အစားထိုးအိမ်ထောင်ရေး(MM Trans...

By WXYZ1823

174K 18.4K 599

Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters... More

Intro
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Announcement for next chapter
How to read in the link

Chapter(9)

4.1K 640 8
By WXYZ1823

《ဘာလုပ်ရမှာလဲ၊ မင်းကို ရိုက်မလို့
လေ》

Unicode

ရှဲ့ရွှယ်ရှင်၏မျက်လုံးများသည် အထပ်
အရေအတွက်ပြောင်းလဲမှုများကို ကြည့်ကာ အလွန်နှေးကွေးစွာ သွားနေခဲ့သည်ဟု ခံစားရသည်။ အရင်က ဓာတ်လှေကားကို မြန်လွန်းသည်ဟု သူထင်ခဲ့သော်လည်း ယနေ့တွင်တော့ စက္ကန့်တိုင်းသည် တစ်နှစ်လောက်ကြာသည်ဟုပင် ခံစားလာ
ရသည်။ 

လီရှီက သူ့ကို ပွေ့ဖက်ထားရင်း ၄င်းရဲ့
အသက်ရှုသံက သူ့အရေပြားပေါ် ရိုက်ခတ် လာကာ ပူနွေးသွားသည်။ 

ရှဲ့ရွှယ်ရှင်သည် လီရှီ၏နဖူးကိုထိကြည့်
လိုက်တော့ အလွန်ပူလောင်နေသည်။ 

သူ့လက်ထဲမှာရှိတဲ့လူက အဖျားကြီးနေပြီး
သူ့အဝတ်တွေစိုရွှဲနေတာကြောင့် မိုးမိလာ
တယ်ဆိုတာ သံသယ၀င်စရာအကြောင်း
မရှိပေ။ အဝတ်ကတစ်ဆင့် ခန္ဓာကိုယ်က အပူချိန်မြင့်လာတာကို ခံစားရ၍ သူအခု
အဆင်မပြေဖြစ်နေရတယ်။

ရှဲ့ရွှယ်ရှင်က သူ့လက်တွေနဲ့ တင်းတင်း
ကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး ဓာတ်လှေကား
ပွင့်သည်နှင့် အမြန်ထွက်လာလိုက်တယ်။ 

ထိုအချိန်တွင် အလုပ်ဆင်းချိန်ဖြစ်တာ
ကြောင့် ရုံးခန်းရှိလူများ ထွက်လာကြပြီး မစ္စတာရှဲ့သည် စိုးရိမ်တကြီးမျက်နှာထား
ဖြင့် လူတစ်ယောက်ကို ပွေ့ချီကာ သူတို့
ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားကာ လမ်းကိုအလျင်အမြန် ဖယ်ပေးလိုက်ကြသည်။ အမည်မသိသူ၏
မျက်နှာကိုကြည့်ပြီး အံ့ဩသွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ 

ဘာဖြစ်သွားတာလဲ? ? 

ရှန်းဟန်ကလည်း လျင်မြန်စွာထွက်သွား
ပြီး ရှဲ့ရွှယ်ရှင်ထွက်လာသည်နှင့် ကားကို
လှည့်ကာ တံခါးကိုဖွင့်ပေးလိုက်သည်။ 

ရှဲ့ရွှယ်ရှင်သည် လီရှီကို နောက်ထိုင်ခုံသို့ ဂရုတစိုက် ပွေ့တင်လိုက်ပြီး တစ်ဖက်မှ ကားထဲသို့ ဝင်လာခဲ့သည်။ လီရှီ၏ ဦးခေါင်းကို စောင်ဖြင့် အုပ်ထားလိုက်ပြီး ရေခဲသေတ္တာအသေးစားထဲမှ ရေခဲတုံးများ
ကို ထုတ်ယူကာ လီရှီကို အေးသွားစေရန် မျက်နှာသုတ်ပဝါဖြင့် ထုပ်ထားလိုက်ပြီး နဖူးပေါ်တင်ပေးလိုက်သည်။

"လီရှီ၊ လီရှီ..." ရှဲ့ရွှယ်ရှင်က တိုးတိုးလေး
အော်ခေါ်လိုက်ပေမယ့် လီရှီကလုံးဝတုံ့ပြန်
မှုမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့
တယ်။ 

ရှဲ့ရွှယ်ရှင်ကစိတ်တိုတိုနဲ့"မြန်မြန်မောင်း!" 
ရှန်းဟန်က သူ့အရှိန်ကိုထပ်မြှင့်လိုက်
တယ်၊ ကားရဲ့အရှိန်ကအခုဆို ကန့်သတ်
ချက်သို့ ရောက်လုနီးပါးမြန်နေပြီဖြစ်
သည်။ 

ရှဲ့ရွှယ်ရှင်က လီရှီရဲ့လက်ကို ဆုပ်ကိုင်ထား
ပြီး လီရှီရဲ့လက်ကလည်း ကြောက်စရာ
ကောင်းလောက်အောင် ပူခြစ်နေပြီး လီရှီရဲ့ မျက်နှာနီရဲနေတာကို ကြည့်ပြီး အသက်ရှုကြပ်လာကာ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ သူဘာဆက်ပြောရ
မှန်းမသိတော့ပေ၊ "မင်းကို တုန်ရွှမ်နဲ့
နောက်တစ်ကြိမ်တွေ့ဖို့ ငါအတင်းအကြပ်
မလုပ်တော့ပါဘူး မင်းမျက်လုံးတွေကို မြန်မြန်ဖွင့်စမ်း..." 

ဒါပေမယ့် လီရှီက သူ့အသံကို လုံးဝမကြား
ရပေ။ သူကြားနိုင်ရင်တောင် သူမတုံ့ပြန်
မှာကို ကြောက်မိတယ်။ခပ်ဝေးဝေးမှာ နေချင် နေလိမ့်မယ်။ သတိမလစ်ခင်က လီရှီရဲ့ အားကိုးရာမဲ့ပြီး ထိတ်လန့်နေတဲ့ အကြည့်ကို သူတွေးမိရင်း ရှဲ့ရွှယ်ရှင်က သူ့လက်ဖဝါးကို နာကျင်စွာဆုပ်ကိုင်လိုက်
ပြီး နီရဲနေသောမျက်လုံးတွေနဲ့ ပြောလိုက်
တယ် "မြန်မြန်!" 

ရှန်းဟန်က ရွေးချယ်စရာမရှိတော့ဘဲ ထပ်ပြီး အရှိန်မြှင့်လိုက်ကာ ကားကို ဆေးရုံသို့ မောင်းသွားရတော့တယ်။

ကားပေါ်မှဆင်းပြီးနောက် ရှဲ့ရွှယ်ရှင်သည် တစ်စုံတစ်ယောက်ကို ပွေ့ချီပြီး ဆေးရုံသို့ အမြန်ပြေးသွားခဲ့သည်။ခွဲစိတ်မှုအပြီးတွင် ဖုန်းလက်ခံရရှိပြီးနောက် တံခါးဝတွင်
စောင့်ဆိုင်းနေသော ဒေါက်တာကျုံးက စကားတစ်ခွန်းမပြောမီ ရှဲ့ရွှယ်ရှင်၏
ရုပ်သွင်ပြင်ကိုမြင်လိုက်ရမှ "အိုး၊ ခဏ
စောင့်!" ဒေါက်တာကျုံးသည် သူအထဲသို့ ပြေးဝင်ရန် ခြေဖဝါးကို မြှောက်လိုက်ရုံ
သာတတ်နိုင်သည်။ 

"သူ ဘာဖြစ်နေတာလဲ ကြည့်ရအောင်" 

ရှဲ့ရွှယ်ရှင်က လူကို ချုပ်ကိုင်ထားဆဲဖြစ်
တာကြောင့် ကျုံးခယ့်ကစကားဆက်မပြော
နိုင်ဘဲ "မင်းလူကို အရင်ချလိုက်အုန်း" 

လီရှီက တစ်ဖြည်းဖြည်းနဲ့ ပြာလာပြီး ဒေါက်တာကျုံးက သူ့ကို ခဏလောက်
 ကြည့်လာပြီး ပြောလာတယ် "အဖျားကြီး
ပြီး သတိမေ့မြောနေတာ ဘာမှစိုးရိမ်စရာ
မရှိပါဘူး။" 

ရှဲ့ရွှယ်ရှင်က မကျေမနပ်ဖြစ်ပြီး "သူ မူး မေ့သွားတာကို ဘာမှစိုးရိမ်စရာမရှိဘူးလို့ မင်းပြောနေတာလား" 

ဒေါက်တာကျုံးက "အဖျားသက်သာရင်
ကောင်းသွားမှာပါ၊ မင်းဘာတွေစဉ်းစားနေ
တာလဲ?" 

ရှဲ့ရွှယ်ရှင်က စိတ်မသက်မသာဖြစ်နေ
တယ် "ငါ အသေးစိတ်စစ်ဆေးပြီး မင်းရဲ့အကောင်းဆုံးဆရာဝန်ကို စီစဉ်ပေး စေချင်တယ်"

အဓိပ္ပါယ်က သူအကောင်းဆုံးမဟုတ်ဘူး
လို့ ဆိုလိုတာပေါ့။ ဒေါက်တာကျုံး က ဒေါသထွက်နေတယ်။ဒါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတစ်ခုပဲ၊ ငါတို့က သူငယ်ချင်း
တွေမို့လို့သာ မဟုတ်ရင် မင်းကန်ထုတ်ခံ
ရတာ ကြာပြီ မင်းသိရဲ့လား။ 

"ကောင်းပြီ၊ သူဘယ်လိုမေ့မြောသွားတာ
လဲဆိုတာ အသေးစိတ်ပြောပြစမ်းပါ၊ ငါပြန်စစ်ဆေးပေးမယ်။" 

ဒါကိုပြောလိုက်တော့ ရှဲ့ရွှယ်ရှင်က ရှက်ရွံ့သွားပြီး "ငါတို့ရန်ဖြစ်နေကြတာ..." 

ဒေါက်တာကျုံးက သူ့ရဲ့ အသွင်အပြင်ကို မြင်တော့ ဘာအမှားအယွင်းမှမရှိတာ
နားမလည်နိုင်ဘဲ သူကလေးနက်စွာ ပြော
လာသည် "အသက်ရှုကြပ်ပြီး မူးမေ့လဲတာ က အရမ်းအန္တရာယ်ရှိတယ်ဆိုတာ
မင်းသိလား ? လူတချို့က သေတဲ့အထိ ရူးသွပ်သွားတယ်ဆိုတာရော မင်းမကြားမိဘူးလား" 

ရှဲ့ရွှယ်ရှင်က ကုတင်ပေါ်တွင် လဲလျောင်း
နေသော လီရှီကိုကြည့်ကာ သူ့လက်များကို လက်သီးအဖြစ် တင်းတင်းဆုပ်ထားကာ လက်သည်းများသည် အသားထဲသို့ နစ်၀င်သွားသည်။ 

ဒေါက်တာကျုံးက မိဘတွေကကြိမ်းမောင်း
တာကိုခံနေရတဲ့ ကလေးတစ်ယောက်လို သူ့ကိုကြည့်ပြီး သက်ပြင်းချကာ "တချို့လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ အရမ်းနုနယ်နေတာမို့ သတိထားကြည့်
ရတယ်၊ ကဲ မကြည့်ခင်မှာ ရေနည်းနည်း
လောက် မော့သောက်လိုက်ကြရအောင်" 

လီရှီက စျေးအကြီးဆုံးဖြစ်တဲ့VIPအခန်း
သို့တွန်းပို့ခံလိုက်ရတယ်။ ဒေါက်တာကျုံး
ကစကားပင်မပြောနိုင်တော့ဘဲ အဖျားရှိရုံနဲ့ အဆင့်အတန်းမြင့်တဲ့ အခန်းမှာ နေထိုင်ရန် ပိုက်ဆံအများကြီးအကုန်ခံခဲ့တယ်။ ဘာပဲ 
ဖြစ်ဖြစ် ဒီလူကချမ်းသာတာပဲ။

ရှန်းဟန်က သူ့နာရီကိုတစ်ချက်ကြည့်
လိုက်တယ်။ ခြောက်နာရီထိုးနေပြီ။ တံခါးဖွင့်လိုက်တော့ ရှဲ့ရွှယ်ရှင်က သူ့ အရင်ပုံစံအတိုင်း ထိုင်နေတာကိုတွေ့လိုက်
ရတယ်။ သူက “မစ္စတာ ရှဲ့၊ မင်းထမင်း
အရင်စားသင့်တယ်”

ရှဲ့ရွှယ်ရှင်မလှုပ်မယှက်နဲ့ လီရှီကို ပြတ်ပြတ်သားသားစိုက်ကြည့်ကာ "ငါဗိုက်မဆာဘူး" 

ရှန်းဟန်က သူ့ရဲ့ အစွဲအလမ်းကြီးတဲ့
 အသွင်အပြင်ကို ကြည့်ပြီး သူ့ကိုထက် မစည်းရုံးဝံ့ဘဲ လှည့်ပြီး တံခါးကိုပိတ်လိုက်
တယ်။ ဒီအချိန်မှာ လီရှီ၏ကုတ်အင်္ကျီထဲ
ရှိ ဖုန်းကအသံမြည်လာပြီး ရှန်းဟန်သည် ရေစိုနေသောအကျီမှ ဖုန်းကိုထုတ်ကာ ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။ 

ကျန်းကျွင်းရဲ့ အသံကထွက်လာပြီး " လီရှီ၊ မင်းဘယ်သွားနေတာလဲ၊ ကော်ကော်က သူ့ကိုလာကြိုဖို့ သူငယ်တန်းမှာစောင့်နေ
တုန်းပဲ မင်းသိလား၊ မင်းဘာလို့ ဖုန်းကို မစစ် ကြည့်တာလဲ၊ ဆရာကငါ့ဆီဖုန်းဆက်လာ 
တယ်"

ကျန်းကျွင်းက အသက်ရှူရန် ရပ်လိုက်ပြီး
နောက် ရှန်းဟန်က ပြောလာတယ်
"မစ္စတာလီက အခုဆေးရုံမှာရှိနေတယ်" 

ကျန်းကျွင်းက လီရှီနှင့်ပတ်သက်ပြီး နောက်ထပ် စကားအနည်းငယ်ပြောဖို့ စီစဉ်ထားပေမဲ့ဆေးရုံလို့ကြားလိုက်ရတော့ မီးခိုးတွေထွက်လာပြီး "ဘာဖြစ်လို့လဲ"

"သူ မူးလဲသွားလို့" 

ကျန်းကျွင်းက လီကျွင်းကော်ကို အရင်နေ
ရာချထားပြီး ဆေးရုံကို ပြေးသွားခဲ့တယ်။
သူ့ခေါင်းထဲမှာတော့ အဆင့်တန်းမြင့်တဲ့
နေရာမှာဆိုရင် ဒါက ပြင်းထန်တဲ့ရောဂါပဲ။
သူ့ကို VIPအခန်းမှာ သွင်းလိုက်ရတာကို တွေးတောင်မတွေးရဲတော့ပဲ ချွေးတွေနဲ့
အတူ ဆေးရုံကိုသာ အမြန်ပြေးသွားလိုက်
တယ်၊ တံခါးနားရောက်တော့ တစ်ယောက်
ယောက်က သူ့ကိုမဝင်အောင်တားတယ်။ 

"ကျွန်တော်က သူ့သူငယ်ချင်းပါ" ကျန်းကျွင်းက သက်ပြင်းတစ်ချက်ချကာ ကောင်းမွန်သောလေသံဖြင့် ပြောလိုက်
သည်။ 

မထင်မှတ်ပဲ၊ ဒီလူက ခွင့်မပြုသေးတာ
ကြောင့် ဒေါသထွက်သွားတယ်။ "မင်းက ဘယ်သူလဲ၊ဒီနှစ်တွေမှာလူနာစောင့်ကြပ်ဖို့
ဆေးရုံက ကိုယ်ရံတော်တွေကို လွှတ်လိုက်
တဲ့အကြောင်း ငါမကြားမိဘူး" ကျန်းကျွင်း
က စိတ်တွေပူပြီး လီရှီကိုတွေ့ဖို့သာ စိတ်စောနေခဲ့ပြီး  လူကနေမကောင်းဘူး
မလား။ 

ဒါပေမယ့်လည်း သက်တော်စောင့်က အထဲမဝင်ခိုင်းဘဲ သူ့ကို လုံးဝ လျစ်လျူရှု
လိုက်သည်။ ကျန်းကျွင်းက ပိုဒေါသထွက်
လာပြီး သူ့အင်္ကျီလက်တွေကို လိပ်တင်ကာ သွားတော့မည့်အချိန်တွင် တံခါးပွင့်လာ
ပြီး ရှဲ့ရွှယ်ရှင်၏ မပျော်မရွှင်မျက်နှာက ထွက်ပေါ်လာသည်။ 

"မင်းက ဘယ်သူလဲ" 

ကျန်းကျွင်းက "ငါက လီရှီရဲ့သူငယ်ချင်းပါ။
ငါတို့ တစ်ကြိမ်တွေ့ဖူးတယ်လေ"  ဥက္ကဌကြီးက သူ့မျက်နှာကို လုံးဝ မမှတ်မိ
တော့တာ ဖြစ်နိုင်ပါတယ်။ 

ရှဲ့ရွှယ်ရှင်က သူ့ကိုတကယ်မမှတ်မိပေမဲ့
ရှန်းဟန်က ကျန်းကျွင်းကိုမှတ်မိတယ် "မစ္စတာကျန်းလား?" 

"ဟုတ်တယ်၊ မင်းငါ့ကိုဖုန်းဆက်လိုက်တာ
လေ" ကျန်းကျွင်းကဆက်၍ "လီရှီကဘာ
ဖြစ်လို့လဲ ?" 

ရှန်းဟန်က "ဒါက ဘာမှမစိုးရိမ်ရပါဘူး၊ မိုးမိလို့ အဖျားတက်သွားတာ"

ဘာမှကြီးကြီးမားမားမရှိဘူးဆိုတာကို
ကြားတော့ ကျန်းကျွင်းကစိတ်သက်သာရာ
ရသွားခဲ့ပေမဲ့ "သူကဘယ်လို့ အအေးမိပြီး
မူးမေ့လဲရတာလဲ"ဆိုပြီးမေးလိုက်တယ်။
သူ မူးလဲသွားတယ်ဆိုတာကိုကြားတော့ လီရှီက အလုပ်လုပ်ရင်း ရုတ်တရက်မေ့လဲ
သွားတယ်လို့ ထင်ခဲ့တာ။ ဒီလိုမျိုးသတင်း
တွေ အများကြီးကြားဖူးတာကြောင့်
သူ့ကိုသေလောက်အောင် ကြောက်လန့်စေ
တယ်။ 

ရှန်းဟန်ကနှုတ်ဆိတ်သွားတယ်၊ဒါကိုတော့
သူ မပြောနိုင်ဘူး။ 

သို့သော်လည်း လီရှီကိုလာစစ်ဆေးပြီး ထွက်ခွာခါနီးတွင် ဒေါက်တာကျုံးက ကျန်းကျွင်း၏မေးခွန်းကိုကြားပြီး သူ့သံသယများကို ဖြေပေးလိုက်တယ် "စကားများရန်ဖြစ်နေရင်း ဒေါသကြောင့်
မူးလဲတာ!" 

ကျန်းကျွင်းကဒါကိုကြားတော့ ရှန်းဟန်နှင့်
ရှဲ့ရွှယ်ရှင်တို့ အသွင်အပြင်ကို ကြည့်လိုက်
တယ်။ ဟမ်၊ ဒီလက်ထောက် ရုတ်တရက် ငြိမ်ကျသွားတာကအံ့သြစရာမဟုတ်တော့ဘူး၊
မင်းတို့က တစ္ဆေသရဲတွေချည်းပဲလို့ ခံစား
မိနေတယ်။

မုန်းစရာကောင်းတာပဲ။

ဒေါသကြောင့် မူးလဲသွားတယ်။
ကျန်းကျွင်းက အလွန်ဒေါသထွက်သွား
တယ်။ လီရှီသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသောကြောင့် မိဘမဲ့တစ်ဦး
ဖြစ်ပြီး လူ့အဖွဲ့အစည်းကို အမြဲကျေးဇူး
တင်တတ်ကာ လူတိုင်းအပေါ်ကြင်နာ
တတ်ပြီး သူတစ်ပါးကိုရယ်မောစေတတ်သူ
ဖြစ်လို့ ဘယ်သောအခါမှ မငိုကြွေးတတ်
သူဖြစ်သည်။ 

လီရှီဟာ သူ့သားကို ပြုစုပျိုးထောင်ရာမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး မိဘမဲ့ဂေဟာကို ပိုက်ဆံပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူ့မိဘ
တွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပေမယ့် သူဟာ ကြင်နာပြီး  ရွှင်လန်းတဲ့လူကောင်းတစ်
ယောက်ပါ။ 

နောက်ပိုင်းတွင် သူသည် သူ့ကျေးဇူးကို
ဆပ်ရန်အတွက် တုန်ရွှမ်နေရာ အစား
ထိုးရန် သဘောတူခဲ့ပြီး တုန်မိသားစု၏
လှည့်စားခြင်းကို ခံခဲ့ရသည်။ လီရှီက
တုန်မိသားစုအကြောင်း တစ်ခါမှ မပြောဖူး
ပေမယ့် ဘယ်သူကိုမှ မပြောနိုင်ခဲ့ပါဘူး။

သူမင်းကိုလိမ်ခဲ့ရင်တောင် ရှဲ့ရွှယ်ရှင်က ဘာဖြစ်သွားလို့လဲ? သူလည်းအပြစ်ပေးခံ
မရလို့လား? ဖော်ထုတ်ခံရပြီးနောက် တုန်မိသားစုက လီရှီကိုစက်မှုလုပ်ငန်း
မှာပိတ်ဆို့ထားခဲ့တယ်။ အဲ့ဒီအချိန်က
Runhuaသည် တုန်မိသားစုကို မဆက်ဆံ
ခဲ့ခြင်းကြောင့်သာ မဟုတ်ရင် လီရှီ
ဘာလုပ်မယ်လို့ ထင်လဲ၊ မိသားစုကို ကျွေးမွေးဖို့ အလုပ်တစ်ခုသူဘယ်လိုရှာမလဲ။ 

လီရှီက ဒါကိုမသိပေမယ့် တုန်မိသားစုဟာ သူတော်ကောင်းတွေမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ 

ရှဲ့ရွှယ်ရှင်လည်း အလားတူပါပဲ။ 

ရှဲ့ရွှယ်ရှင်ကလှည့်ပြီး ထွက်သွားတော့မည့်
အချိန်တွင် ကျန်းကျွင်းကအမြန်ထကာ ရှဲ့ရွှယ်ရှင်၏ကော်လာကိုဆွဲကိုင်၍ ထိုလူကို နံရံဘက် တွန်းထုတ်လိုက်သည်။ ရှဲ့ရွှယ်ရှင်သည် သူ့မျက်မှန်ကို ချွတ်လိုက်
ပြီး ကျန်းကျွင်းအား စူးရှသောမျက်လုံးများ
ဖြင့် စိုက်ကြည့်ကာ "မင်း ဘာလုပ်ချင်တာ
လဲ? " 

ကျန်းကျွင်းက အေးစက်စွာဟစ်အော်လိုက်
သည်။ "ဘာလုပ်ရမှာလဲ၊ မင်းကို ရိုက်မလို့
လေ"
~~~~~~~~~~~~~~~~~~~~~~~

《ဘာလုပ္ရမွာလဲ၊ မင္းကို ရိုက္မလို႔
ေလ》

Zawgyi

ရွဲ႕႐ႊယ္ရွင္၏မ်က္လုံးမ်ားသည္ အထပ္
အေရအတြက္ေျပာင္းလဲမႈမ်ားကို ၾကည့္ကာ အလြန္ေႏွးေကြးစြာ သြားေနခဲ့သည္ဟု ခံစားရသည္။ အရင္က ဓာတ္ေလွကားကို ျမန္လြန္းသည္ဟု သူထင္ခဲ့ေသာ္လည္း ယေန႕တြင္ေတာ့ စကၠန႔္တိုင္းသည္ တစ္ႏွစ္ေလာက္ၾကာသည္ဟုပင္ ခံစားလာ
ရသည္။ 

လီရွီက သူ႕ကို ေပြ႕ဖက္ထားရင္း ၄င္းရဲ႕
အသက္ရႈသံက သူ႕အေရျပားေပၚ ရိုက္ခတ္ လာကာ ပူေႏြးသြားသည္။ 

ရွဲ႕႐ႊယ္ရွင္သည္ လီရွီ၏နဖူးကိုထိၾကည့္
လိုက္ေတာ့ အလြန္ပူေလာင္ေနသည္။ 

သူ႕လက္ထဲမွာရွိတဲ့လူက အဖ်ားႀကီးေနၿပီး
သူ႕အဝတ္ေတြစို႐ႊဲေနတာေၾကာင့္ မိုးမိလာ
တယ္ဆိုတာ သံသယ၀င္စရာအေၾကာင္း
မရွိေပ။ အဝတ္ကတစ္ဆင့္ ခႏၶာကိုယ္က အပူခ်ိန္ျမင့္လာတာကို ခံစားရ၍ သူအခု
အဆင္မေျပျဖစ္ေနရတယ္။

ရွဲ႕႐ႊယ္ရွင္က သူ႕လက္ေတြနဲ႕ တင္းတင္း
ၾကပ္ၾကပ္ ေပြ႕ဖက္လိုက္ၿပီး ဓာတ္ေလွကား
ပြင့္သည္ႏွင့္ အျမန္ထြက္လာလိုက္တယ္။ 

ထိုအခ်ိန္တြင္ အလုပ္ဆင္းခ်ိန္ျဖစ္တာ
ေၾကာင့္ ႐ုံးခန္းရွိလူမ်ား ထြက္လာၾကၿပီး မစၥတာရွဲ႕သည္ စိုးရိမ္တႀကီးမ်က္ႏွာထား
ျဖင့္ လူတစ္ေယာက္ကို ေပြ႕ခ်ီကာ သူတို႔
ဆီသို႔ ေျပးလာသည္ကို ျမင္လိုက္ရသျဖင့္ ထိတ္လန႔္သြားကာ လမ္းကိုအလ်င္အျမန္ ဖယ္ေပးလိုက္ၾကသည္။ အမည္မသိသူ၏
မ်က္ႏွာကိုၾကည့္ၿပီး အံ့ဩသြားကာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကတယ္။ 

ဘာျဖစ္သြားတာလဲ? ? 

ရွန္းဟန္ကလည္း လ်င္ျမန္စြာထြက္သြား
ၿပီး ရွဲ႕႐ႊယ္ရွင္ထြက္လာသည္ႏွင့္ ကားကို
လွည့္ကာ တံခါးကိုဖြင့္ေပးလိုက္သည္။ 

ရွဲ႕႐ႊယ္ရွင္သည္ လီရွီကို ေနာက္ထိုင္ခုံသို႔ ဂ႐ုတစိုက္ ေပြ႕တင္လိုက္ၿပီး တစ္ဖက္မွ ကားထဲသို႔ ဝင္လာခဲ့သည္။ လီရွီ၏ ဦးေခါင္းကို ေစာင္ျဖင့္ အုပ္ထားလိုက္ၿပီး ေရခဲေသတၱာအေသးစားထဲမွ ေရခဲတုံးမ်ား
ကို ထုတ္ယူကာ လီရွီကို ေအးသြားေစရန္ မ်က္ႏွာသုတ္ပဝါျဖင့္ ထုပ္ထားလိုက္ၿပီး နဖူးေပၚတင္ေပးလိုက္သည္။

"လီရွီ၊ လီရွီ..." ရွဲ႕႐ႊယ္ရွင္က တိုးတိုးေလး
ေအာ္ေခၚလိုက္ေပမယ့္ လီရွီကလုံးဝတုံ႕ျပန္
မႈမရွိဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့
တယ္။ 

ရွဲ႕႐ႊယ္ရွင္ကစိတ္တိုတိုနဲ႕"ျမန္ျမန္ေမာင္း!" 
ရွန္းဟန္က သူ႕အရွိန္ကိုထပ္ျမႇင့္လိုက္
တယ္၊ ကားရဲ႕အရွိန္ကအခုဆို ကန႔္သတ္
ခ်က္သို႔ ေရာက္လုနီးပါးျမန္ေနၿပီျဖစ္
သည္။ 

ရွဲ႕႐ႊယ္ရွင္က လီရွီရဲ႕လက္ကို ဆုပ္ကိုင္ထား
ၿပီး လီရွီရဲ႕လက္ကလည္း ေၾကာက္စရာ
ေကာင္းေလာက္ေအာင္ ပူျခစ္ေနၿပီး လီရွီရဲ႕ မ်က္ႏွာနီရဲေနတာကို ၾကည့္ၿပီး အသက္ရႈၾကပ္လာကာ ဘာေၾကာင့္ ဒီလိုျဖစ္ေနရတာလဲ။ သူဘာဆက္ေျပာရ
မွန္းမသိေတာ့ေပ၊ "မင္းကို တုန္႐ႊမ္နဲ႕
ေနာက္တစ္ႀကိမ္ေတြ႕ဖို႔ ငါအတင္းအၾကပ္
မလုပ္ေတာ့ပါဘူး မင္းမ်က္လုံးေတြကို ျမန္ျမန္ဖြင့္စမ္း..." 

ဒါေပမယ့္ လီရွီက သူ႕အသံကို လုံးဝမၾကား
ရေပ။ သူၾကားနိုင္ရင္ေတာင္ သူမတုံ႕ျပန္
မွာကို ေၾကာက္မိတယ္။ခပ္ေဝးေဝးမွာ ေနခ်င္ ေနလိမ့္မယ္။ သတိမလစ္ခင္က လီရွီရဲ႕ အားကိုးရာမဲ့ၿပီး ထိတ္လန႔္ေနတဲ့ အၾကည့္ကို သူေတြးမိရင္း ရွဲ႕႐ႊယ္ရွင္က သူ႕လက္ဖဝါးကို နာက်င္စြာဆုပ္ကိုင္လိုက္
ၿပီး နီရဲေနေသာမ်က္လုံးေတြနဲ႕ ေျပာလိုက္
တယ္ "ျမန္ျမန္!" 

ရွန္းဟန္က ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ထပ္ၿပီး အရွိန္ျမႇင့္လိုက္ကာ ကားကို ေဆး႐ုံသို႔ ေမာင္းသြားရေတာ့တယ္။

ကားေပၚမွဆင္းၿပီးေနာက္ ရွဲ႕႐ႊယ္ရွင္သည္ တစ္စုံတစ္ေယာက္ကို ေပြ႕ခ်ီၿပီး ေဆး႐ုံသို႔ အျမန္ေျပးသြားခဲ့သည္။ခြဲစိတ္မႈအၿပီးတြင္ ဖုန္းလက္ခံရရွိၿပီးေနာက္ တံခါးဝတြင္
ေစာင့္ဆိုင္းေနေသာ ေဒါက္တာက်ဳံးက စကားတစ္ခြန္းမေျပာမီ ရွဲ႕႐ႊယ္ရွင္၏
႐ုပ္သြင္ျပင္ကိုျမင္လိုက္ရမွ "အိုး၊ ခဏ
ေစာင့္!" ေဒါက္တာက်ဳံးသည္ သူအထဲသို႔ ေျပးဝင္ရန္ ေျခဖဝါးကို ျမႇောက္လိုက္႐ုံ
သာတတ္နိုင္သည္။ 

"သူ ဘာျဖစ္ေနတာလဲ ၾကည့္ရေအာင္" 

ရွဲ႕႐ႊယ္ရွင္က လူကို ခ်ဳပ္ကိုင္ထားဆဲျဖစ္
တာေၾကာင့္ က်ဳံးခယ့္ကစကားဆက္မေျပာ
နိုင္ဘဲ "မင္းလူကို အရင္ခ်လိဳက္အုန္း" 

လီရွီက တစ္ျဖည္းျဖည္းနဲ႕ ျပာလာၿပီး ေဒါက္တာက်ဳံးက သူ႕ကို ခဏေလာက္
 ၾကည့္လာၿပီး ေျပာလာတယ္ "အဖ်ားႀကီး
ၿပီး သတိေမ့ေျမာေနတာ ဘာမွစိုးရိမ္စရာ
မရွိပါဘူး။" 

ရွဲ႕႐ႊယ္ရွင္က မေက်မနပ္ျဖစ္ၿပီး "သူ မူး ေမ့သြားတာကို ဘာမွစိုးရိမ္စရာမရွိဘူးလို႔ မင္းေျပာေနတာလား" 

ေဒါက္တာက်ဳံးက "အဖ်ားသက္သာရင္
ေကာင္းသြားမွာပါ၊ မင္းဘာေတြစဥ္းစားေန
တာလဲ?" 

ရွဲ႕႐ႊယ္ရွင္က စိတ္မသက္မသာျဖစ္ေန
တယ္ "ငါ အေသးစိတ္စစ္ေဆးၿပီး မင္းရဲ႕အေကာင္းဆုံးဆရာဝန္ကို စီစဥ္ေပး ေစခ်င္တယ္"

အဓိပၸါယ္က သူအေကာင္းဆုံးမဟုတ္ဘူး
လို႔ ဆိုလိုတာေပါ့။ ေဒါက္တာက်ဳံး က ေဒါသထြက္ေနတယ္။ဒါက ပုဂၢိဳလ္ေရးအရ တိုက္ခိုက္မႈတစ္ခုပဲ၊ ငါတို႔က သူငယ္ခ်င္း
ေတြမို႔လို႔သာ မဟုတ္ရင္ မင္းကန္ထုတ္ခံ
ရတာ ၾကာၿပီ မင္းသိရဲ႕လား။ 

"ေကာင္းၿပီ၊ သူဘယ္လိုေမ့ေျမာသြားတာ
လဲဆိုတာ အေသးစိတ္ေျပာျပစမ္းပါ၊ ငါျပန္စစ္ေဆးေပးမယ္။" 

ဒါကိုေျပာလိုက္ေတာ့ ရွဲ႕႐ႊယ္ရွင္က ရွက္႐ြံ႕သြားၿပီး "ငါတို႔ရန္ျဖစ္ေနၾကတာ..." 

ေဒါက္တာက်ဳံးက သူ႕ရဲ႕ အသြင္အျပင္ကို ျမင္ေတာ့ ဘာအမွားအယြင္းမွမရွိတာ
နားမလည္နိုင္ဘဲ သူကေလးနက္စြာ ေျပာ
လာသည္ "အသက္ရႈၾကပ္ၿပီး မူးေမ့လဲတာ က အရမ္းအႏၲရာယ္ရွိတယ္ဆိုတာ
မင္းသိလား ? လူတခ်ိဳ႕က ေသတဲ့အထိ ႐ူးသြပ္သြားတယ္ဆိုတာေရာ မင္းမၾကားမိဘူးလား" 

ရွဲ႕႐ႊယ္ရွင္က ကုတင္ေပၚတြင္ လဲေလ်ာင္း
ေနေသာ လီရွီကိုၾကည့္ကာ သူ႕လက္မ်ားကို လက္သီးအျဖစ္ တင္းတင္းဆုပ္ထားကာ လက္သည္းမ်ားသည္ အသားထဲသို႔ နစ္၀င္သြားသည္။ 

ေဒါက္တာက်ဳံးက မိဘေတြကႀကိမ္းေမာင္း
တာကိုခံေနရတဲ့ ကေလးတစ္ေယာက္လို သူ႕ကိုၾကည့္ၿပီး သက္ျပင္းခ်ကာ "တခ်ိဳ႕လူေတြက သူတို႔ရဲ႕ ႏွလုံးသားထဲမွာ အရမ္းႏုနယ္ေနတာမို႔ သတိထားၾကည့္
ရတယ္၊ ကဲ မၾကည့္ခင္မွာ ေရနည္းနည္း
ေလာက္ ေမာ့ေသာက္လိုက္ၾကရေအာင္" 

လီရွီက ေစ်းအႀကီးဆုံးျဖစ္တဲ့VIPအခန္း
သို႔တြန္းပို႔ခံလိုက္ရတယ္။ ေဒါက္တာက်ဳံး
ကစကားပင္မေျပာနိုင္ေတာ့ဘဲ အဖ်ားရွိ႐ုံနဲ႕ အဆင့္အတန္းျမင့္တဲ့ အခန္းမွာ ေနထိုင္ရန္ ပိုက္ဆံအမ်ားႀကီးအကုန္ခံခဲ့တယ္။ ဘာပဲ 
ျဖစ္ျဖစ္ ဒီလူကခ်မ္းသာတာပဲ။

ရွန္းဟန္က သူ႕နာရီကိုတစ္ခ်က္ၾကည့္
လိုက္တယ္။ ေျခာက္နာရီထိုးေနၿပီ။ တံခါးဖြင့္လိုက္ေတာ့ ရွဲ႕႐ႊယ္ရွင္က သူ႕ အရင္ပုံစံအတိုင္း ထိုင္ေနတာကိုေတြ႕လိုက္
ရတယ္။ သူက “မစၥတာ ရွဲ႕၊ မင္းထမင္း
အရင္စားသင့္တယ္”

ရွဲ႕႐ႊယ္ရွင္မလႈပ္မယွက္နဲ႕ လီရွီကို ျပတ္ျပတ္သားသားစိုက္ၾကည့္ကာ "ငါဗိုက္မဆာဘူး" 

ရွန္းဟန္က သူ႕ရဲ႕ အစြဲအလမ္းႀကီးတဲ့
 အသြင္အျပင္ကို ၾကည့္ၿပီး သူ႕ကိုထက္ မစည္း႐ုံးဝံ့ဘဲ လွည့္ၿပီး တံခါးကိုပိတ္လိုက္
တယ္။ ဒီအခ်ိန္မွာ လီရွီ၏ကုတ္အကၤ်ီထဲ
ရွိ ဖုန္းကအသံျမည္လာၿပီး ရွန္းဟန္သည္ ေရစိုေနေသာအက်ီမွ ဖုန္းကိုထုတ္ကာ ဖန္သားျပင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဖုန္းကိုင္လိုက္သည္။ 

က်န္းကြၽင္းရဲ႕ အသံကထြက္လာၿပီး " လီရွီ၊ မင္းဘယ္သြားေနတာလဲ၊ ေကာ္ေကာ္က သူ႕ကိုလာႀကိဳဖို႔ သူငယ္တန္းမွာေစာင့္ေန
တုန္းပဲ မင္းသိလား၊ မင္းလို႔ ဖုန္းကို မစစ္ ၾကည့္တာလဲ၊ ဆရာကငါ့ဆီဖုန္းဆက္လာ 
တယ္"

က်န္းကြၽင္းက အသက္ရႉရန္ ရပ္လိုက္ၿပီး
ေနာက္ ရွန္းဟန္က ေျပာလာတယ္
"မစၥတာလီက အခုေဆး႐ုံမွာရွိေနတယ္" 

က်န္းကြၽင္းက လီရွီႏွင့္ပတ္သက္ၿပီး ေနာက္ထပ္ စကားအနည္းငယ္ေျပာဖို႔ စီစဥ္ထားေပမဲ့ေဆး႐ုံလို႔ၾကားလိုက္ရေတာ့ မီးခိုးေတြထြက္လာၿပီး "ဘာျဖစ္လို႔လဲ"

"သူ မူးလဲသြားလို႔" 

က်န္းကြၽင္းက လီကြၽင္းေကာ္ကို အရင္ေန
ရာခ်ထားၿပီး ေဆး႐ုံကို ေျပးသြားခဲ့တယ္။
သူ႕ေခါင္းထဲမွာေတာ့ အဆင့္တန္းျမင့္တဲ့
ေနရာမွာဆိုရင္ ဒါက ျပင္းထန္တဲ့ေရာဂါပဲ။
သူ႕ကို VIPအခန္းမွာ သြင္းလိုက္ရတာကို ေတြးေတာင္မေတြးရဲေတာ့ပဲ ေခြၽးေတြနဲ႕
အတူ ေဆး႐ုံကိုသာ အျမန္ေျပးသြားလိုက္
တယ္၊ တံခါးနားေရာက္ေတာ့ တစ္ေယာက္
ေယာက္က သူ႕ကိုမဝင္ေအာင္တားတယ္။ 

"ကြၽန္ေတာ္က သူ႕သူငယ္ခ်င္းပါ" က်န္းကြၽင္းက သက္ျပင္းတစ္ခ်က္ခ်ကာ ေကာင္းမြန္ေသာေလသံျဖင့္ ေျပာလိုက္
သည္။ 

မထင္မွတ္ပဲ၊ ဒီလူက ခြင့္မျပဳေသးတာ
ေၾကာင့္ ေဒါသထြက္သြားတယ္။ "မင္းက ဘယ္သူလဲ၊ဒီႏွစ္ေတြမွာလူနာေစာင့္ၾကပ္ဖို႔
ေဆး႐ုံက ကိုယ္ရံေတာ္ေတြကို လႊတ္လိုက္
တဲ့အေၾကာင္း ငါမၾကားမိဘူး" က်န္းကြၽင္း
က စိတ္ေတြပူၿပီး လီရွီကိုေတြ႕ဖို႔သာ စိတ္ေစာေနခဲ့ၿပီး  လူကေနမေကာင္းဘူး
မလား။ 

ဒါေပမယ့္လည္း သက္ေတာ္ေစာင့္က အထဲမဝင္ခိုင္းဘဲ သူ႕ကို လုံးဝ လ်စ္လ်ဴရႈ
လိုက္သည္။ က်န္းကြၽင္းက ပိုေဒါသထြက္
လာၿပီး သူ႕အကၤ်ီလက္ေတြကို လိပ္တင္ကာ သြားေတာ့မည့္အခ်ိန္တြင္ တံခါးပြင့္လာ
ၿပီး ရွဲ႕႐ႊယ္ရွင္၏ မေပ်ာ္မ႐ႊင္မ်က္ႏွာက ထြက္ေပၚလာသည္။ 

"မင္းက ဘယ္သူလဲ?" 

က်န္းကြၽင္းက "ငါက လီရွီရဲ႕သူငယ္ခ်င္းပါ။
ငါတို႔ တစ္ႀကိမ္ေတြ႕ဖူးတယ္ေလ"  ဥကၠဌႀကီးက သူ႕မ်က္ႏွာကို လုံးဝ မမွတ္မိ
ေတာ့တာ ျဖစ္နိုင္ပါတယ္။ 

ရွဲ႕႐ႊယ္ရွင္က သူ႕ကိုတကယ္မမွတ္မိေပမဲ့
ရွန္းဟန္က က်န္းကြၽင္းကိုမွတ္မိတယ္ "မစၥတာက်န္းလား?" 

"ဟုတ္တယ္၊ မင္းငါ့ကိုဖုန္းဆက္လိုက္တာ
ေလ" က်န္းကြၽင္းကဆက္၍ "လီရွီကဘာ
ျဖစ္လို႔လဲ ?" 

ရွန္းဟန္က "ဒါက ဘာမွမစိုးရိမ္ရပါဘူး၊ မိုးမိလို႔ အဖ်ားတက္သြားတာ"

ဘာမွႀကီးႀကီးမားမားမရွိဘူးဆိုတာကို
ၾကားေတာ့ က်န္းကြၽင္းကစိတ္သက္သာရာ
ရသြားခဲ့ေပမဲ့ "သူကဘယ္လို႔ အေအးမိၿပီး
မူးေမ့လဲရတာလဲ"ဆိုၿပီးေမးလိုက္တယ္။
သူ မူးလဲသြားတယ္ဆိုတာကိုၾကားေတာ့ လီရွီက အလုပ္လုပ္ရင္း ႐ုတ္တရက္ေမ့လဲ
သြားတယ္လို႔ ထင္ခဲ့တာ။ ဒီလိုမ်ိဳးသတင္း
ေတြ အမ်ားႀကီးၾကားဖူးတာေၾကာင့္
သူ႕ကိုေသေလာက္ေအာင္ ေၾကာက္လန့္ေစ
တယ္။ 

ရွန္းဟန္ကႏႈတ္ဆိတ္သြားတယ္၊ဒါကိုေတာ့
သူ မေျပာနိုင္ဘူး။ 

သို႔ေသာ္လည္း လီရွီကိုလာစစ္ေဆးၿပီး ထြက္ခြာခါနီးတြင္ ေဒါက္တာက်ဳံးက က်န္းကြၽင္း၏ေမးခြန္းကိုၾကားၿပီး သူ႕သံသယမ်ားကို ေျဖေပးလိုက္တယ္ "စကားမ်ားရန္ျဖစ္ေနရင္း ေဒါသေၾကာင့္
မူးလဲတာ!" 

က်န္းကြၽင္းကဒါကိုၾကားေတာ့ ရွန္းဟန္ႏွင့္
ရွဲ႕႐ႊယ္ရွင္တို႔ အသြင္အျပင္ကို ၾကည့္လိုက္
တယ္။ ဟမ္၊ ဒီလက္ေထာက္ ႐ုတ္တရက္ ၿငိမ္က်သြားတာကအံ့ၾသစရာမဟုတ္ေတာ့ေပ၊
မင္းတို႔က တေစၦသရဲေတြခ်ည္းပဲလို႔ ခံစား
မိေနတယ္။

မုန္းစရာေကာင္းတာပဲ။

ေဒါသေၾကာင့္ မူးလဲသြားတယ္။
က်န္းကြၽင္းက အလြန္ေဒါသထြက္သြား
တယ္။ လီရွီသည္ မိဘမဲ့ေဂဟာတြင္ ႀကီးျပင္းလာေသာေၾကာင့္ မိဘမဲ့တစ္ဦး
ျဖစ္ၿပီး လူ႕အဖြဲ႕အစည္းကို အၿမဲေက်းဇူး
တင္တတ္ကာ လူတိုင္းအေပၚၾကင္နာ
တတ္ၿပီး သူတစ္ပါးကိုရယ္ေမာေစတတ္သူ
ျဖစ္လို႔ ဘယ္ေသာအခါမွ မငိုေႂကြးတတ္
သူျဖစ္သည္။ 

လီရွီဟာ သူ႕သားကို ျပဳစုပ်ိဳးေထာင္ရာမွာ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္လို႔ ခံစားခဲ့ရၿပီး မိဘမဲ့ေဂဟာကို ပိုက္ဆံေပးဖို႔ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့တယ္။ သူ႕မိဘ
ေတြရဲ႕ စြန႔္ပစ္ျခင္းကို ခံခဲ့ရေပမယ့္ သူဟာ ၾကင္နာၿပီး  ႐ႊင္လန္းတဲ့လူေကာင္းတစ္
ေယာက္ပါ။ 

ေနာက္ပိုင္းတြင္ သူသည္ သူ႕ေက်းဇူးကို
ဆပ္ရန္အတြက္ တုန္႐ႊမ္ေနရာ အစား
ထိုးရန္ သေဘာတူခဲ့ၿပီး တုန္မိသားစု၏
လွည့္စားျခင္းကို ခံခဲ့ရသည္။ လီရွီက
တုန္မိသားစုအေၾကာင္း တစ္ခါမွ မေျပာဖူး
ေပမယ့္ ဘယ္သူကိုမွ မေျပာနိုင္ခဲ့ပါဘူး။

သူမင္းကိုလိမ္ခဲ့ရင္ေတာင္ ရွဲ႕႐ႊယ္ရွင္က ဘာျဖစ္သြားလို႔လဲ? သူလည္းအျပစ္ေပးခံ
မရလို႔လား? ေဖာ္ထုတ္ခံရၿပီးေနာက္ တုန္မိသားစုက လီရွီကိုစက္မႈလုပ္ငန္း
မွာပိတ္ဆို႔ထားခဲ့တယ္။ အဲ့ဒီအခ်ိန္က
Runhuaသည္ တုန္မိသားစုကို မဆက္ဆံ
ခဲ့ျခင္းေၾကာင့္သာ မဟုတ္ရင္ လီရွီ
ဘာလုပ္မယ္လို႔ ထင္လဲ၊ မိသားစုကို ေကြၽးေမြးဖို႔ အလုပ္တစ္ခုသူဘယ္လိုရွာမလဲ။ 

လီရွီက ဒါကိုမသိေပမယ့္ တုန္မိသားစုဟာ သူေတာ္ေကာင္းေတြမဟုတ္ဘူးဆိုတာ သူေကာင္းေကာင္းသိတယ္။ 

ရွဲ႕႐ႊယ္ရွင္လည္း အလားတူပါပဲ။ 

ရွဲ႕႐ႊယ္ရွင္ကလွည့္ၿပီး ထြက္သြားေတာ့မည့္
အခ်ိန္တြင္ က်န္းကြၽင္းကအျမန္ထကာ ရွဲ႕႐ႊယ္ရွင္၏ေကာ္လာကိုဆြဲကိုင္၍ ထိုလူကို နံရံဘက္ တြန္းထုတ္လိုက္သည္။ ရွဲ႕႐ႊယ္ရွင္သည္ သူ႕မ်က္မွန္ကို ခြၽတ္လိုက္
ၿပီး က်န္းကြၽင္းအား စူးရွေသာမ်က္လုံးမ်ား
ျဖင့္ စိုက္ၾကည့္ကာ "မင္း ဘာလုပ္ခ်င္တာ
လဲ? " 

က်န္းကြၽင္းက ေအးစက္စြာဟစ္ေအာ္လိုက္သည္။ "ဘာလုပ္ရမွာလဲ၊ မင္းကို ရိုက္မလို႔
ေလ"
~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

109K 7.7K 115
bl system manhwaလေးပါ စိတ်ဝင်စားရင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
25.2K 2.2K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...
477K 79.7K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...
130K 22.9K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...