πšƒπš‘πšŽ π™·πšŠπš›πšπšŽπšœπš π™³πšŠπš›οΏ½...

Od L_amour_pour_toi

36.7K 3.1K 185

𝑾𝒉𝒂𝒕 π’˜π’π’–π’π’… π’šπ’π’– 𝒄𝒉𝒐𝒐𝒔𝒆 ❝ 𝑻𝒓𝒖𝒕𝒉 𝗼𝐫 𝑫𝒂𝒓𝒆 ! ❞ ? -π™±π™Ήπšˆπš‡-β™‘οΈŽ βˆ† π™΅πšžπš•πš• πšŒπš›πšŽπšπš’πš... VΓ­ce

Prologue
Chapter 01
Chapter 02
Chapter 03
Chapter 04
Chapter 05
Chapter 06
Chapter 07
Introduce New Fic
[Ting -Tong ] "

Epilogue

3.3K 285 9
Od L_amour_pour_toi

U.

// I. D. A. R. E. Y.O.U. //

"ပေါင်ပေါင်း (baby) !!!ဒီကို လာခဲ့တော့လေ.....ဘာလုပ်နေတာလဲ ။ စောအော်လေးက အိပ်ပျော်သွားပြီမဟုတ်လား "

သူတို့နှစ်ယောက်ရဲ့ အခန်းထဲကနေ ပဲ့တင်သံ တစ်သံ ထွက်လာတယ် ။

"ပေါင်ပေါင်း ! ပေါင်းပေ့လေးရေ! ပေါင်ပေါင်းရေလို့ ..............."

နောက်ထပ်တစ်ခါ ညည်းညူသံလို ၊ကလေးဆိုးလေး တစ်ယောက် မိဘကို ဂျစ်တိုက်နေတဲ့အသံလို အသံတစ်မျိုး ထပ်ထွက်လာပြန်တယ် ။ဘယ်သူလို့ထင်လဲ ။သေချာပေါက် ဂျစ်တူး ဝမ်ရိပေါ် ပဲပေါ့ ...

သူတို့အိမ်မှာ ရှိတာမှ လူသုံးယောက် ။ သားသားလေးကလည်း အိပ်နေပြီ။ သူ့ဆီကလည်း အသံလေးတစ်သံတောင်မှ မထွက်ဘူး ။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ အရွတ်တုံး ဝမ်ရိပေါ်ပဲပေါ့ ။

"ကိုယ် ပင်ပန်းနေပြီ ရိပေါ် "

ရှောင်းကျန့် သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲ ဝင်လာပြီး တစ်ခါတည်း King size မွေ့ယာ ကြီးပေါ် ဝင်လှဲရင်း ဖြေလိုက်တယ် ။

" ကျန့် ကော ......."

ပထမ တစ်ခါ စကားပြန်,မလာဘူး ။

" ပေါင်ပေါင်း ....."

ဒုတိယ တစ်ခွန်းလည်း စကား မပြန်သေးဘူး ။

"ကျန့်ကျန့်ရား..... "

အခုချိန်ထိ ကျောပေးထားတဲ့ ရှောင်းကျန့်က သူ့ဘက်ကို လှည့်လည်းမလာသလို ခွန်းတုန့်လည်း မပြန်သေးဘူး ။ဒါကဘာသဘောလဲ ။ အိပ်ယာမဝင်ခင် ပြုလုပ်နေကြ အရာတစ်ခုကို မေ့များနေတာလား ။ မသိချင်ထောင်ပဲ လာထောင်နေတာလား ။ထောင်ခြင်းထောင် ခြင်ထောင် ပဲ ထောင်ခွင့်ပြုမယ်၊ ဟင်း ဟင်း သူ က ဘယ်သူလဲ...ဝမ်ရိပေါ်ပါ သူ့က်ို လာကြောလို့ရရောလား ။

"ရှောင်းကျန့် ! "

နာမည် အပြည့်အစုံခေါ်မှ သူ့ရဲ့ ချစ်သည်းညှာလေးက မျက်လုံးလေးတွေ မှေးစင်းရင်း လှည့်ကြည့်လာသည် ။ သဘောက သူ အရမ်းကို အိပ်ချင်နေပြီမို့ အိပ်ခွင့်ပေးပါလို့ ပြောနေတဲ့ အတိုင်း ။

"ဘာလဲ ရိပေါ်ရာ ကိုယ် အရမ်း အိပ်ချင်နေပါပြီ ဆို "

"ဒါပေမဲ့ ကျန့်ကော မေ့နေတာလား everyday means everyday ကို "

ရိပေါ်ပြောရင်း ရှောင်းကျန့်ကို ပလက်အနေအထားရအောင် ဆွဲလှန်လိုက်ပြီး ခါးအလည်လောက်ကနေ တက်ခွလိုက်တယ် ။

"ရား!!!!!!!ဝမ်ရိပေါ် !!!!!!ဆင်းစမ်း !!!!"

ရှောင်းကျန့်က တွန့်လိမ်ကောက်ကွေးလို့ ကိုယ်ကို လှုပ်ခါနေပြီး သူ့အပေါ်က ဝမ်ရိပေါ်ကိုလည်း ဆွဲဖယ်နေသည်။ ဝမ်ရိပေါ်က တောက်တဲ့ဝင်စားတာလား ....ဒီလောက်ကပ်တွယ်နေရအောင် ။

"ကျန့်ကော.....အဲ့တာကို 5မိနစ်အတွင်းပြီးအောင် ကျွန်တော်တို့ မြန်နိုင်သမျှ မြန်မြန် လုပ်ကြမယ်လေ နော် ။ အဲ့တာ ဆို ကျွန်တော်တို့ က ကမ္ဘာ့ အမြန်ဆုံးအတွဲတောင် ဖြစ်နိုင်တယ် "

"ဝမ်ရိပေါ် !!!ရပ်လိုက် ! မင်း ! မင်း ! မတရားသဖြင့် မလုပ်နဲ့နော် "

နှုတ်ခမ်းတစ်ဖက်စောင်းအပြုံးနဲ့ ဝမ်ရိပေါ်ကတော့ သူ့စကားတွေကို မကြားသလို ပြုမူနေတယ် ။ တယ် ဒီဟာလေး.... လုပ်လိုက်ရင် အကြီးဖြစ်ပြီး မညှာမတာ အနိုင်ကျင့်တယ် ပြောဦးမယ် ။ ပြီးရင် တကယ်တမ်း အန်ိုင်ကျင့် အချုပ်ခံရတာက ဘယ်သူလဲ လာကြည့်ကြည့် ....ဒီက အမောင်ရှောင်းကျန့်လေးပဲ အားကြီးနဲ့ အဖိခံရတာ။

"အာ .....ဒါနဲ့ ကျန့်ကော မှတ်မိသေးရဲ့လား ။ကောရဲ့ သူငယ်ချင်းတွေ လေ ကျွန်တော့်ရှေ့မှာ ကော ကို ဟိုလို ညည်းတဲ့အသံလုပ်ခိုင်းတာ လေ။ ကျန့်ကော သိရဲ့လား.... အဲ့ဒီတုန်းက ကျန့်ကောတို့ ကျွန်တော့်ကို မလိမ့်တပတ်လုပ်ပြီး Truth or dare မစ်ရှင် ပြီးအောင် လုပ်တာလေ ။ ကျွန်တော့်မှာတော့ အဲ့ဒီတုန်းက ဘုမသိ ဘ,မသိနဲ့ အရှက်ကွဲလုနီးပါးပဲ "

ဝမ်ရိပေါ်က​အဲ့တုန်းက ကိစ္စကို အခဲမကျေသေးသလိုပြောပြီး နှုတ်ခမ်းကိုလည်း စူထော်ထားသေးသည် ။ ပြီးတော့ ဝမ်ရိပေါ်က သူ့ရဲ့ ဝတ်နဲ့ ရှောင်းကျန့် ပိနေမှာစိုးတာကြောင့် ဘေးတစ်ဖက်စီကို ကားယားခွလို့ သူ့ရင်ဘတ်ပေါ်တွင်လည်း ခေါင်းကိုမှီလို့ ခွေပေါက်လေးလို ချွဲနေသည် ။ ရှေ့ကကြည့် င်တော့ နှာခေါင်းလုံးလုံးနဲ့ ခွေးပေါက်လေးပေါ့ ။ အဲ့လို အခြေအနေကို အနောက်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ သူ့အားကြီးနဲ့မှ မမျှ ဖင်ဖူးထောင်း ထောင်နေတဲ့ သူငယ်နာမစင်တဲ့ Wang CEO ကြီးကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။

ရှောင်းကျန့် သူ့အတွေး သူ သဘောကျလွန်းလို့ ခပ်ရေးရေးလေး ပြုံးလိုက်သည် ။ ဝမ်ရိပေါ်ကတော့ မမြင်လိုက်ဘူး ။ သူမကျေနပ်ကြောင်းတွေ တိုင်ကြောထူနေလို့ ။

"ကျန့်ကော ကျွန်တော် တခါတလေ စဥ်းစားမိတယ်သိလား ။ကျန့်ကောရဲ့ သူငယ်ချင်းတွေသာ ကျန့်ကောကို အဲ့ဒီလို Dare မျိုး မခိုင်းခဲ့ရင် ကျန့်ကောနဲ့ ကျွန်တော်လည်း တစ်ယောက်နဲ့တစ်ယောက် တွေ့ဖြစ်ကြမှာမဟုတ်သလို မင်္ဂလာလည်း ဆောင်ဖြစ်ကြမှာမဟုတ်ဘူး ။ပြီးတော့ ...စော်အော်လေးလည်း ဖြစ်တည်လာမှာမဟုတ်ဘူး...နော် "

ရိပေါ်ကနောက်ထပ်တခါ မျက်နှာလေးညှိုးပြီး နှုတ်ခမ်းလေးက စိတ်မကောင်းမှုကြောင့် အနည်းငယ် စူထွက်လာပြန်သည် ။ ရှောင်းကျန့်လည်း ကလေးဆန်တဲ့ အတွေးတွေ​တွေးပြီး မျက်နှာမကောင်းတဲ့ ရိပေါ်ရဲ့ ပါးလေးကို လက်လေးနဲ့ နှစ်ဖက်နဲ့ အသာအယာ အုပ်ကိုင်လိုက်တယ် ။ ဝမ်ကုမ္ပဏီ ဝန်ထမ်းတွေသာ ဒီမြင်ကွင်းကို တွေ့ရင် သွေးအန်လောက်တယ် ။ အေးစက်စက်နဲ့ မျက်နှာတည်ပြီး ကြောက်စရာကောင်းတဲ့ သူတ်ို့ရဲ့ ရေခဲတုံး CEO ကြီးက အခုလို ရှောင်းကျန့်ကို အီနေတာ မမြင်ရတာတော့ စိတ်မကောင်းစရာပဲ။

"ဝမ်ရိပေါ် ....လူလိမ်ကောင် ! မင်းလျှောက်ပြောမနေနဲ့ ။ အဲ့ဒီတုန်းက ငါ အလုပ်ပြီးပြီးချင်း မင်းငါ့ကို မင်းရဲ့ အပန်းဖြေ စံအိမ်ဆီ ဆွဲခေါ်သွားပြီး အကြွေးဆပ်ခိုင်းခဲ့တာလေ!!! "

ရှောင်းကျန့်မှတ်မိပါသေးသည်။ အဲ့ဒီနေ့က ၊ တိတိကျကျ ပြောရရင် ပြောရရင် one night stan လုပ်ပေးရမယ်လို့ ပြောတဲ့နေ့တုန်းက သူ့အလုပ်လည်းပြီးရော ဝမ်ရိပေါ်က သူ့ကိုဆွဲခေါ်လို့ ကားပေါ်တင်ကာ အပန်းဖြေစံအိမ်မှာ အကြွေးဆပ်ခိုင်းပြီး တစ်ခါတည်း စော်အော်လေးပါ သူ့ထဲမှာ မျိုးစေ့ချခဲ့တာကို အခုထိ မှတ်မိနေသေးတယ်။ သောက်လူလိမ်ကောင်!

"ကျန့်ကောကလည်း ကျွန်တော် သာ အဲ့လိုမလုပ်ခဲ့ရင်.....ပါးပါးက ကျွန်တော်နဲ့ ကျန့်ကောကို ခွင့်ပြုမှာမဟုတ်ဘူးလေ ။ အဲ့ဒါကြောင့် ကျွန်တော်လည်း ခေါင်းထဲပေါ်လာတဲ့ အကြံကို ချက်ချင်း အသုံးချလိုက်ရတာ ။ ကြည့်လေ အဲ့တော့ပါးပါးက ကျန့်ကောရဲ့ ဗိုက်ထဲမှာ သူ့မြေးလေးရှိတယ်ဆိုတော့ ကျွန်တော်တို့ကိုမခွဲဘဲ အမြန်တောင် လပ်ထပ်ပေးသေးတယ်လေ ဟီးဟီး "

ဝမ်ရိပေါ်ကပြောရင်းနဲ့ အဲ့ဒီတုန်းက အကြံကို ပြနါတွေးပြီး သဘောကျတာကြောင့် တဟီးဟီးနဲ့ မြင်းရယ်သံလို ရယ်နေသည် ။ တကယ် ရှောင်းကျန့် အမြင်ကပ်တယ်.....သူ့ယောကျာ်းကို ။ ရုပ်လေးကချောနေလို့သာ ကုတ်မပစ်တာ ....မျက်နှာပေးက တကယ်ခေါင်းခေါက်ချင်စရာ ။

"ရိပေါ် !ဆင်းလို့ ! မင်းကိုယ်လုံးကြီးက တအားလေးတယ်! "

"ကျန့်ကော ....လုပ်ပါ ....ခွင့်ပြုနော်..ပလိစ်စ်စ်စ်"

ရှောင်းကျန့် သူ့မျက်နှာနား ငုံကျလာတဲ့ ရိပေါ် ကို လက်နဲ့ကာလို့ ပြန်တွန်းလိုက်တယ် ။

" အာ! ကျန့်ကောလို့ "

"ငါ မင်းကို ကွာရှင်းတော့မယ် ဝမ်ရိပေါ် "

ရှောင်းကျန့်က ရိပေါ်ကို ခြိမ်းခြောက်ပြီးပြောလိုက်ပေမဲ့ ဝမ်ရိပေါ်က ပြောင်ချော်ချော်လုပ်နေသေးသည် ။

"ငါ မင်းကို ကွာရှင်းမှာနော် ဝမ်ရိပေါ် "

ရိပေါ် ရှောင်းကျန့်အမူအယာအတိုင်း အတုခိုးပြီး လိုက်ပြောတော့ ရှောင်းကျန့်က သူ့ကို ကျားပေါက် လေးလို စူးစူးရဲရဲ ကြည့်လာသည် ။

ရှောင်းကျန့်အခု သူ့ယောက်ကျာ်းကို သတ်ချင်နေတဲ့ အကြည့်တွေနဲ့ ကြည့်ပေးလိုက်ပေမဲ့ သူ့ယောကျာ်းကတော့ ဘာတွေ သဘောကျသွားတယ်မသိ....ကလေးတစ်ယောက်ကို အသည်းယားလွန်းလို့ ပါးကို ဆွဲဖဲ့သလို သူ့ပါးကို လာဆွဲနေသည် ။

"ကျွန်တော် ကျန့်ကောအတွက် မုန့်တွေ အများကြီး ဝယ်ပေးမယ်လေ "

" ကောင်းပြီ ။ ငါခွင့်ပြုတယ် "

"Yes!!"

ပြောပါတယ် ကျန့်ကောက ပေါင်ပေါင်း(ကလေးလေး )ပါဆို ။ မုန့်နဲ့မျှားတာနဲ့ ပါလာရော ။

"ကျန့်ကော ကျွန်တော်တို့ စော်အော်လေးကို ညီမလေးတစ်ယောက် ပေးကြတာပေါ့ "

ရိပေါ်က ရှောင်းကျန့်ကို မနမ်းခင် အရင်ဆုံးပါးလေးကို ပွတ်သပ်လိုက်တယ်။ကျွန်တော်လေ...ခင်ဗျားကို သိပ်ချစ်တာပဲ။

ရှောင်းကျန့် သူ့ကိုရိပေါ်စနမ်းလာတဲ့အခါ ရိပေါ်ရဲ့ လက်မောင်းတွေကို ဆုပ်ကိုင်ထားလိုက်ပြီး အနမ်းတွေကို အလိုက်သင့်လေး တုန့်ပြန်နေလိုက်သည် ။

နမ်းနေရင်း တန်းလန်း ဝမ်ရိပေါ်က သူ့တင်ပါးတွေကို ဆုပ်နယ် နေသည် ။ ဝမ်ရိပေါ်က သူ့ရဲ့ နှုတ်ခမ်းတွေကို ရန်ရှာလို့ ပြီးတော့ အောက်ဘက်ကို ဆင်းလို့ လည်တိုင်တစ်လျှောက် သူ့အပိုင် အမှတ်အသားတွေ ပေးနေသည် ။

လည်တိုင်မှာ သူအလှဆင်ထားတဲ့ နီနီရဲရဲ အမှတ်တွေကို ဝမ်ရိပေါ်သဘောတကျ ထိတွေ့လိုက်တယ် ။ 'ဒီလူက သူ့အပိုင် ' ဆိုတဲ့ အသိကသူ့ရဲ့ စိတ်ကို အရမ်းပျော်ရွှင်စေသည် ။

ဝမ်ရိပေါ် အောက်ဘက်ကို ဆက်ဆင်းလို့ ရှောင်းကျန့်ရဲ့ အင်္ကျီကို လှန်ကာ ရင်ဘတ်က အသီးလေးတွေကို လက်ညှိုးနဲ့ တစ်မျိုး နှုတ်ခမ်းနဲ့ တစ်ဖုံ ဆော့ကစားနေလိုက်တယ်။
ရှောင်းကျန့်က သာယာမှုကြောင့် ညည်းသံလေးတောင် ထွက်လာသည်။

"ပါးပါး ! Daddy က နို့ဆာလို့လားဟင် "

ရှောင်းကျန့် ကုတင်နားက အသံသေးသေးလေးကြောင့် ဝမ်ရိပေါ်ရဲ့ ခေါင်းကို တွန်းကာ အင်္ကျီကို အမြန်ဆွဲချလိုက်သည် ။ ပြီးနောက် သားအနားသွားကာ သားနဲ့အရပ်ချင်းတူအောင် အောက်ကို ထိုင်ချလိုက်သည် ။

" စော်အော် အိပ်လို့မပျော်ဘူး ပါးပါး "

မျက်လုံးလေးပွတ်ကာ သမ်းဝေရင်း ပြောနေတဲ့ စော်အော်ရဲ့ ဆံပင်လေးတွေ ရှောင်းကျန့် ဖွဖွလေး ပွတ်သပ်လို့ ပြုံးလိုက်တယ် ။

"မျက်လုံးမှိတ်ပြီးနေနေလိုက် ခနေ အိပ်ပျော်သွားလိမ့်မယ် !"

ရှောင်းကျန့် ရိပေါ့်စကားကြောင့် ရိပေါ်ကို အကြည့်စူးစူးတွေနဲ့ ပစ်ပေါက်လို့ စော်အော်လေးကို ချော့မြူလိုက်တယ် ။

"ပါးပါးသားလေးက အိပ်မပျော်ဘူးလား ....ဒါဆို ပါးပါးက ချော့သိပ်မှာပေါ့ ...လာ...ကုတင်ပေါ်သွားရအောင် "

" သား...ပါးပါးနဲ့ အိပ်လို့ရတယ်လား "

ရှောင်းကျန့် ၄နှစ်သားလေး စော်အော်ရဲ့စကားကြောင့် ပြုံးလိုက်တယ် ။

"မရဘူး ! "

ကုတင်ပေါ်မှာ သူ့လက်နှစ်ဖက်ကို ကားလို့ ဆန့်ဆန့်ကြီး လှဲကာ ရိပေါ်က ဂျစ်တူးလုပ်နေသည်။

"ဒါပေါ့ ....ဘာလို့မရ ရမှာလဲ "

"ကျန့်ကော ! "

ရှောင်းကျန့် နှုတ်ခမ်းစူကာ ဂျစ်တူးလုပ်နေတဲ့ သူ့ရဲ့ကလေး ကြီးကို လျစ်လျူရှုလို့ သားသားကိုသာ ကုတင်ဆီ ချီပိုးလာပြီး ဝမ်ရိပေါ်ကို ဟိုဘက်တိုးလို့ ချော့သိပ်နေလိုက်သည် ။

"ငါ နောက်ထပ် ကလေးတစ်ယောက် ထပ်မလိုချင်တော့ဘူး !ဒီအနှောင့် ဒူးနာသားလေးတွေကတော့ !........ဝမ်ရိပေါ် စော်အော်တစ်ယောက်နဲ့တင်သူကောင်းကောင်းကြီး သိနေပြီလေ "

"အိပ်ရအောင် ရိပေါ် ....11နာရီထိုးနေပြီ "

ရှောင်းကျန့် အိပ်ပျော်သွားပြီ ဖြစ်တဲ့ စော်အော်ရဲ့ နဖူးလေးကို နမ်းကာ အခုထိ စိတ်ကောက်နေဆဲဖြစ်တဲ့ သူ့ယောကျာ်းဘက်ကိုလှည့်လို့ လက်ထောက်ကာ နဖူးလေးကို လှမ်းနမ်းလိုက်သည် ။

" စိတ်ကောက်မနေနဲ့ တော့ ၊ အဲ့ဒါကို မနက်ဖြန်ကြမှ ထပ်လုပ်မယ်လေနော် "

ရှောင်းကျန့်ရိပေါ် ကို တိုးတိုးလေးကပ်ကာ ပြောလိုက်တော့ ပျော်ရွှင်သွားတဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာကြီးက ဖုံးမရ ဖိမရ ။

" အို....ခေးး.....ကျန့်ကော!!! Goodnight!!စော်အော်လေးလည်း Goodnight "

ရိပေါ် သူ့သားရဲ့ နဖူးလေးကို နမ်းလိုက်တယ်။ သူ့နဲ့ ရှောင်းကျန့်ရဲ့သားပဲ မချစ်ပဲနေမလား...ချစ်တာပေါ့ ။ဒါပေမဲ့ သူနဲ့ ရှောင်းကျန့်ရဲ့ ကြားထဲ လာအိပ်ရင်တော့ သူ့ရန်သူလို့ သတ်မှတ်လိုက်တယ်။

ကလေးနဲ့ သူ့ကို လုနေတဲ့ ဝမ်ရိပေါ်ရယ်ပါ ။တကယ်တမ်းဆို သားသားက မကပ်ရဘူး ...သူကချည်း ရှောင်းကျန့်ကို ကပ်နေတာ ။ သားသားက သိတတ်ပါတယ် ....အဲ့တာကြောင့်လည်း အသက်၄နှစ်ရှိသေး သူ့ကို အခန်းခွဲသိပ်ဖို့ ပြောတုန်းကဆို သူတောင်အံ့သြရသေးတယ် ။

"Goodnight ပါးပါးနဲ့ ဒယ်ဒီ "

ရူးမိုက်တဲ့ Dare လေး တစ်ခုကြောင့် မျှော်လင့်မထားတဲ့ မိသားစုလေးတစ်ခု ရုပ်တရက် ဖြစ်တည်လာခဲ့သည် ။ ။

END.

_____THE___HARDEST____DARE____

အစ ကနေ အဆုံးထိ လိုက်ပါ ဖတ်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် 🥺

စောင့်နေပေးတဲ့သူတွေအားလုံး love u
(づ ̄3 ̄)づ╭❤~

THD လေးပြီးသွားပါပြီ အသစ်လေးနဲ့ ပြန်လာခဲ့ပါ့မယ် ။

Thanks a lot to All Silents & Readers ✨♥️

/ / / / / / / / / / /

[ Zawgyi ]

U.

// I. D. A. R. E. Y.O.U. //

"ေပါင္ေပါင္း (baby) !!!ဒီကို လာခဲ့ေတာ့ေလ.....ဘာလုပ္ေနတာလဲ ။ ေစာေအာ္ေလးက အိပ္ေပ်ာ္သြားၿပီမဟုတ္လား "

သူတို႔ႏွစ္ေယာက္ရဲ့ အခန္းထဲကေန ပဲ့တင္သံ တစ္သံ ထြက္လာတယ္ ။

"ေပါင္ေပါင္း ! ေပါင္းေပ့ေလးေရ! ေပါင္ေပါင္းေရလို႔ ..............."

ေနာက္ထပ္တစ္ခါ ညည္းၫူသံလို ၊ကေလးဆိုးေလး တစ္ေယာက္ မိဘကို ဂ်စ္တိုက္ေနတဲ့အသံလို အသံတစ္မ်ိဳး ထပ္ထြက္လာျပန္တယ္ ။ဘယ္သူလို႔ထင္လဲ ။ေသခ်ာေပါက္ ဂ်စ္တူး ဝမ္ရိေပၚ ပဲေပါ့ ...

သူတို႔အိမ္မွာ ရိွတာမွ လူသံုးေယာက္ ။ သားသားေလးကလည္း အိပ္ေနၿပီ။ သူ႔ဆီကလည္း အသံေလးတစ္သံေတာင္မွ မထြက္ဘူး ။ ဒါဆို ဘယ္သူျဖစ္ႏိုင္မလဲ အရြတ္တံုး ဝမ္ရိေပၚပဲေပါ့ ။

"ကိုယ္ ပင္ပန္းေနၿပီ ရိေပၚ "

ေရွာင္းက်န္႔ သူတို႔ႏွစ္ေယာက္ရဲ့ အိပ္ခန္းထဲ ဝင္လာၿပီး တစ္ခါတည္း King size ေမြ့ယာ ႀကီးေပၚ ဝင္လွဲရင္း ေျဖလိုက္တယ္ ။

" က်န္႔ ေကာ ......."

ပထမ တစ္ခါ စကားျပန္,မလာဘူး ။

" ေပါင္ေပါင္း ....."

ဒုတိယ တစ္ခြန္းလည္း စကား မျပန္ေသးဘူး ။

"က်န္႔က်န္႔ရား..... "

အခုခ်ိန္ထိ ေက်ာေပးထားတဲ့ ေရွာင္းက်န္႔က သူ႔ဘက္ကို လွည့္လည္းမလာသလို ခြန္းတုန္႔လည္း မျပန္ေသးဘူး ။ဒါကဘာသေဘာလဲ ။ အိပ္ယာမဝင္ခင္ ျပဳလုပ္ေနၾက အရာတစ္ခုကို ေမ့မ်ားေနတာလား ။ မသိခ်င္ေထာင္ပဲ လာေထာင္ေနတာလား ။ေထာင္ျခင္းေထာင္ ျခင္ေထာင္ ပဲ ေထာင္ခြင့္ျပဳမယ္၊ ဟင္း ဟင္း သူ က ဘယ္သူလဲ...ဝမ္ရိေပၚပါ သူ႔က္ို လာေၾကာလို႔ရေရာလား ။

"ေရွာင္းက်န္႔ ! "

နာမည္ အျပည့္အစံုေခၚမွ သူ႔ရဲ့ ခ်စ္သည္းၫွာေလးက မ်က္လံုးေလးေတြ ေမွးစင္းရင္း လွည့္ၾကည့္လာသည္ ။ သေဘာက သူ အရမ္းကို အိပ္ခ်င္ေနၿပီမို႔ အိပ္ခြင့္ေပးပါလို႔ ေျပာေနတဲ့ အတိုင္း ။

"ဘာလဲ ရိေပၚရာ ကိုယ္ အရမ္း အိပ္ခ်င္ေနပါၿပီ ဆို "

"ဒါေပမဲ့ က်န္႔ေကာ ေမ့ေနတာလား everyday means everyday ကို "

ရိေပၚေျပာရင္း ေရွာင္းက်န္႔ကို ပလက္အေနအထားရေအာင္ ဆြဲလွန္လိုက္ၿပီး ခါးအလည္ေလာက္ကေန တက္ခြလိုက္တယ္ ။

"ရား!!!!!!!ဝမ္ရိေပၚ !!!!!!ဆင္းစမ္း !!!!"

ေရွာင္းက်န္႔က တြန္႔လိမ္ေကာက္ေကြးလို႔ ကိုယ္ကို လႈပ္ခါေနၿပီး သူ႔အေပၚက ဝမ္ရိေပၚကိုလည္း ဆြဲဖယ္ေနသည္။ ဝမ္ရိေပၚက ေတာက္တဲ့ဝင္စားတာလား ....ဒီေလာက္ကပ္တြယ္ေနရေအာင္ ။

"က်န္႔ေကာ.....အဲ့တာကို 5မိနစ္အတြင္းၿပီးေအာင္ ကြၽန္ေတာ္တို႔ ျမန္ႏိုင္သမ်ွ ျမန္ျမန္ လုပ္ၾကမယ္ေလ ေနာ္ ။ အဲ့တာ ဆို ကြၽန္ေတာ္တို႔ က ကမ႓ာ့ အျမန္ဆံုးအတြဲေတာင္ ျဖစ္ႏိုင္တယ္ "

"ဝမ္ရိေပၚ !!!ရပ္လိုက္ ! မင္း ! မင္း ! မတရားသျဖင့္ မလုပ္နဲ႔ေနာ္ "

ႏႈတ္ခမ္းတစ္ဖက္ေစာင္းအၿပံဳးနဲ႔ ဝမ္ရိေပၚကေတာ့ သူ႔စကားေတြကို မၾကားသလို ျပဳမူေနတယ္ ။ တယ္ ဒီဟာေလး.... လုပ္လိုက္ရင္ အႀကီးျဖစ္ၿပီး မၫွာမတာ အႏိုင္က်င့္တယ္ ေျပာၪီးမယ္ ။ ၿပီးရင္ တကယ္တမ္း အန္ိုင္က်င့္ အခ်ဳပ္ခံရတာက ဘယ္သူလဲ လာၾကည့္ၾကည့္ ....ဒီက အေမာင္ေရွာင္းက်န္႔ေလးပဲ အားႀကီးနဲ႔ အဖိခံရတာ။

"အာ .....ဒါနဲ႔ က်န္႔ေကာ မွတ္မိေသးရဲ့လား ။ေကာရဲ့ သူငယ္ခ်င္းေတြ ေလ ကြၽန္ေတာ့္ေရ႔ွမွာ ေကာ ကို ဟိုလို ညည္းတဲ့အသံလုပ္ခိုင္းတာ ေလ။ က်န္႔ေကာ သိရဲ့လား.... အဲ့ဒီတုန္းက က်န္႔ေကာတို႔ ကြၽန္ေတာ့္ကို မလိမ့္တပတ္လုပ္ၿပီး Truth or dare မစ္ရွင္ ၿပီးေအာင္ လုပ္တာေလ ။ ကြၽန္ေတာ့္မွာေတာ့ အဲ့ဒီတုန္းက ဘုမသိ ဘ,မသိနဲ႔ အရွက္ကြဲလုနီးပါးပဲ "

ဝမ္ရိေပၚက​အဲ့တုန္းက ကိစၥကို အခဲမေက်ေသးသလိုေျပာၿပီး ႏႈတ္ခမ္းကိုလည္း စူေထာ္ထားေသးသည္ ။ ၿပီးေတာ့ ဝမ္ရိေပၚက သူ႔ရဲ့ ဝတ္နဲ႔ ေရွာင္းက်န္႔ ပိေနမွာစိုးတာေၾကာင့္ ေဘးတစ္ဖက္စီကို ကားယားခြလို႔ သူ႔ရင္ဘတ္ေပၚတြင္လည္း ေခါင္းကိုမွီလို႔ ေခြေပါက္ေလးလို ခြၽဲေနသည္ ။ ေရ႔ွကၾကည့္ င္ေတာ့ ႏွာေခါင္းလံုးလံုးနဲ႔ ေခြးေပါက္ေလးေပါ့ ။ အဲ့လို အေျခအေနကို အေနာက္ဘက္ကေန ၾကည့္မယ္ဆိုရင္ေတာ့ သူ႔အားႀကီးနဲ႔မွ မမ်ွ ဖင္ဖူးေထာင္း ေထာင္ေနတဲ့ သူငယ္နာမစင္တဲ့ Wang CEO ႀကီးကို ေတြ့ရမွာပဲ ျဖစ္ပါတယ္ ။

ေရွာင္းက်န္႔ သူ႔အေတြး သူ သေဘာက်လြန္းလို႔ ခပ္ေရးေရးေလး ၿပံဳးလိုက္သည္ ။ ဝမ္ရိေပၚကေတာ့ မျမင္လိုက္ဘူး ။ သူမေက်နပ္ေၾကာင္းေတြ တိုင္ေၾကာထူေနလို႔ ။

"က်န္႔ေကာ ကြၽန္ေတာ္ တခါတေလ စဥ္းစားမိတယ္သိလား ။က်န္႔ေကာရဲ့ သူငယ္ခ်င္းေတြသာ က်န္႔ေကာကို အဲ့ဒီလို Dare မ်ိဳး မခိုင္းခဲ့ရင္ က်န္႔ေကာနဲ႔ ကြၽန္ေတာ္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ့ျဖစ္ၾကမွာမဟုတ္သလို မဂၤလာလည္း ေဆာင္ျဖစ္ၾကမွာမဟုတ္ဘူး ။ၿပီးေတာ့ ...ေစာ္ေအာ္ေလးလည္း ျဖစ္တည္လာမွာမဟုတ္ဘူး...ေနာ္ "

ရိေပၚကေနာက္ထပ္တခါ မ်က္ႏွာေလးၫွိုးၿပီး ႏႈတ္ခမ္းေလးက စိတ္မေကာင္းမႈေၾကာင့္ အနည္းငယ္ စူထြက္လာျပန္သည္ ။ ေရွာင္းက်န္႔လည္း ကေလးဆန္တဲ့ အေတြးေတြ​ေတြးၿပီး မ်က္ႏွာမေကာင္းတဲ့ ရိေပၚရဲ့ ပါးေလးကို လက္ေလးနဲ႔ ႏွစ္ဖက္နဲ႔ အသာအယာ အုပ္ကိုင္လိုက္တယ္ ။ ဝမ္ကုမၸဏီ ဝန္ထမ္းေတြသာ ဒီျမင္ကြင္းကို ေတြ့ရင္ ေသြးအန္ေလာက္တယ္ ။ ေအးစက္စက္နဲ႔ မ်က္ႏွာတည္ၿပီး ေၾကာက္စရာေကာင္းတဲ့ သူတ္ို႔ရဲ့ ေရခဲတံုး CEO ႀကီးက အခုလို ေရွာင္းက်န္႔ကို အီေနတာ မျမင္ရတာေတာ့ စိတ္မေကာင္းစရာပဲ။

"ဝမ္ရိေပၚ ....လူလိမ္ေကာင္ ! မင္းေလ်ွာက္ေျပာမေနနဲ႔ ။ အဲ့ဒီတုန္းက ငါ အလုပ္ၿပီးၿပီးခ်င္း မင္းငါ့ကို မင္းရဲ့ အပန္းေျဖ စံအိမ္ဆီ ဆြဲေခၚသြားၿပီး အေႂကြးဆပ္ခိုင္းခဲ့တာေလ!!! "

ေရွာင္းက်န္႔မွတ္မိပါေသးသည္။ အဲ့ဒီေန့က ၊ တိတိက်က် ေျပာရရင္ ေျပာရရင္ one night stan လုပ္ေပးရမယ္လို႔ ေျပာတဲ့ေန့တုန္းက သူ႔အလုပ္လည္းၿပီးေရာ ဝမ္ရိေပၚက သူ႔ကိုဆြဲေခၚလို႔ ကားေပၚတင္ကာ အပန္းေျဖစံအိမ္မွာ အေႂကြးဆပ္ခိုင္းၿပီး တစ္ခါတည္း ေစာ္ေအာ္ေလးပါ သူ႔ထဲမွာ မ်ိဳးေစ့ခ်ခဲ့တာကို အခုထိ မွတ္မိေနေသးတယ္။ ေသာက္လူလိမ္ေကာင္!

"က်န္႔ေကာကလည္း ကြၽန္ေတာ္ သာ အဲ့လိုမလုပ္ခဲ့ရင္.....ပါးပါးက ကြၽန္ေတာ္နဲ႔ က်န္႔ေကာကို ခြင့္ျပဳမွာမဟုတ္ဘူးေလ ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္လည္း ေခါင္းထဲေပၚလာတဲ့ အႀကံကို ခ်က္ခ်င္း အသံုးခ်လိုက္ရတာ ။ ၾကည့္ေလ အဲ့ေတာ့ပါးပါးက က်န္႔ေကာရဲ့ ဗိုက္ထဲမွာ သူ႔ေျမးေလးရိွတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ကိုမခြဲဘဲ အျမန္ေတာင္ လပ္ထပ္ေပးေသးတယ္ေလ ဟီးဟီး "

ဝမ္ရိေပၚကေျပာရင္းနဲ႔ အဲ့ဒီတုန္းက အႀကံကို ျပနါေတြးၿပီး သေဘာက်တာေၾကာင့္ တဟီးဟီးနဲ႔ ျမင္းရယ္သံလို ရယ္ေနသည္ ။ တကယ္ ေရွာင္းက်န္႔ အျမင္ကပ္တယ္.....သူ႔ေယာက်ာ္းကို ။ ရုပ္ေလးကေခ်ာေနလို႔သာ ကုတ္မပစ္တာ ....မ်က္ႏွာေပးက တကယ္ေခါင္းေခါက္ခ်င္စရာ ။

"ရိေပၚ !ဆင္းလို႔ ! မင္းကိုယ္လံုးႀကီးက တအားေလးတယ္! "

"က်န္႔ေကာ ....လုပ္ပါ ....ခြင့္ျပဳေနာ္..ပလိစ္စ္စ္စ္"

ေရွာင္းက်န္႔ သူ႔မ်က္ႏွာနား ငံုက်လာတဲ့ ရိေပၚ ကို လက္နဲ႔ကာလို႔ ျပန္တြန္းလိုက္တယ္ ။

" အာ! က်န္႔ေကာလို႔ "

"ငါ မင္းကို ကြာရွင္းေတာ့မယ္ ဝမ္ရိေပၚ "

ေရွာင္းက်န္႔က ရိေပၚကို ၿခိမ္းေျခာက္ၿပီးေျပာလိုက္ေပမဲ့ ဝမ္ရိေပၚက ေျပာင္ေခ်ာ္ေခ်ာ္လုပ္ေနေသးသည္ ။

"ငါ မင္းကို ကြာရွင္းမွာေနာ္ ဝမ္ရိေပၚ "

ရိေပၚ ေရွာင္းက်န္႔အမူအယာအတိုင္း အတုခိုးၿပီး လိုက္ေျပာေတာ့ ေရွာင္းက်န္႔က သူ႔ကို က်ားေပါက္ ေလးလို စူးစူးရဲရဲ ၾကည့္လာသည္ ။

ေရွာင္းက်န္႔အခု သူ႔ေယာက္က်ာ္းကို သတ္ခ်င္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေပးလိုက္ေပမဲ့ သူ႔ေယာက်ာ္းကေတာ့ ဘာေတြ သေဘာက်သြားတယ္မသိ....ကေလးတစ္ေယာက္ကို အသည္းယားလြန္းလို႔ ပါးကို ဆြဲဖဲ့သလို သူ႔ပါးကို လာဆြဲေနသည္ ။

"ကြၽန္ေတာ္ က်န္႔ေကာအတြက္ မုန္႔ေတြ အမ်ားႀကီး ဝယ္ေပးမယ္ေလ "

" ေကာင္းၿပီ ။ ငါခြင့္ျပဳတယ္ "

"Yes!!"

ေျပာပါတယ္ က်န္႔ေကာက ေပါင္ေပါင္း(ကေလးေလး )ပါဆို ။ မုန္႔နဲ႔မ်ွားတာနဲ႔ ပါလာေရာ ။

"က်န္႔ေကာ ကြၽန္ေတာ္တို႔ ေစာ္ေအာ္ေလးကို ညီမေလးတစ္ေယာက္ ေပးၾကတာေပါ့ "

ရိေပၚက ေရွာင္းက်န္႔ကို မနမ္းခင္ အရင္ဆံုးပါးေလးကို ပြတ္သပ္လိုက္တယ္။ကြၽန္ေတာ္ေလ...ခင္ဗ်ားကို သိပ္ခ်စ္တာပဲ။

ေရွာင္းက်န္႔ သူ႔ကိုရိေပၚစနမ္းလာတဲ့အခါ ရိေပၚရဲ့ လက္ေမာင္းေတြကို ဆုပ္ကိုင္ထားလိုက္ၿပီး အနမ္းေတြကို အလိုက္သင့္ေလး တုန္႔ျပန္ေနလိုက္သည္ ။

နမ္းေနရင္း တန္းလန္း ဝမ္ရိေပၚက သူ႔တင္ပါးေတြကို ဆုပ္နယ္ ေနသည္ ။ ဝမ္ရိေပၚက သူ႔ရဲ့ ႏႈတ္ခမ္းေတြကို ရန္ရွာလို႔ ၿပီးေတာ့ ေအာက္ဘက္ကို ဆင္းလို႔ လည္တိုင္တစ္ေလ်ွာက္ သူ႔အပိုင္ အမွတ္အသားေတြ ေပးေနသည္ ။

လည္တိုင္မွာ သူအလွဆင္ထားတဲ့ နီနီရဲရဲ အမွတ္ေတြကို ဝမ္ရိေပၚသေဘာတက် ထိေတြ့လိုက္တယ္ ။ 'ဒီလူက သူ႔အပိုင္ ' ဆိုတဲ့ အသိကသူ႔ရဲ့ စိတ္ကို အရမ္းေပ်ာ္ရႊင္ေစသည္ ။

ဝမ္ရိေပၚ ေအာက္ဘက္ကို ဆက္ဆင္းလို႔ ေရွာင္းက်န္႔ရဲ့ အက်ႌကို လွန္ကာ ရင္ဘတ္က အသီးေလးေတြကို လက္ၫွိုးနဲ႔ တစ္မ်ိဳး ႏႈတ္ခမ္းနဲ႔ တစ္ဖံု ေဆာ့ကစားေနလိုက္တယ္။
ေရွာင္းက်န္႔က သာယာမႈေၾကာင့္ ညည္းသံေလးေတာင္ ထြက္လာသည္။

"ပါးပါး ! Daddy က ႏို႔ဆာလို႔လားဟင္ "

ေရွာင္းက်န္႔ ကုတင္နားက အသံေသးေသးေလးေၾကာင့္ ဝမ္ရိေပၚရဲ့ ေခါင္းကို တြန္းကာ အက်ႌကို အျမန္ဆြဲခ်လိုက္သည္ ။ ၿပီးေနာက္ သားအနားသြားကာ သားနဲ႔အရပ္ခ်င္းတူေအာင္ ေအာက္ကို ထိုင္ခ်လိုက္သည္ ။

" ေစာ္ေအာ္ အိပ္လို႔မေပ်ာ္ဘူး ပါးပါး "

မ်က္လံုးေလးပြတ္ကာ သမ္းေဝရင္း ေျပာေနတဲ့ ေစာ္ေအာ္ရဲ့ ဆံပင္ေလးေတြ ေရွာင္းက်န္႔ ဖြဖြေလး ပြတ္သပ္လို႔ ၿပံဳးလိုက္တယ္ ။

"မ်က္လံုးမိွတ္ၿပီးေနေနလိုက္ ခေန အိပ္ေပ်ာ္သြားလိမ့္မယ္ "

ေရွာင္းက်န္႔ ရိေပၚ့စကားေၾကာင့္ ရိေပၚကို အၾကည့္စူးစူးေတြနဲ႔ ပစ္ေပါက္လို႔ ေစာ္ေအာ္ေလးကို ေခ်ာ့ျမဴလိုက္တယ္ ။

"ပါးပါးသားေလးက အိပ္မေပ်ာ္ဘူးလား ....ဒါဆို ပါးပါးက ေခ်ာ့သိပ္မွာေပါ့ ...လာကုတင္ေပၚသြားရေအာင္ "

" သား...ပါးပါးနဲ႔ အိပ္လို႔ရတယ္လား "

ေရွာင္းက်န္႔ ၄ႏွစ္သားေလး ေစာ္ေအာ္ရဲ့စကားေၾကာင့္ ၿပံဳးလိုက္တယ္ ။

"မရဘူး ! "

ကုတင္ေပၚမွာ သူ႔လက္ႏွစ္ဖက္ကို ကားလို႔ ဆန္႔ဆန္႔ႀကီး လွဲကာ ရိေပၚက ဂ်စ္တူးလုပ္ေနသည္။

"ဒါေပါ့ ....ဘာလို႔မရ ရမွာလဲ "

"က်န္႔ေကာ ! "

ေရွာင္းက်န္႔ ႏႈတ္ခမ္းစူကာ ဂ်စ္တူးလုပ္ေနတဲ့ သူ႔ရဲ့ကေလး ႀကီးကို လ်စ္လ်ူရႈလို႔ သားသားကိုသာ ကုတင္ဆီ ခ်ီပိုးလာၿပီး ဝမ္ရိေပၚကို ဟိုဘက္တိုးလို႔ ေခ်ာ့သိပ္ေနလိုက္သည္ ။

"ငါ ေနာက္ထပ္ ကေလးတစ္ေယာက္ ထပ္မလိုခ်င္ေတာ့ဘူး !ဒီအေနွာင့္ ဒူးနာသားေလးေတြကေတာ့ !........ဝမ္ရိေပၚ ေစာ္ေအာ္တစ္ေယာက္နဲ႔တင္သူေကာင္းေကာင္းႀကီး သိေနၿပီေလ "

"အိပ္ရေအာင္ ရိေပၚ ....11နာရီထိုးေနၿပီ "

ေရွာင္းက်န္႔ အိပ္ေပ်ာ္သြားၿပီ ျဖစ္တဲ့ ေစာ္ေအာ္ရဲ့ နဖူးေလးကို နမ္းကာ အခုထိ စိတ္ေကာက္ေနဆဲျဖစ္တဲ့ သူ႔ေယာက်ာ္းဘက္ကိုလွည့္လို႔ လက္ေထာက္ကာ နဖူးေလးကို လွမ္းနမ္းလိုက္သည္ ။

" စိတ္ေကာက္မေနနဲ႔ ေတာ့ ၊ အဲ့ဒါကို မနက္ျဖန္ၾကမွ ထပ္လုပ္မယ္ေလေနာ္ "

ေရွာင္းက်န္႔ရိေပၚ ကို တိုးတိုးေလးကပ္ကာ ေျပာလိုက္ေတာ့ ေပ်ာ္ရႊင္သြားတဲ့ ဝမ္ရိေပၚရဲ့ မ်က္ႏွာႀကီးက ဖံုးမရ ဖိမရ ။

" အို....ေခးး.....က်န္႔ေကာ!!! Goodnight!!ေစာ္ေအာ္ေလးလည္း Goodnight "

ရိေပၚ သူ႔သားရဲ့ နဖူးေလးကို နမ္းလိုက္တယ္။ သူ႔နဲ႔ ေရွာင္းက်န္႔ရဲ့သားပဲ မခ်စ္ပဲေနမလား...ခ်စ္တာေပါ့ ။ဒါေပမဲ့ သူနဲ႔ ေရွာင္းက်န္႔ရဲ့ ၾကားထဲ လာအိပ္ရင္ေတာ့ သူ႔ရန္သူလို႔ သတ္မွတ္လိုက္တယ္။

ကေလးနဲ႔ သူ႔ကို လုေနတဲ့ ဝမ္ရိေပၚရယ္ပါ ။တကယ္တမ္းဆို သားသားက မကပ္ရဘူး ...သူကခ်ည္း ေရွာင္းက်န္႔ကို ကပ္ေနတာ ။ သားသားက သိတတ္ပါတယ္ ....အဲ့တာေၾကာင့္လည္း အသက္၄ႏွစ္ရိွေသး သူ႔ကို အခန္းခြဲသိပ္ဖို႔ ေျပာတုန္းကဆို သူေတာင္အံ့ၾသရေသးတယ္ ။

"Goodnight ပါးပါးနဲ႔ ဒယ္ဒီ "

ရူးမိုက္တဲ့ Dare ေလး တစ္ခုေၾကာင့္ ေမ်ွာ္လင့္မထားတဲ့ မိသားစုေလးတစ္ခု ရုပ္တရက္ ျဖစ္တည္လာခဲ့သည္ ။ ။

END.

_____THE___HARDEST____DARE____

အစ ကေန အဆံုးထိ လိုက္ပါ ဖတ္ေပးတဲ့သူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္ 🥺

ေစာင့္ေနေပးတဲ့သူေတြအားလံုး Love u(づ ̄3 ̄)づ╭❤~

THD ေလးၿပီးသြားပါၿပီ အသစ္ေလးနဲ႔ ျပန္လာခဲ့ပါ့မယ္ ။

Thanks a lot to All Silents & Readers ✨♥️

Pokračovat ve čtení

Mohlo by se ti lΓ­bit

4.4K 357 4
πšˆπš’πš£πš‘πšŠπš— πšπš’πšŒ γ‚·οΈŽ α€α€α€»α€­α€°α€·α€‘α€•α€―α€’α€Ία€œα€±α€Έα€α€½α€±α€€α€­α€― Fb α€€ Chinese short video α€œα€±α€Έα€α€½α€±α€€α€­α€―α€žα€˜α€±α€¬α€€α€»α€œα€­α€―α€· Yizhan version α€‘α€–α€Όα€…α€Ία€•α€Όα€”α€Ία€œα€Šα€Ία€›α€±α€Έα€‘α€¬α€Έα€α€¬α€–α€Όα€…α€Ία€•α€«α€α€šα€Ία‹ α€‘α€²α€·α€α€½α€€α€Ία€œα€Šα€Ία€Έ πŸ’’...
212K 9.6K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...
68.3K 4.1K 5
Wang Yibo Γ— Xiao Zhan
836 68 7
α€™α€„α€Ία€Έα€žα€¬α€†α€­α€― α€‘α€†α€„α€Ία€•α€Όα€±α€α€šα€Ί...။ Xiao Zhan α€„α€«α€œα€€α€Ία€€α€­α€― တွဲထား ရှောင်းကျန့်...။ Wang Yibo