Amor is so Dumm

By MochiCookie95

170K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-18

5.1K 813 142
By MochiCookie95

Unicode;

'အလုပ် မသွားခင် မနက်စာ စားသွားနော်.. ညနေမှ စောစောလာကြိုမယ် စောင့်နေနော်.. မောင့်ယောက်ျားကို အရမ်းချစ်တယ်'

အသင့်ပြင်ထားတဲ့ မနက်စာဝိုင်းလေး နားက စာတိုလေးအား ဖတ်ရင်း Jimin ပြုံးလိုက်သည်။

"ဒီအရူးကောင် ကတော့ အရမ်း ချစ်တယ် ဆိုတဲ့ စကားကို အရမ်း လွယ်လွယ် သုံးတာပဲ"

အပြစ်တင်သံ ချိုချိုလေးကြောင့် အပြစ်တင်တာရော ဟုတ်ရဲ့လား မသဲကွဲပါ။ ဒီတိုင်းလေး ပြောတာလည်း ဖြစ်နိုင်တာပဲ...။ ရေချိုးပြီး Jungkook ပြင်ပေးခဲ့တဲ့ မနက်စာအား အခန့်သား ထိုင်စားနေလိုက်သည်။ Park Jimin အဖြစ် ရပ်တည်ရတာ ထင်သလောက်လည်း ဆိုးဝါးမနေတော့ပါဘူး။ အမေ့အပေါ် လွှဲခဲ့တဲ့ နားလည်မှုတွေလည်း အမှန်ကို သိခဲ့ရပြီး အသားလွတ် မုန်းတီးနေခဲ့မိတဲ့ တောင်ကိုရီးယား လူမျိုးတွေလည်း အဲ့လောက် မမုန်းမိတော့။ အမေ့နောက် လိုက်ခဲ့ လိုက်ခဲ့ အဖေ့နောက် လိုက်ခဲ့ လိုက်ခဲ့ Park Jimin က ဘဝ တစ်ခုကို ကောင်းကောင်းရပ်တည်ခဲ့ပါတယ်...။

"တော်သားပဲ"
"ဘုရား.. လန့်လိုက်တာ"

ရုတ်တရပ်ပေါ်လာပြန်တဲ့ တမန်တော် အဒေါ်ကြီးကြောင့် Jimin ကိုယ့်ရင်ဘတ်လေးကိုယ် ဖိထားလိုက်မိသည်။

"အဒေါ်ကြီး ဘယ်လို လုပ်လိုက်တာလဲ.. ဘွားကနဲ ဘွားကနဲ ပေါ်ပေါ်လာတာ ကျွန်တော် နှလုံးရောဂါ ရရင် ခင်ဗျားကြောင့်ပဲ သိလား"

တမန်တော် အဒေါ်ကြီးက တဟားဟား ရယ်ရင်း စားပွဲပေါ်က အခိုင်လိုက် တင်ထားတဲ့ စပျစ်သီး တစ်ချို့ကို ဖြုတ်စားကာ

"မပူပါနဲ့... ငါကြောင့် လန့်သွားတဲ့ နှလုံးခုန်နူန်းက Jungkook ကြောင့် ဖြစ်တဲ့ နှလုံးခုန်နူန်းလောက် မပြင်းပါဘူး"
"ကျွန်တော်က ဘာလို့ Jeon Jungkook ကြောင့် နှလုံးခုန်နူန်း မြန်ရမှာလဲ.. သူက သရဲလည်း မဟုတ် စာမေးပွဲလည်း မဟုတ်"

Jimin ချက်ခြင်းငြင်းဆန်လိုက်သည်ကို တမန်တော် အဒေါ်ကြီးက ခပ်တိုးတိုးလေးရယ်ရင်း

"ငါက Special special တမန်တော် ဆိုတာ မမေ့နဲ့ဦးနော်.. ဒါမျိုးတွေက ငါ့ကြောင့် ဖြစ်လာတာပါ.. မင်းကိုယ့်ကိုကိုယ် လိမ်လို့ရတယ် Jungkook ကိုလည်း လိမ်လို့ရတယ် ဒါပေမယ့် ငါ့ကို လိမ်လို့မရဘူး"

Jimin ဆက်မပြောတော့ပဲ ဂရုမစိုက်သလို မနက်စာသာ ငုံ့စားနေလိုက်သည်။ အင်း.. ပြန်ပြောစရာ မရှိလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်မည်။

"ဒီမှာနေရတာ အဆင်ပြေနေပြီထင်တယ်"
"ပြေအောင်နေရတာပေါ့ ခင်ဗျားကမှ ကျွန်တော့်ကို ပြန်ပို့ဖို့ စိတ်ကူးမရှိတာ"

Jimin အဖြေကို တမန်တော် အဒေါ်ကြီးက အနွေးထွေးဆုံး ပြုံးပြရင်း Jimin ပခုံးဘေးထက် ဖွဖွလေး ပုတ်ပေးကာ

"စိတ်မပူပါနဲ့ကွယ်.. အခု ရောက်လာတာလည်း မင်းကို ဂျာမနီက Grazie ပြန်ဖြစ်ဖို့ အခွင့်အရေး ပေးမလို့ပါ.. ခါတိုင်းလိုပေါ့ မေးခွန်းလေးတွေ မေးရင်း.. ဘယ်လိုလဲ"

Jimin ဘာမှ မဖြေပဲ ထမင်းသာငုံ့စားနေမိသည်။ အမှန်တိုင်း ဝန်ခံရရင် အရင်ကတော့ ဒီစကားကြားရင် ပျော်မြူးနေခဲ့ပေမယ့် အခုတော့ ရင်ထဲလေးလံလာသည်။ အဖြေဆက်မှားနေရင်လည်း ဒီမှာ နေရဦးမယ် တကယ်လို့ မှန်သွားခဲ့ရင်လည်း....။

"ဆံသဆိုင်က ဝန်ထမ်းလေးလား ဒါမှမဟုတ် Alex Armanto လုပ်ငန်းစုရဲ့ CEO လား"

Jimin ဘာမှမဖြေပဲ ငိုင်နေမိသည်။ အလုပ်တွေကြား အပူတစ်သောင်းနဲ့ ခေါင်းမြုပ်နေတဲ့ Grazie ထက် ဆံသဆိုင်မှာ လေကန်ရင်း တစ်စုံတစ်ယောက်ဆီက ရှယ် အချစ်ခံနေရတဲ့ Park Jimin ဘဝကို ပျော်မွေ့နေမိပြီ။ တဖက်ကို ပြန်တွေးလိုက်ရင်လည်း လက်ညိုးညွှန်ရာ ရေဖြစ်ခဲ့တဲ့ သခင်လေး ဘဝ ကို အဆုံးရှုံး မခံနိုင်..။

"ဟယ် ဘယ်လိုဖြစ်တာလဲ Grazie နဲ့ မတူလိုက်တာ.. ဘာတွေ တွေဝေနေတာလဲ"

တမန်တော် အဒေါ်ကြီး ပြုံးလျက်နဲ့ မေးလာတဲ့ မေးခွန်းကို Jimin မဖြေပဲ စားပြီးသား ပန်းကန်တွေ ဘေစင်ပေါ် တင်ရင်း

"ကျွန်တော် စဉ်းစားဦးမယ်"
"ဟင်?? တကယ်ကြီး ပြောနေတာလား"
"ကျွန်တော်က ဘယ်တုန်းကများ စနောက်ဖူးလို့လဲ"
"ဒီမေးခွန်းက အဲ့လောက်ခက်ခဲနေလို့လား"

တမန်တော်အဒေါ်ကြီးရဲ့ မေးခွန်းကြောင့် Jimin မရိပ်မိအောင် ကျောပေးကာ ပန်းကန်လုံးလေးတွေ ဆေးနေရင်း သက်ပြင်းခိုးချလိုက်မိသည်။ မခက်ခဲပါဘူး... ဒါပေမယ့် အဖြေမှန်သွားမှာ ကြောက်နေမိတာ...။

"တခြားကြောင့် မဟုတ်ဘူး.. ကျွန်တော် အလုပ်နောက်ကျမှာ စိုးလို့"
"ငါပေါ်လာရင် အချိန်တွေ ရပ်တန့်နေမှာလေ သိရဲ့သားနဲ့"

Jimin ဘာမှဆက်မပြောတော့ပဲ ပန်းကန်အရင် ပြီးအောင်ဆေးပြီးမှ စားပွဲထက်က Jungkook ထားခဲ့တဲ့ Note စာရွက်လေးကို ထောင်ပြလိုက်ရင်း

"ဒီမှာ မြင်လား.. ဒီနေ့တော့ စောင့်နေရမယ့်သူ ရှိလို့ ဂျာမနီ ပြန်လို့ မရသေးဘူး.. အဲ့တာကြောင့် မဖြေချင်သေးဘူး"

အခုထိ လေသံမလျော့သေးတဲ့ Jimin ကြောင့် တမန်တော် အဒေါ်ကြီးက ဟားတိုက်သလို တိုးတိုးလေးရယ်ရင်း

"နေ့တိုင်း စောင့်နေတာပဲ မဟုတ်ဘူးလား"

ဟုတ်တယ်... ညနေတိုင်း အလုပ်ဆင်းချိန်လေးကို စောင့်နေခဲ့တာ..။ တခြားထက် သူ့အနားမှာ ရှိနေတာ မပြည့်စုံရင်တောင် အမြင့်ရောက်နေဆဲပဲ... ဒါဟာ မြှောက်တင်ပေးတဲ့ ပခုံးတွေကြောင့်လည်း ဖြစ်နိုင်တယ်...။

"အဲ့ကောင် နေမကောင်းဘူး"
"Grazie က အဲ့လို သူများကို ဂရုစိုက်တတ်လို့လား.. တို့ မသိခဲ့ဘူး"

ပထမဆုံးပဲပေါ့...။ အဘိုးကို အဖေကိုယ်တိုင် လုပ်ကြံတာတောင် သိသိကြီးနဲ့ လစ်လျူရူထားခဲ့တဲ့ ကောင်လေးရဲ့ ပထမဆုံး သူစိမ်းတစ်ယောက်အပေါ် ဂရုစိုက်နေမိခြင်းလေ...။

"ကျွန်တော်က အဲ့လောက် ရင့်သီးတဲ့ သူမျိုးမဟုတ်ပါဘူး.. ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ပြန်ကျေးဇူး တုန့်ပြန်တဲ့ သဘောပါ"

စိတ်ထဲက အဖြေနဲ့ အပြင်က အဖြေက ဆန့်ကျင်ဘက်တွေ  ဖြစ်နေတာကို တမန်တော်အဒေါ်ကြီး ရိပ်မိလောက်မလား..။ ခေါင်းစဉ်တပ်ရခက်တဲ့ ပဟေဋိဆန်ဆန် အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း ထိုအဒေါ်ကြီးက

"ကောင်းပါပြီ.. နောက်မှ ထပ်လာခဲ့မယ်"
"နည်းနည်းကြာမှ လာပါ.. ကျွန်တော်ဖြတ်စရာ အလုပ်တွေ ရှိသေးလို့"
"ဆံသဆိုင်မှာ တနေကုန် လေကန်နေတဲ့ ကောင်လေးက ဘာတွေများ ဖြတ်စရာ အလုပ်တွေ ရှိနေတာလဲ"
"ဘာနေနေပေါ့ဗျာ.. လျှာရှည်လိုက်တာ"

Jimin ငေါက်သလို အော်လိုက်မှ တမန်တော် အဒေါ်ကြီးက ရယ်ရင်း ခေါင်းခါကာ ပျောက်ကွယ်သွားလေတော့သည်။ တမန်တော် အဒေါ်ကြီး မရှိတော့မှ Jimin သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"ဒီရက်ပိုင်း ဘာမှမဟုတ်ပဲ အလကား စိတ်ဖိစီးနေမိတယ်... အဲ့တာ မင်းကြောင့်မို့"

လက်ထဲက Note စာရွက်လေးကို ကိုင်ပြီး ရန်ထောင်လိုက်မိသည်။ ရေးထားတဲ့ စာသားလေးက အစ အကြီးကြီး ပြုံးနေမည့် ယုန်ပေါက်ကလေးရဲ့ မျက်နှာကို မြင်ယောင်လာစေသည်။ စိတ်ကူးထဲက အပြုံးလေးကတောင် Jimin ကို ထပ်တူပြုံးစေသည်။

"ငါ မင်းကို ချစ်နေတာ မဟုတ်ဘူး.. မင်းချက်ကျွေးတဲ့ ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ စားစရာတွေကို တက်မက်နေမိတာ.. အဲ့တာကြောင့် ငါ မပြန်နိုင် ဖြစ်နေတာ နားလည်လား"

ဒါက အကြောင်းပြချက်သာသာ ဆိုတာ Jimin ကိုယ့်ကိုကိုယ် သိသည်။ လက်ထဲက Note စာရွက်လေးကို လုံးချေကာ အမှိုက်ပုံးထဲ ထည့်ပစ်ပြီး ဆံသဆိုင်လေးဆီသာ ထွက်လာခဲ့သည်။ မနက်ခင်းရဲ့ နေရောင်ခြည် နွေးနွေးလေးအောက်မှာ တံမြက်စည်းလှဲနေတဲ့ နေခြည်လှလှလေးက ပါးချိုင့်ပိစိလေး ပေါ်အောင် ပြုံးပြရင်း

"တစ်ယောက်တည်းလား"
"အင်း.. Jeon Jungkook မအားလို့.. ဒါနဲ့ ဟိုကြွက်စုတ် မလာသေးဘူးလား"

Jimin မေးခွန်းကြောင့် Hobi တက်ကြွ နေရာမှ အနည်းငယ် ငြိမ်သွားသည်။ တံမြက်စည်းလှဲ နေသည်ကို ခေတ္တ ရပ်နားလိုက်ပြီး Jimin ဘက်လှည့်ကာ ခေါင်းခါပြလေသည်။

"မလာသေးဘူး.. ခါတိုင်းဆို ဒီအချိန်ရောက်ပြီ နောက်ကျမယ် ဆိုလည်း ဖုန်းဆက်နေကျ"

တကျက်ကျက် ရန်ဖြစ်နေတဲ့ သူ ရုတ်တရပ် မရှိတော့တဲ့ ခံစားချက်က ဒီကိုရောက်ကာစ လိုပဲ..။ Joon မရှိလို့ တစ်ခုခု လိုနေသလို ခံစားချက်မျိုး..။ အော်... ဒီ Jimin က အနှောင်အဖွဲ့များလိုက်တာ...။

"မင်းက အဲ့လိုကြီးပြောတော့ ငါတို့က နေရခက်သွားပြီလေ.. အဲ့တာကြောင့် မလာတာလား မသိဘူး"
"နေပါဦး.. ဆံပင်ဆိုင် သူဌေးက အခု ငါ့ကို အပြစ်ပြောနေတာလား"

Jimin ရန်ထောင်လိုက်သည်ကို Hobi က စိတ်မပါသလို သက်ပြင်းချရင်း တံမြက်စည်း ပြန်လှဲကာ

"မင်းကို အခြေအနေ ကြည့်တတ်ဖို့ ပြောနေတာ"
"အခု ငါက အလိုက်ကန်းဆိုး မသိ လုပ်မိတာပါလို့လား.. အဲ့ကောင်က ဆံပင်ဆိုင်သူဌေးကို ကြိုက်နေတာလေ အဲ့တာကို ငါက ပြန်ပြောပြတယ် အဲ့လောက်ပဲ.. ဘာအမှားများ ပါနေလို့လဲ.. ဘာလဲ ဆံပင်ဆိုင်သူဌေးက အဲ့ကောင်ကို မကြိုက်လို့လား"

Jimin မေးခွန်းကြောင့် Hobi က ဖြေရခက်သလို ခေါင်းလေးကုပ်ရင်း

"မကြိုက်တာတော့ မဟုတ်ပါဘူးကွ"
"ဒါဆို ကြိုက်တယ်ပေါ့"
"ကြိုက်တာရယ်လည်း မဟုတ်ဘူးလေ ယောက်ျားလေးချင်း ဆိုတာကြီးက မင်းနဲ့ Jungkook ကိုပဲ ငါက မြင်ခဲ့ဖူးတာ ငါကိုယ်တိုင်ကျ နည်းနည်းအံ့ဩမိတာပေါ့ ဒါပေမယ့် Taehyung-ie က ကြိုးစားတဲ့ ဝန်ထမ်းပါ စိတ်ထားလေးလည်း ကောင်းတာကို"

ဆိုတော့.. နိဂုံးချုပ်ရရင် ကြိုက်တယ်ပေါ့...။ Jimin စိတ်ထဲကပဲ ကြိတ် ကောက်ချက် ချလိုက်လေသည်။ Hobi ကတော့ ဆက်မပြောတော့ပဲ တံမြက်စည်းလေးဆွဲကာ ဆံသဆိုင်လေးထဲ ပြန်ဝင်သွားလေသည်။

"ဒီငတုံးတွေ... တစ်ယောက်နဲ့ တစ်ယောက် ကြိုက်နေကြရဲ့သားနဲ့ အလကား အချိန်ဖြုန်းနေ လိုက်တာ"

Hobi ဆိုင်ထဲ ဝင်သွားမှ Jimin ဘောင်းဘီအိတ်လေးထဲက ဖုန်းကို ထုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ Taehyung Contact လေးကို နိုပ်ပြီး ဖုန်းခေါ်လိုက်ကာ နူတ်ကလည်း တဖွဖွ တိုးတိုးလေး ရေရွတ်နေမိသည်။

"ငါ မင်းတို့အပေါ် မေတ္တာရှိလွန်းလို့ လုပ်ပေးနေတာ မဟုတ်ဘူး.. ငါ ဂျာမနီ မပြန်ရသေးခင် ငတုံးတိုက်ဖျက်ရေး သေချာပေါက် လုပ်ချင်လို့"

ဖုန်းဝင်တာ တော်တော်ကြာတဲ့အထိ မကိုင်တာကြောင့် Jimin နောက်တစ်ခေါက် ထပ်နိုပ်ကာ ခေါ်လိုက်သည်။ ဒီတစ်ခါတော့ လေးစက္ကန့်လောက် အကြာမှာ အိပ်ချင်မူးတူး ဖြစ်နေတဲ့ Taehyung အသံ တိုးတိုးလေး ကြားလိုက်ရသည်။

"ဟဲလို"
"မင်း ဘာလုပ်နေတာလဲ အခုထိ အိပ်နေတာလား ဘယ်အချိန်ရှိနေပြီလဲ"
"အားး Shit.. အမြဲတမ်း အဖေလို လေသံနဲ့... မင်းက ငါ့အဖေလား ငါ အိပ်နေတုန်းရှိသေးတာ Jimin ရ ပြောစရာ ရှိတာ ပြောပြီး ဖုန်းချလိုက်ပါတော့"

ဖုန်းထဲက Taehyung စကားကြောင့် Jimin ဒီဘက်ကနေ ပြုံးလိုက်မိသည်။ မနေ့က သူ့အစား ဖွင့်ပြောလိုက်လို့ စိတ်ဆိုးနေတဲ့ သူက ကြာကြာလည်း စိတ်မဆိုးနိုင်ကြပါ့လား...။ မင်းနဲ့ ဆံပင်ဆိုင်သူဌေး ကလည်း Park Jimin ရဲ့ အနှောင်အဖွဲ့ ထဲက တစ်ခုပဲ...။

"မင်း ဆိုင်မလာဘူးလား"
"ငါ ဘယ်လိုမျက်နှာနဲ့ Hobi Hyung ကို ကြည့်ရဲမှာလဲ.. မင်းကြောင့် ကောင်စုတ်လေးရဲ့"
"အောင်မာ ကြွက်စုတ်ကများ ငါ့ကို.. မင်းလို အခြေအနေနဲ့ ငါ့ကို ကောင်စုတ်လို့ ခေါ်စရာ အကြောင်းမရှိဘူး ရှင်းလား.. ပြီးတော့... မင်းမလာရင် ဆိုင်မှာ ဆံပင်ဆိုင် သူဌေး တစ်ယောက်ပဲ လုပ်မယ့်သူ ရှိမှာ သိတယ်မလား.. ငါ ညစ်တီးညစ်ပတ် သူများ ခေါင်းတွေ မကိုင်နိုင်ဘူး.. ဆိုင်အမြန်လာခဲ့"
"မလုပ်နိုင်လည်း လစာ ယူမနေနဲ့.. တကယ်ပါပဲ.. နောက်နာရီဝက်နေရင် ရောက်မယ်"

Taehyung အဖြေကြောင့် Jimin နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ သူ့ဆံပင်ဆိုင်သူဌေး တစ်ယောက်တည်း အလုပ်ရှုပ်မှာ ကြောက်နေရဲ့သားနဲ့...။ .......။

ဒီနေ့တော့ ဘီဘီ ဆံသဆိုင်လေးထဲ တကျက်ကျက် ရန်ဖြစ်သံတွေ မကြားရသေးပါ။ Taehyung မရောက်လာခင်ကတည်းက Customer တစ်ယောက်ရောက်နေတာကြောင့်ရော Taehyung ရောက်လာပြီး နောက်ပိုင်း လူအနည်းငယ်ကျနေတာရောကြောင့် ဖြစ်လိမ့်မည်။ ဟိုရက်တွေက မိုးကြောင့် လူရှင်းနေတဲ့ ဆိုင်လေးက ဒီနေ့မှ ဝင်လာမဆဲ တသဲသဲ တွေကို ဖြစ်လို့....။

ဘေးချင်းယှဉ်ထားတဲ့ မှန်တင်ခုံ တစ်ခုချင်းစီမှာ Customer တစ်ယောက်စီကို ဆံပင်လေမှုတ်နေကြရင်း တစ်ယောက်ကို တစ်ယောက် ခိုးကြည့်နေတဲ့ Taehyung နဲ့ Hobi အား Jimin နောက်ကနေ ထိုင် အကဲဖြတ်နေမိသည်။ ဆယ်ကျော်သက် Drama လေးလို Hobi က အရင်စ ခိုးကြည့်လိုက် Taehyung က ပြန်ခိုးကြည့်လိုက် အကြည့်ချင်းစုံသွားရင် ချက်ခြင်းအကြည့်လွှဲပြီး ခေါင်းငုံ့သွားလိုက်ကြနဲ့ ဟုတ်တော့ ဟုတ်နေပြီ...။

"တစ်ယောက်နဲ့ တစ်ယောက်ခိုးကြည့်မနေပဲ ပြောစရာရှိတာ ဒဲ့ ပြောလိုက်ကြပါ့လား... ကြည့်ရတာ ပျင်းလာပြီ"

နောက်ဆိုဖာခုံရှည်လေးမှာ ခြေထောက်ချိတ် ထိုင်ရင်း လက်ပိုက်ကာ ပြောလိုက်တဲ့ Jimin ကြောင့် ဘယ်ကတည်းက ရိပ်မိနေမှန်း မသိသော Customer တွေလည်း ပြုံးစိစိ ဖြစ်သွားသည်။ Hobi နဲ့ Taehyung လည်း ရှက်ကိုးရှက်ကန်းနဲ့ ဘာ ပြန်ပြောလို့ ပြောရမှန်းမသိ။ နေရခက်သလို ဖြစ်နေတဲ့ Hobi ကြောင့် Taehyung ကပဲ

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. Customer တွေ ရှေ့ကို"
"ငါပြောတဲ့အထဲ လျှောက်ပြောတာ ပါလို့လား"
"Ya မင်း"
"ရန်မဖြစ်ကြနဲ့လေ ဧည့်သည်တွေရှေ့ကို"

Hobi ဝင်တားလိုက်သည်မို့ Taehyung ရန်ထောင်နေရင်း တန်းလန်းမှ ရပ်တန့်သွားသည်။ နှစ်ယောက်လုံး Customer အပေါ်ကိုပဲ အရင် အာရုံစိုက်ဖို့ ကြိုးစားနေကြပေမယ့် Jimin က ခုံလေးရဲ့ ကျောမှီနေရာအပေါ်ကို လက်လေးတင်လိုက်ရင်း ထုံးစံအတိုင်း ဆိုဒ်အပြည့် ဂိုက်အပြည့်နဲ့

"Kim Taehyung က ဆံပင်ဆိုင် သူဌေးကို ကြိုက်နေတယ်.. ဆံပင်ဆိုင်သူဌေးကလည်း မကြိုက်တာတော့ မဟုတ်ဘူး ဒါပေမယ့် ယောက်ျားလေး အချင်းချင်းမို့ တွေဝေ နေတယ်.. ဆိုတော့ ကြိုက်သယောင်ယောင်ပါပဲ.. အခုချိန်သာ Kim Taehyung က ဆံပင်ဆိုင် သူဌေးကို ဖွင့်ပြောလိုက်ရင် ဆံပင်ဆိုင်သူဌေးက Drama တွေထဲက စဉ်းစားပေးမယ်လို့ ပြောပြီး နှစ်ရက် သုံးရက်လောက် နေရင် အဖြေပြန်ပေးမယ့် အခြေအနေပဲ... ဒီလို အခွင့်အခါ သင့်နေတုန်း Kim Taehyung မင်း မဖွင့်ပြောချင်ဘူးလား"

Jimin ရဲ့ အကြံပြုချက်ကို Customer အဒေါ်ကြီး နှစ်ယောက်မှာလည်း တဟားဟား ရယ်ရင်း လက်ခုပ်တီးပြီး အားပေးလေသည်။

"ဒီကောင် ဘာတွေပြောနေမှန်း မသိဘူး"

နီရဲနေတဲ့ နားရွက် နှစ်ဖက်နဲ့ ချစ်ရသူရယ် မြှောက်ပေးနေတဲ့ သူငယ်ချင်းရယ် လက်ခုပ် အော်ဘာသံ တညံညံနဲ့ အားပေးနေကြသည့် အဒေါ်ကြီးတွေရယ်.. တကယ်ပဲ Jimin ပြောသလို အခွင့်အခါ သင့်နေတာ မဟုတ်ဘူးလား..။ ဟုတ်တယ်... မဟုတ်လည်း သိနေပြီပဲ ဝန်ခံလိုက်ကြရအောင်..။

Taehyung လည်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး မှန်တင်ခုံလေးရဲ့ ထောင့်ပေါ်ရှိ ပန်းအိုးသေးသေးလေးထဲ စိုက်ထားသည့် နှင်းဆီပန်းလေးအား ယူကာ Hobi ထံပေးလိုက်သည်။

"ကျွန်တော်... Hyung ကို ချစ်တယ်."
"Tae.. Taehyung"
"ကျွန်တော် အချစ်ကို လက်ခံပေးပါ့လားဟင်"
"အား... ရိုမဆန်လိုက်တာ"

Jimin ကောက်ချက်ကြောင့် Taehyung ဆီက ပေစောင်းစောင်း အကြည့်တစ်ချက် လွင့်လာပေမယ့် Jimin ပြုံးလိုက်မိသည်။ အဆုံးထိ လှော်လိုက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမဆုံး..။ ငတုံးတိုက်ဖျက်ရေးမှာ ငါက ဆရာကြီးပဲ....။

"လက်ခံလိုက်... လက်ခံလိုက်"

Customer အဒေါ်ကြီးတွေရဲ့ အားပေးအားမြှောက် အသံတွေက ဘီဘီ ဆံသဆိုင်လေးထဲ ဆူညံနေလေသည်။ Taehyung လှမ်းပေးတဲ့ နှင်းဆီပန်းလေးကို Hobi လည်း ယူလိုက်ပြီး

"စဉ်းစားပေးပါ့မယ်"

Hobi အဖြေကြောင့် customer အဒေါ်ကြီးတွေရဲ့ လက်ခုပ်သံက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။ နွေးထွေးလှတဲ့ လေထုကြောင့် Jimin ထပ်ခါထပ်ခါ ပြုံးနေမိသည်။ မအေးစက်တော့တဲ့ နှလုံးသားကြောင့် ပတ်ဝန်းကျင်က ပိုနွေးထွေးနေတယ်ဆိုတာ Jimin သိပါ့မလား...။

ရုံးခန်း နံရံထက်က တိုပ်ကပ်နာရီလေးကို လှမ်းလှမ်းကြည့်ရင်း Jungkook တစ်ယောက် ငါးနာရီ အမြန်ထိုးဖို့ ဆုတောင်းနေမိသည်။ လက်သီးတစ်ချက်ရဲ့ တန်ဖိုးကြောင့် မနက်ကလည်း တာဝန်ခံ Gumshin က အညှိုးနဲ့ ဘာမှလည်း ရေရေရာရာ မရှိပဲ အစောကြီးခေါ်ပြီး တောက်တိုခိုင်း မနေ့ညနေကလည်း ထိုနည်းလည်းကောင်းပဲ...။ ဒါနဲ့ပဲ ချစ်ခင်ပွန်းလေးကို တွေ့ရတဲ့ အချိန်လေးက နည်းသထက် နည်းသွားပြီး ကိန္နရာ ချောင်းခြား နေသလိုပင် ခံစားနေလေပြီ။ ငါးနာရီထိုးတာနက် တပြိုင်နက် စားပွဲထက်က တိုလီမောက်စ ပစ္စည်းလေးတွေ သူ့နေရာနဲ့သူ ထည့်သိမ်းနေလိုက်သည်။

"ဘာတွေလောနေတာလဲ"

တအံ့တဩမေးလာတဲ့ ဘေးစားပွဲက Yoongi ကြောင့် Jungkook ရယ်ပြလိုက်ရင်း

"ကျွန်တော်ယောက်ျားကို အရမ်တွေ့ချင်နေလို့"
"အော်.. အေးအေး ဒီမှ မမြင်ရင် နောက် မမြင်ရတော့မယ့် သူတွေ ဆိုတော့"
"ဟာ.. Hyung ဖွက် ဖွက် လွဲပါစေ ဘာစကားတွေ လာပြောနေတာလဲ"

အဖြစ်သည်းလှတဲ့ Jungkook ကို ကြည့်ရင်း Yoongi ရယ်သာ ရယ်လိုက်မိသည်။

"မင်းက အရမ်းရောဂါဆိုးနေလို့ ပြောတာပါကွာ"
"တကယ်ပြောတာဗျ.. မနေ့ကလည်း OT ဆင်းနေရတာနဲ့ အိမ်ရောက်တာနဲ့ ညစာစားပြီး အိပ်လိုက်ရတာ.. မနက်ကျတော့လည်း Jimin Hyung တောင် မထသေးဘူး ကျွန်တော့်မှာ အလုပ်ကို ထွက်လာခဲ့ရတာ.. လူက ရူးတော့မလိုပဲ"
"အဲ့ဘိုးတော်က မင်းကို OT တွေ အတင်းဆင်းခိုင်းပြီး ဘာလုပ်တာလဲ"

Yoongi မေးခွန်းကြောင့် Jungkook သက်ပြင်းတစ်ချက်ကို ဆွဲချလိုက်ရင်း

"ဘာမှရေရေရာရာ မဟုတ်ပါဘူးဗျာ.. ဟိုဟာ နိုးနိုး ဒါ နိုးနိုးနဲ့"
"မင်းဘက်ကလည်း စိတ်ထိန်းမှပေါ့ ဘာလို့ သွားထိုးလဲ.. ဟိုကမှ အစကတည်းက အာဏာပြတတ်တဲ့ သူမှန်း သိသားနဲ့"
"Hyung ကလည်း.. ကျွန်တော့်ရှေ့မှာ ကျွန်တော့်ယောက်ျား မကောင်း ပြောတာကို သည်းမခံနိုင်ပါဘူး"

Jungkook အဖြေကြောင့် Yoongi က လက်ခံသွားသလို ခေါင်းတညိမ့်ညိမ့်နဲ့

"နှောင်ကြိုးတွေက ဇယားရှုပ်လိုက်တာ"
"ဟား.. ကျွန်တော်ကတော့ ကြိုက်တယ်"
"လာပြောင်နေသေး.. ဘိုးတော် ထွက်မလာခင် အမြန်ပြန်တော့.. သွား"
"ပြန်ပြီနော် Hyung"

Yoongi ကို နှုတ်ဆက်ပြီး Jungkook ရုံးအဆောက်အဦးထဲမှ အမြန်ပြေးဆင်းလာခဲ့သည်။ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ဘီဘီဆံသဆိုင်လေးဆီ ခပ်သွက်သွက်လေး လျှောက်လှမ်းနေစဉ် လမ်းတဝက် ရှေ့ကနေ ပိတ်ရပ်လာတဲ့ တောင့်တောင့်တင်းတင်း အမျိုးသားနှစ်ယောက်။ မီးပူကော့နေအောင် တိုက်ထားမှန်း သိသာလွန်းအောင် ခေါက်ရိုးပင် ပေါ်နေသော Suit နဲ့ Jungkook ထက်ပင် ဝတ်စားဆင်ယင်မှုပိုင်း အများကြီးသန့်ပြန့်နေသော ပုံစံဖြင့်။ ရုတ်တရပ်မို့ Jungkook ကြောင်ကြည့်နေမိစဉ်မှာပဲ

"အပုန်းတော် လိုက်တာ အငယ်လေးရယ်.. ဦးလေးတို့ ရှာနေရတာ နှစ်နှစ် ရှိတော့မယ်"

အဖေဖြစ်သူရဲ့ အယုံကြည်ရဆုံး အတွင်းရေးမှူး ဦးလေးကြီး အသံကြောင့် Jungkook တုန်လှုပ်သွားမိသည်။

"မတွေ့တာ ကြာပြီနော်.. အဆင်ပြေရဲ့လား"
"လုံးဝ အဆင်ပြေနေတာမို့ လာလမ်းအတိုင်း ပြန်လိုက်ကြပါတော့"
"ဆရာက အငယ်လေးကို ပါအောင် ခေါ်ခိုင်းထားတာမို့.. ဦးလေးတို့ကို ခွင့်လွှတ်ပါ"

အတွင်းရေးမှူး ဦးလေးကြီးက စကားဆုံးတာနဲ့ ခုနာ Suit ဝတ်ထားသည့် နှစ်ယောက်အား အချက်ပြသလို ခေါင်းညိမ့်ပြလိုက်သည်မို့ Jungkook အခြေအနေကို ရိပ်စားမိကာ နောက်လှည့်ပြီး ပြေးရတော့သည်။ လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားပါ မကျန် ပတ်ပြေးခဲ့ပေမယ့် နောက်ကလိုက်သူ နှစ်ယောက်က လက်မလျော့သေးချေ။ ရုံးရှေ့ ပြန်ရောက်လာတာမို့ ထွက်ဖို့ပြင်နေတဲ့ တွေ့ရာကားနောက် တံခါးဆွဲကာ ဝင်ပုန်းနေလိုက်သည်။

"Jungkook လား.. ဘယ်လိုဖြစ်ပြီး.."

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ Gumeong ကား ဖြစ်နေသည်မို့ Jungkook အသံတိုးတိုးဖြင့်

"အားနာပေမယ့်.. မသိချင်ယောင်ဆောင်ပေးပါနော် တောင်းပန်ပါတယ် Noona ကျွန်တော် အရေးကြီးနေလို့ပါ"

ပြာပြာသလဲ ဖြစ်နေတဲ့ Jungkook ပုံစံကြောင့် Gumeong ယောင်အမ်းအမ်း ဖြင့် အရင်ဘေးဘီဝဲကြည့်မိသည်။ ဟိုရှာ ဒီရှာ လုပ်နေတဲ့ Bodyguard ပုံစံ လူနှစ်ယောက်နဲ့ Mr.Jeon ရဲ့ အတွင်းရေးမှူးကို မြင်လိုက်သည်မို့

"အဲ့ဦးလေးက.. ဦးလေး Jeon ရဲ့.."
"ဟုတ်တယ် Noona အဲ့တာကြောင့် မသိချင်ယောင် ဆောင်ပေးပါ.. အကူညီတောင်းပါတယ်နော်"

Gumeong လည်း အခြေအနေကို သိလိုက်ပြီမို့ Jungkook ရှိရာ နောက်ခန်းကို မှန်တင်ပေးထားလိုက်ပြီး Back မှန်ကြည့်ရင်း အလှပြင်ချင်ယောင်ပေးနေလိုက်သည်။ သံသယ ဖြစ်ဖွယ်မရှိတဲ့ ပုံစံမို့ Bodyguard နှစ်ယောက်လည်း ကျော်သွားလေသည်။ ခေါက်တုန့်ခေါက်ပြန် အခါခါလျှောက်ပြီးမှ လက်လျော့ကာ ပြန်သွားကြလေသည်။

"ဟူး... ကျေးဇူးပါ Noona"
"ရပါတယ်.. Kook အတွက် အကူအညီ ပေးလိုက်နိုင်တာကိုပဲ မ က ဝမ်းသာနေတာပါ"

တကယ်တော့ Jimin စီစဉ်ပေးတဲ့ ညစာဝိုင်းလေးမှာ တွေ့ပြီး နောက်ပိုင်း Jungkook ဘက်က Gumeong အား အတတ်နိုင်ဆုံး ရှောင်နေခြင်းပင်။ ဒါက သူ့အတွက်ရော Jimin အတွက်ရော Gumeong အတွက်ပါ အဆင်ပြေမယ့် နည်းလမ်းဆိုတာ သိတာမို့...။

"ဟို မတို့တွေ အမုန်းမထားကြဖို့ ထပ်တောင်းဆိုပါရစေနော်"

Jungkook ဘာမှပြန်မပြောမိ နှုတ်ဆိတ်နေမိသည်။  ကူညီထားတာလည်း ရှိနေတာမို့ ခေါင်းသာငြိမ့်လိုက်ရသည်။

"အခု Jimin ရှိတဲ့ ဟို လမ်းကွေ့နားက ဆံသဆိုင်သွားမှာမလား.. မ လိုက်ပို့ပေးမယ်နော်"
"နေပါစေ Noona.. ကျွန်တော် လမ်းလျှောက်သွားလိုက်ပါမယ်"
"ခုနာ Bodyguard တွေနဲ့ တွေ့နေမှာ စိုးလို့ပါ"

Jungkook မငြင်းနိုင်တော့ပဲ ငြိမ်သက်စွာ လက်ခံလိုက်ရသည်။ ကားနောက်ခန်းလေးထဲ ထိုင်ရင်း Jungkook သက်ပြင်းလေး ခိုးချလိုက်မိသည်။ အလုပ်ပြောင်း/ အိမ်ပြောင်း ဖို့ အရေး မလွယ်ကူရတဲ့ကြားထဲ အတိတ်မေ့နေတဲ့ Jimin ကို ပြောရမယ့်အရေးပါ ရှိသေးတာမို့ အဖေ့လက်ထဲက လွတ်မြှောက်နိုင်ဖို့ ကြိုးစားရမယ့် အနာဂတ်အတွက် တွေးကာ ပူပန်နေမိသည်။

"ဒီနေ့လည်း Jungkook လာမကြိုဘူးလား ငါးနာရီတောင် ခွဲနေပြီ"

Hobi စကားကြောင့် Jimin တောက်တစ်ချက် ခေါက်လိုက်မိသည်။ နဂိုကတည်းက စောစောလာကြိုပါ့မယ်ပြောပြီး ပေါ်မလာသေးတဲ့ Jungkook ကြောင့် ရင်ဘတ်ထဲ မီးစာပိုက်ထားရသလို ဖြစ်နေပါတယ်ဆို ဆံပင်ဆိုင်သူဌေးရဲ့ မေးခွန်းက မီးလောင်ရာ လေလာပင့်တဲ့ မေးခွန်းမျိုး..။

"ဒီငတုံး စောစောလာကြိုမယ်ပြောပြီး ဘယ်ကိုအလေလွင့် နေလဲ မသိဘူး"

သိပ်မကြာ ဆံသဆိုင်လေးရှေ့ ကားလေးတစ်စီး ပိတ်ရပ်လာပြီး ထိုကားလေးရဲ့ နောက်ခန်းမှ Jungkook ဆင်းလာလေသည်။ မောင်းသူနေရာမှ Gumeong လည်း ဆင်းလာသည်မို့ Jimin နှာခေါင်းရှုံ့လိုက်မိသည်။ Jeon Jungkook တကယ်ရော ရောင်းစားမခံချင်တာ ဟုတ်ရဲ့လား...။

"ကျေးဇူးတင်ပါတယ် Noona"
"ရပါတယ်ဆို.. မ သွားတော့မယ်နော်"

ကျော့မော့ကာ ဒေါက်ဖိနပ်သံ တခွက်ခွက်နဲ့အတူ ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားတဲ့ Gumeong နဲ့ ထွက်သွားသည့်ကားကို ငေးကာ ကျန်နေသည့် Jungkook ကြောင့် Jimin စိတ်ထဲ ဘာကို စိတ်တိုလို့ တိုမိမှန်း မသိ။

"Drama ထဲက မင်းသားနဲ့ မင်းသမီး အိမ်ပြန်ချိန်မှာ ခွဲခွါလိုက်ရတဲ့ ဇာတ်ဝင်ခန်းလေးကျလို့ ကြေကွဲဖို့ ကောင်းလိုက်တာ"

ရွဲ့သလို စောင်းသလို လေသံဖြင့် ဆံသဆိုင်လေးထဲမှ လက်ပိုက်ကာ ထွက်လာသည့် ဆရာကြီးပေါက်စကြောင့် Jungkook ခေါင်းထဲ စိတ်ညစ်စရာများ အကုန်လွင့်ပျောက်ကုန်သည်။

"မောင့်ယောက်ျား.. သဝန်တိုနေတာလား"
"ဟက်.. ရယ်ရတယ် ငါက အဲ့လို သဝန်တိုတတ်တဲ့ Style မဟုတ်ဘူး"
"သဝန်တိုနေတဲ့ ပုံစံမျိုးပါပဲ"
"နည်းနည်းမှ သဝန်တိုစရာ မရှိဘူး.. ဟွန်း"

နှာခေါင်းလေး ရှုံ့ကာ ကလေးငယ်လေး စိတ်ဆိုးနေသလို မျက်စောင်းထိုးပြီး ပြောလိုက်သည့် Jimin ကြောင့် Jungkook ကြည်နူးစွာ ရယ်လိုက်မိသည်။

"ငါ့ကို စောစောလာကြိုမယ်ပြောပြီး နောက်ကျနေတာ ရယ်စရာပါလား.. သောက်ရူး"

ဆဲဆိုပြီး စိတ်ဆိုးနေကြောင်း ကြေငြာသလို ဆောင့်အောင့်ကာ ထွက်သွားသည်မို့ Jungkook နောက်က ပြေးလိုက်ရလေတော့သည်။

"Hyung ကလည်း မောင်လည်း မောင့်ယောက်ျားအနား စောစောကပ်ချင်တာပေါ့.. အခြေအနေက မပေးလို့ကို"
"အဲ့အခြေအနေက Gumeong မပေးတာလား"
"အာ.. Hyung  မဆိုင်တာကို အလုပ်ကပါ.. Gumeong Noona ကတောင် ပြန်လို့ရအောင် ကူညီပေးတာကို"

Jungkook အဆင်ပြေသလို ပြောလိုက်သည့် စကားကြောင့် Jimin က မယုံသယောင် ပေစောင်းစောင်းကြည့်ရင်း

"အလုပ်က ဘာလို့နောက်ကျတာလဲ"
"ဟိုဘိုးတော်ကြီး အကြောင်း သိသားနဲ့.."

အင်း.. ဟုတ်ပါတယ်.. ဒီငတုံးကို ကြည့်ရတာ ငါကလွဲရင် တခြားသူကို စိတ်ဝင်စားမယ်ပုံ မပေါ်ပါဘူး..။ Jimin တစ်ယောက် ကိုယ့်အတွေးနဲ့ကို ကျေနပ်စွာ ပြုံးလိုက်မိပေမယ့် ချက်ခြင်း မျက်နှာပြန်တည်ကာ လမ်းဆက်လျှောက်လိုက်သည်။ ခုနကလောက် မမြန်တော့သည်မို့ စိတ်မဆိုးတော့ဘူးဆိုတာ Jungkook ရိပ်မိလိုက်သည်။

"မောင့်ယောက်ျားက မောင့်ကို သဝန်တိုနေတာပဲ"
"တိုစရာ အကြောင်းကို မရှိတာ"
"ဟား.. ခုနာက သဝန်တိုနေတဲ့ ပုံစံမျိုးပါဗျာ"

Jimin ပခုံးကို ဖက်ကာ ပြောလိုက်သည်မို့ ထင်ထားသလိုပဲ မျက်စောင်းတစ်ချက် လွင့်ထွက်လာသည်။

"သောက်ရူးကောင် အဲ့ညစ်ပတ်တဲ့ လက်ကြီးကို ဖယ်စမ်း"
"မောင် ကျောပိုးချင်လို့"

မျက်လုံးဝိုင်းလေးနဲ့ ပါပီပေါက်လေးလို တောင်းဆိုလာတဲ့ ကောင်လေးကြောင့် Jimin မပြုံးမိအောင် ကြိုးစားပြီး ကိုယ့်နှုတ်ခမ်းကိုယ် တင်းတင်းစေ့ထားရသည်။

"ပိုးချင်တာများ ပိုးပေါ့.. ငါ ပင်ပန်းတာမှ မဟုတ်တာ မင်းပဲ ပင်ပန်းမှာ"
"မောင့်ယောက်ျားက ငှက်မွေးလေးလို ပေါ့နေတာကို ပင်ပန်းစရာလား နည်းနည်းမှ မပင်ပန်းပေါင်.. တက်"

ကျောနိမ့်ပေးရင်း ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin ဒီတစ်ခါတော့ Jungkook မမြင်ဘူးဆိုတဲ့ စိတ်နဲ့ ထိန်းမထားတော့ပဲ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ဒီငတုံးက တခြားနေရာသာ တုံးတာ.. Flirt ကတော့ Level 100 ရှိလောက်တယ်...။

"အဟမ်း.. မင်းတက်ခိုင်းလို့ ငါတက်တာနော်.. ပြီးကျမှ ငါ့ကို ဗီလိန်ဇာတ်မသွင်းနဲ့"
"သွင်းစရာလား.. မောင့်နတ်သားလေးက ဘယ်လိုလုပ် ဗီလိန် ဖြစ်မှာလဲ"

Jimin ခိုးပြုံးလိုက်မိသည်။ ဒီငတုံးလေး.. ငါ့ကို ရူးအောင်လုပ်ဖို့များ ကြိုတင်စီစဉ်ထားလေသလား..။

"မောင်လေ.. Hyung ကို ကျောပိုးထားရတဲ့ အချိန် စိတ်ထဲ အလုံခြုံဆုံးပဲ သိလား"

အမှန်တိုင်းပြောရရင် ကိုယ်လည်း ထပ်တူပါပဲ..။ မင်း ကျောပြင်က အနွေးထွေးဆုံး..။ မင်း ကျောပေါ်တက်ပြီး မင်းမသိအောင် ခိုးပြုံးရတာကို သဘောကျနေမိပြီ..။ စိတ်ထဲမှာတော့ ကဗျာဆန်ဆန်တွေ ဖြေနေမိပေမယ့် Grazie ဆိုတာ စိတ်အလိုကို နှုတ်မလိုက်ပါ..။

"မသိဘူး.. ငါ သိတာတော့ မင်းရူးနေတာကိုပဲ"

Jimin ကျောပိုးထားတဲ့ ကောင်လေးရဲ့ ပခုံးလေးထက် မေးတင်ပြီး အင်္ကျီဆီက လာတဲ့ ချွေးနံ့နဲ့ဆပ်ပြာနံ့ ရောနေသည့် ကိုယ်သင်းနံ့လေးကို ခိုးရှိုက်ရင်း ကလန်ကဆန် ဖြေလိုက်လေသည်။ အပြောနဲ့ အလုပ်နဲ့ ကိုက်ညီနေမှုကြီးအား Jungkook က ရိပ်မိနေသလို ပြုံးသာ ပြုံးနေလေသည်။ ဒီကျောက်ဆောင်က ရူးမိုက်နေပါပြီ.. ပင်လယ်တောင် သိပ် မတိုက်စားလိုက်ဘူး ခုန်ချဖို့ အသင့်ဖြစ်နေသတဲ့...။ ဟုတ်တယ်... ဒီနူးညံ့တဲ့ ပင်လယ်ကြီးထဲ ပြိုလဲသွားဖို့ထက် ခုန်ချပစ်ချင်နေပါပြီ..။ မင်းက သိပ်သဘောကျဖို့ကောင်းတာပဲ ငါ့ငတုံးလေးရယ်...။

Jimin စိတ်ထဲ Jungkook ကို သာမန်ထက် ပိုတွယ်နေမိပြီဆိုတာ ကိုယ့်ကိုကိုယ်လည်း တော်တော်လေး သိနေပြီ ဖြစ်သည်။ အခြေအနေက ဘယ်လောက်တောင် ဆိုးနေလဲဆိုတော့ ခါတိုင်း Jungkook မီးဖိုချောင် ဝင်ရင် TV ကြည့်ရင်းသာ ညစာစားရန် စောင့်နေတတ်ပေမယ့် ဒီနေ့တော့ စိတ်ထဲ အနားပဲနေချင်သလို ဆန္ဒကြောင့် မီးဖိုချောင်နား ဟိုနားရပ် ဒီနားရပ် လုပ်နေမိသည်။ အဲ့တာကြောင့် လူကြီးတွေက ပြောကြတာ အချစ်မခံရဖူးတဲ့သူတွေ အချစ်ခံရရင် ပိုကဲတတ်ကြတယ် တဲ့...။

"Hyung ဗိုက်ဆာနေပြီလား.. ခဏပဲနော် ကျက်တော့မယ်"

မီးဖိုချောင်ထဲ အလုပ်များနေရင်း ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin ဘာမှမဟုတ်ပဲ ဒေါသ ထွက်မိပြန်သည်။ ငတုံးကောင် ငါ မင်းအနားရှိနေချင်လို့ ဒီတိုင်း ရပ်နေတာဟဲ့..။

"ပြီးရော.. စားလို့ရရင်ခေါ်လိုက်"

ဆောင့်အောင့်ကာ TV ရှိရာ ထွက်သွားတဲ့ Jimin ကြောင့် Jungkook မီးအားတွေ အသားကုန်မြှင့်ကာ အမြန်ဆုံး ချက်ပြုတ်နေရလေသည်။

"Hyung ခဏပဲနော် ရတော့မယ်"

Jimin ဘာမှပြန်မဖြေပဲ ပေတေကာ TV ဖွင့်ကာ ထိုင်နေလိုက်သည်။ Jungkook အကုန်လုံး ချက်ပြုတ်ပြီးတာနဲ့ Jimin ထိုင်နေရာ စားပွဲလေးရှေ့ တစ်ခုပြီး တစ်ခု လာချပေးလေသည်။ သူချက်သည့် အရာအားလုံး စုံသွားပြီဆိုမှ ထမင်းပန်းကန်လေး နှစ်လုံးပါ သယ်လာပြီး

"ဒီနေ့ အသားကို ဟန်ဘာဂါ Steak ပုံစံ လုပ်ထားတာမို့ Hyung ကြိုက်မှာပါ"

အသားကို နှုတ်နှုတ်စင်းပြီးမှ ပြားကာ ကင်ထားသည့် ပုံစံမျိုးလေးရယ် ထုံးစံအတိုင်း Sausage ပိစိ ကြော်လေးတွေရယ် ကြက်ဥ half fried လေးရယ် နီရဲနေတဲ့ ကင်ချီကျီဂဲ တစ်ခွက်ရယ်။ စားပွဲဝိုင်းလေးက Alex Armanto အိမ်ကလောက် အမယ်စုံမနေပေမယ့် စားချင်စားဖွယ် အတိ။ Jeon Jungkook က ဒါတွေနဲ့ ငါ့ကို ဆွဲဆောင်နေတာ...။

"ကျွန်တော် မနက်ကျရင်လည်း အစောကြီး သွားရမှာမို့ မနက်စာကို ပေါ့ပေါ့ပါးပါးပဲ ပြင်ထားခဲ့မယ်နော်"

ထမင်းစားနေရင်း ပြောလိုက်တဲ့ Jungkook စကားကို Jimin က မျက်မှောင်ကြုံလျက်

"ဒီရက်ပိုင်း အပြန်နောက်ကျလိုက် အစောကြီး သွားလိုက်နဲ့.. ဟိုအဘိုးကြီးက မင်းကို ဒုက္ခပေးနေပြန်ပြီလား"
"ဟား.. မောင့်ကို စိတ်ပူနေတာလား"
"သောက်ရူး.. မေးတာမဖြေပဲ.. မင်းကိုက ငါဆဲတာကို တအားခံချင်နေတာ"

Jimin စကားကို Jungkook က ဘာမှပြန်မပြောပဲ ရယ်သာရယ်နေလေသည်။ ဘာမှမဖြေပဲ ရယ်နေတာကြောင့် Jimin သက်ပြင်းလေးတစ်ချက် ခိုးချလိုက်ရင်း

"ဟိုနေ့က ကိစ္စကြောင့် အဘိုးကြီးက တမင် ခေါ်နေတာမလား.. မင်း အရမ်း တုံးအ မနေနဲ့ Jeon Jungkook ရဲ့ မင်းကို အနိုင်ကျင့်လို့ ရမှန်းသိရင် ပိုလုပ်မှာ ကလန်ကဆန် လုပ်ပစ်လိုက်စမ်းပါ ဒါမှ ဒင်းတို့မှတ်မှာ"
"မောင် အဆင်ပြေတယ်ဗျ.. Hyung စိတ်ထဲ မထားနဲ့နော်"

အတူဖြတ်သန်းခဲ့ရတဲ့ နေရက်တွေ များပြားလာတာနဲ့ အမျှ Jungkook အကြောင်းကို သိလာလေလေ.. အနား ခေါ်ထားချင်လေလေ..။ တနေ့တစ်ခြား ပိုပို ပိုင်ဆိုင်လာချင်မိတဲ့ လောဘကို အချစ်ဆိုတဲ့ ခေါင်းစဉ်လှလှလေးရဲ့အောက်မှာ မထားလိုပါ..။ ဟုတ်တယ် သူ့ကို မချစ်ဘူး... ဒီတိုင်းလေးပဲ သူ့ရဲ့ အသေးအမွှားလေးကအစ ဂရုစိုက်တတ်တဲ့ စိတ်ထားလေးကို သဘောကျနေမိတာ..။

"လူတွေက မင်းထင်ထားတာထက် အများကြီး ကြောက်ဖို့ကောင်းတယ် ငတုံးရဲ့.. ငါက လုပ်လိုက်ရင်တောင် အဲ့အဘိုးကြီး ဘာမှ ပြန်အနိုင်ကျင့်လို့ မရတာကို မင်းက ဘာလို့ သွားထိုးလဲ"
"Hyung ကလည်း.. သူက မောင့်ကို ပြောတာဆိုရင် သည်းခံနိုင်ပါတယ်ဗျာ.. ကြိုက်သလောက်ပြော ဘယ်လောက်ပြောပြော ပြသနာ မရှိဘူး.. Hyung ကကျ သူ့လက်အောက်က လူမဟုတ်ဘူးလေ.. မောင့်ယောက်ျားကို မောင်တောင် တခါမှ အဲ့လိုကြီး မပြောဖူးဘူး.. ပြီးတော့ အတိတ်မေ့နေလို့ပါ.. မောင့်ယောက်ျားက ဘယ်လောက် လိမ္မာလဲ"

Jungkook စကားအဆုံးမှာ Jimin ရယ်လိုက်မိသည်။

"ငါက အတိတ်မမေ့ခင်က လိမ္မာတယ်လား"
"ဒါပေါ့... ဘယ်လောက်တောင် လိမ္မာယဉ်ကျေးလဲ ကောင်လေးလဲ"
"အဲ့တာကြောင့် မင်းက ကြိုက်ခဲ့တာလား"

Jimin မေးခွန်းကို Jungkook ထမင်းစားရင်း ခေါင်းငြိမ့်ပြလေသည်။ Jungkook အဖြေကြောင့် Jimin ခဏတာ ငြိမ်သက်သွားမိလေသည်။

"အခု ငါက အရင်က ငါနဲ့ မတူတော့ဘူးမလား"
"အင်း.. မျက်နှာလေးနဲ့ ခေါင်းမာတာကလွဲရင် ကျန်တာ နည်းနည်းမှ မတူတော့ဘူး"

ဒါဆိုမကြိုက်တော့ဘူးဆိုတဲ့ သဘောလား...။ ဒီအခြေအနေကို ငါ စိတ်ဆိုးလို့ရလား...။ ဒါပေမယ့် စိတ်ဆိုးရအောင် ငါမှ သူ့ကို မချစ်တာ သူလည်း ငါ့ကို မချစ်တာကို ငါကပဲ စိတ်ဆိုးလို့ ဖြစ်ပါ့မလား..။ သိပ်ဖြစ်တာပေါ့.. သူက ငါနဲ့ ယူထားတာလေ ငါ့ကို မကြိုက်လို့ ရမလား..။ အတွေးတို့ လွန်ဆွဲပြီးနောက်ဆုံးမှာတော့ Jungkook ခေါင်းကို တစ်ချက် ထတီးလိုက်မိသည်။ ထမင်းစားနေရင်း ရုတ်တရပ် အရိုက်ခံလိုက်ရတာကြောင့် ကြောင်သွားသလို မျက်လုံးဝိုင်းတို့ ပြူးကျယ်၍ Jimin ကို ကြည့်လာသည်။

"ကျွန်တော် အမှားလုပ်မိလို့လားဟင်"
"လုပ်မိတာပေါ့.. ငါ့ကို မင်းက လက်ထပ်ထားတာလေ ငါ့ကို မကြိုက်လို့ ရမလား.. မကြိုက်တော့ရင် အစကတည်းက စောစောစီးစီး ကွာရှင်းလိုက်ပါ့လား.. အလကား.. လူကို ဂရုစိုက်ပြ ပရော်ပရီ စကားတွေ လာလာပြောပြီး.. အခုကျ ငါက ဘာဖြစ်သွားပြီလဲ"
"ဗျာ..?? မောင် Hyung ကို မကြိုက်တော့ဘူးလို့ မပြောမိပါဘူး Hyung ရယ်"

မျက်တောင် ပုတ်ခတ်ပုတ်ခတ်နဲ့ ပြာယာ ပြာယာ ရှင်းပြနေတဲ့ မျက်လုံးဝိုင်းတို့ကြောင့် Jimin အနည်းငယ်တော့ စိတ်ငြိမ်သွားသည်။

"ဘယ်ကနေ ဘယ်လို နားလည်မှု လွဲသွားလဲ မသိပေမယ့် မောင် က Hyung ကို ချစ်ပါတယ်ဗျ"
"အချစ်ခံချင်လို့ မေးတာတော့ မဟုတ်ပေမယ့်.. ငါက အရင် Jimin နဲ့ မတူတော့ဘူး ဒါလည်း မင်းက ချစ်မှာမလို့လား"
"ဒီတိုင်းလေးလည်း တမျိုးချစ်ဖို့ကောင်းတာပဲလေ.. ဒီ အရိုင်းတုံးလေးကို မောင် တောင် ချစ်မဝ ရူ့မဝ ကြည့်မဝ ဖြစ်နေတာကို မကြိုက်တော့စရာလား.. အရမ်းလည်း ကြိုက်ပြီး အရမ်းလည်း ချစ်တယ်"

Jungkook အဖြေကြောင့် စိတ်ထဲ ကြည်နူးသွားပေမယ့် ကြိုးစား အပြစ်တင်လိုက်သေးသည်။ ကြည့်ပါ့လား... လူတစ်ယောက်ကို ဘယ်လို ရင်ခုန်အောင် လုပ်ရမလဲ ဆိုတာ သူတအားတတ်တာ..။ ဒါမျိုးကျ ဘယ်က တတ်လာလဲ မသိဘူး..။

"မင်းအခု ငါ့ကို ရိုင်းတယ်လို့ ပြောလိုက်တာလား"
"မဟုတ်တာ မောင့်အရိုင်းတုံးလေးလို့ ချစ်စနိုးနဲ့ တင်စားလိုက်တာကို"

ပြုံးရွှင်ကာ ဖြေလိုက်တဲ့ ပုံစံလေးကအစ တောက်ပနေတဲ့ မျက်လုံးဝိုင်းလေး အဆုံး စိတ်ဆိုးချင်စရာ တစ်ကွက်တောင် မရှိ။ တင်းခံထားတဲ့ စိတ်သာ မရှိရင် Park Jimin ဆိုတာ Jeon Jungkook အပေါ် အကြိမ်ကြိမ် ပြိုလဲနေလောက်ပြီ..။

ညနက်ချိန် အိမ်ယာထဲ လဲလျောင်းပြီးမှ တဖျောက်ဖျောက် ကျနေသည့် မိုးသံကြောင့် Jimin ဆက်ကနဲ ထထိုင်လိုက်သည်။

"ဟိုငတုံး ထပ် အအေးပတ်နေမှာ မဟုတ်ဘူးလား"

အခန်းတံခါလေး ဖွင့်ကာ ခေါင်းလေးပြူထွက်ရင်း Jungkook အိပ်နေသည့် ဆိုဖာခုံလေးရှိရာအား Jimin ချောင်းကြည့်လိုက်သည်။ ဘယ်အချိန်ကတည်းက အခန်းဘက် စောင့်ကြည့်နေမှန်း မသိသော မျက်လုံးဝိုင်းကြီးတွေနဲ့ အကြည့်ချင်းဆုံသွားတာမို့ Jimin ဟန်မပျက် ထိန်းရင်း အခန်းထဲမှ ထွက်လာလိုက်သည်။

"အေးလား"
"နည်းနည်း.. လေတိုက်ရင်အေးတယ်"
"အရမ်းအေးနေရင် အခန်းထဲ လာအိပ်ချင် အိပ်"

ပြောပြီး အခန်းတံခါး ဆောင့်ပိတ်သွားတဲ့ ဆရာကြီးပေါက်စကြောင့် Jungkook မှာ အသည်းယားမဆုံး။ ခေါင်ရအုံးလေး ဖက်ပြီး အခန်းလေးထဲ ပြေးလိုက်လာခဲ့သည်။

"Hyung ခေါ်လို့ လာတာနော် ပြီးမှ မရိုက်နဲ့"

အခန်းလေးထဲ ဂရုမစိုက်သလို မျက်စိမှိတ်လဲလျောင်းနေရင်းမှ Jimin ခိုးရယ်လိုက်မိသေးသည်။ သူ့ဗလကြီးမှ အားမနာ မသိရင် ကိုယ်က လူဆိုးကြီး ကြလို့..။

"ဖက်လုံးကို ကျော်မလာနဲ့နော်.. ကျော်လာရင်.."
"ကျော်လာတဲ့ အစိတ်အပိုင်း အကုန် ဖြတ်ထုတ်မှာ မလား မောင် သိပါတယ်ဗျ"

Jimin စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin တိုးတိုးလေး ရယ်လိုက်မိသည်။

"မောင့် ယောက်ျား ရယ်လိုက်တာလား"
"ဟင့်အင်း ငိုနေတာ"

အမြင်ကတ်ကတ်နဲ့ ရွဲ့ဖြေလိုက်သည်အား Jungkook က သဘောကျသလို အော်ရယ်လေသည်။

"ဒါနဲ့ လာမယ့် ပိတ်ရက် မောင်တို့ ဘယ်လိုအချိန်ဖြုန်းကြမလဲဟင်.. ယောက္ခမကြီးတို့ဆီပဲသွားမလား တစ်နေရာရာ လည်မလား"
"စဉ်းစားလိုက်ဦးမယ်"

နှစ်ကိုယ်ကြား ခေတ္တ စကားပြတ်သွားပြီး မိုးပေါက်သံမှ တပါး ပတ်ဝန်ကျင် တခွင်လုံး တိတ်ဆိတ်ကာ အေးချမ်းနေလေစဉ် အသံချိုချိုလေး က စကားစလာသည်။

"Hyung.. မောင့်ကို ချစ်တယ်မလားဟင်"
"ငါ အိပ်နေပြီ.. ငတုံးရဲ့ အိပ်စရာရှိတာ အိပ်.. မဟုတ်တာတွေ လာမေးရင် အခန်းအပြင် ပြန်ပို့မှာ"
"မောင့်တို့ လက်ကိုင်ထားကြမလား"

Jungkook စကားကို Jimin ဂရုမစိုက်သလို မျက်စိမှိတ်ထားပေမယ့် ရယ်ချင်မိသည်။ မရယ်မိအောင် ထိန်းရင်း

"ငါ ဒီရက်ပိုင်း အရမ်းသဘောကောင်းနေမိလို့ တအားတွေ အတွန့်တက်နေတာလား"

လေသံမာမာနဲ့ ငေါက်နေပေမယ့် နှစ်ယောက်ကြားထဲ စည်းချထားသည့် ဖက်လုံးလေးပေါ် မသိမသာနဲ့ တက်လာတဲ့ လက်ဖောင်းဖောင်းလေးကြောင့် Jungkook တစ်ယောက် ကြည်နူးမဆုံး။ ထိုလက်ဖောင်းဖောင်းလေးကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ရင်း Jungkook တိုးတိုးလေး ပြောလိုက်သည်။

"မောင်က ချစ်လို့ပါ"

အိပ်ချင်ယောင်ဆောင်နေမှန်း သိသာလောက်အောင် ရုတ်တရပ် တိတ်ဆိတ်သွားတဲ့ Jimin ကြောင့် ဆုပ်ကိုင်ထားသည့် လက်ဖမိုးဖောင်းဖောင်းလေးထက် နူးနူးညံ့ညံ့နဲ့ နွေးနွေးထွေးထွေး အနမ်းလေးတပွင့် Jungkook ခြွေချလိုက်လေသည်။ Jimin မျက်စိမှိတ်ထားပေမယ့် အထိအတွေ့ကြောင့် ဖြန်းကနဲ ကြက်သီးထမိသည်။ ဒီနှာဗူး.. ငါအိပ်နေတာဆိုပြီး အသားယူနေတာလား... ထ ဆူလိုက်ရမလား.. အဲ့တာဆို ငါအိပ်ချင်ယောင်ဆောင်နေတာ သိပြီး သူလက်ကိုင်တာ ငါကြည်ဖြူသလို ဖြစ်သွားမှာလား.. ဒီတိုင်းပဲ ဆက်ငြိမ်နေလိုက်ရမလား...။ Jeon Jungkook ကတော့ ငါ့ကို ဘယ်လောက်ထိတောင် ရူးစေချင်တာလဲ..။

မျက်စိမှိတ်ထားပေမယ့် မျက်ခွံခဏခဏ လှုပ်လိုက် နှုတ်ခမ်းဖူးလေးတွေကို ခပ်တင်းတင်းစေ့ပိတ်လိုက်နဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ ဆရာကြီး ပေါက်စကို မေးထောက်ငေးရင်း Jungkook ခိုးရယ်မိသည်။ မောင့်ယောက်ျားလည်း ပြောသလောက် မလည်ပါဘူး...။ ..........။

Jimin အိပ်ရာနိူးတဲ့အချိန် ဘေးနားက နေရာလေးကတော့ လစ်လပ်နေလေသည်။ အိပ်ရာက နိူးတာနဲ့ မီးဖိုချောင်ဆီ ဘာ Note လေးများ ချန်ခဲ့ဦးမလဲ ဆိုတဲ့ စိတ်နဲ့ အရင်ပြေးသွားမိသည်။ ညကမိုးကလည်း တဖျောက်ဖျောက်နဲ့ ခုထိ အရှိန်မသေသေးပါ။ မီးဖိုချောင်ထဲ လေးထောင့်ပုံစံ အုပ်စောင်းလေးရဲ့ အောက်က ပန်ကိတ်နဲ့ နွားနို့ခွက်လေးထက် Note စာတိုလေးကို အရင် ဂရုစိုက်မိသည်။

'နွားနို့လေး အေးသွားရင် Microwave ထဲ သုံးမိနစ်လောက်ထည့်ပြီး နွေးသောက်နော်.. အလုပ်သွားရင်လည်း နွေးနွေးထွေးထွေး ဝတ်သွားဦး.. ညနေကျမှ စောစောလာကြိုမယ် မောင့်ယောက်ျားကို နေ့တိုင်း နေ့တိုင်း အရမ်းချစ်တယ်'

စာတိုလေး ဖတ်နေရင်း မျက်နှာထက်မှာ အပြုံးလှလှလေး ချိတ်ဆွဲနေမိမှန်း စာဖတ်နေတဲ့ ကောင်လေး သိရဲ့လား..။
ရေအရင်ချိုးပြီး အဝတ်မလဲခင် နွားနို့လေးအား စာဖိုးမှူးလေး မှာကြားခဲ့တဲ့အတိုင်း Microwave ထဲ ထည့်ကာ သုံးမိနစ် Timer ပေး၍ နွေးထားလိုက်သည်။ ပြီးမှ အဝတ်ဗီရိုလေး ဖွင့်ကာ နွေးနွေးထွေးထွေး ဝတ်စရာ ရှာနေလိုက်သည်။

"ကမ္ဘာပေါ်မှာ အဝတ်အစား အနည်းဆုံးဆု ပေးရင် ငါရမလား မသိဘူး.. နွေးနွေးထွေးထွေး ဝတ်စရာ ဘာမှလည်း မရှိဘူး.. Jeon Jungkook ကို နည်းနည်းလောက် ပူဆာကြည့်ရမလား"

ဗီရိုလေးရဲ့ တခြမ်းစာ အဝတ်အစားထဲမှ နွေးနွေးထွေးထွေး ဝတ်ရန် အဆင်ပြေတာ မတွေ့တော့သည်မို့ မျက်လုံးက Jungkook အခြမ်းဘက်ပါ ရှာနေမိသည်။ ခပ်မှိန်းမှိန်း Suit အနည်းငယ်နဲ့ အနက်ရောင် တီရှပ်တွေကြား ထင်းထွက်နေသည့် ဗီရိုအောက်ဆုံးနားက အဖြူရောင် Hoodie လေးက Jimin အာရုံကို ဖမ်းစားလိုက်နိုင်သည်။

"ဒီအဖြူလေးက တောက်လိုက်တာ.. မသိရင် branded ကြလို့.. ငါ ဝတ်ကြည့်ရမလား"

ဆွဲထုတ်ပြီးမှ ရင်ဘတ်က တံဆိပ်ကြောင့် တကယ် branded ဖြစ်နေမှန်း သိခဲ့ရသည်။

"ဒါက Polo Ralph Lauren... မလား.. အတုလား"

အင်္ကျီတစ်ထည်လုံးအား ဟိုနားစစ်ဆေး ဒီနားစစ်ဆေးနဲ့ အခန်းလေးထဲ Jimin တစ်ယောက်တည်း အလုပ်ရှုပ်နေလေသည်။ တောက်ပနေသည့် ကာလာနဲ့ ဂုတ်ပိုးနားက တံဆိပ်ကြောင့် အတုတော့ မဖြစ်နိုင်ဖို့ များသည်။

"နေပါဦး.. Polo Hoodie က Euro နဲ့တောင် 165 euro လောက်ကို ကိုရီးယား ဝမ်နဲ့ဆို နှစ်သိန်းကျော်တော့ အနည်းဆုံး ရှိမယ်မလား.. ဟိုတစ်ခါ ငါ့ကို အင်္ကျီဝယ်ဖို့ ပိုက်ဆံပေးတုန်းကတောင် နှစ်သိန်းပဲ ပေးတဲ့ကောင်က သူကျ နှစ်သိန်းကျော်တန် အင်္ကျီကို ဥ ထားတယ်တဲ့လား.. မကျေနပ်ဘူး.. ငါဝတ်ပြမယ်"

ကိုယ်ပေါ်ဝတ်ဆင်လိုက်တော့ Jimin နဲ့ နည်းနည်း များများတော့ ပွနေပေမယ့် Brand မဝတ်ရတာ ကြာပြီမို့ စိတ်ထဲတော့ ကျေနပ်နေမိသည်။ မှန်တင်ခုံလေးရှေ့ ကျောပေးလိုက် ပခုံးပေးလိုက် ပြုံးလိုက်နဲ့ ကိုယ့်ကိုယ်ကို ကြည့်ကာ သဘောကျနေမိသည်။

"အခုမှပဲ အရောင်မှိန်နေခဲ့တဲ့ Park Jimin ဘဝထဲ တောက်တောက်ပပ Branded လေး တစ်ထည် ဝင်လာတော့တယ်"

ခါးနားက အိပ်ထောင်လေးထဲ စတိုလ်ကျကျ လက်ထည့်လိုက်တော့ တစ်ခုခုကို ခံစားလိုက်ရသည်။ ဘာကြီးလဲ ဆိုတဲ့ အတွေးနဲ့ ဆွဲထုတ်လိုက်တော့ အနက်ရောင် Luxury Credit Card ကြောင့် Jimin မျက်လုံးတို့ ပြူးကျယ်သွားသည်။ ပိုအံ့ဩရသည်မှာ ထို Black Card ပေါ်၌ ဖောင်းကြွစာလုံးဖြင့် ထွင်းထားသည့် Jeon Jungkook ဆိုသည့် အမည်လေးကြောင့်ပင်...။ ဒါက.... ဘာလဲ....။ ..........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စာလုံးပေါင်း အမှားပါရင် ခွင့်လွှတ်ပါရှင် 💕

Zawgyi;

'အလုပ္ မသြားခင္ မနက္စာ စားသြားေနာ္.. ညေနမွ ေစာေစာလာႀကိဳမယ္ ေစာင့္ေနေနာ္.. ေမာင့္ေယာက္်ားကို အရမ္းခ်စ္တယ္'

အသင့္ျပင္ထားတဲ့ မနက္စာဝိုင္းေလး နားက စာတိုေလးအား ဖတ္ရင္း Jimin ၿပဳံးလိုက္သည္။

"ဒီအ႐ူးေကာင္ ကေတာ့ အရမ္း ခ်စ္တယ္ ဆိုတဲ့ စကားကို အရမ္း လြယ္လြယ္ သုံးတာပဲ"

အျပစ္တင္သံ ခ်ိဳခ်ိဳေလးေၾကာင့္ အျပစ္တင္တာေရာ ဟုတ္ရဲ႕လား မသဲကြဲပါ။ ဒီတိုင္းေလး ေျပာတာလည္း ျဖစ္ႏိုင္တာပဲ...။ ေရခ်ိဳးၿပီး Jungkook ျပင္ေပးခဲ့တဲ့ မနက္စာအား အခန္႔သား ထိုင္စားေနလိုက္သည္။ Park Jimin အျဖစ္ ရပ္တည္ရတာ ထင္သေလာက္လည္း ဆိုးဝါးမေနေတာ့ပါဘူး။ အေမ့အေပၚ လႊဲခဲ့တဲ့ နားလည္မႈေတြလည္း အမွန္ကို သိခဲ့ရၿပီး အသားလြတ္ မုန္းတီးေနခဲ့မိတဲ့ ေတာင္ကိုရီးယား လူမ်ိဳးေတြလည္း အဲ့ေလာက္ မမုန္းမိေတာ့။ အေမ့ေနာက္ လိုက္ခဲ့ လိုက္ခဲ့ အေဖ့ေနာက္ လိုက္ခဲ့ လိုက္ခဲ့ Park Jimin က ဘဝ တစ္ခုကို ေကာင္းေကာင္းရပ္တည္ခဲ့ပါတယ္...။

"ေတာ္သားပဲ"
"ဘုရား.. လန္႔လိုက္တာ"

႐ုတ္တရပ္ေပၚလာျပန္တဲ့ တမန္ေတာ္ အေဒၚႀကီးေၾကာင့္ Jimin ကိုယ့္ရင္ဘတ္ေလးကိုယ္ ဖိထားလိုက္မိသည္။

"အေဒၚႀကီး ဘယ္လို လုပ္လိုက္တာလဲ.. ဘြားကနဲ ဘြားကနဲ ေပၚေပၚလာတာ ကြၽန္ေတာ္ ႏွလုံးေရာဂါ ရရင္ ခင္ဗ်ားေၾကာင့္ပဲ သိလား"

တမန္ေတာ္ အေဒၚႀကီးက တဟားဟား ရယ္ရင္း စားပြဲေပၚက အခိုင္လိုက္ တင္ထားတဲ့ စပ်စ္သီး တစ္ခ်ိဳ႕ကို ျဖဳတ္စားကာ

"မပူပါနဲ႔... ငါေၾကာင့္ လန္႔သြားတဲ့ ႏွလုံးခုန္ႏူန္းက Jungkook ေၾကာင့္ ျဖစ္တဲ့ ႏွလုံးခုန္ႏူန္းေလာက္ မျပင္းပါဘူး"
"ကြၽန္ေတာ္က ဘာလို႔ Jeon Jungkook ေၾကာင့္ ႏွလုံးခုန္ႏူန္း ျမန္ရမွာလဲ.. သူက သရဲလည္း မဟုတ္ စာေမးပြဲလည္း မဟုတ္"

Jimin ခ်က္ျခင္းျငင္းဆန္လိုက္သည္ကို တမန္ေတာ္ အေဒၚႀကီးက ခပ္တိုးတိုးေလးရယ္ရင္း

"ငါက Special special တမန္ေတာ္ ဆိုတာ မေမ့နဲ႔ဦးေနာ္.. ဒါမ်ိဳးေတြက ငါ့ေၾကာင့္ ျဖစ္လာတာပါ.. မင္းကိုယ့္ကိုကိုယ္ လိမ္လို႔ရတယ္ Jungkook ကိုလည္း လိမ္လို႔ရတယ္ ဒါေပမယ့္ ငါ့ကို လိမ္လို႔မရဘူး"

Jimin ဆက္မေျပာေတာ့ပဲ ဂ႐ုမစိုက္သလို မနက္စာသာ ငုံ႔စားေနလိုက္သည္။ အင္း.. ျပန္ေျပာစရာ မရွိလို႔လည္း ျဖစ္ေကာင္း ျဖစ္ႏိုင္မည္။

"ဒီမွာေနရတာ အဆင္ေျပေနၿပီထင္တယ္"
"ေျပေအာင္ေနရတာေပါ့ ခင္ဗ်ားကမွ ကြၽန္ေတာ့္ကို ျပန္ပို႔ဖို႔ စိတ္ကူးမရွိတာ"

Jimin အေျဖကို တမန္ေတာ္ အေဒၚႀကီးက အေႏြးေထြးဆုံး ၿပဳံးျပရင္း Jimin ပခုံးေဘးထက္ ဖြဖြေလး ပုတ္ေပးကာ

"စိတ္မပူပါနဲ႔ကြယ္.. အခု ေရာက္လာတာလည္း မင္းကို ဂ်ာမနီက Grazie ျပန္ျဖစ္ဖို႔ အခြင့္အေရး ေပးမလို႔ပါ.. ခါတိုင္းလိုေပါ့ ေမးခြန္းေလးေတြ ေမးရင္း.. ဘယ္လိုလဲ"

Jimin ဘာမွ မေျဖပဲ ထမင္းသာငုံ႔စားေနမိသည္။ အမွန္တိုင္း ဝန္ခံရရင္ အရင္ကေတာ့ ဒီစကားၾကားရင္ ေပ်ာ္ျမဴးေနခဲ့ေပမယ့္ အခုေတာ့ ရင္ထဲေလးလံလာသည္။ အေျဖဆက္မွားေနရင္လည္း ဒီမွာ ေနရဦးမယ္ တကယ္လို႔ မွန္သြားခဲ့ရင္လည္း....။

"ဆံသဆိုင္က ဝန္ထမ္းေလးလား ဒါမွမဟုတ္ Alex Armanto လုပ္ငန္းစုရဲ႕ CEO လား"

Jimin ဘာမွမေျဖပဲ ငိုင္ေနမိသည္။ အလုပ္ေတြၾကား အပူတစ္ေသာင္းနဲ႔ ေခါင္းျမဳပ္ေနတဲ့ Grazie ထက္ ဆံသဆိုင္မွာ ေလကန္ရင္း တစ္စုံတစ္ေယာက္ဆီက ရွယ္ အခ်စ္ခံေနရတဲ့ Park Jimin ဘဝကို ေပ်ာ္ေမြ႕ေနမိၿပီ။ တဖက္ကို ျပန္ေတြးလိုက္ရင္လည္း လက္ညိဳးၫႊန္ရာ ေရျဖစ္ခဲ့တဲ့ သခင္ေလး ဘဝ ကို အဆုံးရႈံး မခံႏိုင္..။

"ဟယ္ ဘယ္လိုျဖစ္တာလဲ Grazie နဲ႔ မတူလိုက္တာ.. ဘာေတြ ေတြေဝေနတာလဲ"

တမန္ေတာ္ အေဒၚႀကီး ၿပဳံးလ်က္နဲ႔ ေမးလာတဲ့ ေမးခြန္းကို Jimin မေျဖပဲ စားၿပီးသား ပန္းကန္ေတြ ေဘစင္ေပၚ တင္ရင္း

"ကြၽန္ေတာ္ စဥ္းစားဦးမယ္"
"ဟင္?? တကယ္ႀကီး ေျပာေနတာလား"
"ကြၽန္ေတာ္က ဘယ္တုန္းကမ်ား စေနာက္ဖူးလို႔လဲ"
"ဒီေမးခြန္းက အဲ့ေလာက္ခက္ခဲေနလို႔လား"

တမန္ေတာ္အေဒၚႀကီးရဲ႕ ေမးခြန္းေၾကာင့္ Jimin မရိပ္မိေအာင္ ေက်ာေပးကာ ပန္းကန္လုံးေလးေတြ ေဆးေနရင္း သက္ျပင္းခိုးခ်လိုက္မိသည္။ မခက္ခဲပါဘူး... ဒါေပမယ့္ အေျဖမွန္သြားမွာ ေၾကာက္ေနမိတာ...။

"တျခားေၾကာင့္ မဟုတ္ဘူး.. ကြၽန္ေတာ္ အလုပ္ေနာက္က်မွာ စိုးလို႔"
"ငါေပၚလာရင္ အခ်ိန္ေတြ ရပ္တန္႔ေနမွာေလ သိရဲ႕သားနဲ႔"

Jimin ဘာမွဆက္မေျပာေတာ့ပဲ ပန္းကန္အရင္ ၿပီးေအာင္ေဆးၿပီးမွ စားပြဲထက္က Jungkook ထားခဲ့တဲ့ Note စာ႐ြက္ေလးကို ေထာင္ျပလိုက္ရင္း

"ဒီမွာ ျမင္လား.. ဒီေန႔ေတာ့ ေစာင့္ေနရမယ့္သူ ရွိလို႔ ဂ်ာမနီ ျပန္လို႔ မရေသးဘူး.. အဲ့တာေၾကာင့္ မေျဖေသးဘူး"

အခုထိ ေလသံမေလ်ာ့ေသးတဲ့ Jimin ေၾကာင့္ တမန္ေတာ္ အေဒၚႀကီးက ဟားတိုက္သလို တိုးတိုးေလးရယ္ရင္း

"ေန႔တိုင္း ေစာင့္ေနတာပဲ မဟုတ္ဘူးလား"

ဟုတ္တယ္... ညေနတိုင္း အလုပ္ဆင္းခ်ိန္ေလးကို ေစာင့္ေနခဲ့တာ..။ တျခားထက္ သူ႔အနားမွာ ရွိေနတာ မျပည့္စုံရင္ေတာင္ အျမင့္ေရာက္ေနဆဲပဲ... ဒါဟာ ေျမႇာက္တင္ေပးတဲ့ ပခုံးေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္...။

"အဲ့ေကာင္ ေနမေကာင္းဘူး"
"Grazie က အဲ့လို သူမ်ားကို ဂ႐ုစိုက္တတ္လို႔လား.. တို႔ မသိခဲ့ဘူး"

ပထမဆုံးပဲေပါ့...။ အဘိုးကို အေဖကိုယ္တိုင္ လုပ္ႀကံတာေတာင္ သိသိႀကီးနဲ႔ လစ္လ်ဴ႐ူထားခဲ့တဲ့ ေကာင္ေလးရဲ႕ ပထမဆုံး သူစိမ္းတစ္ေယာက္အေပၚ ဂ႐ုစိုက္ေနမိျခင္းေလ...။

"ကြၽန္ေတာ္က အဲ့ေလာက္ ရင့္သီးတဲ့ သူမ်ိဳးမဟုတ္ပါဘူး.. ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးလို႔ ျပန္ေက်းဇူး တုန္႔ျပန္တဲ့ သေဘာပါ"

စိတ္ထဲက အေျဖနဲ႔ အျပင္က အေျဖက ဆန္႔က်င္ဘက္ေတြ ျဖစ္ေနတာကို တမန္ေတာ္အေဒၚႀကီး ရိပ္မိေလာက္မလား..။ ေခါင္းစဥ္တပ္ရခက္တဲ့ ပေဟဋိဆန္ဆန္ အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲထားရင္း ထိုအေဒၚႀကီးက

"ေကာင္းပါၿပီ.. ေနာက္မွ ထပ္လာခဲ့မယ္"
"နည္းနည္းၾကာမွ လာပါ.. ကြၽန္ေတာ္ျဖတ္စရာ အလုပ္ေတြ ရွိေသးလို႔"
"ဆံသဆိုင္မွာ တေနကုန္ ေလကန္ေနတဲ့ ေကာင္ေလးက ဘာေတြမ်ား ျဖတ္စရာ အလုပ္ေတြ ရွိေနတာလဲ"
"ဘာေနေနေပါ့ဗ်ာ.. လွ်ာရွည္လိုက္တာ"

Jimin ေငါက္သလို ေအာ္လိုက္မွ တမန္ေတာ္ အေဒၚႀကီးက ရယ္ရင္း ေခါင္းခါကာ ေပ်ာက္ကြယ္သြားေလေတာ့သည္။ တမန္ေတာ္ အေဒၚႀကီး မရွိေတာ့မွ Jimin သက္ျပင္းရွည္ႀကီး ခ်လိုက္မိသည္။

"ဒီရက္ပိုင္း ဘာမွမဟုတ္ပဲ အလကား စိတ္ဖိစီးေနမိတယ္... အဲ့တာ မင္းေၾကာင့္မို႔"

လက္ထဲက Note စာ႐ြက္ေလးကို ကိုင္ၿပီး ရန္ေထာင္လိုက္မိသည္။ ေရးထားတဲ့ စာသားေလးက အစ အႀကီးႀကီး ၿပဳံးေနမည့္ ယုန္ေပါက္ကေလးရဲ႕ မ်က္ႏွာကို ျမင္ေယာင္လာေစသည္။ စိတ္ကူးထဲက အၿပဳံးေလးကေတာင္ Jimin ကို ထပ္တူၿပဳံးေစသည္။

"ငါ မင္းကို ခ်စ္ေနတာ မဟုတ္ဘူး.. မင္းခ်က္ေကြၽးတဲ့ ပူပူေႏြးေႏြးနဲ႔ အရသာရွိတဲ့ စားစရာေတြကို တက္မက္ေနမိတာ.. အဲ့တာေၾကာင့္ ငါ မျပန္ႏိုင္ ျဖစ္ေနတာ နားလည္လား"

ဒါက အေၾကာင္းျပခ်က္သာသာ ဆိုတာ Jimin ကိုယ့္ကိုကိုယ္ သိသည္။ လက္ထဲက Note စာ႐ြက္ေလးကို လုံးေခ်ကာ အမႈိက္ပုံးထဲ ထည့္ပစ္ၿပီး ဆံသဆိုင္ေလးဆီသာ ထြက္လာခဲ့သည္။ မနက္ခင္းရဲ႕ ေနေရာင္ျခည္ ေႏြးေႏြးေလးေအာက္မွာ တံျမက္စည္းလွဲေနတဲ့ ေနျခည္လွလွေလးက ပါးခ်ိဳင့္ပိစိေလး ေပၚေအာင္ ၿပဳံးျပရင္း

"တစ္ေယာက္တည္းလား"
"အင္း.. Jeon Jungkook မအားလို႔.. ဒါနဲ႔ ဟိုႂကြက္စုတ္ မလာေသးဘူးလား"

Jimin ေမးခြန္းေၾကာင့္ Hobi တက္ႂကြ ေနရာမွ အနည္းငယ္ ၿငိမ္သြားသည္။ တံျမက္စည္းလွဲ ေနသည္ကို ေခတၱ ရပ္နားလိုက္ၿပီး Jimin ဘက္လွည့္ကာ ေခါင္းခါျပေလသည္။

"မလာေသးဘူး.. ခါတိုင္းဆို ဒီအခ်ိန္ေရာက္ၿပီ ေနာက္က်မယ္ ဆိုလည္း ဖုန္းဆက္ေနက်"

တက်က္က်က္ ရန္ျဖစ္ေနတဲ့ သူ ႐ုတ္တရပ္ မရွိေတာ့တဲ့ ခံစားခ်က္က ဒီကိုေရာက္ကာစ လိုပဲ..။ Joon မရွိလို႔ တစ္ခုခု လိုေနသလို ခံစားခ်က္မ်ိဳး..။ ေအာ္... ဒီ Jimin က အေႏွာင္အဖြဲ႕မ်ားလိုက္တာ...။

"မင္းက အဲ့လိုႀကီးေျပာေတာ့ ငါတို႔က ေနရခက္သြားၿပီေလ.. အဲ့တာေၾကာင့္ မလာတာလား မသိဘူး"
"ေနပါဦး.. ဆံပင္ဆိုင္ သူေဌးက အခု ငါ့ကို အျပစ္ေျပာေနတာလား"

Jimin ရန္ေထာင္လိုက္သည္ကို Hobi က စိတ္မပါသလို သက္ျပင္းခ်ရင္း တံျမက္စည္း ျပန္လွဲကာ

"မင္းကို အေျခအေန ၾကည့္တတ္ဖို႔ ေျပာေနတာ"
"အခု ငါက အလိုက္ကန္းဆိုး မသိ လုပ္မိတာပါလို႔လား.. အဲ့ေကာင္က ဆံပင္ဆိုင္သူေဌးကို ႀကိဳက္ေနတာေလ အဲ့တာကို ငါက ျပန္ေျပာျပတယ္ အဲ့ေလာက္ပဲ.. ဘာအမွားမ်ား ပါေနလို႔လဲ.. ဘာလဲ ဆံပင္ဆိုင္သူေဌးက အဲ့ေကာင္ကို မႀကိဳက္လို႔လား"

Jimin ေမးခြန္းေၾကာင့္ Hobi က ေျဖရခက္သလို ေခါင္းေလးကုပ္ရင္း

"မႀကိဳက္တာေတာ့ မဟုတ္ပါဘူးကြ"
"ဒါဆို ႀကိဳက္တယ္ေပါ့"
"ႀကိဳက္တာရယ္လည္း မဟုတ္ဘူးေလ ေယာက္်ားေလးခ်င္း ဆိုတာႀကီးက မင္းနဲ႔ Jungkook ကိုပဲ ငါက ျမင္ခဲ့ဖူးတာ ငါကိုယ္တိုင္က် နည္းနည္းအံ့ဩမိတာေပါ့ ဒါေပမယ့္ Taehyung-ie က ႀကိဳးစားတဲ့ ဝန္ထမ္းပါ စိတ္ထားေလးလည္း ေကာင္းတာကို"

ဆိုေတာ့.. နိဂုံးခ်ဳပ္ရရင္ ႀကိဳက္တယ္ေပါ့...။ Jimin စိတ္ထဲကပဲ ႀကိတ္ ေကာက္ခ်က္ ခ်လိုက္ေလသည္။ Hobi ကေတာ့ ဆက္မေျပာေတာ့ပဲ တံျမက္စည္းေလးဆြဲကာ ဆံသဆိုင္ေလးထဲ ျပန္ဝင္သြားေလသည္။

"ဒီငတုံးေတြ... တစ္ေယာက္နဲ႔ တစ္ေယာက္ ႀကိဳက္ေနၾကရဲ႕သားနဲ႔ အလကား အခ်ိန္ျဖဳန္းေန လိုက္တာ"

Hobi ဆိုင္ထဲ ဝင္သြားမွ Jimin ေဘာင္းဘီအိတ္ေလးထဲက ဖုန္းကို ထုတ္ရင္း တိုးတိုးေလး ေျပာလိုက္သည္။ Taehyung Contact ေလးကို ႏိုပ္ၿပီး ဖုန္းေခၚလိုက္ကာ ႏူတ္ကလည္း တဖြဖြ တိုးတိုးေလး ေရ႐ြတ္ေနမိသည္။

"ငါ မင္းတို႔အေပၚ ေမတၱာရွိလြန္းလို႔ လုပ္ေပးေနတာ မဟုတ္ဘူး.. ငါ ဂ်ာမနီ မျပန္ရေသးခင္ ငတုံးတိုက္ဖ်က္ေရး ေသခ်ာေပါက္ လုပ္ခ်င္လို႔"

ဖုန္းဝင္တာ ေတာ္ေတာ္ၾကာတဲ့အထိ မကိုင္တာေၾကာင့္ Jimin ေနာက္တစ္ေခါက္ ထပ္ႏိုပ္ကာ ေခၚလိုက္သည္။ ဒီတစ္ခါေတာ့ ေလးစကၠန္႔ေလာက္ အၾကာမွာ အိပ္ခ်င္မူးတူး ျဖစ္ေနတဲ့ Taehyung အသံ တိုးတိုးေလး ၾကားလိုက္ရသည္။

"ဟဲလို"
"မင္း ဘာလုပ္ေနတာလဲ အခုထိ အိပ္ေနတာလား ဘယ္အခ်ိန္ရွိေနၿပီလဲ"
"အားး Shit.. အၿမဲတမ္း အေဖလို ေလသံနဲ႔... မင္းက ငါ့အေဖလား ငါ အိပ္ေနတုန္းရွိေသးတာ Jimin ရ ေျပာစရာ ရွိတာ ေျပာၿပီး ဖုန္းခ်လိုက္ပါေတာ့"

ဖုန္းထဲက Taehyung စကားေၾကာင့္ Jimin ဒီဘက္ကေန ၿပဳံးလိုက္မိသည္။ မေန႔က သူ႔အစား ဖြင့္ေျပာလိုက္လို႔ စိတ္ဆိုးေနတဲ့ သူက ၾကာၾကာလည္း စိတ္မဆိုးႏိုင္ၾကပါ့လား...။ မင္းနဲ႔ ဆံပင္ဆိုင္သူေဌး ကလည္း Park Jimin ရဲ႕ အေႏွာင္အဖြဲ႕ ထဲက တစ္ခုပဲ...။

"မင္း ဆိုင္မလာဘူးလား"
"ငါ ဘယ္လိုမ်က္ႏွာနဲ႔ Hobi Hyung ကို ၾကည့္ရဲမွာလဲ.. မင္းေၾကာင့္ ေကာင္စုတ္ေလးရဲ႕"
"ေအာင္မာ ႂကြက္စုတ္ကမ်ား ငါ့ကို.. မင္းလို အေျခအေနနဲ႔ ငါ့ကို ေကာင္စုတ္လို႔ ေခၚစရာ အေၾကာင္းမရွိဘူး ရွင္းလား.. ၿပီးေတာ့... မင္းမလာရင္ ဆိုင္မွာ ဆံပင္ဆိုင္ သူေဌး တစ္ေယာက္ပဲ လုပ္မယ့္သူ ရွိမွာ သိတယ္မလား.. ငါ ညစ္တီးညစ္ပတ္ သူမ်ား ေခါင္းေတြ မကိုင္ႏိုင္ဘူး.. ဆိုင္အျမန္လာခဲ့"
"မလုပ္ႏိုင္လည္း လစာ ယူမေနနဲ႔.. တကယ္ပါပဲ.. ေနာက္နာရီဝက္ေနရင္ ေရာက္မယ္"

Taehyung အေျဖေၾကာင့္ Jimin ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိသည္။ သူ႔ဆံပင္ဆိုင္သူေဌး တစ္ေယာက္တည္း အလုပ္ရႈပ္မွာ ေၾကာက္ေနရဲ႕သားနဲ႔...။ .......။

ဒီေန႔ေတာ့ ဘီဘီ ဆံသဆိုင္ေလးထဲ တက်က္က်က္ ရန္ျဖစ္သံေတြ မၾကားရေသးပါ။ Taehyung မေရာက္လာခင္ကတည္းက Customer တစ္ေယာက္ေရာက္ေနတာေၾကာင့္ေရာ Taehyung ေရာက္လာၿပီး ေနာက္ပိုင္း လူအနည္းငယ္က်ေနတာေရာေၾကာင့္ ျဖစ္လိမ့္မည္။ ဟိုရက္ေတြက မိုးေၾကာင့္ လူရွင္းေနတဲ့ ဆိုင္ေလးက ဒီေန႔မွ ဝင္လာမဆဲ တသဲသဲ ေတြကို ျဖစ္လို႔....။

ေဘးခ်င္းယွဥ္ထားတဲ့ မွန္တင္ခုံ တစ္ခုခ်င္းစီမွာ Customer တစ္ေယာက္စီကို ဆံပင္ေလမႈတ္ေနၾကရင္း တစ္ေယာက္ကို တစ္ေယာက္ ခိုးၾကည့္ေနတဲ့ Taehyung နဲ႔ Hobi အား Jimin ေနာက္ကေန ထိုင္ အကဲျဖတ္ေနမိသည္။ ဆယ္ေက်ာ္သက္ Drama ေလးလို Hobi က အရင္စ ခိုးၾကည့္လိုက္ Taehyung က ျပန္ခိုးၾကည့္လိုက္ အၾကည့္ခ်င္းစုံသြားရင္ ခ်က္ျခင္းအၾကည့္လႊဲၿပီး ေခါင္းငုံ႔သြားလိုက္ၾကနဲ႔ ဟုတ္ေတာ့ ဟုတ္ေနၿပီ...။

"တစ္ေယာက္နဲ႔ တစ္ေယာက္ခိုးၾကည့္မေနပဲ ေျပာစရာရွိတာ ဒဲ့ ေျပာလိုက္ၾကပါ့လား... ၾကည့္ရတာ ပ်င္းလာၿပီ"

ေနာက္ဆိုဖာခုံရွည္ေလးမွာ ေျခေထာက္ခ်ိတ္ ထိုင္ရင္း လက္ပိုက္ကာ ေျပာလိုက္တဲ့ Jimin ေၾကာင့္ ဘယ္ကတည္းက ရိပ္မိေနမွန္း မသိေသာ Customer ေတြလည္း ၿပဳံးစိစိ ျဖစ္သြားသည္။ Hobi နဲ႔ Taehyung လည္း ရွက္ကိုးရွက္ကန္းနဲ႔ ဘာ ျပန္ေျပာလို႔ ေျပာရမွန္းမသိ။ ေနရခက္သလို ျဖစ္ေနတဲ့ Hobi ေၾကာင့္ Taehyung ကပဲ

"မင္း ဘာေတြ ေလွ်ာက္ေျပာေနတာလဲ.. Customer ေတြ ေရွ႕ကို"
"ငါေျပာတဲ့အထဲ ေလွ်ာက္ေျပာတာ ပါလို႔လား"
"Ya မင္း"
"ရန္မျဖစ္ၾကနဲ႔ေလ ဧည့္သည္ေတြေရွ႕ကို"

Hobi ဝင္တားလိုက္သည္မို႔ Taehyung ရန္ေထာင္ေနရင္း တန္းလန္းမွ ရပ္တန္႔သြားသည္။ ႏွစ္ေယာက္လုံး Customer အေပၚကိုပဲ အရင္ အာ႐ုံစိုက္ဖို႔ ႀကိဳးစားေနၾကေပမယ့္ Jimin က ခုံေလးရဲ႕ ေက်ာမွီေနရာအေပၚကို လက္ေလးတင္လိုက္ရင္း ထုံးစံအတိုင္း ဆိုဒ္အျပည့္ ဂိုက္အျပည့္နဲ႔

"Kim Taehyung က ဆံပင္ဆိုင္ သူေဌးကို ႀကိဳက္ေနတယ္.. ဆံပင္ဆိုင္သူေဌးကလည္း မႀကိဳက္တာေတာ့ မဟုတ္ဘူး ဒါေပမယ့္ ေယာက္်ားေလး အခ်င္းခ်င္းမို႔ ေတြေဝ ေနတယ္.. ဆိုေတာ့ ႀကိဳက္သေယာင္ေယာင္ပါပဲ.. အခုခ်ိန္သာ Kim Taehyung က ဆံပင္ဆိုင္ သူေဌးကို ဖြင့္ေျပာလိုက္ရင္ ဆံပင္ဆိုင္သူေဌးက Drama ေတြထဲက စဥ္းစားေပးမယ္လို႔ ေျပာၿပီး ႏွစ္ရက္ သုံးရက္ေလာက္ ေနရင္ အေျဖျပန္ေပးမယ့္ အေျခအေနပဲ... ဒီလို အခြင့္အခါ သင့္ေနတုန္း Kim Taehyung မင္း မဖြင့္ေျပာခ်င္ဘူးလား"

Jimin ရဲ႕ အႀကံျပဳခ်က္ကို Customer အေဒၚႀကီး ႏွစ္ေယာက္မွာလည္း တဟားဟား ရယ္ရင္း လက္ခုပ္တီးၿပီး အားေပးေလသည္။

"ဒီေကာင္ ဘာေတြေျပာေနမွန္း မသိဘူး"

နီရဲေနတဲ့ နား႐ြက္ ႏွစ္ဖက္နဲ႔ ခ်စ္ရသူရယ္ ေျမႇာက္ေပးေနတဲ့ သူငယ္ခ်င္းရယ္ လက္ခုပ္ ေအာ္ဘာသံ တညံညံနဲ႔ အားေပးေနၾကသည့္ အေဒၚႀကီးေတြရယ္.. တကယ္ပဲ Jimin ေျပာသလို အခြင့္အခါ သင့္ေနတာ မဟုတ္ဘူးလား..။ ဟုတ္တယ္... မဟုတ္လည္း သိေနၿပီပဲ ဝန္ခံလိုက္ၾကရေအာင္..။

Taehyung လည္း ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်လိုက္ၿပီး မွန္တင္ခုံေလးရဲ႕ ေထာင့္ေပၚရွိ ပန္းအိုးေသးေသးေလးထဲ စိုက္ထားသည့္ ႏွင္းဆီပန္းေလးအား ယူကာ Hobi ထံေပးလိုက္သည္။

"ကြၽန္ေတာ္... Hyung ကို ခ်စ္တယ္."
"Tae.. Taehyung"
"ကြၽန္ေတာ္ အခ်စ္ကို လက္ခံေပးပါ့လားဟင္"
"အား... ႐ိုမဆန္လိုက္တာ"

Jimin ေကာက္ခ်က္ေၾကာင့္ Taehyung ဆီက ေပေစာင္းေစာင္း အၾကည့္တစ္ခ်က္ လြင့္လာေပမယ့္ Jimin ၿပဳံးလိုက္မိသည္။ အဆုံးထိ ေလွာ္လိုက္ႏိုင္တဲ့ ကိုယ့္ကိုကိုယ္လည္း ဂုဏ္ယူမဆုံး..။ ငတုံးတိုက္ဖ်က္ေရးမွာ ငါက ဆရာႀကီးပဲ....။

"လက္ခံလိုက္... လက္ခံလိုက္"

Customer အေဒၚႀကီးေတြရဲ႕ အားေပးအားေျမႇာက္ အသံေတြက ဘီဘီ ဆံသဆိုင္ေလးထဲ ဆူညံေနေလသည္။ Taehyung လွမ္းေပးတဲ့ ႏွင္းဆီပန္းေလးကို Hobi လည္း ယူလိုက္ၿပီး

"စဥ္းစားေပးပါ့မယ္"

Hobi အေျဖေၾကာင့္ customer အေဒၚႀကီးေတြရဲ႕ လက္ခုပ္သံက ပတ္ဝန္းက်င္ တစ္ခုလုံးကို လႊမ္းမိုးသြားေလသည္။ ေႏြးေထြးလွတဲ့ ေလထုေၾကာင့္ Jimin ထပ္ခါထပ္ခါ ၿပဳံးေနမိသည္။ မေအးစက္ေတာ့တဲ့ ႏွလုံးသားေၾကာင့္ ပတ္ဝန္းက်င္က ပိုေႏြးေထြးေနတယ္ဆိုတာ Jimin သိပါ့မလား...။

႐ုံးခန္း နံရံထက္က တိုပ္ကပ္နာရီေလးကို လွမ္းလွမ္းၾကည့္ရင္း Jungkook တစ္ေယာက္ ငါးနာရီ အျမန္ထိုးဖို႔ ဆုေတာင္းေနမိသည္။ လက္သီးတစ္ခ်က္ရဲ႕ တန္ဖိုးေၾကာင့္ မနက္ကလည္း တာဝန္ခံ Gumshin က အညႇိဳးနဲ႔ ဘာမွလည္း ေရေရရာရာ မရွိပဲ အေစာႀကီးေခၚၿပီး ေတာက္တိုခိုင္း မေန႔ညေနကလည္း ထိုနည္းလည္းေကာင္းပဲ...။ ဒါနဲ႔ပဲ ခ်စ္ခင္ပြန္းေလးကို ေတြ႕ရတဲ့ အခ်ိန္ေလးက နည္းသထက္ နည္းသြားၿပီး ကိႏၷရာ ေခ်ာင္းျခား ေနသလိုပင္ ခံစားေနေလၿပီ။ ငါးနာရီထိုးတာနက္ တၿပိဳင္နက္ စားပြဲထက္က တိုလီေမာက္စ ပစၥည္းေလးေတြ သူ႔ေနရာနဲ႔သူ ထည့္သိမ္းေနလိုက္သည္။

"ဘာေတြေလာေနတာလဲ"

တအံ့တဩေမးလာတဲ့ ေဘးစားပြဲက Yoongi ေၾကာင့္ Jungkook ရယ္ျပလိုက္ရင္း

"ကြၽန္ေတာ္ေယာက္်ားကို အရမ္ေတြ႕ခ်င္ေနလို႔"
"ေအာ္.. ေအးေအး ဒီမွ မျမင္ရင္ ေနာက္ မျမင္ရေတာ့မယ့္ သူေတြ ဆိုေတာ့"
"ဟာ.. Hyung ဖြက္ ဖြက္ လြဲပါေစ ဘာစကားေတြ လာေျပာေနတာလဲ"

အျဖစ္သည္းလွတဲ့ Jungkook ကို ၾကည့္ရင္း Yoongi ရယ္သာ ရယ္လိုက္မိသည္။

"မင္းက အရမ္းေရာဂါဆိုးေနလို႔ ေျပာတာပါကြာ"
"တကယ္ေျပာတာဗ်.. မေန႔ကလည္း OT ဆင္းေနရတာနဲ႔ အိမ္ေရာက္တာနဲ႔ ညစာစားၿပီး အိပ္လိုက္ရတာ.. မနက္က်ေတာ့လည္း Jimin Hyung ေတာင္ မထေသးဘူး ကြၽန္ေတာ့္မွာ အလုပ္ကို ထြက္လာခဲ့ရတာ.. လူက ႐ူးေတာ့မလိုပဲ"
"အဲ့ဘိုးေတာ္က မင္းကို OT ေတြ အတင္းဆင္းခိုင္းၿပီး ဘာလုပ္တာလဲ"

Yoongi ေမးခြန္းေၾကာင့္ Jungkook သက္ျပင္းတစ္ခ်က္ကို ဆြဲခ်လိုက္ရင္း

"ဘာမွေရေရရာရာ မဟုတ္ပါဘူးဗ်ာ.. ဟိုဟာ ႏိုးႏိုး ဒါ ႏိုးႏိုးနဲ႔"
"မင္းဘက္ကလည္း စိတ္ထိန္းမွေပါ့ ဘာလို႔ သြားထိုးလဲ.. ဟိုကမွ အစကတည္းက အာဏာျပတတ္တဲ့ သူမွန္း သိသားနဲ႔"
"Hyung ကလည္း.. ကြၽန္ေတာ့္ေရွ႕မွာ ကြၽန္ေတာ့္ေယာက္်ား မေကာင္း ေျပာတာကို သည္းမခံႏိုင္ပါဘူး"

Jungkook အေျဖေၾကာင့္ Yoongi က လက္ခံသြားသလို ေခါင္းတညိမ့္ညိမ့္နဲ႔

"ေႏွာင္ႀကိဳးေတြက ဇယားရႈပ္လိုက္တာ"
"ဟား.. ကြၽန္ေတာ္ကေတာ့ ႀကိဳက္တယ္"
"လာေျပာင္ေနေသး.. ဘိုးေတာ္ ထြက္မလာခင္ အျမန္ျပန္ေတာ့.. သြား"
"ျပန္ၿပီေနာ္ Hyung"

Yoongi ကို ႏႈတ္ဆက္ၿပီး Jungkook ႐ုံးအေဆာက္အဦးထဲမွ အျမန္ေျပးဆင္းလာခဲ့သည္။ တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႔ ဘီဘီဆံသဆိုင္ေလးဆီ ခပ္သြက္သြက္ေလး ေလွ်ာက္လွမ္းေနစဥ္ လမ္းတဝက္ ေရွ႕ကေန ပိတ္ရပ္လာတဲ့ ေတာင့္ေတာင့္တင္းတင္း အမ်ိဳးသားႏွစ္ေယာက္။ မီးပူေကာ့ေနေအာင္ တိုက္ထားမွန္း သိသာလြန္းေအာင္ ေခါက္႐ိုးပင္ ေပၚေနေသာ Suit နဲ႔ Jungkook ထက္ပင္ ဝတ္စားဆင္ယင္မႈပိုင္း အမ်ားႀကီးသန္႔ျပန္႔ေနေသာ ပုံစံျဖင့္။ ႐ုတ္တရပ္မို႔ Jungkook ေၾကာင္ၾကည့္ေနမိစဥ္မွာပဲ

"အပုန္းေတာ္ လိုက္တာ အငယ္ေလးရယ္.. ဦးေလးတို႔ ရွာေနရတာ ႏွစ္ႏွစ္ ရွိေတာ့မယ္"

အေဖျဖစ္သူရဲ႕ အယုံၾကည္ရဆုံး အတြင္းေရးမႉး ဦးေလးႀကီး အသံေၾကာင့္ Jungkook တုန္လႈပ္သြားမိသည္။

"မေတြ႕တာ ၾကာၿပီေနာ္.. အဆင္ေျပရဲ႕လား"
"လုံးဝ အဆင္ေျပေနတာမို႔ လာလမ္းအတိုင္း ျပန္လိုက္ၾကပါေတာ့"
"ဆရာက အငယ္ေလးကို ပါေအာင္ ေခၚခိုင္းထားတာမို႔.. ဦးေလးတို႔ကို ခြင့္လႊတ္ပါ"

အတြင္းေရးမႉး ဦးေလးႀကီးက စကားဆုံးတာနဲ႔ ခုနာ Suit ဝတ္ထားသည့္ ႏွစ္ေယာက္အား အခ်က္ျပသလို ေခါင္းညိမ့္ျပလိုက္သည္မို႔ Jungkook အေျခအေနကို ရိပ္စားမိကာ ေနာက္လွည့္ၿပီး ေျပးရေတာ့သည္။ လမ္းႀကိဳလမ္းၾကား အိမ္ႀကိဳအိမ္ၾကားပါ မက်န္ ပတ္ေျပးခဲ့ေပမယ့္ ေနာက္ကလိုက္သူ ႏွစ္ေယာက္က လက္မေလ်ာ့ေသးေခ်။ ႐ုံးေရွ႕ ျပန္ေရာက္လာတာမို႔ ထြက္ဖို႔ျပင္ေနတဲ့ ေတြ႕ရာကားေနာက္ တံခါးဆြဲကာ ဝင္ပုန္းေနလိုက္သည္။

"Jungkook လား.. ဘယ္လိုျဖစ္ၿပီး.."

တိုက္တိုက္ဆိုင္ဆိုင္ပါပဲ Gumeong ကား ျဖစ္ေနသည္မို႔ Jungkook အသံတိုးတိုးျဖင့္

"အားနာေပမယ့္.. မသိခ်င္ေယာင္ေဆာင္ေပးပါေနာ္ ေတာင္းပန္ပါတယ္ Noona ကြၽန္ေတာ္ အေရးႀကီးေနလို႔ပါ"

ျပာျပာသလဲ ျဖစ္ေနတဲ့ Jungkook ပုံစံေၾကာင့္ Gumeong ေယာင္အမ္းအမ္း ျဖင့္ အရင္ေဘးဘီဝဲၾကည့္မိသည္။ ဟိုရွာ ဒီရွာ လုပ္ေနတဲ့ Bodyguard ပုံစံ လူႏွစ္ေယာက္နဲ႔ Mr.Jeon ရဲ႕ အတြင္းေရးမႉးကို ျမင္လိုက္သည္မို႔

"အဲ့ဦးေလးက.. ဦးေလး Jeon ရဲ႕.."
"ဟုတ္တယ္ Noona အဲ့တာေၾကာင့္ မသိခ်င္ေယာင္ ေဆာင္ေပးပါ.. အကူညီေတာင္းပါတယ္ေနာ္"

Gumeong လည္း အေျခအေနကို သိလိုက္ၿပီမို႔ Jungkook ရွိရာ ေနာက္ခန္းကို မွန္တင္ေပးထားလိုက္ၿပီး Back မွန္ၾကည့္ရင္း အလွျပင္ခ်င္ေယာင္ေပးေနလိုက္သည္။ သံသယ ျဖစ္ဖြယ္မရွိတဲ့ ပုံစံမို႔ Bodyguard ႏွစ္ေယာက္လည္း ေက်ာ္သြားေလသည္။ ေခါက္တုန္႔ေခါက္ျပန္ အခါခါေလွ်ာက္ၿပီးမွ လက္ေလ်ာ့ကာ ျပန္သြားၾကေလသည္။

"ဟူး... ေက်းဇူးပါ Noona"
"ရပါတယ္.. Kook အတြက္ အကူအညီ ေပးလိုက္ႏိုင္တာကိုပဲ မ က ဝမ္းသာေနတာပါ"

တကယ္ေတာ့ Jimin စီစဥ္ေပးတဲ့ ညစာဝိုင္းေလးမွာ ေတြ႕ၿပီး ေနာက္ပိုင္း Jungkook ဘက္က Gumeong အား အတတ္ႏိုင္ဆုံး ေရွာင္ေနျခင္းပင္။ ဒါက သူ႔အတြက္ေရာ Jimin အတြက္ေရာ Gumeong အတြက္ပါ အဆင္ေျပမယ့္ နည္းလမ္းဆိုတာ သိတာမို႔...။

"ဟို မတို႔ေတြ အမုန္းမထားၾကဖို႔ ထပ္ေတာင္းဆိုပါရေစေနာ္"

Jungkook ဘာမွျပန္မေျပာမိ ႏႈတ္ဆိတ္ေနမိသည္။  ကူညီထားတာလည္း ရွိေနတာမို႔ ေခါင္းသာၿငိမ့္လိုက္ရသည္။

"အခု Jimin ရွိတဲ့ ဟို လမ္းေကြ႕နားက ဆံသဆိုင္သြားမွာမလား.. မ လိုက္ပို႔ေပးမယ္ေနာ္"
"ေနပါေစ Noona.. ကြၽန္ေတာ္ လမ္းေလွ်ာက္သြားလိုက္ပါမယ္"
"ခုနာ Bodyguard ေတြနဲ႔ ေတြ႕ေနမွာ စိုးလို႔ပါ"

Jungkook မျငင္းႏိုင္ေတာ့ပဲ ၿငိမ္သက္စြာ လက္ခံလိုက္ရသည္။ ကားေနာက္ခန္းေလးထဲ ထိုင္ရင္း Jungkook သက္ျပင္းေလး ခိုးခ်လိုက္မိသည္။ အလုပ္ေျပာင္း/ အိမ္ေျပာင္း ဖို႔ အေရး မလြယ္ကူရတဲ့ၾကားထဲ အတိတ္ေမ့ေနတဲ့ Jimin ကို ေျပာရမယ့္အေရးပါ ရွိေသးတာမို႔ အေဖ့လက္ထဲက လြတ္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးစားရမယ့္ အနာဂတ္အတြက္ ေတြးကာ ပူပန္ေနမိသည္။

"ဒီေန႔လည္း Jungkook လာမႀကိဳဘူးလား ငါးနာရီေတာင္ ခြဲေနၿပီ"

Hobi စကားေၾကာင့္ Jimin ေတာက္တစ္ခ်က္ ေခါက္လိုက္မိသည္။ နဂိုကတည္းက ေစာေစာလာႀကိဳပါ့မယ္ေျပာၿပီး ေပၚမလာေသးတဲ့ Jungkook ေၾကာင့္ ရင္ဘတ္ထဲ မီးစာပိုက္ထားရသလို ျဖစ္ေနပါတယ္ဆို ဆံပင္ဆိုင္သူေဌးရဲ႕ ေမးခြန္းက မီးေလာင္ရာ ေလလာပင့္တဲ့ ေမးခြန္းမ်ိဳး..။

"ဒီငတုံး ေစာေစာလာႀကိဳမယ္ေျပာၿပီး ဘယ္ကိုအေလလြင့္ ေနလဲ မသိဘူး"

သိပ္မၾကာ ဆံသဆိုင္ေလးေရွ႕ ကားေလးတစ္စီး ပိတ္ရပ္လာၿပီး ထိုကားေလးရဲ႕ ေနာက္ခန္းမွ Jungkook ဆင္းလာေလသည္။ ေမာင္းသူေနရာမွ Gumeong လည္း ဆင္းလာသည္မို႔ Jimin ႏွာေခါင္းရႈံ႕လိုက္မိသည္။ Jeon Jungkook တကယ္ေရာ ေရာင္းစားမခံခ်င္တာ ဟုတ္ရဲ႕လား...။

"ေက်းဇူးတင္ပါတယ္ Noona"
"ရပါတယ္ဆို.. မ သြားေတာ့မယ္ေနာ္"

ေက်ာ့ေမာ့ကာ ေဒါက္ဖိနပ္သံ တခြက္ခြက္နဲ႔အတူ ကားေပၚျပန္တက္ၿပီး ေမာင္းထြက္သြားတဲ့ Gumeong နဲ႔ ထြက္သြားသည့္ကားကို ေငးကာ က်န္ေနသည့္ Jungkook ေၾကာင့္ Jimin စိတ္ထဲ ဘာကို စိတ္တိုလို႔ တိုမိမွန္း မသိ။

"Drama ထဲက မင္းသားနဲ႔ မင္းသမီး အိမ္ျပန္ခ်ိန္မွာ ခြဲခြါလိုက္ရတဲ့ ဇာတ္ဝင္ခန္းေလးက်လို႔ ေၾကကြဲဖို႔ ေကာင္းလိုက္တာ"

႐ြဲ႕သလို ေစာင္းသလို ေလသံျဖင့္ ဆံသဆိုင္ေလးထဲမွ လက္ပိုက္ကာ ထြက္လာသည့္ ဆရာႀကီးေပါက္စေၾကာင့္ Jungkook ေခါင္းထဲ စိတ္ညစ္စရာမ်ား အကုန္လြင့္ေပ်ာက္ကုန္သည္။

"ေမာင့္ေယာက္်ား.. သဝန္တိုေနတာလား"
"ဟက္.. ရယ္ရတယ္ ငါက အဲ့လို သဝန္တိုတတ္တဲ့ Style မဟုတ္ဘူး"
"သဝန္တိုေနတဲ့ ပုံစံမ်ိဳးပါပဲ"
"နည္းနည္းမွ သဝန္တိုစရာ မရွိဘူး.. ဟြန္း"

ႏွာေခါင္းေလး ရႈံ႕ကာ ကေလးငယ္ေလး စိတ္ဆိုးေနသလို မ်က္ေစာင္းထိုးၿပီး ေျပာလိုက္သည့္ Jimin ေၾကာင့္ Jungkook ၾကည္ႏူးစြာ ရယ္လိုက္မိသည္။

"ငါ့ကို ေစာေစာလာႀကိဳမယ္ေျပာၿပီး ေနာက္က်ေနတာ ရယ္စရာပါလား.. ေသာက္႐ူး"

ဆဲဆိုၿပီး စိတ္ဆိုးေနေၾကာင္း ေၾကျငာသလို ေဆာင့္ေအာင့္ကာ ထြက္သြားသည္မို႔ Jungkook ေနာက္က ေျပးလိုက္ရေလေတာ့သည္။

"Hyung ကလည္း ေမာင္လည္း ေမာင့္ေယာက္်ားအနား ေစာေစာကပ္ခ်င္တာေပါ့.. အေျခအေနက မေပးလို႔ကို"
"အဲ့အေျခအေနက Gumeong မေပးတာလား"
"အာ.. Hyung  မဆိုင္တာကို အလုပ္ကပါ.. Gumeong Noona ကေတာင္ ျပန္လို႔ရေအာင္ ကူညီေပးတာကို"

Jungkook အဆင္ေျပသလို ေျပာလိုက္သည့္ စကားေၾကာင့္ Jimin က မယုံသေယာင္ ေပေစာင္းေစာင္းၾကည့္ရင္း

"အလုပ္က ဘာလို႔ေနာက္က်တာလဲ"
"ဟိုဘိုးေတာ္ႀကီး အေၾကာင္း သိသားနဲ႔.."

အင္း.. ဟုတ္ပါတယ္.. ဒီငတုံးကို ၾကည့္ရတာ ငါကလြဲရင္ တျခားသူကို စိတ္ဝင္စားမယ္ပုံ မေပၚပါဘူး..။ Jimin တစ္ေယာက္ ကိုယ့္အေတြးနဲ႔ကို ေက်နပ္စြာ ၿပဳံးလိုက္မိေပမယ့္ ခ်က္ျခင္း မ်က္ႏွာျပန္တည္ကာ လမ္းဆက္ေလွ်ာက္လိုက္သည္။ ခုနကေလာက္ မျမန္ေတာ့သည္မို႔ စိတ္မဆိုးေတာ့ဘူးဆိုတာ Jungkook ရိပ္မိလိုက္သည္။

"ေမာင့္ေယာက္်ားက ေမာင့္ကို သဝန္တိုေနတာပဲ"
"တိုစရာ အေၾကာင္းကို မရွိတာ"
"ဟား.. ခုနာက သဝန္တိုေနတဲ့ ပုံစံမ်ိဳးပါဗ်ာ"

Jimin ပခုံးကို ဖက္ကာ ေျပာလိုက္သည္မို႔ ထင္ထားသလိုပဲ မ်က္ေစာင္းတစ္ခ်က္ လြင့္ထြက္လာသည္။

" ေသာက္႐ူးေကာင္ အဲ့ညစ္ပတ္တဲ့ လက္ႀကီးကို ဖယ္စမ္း"
"ေမာင္ ေက်ာပိုးခ်င္လို႔"

မ်က္လုံးဝိုင္းေလးနဲ႔ ပါပီေပါက္ေလးလို ေတာင္းဆိုလာတဲ့ ေကာင္ေလးေၾကာင့္ Jimin မၿပဳံးမိေအာင္ ႀကိဳးစားၿပီး ကိုယ့္ႏႈတ္ခမ္းကိုယ္ တင္းတင္းေစ့ထားရသည္။

"ပိုးခ်င္တာမ်ား ပိုးေပါ့.. ငါ ပင္ပန္းတာမွ မဟုတ္တာ မင္းပဲ ပင္ပန္းမွာ"
"ေမာင့္ေယာက္်ားက ငွက္ေမြးေလးလို ေပါ့ေနတာကို ပင္ပန္းစရာလား နည္းနည္းမွ မပင္ပန္းေပါင္.. တက္"

ေက်ာနိမ့္ေပးရင္း ေျပာလိုက္တဲ့ Jungkook စကားေၾကာင့္ Jimin ဒီတစ္ခါေတာ့ Jungkook မျမင္ဘူးဆိုတဲ့ စိတ္နဲ႔ ထိန္းမထားေတာ့ပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္မိသည္။ ဒီငတုံးက တျခားေနရာသာ တုံးတာ.. Flirt ကေတာ့ Level 100 ရွိေလာက္တယ္...။

"အဟမ္း.. မင္းတက္ခိုင္းလို႔ ငါတက္တာေနာ္.. ၿပီးက်မွ ငါ့ကို ဗီလိန္ဇာတ္မသြင္းနဲ႔"
"သြင္းစရာလား.. ေမာင့္နတ္သားေလးက ဘယ္လိုလုပ္ ဗီလိန္ ျဖစ္မွာလဲ"

Jimin ခိုးၿပဳံးလိုက္မိသည္။ ဒီငတုံးေလး.. ငါ့ကို ႐ူးေအာင္လုပ္ဖို႔မ်ား ႀကိဳတင္စီစဥ္ထားေလသလား..။

"ေမာင္ေလ.. Hyung ကို ေက်ာပိုးထားရတဲ့ အခ်ိန္ စိတ္ထဲ အလုံၿခဳံဆုံးပဲ သိလား"

အမွန္တိုင္းေျပာရရင္ ကိုယ္လည္း ထပ္တူပါပဲ..။ မင္း ေက်ာျပင္က အေႏြးေထြးဆုံး..။ မင္း ေက်ာေပၚတက္ၿပီး မင္းမသိေအာင္ ခိုးၿပဳံးရတာကို သေဘာက်ေနမိၿပီ..။ စိတ္ထဲမွာေတာ့ ကဗ်ာဆန္ဆန္ေတြ ေျဖေနမိေပမယ့္ Grazie ဆိုတာ စိတ္အလိုကို ႏႈတ္မလိုက္ပါ..။

"မသိဘူး.. ငါ သိတာေတာ့ မင္း႐ူးေနတာကိုပဲ"

Jimin ေက်ာပိုးထားတဲ့ ေကာင္ေလးရဲ႕ ပခုံးေလးထက္ ေမးတင္ၿပီး အက်ႌဆီက လာတဲ့ ေခြၽးနံ႔နဲ႔ဆပ္ျပာနံ႔ ေရာေနသည့္ ကိုယ္သင္းနံ႔ေလးကို ခိုးရႈိက္ရင္း ကလန္ကဆန္ ေျဖလိုက္ေလသည္။ အေျပာနဲ႔ အလုပ္နဲ႔ ကိုက္ညီေနမႈႀကီးအား Jungkook က ရိပ္မိေနသလို ၿပဳံးသာ ၿပဳံးေနေလသည္။ ဒီေက်ာက္ေဆာင္က ႐ူးမိုက္ေနပါၿပီ.. ပင္လယ္ေတာင္ သိပ္ မတိုက္စားလိုက္ဘူး ခုန္ခ်ဖို႔ အသင့္ျဖစ္ေနသတဲ့...။ ဟုတ္တယ္... ဒီႏူးညံ့တဲ့ ပင္လယ္ႀကီးထဲ ၿပိဳလဲသြားဖို႔ထက္ ခုန္ခ်ပစ္ခ်င္ေနပါၿပီ..။ မင္းက သိပ္သေဘာက်ဖို႔ေကာင္းတာပဲ ငါ့ငတုံးေလးရယ္...။

Jimin စိတ္ထဲ Jungkook ကို သာမန္ထက္ ပိုတြယ္ေနမိၿပီဆိုတာ ကိုယ့္ကိုကိုယ္လည္း ေတာ္ေတာ္ေလး သိေနၿပီ ျဖစ္သည္။ အေျခအေနက ဘယ္ေလာက္ေတာင္ ဆိုးေနလဲဆိုေတာ့ ခါတိုင္း Jungkook မီးဖိုေခ်ာင္ ဝင္ရင္ TV ၾကည့္ရင္းသာ ညစာစားရန္ ေစာင့္ေနတတ္ေပမယ့္ ဒီေန႔ေတာ့ စိတ္ထဲ အနားပဲေနခ်င္သလို ဆႏၵေၾကာင့္ မီးဖိုေခ်ာင္နား ဟိုနားရပ္ ဒီနားရပ္ လုပ္ေနမိသည္။ အဲ့တာေၾကာင့္ လူႀကီးေတြက ေျပာၾကတာ အခ်စ္မခံရဖူးတဲ့သူေတြ အခ်စ္ခံရရင္ ပိုကဲတတ္ၾကတယ္ တဲ့...။

"Hyung ဗိုက္ဆာေနၿပီလား.. ခဏပဲေနာ္ က်က္ေတာ့မယ္"

မီးဖိုေခ်ာင္ထဲ အလုပ္မ်ားေနရင္း ေျပာလိုက္တဲ့ Jungkook စကားေၾကာင့္ Jimin ဘာမွမဟုတ္ပဲ ေဒါသ ထြက္မိျပန္သည္။ ငတုံးေကာင္ ငါ မင္းအနားရွိေနခ်င္လို႔ ဒီတိုင္း ရပ္ေနတာဟဲ့..။

"ၿပီးေရာ.. စားလို႔ရရင္ေခၚလိုက္"

ေဆာင့္ေအာင့္ကာ TV ရွိရာ ထြက္သြားတဲ့ Jimin ေၾကာင့္ Jungkook မီးအားေတြ အသားကုန္ျမႇင့္ကာ အျမန္ဆုံး ခ်က္ျပဳတ္ေနရေလသည္။

"Hyung ခဏပဲေနာ္ ရေတာ့မယ္"

Jimin ဘာမွျပန္မေျဖပဲ ေပေတကာ TV ဖြင့္ကာ ထိုင္ေနလိုက္သည္။ Jungkook အကုန္လုံး ခ်က္ျပဳတ္ၿပီးတာနဲ႔ Jimin ထိုင္ေနရာ စားပြဲေလးေရွ႕ တစ္ခုၿပီး တစ္ခု လာခ်ေပးေလသည္။ သူခ်က္သည့္ အရာအားလုံး စုံသြားၿပီဆိုမွ ထမင္းပန္းကန္ေလး ႏွစ္လုံးပါ သယ္လာၿပီး

"ဒီေန႔ အသားကို ဟန္ဘာဂါ Steak ပုံစံ လုပ္ထားတာမို႔ Hyung ႀကိဳက္မွာပါ"

အသားကို ႏႈတ္ႏႈတ္စင္းၿပီးမွ ျပားကာ ကင္ထားသည့္ ပုံစံမ်ိဳးေလးရယ္ ထုံးစံအတိုင္း Sausage ပိစိ ေၾကာ္ေလးေတြရယ္ ၾကက္ဥ half fried ေလးရယ္ နီရဲေနတဲ့ ကင္ခ်ီက်ီဂဲ တစ္ခြက္ရယ္။ စားပြဲဝိုင္းေလးက Alex Armanto အိမ္ကေလာက္ အမယ္စုံမေနေပမယ့္ စားခ်င္စားဖြယ္ အတိ။ Jeon Jungkook က ဒါေတြနဲ႔ ငါ့ကို ဆြဲေဆာင္ေနတာ...။

"ကြၽန္ေတာ္ မနက္က်ရင္လည္း အေစာႀကီး သြားရမွာမို႔ မနက္စာကို ေပါ့ေပါ့ပါးပါးပဲ ျပင္ထားခဲ့မယ္ေနာ္"

ထမင္းစားေနရင္း ေျပာလိုက္တဲ့ Jungkook စကားကို Jimin က မ်က္ေမွာင္ႀကဳံလ်က္

"ဒီရက္ပိုင္း အျပန္ေနာက္က်လိုက္ အေစာႀကီး သြားလိုက္နဲ႔.. ဟိုအဘိုးႀကီးက မင္းကို ဒုကၡေပးေနျပန္ၿပီလား"
"ဟား.. ေမာင့္ကို စိတ္ပူေနတာလား"
" ေသာက္႐ူး.. ေမးတာမေျဖပဲ.. မင္းကိုက ငါဆဲတာကို တအားခံခ်င္ေနတာ"

Jimin စကားကို Jungkook က ဘာမွျပန္မေျပာပဲ ရယ္သာရယ္ေနေလသည္။ ဘာမွမေျဖပဲ ရယ္ေနတာေၾကာင့္ Jimin သက္ျပင္းေလးတစ္ခ်က္ ခိုးခ်လိုက္ရင္း

"ဟိုေန႔က ကိစၥေၾကာင့္ အဘိုးႀကီးက တမင္ ေခၚေနတာမလား.. မင္း အရမ္း တုံးအ မေနနဲ႔ Jeon Jungkook ရဲ႕ မင္းကို အႏိုင္က်င့္လို႔ ရမွန္းသိရင္ ပိုလုပ္မွာ ကလန္ကဆန္ လုပ္ပစ္လိုက္စမ္းပါ ဒါမွ ဒင္းတို႔မွတ္မွာ"
"ေမာင္ အဆင္ေျပတယ္ဗ်.. Hyung စိတ္ထဲ မထားနဲ႔ေနာ္"

အတူျဖတ္သန္းခဲ့ရတဲ့ ေနရက္ေတြ မ်ားျပားလာတာနဲ႔ အမွ် Jungkook အေၾကာင္းကို သိလာေလေလ.. အနား ေခၚထားခ်င္ေလေလ..။ တေန႔တစ္ျခား ပိုပို ပိုင္ဆိုင္လာခ်င္မိတဲ့ ေလာဘကို အခ်စ္ဆိုတဲ့ ေခါင္းစဥ္လွလွေလးရဲ႕ေအာက္မွာ မထားလိုပါ..။ ဟုတ္တယ္ သူ႔ကို မခ်စ္ဘူး... ဒီတိုင္းေလးပဲ သူ႔ရဲ႕ အေသးအမႊားေလးကအစ ဂ႐ုစိုက္တတ္တဲ့ စိတ္ထားေလးကို သေဘာက်ေနမိတာ..။

"လူေတြက မင္းထင္ထားတာထက္ အမ်ားႀကီး ေၾကာက္ဖို႔ေကာင္းတယ္ ငတုံးရဲ႕.. ငါက လုပ္လိုက္ရင္ေတာင္ အဲ့အဘိုးႀကီး ဘာမွ ျပန္အႏိုင္က်င့္လို႔ မရတာကို မင္းက ဘာလို႔ သြားထိုးလဲ"
"Hyung ကလည္း.. သူက ေမာင့္ကို ေျပာတာဆိုရင္ သည္းခံႏိုင္ပါတယ္ဗ်ာ.. ႀကိဳက္သေလာက္ေျပာ ဘယ္ေလာက္ေျပာေျပာ ျပသနာ မရွိဘူး.. Hyung ကက် သူ႔လက္ေအာက္က လူမဟုတ္ဘူးေလ.. ေမာင့္ေယာက္်ားကို ေမာင္ေတာင္ တခါမွ အဲ့လိုႀကီး မေျပာဖူးဘူး.. ၿပီးေတာ့ အတိတ္ေမ့ေနလို႔ပါ.. ေမာင့္ေယာက္်ားက ဘယ္ေလာက္ လိမၼာလဲ"

Jungkook စကားအဆုံးမွာ Jimin ရယ္လိုက္မိသည္။

"ငါက အတိတ္မေမ့ခင္က လိမၼာတယ္လား"
"ဒါေပါ့... ဘယ္ေလာက္ေတာင္ လိမၼာယဥ္ေက်းလဲ ေကာင္ေလးလဲ"
"အဲ့တာေၾကာင့္ မင္းက ႀကိဳက္ခဲ့တာလား"

Jimin ေမးခြန္းကို Jungkook ထမင္းစားရင္း ေခါင္းၿငိမ့္ျပေလသည္။ Jungkook အေျဖေၾကာင့္ Jimin ခဏတာ ၿငိမ္သက္သြားမိေလသည္။

"အခု ငါက အရင္က ငါနဲ႔ မတူေတာ့ဘူးမလား"
"အင္း.. မ်က္ႏွာေလးနဲ႔ ေခါင္းမာတာကလြဲရင္ က်န္တာ နည္းနည္းမွ မတူေတာ့ဘူး"

ဒါဆိုမႀကိဳက္ေတာ့ဘူးဆိုတဲ့ သေဘာလား...။ ဒီအေျခအေနကို ငါ စိတ္ဆိုးလို႔ရလား...။ ဒါေပမယ့္ စိတ္ဆိုးရေအာင္ ငါမွ သူ႔ကို မခ်စ္တာ သူလည္း ငါ့ကို မခ်စ္တာကို ငါကပဲ စိတ္ဆိုးလို႔ ျဖစ္ပါ့မလား..။ သိပ္ျဖစ္တာေပါ့.. သူက ငါနဲ႔ ယူထားတာေလ ငါ့ကို မႀကိဳက္လို႔ ရမလား..။ အေတြးတို႔ လြန္ဆြဲၿပီးေနာက္ဆုံးမွာေတာ့ Jungkook ေခါင္းကို တစ္ခ်က္ ထတီးလိုက္မိသည္။ ထမင္းစားေနရင္း ႐ုတ္တရပ္ အ႐ိုက္ခံလိုက္ရတာေၾကာင့္ ေၾကာင္သြားသလို မ်က္လုံးဝိုင္းတို႔ ျပဴးက်ယ္၍ Jimin ကို ၾကည့္လာသည္။

"ကြၽန္ေတာ္ အမွားလုပ္မိလို႔လားဟင္"
"လုပ္မိတာေပါ့.. ငါ့ကို မင္းက လက္ထပ္ထားတာေလ ငါ့ကို မႀကိဳက္လို႔ ရမလား.. မႀကိဳက္ေတာ့ရင္ အစကတည္းက ေစာေစာစီးစီး ကြာရွင္းလိုက္ပါ့လား.. အလကား.. လူကို ဂ႐ုစိုက္ျပ ပေရာ္ပရီ စကားေတြ လာလာေျပာၿပီး.. အခုက် ငါက ဘာျဖစ္သြားၿပီလဲ"
"ဗ်ာ..?? ေမာင္ Hyung ကို မႀကိဳက္ေတာ့ဘူးလို႔ မေျပာမိပါဘူး Hyung ရယ္"

မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္နဲ႔ ျပာယာ ျပာယာ ရွင္းျပေနတဲ့ မ်က္လုံးဝိုင္းတို႔ေၾကာင့္ Jimin အနည္းငယ္ေတာ့ စိတ္ၿငိမ္သြားသည္။

"ဘယ္ကေန ဘယ္လို နားလည္မႈ လြဲသြားလဲ မသိေပမယ့္ ေမာင္ က Hyung ကို ခ်စ္ပါတယ္ဗ်"
"အခ်စ္ခံခ်င္လို႔ ေမးတာေတာ့ မဟုတ္ေပမယ့္.. ငါက အရင္ Jimin နဲ႔ မတူေတာ့ဘူး ဒါလည္း မင္းက ခ်စ္မွာမလို႔လား"
"ဒီတိုင္းေလးလည္း တမ်ိဳးခ်စ္ဖို႔ေကာင္းတာပဲေလ.. ဒီ အ႐ိုင္းတုံးေလးကို ေမာင္ ေတာင္ ခ်စ္မဝ ႐ူ႕မဝ ၾကည့္မဝ ျဖစ္ေနတာကို မႀကိဳက္ေတာ့စရာလား.. အရမ္းလည္း ႀကိဳက္ၿပီး အရမ္းလည္း ခ်စ္တယ္"

Jungkook အေျဖေၾကာင့္ စိတ္ထဲ ၾကည္ႏူးသြားေပမယ့္ ႀကိဳးစား အျပစ္တင္လိုက္ေသးသည္။ ၾကည့္ပါ့လား... လူတစ္ေယာက္ကို ဘယ္လို ရင္ခုန္ေအာင္ လုပ္ရမလဲ ဆိုတာ သူတအားတတ္တာ..။ ဒါမ်ိဳးက် ဘယ္က တတ္လာလဲ မသိဘူး..။

"မင္းအခု ငါ့ကို ႐ိုင္းတယ္လို႔ ေျပာလိုက္တာလား"
"မဟုတ္တာ ေမာင့္အ႐ိုင္းတုံးေလးလို႔ ခ်စ္စႏိုးနဲ႔ တင္စားလိုက္တာကို"

ၿပဳံး႐ႊင္ကာ ေျဖလိုက္တဲ့ ပုံစံေလးကအစ ေတာက္ပေနတဲ့ မ်က္လုံးဝိုင္းေလး အဆုံး စိတ္ဆိုးခ်င္စရာ တစ္ကြက္ေတာင္ မရွိ။ တင္းခံထားတဲ့ စိတ္သာ မရွိရင္ Park Jimin ဆိုတာ Jeon Jungkook အေပၚ အႀကိမ္ႀကိမ္ ၿပိဳလဲေနေလာက္ၿပီ..။

ညနက္ခ်ိန္ အိမ္ယာထဲ လဲေလ်ာင္းၿပီးမွ တေဖ်ာက္ေဖ်ာက္ က်ေနသည့္ မိုးသံေၾကာင့္ Jimin ဆက္ကနဲ ထထိုင္လိုက္သည္။

"ဟိုငတုံး ထပ္ အေအးပတ္ေနမွာ မဟုတ္ဘူးလား"

အခန္းတံခါေလး ဖြင့္ကာ ေခါင္းေလးျပဴထြက္ရင္း Jungkook အိပ္ေနသည့္ ဆိုဖာခုံေလးရွိရာအား Jimin ေခ်ာင္းၾကည့္လိုက္သည္။ ဘယ္အခ်ိန္ကတည္းက အခန္းဘက္ ေစာင့္ၾကည့္ေနမွန္း မသိေသာ မ်က္လုံးဝိုင္းႀကီးေတြနဲ႔ အၾကည့္ခ်င္းဆုံသြားတာမို႔ Jimin ဟန္မပ်က္ ထိန္းရင္း အခန္းထဲမွ ထြက္လာလိုက္သည္။

"ေအးလား"
"နည္းနည္း.. ေလတိုက္ရင္ေအးတယ္"
"အရမ္းေအးေနရင္ အခန္းထဲ လာအိပ္ခ်င္ အိပ္"

ေျပာၿပီး အခန္းတံခါး ေဆာင့္ပိတ္သြားတဲ့ ဆရာႀကီးေပါက္စေၾကာင့္ Jungkook မွာ အသည္းယားမဆုံး။ ေခါင္ရအုံးေလး ဖက္ၿပီး အခန္းေလးထဲ ေျပးလိုက္လာခဲ့သည္။

"Hyung ေခၚလို႔ လာတာေနာ္ ၿပီးမွ မ႐ိုက္နဲ႔"

အခန္းေလးထဲ ဂ႐ုမစိုက္သလို မ်က္စိမွိတ္လဲေလ်ာင္းေနရင္းမွ Jimin ခိုးရယ္လိုက္မိေသးသည္။ သူ႔ဗလႀကီးမွ အားမနာ မသိရင္ ကိုယ္က လူဆိုးႀကီး ၾကလို႔..။

"ဖက္လုံးကို ေက်ာ္မလာနဲ႔ေနာ္.. ေက်ာ္လာရင္.."
"ေက်ာ္လာတဲ့ အစိတ္အပိုင္း အကုန္ ျဖတ္ထုတ္မွာ မလား ေမာင္ သိပါတယ္ဗ်"

Jimin စကားမဆုံးခင္ ျဖတ္ေျပာလိုက္တဲ့ Jungkook စကားေၾကာင့္ Jimin တိုးတိုးေလး ရယ္လိုက္မိသည္။

"ေမာင့္ ေယာက္်ား ရယ္လိုက္တာလား"
"ဟင့္အင္း ငိုေနတာ"

အျမင္ကတ္ကတ္နဲ႔ ႐ြဲ႕ေျဖလိုက္သည္အား Jungkook က သေဘာက်သလို ေအာ္ရယ္ေလသည္။

"ဒါနဲ႔ လာမယ့္ ပိတ္ရက္ ေမာင္တို႔ ဘယ္လိုအခ်ိန္ျဖဳန္းၾကမလဲဟင္.. ေယာကၡမႀကီးတို႔ဆီပဲသြားမလား တစ္ေနရာရာ လည္မလား"
"စဥ္းစားလိုက္ဦးမယ္"

ႏွစ္ကိုယ္ၾကား ေခတၱ စကားျပတ္သြားၿပီး မိုးေပါက္သံမွ တပါး ပတ္ဝန္က်င္ တခြင္လုံး တိတ္ဆိတ္ကာ ေအးခ်မ္းေနေလစဥ္ အသံခ်ိဳခ်ိဳေလး က စကားစလာသည္။

"Hyung.. ေမာင့္ကို ခ်စ္တယ္မလားဟင္"
"ငါ အိပ္ေနၿပီ.. ငတုံးရဲ႕ အိပ္စရာရွိတာ အိပ္.. မဟုတ္တာေတြ လာေမးရင္ အခန္းအျပင္ ျပန္ပို႔မွာ"
"ေမာင့္တို႔ လက္ကိုင္ထားၾကမလား"

Jungkook စကားကို Jimin ဂ႐ုမစိုက္သလို မ်က္စိမွိတ္ထားေပမယ့္ ရယ္ခ်င္မိသည္။ မရယ္မိေအာင္ ထိန္းရင္း

"ငါ ဒီရက္ပိုင္း အရမ္းသေဘာေကာင္းေနမိလို႔ တအားေတြ အတြန႔္တက္ေနတာလား"

ေလသံမာမာနဲ႔ ေငါက္ေနေပမယ့္ ႏွစ္ေယာက္ၾကားထဲ စည္းခ်ထားသည့္ ဖက္လုံးေလးေပၚ မသိမသာနဲ႔ တက္လာတဲ့ လက္ေဖာင္းေဖာင္းေလးေၾကာင့္ Jungkook တစ္ေယာက္ ၾကည္ႏူးမဆုံး။ ထိုလက္ေဖာင္းေဖာင္းေလးကို ႏူးညံ့စြာ ဆုပ္ကိုင္လိုက္ရင္း Jungkook တိုးတိုးေလး ေျပာလိုက္သည္။

"ေမာင္က ခ်စ္လို႔ပါ"

အိပ္ခ်င္ေယာင္ေဆာင္ေနမွန္း သိသာေလာက္ေအာင္ ႐ုတ္တရပ္ တိတ္ဆိတ္သြားတဲ့ Jimin ေၾကာင့္ ဆုပ္ကိုင္ထားသည့္ လက္ဖမိုးေဖာင္းေဖာင္းေလးထက္ ႏူးႏူးညံ့ညံ့နဲ႔ ေႏြးေႏြးေထြးေထြး အနမ္းေလးတပြင့္ Jungkook ေႁခြခ်လိုက္ေလသည္။ Jimin မ်က္စိမွိတ္ထားေပမယ့္ အထိအေတြ႕ေၾကာင့္ ျဖန္းကနဲ ၾကက္သီးထမိသည္။ ဒီႏွာဗူး.. ငါအိပ္ေနတာဆိုၿပီး အသားယူေနတာလား... ထ ဆူလိုက္ရမလား.. အဲ့တာဆို ငါအိပ္ခ်င္ေယာင္ေဆာင္ေနတာ သိၿပီး သူလက္ကိုင္တာ ငါၾကည္ျဖဴသလို ျဖစ္သြားမွာလား.. ဒီတိုင္းပဲ ဆက္ၿငိမ္ေနလိုက္ရမလား...။ Jeon Jungkook ကေတာ့ ငါ့ကို ဘယ္ေလာက္ထိေတာင္ ႐ူးေစခ်င္တာလဲ..။

မ်က္စိမွိတ္ထားေပမယ့္ မ်က္ခြံခဏခဏ လႈပ္လိုက္ ႏႈတ္ခမ္းဖူးေလးေတြကို ခပ္တင္းတင္းေစ့ပိတ္လိုက္နဲ႔ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ဆရာႀကီး ေပါက္စကို ေမးေထာက္ေငးရင္း Jungkook ခိုးရယ္မိသည္။ ေမာင့္ေယာက္်ားလည္း ေျပာသေလာက္ မလည္ပါဘူး...။ ..........။

Jimin အိပ္ရာႏိူးတဲ့အခ်ိန္ ေဘးနားက ေနရာေလးကေတာ့ လစ္လပ္ေနေလသည္။ အိပ္ရာက ႏိူးတာနဲ႔ မီးဖိုေခ်ာင္ဆီ ဘာ Note ေလးမ်ား ခ်န္ခဲ့ဦးမလဲ ဆိုတဲ့ စိတ္နဲ႔ အရင္ေျပးသြားမိသည္။ ညကမိုးကလည္း တေဖ်ာက္ေဖ်ာက္နဲ႔ ခုထိ အရွိန္မေသေသးပါ။ မီးဖိုေခ်ာင္ထဲ ေလးေထာင့္ပုံစံ အုပ္ေစာင္းေလးရဲ႕ ေအာက္က ပန္ကိတ္နဲ႔ ႏြားႏို႔ခြက္ေလးထက္ Note စာတိုေလးကို အရင္ ဂ႐ုစိုက္မိသည္။

'ႏြားႏို႔ေလး ေအးသြားရင္ Microwave ထဲ သုံးမိနစ္ေလာက္ထည့္ၿပီး ေႏြးေသာက္ေနာ္.. အလုပ္သြားရင္လည္း ေႏြးေႏြးေထြးေထြး ဝတ္သြားဦး.. ညေနက်မွ ေစာေစာလာႀကိဳမယ္ ေမာင့္ေယာက္်ားကို ေန႔တိုင္း ေန႔တိုင္း အရမ္းခ်စ္တယ္'

စာတိုေလး ဖတ္ေနရင္း မ်က္ႏွာထက္မွာ အၿပဳံးလွလွေလး ခ်ိတ္ဆြဲေနမိမွန္း စာဖတ္ေနတဲ့ ေကာင္ေလး သိရဲ႕လား..။
ေရအရင္ခ်ိဳးၿပီး အဝတ္မလဲခင္ ႏြားႏို႔ေလးအား စာဖိုးမႉးေလး မွာၾကားခဲ့တဲ့အတိုင္း Microwave ထဲ ထည့္ကာ သုံးမိနစ္ Timer ေပး၍ ေႏြးထားလိုက္သည္။ ၿပီးမွ အဝတ္ဗီ႐ိုေလး ဖြင့္ကာ ေႏြးေႏြးေထြးေထြး ဝတ္စရာ ရွာေနလိုက္သည္။

"ကမာၻေပၚမွာ အဝတ္အစား အနည္းဆုံးဆု ေပးရင္ ငါရမလား မသိဘူး.. ေႏြးေႏြးေထြးေထြး ဝတ္စရာ ဘာမွလည္း မရွိဘူး.. Jeon Jungkook ကို နည္းနည္းေလာက္ ပူဆာၾကည့္ရမလား"

ဗီ႐ိုေလးရဲ႕ တျခမ္းစာ အဝတ္အစားထဲမွ ေႏြးေႏြးေထြးေထြး ဝတ္ရန္ အဆင္ေျပတာ မေတြ႕ေတာ့သည္မို႔ မ်က္လုံးက Jungkook အျခမ္းဘက္ပါ ရွာေနမိသည္။ ခပ္မွိန္းမွိန္း Suit အနည္းငယ္နဲ႔ အနက္ေရာင္ တီရွပ္ေတြၾကား ထင္းထြက္ေနသည့္ ဗီ႐ိုေအာက္ဆုံးနားက အျဖဴေရာင္ Hoodie ေလးက Jimin အာ႐ုံကို ဖမ္းစားလိုက္ႏိုင္သည္။

"ဒီအျဖဴေလးက ေတာက္လိုက္တာ.. မသိရင္ branded ၾကလို႔.. ငါ ဝတ္ၾကည့္ရမလား"

ဆြဲထုတ္ၿပီးမွ ရင္ဘတ္က တံဆိပ္ေၾကာင့္ တကယ္ branded ျဖစ္ေနမွန္း သိခဲ့ရသည္။

"ဒါက Polo Ralph Lauren... မလား.. အတုလား"

အက်ႌတစ္ထည္လုံးအား ဟိုနားစစ္ေဆး ဒီနားစစ္ေဆးနဲ႔ အခန္းေလးထဲ Jimin တစ္ေယာက္တည္း အလုပ္ရႈပ္ေနေလသည္။ ေတာက္ပေနသည့္ ကာလာနဲ႔ ဂုတ္ပိုးနားက တံဆိပ္ေၾကာင့္ အတုေတာ့ မျဖစ္ႏိုင္ဖို႔ မ်ားသည္။

"ေနပါဦး.. Polo Hoodie က Euro နဲ႔ေတာင္ 165 euro ေလာက္ကို ကိုရီးယား ဝမ္နဲ႔ဆို ႏွစ္သိန္းေက်ာ္ေတာ့ အနည္းဆုံး ရွိမယ္မလား.. ဟိုတစ္ခါ ငါ့ကို အက်ႌဝယ္ဖို႔ ပိုက္ဆံေပးတုန္းကေတာင္ ႏွစ္သိန္းပဲ ေပးတဲ့ေကာင္က သူက် ႏွစ္သိန္းေက်ာ္တန္ အက်ႌကို ဥ ထားတယ္တဲ့လား.. မေက်နပ္ဘူး.. ငါဝတ္ျပမယ္"

ကိုယ္ေပၚဝတ္ဆင္လိုက္ေတာ့ Jimin နဲ႔ နည္းနည္း မ်ားမ်ားေတာ့ ပြေနေပမယ့္ Brand မဝတ္ရတာ ၾကာၿပီမို႔ စိတ္ထဲေတာ့ ေက်နပ္ေနမိသည္။ မွန္တင္ခုံေလးေရွ႕ ေက်ာေပးလိုက္ ပခုံးေပးလိုက္ ၿပဳံးလိုက္နဲ႔ ကိုယ့္ကိုယ္ကို ၾကည့္ကာ သေဘာက်ေနမိသည္။

"အခုမွပဲ အေရာင္မွိန္ေနခဲ့တဲ့ Park Jimin ဘဝထဲ ေတာက္ေတာက္ပပ Branded ေလး တစ္ထည္ ဝင္လာေတာ့တယ္"

ခါးနားက အိပ္ေထာင္ေလးထဲ စတိုလ္က်က် လက္ထည့္လိုက္ေတာ့ တစ္ခုခုကို ခံစားလိုက္ရသည္။ ဘာႀကီးလဲ ဆိုတဲ့ အေတြးနဲ႔ ဆြဲထုတ္လိုက္ေတာ့ အနက္ေရာင္ Luxury Credit Card ေၾကာင့္ Jimin မ်က္လုံးတို႔ ျပဴးက်ယ္သြားသည္။ ပိုအံ့ဩရသည္မွာ ထို Black Card ေပၚ၌ ေဖာင္းႂကြစာလုံးျဖင့္ ထြင္းထားသည့္ Jeon Jungkook ဆိုသည့္ အမည္ေလးေၾကာင့္ပင္...။ ဒါက.... ဘာလဲ....။ ..........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စာလုံးေပါင္း အမွားပါရင္ ခြင့္လႊတ္ပါရွင္ 💕

Continue Reading

You'll Also Like

98.1K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
341K 34.7K 63
Gangster တယောက်ရဲ့နားခိုရာနိဗ္ဗာန်ဘုံလေး
347K 30.5K 28
အချစ်ဆိုတဲ့အရာက အရာရာတိုင်းကိုလှပအောင် ပုံဖော်ပေးသည်။ အခ်စ္ဆိုတဲ့အရာက အရာရာတိုင္းကိုလွပေအာင္ ပုံေဖာ္ေပးသည္။
391K 30.7K 40
jikook (yaoi) park jimin x jeon jung kook Start - 30/ November/2017 End - 12/ June /2020 Cover by myanmar novel