Swamping with Intimacy (Seaso...

By Sattttttttt

5.8M 162K 31.1K

-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နို... More

အပိုင်း-(၁)
အပိုင်း-(၂)
အပိုင်း-(၃)
အပိုင်း-(၄)
အပိုင်း-(၅)
အပိုင်း-(၆)
အပိုင်း-(၇)
အပိုင်း-(၈)
အပိုင်း-(၉)
အပိုင်း-(၁၀)
အပိုင်း-(၁၁)
အပိုင်း-(၁၂)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-9
Extra-10
Extra - 11
Extra-12
Happy Valentine
Gold Extra - 14

Extra-8

52.9K 4.8K 599
By Sattttttttt

"ဖေရီး ချား"

သူ့ လက်အပြည့် အီကြာကွေး တစ်လုပ်စာကို မင်းဆက် နှုတ်ခမ်းနားတိုးပေးလာသဖြင့် ပါးစပ်ကို ဟ ပေးလိုက်ရသည်။

"အဟင်း .. ခုမှ လာဖားနေတာ"

သားအတွက် လက်ဖက်ရည်ကို ငှဲ့ပေးရင်း ခေါင်းကလေး ပုတ်ပေးကာ ချစ်စနိုး ဆိုမိသည်။ ဖောင်းအိနေသည့် ပါးနှစ်ဖက်ဟာ တလှုပ်လှုပ် ဝါးရင်း သူ့ကို မော့ပြုံးပြသေးသည်။

ရှမ်းခေါက်ဆွဲကို စိမ်ပြေနပြေစားနေသော ကိုကိုသည် လက်ဖက်ရည် တကျိုက် သောက်ရာမှ ဘေးရှိ ရပ်နေသော မောင်အေးသို့ ခေါင်းငဲ့၍ ..

"ဝင်ထိုင် .. တစ်ခါတည်းစားလိုက်တော့"

"နေပါစေ .. သခင်ကြီး ... ကျွန်တော်တို့ နောက်မှ စားပါ့မယ်"

"လာပါ .. စားလိုက်"

ကိုကိုဟာ သူ့ရှေ့မှာမို့ တမင်ခေါ်နေခြင်း ဖြစ်သည်။ အပြုမှာ စိတ်ထဲပါ ပါ၏ မပါ၏ ကို အမျိုးသားဖြစ်သော မင်းဆက်က မသိဘဲ နေပါ့မလား။ ဘာမှမပြောဘဲ ငြိမ်သက်နေစဉ် ကိုကို့ ဆော်သြမှုနှင့် ကောင်ကလေးမှာ မျက်နှာချင်းဆိုင် ခုံ၌ တွန့်တွန့် ရွံ့ရွံ့ ထိုင်လာသည်။

မုန်းများပါ ထည့်ပေးနေသည်ကို မြင်ရတော့ မင်းဆက် ရင်ထဲ မကောင်း။ ကိုကို မည်သို့ အကျင့်ပဲ ရှိစေကာမူ သူ ကိုကို့ကို ဘယ်သောအခါမျှ မငြိုငြင်ခဲ့ပါ။ ငြိုငြင်ဖို့လည်း မရှိ။

ကိုကို့ လက်ဖမိုးကို သူ အုပ်ကိုင်တော့ လှည့်ကာကြည့်၍ ပြုံးပြသည်။

"မနေ့ကပြောတဲ့ဟာလေ .. အဲ့အဓိပ္ပါယ်က သားကို ကိုကိုနဲ့ မတူစေချင်တာမဟုတ်ဘူးနော် ... သားက မွေးစကတည်းက ကိုကိုနဲ့ ခပ်ဆင်ဆင်ရှိလွန်းလို့ ကျွန်တော့်မှာ ပျော်နေခဲ့ရတာ ကိုကို အသိဆုံးမဟုတ်လား"

ကိုကိုက နားလည်စွာ ပြုံး၍ ခေါင်းညိတ်ပြသည်။

"မင်းပြောချင်တာကို ငါသိပါတယ် .. အဲ့ကိစ္စအတွက် စိတ်ထင့်မနေနဲ့တော့ .. ငါတို့ သားကို အကောင်းဆုံးဖြစ်အောင် မွေးမြူကြဖို့ပဲ အရေးကြီးတယ်မလား"

"ဟုတ် "

ကိုကိုက ထိုကိစ္စအပေါ် ဝမ်းနည်းမနေတော့။ ဤသည်ကို သိရသည့်အတွက် မင်းဆက် စိတ်ထဲ လျော့ပေါ့သွားသည်။ မြတ်နိုးမှုနှင့် စေ့စေ့ ကြည့်ရင်း ပါးပြင်သို့ အသာ ဖွဆွဲတော့ ကိုကိုက သားဆီ မျက်ခုံးပင့်ပြသည်။ သားတစ်ယောက် သူတို့ ချစ်ပုံကို စိတ်ဝင်စားဖွယ် ငေးနေမည် ဖြစ်ကြောင်း လှည့်မကြည့်ဘဲ သိသဖြင့် သူ လက်ကို ပြန်ချလိုက်ရသည်။

••••

"သခင်ကြီး ဧည့်သည်ရောက်နေပါတယ်"

"အေး .. ဝင်လာခိုင်းလိုက်"

ခန့်ဦးရှိန်သည် တစ်ဝက်တစ်ပြတ် အလုပ်ကို ခေတ္တရပ်၍ Macbook ကို ပိတ်လိုက်သည်။ ဧည့်ခန်းသို့ ဝင်လာသော အမျိုးသမီးကို မတ်တပ်ထ နှုတ်ဆက်ရန် ပြင်စဉ်  ..

"နင် .. မိုးပွင့်"

ခန့်ဦးရှိန် အံ့သြတကြီးနှင့် သူမကို ကြည့်မိသည်။ မိုးပွင့်သည် ပြောင်လဲ့နေသော ခရမ်းရင့်ရောင် ဗမာ ဝတ်စုံကို ကြွကြွ ရွရွ ဝတ်ဆင်ထားသည်။ တက္ကသိုလ်၏ အလှဘုရင်မ ဖြစ်ခဲ့သော သူမသည် ထိုဂုဏ်ကို လက်ကိုင်ပြုထားလျက်က တည်ငြိမ်စွာ ရင့်ကျက်နေသည်။

"ထိုင်အုံး .. မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ "

"ကြာပြီပေါ့ဟယ် .. တတိယနှစ်က နောက်ဆုံးတွေ့လိုက်တာဆိုတော့ ဆယ်နှစ် .. ကျော်ပြီလား"

အကူကောင်မလေးက ကော်ဖီဗန်းကို လာချပေးချိန်တွင် ဧည့်ခန်းသို့ ဝင်လာသော သိုက်ကို တွေ့ရသည်။ သိုက်သည် စွပ်ကျယ်အဖြူနှင့် ပုဆိုးကို တိုတို ဝတ်ထားသဖြင့် ခြံထဲတွင် သစ်ပင် စိုက်နေပုံ ရသည်။

"သိုက် ။ ဒီမှာ ကိုကို့သူငယ်ချင်းရောက်နေတယ် .. မိုးပွင့်ပြာလေ ... မင်းကိုပြောပြဖူးတယ်မလား ... မိုးပွင့် ဒါ ငါ့အမျိုးသား ဒေါက်တာသိုက်မင်းဆက်"

မင်းဆက် ထိုအမကို ပြုံး၍ နှုတ်ဆက်လိုက်သည်။ ဆံနွယ်များကို အထက်တန်းကျကျ ခပ်မြင့်မြင့် ထုံးဖွဲ့ထားပြီး မျက်နှာ ဝင်းဝင်းဘေးရှိ ဆံမျှင်ပါးများ တသွယ်သွယ် လှုပ်သည်အထိ ပြန်ခေါင်းညိမ့်ပြသည့် အမဟာ အင်မတန် လှသည်။

ဒါပေမဲ့ မိုးပွင့်ပြာ ဆိုသည်မှာ ကိုကို့ သူငယ်ချင်း ဟု သူ မသိခဲ့ပါ။ ကိုကို့ old flame ဟုသာ သိခဲ့သည်။

"ကိုကို့ old flame မဟုတ်ဘူးလား"

"OF ဆိုပေမဲ့ အရင်ကတည်းက သူငယ်ချင်းလိုပါပဲ သိုက်ရယ် .. အဲ့သလိုကြီး မိတ်ဆက်ပေးရင် မင်းသဝန်တိုမှာစိုးလို့"

"အို .. "

ခန့်ဦးရှိန်က လည်တိုင်ကို ပွတ်ရင်း ဆိုသဖြင့် မိုးပွင့်ပြာမှာ အို ဟုပင် တလိုက်မိသည်။ ယောက်ျားရှေ့ကျ အပိုးကျိုးနေလိုက်တာ။

"အမ သက်တောင့်သက်သာ နေပါဗျ .. သူငယ်ချင်းနှစ်ယောက် စကားပြောနေလိုက်ပါအုံး .. ကျွန်တော် ညစ်ပတ်နေလို့ အဝတ်သွားလဲလိုက်အုံးမယ်နော်"

"ရတယ် မောင်လေး .. အမကို အားမနာနဲ့"

မင်းဆက် ဝတ်ကြေတန်းကြေ နှုတ်ဆက်ပြီး အိပ်ခန်းထဲ ဝင်လာခဲ့သည်။ မမိုးပွင့်ပြာ အိမ်လာလည်သည့်အပေါ် သူ့တွင် ထူးထူးထွေထွေ မနှစ်မြို့ခြင်းမရှိ။ တစ်ချိန်က ကိုကို့ ရည်းစားဟောင်း အိမ်လာလည်သည်။ ဒါပဲပေါ့။ သူဟာ ယခင်လို စိတ်ထွေပြားသည့် သိုက်မင်းဆက် မဟုတ်တော့သဖြင့် ချစ်သူအပေါ် အနည်းငယ်မျှ သဝန်တိုသည်ကလွဲ ကျန်သော ပြဿနာမရှိပါ။ သူ့ သန္တာန်တွင် ကိုကို့အား ပြည့်ဝစွာ ယုံကြည်ထားသောကြောင့်လည်း ပါမည်။

"ဘယ်ကနေ ဘယ်လိုလှည့်လာတာလဲ"

ကော်ဖီ တကျိုက်မော့ရင်း ခန့်ဦးရှိန် မေးတော့ ..

"ငါ့ယောက်ျား ကိုထွန်းနိုင်ဆီက လိပ်စာမေးပြီး လာတာ .."

"ဟင် .. ကိုထွန်းက နင့်ယောက်ျားလား"

ကိုထွန်းနိုင် နှင့် သူ အလုပ်တွဲလုပ်ဖြစ်သည်က မကြာသေး။ ထို့ကြောင့် ထိုသူ့အကြောင်း သူသိပ်မသိပါ။ မိန်းမရှိသည်ကိုပင် မသိခဲ့။ ယခု ထိုထွန်း၏ ဇနီးမှာ မိုးပွင့် ဖြစ်နေတော့ သူ အံ့သြသွားရသည်။

"အင်း .. ငါတို့ လက်ထပ်ထားတာ ငါးနှစ်လောက်ရှိပြီ"

"ဪ အဲ့သလိုကိုး .. ကလေးရော ရှိပြီလား"

"သမီးလေးကတော့ တစ်နှစ်ပြည့်ပြီ .. နင်တို့ သားလေးကိုတော့ ငါသိတယ် .. FB မှာ နာမည်ကြီးပဲ"

မိုးပွင့် ပြောသည်ကို သူ ခေါင်းမော့ရယ်မိသည်။ ဂိုဂိုးတစ်ကောင်ဟာ အဖေနှစ်ဦးတင်မကဘဲ သူ့ ဦးလေးများ၏ post များ၌ပါ ဝင်ဝင် နှောက်တတ်သဖြင့် social media မှာ ဆယ်လီကလေး ဖြစ်နေတော့သည်။

"ငါ အခုလာတဲ့ကိစ္စက ရိုးရိုးလာလည်တာပဲလို့ နင်ထင်သလား"

မိုးပွင့်၏ ပဟေဠိဆန်ဆန် စကားကြောင့် ခန့်ဦးရှိန် မျက်ခုံးပင့်မိသည်။ နှုတ်မှလည်း မေးလိုက်၏။

"ဘာကိစ္စလဲ"

"ငါနင့်ကို ထူးဆန်းတာ တစ်ခုပြမလို့"

မိုးပွင့်က ပြောပြောဆိုဆို နှင့် သူမ၏ LV brand အိတ်ထဲ နှိုက်ကာ အတွင်းမှ ဖုန်းကို ထုတ်ယူသည်။

"ငါတို့ ပထမနှစ်တုန်းက လွန်းအာကာ ကိုးရီးယားမလေးတစ်ယောက်နဲ့ တွဲဖူးတာ နင်မှတ်မိတယ်မလား"

မှတ်မိသဖြင့် သူ ခေါင်းညိမ့်ပြလိုက်သည်။ သူတို့ စီးပွားရေး တက္ကသိုလ်ဘေးက Hotel တွင် လာတည်းသော Foreigner မလေးတစ်ဦး နှင့် အာကာ ငြိဖူးသည်ကို သူ ကောင်းစွာ မှတ်မိသည်။

"အဲ့ဒီတုန်းက ငါတို့ အဲ့ကောင်မလေးကို မြို့အနှံ့လိုက်ပို့ကြတာလေ .. "

မိုးပွင့်က သူ့ ဖုန်းကို ဟိုနှိပ် သည်နှိပ် လုပ်ရင်း မေးနေပြန်သည်။

"အေး ငါမှတ်မိတယ်ဆို"

ထိုချိန်က မှတ်မှတ်ရရ သူ နှင့် မိုးပွင့် စတွဲသော အချိန်။ ကိုးရီးယားမလေးကို လိုက်ပို့ချင်သော အာကာ့ဆန္ဒကြောင့် သူတို့ သူငယ်ချင်း တသိုက် တစ်မြို့လုံးကို ခြေဆန့်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော်သို့ သွားရောက် လည်ပတ်ကြသည်။ မန္တလေးတောင်လည်း တက်ကြသည်။ ဓာတ်ပုံတွေ ၊ Vlog တွေကိုတော့ မိုးပွင့်၏ Camera ဖြင့် ရိုက်ခဲ့ကြသည်။

"ငါမနေ့က သိုလှောင်ခန်းရှင်းရင်း အဲ့ camera အဟောင်းလေး တွေ့လို့ အပျင်းပြေ ပြန်ကြည့်ဖြစ်တယ်ပေါ့ဟာ .. အဲ့မှာ ထူးဆန်းတာ တွေ့တယ် .. ဒီမှာ ငါဖုန်းထဲ ကူးလာခဲ့တယ်"

မိုးပွင့် ကမ်းပေးလာသော ဖုန်းကို သူ လှမ်းယူပြီး ကြည့်လိုက်သည်။ သူတို့ အုပ်စုထဲမှ အတွဲနှစ်တွဲဖြစ်သော သူ နှင့် မိုးပွင့် ၊ အာကာ နှင့် ထို foreigner မလေး လေးယောက် ... ကျုံးတွင်  ရိုက်ထားသော ဓာတ်ပုံပင် ဖြစ်သည်။

မိုးပွင့်က သူ့နား ကပ်၍ ဖုန်း Screen ပေါ် Zoom ဆွဲပြသည်။ ထိုပုံတွင် သူတို့မှ အပ လူသူ ရှင်းလင်းခြင်းမဟုတ်။ ဘေးဖက်ဆုံးက အာကာ ဖက်ထားသော ကိုးရီးယားမလေး၏ ဘေးတွင် မကွဲမပြား ကလေးလေးတစ်ယောက် ၊  ကျန်တစ်ဖက်၏ အစွန်မှ ခန့်ဦးရှိန် ဘေးတွင် မာဖလာ နှင့် ပြေးနေသော ကောင်လေးတစ်ယောက် မသိမသာ ပါသည်။ မိုးပွင့်က ထိုကောင်လေးကို Zoom ဆွဲပြလိုက်ခြင်းပင်။

"ဒါ နင့်ယောက်ျားမဟုတ်ဘူးလား"

"ဟင် ! "

ခန့်ဦးရှိန် ဘုရား တ, လိုက်မိသည်။ လည်ပင်း၌ အဖြူရောင်မာဖလာနှင့် ကောင်လေးသည် နဖူးတွင် ဆံပင် ပွပွကလေးများ ဝဲကျလျက် ဘေးဖက် အနေအထားနှင့် ဆိုသည့်တိုင် နှာတံချွန်ချွန် မျက်လုံးဝိုင်းဝိုင်းတို့ ပိုင်ဆိုင်ထားသည့် သိုက်မှ သိုက်ပင် ဖြစ်ပါသည်။

အင်မတန် နုနယ်သော အသွင်၌ သိုက်သည် ပြေးလွှားနေသော ပုံစံရှိသည်။ ဆောင်းတွင်း မနက် ဖြစ်သဖြင့် မှုန်တိမှုန်ဝါးဝန်းကျင်သည် မြူအချို့ ပြန့်ကျဲနေရာ သိုက် ဖြစ်ကြောင်း ခန့်ဦးရှိန်မို့ သေချာ ခန့်မှန်းမိခြင်းဖြစ်သည်။

"သိုက် .. သိုက်က ဘယ်လိုလုပ်"

"နောက်တစ်ခု ပြအုံးမယ်"

မိုးပွင့်က သူမလက်ညိုးကို ရွေ့၍ တခြား Video တစ်ပုဒ်သို့ ကူးပြောင်းသည်။ သူ ဖွင့်ကြည့်လိုက်သည်။

Vlog ရိုက်ရသည်ကို ဝါသနာပါသော အဖွဲ့သားတစ်ဦး ရိုက်ထားသည့် Vlog ပင် ဖြစ်သည်။ Vlog တွင် ချစ်သူဖြစ်ကာစ အာကာတို့ အတွဲကို အသားပေးကာ ဟိုဟာပြော သည်ဟာပြော အူမြူးနေကြသည်။ ထိုစဉ် မိုးပွင့် ညွှန်ပြသော နေရာသို့ သူ ကြည့်လိုက်ရာမှ Video ၏ ထောင့်စွန်းတွင် ခပ်သေးသေးပါလာသော သူ့ပုံရိပ်ကို တွေ့ရသည်။

ခန့်ဦးရှိန်သည် ခေါင်းစွပ်ဦးထုပ်ကို ဆောင်းထားပြီး ခပ်ဝါဝါ ဆွယ်တာ နှင့် ဂျင်းဘောင်းဘီအနက်ရောင်ကို ဝတ်ထားသည်။ Video ထဲတွင် သူသည် ကောင်လေးတစ်ဦးကို ဘာတွေမှန်းမသိ ငေါက်ငေါက်ငန်းငန်း ပြောနေသည်။ ထိုကောင်လေးက စဦးက ပုံတွင် ပါခဲ့သော မာဖလာ နှင့် သိုက်ပင် ဖြစ်ချေသည်။

ကြည့်ရသည်မှာ ထိုကောင်လေးဖက်က တစ်ခုခု မှား၍ သူက ပြောဆိုနေခြင်းဖြစ်ပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ကောင်လေးက ခေါင်းငုံ့ တောင်းပန်၍ ဆက်လက် ပြေးထွက်သွားသည်။

ထိုချိန်မှာ ခန့်ဦးရှိန်က ပထမနှစ် ( ၁၈ နှစ် ) ဖြစ်သည့်အတွက် သိုက်မှာ ဆယ်တန်းကျောင်းသားလေးပင် ရှိချေဦးမည်။ မည်သို့မျှ မပတ်သတ်ခဲ့သော ထိုအခိုက်သည်ပင် ခန့်ဦးရှိန်အား အလွန် အံ့အားသင့်စေသည်။

ကံတရားဟာ ဤမျှလောက် ထူးဆန်းပါပကား။

"နင့်ယောက်ျား ဟုတ်တယ်မလား ... တူတယ်ထင်လို့ ကြည့်နေတာ"

"ဟုတ်တယ် .. ဒါ သိုက်ပဲ ... ဒါဆို သူနဲ့ငါ ဆယ်ကျော်သက်တုန်းက တွေ့ခဲ့ဖူးတာပဲ"

"ဟယ် .. နင်သူ့ကို စတွေ့တုန်းက မမှတ်မိဘူးလား"

"ငါ ၂၆ နှစ်မှာ သူ့ကို ပြန်တွေ့တာလေ .. လွန်ခဲ့တဲ့ ၈ နှစ်က ကိစ္စကို ငါဘယ်လိုလုပ် ပြန်မှတ်မိမှာလဲ မိုးပွင့်ရာ"

"အဲ့ဒါလဲ ဟုတ်တယ်နော် .. ပြီးတော့ နင်တို့က လျှပ်တပြက် တွေ့ဖူးခဲ့တာ"

ခန့်ဦးရှိန် ဘာကြောင့်မှန်းမသိ ဟက်ဟက်ပက်ပက် ရယ်မိသည်။ ဟက်ဟက်ပက်ပက်နှင့် သဘောကျစွာ ရယ်မိသည်။ ဒါကို သိုက်သာ သိလျှင် မည်မျှ ဝမ်းသာမည်နည်း။

ထိုနေ့က မိုးပွင့် မပြန်မီ ယင်းဓာတ်ပုံနှင့် ဗီဒီယို ကို မိုးပွင့်ဆီမှ သူ ကူးယူခဲ့သည်။ ညအခါမှ သိုက်ကို ပြလိုက်သည်။ သိုက်မူ သူ့နည်းတူ အံ့သြနေခဲ့သည်။

"ကျွန်တော် ဆယ်တန်းတုန်းက တစ်ပတ်တစ်ခါတော့ ကျုံးဘေးမှာ ပြေးရတယ် ကိုကို ... လေ့ကျင့်ခန်းလုပ်ဖြစ်အောင်ဆိုပြီး ဖေကြီး အမြဲ လိုက်ပို့ပေးတာ ... အဲ့နေ့တွေထဲက တစ်ခုဖြစ်မယ် .. ကျွန်တော် သေချာ မမှတ်မိတော့ဘူး"

သိုက်က ထိုသို့ ရေရွတ်ရင်း ထို ဗီဒိုယိုကို ထပ်ခါတလဲလဲ ပြန်ကြည့်နေသည်။ ကြည့်တိုင်းလည်း လှပစွာ ပြုံးသည်။

"အဲ့ကတည်းက ချစ်ခဲ့ကြရင် ကောင်းသားနော် ကိုကို"

"ဟားဟား ..  အဲ့တုန်းက ငါက မိုးပွင့်နဲ့ တွဲနေတာလေ .. ပြီးတော့ မင်းကလဲ ဆယ်တန်းကျောင်းသားလေး .. မဟုတ်တာ တွေးမနေနဲ့"

"ဘာဖြစ်လဲ .. ဒီလိုမှန်းသိ အဲ့ကတည်းက မမိုးပွင့်ဆီကနေ ကိုကို့ကို လုယူခဲ့ပါတယ်"

သူက ခပ်ကျယ်ကျယ် ရယ်ပြီး သိုက်၏ ဆံပင်များကို ဆွဲဖွပစ်လိုက်သည်။ ငနာလေး။ ခုကျ လူကို မရတာကျနေတာပဲ။

••••

Dec4.2004 , မန္တလေးကျုံး။

"ရိုက်ပြီ 1,2,3"

ချလပ် ..

ဓာတ်ပုံ ရိုက်သံ အဆုံးတွင် အံသေအောင် ပြုံးထားသော နှုတ်ခမ်းများ လျော့ကျသွားသည်။ အလှကြိုက် ခန့်ဦးရှိန်သည် ကင်မရာရှိရာသို့ ဦးအောင် ပြေးပြီး သူတို့ လေးဦးပုံကို ကြည့်သည်။

"လူတွေ ပါသွားတယ်ကွာ .. ထပ်ရိုက်မလား"

ဓာတ်ပုံရိုက်ပေးသော ကျော်စွာက ပုံထဲ၌ အပိုလူ ဖြစ်နေသည့် ကလေးနှင့် ကောင်လေး ( နှစ်ဦး ) ကို လက်ညိုးထိုး၍ ပြောသည်။

ခန့်ဦးရှိန်က ထိုလူနှစ်ဦးကို သေချာကြည့်၍ ..

"ဘာမှမဖြစ်ပါဘူး .. မသိမသာပါတာပဲ .. အတွဲလိုက် ထပ်မရိုက်ချင်တော့ဘူး ငါ့ပဲရိုက်ပေးတော့"

ဤသို့ဆိုကာ ဟိုသုံးယောက်နှင့် ခပ်လှမ်းလှမ်းကို ဆွဲခေါ်ကာ တစ်ပင်တိုင် ရိုက်စေသည်။ ဆယ့်ရှစ်နှစ်အရွယ် ခန့်ဦးရှိန်မှာ အရပ်မားမား ခန့်ခန့်ထည်ထည် နှင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည်။ ထိုပျိုများထဲမှ ကံကောင်းသည့် မိုးပွင့်ပြာမှာ သူနှင့် တွဲခွင့်ရခဲ့သည်။ မိုးပွင့်ပြာကို လက်ဦးသည့် ခန့်ဦးရှိန်မှာလည်း ယောက်ျားလေးများကြား၌ အားကျလောက်ဖွယ်ဖြစ်ခဲ့သည်။

ဓာတ်ပုံ ရိုက်ပြီးသောအခါ Vlog သမားက စတင်လှုပ်ရှားသည်။ ထိုချိန်၌ ခန့်ဦးရှိန် အင်မတန် ပျင်းနေပေပြီ။ သိုးမွှေးဦးထုပ်နှင့် ခေါင်းကို လုံအောင် ဆောင်းထားသဖြင့် သူ့ နဖူးတွင် ဆံပင်ကောက်များက တစ်စ နှစ်စမျှ ကျနေသည်။ မိုးပွင့်ကလည်း စဦးပိုင်း သူ့ဆီ ကပ်ပြီး အတန်ကြာ Korea မလေးနှင့် အဖွဲ့ကျသွားသည်။

သူ နှင့် မိုးပွင့်က သိပ်ကြိုက်လွန်း၍ တွဲဖြစ်ကြသည်မဟုတ်။ တက္ကသိုလ်၏ ရေပန်းစားဆုံး နှစ်ဦးမို့ သူငယ်ချင်းများ၏ မြှောက်ပင့်ခြင်းများမှ သည်တိုင်း တွဲဖြစ်လိုက်ကြသည်ပင်။

သူတို့ Vlog ရိုက်သည်ကို ဝင်ပါပြီး ကြာတော့ ပျင်းလာသည်နှင့် ကျုံးရေပြင်ကို ငေးရင်း ဟိုလျှောက် သည်လျှောက် လုပ်နေစဉ် ..

"အင့်"

ခန့်ဦးရှိန်ထက် အနည်းငယ်မျှ နိမ့်သော ဦးခေါင်းကလေးမှာ သူ့ ပုခုံးသို့ အရှိန်ပြင်းစွာ ဝင်တိုက်သည်။ အားမသေးလှတာမို့ ပုခုံးပြင်က အောင့်သွား၏။

ဒေါသကလည်း ထောင်းခနဲပင်။

"Soree ပါဗျ မတော်လို့ပါ .. အကို"

ထိုကောင်လေးက သူ့မာဖလာစလေးကို ကိုင်ပြီး ခေါင်းငုံ့ပြောလာသည်။ ခန့်ဦးရှိန် နည်းနည်းတော့ ဟောက်ပေးလိုက်၏။

"ရှေ့မကြည့် နောက်မကြည့်နဲ့ .. မင်းအပိုင်လမ်းများမှတ်နေလား"

"မမှတ်ပါဘူးဗျ .. တောင်းပန်ပါတယ်နော် .. "

ဖျတ်ခနဲ မော့ကြည့်လိုက်သည့် မျက်ဝန်းများက အညိုရောင် ခပ်လဲ့လဲ့ပင်။

သူတို့ ရှိရာ ကျုံးပတ်လမ်းသည် ဆောင်းတွင်းမို့ မြူအချို့ ရစ်သိုင်းနေသည်။ အဖြူရောင် ကောင်ကလေး၏ အညိုရောင် မျက်ဆံများကို မြင်ပြီး ခန့်ဦးရှိန် ဒေါသ ငြိမ်းသွားသည်။ သူငယ်ချင်းများနှင့် ပျော်ရန် အချိန်မှာ စိတ်မတိုချင်တာလည်း ပါမည်။

"သွား သွား .. "

သူ ကိုယ်ကို ဖယ်ပေးလိုက်တော့ ကောင်လေးက တန်းနေအောင် ပြေးသည်။ မျက်နှာလွှဲတော့ ရှေ့တည့်တည့်မှ သူ့ဆီ လှမ်းလာသော မိုးပွင့်ကို တွေ့ရသည်။ ခန့်ဦးရှိန် ပြုံးပြလိုက်၏။

"မောနေပြီလား သား"

ဦးသိုက်ညွှန့်သည် သူ့ဆီ ပြေးလာသော သားကို ဆီးမေး၍ ရေသန့်ဗူး ကမ်းပေးသည်။ သားက ရေကို အငမ်းမရ သောက်ပြီးမှ ..

"သိပ်မမောပါဘူးဗျ .. ဒါပေမဲ့ နောက်တစ်ပတ်တော့ ထပ်မပတ်ချင်တော့ဘူး"

ယနေ့ ကျောင်းတွင် လပတ်စာမေးပွဲရှိသဖြင့် ပြေးနေသည့် တလျှောက်လုံး သူ့ နှုတ်မှ စာတွေ တတွတ်တွတ် ရွတ်ကာ နွေးနေခဲ့သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို အာရုံမပြုလိုက်။ ခေါင်းကို ငုံ့၍ စာရွတ်နေဆဲမှာ ဟိုအကိုကို မတော်တဆ ဝင်တိုက်မိခဲ့သည်။ စာထဲပဲ အာရုံရောက်နေသည်မို့ ထပ်ပတ်လျှင် သူများကို ဝင်တိုက်နိုင်သေးသည်။

"ကျွန်တော် အကိုကြီး တစ်ယောက်ကို ဝင်တိုက်မိတာ"

"ဟေ .. ငါသားဘာဖြစ်သွားသေးလဲ .. သူ့ကိုရော ပြန်တောင်းပန်လိုက်ရဲ့လား"

"ဒီတိုင်း မတော်တဆ တိုက်မိတာရယ် .. ကျွန်တော် ဘာမှမဖြစ်ပါဘူး .. သူ့ကိုလည်း တောင်းပန်လိုက်တယ် ဖေကြီး"

"အေး အေး .. စာမေးပွဲ ရှိတယ်မလား .. ဖေကြီးတို့ အိမ်ပြန်ရအောင်"

"ဟုတ်"

ဖေကြီး တံခါး ဖွင့်ပေးသော ကားထဲ မဝင်မီ ဝေးသော တစ်နေရာမှ ထိုအုပ်စုဆီ လှမ်းကြည့်မိသည်။ သူ တိုက်ခဲ့သော ခေါင်းစွပ်နှင့် အကိုသည် သူ့ ချစ်သူ ဖြစ်ဟန်တူသော အမ၏ ပုခုံးကို ဖက်လျက် စကားပြောနေလေသည်။

••••

( A/N - သည် Scene ဟာ SWI မှာ လိုအပ်မယ်မထင်လို့ မထည့်ခဲ့တာပါ။ သူတို့အကြောင်း အတွင်းကျကျ သိစေဖို့ Extra မှာ ပြန်ထည့်လိုက်ပါတယ် .. ဆယ်ကျော်သက်အရွယ်မှာ စတွေ့တုန်းက သိုက်ဟာ ခန့်ဦးရှိန်ထက် အရပ်ပိုပုပါတယ် xD )

Song for this Chapter.

I need feedbacks and your voting krub.

•••••

"ေဖရီး ခ်ား"

သူ႕ လက္အျပည့္ အီၾကာေကြး တစ္လုပ္စာကို မင္းဆက္ ႏႈတ္ခမ္းနားတိုးေပးလာသျဖင့္ ပါးစပ္ကို ဟ ေပးလိုက္ရသည္။

"အဟင္း .. ခုမွ လာဖားေနတာ"

သားအတြက္ လက္ဖက္ရည္ကို ငွဲ႕ေပးရင္း ေခါင္းကေလး ပုတ္ေပးကာ ခ်စ္စနိုး ဆိုမိသည္။ ေဖာင္းအိေနသည့္ ပါးႏွစ္ဖက္ဟာ တလႈပ္လႈပ္ ဝါးရင္း သူ႕ကို ေမာ့ၿပဳံးျပေသးသည္။

ရွမ္းေခါက္ဆြဲကို စိမ္ေျပနေျပစားေနေသာ ကိုကိုသည္ လက္ဖက္ရည္ တက်ိဳက္ ေသာက္ရာမွ ေဘးရွိ ရပ္ေနေသာ ေမာင္ေအးသို႔ ေခါင္းငဲ့၍ ..

"ဝင္ထိုင္ .. တစ္ခါတည္းစားလိုက္ေတာ့"

"ေနပါေစ .. သခင္ႀကီး ... ကြၽန္ေတာ္တို႔ ေနာက္မွ စားပါ့မယ္"

"လာပါ .. စားလိုက္"

ကိုကိုဟာ သူ႕ေရွ႕မွာမို႔ တမင္ေခၚေနျခင္း ျဖစ္သည္။ အျပဳမွာ စိတ္ထဲပါ ပါ၏ မပါ၏ ကို အမ်ိဳးသားျဖစ္ေသာ မင္းဆက္က မသိဘဲ ေနပါ့မလား။ ဘာမွမေျပာဘဲ ၿငိမ္သက္ေနစဥ္ ကိုကို႔ ေဆာ္ၾသမႈႏွင့္ ေကာင္ကေလးမွာ မ်က္ႏွာခ်င္းဆိုင္ ခုံ၌ တြန႔္တြန႔္ ႐ြံ႕႐ြံ႕ ထိုင္လာသည္။

မုန္းမ်ားပါ ထည့္ေပးေနသည္ကို ျမင္ရေတာ့ မင္းဆက္ ရင္ထဲ မေကာင္း။ ကိုကို မည္သို႔ အက်င့္ပဲ ရွိေစကာမူ သူ ကိုကို႔ကို ဘယ္ေသာအခါမွ် မၿငိဳျငင္ခဲ့ပါ။ ၿငိဳျငင္ဖို႔လည္း မရွိ။

ကိုကို႔ လက္ဖမိုးကို သူ အုပ္ကိုင္ေတာ့ လွည့္ကာၾကည့္၍ ၿပဳံးျပသည္။

"မေန႕ကေျပာတဲ့ဟာေလ .. အဲ့အဓိပၸါယ္က သားကို ကိုကိုနဲ႕ မတူေစခ်င္တာမဟုတ္ဘူးေနာ္ ... သားက ေမြးစကတည္းက ကိုကိုနဲ႕ ခပ္ဆင္ဆင္ရွိလြန္းလို႔ ကြၽန္ေတာ့္မွာ ေပ်ာ္ေနခဲ့ရတာ ကိုကို အသိဆုံးမဟုတ္လား"

ကိုကိုက နားလည္စြာ ၿပဳံး၍ ေခါင္းညိတ္ျပသည္။

"မင္းေျပာခ်င္တာကို ငါသိပါတယ္ .. အဲ့ကိစၥအတြက္ စိတ္ထင့္မေနနဲ႕ေတာ့ .. ငါတို႔ သားကို အေကာင္းဆုံးျဖစ္ေအာင္ ေမြးျမဴၾကဖို႔ပဲ အေရးႀကီးတယ္မလား"

"ဟုတ္ "

ကိုကိုက ထိုကိစၥအေပၚ ဝမ္းနည္းမေနေတာ့။ ဤသည္ကို သိရသည့္အတြက္ မင္းဆက္ စိတ္ထဲ ေလ်ာ့ေပါ့သြားသည္။ ျမတ္နိုးမႈႏွင့္ ေစ့ေစ့ ၾကည့္ရင္း ပါးျပင္သို႔ အသာ ဖြဆြဲေတာ့ ကိုကိုက သားဆီ မ်က္ခုံးပင့္ျပသည္။ သားတစ္ေယာက္ သူတို႔ ခ်စ္ပုံကို စိတ္ဝင္စားဖြယ္ ေငးေနမည္ ျဖစ္ေၾကာင္း လွည့္မၾကည့္ဘဲ သိသျဖင့္ သူ လက္ကို ျပန္ခ်လိဳက္ရသည္။

••••

"သခင္ႀကီး ဧည့္သည္ေရာက္ေနပါတယ္"

"ေအး .. ဝင္လာခိုင္းလိုက္"

ခန႔္ဦးရွိန္သည္ တစ္ဝက္တစ္ျပတ္ အလုပ္ကို ေခတၱရပ္၍ Macbook ကို ပိတ္လိုက္သည္။ ဧည့္ခန္းသို႔ ဝင္လာေသာ အမ်ိဳးသမီးကို မတ္တပ္ထ ႏႈတ္ဆက္ရန္ ျပင္စဥ္  ..

"နင္ .. မိုးပြင့္"

ခန႔္ဦးရွိန္ အံ့ၾသတႀကီးႏွင့္ သူမကို ၾကည့္မိသည္။ မိုးပြင့္သည္ ေျပာင္လဲ့ေနေသာ ခရမ္းရင့္ေရာင္ ဗမာ ဝတ္စုံကို ႂကြႂကြ ႐ြ႐ြ ဝတ္ဆင္ထားသည္။ တကၠသိုလ္၏ အလွဘုရင္မ ျဖစ္ခဲ့ေသာ သူမသည္ ထိုဂုဏ္ကို လက္ကိုင္ျပဳထားလ်က္က တည္ၿငိမ္စြာ ရင့္က်က္ေနသည္။

"ထိုင္အုံး .. မေတြ႕ရတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ "

"ၾကာၿပီေပါ့ဟယ္ .. တတိယႏွစ္က ေနာက္ဆုံးေတြ႕လိုက္တာဆိုေတာ့ ဆယ္ႏွစ္ .. ေက်ာ္ၿပီလား"

အကူေကာင္မေလးက ေကာ္ဖီဗန္းကို လာခ်ေပးခ်ိန္တြင္ ဧည့္ခန္းသို႔ ဝင္လာေသာ သိုက္ကို ေတြ႕ရသည္။ သိုက္သည္ စြပ္က်ယ္အျဖဴႏွင့္ ပုဆိုးကို တိုတို ဝတ္ထားသျဖင့္ ၿခံထဲတြင္ သစ္ပင္ စိုက္ေနပုံ ရသည္။

"သိုက္ ။ ဒီမွာ ကိုကို႔သူငယ္ခ်င္းေရာက္ေနတယ္ .. မိုးပြင့္ျပာေလ ... မင္းကိုေျပာျပဖူးတယ္မလား ... မိုးပြင့္ ဒါ ငါ့အမ်ိဳးသား ေဒါက္တာသိုက္မင္းဆက္"

မင္းဆက္ ထိုအမကို ၿပဳံး၍ ႏႈတ္ဆက္လိုက္သည္။ ဆံႏြယ္မ်ားကို အထက္တန္းက်က် ခပ္ျမင့္ျမင့္ ထုံးဖြဲ႕ထားၿပီး မ်က္ႏွာ ဝင္းဝင္းေဘးရွိ ဆံမွ်င္ပါးမ်ား တသြယ္သြယ္ လႈပ္သည္အထိ ျပန္ေခါင္းညိမ့္ျပသည့္ အမဟာ အင္မတန္ လွသည္။

ဒါေပမဲ့ မိုးပြင့္ျပာ ဆိုသည္မွာ ကိုကို႔ သူငယ္ခ်င္း ဟု သူ မသိခဲ့ပါ။ ကိုကို႔ old flame ဟုသာ သိခဲ့သည္။

"ကိုကို႔ old flame မဟုတ္ဘူးလား"

"OF ဆိုေပမဲ့ အရင္ကတည္းက သူငယ္ခ်င္းလိုပါပဲ သိုက္ရယ္ .. အဲ့သလိုႀကီး မိတ္ဆက္ေပးရင္ မင္းသဝန္တိုမွာစိုးလို႔"

"အို .. "

ခန႔္ဦးရွိန္က လည္တိုင္ကို ပြတ္ရင္း ဆိုသျဖင့္ မိုးပြင့္ျပာမွာ အို ဟုပင္ တလိုက္မိသည္။ ေယာက္်ားေရွ႕က် အပိုးက်ိဳးေနလိုက္တာ။

"အမ သက္ေတာင့္သက္သာ ေနပါဗ် .. သူငယ္ခ်င္းႏွစ္ေယာက္ စကားေျပာေနလိုက္ပါအုံး .. ကြၽန္ေတာ္ ညစ္ပတ္ေနလို႔ အဝတ္သြားလဲလိုက္အုံးမယ္ေနာ္"

"ရတယ္ ေမာင္ေလး .. အမကို အားမနာနဲ႕"

မင္းဆက္ ဝတ္ေၾကတန္းေၾက ႏႈတ္ဆက္ၿပီး အိပ္ခန္းထဲ ဝင္လာခဲ့သည္။ မမိုးပြင့္ျပာ အိမ္လာလည္သည့္အေပၚ သူ႕တြင္ ထူးထူးေထြေထြ မႏွစ္ၿမိဳ႕ျခင္းမရွိ။ တစ္ခ်ိန္က ကိုကို႔ ရည္းစားေဟာင္း အိမ္လာလည္သည္။ ဒါပဲေပါ့။ သူဟာ ယခင္လို စိတ္ေထြျပားသည့္ သိုက္မင္းဆက္ မဟုတ္ေတာ့သျဖင့္ ခ်စ္သူအေပၚ အနည္းငယ္မွ် သဝန္တိုသည္ကလြဲ က်န္ေသာ ျပႆနာမရွိပါ။ သူ႕ သႏၲာန္တြင္ ကိုကို႔အား ျပည့္ဝစြာ ယုံၾကည္ထားေသာေၾကာင့္လည္း ပါမည္။

"ဘယ္ကေန ဘယ္လိုလွည့္လာတာလဲ"

ေကာ္ဖီ တက်ိဳက္ေမာ့ရင္း ခန႔္ဦးရွိန္ ေမးေတာ့ ..

"ငါ့ေယာက္်ား ကိုထြန္းနိုင္ဆီက လိပ္စာေမးၿပီး လာတာ .."

"ဟင္ .. ကိုထြန္းက နင့္ေယာက္်ားလား"

ကိုထြန္းနိုင္ ႏွင့္ သူ အလုပ္တြဲလုပ္ျဖစ္သည္က မၾကာေသး။ ထို႔ေၾကာင့္ ထိုသူ႕အေၾကာင္း သူသိပ္မသိပါ။ မိန္းမရွိသည္ကိုပင္ မသိခဲ့။ ယခု ထိုထြန္း၏ ဇနီးမွာ မိုးပြင့္ ျဖစ္ေနေတာ့ သူ အံ့ၾသသြားရသည္။

"အင္း .. ငါတို႔ လက္ထပ္ထားတာ ငါးႏွစ္ေလာက္ရွိၿပီ"

"ဪ အဲ့သလိုကိုး .. ကေလးေရာ ရွိၿပီလား"

"သမီးေလးကေတာ့ တစ္ႏွစ္ျပည့္ၿပီ .. နင္တို႔ သားေလးကိုေတာ့ ငါသိတယ္ .. FB မွာ နာမည္ႀကီးပဲ"

မိုးပြင့္ ေျပာသည္ကို သူ ေခါင္းေမာ့ရယ္မိသည္။ ဂိုဂိုးတစ္ေကာင္ဟာ အေဖႏွစ္ဦးတင္မကဘဲ သူ႕ ဦးေလးမ်ား၏ post မ်ား၌ပါ ဝင္ဝင္ ေႏွာက္တတ္သျဖင့္ social media မွာ ဆယ္လီကေလး ျဖစ္ေနေတာ့သည္။

"ငါ အခုလာတဲ့ကိစၥက ရိုးရိုးလာလည္တာပဲလို႔ နင္ထင္သလား"

မိုးပြင့္၏ ပေဟဠိဆန္ဆန္ စကားေၾကာင့္ ခန႔္ဦးရွိန္ မ်က္ခုံးပင့္မိသည္။ ႏႈတ္မွလည္း ေမးလိုက္၏။

"ဘာကိစၥလဲ"

"ငါနင့္ကို ထူးဆန္းတာ တစ္ခုျပမလို႔"

မိုးပြင့္က ေျပာေျပာဆိုဆို ႏွင့္ သူမ၏ LV brand အိတ္ထဲ ႏွိုက္ကာ အတြင္းမွ ဖုန္းကို ထုတ္ယူသည္။

"ငါတို႔ ပထမႏွစ္တုန္းက လြန္းအာကာ ကိုးရီးယားမေလးတစ္ေယာက္နဲ႕ တြဲဖူးတာ နင္မွတ္မိတယ္မလား"

မွတ္မိသျဖင့္ သူ ေခါင္းညိမ့္ျပလိုက္သည္။ သူတို႔ စီးပြားေရး တကၠသိုလ္ေဘးက Hotel တြင္ လာတည္းေသာ Foreigner မေလးတစ္ဦး ႏွင့္ အာကာ ၿငိဖူးသည္ကို သူ ေကာင္းစြာ မွတ္မိသည္။

"အဲ့ဒီတုန္းက ငါတို႔ အဲ့ေကာင္မေလးကို ၿမိဳ႕အႏွံ႕လိုက္ပို႔ၾကတာေလ .. "

မိုးပြင့္က သူ႕ ဖုန္းကို ဟိုႏွိပ္ သည္ႏွိပ္ လုပ္ရင္း ေမးေနျပန္သည္။

"ေအး ငါမွတ္မိတယ္ဆို"

ထိုခ်ိန္က မွတ္မွတ္ရရ သူ ႏွင့္ မိုးပြင့္ စတြဲေသာ အခ်ိန္။ ကိုးရီးယားမေလးကို လိုက္ပို႔ခ်င္ေသာ အာကာ့ဆႏၵေၾကာင့္ သူတို႔ သူငယ္ခ်င္း တသိုက္ တစ္ၿမိဳ႕လုံးကို ေျခဆန႔္ၾကသည္။ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္သို႔ သြားေရာက္ လည္ပတ္ၾကသည္။ မႏၲေလးေတာင္လည္း တက္ၾကသည္။ ဓာတ္ပုံေတြ ၊ Vlog ေတြကိုေတာ့ မိုးပြင့္၏ Camera ျဖင့္ ရိုက္ခဲ့ၾကသည္။

"ငါမေန႕က သိုေလွာင္ခန္းရွင္းရင္း အဲ့ camera အေဟာင္းေလး ေတြ႕လို႔ အပ်င္းေျပ ျပန္ၾကည့္ျဖစ္တယ္ေပါ့ဟာ .. အဲ့မွာ ထူးဆန္းတာ ေတြ႕တယ္ .. ဒီမွာ ငါဖုန္းထဲ ကူးလာခဲ့တယ္"

မိုးပြင့္ ကမ္းေပးလာေသာ ဖုန္းကို သူ လွမ္းယူၿပီး ၾကည့္လိုက္သည္။ သူတို႔ အုပ္စုထဲမွ အတြဲႏွစ္တြဲျဖစ္ေသာ သူ ႏွင့္ မိုးပြင့္ ၊ အာကာ ႏွင့္ ထို foreigner မေလး ေလးေယာက္ ... က်ဳံးတြင္  ရိုက္ထားေသာ ဓာတ္ပုံပင္ ျဖစ္သည္။

မိုးပြင့္က သူ႕နား ကပ္၍ ဖုန္း Screen ေပၚ Zoom ဆြဲျပသည္။ ထိုပုံတြင္ သူတို႔မွ အပ လူသူ ရွင္းလင္းျခင္းမဟုတ္။ ေဘးဖက္ဆုံးက အာကာ ဖက္ထားေသာ ကိုးရီးယားမေလး၏ ေဘးတြင္ မကြဲမျပား ကေလးေလးတစ္ေယာက္ ၊  က်န္တစ္ဖက္၏ အစြန္မွ ခန႔္ဦးရွိန္ ေဘးတြင္ မာဖလာ ႏွင့္ ေျပးေနေသာ ေကာင္ေလးတစ္ေယာက္ မသိမသာ ပါသည္။ မိုးပြင့္က ထိုေကာင္ေလးကို Zoom ဆြဲျပလိုက္ျခင္းပင္။

"ဒါ နင့္ေယာက္်ားမဟုတ္ဘူးလား"

"ဟင္ ! "

ခန႔္ဦးရွိန္ ဘုရား တ, လိုက္မိသည္။ လည္ပင္း၌ အျဖဴေရာင္မာဖလာႏွင့္ ေကာင္ေလးသည္ နဖူးတြင္ ဆံပင္ ပြပြကေလးမ်ား ဝဲက်လ်က္ ေဘးဖက္ အေနအထားႏွင့္ ဆိုသည့္တိုင္ ႏွာတံခြၽန္ခြၽန္ မ်က္လုံးဝိုင္းဝိုင္းတို႔ ပိုင္ဆိုင္ထားသည့္ သိုက္မွ သိုက္ပင္ ျဖစ္ပါသည္။

အင္မတန္ ႏုနယ္ေသာ အသြင္၌ သိုက္သည္ ေျပးလႊားေနေသာ ပုံစံရွိသည္။ ေဆာင္းတြင္း မနက္ ျဖစ္သျဖင့္ မႈန္တိမႈန္ဝါးဝန္းက်င္သည္ ျမဴအခ်ိဳ႕ ျပန႔္က်ဲေနရာ သိုက္ ျဖစ္ေၾကာင္း ခန႔္ဦးရွိန္မို႔ ေသခ်ာ ခန႔္မွန္းမိျခင္းျဖစ္သည္။

"သိုက္ .. သိုက္က ဘယ္လိုလုပ္"

"ေနာက္တစ္ခု ျပအုံးမယ္"

မိုးပြင့္က သူမလက္ညိုးကို ေ႐ြ႕၍ တျခား Video တစ္ပုဒ္သို႔ ကူးေျပာင္းသည္။ သူ ဖြင့္ၾကည့္လိုက္သည္။

Vlog ရိုက္ရသည္ကို ဝါသနာပါေသာ အဖြဲ႕သားတစ္ဦး ရိုက္ထားသည့္ Vlog ပင္ ျဖစ္သည္။ Vlog တြင္ ခ်စ္သူျဖစ္ကာစ အာကာတို႔ အတြဲကို အသားေပးကာ ဟိုဟာေျပာ သည္ဟာေျပာ အူျမဴးေနၾကသည္။ ထိုစဥ္ မိုးပြင့္ ၫႊန္ျပေသာ ေနရာသို႔ သူ ၾကည့္လိုက္ရာမွ Video ၏ ေထာင့္စြန္းတြင္ ခပ္ေသးေသးပါလာေသာ သူ႕ပုံရိပ္ကို ေတြ႕ရသည္။

ခန႔္ဦးရွိန္သည္ ေခါင္းစြပ္ဦးထုပ္ကို ေဆာင္းထားၿပီး ခပ္ဝါဝါ ဆြယ္တာ ႏွင့္ ဂ်င္းေဘာင္းဘီအနက္ေရာင္ကို ဝတ္ထားသည္။ Video ထဲတြင္ သူသည္ ေကာင္ေလးတစ္ဦးကို ဘာေတြမွန္းမသိ ေငါက္ေငါက္ငန္းငန္း ေျပာေနသည္။ ထိုေကာင္ေလးက စဦးက ပုံတြင္ ပါခဲ့ေသာ မာဖလာ ႏွင့္ သိုက္ပင္ ျဖစ္ေခ်သည္။

ၾကည့္ရသည္မွာ ထိုေကာင္ေလးဖက္က တစ္ခုခု မွား၍ သူက ေျပာဆိုေနျခင္းျဖစ္ၿပီး စကၠန႔္ပိုင္းေလးအတြင္းမွာ ေကာင္ေလးက ေခါင္းငုံ႕ ေတာင္းပန္၍ ဆက္လက္ ေျပးထြက္သြားသည္။

ထိုခ်ိန္မွာ ခန႔္ဦးရွိန္က ပထမႏွစ္ ( ၁၈ ႏွစ္ ) ျဖစ္သည့္အတြက္ သိုက္မွာ ဆယ္တန္းေက်ာင္းသားေလးပင္ ရွိေခ်ဦးမည္။ မည္သို႔မွ် မပတ္သတ္ခဲ့ေသာ ထိုအခိုက္သည္ပင္ ခန႔္ဦးရွိန္အား အလြန္ အံ့အားသင့္ေစသည္။

ကံတရားဟာ ဤမွ်ေလာက္ ထူးဆန္းပါပကား။

"နင့္ေယာက္်ား ဟုတ္တယ္မလား ... တူတယ္ထင္လို႔ ၾကည့္ေနတာ"

"ဟုတ္တယ္ .. ဒါ သိုက္ပဲ ... ဒါဆို သူနဲ႕ငါ ဆယ္ေက်ာ္သက္တုန္းက ေတြ႕ခဲ့ဖူးတာပဲ"

"ဟယ္ .. နင္သူ႕ကို စေတြ႕တုန္းက မမွတ္မိဘူးလား"

"ငါ ၂၆ ႏွစ္မွာ သူ႕ကို ျပန္ေတြ႕တာေလ .. လြန္ခဲ့တဲ့ ၈ ႏွစ္က ကိစၥကို ငါဘယ္လိုလုပ္ ျပန္မွတ္မိမွာလဲ မိုးပြင့္ရာ"

"အဲ့ဒါလဲ ဟုတ္တယ္ေနာ္ .. ၿပီးေတာ့ နင္တို႔က လွ်ပ္တျပက္ ေတြ႕ဖူးခဲ့တာ"

ခန့္ဦးရွိန္ ဘာေၾကာင့္မွန္းမသိ ဟက္ဟက္ပက္ပက္ ရယ္မိသည္။ ဟက္ဟက္ပက္ပက္ႏွင့္ သေဘာက်စြာ ရယ္မိသည္။ ဒါကို သိုက္သာ သိလွ်င္ မည္မွ် ဝမ္းသာမည္နည္း။

ထိုေန႕က မိုးပြင့္ မျပန္မီ ယင္းဓာတ္ပုံႏွင့္ ဗီဒီယို ကို မိုးပြင့္ဆီမွ သူ ကူးယူခဲ့သည္။ ညအခါမွ သိုက္ကို ျပလိုက္သည္။ သိုက္မူ သူ႕နည္းတူ အံ့ၾသေနခဲ့သည္။

"ကြၽန္ေတာ္ ဆယ္တန္းတုန္းက တစ္ပတ္တစ္ခါေတာ့ က်ဳံးေဘးမွာ ေျပးရတယ္ ကိုကို ... ေလ့က်င့္ခန္းလုပ္ျဖစ္ေအာင္ဆိုၿပီး ေဖႀကီး အၿမဲ လိုက္ပို႔ေပးတာ ... အဲ့ေန႕ေတြထဲက တစ္ခုျဖစ္မယ္ .. ကြၽန္ေတာ္ ေသခ်ာ မမွတ္မိေတာ့ဘူး"

သိုက္က ထိုသို႔ ေရ႐ြတ္ရင္း ထို ဗီဒိုယိုကို ထပ္ခါတလဲလဲ ျပန္ၾကည့္ေနသည္။ ၾကည့္တိုင္းလည္း လွပစြာ ၿပဳံးသည္။

"အဲ့ကတည္းက ခ်စ္ခဲ့ၾကရင္ ေကာင္းသားေနာ္ ကိုကို"

"ဟားဟား ..  အဲ့တုန္းက ငါက မိုးပြင့္နဲ႕ တြဲေနတာေလ .. ၿပီးေတာ့ မင္းကလဲ ဆယ္တန္းေက်ာင္းသားေလး .. မဟုတ္တာ ေတြးမေနနဲ႕"

"ဘာျဖစ္လဲ .. ဒီလိုမွန္းသိ အဲ့ကတည္းက မမိုးပြင့္ဆီကေန ကိုကို႔ကို လုယူခဲ့ပါတယ္"

သူက ခပ္က်ယ္က်ယ္ ရယ္ၿပီး သိုက္၏ ဆံပင္မ်ားကို ဆြဲဖြပစ္လိုက္သည္။ ငနာေလး။ ခုက် လူကို မရတာက်ေနတာပဲ။

••••

Dec4.2004 , မႏၲေလးက်ဳံး။

"ရိုက္ၿပီ 1,2,3"

ခ်လပ္ ..

ဓာတ္ပုံ ရိုက္သံ အဆုံးတြင္ အံေသေအာင္ ၿပဳံးထားေသာ ႏႈတ္ခမ္းမ်ား ေလ်ာ့က်သြားသည္။ အလွႀကိဳက္ ခန႔္ဦးရွိန္သည္ ကင္မရာရွိရာသို႔ ဦးေအာင္ ေျပးၿပီး သူတို႔ ေလးဦးပုံကို ၾကည့္သည္။

"လူေတြ ပါသြားတယ္ကြာ .. ထပ္ရိုက္မလား"

ဓာတ္ပုံရိုက္ေပးေသာ ေက်ာ္စြာက ပုံထဲ၌ အပိုလူ ျဖစ္ေနသည့္ ကေလးႏွင့္ ေကာင္ေလး ( ႏွစ္ဦး ) ကို လက္ညိုးထိုး၍ ေျပာသည္။

ခန႔္ဦးရွိန္က ထိုလူႏွစ္ဦးကို ေသခ်ာၾကည့္၍ ..

"ဘာမွမျဖစ္ပါဘူး .. မသိမသာပါတာပဲ .. အတြဲလိုက္ ထပ္မရိုက္ခ်င္ေတာ့ဘူး ငါ့ပဲရိုက္ေပးေတာ့"

ဤသို႔ဆိုကာ ဟိုသုံးေယာက္ႏွင့္ ခပ္လွမ္းလွမ္းကို ဆြဲေခၚကာ တစ္ပင္တိုင္ ရိုက္ေစသည္။ ဆယ့္ရွစ္ႏွစ္အ႐ြယ္ ခန႔္ဦးရွိန္မွာ အရပ္မားမား ခန႔္ခန႔္ထည္ထည္ ႏွင့္ ပ်ိဳတိုင္းႀကိဳက္သည့္ ႏွင္းဆီခိုင္ ျဖစ္သည္။ ထိုပ်ိဳမ်ားထဲမွ ကံေကာင္းသည့္ မိုးပြင့္ျပာမွာ သူႏွင့္ တြဲခြင့္ရခဲ့သည္။ မိုးပြင့္ျပာကို လက္ဦးသည့္ ခန႔္ဦးရွိန္မွာလည္း ေယာက္်ားေလးမ်ားၾကား၌ အားက်ေလာက္ဖြယ္ျဖစ္ခဲ့သည္။

ဓာတ္ပုံ ရိုက္ၿပီးေသာအခါ Vlog သမားက စတင္လႈပ္ရွားသည္။ ထိုခ်ိန္၌ ခန႔္ဦးရွိန္ အင္မတန္ ပ်င္းေနေပၿပီ။ သိုးေမႊးဦးထုပ္ႏွင့္ ေခါင္းကို လုံေအာင္ ေဆာင္းထားသျဖင့္ သူ႕ နဖူးတြင္ ဆံပင္ေကာက္မ်ားက တစ္စ ႏွစ္စမွ် က်ေနသည္။ မိုးပြင့္ကလည္း စဦးပိုင္း သူ႕ဆီ ကပ္ၿပီး အတန္ၾကာ Korea မေလးႏွင့္ အဖြဲ႕က်သြားသည္။

သူ ႏွင့္ မိုးပြင့္က သိပ္ႀကိဳက္လြန္း၍ တြဲျဖစ္ၾကသည္မဟုတ္။ တကၠသိုလ္၏ ေရပန္းစားဆုံး ႏွစ္ဦးမို႔ သူငယ္ခ်င္းမ်ား၏ ျမႇောက္ပင့္ျခင္းမ်ားမွ သည္တိုင္း တြဲျဖစ္လိုက္ၾကသည္ပင္။

သူတို႔ Vlog ရိုက္သည္ကို ဝင္ပါၿပီး ၾကာေတာ့ ပ်င္းလာသည္ႏွင့္ က်ဳံးေရျပင္ကို ေငးရင္း ဟိုေလွ်ာက္ သည္ေလွ်ာက္ လုပ္ေနစဥ္ ..

"အင့္"

ခန႔္ဦးရွိန္ထက္ အနည္းငယ္မွ် နိမ့္ေသာ ဦးေခါင္းကေလးမွာ သူ႕ ပုခုံးသို႔ အရွိန္ျပင္းစြာ ဝင္တိုက္သည္။ အားမေသးလွတာမို႔ ပုခုံးျပင္က ေအာင့္သြား၏။

ေဒါသကလည္း ေထာင္းခနဲပင္။

"Soree ပါဗ် မေတာ္လို႔ပါ .. အကို"

ထိုေကာင္ေလးက သူ႕မာဖလာစေလးကို ကိုင္ၿပီး ေခါင္းငုံ႕ေျပာလာသည္။ ခန႔္ဦးရွိန္ နည္းနည္းေတာ့ ေဟာက္ေပးလိုက္၏။

"ေရွ႕မၾကည့္ ေနာက္မၾကည့္နဲ႕ .. မင္းအပိုင္လမ္းမ်ားမွတ္ေနလား"

"မမွတ္ပါဘူးဗ် .. ေတာင္းပန္ပါတယ္ေနာ္ .. "

ဖ်တ္ခနဲ ေမာ့ၾကည့္လိုက္သည့္ မ်က္ဝန္းမ်ားက အညိုေရာင္ ခပ္လဲ့လဲ့ပင္။

သူတို႔ ရွိရာ က်ဳံးပတ္လမ္းသည္ ေဆာင္းတြင္းမို႔ ျမဴအခ်ိဳ႕ ရစ္သိုင္းေနသည္။ အျဖဴေရာင္ ေကာင္ကေလး၏ အညိုေရာင္ မ်က္ဆံမ်ားကို ျမင္ၿပီး ခန႔္ဦးရွိန္ ေဒါသ ၿငိမ္းသြားသည္။ သူငယ္ခ်င္းမ်ားႏွင့္ ေပ်ာ္ရန္ အခ်ိန္မွာ စိတ္မတိုခ်င္တာလည္း ပါမည္။

"သြား သြား .. "

သူ ကိုယ္ကို ဖယ္ေပးလိုက္ေတာ့ ေကာင္ေလးက တန္းေနေအာင္ ေျပးသည္။ မ်က္ႏွာလႊဲေတာ့ ေရွ႕တည့္တည့္မွ သူ႕ဆီ လွမ္းလာေသာ မိုးပြင့္ကို ေတြ႕ရသည္။ ခန႔္ဦးရွိန္ ၿပဳံးျပလိုက္၏။

"ေမာေနၿပီလား သား"

ဦးသိုက္ၫႊန႔္သည္ သူ႕ဆီ ေျပးလာေသာ သားကို ဆီးေမး၍ ေရသန႔္ဗူး ကမ္းေပးသည္။ သားက ေရကို အငမ္းမရ ေသာက္ၿပီးမွ ..

"သိပ္မေမာပါဘူးဗ် .. ဒါေပမဲ့ ေနာက္တစ္ပတ္ေတာ့ ထပ္မပတ္ခ်င္ေတာ့ဘူး"

ယေန႕ ေက်ာင္းတြင္ လပတ္စာေမးပြဲရွိသျဖင့္ ေျပးေနသည့္ တေလွ်ာက္လုံး သူ႕ ႏႈတ္မွ စာေတြ တတြတ္တြတ္ ႐ြတ္ကာ ေႏြးေနခဲ့သည္။ ထို႔ေၾကာင့္ ပတ္ဝန္းက်င္ကို အာ႐ုံမျပဳလိုက္။ ေခါင္းကို ငုံ႕၍ စာ႐ြတ္ေနဆဲမွာ ဟိုအကိုကို မေတာ္တဆ ဝင္တိုက္မိခဲ့သည္။ စာထဲပဲ အာ႐ုံေရာက္ေနသည္မို႔ ထပ္ပတ္လွ်င္ သူမ်ားကို ဝင္တိုက္နိုင္ေသးသည္။

"ကြၽန္ေတာ္ အကိုႀကီး တစ္ေယာက္ကို ဝင္တိုက္မိတာ"

"ေဟ .. ငါသားဘာျဖစ္သြားေသးလဲ .. သူ႕ကိုေရာ ျပန္ေတာင္းပန္လိုက္ရဲ႕လား"

"ဒီတိုင္း မေတာ္တဆ တိုက္မိတာရယ္ .. ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး .. သူ႕ကိုလည္း ေတာင္းပန္လိုက္တယ္ ေဖႀကီး"

"ေအး ေအး .. စာေမးပြဲ ရွိတယ္မလား .. ေဖႀကီးတို႔ အိမ္ျပန္ရေအာင္"

"ဟုတ္"

ေဖႀကီး တံခါး ဖြင့္ေပးေသာ ကားထဲ မဝင္မီ ေဝးေသာ တစ္ေနရာမွ ထိုအုပ္စုဆီ လွမ္းၾကည့္မိသည္။ သူ တိုက္ခဲ့ေသာ ေခါင္းစြပ္ႏွင့္ အကိုသည္ သူ႕ ခ်စ္သူ ျဖစ္ဟန္တူေသာ အမ၏ ပုခုံးကို ဖက္လ်က္ စကားေျပာေနေလသည္။

••••

( A/N - သည္ Scene ဟာ SWI မွာ လိုအပ္မယ္မထင္လို႔ မထည့္ခဲ့တာပါ။ သူတို႔အေၾကာင္း အတြင္းက်က် သိေစဖို႔ Extra မွာ ျပန္ထည့္လိုက္ပါတယ္ .. ဆယ္ေက်ာ္သက္အ႐ြယ္မွာ စေတြ႕တုန္းက သိုက္ဟာ ခန႔္ဦးရွိန္ထက္ အရပ္ပိုပုပါတယ္ xD )

Song for this Chapter.

I need feedbacks and your voting krub.

•••••


Continue Reading

You'll Also Like

4.7K 91 12
အသက်21အရွယ် ရှမ်းဗမာ ကောင်လေး စိုင်းဇိုင်းဟန် တစ်ယောက် မန်းလေးမြို့ကိုသွားလည်ရင်း သူ့ထပ် ခြောက်နှစ်ငယ်တဲ့ ကောင်လေး ရောင်ခြည်သျှမ်းကို မြင်မြင်ချင်းချ...
347K 27.4K 29
Mini Story Uni Life Style Sweet Romance
103K 16.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
802K 8.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...