သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၅၁)

1.2K 250 26
By Ling____

ယွီယန်မြို့သည် ယွီကျိုးကျွန်းစီရင်စု၏မြို့တော်ဖြစ်သည်။ ယုံအန်းမြို့တွင် ဆောင်းဝင်လာပြီဖြစ်သော်ငြား အပူလျော့ပိုင်းဒေသဖြစ်သော ယွီယန်မြို့မှာမူ ပူပြင်းခြောက်သွေ့သော နွေခေါင်ခေါင်ရာသီဥတုအတွင်း၌သာရှိနေဆဲဖြစ်သည်။

ယွီယန်မြို့သစ်ဧရိယာအတွင်းရှိ အသင့်စားအစားအသောက်များကိုရောင်းချသောစားသောက်ဆိုင်လေးတစ်ခုမှာ သိပ်မကြာသေးခင်ရက်ပိုင်းအတွင်း အင်တာနက်ပေါ်တွင်နာမည်ကျော်ကြားရေပန်းစားလာသည်။ အလုပ်ပိတ်ရက်ကျောင်းပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့ မနက်ပိုင်းအချိန်များတွင် အလုပ်မရှိဘဲပျင်းရိငြီးငွေ့နေကြသောလူငယ်လူရွယ်လေးများသည်ကား မနက်စာနှင့်နေ့လယ်စာကိုပေါင်းစားရန်အလို့ငှာ ဆိုင်အပြင်ဘက်တွင်တန်းစီစောင့်ဆိုင်းနေလေ့ရှိကြသည်။ ဆိုင်ရှင်သူဌေးဖြစ်သူသည်ကား ဆိုင်ပေါက်ဝတွင်ရပ်ကာ လက်မှတ်တန်းစီရာ၌အသုံးပြုသည့်စက်ပစ္စည်းတစ်လုံးပမာ ဧည့်သည်တော်များကို ပျော်ရွှင်မြူးတူးစွာဧည့်ခံကြိုဆိုနေရင်း သူ့ဆိုင်၏အဖိုးတန်ရတနာလေးကို ခိုးကြည့်လိုက်လေသည်__လွန်ခဲ့သောနှစ်ရက်ခန့်က ဆံနွယ်ရှည်များနှင့်အမျိုးသားတစ်ယောက် သူ့ဆိုင်သို့ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ဆိုင်ပြတင်းပေါက်မှန်မှတဆင့် ဖက်တီးပုတ်ငှက်လေးတစ်ကောင်က လိပ်ပြာလေးတစ်ကောင်နောက်သို့လိုက်နေသော ဆိုင်တွင်းရှိအလှဆင်ပစ္စည်းတစ်ခုကိုအချိန်အတန်ကြာငေးမောကြည့်ရှုနေခဲ့လေသည်။ ဆိုင်ရှင်ဖြစ်သူသည်ကား ခေါင်းမော့အကြည့်တွင် ထိုသူနှင့်အမှတ်မထင်အကြည့်ချင်းဆုံသွားရှာပြီး ထိုသူ၏မျက်ဝန်းများကြောင့် တဒင်္ဂမျှအသက်ရှူရပ်မတတ်ဖြစ်သွားရှာ၏။ ခေတ္တခဏကြာသောအခါတွင်မှ ဆိုင်ရှင်မှာသတိပြန်ကပ်သွားပြီး ဆိုင်ပြင်သို့အပြေးတပိုင်းထွက်လာကာ အဆိုပါဧည့်သည်တော်အား ဆိုင်ထဲသို့လာရောက်ထိုင်လိုက ထိုင်နိုင်ပါကြောင်းဖိတ်ကြားလိုက်သည်။

အဆိုပါအမျိုးသားသည်ကား သူ့တွင် ပိုက်ဆံတပြားတချပ်မှမပါကြောင်း၊ ဖုန်းလည်းမရှိကြောင်း၊ သို့သော် ယွီယန်တွင် ခေတ္တခဏတည်းခိုနေထိုင်လိုကြောင်းတို့ကို ချက်ချင်းဆိုသလို ပွင့်ပွင့်လင်းလင်းပင်ဝန်ခံပြောကြားလာသည်။ ဤဆိုင်တွင် ရက်အနည်းငယ်တည်းခိုလို့ရနိုင်၊ မရနိုင်ကိုမေးမြန်းလာပြီး ဆိုင်တွင်းရှိအလုပ်ကိစ္စများကိုလည်း သူကူညီလုပ်ကိုင်ပေးနိုင်ကြောင်း ပြောကြားလာသည်။

၎င်းသည်ကား ထိုစကားကိုပြောကြားချိန်၌ အနည်းငယ်မှပင်ရှက်ရွံ့ကြောက်လန့်နေခြင်းအလျဉ်းမရှိပါချေ။ မသိလျှင် ထမင်းစားရန်ပိုက်ဆံမရှိသည့်ကိစ္စမှာ သူ့အတွက်ရယ်ရွှင်စရာကောင်းသောကိစ္စတစ်ခုသာဖြစ်ပြီး လုံးဝကိုရှက်စရာကောင်းသောကိစ္စတစ်ရပ်မဟုတ်သည့်နှယ်။

များသောအားဖြင့် ထိုကဲ့သို့သောလူမျိုးမှာ လူလိမ်တစ်ယောက် သို့မဟုတ် စိတ်မနှံ့သူတစ်ယောက်သာဖြစ်နိုင်သည်။ သို့သော် ဆိုင်ရှင်ဖြစ်သူသည်ကား ၎င်းအားအကဲခတ်ကြည့်ရှုလိုက်ချိန်တွင်မူ အနှီဧည့်သည်တော်၏စကားအပြောအဆိုမှာ အစီအစဉ်တင်ဆက်သူတစ်ဦးနှင့်တူလှပြီး သူ၏ပုံပန်းသွင်ပြင်မှာလည်း အတော်လေးကိုတမူထူးခြားကွဲထွက်နေကြောင်းတွေ့ရှိလိုက်ရသည်__အထူးသဖြင့် မျက်စိကျိန်းလောက်အောင် ရှည်လျားလွန်းသောဆံနွယ်များကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်ရာ ဆိုင်ရှင်ဖြစ်သူမှာ ဖြစ်နိုင်ချေမရှိသောအကြောင်းရင်းများကိုပယ်ထုတ်လိုက်ပြီးနောက်တွင်တော့ နောက်ဆုံး၌ကောက်ချက်ချလိုက်သည်မှာ__ထိုသူသည်ကား 'Reality Show တစ်ခု၏အစီအစဉ်တင်ဆက်သူ' တစ်ဦးဖြစ်နိုင်သည်ဟူသတတ်!

ဤသည်ကား အခမဲ့ကြော်ငြာသကဲ့သို့ပင်။ အကယ်၍ အဆိုပါအစီအစဉ်နာမည်ကြီးသွားပါက တစ်နိုင်ငံလုံးရှိလူများသည်ကား သူတို့ကိုမြင်တွေ့သွားကြမည်ဖြစ်သည်။ ထိုကဲ့သို့သောအခွင့်အရေးမျိုးကို သူ နောက်ထပ်မည်သည့်နေရာတွင်ရှာတွေ့နိုင်ပါမည်နည်း?

သို့ဖြစ်ရာ ဆိုင်ရှင်ဖြစ်သူသည်ကား ပျော်တပြုံးပြုံးနှင့်ပင် သဘောတူလိုက်သည်။ သူ၏သဘောတူခွင့်ပြုချက်မှာ အလွန်တရာမြန်ဆန်လွန်းလှသောကြောင့် တည်းခိုမည့်ထိုသူသည်ပင် အမှန်တကယ်အံ့အားသင့်သွားခဲ့ရလေသည်။ ဒေသခံပြည်သူများမှာ ဤမျှလောက်သဘောကောင်းကြလိမ့်မည်မှန်း သူ ထင်မှတ်မထားသည့်နှယ်။

ရက်သတ္တပတ်တစ်ပတ်ခန့်ကြာပြီးသွားချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူမှာ အနှီဧည့်သည်၏ရိုက်ကူးရေးအဖွဲ့သားများကို ယခုအချိန်ထိမတွေ့ရသေးသည့်အတွက် အနည်းငယ်ဇဝေဇဝါဖြစ်လာရလေတော့သည်။ သို့ပေသိ ၎င်းမှာ ထိုသူကိုတည်းခိုခွင့်ပြုပေးခဲ့ခြင်းအပေါ်တွင် နောင်တရခြင်းမျိုးမရှိပါချေ။ အဆိုပါဧည့်သည်မှာ သူ့ကိုမည်သည့်အနှောင့်အယှက်မှမပေးသောကြောင့်ပင်ဖြစ်သည်__ပထမဆုံးနေ့ ဆိုင်မဖွင့်ခင်နံနက်အစောပိုင်းမှာပင် ထိုသူသည်ကား ဆိုင်ရှင်၏အိမ်ထဲတွင်ရှိသော ဖုန် (၂) လက်မခန့်တက်နေသည့် မြေထည်ဖြင့်ပြုလုပ်ထားသော ရွှင်းတူရိယာကိုတွေ့ရှိသွားခဲ့သည်။ သူက ထိုအရာကိုယူကာ သန့်ရှင်းရေးပြုလုပ်လိုက်ပြီးသော် တံခါးပေါက်ဝ၌ထိုင်ကာ အသံစမ်းသည့်အနေဖြင့် တေးသီချင်းတစ်ပုဒ်စနှစ်ပုဒ်စကို အစမ်းတီးမှုတ်ကြည့်လိုက်သည်။ တိုက်ဆိုင်ခြင်းပင်လော သို့တည်းမဟုတ် ထိုသူမှာ မည်သို့သောနှစ်သက်ဖွယ်ရာအရိပ်အသက်များကိုသယ်ဆောင်ထားသည်မသိ၊ များမကြာမီပင် သူ၏တေးသီချင်းသံကိုနားဆင်ရန်အလို့ငှာ ကျေးငှက်သာရကာများသည်ကား လမ်းဘေးဝဲယာတစ်လျှောက်နှင့် အိမ်ခေါင်မိုးများပေါ်သို့အပြည့် ဆင်းသက်နားလာကြလေတော့သည်။

အဆိုပါပရိတ်သတ်လေးများသည်ကား ရုပ်ရှင်ရုံရှိပရိတ်သတ်များထက်ပင် ပို၍စနစ်ကျကာယဉ်ကျေးမှုရှိလှပေသည်။ ၎င်းတို့သည်ကား ရောက်လာသည့်အစဉ်အတိုင်းပင် တစ်ကောင်နှင့်တစ်ကောင် ညီညာသပ်ရပ်စွာတန်းစီနေကြပြီး ကျီကျီကျာကျာအော်ဟစ်မြည်ကြွေးခြင်းများ မပြုလုပ်ကြသည့်အပြင် တေးသီချင်းသံစဉ်အတွင်းနစ်မြောနေရင်း ရံဖန်ရံခါခေါင်းလေးတလှုပ်လှုပ်နှင့်လိုက်လံ၍ကခုန်နေကြသေးသည်။ ထိုမြင်ကွင်းသည်ကား ကင်မရာပေါင်းမြောက်များစွာကိုဆွဲဆောင်ဖမ်းစားနိုင်ခဲ့လေတော့သည်။ ထိုနေ့တစ်ရက်တည်းမှာပင် ဆိုင်၏ဝင်ငွေမှာနှစ်ဆမြင့်တက်သွားခဲ့ပြီး ထိုနေ့ညတွင်မူ 'ယွီယန်တွင် ရွှင်းတီးမှုတ်နေသော ရှောင်ကောကော' ဟူသည့်သတင်းအကြောင်းအရာမှာ အင်တာနက်စာမျက်နှာများပေါ်တွင်ရေပန်းစားသွားခဲ့လေတော့သည်။ ဆိုင်ရှင်ဖြစ်သူသည်ကား ငွေတစ်ပြားတစ်ချပ်မှမသုံးလိုက်ရပါဘဲ သူ၏ဆိုင်လေးမှာ အင်တာနက်ပေါ်တွင် ဟိုးလေးတကြော်ကြော်ဖြစ်ကာ နာမည်ကျော်ကြားသွားခဲ့ပြီး လူထုအတွင်းရေပန်းစားသော Check-in နေရာတစ်ခုဖြစ်လာခဲ့လေသည်။ ဆိုင်ရှင်ဖြစ်သူခမျာ ပျော်လွန်းသဖြင့် ပါးစပ်မှာနားရွက်သို့တက်ချိတ်တော့မယောင်။

ရက်အနည်းငယ်ကြာပြီးနောက်တွင်မူ အနှီထူးဆန်းသောဧည့်သည်တော်မှာ ရွှင်းကိုတီးမှုတ်ခြင်းမပြုတော့ဘဲ မည်သည့်နေရာမှရှာတွေ့လာမှန်းမသိသော သစ်သားထွင်းသည့်ဓားအသေးလေးတစ်လက်ဖြင့် ဆိုင်သို့လာရောက်သောဧည့်သည်များအား တိရစ္ဆာန်အရုပ်လေးများကိုထွင်းဆစ်ပေးနေတော့သည်။ ရံဖန်ရံခါတွင်လည်း လူငယ်လေးများအား မရယ်ရသောဟာသပြက်လုံးများကိုပြောဆိုတတ်သေးသည်။ ဥပမာအားဖြင့်__

"ရှောင်ကောကော....ကျွန်မကို Labrador တစ်ကောင်ပုံ ထွင်းပေးနော်"

"Labrador ဆိုတာ ဘယ်လိုထူးဆန်းတဲ့သတ္တဝါကြီးလဲ?"

ဤကဲ့သို့ အခြားလူများက နားထောင်ပြီးသွားလျှင် 'သည်လူက ရူးနေတာများလား' ဟူ၍ထင်မှတ်သွားစေနိုင်သောစကားမျိုးဖြစ်သည်။

(T/N

Labrador Retriever ဆိုတာ British မျိုးရင်းဖြစ်တဲ့ အာဝုလေးတွေကိုပြောတာပါ)


သို့သော် ထိုအမျိုးသားထံတွင် လူများ၏အသည်းနှလုံးကိုကိုင်လှုပ်နိုင်သော အထူးတလည်နှစ်လိုဖွယ်ရာကောင်းလှသည့်မျက်ဝန်းတစ်စုံရှိသည်__သူက အခြားလူများအား ထိုမျက်ဝန်းများဖြင့်ကြည့်လိုက်ချိန်ဝယ် သူတို့နှစ်ယောက်ကြားရှိစကားအသွားအလာအပြောအဆိုမှာ မည်မျှပင် ကကျိုးကကြောင်နိုင်နေပါစေ၊ ထိုသူသည်ကား မိမိကိုနှစ်သက်သဘောကျသောကြောင့်သာ ဤကဲ့သို့ ကသိကအောက်ဖြစ်စွာနှင့်ပင် မိမိနှင့်အတူ ပို၍အချိန်ကြာကြာစကားပြောဆိုနေခြင်းဖြစ်မည်ဟု တစ်ဖက်လူမှာ အထင်မှားသွားတတ်၏။ ၎င်းတို့မှာ သူ၏ညှို့ယူဖမ်းစားမှုများအောက်ဝယ် သူတို့အမှန်တကယ် ဘာအကြောင်းအရာကိုပြောဆိုနေကြသလဲဆိုတာကို မေ့လျော့သွားသည်အထိပင်။

သူဌေးဖြစ်သူသည်ကား အတော်လေးကိုလိမ္မာပါးနပ်သူတစ်ဦးဖြစ်သည်။ ၎င်းမှာ ထိုအရူးများကို မည်မျှလှည့်စားရလွယ်ကူကြောင်းသဘောပေါက်သွားသည်နှင့်တပြိုင်နက် ဆိုင်ရှေ့တွင်ဆိုင်းဘုတ်တစ်ခုကိုချိတ်ဆွဲထားလိုက်လေတော့သည်။

"ယွမ် (၂၀၀) ဖိုးသုံးစွဲကာ WeChat တွင် Like အခု (၃၀) စုဆောင်းပြီး သင်ကြိုက်နှစ်သက်ရာ သစ်သားလက်မှုပစ္စည်းတစ်ခုကို အခမဲ့ရယူလိုက်ပါ" ဟူ၍။

များမကြာမီပင် ဆိုင်ရှေ့တွင်တန်းစီနေသောလူတန်းကြီးမှာ ရှည်လျားသထက်ရှည်လျားလာတော့သည်။

"ရှောင်ကောကော....လူပုံတွေကိုရောထွင်းတတ်လားဟင်? ဒီကိုကြည့်...ကင်မရာကိုကြည့်ပါဦး...တစ်ချက်လောက်ပြုံးလိုက်....ဘုရားရေ...ရှင့်ဓာတ်ပုံကအချောပြန်ပြင်ဖို့တောင်မလိုဘူးပဲ__ကျွန်မကို လူရုပ်တစ်ရုပ်လောက်လုပ်ပေးလို့ရမလား?"

ထူးခြားဆန်းကြယ်သောဧည့်သည်ဖြစ်သူသည်ကား သူမ၏ကင်မရာကိုကြည့်ကာ သဘောမနောကောင်းစွာဖြင့်တစ်ချက်မျှပြုံးပြလိုက်ပြီးသော် သူမ၏တောင်းဆိုချက်ကို အသာအယာပင်ငြင်းဆန်လိုက်သည်။

"လူရုပ်တွေဟာ အသက်ဝိညာဉ်ရှိကြတယ်၊ ဒါကြောင့် သူတို့ကို ကိုယ့်သဘောဆန္ဒအလျောက် အပြောင်အပြက်မလုပ်တာအကောင်းဆုံးပဲ၊ တခြားလိုချင်တဲ့ပုံစံများရှိသလား?"

"စဉ်းစားလို့မရဘူး...တခြားဘာကိုမှအထူးတလည်လိုချင်တာမျိုးလည်းမရှိဘူး"

မိန်းမပျိုလေးသည်ကား သူ့မျက်နှာနှင့်လက်များအတွက် အကောင်းဆုံးရိုက်ချက်ရှုထောာင့်မြင်ကွင်းကို ရှာဖွေနေရင်း သူမ၏ 'အနုသုခုမဇာတ်လမ်း' တစ်ပုဒ်အတွက် စိတ်ရောကိုယ်ပါနှစ်ကာ အာရုံစူးစိုက်လျက်ရိုက်ကူးရေးလုပ်လို့နေသည်။ သူမက အမှုမဲ့အမှတ်မဲ့ပြောလာသည်။

"ဒါမှမဟုတ်ရင်လည်း ရှင့်စိတ်ကြိုက် ထွင်းချင်တာတစ်ခုခုထွင်းပေးလိုက်ပါ...ကြည့်ကောင်းရင်ပြီးရော"

သို့ဖြစ်ရာ ထူးဆန်းသောဧည့်သည်တော်သည်ကား သူ့ဘာသာသူတွေးတောကြံဆလိုက်ပြီးသော် တုံ့ဆိုင်းတွေဝေခြင်းအလျဉ်းမရှိဘဲ ခပ်မြန်မြန်ထွင်းထုလိုက်သည်။ များမကြာမီမှာပင် အတောင်ပံတဖျပ်ဖျပ်ခတ်ကာ ဝေဟင်ထက်သို့ပျံသန်းတော့မည့် အသက်ဝင်လှသော သစ်သားလိပ်ပြာတစ်ကောင်၏ရုပ်လုံးပုံသဏ္ဌာန်ပေါ်ပေါက်လာသည်__ ဤသို့ဖြင့် ၎င်းမှာ ဧည့်သည်များက အထူးတလည်တောင်းဆိုချက်မျိုးမရှိသရွေ့ကတော့ များသောအားဖြင့် လိပ်ပြာပုံများကိုသာအလိုအလျောက်ထွင်းထုပေးတတ်ပြီး ဧည့်သည်များကအခြားအရာဝတ္ထုများကိုတောင်းဆိုလာချိန်တွင်မူ ရံဖန်ရံခါတစ်ထောက်မျှရပ်နားကာ ပြန်လည်စဉ်းစားလေ့ရှိသည်__လိပ်ပြာရုပ်များကိုသာလျှင် ၎င်းမှာ အထူးတလည်တွေးတောစဉ်းစားနေရန်မလိုအပ်တာဖြစ်သည်။ မိမိမှာ နှစ်ပေါင်းများစွာကြာအောင် လက်ရည်သွေးလေ့ကျင့်ထားသူတစ်ယောက်အလား လိပ်ပြာပုံများကိုမူ အလွယ်တကူထွင်းထုနိုင်တာပဲဖြစ်သည်။ အဆိုပါလိပ်ပြာများသည်ကား ဆိုင်ထဲ၌အလှဆင်ထားသော လိပ်ပြာကလေး၏ပုံစံနှင့် အနည်းငယ်ဆင်တူနေသယောင်။

လူတစ်ယောက်သည်ကား အဆိုပါပစ္စည်းကိုကြည့်ကာ စိတ်ကူးစိတ်သန်းရသွားပြီး လိပ်ပြာတစ်ကောင်နောက်သို့လိုက်နေသော ငှက်ကလေးတစ်ကောင်ပုံစံမျိုးထွင်းပေးနိုင်မလားဟူ၍ သူ့ကိုမေးလာသည်__ဝဝဖိုင့်ဖိုင့်နှင့်ပျော်ရွှင်မြူးတူးနေသော ငှက်ကလေးတစ်ကောင်ပုံစံမျိုးဖြစ်သည်။ သို့သော် ၎င်းမှာ မည်သည့်ဆင်ခြေကိုမှမပေးဘဲ ထိုတောင်းဆိုချက်ကိုငြင်းပယ်လိုက်ပြီး 'ငှက်ပုံစံကိုမလုပ်တတ်ပါ' ဟူ၍သာ ခပ်ပြုံးပြုံးပြောဆိုလိုက်သည်။

သို့နှင့် ဆိုင်ရှင်ဖြစ်သူမှာလည်း သူ၏ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် မှတ်ချက်စာသားတစ်ကြောင်းထပ်မံဖြည့်စွက်ရေးသားလိုက်ရလေတော့သည်။

"လူပုံနှင့်ငှက်ပုံမှလွဲ၍" ဟူသတည်း။

ဆိုင်အပေါက်ဝတွင်တန်းစီနေသောလူတန်းကြီးမှာ တစထက်တစရှည်လျားလာပြီး အခြားသောစီရင်စုမြို့မှရောက်ရှိလာသည့်ဂျစ်ကားတစ်စီးခမျာ အချိန်အတော်ကြာအောင်လမ်းပိတ်နေရှာတော့သည်။ ယာဉ်မောင်းဖြစ်သူမှာ ထိုနေရာကိုမည်သို့မျှဖြတ်သန်းမောင်းနှင်ရန်မဖြစ်နိုင်ကြောင်းတွေ့မြင်လိုက်ရသောအခါ ကားမှန်ပြတင်းကိုချကာ အပြင်ဘက်သို့ကြည့်ရှုလိုက်ပြီးနောက် ကားရှေ့ခန်းတွင်ထိုင်နေသောအမျိုးသားတစ်ယောက်ကိုပြောလိုက်သည်။

"ကားက အသေပိတ်နေပြီ၊ မစ္စတာနျန်...ကျွန်တော်တို့ တခြားလမ်းလွှဲကနေသွားမှရတော့မယ်"

ထိုအခိုက်မှာပင် ဆိုင်အပေါက်ဝ၌ထိုင်နေရင်း သစ်သားရုပ်ပုံလေးများကို ထွင်းထုပေးနေသည့်အမျိုးသားမှာ ခေါင်းမော့လာပြီး လူအုပ်ကြီးကိုထွင်းဖောက်ကာ အဆိုပါကားကိုလှမ်းကြည့်လိုက်ရင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

မူလအစက မျက်လုံးများကိုမှိတ်စက်ကာအနားယူနေသော မစ္စတာနျန်___ယန်းချိုးရှန်းမှာ သူ့လည်တိုင်နောက်ဘက်သို့ ရုတ်တရက်ဆန်တက်လာသော အေးစိမ့်သည့်ခံစားချက်တစ်မျိုးကိုခံစားလိုက်ရ၏။ သူက သူ့မျက်လုံးများကိုချက်ချင်းဖွင့်လိုက်ပြီး ကားပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ အကြည့်များမှာ ဓားသွားတစ်လက်ပမာစူးရှနေလျက်။

ယွီယန်၏ရင်သတ်ရှုမောဖွယ်ရာကောင်းလှသော ဆည်းဆာနေရောင်ခြည်အောက်တွင်နစ်မြုပ်ဝင်နေသော ထိုနေရာတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေသောဆယ်ကျော်သက်လူငယ်များဖြင့်ပြည့်နှက်လို့နေသည်။ အင်တာနက်ပေါ်တွင်ရေပန်းစားနေသော အဆိုပါဆိုင်ရှေ့တွင်စုပြုံနေကြသည့် မိန်းကလေးများနှင့်ယောကျ်ားလေးများသည်ကား တူညီသောဖက်ရှင်ဒီဇိုင်းတစ်မျိုးတည်းကိုဝတ်ဆင်ထားကြ၏။ ၎င်းတို့မှာ အလယ်တန်းကျောင်းတုန်းက ကျောင်းဝတ်စုံကိုလုံလုံလောက်လောက်မဝတ်ဆင်ခဲ့ရသောကြောင့်လားမသိ၊ ဘွဲ့ရပြီးနှစ်အတော်ကြာပြီးနောက်တွင် 'နာမည်ကြီးတံဆိပ်များ'၊ 'နာမည်ကြီးရှူးဖိနပ်များ' နှင့် 'နာမည်ကြီးကျောက်မျက်ရတနာများ' ကို မသိလိုက်မသိဘာသာဖြင့် လူတိုင်းလိုလိုဝတ်စားဆင်ယင်ထားကြလေတော့သည်။ ဆံပင်ပုံစံများသည်ပင် တစ်ယောက်နှင့်တစ်ယောက်အတူတူဖြစ်နေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနှီလှုပ်လှုပ်ရွရွဖြစ်နေသည့်လူအုပ်ကြီးသည်ကား *သူရဲကောင်းအမျိုးသမီးမိခင်တစ်ဦးတည်းထံမှ ဖွားမြင်ထားသူများပမာ။

(T/N

*သူရဲကောင်းမိခင်---ဆိုဗီယက်ပြည်ထောင်စုတွင် ကြီးမားသောမိသားစုကိုပြုစုပျိုးထောင်ခဲ့ကြသော မိခင်များအားဂုဏ်ပြုသောဘွဲ့အမည်နာမတစ်ခုဖြစ်သည်။)

"ဘာဖြစ်လို့လဲ?"

ကားနောက်ခန်းရှိလူတစ်ယောက်က မေးလာသည်။

အဆိုပါကားမှာ လူငါးယောက်ဆန့်သောဂျစ်ကားတစ်စီးဖြစ်သည်။ ယာဉ်မောင်းနှင့်ယန်းချိုးရှန်းတို့နှစ်ယောက်သည်ကား ကားရှေ့ခန်းတွင်ထိုင်နေတာဖြစ်ပြီး ကားနောက်ခန်းတွင်မူ အမျိုးသားနှစ်ယောက်နှင့် 'အမျိုးသမီး' တစ်ယောက်တို့မှာ ကြပ်ကြပ်ညပ်ညပ်ထိုင်နေကြတာဖြစ်သည်။

အမျိုးသမီးဖြစ်သူသည်ကား ယွီဘွားဘွား၏အစေခံဖြစ်သော အမျိုးသမီးရုပ်သေးရုပ်ပင်တည်း။ လင်းထိန်တောက်ပနေသော နေ့ခင်းကြောင်တောင်အချိန်၌ သူမ၏မျက်နှာပေါ်ရှိအစင်းကြောင်းအရာများမှာ အလွန်တရာသိသာထင်ရှားနေသည့်အတွက် ၎င်းမှာ မည်သို့မျှမတတ်သာဘဲ ခပ်ထူထူပုဝါစတစ်စဖြင့် သူ့မျက်နှာကိုဖုံးနိုင်သလောက်ဖုံးကာထားနေရရှာသည်။ သူမ၏ဘေးတစ်ချက်တစ်ဖက်တွင်မူ အမျိုးသားနှစ်ယောက်ထိုင်နေသည်__သူမ၏ဘယ်ဘက်တွင်ထိုင်နေသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး ထိုသူ၏ဝိုင်းစက်ပြူးကျယ်နေသောမျက်လုံးနှစ်လုံးမှာ နောက်ကျိသောအဖြူရောင်အတွင်းတိမ်တို့ဖြင့်ဖုံးလွှမ်းခံထားရသည်။ သူမ၏ညာဘက်ရှိအမျိုးသားမှာမူ မျက်နှာတပြင်လုံးတွင်အနီရောင်မီးလောင်ဒဏ်ရာအမာရွတ်များဖြင့်ပြည့်နှက်နေပြီး သူ၏ယောင်ကိုင်းဖောင်းကားနေသောအရေပြားမှာ အသားကင်ဗန်းပေါ်တွင်အကင်ခံထားရသည့် သုံးထပ်သားပြားနှင့်တစ်ထပ်တည်းဆင်တူနေသယောင်။

ထိုလူသုံးယောက်လုံးအား သေသေချာချာအသေးစိတ်ကြည့်ရှုလိုက်မည်ဆိုပါက ကြည့်ချင်စရာတစ်ကွက်မှမရှိပါချေ။ ထိုမေးခွန်းကိုကြားသောအခါ ယာဉ်မောင်းဖြစ်သူမှာ ကားနောက်ခန်းသို့အမှတ်တမဲ့လှည့်ကြည့်လိုက်မိပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးမွေးညင်းများကဆုန်ပေါက်ခုန်ထွက်သွားရှာ၏__၎င်းမှာ ကားနောက်ကြည့်မှန်ကို ချက်ချင်းပင် အင်္ဂတေကိုင်ပစ်လိုက်ချင်စိတ်များတဖွားဖွားဖြစ်ပေါ်လာတော့သည်။

"ဘာမှမဖြစ်ပါဘူး"

ယန်းချိုးရှန်းက သူ့နဖူးပြင်ထက်သို့ပင့်တင်ထားသော နေကာမျက်မှန်ကိုအောက်သို့ပြန်ချကာပြောလိုက်သည်။

"ဘယ်လောက်လိုသေးလဲ?"

"ရှေ့နားတင်ရောက်တော့မှာပါ"

ယာဉ်မောင်းဖြစ်သူက ခပ်သွက်သွက်ပြန်ဖြေလိုက်သည်။

"အားလုံးကိုသေသေချာချာစီစဉ်ထားပြီးပါပြီ၊ ဒီနှစ်ရက်အတွင်းမှာ ဧည့်သည်ဆိုလို့ ကျွန်တော်တို့တတွေပဲရှိမှာပါ။ တခြားလူတွေရှိမှာမဟုတ်ပါဘူး....သူတို့ရဲ့သူဌေးကလည်း ကျွန်တော်တို့ဘက်ကလူပဲဆိုတော့__ပါးစပ်ပိတ်"

ယာဉ်မောင်းမှာပြောရင်းဆိုရင်းမှာပင် အင်တာနက်ပေါ်တွင်ရေပန်းစားနေသောဆိုင်ကို အတော်လေးခက်ခက်ခဲခဲကွေ့ပတ်မောင်းနှင်သွားလိုက်ရသည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည်ကား မီတာသုံးရာအကွာအဝေးတွင်ရှိသော အသေးစားဟိုတယ်လေးတစ်လုံး၏အရှေ့ဘက်သို့ရောက်ရှိသွားကြလေသည်။ ယာဉ်မောင်းက ကားဟွန်းတီးလိုက်သောအခါ ဂိတ်တံခါးမှာ ရုတ်ခြည်းပွင့်သွားပြီးနောက် ကားမှာ အတွင်းဘက်သို့တိုက်ရိုက်မောင်းနှင်ဝင်ရောက်သွား၏။ ထို့နောက်တွင်မူ အစောင့်တစ်ဦးမှာ ခေါင်းပြူထွက်လာပြီး ဘေးဘီဝဲယာသို့ခိုးကြောင်ခိုးဝှက်ဖြင့် ဟိုကြည့်သည်ကြည့်လုပ်လိုက်သည်။ ထို့နောက် မည်သူမှသတိမထားမိခင်မှာပင် 'ဧည့်သည်ပြည့်ပြီ' ဟူသည့်သစ်သားဆိုင်းဘုတ်ကို အလျင်အမြန်ချိတ်ဆွဲလိုက်ကာ သူ့ဦးခေါင်းကိုနောက်သို့ပြန်လည်ရုတ်သိမ်းလိုက်သည်။

"ဆရာ...ကျွန်တော် အိတ်တွေကူသယ်ပေးပါရစေ..."

"မလိုဘူး"

ယန်းချိုးရှန်းက အစောင့်ဖြစ်သူကိုဟန့်တားလိုက်၏။

"ငါ့ဘာသာငါသယ်မယ်__မြွေအရေခွံ...ဒီကိုလာကူပေးဦး"

မျက်နှာတပြင်လုံးအမာရွတ်များဖြင့်ပြည့်နှက်နေသူက အသံတစ်ချက်ပြုကာတုံ့ပြန်လိုက်သည်။ ယန်းချိုးရှန်း၏ဦးဆောင်မှုနောက်တွင် ၎င်းတို့သည်ကား ကားထဲမှခရီးဆောင်အိတ်ကြီးအမြောက်အမြားကိုထုတ်ယူလိုက်ကြသည်။ ထိုအိတ်များထဲတွင် မည်သည့်ပစ္စည်းများထည့်ထားသည်မသိ၊ ခရီးဆောင်အိတ်များမှာ လေးလံလွန်းသဖြင့် သယ်မ, လို့ပင်မနိုင်သယောင်။ အစောင့်ဖြစ်သူမှာ ဘေးတစ်ဖက်တွင်ရပ်နေရင်း မနေနိုင်မထိုင်ဖြစ်စွာဖြင့် သူတို့ကိုလုပ်နေသမျှကိုစူးစိုက်ကြည့်ရှုနေမိလေသည်။ ရုတ်တရက် ၎င်းမှာ တစ်စုံတစ်ခုကိုခံစားလိုက်ရသည့်နှယ် ခေါင်းကိုနောက်လှည့်ကြည့်လိုက်သည်__ထိုအခါ သူ့ကို တည့်တည့်တန်းတန်း 'စူးစိုက်ကြည့်ရှု' နေသော မျက်မမြင်လူကြီး၏အဖြူရောင်မျက်လုံးများနှင့် တေ့တေ့ဆိုင်ဆိုင်အကြည့်ချင်းဆုံသွားရှာ၏။

အစောင့်ဖြစ်သူခမျာ တစ်ကိုယ်လုံးတုန်တက်သွားပြီး ကြက်သီးမွေးညင်းများပင် သုံးလက်မခန့်ထောင်တက်သွားရှာတော့သည်။

မျက်မမြင်လူကြီးသည်ကား ပြုံးလိုက်ပြီး အသံကိုနှိမ့်ကာပြောလာသည်။

"မင်းကို ငယ်ငယ်တုန်းက လူကြီးတွေသင်မထားဘူးလား....မကြည့်သင့်တဲ့အရာတွေကို မကြည့်ရဘူးလို့လေ"

ထိုအခိုက်မှာပင် မျက်မမြင်လူကြီး၏အရိပ်သဏ္ဌာန်သည်ကား လှစ်ခနဲပင် အစောင့်ဖြစ်သူ၏ရှေ့တည့်တည့်သို့ရောက်ရှိလာ၏။ အစောင့်ခမျာ အလွန်အင်မတန်ထိတ်လန့်ချောက်ချားသွားရှာပြီး ခြေထောက်များပျော့ခွေကာ မြေကြီးပေါ်သို့ဖင်ထိုင်လျက်လဲကျသွားတော့မလိုပင်ဖြစ်သွားရှာတော့သည်။

ယန်းချိုးရှန်းက အေးတိအေးစက်ဖြင့်သတိပေးလိုက်သည်။

"ယင်ယိ"

မျက်မမြင်လူကြီးသည်ကား ထိုအခါမှသာလျှင် အနောက်သို့ခြေတစ်လှမ်းဆုတ်သွားပြီး ညစ်ကျယ်ကျယ်ပြုံးရယ်လိုက်ကာ လက်တစ်ဖက်ကိုဆန့်တန်းလျက် အစောင့်ဖြစ်သူအား ဟန်ဆောင်ပန်ဆောင်ဖြင့် ထူမ,ပေးဟန်ပြုလုပ်လိုက်သည်။

"သေချာရပ်မှပေါ့"

အစောင့်ဖြစ်သူခမျာ သူ့အကြံဉာဏ်ကိုလက်ခံလိုက်ရှာသည်__၎င်းမှာခြေထောက်နှစ်ချောင်းတည်းဖြင့်ရပ်လျှင် ခြေမခိုင်မှာစိုးသည့်အလား လက်ရောခြေရောလေးဖက်လုံးထောက်ကာ ထိုနေရာမှ သုတ်သီးသုတ်ပြာဖြင့်ထွက်ပြေးသွားရှာတော့သည်။

အနှီထူးဆန်းသောဧည့်သည်တော်များသည်ကား ခရီးဆောင်အိတ်ကြီးများကို ယန်းချိုးရှန်း၏အခန်းတွင်းသို့သယ်ဆောင်သွားကြပြီး အခန်းတံခါးကိုခိုးကြောင်ခိုးဝှက်ပိတ်လိုက်ကြလေသည်။

မျက်နှာတပြင်လုံးအမာရွတ်များဖြင့်ပြည့်နှက်နေသော မြွေအရေခွံသည်ကား ပစ္စည်းများကိုစစ်ဆေးရန်အလို့ငှာ အိတ်များကိုဖွင့်လိုက်ချိန်ဝယ် အခန်းတွင်း၌ ရုတ်တရက်ပြိုးပြိုးပြက်ပြက်လင်းထိန်တောက်ပသွားလေတော့သည်။ ခရီးဆောင်အိတ်အချို့အတွင်း၌ အမျိုးအစားစုံလင်လှသောကျောက်မျက်ရတနာပစ္စည်းများအပြည့်ရှိနေ၏။ မြွေအရေခွံက ဇစ်ကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် သန္တာကျောက်မျက်များဖြင့်ပြုလုပ်ထားသည့်ပုလဲပုတီးကုံးများမှာ အပြင်သို့လိမ့်ထွက်ကျလာသည်။ ထိုအခါ သူ၏လည်မျိုမှာ တုံ့ခနဲလှုပ်ရှားသွားပြီးသော် ၎င်းမှာ အဆိုပါပုလဲပုတီးကုံးများကို အိတ်ထဲသို့ဂရုတစိုက်ပြန်လည်ထည့်သွင်းလိုက်ပြီး မိမိအားသံသယမဖြစ်စေရန်အလို့ငှာ သူ့လက်ကိုအလျင်အမြန်ပြန်လည်ရုတ်သိမ်းလိုက်ကာ စိတ်ထဲ၌တွေးလိုက်သည်။

ဒါတွေက လူသေတွေရဲ့ပစ္စည်းဥစ္စာတွေပဲ၊ အော်မိသော်ဖော...လောဘမကြီးနဲ့...လောဘမကြီးနဲ့

ထိုပစ္စည်းများမှာ ဂူသင်္ချိုင်းများအတွင်းမှ တူးထုတ်လာခဲ့သော 'မြေအောက်ရတနာပစ္စည်းများ' ဖြစ်သည်။ ရှေးယခင်နှစ်ကာလများအတွင်း သေဆုံးသွားခဲ့သော သူဌေးသူကြွယ်များကိုမြှုပ်နှံရာ၌ သူတို့၏အခေါင်းပျဉ်ချပ်များကိုသေသေချာချာသံမှိုမရိုက်ရသေးခင်မှာပင် ဂူသင်္ချိုင်းဖောက်သူများသည်ကား သူတို့၏ရတနာပစ္စည်းများကိုပစ်မှတ်ထားနေကြတာဖြစ်သည်။ မြေအောက်ထဲတွင်ခရီးတစ်ပတ်ပတ်ပြီးနောက် လူသေများ၏ရနံ့များစွဲထင်ကပ်ကျန်နေသည့် ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းထည်များမှာကား ယဇ်ပူဇော်ရာတွင်အသုံးပြုသည့်ပစ္စည်းကောင်းများပင်ဖြစ်လို့နေတော့သည်။

သို့သော် နောက်ဆုံးခရီးဆောင်အိတ်တစ်ခုထဲတွင်မူ ငလျင်ဒဏ်ခံနိုင်သောပစ္စည်းများအပြည့်ရှိနေတာဖြစ်သည်။ ကြီးမားသောဖန်ပုလင်းများထဲတွင်ထည့်ထားသည့် အနီရင့်ရောင်အရည်များဖြစ်သော__ကလေးသွေးများ။

'စစ်မှန်ခြင်းဂိုဏ်း' ၏ ဂိုဏ်းတွင်းမှတ်တမ်းမှတ်ရာများအရ ကောင်းရှန်းလူသားများသည်ကား လူမျိုးတုံးသုတ်သင်သတ်ဖြတ်ခြင်းမခံရသေးခင်အချိန်အထိ ကျေးကျွန်လူတန်းစားတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်သည်။ ကျွန်ပိုင်ရှင်များနှင့် မျိုးရိုးမြင့်အထက်တန်းလွှာလူတန်းစားများသည်ကား အလွန်တရာအသုံးအဖြုန်းကြီးလက်ဖွာလှပြီး လောဘရမ္မက်လည်းကြီးမားကြသူများဖြစ်သည်__၎င်းတို့မှာ ဂမ္ဘီရမှော်အတတ်များကိုကျင့်ကြံလေ့ရှိသလို ကလေးသွေးများကိုလည်းသောက်သုံးတတ်ကြသည်။ ထိုကဲ့သို့ ကလေးသွေးများကိုသောက်သုံးခြင်းအားဖြင့် ထာဝရနုပျိုအသက်ရှည်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြလေသည်။

သေချာပေါက်ကို မြေအောက်ရတနာပစ္စည်းများနှင့် ကလေးသွေးများသည်ကား သူတို့၏အကြိုက်နှင့်ကိုက်ညီသော ယဇ်ပူဇော်သည့်ပစ္စည်းများပင်ဖြစ်သည်။

မြွေအရေခွံသည်ကား ဖန်ပုလင်းများပျက်စီးခြင်းရှိ၊ မရှိကိုစစ်ဆေးနေရင်း ပွစိပွစိရေရွတ်ပြောဆိုလာသည်။

"မစ္စတာနျန်...ခင်ဗျားတို့ဘိုးဘေးတွေရဲ့ အတွေးအမြင်အယူအဆတွေက အတော်လေးကို ခေတ်နောက်ကျနေတာပဲ....အင်း...ဒါကရော ဘာကြီးလဲ?"

၎င်းမှာ ကလေးသွေးများထည့်ထားသောအိတ်အတွင်း၌ပင် မြေထည်ဖြင့်ပြုလုပ်ထားသောသေတ္တာလေးတစ်လုံးကိုတွေ့လိုက်ရသည်။ လမ်းခရီးတစ်လျှောက်လုံးတွင် ကဆုန်ပေါက်လာခဲ့ကြောင့် သေတ္တာလေးပေါ်ရှိချိပ်ပိတ်ထားသောအင်းစာရွက်မှာ အနည်းငယ်ကွာထွက်လုမတတ်ဖြစ်နေခဲ့လေပြီ။ သို့ဖြစ်ရာ မြွေအရေခွံက သေတ္တာလေးကိုကောက်ကိုင်လိုက်သည်နှင့်တပြိုင်နက် အင်းစာရွက်ကို လက်ဖြင့်ပွတ်တိုက်မိကာ စာရွက်မှာကွာထွက်သွားလေတော့သည်။

မြွေအရေခွံက မေးလိုက်သည်။

"အင်းစာရွက်ကွာသွားပြီ...ဘာမှတော့မဖြစ်ဘူးမလား?"

ယန်းချိုးရှန်းက ပြောလိုက်သည်။

"မထိနဲ့...အဲဒါက...."

သူ့စကားမဆုံးခင်မှာပင် ထိုသူ၏သည်းခြေပျက်မတတ်ကျယ်လောင်စူးရှသော အော်ဟစ်သံကိုကြားလိုက်ရလေတော့သည်။ ထိုလူမှာ အတော်လေးကိုလက်ဂဏာမငြိမ်သူဖြစ်၏__ယန်းချိုးရှန်း၏စကားမဆုံးခင်မှာပင် ၎င်းမှာ သေတ္တာကိုဖွင့်လိုက်ပြီဖြစ်ပြီး သေးငယ်သောအနီရောင်ပေါင်ဒါမှုန့်များသည်ကား အပြင်ဘက်သို့မျောလွင့်ထွက်ပေါ်လာတော့သည်။ အဆိုပါအမှုန့်များမှာ အသက်ဝင်နေသည့်နှယ် လူ့အရေပြားနှင့်ထိမိသည်နှင့်တပြိုင်နက် အသားလွှာများအတွင်းသို့ဖောက်ထွင်းသွားကာ ပန်းရောင်အသွေးအရောင်များသည်ကား မြွေအရေခွံ၏လက်ချောင်းများတစ်လျှောက် အထက်သို့ဆန်တက်လို့လာတော့သည်။

"အဲဒါက ရေသူအဆိပ်တွေပဲ...သောက်ရူးရဲ့!"

ယန်းချိုးရှန်းက ရှေ့သို့တက်လာကာ ထကြည့်ရန်ပြင်နေသော မျက်မမြင်လူကြီးကို ဟန့်တားလိုက်သည်။

"သူ့ကိုမထိနဲ့....မဟုတ်ရင် မင်းလည်း သူ့လိုပဲဖြစ်သွားလိမ့်မယ်၊ ငါ့ကိုမီးခြစ်ပေးစမ်း"

မြွေအရေခွံ၏ခန္ဓာကိုယ်ပေါ်ရှိအမာရွတ်များမှာ မီးလောင်ခြင်း သို့မဟုတ် အပူလောင်ခြင်းမှရရှိလာခဲ့သောဒဏ်ရာများဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ မီးတောက်ကိုမြင်လျှင်မြင်ချင်းမှာပင် အလိုအလျောက်နောက်ဆုတ်သွားရှာတော့သည်။ သို့သော်လည်း ယန်းချိုးရှန်းသည်ကား ချက်ချင်းဆိုသလိုပင် သူ့လက်ကောက်ဝတ်ကိုဖမ်းချုပ်ကိုင်လိုက်၏။ သူက လေသံမာမာဖြင့်ပြောလိုက်သည်။

"မင်းလက်ကို မလိုချင်တော့ဘူးလား?"

ယန်းချိုးရှန်းသည်ကား ပြောရင်းဆိုရင်းမှာပင် မြွေအရေခွံ၏လက်ကို အားဖြင့်ချုပ်ကိုင်ထားပြီး မီးတောက်လေးကိုအသုံးပြုကာ အမှုန့်ကြေလုမတတ်ဖြစ်နေသော မြွေအရေခွံ၏လက်အရေပြားကိုမီးရှို့လိုက်သည်။ အရေပြားအတွင်းသို့ထိုးဖောက်ဝင်သွားသော ပေါင်ဒါမှုန့်များသည်ကား မီးကိုကြောက်ရွံ့ဟန်တူသည်။ ၎င်းတို့မှာ မီးတောက်ကိုရှောင်ကွင်းကာ ရုတ်ချည်းပင် နောက်ပြန်ဆုတ်လာတော့သည်။ မြွေရေခွံခမျာ မီးအပူလောင်မည်ကိုကြောက်ရွံ့ခြင်းကြောင့်လော၊ သို့မဟုတ် နာကျင်မှုကိုကြောက်ရွံ့ခြင်းကြောင့်လောမသိ အကြောက်အကန်ကိုရုန်းကန်လှုပ်ရှားနေသည်။ သို့ပေသိ ယန်းချိုးရှန်း၏လက်များမှာ သံမဏိလက်ထိပ်များပမာ သူ့အားမြဲမြံစွာထိန်းချုပ်ထားနေသည်။ သူ့လက်ထဲရှိမီးတောက်များမှာ အလွန်တရာတည်ငြိမ်လှပြီး တိကျသေချာစွာဖြင့် မြွေရေခွံ၏လက်များအား မီးလောင်ကျွမ်းမသွားစေဘဲ လက်ပေါ်ရှိ အနီရောင်အမှတ်အသားများကို မောင်းထုတ်နှင်လွှတ်လိုက်လေတော့သည်။

မြွေအရေခွံထံမှ စူးရှသောအော်ဟစ်သံနှင့်အတူ အနီရင့်ရောင်ပေါင်ဒါမှုန့်များမှာ သူ့လက်ချောင်းထိပ်များမှတဆင့် အပြင်ဘက်သို့ပန်းထွက်လာတော့သည်။ ချက်ချင်းပင် ရုပ်သေးရုပ်မိန်းမပျိုလေးသည်ကား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အဆိုပါအမှုန့်များကို ဖန်ခွက်တစ်ခွက်ထဲတွင်ထည့်သွင်းပိတ်ဆို့ထားလိုက်သည်။

မြွေအရေခွံမှာ လိပ်ပြာလွင့်မတတ်ဖြစ်သွားရာမှ အသိစိတ်ပြန်ကပ်လာပြီးသော် ကြမ်းပြင်ပေါ်တွင်ဖင်တရွတ်တိုက်ဆွဲကာ အော်ဟစ်နေရှာတော့သည်။

"အဲဒါက အသက်ရှိတယ်! အဲဒါက အသက်ရှိတယ်ဟ!"

"အဲဒီလိုပြောလို့လည်းရပါတယ်"

ရုပ်သေးမိန်းမပျိုလေးက အနီရင့်ရောင်အမှုန့်များကို သေသေချာချာစုဆောင်းသိမ်းဆည်းလိုက်ပြီး မြေသေတ္တာလေးအတွင်းသို့ပြန်လည်လောင်းထည့်ကာ ချိပ်ပိတ်လိုက်သည်။ သူမ၏စကားသံမှာ တယ်လီဖုန်းဖြေစက်မှထွက်ပေါ်လာသောစကားပြောစက်အသံနှင့်ဆင်တူနေသည်။

"ဟိုးအရင်တုန်းက ကောင်းရှန်းလူသားတွေဟာ ရေသူမျိုးနွယ်တွေကို အရှင်လတ်လတ် ကြိုးနဲ့ဇောက်ထိုးဆွဲ၊ သူတို့ရဲ့လည်ပင်းပေါ်မှာ ဓားရာအသေးလေးတစ်ချက်ပေးပြီး သူတို့ကိုသွေးထွက်လွန်ပြီးသေအောင်လုပ်တဲ့နည်းနဲ့ သူတို့ဆီကသွေးတွေကိုထုတ်ယူလေ့ရှိကြတယ်၊ ရေသူတွေဟာ အရမ်းအကြောက်လွန်နေတဲ့အချိန်မှာ သူတို့ရဲ့ကိုယ်တွင်းကအဆိပ်ရှိတဲ့ကိုယ်တွင်းအင်္ဂါတွေဟာ အရည်ပျော်သွားပြီး သူတို့ရဲ့သွေးတွေနဲ့အတူ ရောပြီးစီးဆင်းလာကြတယ်။ ရေသူအဆိပ်တွေပါဝင်နေတဲ့ ရေသူသွေးတွေဟာ တသမတ်တည်းအနီရင့်ရောင်ရှိတယ်၊ အဲဒီသွေးကို ဟင်္သာပြဒါးနဲ့ တခြားပါဝင်ပစ္စည်းတွေရောပြီးဖော်စပ်လိုက်ရင် ရှေးတုန်းက 'ကျန့်' လို့ခေါ်တဲ့ အထူးရောင်ခြယ်ပစ္စည်းတစ်မျိုးကိုရတယ်....မစ္စတာနျန်က တကယ့်ကိုဗဟုသုတနဲ့ပြည့်စုံတဲ့သူပဲ...ဒါမျိုးတွေအထိတောင်ပြင်ဆင်ထားတာဆိုတော့၊ ဟုတ်သားပဲ၊ ရှင့်ဘာသာရှင် ဘယ်လောက်ပဲထူးချွန်ထက်မြက်ပြီး တစ်မိုးအောက်မှာတစ်ယောက်တည်းရှိတဲ့ ဆရာကြီးဖြစ်နေပါစေ အဲဒီပစ္စည်းသာမရှိရင် ဓားကိုပြန်ပြုပြင်လို့ရမှာမဟုတ်ဘူးလေ....မစ္စတာနျန်က အတော်လေးကိုစေ့စေ့စပ်စပ်စဉ်းစားထားတာပဲ"

မာနတံခွန်အလံထူထားသော မစ္စတာနျန်သည်ကား သူ၏ယဉ်ကျေးပျူငှာမှုမရှိသောအမူအရာကို ဖုံးကွယ်ထားရန်တောင်မကြိုးစားခဲ့ပါချေ။ ၎င်းသည်ကား ယွိဘွားဘွားကဲ့သို့အထင်ကရပုဂ္ဂိုလ်အကျော်အမော်ကြီးတစ်ဦး၏ရှေ့မှောက်တွင်သာ မဆိုစလောက်လေးယဉ်ကျေးပျူငှာဟန်ပြသခဲ့သော်ငြား သူမ၏ရုပ်သေးရုပ်ကိုမူ နည်းနည်းလေးတောင်မှအဖက်မလုပ်ပါချေ။ ၎င်းမှာ အနှီရုပ်သေးရုပ်မိန်းမပျို၏ပြောစကားများကို မကြားချင်ယောင်ဆောင်ကာ သူမကို ပြောင်ပြောင်တင်းတင်းပင် လျစ်လျူရှုမျက်ကွယ်ပြုထားလိုက်လေသည်။

ရုပ်သေးရုပ်မိန်းမပျိုလေးခမျာ အတောင့်သားဖြစ်သွားရှာပြီး မည်ကဲ့သို့တုံ့ပြန်ရမည်မှန်းမသိတော့ပါချေ။

ကံကောင်းထောက်မစွာပင် ယင်ယိက စကားဖြတ်ပြောလိုက်သည်။

"အဲဒါကို ဘာအတွက်သုံးတာလဲ?"

"လက်နက်တွေကိုဖိုသွင်းဖို့အတွက်__ဒဏ္ဍာရီစကားတွေအရ လက်နက်တွေကိုဖိုသွင်းတဲ့နည်းလမ်းဟာ ဂမ္ဘီရမှော်အတတ်တွေကိုအသုံးပြုတဲ့နည်းလမ်းတစ်မျိုးပဲတဲ့။ 'လက်နက်ဝိညာဉ်' တွေဆိုတာကလည်း အမှန်တကယ်တော့ သက်ရှိတွေပဲလေ။ အဲဒီသက်ရှိတွေကို မီးပြင်းဖိုထဲထည့်သွင်းပြီးစတေးတဲ့အခါ မီးပြင်းဖိုပေါ်မှာအသုံးပြုတဲ့ အကာအကွယ်အစီအရင်တွေမှာ 'ကျန့်' ကိုအသုံးပြုပြီးရေးဆွဲရတာပဲ"

ရုပ်သေးရုပ်မိန်းမပျိုလေးသည်ကား သူမ၏အကြည့်များကို ယန်းချိုးရှန်းကိုယ်ပေါ်တွင် စူးစိုက်ထားလိုက်ပြီး လေသံကိုနှိမ့်ကာပြောလိုက်သည်။

"အဲဒီလိုလုပ်လိုက်ရင် လက်နက်ဝိညာဉ်တွေဟာ လက်နက်တွေထဲမှာ ထာဝရပိတ်လှောင်အကျဉ်းချခံထားပြီး တစ်သက်လုံးမလွတ်မြောက်နိုင်တော့ဘူးလေ"

ယန်းချိုးရှန်းမှာမူ နားကန်းနေသူတစ်ယောက်သဖွယ် တုတ်တုတ်မျှမလှုပ်ရှားပေ။

မြွေအရေခွံသည်ကား ပတ်ဝန်းကျင်အခြေအနေကိုအရိပ်အကဲနားမလည်ဘဲ ချွေးအေးများကိုသုတ်လိုက်ကာ အမောဖောက်နေသောလေသံဖြင့်ဆက်လက်မေးမြန်းလာသည်။

"ငါတို့တွေက ငယ်ငယ်လေးကတည်းက ပင်လယ်ထဲမှာ လျှောက်သွားနေကြတာ၊ ရေသူမျိုးနွယ်စုတွေအကြောင်းကိုကြားဖူးပေမယ့် သူတို့ကိုတစ်ခါမှမတွေ့ဖူးဘူး၊ ဒါတွေက အစစ်လား အတုလားဆိုတာကို ဘယ်သူသိမှာလဲ?"

ရုပ်သေးရုပ်မိန်းမပျိုလေးက မှင်သေသေဖြင့်ပင် သူ့အကြည့်များကို ယန်းချိုးရှန်း၏ကိုယ်ပေါ်မှခွာလိုက်သည်။

"အစစ်တွေပါ၊ ဒါပေမဲ့ အဲဒီမျိုးနွယ်စုက မျိုးတုံးသွားတာကြာလှပြီ။ ရေသူမျိုးနွယ်စုက လူသားတွေနဲ့တူပေမယ့် တကယ်တမ်းကျတော့ ငါးသတ္တဝါတွေပဲလေ__သူတို့က အရမ်းကြီးအသိဉာဏ်မမြင့်မားကြတဲ့အတွက် အလွယ်တကူဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရတာပဲ။ စစ်ပွဲကြီးဖြစ်ပွားနေတဲ့အချိန်တုန်းက ကောင်းရှန်းလူသားတွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လက်နက်ကိရိယာတွေကိုအမြောက်အမြားထုတ်လုပ်ခဲ့ကြတယ်။ သူတို့တွေက ရေသူတွေကိုအလွန်အကျွံဖမ်းဆီးခဲ့ကြတဲ့အတွက် အဲဒီမျိုးနွယ်စုဟာ နောက်ပိုင်းမှာမျိုးသုဉ်းသွားခဲ့ရတာပဲ"

မြွေအရေခွံသည်ကား နိုင်ငံရေးအမြင်ရှိသူတစ်ဦးဖြစ်သည်__၎င်းမှာ ခုနလေးတင် ကျေးကျွန်လူတန်းစားများအကြောင်းကို ရှုံ့ချပြောဆိုခဲ့သူဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီးလည်း အတော့်ကိုအမြော်အမြင်ရှိသူဖြစ်သည်။ သူက နှမြောတသဖြစ်စွာပြောလိုက်သည်။

"ကောင်းရှန်းလူသားတွေက သူတို့ကို ဘာဖြစ်လို့ အချိန်အကြာကြီးအသုံးပြုလို့ရအောင် မလုပ်ကြတာလဲ? သူတို့ရဲ့အဆီကိုသုံးတယ်၊ သွေးကိုသုံးတယ်လေ၊ ဒါဖြင့် သူတို့ကို ဘာဖြစ်လို့မမွေးမြူထားကြတာလဲ?"

"မွေးလို့မရဘူး"

ရုပ်သေးရုပ်မိန်းမပျိုလေးက တည်ငြိမ်စွာဖြေကြားလိုက်သည်။

"ရေသူမျိုးနွယ်စုဟာ အလုံပိတ်ထားတဲ့ ကုန်းတွင်းရေပြင်တွေထဲမှာ အသက်မရှင်နိုင်ကြဘူး။ ကောင်းရှန်းလူသားတွေဟာလည်း နည်းလမ်းပေါင်းစုံကိုကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ ပင်လယ်ရေတွေကို အဝေးကြီးကနေသယ်လာပြီးအသုံးပြုတဲ့နည်းလမ်းကတောင် အလုပ်မဖြစ်ခဲ့ဘူး။ ပြောစကားတွေအရတော့ အဲဒီတုန်းက အသက်ရှင်တဲ့ရေသူတစ်ကောင်ပဲရှိတယ်တဲ့။ ကောင်းရှန်းဘုရင်က သူ့လူတွေကိုအထူးတလည်စေလွှတ်ပြီး မွေးမြူတဲ့နည်းလမ်းကိုသွားရောက်တောင်းခံခဲ့တယ်။ ငါးမွေးမြူရေးသမားတစ်ယောက်ရဲ့စကားအရတော့ ရေသူတွေဟာ အသည်းနှလုံးနုနယ်ပျော့ပျောင်းသူတွေဖြစ်တယ်တဲ့၊ ဒါကြောင့် ပိုင်ရှင်က သူတို့ကိုနေ့တိုင်းလိုလိုဂရုတစိုက်အားပေးနှစ်သိမ့်ရပြီး သူတို့နဲ့‌သံယောဇဉ်တွယ်အောင်လုပ်ရတယ်၊ ကုန်းတွင်းရေပြင်တွေကို သူတို့ရဲ့မိခင်အိမ်လိုပဲခံစားရစေအောင်လုပ်ပေးရတယ်တဲ့လေ"

မြွေအရေခွံက မှတ်ချက်ပြုလိုက်သည်။

"သူတို့တွေက တကယ့်ကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တာပဲ၊ မွေးရခက်လေလေ တန်ဖိုးလည်းမြင့်လေလေပေါ့"

"ကျွန်မစကားကိုဆုံးအောင်နားထောင်ဦး__နောက်တော့ ကောင်းရှန်းဘုရင်က အဲဒီရေသူကိုဈေးကြီးပေးပြီးဝယ်ယူခဲ့တယ်။ ဒါပေမဲ့ သူတို့တွေက ရှေးဟောင်းမှော်အတတ်တွေကိုသုံးပြီး သူ့ဆီကနေသွေးကိုထုတ်ယူလိုက်တဲ့အခါကျတော့ သူ့ရဲ့သွေးတွေဟာ အနီရောင်တောက်တောက်ဖြစ်နေတယ်။ တစ်နည်းပြောရရင် သူ့ရဲ့သွေးထဲမှာ မရှိမဖြစ်လိုအပ်တဲ့ 'ရေသူအဆိပ်' တွေပါမလာဘူး။ အဲဒီတုန်းက ရင်ခွဲစစ်ဆေးတဲ့နည်းပညာတွေမရှိသေးတော့ သူတို့တွေကိုယ်တိုင်လည်း ဒါကဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းရင်းကိုရှာမတွေ့ခဲ့ကြဘူး"

ရုပ်သေးမိန်းမပျိုလေးက အေးစက်စက်လှောင်ရယ်လိုက်သည်။

"ဒါပေမဲ့ မှတ်တမ်းတွေအရပြောရရင် အဲဒီရေသူဟာ သူ့ဆီကနေသွေးကိုထုတ်ယူတဲ့အချိန်မှာ ရုန်းကန်လှုပ်ရှားခြင်းမပြုသလို အော်ဟစ်ကန်ကျောက်တာမျိုးလည်းမရှိခဲ့ဘူးတဲ့__သူ့ရဲ့စိတ်အခြေအနေက တစ်ချိန်လုံးတည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့တာတဲ့လေ။ ဒါကြောင့် လူတွေမှတ်ချက်ပြုကြတာက အဲဒီရေသူဟာ သူ့ပိုင်ရှင်ဖြစ်သူအတွက်အသက်ပေးရတော့မယ်ဆိုတာကို သိပြီးသားဖြစ်နေတဲ့အတွက် သူ့အတွက် လိုလိုလားလားအသက်စွန့်ဖို့ဆန္ဒရှိခဲ့တာတဲ့လေ။ ဒါကြောင့် သူ့ဆီကနေ 'ရေသူအဆိပ်' တွေထွက်မလာခဲ့တာပဲ"

မြွေအရေခွံသည်ကား ဤကဲ့သို့နတ်ဘုရားဆန်လှသော သတ္တဝါမျိုးကိုတစ်ခါမှမကြားဖူးတဲ့အတွက် တအံ့တဩဖြစ်သွားရှာတော့သည်။

"သူ့ပိုင်ရှင်ကတောင် သူ့ကိုရောင်းစားလိုက်ပြီးပြီပဲ။ ဒါနဲ့တောင် သူ့အတွက် လိုလိုလားလားအသက်စွန့်ဖို့ဆန္ဒရှိသေးတယ်ပေါ့? တကယ့်ကို ဒါက တုံးအတာပဲမဟုတ်ဘူးလား?"

ရုပ်သေးမိန်းမပျိုလေးက ကျန်ရှိသောခရီးဆောင်သေတ္တာအိတ်များကိုဖွင့်ကာ ပစ္စည်းများကိုကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။

"ကျွန်မပြောခဲ့သလိုပဲ...ရေသူတွေဆိုတာက တကယ်တော့ ငါးသတ္တဝါတစ်မျိုးပဲလေ။ 'ရောင်းစားတယ်' ဆိုတဲ့စကားလုံးကိုတောင် သူတို့နားလည်မှာမဟုတ်ဘူး"

ဟုတ်သားပဲ။ သူတို့တွေက 'အရောင်းအဝယ်' ဆိုတဲ့စကားလုံးကိုလည်းနားလည်မှာမဟုတ်ဘူး။ ဘုမသိဘမသိမွေးဖွားလာပြီး ဘုမသိဘမသိသေဆုံးသွားရတာပဲ__ဒီလိုတုံးအတဲ့သတ္တဝါမျိုးက ငါးဖြစ်နေဖို့ပဲထိုက်တန်ပါတယ်လေ။

အနှီရူးမိုက်သောသတ္တဝါများသည်ကား အချစ်အတွက် အမှန်တကယ်နာကျင်ခံစားခဲ့ရလျှင်တောင်မှပင်။

ယန်းချိုးရှန်းသည်ကား သူ၏သတ္တုပြားလေးကိုလက်ဖြင့်မထိတွေ့မိအောင် အစွမ်းကုန်ကြိုးစားထိန်းချုပ်နေရင်း ကသိကအောက်ဖြစ်စွာပင် သူတို့၏စကားကိုကြားဖြတ်ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောမနေနဲ့တော့၊ ဒီကိုလာပြီး ငါတို့ရဲ့အစီအစဉ်ကိုလာကြည့်ကြ__မြွေအရေခွံ...တံခါးတွေနဲ့ပြတင်းပေါက်တွေကို သွားပိတ်ပြီး အပေါ်မှာခိုးနားထောင်လို့မရတဲ့မန္တန်တွေကပ်ထားလိုက်"

"ကောင်းပါပြီ"

မြွေအရေခွံသည်ကား သွက်သွက်လက်လက်ပင် ခိုင်းသည့်အတိုင်းသွားလုပ်လေတော့သည်။ သူက ပြတင်းပေါက်အပြင်မှတိုက်ခတ်နေသော ကြက်သီးနွေးတမျှနွေးထွေးသည့်လေပြည်လေညင်းလေးများကို မခွဲရက်မခွာရက်ဖြစ်နေဟန်ဖြင့် ပြတင်းပေါက်တံခါးကိုပိတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ယွီယန်....ယွီယန်က တကယ့်ကို နေရာကောင်းလေးပဲ"

.

"ယွီယန်?"

ရွှမ်းကျီးသည်ကား ဖန်သားပြင်ထဲမှတဆင့် မတွေ့ရသည်မှာအချိန်အတော်ကြာနေပြီဖြစ်သော ရှန့်လင်ယွမ်းကိုစိုက်ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ ဒုန်းစိုင်းကဆုန်ပေါက်နေသော သူ၏နှလုံးသားအစုံကိုလျစ်လျူရှုထားလျက်...။

"သူက ယွီယန်မှာ ဘာသွားလုပ်နေတာလဲ?"

ယွီယန်သည်ကား သုံးချွမ်းနှင့်မိုင်ပေါင်းထောင်နှင့်ချီဝေးသောနေရာဖြစ်သည်။ အနှီမိစ္ဆာအိုကြီးသည်ကား ကမ္ဘာတစ်ပတ်လှည့်လည်ခရီးသွားရန်စိတ်ဝင်စားသူမျိုးမဟုတ်ပေ။ သို့ဖြစ်ရာ ဤမျှလောက်ဝေးလံသောနေရာကိုသွားရောက်ခြင်းမှာ သေချာပေါက်ကိုအကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိရပေမည်__ ပိရှက တစ်ခုခုကိုများရှာတွေ့သွားလို့လား?

ဒါက သုံးကြိမ်မြောက်ပူဆွေးယဇ်ပူဇော်ပွဲနဲ့ ပတ်သက်နေတာလား?

တစ်ချိန်တည်းမှာပင် ဧည့်ရိပ်သာအတွင်း၌ရှိနေ‌သော ကူယွဲ့ရှီးမှာ ဖုန်းကိုချလိုက်ပြီး မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

"ယွီယန်....."

အဲဒီကြေးဝါရောင်သံလိုက်အိမ်မြှောင်ကိုဝတ်ထားတဲ့လူက သုံးချွမ်းမှောင်ခိုဈေးကွက်နဲ့ပတ်သက်ပြီး အရမ်းကို အကျွမ်းတဝင်ဖြစ်နေတာဆိုတော့ သူက ဒီနေရာမှာ အချိန်တစ်ခုစာလောက်နေထိုင်သွားတဲ့လူပဲဖြစ်ရမယ်

ကူယွဲ့ရှီးသည်ကား လေနတ်ဘုရားတပ်ဖွဲ့ရှိသူလျှိုများကိုစေလွှတ်ကာ သုံးချွမ်းသားငါးဈေးတဝိုက်ရှိ တရားမဝင်စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်သော သံသယရှိသူများကိုရှာဖွေစုံစမ်းစေခဲ့သည်။ သူမမှာ ထိုရှာဖွေမှုနှင့်ပတ်သက်ပြီးကြီးကြီးမားမားမျှော်လင့်ထားတာမျိုးတော့မရှိခဲ့ပါချေ။ သို့သော် ရက်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင်မူ ကြေးဝါရောင်သံလိုက်အိမ်မြှောင်ကိုရှာတွေ့ခဲ့ခြင်းမရှိခဲ့သော်ငြား မထင်မှတ်ဘဲ တရားမဝင်ဖွင့်လှစ်ထားသောဟိုတယ်တစ်ခုတွင် နာမည်တစ်ခုကိုတွေ့ရှိသွားခဲ့လေသည်__ 'နျန်ဖု' ဟူသည့်အမည်ပင်။

လေနတ်ဘုရားအဖွဲ့သားများသည်ကား မကြာခဏဆိုသလိုအထူးစစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ရလေ့ရှိသည်။ လေနတ်ဘုရားအဖွဲ့ဝင်စီနီယာတစ်ယောက်ချင်းစီတိုင်းတွင် နာမည်တုများနှင့် ကိုယ်ရေးရာဇဝင်အတုများ ကိုယ်စီရှိကြသည်။ များသောအားဖြင့် လူသုံးများသော 'ကျန်း၊ ဝမ်၊ လီ၊ ကျောက်၊ လျို' ဟူသည့်မျိုးရိုးနာမည်များဖြစ်ပြီး 'ကျန့်၊ ချန်၊ မေ၊ ဟွေ့' စသဖြင့်အတွေ့များသောမျိုးရိုးနာမည်များလည်းပါဝင်သည်။ အကြောင်းရင်းမှာ တတ်နိုင်သမျှ လူမသိသူမသိလှုပ်ရှားနိုင်ရန်အတွက်ဖြစ်သည်။ သို့ပေသိ အပြင်ပန်းတွင်အေးစက်သလောက် အတွင်း၌စိတ်နှလုံးသားနူးညံ့နွေးထွေးသူတစ်ဦးဖြစ်သော ယန်းချိုးရှန်းတစ်ဦးတည်းသာလျှင် သူသုံးသမျှနာမည်တုအားလုံးတွင် 'နျန်' ဟူသည့်မျိုးရိုးနာမည်တစ်ခုတည်းကိုသာအသုံးပြုလေ့ရှိသူဖြစ်သည်။

အကြောင်းရင်းမှာ *'နှစ်တစ်နှစ်ဟူသည် နွေဦးနှင့်ဆောင်းဦးတို့ဖြင့်တစ်လှည့်စီဖွဲ့စည်းထားသောကြောင့်ပင်တည်း'။

(T/N

*မစ္စတာနျန်ဆိုတဲ့မျိုးရိုးနာမည်မှာပါတဲ့ 'နျန်' ဆိုတဲ့ စကားလုံးက 'နှစ် (Year)' လို့အဓိပ္ပာယ်ရပါတယ်။ 'ယန်းချိုးရှန်း' ဆိုတဲ့နာမည်မှာပါတဲ့ 'ချိုး' ဆိုတဲ့စကားလုံးက 'ဆောင်းဦး' လို့အဓိပ္ပာယ်ရပြီး ဓားဝိညာဉ် 'ကျီးချွင်း' ရဲ့နာမည်မှာပါတဲ့ 'ချွင်း' ဆိုတဲ့စကားလုံးက 'နွေဦး' လို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် အပေါ်ကစာသားအရဆိုရင် 'နျန်' လို့ခေါ်တဲ့ 'နှစ်' တစ်နှစ်ဟာ 'ချိုးချွင်း' လို့ခေါ်တဲ့ 'ဆောင်းဦးနဲ့နွေဦး' တို့နဲ့ဖွဲ့စည်းထားတယ်လို့ဆိုလိုပါတယ်။ ယန်းချိုးရှန်းဟာ သူ့ရဲ့မျိုးရိုးနာမည်ကို 'နျန်' လို့အမည်ပေးထားတာကိုကြည့်ခြင်းအားဖြင့် ဓားဝိညာဉ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာအတိုင်းအဆကိုတွေ့မြင်ရမှာပါ။ 'ချိုးချွင်း' ဆိုတာက နောက်တစ်နည်းပြောရရင် သူတို့ရဲ့ CP name ပါပဲလေ။)

အဆိုပါစကားလုံးကိုယ်၌ကိုက တွေ့ရခဲသောမျိုးရိုးနာမည်ဖြစ်ပြီး ၎င်းမှာ ထိုအမည်နာမကိုပင် အချိန်ကာလကြာမြင့်စွာအသုံးပြုရင်း ကျန်းဟူတခွင်သွားလာလှုပ်ရှားနေခဲ့တာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအမည်နာမမှာ အလွယ်တကူသတိပြုမိစေနိုင်ရုံသာမက ပြဿနာများကိုပင်ဖြစ်ပေါ်စေခဲ့တော့သည်။

ထိုနာမည်ကိုမြင်လျှင်မြင်ချင်းမှာပင် ကူယွဲ့ရှီး၏ Adrenaline ဟော်မုန်းများမှာ မိုးထိအောင်ထိုးတက်သွားလေတော့သည်။ သုံးချွမ်းမှောင်ခိုဈေးနားမှာနေပြီး 'နျန်' ဆိုတဲ့မျိုးရိုးနာမည်ကိုသုံးတဲ့လူက ....ဧကန္တ.....

သူမသည်ကား ချက်ချင်းဆိုသလိုပင် ထိုအမည်နောက်သို့လိုက်၍စုံစမ်းလိုက်သောအခါ မကြာသေးမီက ထိုအမည်ဖြင့် ကားအငှားမှတ်တမ်းတစ်ခုကိုရှာတွေ့သွားလေသည်။ အဆိုပါကားမှာ များမကြာသေးခင်ကမှ ယုံအန်းသို့ရောက်ရှိလာခဲ့သည်! ဓာတ်ဆီဆိုင်တွင် ဆီဝင်ဖြည့်စဉ်တုန်းက ထိုသူ၏ဘေးတစောင်းမျက်နှာတစ်ဖက်ခြမ်းကိုရိုက်ကူးမိထား၏။ ရုပ်ပုံမှာ ရှင်းရှင်းလင်းလင်းမမြင်ရသော်ငြား သူမနှင့်သေအတူရှင်မကွာတာဝန်ထမ်းဆောင်လာခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက်မူ လုံလောက်ပြီဖြစ်သည်။

သူပဲ!

ကူယွဲ့ရှီးသည်ကား ရုတ်ချည်းပင် သူ့ထံတွင်ရှိသမျှသတင်းရင်းမြစ်များကိုအသုံးချပြီး ထိုကားနှင့် 'နျန်ဖု' ဟူသည့်အမည်တုအကြောင်းကိုလိုက်လံစုံစမ်းလေတော့သည်။ အဆိုပါကားမှာ မြောက်ပိုင်းမှတောင်ပိုင်းသို့ မောင်းနှင်သွားတာဖြစ်ပြီး ယွီယန်မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်းကို သိရှိသွားလေသည်။

"မနက်ဖြန်က ရုံးပိတ်ရက်ပဲ__ကျွန်တော် လာမယ့်တနင်္လာနေ့နဲ့အင်္ဂါနေ့မှာ အစားထိုးခွင့်ပြန်ယူမှာမို့လို့ အလုပ်ကိုမလာတော့ဘူးနော်....ရတယ်မလား? ရဲဘော်တို့...တကယ်လို့ ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ဆီဖုန်းဆက်လိုက်ကြနော်။ ဒါပေမဲ့ ကျွန်တော်သိပါတယ်...မင်းတို့က တော်ပြီးသားပါ။ ဘာမှဖြစ်မှာမဟုတ်ပါဘူး"

ရွှမ်းကျီးသည်ကား ပြန်လည်ပြုပြင်ရေးဌာန၏ရုံးခန်းအတွင်းသို့ ခေါင်းပြူကြည့်ကာ အဆိုပါစကားများကိုပြောကြားလိုက်ခြင်းဖြစ်သည်။ ၎င်းသည်ကား ထိုနေ့ညမှာပင် ယွီယန်သို့သွားရန်အတွက် လျှော့ဈေးဖြင့်ရသည့်လေယာဉ်လက်မှတ်တစ်စောင်ကို စိတ်ပိုင်းဖြတ်ကာဝယ်ယူလိုက်လေတော့သည်။

အခြားတစ်ဖက်တွင်မူ ကူယွဲ့ရှီးမှာလည်း ရုံးတွင်းစနစ်အတွင်း၌ နှစ်ကုန်ခွင့်ရက်ရှည်တောင်းခံလွှာတစ်စောင်ကို အလျင်အမြန်ဖြည့်သွင်းလိုက်သည်။ ကွင်းဆင်းဝန်ထမ်းများသည်ကား တစ်လခန့်ခွင့်ရက်ရှည်ရတတ်သည်။ သူမအဖို့ သည်နှစ်အတွင်း ခွင့်တစ်ရက်မှမသုံးရသေးပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ခွင့်တောင်းလွှာအား အထက်မှခွင့်ပြုမိန့်မကျသေးခင်မှာပင် အထုပ်အပိုးများကိုပြင်ဆင်ထုပ်ပိုးပြီးသားဖြစ်နေခဲ့လေပြီ။

တောင်ပင်လယ်အတွင်း လေပွေများ ရုတ်တရက်ဝေ့ဝဲတိုက်ခတ်လာပြီး အေးချမ်းငြိမ်သက်နေသော ကျွန်းငယ်လေးအား တိုးဝှေ့ရိုက်ခတ်သွား၏။ ကမ်းခြေတွင်မူ ခရီးသွားဧည့်သည်များမှာ ပင်လယ်တွင်းရှိလှိုင်းလုံးများနောက်သို့ပြေးလိုက်ရင်း အော်ဟစ်နေကြသည်။ ယွီယန်မြို့၏အထက်ကောင်းကင်ယံတွင် လေပြင်းများနှင့်တိမ်စိုင်တိမ်လွှာများမှာ တိတ်တဆိတ် စတင်စုဝေးလာနေသည်။

24.11.21

Thanks for votes and cmt 🐤🐍

Zawgyi

ယြီယန္ၿမိဳ႕သည္ ယြီက်ိဳးကြၽန္းစီရင္စု၏ၿမိဳ႕ေတာ္ျဖစ္သည္။ ယုံအန္းၿမိဳ႕တြင္ ေဆာင္းဝင္လာၿပီျဖစ္ေသာ္ျငား အပူေလ်ာ့ပိုင္းေဒသျဖစ္ေသာ ယြီယန္ၿမိဳ႕မွာမူ ပူျပင္းေျခာက္ေသြ႕ေသာ ေႏြေခါင္ေခါင္ရာသီဥတုအတြင္း၌သာရွိေနဆဲျဖစ္သည္။

ယြီယန္ၿမိဳ႕သစ္ဧရိယာအတြင္းရွိ အသင့္စားအစားအေသာက္မ်ားကိုေရာင္းခ်ေသာစားေသာက္ဆိုင္ေလးတစ္ခုမွာ သိပ္မၾကာေသးခင္ရက္ပိုင္းအတြင္း အင္တာနက္ေပၚတြင္နာမည္ေက်ာ္ၾကားေရပန္းစားလာသည္။ အလုပ္ပိတ္ရက္ေက်ာင္းပိတ္ရက္ျဖစ္ေသာ စေန၊ တနဂၤေႏြေန႕ မနက္ပိုင္းအခ်ိန္မ်ားတြင္ အလုပ္မရွိဘဲပ်င္းရိၿငီးေငြ႕ေနၾကေသာလူငယ္လူ႐ြယ္ေလးမ်ားသည္ကား မနက္စာႏွင့္ေန႕လယ္စာကိုေပါင္းစားရန္အလို႔ငွာ ဆိုင္အျပင္ဘက္တြင္တန္းစီေစာင့္ဆိုင္းေနေလ့ရွိၾကသည္။ ဆိုင္ရွင္သူေဌးျဖစ္သူသည္ကား ဆိုင္ေပါက္ဝတြင္ရပ္ကာ လက္မွတ္တန္းစီရာ၌အသုံးျပဳသည့္စက္ပစၥည္းတစ္လုံးပမာ ဧည့္သည္ေတာ္မ်ားကို ေပ်ာ္႐ႊင္ျမဴးတူးစြာဧည့္ခံႀကိဳဆိုေနရင္း သူ႕ဆိုင္၏အဖိုးတန္ရတနာေလးကို ခိုးၾကည့္လိုက္ေလသည္__လြန္ခဲ့ေသာႏွစ္ရက္ခန႔္က ဆံႏြယ္ရွည္မ်ားႏွင့္အမ်ိဳးသားတစ္ေယာက္ သူ႕ဆိုင္သို႔ေရာက္ရွိလာခဲ့သည္။ ၎မွာ ဆိုင္ျပတင္းေပါက္မွန္မွတဆင့္ ဖက္တီးပုတ္ငွက္ေလးတစ္ေကာင္က လိပ္ျပာေလးတစ္ေကာင္ေနာက္သို႔လိုက္ေနေသာ ဆိုင္တြင္းရွိအလွဆင္ပစၥည္းတစ္ခုကိုအခ်ိန္အတန္ၾကာေငးေမာၾကည့္ရႈေနခဲ့ေလသည္။ ဆိုင္ရွင္ျဖစ္သူသည္ကား ေခါင္းေမာ့အၾကည့္တြင္ ထိုသူႏွင့္အမွတ္မထင္အၾကည့္ခ်င္းဆုံသြားရွာၿပီး ထိုသူ၏မ်က္ဝန္းမ်ားေၾကာင့္ တဒဂၤမွ်အသက္ရႉရပ္မတတ္ျဖစ္သြားရွာ၏။ ေခတၱခဏၾကာေသာအခါတြင္မွ ဆိုင္ရွင္မွာသတိျပန္ကပ္သြားၿပီး ဆိုင္ျပင္သို႔အေျပးတပိုင္းထြက္လာကာ အဆိုပါဧည့္သည္ေတာ္အား ဆိုင္ထဲသို႔လာေရာက္ထိုင္လိုက ထိုင္နိုင္ပါေၾကာင္းဖိတ္ၾကားလိုက္သည္။

အဆိုပါအမ်ိဳးသားသည္ကား သူ႕တြင္ ပိုက္ဆံတျပားတခ်ပ္မွမပါေၾကာင္း၊ ဖုန္းလည္းမရွိေၾကာင္း၊ သို႔ေသာ္ ယြီယန္တြင္ ေခတၱခဏတည္းခိုေနထိုင္လိုေၾကာင္းတို႔ကို ခ်က္ခ်င္းဆိုသလို ပြင့္ပြင့္လင္းလင္းပင္ဝန္ခံေျပာၾကားလာသည္။ ဤဆိုင္တြင္ ရက္အနည္းငယ္တည္းခိုလို႔ရနိုင္၊ မရနိုင္ကိုေမးျမန္းလာၿပီး ဆိုင္တြင္းရွိအလုပ္ကိစၥမ်ားကိုလည္း သူကူညီလုပ္ကိုင္ေပးနိုင္ေၾကာင္း ေျပာၾကားလာသည္။

၎သည္ကား ထိုစကားကိုေျပာၾကားခ်ိန္၌ အနည္းငယ္မွပင္ရွက္႐ြံ႕ေၾကာက္လန႔္ေနျခင္းအလ်ဥ္းမရွိပါေခ်။ မသိလွ်င္ ထမင္းစားရန္ပိုက္ဆံမရွိသည့္ကိစၥမွာ သူ႕အတြက္ရယ္႐ႊင္စရာေကာင္းေသာကိစၥတစ္ခုသာျဖစ္ၿပီး လုံးဝကိုရွက္စရာေကာင္းေသာကိစၥတစ္ရပ္မဟုတ္သည့္ႏွယ္။

မ်ားေသာအားျဖင့္ ထိုကဲ့သို႔ေသာလူမ်ိဳးမွာ လူလိမ္တစ္ေယာက္ သို႔မဟုတ္ စိတ္မႏွံ႕သူတစ္ေယာက္သာျဖစ္နိုင္သည္။ သို႔ေသာ္ ဆိုင္ရွင္ျဖစ္သူသည္ကား ၎အားအကဲခတ္ၾကည့္ရႈလိုက္ခ်ိန္တြင္မူ အႏွီဧည့္သည္ေတာ္၏စကားအေျပာအဆိုမွာ အစီအစဥ္တင္ဆက္သူတစ္ဦးႏွင့္တူလွၿပီး သူ၏ပုံပန္းသြင္ျပင္မွာလည္း အေတာ္ေလးကိုတမူထူးျခားကြဲထြက္ေနေၾကာင္းေတြ႕ရွိလိုက္ရသည္__အထူးသျဖင့္ မ်က္စိက်ိန္းေလာက္ေအာင္ ရွည္လ်ားလြန္းေသာဆံႏြယ္မ်ားေၾကာင့္ပင္ျဖစ္သည္။ သို႔ျဖစ္ရာ ဆိုင္ရွင္ျဖစ္သူမွာ ျဖစ္နိုင္ေခ်မရွိေသာအေၾကာင္းရင္းမ်ားကိုပယ္ထုတ္လိုက္ၿပီးေနာက္တြင္ေတာ့ ေနာက္ဆုံး၌ေကာက္ခ်က္ခ်လိဳက္သည္မွာ__ထိုသူသည္ကား 'Reality Show တစ္ခု၏အစီအစဥ္တင္ဆက္သူ' တစ္ဦးျဖစ္နိုင္သည္ဟူသတတ္!

ဤသည္ကား အခမဲ့ေၾကာ္ျငာသကဲ့သို႔ပင္။ အကယ္၍ အဆိုပါအစီအစဥ္နာမည္ႀကီးသြားပါက တစ္နိုင္ငံလုံးရွိလူမ်ားသည္ကား သူတို႔ကိုျမင္ေတြ႕သြားၾကမည္ျဖစ္သည္။ ထိုကဲ့သို႔ေသာအခြင့္အေရးမ်ိဳးကို သူ ေနာက္ထပ္မည္သည့္ေနရာတြင္ရွာေတြ႕နိုင္ပါမည္နည္း?

သို႔ျဖစ္ရာ ဆိုင္ရွင္ျဖစ္သူသည္ကား ေပ်ာ္တၿပဳံးၿပဳံးႏွင့္ပင္ သေဘာတူလိုက္သည္။ သူ၏သေဘာတူခြင့္ျပဳခ်က္မွာ အလြန္တရာျမန္ဆန္လြန္းလွေသာေၾကာင့္ တည္းခိုမည့္ထိုသူသည္ပင္ အမွန္တကယ္အံ့အားသင့္သြားခဲ့ရေလသည္။ ေဒသခံျပည္သူမ်ားမွာ ဤမွ်ေလာက္သေဘာေကာင္းၾကလိမ့္မည္မွန္း သူ ထင္မွတ္မထားသည့္ႏွယ္။

ရက္သတၱပတ္တစ္ပတ္ခန႔္ၾကာၿပီးသြားခ်ိန္မွာေတာ့ ဆိုင္ရွင္ျဖစ္သူမွာ အႏွီဧည့္သည္၏ရိုက္ကူးေရးအဖြဲ႕သားမ်ားကို ယခုအခ်ိန္ထိမေတြ႕ရေသးသည့္အတြက္ အနည္းငယ္ဇေဝဇဝါျဖစ္လာရေလေတာ့သည္။ သို႔ေပသိ ၎မွာ ထိုသူကိုတည္းခိုခြင့္ျပဳေပးခဲ့ျခင္းအေပၚတြင္ ေနာင္တရျခင္းမ်ိဳးမရွိပါေခ်။ အဆိုပါဧည့္သည္မွာ သူ႕ကိုမည္သည့္အေႏွာင့္အယွက္မွမေပးေသာေၾကာင့္ပင္ျဖစ္သည္__ပထမဆုံးေန႕ ဆိုင္မဖြင့္ခင္နံနက္အေစာပိုင္းမွာပင္ ထိုသူသည္ကား ဆိုင္ရွင္၏အိမ္ထဲတြင္ရွိေသာ ဖုန္ (၂) လက္မခန႔္တက္ေနသည့္ ေျမထည္ျဖင့္ျပဳလုပ္ထားေသာ ႐ႊင္းတူရိယာကိုေတြ႕ရွိသြားခဲ့သည္။ သူက ထိုအရာကိုယူကာ သန႔္ရွင္းေရးျပဳလုပ္လိုက္ၿပီးေသာ္ တံခါးေပါက္ဝ၌ထိုင္ကာ အသံစမ္းသည့္အေနျဖင့္ ေတးသီခ်င္းတစ္ပုဒ္စႏွစ္ပုဒ္စကို အစမ္းတီးမႈတ္ၾကည့္လိုက္သည္။ တိုက္ဆိုင္ျခင္းပင္ေလာ သို႔တည္းမဟုတ္ ထိုသူမွာ မည္သို႔ေသာႏွစ္သက္ဖြယ္ရာအရိပ္အသက္မ်ားကိုသယ္ေဆာင္ထားသည္မသိ၊ မ်ားမၾကာမီပင္ သူ၏ေတးသီခ်င္းသံကိုနားဆင္ရန္အလို႔ငွာ ေက်းငွက္သာရကာမ်ားသည္ကား လမ္းေဘးဝဲယာတစ္ေလွ်ာက္ႏွင့္ အိမ္ေခါင္မိုးမ်ားေပၚသို႔အျပည့္ ဆင္းသက္နားလာၾကေလေတာ့သည္။

အဆိုပါပရိတ္သတ္ေလးမ်ားသည္ကား ႐ုပ္ရွင္႐ုံရွိပရိတ္သတ္မ်ားထက္ပင္ ပို၍စနစ္က်ကာယဥ္ေက်းမႈရွိလွေပသည္။ ၎တို႔သည္ကား ေရာက္လာသည့္အစဥ္အတိုင္းပင္ တစ္ေကာင္ႏွင့္တစ္ေကာင္ ညီညာသပ္ရပ္စြာတန္းစီေနၾကၿပီး က်ီက်ီက်ာက်ာေအာ္ဟစ္ျမည္ေႂကြးျခင္းမ်ား မျပဳလုပ္ၾကသည့္အျပင္ ေတးသီခ်င္းသံစဥ္အတြင္းနစ္ေျမာေနရင္း ရံဖန္ရံခါေခါင္းေလးတလႈပ္လႈပ္ႏွင့္လိုက္လံ၍ကခုနန္ေနၾကေသးသည္။ ထိုျမင္ကြင္းသည္ကား ကင္မရာေပါင္းေျမာက္မ်ားစြာကိုဆြဲေဆာင္ဖမ္းစားနိုင္ခဲ့ေလေတာ့သည္။ ထိုေန႕တစ္ရက္တည္းမွာပင္ ဆိုင္၏ဝင္ေငြမွာႏွစ္ဆျမင့္တက္သြားခဲ့ၿပီး ထိုေန႕ညတြင္မူ 'ယြီယန္တြင္ ႐ႊင္းတီးမႈတ္ေနေသာ ေရွာင္ေကာေကာ' ဟူသည့္သတင္းအေၾကာင္းအရာမွာ အင္တာနက္စာမ်က္ႏွာမ်ားေပၚတြင္ေရပန္းစားသြားခဲ့ေလေတာ့သည္။ ဆိုင္ရွင္ျဖစ္သူသည္ကား ေငြတစ္ျပားတစ္ခ်ပ္မွမသုံးလိုက္ရပါဘဲ သူ၏ဆိုင္ေလးမွာ အင္တာနက္ေပၚတြင္ ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္ကာ နာမည္ေက်ာ္ၾကားသြားခဲ့ၿပီး လူထုအတြင္းေရပန္းစားေသာ Check-in ေနရာတစ္ခုျဖစ္လာခဲ့ေလသည္။ ဆိုင္ရွင္ျဖစ္သူခမ်ာ ေပ်ာ္လြန္းသျဖင့္ ပါးစပ္မွာနား႐ြက္သို႔တက္ခ်ိတ္ေတာ့မေယာင္။

ရက္အနည္းငယ္ၾကာၿပီးေနာက္တြင္မူ အႏွီထူးဆန္းေသာဧည့္သည္ေတာ္မွာ ႐ႊင္းကိုတီးမႈတ္ျခင္းမျပဳေတာ့ဘဲ မည္သည့္ေနရာမွရွာေတြ႕လာမွန္းမသိေသာ သစ္သားထြင္းသည့္ဓားအေသးေလးတစ္လက္ျဖင့္ ဆိုင္သို႔လာေရာက္ေသာဧည့္သည္မ်ားအား တိရစာၦန္အ႐ုပ္ေလးမ်ားကိုထြင္းဆစ္ေပးေနေတာ့သည္။ ရံဖန္ရံခါတြင္လည္း လူငယ္ေလးမ်ားအား မရယ္ရေသာဟာသျပက္လုံးမ်ားကိုေျပာဆိုတတ္ေသးသည္။ ဥပမာအားျဖင့္__

"ေရွာင္ေကာေကာ....ကြၽန္မကို Labrador တစ္ေကာင္ပုံ ထြင္းေပးေနာ္"

"Labrador ဆိုတာ ဘယ္လိုထူးဆန္းတဲ့သတၱဝါႀကီးလဲ?"

ဤကဲ့သို႔ အျခားလူမ်ားက နားေထာင္ၿပီးသြားလွ်င္ 'သည္လူက ႐ူးေနတာမ်ားလား' ဟူ၍ထင္မွတ္သြားေစနိုင္ေသာစကားမ်ိဳးျဖစ္သည္။

(T/N

Labrador Retriever ဆိုတာ British မ်ိဳးရင္းျဖစ္တဲ့ အာဝုေလးေတြကိုေျပာတာပါ)


သို႔ေသာ္ ထိုအမ်ိဳးသားထံတြင္ လူမ်ား၏အသည္းႏွလုံးကိုကိုင္လႈပ္နိုင္ေသာ အထူးတလည္ႏွစ္လိုဖြယ္ရာေကာင္းလွသည့္မ်က္ဝန္းတစ္စုံရွိသည္__သူက အျခားလူမ်ားအား ထိုမ်က္ဝန္းမ်ားျဖင့္ၾကည့္လိုက္ခ်ိန္ဝယ္ သူတို႔ႏွစ္ေယာက္ၾကားရွိစကားအသြားအလာအေျပာအဆိုမွာ မည္မွ်ပင္ ကက်ိဳးကေၾကာင္နိုင္ေနပါေစ၊ ထိုသူသည္ကား မိမိကိုႏွစ္သက္သေဘာက်ေသာေၾကာင့္သာ ဤကဲ့သို႔ ကသိကေအာက္ျဖစ္စြာႏွင့္ပင္ မိမိႏွင့္အတူ ပို၍အခ်ိန္ၾကာၾကာစကားေျပာဆိုေနျခင္းျဖစ္မည္ဟု တစ္ဖက္လူမွာ အထင္မွားသြားတတ္၏။ ၎တို႔မွာ သူ၏ညွို႔ယူဖမ္းစားမႈမ်ားေအာက္ဝယ္ သူတို႔အမွန္တကယ္ ဘာအေၾကာင္းအရာကိုေျပာဆိုေနၾကသလဲဆိုတာကို ေမ့ေလ်ာ့သြားသည္အထိပင္။

သူေဌးျဖစ္သူသည္ကား အေတာ္ေလးကိုလိမၼာပါးနပ္သူတစ္ဦးျဖစ္သည္။ ၎မွာ ထိုအ႐ူးမ်ားကို မည္မွ်လွည့္စားရလြယ္ကူေၾကာင္းသေဘာေပါက္သြားသည္ႏွင့္တၿပိဳင္နက္ ဆိုင္ေရွ႕တြင္ဆိုင္းဘုတ္တစ္ခုကိုခ်ိတ္ဆြဲထားလိုက္ေလေတာ့သည္။

"ယြမ္ (၂၀၀) ဖိုးသုံးစြဲကာ WeChat တြင္ Like အခု (၃၀) စုေဆာင္းၿပီး သင္ႀကိဳက္ႏွစ္သက္ရာ သစ္သားလက္မႈပစၥည္းတစ္ခုကို အခမဲ့ရယူလိုက္ပါ" ဟူ၍။

မ်ားမၾကာမီပင္ ဆိုင္ေရွ႕တြင္တန္းစီေနေသာလူတန္းႀကီးမွာ ရွည္လ်ားသထက္ရွည္လ်ားလာေတာ့သည္။

"ေရွာင္ေကာေကာ....လူပုံေတြကိုေရာထြင္းတတ္လားဟင္? ဒီကိုၾကည့္...ကင္မရာကိုၾကည့္ပါဦး...တစ္ခ်က္ေလာက္ၿပဳံးလိုက္....ဘုရားေရ...ရွင့္ဓာတ္ပုံကအေခ်ာျပန္ျပင္ဖို႔ေတာင္မလိုဘူးပဲ__ကြၽန္မကို လူ႐ုပ္တစ္႐ုပ္ေလာက္လုပ္ေပးလို႔ရမလား?"

ထူးျခားဆန္းၾကယ္ေသာဧည့္သည္ျဖစ္သူသည္ကား သူမ၏ကင္မရာကိုၾကည့္ကာ သေဘာမေနာေကာင္းစြာျဖင့္တစ္ခ်က္မွ်ၿပဳံးျပလိုက္ၿပီးေသာ္ သူမ၏ေတာင္းဆိုခ်က္ကို အသာအယာပင္ျငင္းဆန္လိုက္သည္။

"လူ႐ုပ္ေတြဟာ အသက္ဝိညာဥ္ရွိၾကတယ္၊ ဒါေၾကာင့္ သူတို႔ကို ကိုယ့္သေဘာဆႏၵအေလ်ာက္ အေျပာင္အျပက္မလုပ္တာအေကာင္းဆုံးပဲ၊ တျခားလိုခ်င္တဲ့ပုံစံမ်ားရွိသလား?"

"စဥ္းစားလို႔မရဘူး...တျခားဘာကိုမွအထူးတလည္လိုခ်င္တာမ်ိဳးလည္းမရွိဘူး"

မိန္းမပ်ိဳေလးသည္ကား သူ႕မ်က္ႏွာႏွင့္လက္မ်ားအတြက္ အေကာင္းဆုံးရိုက္ခ်က္ရႈေထာာင့္ျမင္ကြင္းကို ရွာေဖြေနရင္း သူမ၏ 'အႏုသုခုမဇာတ္လမ္း' တစ္ပုဒ္အတြက္ စိတ္ေရာကိုယ္ပါႏွစ္ကာ အာ႐ုံစူးစိုက္လ်က္ရိုက္ကူးေရးလုပ္လို႔ေနသည္။ သူမက အမႈမဲ့အမွတ္မဲ့ေျပာလာသည္။

"ဒါမွမဟုတ္ရင္လည္း ရွင့္စိတ္ႀကိဳက္ ထြင္းခ်င္တာတစ္ခုခုထြင္းေပးလိုက္ပါ...ၾကည့္ေကာင္းရင္ၿပီးေရာ"

သို႔ျဖစ္ရာ ထူးဆန္းေသာဧည့္သည္ေတာ္သည္ကား သူ႕ဘာသာသူေတြးေတာႀကံဆလိုက္ၿပီးေသာ္ တုံ႕ဆိုင္းေတြေဝျခင္းအလ်ဥ္းမရွိဘဲ ခပ္ျမန္ျမန္ထြင္းထုလိုက္သည္။ မ်ားမၾကာမီမွာပင္ အေတာင္ပံတဖ်ပ္ဖ်ပ္ခတ္ကာ ေဝဟင္ထက္သို႔ပ်ံသန္းေတာ့မည့္ အသက္ဝင္လွေသာ သစ္သားလိပ္ျပာတစ္ေကာင္၏႐ုပ္လုံးပုံသဏၭာန္ေပၚေပါက္လာသည္__ ဤသို႔ျဖင့္ ၎မွာ ဧည့္သည္မ်ားက အထူးတလည္ေတာင္းဆိုခ်က္မ်ိဳးမရွိသေ႐ြ႕ကေတာ့ မ်ားေသာအားျဖင့္ လိပ္ျပာပုံမ်ားကိုသာအလိုအေလ်ာက္ထြင္းထုေပးတတ္ၿပီး ဧည့္သည္မ်ားကအျခားအရာဝတၳဳမ်ားကိုေတာင္းဆိုလာခ်ိန္တြင္မူ ရံဖန္ရံခါတစ္ေထာက္မွ်ရပ္နားကာ ျပန္လည္စဥ္းစားေလ့ရွိသည္__လိပ္ျပာ႐ုပ္မ်ားကိုသာလွ်င္ ၎မွာ အထူးတလည္ေတြးေတာစဥ္းစားေနရန္မလိုအပ္တာျဖစ္သည္။ မိမိမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ လက္ရည္ေသြးေလ့က်င့္ထားသူတစ္ေယာက္အလား လိပ္ျပာပုံမ်ားကိုမူ အလြယ္တကူထြင္းထုနိုင္တာပဲျဖစ္သည္။ အဆိုပါလိပ္ျပာမ်ားသည္ကား ဆိုင္ထဲ၌အလွဆင္ထားေသာ လိပ္ျပာကေလး၏ပုံစံႏွင့္ အနည္းငယ္ဆင္တူေနသေယာင္။

လူတစ္ေယာက္သည္ကား အဆိုပါပစၥည္းကိုၾကည့္ကာ စိတ္ကူးစိတ္သန္းရသြားၿပီး လိပ္ျပာတစ္ေကာင္ေနာက္သို႔လိုက္ေနေသာ ငွက္ကေလးတစ္ေကာင္ပုံစံမ်ိဳးထြင္းေပးနိုင္မလားဟူ၍ သူ႕ကိုေမးလာသည္__ဝဝဖိုင့္ဖိုင့္ႏွင့္ေပ်ာ္႐ႊင္ျမဴးတူးေနေသာ ငွက္ကေလးတစ္ေကာင္ပုံစံမ်ိဳးျဖစ္သည္။ သို႔ေသာ္ ၎မွာ မည္သည့္ဆင္ေျခကိုမွမေပးဘဲ ထိုေတာင္းဆိုခ်က္ကိုျငင္းပယ္လိုက္ၿပီး 'ငွက္ပုံစံကိုမလုပ္တတ္ပါ' ဟူ၍သာ ခပ္ၿပဳံးၿပဳံးေျပာဆိုလိုက္သည္။

သို႔ႏွင့္ ဆိုင္ရွင္ျဖစ္သူမွာလည္း သူ၏ေၾကာ္ျငာဆိုင္းဘုတ္ေပၚတြင္ မွတ္ခ်က္စာသားတစ္ေၾကာင္းထပ္မံျဖည့္စြက္ေရးသားလိုက္ရေလေတာ့သည္။

"လူပုံႏွင့္ငွက္ပုံမွလြဲ၍" ဟူသတည္း။

ဆိုင္အေပါက္ဝတြင္တန္းစီေနေသာလူတန္းႀကီးမွာ တစထက္တစရွည္လ်ားလာၿပီး အျခားေသာစီရင္စုၿမိဳ႕မွေရာက္ရွိလာသည့္ဂ်စ္ကားတစ္စီးခမ်ာ အခ်ိန္အေတာ္ၾကာေအာင္လမ္းပိတ္ေနရွာေတာ့သည္။ ယာဥ္ေမာင္းျဖစ္သူမွာ ထိုေနရာကိုမည္သို႔မွ်ျဖတ္သန္းေမာင္းႏွင္ရန္မျဖစ္နိုင္ေၾကာင္းေတြ႕ျမင္လိုက္ရေသာအခါ ကားမွန္ျပတင္းကိုခ်ကာ အျပင္ဘက္သို႔ၾကည့္ရႈလိုက္ၿပီးေနာက္ ကားေရွ႕ခန္းတြင္ထိုင္ေနေသာအမ်ိဳးသားတစ္ေယာက္ကိုေျပာလိုက္သည္။

"ကားက အေသပိတ္ေနၿပီ၊ မစၥတာန်န္...ကြၽန္ေတာ္တို႔ တျခားလမ္းလႊဲကေနသြားမွရေတာ့မယ္"

ထိုအခိုက္မွာပင္ ဆိုင္အေပါက္ဝ၌ထိုင္ေနရင္း သစ္သား႐ုပ္ပုံေလးမ်ားကို ထြင္းထုေပးေနသည့္အမ်ိဳးသားမွာ ေခါင္းေမာ့လာၿပီး လူအုပ္ႀကီးကိုထြင္းေဖာက္ကာ အဆိုပါကားကိုလွမ္းၾကည့္လိုက္ရင္း ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္သည္။

မူလအစက မ်က္လုံးမ်ားကိုမွိတ္စက္ကာအနားယူေနေသာ မစၥတာန်န္___ယန္းခ်ိဳးရွန္းမွာ သူ႕လည္တိုင္ေနာက္ဘက္သို႔ ႐ုတ္တရက္ဆန္တက္လာေသာ ေအးစိမ့္သည့္ခံစားခ်က္တစ္မ်ိဳးကိုခံစားလိုက္ရ၏။ သူက သူ႕မ်က္လုံးမ်ားကိုခ်က္ခ်င္းဖြင့္လိုက္ၿပီး ကားျပတင္းေပါက္အျပင္ဘက္သို႔လွမ္းၾကည့္လိုက္သည္။ အၾကည့္မ်ားမွာ ဓားသြားတစ္လက္ပမာစူးရွေနလ်က္။

ယြီယန္၏ရင္သတ္ရႈေမာဖြယ္ရာေကာင္းလွေသာ ဆည္းဆာေနေရာင္ျခည္ေအာက္တြင္နစ္ျမဳပ္ဝင္ေနေသာ ထိုေနရာတစ္ခုလုံးမွာ ဆူညံပြက္ေလာရိုက္ေနေသာဆယ္ေက်ာ္သက္လူငယ္မ်ားျဖင့္ျပည့္ႏွက္လို႔ေနသည္။ အင္တာနက္ေပၚတြင္ေရပန္းစားေနေသာ အဆိုပါဆိုင္ေရွ႕တြင္စုၿပဳံေနၾကသည့္ မိန္းကေလးမ်ားႏွင့္ေယာက်္ားေလးမ်ားသည္ကား တူညီေသာဖက္ရွင္ဒီဇိုင္းတစ္မ်ိဳးတည္းကိုဝတ္ဆင္ထားၾက၏။ ၎တို႔မွာ အလယ္တန္းေက်ာင္းတုန္းက ေက်ာင္းဝတ္စုံကိုလုံလုံေလာက္ေလာက္မဝတ္ဆင္ခဲ့ရေသာေၾကာင့္လားမသိ၊ ဘြဲ႕ရၿပီးႏွစ္အေတာ္ၾကာၿပီးေနာက္တြင္ 'နာမည္ႀကီးတံဆိပ္မ်ား'၊ 'နာမည္ႀကီးရႉးဖိနပ္မ်ား' ႏွင့္ 'နာမည္ႀကီးေက်ာက္မ်က္ရတနာမ်ား' ကို မသိလိုက္မသိဘာသာျဖင့္ လူတိုင္းလိုလိုဝတ္စားဆင္ယင္ထားၾကေလေတာ့သည္။ ဆံပင္ပုံစံမ်ားသည္ပင္ တစ္ေယာက္ႏွင့္တစ္ေယာက္အတူတူျဖစ္ေန၏။ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ အႏွီလႈပ္လႈပ္႐ြ႐ြျဖစ္ေနသည့္လူအုပ္ႀကီးသည္ကား *သူရဲေကာင္းအမ်ိဳးသမီးမိခင္တစ္ဦးတည္းထံမွ ဖြားျမင္ထားသူမ်ားပမာ။

(T/N
*သူရဲေကာင္းမိခင္---ဆိုဗီယက္ျပည္ေထာင္စုတြင္ ႀကီးမားေသာမိသားစုကိုျပဳစုပ်ိဳးေထာင္ခဲ့ၾကေသာ မိခင္မ်ားအားဂုဏ္ျပဳေသာဘြဲ႕အမည္နာမတစ္ခုျဖစ္သည္။)

"ဘာျဖစ္လို႔လဲ?"

ကားေနာက္ခန္းရွိလူတစ္ေယာက္က ေမးလာသည္။

အဆိုပါကားမွာ လူငါးေယာက္ဆန႔္ေသာဂ်စ္ကားတစ္စီးျဖစ္သည္။ ယာဥ္ေမာင္းႏွင့္ယန္းခ်ိဳးရွန္းတို႔ႏွစ္ေယာက္သည္ကား ကားေရွ႕ခန္းတြင္ထိုင္ေနတာျဖစ္ၿပီး ကားေနာက္ခန္းတြင္မူ အမ်ိဳးသားႏွစ္ေယာက္ႏွင့္ 'အမ်ိဳးသမီး' တစ္ေယာက္တို႔မွာ ၾကပ္ၾကပ္ညပ္ညပ္ထိုင္ေနၾကတာျဖစ္သည္။

အမ်ိဳးသမီးျဖစ္သူသည္ကား ယြီဘြားဘြား၏အေစခံျဖစ္ေသာ အမ်ိဳးသမီး႐ုပ္ေသး႐ုပ္ပင္တည္း။ လင္းထိန္ေတာက္ပေနေသာ ေန႕ခင္းေၾကာင္ေတာင္အခ်ိန္၌ သူမ၏မ်က္ႏွာေပၚရွိအစင္းေၾကာင္းအရာမ်ားမွာ အလြန္တရာသိသာထင္ရွားေနသည့္အတြက္ ၎မွာ မည္သို႔မွ်မတတ္သာဘဲ ခပ္ထူထူပုဝါစတစ္စျဖင့္ သူ႕မ်က္ႏွာကိုဖုံးနိုင္သေလာက္ဖုံးကာထားေနရရွာသည္။ သူမ၏ေဘးတစ္ခ်က္တစ္ဖက္တြင္မူ အမ်ိဳးသားႏွစ္ေယာက္ထိုင္ေနသည္__သူမ၏ဘယ္ဘက္တြင္ထိုင္ေနသူမွာ သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ထိုသူ၏ဝိုင္းစက္ျပဴးက်ယ္ေနေသာမ်က္လုံးႏွစ္လုံးမွာ ေနာက္က်ိေသာအျဖဴေရာင္အတြင္းတိမ္တို႔ျဖင့္ဖုံးလႊမ္းခံထားရသည္။ သူမ၏ညာဘက္ရွိအမ်ိဳးသားမွာမူ မ်က္ႏွာတျပင္လုံးတြင္အနီေရာင္မီးေလာင္ဒဏ္ရာအမာ႐ြတ္မ်ားျဖင့္ျပည့္ႏွက္ေနၿပီး သူ၏ေယာင္ကိုင္းေဖာင္းကားေနေသာအေရျပားမွာ အသားကင္ဗန္းေပၚတြင္အကင္ခံထားရသည့္ သုံးထပ္သားျပားႏွင့္တစ္ထပ္တည္းဆင္တူေနသေယာင္။

ထိုလူသုံးေယာက္လုံးအား ေသေသခ်ာခ်ာအေသးစိတ္ၾကည့္ရႈလိုက္မည္ဆိုပါက ၾကည့္ခ်င္စရာတစ္ကြက္မွမရွိပါေခ်။ ထိုေမးခြန္းကိုၾကားေသာအခါ ယာဥ္ေမာင္းျဖစ္သူမွာ ကားေနာက္ခန္းသို႔အမွတ္တမဲ့လွည့္ၾကည့္လိုက္မိၿပီးေနာက္ သူ႕ခႏၶာကိုယ္တစ္ခုလုံးတြင္ ၾကက္သီးေမြးညင္းမ်ားကဆုန္ေပါက္ခုန္ထြက္သြားရွာ၏__၎မွာ ကားေနာက္ၾကည့္မွန္ကို ခ်က္ခ်င္းပင္ အဂၤေတကိုင္ပစ္လိုက္ခ်င္စိတ္မ်ားတဖြားဖြားျဖစ္ေပၚလာေတာ့သည္။

"ဘာမွမျဖစ္ပါဘူး"

ယန္းခ်ိဳးရွန္းက သူ႕နဖူးျပင္ထက္သို႔ပင့္တင္ထားေသာ ေနကာမ်က္မွန္ကိုေအာက္သို႔ျပန္ခ်ကာေျပာလိုက္သည္။

"ဘယ္ေလာက္လိုေသးလဲ?"

"ေရွ႕နားတင္ေရာက္ေတာ့မွာပါ"

ယာဥ္ေမာင္းျဖစ္သူက ခပ္သြက္သြက္ျပန္ေျဖလိုက္သည္။

"အားလုံးကိုေသေသခ်ာခ်ာစီစဥ္ထားၿပီးပါၿပီ၊ ဒီႏွစ္ရက္အတြင္းမွာ ဧည့္သည္ဆိုလို႔ ကြၽန္ေတာ္တို႔တေတြပဲရွိမွာပါ။ တျခားလူေတြရွိမွာမဟုတ္ပါဘူး....သူတို႔ရဲ႕သူေဌးကလည္း ကြၽန္ေတာ္တို႔ဘက္ကလူပဲဆိုေတာ့__ပါးစပ္ပိတ္"

ယာဥ္ေမာင္းမွာေျပာရင္းဆိုရင္းမွာပင္ အင္တာနက္ေပၚတြင္ေရပန္းစားေနေသာဆိုင္ကို အေတာ္ေလးခက္ခက္ခဲခဲေကြ႕ပတ္ေမာင္းႏွင္သြားလိုက္ရသည္။ ေနာက္ဆုံးတြင္မူ ၎တို႔သည္ကား မီတာသုံးရာအကြာအေဝးတြင္ရွိေသာ အေသးစားဟိုတယ္ေလးတစ္လုံး၏အေရွ႕ဘက္သို႔ေရာက္ရွိသြားၾကေလသည္။ ယာဥ္ေမာင္းက ကားဟြန္းတီးလိုက္ေသာအခါ ဂိတ္တံခါးမွာ ႐ုတ္ျခည္းပြင့္သြားၿပီးေနာက္ ကားမွာ အတြင္းဘက္သို႔တိုက္ရိုက္ေမာင္းႏွင္ဝင္ေရာက္သြား၏။ ထို႔ေနာက္တြင္မူ အေစာင့္တစ္ဦးမွာ ေခါင္းျပဴထြက္လာၿပီး ေဘးဘီဝဲယာသို႔ခိုးေၾကာင္ခိုးဝွက္ျဖင့္ ဟိုၾကည့္သည္ၾကည့္လုပ္လိုက္သည္။ ထို႔ေနာက္ မည္သူမွသတိမထားမိခင္မွာပင္ 'ဧည့္သည္ျပည့္ၿပီ' ဟူသည့္သစ္သားဆိုင္းဘုတ္ကို အလ်င္အျမန္ခ်ိတ္ဆြဲလိုက္ကာ သူ႕ဦးေခါင္းကိုေနာက္သို႔ျပန္လည္႐ုတ္သိမ္းလိုက္သည္။

"ဆရာ...ကြၽန္ေတာ္ အိတ္ေတြကူသယ္ေပးပါရေစ..."

"မလိုဘူး"

ယန္းခ်ိဳးရွန္းက အေစာင့္ျဖစ္သူကိုဟန႔္တားလိုက္၏။

"ငါ့ဘာသာငါသယ္မယ္__ေႁမြအေရခြံ...ဒီကိုလာကူေပးဦး"

မ်က္ႏွာတျပင္လုံးအမာ႐ြတ္မ်ားျဖင့္ျပည့္ႏွက္ေနသူက အသံတစ္ခ်က္ျပဳကာတုံ႕ျပန္လိုက္သည္။ ယန္းခ်ိဳးရွန္း၏ဦးေဆာင္မႈေနာက္တြင္ ၎တို႔သည္ကား ကားထဲမွခရီးေဆာင္အိတ္ႀကီးအေျမာက္အျမားကိုထုတ္ယူလိုက္ၾကသည္။ ထိုအိတ္မ်ားထဲတြင္ မည္သည့္ပစၥည္းမ်ားထည့္ထားသည္မသိ၊ ခရီးေဆာင္အိတ္မ်ားမွာ ေလးလံလြန္းသျဖင့္ သယ္မ, လို႔ပင္မနိုင္သေယာင္။ အေစာင့္ျဖစ္သူမွာ ေဘးတစ္ဖက္တြင္ရပ္ေနရင္း မေနနိုင္မထိုင္ျဖစ္စြာျဖင့္ သူတို႔ကိုလုပ္ေနသမွ်ကိုစူးစိုက္ၾကည့္ရႈေနမိေလသည္။ ႐ုတ္တရက္ ၎မွာ တစ္စုံတစ္ခုကိုခံစားလိုက္ရသည့္ႏွယ္ ေခါင္းကိုေနာက္လွည့္ၾကည့္လိုက္သည္__ထိုအခါ သူ႕ကို တည့္တည့္တန္းတန္း 'စူးစိုက္ၾကည့္ရႈ' ေနေသာ မ်က္မျမင္လူႀကီး၏အျဖဴေရာင္မ်က္လုံးမ်ားႏွင့္ ေတ့ေတ့ဆိုင္ဆိုင္အၾကည့္ခ်င္းဆုံသြားရွာ၏။

အေစာင့္ျဖစ္သူခမ်ာ တစ္ကိုယ္လုံးတုန္တက္သြားၿပီး ၾကက္သီးေမြးညင္းမ်ားပင္ သုံးလက္မခန႔္ေထာင္တက္သြားရွာေတာ့သည္။

မ်က္မျမင္လူႀကီးသည္ကား ၿပဳံးလိုက္ၿပီး အသံကိုႏွိမ့္ကာေျပာလာသည္။

"မင္းကို ငယ္ငယ္တုန္းက လူႀကီးေတြသင္မထားဘူးလား....မၾကည့္သင့္တဲ့အရာေတြကို မၾကည့္ရဘူးလို႔ေလ"

ထိုအခိုက္မွာပင္ မ်က္မျမင္လူႀကီး၏အရိပ္သဏၭာန္သည္ကား လွစ္ခနဲပင္ အေစာင့္ျဖစ္သူ၏ေရွ႕တည့္တည့္သို႔ေရာက္ရွိလာ၏။ အေစာင့္ခမ်ာ အလြန္အင္မတန္ထိတ္လန႔္ေခ်ာက္ခ်ားသြားရွာၿပီး ေျခေထာက္မ်ားေပ်ာ့ေခြကာ ေျမႀကီးေပၚသို႔ဖင္ထိုင္လ်က္လဲက်သြားေတာ့မလိုပင္ျဖစ္သြားရွာေတာ့သည္။

ယန္းခ်ိဳးရွန္းက ေအးတိေအးစက္ျဖင့္သတိေပးလိုက္သည္။

"ယင္ယိ"

မ်က္မျမင္လူႀကီးသည္ကား ထိုအခါမွသာလွ်င္ အေနာက္သို႔ေျခတစ္လွမ္းဆုတ္သြားၿပီး ညစ္က်ယ္က်ယ္ၿပဳံးရယ္လိုက္ကာ လက္တစ္ဖက္ကိုဆန႔္တန္းလ်က္ အေစာင့္ျဖစ္သူအား ဟန္ေဆာင္ပန္ေဆာင္ျဖင့္ ထူမ,ေပးဟန္ျပဳလုပ္လိုက္သည္။

"ေသခ်ာရပ္မွေပါ့"

အေစာင့္ျဖစ္သူခမ်ာ သူ႕အႀကံဉာဏ္ကိုလက္ခံလိုက္ရွာသည္__၎မွာေျခေထာက္ႏွစ္ေခ်ာင္းတည္းျဖင့္ရပ္လွ်င္ ေျခမခိုင္မွာစိုးသည့္အလား လက္ေရာေျခေရာေလးဖက္လုံးေထာက္ကာ ထိုေနရာမွ သုတ္သီးသုတ္ျပာျဖင့္ထြက္ေျပးသြားရွာေတာ့သည္။

အႏွီထူးဆန္းေသာဧည့္သည္ေတာ္မ်ားသည္ကား ခရီးေဆာင္အိတ္ႀကီးမ်ားကို ယန္းခ်ိဳးရွန္း၏အခန္းတြင္းသို႔သယ္ေဆာင္သြားၾကၿပီး အခန္းတံခါးကိုခိုးေၾကာင္ခိုးဝွက္ပိတ္လိုက္ၾကေလသည္။

မ်က္ႏွာတျပင္လုံးအမာ႐ြတ္မ်ားျဖင့္ျပည့္ႏွက္ေနေသာ ေႁမြအေရခြံသည္ကား ပစၥည္းမ်ားကိုစစ္ေဆးရန္အလို႔ငွာ အိတ္မ်ားကိုဖြင့္လိုက္ခ်ိန္ဝယ္ အခန္းတြင္း၌ ႐ုတ္တရက္ၿပိဳးၿပိဳးျပက္ျပက္လင္းထိန္ေတာက္ပသြားေလေတာ့သည္။ ခရီးေဆာင္အိတ္အခ်ိဳ႕အတြင္း၌ အမ်ိဳးအစားစုံလင္လွေသာေက်ာက္မ်က္ရတနာပစၥည္းမ်ားအျပည့္ရွိေန၏။ ေႁမြအေရခြံက ဇစ္ကိုဖြင့္လိုက္သည္ႏွင့္တၿပိဳင္နက္ သႏၲာေက်ာက္မ်က္မ်ားျဖင့္ျပဳလုပ္ထားသည့္ပုလဲပုတီးကုံးမ်ားမွာ အျပင္သို႔လိမ့္ထြက္က်လာသည္။ ထိုအခါ သူ၏လည္မ်ိဳမွာ တုံ႕ခနဲလႈပ္ရွားသြားၿပီးေသာ္ ၎မွာ အဆိုပါပုလဲပုတီးကုံးမ်ားကို အိတ္ထဲသို႔ဂ႐ုတစိုက္ျပန္လည္ထည့္သြင္းလိုက္ၿပီး မိမိအားသံသယမျဖစ္ေစရန္အလို႔ငွာ သူ႕လက္ကိုအလ်င္အျမန္ျပန္လည္႐ုတ္သိမ္းလိုက္ကာ စိတ္ထဲ၌ေတြးလိုက္သည္။

ဒါေတြက လူေသေတြရဲ႕ပစၥည္းဥစၥာေတြပဲ၊ ေအာ္မိေသာ္ေဖာ...ေလာဘမႀကီးနဲ႕...ေလာဘမႀကီးနဲ႕

ထိုပစၥည္းမ်ားမွာ ဂူသခၤ်ိဳင္းမ်ားအတြင္းမွ တူးထုတ္လာခဲ့ေသာ 'ေျမေအာက္ရတနာပစၥည္းမ်ား' ျဖစ္သည္။ ေရွးယခင္ႏွစ္ကာလမ်ားအတြင္း ေသဆုံးသြားခဲ့ေသာ သူေဌးသူႂကြယ္မ်ားကိုျမႇုပ္ႏွံရာ၌ သူတို႔၏အေခါင္းပ်ဥ္ခ်ပ္မ်ားကိုေသေသခ်ာခ်ာသံမွိုမရိုက္ရေသးခင္မွာပင္ ဂူသခၤ်ိဳင္းေဖာက္သူမ်ားသည္ကား သူတို႔၏ရတနာပစၥည္းမ်ားကိုပစ္မွတ္ထားေနၾကတာျဖစ္သည္။ ေျမေအာက္ထဲတြင္ခရီးတစ္ပတ္ပတ္ၿပီးေနာက္ လူေသမ်ား၏ရနံ႕မ်ားစြဲထင္ကပ္က်န္ေနသည့္ ေက်ာက္မ်က္ရတနာမ်ားႏွင့္ ေက်ာက္စိမ္းထည္မ်ားမွာကား ယဇ္ပူေဇာ္ရာတြင္အသုံးျပဳသည့္ပစၥည္းေကာင္းမ်ားပင္ျဖစ္လို႔ေနေတာ့သည္။

သို႔ေသာ္ ေနာက္ဆုံးခရီးေဆာင္အိတ္တစ္ခုထဲတြင္မူ ငလ်င္ဒဏ္ခံနိုင္ေသာပစၥည္းမ်ားအျပည့္ရွိေနတာျဖစ္သည္။ ႀကီးမားေသာဖန္ပုလင္းမ်ားထဲတြင္ထည့္ထားသည့္ အနီရင့္ေရာင္အရည္မ်ားျဖစ္ေသာ__ကေလးေသြးမ်ား။

'စစ္မွန္ျခင္းဂိုဏ္း' ၏ ဂိုဏ္းတြင္းမွတ္တမ္းမွတ္ရာမ်ားအရ ေကာင္းရွန္းလူသားမ်ားသည္ကား လူမ်ိဳးတုံးသုတ္သင္သတ္ျဖတ္ျခင္းမခံရေသးခင္အခ်ိန္အထိ ေက်းကြၽန္လူတန္းစားတစ္ရပ္အျဖစ္ရွိေနဆဲျဖစ္သည္။ ကြၽန္ပိုင္ရွင္မ်ားႏွင့္ မ်ိဳးရိုးျမင့္အထက္တန္းလႊာလူတန္းစားမ်ားသည္ကား အလြန္တရာအသုံးအျဖဳန္းႀကီးလက္ဖြာလွၿပီး ေလာဘရမၼက္လည္းႀကီးမားၾကသူမ်ားျဖစ္သည္__၎တို႔မွာ ဂမၻီရေမွာ္အတတ္မ်ားကိုက်င့္ႀကံေလ့ရွိသလို ကေလးေသြးမ်ားကိုလည္းေသာက္သုံးတတ္ၾကသည္။ ထိုကဲ့သို႔ ကေလးေသြးမ်ားကိုေသာက္သုံးျခင္းအားျဖင့္ ထာဝရႏုပ်ိဳအသက္ရွည္နိုင္လိမ့္မည္ဟု ယုံၾကည္ခဲ့ၾကေလသည္။

ေသခ်ာေပါက္ကို ေျမေအာက္ရတနာပစၥည္းမ်ားႏွင့္ ကေလးေသြးမ်ားသည္ကား သူတို႔၏အႀကိဳက္ႏွင့္ကိုက္ညီေသာ ယဇ္ပူေဇာ္သည့္ပစၥည္းမ်ားပင္ျဖစ္သည္။

ေႁမြအေရခြံသည္ကား ဖန္ပုလင္းမ်ားပ်က္စီးျခင္းရွိ၊ မရွိကိုစစ္ေဆးေနရင္း ပြစိပြစိေရ႐ြတ္ေျပာဆိုလာသည္။

"မစၥတာန်န္...ခင္ဗ်ားတို႔ဘိုးေဘးေတြရဲ႕ အေတြးအျမင္အယူအဆေတြက အေတာ္ေလးကို ေခတ္ေနာက္က်ေနတာပဲ....အင္း...ဒါကေရာ ဘာႀကီးလဲ?"

၎မွာ ကေလးေသြးမ်ားထည့္ထားေသာအိတ္အတြင္း၌ပင္ ေျမထည္ျဖင့္ျပဳလုပ္ထားေသာေသတၱာေလးတစ္လုံးကိုေတြ႕လိုက္ရသည္။ လမ္းခရီးတစ္ေလွ်ာက္လုံးတြင္ ကဆုန္ေပါက္လာခဲ့ေၾကာင့္ ေသတၱာေလးေပၚရွိခ်ိပ္ပိတ္ထားေသာအင္းစာ႐ြက္မွာ အနည္းငယ္ကြာထြက္လုမတတ္ျဖစ္ေနခဲ့ေလၿပီ။ သို႔ျဖစ္ရာ ေႁမြအေရခြံက ေသတၱာေလးကိုေကာက္ကိုင္လိုက္သည္ႏွင့္တၿပိဳင္နက္ အင္းစာ႐ြက္ကို လက္ျဖင့္ပြတ္တိုက္မိကာ စာ႐ြက္မွာကြာထြက္သြားေလေတာ့သည္။

ေႁမြအေရခြံက ေမးလိုက္သည္။

"အင္းစာ႐ြက္ကြာသြားၿပီ...ဘာမွေတာ့မျဖစ္ဘူးမလား?"

ယန္းခ်ိဳးရွန္းက ေျပာလိုက္သည္။

"မထိနဲ႕...အဲဒါက...."

သူ႕စကားမဆုံးခင္မွာပင္ ထိုသူ၏သည္းေျခပ်က္မတတ္က်ယ္ေလာင္စူးရွေသာ ေအာ္ဟစ္သံကိုၾကားလိုက္ရေလေတာ့သည္။ ထိုလူမွာ အေတာ္ေလးကိုလက္ဂဏာမၿငိမ္သူျဖစ္၏__ယန္းခ်ိဳးရွန္း၏စကားမဆုံးခင္မွာပင္ ၎မွာ ေသတၱာကိုဖြင့္လိုက္ၿပီျဖစ္ၿပီး ေသးငယ္ေသာအနီေရာင္ေပါင္ဒါမႈန႔္မ်ားသည္ကား အျပင္ဘက္သို႔ေမ်ာလြင့္ထြက္ေပၚလာေတာ့သည္။ အဆိုပါအမႈန႔္မ်ားမွာ အသက္ဝင္ေနသည့္ႏွယ္ လူ႕အေရျပားႏွင့္ထိမိသည္ႏွင့္တၿပိဳင္နက္ အသားလႊာမ်ားအတြင္းသို႔ေဖာက္ထြင္းသြားကာ ပန္းေရာင္အေသြးအေရာင္မ်ားသည္ကား ေႁမြအေရခြံ၏လက္ေခ်ာင္းမ်ားတစ္ေလွ်ာက္ အထက္သို႔ဆန္တက္လို႔လာေတာ့သည္။

"အဲဒါက ေရသူအဆိပ္ေတြပဲ...ေသာက္႐ူးရဲ႕!"

ယန္းခ်ိဳးရွန္းက ေရွ႕သို႔တက္လာကာ ထၾကည့္ရန္ျပင္ေနေသာ မ်က္မျမင္လူႀကီးကို ဟန႔္တားလိုက္သည္။

"သူ႕ကိုမထိနဲ႕....မဟုတ္ရင္ မင္းလည္း သူ႕လိုပဲျဖစ္သြားလိမ့္မယ္၊ ငါ့ကိုမီးျခစ္ေပးစမ္း"

ေႁမြအေရခြံ၏ခႏၶာကိုယ္ေပၚရွိအမာ႐ြတ္မ်ားမွာ မီးေလာင္ျခင္း သို႔မဟုတ္ အပူေလာင္ျခင္းမွရရွိလာခဲ့ေသာဒဏ္ရာမ်ားျဖစ္သည္။ သို႔ျဖစ္ရာ ၎မွာ မီးေတာက္ကိုျမင္လွ်င္ျမင္ခ်င္းမွာပင္ အလိုအေလ်ာက္ေနာက္ဆုတ္သြားရွာေတာ့သည္။ သို႔ေသာ္လည္း ယန္းခ်ိဳးရွန္းသည္ကား ခ်က္ခ်င္းဆိုသလိုပင္ သူ႕လက္ေကာက္ဝတ္ကိုဖမ္းခ်ဳပ္ကိုင္လိုက္၏။ သူက ေလသံမာမာျဖင့္ေျပာလိုက္သည္။

"မင္းလက္ကို မလိုခ်င္ေတာ့ဘူးလား?"

ယန္းခ်ိဳးရွန္းသည္ကား ေျပာရင္းဆိုရင္းမွာပင္ ေႁမြအေရခြံ၏လက္ကို အားျဖင့္ခ်ဳပ္ကိုင္ထားၿပီး မီးေတာက္ေလးကိုအသုံးျပဳကာ အမႈန႔္ေၾကလုမတတ္ျဖစ္ေနေသာ ေႁမြအေရခြံ၏လက္အေရျပားကိုမီးရွို႔လိုက္သည္။ အေရျပားအတြင္းသို႔ထိုးေဖာက္ဝင္သြားေသာ ေပါင္ဒါမႈန႔္မ်ားသည္ကား မီးကိုေၾကာက္႐ြံ႕ဟန္တူသည္။ ၎တို႔မွာ မီးေတာက္ကိုေရွာင္ကြင္းကာ ႐ုတ္ခ်ည္းပင္ ေနာက္ျပန္ဆုတ္လာေတာ့သည္။ ေႁမြေရခြံခမ်ာ မီးအပူေလာင္မည္ကိုေၾကာက္႐ြံ႕ျခင္းေၾကာင့္ေလာ၊ သို႔မဟုတ္ နာက်င္မႈကိုေၾကာက္႐ြံ႕ျခင္းေၾကာင့္ေလာမသိ အေၾကာက္အကန္ကို႐ုန္းကန္လႈပ္ရွားေနသည္။ သို႔ေပသိ ယန္းခ်ိဳးရွန္း၏လက္မ်ားမွာ သံမဏိလက္ထိပ္မ်ားပမာ သူ႕အားၿမဲၿမံစြာထိန္းခ်ဳပ္ထားေနသည္။ သူ႕လက္ထဲရွိမီးေတာက္မ်ားမွာ အလြန္တရာတည္ၿငိမ္လွၿပီး တိက်ေသခ်ာစြာျဖင့္ ေႁမြေရခြံ၏လက္မ်ားအား မီးေလာင္ကြၽမ္းမသြားေစဘဲ လက္ေပၚရွိ အနီေရာင္အမွတ္အသားမ်ားကို ေမာင္းထုတ္ႏွင္လႊတ္လိုက္ေလေတာ့သည္။

ေႁမြအေရခြံထံမွ စူးရွေသာေအာ္ဟစ္သံႏွင့္အတူ အနီရင့္ေရာင္ေပါင္ဒါမႈန႔္မ်ားမွာ သူ႕လက္ေခ်ာင္းထိပ္မ်ားမွတဆင့္ အျပင္ဘက္သို႔ပန္းထြက္လာေတာ့သည္။ ခ်က္ခ်င္းပင္ ႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးသည္ကား ကြၽမ္းက်င္ပိုင္နိုင္စြာျဖင့္ အဆိုပါအမႈန႔္မ်ားကို ဖန္ခြက္တစ္ခြက္ထဲတြင္ထည့္သြင္းပိတ္ဆို႔ထားလိုက္သည္။

ေႁမြအေရခြံမွာ လိပ္ျပာလြင့္မတတ္ျဖစ္သြားရာမွ အသိစိတ္ျပန္ကပ္လာၿပီးေသာ္ ၾကမ္းျပင္ေပၚတြင္ဖင္တ႐ြတ္တိုက္ဆြဲကာ ေအာ္ဟစ္ေနရွာေတာ့သည္။

"အဲဒါက အသက္ရွိတယ္! အဲဒါက အသက္ရွိတယ္ဟ!"

"အဲဒီလိုေျပာလို႔လည္းရပါတယ္"

႐ုပ္ေသးမိန္းမပ်ိဳေလးက အနီရင့္ေရာင္အမႈန႔္မ်ားကို ေသေသခ်ာခ်ာစုေဆာင္းသိမ္းဆည္းလိုက္ၿပီး ေျမေသတၱာေလးအတြင္းသို႔ျပန္လည္ေလာင္းထည့္ကာ ခ်ိပ္ပိတ္လိုက္သည္။ သူမ၏စကားသံမွာ တယ္လီဖုန္းေျဖစက္မွထြက္ေပၚလာေသာစကားေျပာစက္အသံႏွင့္ဆင္တူေနသည္။

"ဟိုးအရင္တုန္းက ေကာင္းရွန္းလူသားေတြဟာ ေရသူမ်ိဳးႏြယ္ေတြကို အရွင္လတ္လတ္ ႀကိဳးနဲ႕ေဇာက္ထိုးဆြဲ၊ သူတို႔ရဲ႕လည္ပင္းေပၚမွာ ဓားရာအေသးေလးတစ္ခ်က္ေပးၿပီး သူတို႔ကိုေသြးထြက္လြန္ၿပီးေသေအာင္လုပ္တဲ့နည္းနဲ႕ သူတို႔ဆီကေသြးေတြကိုထုတ္ယူေလ့ရွိၾကတယ္၊ ေရသူေတြဟာ အရမ္းအေၾကာက္လြန္ေနတဲ့အခ်ိန္မွာ သူတို႔ရဲ႕ကိုယ္တြင္းကအဆိပ္ရွိတဲ့ကိုယ္တြင္းအဂၤါေတြဟာ အရည္ေပ်ာ္သြားၿပီး သူတို႔ရဲ႕ေသြးေတြနဲ႕အတူ ေရာၿပီးစီးဆင္းလာၾကတယ္။ ေရသူအဆိပ္ေတြပါဝင္ေနတဲ့ ေရသူေသြးေတြဟာ တသမတ္တည္းအနီရင့္ေရာင္ရွိတယ္၊ အဲဒီေသြးကို ဟသၤာျပဒါးနဲ႕ တျခားပါဝင္ပစၥည္းေတြေရာၿပီးေဖာ္စပ္လိုက္ရင္ ေရွးတုန္းက 'က်န႔္' လို႔ေခၚတဲ့ အထူးေရာင္ျခယ္ပစၥည္းတစ္မ်ိဳးကိုရတယ္....မစၥတာန်န္က တကယ့္ကိုဗဟုသုတနဲ႕ျပည့္စုံတဲ့သူပဲ...ဒါမ်ိဳးေတြအထိေတာင္ျပင္ဆင္ထားတာဆိုေတာ့၊ ဟုတ္သားပဲ၊ ရွင့္ဘာသာရွင္ ဘယ္ေလာက္ပဲထူးခြၽန္ထက္ျမက္ၿပီး တစ္မိုးေအာက္မွာတစ္ေယာက္တည္းရွိတဲ့ ဆရာႀကီးျဖစ္ေနပါေစ အဲဒီပစၥည္းသာမရွိရင္ ဓားကိုျပန္ျပဳျပင္လို႔ရမွာမဟုတ္ဘူးေလ....မစၥတာန်န္က အေတာ္ေလးကိုေစ့ေစ့စပ္စပ္စဥ္းစားထားတာပဲ"

မာနတံခြန္အလံထူထားေသာ မစၥတာန်န္သည္ကား သူ၏ယဥ္ေက်းပ်ဴငွာမႈမရွိေသာအမူအရာကို ဖုံးကြယ္ထားရန္ေတာင္မႀကိဳးစားခဲ့ပါေခ်။ ၎သည္ကား ယြိဘြားဘြားကဲ့သို႔အထင္ကရပုဂၢိဳလ္အေက်ာ္အေမာ္ႀကီးတစ္ဦး၏ေရွ႕ေမွာက္တြင္သာ မဆိုစေလာက္ေလးယဥ္ေက်းပ်ဴငွာဟန္ျပသခဲ့ေသာ္ျငား သူမ၏႐ုပ္ေသး႐ုပ္ကိုမူ နည္းနည္းေလးေတာင္မွအဖက္မလုပ္ပါေခ်။ ၎မွာ အႏွီ႐ုပ္ေသး႐ုပ္မိန္းမပ်ိဳ၏ေျပာစကားမ်ားကို မၾကားခ်င္ေယာင္ေဆာင္ကာ သူမကို ေျပာင္ေျပာင္တင္းတင္းပင္ လ်စ္လ်ဴရႈမ်က္ကြယ္ျပဳထားလိုက္ေလသည္။

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးခမ်ာ အေတာင့္သားျဖစ္သြားရွာၿပီး မည္ကဲ့သို႔တုံ႕ျပန္ရမည္မွန္းမသိေတာ့ပါေခ်။

ကံေကာင္းေထာက္မစြာပင္ ယင္ယိက စကားျဖတ္ေျပာလိုက္သည္။

"အဲဒါကို ဘာအတြက္သုံးတာလဲ?"

"လက္နက္ေတြကိုဖိုသြင္းဖို႔အတြက္__ဒ႑ာရီစကားေတြအရ လက္နက္ေတြကိုဖိုသြင္းတဲ့နည္းလမ္းဟာ ဂမၻီရေမွာ္အတတ္ေတြကိုအသုံးျပဳတဲ့နည္းလမ္းတစ္မ်ိဳးပဲတဲ့။ 'လက္နက္ဝိညာဥ္' ေတြဆိုတာကလည္း အမွန္တကယ္ေတာ့ သက္ရွိေတြပဲေလ။ အဲဒီသက္ရွိေတြကို မီးျပင္းဖိုထဲထည့္သြင္းၿပီးစေတးတဲ့အခါ မီးျပင္းဖိုေပၚမွာအသုံးျပဳတဲ့ အကာအကြယ္အစီအရင္ေတြမွာ 'က်န႔္' ကိုအသုံးျပဳၿပီးေရးဆြဲရတာပဲ"

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးသည္ကား သူမ၏အၾကည့္မ်ားကို ယန္းခ်ိဳးရွန္းကိုယ္ေပၚတြင္ စူးစိုက္ထားလိုက္ၿပီး ေလသံကိုႏွိမ့္ကာေျပာလိုက္သည္။

"အဲဒီလိုလုပ္လိုက္ရင္ လက္နက္ဝိညာဥ္ေတြဟာ လက္နက္ေတြထဲမွာ ထာဝရပိတ္ေလွာင္အက်ဥ္းခ်ခံထားၿပီး တစ္သက္လုံးမလြတ္ေျမာက္နိုင္ေတာ့ဘူးေလ"

ယန္းခ်ိဳးရွန္းမွာမူ နားကန္းေနသူတစ္ေယာက္သဖြယ္ တုတ္တုတ္မွ်မလႈပ္ရွားေပ။

ေႁမြအေရခြံသည္ကား ပတ္ဝန္းက်င္အေျခအေနကိုအရိပ္အကဲနားမလည္ဘဲ ေခြၽးေအးမ်ားကိုသုတ္လိုက္ကာ အေမာေဖာက္ေနေသာေလသံျဖင့္ဆက္လက္ေမးျမန္းလာသည္။

"ငါတို႔ေတြက ငယ္ငယ္ေလးကတည္းက ပင္လယ္ထဲမွာ ေလွ်ာက္သြားေနၾကတာ၊ ေရသူမ်ိဳးႏြယ္စုေတြအေၾကာင္းကိုၾကားဖူးေပမယ့္ သူတို႔ကိုတစ္ခါမွမေတြ႕ဖူးဘူး၊ ဒါေတြက အစစ္လား အတုလားဆိုတာကို ဘယ္သူသိမွာလဲ?"

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက မွင္ေသေသျဖင့္ပင္ သူ႕အၾကည့္မ်ားကို ယန္းခ်ိဳးရွန္း၏ကိုယ္ေပၚမွခြာလိုက္သည္။

"အစစ္ေတြပါ၊ ဒါေပမဲ့ အဲဒီမ်ိဳးႏြယ္စုက မ်ိဳးတုံးသြားတာၾကာလွၿပီ။ ေရသူမ်ိဳးႏြယ္စုက လူသားေတြနဲ႕တူေပမယ့္ တကယ္တမ္းက်ေတာ့ ငါးသတၱဝါေတြပဲေလ__သူတို႔က အရမ္းႀကီးအသိဉာဏ္မျမင့္မားၾကတဲ့အတြက္ အလြယ္တကူဖမ္းဆီးသတ္ျဖတ္တာခံလိုက္ရတာပဲ။ စစ္ပြဲႀကီးျဖစ္ပြားေနတဲ့အခ်ိန္တုန္းက ေကာင္းရွန္းလူသားေတြဟာ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔အတြက္ လက္နက္ကိရိယာေတြကိုအေျမာက္အျမားထုတ္လုပ္ခဲ့ၾကတယ္။ သူတို႔ေတြက ေရသူေတြကိုအလြန္အကြၽံဖမ္းဆီးခဲ့ၾကတဲ့အတြက္ အဲဒီမ်ိဳးႏြယ္စုဟာ ေနာက္ပိုင္းမွာမ်ိဳးသုဥ္းသြားခဲ့ရတာပဲ"

ေႁမြအေရခြံသည္ကား နိုင္ငံေရးအျမင္ရွိသူတစ္ဦးျဖစ္သည္__၎မွာ ခုနေလးတင္ ေက်းကြၽန္လူတန္းစားမ်ားအေၾကာင္းကို ရႈံ႕ခ်ေျပာဆိုခဲ့သူျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ပတ္သက္ၿပီးလည္း အေတာ့္ကိုအေျမာ္အျမင္ရွိသူျဖစ္သည္။ သူက ႏွေျမာတသျဖစ္စြာေျပာလိုက္သည္။

"ေကာင္းရွန္းလူသားေတြက သူတို႔ကို ဘာျဖစ္လို႔ အခ်ိန္အၾကာႀကီးအသုံးျပဳလို႔ရေအာင္ မလုပ္ၾကတာလဲ? သူတို႔ရဲ႕အဆီကိုသုံးတယ္၊ ေသြးကိုသုံးတယ္ေလ၊ ဒါျဖင့္ သူတို႔ကို ဘာျဖစ္လို႔မေမြးျမဴထားၾကတာလဲ?"

"ေမြးလို႔မရဘူး"

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက တည္ၿငိမ္စြာေျဖၾကားလိုက္သည္။

"ေရသူမ်ိဳးႏြယ္စုဟာ အလုံပိတ္ထားတဲ့ ကုန္းတြင္းေရျပင္ေတြထဲမွာ အသက္မရွင္နိုင္ၾကဘူး။ ေကာင္းရွန္းလူသားေတြဟာလည္း နည္းလမ္းေပါင္းစုံကိုႀကိဳးစားခဲ့ၾကတယ္၊ ဒါေပမဲ့ ပင္လယ္ေရေတြကို အေဝးႀကီးကေနသယ္လာၿပီးအသုံးျပဳတဲ့နည္းလမ္းကေတာင္ အလုပ္မျဖစ္ခဲ့ဘူး။ ေျပာစကားေတြအရေတာ့ အဲဒီတုန္းက အသက္ရွင္တဲ့ေရသူတစ္ေကာင္ပဲရွိတယ္တဲ့။ ေကာင္းရွန္းဘုရင္က သူ႕လူေတြကိုအထူးတလည္ေစလႊတ္ၿပီး ေမြးျမဴတဲ့နည္းလမ္းကိုသြားေရာက္ေတာင္းခံခဲ့တယ္။ ငါးေမြးျမဴေရးသမားတစ္ေယာက္ရဲ႕စကားအရေတာ့ ေရသူေတြဟာ အသည္းႏွလုံးႏုနယ္ေပ်ာ့ေပ်ာင္းသူေတြျဖစ္တယ္တဲ့၊ ဒါေၾကာင့္ ပိုင္ရွင္က သူတို႔ကိုေန႕တိုင္းလိုလိုဂ႐ုတစိုက္အားေပးႏွစ္သိမ့္ရၿပီး သူတို႔နဲ႕‌သံေယာဇဥ္တြယ္ေအာင္လုပ္ရတယ္၊ ကုန္းတြင္းေရျပင္ေတြကို သူတို႔ရဲ႕မိခင္အိမ္လိုပဲခံစားရေစေအာင္လုပ္ေပးရတယ္တဲ့ေလ"

ေႁမြအေရခြံက မွတ္ခ်က္ျပဳလိုက္သည္။

"သူတို႔ေတြက တကယ့္ကိုေကာင္းေကာင္းမြန္မြန္ထိန္းသိမ္းေစာင့္ေရွာက္ဖို႔လိုအပ္တာပဲ၊ ေမြးရခက္ေလေလ တန္ဖိုးလည္းျမင့္ေလေလေပါ့"

"ကြၽန္မစကားကိုဆုံးေအာင္နားေထာင္ဦး__ေနာက္ေတာ့ ေကာင္းရွန္းဘုရင္က အဲဒီေရသူကိုေဈးႀကီးေပးၿပီးဝယ္ယူခဲ့တယ္။ ဒါေပမဲ့ သူတို႔ေတြက ေရွးေဟာင္းေမွာ္အတတ္ေတြကိုသုံးၿပီး သူ႕ဆီကေနေသြးကိုထုတ္ယူလိုက္တဲ့အခါက်ေတာ့ သူ႕ရဲ႕ေသြးေတြဟာ အနီေရာင္ေတာက္ေတာက္ျဖစ္ေနတယ္။ တစ္နည္းေျပာရရင္ သူ႕ရဲ႕ေသြးထဲမွာ မရွိမျဖစ္လိုအပ္တဲ့ 'ေရသူအဆိပ္' ေတြပါမလာဘူး။ အဲဒီတုန္းက ရင္ခြဲစစ္ေဆးတဲ့နည္းပညာေတြမရွိေသးေတာ့ သူတို႔ေတြကိုယ္တိုင္လည္း ဒါကဘာေၾကာင့္ျဖစ္ရသလဲဆိုတဲ့အေၾကာင္းရင္းကိုရွာမေတြ႕ခဲ့ၾကဘူး"

႐ုပ္ေသးမိန္းမပ်ိဳေလးက ေအးစက္စက္ေလွာင္ရယ္လိုက္သည္။

"ဒါေပမဲ့ မွတ္တမ္းေတြအရေျပာရရင္ အဲဒီေရသူဟာ သူ႕ဆီကေနေသြးကိုထုတ္ယူတဲ့အခ်ိန္မွာ ႐ုန္းကန္လႈပ္ရွားျခင္းမျပဳသလို ေအာ္ဟစ္ကန္ေက်ာက္တာမ်ိဳးလည္းမရွိခဲ့ဘူးတဲ့__သူ႕ရဲ႕စိတ္အေျခအေနက တစ္ခ်ိန္လုံးတည္တည္ၿငိမ္ၿငိမ္ပဲရွိေနခဲ့တာတဲ့ေလ။ ဒါေၾကာင့္ လူေတြမွတ္ခ်က္ျပဳၾကတာက အဲဒီေရသူဟာ သူ႕ပိုင္ရွင္ျဖစ္သူအတြက္အသက္ေပးရေတာ့မယ္ဆိုတာကို သိၿပီးသားျဖစ္ေနတဲ့အတြက္ သူ႕အတြက္ လိုလိုလားလားအသက္စြန႔္ဖို႔ဆႏၵရွိခဲ့တာတဲ့ေလ။ ဒါေၾကာင့္ သူ႕ဆီကေန 'ေရသူအဆိပ္' ေတြထြက္မလာခဲ့တာပဲ"

ေႁမြအေရခြံသည္ကား ဤကဲ့သို႔နတ္ဘုရားဆန္လွေသာ သတၱဝါမ်ိဳးကိုတစ္ခါမွမၾကားဖူးတဲ့အတြက္ တအံ့တဩျဖစ္သြားရွာေတာ့သည္။

"သူ႕ပိုင္ရွင္ကေတာင္ သူ႕ကိုေရာင္းစားလိုက္ၿပီးၿပီပဲ။ ဒါနဲ႕ေတာင္ သူ႕အတြက္ လိုလိုလားလားအသက္စြန႔္ဖို႔ဆႏၵရွိေသးတယ္ေပါ့? တကယ့္ကို ဒါက တုံးအတာပဲမဟုတ္ဘူးလား?"

႐ုပ္ေသးမိန္းမပ်ိဳေလးက က်န္ရွိေသာခရီးေဆာင္ေသတၱာအိတ္မ်ားကိုဖြင့္ကာ ပစၥည္းမ်ားကိုၾကည့္ရႈစစ္ေဆးလိုက္ၿပီးေနာက္ သာမန္ကာလွ်ံကာျပန္ေျဖလိုက္သည္။

"ကြၽန္မေျပာခဲ့သလိုပဲ...ေရသူေတြဆိုတာက တကယ္ေတာ့ ငါးသတၱဝါတစ္မ်ိဳးပဲေလ။ 'ေရာင္းစားတယ္' ဆိုတဲ့စကားလုံးကိုေတာင္ သူတို႔နားလည္မွာမဟုတ္ဘူး"

ဟုတ္သားပဲ။ သူတို႔ေတြက 'အေရာင္းအဝယ္' ဆိုတဲ့စကားလုံးကိုလည္းနားလည္မွာမဟုတ္ဘူး။ ဘုမသိဘမသိေမြးဖြားလာၿပီး ဘုမသိဘမသိေသဆုံးသြားရတာပဲ__ဒီလိုတုံးအတဲ့သတၱဝါမ်ိဳးက ငါးျဖစ္ေနဖို႔ပဲထိုက္တန္ပါတယ္ေလ။

အႏွီ႐ူးမိုက္ေသာသတၱဝါမ်ားသည္ကား အခ်စ္အတြက္ အမွန္တကယ္နာက်င္ခံစားခဲ့ရလွ်င္ေတာင္မွပင္။

ယန္းခ်ိဳးရွန္းသည္ကား သူ၏သတၱဳျပားေလးကိုလက္ျဖင့္မထိေတြ႕မိေအာင္ အစြမ္းကုန္ႀကိဳးစားထိန္းခ်ဳပ္ေနရင္း ကသိကေအာက္ျဖစ္စြာပင္ သူတို႔၏စကားကိုၾကားျဖတ္ေျပာလိုက္သည္။

"အဓိပၸာယ္မရွိတာေတြေလွ်ာက္ေျပာမေနနဲ႕ေတာ့၊ ဒီကိုလာၿပီး ငါတို႔ရဲ႕အစီအစဥ္ကိုလာၾကည့္ၾက__ေႁမြအေရခြံ...တံခါးေတြနဲ႕ျပတင္းေပါက္ေတြကို သြားပိတ္ၿပီး အေပၚမွာခိုးနားေထာင္လို႔မရတဲ့မႏၲန္ေတြကပ္ထားလိုက္"

"ေကာင္းပါၿပီ"

ေႁမြအေရခြံသည္ကား သြက္သြက္လက္လက္ပင္ ခိုင္းသည့္အတိုင္းသြားလုပ္ေလေတာ့သည္။ သူက ျပတင္းေပါက္အျပင္မွတိုက္ခတ္ေနေသာ ၾကက္သီးေႏြးတမွ်ေႏြးေထြးသည့္ေလျပည္ေလညင္းေလးမ်ားကို မခြဲရက္မခြာရက္ျဖစ္ေနဟန္ျဖင့္ ျပတင္းေပါက္တံခါးကိုပိတ္လိုက္ကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။

"ယြီယန္....ယြီယန္က တကယ့္ကို ေနရာေကာင္းေလးပဲ"

"ယြီယန္?"

႐ႊမ္းက်ီးသည္ကား ဖန္သားျပင္ထဲမွတဆင့္ မေတြ႕ရသည္မွာအခ်ိန္အေတာ္ၾကာေနၿပီျဖစ္ေသာ ရွန႔္လင္ယြမ္းကိုစိုက္ၾကည့္လိုက္သည္။ ဘာေၾကာင့္မွန္းမသိဘဲ ဒုန္းစိုင္းကဆုန္ေပါက္ေနေသာ သူ၏ႏွလုံးသားအစုံကိုလ်စ္လ်ဴရႈထားလ်က္...။

"သူက ယြီယန္မွာ ဘာသြားလုပ္ေနတာလဲ?"

ယြီယန္သည္ကား သုံးခြၽမ္းႏွင့္မိုင္ေပါင္းေထာင္ႏွင့္ခ်ီေဝးေသာေနရာျဖစ္သည္။ အႏွီမိစာၦအိုႀကီးသည္ကား ကမာၻတစ္ပတ္လွည့္လည္ခရီးသြားရန္စိတ္ဝင္စားသူမ်ိဳးမဟုတ္ေပ။ သို႔ျဖစ္ရာ ဤမွ်ေလာက္ေဝးလံေသာေနရာကိုသြားေရာက္ျခင္းမွာ ေသခ်ာေပါက္ကိုအေၾကာင္းျပခ်က္ေကာင္းေကာင္းတစ္ခုရွိရေပမည္__ ပိရွက တစ္ခုခုကိုမ်ားရွာေတြ႕သြားလို႔လား?

ဒါက သုံးႀကိမ္ေျမာက္ပူေဆြးယဇ္ပူေဇာ္ပြဲနဲ႕ ပတ္သက္ေနတာလား?

တစ္ခ်ိန္တည္းမွာပင္ ဧည့္ရိပ္သာအတြင္း၌ရွိေန‌ေသာ ကူယြဲ႕ရွီးမွာ ဖုန္းကိုခ်လိဳက္ၿပီး မ်က္ေမွာင္တင္းတင္းၾကဳတ္လိုက္သည္။

"ယြီယန္....."

အဲဒီေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္ကိုဝတ္ထားတဲ့လူက သုံးခြၽမ္းေမွာင္ခိုေဈးကြက္နဲ႕ပတ္သက္ၿပီး အရမ္းကို အကြၽမ္းတဝင္ျဖစ္ေနတာဆိုေတာ့ သူက ဒီေနရာမွာ အခ်ိန္တစ္ခုစာေလာက္ေနထိုင္သြားတဲ့လူပဲျဖစ္ရမယ္

ကူယြဲ႕ရွီးသည္ကား ေလနတ္ဘုရားတပ္ဖြဲ႕ရွိသူလွ်ိုမ်ားကိုေစလႊတ္ကာ သုံးခြၽမ္းသားငါးေဈးတဝိုက္ရွိ တရားမဝင္စီးပြားေရးလုပ္ငန္းမ်ားကိုလုပ္ကိုင္ေသာ သံသယရွိသူမ်ားကိုရွာေဖြစုံစမ္းေစခဲ့သည္။ သူမမွာ ထိုရွာေဖြမႈႏွင့္ပတ္သက္ၿပီးႀကီးႀကီးမားမားေမွ်ာ္လင့္ထားတာမ်ိဳးေတာ့မရွိခဲ့ပါေခ်။ သို႔ေသာ္ ရက္ေပါင္းမ်ားစြာၾကာျမင့္ၿပီးေနာက္တြင္မူ ေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္ကိုရွာေတြ႕ခဲ့ျခင္းမရွိခဲ့ေသာ္ျငား မထင္မွတ္ဘဲ တရားမဝင္ဖြင့္လွစ္ထားေသာဟိုတယ္တစ္ခုတြင္ နာမည္တစ္ခုကိုေတြ႕ရွိသြားခဲ့ေလသည္__ 'န်န္ဖု' ဟူသည့္အမည္ပင္။

ေလနတ္ဘုရားအဖြဲ႕သားမ်ားသည္ကား မၾကာခဏဆိုသလိုအထူးစစ္ဆင္ေရးတာဝန္မ်ားကိုထမ္းေဆာင္ရေလ့ရွိသည္။ ေလနတ္ဘုရားအဖြဲ႕ဝင္စီနီယာတစ္ေယာက္ခ်င္းစီတိုင္းတြင္ နာမည္တုမ်ားႏွင့္ ကိုယ္ေရးရာဇဝင္အတုမ်ား ကိုယ္စီရွိၾကသည္။ မ်ားေသာအားျဖင့္ လူသုံးမ်ားေသာ 'က်န္း၊ ဝမ္၊ လီ၊ ေက်ာက္၊ လ်ိဳ' ဟူသည့္မ်ိဳးရိုးနာမည္မ်ားျဖစ္ၿပီး 'က်န့္၊ ခ်န္၊ ေမ၊ ေဟြ႕' စသျဖင့္အေတြ႕မ်ားေသာမ်ိဳးရိုးနာမည္မ်ားလည္းပါဝင္သည္။ အေၾကာင္းရင္းမွာ တတ္နိုင္သမွ် လူမသိသူမသိလႈပ္ရွားနိုင္ရန္အတြက္ျဖစ္သည္။ သို႔ေပသိ အျပင္ပန္းတြင္ေအးစက္သေလာက္ အတြင္း၌စိတ္ႏွလုံးသားႏူးညံ့ေႏြးေထြးသူတစ္ဦးျဖစ္ေသာ ယန္းခ်ိဳးရွန္းတစ္ဦးတည္းသာလွ်င္ သူသုံးသမွ်နာမည္တုအားလုံးတြင္ 'န်န္' ဟူသည့္မ်ိဳးရိုးနာမည္တစ္ခုတည္းကိုသာအသုံးျပဳေလ့ရွိသူျဖစ္သည္။

အေၾကာင္းရင္းမွာ *'ႏွစ္တစ္ႏွစ္ဟူသည္ ေႏြဦးႏွင့္ေဆာင္းဦးတို႔တစ္လွည့္စီဖြဲ႕စည္းထားေသာေၾကာင့္ပင္တည္း'။

(T/N

*မစၥတာန်န္ဆိုတဲ့မ်ိဳးရိုးနာမည္မွာပါတဲ့ 'န်န္' ဆိုတဲ့ စကားလုံးက 'ႏွစ္ (Year)' လို႔အဓိပၸာယ္ရပါတယ္။ 'ယန္းခ်ိဳးရွန္း' ဆိုတဲ့နာမည္မွာပါတဲ့ 'ခ်ိဳး' ဆိုတဲ့စကားလုံးက 'ေဆာင္းဦး' လို႔အဓိပၸာယ္ရၿပီး ဓားဝိညာဥ္ 'က်ီးခြၽင္း' ရဲ႕နာမည္မွာပါတဲ့ 'ခြၽင္း' ဆိုတဲ့စကားလုံးက 'ေႏြဦး' လို႔အဓိပၸာယ္ရပါတယ္။ ဒါေၾကာင့္ အေပၚကစာသားအရဆိုရင္ 'န်န္' လို႔ေခၚတဲ့ 'ႏွစ္' တစ္ႏွစ္ဟာ 'ခ်ိဳးခြၽင္း' လို႔ေခၚတဲ့ 'ေဆာင္းဦးနဲ႕ေႏြဦး' နဲ႕ဖြဲ႕စည္းထားတယ္လို႔ဆိုလိုပါတယ္။ ယန္းခ်ိဳးရွန္းဟာ သူ႕ရဲ႕မ်ိဳးရိုးနာမည္ကို 'န်န္' လို႔အမည္ေပးထားတာကိုၾကည့္ျခင္းအားျဖင့္ ဓားဝိညာဥ္အေပၚမွာထားရွိတဲ့ သူ႕ရဲ႕ခ်စ္ျခင္းေမတၱာအတိုင္းအဆကိုေတြ႕ျမင္ရမွာပါ။ 'ခ်ိဳးခြၽင္း' ဆိုတာက ေနာက္တစ္နည္းေျပာရရင္ သူတို႔ရဲ႕ CP name ပါပဲေလ။)

အဆိုပါစကားလုံးကိုယ္၌ကိုက ေတြ႕ရခဲေသာမ်ိဳးရိုးနာမည္ျဖစ္ၿပီး ၎မွာ ထိုအမည္နာမကိုပင္ အခ်ိန္ကာလၾကာျမင့္စြာအသုံးျပဳရင္း က်န္းဟူတခြင္သြားလာလႈပ္ရွားေနခဲ့တာျဖစ္သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ထိုအမည္နာမမွာ အလြယ္တကူသတိျပဳမိေစနိုင္႐ုံသာမက ျပႆနာမ်ားကိုပင္ျဖစ္ေပၚေစခဲ့ေတာ့သည္။

ထိုနာမည္ကိုျမင္လွ်င္ျမင္ခ်င္းမွာပင္ ကူယြဲ႕ရွီး၏ Adrenaline ေဟာ္မုန္းမ်ားမွာ မိုးထိေအာင္ထိုးတက္သြားေလေတာ့သည္။ သုံးခြၽမ္းေမွာင္ခိုေဈးနားမွာေနၿပီး 'န်န္' ဆိုတဲ့မ်ိဳးရိုးနာမည္ကိုသုံးတဲ့လူက ....ဧကႏၲ.....

သူမသည္ကား ခ်က္ခ်င္းဆိုသလိုပင္ ထိုအမည္ေနာက္သို႔လိုက္၍စုံစမ္းလိုက္ေသာအခါ မၾကာေသးမီက ထိုအမည္ျဖင့္ ကားအငွားမွတ္တမ္းတစ္ခုကိုရွာေတြ႕သြားေလသည္။ အဆိုပါကားမွာ မ်ားမၾကာေသးခင္ကမွ ယုံအန္းသို႔ေရာက္ရွိလာခဲ့သည္! ဓာတ္ဆီဆိုင္တြင္ ဆီဝင္ျဖည့္စဥ္တုန္းက ထိုသူ၏ေဘးတေစာင္းမ်က္ႏွာတစ္ဖက္ျခမ္းကိုရိုက္ကူးမိထား၏။ ႐ုပ္ပုံမွာ ရွင္းရွင္းလင္းလင္းမျမင္ရေသာ္ျငား သူမႏွင့္ေသအတူရွင္မကြာတာဝန္ထမ္းေဆာင္လာခဲ့ဖူးေသာ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္အတြက္မူ လုံေလာက္ၿပီျဖစ္သည္။

သူပဲ!

ကူယြဲ႕ရွီးသည္ကား ႐ုတ္ခ်ည္းပင္ သူ႕ထံတြင္ရွိသမွ်သတင္းရင္းျမစ္မ်ားကိုအသုံးခ်ၿပီး ထိုကားႏွင့္ 'န်န္ဖု' ဟူသည့္အမည္တုအေၾကာင္းကိုလိုက္လံစုံစမ္းေလေတာ့သည္။ အဆိုပါကားမွာ ေျမာက္ပိုင္းမွေတာင္ပိုင္းသို႔ ေမာင္းႏွင္သြားတာျဖစ္ၿပီး ယြီယန္ၿမိဳ႕သို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္းကို သိရွိသြားေလသည္။

"မနက္ျဖန္က ႐ုံးပိတ္ရက္ပဲ__ကြၽန္ေတာ္ လာမယ့္တနလၤာေန႕နဲ႕အဂၤါေန႕မွာ အစားထိုးခြင့္ျပန္ယူမွာမို႔လို႔ အလုပ္ကိုမလာေတာ့ဘူးေနာ္....ရတယ္မလား? ရဲေဘာ္တို႔...တကယ္လို႔ ကိစၥတစ္ခုခုရွိရင္ ကြၽန္ေတာ့္ဆီဖုန္းဆက္လိုက္ၾကေနာ္။ ဒါေပမဲ့ ကြၽန္ေတာ္သိပါတယ္...မင္းတို႔က ေတာ္ၿပီးသားပါ။ ဘာမွျဖစ္မွာမဟုတ္ပါဘူး"

႐ႊမ္းက်ီးသည္ကား ျပန္လည္ျပဳျပင္ေရးဌာန၏႐ုံးခန္းအတြင္းသို႔ ေခါင္းျပဴၾကည့္ကာ အဆိုပါစကားမ်ားကိုေျပာၾကားလိုက္ျခင္းျဖစ္သည္။ ၎သည္ကား ထိုေန႕ညမွာပင္ ယြီယန္သို႔သြားရန္အတြက္ ေလွ်ာ့ေဈးျဖင့္ရသည့္ေလယာဥ္လက္မွတ္တစ္ေစာင္ကို စိတ္ပိုင္းျဖတ္ကာဝယ္ယူလိုက္ေလေတာ့သည္။

အျခားတစ္ဖက္တြင္မူ ကူယြဲ႕ရွီးမွာလည္း ႐ုံးတြင္းစနစ္အတြင္း၌ ႏွစ္ကုန္ခြင့္ရက္ရွည္ေတာင္းခံလႊာတစ္ေစာင္ကို အလ်င္အျမန္ျဖည့္သြင္းလိုက္သည္။ ကြင္းဆင္းဝန္ထမ္းမ်ားသည္ကား တစ္လခန႔္ခြင့္ရက္ရွည္ရတတ္သည္။ သူမအဖို႔ သည္ႏွစ္အတြင္း ခြင့္တစ္ရက္မွမသုံးရေသးေပ။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ သူမ၏ခြင့္ေတာင္းလႊာအား အထက္မွခြင့္ျပဳမိန႔္မက်ေသးခင္မွာပင္ အထုပ္အပိုးမ်ားကိုျပင္ဆင္ထုပ္ပိုးၿပီးသားျဖစ္ေနခဲ့ေလၿပီ။

ေတာင္ပင္လယ္အတြင္း ေလေပြမ်ား ႐ုတ္တရက္ေဝ့ဝဲတိုက္ခတ္လာၿပီး ေအးခ်မ္းၿငိမ္သက္ေနေသာ ကြၽန္းငယ္ေလးအား တိုးေဝွ႕ရိုက္ခတ္သြား၏။ ကမ္းေျခတြင္မူ ခရီးသြားဧည့္သည္မ်ားမွာ ပင္လယ္တြင္းရွိလွိုင္းလုံးမ်ားေနာက္သို႔ေျပးလိုက္ရင္း ေအာ္ဟစ္ေနၾကသည္။ ယြီယန္ၿမိဳ႕၏အထက္ေကာင္းကင္ယံတြင္ ေလျပင္းမ်ားႏွင့္တိမ္စိုင္တိမ္လႊာမ်ားမွာ တိတ္တဆိတ္ စတင္စုေဝးလာေနသည္။

Continue Reading

You'll Also Like

1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...