မမ ( Complete )

By dateburma

56.1K 3K 114

မန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိ... More

Part - 1
Part - 2
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part -16
Part - 17
Part - 18
မမ ( The end )

Part - 3

2.7K 177 1
By dateburma

" ကြည့်ရတာ မငြိမ်မသက်နဲ့ ချစ်ရယ်
ဘာဖြစ်နေတာလဲ "

နာရီကြည့်လိုက် ဆိုင်ပြင်ကြည့်လိုက်ဖြစ်နေသော ဇာခြည်ကို မိုးသူဇာစိတ်မရှည်တော့ပါ။ နှစ်ယောက်လုံးက အလုပ်ကိုယ်စီမို့ တွေ့ရချိန်က အလွန်နည်းပါးသည်။ ဖုန်းပြောချိန်ဆိုတာလည်း ညဘက်အိပ်ခါနီးလောက်သာ။

" အိမ်မှာ ဟိုကလေးတစ်ယောက်ထဲလေ
သူ့ကိုအိမ်မှာထားခဲ့ပြီး ချစ်ကအပြင်ထွက်နေတော့ ကောင်းပါ့မလား
သူကလည်း ရောက်တာဖြင့်မကြာသေးဘူး "

" သူ့ကို စာပို့ထားတယ်မဟုတ်လား
ချစ်ကလည်း
မိုးခဏနေ လိုက်ပို့ပေးပါ့မယ်
အခုတွေ့ရချိန်တော့ တစ်ပတ်စာအလွမ်းပြေအောင် ကြည့်ပါရစေအုန်း "

" ပြောပြန်ပြီ အပိုတွေ "

ချစ်သူရဲ့မျက်စောင်းလှလှလေးကို ခံယူရင်း မိုးသူဇာ သဘောကျ ကျေနပ်နေတော့သည်။ တက္ကသိုလ်ကျောင်းသူ ဘဝကတည်းက ချစ်ခဲ့ကြသော သူတို့အတွဲလေးက အခုဆို ချစ်သူသက်တမ်း ရှစ်နှစ်ကျော် ကိုးနှစ်ဖြစ်နေပြီ။ နှစ်ဖက်မိဘလည်း သဘောတူကြည်ဖြူ အပေါင်းအသင်းတွေကလည်း လက်ခံထားသော ကြည်နူးဖွယ်အတွဲလေးဖြစ်သည်။

" မိုး ပြန်ရအောင် နောက်ကျရင် မကောင်းဘူး "

တနင်္ဂနွေပိတ်ရက် ညနေတိုင်း သူတို့နှစ်ဦး ဒီကော်ဖီဆိုင်လေးထဲ အမြဲထိုင်ဖြစ်သည်။ တစ်ပတ်လုံးမှာ တစ်ရက်လောက်သာ တွေ့ရတာမို့ တွေ့ပြီဆိုရင်လည်း အိမ်ကိုပင် မပြန်ချင်တော့ပါ။ အခု ဟိုကလေးရောက်နေတာကြောင့် အလွမ်းနဲ့ ခွဲရပြန်ပြီ။

........................................................

အိမ်ရှေ့ဆိုင်ကယ်သံကြားတာနဲ့ မမပြန်ရောက်ပြီဆိုတာ သဘောပေါက်လိုက်သည်။ လက်က နာရီကို ကြည့်လိုက်တော့ ညနေ ၆နာရီခွဲ။

" ဒိတ် ဘာထိုင်လုပ်နေတာလဲ "

အိမ်ထဲသို့ဝင်ဝင်ချင်း ဧည့်ခန်းထဲ ခြေချိတ်ထိုင်နေသော ဒိတ်ကြောင့် ဇာခြည်လန့်ရပါသေးသည်။ အမြဲ ပြုံးပြုံးရွှင်ရွှင်နေတတ်သူလေးက အခု ခုံကိုမှီပြီး ခြေချိတ်ထိုင်နေသည်မှာ တစ်မျိုးလေးဖြစ်နေသည်။

" မမကို စိတ်ပူလို့စောင့်နေတာပါ " အသံက မာဆက်ဆက်ဖြစ်နေသည်။ ဆောင်းရာသီ ညနေ၆နာရီဆိုသည်မှာ အတော်မှောင်နေပြီမဟုတ်လား။

" သြော် စိတ်မပူပါနဲ့
မိုးနဲ့တောင် မိတ်မဆက်ပေးရသေးဘူးနော်အခုကမှောင်နေလို့ နောက်ကျရင် မိတ်ဆက်ပေးမယ်
အခု မမပင်ပန်းလို့ ခဏနားအုန်းမယ် "

မမကပြောပြီး သူ့အခန်းထဲ ဝင်သွားသည်။ ကျွန်တော်သာ အလိုမကျမှုတွေနဲ့ ကျန်ရစ်ခဲ့သည်။ ချစ်မိပြီဆိုရင် ပူလောင်မှုတွေက အလိုလိုရောက်လာတတ်၏။
အပြင်းစားအရက်တစ်ခွက်ကို သောက်ရင်
လူက မူးပြီးပျော်တယ်
အပြင်းစားအချစ်တစ်ခုကိုတွေ့ရင်
လူက ရူးပြီးသေတယ်။
အခုတော့ ကျွန်တော်ရူးနေပြီ။

.........................................................

ညနေကတည်းက ချစ်သူနဲ့တွေ့ဖို့ထွက်သွားတာကြောင့် ဇာခြည်ဘာမှမချက်ပြုတ်ရသေးပါ။ ကိုယ့်ဘာသာဆို ဘာမှမဖြစ်ပေမယ့် ဒိတ်ကိုအားနာတာကြောင့် ထပြီးချက်ပြုတ်ပေးရအုန်းမည်။

ဟင်းးးးးး
သက်ပြင်းချပြီး မထချင်ထချင်နဲ့ မီးဖိုခန်းသို့ ထွက်သွားသည်။

" ဟင် "

" မမစားဖို့အတွက် "

အသီးအရွက်တွေနဲ့ ထမင်းကို ရောကြော်ထားပေးခြင်းဖြစ်သည်။ ပူပူနွေးနွေး အငွေ့တထောင်းထောင်နဲ့ စားချင်စရာ။

" ကျေးဇူးပါ ဒိတ်ရာ "

ကျွန်တော်လည်း မမထိုင်ဖို့အတွက် ခုံကိုပြင်ပေးသည်။ ပြီးတာနဲ့ မမနဲ့မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

" အရသာလေးက စားလို့ကောင်းလိုက်တာ
ဒိတ်ကတော်သားပဲ "

" ဒီတစ်မယ်ပဲ လုပ်တတ်တာ "

မမက စားနေရင်းတန်းလန်း ပါးစပ်ကိုလက်ဖဝါးနဲ့အုပ်ရင်း ရယ်သည်။
မမကို ရယ်မောနေတာကို ကြည့်နေရင်း မမပါးလေးကို ဆွဲညှစ်ကာ အာဘွားအဆက်မပြတ်ပေးချင်စိတ်များ ပေါ်လာပြန်သည်။

စိတ်ကူးထဲမှာ နမ်းသလို
လက်တွေ့အပြင်မှာ နမ်းနေရရင်
မမပါးလေး ချိုင့်နေလောက်ပြီ။

ဒီတစ်ခါတော့ မမကိုအေးဆေးနားနေခိုင်းကာ ကျွန်တော်ပဲ ပန်းကန်တွေဆေးကြောနေလိုက်သည်။

" မမ အနွေးထည် မဝတ်ထားဘူးလား "

" အာ ဟုတ်တယ် ပြန်ရောက်ကတည်းက အိပ်ပျော်သွားတာ အခုမှနိုးတယ်
နိုးနိုးချင်း ဒီဘက်ထွက်လာတာပဲ "

ကျွန်တော်ပြောလိုက်မှ ချမ်းတာကိုသတိရတယ်ထင်သည် ( တကယ့်အရူးမလေး )
ဒီတော့ ကျွန်တော်ဝတ်ထားသော ဂျာကင်ကို မမကိုပေးရင်း

" ဝတ်ထားချည် ကျွန်တော်က နွေးနေပြီ "

" ရတယ် ရတယ်ဒိတ်
မမအခန်းထဲ ဝင်ယူလိုက်မယ် "

မမအနောက်သို့ ပြန်အလှည့် ကျွန်တော့်ဂျာကင်ကို ချွတ်ပြီး မမကိုယ်ပေါ် ခြုံလွှမ်းပေးလိုက်သည်။ ရုတ်တရတ်ကြောင့် မမလည်း အံ့သြသွား၏။ အခုဆိုမမက ကျွန်တော့်ရင်ခွင်ထဲရောက်ဖို့ တစ်ထွာလောက်သာ လိုတော့မည်။ကျွန်​တော့်ရင်ခွင်ထဲသို့ မမကိုယ်လေးကို ဆွဲသွင်းထွေးဖက်ထားလိုက်ချင်သည်။
သို့သော်
ကျွန်တော့်ပါးလည်း မကောင်းသလို မမလက်ဝါးလည်း မတောင်းလိုပါ။

" ရတယ် ဒိတ် မလိုဘူး " မမအသံ နည်းနည်းမာသွားတာကြောင့် ကျွန်တော်လည်း နောက်ဆုတ်လိုက်သည်။

ရင်ထဲမှာတော့ ပြောမပြတတ်တဲ့ ဝေဒနာက အောင့်သက်သက်နဲ့ ခံရခက်၏။ အပြင်မှာ ကျွန်တော်တစ်ယောက်တည်း ရပ်ကျန်နေခဲ့သည်။ ပါးပြင်ပေါ် ပူနွေးသော အရာတွေက ကျဆင်းလာ၏။

လိင်တူခြင်း ချစ်ကြိုက်မိတာ
ဝဋ်ကြွေးတစ်ခု
ကိုယ့်ကို မချစ်မနှစ်သက်သူကို ချစ်မိတာ
ဝဋ်ကြွေးတစ်ခု
ဘုရားရေ..........
ငါက အချစ်မှာ နှစ်ထပ်ကွမ်း ဝဋ်ကြွေးရှင်ပါလား။

အခန်းထဲ ပြန်မဝင်ချင်သေးတာကြောင့် အိမ်ရှေ့အုတ်ခုံပေါ် ထွက်ထိုင်နေလိုက်သည်။ ရင်ထဲကပူလောင်မှုကို ဆောင်းရာသီရဲ့ အအေးဓာတ်က မနှစ်သိမ့်နိုင်ပါ။

" အခန်းထဲမဝင်သေးဘူးလား "

အိမ်ရှေ့ဝက မမကလှမ်းပြောသည်။

" အခုဝင်မယ် "

ကျွန်တော်အိမ်ထဲဝင်တော့ မမက ဧည့်ခန်းထဲခဏဝင်ထိုင်ရန်ပြောသည်။

" မင်းဘာဖြစ်နေတာလဲ "

မမက ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေတာကြောင့် အမြန်အကြည့်လွှဲလိုက်ရသည်။ ကျွန်တော့်မျက်ဝန်းထဲ ဒီအဖြေက ရှိနေပြီသားပါ။

" အမ မေးနေတယ်လေ
အမကို ပွင့်ပွင့်လင်းလင်းပြောပြ စိတ်မဆိုးဘူး "

မမနဲ့ကျွန်တော့်ကြား စည်းတစ်ခုခြားနေသည်မှာ သေချာနေပါပြီ။ ဒီစည်းက စောင့်ထိန်းရမယ့် စည်းလား။ ချစ်သူရှိတဲ့မိန်းကလေးကို တစ်ဖက်သတ်ချစ်ကြိုက်မိနေသည်။ ရှေ့ဆက်တိုးပြီး အမုန်းခံရမလား တိတ်တိတ်ကလေး ကြေကွဲရမလား။

" ဟင်အင်း ဘာမှမဖြစ်ဘူးမမ
ကျွန်တော် အိမ်ကိုလွမ်းလို့ "

ကျွန်တော့်အချစ်တွေ မမရိပ်မိခဲ့ပြီ။ ကျွန်တော့်ကို ဖွင့်ပြောစေချင်နေတာလား မမ။ ကျွန်တော့်ဘက်က ဖွင့်ပြောမှ မမဘက်က ငြင်းနိုင်မှာလေ။ ငြင်းချင်လို့ တမင်ဖွင့်ပြောခိုင်းနေတာမဟုတ်လား။ မမစောင့်နေလိုက်စမ်းပါ ကျွန်တော်က ဘယ်တော့မှ ဖွင့်ပြောမယ့်ကောင်မဟုတ်ဘူး။

ကျွန်တော်ဆိုတဲ့ ကောင်ကလေ မပိုင်ဆိုင်ရလည်း ဖြစ်တယ်လို့ တွေးထားတဲ့အတွက် ဘယ်တော့မှ ဖွင့်မပြောဘူး။

...........................................................

ဒီစကားက တကယ်ဖြစ်ပါစေ ဒိတ်ရယ်။ မင်းချစ်နေတာ အမသိပါတယ် ဒါပေမယ့် မင်းအပေါ်ကို အမတစ်ယောက်ထက် ပိုမချစ်နိုင်ပါဘူး။ မင်းဖွင့်ပြောလာတဲ့အချိန်ရောက်ရင် မင်းနှလုံးသားလေး မနာကျင်ရအောင် အမသေချာရှင်းပြပေးမှာပါ။ အမပေါ် ရိုးသားစမ်းပါ ဒိတ်ရယ်။

နှစ်ယောက်စလုံး ခေတ္တတိတ်ဆိတ်နေကြ၏။ ကျွန်တော်ရေခဲသေတ္တာဆီသို့ ထသွားပြီး SPY ယူချိန် မမကလည်း သူ့အတွက် တစ်ပုလင်းယူခိုင်းသည်။ ပုလင်းအဖုံးဖွင့်ပြီး နှစ်ယောက်သား Cheer လုပ်လိုက်သေး၏။ ဘာအတွက်ကြောင့်ရယ် မသိ။ ကျွန်တော့်နှလုံးသား ကျဆုံးခြင်းကြောင့် ဖြစ်မှာပါ။

ဆက်ရန်...............

November 30

Continue Reading

You'll Also Like

5.5M 485K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
62.6K 1.8K 33
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
3.5K 100 14
ပထမဆုံးစရေးတဲ့ gl fic မို့လို့ အမှားပါခဲ့ရင် နားလည်ပေးဖို့ ကြိုပြီးတောင်းပန်ချင်ပါတယ် စိတ်ကူးရင်သက်သက်ဖြင့်သာ ရေးထားခြင်းဖြစ်ပါတယ် *29/9/2023 တုန်း...
12K 560 9
В прошлой жизни Гу Чжоу влюбился в плохого человека, пережил домашнее насилие, измены и предательство. Он умер один, желая той смерти. Но, он вернулс...