" ကျွန်တော်ကျောင်းသွားတော့မယ်နော် ကြီးကြီး "
လွန်းက ထမင်းစားပွဲပေါ်မှ ပေါင်မုန့်မီးကင်တစ်ချပ်ကို ခပ်မြန်မြန်ပါးစပ်ထဲထိုးထည့်ကာ အိမ်ပြင်ပြေးထွက်ဖို့ကြံရွယ်လိုက်၏။ယနေ့မနက်အိပ်ယာထတာ အနည်းငယ်နောက်ကျသွားတာမို့ ယခုနေလမ်းထိပ်မှ Busကားလွတ်သွားတာနဲ့ ကျောင်းနောက်ကျတော့မှာဖြစ်သည်။
" လွန်းတာနေဆန်း "
အမိန့်ဆန်သည့်ခေါ်သံကြောင့် လွန်းကနေရာတွင်ပင်ရပ်တန့်ကာ နောက်လှည့်ကြည့်လိုက်သည်။အိပ်ယာထအုံးမည်ဟုမထင်ထားသည့်ဟန်နရီက သူ့အားလှေကားထပ်မှ လက်ပိုက်ကာခေါ်ဆိုနေတာကြောင့် လွန်းကအိမ်ပေါက်၀မှ မလှုပ်မယှက်ရပ်ကြည့်လိုက်၏။
" မင်းငါ့ဆီခဏလာအုံး "
" ကျွန်တော်ကျောင်းနောက်ကျ...."
" ဒီထက်ကြန့်ကြာနေရင် ဒီနေ့အဖို့ကျောင်းသွားရလိမ့်မယ်လို့မထင်နဲ့ "
ခြိမ်းခြောက်ကာပြောဆိုနေပုံတွေက ငယ်ငယ်ကအတိုင်းဘာမှမပြောင်းလဲ။လွန်းက လက်ထဲမှနာရီကိုငုံ့ကြည့်ရင်း သူ့ထံသို့အပြေးအလွှားရောက်ရှိလာတာမို့ ဟန်နရီကသဘောကျသွားဟန်ဖြင့် ခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။
" ကိုကိုကြီး ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ "
" ငါ့ကိုပိုက်ဆံတစ်သိန်းချေး "
" ဗျာ "
မထင်မှတ်ထားသည့်စကားကြောင့် လွန်းကမျက်လုံးလေးပြူးကာ ဟန်နရီအားစူးစိုက်ကြည့်လာ၏။လွန်းအတွက် ထိုပမာဏက အနည်းငယ်အခက်တွေ့နိုင်သော်လည်း ဟန်နရီအတွက်ထိုပမာဏက ပြောပလောက်သောအရာမဟုတ်ပေ။ဒါကို ဘာကြောင့်များသူ့ထံသို့ ထိုကဲ့သို့စကားကို ပြောထွက်သလဲဆိုတာ မတွေးဆနိုင်တော့ပေ။စနောက်သလားဟုထင်မိသော်လည်း ဟန်နရီမျက်နှာက စနောက်နေသည့်အရိပ်အယောင်တောင် ရှိမနေ။
'လူကို အဲ့လိုပဲဆက်ကြည့်နေမယ်ဆိုရင် ငါဆွဲနမ်းမိလိမ့်မယ်နော် ချာတိတ်'
သြရှရှပြောဆိုလာသည့်အသံက စနောက်သည့်သဘောမျိုးလည်းမဟုတ်သလို အရွဲ့တိုက်နေသည့်အနေအထားမျိုးလည်းမဟုတ်ပေ။လွန်းက ချက်ချင်းဆိုသလိုမျက်နှာလွှဲကာ အနောက်သို့ခြေလှမ်းဆုတ်သွားတာမို့ ဟန်နရီကသူ့ရှေ့သို့ချဥ်းကပ်လာ၏။
" ငါခုနကတောင်းတဲ့ပိုက်ဆံ မင်းပေးနိုင်လား "
" ကျွန်တော့်မှာ အဲ့လောက်တော့မရှိဘူးထင်တယ် "
" ဒါဆိုဘယ်လောက်ရှိလဲ "
" ခြောက်သောင်းလောက်တော့ရှိမယ်ထင်တယ် ကျောင်းရန်ပုံငွေပွဲအတွက် နည်းနည်းစုထားသေးတာဆိုတော့ "
လွန်းက ခေါင်းကိုငုံ့ကာဆက်တိုက်အကြည့်လွှဲထားတာမို့ ဟန်နရီကကြိတ်ပြုံးရင်း တစ်သောင်းတန်တစ်အုပ်အား လွန်းလက်ထဲသို့ထည့်ပေး၏။
'ရော့'
'ဟင်...ဒါဘာလဲ'
'မုန့်ဖိုး'
'ဟင့်အင်း ဒီလောက်အများကြီးကျတော်မယူဘူး'
'ပေးနေတုန်းယူနော် မဟုတ်ရင်ငါစိတ်ရှိတိုင်း မင်းကိုကိုင်ပေါက်မိလိမ့်မယ်'
' ဒီလောက်အများကြီး ကျွန်တော်မယူ..."
'ငါကယူဆိုယူလိုက်...ဒီပိုက်ဆံကဘယ်လောက်မှများတာမဟုတ်ဘူး ငါ့ကိုလူဆိုးဖြစ်အောင် မလုပ်နဲ့လွန်းတာနေဆန်း'
ခပ်မာမာပြောဆိုလာသည့်အသံကြောင့် လွန်းကခေါင်းကိုမြန်မြန်ဆန်ဆန်ညိတ်ရင်း လက်ခံလိုက်၏။လက်ထဲမှ နာရီကိုငုံ့ကြည့်လိုက်တော့ အချိန်အတော်နောက်ကျနေပြီဖြစ်သည်။
' ဒီမနက်ငါ Companyကိုသွားစရာရှိလို့ လိုက်မပို့တော့ဘူး အိမ်ကဒါရိုက်ဘာနဲ့ပဲသွားလိုက်တော့ '
'ဟင့်အင်း ကျွန်တော်သွားနေကျအတိုင်း Busနဲ့ပဲသွားမှာ'
'ဘာ! မင်းအမြဲတမ်း Busနဲ့ပဲကျောင်းကိုသွားနေတာလား'
'.....'
'ငါမေးနေတယ်လေ အမြဲအဲ့လိုပဲသွားနေတာလား...မာမီက အိမ်ကဒါရိုက်ဘာနဲ့မပို့ပေးဘူးလား ငါ့ကိုပြောစမ်း'
'ကြီးကြီးကဒါရိုက်ဘာနဲ့သွားခိုင်းတာပါ ကျွန်တော်ကအလုပ်ပိုမှာစိုးလို့ busနဲ့ပဲသွားတာ'
" မင်းဘာသာမင်းအရင်က ဘာနဲ့သွားသွားငါစိတ်မ၀င်စားဘူး။အခုငါပြန်ရောက်လာပြီဖြစ်တဲ့အတွက် ကျောင်းကြိုကျောင်းပို့ကို ငါပဲလုပ်မယ် ကြားလား "
စကားအချေအတင်ပြန်ပြောလည်း နိုင်မှာမဟုတ်ကြောင်းသိတာမို့ လွန်းကခေါင်းကိုအသာညိတ်ကာ ငြိမ်နေလိုက်၏။
" ကျွန်တော်သွားလို့ရပြီလား "
'ရပြီ သွားတော့ အပြန်ကိုကျောင်းရှေ့မှာစောင့်နေ ငါလာခေါ်မယ် "
'ဟုတ်'
>>>>>>>>>
" သားအဖေရဲ့ကုမ္ပဏီကို သားကပြန်လည်ဦးစီးနေတာမြင်ရတော့ မာမီသိပ်၀မ်းသာတာပဲ "
မှန်ရှေ့တွင်ရပ်ကာ Necktieကိုစနစ်တကျချည်နှောင်နေသည့် ဟန်နရီကိုကြည့်ကာ ဒေါ်ဆရီနာက ၀မ်းသာအားရဖြင့်ပြောဆိုလာခြင်းဖြစ်သည်။ဟန်နရီကတော့ ၀မ်းသာနေသောသူ့အမေမျက်နှာကိုကြည့်ရင်း မသိစိတ်က သူ့အဖေကိုလွမ်းဆွတ်မိသွား၏။ဒယ်ဒီသာ ယခုကုမ္ပဏီကိုအေးအေးချမ်းချမ်းဖြင့်ဦးစီးခဲ့ပါက သူလည်းယခုလိုမထင်မှတ်ထားသည့် အခြေအနေအချို့ကိုဖြတ်ကျော်ခဲ့ရမှာမဟုတ်ပေ။သို့ပေမယ့်
ရွေးချယ်ပြီးသားအရာတစ်ခုအတွက် နောင်တရမှာတော့မဟုတ်ပေ။ဟီရိုဗစ်တာ၏မြေးတစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့ မည်မျှကြိုးစားခဲ့ရကြောင်း သူကိုယ်တိုင်သာအသိဆုံးကြောင့်ပင်။
'ငါ့သားလေးကိုအခုလိုပုံစံလေးနဲ့မြင်ရတော့ သားဒယ်ဒီကိုသတိရလိုက်တာကွယ်'
" ဒယ်ဒီမရှိတော့ပေမယ့် ကျွန်တော်ကမာမီ့ကိုအမြဲစိတ်ချမ်းသာအောင်ထားမှာပါ "
" စိတ်ချမ်းသာစေချင်ရင် ဒီနေ့သားဆီကို ဟန်နီလေးလာလည်ရင် ကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်နော်သား "
ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်နေတာမို့ ဟန်နရီကစိတ်မပါစွာဖြင့် ခြောက်ကပ်ကပ်ပြုံးရယ်လိုက်၏။သူ့ဘ၀တွင် ဘယ်တုန်းကမှ ရွေးချယ်ခွင့်မရှိခဲ့တာအမှန်။ပထမဆုံးပြေးမြင်မိသည့် ဟီရိုထံတွင်တောင် သူ့စိတ်ကြိုက်ရွေးချယ်ခွင့်မရရှိခဲ့ပေ။
" ကျွန်တော်နားလည်ပါတယ်မာမီ "
" မာမီ့သားက အတော်ဆုံးပဲ "
>>>>>>>>>>
'ဟာ...သားကြီး မိုက်နေတာကွာ '
ရုံးခန်းထဲသို့ ဖိုင်တွဲတစ်ခုဖြင့်၀င်ရောက်လာသည့် သုတဆိုသူက ဟန်နရီအားအကဲခတ်ကာ ရွှတ်နောက်နောက်ပြောဆိုလာခြင်းဖြစ်သည်။ဆွစ်ဇလန်တွင်ကျောင်းသွားမတက်ခင်အချိန်ကာလ၌ သုတနှင့်အတူအတန်းပညာအတူတူသင်ယူခဲ့ဖူးတာမို့ ငယ်သူငယ်ချင်းဟု ဆိုလိုလျှင်လည်းမမှားပေ။
" စောက်ပိုတွေပြောမနေနဲ့ ငါစုံစမ်းခိုင်းတာရပြီလား'
'ဖြည်းဖြည်းပေါ့ကွာ CEOကြီးက အခုထဲက ပညာတွေပြနေပြီလား'
'နောက်ဆိုမင်းကို အလုပ်ပါထုတ်ပစ်အုံးမှာကွာသိလား'
'ဒီမှာမင်းစုံစမ်းခိုင်းတဲ့သူရဲ့အကြောင်း...ငါမနည်းသတင်းလိုက်ရတာနော် သားကြီး'
စားပွဲပေါ်သို့ ပစ်တင်လာသည့်ကိုယ်ရေးအချက်အလက်တွေအား ဟန်နရီကလှမ်းယူကြည့်ကာခပ်ရွဲ့ရွဲ့ပြုံးရယ်လိုက်၏။ထင်သည့်အတိုင်း မာန်ဟိန်းကိုကိုက ရိုးရှင်းတဲ့ကျောင်းဆရာတစ်ယောက်တော့မဟုတ်ပေ။
'ခင်ဗျားက ကျုပ်နဲ့လာကစားချင်နေတာလား မာန်ဟိန်းကိုကို အဟက်'
'သားကြီး...ဟိုမှာ မင်းရဲ့ ဟန်နီလေးလာနေပြီ "
ရုံးခန်းထဲသို့ ခွင့်ပြုချက်မတောင်းပဲ၀င်ရောက်လာသည့် ဟန်နီကြောင့် ဟန်နရီကသူ့လက်ထဲမှဖိုင်တွဲကို အံဆွဲထဲထိုးထည့်လိုက်၏။ဟန်နီက ခေတ်ဆန်သည့်မိန်းမပျိုလေးဖြစ်သည့်အလျှောက် ၀တ်စားဆင်ယင်ပုံက အနောက်တိုင်းဆန်တာမို့ အနည်းငယ်အမြင်ရိုင်းစေ၏။ပခုံးအသားကိုတမင်အလှပြကာ ၀တ်ဆင်ထားသည့်ကြိုးတစ်လုံးဂါ၀န်က အနည်းငယ်တိုကပ်နေသော်လည်း ကိုယ်ခန္ဓာလှသည့်မိန်းကလေးဖြစ်တာကြောင့် ဆွဲဆောင်မှုရှိနေတာဖြစ်သည်။
'မောင်ကလေ ပြန်လာတာတောင် ဟန်နီကိုလာမတွေ့ဘူးနော် မောင်အရမ်းရက်စက်တာပဲ'
ဟန်နီက ချွဲတဲ့တဲ့ပြောဆိုရင်း ဟန်နရီပေါင်ပေါ်သို့ရဲတင်းစွာ ထိုင်ချလိုက်တာမို့ သုတကချက်ချင်းအကြည့်လွှဲကာ ထိုအခန်းထဲမှရှောင်ထွက်သွား၏။
" ဒါရုံးခန်းနော်ဟန်နီ နည်းနည်းပါးပါးအသိ၀င်အုံး'
'မောင်ကလဲ...မောင့်ကိုဟန်နီဘယ်လောက်လွမ်းနေမှန်းသိရဲ့သားနဲ့ ဟွန့်'
'သိပါတယ်ကွာ သိတာမို့လို့ဖယ်တော့... လာရင်းအလုပ်ကိစ္စကိုပြော'
'ဟွန့်...မောင်ကလေအမြဲအဲ့လိုချည်းပဲ ကုန်ကြမ်းတွေရပြီလားလို့ဟန်နီကလာမေးတာပါ "
'ကုန်ကြမ်းတွေက သဘက်ခါမှသင်္ဘောနဲ့တင်ပေးလိုက်မှာ ကုန်ကြမ်းတွေရောက်တာနဲ့ ကိုယ်ဆက်သွယ်လိုက်မယ်'
'အင်းပါမောင်ရဲ့....ညနေကျ အပြင်မှာတခုခုသွားစားရအောင်မောင်...ဟန်နီတို့တူတူအပြင်မသွားရတာကြာပြီမလား'
'ညနေကျကိုယ်မအားဘူးဟန်နီ'
'မောင်ကလည်းကွာ အလုပ်လည်းအဲ့လောက်များတာမဟုတ်ပဲနဲ့ "
'ကိုယ်တကယ်မအားတာဟန်နီ ကိုယ့်ကလေးကိုကျောင်းသွားကြိုရအုံးမယ်'
'ဟင်...ဘယ်ကကလေးလဲမောင်'
'အိမ်ကဒေါ်ဒေါ်ထားရဲ့တူလေးပါ ဟန်နီမသိလည်းရတယ်'
'မောင်ကလဲကွာ....ဒေါ်ထားတူလေးကိုအရေးစိုက်နေတယ် သူ့တူနဲ့ ဟန်နီကဘယ်သူပိုအရေးကြီးလို့လဲမောင်'
'အဓိပ္ပာယ်မရှိတဲ့နှိုင်းယှဥ်မှုတွေ လာမလုပ်ပြနဲ့ဟန်နီ ကိုယ်အရင်ထဲက စိတ်ရှုပ်မခံနိုင်တာ ဟန်နီလဲသိတယ်မလား'
စိတ်၀င်စားခြင်းမရှိသည့် တုံ့ပြန်လာမှုတွေက သူမအတွက်မထူးဆန်းတော့ပေ။သို့ပေမယ့် ထိုယောကျ်ားအား ငယ်စဥ်တည်းက သဘောကျခဲ့ရတာမို့ လွယ်လွယ်နဲ့တော့ အရှုံးမပေးနိုင်ပေ။
" ဒါဆို မောင်အားတဲ့အချိန်ကျရင် ဟန်နီ့ကိုအချိန်ပေးရမယ်နော် "
ဟန်နီက စကားဆုံးသည်နှင့် ဟန်နရီပခုံးကိုဖက်တွယ်ကာ နမ်းရှုံ့လာ၏။တစ်ဖက်က ပြန်လည်တုံ့ပြန်လာခြင်းမရှိသော်လည်း ငြိမ်ခံနေတာမို့ ဟန်နီကပို၍ရဲတင်းလာတာဖြစ်သည်။
'တော်တော့ဟန်နီ ကိုယ်ပင်ပန်းနေတယ်'
'မောင်ပင်ပန်းနေရင်လည်းအနားယူလိုက်အုံးနော်..ဟန်နီပြန်တော့မယ်'
'ချစ်တယ်နော် မောင်'
သူမဘက်ကသာ ချစ်တယ်အမြဲပြောနေပေမဲ့ လူဆိုးကောင်လေးထံမှ ချစ်တယ်လို့ပြန်ပြောသံကိုတခါမှမကြားရ...တဖက်သက်အချစ်က ပူလောင်လွန်းပါဘိ....
*****
'လွန်း...နင်ဒီမှာဘာရပ်လုပ်နေတာတုန်း'
'အိမ်က အစ်ကိုတယောက်လာကြိုမှာမို့လို့စောင့်နေတာ နဒီ'
'ငါကူစောင့်ပေးအုံးမလား လွန်း...နင်ကအနုအရွလေးဆိုတော့လေအဟိ'
မိန်းကလေးသူငယ်ချင်းဖြစ်သူနဒီက လွန်းအားရွှတ်နောက်နောက်စနောက်လာတာမို့ လွန်းကမျက်မှန်ကိုင်းကိုပင့်တင်ရင်း ပြုံးရယ်လိုက်၏။
'မနောက်ပါနဲ့တော့ နဒီရယ် နင်ကငါ့ကိုဆိုအမြဲစနေတာပဲ'
'တကယ်ပြောတာလွန်းရဲ့...နင်ကလေတကယ်အလှလေးသိလား...အသားအရည်ဆိုလဲမိန်းကလေးတယောက်ထက်တောင် လှသေးတယ်...ပါးလေးတွေဆိုလည်းအိနေရောပဲ'
နဒီက ပါးစပ်ဖြင့်ပြောရုံမဟုတ်ပဲ လွန်းရဲ့ပါးကိုအသည်းယားစွာဖြင့်ဆွဲကာ ပါးချိုင့်ရှိရာနေရာသို့ လက်ညှိုးဖြင့်ထိုးကြည့်နေတာမို့ လွန်းကသဘောကျစွာဖြင့်ပြုံးရယ်လိုက်သည်။
'တော်တော်ကိုသဘောကျနေတာပေါ့'
အနောက်မှသြရှရှထွက်ပေါ်လာသည့်အသံကြောင့် လွန်းနှင့်နဒီကပြိုင်တူပင် လှည့်ကြည့်မိလိုက်သည်။နှစ်ယောက်လုံးမော့ကြည့်ရလောက်တဲ့အထိ ထင်းထွက်နေသည့်အရပ်နှင့် ပိရိသေသပ်နေသော မျက်နှာအချိုးအစားကြောင့် နဒီကထိုနေရာတွင်ပင် မျက်တောင်မခပ်ငေးကြည့်နေမိ၏။
'ဘာလို့လဲ ကိုယ့်ပုံစံကဘာထူးဆန်းနေလို့လဲ'
'ရှင်! အယ်...မဟုတ်ပါဘူး..ကို...ကိုကြီးက လွန်းရဲ့အကိုလားဟင် ဟီး'
'အခုတော့အကိုပဲ နောက်ပိုင်းတော့မသိဘူး'
'ရှင်!'
'အကိုအရင်းမဟုတ်တာကိုပြောတာနဒီရေ..တခြားမတွေးနဲ့နော် ငါတို့ပြန်တော့မယ်နဒီ...နင်လည်းပြန်တော့'
လွန်းက ဟန်နရီလက်မောင်းကိုအတင်းလှမ်းဆွဲကာ ထိုနေရာမှရှောင်ထွက်ခဲ့တာမို့ နဒီကကြောင်တောင်တောင်ဖြင့်သာ ကျန်ခဲ့တော့သည်။
'ဖြည်းဖြည်းလုပ်ပါ ငါ့လက်မောင်းတွေလဲပြုတ်ထွက်ကုန်တော့မယ်'
'ကိုကိုကြီး နဒီကိုဘာတွေလျှောက်ပြောလိုက်တာလဲ'
'ဘာပြောလို့လဲ...ဘာမှမပြောပါဘူး'
'ကိုကိုကြီးခုနက ပေါက်ကရတွေလျှောက်ပြောလိုက်တယ်လေ'
'အော်...အဲ့တာလား..အဲ့တာပေါက်ကရပြောတာမှမဟုတ်ပဲ..အတည်ပြောလိုက်တာလေ ကလေးရဲ့'
'ကိုကိုကြီး!!!!!'
Grey
29.11.2021
****
" ကြၽန္ေတာ္ေက်ာင္းသြားေတာ့မယ္ေနာ္ ႀကီးႀကီး "
လြန္းက ထမင္းစားပြဲေပၚမွ ေပါင္မုန္႔မီးကင္တစ္ခ်ပ္ကို ခပ္ျမန္ျမန္ပါးစပ္ထဲထိုးထည့္ကာ အိမ္ျပင္ေျပးထြက္ဖို႔ႀကံ႐ြယ္လိုက္၏။ယေန႔မနက္အိပ္ယာထကာ အနည္းငယ္ေနာက္က်သြားတာမို႔ ယခုေနလမ္းထိပ္မွ Busကားလြတ္သြားတာနဲ႔ ေက်ာင္းေနာက္က်ေတာ့မွာျဖစ္သည္။
" လြန္းတာေနဆန္း "
အမိန္႔ဆန္သည့္ေခၚသံေၾကာင့္ လြန္းကေနရာတြင္ပင္ရပ္တန္႔ကာ ေနာက္လွည့္ၾကည့္လိုက္သည္။အိပ္ယာထအုံးမည္ဟုမထင္ထားသည့္ဟန္နရီက သူ႔အားေလွကားထပ္မွ လက္ပိုက္ကာေခၚဆိုေနတာေၾကာင့္ လြန္းကအိမ္ေပါက္၀မွ မလႈပ္မယွက္ရပ္ၾကည့္လိုက္၏။
" မင္းငါ့ဆီခဏလာအုံး "
" ကြၽန္ေတာ္ေက်ာင္းေနာက္က်...."
" ဒီထက္ၾကန္႔ၾကာေနရင္ ဒီေန႔အဖို႔ေက်ာင္းသြားရလိမ့္မယ္လို႔မထင္နဲ႔ "
ၿခိမ္းေျခာက္ကာေျပာဆိုေနပုံေတြက ငယ္ငယ္ကအတိုင္းဘာမွမေျပာင္းလဲ။လြန္းက လက္ထဲမွနာရီကိုငုံ႔ၾကည့္ရင္း သူ႔ထံသို႔အေျပးအလႊားေရာက္ရွိလာတာမို႔ ဟန္နရီကသေဘာက်သြားဟန္ျဖင့္ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးလိုက္၏။
" ကိုကိုႀကီး ကြၽန္ေတာ့္ကိုဘာေျပာစရာရွိလို႔လဲ "
" ငါ့ကိုပိုက္ဆံတစ္သိန္းေခ်း "
" ဗ်ာ "
မထင္မွတ္ထားသည့္စကားေၾကာင့္ လြန္းကမ်က္လုံးေလးျပဴးကာ ဟန္နရီအားစူးစိုက္ၾကည့္လာ၏။လြန္းအတြက္ ထိုပမာဏက အနည္းငယ္အခက္ေတြ႕ႏိုင္ေသာ္လည္း ဟန္နရီအတြက္ထိုပမာဏက ေျပာပေလာက္ေသာအရာမဟုတ္ေပ။ဒါကို ဘာေၾကာင့္မ်ားသူ႔ထံသို႔ ထိုကဲ့သို႔စကားကို ေျပာထြက္သလဲဆိုတာ မေတြးဆႏိုင္ေတာ့ေပ။စေနာက္သလားဟုထင္မိေသာ္လည္း ဟန္နရီမ်က္ႏွာက စေနာက္ေနသည့္အရိပ္အေယာင္ေတာင္ ရွိမေန။
'လူကို အဲ့လိုပဲဆက္ၾကည့္ေနမယ္ဆိုရင္ ငါဆြဲနမ္းမိလိမ့္မယ္ေနာ္ ခ်ာတိတ္'
ၾသရွရွေျပာဆိုလာသည့္အသံက စေနာက္သည့္သေဘာမ်ိဳးလည္းမဟုတ္သလို အ႐ြဲ႕တိုက္ေနသည့္အေနအထားမ်ိဳးလည္းမဟုတ္ေပ။လြန္းက ခ်က္ခ်င္းဆိုသလိုမ်က္ႏွာလႊဲကာ အေနာက္သို႔ေျခလွမ္းဆုတ္သြားတာမို႔ ဟန္နရီကသူ႔ေရွ႕သို႔ခ်ဥ္းကပ္လာ၏။
" ငါခုနကေတာင္းတဲ့ပိုက္ဆံ မင္းေပးႏိုင္လား "
" ကြၽန္ေတာ့္မွာ အဲ့ေလာက္ေတာ့မရွိဘူးထင္တယ္ "
" ဒါဆိုဘယ္ေလာက္ရွိလဲ "
" ေျခာက္ေသာင္းေလာက္ေတာ့ရွိမယ္ထင္တယ္ ေက်ာင္းရန္ပုံေငြပြဲအတြက္ နည္းနည္းစုထားေသးတာဆိုေတာ့ "
လြန္းက ေခါင္းကိုငုံ႔ကာဆက္တိုက္အၾကည့္လႊဲထားတာမို႔ ဟန္နရီကႀကိတ္ၿပဳံးရင္း တစ္ေသာင္းတန္တစ္အုပ္အား လြန္းလက္ထဲသို႔ထည့္ေပး၏။
'ေရာ့'
'ဟင္...ဒါဘာလဲ'
'မုန္႔ဖိုး'
'ဟင့္အင္း ဒီေလာက္အမ်ားႀကီးက်ေတာ္မယူဘူး'
'ေပးေနတုန္းယူေနာ္ မဟုတ္ရင္ငါစိတ္ရွိတိုင္း မင္းကိုကိုင္ေပါက္မိလိမ့္မယ္'
' ဒီေလာက္အမ်ားႀကီး ကြၽန္ေတာ္မယူ..."
'ငါကယူဆိုယူလိုက္...ဒီပိုက္ဆံကဘယ္ေလာက္မွမ်ားတာမဟုတ္ဘူး ငါ့ကိုလူဆိုးျဖစ္ေအာင္ မလုပ္နဲ႔လြန္းတာေနဆန္း'
ခပ္မာမာေျပာဆိုလာသည့္အသံေၾကာင့္ လြန္းကေခါင္းကိုျမန္ျမန္ဆန္ဆန္ညိတ္ရင္း လက္ခံလိုက္၏။လက္ထဲမွ နာရီကိုငုံ႔ၾကည့္လိုက္ေတာ့ အခ်ိန္အေတာ္ေနာက္က်ေနၿပီျဖစ္သည္။
' ဒီမနက္ငါ Companyကိုသြားစရာရွိလို႔ လိုက္မပို႔ေတာ့ဘူး အိမ္ကဒါ႐ိုက္ဘာနဲ႔ပဲသြားလိုက္ေတာ့ '
'ဟင့္အင္း ကြၽန္ေတာ္သြားေနက်အတိုင္း Busနဲ႔ပဲသြားမွာ'
'ဘာ! မင္းအၿမဲတမ္း Busနဲ႔ပဲေက်ာင္းကိုသြားေနတာလား'
'.....'
'ငါေမးေနတယ္ေလ အၿမဲအဲ့လိုပဲသြားေနတာလား...မာမီက အိမ္ကဒါ႐ိုက္ဘာနဲ႔မပို႔ေပးဘူးလား ငါ့ကိုေျပာစမ္း'
'ႀကီးႀကီးကဒါ႐ိုက္ဘာနဲ႔သြားခိုင္းတာပါ ကြၽန္ေတာ္ကအလုပ္ပိုမွာစိုးလို႔ busနဲ႔ပဲသြားတာ'
" မင္းဘာသာမင္းအရင္က ဘာနဲ႔သြားသြားငါစိတ္မ၀င္စားဘူး။အခုငါျပန္ေရာက္လာၿပီျဖစ္တဲ့အတြက္ ေက်ာင္းႀကိဳေက်ာင္းပို႔ကို ငါပဲလုပ္မယ္ ၾကားလား "
စကားအေခ်အတင္ျပန္ေျပာလည္း ႏိုင္မွာမဟုတ္ေၾကာင္းသိတာမို႔ လြန္းကေခါင္းကိုအသာညိတ္ကာ ၿငိမ္ေနလိုက္၏။
" ကြၽန္ေတာ္သြားလို႔ရၿပီလား "
'ရၿပီ သြားေတာ့ အျပန္ကိုေက်ာင္းေရွ႕မွာေစာင့္ေန ငါလာေခၚမယ္ "
'ဟုတ္'
>>>>>>>>>
" သားအေဖရဲ႕ကုမၸဏီကို သားကျပန္လည္ဦးစီးေနတာျမင္ရေတာ့ မာမီသိပ္၀မ္းသာတာပဲ "
မွန္ေရွ႕တြင္ရပ္ကာ Necktieကိုစနစ္တက်ခ်ည္ေႏွာင္ေနသည့္ ဟန္နရီကိုၾကည့္ကာ ေဒၚဆရီနာက ၀မ္းသာအားရျဖင့္ေျပာဆိုလာျခင္းျဖစ္သည္။ဟန္နရီကေတာ့ ၀မ္းသာေနေသာသူ႔အေမမ်က္ႏွာကိုၾကည့္ရင္း မသိစိတ္က သူ႔အေဖကိုလြမ္းဆြတ္မိသြား၏။ဒယ္ဒီသာ ယခုကုမၸဏီကိုေအးေအးခ်မ္းခ်မ္းျဖင့္ဦးစီးခဲ့ပါက သူလည္းယခုလိုမထင္မွတ္ထားသည့္ အေျခအေနအခ်ိဳ႕ကိုျဖတ္ေက်ာ္ခဲ့ရမွာမဟုတ္ေပ။သို႔ေပမယ့္
ေ႐ြးခ်ယ္ၿပီးသားအရာတစ္ခုအတြက္ ေနာင္တရမွာေတာ့မဟုတ္ေပ။ဟီ႐ိုဗစ္တာ၏ေျမးတစ္ေယာက္အျဖစ္ သတ္မွတ္ခံရဖို႔ မည္မွ်ႀကိဳးစားခဲ့ရေၾကာင္း သူကိုယ္တိုင္သာအသိဆုံးေၾကာင့္ပင္။
'ငါ့သားေလးကိုအခုလိုပုံစံေလးနဲ႔ျမင္ရေတာ့ သားဒယ္ဒီကိုသတိရလိုက္တာကြယ္'
" ဒယ္ဒီမရွိေတာ့ေပမယ့္ ကြၽန္ေတာ္ကမာမီ့ကိုအၿမဲစိတ္ခ်မ္းသာေအာင္ထားမွာပါ "
" စိတ္ခ်မ္းသာေစခ်င္ရင္ ဒီေန႔သားဆီကို ဟန္နီေလးလာလည္ရင္ ေကာင္းေကာင္းမြန္မြန္ဆက္ဆံလိုက္ေနာ္သား "
ဆိုလိုရင္းအဓိပၸာယ္ကို နားလည္ေနတာမို႔ ဟန္နရီကစိတ္မပါစြာျဖင့္ ေျခာက္ကပ္ကပ္ၿပဳံးရယ္လိုက္၏။သူ႔ဘ၀တြင္ ဘယ္တုန္းကမွ ေ႐ြးခ်ယ္ခြင့္မရွိခဲ့တာအမွန္။ပထမဆုံးေျပးျမင္မိသည့္ ဟီ႐ိုထံတြင္ေတာင္ သူ႔စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္မရရွိခဲ့ေပ။
" ကြၽန္ေတာ္နားလည္ပါတယ္မာမီ "
" မာမီ့သားက အေတာ္ဆုံးပဲ "
>>>>>>>>>>
'ဟာ...သားႀကီး မိုက္ေနတာကြာ '
႐ုံးခန္းထဲသို႔ ဖိုင္တြဲတစ္ခုျဖင့္၀င္ေရာက္လာသည့္ သုတဆိုသူက ဟန္နရီအားအကဲခတ္ကာ ႐ႊတ္ေနာက္ေနာက္ေျပာဆိုလာျခင္းျဖစ္သည္။ဆြစ္ဇလန္တြင္ေက်ာင္းသြားမတက္ခင္အခ်ိန္ကာလ၌ သုတႏွင့္အတူအတန္းပညာအတူတူသင္ယူခဲ့ဖူးတာမို႔ ငယ္သူငယ္ခ်င္းဟု ဆိုလိုလွ်င္လည္းမမွားေပ။
" ေစာက္ပိုေတြေျပာမေနနဲ႔ ငါစုံစမ္းခိုင္းတာရၿပီလား'
'ျဖည္းျဖည္းေပါ့ကြာ CEOႀကီးက အခုထဲက ပညာေတြျပေနၿပီလား'
'ေနာက္ဆိုမင္းကို အလုပ္ပါထုတ္ပစ္အုံးမွာကြာသိလား'
'ဒီမွာမင္းစုံစမ္းခိုင္းတဲ့သူရဲ႕အေၾကာင္း...ငါမနည္းသတင္းလိုက္ရတာေနာ္ သားႀကီး'
စားပြဲေပၚသို႔ ပစ္တင္လာသည့္ကိုယ္ေရးအခ်က္အလက္ေတြအား ဟန္နရီကလွမ္းယူၾကည့္ကာခပ္႐ြဲ႕႐ြဲ႕ၿပဳံးရယ္လိုက္၏။ထင္သည့္အတိုင္း မာန္ဟိန္းကိုကိုက ႐ိုးရွင္းတဲ့ေက်ာင္းဆရာတစ္ေယာက္ေတာ့မဟုတ္ေပ။
'ခင္ဗ်ားက က်ဳပ္နဲ႔လာကစားခ်င္ေနတာလား မာန္ဟိန္းကိုကို အဟက္'
'သားႀကီး...ဟိုမွာ မင္းရဲ႕ ဟန္နီေလးလာေနၿပီ "
႐ုံးခန္းထဲသို႔ ခြင့္ျပဳခ်က္မေတာင္းပဲ၀င္ေရာက္လာသည့္ ဟန္နီေၾကာင့္ ဟန္နရီကသူ႔လက္ထဲမွဖိုင္တြဲကို အံဆြဲထဲထိုးထည့္လိုက္၏။ဟန္နီက ေခတ္ဆန္သည့္မိန္းမပ်ိဳေလးျဖစ္သည့္အေလွ်ာက္ ၀တ္စားဆင္ယင္ပုံက အေနာက္တိုင္းဆန္တာမို႔ အနည္းငယ္အျမင္႐ိုင္းေစ၏။ပခုံးအသားကိုတမင္အလွျပကာ ၀တ္ဆင္ထားသည့္ႀကိဳးတစ္လုံးဂါ၀န္က အနည္းငယ္တိုကပ္ေနေသာ္လည္း ကိုယ္ခႏၶာလွသည့္မိန္းကေလးျဖစ္တာေၾကာင့္ ဆြဲေဆာင္မႈရွိေနတာျဖစ္သည္။
'ေမာင္ကေလ ျပန္လာတာေတာင္ ဟန္နီကိုလာမေတြ႕ဘူးေနာ္ ေမာင္အရမ္းရက္စက္တာပဲ'
ဟန္နီက ခြၽဲတဲ့တဲ့ေျပာဆိုရင္း ဟန္နရီေပါင္ေပၚသို႔ရဲတင္းစြာ ထိုင္ခ်လိုက္တာမို႔ သုတကခ်က္ခ်င္းအၾကည့္လႊဲကာ ထိုအခန္းထဲမွေရွာင္ထြက္သြား၏။
" ဒါ႐ုံးခန္းေနာ္ဟန္နီ နည္းနည္းပါးပါးအသိ၀င္အုံး'
'ေမာင္ကလဲ...ေမာင့္ကိုဟန္နီဘယ္ေလာက္လြမ္းေနမွန္းသိရဲ႕သားနဲ႔ ဟြန္႔'
'သိပါတယ္ကြာ သိတာမို႔လို႔ဖယ္ေတာ့... လာရင္းအလုပ္ကိစၥကိုေျပာ'
'ဟြန္႔...ေမာင္ကေလအၿမဲအဲ့လိုခ်ည္းပဲ ကုန္ၾကမ္းေတြရၿပီလားလို႔ဟန္နီကလာေမးတာပါ "
'ကုန္ၾကမ္းေတြက သဘက္ခါမွသေဘၤာနဲ႔တင္ေပးလိုက္မွာ ကုန္ၾကမ္းေတြေရာက္တာနဲ႔ ကိုယ္ဆက္သြယ္လိုက္မယ္'
'အင္းပါေမာင္ရဲ႕....ညေနက် အျပင္မွာတခုခုသြားစားရေအာင္ေမာင္...ဟန္နီတို႔တူတူအျပင္မသြားရတာၾကာၿပီမလား'
'ညေနက်ကိုယ္မအားဘူးဟန္နီ'
'ေမာင္ကလည္းကြာ အလုပ္လည္းအဲ့ေလာက္မ်ားတာမဟုတ္ပဲနဲ႔ "
'ကိုယ္တကယ္မအားတာဟန္နီ ကိုယ့္ကေလးကိုေက်ာင္းသြားႀကိဳရအုံးမယ္'
'ဟင္...ဘယ္ကကေလးလဲေမာင္'
'အိမ္ကေဒၚေဒၚထားရဲ႕တူေလးပါ ဟန္နီမသိလည္းရတယ္'
'ေမာင္ကလဲကြာ....ေဒၚထားတူေလးကိုအေရးစိုက္ေနတယ္ သူ႔တူနဲ႔ ဟန္နီကဘယ္သူပိုအေရးႀကီးလို႔လဲေမာင္'
'အဓိပၸာယ္မရွိတဲ့ႏႈိင္းယွဥ္မႈေတြ လာမလုပ္ျပနဲ႔ဟန္နီ ကိုယ္အရင္ထဲက စိတ္ရႈပ္မခံႏိုင္တာ ဟန္နီလဲသိတယ္မလား'
စိတ္၀င္စားျခင္းမရွိသည့္ တုံ႔ျပန္လာမႈေတြက သူမအတြက္မထူးဆန္းေတာ့ေပ။သို႔ေပမယ့္ ထိုေယာက်္ားအား ငယ္စဥ္တည္းက သေဘာက်ခဲ့ရတာမို႔ လြယ္လြယ္နဲ႔ေတာ့ အရႈံးမေပးႏိုင္ေပ။
" ဒါဆို ေမာင္အားတဲ့အခ်ိန္က်ရင္ ဟန္နီ႔ကိုအခ်ိန္ေပးရမယ္ေနာ္ "
ဟန္နီက စကားဆုံးသည္ႏွင့္ ဟန္နရီပခုံးကိုဖက္တြယ္ကာ နမ္းရႈံ႕လာ၏။တစ္ဖက္က ျပန္လည္တုံ႔ျပန္လာျခင္းမရွိေသာ္လည္း ၿငိမ္ခံေနတာမို႔ ဟန္နီကပို၍ရဲတင္းလာတာျဖစ္သည္။
'ေတာ္ေတာ့ဟန္နီ ကိုယ္ပင္ပန္းေနတယ္'
'ေမာင္ပင္ပန္းေနရင္လည္းအနားယူလိုက္အုံးေနာ္..ဟန္နီျပန္ေတာ့မယ္'
'ခ်စ္တယ္ေနာ္ ေမာင္'
သူမဘက္ကသာ ခ်စ္တယ္အၿမဲေျပာေနေပမဲ့ လူဆိုးေကာင္ေလးထံမွ ခ်စ္တယ္လို႔ျပန္ေျပာသံကိုတခါမွမၾကားရ...တဖက္သက္အခ်စ္က ပူေလာင္လြန္းပါဘိ....
*****
'လြန္း...နင္ဒီမွာဘာရပ္လုပ္ေနတာတုန္း'
'အိမ္က အစ္ကိုတေယာက္လာႀကိဳမွာမို႔လို႔ေစာင့္ေနတာ နဒီ'
'ငါကူေစာင့္ေပးအုံးမလား လြန္း...နင္ကအႏုအ႐ြေလးဆိုေတာ့ေလအဟိ'
မိန္းကေလးသူငယ္ခ်င္းျဖစ္သူနဒီက လြန္းအား႐ႊတ္ေနာက္ေနာက္စေနာက္လာတာမို႔ လြန္းကမ်က္မွန္ကိုင္းကိုပင့္တင္ရင္း ၿပဳံးရယ္လိုက္၏။
'မေနာက္ပါနဲ႔ေတာ့ နဒီရယ္ နင္ကငါ့ကိုဆိုအၿမဲစေနတာပဲ'
'တကယ္ေျပာတာလြန္းရဲ႕...နင္ကေလတကယ္အလွေလးသိလား...အသားအရည္ဆိုလဲမိန္းကေလးတေယာက္ထက္ေတာင္ လွေသးတယ္...ပါးေလးေတြဆိုလည္းအိေနေရာပဲ'
နဒီက ပါးစပ္ျဖင့္ေျပာ႐ုံမဟုတ္ပဲ လြန္းရဲ႕ပါးကိုအသည္းယားစြာျဖင့္ဆြဲကာ ပါးခ်ိဳင့္ရွိရာေနရာသို႔ လက္ညႇိဳးျဖင့္ထိုးၾကည့္ေနတာမို႔ လြန္းကသေဘာက်စြာျဖင့္ၿပဳံးရယ္လိုက္သည္။
'ေတာ္ေတာ္ကိုသေဘာက်ေနတာေပါ့'
အေနာက္မွၾသရွရွထြက္ေပၚလာသည့္အသံေၾကာင့္ လြန္းႏွင့္နဒီကၿပိဳင္တူပင္ လွည့္ၾကည့္မိလိုက္သည္။ႏွစ္ေယာက္လုံးေမာ့ၾကည့္ရေလာက္တဲ့အထိ ထင္းထြက္ေနသည့္အရပ္ႏွင့္ ပိရိေသသပ္ေနေသာ မ်က္ႏွာအခ်ိဳးအစားေၾကာင့္ နဒီကထိုေနရာတြင္ပင္ မ်က္ေတာင္မခပ္ေငးၾကည့္ေနမိ၏။
'ဘာလို႔လဲ ကိုယ့္ပုံစံကဘာထူးဆန္းေနလို႔လဲ'
'ရွင္! အယ္...မဟုတ္ပါဘူး..ကို...ကိုႀကီးက လြန္းရဲ႕အကိုလားဟင္ ဟီး'
'အခုေတာ့အကိုပဲ ေနာက္ပိုင္းေတာ့မသိဘူး'
'ရွင္!'
'အကိုအရင္းမဟုတ္တာကိုေျပာတာနဒီေရ..တျခားမေတြးနဲ႔ေနာ္ ငါတို႔ျပန္ေတာ့မယ္နဒီ...နင္လည္းျပန္ေတာ့'
လြန္းက ဟန္နရီလက္ေမာင္းကိုအတင္းလွမ္းဆြဲကာ ထိုေနရာမွေရွာင္ထြက္ခဲ့တာမို႔ နဒီကေၾကာင္ေတာင္ေတာင္ျဖင့္သာ က်န္ခဲ့ေတာ့သည္။
'ျဖည္းျဖည္းလုပ္ပါ ငါ့လက္ေမာင္းေတြလဲျပဳတ္ထြက္ကုန္ေတာ့မယ္'
'ကိုကိုႀကီး နဒီကိုဘာေတြေလွ်ာက္ေျပာလိုက္တာလဲ'
'ဘာေျပာလို႔လဲ...ဘာမွမေျပာပါဘူး'
'ကိုကိုႀကီးခုနက ေပါက္ကရေတြေလွ်ာက္ေျပာလိုက္တယ္ေလ'
'ေအာ္...အဲ့တာလား..အဲ့တာေပါက္ကရေျပာတာမွမဟုတ္ပဲ..အတည္ေျပာလိုက္တာေလ ကေလးရဲ႕'
'ကိုကိုႀကီး!!!!!'
Grey
29.11.2021
****