Purple Dream [Complete]
By Sakawar-Hlaing
79.5K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
ဂျွန်နဲ့သူ့ကောင်မလေးတွေ
2.5K 219 31
By Sakawar-Hlaing
Unicode
ဝန်ထမ်းကောင်လေးလာချပေးသော မှာထားသည့်စားစရာများ။ ပဲခေါက်ဆွဲနှစ်ပွဲ၊ပင်လယ်စာခေါက်ဆွဲတစ်ပွဲနှင့်ကော်လာသုံးဘူးပင်ဖြစ်၏။ ပဲခေါက်ဆွဲကjiminနဲ့taehyung အတွက်ဖြစ်ကာပင်လယ်စာခေါက်ဆွဲက ပဲခေါက်ဆွဲမကြိုက်တတ်သည့်jungkook အတွက်ဖြစ်သည်။ တစ်ယောက်အကြိုက်ကိုတစ်ယောက်သိကြတဲ့သူတွေမို့ ဘာကြိုက်လဲစောင့်မေးနေစရာမလို။ မရောက်လာသေးသောjungkook အတွက် ကြိုမှာထားကြခြင်းပင်။
သူတို့သုံးယောက်ထဲjiminနဲ့taehyungက
မူလတန်းအရွယ်တည်းကမိဘတွေရင်းနှီးတာကြောင့်သူငယ်ချင်းဖြစ်ခဲ့ကြပေမဲ့ jungkookနဲ့ကအလယ်တန်းရောက်မှသူငယ်ချင်းခြင်းတွေဖြစ်ခဲ့ကြခြင်းဖြစ်သည်။
အလယ်တန်းဒုတိယနှစ်မှာကျောင်းပြောင်းလာတဲ့ခပ်တည်တည်၊ခပ်ချေချေ jungkookကို taehyungကပဲစပြီးစကားပြောကာ သူငယ်ချင်းဖြစ်ခဲ့ကြခြင်းဖြစ်၏။
taehyungနှင့်သူငယ်ချင်းဖြစ်လျှင် taehyungနှင့်တစ်တွဲတွဲရှိသောjiminနှင့်လည်း အလိုလိုပင်သူငယ်ချင်းဖြစ်သွားရသည်ပင်။
အလယ်တန်းမှUniversityအထိအတူရှိနေခဲ့ကြတဲ့သူတို့သုံးယောက်ရဲ့ Friendshipကတော်ရုံမဟုတ်ပဲမမြင်ရတဲ့သံယောဇဉ်ကြိုးတွေကအထက်ထပ်နှောင်ဖွဲ့ရစ်တွယ်ကာခိုင်မြဲလျက်ရှိနေခဲ့သည်။
ဖွဲ့နှောင်ခဲ့သည့်အဖြူရောင်ကြိုးတွေကအချိန်တစ်ခုအတွင်း အရောင်တွေပြောင်းလဲခဲ့ကာ သံယောဇဉ်မှချစ်ခြင်းမေတ္တာသို့ကူးခဲ့၏။ ချစ်ခြင်းဖွဲ့ကြိုးတွေကနှစ်ဖက်အပြန်အလှန်ဖွဲ့ထုံးခဲ့ခြင်းမရှိပါပဲ တစ်ပင်မှသည်နောက်ထပ်တစ်ပင်ကိုလည်းကောင်း၊ထိုတစ်ပင်မှနောင်ထပ်တစ်ပင်ကိုလည်းကောင်းဖွဲ့ထုံးခြင်းမှာသူတို့သုံးယောက်အတွက်အချစ်ခြင်းဝဒ်ကြွေးများဖြစ်နေခဲ့လေလား။
အငွေ့တစ်ထောင်းထောင်းထနေသောခေါက်ဆွဲတို့မှစားချင့်စဖွယ်အနံလေးကသင်းပြန့်လို့။ မနက်စာကိုသေချာမစားတတ်တဲ့သူအကျင့်ကြောင့်ဗိုက်ကတော်တော်ဆာနေခဲ့ပြီဖြစ်သလို ထိုအနံကြောင့်လည်းဆာနေသောဗိုက်မှာတစ်ဂွီတစ်ဂွီမြည်လို့။
ဗိုက်ဆာနေပေမဲ့jiminieမသိအောင်ဟန်ဆောင်နေရသည်။ မဆာခံပြီးjeonကိုစောင့်နေတာကိုjiminieသိရင် သူ့ကိုစိုးရိမ်စွာဆူမှာကအလွဲဧကန်ပင်။
"ဗိုက်ဆာနေရင် စားလိုက်ပါတော့လားထယ်"
"မစားသေးပါဘူminieရယ် ဗိုက်လည်းသိပ်မဆာသေးလို့။ minieဗိုက်ဆာရင်စားလိုက်လေ"
"ငါဗိုက်ဆာလို့ပြောနေတာမဟုတ်ဘူးထယ်...မင်းအဆာလွန်နေမှာစိုးလို့...
မင်းကဗိုက်ခဏခဏအောင့်တတ်တာမလား"
သူခပ်မာမာလေးပြောလိုက်တော့မှ ထိုကောင်လေးက ပါးလေးတွေမို့တက်အောင်ပြုံးပြလာသည်။ မျက်လုံးလေးတွေပိတ်သွားပြီးပါးလေးတွေမို့တက်သွားတာတောင် အနည်းငယ်မျှကြည့်ရဆိုးသွားတာမျိုးမရှိပဲ ချစ်စရာကောင်းနေတုန်း။ ပြုံးလိုက်တာကြောင့်ထောင့်ချိုးညီလေးတွေဖြင့်ပုံကျစွာရှိနေတဲ့နူတ်ခမ်းလေးမှာ လေးထောင့်ဆန်တဲ့အပြုံးလေးကနှစ်သက်ဖွယ် ဖြစ်တည်လာသည်။
သိပ်ကိုမြတ်နိုးရတဲ့ အပြုံးလေးတွေ။
အဲဒီအပြုံးလေးတွေနဲ့ပြောရင် သူဆိုတဲ့Park Jiminကနေနိုင်ခဲ့တာရှိဖူးလို့လား.....
"တစ်ကယ်ဗိုက်မဆာသေးလို့ပါminieရဲ့...
ခဏနေjeonလည်းရောက်တော့မှာပါ သူလာနေပြီတဲ့ စာပို့ထားတယ်"
ဖုန်းလေးမြှောက်ပြရင်းပြောလာတဲ့ထယ်...
တစ်ကယ် မင်းကတော့ထယ်ရယ်...
"အင်းဒါဆိုလည်းစောင့်ကြတာပေါ့ထယ်... ဒီကောင်အတန်းပျက်တာတွေတော်တော်များလာတယ် ဘာတွေလုပ်နေလဲမသိဘူး....
အတန်းချိန်တက်တဲ့ငါတို့တောင်ရောက်နေပြီ
မတက်တဲ့သူက အခုထိရောက်မလာသေးဘူး"
Jiminကအတန်းချိန်တွေအပျက်များလာတဲ့jungkookကိုအားမရနိုင်စွာဆိုရင်းနောက်ကျ နေတာကိုအပြစ်ဆိုတော့ taehyungမှာမျက်နှာလေးညိုးကာ တစ်ခုခုကိုတွေးနေသလိုခဏငြိမ်နေပြီမှ တိုးညှင်းတဲ့စကားသံလေးထွက်လာခဲ့သည်။
လေသံကတစ်ကယ့်ကိုမှတိုးတိုးလေးသာ။
"Jiminie တစ်ကယ်ပဲသတင်းတွေထွက်နေသလိုjeonကရည်းစားတွေအများကြီးထားနေတာလားမသိဘူးနော်.."
"ဟမ်...."
ခပ်တိုးတိုးလေးပြောလာတဲ့ taehyungရဲ့မျက်နှာလေးကိုအရိပ်လိုကြည့်ပြီး jiminမှာtaehyungစိတ်မညစ်ဖို့ ဖြည့်ပြောပေးသည်။ jiminကtaehyungဆိုတဲ့ဒီကောင်လေးကို ငယ်ငယ်တည်းကအရိပ်လိုအမြဲကြည့်နေခဲ့တာကြောင့် မျက်နှာထားကိုခဏလေးကြည့်လိုက်ရုံဖြင့် ရင်ထဲဘယ်လိုတွေရှိနေလည်း သိနိုင်သည်မဟုတ်ပါလား။
အခုလည်း သူtaehyungရဲ့ရင်ထဲထိထွင်းဖောက်မြင်နေရတာ။
"အင်း... ငါတို့ကိုလည်းမပြောပြတော့ငါလည်းသေချာမသိဘူးပေါ့ထယ်....
ဒါမဲ့jungkookကရည်းစားတွေအများကြီးထားပါ့မလား။ သူနှင်းဆီပန်းပေးတဲ့ကောင်မလေးနဲ့ပဲတွဲနေတာဖြစ်မှာပါ"
တစ်ကယ်လည်းjungkookက ရည်းစားတွေထည်လဲတွဲနေတယ်ဆိုပြီး သတင်းထွက်နေခဲ့တာအမှန်ပင်။ အရင်တည်းကရုပ်ရည်ကြောင့် uniမှာနာမည်ကြီးနေတဲ့jungkookကအခုလိုရည်းစားတွေထားတော့မိန်းကလေးတွေကြားထဲ ပိုပြီးပင်ပေါ်ပြူလာဖြစ်လာခဲ့၏။
တော်ရုံကိစ္စဆိုအာရုံမစိုက်တတ်တဲ့ထယ်ကတောင် အခုလိုမေးတာအဆန်းတော့မဟုတ်ပါ။jungkookသတင်းကသူတို့uniတစ်ခုလုံးမွှေးနေခဲ့သည်မဟုတ်ပါလား။
ထယ်ဝမ်းနည်းနေတာသိလို့သာ... မဟုတ်လောက်ဘူးဆိုပြီးပြောခဲ့ပေမဲ့ သူကိုင်တိုင်တွေ့လိုက်ရသည်ကြောင့်မျက်နှာပျက်နေမိ၏။ ထိုချိန်taehyungဆီမှထွက်လာတဲ့အသံလေး....
"ဟင်..."
ထယ့်ကိုကြည့်မိတော့ အရှေ့ကိုမျက်လုံးလေး
တွေဝိုင်းပြီးမျက်တောင်မခတ်ကြည့်နေတာ။ သူပါလိုက်ကြည့်လိုက်မိတော့ မိန်းကလေးတစ်ယောက်နဲ့အတူ သူတို့ရှိရာဆီလျှောက်လာနေသောjungkook။ ထိုမိန်းကလေးလက်ကိုဆုပ်ကိုင်ပြီး သူ့ဆီလျှောက်လာနေတာ။
သေချာသည်က အခုချိန်ထယ်ဝမ်းနည်းနာကျင်နေရပြီဆိုတာသူအတတ်သိလိုက်ခြင်းပင်။ ဝိုင်းစက်နေတဲ့မျက်လုံးလေးမှာရစ်ဝဲနေပြီဖြစ်တဲ့အရည်ကြည်တစ်ချို့။
ထိုအရည်ကြည်တွေက သူ့နှလုံးသားကိုပူလောင်တိုက်စားနေတဲ့အက်စစ်ရည်တွေလို။
"မင်းတို့စောင့်ရတာကြာသွားပြီလား
ဆောရီးပါကွာ"
ပြောရင်းtaehyungနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သောjungkookနှင့်သူ့ရည်းစားကောင်မလေး။
ဖက်ရှင်ကျကျဝတ်ဆင်ထားပြီးအနက်ရောင်ဆံပင်ဖြောင့်ဖြောင့်လေးဖြင့်သူမကလှပါသည်။ jungkookတို့ထိုင်လိုက်သည်နှင့်ခေါင်းကိုအနည်းငယ်ငုံ့လိုက်ကာ မျက်လုံးကိုဘယ်ညာရွှေ့လိုက်ရင်း မျက်ရည်ထိန်းနေတဲ့taehyungကိုဘယ်သူမှသတိမထားလိုက်မပေမဲ့ အမြဲအရိပ်တစ်ကြည့်ကြည့်ရှိနေတဲ့jiminကတော့သိလိုက်ရပါသည်။
ခဏနေမှခေါင်းပြန်မော့လာတဲ့taehyungကဘာမှမဖြစ်သလို။
"ဘာတွေလုပ်နေလို့လဲjungkookရာ...
ထယ်နဲ့ငါကဘာမှမစားပဲစောင့်နေရတာ"
Jiminကနောက်ကျနေတာရော၊ကောင်မလေးကိုပါခေါ်လာတာကြောင့် မကျေမနပ်ဆိုတော့ jungkookကကောင်မလေးကိုတစ်ချက်ကြည့်လိုက်ကာ...
"သူ့ကိုစောင့်ခေါ်နေလို့ နည်းနည်းနောက်ကျသွားတာ။ ဒါနဲ့သူကငါ့ကောင်မလေး...
babeသူတို့ကကိုယ့်ရဲ့အခင်ရဆုံးသူငယ်ချင်းတွေ... ကိုယ်နဲ့အမြဲအတူရှိနေတာဆိုတော့babeသိချင်သိနေမှာ"
နောက်ကျရတဲ့အကြောင်းကိုပြောပြီး ကောင်မလေးနဲ့မိတ်ဆက်ပေးတဲ့jungkook။ jungkookက တစ်ကယ်ပဲထယ့်ရဲ့ခံစားချက်တွေကိုမသိတာလား။
သဘောမကျပေမဲ့ လူမူရေးအရပြန်လည်နူတ်ဆက်လိုက်ရသည်။ စိတ်ထဲတော့နည်းနည်းမှဘဝင်မကျတာကြောင့် သူ့မျက်နှာကမူန်ကုတ်နေမှာအမှန်ပင်။ သို့ပေမဲ့မတတ်နိုင်... တစ်ကယ်ပဲjungkookကိုရောအဲဒီကောင်မလေးကိုမကျေနပ်။ သူတို့ကြောင့်ထယ် ဝမ်းနည်းနေရတာ။
"ကျွန်မကဟယ်ယာပါ တွေ့ရတာဝမ်းသာပါတယ်ရှင့်"
"Park Jiminပါ။ သူကKim Taehyung"
Jiminကခပ်ပြတ်ပြတ်ပြောပြီး taehyungနဲ့ဟိုကောင်မလေးစကားမပြောရအောင် သူတစ်ခါတည်းမိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် Hayar shii"
အပြုံးလေးတစ်ခုနဲ့အတူဆိုလာသောထယ်...
ဝမ်းသာတယ်တဲ့လားထယ်... အပြုံးနောက်ကမင်းမျက်ရည်တွေကိုငါမြင်နေရတာကြောင့် ငါတော့ဝမ်းမသာနိုင်ဘူး....
မင်းနည်းနည်းမှဟန်မဆောင်တတ်ဘူးထယ်...။ ဝမ်းသာတယ်ပြောနေတဲ့မင်းမျက်ဝန်းမှာဝမ်းနည်းမူတွေနဲ့။ မင်းပဲဟန်ဆောင်ဖို့မတတ်တာလား... ငါကပဲအကုန်သိနေတာလား ငါတစ်ကယ်မသိတော့ဘူး။
ငါသိတာမင်းဝမ်းမနည်းပဲ ပြုံးနေဖို့ပဲထယ်...
"မင်းကောင်မလေးအတွက်တစ်ခုခုမှာပေးလိုက်ပါလားjungkook....
ငါတို့ကမင်းတစ်ယောက်တည်းထင်လို့ မင်းကြိုက်တဲ့ပင်လယ်စာခေါက်ဆွဲမှာထားတာ"
Jiminအသံကမာန်ထန်မနေပေမဲ့ နူးညံ၍လည်းမနေခဲ့ပါ။ သူတစ်ကယ်jungkookနှင့်ဟယ်ယာကိုအမြင်မကြည်ဖြစ်နေတာဖြစ်သည်။
"Babeဘာစားချင်လဲ"
"အွန်း...ကိုကပင်လယ်စာခေါက်ဆဲဲကိုက်တာမလား။ babeလည်းကိုကြိုက်တဲ့ပင်လယ်စာခေါက်ဆွဲပဲစားမယ်လေ"
"ဟုတ်ပြီဒါဆို...ဒါကိုbabyစားလိုက်။ ဗိုက်ဆာနေပြီမလား...ကိုယ်ကအသစ်ထပ်မှာလိုက်မယ်"
ထိုစကားကြောင့်jeonမျက်နှာကို သူဖြတ်ခနဲ့မော့ကြည့်လိုက်မိပြီး ခုံအောက်ကလက်ဖဝါးလေးနှစ်ဖက်ကိုတင်းနေအောင်ဖိဆုတ်လိုက်ကာ နာကျင်မူကိုအန်တုလိုက်သည်။ နှလုံးသားကိုထက်ခြမ်းခွဲလိုက်သလိုjeonစကားများကနားထဲထပ်တစ်လဲလဲဖြင့်နာကျင်မူပေးကြ၏။
ဘာလို့လဲjeon. .. ငါကမင်းအတွက်မှာပေးထားတာလေ... မင်းအဆင်သင့်စားရအောင်မှာပေးထားတာလေ။ ဒါကရောသူများအတွက်ဖြစ်နေပြန်တာလား....ဗိုက်ဆာနေတာတောင်ငါမင်းကိုစောင့်မိတာ။ မင်းကမင်းရဲ့ကောင်မလေးဗိုက်ဆာနေမှာကိုစိုးရိမ်နေတာတဲ့လား... ငါမင်းကိုစိတ်မဆိုးပေမဲ့နည်းနည်းတော့ဝမ်းနည်းမိတယ်jeonရယ်...
"ထယ်စားလေ....ဘာဖြစ်လို့လဲစားမကောင်းလို့လား။ ဆိုင်ပြောင်းချင်လား။ ဘာစားချင်လဲ"
Jiminသက်မင်သက်သက် ဆိုင်ပြောင်းဖို့ပြောလိုက်တာဖြစ်သည်။ တစ်ကယ်ဒီဆိုင်က သူတို့အမြဲထိုင်ကျဆိုင်ပင်။
"ဟင်.. အော်အင်းminie
ကောင်းပါတယ်။ ဆိုင်ပြောင်းစရာမလိုပါဘူးကွာ... ငါတို့ဒီဆိုင်မှာစားနေကျပဲကိုအဆင်ပြေပါတယ် "
ဗိုက်ဆာနေတဲ့စိတ်တွေကအစရှာလို့ပင်မရတော့သလို ရင်ထဲပြည့်တင်းနေသည်။ အရမ်းကြိုက်ရတဲ့ပဲခေါက်ဆွဲဟာလည်းအခုချိန်စိတ်ပျက်ဖွယ်ဖြစ်နေကာ စားချင်စိတ်မရှိတာကြောင့်နည်းနည်းလောက်သာစားပြီးခေါက်ဆွဲတွေကိုထိုးဖွနေမိသည်။ ထိုအခါမှသတိထားမိသလိုပြောလာတဲ့jeon။
နည်းနည်းနာကျင်ရုံပဲမို့ ငါအဆင်ပြေပါတယ်jeon...။
"ဟုတ်သားပဲ မင်းအရမ်းတိတ်နေပါလားယောင်း...ဘာဖြစ်လို့လဲနေမကောင်းလို့လား"
"ငါနေကောင်းပါတယ်jeon"
ဒီတိုင်းအလွယ်မေးလိုက်တာဆိုရင်တောင် ငါကျေနပ်ပါတယ်jeon....
ဒီစကားကိုပဲမင်းငါ့အတွက်စိတ်ပူတယ်လို့ငါကအရူးတစ်ယောက်လိုထင်နေမိမှာမို့လို့။
မင်းနဲ့ပတ်သက်ရင်ငါကရူးနေတာ....
Purple Dream
Jungkookကားအိမ်ထဲဝင်လာတော့ ရပ်ထားတဲ့အနက်ရောင်ကားတစ်စီး။
ဘယ်သူ့ကားလဲဆိုတာအတတ်သိလိုက်သည်။အလိုမကျစွာဖြင့်မျက်ခုံးတွေကိုကျုံးလိုက်ကာ သူ့ရဲ့ကားကိုရပ်လိုက်၏။
ထိုအချိန်အိမ်ထဲမှခရီးဆောင်အိပ်တွေနဲ့ထွက်လာတဲ့Mr's Jeon။
တစ်ယောက်တည်းလား မဖြစ်နိုင်တာ...
"Jungkookရောက်လာပြီလားအခုပဲဖုန်းဆက်မလို့"
"တစ်ယောက်တည်းလားDaddy မဖြစ်နိုင်ဘူးမလား ဟက်.."
ဆက်စပ်မူမရှိတဲ့jungkookစကားကိုMr's Jeonကjungkookမျက်နှာကိုတစ်ချက်သာကြည့်ပြီး နားလည်သလိုဖြင့်ဘာမှမပြော။
ထိုအချိန်အိမ်ထဲမှထွက်လာသောနောက်ထပ်အမျိုးသမီးတစ်ယောက်ကပြုံးလို့။
ရှိတတ်မှသူ့ထက်ကြီးငါးနှစ်ပေါ့။ ပါးစောင်းထဲလျှာထိုးကာခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့မှ တည်သွားတဲ့ထိုအမျိုးသမီးမျက်နှာ။
ခပ်ထေ့ထေ့စကားက ထိုအမျိုးသမီးကိုကြည့်ပြီးပြောလိုက်ခြင်းပင်။
"ထင်သားပဲဒီလိုဆိုတာ"
Daddyကိုတွေ့တိုင်းမိန်းမတစ်ယောက်ကပါစမြဲ။ မပါတဲ့အခါကဆယ်ကြိမ်မှာနှစ်ကြိမ်
လောက်တောင်ပြည့်ပါ့မလား....
ဒါတွေကြောင့်daddyကိုသူစိတ်ပျက်မိတာ။
"Daddyခရီးသွားရမလို့jungkook ငါးလခြောက်လကြာနိုင်တယ် ပိုက်ဆံကကဒ်ထဲလွဲထားခဲ့တယ် နောက်ထပ်လိုရင်​ဟိုကပဲလှမ်းထည့်ပေးမယ်"
ဒါပဲ....Daddyသူ့ကိုချစ်တယ်ဆိုတာပိုက်ဆံပေးထားရုံသာ။သူ့အတွက်နွေးထွေးတဲ့ဖခင်မေတ္တာဆိုတာကို ပိုက်ဆံတောင်းတစ်လောက်ထုတ်ပေးနိုင်တာကိုပဲခေါ်ရမလား.....
Noပါ... ပိုက်ဆံကသူ့မှမဟုတ် မိန်းမတွေအများကြီးကိုတောင်ထုတ်ပေးနေတာပဲ။ သားအရင်းဖြစ်တဲ့သူ့ကိုပေးရတာကတော့ တာဝန်အရလိုပေါ့။
"Daddyရဲ့ခရီးမှာသူရောပါတာပေါ့ ဟုတ်လားdaddy"
"သူကdaddyရဲ့secretary jungkook"
"အော်...အိမ်ထဲထိရောက်နေတဲ့secretaryပေါ့daddy ကျွန်တော်လည်းအဲလိုထားဉီးမှ"
ရဲခနဲ့ဖြစ်သွားသောdaddyမျက်နှာ။ အရိူက်ထိတော့ခံရခက်သွားတာလားdaddy။
"တော်ပြီjungkook... မင်းMommyငါ့ဆီဖုန်းဆက်တယ် သူဖုန်းဆက်တာစက်ပိတ်ထားတာနဲ့တိုးနေတယ်ဆိုပဲ။ မင်းmommyကိုဖုန်းဆက်လိုက်ဉီး"
"စိတ်ပါခဲ့ရင်ပေါ့daddy"
ပြောပြီးအဖေဖြစ်သူကိုကျောခိုင်းကာအိမ်ထဲဝင်သွားသောjungkook။
Mommyဘာလို့ဖုန်းဆက်နေလဲသိတာကြောင့် mommyပြောချင်စိတ်မရှိ။
ဖုန်းပြောတိုင်းAmericaလာဖို့ပြောနေတဲ့စကားတွေကိုတော်တော်စိတ်ပျက်နေပြီ....
နောက်ကျိနေတဲ့စိတ်တွေကြောင့်အခန်းထဲရောက်ချင်းပင်အဝတ်အစားတွေဆွဲချွတ်ကာရေချိုးခန်းထဲဝင်လာခဲ့၏။
ရေပန်းအောက်မှာရပ်လိုက်ပြီးရေဖွင့်လ်ိုက်တော့ ခန္ဒာပေါ်စီးကျလာတဲ့အေးစိမ့်စိမ့်ရေစက်ရေမွှားများ။
ထိုရေတို့​၏အထိအတွေ့ကိုမျက်စိမှိတ်ခံယူရင်းငြိမ်သက်နေမိသည်။
အတွေးထဲရောက်လာတဲ့အကြောင်းတွေ။
အခုဆိုသူက ရည်းစားများတဲ့သူအဖြစ် uniမှာနာမည်တော်တော်ကြီးနေလောက်ပြီပေါ့။ ဘာခံစားမူမှပါပဲ စိတ်ထွက်ပေါက်တစ်ခု၊အရွဲ့တိုက်မူတစ်ခုအဖြစ်တွဲနေတဲ့မိန်းမတွေမနည်းတော့ဘူးမလား။
"အချစ်တယ်တဲ့လား အကုန်လုံးကအပေါ်ယံဟန်ဆောင်မူတွေ"
ပိုက်ဆံ၊ရုပ်ရည် အထိုထိုသောအကြောင်းအရာတွေကြောင့်အနားမှာချစ်တယ်ပြောပြီးတွယ်ကပ်နေကြတဲ့မိန်းမတွေ။ ထိုသူတွေကပြောတဲ့ရွှံစရာချစ်တယ်ဆိုတဲ့စကားကစစ်မှန်မယ်တဲ့လား...
အကုန်လုံးကဟန်ဆောင်လိမ်ညာနေတာ...
အချစ်စစ်ဆိုတာတစ်ကယ်မရှိဘူး....
Purple Dream
စာဖတ်စားပွဲပေါ်မှာရှိနေတဲ့နာရီလေးမှ လက်တံတိုရှည်လေးနှစ်ခု၏ ညွှန်ပြချက်အရ ဆယ့်တစ်နာရီထိုးနေခဲ့ပြီကိုသိရသည်။
နာရီပေါ်အကြည့်ရောက်ပြီးမှဘေးမှာရှိနေသောဓာတ်ပုံလေးကိုပါဝေ့ကြည့်လိုက်မိ၏။
တစ်ယောက်ကိုတစ်ယောက်ဖက်ကာ
ပြုံးရယ်နေကြတဲ့ကောင်လေးသုံးယောက်။
ဓာတ်ပုံထဲကကောင်လေးတွေက အထက်တန်းဝတ်စုံလေးတွေဖြင့်ချောမောသန့်ပြန့်ကာ အပြုံးလေးတွေကအေးချမ်းကြည်နူးဖွယ်အတိ။ သူတို့ငယ်ငယ်ကထက်အများကြီးပိုချောလာတာ။
"ငါတို့အများကြီး အရွယ်ရောက်လာခဲ့ပြီပဲ"
အပြုံးလေးတစ်ခုဖြင့်ဓာတ်ပုံကိုကြည့်ကာဆိုလိုက်သောtaehyung။ ထို့​နောက် စာလုပ်ထားတဲ့စာအုပ်တွေကိုနေရာတစ်ကျသိမ်းနေလိုက်သည်။ တစ်ချိန်တည်းမှာ မြည်လာသောဖုန်းသံ။
"ဟယ်လိုminie"
"မင်းအခုထိမအိပ်သေးဘူးထယ် ဆယ့်တစ်နာရီထိုးနေပြီ"
"အခုကစာအုပ်တွေသိမ်းနေတာminieရဲ့။ စာလုပ်ပြီးလို့လေ....ဒါပြီးရင်ကိုယ်လက်ဆေးပြီးအိပ်တော့မလို့။
မင်းရောမအိပ်သေးဘူးလား..."
"ငါကမင်းအကျင့်ကိုသိလို့လေ.... စောစောအိပ်ဖို့အခုလိုဖုန်းဆက်ပြောတာ။ မင်းနဲ့ပြောပြီးရင်အိပ်တော့မလို့"
"ဟီးငါကစောစောအိပ်ပါတယ်ကွာ...ဒါကြောင့်အချစ်လေးကစိတ်ချပြီးအိပ်တော့။ ငါ့အချစ်လေးကအရမ်းတွေစိတ်ပူတတ်တာပဲ"
စနောက်ခေါ်လိုက်တဲ့စကားလေးက အခေါ်ခံလိုက်ရတဲ့ကောင်လေးရဲ့ရင်ထဲနွေးခနဲ့ဖြစ်သွားခဲ့သည်ကို ခေါ်လိုက်မိတဲ့ကောင်လေးကမသိခဲ့။ အခေါ်ခံလိုက်တဲ့ကောင်လေးကတော့
ဒီညမှာကြည်နူးခြင်းတွေဖြင့်အိမ်မက်လှလှမက်ပြီး ကောင်းကောင်းအိပ်ပျော်နိုင်တော့မည်။
"အင်း... ကိုယ်လက်ဆေးရင်ရေနွေးနဲ့လုပ်နော်ထယ်.....နောက်ကျနေပြီရေအေးနဲ့ဆိုမင်းဖျားလိမ့်မယ်။ မင်းအအေးသိပ်ခံနိုင်တာမဟုတ်ဘူး"
" ငါရေနွေးနဲ့ပဲလုပ်မှာပါminieရာ ဟုတ်ပြီလား"
"အင်းဒါဆိုGood Nightထယ်..."
"Good Night Jiminie "
ပြတ်တောက်သွားပြီဖြစ်တဲ့ဖုန်းလိုင်းလေး။
Taehyungက လက်မှာရှိနေသောဖုန်းကိုစားပွဲပေါ်မှာထားရန် ရွယ်လိုက်ပြီးမှတစ်ခုခုသတိရသလိုပုံစံဖြင့် ရွယ်ထားသောလက်ကိုပြန်ရုတ်လိုက်ရသည်။ ထို့နောက်မှာ Phone Screenမှာပြေးလွှားနေတဲ့လက်ချောင်းသွယ်လေးများ။
"အိပ်နေပြီလားjeon"
"ဒါမှမဟုတ်စာလုပ်နေတာလား"
ထိုစာလေးနှစ်တန်းကိုjeonဆိုပြီးမှတ်ထားတဲ့ ဖုန်းနံပါတ်ဆီပို့လိုက်၏။ ဖုန်းမခေါ်တာက
တစ်ကယ်လို့jeonအိပ်နေခဲ့ရင်နိုးသွားမှာစိုးခြင်းကြောင့်ပင်။ သူ့ဖုန်းသံကjeonအိပ်နေတာကိုအနှောက်အယှက်ဖြစ်သွားမှာ မလိုးလား။
Seenပြလာမလားခဏစောင့်မိပေမဲ့ ပြမလာတာကြောင့်autoဆူလျက်ဖြစ်သွားတဲ့taehyungရဲ့နူတ်ခမ်းလေး။jeonအိပ်ပျော်နေပြီ ထင်ပါရဲ့။
ဖုန်းကိုကုတင်ပေါ်ပစ်တင်ကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။
ရေနွေးဖြင့်သန့်ရှင်းရေးလုပ်ပြီးကုတင်ပေါ်တက်လာလိုက်ကာ ဖုန်းကိုသံယောဇဉ်မပြတ်နိုင်စွာယူကြည့်လိုက်မိတော့ ဖုန်းထဲဝင်နေတဲ့စာစောင်လေး....
"ငါမအိပ်သေးဘူးယောင်း..."
ဟင် jeonကမအိပ်သေးဘူးလား....နောက်ကျနေပြီကိုကျန်းမာရေးထိခိုက်နေတော့မှာပဲ...
ချက်ချင်းVCခေါ်လိုက်မိတဲ့လက်တွေက ထိုမြင်ကွင်းများကိုမြင်ရမယ်မှန်းသိခဲ့လျှင်taehyungလုပ်ပါလိမ့်မလား။
"Jeon"
"အင်းမင်းမအိပ်သေးဘူးယောင်း"
"ငါအိပ်တော့မလို့"
Jeonရဲ့ရုပ်ကိုကောင်းကောင်မမြင်ရပဲ ရောင်စုံမီးအကွက်အစတွေဖြင့်ရောနေသည်။
နောက်ပြီးဆူညံ့နေတဲ့ DJသီချင်းသံတွေ။
Jeonဘယ်ရောက်နေတာလဲ။ မဟုတ်မှ...
"မင်းကလပ်ရောက်နေတာလားjeon"
ကလပ်ဆိုတဲ့အတွေးကြောင့် taehyungစိတ်ပူသွားမိတာအမှန်။
တစ်ယောက်တည်းဆိုတော့ တစ်ခုခုပြသနာဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲ....
"အင်းဟုတ်တယ်ယောင်း... ငါကလပ်မှာ"
Jeonပြောနေတုန်းမှာပဲjeonအနားမှာလာထိုင်တဲ့မိန်းကလေးတစ်ယောက်။သူမဟာနေ့လည်တုန်းကမိတ်ဆက်ပေးသည့်တစ်ယောက်မဟုတ်တာသေချာ၏။
သူမရဲ့လက်တွေဟာjeonရင်ဖတ်ပေါ်မှာပြေးလွှားနေခဲ့ပြီး နူတ်ခမ်းကjeonလည်တိုင်ဆီရောက်လာခဲ့လျှင်....မျက်လုံးမှိတ်ထားလိုက်မိတာထင်၏။
သို့ပေမဲ့ထိုမိန်းကလေးjeonကိုလည်ပင်းကိုနမ်းလိုက်တာမြင်ဖြစ်အောင်မြင်လိုက်သေးသည်။ မီးလောင်မြိုက်ခံနေရသလိုပူလောင်လာတဲ့နှလုံးသားတစ်စုံကြောင့် မျက်ဝန်းတွေကခံနိုင်ရည်မဲ့စွာ ငွေ့ရည်ဖွဲ့ပေး၏။
"အိပ်တော့မှာမလားယောင်း... ဒါပဲနော်"
ပျောက်ကွယ်သွားခဲ့တဲ့ Phone Screenပေါ်
မှထိုမြင်ကွင်းဟာ သူ့မျက်ဝန်းစွဲထင်လို့ကျန်ခဲ့၏။ ထိုပုံရိပ်များပျောက်သွားစေဖို့မျော်လင့်မိရင်း မျက်လွှာကိုပိတ်ချလိုက်တော့ပါးပြင် ပေါ်ဖြတ်စီးသွားတဲ့မျက်ရည်စီးကြောင်းလေး။ ပျောက်ကွယ်မသွားခဲ့တဲ့ထိုပုံရိပ်ဟာမျက်ရည်တွေကြားမှာအသက်ဝင်လို့နေခဲ့သည်။ နာကျင်နေသောနှလုံးသားနှင့်မျက်ရည်တွေစီးကျနေခဲ့သည့်မျက်ဝန်းတစ်စုံဟာ ထိုညမှာခြောက်ခြားစွာရှိနေခဲ့သည်။
မင်းဘာတွေလျှောက်လုပ်နေတာလဲjeon....
တစ်ကယ်ပဲကောင်မလေးတွေအများကြီး
ရှိနေခဲ့တာလားjeonရယ်.....
                              Purple Dream
Updated 21.11.2021
Sakawar
Zawgyi
ခဏေနjeonလည်းရောက်တော့မှာပါ သူလာနေပြီတဲ့ စာပို့ထားတယ်"
"ဟမ်...."
"ဟင်..."
ဆောရီးပါကွာ"
ခဏနေမှခေါင်းပြန်မော့လာတဲ့taehyungကဘာမွမျဖစ်သလို။
"Park Jiminပါ။ သူကKim Taehyung"
"Babeဘာစားချင်လဲ"
"ဟင်.. အော်အင်းminie
"ငါနေကောင်းပါတယ်jeon"
Purple Dream
ဆက္စပ္မူမရွိတဲ့jungkookစကားကိုMr's Jeonကjungkookမျက်နှာကိုတစ်ချက်သာကြည့်ပြီး နားလည်သလိုဖြင့်ဘာမှမပြော။
"ထင်သားပဲဒီလိုဆိုတာ"
"Daddyရဲ့ခရီးမှာသူရောပါတာပေါ့ ဟုတ္လားdaddy"
ရပေနျးအောကျမှာရပျလိုကျပွီးရဖှေငျ့လျိုကျတော့ ခန္ဒာပေါ်စီးကျလာတဲ့အေးစိမ့်စိမ့်ရေစက်ရေမွှားများ။
အခ်စ္စစ်ဆိုတာတစ္ကယ္မရွိဘူး....
Purple Dream
"ဟယ္လိုminie"
"Good Night Jiminie "
"အိပ်နေပြီလားjeon"
"ငါမအိပ်သေးဘူးယောင်း..."
"Jeon"
"ငါအိပ်တော့မလို့"
Jeonဘယ်ရောက်နေတာလဲ။ မဟုတ်မှ...
                              Purple Dream
Updated 21.11.2021
Sakawar
Continue Reading
You'll Also Like
2.1M 109K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
88.5K 1.1K 22
Ryu Suzuki the first piece Rias ever had but they were never really close. Rias preferred to spend more time with her queen the second piece she rein...
1.2K 148 6
ကိုယ် ကိုယ်တိုင်‌ေရးသား‌ေသာစာလေးတွေပါ ။ Start Date - 23.3.2022
82.2K 4.8K 25
အချစ်.... ဘဝပေါင်းများစွာဝေးကွာပီးမှ ပြန်ဆုံတွေ့လည်း.... ကိုယ်မင်းကိုသိပ်ချစ်ပါတယ်....