြည့်ပါဘူး"
ရုန်ယိမှာ သူချောင်းကြည့်လားမကြည့်လားဆိုတာ စစ်ဆေးနေဖို့အချိန်မရှိပေ။သူမေးလိုက်၏။
"ငါ့ရဲ့ချယ်ရီသီးလေးနိုးနေပြီလား..သူ့ကိုငါ့ဆီခေါ်ခဲ့ပေး"
"ဟုတ်ကဲ့"
ရုန်စု ယင်ထောင်ကိုသွားခေါ်ဖို့အတွက် အခန်းထဲကနေထွက်သွား၏။
အမွှေးတိုင်တစ်ဝက်စာလောက်ကြာတဲ့အခါ ယင်ထောင် ရုန်ယိအခန်းထဲကိုပြေးဝင်လာသည်။
"ဖေဖေ...သားရောက်ပြီ"
ရုန်ယိ ယင်ထောင်ရှေ့မှာထိုင်ချလိုက်ပြီး သူမနေ့ညက သန့်စင်ထုလုပ်ထားခဲ့တာတွေကိုညွှန်ပြလိုက်သည်။
"ဒါ ဖေဖေ မင်းအတွက်လုပ်ပေးထားတဲ့ ကစားစရာတွေ"
"ကစားစရာ!"
ထူးဆန်းနေတဲ့အသံတွေ ခေါင်မိုးပေါ်ကနေထွက်လာ၏။
ရုန်ယိ ဒေါသထွက်စွာမော့ကြည့်လိုက်ပြီး အံ့အားသင့်မနေဘဲ အော်လိုက်၏။
"မင်းတို့တွေငါ့ကိုထပ်ချောင်းကြည့်နေမှန်း ငါသိတယ်နော်"
လေ့စိုင့်နဲ့ ရှင်းဟယ်တို့ ခေါင်မိုးပေါ်ကနေခုန်ဆင်းလာကြ၏။
"ဒါဆို တစ်ညလုံးသန့်စင်နေတာက ကစားစရာလေးတစ်ခုလုပ်ဖို့ပေါ့"
သူတို့ လက်နက်သန့်စင်တဲ့မီးဖိုနဲ့ ကစားစရာလုပ်တာ တစ်ခါမှမတွေ့ခဲ့ဖူးပေ။ ကြည့်ကောင်းအောင် သစ်သားနဲ့လုပ်ကြတာဘဲရှိသည်။
ရုန်ယိ သူတို့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး
"ငါကအခုမှ ချီသန့်စင်အဆင့်၁ဘဲ ရှိသေးတာ..ငါကမှော်လက်နက်တစ်ခုကိုလုပ်နိုင်မယ်လို့ မင်းတို့ထင်နေတာလား"
လေ့စိုင့် နဲ့ ရှင်းဟယ် "......"
ဒီရက်ပိုင်း ရုန်ယိဆီမျာ မမျှော်လင့်ထားတဲ့ကိစ္စများစွာ ဖြစ်ပျက်နေတာကြောင့် လူတိုင်းက သူရဲ့ချိီသန့်စင်ခြင်းအဆင့်၁ က အရည်အချင်းပြည့်မှီဖို့အဝေးကြီးလိုသေးတာကို မေ့လျော့သွားကြသည်။
ရုန်ယိ ယင်ထောင်ကိုဆက်ပြောပြလိုက်သည်။
"ဒါက သုံးဘီးအသေးစားလေး"
သူ ကလေးကိုမပြီး ထိုအပေါ်တင်ပေးလိုက်ကာ ခြေထောက်တွေကိုခြေနင်းပြားပေါ်တင်စေလိုက်သည်။
"ညာခြေထောက်ကို အရှေ့ကိုဖိနင်းလိုက်...ညာခြေထောက်အောက်ရောက်သွားတဲ့အခါ ဘယ်ခြေထောက်ကအပေါ်မြင့်တက်လာလိမ့်မယ်..ဘယ်ခြေထောက်ကိုပါဆက်ပြီးနင်းချလိုက်..အဲ့ကျရင် သုံးဘီးလေးက ရွေ့သွားတာတွေ့ရလိမ့်မယ်"
ဒါကရိုးရှင်းလေသည်။ ယင်ထောင်မြန်မြန်ဘဲ နားလည်သွား၏။ သူစိတ်လှုပ်ရှားစွာနဲ့ စားပွဲကိုအကြိမ်ပေါင်းများစွာပတ်နင်းနေလေသည်။
"ဒါကပျော်စရာကြီး...သားကြိုက်တယ်"
"ဒီမှာ နောက်ထပ်သုံးဘီးလေးတွေရှိသေးတယ် ဒါတွေကိုမင်းရဲ့ သိုလှောင်လက်စွပ်လေးထဲထည့်သွားလိုက်..ကျောင်းသွားတဲ့အခါကျရင် အတန်းထဲကိုဒါလေးစီးပြီးဝင်သွားလို့ရတယ်...မင်းရဲ့သုံးဘီလေးနဲ့ဆော့ချင်တဲ့ ဆရာတူအစ်ကိုရှိရင် နောက်တစ်စီးထုတ်ပေးပြီး သူတို့နဲ့အတူတူဆော့ သိပြီလား"
ယင်ထောင် ပြုံးရွှင်စွာဘဲ ခေါင်းငြိမ့်ပြလာသည်။
"ဒါပေမဲ့ တစ်ခုတော့မှတ်ထား...ဆရာတူအစ်ကို ကျားရှောင်ချုံ နဲ့ ရှောင်တျန့်တျန့်တို့ကိုတော့ ငှားပေးလို့မရဘူးနော်"
ထို့နောက် ရုန်ယိစားပွဲပေါ်ကပစ္စည်းလေးတွေကိုပြလိုက်သည်။
"ပြီးတော့ ဒါကရေပစ်ထုတ်လို့ရတဲ့ သေနတ်"
သူသေနတ်ထဲကို လက်ဖက်ရည်တွေလောင်းထည့်လိုက်ပြီး ဘယ်လိုဆော့ရလဲဆိုတာ ယင်ထောင်ကိုသင်ပေးလိုက်၏။
"ဒီကစားစရာကို ဆရာတူအစ်ကိုတွေက မင်းနဲ့အတူကစားကြတော့မှထုတ်ပြလိုက်..သူတို့နဲ့အတူ ရေသေနတ်ပစ်တိုင်းကစားလို့ရတယ်...ဖေဖေလုပ်ထားတာတွေက သာမန်ကစားစရာလေးတွေမလို့ လူတွေကိုထိခိုက်စေမှာမဟုတ်ဘူး"
ရုန်ယိ ကလေးကမမှတ်မိမှာစိုးတာကြောင့် ယင်ထောင်ရဲ့ကိုယ်ရံတော်ကိုပါ နောက်တစ်ကြိမ်ထပ်ရှင်းပြလိုက်သည်။
ယင်ထောင်တစ်ယောက် ကစားစရာအသစ်တွေကိုအရမ်းစိတ်ဝင်စားနေတာကြောင့် မနက်စာတောင်မစားတော့ဘဲ ကျောင်းသွားဖို့အတွက် ကိုယ်ရံတော်ကိုဆွဲခေါ်သွားတော့သည်။
##
update တောင်းလာတဲ့ readerလေးအတွက်ပါရှင်♥♥
************
Zawgyi
ယင္ေထာင္ ေပ်ာ္႐ႊင္စြာေခါင္းေလးလွည့္လာၿပီး သူ႕ရဲ႕ႀကီးမားၿပီးတလက္လက္ေတာက္ပေနတဲ့မ်က္လုံးေတြနဲ႕ ႐ုန္ယိနဲ႕ယင္က်င္းရဲ႕ကိုၾကည့္လာသည္။ ထို႔ေနာက္ ျပတင္းေပါက္ကိုျပန္မွီလိုက္ၿပီး ေကာင္းကင္ေပၚကိုၫႊန္ျပကာေျပာလာသည္။
"ေဖေဖ သားလည္း အဲ့ေပၚမွာထိုင္စီးခ်င္တယ္"
"သားကဘယ္ေနရာမွာထိုင္စီးခ်င္တာလဲ"
႐ုန္ယိ သူ႕ေဘးနားလာထိုင္ၿပီး သူ႕အၾကည့္အတိုင္းလိုက္ၾကည့္လိုက္သည္။ က်င့္ႀကံသူေတြက သူတို႔ေခါင္းေပၚမွာပ်ံသန္းေနၾကၿပီး မ်ားစြာေသာစုံတြဲေတြကလည္း သူတို႔ရဲ႕ဓားေတြေပၚမွာေဘးခ်င္းယွဥ္ရပ္စီးေနၾကသည္။အမ်ိဳးသားက်င့္ႀကံသူေတြက အမ်ိဳးသမီးက်င့္ႀကံသူေတြရဲ႕ခါးကေနထိန္းေပးထားတဲ့အခ်ိန္မွာ အမ်ိဳးသမီးက်င့္ႀကံသူေတြက သူတို႔လက္ထဲမွာ ႏွစ္ႏွစ္ သုံးႏွစ္အ႐ြယ္ကေလးေတြကို ခ်ီထားရင္ထား..မဟုတ္ရင္ ကိုးႏွစ္ ဆယ္ႏွစ္ကေလးေတြကို သူတို႔ေရွ႕မွာရပ္ေစၿပီးထိန္းေပးထားၾကသည္။ တစ္ခ်က္ေလာက္ၾကည့္လိုက္တာနဲ႕ သူတို႔ေတြက မိသားစုေတြဆိုတာသိရွိနိုင္ေလ၏။
ကေလးေတြက ကစားရတာႏွစ္သက္ၾကသည္။ တစ္ျခားကေလးေတြက သူတို႔ထက္ပိုျမန္ျမန္ပ်ံသန္းသြားတာေတြ႕တဲ့အခါ သူတို႔က စိုးရိမ္ၿပီး သူတို႔အေဖေတြကို တစ္ျခားသူေတြေနာက္အမွီလိုက္ဖို႔ေျပာေပလိမ့္မည္။ ဒီလိုနဲ႕ ဓားပ်ံစီးတာက ကေလးေတြၾကားမွာ ေျပးတမ္းလိုက္တမ္းကစားနည္းတစ္ခုျဖစ္လာသည္။
႐ုန္ယိ ယင္ေထာင္ကိုေမးလိုက္သည္။
"သားလည္းအဲ့လို လုပ္ခ်င္လို႔လား"
ယင္ေထာင္ေပ်ာ္႐ႊင္စြာနဲ႕ေခါင္းၿငိမ့္ျပလာသည္။
"အင္း..သား ေဖေဖရယ္ အေဖရယ္နဲ႕တူတူဓားပ်ံစီးခ်င္တယ္"
႐ုန္ယိ "......"
သူကအခုမွ ခ်ီသန့္စင္အဆင့္၁ သာေရာက္ေသးတာေၾကာင့္ အေျခတည္အဆင့္မတိုင္ခင္ထိေတာ့ သူဓားပ်ံမစီးနိုင္ေသးေခ်။
ဒါေပမဲ့ သူကဒါကိုမလုပ္နိုင္တာနဲ႕ဘဲ ယင္က်င္းရဲ႕လည္း မလုပ္နိုင္ဘူးလို႔မွမဆိုလိုတာ..။
ဒါေၾကာင့္ ႐ုန္ယိသူ႕ေခါင္းကို ထပ္ၿပီးစာဖတ္ေနျပန္ၿပီျဖစ္တဲ့ ယင္က်င္းရဲ႕ဆီသို႔ လွည့္ၾကည့္လိုက္သည္။
ယင္က်င္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြျပည့္ႏွက္ေနတဲ့အၾကည့္ေတြ သူ႕အေပၚက်ေရာက္ေနတာကို ခံစားမိတာေၾကာင့္ ေမာ့ၾကည့္လိုက္၏။ ထိုအခါ ဆင္တူတဲ့မ်က္ႏွာႏွစ္ခု ႀကီးႀကီးတစ္ခု ၊ ေသးေသးတစ္ခုက သူတို႔ရဲ႕ ႀကီးမားေတာက္ပတဲ့မ်က္ဝန္းေတြနဲ႕ သူ႕ကိုၾကည့္ေနတာ ေတြ႕လိုက္ရသည္။
႐ုန္ယိ သူ႕စာအုပ္ကိုဆြဲယူလိုက္ၿပီး
"ကေလးေတြအေဖ..ကြၽန္ေတာ္တို႔ ဓားပ်ံစီးခ်င္လို႔"
ယင္က်င္းရဲ႕ "....."
ဒီေကာင္ေလးက သူစိတ္ထင္ရာလုပ္တတ္မွန္း သူသိသြားရၿပီ။
ယင္ေထာင္ ယင္က်င္းရဲ႕ရဲ႕လက္ေမာင္းေတြထဲပစ္ဝင္လာၿပီး ေျပာလာသည္။
"အေဖ...ဓားပ်ံစီးၿပီး အိမ္ျပန္ၾကရေအာင္ေလ"
ယင္က်င္းရဲ႕ ေလသံေပ်ာ့ေလးနဲ႕ျပန္ေျပာလိုက္သည္။
"ကိုယ္တစ္ခါမွ ဓားပ်ံမစီးဖူးဘူး"
႐ုန္ယိ သိခ်င္စိတ္ျပင္းစြာနဲ႕ ျပန္ေမးလိုက္၏။
"မစီးဖူးဘူး!!...ဒါဆို ခင္ဗ်ား ခရီးသြားတဲ့အခါ ျမန္ျမန္သြားခ်င္ရင္ဘယ္လိုလုပ္လဲ"
ယင္က်င္းရဲ႕ ဘာမွျပန္မေျဖဘဲ စာအုပ္ကိုျပန္ယူကာ ဆက္ဖတ္ေနလိုက္သည္။
႐ုန္ယိ ထပ္ေမးလိုက္ျပန္သည္။
"ဒါဆိုခင္ဗ်ားမွာ ဒီလွည္းကိုပ်ံသန္းေစနိုင်မဲ့ စိတ္ဝိညာဥ္အင္းကြက္ေတြေရာရွိလား"
"မရွိဘူး"
ယင္က်င္းရဲ႕ ဘယ္တုန္းကမွ အဆင့္နိမ့္စိတ္ဝိညာဥ္အင္းကြက္ေတြကို အသုံးမျပဳခဲ့ဖူးေပ။
"ခင္ဗ်ားမွာ ဘာလို႔ဒါေလးေတာင္မရွိရတာလဲ...ဒါကို ခင္ဗ်ားရဲ႕သိုေလွာင္လက္စြပ္ထဲထည့္ထားမယ္ဆိုရင္ေတာင္ ဒါေလးကေနရာအမ်ားႀကီးယူမွာမွမဟုတ္တာ"
အျပင္ဘက္မွာထိုင္ေနတဲ့ကိုယ္ရံေတာ္က သူတို႔ေျပာစကားေတြကိုၾကားတဲ့အခါ လွမ္းေျပာလာသည္။
"သခင္ေလး...သခင္ေလးလိုခ်င္ရင္ ကြၽန္ေတာ့္ဆီမွာ အဲ့တာေတြရွိတယ္"
"ဒါဆို အခု လွည္းေပၚမွာ ပ်ံသန္းျခင္းအင္းကြက္ ၁၀ခုကပ္လိုက္"
"ဟုတ္ကဲ့"
ကိုယ္ရံေတာ္က လွည္းကိုယ္ထည္မွာ ၆ခုအရင္ကပ္လိုက္ကာ ျမင္းေပၚမွာ ၄ခုကပ္လိုက္သည္။ ထို႔ေနာက္ လွည္းကိုပ်ံသန္းေစရန္အတြက္ အင္းကြက္ေတြကို အသက္ဝင္ေစလိုက္သည္။
"ပ်ံေနၿပီ!!....ပ်ံေနၿပီ!!"
ယင္ေထာင္ ေပ်ာ္႐ႊင္စြာနဲ႕ လွည္းထဲမွာခုန္ေပါက္ေနေတာ့၏။
႐ုန္ယိ အေရွ႕က ဓားပ်ံေတြနဲ႕ပ်ံသန္းေနၾကတဲ့ က်င့္ႀကံသူေတြကိုၫႊန္ျပလိုက္သည္။
"သူတို႔ကိုအမွီလိုက္မယ္"
ယင္ေထာင္လည္း သူ႕ေဖေဖအတိုင္းလိုက္ၿပီးေအာ္ေလသည္။
"အမွီလိုက္မယ္....သူတို႔ကိုအမွီလိုက္မယ္"
"ဟိုေလ..."
အျပင္ဘက္ကေန ရွက္႐ြံ႕ေနတဲ့ကိုယ္ရံေတာ္ရဲ႕အသံထြက္လာ၏။
"သခင္ေလး... ကြၽန္ေတာ့္က်င့္ႀကံဆင့္က သူတို႔ေလာက္မေကာင္းတာေၾကာင့္ ကြၽန္ေတာ္သူတို႔ကိုအမွီမလိုက္နိုင္ေလာက္ဘူး"
႐ုန္ယိ ယင္က်င္းရဲ႕ဘက္ကိုလွည့္လိုက္သည္။
"ကေလးေတြအေဖ အင္းကြက္ေတြထဲ ခင္ဗ်ားရဲ႕ဝိညာဥ္စြမ္းအားေတြထည့္ေပးပါဦး"
ယင္ေထာင္ကလည္း သူ႕ေဖေဖအတိုင္းထပ္လိုက္ေျပာျပန္၏။
"ကေလးေတြအေဖ အင္းကြက္ေတြထဲ ဝိညာဥ္စြမ္းအားေတြထည့္ေပးပါဦး"
႐ုန္ယိ မရယ္ဘဲမေနနိုင္ေတာ့။
"မင္းက သူ႕ကို ကေလးေတြအေဖလို႔ေခၚလိုက္တာလား....အေဖလို႔ေခၚရမွာေလ"
"အေဖ...အင္းကြက္ေတြထဲ ဝိညာဥ္စြမ္းအားေတြထည့္ေပးပါဦး"
"ျမန္ျမန္ေလး...လုပ္ပါ...သူတို႔ကတစ္ျဖည္းျဖည္းေဝးသြားေနၿပီ"
"ျမန္ျမန္..ျမန္ျမန္....လုပ္ပါ အေဖ..သူတို႔ကတစ္ျဖည္းျဖည္းေဝးသြားေနၿပီလို႔"
"....."
ႏွောင့္ယွက္ခံေနရတာေၾကာင့္ ယင္က်င္းရဲ႕ဘယ္လိုမွ စာဖတ္တဲ့ေနရာမွာ အာ႐ုံစိုက္လို႔မရေတာ့..။ သူ႕လက္ကို လွည္းနံရံေပၚတင္လိုက္ၿပီး ဝိညာဥ္စြမ္းအားေတြပို့္လႊတ္လိုက္သည္။
"မင္းတို႔ေနာက္ထပ္ ဆူဆူညံညံထပ္လုပ္မယ္ဆိုရင္ လွည္းေပၚကေနပစ္ခ်ပစ္မယ္"
သူေအးစက္စြာေျပာလိုက္၏။
ေနာက္တစ္ခဏမွာဘဲ ႐ုန္ယိေရာ ယင္ေထာင္ေရာ လွည္းရဲ႕အရွိန္က သိသိသာသာကိုျမန္သြားတာခံစားလိုက္ရသည္။
"ဝိုးး"
ယင္ေထာင္ စိတ္လႈပ္ရွားစြာ ေအာ္လိုက္၏။
"ေဖေဖ...ပိုျမန္ျမန္ ပ်ံေနၿပီ...လွည္းကပိုၿပီးျမန္ျမန္ပ်ံေနၿပီ"
႐ုန္ယိ သူတို႔ထိုက်င့္ႀကံသူေတြကိုမွီလာၿပီမွန္းေတြ႕လိုက္တဲ့အခါ ခ်က္ခ်င္းဘဲ ေရွ႕ဆုံးကပ်ံသန္းေနတဲ့ က်င့္ႀကံသူရဲ႕ကေလးကို ႏႈတ္ဆက္ဖို႔ေျပာလိုက္၏။
"အစ္ကိုႀကီးကို မဂၤလာပါလို႔ ႏႈတ္ဆက္လိုက္ဦး"
သူ႕ေလသံက အနည္းငယ္ရန္စေနတဲ့ပုံေပၚေနၿပီး ခ်က္ခ်င္းဘဲ ထိုအမ်ိဳးသားက်င့္ႀကံသူနဲ႕ ေဘးခ်င္းကပ္ရပ္မွီလာေတာ့သည္။
"မဂၤလာပါ အစ္ကိုႀကီး"
ယင္ေထာင္က စကားနားေထာင္စြာဘဲ ႏႈတ္ဆက္လိုက္သည္။
လွည္းက သူတို႔ထက္ျမန္ေနတာေတြ႕တဲ့အခါ အၿမဲတမ္းနံပါတ္တစ္ ျဖစ္ေနတဲ့ထိုကေလးကေအာ္ေျပာလာေတာ့သည္။
"ေဖေဖ...သူတို႔ကိုေက်ာ္လိုက္"
အမ်ိဳးသားက်င့္ႀကံသူက အရွိန္ျမႇင့္လိုက္ေပမယ့္ လွည္းကိုေတာ့မေက်ာ္နိုင္ေသးေပ။
"ေဖေဖ ျမန္ျမန္လုပ္"
ေကာင္ေလးက သူ႕အေဖကိုတိုက္တြန္းေနရင္းနဲ႕ မ်က္လုံးေလးေတြလည္းရဲလာေတာ့သည္။
ယင္ေထာင္က တခစ္ခစ္ရယ္ေမာလိုက္သည္။
"အမွီလည္းမလိုက္နိုင္ဘူး....အမွီလည္းမလိုက္နိုင္ဘူး"
ထိုကေလးမွာ စိတ္ဆိုးသြားၿပီး
"ငါ့အေဖက အေတာ္ဆုံးဘဲ..ငါတို႔မင္းကိုအမွီလိုက္နိုင္တယ္"
"ငါ့အေဖက ပိုေတာ္တယ္"
႐ုန္ယိ ယင္ေထာင္ကို ၿပဳံးၿပီးေျပာလိုက္သည္။
"သား အေဖေကာင္းတစ္ေယာက္ရွိဖို႔ဆိုတာ ဘယ္ေလာက္အေရးႀကီးလဲဆိုတာသိၿပီမလား"
ယင္ေထာင္ ေသခ်ာေတာ့နားမလည္ေပမဲ့ ေခါင္းေတာ့ၿငိမ့္ျပလိုက္ေသးသည္။
႐ုန္ယိ ၿပဳံးလိုက္ၿပီး ထိုက်င့္ႀကံသူရဲ႕လက္တြဲေဖာ္ကိုပါေျပာလိုက္၏။
"အဲ့လိုဘဲ စြမ္းအားႀကီးတဲ့လက္တြဲေဖာ္တစ္ေယာက္ရွိဖို႔ကလည္း အေရးႀကီးတာဘဲ"
ထိုအမ်ိဳးသားက်င့္ႀကံသူရဲ႕လက္တြဲေဖာ္ "......"
အမ်ိဳးသားက်င့္ႀကံသူက ေဒါသေတြထြက္သြား၏။
"မင္း ဘာေသာက္စကားေျပာတာလဲကြ"
ထိုသုက ဘယ္လိုလုပ္ၿပီးသူ႕လက္တြဲေဖာ္ေရွ႕မွာ ဒီလိုစကားမ်ိဳးေျပာနိုင္ရတာလဲ..။ အဲ့တာက သူ႕ကိုအရည္အခ်င္းမရွိဘူးလို႔ေျပာေနတာဘဲမဟုတ္ဘူးလား..။
"ငါကအမွန္ကိုဘဲေျပာတာေလ...ငါဘာေတြမ်ားေျပာမိလို႔လဲ"
"မင္းသတၱိရွိရင္ ငါ့ကိုမင္းနာမည္ေျပာစမ္း"
႐ုန္ယိ ၿပဳံးၿပဳံးေလးနဲ႕ ျပန္ေျဖလိုက္၏။
"ငါ့နာမည္က ယင္က်င္းရဲ႕"
ယင္က်င္းရဲ႕ "....."
သူ႕ရဲ႕အနာဂတ္က လုံးဝမေခ်ာေမြ႕နိုင္ေတာ့ဘူးလို႔ သူဝိုးတိုးဝါးတားခံစားေနရသည္။
ယင္ေထာင္ရဲ႕ကိုယ္ရံေတာ္နဲ႕ ျမင္းလွည္းေမာင္းသမားတို႔လည္း ဆြံ႕အသြားၾကသည္။
႐ုန္ယိက သူတို႔သခင္အတြက္ ရန္သူေတြဖြဲ႕ေပးေနတာဘဲ။
"ယင္က်င္းရဲ႕ ငါမင္းနာမည္ကိုမွတ္ထားမယ္"
ထိုက်င့္ႀကံသူက ေဒါသတႀကီးနဲ႕ေအာ္ေျပာလာသည္။
ယင္က်င္းရဲ႕ "....."
ယင္ေထာင္လည္း တခစ္ခစ္ရယ္ေမာရင္းနဲ႕ ေအာ္ေျပာလိုက္၏။
"ငါက ယင်ေထာင္"
ထိုက်င့္ႀကံသူရဲ႕ကေလးကလည္းျပန္ေအာ္ေျပာလာသည္။
"ယင္ေထာင္ ငါလည္းမင္းနာမည္ကိုမွတ္ထားမယ္"
႐ုန္ယိ လိုက္ကာကိုျမန္ျမန္ဆြဲခ်လိဳက္ၿပီး ယင္ေထာင္ရဲ႕မ်က္ႏွာေလးကိုကိုင္ကာေျပာလိုက္သည္။
"သား မင္းဘယ္လိုလုပ္ မင္းရဲ႕နာမည္အစစ္ကိုေပးလိုက္ရတာတုန္း"
ယင္ေထာင္ သူ႕ကိုစိတ္ရႈပ္ေထြးေနတဲ့ပုံေလးနဲ႕ ေမာ့ၾကည့္လာသည္။
႐ုန္ယိ ၾကည့္တာနဲ႕သူနားမလည္မွန္းသိတာေၾကာင့္
"ေျပာရရင္ တစ္ေယာက္ေယာက္က မင္းနာမည္ကိုေမးလာၿပီဆိုရင္ အၿမဲတမ္းတစ္ျခားသူရဲ႕နာမည္ကိုဘဲေျပာသင့္တယ္..ဥပမာ မင္းတစ္ေယာက္ေယာက္ကိုမုန္းတယ္ဆိုရင္ သု႔နာမည္ကိုေျပာၿပီး သု႔အတြက္ရန္သူေတြမ်ားလာေအာင္လုပ္လို႔ရတယ္..ဒီလိုဆိုရင္ မင္းဘာမွအားထုတ္စရာမလိုဘဲ သူ႕ရန္သူေတြက သူ႕ကိုကူၿပီးရွင္းေပးလိမ့္မယ္"
ကိုယ္ရံေတာ္နဲ႕ ျမင္းလွည္းသမား "......"
ေကာင္းလိုက္တဲ့လွည့္ကြက္!!
ယင္ေထာင္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ေခါင္းၿငိမ့္ျပလာ၏။
႐ုတ္တရက္ ေအးစက္ေနတဲ့အသံတစ္သံထြက္လာ၏။
"ဆိုေတာ့ မင္းက ကိုယ့္ကိုမုန္းတယ္လို႔ေျပာခ်င္တာေပါ့"
႐ုန္ယိ ၿပဳံးၿပီးသူ႕ကိုလွည့္ၾကည့္လိုက္ကာ
"ကေလးေတြအေဖ...ခင္ဗ်ားဘယ္လိုလုပ္အဲ့လိုေတြးလိုက္ရတာလဲ..ခင္ဗ်ားက ကြၽန္ေတာ့္အခ်စ္ဟာကို ခင္ဗ်ားကိုဘယ္လိုလုပ္မုန္းရမွာလဲ..ကြၽန္ေတာ္သူ႕ကိုခင္ဗ်ားနာမည္ေျပာလိုက္တယ္ဆိုတာက ခင္ဗ်ားကအရမ္းစြမ္းအားႀကီးၿပီး တစ္ဖက္သူက ခင္ဗ်ားၿပိဳင္ဘက္မဟုတ္ဘူးလို႔ထင္လို႔ပါ..ၿပီးေတာ့ ခင္ဗ်ားသူတို႔ကို ပု႐ြက္ဆိတ္သတ္သလိုမ်ိဳး ရိုးရိုးေလး ေျဖရွင္းနိုင္တယ္ေလ.. ခင္ဗ်ားက ဒီလိုရန္သူမ်ိဳး တစ္ေယာက္ျဖစ္ေစ တစ္ေသာင္းျဖစ္ေစ မႈတာမွမဟုတ္တာ"
ယင္က်င္းရဲ႕ "......"
ဒါကခ်ီးမြမ္းေနတာလား...။
"ဒါ့အျပင္ ဒါကနာမည္ေလးတစ္ခုဘဲေလ..သူကခင္ဗ်ားဘယ္မွာေနလဲမွမသိတာ ခင္ဗ်ားကိုဘယ္လိုရွာနိုင္မွာလဲ..ဟုတ္တယ္မလား ခ်ယ္ရီသီးေလး "
ယင္ေထာင္ ေခါင္းၿငိမ့္ျပလာသည္။
"ဟုတ္တယ္"
ယင္က်င္းရဲ႕ ႐ုန္ယိေျပာတာမွန္သမွ်ေထာက္ခံေနတဲ့ ထိုကေလးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး စာသာဆက္ဖတ္ေနေတာ့သည္။
သူတို႔ ယင္အိမ္ေတာ္ကိုျပန္ေရာက္ၿပီး ေန႕လည္စာစားေသာက္ၾကၿပီးေနာက္ ႐ုန္ယိ ယင္ေထာင္ဆီက လက္နက္သန့္စင္တဲ့မီးဖို ၊ အလူမီနီယံသတၱဳနဲ႕ သံမဏိတို႔ကိုငွားလိုက္သည္။
႐ုန္စု လက္နက္သန့္စင္တဲ့မီးဖိုကိုၾကည့္ၿပီးေမးလိုက္သည္။
"သခင္ေလး...သခင္ေလးေျပာေတာ့ လက္နက္ဘယ္လိုသန့္စင္ရလဲဆိုတာမသိဘူးဆို"
႐ုန္ယိ ေျပာလိုက္၏။
"ငါ့ကိုတစ္ေယာက္ထဲထားၿပီးထြက္သြားေတာ့..ငါ့ကိုလာမႏွောင့္ယွက္ၾကနဲ႕"
"အိုး.."
႐ုန္စု တံခါးျပန္ပိတ္သြား၏။
႐ုန္ယိအထဲကေနၿပီး လွမ္းေအာ္လိုက္၏။
"မင္းတို႔ ေနာက္တစ္ခါထပ္မေခ်ာင္းၾကည့္ၾကနဲ႕ေနာ္"
႐ုန္စု "....."
အင္း...ဒါကသူတို႔အတြက္ေတာ့လုံးဝမျဖစ္နိုင္ေပ။
ဒီတစ္ခါေတာ့ ျပတင္းေပါက္ကေနေခ်ာင္းၾကည့္မဲ့အစား အကုန္လုံးေခါင္မိုးေပၚတက္ၿပီး အုပ္ႂကြပ္ခ်ပ္ကိုဖယ္ကာ အေပၚကေနၿပီး ေအာက္ကိုေခ်ာင္းၾကည့္ၾက၏။
႐ုန္ယိ ဒီသတၱဳေတြ သံမဏိေတြကိုၾကည့္ၿပီး သက္ျပင္းတစ္ခါထပ္ခ်မိျပန္၏။
"တစ္ေန႕ငါ့ဘဝမွာ လက္နက္သန့္စင္တဲ့မီးဖိုကိုသုံးရမယ္လို႔လုံးဝကိုထင္မထားခဲ့ဘူး..ၿပီးေတာ့ ဒါကိုသုံးရတာက ကေလးတစ္ေယာက္အတြက္ဆိုတာကိုေရာဘဲ"
သူဒီကိုကူးေျပာင္းလာၿပီးကတည္းက သူတစ္ျဖည္းျဖည္းနဲ႕ ကေလးေတြကိုမမုန္းေတာ့တဲ့ပုံပင္။
႐ုန္ယိ ေနာက္တစ္ႀကိမ္စိတ္ရႈပ္ေထြးသြားျပန္၏။
"ငါလုပ္ရမလား မလုပ္ရဘူးလား"
အမိုးေပၚမွာပုန္းၿပီးသူ႕ကိုေခ်ာင္းၾကည့္ေနတဲ့ ေလ့စိုင့္မွာ ဆႏၵေတြေစာလြန္းတာမွ ေအာက္ေျပးဆင္းၿပီး သူ႕ကိုလည္ပင္းကသြားညွစ္ကာ 'အခုလုပ္ေတာ့!' လို႔ေအာ္ေျပာလိုက္ခ်င္သည္။
႐ုန္ယိ ေတာ္ေတာ္ၾကာတုံ႕ဆိုင္းေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ပါဝင္ပစၥည္းေတြကို မီးဖိုထဲကိုပစ္ထည့္လိုက္ေတာ့သည္။ ဒီႏွစ္ေတြအတြင္းမွာ ဒါပထမဆုံးလက္နက္သန့္စင္တာေပမဲ့ သူ႕ရဲ႕လက္နက္သန့္စင္တဲ့ အရည္အခ်င္းေတြကေတာ့ ေပျာက်မသွားသေး။
အမိုးေပၚမွာေတာ့ ေလ့စိုင့္ ႐ုန္ယိဘာကိုလုပ္ေနတာလဲဆိုတာ တစ္ကယ့္ကိုသိခ်င္ေနသည္။ ေမွာ္လက္နက္ျဖစ္နိုင္သလို ျဖစ္လည္းမျဖစ္နိုင္ေပ။ ဘာလို႔ဆို တစ္ေယာက္ေယာက္က ပါဝင္ပစၥည္းတစ္မ်ိဳးတည္းနဲ႕ေမွာ္လက္နက္သန့္စင္တာ သူတစ္ခါမွမေတြ႕ဖူးေသး။ ဒါေပမဲ့႐ုန္ယိရဲ႕ အာ႐ုံစူးစိုက္ေနတဲ့အၾကည့္ေတြအရဆိုရင္ေတာ့ သူကတစ္ကယ့္ကိုအတည္ႀကီးလုပ္ေနတဲ့ပုံေပၚေလသည္။
ဘာဘဲျဖစ္ျဖစ္ ႐ုန္ယိမွာ ေလ့စိုင္မနာလိုျဖစ္ရတဲ့တစ္ခ်က္ေတာ့ရွိ၏။ အဲ့တာကသူ႕မွာ သႏၵေေျပာင္းမိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာရွိေနတာဘဲျဖစ္သည္။ ထိုေသြးေၾကာက လက္နက္သန့္စင္တာေတြ ေဆးလုံးသန့္စင္တာေတြနဲ႕ ဝိညာဥ္စြမ္းအားသုံးကိရိယာေတြျပဳလုပ္တဲ့ေနရာမွာ အေကာင္းဆုံးဝိညာဥ္ေသြးေၾကာျဖစ္ေလသည္။ ထိုေသြးေၾကာက ပန္းပဲဆရာေတြကို မာေၾကာလွတဲ့သတၱဳေတြအရည္ေပ်ာ္ေအာင္လုပ္ေပးနိုင္႐ုံတင္မကဘဲ သူတို႔ေမွာ္လက္နက္ေတြရဲ႕အရည္အေသြးကို တစ္ျခားသူေတြရဲ႕လက္နက္ေတြထက္ ပိုေကာင္းေအာင္ျပဳလုပ္ေပးနိုင္၏။
႐ုန္ယိ သတၱဳေတြ သံမဏိေတြအကုန္လုံးကိုအရည္ေပ်ာ္ေအာင္လုပ္ၿပီးတဲ့အခါမွာ ဝိညာဥ္စြမ္းအားသုံးၿပီး ပါဝင္ပစၥည္းေတြကိုပုံစံေပၚေအာင္ထိန္းခ်ဳပ္ကာ သူ႕စိတ္ထဲကပုံစံရေအာင္ ျဖည္းျဖည္းခ်င္းပုံေဖာ္ေန၏။ ဒါကသူ႕အတြက္ေတာ့ ဒီလိုအရာမ်ိဳးကိုလုပ္တာပထမဆုံးအႀကိမ္ျဖစ္တာေၾကာင့္ အရာဝတၳဳရဲ႕ပုံသ႑ာန္ေပၚဖို႔အတြက္ အားေတြအမ်ားႀကီးသုံရကာ အခ်ိန္ေတြအမ်ားႀကီးယူရသည္။
ၿပီးေတာ့ အခုကညေတာင္နက္ေနေလၿပီ။
ရွင္းဟယ္ အစကေတာ့ ႐ုန္ယိ အဆင့္နိမ့္ပါဝင္ပစၥည္းကိုသုံးၿပီး သူေတာ္စင္အဆင့္လက္နက္တစ္ခုဘယ္လိုလုပ္ခဲ့လဲဆိုတာသိခ်င္ခဲ့သည္။ ဒါေပမဲ့အခ်ိန္အၾကာႀကီးေစာင့္ၿပီးတာေတာင္ ႐ုန္ယိက ညစာစားဖို႔ထြက္မလာခဲ့ေပ။ ဒါေၾကာင့္သူကထိုအႀကံကိုစြန့္လႊတ္လိုက္ၿပီး အမိုးေပၚကေနသာဆက္ေခ်ာင္းၾကည့္ေနေတာ့၏။
႐ုန္ယိ ေနာက္တစ့္ေန႕မနက္မတိုင္ခင္အထိ ဆက္လက္သန္စင္ေနခဲ့သည္။ ၾကမ္းျပင္ေပၚနဲ႕ စားပြဲေပၚက အေသးစားကိရိယာေလးေတြကိုၾကည့္ၿပီး သူစိတ္သက္သာရာရစြာသက္ျပင္းခ်လိဳက္မိသည္။
"ငါလုပ္နိုင္သြားၿပီ..ခ်ီး.ဒါကငါ့အခ်ိန္ေတြကိုအရမ္းျဖဳန္းတီးေစတာဘဲ..ငါက်ိန္တယ္...ေနာက္တစ္ခါ ဘယ္ေတာ့မွဒါေတြထပ္မလုပ္ေတာ့ဘူး"
သူအျပင္ဘက္က ေကာင္းကင္ကိုလွမ္းၾကည့္လိုက္ၿပီး လင္းထင္းေနၿပီဆိုတာေတြ႕လိုက္ရသည္။ ဒါေၾကာင့္ သူအျပင္ဘက္ကိုလွမ္းေအာ္လိုက္သည္။
"အားစု"
ေနာက္တစ္ခဏမွာဘဲ ႐ုန္စုကသူ႕ေရွ႕မွာေပၚလာေတာ့သည္။
႐ုန္ယိ မ်က္ခုံးေတြပင့္မိသြား၏။
"မင္းဘာလို႔ဒီေလာက္အျမန္ႀကီးေရာက္ခ်လာတာလဲ..မင္းတို႔ငါ့ကိုအျပင္ကေနထပ္ေခ်ာင္းၾကည့္ေနၾကျပန္ၿပီမလား"
႐ုန္စုျမန္ျမန္ဘဲ ျပန္ေျဖလိုက္သည္။
"မၾကည့္ပါဘူး"
႐ုန္ယိမွာ သူေခ်ာင္းၾကည့္လားမၾကည့္လားဆိုတာ စစ္ေဆးေနဖို႔အခ်ိန္မရွိေပ။သူေမးလိုက္၏။
"ငါ့ရဲ႕ခ်ယ္ရီသီးေလးနိုးေနၿပီလား..သူ႕ကိုငါ့ဆီေခၚခဲ့ေပး"
"ဟုတ္ကဲ့"
႐ုန္စု ယင္ေထာင္ကိုသြားေခၚဖို႔အတြက္ အခန္းထဲကေနထြက္သြား၏။
အေမႊးတိုင္တစ္ဝက္စာေလာက္ၾကာတဲ့အခါ ယင္ေထာင္ ႐ုန္ယိအခန္းထဲကိုေျပးဝင္လာသည္။
"ေဖေဖ...သားေရာက္ၿပီ"
႐ုန္ယိ ယင္ေထာင္ေရွ႕မွာထိုင္ခ်လိဳက္ၿပီး သူမေန႕ညက သန့္စင္ထုလုပ္ထားခဲ့တာေတြကိုၫႊန္ျပလိုက္သည္။
"ဒါ ေဖေဖ မင္းအတြက္လုပ္ေပးထားတဲ့ ကစားစရာေတြ"
"ကစားစရာ!"
ထူးဆန္းေနတဲ့အသံေတြ ေခါင္မိုးေပၚကေနထြက္လာ၏။
႐ုန္ယိ ေဒါသထြက္စြာေမာ့ၾကည့္လိုက္ၿပီး အံ့အားသင့္မေနဘဲ ေအာ္လိုက္၏။
"မင္းတို႔ေတြငါ့ကိုထပ္ေခ်ာင္းၾကည့္ေနမွန္း ငါသိတယ္ေနာ္"
ေလ့စိုင့္နဲ႕ ရွင္းဟယ္တို႔ ေခါင္မိုးေပၚကေနခုန္ဆင္းလာၾက၏။
"ဒါဆို တစ္ညလုံးသန့္စင္ေနတာက ကစားစရာေလးတစ္ခုလုပ္ဖို႔ေပါ့"
သူတို႔ လက္နက္သန့္စင္တဲ့မီးဖိုနဲ႕ ကစားစရာလုပ္တာ တစ္ခါမွမေတြ႕ခဲ့ဖူးေပ။ ၾကည့္ေကာင္းေအာင္ သစ္သားနဲ႕လုပ္ၾကတာဘဲရွိသည္။
႐ုန္ယိ သူတို႔ကိုတစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး
"ငါကအခုမွ ခ်ီသန့္စင္အဆင့္၁ဘဲ ရွိေသးတာ..ငါကေမွာ္လက္နက္တစ္ခုကိုလုပ္နိုင္မယ္လို႔ မင္းတို႔ထင္ေနတာလား"
ေလ့စိုင့္ နဲ႕ ရွင္းဟယ္ "......"
ဒီရက္ပိုင္း ႐ုန္ယိဆီမ်ာ မေမွ်ာ္လင့္ထားတဲ့ကိစၥမ်ားစြာ ျဖစ္ပ်က္ေနတာေၾကာင့္ လူတိုင္းက သူရဲ့ချိီသန့်စင်ခြင်းအဆင့်၁ က အရည္အခ်င္းျပည့္မွီဖို႔အေဝးႀကီးလိုေသးတာကို ေမ့ေလ်ာ့သြားၾကသည္။
႐ုန္ယိ ယင္ေထာင္ကိုဆက္ေျပာျပလိုက္သည္။
"ဒါက သုံးဘီးအေသးစားေလး"
သူ ကေလးကိုမၿပီး ထိုအေပၚတင္ေပးလိုက္ကာ ေျခေထာက္ေတြကိုေျခနင္းျပားေပၚတင္ေစလိုက္သည္။
"ညာေျခေထာက္ကို အေရွ႕ကိုဖိနင္းလိုက္...ညာေျခေထာက္ေအာက္ေရာက္သြားတဲ့အခါ ဘယ္ေျခေထာက္ကအေပၚျမင့္တက္လာလိမ့္မယ္..ဘယ္ေျခေထာက္ကိုပါဆက္ၿပီးနင္းခ်လိဳက္..အဲ့က်ရင္ သုံးဘီးေလးက ေ႐ြ႕သြားတာေတြ႕ရလိမ့္မယ္"
ဒါကရိုးရွင္းေလသည္။ ယင္ေထာင္ျမန္ျမန္ဘဲ နားလည္သြား၏။ သူစိတ္လႈပ္ရွားစြာနဲ႕ စားပြဲကိုအႀကိမ္ေပါင္းမ်ားစြာပတ္နင္းေနေလသည္။
"ဒါကေပ်ာ္စရာႀကီး...သားႀကိဳက္တယ္"
"ဒီမွာ ေနာက္ထပ္သုံးဘီးေလးေတြရွိေသးတယ္ ဒါေတြကိုမင္းရဲ႕ သိုေလွာင္လက္စြပ္ေလးထဲထည့္သြားလိုက္..ေက်ာင္းသြားတဲ့အခါက်ရင္ အတန္းထဲကိုဒါေလးစီးၿပီးဝင္သြားလို႔ရတယ္...မင္းရဲ႕သုံးဘီေလးနဲ႕ေဆာ့ခ်င္တဲ့ ဆရာတူအစ္ကိုရွိရင္ ေနာက္တစ္စီးထုတ္ေပးၿပီး သူတို႔နဲ႕အတူတူေဆာ့ သိၿပီလား"
ယင္ေထာင္ ၿပဳံး႐ႊင္စြာဘဲ ေခါင္းၿငိမ့္ျပလာသည္။
"ဒါေပမဲ့ တစ္ခုေတာ့မွတ္ထား...ဆရာတူအစ္ကို က်ားေရွာင္ခ်ဳံ နဲ႕ ေရွာင္တ်န့္တ်န့္တို႔ကိုေတာ့ ငွားေပးလို႔မရဘူးေနာ္"
ထို႔ေနာက္ ႐ုန္ယိစားပြဲေပၚကပစၥည္းေလးေတြကိုျပလိုက္သည္။
"ၿပီးေတာ့ ဒါကေရပစ္ထုတ္လို႔ရတဲ့ ေသနတ္"
သူေသနတ္ထဲကို လက္ဖက္ရည္ေတြေလာင္းထည့္လိုက္ၿပီး ဘယ္လိုေဆာ့ရလဲဆိုတာ ယင္ေထာင္ကိုသင္ေပးလိုက္၏။
"ဒီကစားစရာကို ဆရာတူအစ္ကိုေတြက မင္းနဲ႕အတူကစားၾကေတာ့မွထုတ္ျပလိုက္..သူတို႔နဲ႕အတူ ေရေသနတ္ပစ္တိုင္းကစားလို႔ရတယ္...ေဖေဖလုပ္ထားတာေတြက သာမန္ကစားစရာေလးေတြမလို႔ လူေတြကိုထိခိုက္ေစမွာမဟုတ္ဘူး"
႐ုန္ယိ ကေလးကမမွတ္မိမွာစိုးတာေၾကာင့္ ယင္ေထာင္ရဲ႕ကိုယ္ရံေတာ္ကိုပါ ေနာက္တစ္ႀကိမ္ထပ္ရွင္းျပလိုက္သည္။
ယင္ေထာင္တစ္ေယာက္ ကစားစရာအသစ္ေတြကိုအရမ္းစိတ္ဝင္စားေနတာေၾကာင့္ မနက္စာေတာင္မစားေတာ့ဘဲ ေက်ာင္းသြားဖို႔အတြက္ ကိုယ္ရံေတာ္ကိုဆြဲေခၚသြားေတာ့သည္။
##
update ေတာင္းလာတဲ့ readerေလးအတြက္ပါရွင္♥♥
***************
30.11.2021