မင်းသာ...
ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး
❤❤❤💜💓
အခန်း၆
ပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့
အဖြစ်ပျက်လေးက ပန်ဆုငယ်ကိုယနေ့တိုင်
ရင်ခုန်နေစေသလို
တေဇအောင် အတွက်လည်းထို့အတူ
ရင်ခုန်စေခဲ့သည်
"ဦးသိန်း..ဒီပုံကိုယူသွားပြီးစုံစမ်းခဲ့ပါ"
ကိုကိုလေး ပေးတဲ့ဓာတ်ပုံကိုယူကြည့်လိုက်ရာ
ဟင်..မမလေးဒေစီစိုးပုံပါလား
"ကိုကိုလေး မမလေးပုံမလား.ဘာဖြစ်လို့လဲ
တခုခုဖြစ်လို့လား."
"မဖြစ်ပါဘူး..ကျနော် သိချင်တာတွေရှိလို့
ဒေစီအပန်းဖြေခရီးထွက်တဲ့နေရာမှာအရင်ဆုံး
စုံစမ်းကြည့်ပါ.ဦးသိန်း. "
"ဟုတ်ကဲ့ပါ.ကိုကိုလေး"
"လိုအပ်တဲ့အသုံးစရိတ်ကိုကျနော့်ဆီ
နေ့လည်ကျရင်လာယူပါ.
အခုတော့သွားလို့ရပြီ. ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
ညနေကျရင်ဆင်းပါ"
"ကိုကိုလေး သဘောပါ"
"နောက်တခုကဒီကိစ္စကိုဘယ်သူမှ
မသိပါစေနဲ့"
ခေါင်းညိတ်ကာထွက်သွားသော
ဦးသိန်း၏ကျောပြင်ကိုကြည့်ကာ
စက်ရုံကိစ္စဖြစ်ပြီးနောက်ပိုင်းသူမကိုမိမိ
စောင့်ကြည့်မိလေသည်။
ထိုအခါသူသိလိုက်ရတာ.သူမတော်တော်ပြောင်းလဲနေပြီး
်လိမ္မာယဉ်ကျေးကာ လူအများပေါ်
ကောင်းကောင်းဆက်ဆံနေသည်။အရင်ကသူမက
မောက်မာကာ ထင်ရာစိုင်းတတ်သူ
ယခုသူမကတော့အရင်ကနဲ့တခြားဆီ
အပြောင်းလဲကြီးပြောင်းလဲနေခဲ့သည်
ဘာကြောင့်ပြောင်းလဲသွားလဲဆိုတာမိမိ
သိချင်သည်။ထို့ကြောင့်စုံစမ်းရန်စေလွှတ်လိုက်ခြင်း
ဖြစ်သည်။
#######>>>>>>>>>>>>
"သမီးလေး..ထတော့လေ
၇နာရီထိုးပြီ သမီးဒေစီရေ:"
တခါးပေါက်မှအော်နှိုးနေသော
မေမေ့ကိုကြည့်ကာ ပန်ဆုငယ်ခေါ်ဒေစီစိုး
နောက်မှဖက်လိုက်ကာ
"သမီးနိုးနေပါပြီမေမေရဲ့
မေမေနဲ့မေမေကြီးအတွက်တောင်
ထမင်း ဟင်းခူးထားပြီးပြီအတူစားမယ်နော်"
"မေမေ့သမီးလေးကလိမ္မာနေပါလား
ထူးခြားတယ်နော် ဘာလိုချင်လို့လဲသမီးလေး"
"ဘာမှမလိုချင်ပါဘူးမေမေတို့ကိုခူးခပ်ကျွေးချင်လို့ပါ"
"ဟုတ်ပါပြီကွယ်
သြော်.မေမေမေ့တော့မလို့
မောင်တေဇကလိမ္မော်ခြံဘက်သွားမှာ
သမီးကိုလာခေါ်မယ်တဲ့"
"သမီးမသွားချင်ဘူးမေမေ"
"လိုက်သွားပါဟိုရောက်ရင်သမီးပျော်မှာပါ
မောင်တေဇခေါ်တာဘဲကို
မေမေပျော်တာမမြင်ချင်လို့လား"
"မေမေပျော်ဖို့ဆို သမီးသွားပါမယ်
အခုတော့ထမင်းသွားစားရအောင်
မေမေကြီးလည်း စောင့်နေပြီ"
ထမင်း စားပွဲတွင်မေမေတို့နှင့်စားရသောကြောင့်
ပန်ဆုငယ် အတိုင်းမသိပျော်မိသည်
မေမေတို့ကိုဦးချကာမိမိလည်းစား
မေမေတို့ကိုဟင်းထည့်ပေးမေမေတို့က
ပြန်ထည့်ပေးနဲ့ပျော်ပျော်ရွှင်ရွှငိထမင်းစားကြသည်။
ထမင်းစားပြီးနောက်ဧည့်ခန်းတွင်တေဇအောင်ကိုစောင့်
နေလေသည်
ခဏအကြာတွင် ကားဟွန်းသံနှင့်အတူ
တေဇအောင်ကား ....
အိမ်ရှေ့တွင်ရောက်လာ၏။
ဧည့်ခန်းထဲဝင်လာသောတေဇအောင်
မေမေကြီးကိုနှုတ်ဆက်လိုက်ကာ
ပန်ဆုငယ်ကိုသွားရန်ပြော၏။
"မေကြီးmorningနော်.
စားပြီးပြီလား "
"စားပြီးပါပြီ မင်းညီမကိုခေါ်သွားမှာဆိုခေါ်
သွားချည်"
"ဟုတ်ကဲ့ပါ ညနေကျမှလာပို့လိုက်တော့မယ်"
"အေးပါကွယ် ဂရုစိုက်သွားနော်
ခြံဘက်မှာက လမ်းကြမ်းတယ်
သမီး လိုက်သွားတော့မောင်တေဇနဲ့"
"ဟုတ်ကဲ့ပါမေမေကြီး
ကိုတေဇသွားမယ်လေ::"
"မေကြီးသွားပြီနော်"
ပေါ်တီကိုအောက်မှထွက်သွားသော
ကားကိုကြည့်ကာ ပြုံးနေမိသည်ကမေမေကြီးပါ
ကျေနပ်သဘောကျနေခြင်းဖြစ်သည်။
ကားပေါ်တွင်
လိုက်လာသောပန်ဆုငယ်
ဟိုတနေ့ကဖြစ်ခဲ့သောအဖြစ်ပျက်ကြောင့်
တေဇအောင်ကိုစကားပြောရန်ဆွံအနေမိသည်။
ဒါကိုတေဇအောင်ကရိမ်မိသည်နှင့်တူသည်
သူ့ဘက်ကစတင်၍စကားပြောလာလေသည်
"ပျင်းနေလား ကိုယ်ဟာသပြောပြမယ်လေ"
"အင်း ပြောလေ ပန်လည်းပျင်းနေတာ:"
"ပန်ဟုတ်လား ပန်ကဘာလဲ"
"ဟင် ဘာမှမဟုတ်ပါဘူး "
တယ် ငါတော့သေတော့မှာဘဲ
ဒီပါးစပ်ကလည်းဘာလိုထွက်သွားလဲမသိဘူး
ဟိုကရိပ်မိရင်ဒုက္ခ
နှစ်ယောက်တည်းဖြစ်နေလို့ရင်ခုန်ရတဲ့ကြားထဲ
စကားမှားသွားသောကြောင့်
ပန်ဆုငယ်စိတ်စိုးရိမ်ရပြန်သည်။
ဘာမှမပြောဘဲတိတ်ဆိတ်သွားသောကြောင့်
တေဇအောင် သူမဘက်လှည့်ကြည့်မိရာ
အတွေးများနေပုံရသည်
သူမကိုဘာမှမပြောဘဲကားကိုဆက်မောင်းလာရာ
မိမိတို့၏လိမ္မော်ခြံရောက်ရှိလာလေသည်။
ဆယ်ဧကကျယ်သော လိမ္မော်ပင်များကိုကြည့်ကာ
ပန်ဆုငယ်တယောက်အံ့သြမိလေသည်။
ပျော်လည်းပျော်သည်။ပန်ဆုငယ်သည် သဘာဝ
အလှကိုမြတ်နိုးသူတယောက်
အပင်တွေကိုချစ်နှစ်သက်သူဖြစ်၏။
အပင်တွေကို တွေ့၍ပျော်ရွှင်နေပုံက
ကလေးတယောက်လို အပြစ်ကင်းစင်လှပါတကား။
သူမကိုကြည့်ရင်းတေဇအောင်
ရင်ထဲမြင်းတွေပြေးနေသလို
နှလုံးသားလေးကခုန်လာပြန်ပြီ
ဘာကြောင့်လဲ သူမနဲ့ပတ်သက်ပြီးငါ့ရင်ခုန်သံတွေ
ထိန်းချုပ်လို့မရတာလဲ သေချာတာက
ငါသူမကိုချစ်နေပြီ
######>>>>>>
အပြန်လမ်းတွင် တေဇအောင်
သူမကိုကြည့်ပြီးရယ်ချင်မိသည်။
ကြည့်ပါအုံး မနက်ကတော့သူမပုံစံ
က ယဉ်ကျေးမှု အပြည့်နဲ့ အခုေံတာ့
ခေါင်းပေါ်တွင် ပင့်ကူ မျှင်နှင့်အမှိုက်များ
ပေါင် ပေါ်တွင်လည်း လိမ္မော်သီး ခြင်းနှင့်
လက်ထဲတွင် စားလက်စလိမ္မော်သီးနှင့်
သူမကြည့်ရသည်မှာရယ်ချင်စရာ
ကောင်းနေတော့သည်။
လိမ္မော်ခြံတွင်အလုပ်သမားများနှင့်လိမ္မော်သီးခူးချင်
သည်ဆို၍ခွင့်ပြုရပြန်သည်။အလုပ်သမားများထံမှ
လိမ္မော်သီး များခူးရသည်ကိုမေးမြန်းသင်ယူ
နေသည်မှာမာန်မာနကင်းစင်သည်။
အလုပ်သမားများနှင့်အတူထမင်းစား
ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးနေသည်မှာ
ဂုဏ်မောက်မှုမရှိထိုအချိန်တွင်တေဇအောင်
သိလိုက်ရသည်က
သူမသည် ဒေစီစိုး လုံးဝလုံးဝမဟုတ်
တေဇအောင်သူမကိုကြည့်ရင်းကြည့်ရင်း သူမမျက်နှာပေါ်
အကြည့်များအရောက် လိမ္မော်သီး စားထား၍
စိုရွှဲရွှန်းလဲ့နေသောပန်းရောင်နှုတ်ခမ်းများကိုမြင်ရာ
ဒုန်း ဒုန်း ဒုန်း
ရင်ခုန်သံတွေမြန်လာသည်မှာ
အသက်ရှူပင်မ၀ ထို့ကြောင့်အကြည့်ကိုရှေ့တည့်တည့်သာ
ပြန်လွဲရလေသည်
"ဒေစီ ကိုယ်တခုလောက်တောင်းဆိုပါရစေ""
"ပြောပါကိုတေဇ
ဘာများလဲ: "
"ကိုယ်မင်းကိုဒေစီလို့မခေါ်ချင်တော့ဘူးတခြား
ပြောင်းခေါ်လို့ရမလား"
"ဘာဖြစ်လို့လဲကိုတေဇ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်းပြောင်းခေါ်ချင်လို့ပါ"
"ရပါတယ်ခေါ်ပါ."
"ပန်းလို့ခေါ်မယ်နော်"
"အင်းပါကျွန်မလည်းကြိုကိတယ်"
တေဇအောင်သူမဆီကခွင့်ပြုချက်ရ၍
အဆင်ပြေ သွား၏။သူမဟာဒေစီစိုးမဟုတ်မှန်း
သိကတည်းကဤအမည်ကိုမခေါ်ချင်တော့ပေ။
သူမကိုဒေစီစိုးနေရာတွင်အစားမထိုးနိုင်။သူမသည်
သူ၏မူပိုင်သာဖြစ်ရမည်ဒါကြောင့်သူမကို
သူပန်းလို့ခေါ်ခြင်း။သူမသည
်ထိုအမည်နှင့်လိုက်ဖက်သည်။
အိမ်နားရောက်ရန်အနည်းငယ်သာလိုသည့်
နေရာတွင်တေဇအောင်ကားကို
ရပ်ကာ
"ပန်း ခဏပန်းခေါင်းပေါ်မှာ အမှိုက်တွေ
ကိုယ်ဖယ်ပေးမယ်"
"အများကြီးလားကိုတေဇ"
"အင်း နည်းနည်းများတယ်
ခဏလေး ငြိမ်ငြိမ်နေနော်"
ခေါင်းညိတ်ကြွာမနေသော သူမဘက်သို့
လှည်က့ာအမှိုက်များဖယ်ပေးရင်း
သူမကိုငေးကြည့်စဉ် သူမကလည်းခေါင်းမော့
လာသောကြောင့် မျက်နှာနှစ်ခုနီးကပ်သွားသည်။
မျက်လုံးများဆုံ၍အတန်ငယ်တိတ်ဆိတ်သွားသည်။
တယောက်နှင့်တယောက်အကြည့်များမခွာနို်င်ကြ။
တေဇအောင် သူမနှုတ်ခမ်းများအကြည့်သို့အရောက်
စိတ်မထိန်းနိုင်ဘဲ နမ်းလိုက်လေတော့သည်။
ပန်ဆုငယ်လည်းကြောင်ကာ
ငြိမ်နေမိသည်။သူ၏်းအနမ်းများက
တဖြည်းဖြည်းမြန်လာသည်။
ထိုစဉ်ပန်ဆုငယ် အသိဝင်လာကာ
သူ့ကိုတွန်းလိုက်လေသည်။
ပန်ဆုငယ်တွန်းထုတ်လိုက်မှ အသိဝင်လာသော
တေဇအောင်
"တောင်းပန်ပါတယ် ပန်းကိုယ်
မရည်ရွယ်ပါဘူး""
ပန်ဆုငယ်ဘာမှပြန်မပြောဘဲ
ခေါင်းသာ ငြိမ့် ပြလိုက်လေသည်။
ပန်ဆုငယ် အိမ်ရောက်ထိတိုင်
သူမတို့နှစ်ယောက်လုံးစကားမပြောမိချေ။
စာရေးသူ-စာဖတ်သူများကျေးဇူးပါဘဲနော်အမြဲအားပေး
လို့ကျေးဇူးပါစာဖတ်သူများကိုလေးစားလျက်
အမှားပါရင်ခွင့်လွှတ်ပေးပါလို့တောင်းဆိုရင်း