အိပ်ရာမှနိုးလာတော့ အရာအားလုံးဟာ ဝေဝေဝါးဝါး။ အသိစိတ်မကပ်သလိုဖြစ်နေသော မိမိကိုယ်ကို ဆွဲဆိတ်လိုက်တော့ နာကျင်မှုနှင့်အတူ ဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာကို သိမြင်လာရသည်။
ထိန်လင်းနေသောမီးရောင်ကြောင့် အခန်း၏အနေအထားကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အခန်းကျယ်ကြီးက ကုတင်အိပ်ရာအပြင် မျက်နှာကျက်ပေါ်က မီးဆိုင်းတွေ ကျွန်းသစ်ဖြင့်ပြုလုပ်ထားသည်ဟုထင်ရသော စားပွဲ ကုလားထိုင် ဗီရိုနှင့် အရောင်လှလှ ခန်းစီးလိုက်ကာ တပ်ထားသော အဲကွန်း အရာအားလုံးဟာ သူခန့်မှန်းထားတာထက်ကို တန်ဖိုးကြီးမည်မှာသေချာနေသည်။
အပျင်းထူနေတာမဟုတ်ပဲ ခြေထောက်တွေလက်တွေဟာ မသယ်ချင်လောက်အောင် ဖြစ်နေသည့်အပြင် ဗိုက်ထဲကလည်း အနည်းငယ်အောင့်နေသော ဝေဒနာကိုခံစားရသည်။
မထလို့မရသည့်အခြေအနေမို့ အားယူကာထလိုက်တော့ ခန္ဓာကိုယ်ပေါ်တွင်ခြုံထားသော စောင်အပါးလေးက ကွာကြလာသည်။ မျက်စိဖြင့်မြင်နိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပင် နီညိုညိုအရောင်အမှတ်တွေအပြင် ချုပ်ကိုင်တင်းကြပ်ထားသော လက်ချောင်းရာတွေဟာလည်း အစင်းလိုက်ပင်။
အားယူကာ မတ်တပ်ထလိုက်ပြီး မှန်တင်ခုံရှိကိုယ်တစ်ပိုင်းလောက်ပေါ်သော မှန်ချပ်မှာကြည့်လိုက်မိတော့ နောက်ကျောတွေရော ခန္ဓာကိုယ်တစ်ခုလုံးမှာ ရစရာမရှိပေ။ ဖြူဖျော့ဖျော့အသားအရည်မှာ လက်ချောင်းရာတွေဟာလည်း နီညိုညိုအစင်းလိုက်ဖြစ်သလို တစ်ချို့နေရာတွေမှာ သွေးခြေဥနေလေသည်။
မှန်ရှေ့မှာဒူးထောက်လဲကျသွားတော့ ထဖို့ရန်အားမရှိတော့။ ဒူးနှစ်ဖက်ကိုပိုက်ကာ ငိုရှိုက်ချင်မိပေမဲ့လို့ ငိုစရာမျက်ရည်ကုန်ခမ်းနေသလိုပင် ဘာမျက်ရည်မှကျမလာခဲ့ပေ။ သို့သော်လည်း မှန်တင်ခုံပေါ်က သူ့ရဲ့ပလပ်စတစ်အထုတ်လေးအပြင် အထပ်လိုက်ဖြစ်နေသော ပိုက်ဆံတွေနှင့် တိုက်ခန်းကဒ်ကိုမြင်လိုက်တော့ မျက်ရည်တွေဟာ အတားအဆီးမရှိကျဆင်းလာသည်။
သူ့ဘဝက ဘာလဲ...
သူ ဘာဆက်လုပ်ရမလဲ....
ဘဝကြီးကနေပျော်စရာမရှိပေမဲ့ သေလိုက်ဖို့ကလည်း သူ့မှာသတ္တိမရှိခဲ့ပေဘူးကို။
နာနာကျင်ကျင်ရှိုက်ငိုမိတော့ ငိုရုံကလွဲပြီး ဘာများတတ်နိုင်မှာလဲ။
ရှိုက်သံတစ်ဝက်ဖြင့် လက်ဖဝါးရဲ့ပူနွေးနေသော အထိအတွေ့ဟာ ဝမ်းဗိုက်ဆီကိုရောက်သွားတော့ တစ်စုံတစ်ခုကို သတိရသွားမိသည်။
ဟုတ်တာပေါ့ သူရဲ့ကလေး... သူ မသေရဲသောအကြောင်း အရင်းပေါ့။
အားတင်းကာထလိုက်ပြီး ရေချိုးခန်းဟုထင်ရသောအခန်းကိုဝင်လိုက်တော့ သူခန့်မှန်းတာ မှန်သွားသည်။ ဘေစင်ကနေမျက်နှာသစ်ပြီး ဆံပင်တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်သည်။ ရေပန်းကိုဖွင့်ကြည့်လိုက်တော့ ရေလာနေတာကြောင့် တစ်ခါတည်းပါရေချိုးချလိုက်မိသည်။
မနေ့ကတည်းက မနက်စာတစ်ခုသာစားခဲ့သော သူ့အဖို့ ဝမ်းဗိုက်ထဲကလည်း ဆာလောင်မှုအပြည့်။ ရေချိုးခန်းထဲ ထွက်လာပြီး မနေ့ကအဝတ်အစားတွေကိုရှာမိတော့ ထဘီကလွဲရင် ကျန်တာဝတ်မရတော့။
ကံကောင်းထောက်မစွာပင် ဘေးနားက ဗီရိုကိုကြည့်မိတော့ အဝတ်အစားအပြည့်ပင်။ သို့သော် အဝတ်အစားတွေဟာ ခေတ်ရှေ့ပြေးလွန်းနေသလို မနေ့ညကအမျိုးသမီး၏ အဝတ်အစားလဲမဖြစ်နိုင်ပေ။
ယခုအဝတ်အစားတွေဟာ ခန္ဓာကိုယ်အချိုးအစားလှသော မိန်းကလေးဝတ်စုံတွေ။ သူနှင့်ပက်သက်ခဲ့သောအမျိုးသမီးဟာ သူနှင့်အရပ်မတိမ်းမယိမ်းဖြစ်သလို ပိန်သွယ်သော ခန္ဓာကိုယ်ပင်။
တစ်ဆက်တည်းတွေးမိတာက အိပ်ရာပေါ်က ကြမ်းတမ်းသော ပုံရိပ်တွေ။ ခပ်ပြင်းပြင်းရနေသော အရက်ရနံ့နှင့်အတူ ထိုအမျိုးသမီးရဲ့ခွန်အားတွေဟာ ပြင်းထန်လွန်းလှသည်။ ကြမ်းတမ်းနေသည့်အနမ်းတွေဟာ ညင်သာမှုမရှိသလို ညှာတာမှုလည်းလုံးဝမရှိပေ။
ကြောက်လန့်တုန်လှုပ်မိသော်လည်း ရွံရှာတာမျိုးမဟုတ်ခဲ့တော့ မိမိကိုယ်ကိုလည်း အံ့ဩမိသလို ကိုယ့်ဘာသာလဲရွံမိသည်။
အမျိုးသမီးအချင်းချင်းကိစ္စမှာ ကြားဖူးနားဝသာရှိသော်လည်း မြင်လဲမမြင်ဖူးသလို စိတ်လဲမဝင်စားခဲ့မိပေ။
တခြားအရာတွေကို စိတ်မဝင်စားနိုင်လောက်အောင် သူရဲ့နေ့စဉ်ဘဝဟာ အလုပ်တွေရှုပ်နေခဲ့တာပင်။
နင်ဘာလို့ မငြင်းခဲ့တာလဲဟု ကိုယ့်ဘာသာပြန်မေးရင် ငြင်းနိုင်စွမ်းမရှိဟုဖြေရမည်။ ခွန်အားချင်းဟာမမျှသလို ငြင်းပယ်နိုင်စွမ်းမဲ့နေလောက်အောင် စိတ်ခွန်အားမဲ့နေခဲ့တာပင်။
ဗီရိုက အတွင်းဝတ်အသစ်တွေရှိသော်လည်း ဘရာစီယာတွေဟာ သူနှင့်မတော်။ ရိုးရှင်းသောဂါဝန်တစ်ထည်ကိုရွေးချယ်ပြီးဝတ်လိုက်ကာ သူ့ရဲမိုးကာအပေါ်ထပ်ကိုထပ်လိုက်တော့ အနည်းငယ်လုံခြုံသွားသလို။
တိတ်ဆိတ်နေသောအခြေအနေအရ သူကလွဲရင်ဒီမှာဘယ်သူမှရှိမည်မထင်။ အခန်းတံခါးကိုဖွင့်ကာ အပြင်ထွက်တော့ တကယ်ပင် မနေ့ညဟာအမျိုးသမီးဟာလည်း ပြန်သွားခဲ့ပြီထင်သည်။ စိတ်သက်သာရာရသွားသော်လည်း အနည်းငယ်တော့လန့်မိနေတုန်းပင်။
ဆာနေသောဗိုက်ကိုဝမ်းစာဖြည့်ဖို့ မီးဖိုချောင်ကိုရှာဖွေကြည့်သော်လည်း ရေသန့်ဗူးတွေကလွဲပြီးဘာမှမရှိပေ။ အခန်းထဲကစားပွဲပေါ်တွင်ရှိသော ပိုက်ဆံအထပ်ထဲကတစ်ရွက်ကိုထုတ်လိုက်ကာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တိုက်ခန်းအပြင်ဖက်ကိုထွက်လာခဲ့သည်။
အပြင်ဖက်ကအနေအထားကိုအခုမှအကဲခတ်မိသည်။ အဆင်မြင့်အိပ်ရာတွေဖြစ်ဟန်တူသော နေရာကအနည်းငယ်တိတ်ဆိတ်သလိုပင်။ လူတွေကလည်းရှင်းကာ တိုက်ခန်းအလွတ်တွေလည်းရှိသေးသည်။
လေးလွှာကဆင်းလာတော့ လမ်းသွယ်လေးရှိသလို မျက်နှာချင်းဆိုင်မှာလည်း စျေးဆိုင်တွေရှိသည်။ စျေးဆိုင်တွေကိုတွေ့ရတော့ လှိုက်ခနဲဝမ်းသာသည့်စိတ်နှင့်အပြေးလေးသွားလိုက်မိသည်။
အိမ်ရာနေသူတွေအတွက်ရည်ရွယ်ပြီးဖွင့်ထားသော စျေးသေးသေးက အသားငါးအစုံရှိသလို ဟင်းသီးဟင်းရွက်လဲရသည်။ ဆီအိုးထဲကကြော်နေသော ပလာတာအချပ်တွေကိုကြည့်ကာ ဗိုက်ကပိုဆာလာသည်။
"ညီမလေး ဘာမှာမလဲ"
အကြော်ကြော်နေသော ဆိုင်ရှင်ကမေးတော့ သကြားပလတာဟုမှာမလို့လုပ်လိုက်သော်လည်း ဗိုက်ထဲကဟာကို သတိရသွားတော့
"ကြက်ဥပလာတာ နှစ်ပွဲ ခဏနေလာယူမယ်ရတယ်မလား စျေးလေးဝယ်ချင်လို့"
"ရတယ် ရတယ် ညီမလေး"
စျေးထဲမှာတစ်ယောက်စာအတွက် ပစ္စည်းအနည်းငယ်ဝယ်လိုက်ပြီး မလှမ်းမကမ်းမှာ အထည်ဆိုင်ငယ်လေးပါတွေ့တာကြောင့် ဝမ်းသာသွားရသည်။ ပိုက်ဆံအလုံအလောက်မပါတာကြောင့် ပြန်ယူကာ ပြန်လာဝယ်ဟုတွေးပြီး ပလာတာထုပ်ကိုယူကာ တိုက်ခန်းသို့ပြန်ခဲ့သည်။
အခန်းကဒ်ကိုသုံးကာတံခါးဖွင့်ပြီးဝင်လိုက်တော့ အရာရာက စိမ်းသက်နေတုန်းပင်။ ဗိုက်ဆာနေတာကြောင့် ဝမ်းကို အရင်ဖြည့်ကာ ဖုံးအုပ်ထားသောအဝတ်စတွေကို ဆွဲဖယ်ကာ အိမ်ကိုသန့်ရှင်းရေးလုပ်လိုက်သည်။
အောက်ထပ်ကိုတစ်ခေါက်ပြန်ဆင်းကာ လိုအပ်သော အဝတ်အစားကိုဝယ်လိုက်ပြီး စားပွဲပေါ်ကပိုက်ဆံတစ်ထပ်ကို မမြင်ချင်တာကြောင့် မှန်တင်ခုံအံဆွဲထဲကိုထည့်ပစ်လိုက်သည်။
စားပွဲပေါ်ကပလက်စတစ်အိတ်လေးကိုဖြည်လိုက်တော့ မှတ်ပုံတင်ရယ် တစ်သောင်းတန်လေးတစ်ရွက်ရယ် ပြီးတော့ ဟိုနေ့ကဆေးခန်းကပေးလိုက်သော ဆေးတွေရယ် ကိုယ်ဝန်ဖျက်ချဆေးဟုခေါ်သောဆေးရယ်။
ဝေခွဲမရစွာကြည့်ပြီး ဗိုက်ရှပ်ရှပ်လေးစမ်းလိုက်တော့ ဘယ်လိုမှမနေပေမဲ့ ဗိုက်ထဲမှာတော့ တစ်ခုခုရှိနေတယ်ဆိုတာ သူသိနေတာပဲလေ။ နှစ်လပြည့်ရုံသာရှိသေးသောကြောင့်ဖျက်ချဖို့ဆိုတာ လွယ်ကူသော်လည်း တကယ်တမ်းလုပ်ကြစို့ဟေ့ဆိုတော့ သတ္တိမရှိသလို လုပ်လဲမလုပ်ရက်ပေ။
ဆေးခန်းကိုသွားကာ သက်သက်သာသာနဲ့ကောင်းကောင်းမွန်မွန်ဖျက်မည်ဟူသောအတွေးနဲ့သွားခဲ့သော်လည်း ဆေးခန်းတော်တော်များများဟာ လုပ်မပေးကြပေ။ ဖျက်ချမည်ဆိုသော်လည်း အရပ်သည်တွေနဲ့မလုပ်ချင် ကိုယ်အင်္ဂါလဲမဆုံသေးသော သန္ဓေသားလောင်းလေးကို ဖျက်ချခဲ့မယ်ဆိုရင်တောင်မှ လျောလျောရှုရှုဖြစ်သွားချင်သည်။
ဆေးခန်းကပေးလိုက်သောဆေးတွေဟာ ကိုယ်ဝန်ဆောင်တွေသောက်သင့်သော ဆေးတွေဖြစ်ကြောင်း အဆောင်အတူနေ သူနာပြုကောင်မလေးပြောပြချက်အရသိလိုက်တော့ ပို၍လက်တွန့်သွားမိသည်။
ထားလိုက်ပါတော့လေ.... ဘယ်လိုပဲဖြစ်ဖြစ်ဟု တွေးလိုက်သော်လည်း အခုတောင်ခက်ခဲလွန်းသော သူ့ဘဝမှာ ကလေးတစ်ယောက်ရောက်လာတော့ရော ဘာထူးမည်လဲ ကလေးကိုရော သူကပြုစုပျိုးထောင်နိုင်မည်လား။
နေစရာနေရာတောင်မရှိသော ဘဝမှာလေ။
သို့သော် ရုတ်တရတ်သတိရသွားတာက အခုမှာ သူ့မှာနေစရာရှိနေပြီလေ။ မနေ့ညကကိစ္စမှာ ထိုအမျိုးသမီးပြောပုံ အရဆိုရင် ဒီတိုက်ခန်းကို သူ့ကိုပေးမည်ဟုဆိုသည်မဟုတ်ပါလား။
အပိုင်လည်းမရချင်ပါ ခဏတာလေးဖြစ်ဖြစ်ခိုနားစရာရချင်ရုံလေးသာ။ မောင်းမထုတ်သရွေ့တော့ အရှက်မဲ့စွာ နေရုံပေါ့လေ ဟုခပ်ချဉ်ချဉ်တွေးလိုက်မိသည်။ လောလောဆယ်မှာလည်း သူ့မှာသွားစရာနေရာမှမရှိတာ။
မနေ့ညက အဲ့ဒီနေရာကိုသွားမိတာဟာ သူ့အတွက်ကံကောင်းတာလား ကံဆိုးတာလားမပြောတတ်ပေ။ ငယ်ငယ်က သူငယ်ချင်းဟာ xxxx ဘားမှာ အလုပ်လုပ်တယ်ဟုဆိုသောကြောင့်တွေ့လိုတွေ့ညားရှာကြည့်သော်လည်း အလုပ်ထွက်သွားပြီဟူသော စကားက သူ့ကိုလမ်းပျောက်သွားစေသည်။
နောက်ဆုံးကောက်ရိုးမျှင်လေးကပါရေနစ်သွားလေတော့ သူ့မှာဘာမှမရှိတော့။ ဦးတည်ချက်မဲ့လျှောက်သွားနေသည့် ခြေလှမ်းတွေက သူ့အတွက်လမ်းကြောင်းတစ်ခုလိုပင်။ ဘာလုပ်ရမလဲဟူသောအတွေးပင်မရှိတော့လောက်အောင် သူ့ရဲ့အတွေးတွေဟာ ဗလာကျင်းနေခဲ့သည်။
မနေ့ညကအမျိုးသမီးရဲ့ခေါ်သံကြောင့် အသိစိတ်ဝင်လာရသလို ခေါ်လို့လိုက်ခဲ့မိတာဟာလည်း မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အပြင် ထိုအမျိုးသမီးရဲ့ ရုပ်ရည်သွင်ပြင်ဟာ ရှု့မောဖွယ်ကောင်းသလို တည်ကြည်သောပုံစံရှိသောကြောင့်။
နေစရာမရှိလို့ ဘယ်လိုအဆုံးသတ်ရမလဲတွေးနေရာကနေ တိုက်ခန်းအပိုင်ပေးမည်ဟူသောစကားက သူ့ကိုတုန်လှုပ်သွားစေသည်။ စည်းစိမ်တွေကိုမက်မောနေတာမျိုးမဟုတ်ပေမဲ့ သူ့အတွက်ကျောတစ်ခင်းစာလေးဆိုရင်တောင်မှ လိုအပ်နေသည်မဟုတ်ပါလား။ ဘာလုပ်ပေးရမလဲဟူသော မေးခွန်းမေးလိုက်ကတည်းက သူအရာအားလုံးကိုအဆုံးထိတွေးထားခဲ့ပြီးသားပင်။
ခေါင်းညိမ့်လိုက်ကာမှ တစ်ဖက်လူဟာ သူ့ကိုအထင်သေးသွားနိုင်သည်ဆိုတာသိသော်လည်း ဂရုမစိုက်နိုင်ပေ။ ထိုအမျိုးသမီးဆီကရသော ရေမွှေးရနံ့နှင့်အတူ ခပ်ပြင်းပြင်းရနေသော အရက်အနံ့ကြောင့်တိုက်ခန်းထဲဝင်တဲ့အထိ တုန်လှုပ်နေခဲ့ပေမဲ့ သူဟာသူထိန်းနိုင်မည်ဟုထင်ခဲ့သည်။
ခြောက်သွေ့နေသောနှုတ်ခမ်းတွေမှာ ပူနွေးစိုစွတ်သော အထိအတွေ့ကိုခံစားမိတော့ ရုန်းကန်ဖို့ကြိုးစားပေမဲ့ ချုပ်ကိုင်ထားတာကြမ်းလွန်းတော့ မတတ်နိုင်။ တွေ့ကြုံရနိုင်သည်ဟုတွေးထားခဲ့သော်လည်း တကယ်တမ်းလက်တွေ့ကြုံလာတော့ သူ့စိတ်ထဲမှာ အရာအားလုံးဗလာနတ္ထိဖြစ်နေသလို ကြောက်လန့်နေမိသည်။ သို့သော်လည်း ဒါက သူရွေးချယ်ခဲ့တာ မဟုတ်ပါလား။ ယောကျာ်းတစ်ယောက်ဖြစ်မနေတာကိုပဲ ကျေးဇူးတင်ရမည်။ အနည်းဆုံးတော့ ဗိုက်ထဲကသူ့ကလေးကိုမထိခိုက်စေဘူးပေါ့။
စိတ်ထဲမှာအသိစိတ်ပြန်ကပ်တော့ အရာအားလုံးကနောက်ကျနေပြီ နာကျင်နေပေမဲ့သာယာမှု၏အစွန်းတစ်ဖက်ကိုခံစားရသလို သူ့ကိုယ်ပေါ်ကချောမောလွန်းသည့်အမျိုးသမီးကိုမကြည့်ရဲစွာ မျက်လုံးကိုမှိတ်ထားမိခဲ့သည်။
ယနေ့ကြမှ သူ့အတွက် ညတာတွေဟာရှည်လွန်းသည်ဟုထင်ရသည်။ ခပ်ပြင်းပြင်းအသက်ရှုသံတွေ ခန္ဓာကိုယ်အနှံ့ပြေးလွှားနေသောလက်တစ်စုံနှင့် ပူနွေးနေသောနှုတ်ခမ်းတွေ ထိုအမျိုးသမီး၏နှုတ်ခမ်းဖျားကရသည့်အရက်အရသာ အနံ့ ခေါင်းတွေချာချာလည်နေသလို အသိစိတ်လည်းထပ်မံပျောက်ဆုံးရပြန်သည်။
မနေ့ညကအဖြစ်အပျက်တွေဟာ အလိုလိုခေါင်းထဲဝင်လာတော့ ခေါင်းကိုခါယမ်းပစ်ကာ အတွေးတွေကိုဖျောက်လိုက်ပြီး မနက်ဖြန်တွေကို ဘယ်လိုရှေ့ဆက်ရမယ်ဆိုတဲ့အကြောင်းသာ စဉ်းစားလိုက်တော့သည်။
၂၀.၁၁.၂၀၂၁
Zawgyi>>>
အိပ္ရာမွနိုးလာေတာ့ အရာအားလုံးဟာ ေဝေဝဝါးဝါး။ အသိစိတ္မကပ္သလိုျဖစ္ေနေသာ မိမိကိုယ္ကို ဆြဲဆိတ္လိုက္ေတာ့ နာက်င္မႈႏွင့္အတူ ဒါဟာအိမ္မက္မဟုတ္ဘူးဆိုတာကို သိျမင္လာရသည္။
ထိန္လင္းေနေသာမီးေရာင္ေၾကာင့္ အခန္း၏အေနအထားကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။ အခန္းက်ယ္ႀကီးက ကုတင္အိပ္ရာအျပင္ မ်က္ႏွာက်က္ေပၚက မီးဆိုင္းေတြ ကြၽန္းသစ္ျဖင့္ျပဳလုပ္ထားသည္ဟုထင္ရေသာ စားပြဲ ကုလားထိုင္ ဗီရိုႏွင့္ အေရာင္လွလွ ခန္းစီးလိုက္ကာ တပ္ထားေသာ အဲကြန္း အရာအားလုံးဟာ သူခန့္မွန္းထားတာထက္ကို တန္ဖိုးႀကီးမည္မွာေသခ်ာေနသည္။
အပ်င္းထူေနတာမဟုတ္ပဲ ေျခေထာက္ေတြလက္ေတြဟာ မသယ္ခ်င္ေလာက္ေအာင္ ျဖစ္ေနသည့္အျပင္ ဗိုက္ထဲကလည္း အနည္းငယ္ေအာင့္ေနေသာ ေဝဒနာကိုခံစားရသည္။
မထလို႔မရသည့္အေျခအေနမို႔ အားယူကာထလိုက္ေတာ့ ခႏၶာကိုယ္ေပၚတြင္ၿခဳံထားေသာ ေစာင္အပါးေလးက ကြာၾကလာသည္။ မ်က္စိျဖင့္ျမင္နိုင္ေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာပင္ နီညိုညိုအေရာင္အမွတ္ေတြအျပင္ ခ်ဳပ္ကိုင္တင္းၾကပ္ထားေသာ လက္ေခ်ာင္းရာေတြဟာလည္း အစင္းလိုက္ပင္။
အားယူကာ မတ္တပ္ထလိုက္ၿပီး မွန္တင္ခုံရွိကိုယ္တစ္ပိုင္းေလာက္ေပၚေသာ မွန္ခ်ပ္မွာၾကည့္လိုက္မိေတာ့ ေနာက္ေက်ာေတြေရာ ခႏၶာကိုယ္တစ္ခုလုံးမွာ ရစရာမရွိေပ။ ျဖဴေဖ်ာ့ေဖ်ာ့အသားအရည္မွာ လက္ေခ်ာင္းရာေတြဟာလည္း နီညိုညိုအစင္းလိုက္ျဖစ္သလို တစ္ခ်ိဳ႕ေနရာေတြမွာ ေသြးေျခဥေနေလသည္။
မွန္ေရွ႕မွာဒူးေထာက္လဲက်သြားေတာ့ ထဖို႔ရန္အားမရွိေတာ့။ ဒူးႏွစ္ဖက္ကိုပိုက္ကာ ငိုရွိုက္ခ်င္မိေပမဲ့လို႔ ငိုစရာမ်က္ရည္ကုန္ခမ္းေနသလိုပင္ ဘာမ်က္ရည္မွက်မလာခဲ့ေပ။ သို႔ေသာ္လည္း မွန္တင္ခုံေပၚက သူ႕ရဲ႕ပလပ္စတစ္အထုတ္ေလးအျပင္ အထပ္လိုက္ျဖစ္ေနေသာ ပိုက္ဆံေတြႏွင့္ တိုက္ခန္းကဒ္ကိုျမင္လိုက္ေတာ့ မ်က္ရည္ေတြဟာ အတားအဆီးမရွိက်ဆင္းလာသည္။
သူ႕ဘဝက ဘာလဲ...
သူ ဘာဆက္လုပ္ရမလဲ....
ဘဝႀကီးကေနေပ်ာ္စရာမရွိေပမဲ့ ေသလိုက္ဖို႔ကလည္း သူ႕မွာသတၱိမရွိခဲ့ေပဘူးကို။
နာနာက်င္က်င္ရွိုက္ငိုမိေတာ့ ငို႐ုံကလြဲၿပီး ဘာမ်ားတတ္နိုင္မွာလဲ။
ရွိုက္သံတစ္ဝက္ျဖင့္ လက္ဖဝါးရဲ႕ပူေႏြးေနေသာ အထိအေတြ႕ဟာ ဝမ္းဗိုက္ဆီကိုေရာက္သြားေတာ့ တစ္စုံတစ္ခုကို သတိရသြားမိသည္။
ဟုတ္တာေပါ့ သူရဲ႕ကေလး... သူ မေသရဲေသာအေၾကာင္း အရင္းေပါ့။
အားတင္းကာထလိုက္ၿပီး ေရခ်ိဳးခန္းဟုထင္ရေသာအခန္းကိုဝင္လိုက္ေတာ့ သူခန့္မွန္းတာ မွန္သြားသည္။ ေဘစင္ကေနမ်က္ႏွာသစ္ၿပီး ဆံပင္ေတြကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္လိုက္သည္။ ေရပန္းကိုဖြင့္ၾကည့္လိုက္ေတာ့ ေရလာေနတာေၾကာင့္ တစ္ခါတည္းပါေရခ်ိဳးခ်လိဳက္မိသည္။
မေန႕ကတည္းက မနက္စာတစ္ခုသာစားခဲ့ေသာ သူ႕အဖို႔ ဝမ္းဗိုက္ထဲကလည္း ဆာေလာင္မႈအျပည့္။ ေရခ်ိဳးခန္းထဲ ထြက္လာၿပီး မေန႕ကအဝတ္အစားေတြကိုရွာမိေတာ့ ထဘီကလြဲရင္ က်န္တာဝတ္မရေတာ့။
ကံေကာင္းေထာက္မစြာပင္ ေဘးနားက ဗီရိုကိုၾကည့္မိေတာ့ အဝတ္အစားအျပည့္ပင္။ သို႔ေသာ္ အဝတ္အစားေတြဟာ ေခတ္ေရွ႕ေျပးလြန္းေနသလို မေန႕ညကအမ်ိဳးသမီး၏ အဝတ္အစားလဲမျဖစ္နိုင္ေပ။
ယခုအဝတ္အစားေတြဟာ ခႏၶာကိုယ္အခ်ိဳးအစားလွေသာ မိန္းကေလးဝတ္စုံေတြ။ သူႏွင့္ပက္သက္ခဲ့ေသာအမ်ိဳးသမီးဟာ သူႏွင့္အရပ္မတိမ္းမယိမ္းျဖစ္သလို ပိန္သြယ္ေသာ ခႏၶာကိုယ္ပင္။
တစ္ဆက္တည္းေတြးမိတာက အိပ္ရာေပၚက ၾကမ္းတမ္းေသာ ပုံရိပ္ေတြ။ ခပ္ျပင္းျပင္းရေနေသာ အရက္ရနံ႕ႏွင့္အတူ ထိုအမ်ိဳးသမီးရဲ႕ခြန္အားေတြဟာ ျပင္းထန္လြန္းလွသည္။ ၾကမ္းတမ္းေနသည့္အနမ္းေတြဟာ ညင္သာမႈမရွိသလို ညွာတာမႈလည္းလုံးဝမရွိေပ။
ေၾကာက္လန့္တုန္လႈပ္မိေသာ္လည္း ႐ြံရွာတာမ်ိဳးမဟုတ္ခဲ့ေတာ့ မိမိကိုယ္ကိုလည္း အံ့ဩမိသလို ကိုယ့္ဘာသာလဲ႐ြံမိသည္။
အမ်ိဳးသမီးအခ်င္းခ်င္းကိစၥမွာ ၾကားဖူးနားဝသာရွိေသာ္လည္း ျမင္လဲမျမင္ဖူးသလို စိတ္လဲမဝင္စားခဲ့မိေပ။
တျခားအရာေတြကို စိတ္မဝင္စားနိုင္ေလာက္ေအာင္ သူရဲ႕ေန႕စဥ္ဘဝဟာ အလုပ္ေတြရႈပ္ေနခဲ့တာပင္။
နင္ဘာလို႔ မျငင္းခဲ့တာလဲဟု ကိုယ့္ဘာသာျပန္ေမးရင္ ျငင္းနိုင္စြမ္းမရွိဟုေျဖရမည္။ ခြန္အားခ်င္းဟာမမွ်သလို ျငင္းပယ္နိုင္စြမ္းမဲ့ေနေလာက္ေအာင္ စိတ္ခြန္အားမဲ့ေနခဲ့တာပင္။
ဗီရိုက အတြင္းဝတ္အသစ္ေတြရွိေသာ္လည္း ဘရာစီယာေတြဟာ သူႏွင့္မေတာ္။ ရိုးရွင္းေသာဂါဝန္တစ္ထည္ကိုေ႐ြးခ်ယ္ၿပီးဝတ္လိုက္ကာ သူ႕ရဲမိုးကာအေပၚထပ္ကိုထပ္လိုက္ေတာ့ အနည္းငယ္လုံၿခဳံသြားသလို။
တိတ္ဆိတ္ေနေသာအေျခအေနအရ သူကလြဲရင္ဒီမွာဘယ္သူမွရွိမည္မထင္။ အခန္းတံခါးကိုဖြင့္ကာ အျပင္ထြက္ေတာ့ တကယ္ပင္ မေန႕ညဟာအမ်ိဳးသမီးဟာလည္း ျပန္သြားခဲ့ၿပီထင္သည္။ စိတ္သက္သာရာရသြားေသာ္လည္း အနည္းငယ္ေတာ့လန့္မိေနတုန္းပင္။
ဆာေနေသာဗိုက္ကိုဝမ္းစာျဖည့္ဖို႔ မီးဖိုေခ်ာင္ကိုရွာေဖြၾကည့္ေသာ္လည္း ေရသန့္ဗူးေတြကလြဲၿပီးဘာမွမရွိေပ။ အခန္းထဲကစားပြဲေပၚတြင္ရွိေသာ ပိုက္ဆံအထပ္ထဲကတစ္႐ြက္ကိုထုတ္လိုက္ကာ က်စ္က်စ္ပါေအာင္ဆုပ္ရင္း တိုက္ခန္းအျပင္ဖက္ကိုထြက္လာခဲ့သည္။
အျပင္ဖက္ကအေနအထားကိုအခုမွအကဲခတ္မိသည္။ အဆင္ျမင့္အိပ္ရာေတြျဖစ္ဟန္တူေသာ ေနရာကအနည္းငယ္တိတ္ဆိတ္သလိုပင္။ လူေတြကလည္းရွင္းကာ တိုက္ခန္းအလြတ္ေတြလည္းရွိေသးသည္။
ေလးလႊာကဆင္းလာေတာ့ လမ္းသြယ္ေလးရွိသလို မ်က္ႏွာခ်င္းဆိုင္မွာလည္း ေစ်းဆိုင္ေတြရွိသည္။ ေစ်းဆိုင္ေတြကိုေတြ႕ရေတာ့ လွိုက္ခနဲဝမ္းသာသည့္စိတ္ႏွင့္အေျပးေလးသြားလိုက္မိသည္။
အိမ္ရာေနသူေတြအတြက္ရည္႐ြယ္ၿပီးဖြင့္ထားေသာ ေစ်းေသးေသးက အသားငါးအစုံရွိသလို ဟင္းသီးဟင္း႐ြက္လဲရသည္။ ဆီအိုးထဲကေၾကာ္ေနေသာ ပလာတာအခ်ပ္ေတြကိုၾကည့္ကာ ဗိုက္ကပိုဆာလာသည္။
"ညီမေလး ဘာမွာမလဲ"
အေၾကာ္ေၾကာ္ေနေသာ ဆိုင္ရွင္ကေမးေတာ့ သၾကားပလတာဟုမွာမလို႔လုပ္လိုက္ေသာ္လည္း ဗိုက္ထဲကဟာကို သတိရသြားေတာ့
"ၾကက္ဥပလာတာ ႏွစ္ပြဲ ခဏေနလာယူမယ္ရတယ္မလား ေစ်းေလးဝယ္ခ်င္လို႔"
"ရတယ္ ရတယ္ ညီမေလး"
ေစ်းထဲမွာတစ္ေယာက္စာအတြက္ ပစၥည္းအနည္းငယ္ဝယ္လိုက္ၿပီး မလွမ္းမကမ္းမွာ အထည္ဆိုင္ငယ္ေလးပါေတြ႕တာေၾကာင့္ ဝမ္းသာသြားရသည္။ ပိုက္ဆံအလုံအေလာက္မပါတာေၾကာင့္ ျပန္ယူကာ ျပန္လာဝယ္ဟုေတြးၿပီး ပလာတာထုပ္ကိုယူကာ တိုက္ခန္းသို႔ျပန္ခဲ့သည္။
အခန္းကဒ္ကိုသုံးကာတံခါးဖြင့္ၿပီးဝင္လိုက္ေတာ့ အရာရာက စိမ္းသက္ေနတုန္းပင္။ ဗိုက္ဆာေနတာေၾကာင့္ ဝမ္းကို အရင္ျဖည့္ကာ ဖုံးအုပ္ထားေသာအဝတ္စေတြကို ဆြဲဖယ္ကာ အိမ္ကိုသန့္ရွင္းေရးလုပ္လိုက္သည္။
ေအာက္ထပ္ကိုတစ္ေခါက္ျပန္ဆင္းကာ လိုအပ္ေသာ အဝတ္အစားကိုဝယ္လိုက္ၿပီး စားပြဲေပၚကပိုက္ဆံတစ္ထပ္ကို မျမင္ခ်င္တာေၾကာင့္ မွန္တင္ခုံအံဆြဲထဲကိုထည့္ပစ္လိုက္သည္။
စားပြဲေပၚကပလက္စတစ္အိတ္ေလးကိုျဖည္လိုက္ေတာ့ မွတ္ပုံတင္ရယ္ တစ္ေသာင္းတန္ေလးတစ္႐ြက္ရယ္ ၿပီးေတာ့ ဟိုေန႕ကေဆးခန္းကေပးလိုက္ေသာ ေဆးေတြရယ္ ကိုယ္ဝန္ဖ်က္ခ်ေဆးဟုေခၚေသာေဆးရယ္။
ေဝခြဲမရစြာၾကည့္ၿပီး ဗိုက္ရွပ္ရွပ္ေလးစမ္းလိုက္ေတာ့ ဘယ္လိုမွမေနေပမဲ့ ဗိုက္ထဲမွာေတာ့ တစ္ခုခုရွိေနတယ္ဆိုတာ သူသိေနတာပဲေလ။ ႏွစ္လျပည့္႐ုံသာရွိေသးေသာေၾကာင့္ဖ်က္ခ်ဖိဳ႕ဆိုတာ လြယ္ကူေသာ္လည္း တကယ္တမ္းလုပ္ၾကစို႔ေဟ့ဆိုေတာ့ သတၱိမရွိသလို လုပ္လဲမလုပ္ရက္ေပ။
ေဆးခန္းကိုသြားကာ သက္သက္သာသာနဲ႕ေကာင္းေကာင္းမြန္မြန္ဖ်က္မည္ဟူေသာအေတြးနဲ႕သြားခဲ့ေသာ္လည္း ေဆးခန္းေတာ္ေတာ္မ်ားမ်ားဟာ လုပ္မေပးၾကေပ။ ဖ်က္ခ်မည္ဆိုေသာ္လည္း အရပ္သည္ေတြနဲ႕မလုပ္ခ်င္ ကိုယ္အဂၤါလဲမဆုံေသးေသာ သေႏၶသားေလာင္းေလးကို ဖ်က္ခ်ခဲ့မယ္ဆိုရင္ေတာင္မွ ေလ်ာေလ်ာရႈရႈျဖစ္သြားခ်င္သည္။
ေဆးခန္းကေပးလိုက္ေသာေဆးေတြဟာ ကိုယ္ဝန္ေဆာင္ေတြေသာက္သင့္ေသာ ေဆးေတြျဖစ္ေၾကာင္း အေဆာင္အတူေန သူနာျပဳေကာင္မေလးေျပာျပခ်က္အရသိလိုက္ေတာ့ ပို၍လက္တြန့္သြားမိသည္။
ထားလိုက္ပါေတာ့ေလ.... ဘယ္လိုပဲျဖစ္ျဖစ္ဟု ေတြးလိုက္ေသာ္လည္း အခုေတာင္ခက္ခဲလြန္းေသာ သူ႕ဘဝမွာ ကေလးတစ္ေယာက္ေရာက္လာေတာ့ေရာ ဘာထူးမည္လဲ ကေလးကိုေရာ သူကျပဳစုပ်ိဳးေထာင္နိုင္မည္လား။
ေနစရာေနရာေတာင္မရွိေသာ ဘဝမွာေလ။
သို႔ေသာ္ ႐ုတ္တရတ္သတိရသြားတာက အခုမွာ သူ႕မွာေနစရာရွိေနၿပီေလ။ မေန႕ညကကိစၥမွာ ထိုအမ်ိဳးသမီးေျပာပုံ အရဆိုရင္ ဒီတိုက္ခန္းကို သူ႕ကိုေပးမည္ဟုဆိုသည္မဟုတ္ပါလား။
အပိုင္လည္းမရခ်င္ပါ ခဏတာေလးျဖစ္ျဖစ္ခိုနားစရာရခ်င္႐ုံေလးသာ။ ေမာင္းမထုတ္သေ႐ြ႕ေတာ့ အရွက္မဲ့စြာ ေန႐ုံေပါ့ေလ ဟုခပ္ခ်ဥ္ခ်ဥ္ေတြးလိုက္မိသည္။ ေလာေလာဆယ္မွာလည္း သူ႕မွာသြားစရာေနရာမွမရွိတာ။
မေန႕ညက အဲ့ဒီေနရာကိုသြားမိတာဟာ သူ႕အတြက္ကံေကာင္းတာလား ကံဆိုးတာလားမေျပာတတ္ေပ။ ငယ္ငယ္က သူငယ္ခ်င္းဟာ xxxx ဘားမွာ အလုပ္လုပ္တယ္ဟုဆိုေသာေၾကာင့္ေတြ႕လိုေတြ႕ညားရွာၾကည့္ေသာ္လည္း အလုပ္ထြက္သြားၿပီဟူေသာ စကားက သူ႕ကိုလမ္းေပ်ာက္သြားေစသည္။
ေနာက္ဆုံးေကာက္ရိုးမွ်င္ေလးကပါေရနစ္သြားေလေတာ့ သူ႕မွာဘာမွမရွိေတာ့။ ဦးတည္ခ်က္မဲ့ေလွ်ာက္သြားေနသည့္ ေျခလွမ္းေတြက သူ႕အတြက္လမ္းေၾကာင္းတစ္ခုလိုပင္။ ဘာလုပ္ရမလဲဟူေသာအေတြးပင္မရွိေတာ့ေလာက္ေအာင္ သူ႕ရဲ႕အေတြးေတြဟာ ဗလာက်င္းေနခဲ့သည္။
မေန႕ညကအမ်ိဳးသမီးရဲ႕ေခၚသံေၾကာင့္ အသိစိတ္ဝင္လာရသလို ေခၚလို႔လိုက္ခဲ့မိတာဟာလည္း မိန္းကေလးတစ္ေယာက္ျဖစ္ေနသည့္အျပင္ ထိုအမ်ိဳးသမီးရဲ႕ ႐ုပ္ရည္သြင္ျပင္ဟာ ရႈ႕ေမာဖြယ္ေကာင္းသလို တည္ၾကည္ေသာပုံစံရွိေသာေၾကာင့္။
ေနစရာမရွိလို႔ ဘယ္လိုအဆုံးသတ္ရမလဲေတြးေနရာကေန တိုက္ခန္းအပိုင္ေပးမည္ဟူေသာစကားက သူ႕ကိုတုန္လႈပ္သြားေစသည္။ စည္းစိမ္ေတြကိုမက္ေမာေနတာမ်ိဳးမဟုတ္ေပမဲ့ သူ႕အတြက္ေက်ာတစ္ခင္းစာေလးဆိုရင္ေတာင္မွ လိုအပ္ေနသည္မဟုတ္ပါလား။ ဘာလုပ္ေပးရမလဲဟူေသာ ေမးခြန္းေမးလိုက္ကတည္းက သူအရာအားလုံးကိုအဆုံးထိေတြးထားခဲ့ၿပီးသားပင္။
ေခါင္းညိမ့္လိုက္ကာမွ တစ္ဖက္လူဟာ သူ႕ကိုအထင္ေသးသြားနိုင္သည္ဆိုတာသိေသာ္လည္း ဂ႐ုမစိုက္နိုင္ေပ။ ထိုအမ်ိဳးသမီးဆီကရေသာ ေရေမႊးရနံ႕ႏွင့္အတူ ခပ္ျပင္းျပင္းရေနေသာ အရက္အနံ႕ေၾကာင့္တိုက္ခန္းထဲဝင္တဲ့အထိ တုန္လႈပ္ေနခဲ့ေပမဲ့ သူဟာသူထိန္းနိုင္မည္ဟုထင္ခဲ့သည္။
ေျခာက္ေသြ႕ေနေသာႏႈတ္ခမ္းေတြမွာ ပူေႏြးစိုစြတ္ေသာ အထိအေတြ႕ကိုခံစားမိေတာ့ ႐ုန္းကန္ဖို႔ႀကိဳးစားေပမဲ့ ခ်ဳပ္ကိုင္ထားတာၾကမ္းလြန္းေတာ့ မတတ္နိုင္။ ေတြ႕ႀကဳံရနိုင္သည္ဟုေတြးထားခဲ့ေသာ္လည္း တကယ္တမ္းလက္ေတြ႕ႀကဳံလာေတာ့ သူ႕စိတ္ထဲမွာ အရာအားလုံးဗလာနတၳိျဖစ္ေနသလို ေၾကာက္လန့္ေနမိသည္။ သို႔ေသာ္လည္း ဒါက သူေ႐ြးခ်ယ္ခဲ့တာ မဟုတ္ပါလား။ ေယာက်ာ္းတစ္ေယာက္ျဖစ္မေနတာကိုပဲ ေက်းဇူးတင္ရမည္။ အနည္းဆုံးေတာ့ ဗိုက္ထဲကသူ႕ကေလးကိုမထိခိုက္ေစဘူးေပါ့။
စိတ္ထဲမွာအသိစိတ္ျပန္ကပ္ေတာ့ အရာအားလုံးကေနာက္က်ေနၿပီ နာက်င္ေနေပမဲ့သာယာမႈ၏အစြန္းတစ္ဖက္ကိုခံစားရသလို သူ႕ကိုယ္ေပၚကေခ်ာေမာလြန္းသည့္အမ်ိဳးသမီးကိုမၾကည့္ရဲစြာ မ်က္လုံးကိုမွိတ္ထားမိခဲ့သည္။
ယေန႕ၾကမွ သူ႕အတြက္ ညတာေတြဟာရွည္လြန္းသည္ဟုထင္ရသည္။ ခပ္ျပင္းျပင္းအသက္ရႈသံေတြ ခႏၶာကိုယ္အႏွံ႕ေျပးလႊားေနေသာလက္တစ္စုံႏွင့္ ပူေႏြးေနေသာႏႈတ္ခမ္းေတြ ထိုအမ်ိဳးသမီး၏ႏႈတ္ခမ္းဖ်ားကရသည့္အရက္အရသာ အနံ႕ ေခါင္းေတြခ်ာခ်ာလည္ေနသလို အသိစိတ္လည္းထပ္မံေပ်ာက္ဆုံးရျပန္သည္။
မေန႕ညကအျဖစ္အပ်က္ေတြဟာ အလိုလိုေခါင္းထဲဝင္လာေတာ့ ေခါင္းကိုခါယမ္းပစ္ကာ အေတြးေတြကိုေဖ်ာက္လိုက္ၿပီး မနက္ျဖန္ေတြကို ဘယ္လိုေရွ႕ဆက္ရမယ္ဆိုတဲ့အေၾကာင္းသာ စဥ္းစားလိုက္ေတာ့သည္။
၂၀.၁၁.၂၀၂၁