Online Forum [Completed]
By ByunSandy614
10.8K 914 1
ရှောင်းကျန့်က အွန်လိုင်းဖိုရမ်တစ်ခုမှာ သူ့ရဲ့ဘဝကို ပို့စ်တင်လေ့ရှိတယ်။ (Xiao Zhan's POV) ရိုင်းစိုင်း၊ မာနကြ... More
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22 [End]
5
453 43 0
By ByunSandy614
Z...
💠💠💠💠💠💠💠💠💠💠💠💠💠💠
U...
Wow...ကျွန်တော် မကောင်းတာ လုပ်ခဲ့မိလို့လား? ဒါမှမဟုတ် အရင်ဘဝတုန်းက လူဆိုးတစ်ယောက်ဖြစ်ခဲ့လို့လား? ကျွန်တော် နိုင်ငံခြားကို သွားရတော့ ရိုင်းစိုင်း၊ချောမောပြီး ပရောဂျက် မန်နေဂျာဆိုတဲ့ ဘလာ ဘလာ ဘလာ လူနဲ့ တွေ့ခဲ့ရတယ်။
သူ ကျွန်တော့်ကို လာကြိုတဲ့အချိန် လေယာဉ်က နောက်ကျမှဆင်းတော့ ကျွန်တော်လည်း နောက်ကျပြီးမှ ဆင်းလာခဲ့ရတယ်။ ပြီးတော့ ဘာဖြစ်လဲဆိုတာ ခန့်မှန်းကြည့်!
သူက ကျွန်တော့်ကိုတွေ့တော့ မျက်မှောင်ကြုတ်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြီး သက်ပြင်းချတယ်။
ဟေး! သူ ဘာကိုဆိုလိုတာလဲ! ကျွန်တော် သူ့ကိုရိုက်ချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်က ယဉ်ကျေးတဲ့လူတစ်ယောက်ဖြစ်ပြီး လေဆိပ်မှာ ပြဿနာမဖန်တီးချင်တာကြောင့် အဲ့လိုမလုပ်ခဲ့ဘူး။
သူတစ်ယောက်တည်း ဒုက္ခရောက်တဲ့သူလို့ သူထင်နေတာလား? ကျွန်တော်လည်း သူ့ကို ပရောဂျက်မန်နေဂျာအနေနဲ့ ပေါ်လာစေချင်တာ မဟုတ်ပါဘူး။ Huff!
ကျွန်တော်တို့ ဟိုတယ်ကို တက္ကစီစီးပြီး သွားခဲ့တယ်။ ကျွန်တော်က ဗိသုကာပညာရှင်တစ်ဦးမို့ ဟိုတယ်ရဲ့ အပြင်အဆင်၊ အခန်းဖွဲ့စည်းပုံ၊ အငှားနေရာတွေနဲ့ ဒီလိုအရာတွေကို စစ်ဆေးဖို့ ဒီမှာ ရှိနေတာ။
ကျွန်တော် သိရတာတော့ သူက စီးပွားရေးဘက်ကိုပဲ တာဝန်ယူတယ်။ ငွေကြေး၊ ဈေးကွက်ချဲ့ထွင်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်တို့ကိုပေါ့။
ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်တာ အံ့သြစရာမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဒီဇိုင်းဌာနက စီးပွားရေးဌာနကို ဆန့်ကျင်ပြီး တိုက်ခိုက်ရတာကို သဘောကျတယ်။
"ထွက်သွား" ဟိုတယ်ရောက်တဲ့အချိန်မှာ သူက ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်းပြောလာတယ် ။ ဟေး! သူ ဒီလောက် ရိုင်းစိုင်းနေဖို့ မလိုဘူး မဟုတ်လား။ ကျွန်တော် သူ့ကို ဘာလုပ်ခဲ့ဖူးလို့လဲ? (သူက ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော့်ကိုဝင်တိုက်ပြီး ကော်ဖီတွေ ဖိတ်ကျခဲ့တာတောင်လေ)
မယုံနိုင်ဘူး! ဒီရိုင်းစိုင်းပြီး ဆိုးရွားတဲ့လူနဲ့ ၂ ပတ်တောင် ကျွန်တော် အချိန်ကုန်ဆုံးရဦးမယ်။ တစ်စုံတစ်ယောက်လောက် လာပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ!
Continue Reading
You'll Also Like
342K 12K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
199K 5.3K 67
Zero already has a boyfriend that she loves but finds out that he is cheating but she tries to work it out and stay with him. But then she goes to th...
1M 32.6K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
116K 2.1K 47
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...