Unicode
ကလင်*
ဆိုင်တံခါးကဘဲလ်သံကိုကြားလိုက်တဲ့အခါ အတွေးလွန်နေရင်းကနေပင် ကြိုဆိုပါတယ်လို့ ပါးစပ်ကအလိုလိုထွက်သည်အထိ ကျွန်တော်ဒီအလုပ်မှာကျင့်သားရနေခဲ့သည်။ဝယ်သူကိုကြည့်မိတဲ့အခါ အကိုYoongi။
လက်ဖျားတွေရော ခြေဖျားတွေအထိပါအေးစက်သွားသလိုပင်။ဒီကြားထဲ ကျွန်တော် အကို့ကို သိသိသာသာရော မသိမသာပါရှောင်နေခဲ့သည်။
Taehyungပြောသလို စိတ်ကိုထားဖို့ကြိုးစားနေပေမယ့် မျက်နှာချင်းဆိုင်တွေ့ရတဲ့အခါ အကို့ကိုကျွန်တော်မျက်နှာပူရသေးသည်မဟုတ်ပါလား။ဆိုင်ဖွင့်ရဲ့လားဆိုပြီး မျက်လုံးကိုပြူးပြူးလေးလုပ်ကာ ဝင်လာတဲ့အကိုကတော့ ဘာမှမသိနေပါ။
"Jimin ဆိုင်ပြန်ဖွင့်ပြီပဲ ဒီကြားထဲပျောက်နေလို့ ကိုယ်စိတ်ပူနေတာ"
အကို့ကိုမရမက အကြည့်လွှဲရင်း
"ဪ ဟုတ် ကိစ္စလေးတွေရှိလို့ပါ။ပုံမှန်အတိုင်းပဲမဟုတ်လား။ကျွန်တော်လာချပေးပါမယ်။အကိုအေးဆေးထိုင်နေလိုက်ပါ"
"အင်းအင်း"
စကားမြန်မြန်ဖြတ်တဲ့အခါ အကိုက ဘာမှပြန်မပြောပဲ ကျသင့်ငွေရှင်းကာ ထိုင်နေကျထောင့်ခုံလေးမှာအေးဆေးသွားထိုင်သည်။
မှာထားတာတွေသွားချပေးကာ လှည့်ထွက်လာရင်း ကောင်တာနောက်ရောက်အောင်မြန်မြန်လျှောက်မိသည်။လက်ထဲမှာကိုင်ထားတဲ့ကော်ဖီဗန်းကိုရင်ဘတ်ထဲကျစ်နေအောင်ပိုက်ကာ
"Park Jiminစိတ်ကိုထိန်းမယ် မူမပျက်စေနဲ့"
အကို့ကိုလှမ်းကြည့်မိတော့ PCဖွင့်ကာ ကော်ဖီကိုတစိမ့်စိမ့်သောက်ရင်း အလုပ်လုပ်နေသည်။ဒါအကိုဆိုင်မှာထိုင်တိုင်းမြင်နေကြမြင်ကွင်းပေမယ့် ဒိနေ့ကျမှ ပိုပြီးလင်းထင်းနေသလိုပင်။ဒီနေ့အပြင်မှာ နေတအားသာတယ်ထင်ပါရဲ့။
ဝယ်သူထပ်ရောက်လာလို့ အလုပ်ထဲကိုစိတ်ပြန်ရောက်သွားသည်။တအောင့်ကြာတဲ့အခါ အကိုက လှမ်းခေါ်သည်။အနားရောက်တော့ မပြောမဆိုနဲ့ လက်ကိုလှမ်းဆွဲကာ မျက်နှာချင်းဆိုင်ခုံမှာထိုင်ခိုင်းသည်။
ရင်တွေက အခုန်မြန်လာသည်။အကိုအရင်ကအဲ့လိုဇိုးဇိုးဇတ်ဇတ်တွေမလုပ်ဖူးပါဘူး။
"ဘာ...ဘာကြီးလဲအကို ကျွန်တော်အလုပ်လုပ်ရဦးမယ်"
"ခဏလောက်ထိုင်ဖို့တော့အချိန်ရမှာပါ ဟုတ်တယ်မလား။ကိုယ်ပြောစရာရှိလို့"
"ဘာ..ဘာပြောမလို့လဲ"
"အခုတလော Jimin ကိုယ့်ကိုရှောင်နေသလိုခံစားရတယ်။ကိုယ်ခံစားရတာမှန်လား"
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိသည်။လိမ်စမ်း ရအောင်လိမ်စမ်း။
"အကို့ကို ကျွန်တော်မရှောင်နေပါဘူးအကိုရဲ့ ကိစ္စလေးတွေရှိလို့ပါ"
"ဟုတ်ရဲ့လား jimin ။ ကိုယ့်ကိုအဆက်အသွယ်ဖြတ်ရလောက်တဲ့အထိလား ဆိုင်ကိုပါပိတ်ပြီး ဖုန်းခေါ်တိုင်းမကိုင်နိုင်လောက်တဲ့အထိပေါ့ "
"တကယ်ပါ အကို ။ ကျွန်တော်တကယ်မအားတာပါ"
"ကိုယ့်ကိုမလိမ်နဲ့နော် အဆိုးလေး"
"မလိမ်ပါဘူး အကိုရဲ့။ကျွန်တော်အကို့ကို လိမ်စရာ အကြောင်းမှ မရှိတာပဲ"
"ကိုယ့်ကိုလည်း စိတ်မဆိုးဘူးနော်"
"မဆိုးပါဘူး အကိုရဲ့။တကယ်ပါ"
"အင်း အဲ့တာဆိုလည်း ပြီးတာပါပဲ။ကိုယ့်ကို စိတ်မဆိုးတာသေချာရင် မနက်ဖြန်ကိုယ်နဲ့အပြင်လိုက်ခဲ့ပေး"
"ဗျာ...အပြင်"
"အင်းဟုတ်တယ်။ယောင်းငယ်ကို ပင်လယ်ဘက်လိုက်ပို့ပေးမလို့ရယ် သူသွားချင်တယ်ဆိုလို့ ပြီးတော့ အဆိုးလေး မင်းလည်းပင်လယ်ဘက်သွားချင်တယ်ပြောထားတယ်မလား။အတူတူသွားကြတာပေါ့"
အမှတ်တမဲ့ပြောခဲ့တဲ့စကားကို အကိုကအခုထိမှတ်မိနေတယ်ပေါ့။
"ဒါ ဒါပေမယ့် ဆိုင်က.."
"တစ်ရက်လောက်ပိတ်ခဲ့လိုက်ပါ ဟုတ်ပြီလား။ကိုယ့်ကိုစိတ်မဆိုးနေတာသေချာရင် လိုက်ခဲ့ရမယ်နော်။မနက်ဖြန်မနက် ရှစ်နာရီ အိမ်မှာလာကြိုမယ်နော်။ဟုတ်ပြီလား"
စိတ်မဆိုးဘူးလို့ပြောထားတာမို့ ငြင်းလို့ကလည်းမကောင်း။Taehyung ပါပါမယ်ဆိုတော့လည်း...
"ဆိုင် ဆိုင် ကိုပဲလာကြိုလိုက်ပါလားအကို နက်ဖြန်ကုန်ကြမ်းတွေလာချစရာရှိလို့"
"Aww okok။ဒါဆိုနက်ဖြန်မှတွေ့မယ်နော် ကိုယ်ရှစ်နာရီလာကြိုမယ် ဟုတ်ပြီလား။တာ့တာ ကိုယ်သွားပြီ"
ခေါင်းကဆံပင်တွေကိုလက်နဲ့ခပ်ဖွဖွ ဆွဲဖွကာအပြုံးတွေနဲ့အကိုထွက်သွားတဲ့အခါ ပတ်ဝန်းကျင်ကဘာအသံမှ မကြားမိတော့သလိုပင်။အရာရာကရပ်တန့်လို့ ကျွန်တော်သုံးစက္ကန့်လောက်ကြောင်ပြီးကျန်ခဲ့သည်။ရင်ခုန်သံတွေကလည်း တဒုတ်ဒုတ်နှင့်။
"Park Jimin မင်းဒီလိုရင်ခုန်နေပုံနဲ့သဘောတူလိုက်သေးတယ် မင်းငတုံးပဲ ဘာကိုဘယ်လိုလုပ်မလို့လဲကွာ"
ကိုယ့်ကိုကိုယ်သာ တိုးတိုးကျိန်ဆဲမိတော့သည်။ဘာကိုဘယ်လိုလုပ်ရမှန်းမသိတော့ပါ။
"ဟဲလို Yoongi hyung"
"အင်း ယောင်းငယ် ဖုန်းပြောလို့ရရဲ့လား"
"ရတယ် ပြောလေHyung"
"ဒါဆို နက်ဖြန်ပင်လယ်ဘက်သွားရအောင်လေ ပြင်ဆင်ထားလိုက် မနက်၇နာရီလောက်လာခေါ်မယ်"
"What!!!!ကြိုလည်းမပြောဘူး ကျွန်တော်အလုပ်တွေရှိတာကို ဘာလို့ရုတ်တရပ်ကြီးပင်လယ်တုန်း"
"ဒီတိုင်းပဲ စိတ်ပြေလက်ပျောက်ပေါ့ Jiminလည်းပါမယ် သူငယ်ချင်းတွေအတူတူပျော်ရအောင်လို့ သွားကြတာပေါ့ လိုက်ပို့ပေးမယ်"
"ဝိုးးမိုက်တာပေါ့ jiminပါပါရင် ။ဒါပေမယ့် နောက်တစ်ခါကြိုပြောပါHyungရာ။ကျွန်တော်အလုပ်တွေလက်စသတ်ရဦးမယ်ဗျ"
"ဆောရီးပါယောင်းငယ်ရာ နောက်တစ်ခါကြိုပြောမယ် အခုတော့ကားမောင်းရင်းမို့ ဖုန်းချပြီနော် bye"
" Okok "
ကျသွားတဲ့ဖုန်းကိုကြည့်ရင်း ယောင်းငယ်ကိုအားနာရသည်။နောက်မှယောင်းငယ်ကိုသေချာတောင်းပန်ရတော့မည်။ဒါပေမယ့်မတတ်နိုင် ကောင်ဆိုးလေးကဘာတွေစိတ်ညစ်နေမှန်းမသိတော့လည်း သူပျော်အောင်ကြံရပြန်သည်။သူ့မျက်နှာညှိုးနေတာကို မြင်နေရတာ ကျွန်တော်မကြိုက်ပါ။
အခု သူသိပ်သွားချင်နေတဲ့ ပင်လယ်ကိုသွားရရင်တော့ သူပျော်လာကောင်းပါရဲ့...။
---------------------------
"ကိုကို ဒီနေ့အဝတ်အစားအသစ်တွေနဲ့ပါလား။ပျော်စရာရှိလို့လားဟင်"
မနက်စာစားနေရင်း မေးလာတဲ့ ညီမလေးကိုကြည့်ပြီး ကျွန်တော်ဘာဖြေရမှန်းမသိပါ။
"ဒီတိုင်းပုံမှန်အဝတ်အစားတွေပါပဲ။ကိုကို အထူးတလည်မပြင်ထားပါဘူး"
"လိမ်ပြန်ပြီ ခုနကိုကို့အခန်းထဲကိုလှမ်းမြင်တာ တစ်ဗီရိုလုံးကြမ်းပြင်ပေါ်ခင်းထားတယ်မှတ်နေတာ။ တို့ကိုကို ရည်းစားရနေပြီလားပြော ရည်းစားနဲ့သွားချိန်းတွေ့မလို့ ဟုတ်တယ်ဟုတ်"
"မဟုတ်ရပါဘူးကွာ ကိုကိုသူငယ်ချင်းတွေနဲ့အပြင်မှာ ချိန်း ချိန်းထားတာရှိလို့ပါ"
"ချိန်း ချိန်းထားတာရှိလို့ပေါ့ စကားတွေပါထစ်လို့။အင်းပါ သူငယ်ချင်းနဲ့ဆိုတော့လည်းသူငယ်ချင်းနဲ့ပေါ့။တာ့တာ ညီမလေးစာကြည့်တိုက်သွားပြီ။ဒါနဲ့ကိုကို ဘာပဲဖြစ်ဖြစ် အဲ့မမလှလှနဲ့အဆင်ပြေအောင်လုပ်ခဲ့နော် ဟားဟား"
"ဟာ..အငယ်မ မဟုတ်ပါဘူးဆို ကြည့်ဦး လမ်းမှာဂရုစိုက်သွားနော် "
"Okay!!!!"
ကျွန်တော့်ကိုစကာ ပြေးထွက်သွားတဲ့ညီမလေးကျောပြင်ကိုကြည့်ရင်း နောက်ဆုံးစကားကိုပြန်ကြားယောင်လာသည်။မမလှလှတဲ့....
"အင်းပေါ့ မမလှလှပေါ့ ဒါမှသဘာဝကျမှာပေါ့။ဒါပေမယ့် ညီမလေးရယ် မမလှလှတော့မဟုတ်ဘူးရယ်"
မနက်စာစားထားတဲ့ပန်းကန်တွေကို ရေမစင်အောင်ဂရုစိုက်ဆေးကာ ဆိုင်ကိုသွားဖို့ပြင်ဆင်ရသည်။အခန်းထဲဝင်ပြီး ပစ္စည်းကျန်မကျန်စစ်ခါမှ အငယ်မပြောတာမှန်သည်။ငါတစ်ခန်းလုံးပွစာကြဲအောင် လုပ်ထားမိတာပဲ။
"အားးးး ရူးတော့မှာပဲ Park Jiminရေ မကြိုက်ပဲရအောင်နေမှာလည်းမင်းပဲ ပွစာကြဲနေတာလည်းမင်းပဲ"
ပြန်လာခါမှပဲရှင်းရတော့မည်။ကုန်ကြမ်းချတဲ့ကားက ဆိုင်နားရောက်ခါနီးပြီဖုန်းဆက်တာမို့ အနွေးထည်ကောက်ဝတ်ကာ အိမ်တံခါးသေချာပိတ်ပြီး စက်ဘီးကိုအမြန်နင်းရတော့သည်။
လေတိုးမှာမို့ ချွေးတော့မထွက်လောက်ပေမယ့် ကေပျက်တော့မှာပဲ။အကို့ကိုဘယ်လောက်ပဲအားနာတယ် မျက်နှာပူတယ်ပြောပြော အနည်းဆုံးသူ့ရှေ့မှာတော့ ရုပ်မဆိုးချင်ပါ။
ဆိုင်ကိုရောက်လို့နာရီကြည့်တဲ့အခါ ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်။ကုန်ကြမ်းတွေလာချတော့မှာမို့ အသင့်ပြင်ရသည်။
ကုန်ကားရောက်လာပြီးမရှေးမနှောင်းအကို့ကားပါရောက်လာသည်။အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကို လက်လှမ်းပြကာ ကားကိုမှီရပ်ကာ စောင့်နေသည်။
စတိုင်ပင်အနက်ကို ရှပ်လိမ္မော်ရောင်နဲ့ဝတ်ထားတဲ့အကိုက အသားတော်တော်ဖြူတာမို့ တော်တော်ချောမောနေသည်ပင်။Modelအလုပ်ပင် လုပ်စားလို့ရလောက်သည်။Hoodieအဖြူရောင်လေးဝတ်ကာ ဂျင်းဘောင်းဘီဝတ်ထားတဲ့ ကျွန်တော်နဲ့တော့ မိုးနဲ့မြေလိုကွာနေသည်ပင်။
ကုန်ကြမ်းဖိုးရှင်းပြီးတဲ့အခါ ဂိုထောင်ထဲရွေ့ဖို့လုပ်ရသည်။ကုန်ကြမ်းသေတ္တာတွေကို ပုံမှန်ဆိုလည်းကျွန်တော်တစ်ယောက်တည်းမနေကြမလို့ မဖို့ပြင်တဲ့အခါ အကိုက လှမ်းဟန့်ကာ လက်ကိုလှမ်းပုတ်သည်။
"ခြေထောက်ထိထားတာမှ ဘယ်လောက်မှမရှိသေးတာကို ဘယ်ကအလေးတွေမမလို့လဲ။ဘေးကိုဖယ် ကိုယ်မခဲ့ပေးမယ်"
"အယ် မလို..."
"ဂိုထောင်ထဲပဲမလား သွားရှေ့ကလမ်းပြ"
တားဖို့အချိန်မရလိုက် ပစ္စည်းတွေကောက်မကာ လမ်းပြခိုင်းနေတဲ့အကို့ကြောင့် ဟုတ်ဟုတ်သာပြောကာ ဂိုထောင်ကိုလှမ်းပြရသည်။ပစ္စည်းတွေသေချာထပ်စစ်ကာ ဂိုထောင်သော့ခတ် ဆိုင်တံခါးပြန်ပိတ်သည်အထိ အကိုကစိတ်ရှည်ရှည်ရပ်စောင့်နေသည်။
"ပြီးပြီအကို သွားလို့ရပြီ"
"အဲ့တာဆို လာသွားမယ် "
ကားနားရောက်တော့ နောက်ခန်းမှာပဲထိုင်မယ်တွေးကာ တံခါးဖွင့်မယ်အလုပ်
"Jiminကရှေ့ခန်းပဲထိုင်လိုက်လေ လာ နောက်ခန်းမှာ ယောင်းငယ်အိပ်နေလို့ရယ် လာရှေ့ခန်းကိုပဲလာ"
အတွင်းကိုလှမ်းကြည့်တော့ တကယ်ကိုခွေခွေလေးအိပ်နေတဲ့ကျွန်တော့်သူငယ်ချင်းလေး။အဲ့တော့လည်း ရှေ့ခန်းပဲသွားရုံပေါ့။
ရှေ့ခန်းမှာဝင်ထိုင်တော့ ဘေးကအကို့ကိုကြည့်မိတဲ့အခါ ကျွန်တော်ငူငိုင်သွားပြန်သည်။ဒီလိုမျက်နှာချောချောလေးနဲ့ တစ်လမ်းလုံးကားမောင်းနေမှာ ငါတော့နှလုံးရောဂါရပြီး သေရချည်ရဲ့။
တွေးနေတုန်းရှိသေးသည်။အကို့မျက်နှာက ကျွန်တော်မျက်နှာနဲ့နီးနီးကပ်ကပ်ကိုရောက်လာတဲ့အခါ ကျွန်တော်လန့်ဖြန့်သွားရသည်။
"အ အကို ဘာ ဘာလုပ်တာလဲ"
"Seat beltလေ တပ်ပါဆို မတပ်ပဲငိုင်နေတာကိုး အဆိုးလေးက။ကိုယ်ပဲလာတပ်ပေးရတော့တာပေါ့"
"အယ်"
ကြည့်မိတော့မှ အာ ဟုတ်သား ငါမတပ်ရသေးဘူးပဲ။အကိုကတော့ ခပ်ပါးပါးပြုံးကာ ကားကိုစထွက်သည်။
"ငူငိုင်နေတာရော ဒီနေ့ ဘယ်လိုဖြစ်တာလဲ"
"အိပ်ရေးသိပ်မဝလို့ပါအကို"
"ဪ မဟုတ်ရင်ဆက်အိပ်လို့ရတာကို ယောင်းငယ်က ကားပေါ်တက်လာထဲကထိုးအိပ်တော့တာပဲ။စကပြောချိန်တောင်မရလိုက်ဘူး။Hyung ရောက်ရင်နှိုးဆိုပြီး"
"အာ....သူတအားအိပ်ချင်နေပုံပဲ အကိုသူ့ကိုအရင်သွားခေါ်တာဆိုတော့ ဘယ်အချိန်ထဲကလည်း"
"7နာရီ"
"တအားအစောကြီးရယ်တော့မဟုတ်ပါဘူး ဒါဆိုသူအချိန်အပြောင်းအလဲကိုသိပ်နေသားမကျသေးလို့ဖြစ်မယ်"
"အင်းဟုတ်မယ် ကိုယ်ကအဲ့တာကိုသတိမထားမိပဲသူ့ကိုအရင်သွားခေါ်လိုက်တာ ဒုက္ခပါပဲ ဟားဟား"
အကိုရယ်တဲ့အခါ သွားဖုံးလေးတွေပေါ်လာတဲ့အထိ အားရပါးရရှိသည်။သွားသေးသေးလေးတွေစီတန်းနေအောင်ပေါ်လာသည့် အပြုံးတွေက ကျွန်တော့်နှလုံးခုန်နှုန်းကို အဆုံးအထိဆွဲတင်နေသလိုပင်။တစ်ချက်ခုန်တိုင်း လည်ချောင်းနားအထိ ခုန်ခုန်တက်လာသလိုပါ ခံစားရသည်။
စကားစပြတ်သွားတဲ့အခါ အကိုက မပျင်းရအောင်သီချင်းဖွင့်သည်။ကျွန်တော်တော့အကို့ကိုမျက်စိလွှဲကာ ပြတင်းပေါက်ဖွင့်ရင်း အပြင်ဘက်ကိုသာ အာရုံစိုက်ထားမိတော့သည်။
အချိန်တွေဘယ်လောက်ကြာသွားသည်မသိ။အနောက်ဘက်ကTaehyungဆီကစကားပြောသံထွက်လာမှ လက်ရှိကိုပြန်ရောက်လာသည်။
"ဘယ်နားရောက်နေကြပြီလဲဟင် ဗိုက်ဆာတယ်"
"Seoulကနေထွက်လာပြီယောင်းငယ် နည်းနည်းလိုသေးတယ် ဗိုက်ဆာလို့လား"
"အင်း ကားရပ်နားစခန်းတွေရှိရင်ရပ်ပေးလေ တအားဆာတယ် ဘာမှမစားရသေးဘူး"
"အခုထိဘာမှမစားရသေးတာလားယောင်းငယ် တစ်ခုခုတော့စားခဲ့မှပေါ့။ကြည့်ဦးဒီကောင်လေး"
"Hyungကလည်းဆူဖို့ချည်းပဲ။ ညကအလုပ်တွေလက်စဖြတ်နေရသေးတယ်လေ မနက်ကျတော့အစောကြီးလာခေါ်မယ်ဆိုလို့ ကုန်းရုန်းထပြီးပြင်ဆင်ရသေးတယ်။ဒါတောင်အိပ်ငိုက်နေသေးလို့ ကားပေါ်မှာပါဆက်အိပ်ပါတယ်ဆို ဘယ်နားကမုန့်ကိုစားလာရမယ်ထင်လို့လဲဗျ"
"ကဲဟုတ်ပါပြီ ဟုတ်ပါပြီ မဆူတော့ဘူးဟုတ်ပြီလား နိုင်ငံခြားမှာအနေကြာပေလို့ပဲ အခုထိ Daeguစကားတွေကထွက်ထွက်လာနေတုန်းပဲ အာပေတူးလေး"
"ဟွန့် Hyungကမှ လူကိုတအားဆူနေတာ Jiminသိလား hyungကလူကြီးဖြစ်နေပြီ ပွစိပွစိနဲ့"
"ဟာ ယောင်းငယ် hyungကားမောင်းနေတာကိုအခွင့်ကောင်းယူပြီး အကြီးကိုလာစနေတယ်"
"ဟားဟားဟားဟား စလို့ကောင်းတယ် တကယ်လည်းပွစိပွစိလုပ်နေတာကိုးလို့ ဟားဟား"
"ယောင်းငယ်ကဝောာ့ကွာ"
အကိုက ခေါင်းကိုအသာအယာခါသည်။မနိုင်ဘူးတကယ်ဆိုသည့် ပုံစံနှင့်။
"ခဏလေးနော် ကျွန်တော်အလုပ်ဖုန်းဝင်လာလို့ ကားနားတဲ့နေရာရောက်ရင်ရပ်ပေးနော်Hyung။Hello here is Vincent Kim...."
အချင်းချင်းစနောက်ကာ ပျော်နေကြတဲ့ အကိုနဲ့Taehyungကိုကြည့်ကာ ကျွန်တော်ပါလိုက်ပျော်လာသည်။အကိုက Taehyungနဲ့သာဆို တအားလွတ်လပ်နေသလိုပင်။
"ယောင်းငယ်ကအဲ့လိုပဲ Jiminနဲ့တော့ဘယ်လိုလဲမသိပေမယ့် ကိုယ်နဲ့ဆိုရင် ကလေးထဲကအဲ့လိုပဲ တစ်ချိန်လုံးစနောက်နေတာ"
ပြုံးပြီးကြည့်နေလို့ထင်သည်။အကိုက ကျွန်တော့်ကိုကြည့်ကာ စကားစလာသည်။
"ကျွန်တော်နဲ့လည်း အဲ့လိုပျော်ပျော်နေတတ်တာပဲ ။Taehyungကိုက ငှက်မွှေးလေးအတိုင်းပဲ လွတ်လပ်နေတာ"
"အင်းဟုတ်တယ် အဲ့ကလေးရဲ့အပြုံးတွေက သိပ်ပေါ့ပါးခဲ့တာ။အခုနိုင်ငံခြားကပြန်လာပြီး ဒီလိုပေါ့ပါးနေတာမျိုး ကိုယ်ပထမဆုံးပြန်မြင်ရတာပဲ"
"ဟင်"
နားကြပ်တပ်ကာ ဖုန်းပြောနေလို့ ကျွန်တော်တို့ပြောတာကိုမကြားတဲ့ Taehyungကိုလှည့်ကြည့်မိသည်။
"အကို ဘာကိုပြောချင်တာလဲ"
ဒီအချိန် ဘာကိုမှမတွေးနိုင်ပါ။အကို့ကိုချစ်လို့ဖြစ်တာတွေမဖြစ်တာတွေထပ် Taehyungကိုပိုစိတ်ပူသည်။အကိုပြောတဲ့စကားတွေက ကျွန်တော်တစ်ခါမှမသိတဲ့စကားတွေမဟုတ်လား။
"အခုမြင်နေရတဲ့ ယောင်းငယ်က အရင်နဲ့တစ်ပုံစံထဲပဲလို့ ထင်ရတယ်မလား။ပျော်ရွှင်တက်ကြွနေတဲ့ ကောင်လေးလေ။တကယ်တော့ ကလေးတုန်းကထပ်စာရင် အခုသူထိုင်းမှိုင်းနေတတ်တယ်။တစ်ခါတစ်လေ ကိုယ်ညဘက်တွေသူအလုပ်လုပ်သေးလား ပတ်ကြည့်တဲ့အခါ ဖုန်းကိုငူငူကြီးကြည့်နေတာမျိုး ပြတင်းပေါက်အပြင်ကိုကြည့်ပြီးငိုင်နေတာမျိုးတွေတအားတွေ့တယ်"
"သူနိုင်ငံခြားမှာနေတုန်းက ဘာပြဿနာရှိတယ်အကိုကြားလဲ"
"အကိုဘာမှတော့သိပ်မကြားမိဘူး အဲ့ဘက်အဆက်အသွယ်တွေကလည်းသိပ်မသိကြဘူး။ယောင်းငယ်က သိုသိုသိပ်သိပ်နေလွန်းတော့"
"အဲ့တာဆို သူပြောပြလာမယ့်အချိန်အထိ ကျွန်တော်တို့စောင့်ရမှာပေါ့"
"အင်း ဒါပဲရှိတာပေါ့။အခုတော့ ကိုယ်ပျော်တယ်။အဆိုးလေးမင်းရော ယောင်းငယ်ရော ပျော်ပျော်ရွှင်ရွှင်ရှိနေတာမို့ ဒီခရီးလေးက ကိုယ်အပင်ပန်းခံပို့ပေးရကျိုးသိပ်နပ်တာပဲ"
အကို စကားလှအောင်ပြောနေတာမဟုတ်ရပါ။တကယ်ကြီးအမှန်တရားတွေစိတ်ထဲရှိတဲ့အတိုင်းပြောနေမှန်း အကို့မျက်လုံးသေးသေးလေးတွေဆီမှာပေါ်သည်။အကိုTaehyungကိုအများကြီးတန်ဖိုးထားသည်။အင်း....ကျွန်တော့်ကိုရောပေါ့။
အကို ကျွန်တော့်ကို အများကြီးတန်ဖိုးထားပါသည်။ဒီအတွက်လည်း အကို့ကိုကျွန်တော်အများကြီးကျွန်တော်အားနာရပါသည်။
--------------------------------------
Zawgyi
ကလင်*
"အင်းအင်း"
"ဘာ..ဘာပြောမလို့လဲ"
"မဆိုးပါဘူး အကိုရဲ့။တကယ်ပါ"
"ဗျာ...အပြင်"
"ဒါ ဒါပေမယ့် ဆိုင်က.."
"ဟဲလို Yoongi hyung"
"ရတယ် ပြောလေHyung"
" Okok "
---------------------------
"Okay!!!!"
"အယ် မလို..."
"အဲ့တာဆို လာသွားမယ် "
"အ အကို ဘာ ဘာလုပ်တာလဲ"
"အယ်"
"7နာရီ"
"ယောင်းငယ်ကဝောာ့ကွာ"
"ဟင်"
နားကြပ်တာကာ ဖုန်းပြောနေလို့ ကျွန်တော်တို့ပြောတာကိုမကြားတဲ့ Taehyungကိုလှည့်ကြည့်မိသည်။