𝗛𝘁𝗮𝗻 [ ထန် ]

Galing kay ShweYaminEain0805

2.8K 51 6

ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး လူသားကို ပြပါဆို ကျုပ်ပဲ ဖြစ်လိမ့်မယ်ထင်တယ် !!! Higit pa

Intro
1

2

559 18 4
Galing kay ShweYaminEain0805

Unicode

ဖိနပ်ချွတ်ပြီးသည်နှင့် ဒေါ်သဒ္ဒါထက်ဆီသို့ အပြေးသွားပြီး ရင်ခွင်ထဲထည့်ကာပွေ့ဖက်လိုက်သည်။ မျက်ရည်လည်ရွဲ ဖြစ်နေသည့် ဒေါ်ကဗျာမိုး အတော်စိတ်ထိခိုက်နေဟန်။

"သဒ္ဒါ... မိုး လာပြီလေ သဒ္ဒါရဲ့ ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီး အခုလို..အဟင့်"

ဒေါ်သဒ္ဒါထက်ကိုကြည့်ရင်းပင် မျက်ရည်များအလိုအလျှောက်ကျလာသည်။ဒီတစ်ခါတော့ မျက်ဝန်းအိမ်ကို တားလို့ရမည့်ပုံမပေါ်။

" မိုး.... မိုး"

"အင်း...ပြောလေ သဒ္ဒါ မိုးရှိတယ် ! သဒ္ဒါ့ဘေးမှာမိုးရှိတယ်"

'နေ...နေကောင်းရဲ့လား"

အသက်တောင်မနည်းလုရှူနေရသည့် အိပ်ရာထဲမှ ရောဂါသည်က မေးလိုက်တဲ့မေးခွန်းက နေကောင်းရဲ့လားတဲ့။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို နေကောင်းကျန်းမာတာဘဲ မြင်ချင်ကြတာမဟုတ်လား။

"သဒ္ဒါရယ်.... မိုးကကောင်းတာပေါ့ သဒ္ဒါ့ကိုသာ မိုးကမေးရမှာလေ "

တုန်ရီနေသော စကားသံနှင့် တစ်ချက်တစ်ချက်ရှိုက်ပင့်တက်လာသည့်အသံတို့က ဒေါ်ကဗျာမိုး ဘယ်အတိုင်းအတာထိ ဝမ်းနည်းနေတယ်ဆိုတာ ပေါ်လွင်လွန်းသည်။

"မိုး... မိုးကို... မိုးကို အကူအညီ တစ်ခုလောက်... တောင်းပါရစေ"

"ပြော.. သဒ္ဒါ.. သဒ္ဒါဘာလိုအပ်လဲ မိုးအကုန်ကူညီမယ်.. နော် သဒ္ဒါ"

"သားလေး...သားလေးကို သဒ္ဒါ့အစား... စောင့်..စောင့်ရှောက်"

ဒေါ်ကဗျာမိုး၏ လက်ကိုဆုပ်ကိုင်ထားသော လက်တစ်စုံမှာ တဖြေးဖြေး လျော့ရဲလာကာ အောက်ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲမြည်အောင်ကျသွားတော့သည်။

"မေမေ....မေမေ ထလေ.. မေမေ အီးဟီး...သားကို ထားမသွားပါနဲ့ မေမေရယ်...ထပါ... အီးးး"

"သဒ္ဒါ.. သဒ္ဒါ!! ထပါအုံး... ထပါအုံးလို့"

ခေါ်နေသမျှ အသံအားလုံး နှင့် လောက ကြီးကိုပါမကျန် ဒေါ်သဒ္ဒါထက် မျက်ကွယ်ပြုသွားလေပြီ။
နောက်ဆုံးအချိန်လေးမှာ ချစ်ရသူကို မြင်တွေ့ခဲ့ရတော့ သေချာပေါက် အသေဖြောင့်လောက်မှာပါ။

^^^^^^^^^^

လွန်ခဲ့သော ၁၃ နှစ်တာကာလ....။

"ချစ်ခြင်း တစ်ခုကို အစပြုဖို့ လူသား ၂ ဦးဖြစ်ဖို့ပဲလိုတယ်။ ဒီလူဟာ ယောကျ်ားသားဖြစ်ရမယ် ၊ မိန်းမသားဖြစ်ရမယ်လို့ ဘယ်သူကများ ပညတ်ထားလို့လဲ"

သဒ္ဒါထက် က ကဗျာမိုးအား တယုတယ ပွေ့ဖက်လို့ ပြောလိုက်တယ်။

"ပတ်ဝန်းကျင်ကလည်း ရှိသေးတယ်မဟုတ်လား"

"အို... ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ဝန်းကျင်က ဘောက်မဲ့ကြောင့် ဂရုစိုက်ရမတုံး မိုးရယ်"

"ကဲ့ရဲ့ စကားနာထိုးကြမှာကို မိုး မလိုလားဘူး သဒ္ဒါ"

"ပတ်ဝန်းကျင်ဆိုတာ... ကဲ့ရဲ့ ၇ ရက် ချီးမွမ်း ၇ ရက်ပါ မိုး။ သူတို့ဆီ အာရုံအများကြီး ထားစရာမလိုဘူး..။ ကယ်!!! ရှည်ရှည် ဝေးဝေးတွေ မပြောချင်ဘူး မိုး...။ သဒ္ဒါ မိုးကို သိပ်ချစ်တယ်... ဒီတော့ သဒ္ဒါဆီက အဖြေကိုပြောပါ"

"မိုး... မိုးလည်း သဒ္ဒါ့ကို ချစ်ပါတယ်"

"အခုလို တိကျတဲ့ အဖြေမျိုး ရှိနှင့်ပြီးပြီပဲ။ အခြား ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့မိုး ။ သဒ္ဒါ့ကိုသာ ယုံကြည်ပေးပါ... သဒ္ဒါက မိုးရှေ့ကနေ အစစအရာရာ ရင်ဆိုင်ပြီး ဖြေရှင်းပေးမှာမို့"

"အင်း"

ဝင်းလက်သော အပြုံးလှလှတစ်ခုကို ပန်ဆင်ကာ ဦးခေါင်းလေးကို သဒ္ဒါထက် ပခုံးထက် ညွတ်ကျလိုက်သည်။

သဒ္ဒါထက် ဒီအမျိုးသမီးလေးကို မြတ်နိုးလိုက်တာ။ အတိုင်းအဆမဲ့သည်အထိ မြတ်နိုးလွန်းတယ်။ ကဗျာမိုးကလည်း သူ့ထက်မပိုလျှင်တောင် လျော့မည်မဟုတ်။

ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအဝိုင်းကို အံတုကာ ဒီနှောင်ကြိုးလေးကို ခက်ခက်ခဲခဲ ချည်နှောင်ခဲ့တာ ၁ နှစ်ပြည့်လုနီးပါးရှိပြီ။ မကြာပါဘူး... အမျိုးသမီးလေး ၂ ဦးကြား ကံတရားက မုန်တိုင်းဆန်ပါတော့သည်။

အမျိုးသမီး ၂ ဦး ချစ်ကြိုက်တာ သဘာဝတရားကို ဆန့်ကျင်တာ ၊ ဘုရားဟော တရားတွေကို လွန်ဆန်တာဆိုတဲ့ ပုဒ်မတွေနှင့် ကဗျာမိုး၏မိဘများမှ ၂ ဦးသားကို ခွဲပစ်လိုက်ကြသည်။ ဒါတင်မကသေးဘဲ သဒ္ဒါထက်အား တိတ်တခိုးသဘောကျနေသူ ခက်ထန် ဆိုသော အမျိုးသားနှင့် အကြောင်းမပါပါအောင် အကွက်ကျကျလည်း စီစဥ်ခဲ့ကြသေးသည်။

ဒေါ်ကဗျာမိုး အား ဦးပိုင်မင်းခန့်နှင့် လက်ဆက်စေပြီး နိုင်ငံရပ်ခြားတွင် ခေတ္တအခြေချ နေထိုင်ခိုင်းလိုက်သည်။ ဒေါ်သဒ္ဒါထက်မှာတော့ ဒုက္ခပင်လယ်ထဲ တစ်ဦးတည်း လက်ပစ်ကူးခဲ့ရတာပေါ့။ ဦးခက်ထန်က ယူပြီးတုံးခဏသာကြင်နာပြီး နောက်ပိုင်းကျ အရက်သမားလုံးလုံးဖြစ်ကာ မိန်းမဖြစ်သူကို ရိုက်နှက် နှိပ်စက်တော့သည်။ ဦးခက်ထန်လက်ချက်ကြောင့် ကိုယ်ဝန်ပျက်ကျတာ ၂ကြိမ်။

တစ်ဖန် ကံပြန်ကောင်းလာတယ်ပြောရမလား။ ထန်မင်းထွဋ်ခေါင်လေး လူ့လောကထဲကို ရောက်တဲ့အခါမှာတော့ ဦးခက်ထန်ဟာ အရက်လည်းဖြတ်လိုက်သလို အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ပြီး မိသားစုကို ထောက်ပံ့ခဲ့တယ်။  သို့သော် ကံတရားဟာ ဒေါ်သဒ္ဒါထက်ဘက်မှာ ကြာကြာမရပ်တည်ပေးခဲ့ပါဘူး။ သားလေး ၄နှစ်သားအရွယ်မှာ ဦးခက်ထန်က အလုပ်လုပ်မည်ဆိုပြီးထွက်သွားကာ ယနေ့ထိ ပြန်ပေါ်မလာတော့ပေ။ ဒေါ်သဒ္ဒါထက်လည်း ထိုအချိန်မှစပြီး ရောဂါဝေဒနါ စတာပါပဲ။

^^^^^^^^^^

အခု ၈ နှစ်အထိတိုင်အောင် သားဖြစ်သူကို တစ်ယောက်တည်းအားနဲ့ ရုန်းကန်ရှာကျွေးခဲ့ပါသေးသည်။ ဒီနေ့မှာတော့ သားကို ဒေါ်ကဗျာမိုးဆီ အပ်နှံကာ စိတ်ချလက်ချထွက်သွားခဲ့ပြီ။

ဒေါ်ကဗျာမိုး ဖုန်းဆက်ခေါ်သည့်အတွက် ဦးပိုင်မင်းခန့် အလုပ်ကို နေ့တစ်ပိုင်းခွင့်ယူပြီး အိမ်သို့ချက်ချင်းပြန်လာလိုက်သည်။

အကျိုးအကြောင်း အလုံးစုံပြောပြတဲ့အခါ ဦးပိုင်မင်းခန့် က ထန်မင်းထွဋ်ခေါင်လေးကို မွေးစားဖို့ လက်မခံချင်။

"မိုး ဘဝမှာ ဘယ်အရာကိုမှ လိုလိုချင်ချင် မတောင်းဆိုခဲ့ဘူး ကိုယ်.. အခုတော့ ဒါကိုတောင်းဆိုရလိမ့်မယ်"

"ဟုတ်ပြီ ဟုတ်ပြီ.. မိုးသဘောပါ ။ ကိုယ်က မွေးစားဖို့ ကိစ္စကို ခါးခါးသီးသီးကြီးငြင်းနေတာမဟုတ်ပါဘူး"

"ပြီးတော့ သားလေးလည်း အဖော်ရတာပေါ့ ကိုယ်ရယ်နော်.."

ဒေါ်ကဗျာမိုးရဲ့ အပြုံးလှလှတစ်ခုက ဦးပိုင်မင်းခန့်အတွက် အရှိုက်ပဲ။

"ဒါနဲ့ ကလေးအဖေကရော မိုး"

"ကိုယ်..."

ဒေါ်ကဗျာမိုး ခေါင်းခါရင်း ထန့်ကို မျက်စပစ်ပြလိုက်သည်။ ကလေးရှေ့မှာ မမေးနှင့်ဟူသော သဘောဖြင့်။

"အာ...ဒါဖြင့် ကိုယ်ရေသွားချိုးပြီး နားအုံးမယ်နော် ။ ခဏနေ သားကိုလည်း သွားကြိုရအုံးမှာမို့"

"ဟုတ် ကိုယ်"

"သားလည်း ကိုယ့်အိမ်လို သဘောထားနေလို့ရပြီနော် ကြားလား"

ဦးပိုင်မင်းခန့် ထန့်၏ ခေါင်းကို လက်ဖြင့်ပုတ်ကာ ပြောတော့ ခေါင်းတစ်ချင် ငြှိမ့်ပြပြီးသာ တုံ့ပြန်လိုက်သည်။

"သား...  အခုက စပြီး ဒီအိမ်က သားအိမ်ပဲ နော်"

"အန်တီ... မေမေ မေမေကရောဟင်"

"အခုချိန်က စပြီး အန်တီက သားမေမေပဲ ဟုတ်ပြီလား အန်တီ့ကို မေမေလို့ခေါ်ရမယ်နော်"

"ဟုတ် "

"စောစောက ဦးဦးကိုလည်း သားက ဖေဖေလို့ခေါ်ရမယ်။ ထန်လေးကို အပြီးမွေးစားလိုက်ပြီ ဒါကြောင့် ထန်က မေမေ့တို့ရဲ့သားလေးဖြစ်သွားပြီ"

ထန်လေးကတော့ ဒေါ်ကဗျာမိုးပြောသမျှကို ခေါင်းတငြိမ့်ငြိမ့် ဖြင့်သာ နားထောင်နေတော့သည်။

"ပြီးတော့ သားမှာ ကိုကိုလည်း ရှိသေးတယ်။ ခဏနေရင် ကိုကို ကျောင်းကပြန်လာတော့မှာ "

ထန်က အသက်သာ ၈ နှစ်ပေမယ့် အရွယ်နှင့်မလိုက်အောင် စိတ်ဒဏ်ရာတွေရခဲ့တာကြောင့် အတော်ရင့်ကျက်နေပြီလို့ ပြောရမည်။

အစားအသောက် မမှန်တာကြောင့်ထင်တယ်။ လူက ပိန်လှီနေပြီး အသားအရေလေးတွေက မွဲခြောက်နေသည်။ သို့သော် မီးခိုးရောင် မျက်ဝန်း တောက်တောက်တွေကတော့ ဟန်မပျက်။

シ︎シ︎シ︎シ︎シ︎

                                              Zara

Zawgyi

ဖိနပ္ခြၽတ္ၿပီးသည္ႏွင့္ ေဒၚသဒၵါထက္ဆီသို႔ အေျပးသြားၿပီး ရင္ခြင္ထဲထည့္ကာေပြ႕ဖက္လိုက္သည္။ မ်က္ရည္လည္႐ြဲ ျဖစ္ေနသည့္ ေဒၚကဗ်ာမိုး အေတာ္စိတ္ထိခိုက္ေနဟန္။

"သဒၵါ... မိုး လာၿပီေလ သဒၵါရဲ႕ ဘယ္လိုျဖစ္ၿပီး ဘယ္လိုျဖစ္ၿပီး အခုလို..အဟင့္"

ေဒၚသဒၵါထက္ကိုၾကည့္ရင္းပင္ မ်က္ရည္မ်ားအလိုအေလွ်ာက္က်လာသည္။ဒီတစ္ခါေတာ့ မ်က္ဝန္းအိမ္ကို တားလို႔ရမည့္ပုံမေပၚ။

" မိုး.... မိုး"

"အင္း...ေျပာေလ သဒၵါ မိုးရွိတယ္ ! သဒၵါ့ေဘးမွာမိုးရွိတယ္"

'ေန...ေနေကာင္းရဲ႕လား"

အသက္ေတာင္မနည္းလုရႉေနရသည့္ အိပ္ရာထဲမွ ေရာဂါသည္က ေမးလိုက္တဲ့ေမးခြန္းက ေနေကာင္းရဲ႕လားတဲ့။ ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူကို ေနေကာင္းက်န္းမာတာဘဲ ျမင္ခ်င္ၾကတာမဟုတ္လား။

"သဒၵါရယ္.... မိုးကေကာင္းတာေပါ့ သဒၵါ့ကိုသာ မိုးကေမးရမွာေလ "

တုန္ရီေနေသာ စကားသံႏွင့္ တစ္ခ်က္တစ္ခ်က္ရွိုက္ပင့္တက္လာသည့္အသံတို႔က ေဒၚကဗ်ာမိုး ဘယ္အတိုင္းအတာထိ ဝမ္းနည္းေနတယ္ဆိုတာ ေပၚလြင္လြန္းသည္။

"မိုး... မိုးကို... မိုးကို အကူအညီ တစ္ခုေလာက္... ေတာင္းပါရေစ"

"ေျပာ.. သဒၵါ.. သဒၵါဘာလိုအပ္လဲ မိုးအကုန္ကူညီမယ္.. ေနာ္ သဒၵါ"

"သားေလး...သားေလးကို သဒၵါ့အစား... ေစာင့္..ေစာင့္ေရွာက္"

ေဒၚကဗ်ာမိုး၏ လက္ကိုဆုပ္ကိုင္ထားေသာ လက္တစ္စုံမွာ တေျဖးေျဖး ေလ်ာ့ရဲလာကာ ေအာက္ၾကမ္းျပင္ေပၚသို႔ ဘုန္းခနဲျမည္ေအာင္က်သြားေတာ့သည္။

"ေမေမ....ေမေမ ထေလ.. ေမေမ အီးဟီး...သားကို ထားမသြားပါနဲ႕ ေမေမရယ္...ထပါ... အီးးး"

"သဒၵါ.. သဒၵါ!! ထပါအုံး... ထပါအုံးလို႔"

ေခၚေနသမွ် အသံအားလုံး ႏွင့္ ေလာက ႀကီးကိုပါမက်န္ ေဒၚသဒၵါထက္ မ်က္ကြယ္ျပဳသြားေလၿပီ။
ေနာက္ဆုံးအခ်ိန္ေလးမွာ ခ်စ္ရသူကို ျမင္ေတြ႕ခဲ့ရေတာ့ ေသခ်ာေပါက္ အေသေျဖာင့္ေလာက္မွာပါ။

^^^^^^^^^^

လြန္ခဲ့ေသာ ၁၃ ႏွစ္တာကာလ....။

"ခ်စ္ျခင္း တစ္ခုကို အစျပဳဖို႔ လူသား ၂ ဦးျဖစ္ဖို႔ပဲလိုတယ္။ ဒီလူဟာ ေယာက်္ားသားျဖစ္ရမယ္ ၊ မိန္းမသားျဖစ္ရမယ္လို႔ ဘယ္သူကမ်ား ပညတ္ထားလို႔လဲ"

သဒၵါထက္ က ကဗ်ာမိုးအား တယုတယ ေပြ႕ဖက္လို႔ ေျပာလိုက္တယ္။

"ပတ္ဝန္းက်င္ကလည္း ရွိေသးတယ္မဟုတ္လား"

"အို... ကိုယ့္ထမင္းကိုယ္စားၿပီး ပတ္ဝန္းက်င္က ေဘာက္မဲ့ေၾကာင့္ ဂ႐ုစိုက္ရမတုံး မိုးရယ္"

"ကဲ့ရဲ႕ စကားနာထိုးၾကမွာကို မိုး မလိုလားဘူး သဒၵါ"

"ပတ္ဝန္းက်င္ဆိုတာ... ကဲ့ရဲ႕ ၇ ရက္ ခ်ီးမြမ္း ၇ ရက္ပါ မိုး။ သူတို႔ဆီ အာ႐ုံအမ်ားႀကီး ထားစရာမလိုဘူး..။ ကယ္!!! ရွည္ရွည္ ေဝးေဝးေတြ မေျပာခ်င္ဘူး မိုး...။ သဒၵါ မိုးကို သိပ္ခ်စ္တယ္... ဒီေတာ့ သဒၵါဆီက အေျဖကိုေျပာပါ"

"မိုး... မိုးလည္း သဒၵါ့ကို ခ်စ္ပါတယ္"

"အခုလို တိက်တဲ့ အေျဖမ်ိဳး ရွိႏွင့္ၿပီးၿပီပဲ။ အျခား ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ပါနဲ႕မိုး ။ သဒၵါ့ကိုသာ ယုံၾကည္ေပးပါ... သဒၵါက မိုးေရွ႕ကေန အစစအရာရာ ရင္ဆိုင္ၿပီး ေျဖရွင္းေပးမွာမို႔"

"အင္း"

ဝင္းလက္ေသာ အၿပဳံးလွလွတစ္ခုကို ပန္ဆင္ကာ ဦးေခါင္းေလးကို သဒၵါထက္ ပခုံးထက္ ၫြတ္က်လိဳက္သည္။

သဒၵါထက္ ဒီအမ်ိဳးသမီးေလးကို ျမတ္နိုးလိုက္တာ။ အတိုင္းအဆမဲ့သည္အထိ ျမတ္နိုးလြန္းတယ္။ ကဗ်ာမိုးကလည္း သူ႕ထက္မပိုလွ်င္ေတာင္ ေလ်ာ့မည္မဟုတ္။

ပတ္ဝန္းက်င္ ေဆြမ်ိဳးအသိုင္းအဝိုင္းကို အံတုကာ ဒီႏွောင္ႀကိဳးေလးကို ခက္ခက္ခဲခဲ ခ်ည္ႏွောင္ခဲ့တာ ၁ ႏွစ္ျပည့္လုနီးပါးရွိၿပီ။ မၾကာပါဘူး... အမ်ိဳးသမီးေလး ၂ ဦးၾကား ကံတရားက မုန္တိုင္းဆန္ပါေတာ့သည္။

အမ်ိဳးသမီး ၂ ဦး ခ်စ္ႀကိဳက္တာ သဘာဝတရားကို ဆန့္က်င္တာ ၊ ဘုရားေဟာ တရားေတြကို လြန္ဆန္တာဆိုတဲ့ ပုဒ္မေတြႏွင့္ ကဗ်ာမိုး၏မိဘမ်ားမွ ၂ ဦးသားကို ခြဲပစ္လိုက္ၾကသည္။ ဒါတင္မကေသးဘဲ သဒၵါထက္အား တိတ္တခိုးသေဘာက်ေနသူ ခက္ထန္ ဆိုေသာ အမ်ိဳးသားႏွင့္ အေၾကာင္းမပါပါေအာင္ အကြက္က်က်လည္း စီစဥ္ခဲ့ၾကေသးသည္။

ေဒၚကဗ်ာမိုး အား ဦးပိုင္မင္းခန့္ႏွင့္ လက္ဆက္ေစၿပီး နိုင္ငံရပ္ျခားတြင္ ေခတၱအေျခခ် ေနထိုင္ခိုင္းလိုက္သည္။ ေဒၚသဒၵါထက္မွာေတာ့ ဒုကၡပင္လယ္ထဲ တစ္ဦးတည္း လက္ပစ္ကူးခဲ့ရတာေပါ့။ ဦးခက္ထန္က ယူၿပီးတုံးခဏသာၾကင္နာၿပီး ေနာက္ပိုင္းက် အရက္သမားလုံးလုံးျဖစ္ကာ မိန္းမျဖစ္သူကို ရိုက္ႏွက္ ႏွိပ္စက္ေတာ့သည္။ ဦးခက္ထန္လက္ခ်က္ေၾကာင့္ ကိုယ္ဝန္ပ်က္က်တာ ၂ႀကိမ္။

တစ္ဖန္ ကံျပန္ေကာင္းလာတယ္ေျပာရမလား။ ထန္မင္းထြဋ္ေခါင္ေလး လူ႕ေလာကထဲကို ေရာက္တဲ့အခါမွာေတာ့ ဦးခက္ထန္ဟာ အရက္လည္းျဖတ္လိုက္သလို အလုပ္ကိုလည္း ႀကိဳးစားလုပ္ကိုင္ၿပီး မိသားစုကို ေထာက္ပံ့ခဲ့တယ္။  သို႔ေသာ္ ကံတရားဟာ ေဒၚသဒၵါထက္ဘက္မွာ ၾကာၾကာမရပ္တည္ေပးခဲ့ပါဘူး။ သားေလး ၄ႏွစ္သားအ႐ြယ္မွာ ဦးခက္ထန္က အလုပ္လုပ္မည္ဆိုၿပီးထြက္သြားကာ ယေန႕ထိ ျပန္ေပၚမလာေတာ့ေပ။ ေဒၚသဒၵါထက္လည္း ထိုအခ်ိန္မွစၿပီး ေရာဂါေဝဒနါ စတာပါပဲ။

^^^^^^^^^^

အခု ၈ ႏွစ္အထိတိုင္ေအာင္ သားျဖစ္သူကို တစ္ေယာက္တည္းအားနဲ႕ ႐ုန္းကန္ရွာေကြၽးခဲ့ပါေသးသည္။ ဒီေန႕မွာေတာ့ သားကို ေဒၚကဗ်ာမိုးဆီ အပ္ႏွံကာ စိတ္ခ်လက္ခ်ထြက္သြားခဲ့ၿပီ။

ေဒၚကဗ်ာမိုး ဖုန္းဆက္ေခၚသည့္အတြက္ ဦးပိုင္မင္းခန့္ အလုပ္ကို ေန႕တစ္ပိုင္းခြင့္ယူၿပီး အိမ္သို႔ခ်က္ခ်င္းျပန္လာလိုက္သည္။

အက်ိဳးအေၾကာင္း အလုံးစုံေျပာျပတဲ့အခါ ဦးပိုင္မင္းခန့္ က ထန္မင္းထြဋ္ေခါင္ေလးကို ေမြးစားဖို႔ လက္မခံခ်င္။

"မိုး ဘဝမွာ ဘယ္အရာကိုမွ လိုလိုခ်င္ခ်င္ မေတာင္းဆိုခဲ့ဘူး ကိုယ္.. အခုေတာ့ ဒါကိုေတာင္းဆိုရလိမ့္မယ္"

"ဟုတ္ၿပီ ဟုတ္ၿပီ.. မိုးသေဘာပါ ။ ကိုယ္က ေမြးစားဖို႔ ကိစၥကို ခါးခါးသီးသီးႀကီးျငင္းေနတာမဟုတ္ပါဘူး"

"ၿပီးေတာ့ သားေလးလည္း အေဖာ္ရတာေပါ့ ကိုယ္ရယ္ေနာ္.."

ေဒၚကဗ်ာမိုးရဲ႕ အၿပဳံးလွလွတစ္ခုက ဦးပိုင္မင္းခန့္အတြက္ အရွိုက္ပဲ။

"ဒါနဲ႕ ကေလးအေဖကေရာ မိုး"

"ကိုယ္..."

ေဒၚကဗ်ာမိုး ေခါင္းခါရင္း ထန့္ကို မ်က္စပစ္ျပလိုက္သည္။ ကေလးေရွ႕မွာ မေမးႏွင့္ဟူေသာ သေဘာျဖင့္။

"အာ...ဒါျဖင့္ ကိုယ္ေရသြားခ်ိဳးၿပီး နားအုံးမယ္ေနာ္ ။ ခဏေန သားကိုလည္း သြားႀကိဳရအုံးမွာမို႔"

"ဟုတ္ ကိုယ္"

"သားလည္း ကိုယ့္အိမ္လို သေဘာထားေနလို႔ရၿပီေနာ္ ၾကားလား"

ဦးပိုင္မင္းခန့္ ထန့္၏ ေခါင္းကို လက္ျဖင့္ပုတ္ကာ ေျပာေတာ့ ေခါင္းတစ္ခ်င္ ျငႇိမ့္ျပၿပီးသာ တုံ႕ျပန္လိုက္သည္။

"သား...  အခုက စၿပီး ဒီအိမ္က သားအိမ္ပဲ ေနာ္"

"အန္တီ... ေမေမ ေမေမကေရာဟင္"

"အခုခ်ိန္က စၿပီး အန္တီက သားေမေမပဲ ဟုတ္ၿပီလား အန္တီ့ကို ေမေမလို႔ေခၚရမယ္ေနာ္"

"ဟုတ္ "

"ေစာေစာက ဦးဦးကိုလည္း သားက ေဖေဖလို႔ေခၚရမယ္။ ထန္ေလးကို အၿပီးေမြးစားလိုက္ၿပီ ဒါေၾကာင့္ ထန္က ေမေမ့တို႔ရဲ႕သားေလးျဖစ္သြားၿပီ"

ထန္ေလးကေတာ့ ေဒၚကဗ်ာမိုးေျပာသမွ်ကို ေခါင္းတၿငိမ့္ၿငိမ့္ ျဖင့္သာ နားေထာင္ေနေတာ့သည္။

"ၿပီးေတာ့ သားမွာ ကိုကိုလည္း ရွိေသးတယ္။ ခဏေနရင္ ကိုကို ေက်ာင္းကျပန္လာေတာ့မွာ "

ထန္က အသက္သာ ၈ ႏွစ္ေပမယ့္ အ႐ြယ္ႏွင့္မလိုက္ေအာင္ စိတ္ဒဏ္ရာေတြရခဲ့တာေၾကာင့္ အေတာ္ရင့္က်က္ေနၿပီလို႔ ေျပာရမည္။

အစားအေသာက္ မမွန္တာေၾကာင့္ထင္တယ္။ လူက ပိန္လွီေနၿပီး အသားအေရေလးေတြက မြဲေျခာက္ေနသည္။ သို႔ေသာ္ မီးခိုးေရာင္ မ်က္ဝန္း ေတာက္ေတာက္ေတြကေတာ့ ဟန္မပ်က္။

シ︎シ︎シ︎シ︎シ︎

                                              Zara

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

127K 11.3K 39
Jeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠
599K 39.5K 79
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
683K 51K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
33.8K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...