(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

688K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(41-1) - ပြန်လာခြင်း

5.1K 1.1K 28
By Xiao_Yiii

Unicode

အခန်း(၄၁-၁) - ပြန်လာခြင်း

ရှန်ကျစ်ရှန်းရဲ့ ပထမအတွေးက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်မယ် ဆိုတာဖြစ်ပြီး ဒုတိယအတွေးကတော့ ဒီလိုဆိုးဝါးတဲ့ အရာမျိုး လုပ်ပြီးတာတောင် မတောင်းပန်တဲ့အတွက် သူက တကယ်ဆိုးတာပဲ ဆိုတာဖြစ်သည်။

--အဲ့ဒါက မရည်ရွယ်ခဲ့ပေမယ့်ပေါ့

သူက ရန်ကျင်းရဲ့ အမူအယာကိုကြည့်ကာ သူ့တောင်းပန်မှုကို မျိုသိပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

အကယ်၍ သူပြောလိုက်မိရင် တစ်စုံတစ်ခု ဆိုးဝါးသွားလိမ့်မယ်လို့ အာရုံရနေတယ်

သူက နောက်ဆုတ်တာကို မသိသာစေရအောင် ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်၍ ခြေလှမ်းဆုတ်လိုက်သည်။ သို့သော် သူ့ခါးတစ်ဝိုက်က ရန်ကျင်းရဲ့ လက်များ တင်းကြပ်သွားတာကြောင့် ရှန်ကျစ်ရှန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရလေသည်။

"အားကျင်း, လက်ကိုလွှတ်လေ"

ရန်ကျင်းက သူ့ကို တိတ်တဆိတ် ငေးကြည့်နေရင်းဖြင့် သူ့လက်ကို အနည်းငယ် ဖြေလျော့ပေးလိုက်သည်။ တကယ့်ကို နည်းနည်းလေးပဲ ဖြစ်ကာ သူ့လက်များက ရှန်ကျစ်ရှန်းရဲ့ ခါးတစ်ဝိုက်မှာ ရှိနေဆဲပင်။

ရှန်ကျစ်ရှန်းက ထိုကဲ့သို့ အကြည့် ခံနေရခြင်းအပေါ် အတော်လေး မသက်မသာ ခံစားလာရတာကြောင့် စကားပြောရန် ပါးစပ်ဖွင့်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ရန်ကျင်းရဲ့ မျက်လုံးထဲက အနီရောင် တစွန်းတစကို သတိပြုမိသွားသည်။ ထိုအချင်းအရာကို မြင်သည်နှင့် ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက တင်းကြပ်သွားရ၏။ သူက ရန်ကျင်းရဲ့ လက်ကောက်ဝတ်ကို အလိုလို ဆုပ်ကိုင်လိုက်မိပြီး သူ့ခန္တာကိုယ်ကို စစ်ဆေးဖို့ ပြင်လိုက်သော်လည်း သူ့မှာ ဝိညာဉ်စွမ်းအား မရှိတာကို သတိရသွားသည်။

ရှန်ကျစ်ရှန်းရဲ့ လုပ်ရပ်က ဖုံးကွယ်ဖို့ ခက်ခဲလှသည်။ ရန်ကျင်းလည်း နားလည်လိုက်ပြီး သူ့မျက်လုံးထဲက အနီရောင်က ပိုမိုနက်ရှိုင်းလာသည်။ သူက တီးတိုးပြောလာ၏။

"အကယ်၍ ကျွန်တော်သာ နတ်ဆိုးလမ်းကြောင်းထဲ ဝင်သွားခဲ့ရင် ဆွေ့ရှန်းက ကျွန်တော့ကို မုန်းမှာလား?"

စာအုပ်တွေ အများကြီး ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်က ဒီလိုမေးခွန်း မေးလာပြီဆိုရင် အဲ့ဒီလူက နတ်ဆိုးလမ်းကြောင်းကို ဝင်ရောက်ဖို့ သိပ်မဝေးတော့ဘူး ဆိုတာကို ရှန်ကျစ်ရှန်းအလိုလို သိနေသည်။

ရှန်ကျစ်ရှန်းက အနည်းငယ် အံ့အားသင့်သွားမိသည်။ မူရင်းစာအုပ်ထဲမှာ ဒါက ရန်ကျင်း ဘယ်လိုမျိုး နတ်ဆိုးအတတ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလဲ ဆိုတာများလား?

သူသိထားတာတွေကို ပြန်နွှေးနေမိတာကြောင့် ခဏတာမျှ တုန့်ပြန်ရန် မေ့သွားသည်။ ရန်ကျင်းသည် သူတိတ်ဆိတ်နေတာကို မြင်သောအခါ သူ့ရဲ့ပူနွေးနေတဲ့ နှလုံးသားက ရေခဲလိုမျိုး အေးစက်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးက မထိန်းချုပ်နိုင်စွာ တုန်လှုပ်လာသည်။

ရန်ကျင်း လုံးဝ သည်းမခံနိုင်တော့တဲ့ အချိန်မှာပဲ ရှန်ကျစ်ရှန်းက အသိစိတ် ပြန်ဝင်လာပြီး သက်တောင့်သက်သာ အမူအယာဖြင့် ပြောလာ၏။

"အမတ ကျင့်ကြံသူပဲဖြစ်ဖြစ် နတ်ဆိုးအတတ် ကျင့်ကြံသူပဲ ဖြစ်ဖြစ် အားလုံးက လေ့လာတဲ့ ပုံစံပဲ ပြောင်းလဲသွားတာ, အနှစ်သာရအားဖြင့်က နှစ်ယောက်ကြားထဲ ခြားနားချက်မှ မရှိတာ ဘာလို့ မုန်းရမှာလဲ?"

သူက ရန်ကျင်းရဲ့ လက်ကို ပုတ်ပေးရန် လက်ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ထဲမှာ ပန်းကိုင်းလေး ကိုင်ထားမိဆဲ ဆိုတာကို သဘောပေါက်လိုက်တာကြောင့် ရန်ကျင်းလက်ထဲ ထည့်ပေးလိုက်မိခြင်းဖြင့် အဆုံးသတ်သွားသည်။ သူက အခြေအနေထဲက ရုန်းထွက်လိုက်၍ ကလေးလေး ပုန်းနေသည့် သစ်ပင်ရှိရာသို့သာ သွားလိုက်တော့၏။

ရန်ကျင်းရဲ့ လက်အလွတ်က ရုတ်တရက်ကြီး ပန်းကိုင်းတစ်ခု ကိုင်လိုက်ရသည်။ အံ့အားသင့်စွာဖြင့်ပင် ပွင့်ချပ် တစ်ဝက်လောက်တောင် မရှိတော့ပဲ တုန်တုန်ယင်ယင်ဖြစ်နေသည့် တစ်ပွင့်တည်းသော ပန်းလေးကို ငုံ့ကြည့်မိသွားသည်။ ဘာစဉ်းစားရမှန်းပင် မသိတော့။ သို့သော်လည်း အဆုံးမှာ သူ့လက်ကောက်ဝတ်ကိုသာ လှည့်လိုက်ပြီး ပန်းကိုင်းလေးကို ဖယ်ရှားလိုက်သည်။

ထို့နောက် မနီးမဝေးတွင် ကိုယ်တစ်ဝက်ကိုင်းကာ ကလေးလေးနဲ့ စကားပြောနေသည့် ရှန်ကျစ်ရှန်းဆီ ခြေလှမ်းလှမ်းလိုက်လေ၏။

ပုံရိပ်ယောင်များ အက်ကွဲသွားခဲ့ပြီ ဖြစ်တာကြောင့် ပြိုကွဲနေခဲ့သည့် ဝိညာဉ်သုံးခုနဲ့ ကိုယ်ထည် ခုနှစ်ခုက အလိုလိုပင် စုစည်းကာ လူတစ်ဦးအဖြစ် ပြန်လည် ပေါင်းစည်းသွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ဝိညာဉ်သည် အချိန်အတော်ကြာ ပြန့်ကျဲနေသောကြောင့် ကောင်းစွာမပေါင်းစည်းနိုင်ခဲ့ဘဲ လူတစ်ကိုယ်လုံး မှိန်ဖျော့နေ၏။

"Little Ten?" ရှန်ကျစ်ရှန်းက ခေါ်ကြည့်လိုက်သည်။

ကလေးက မဝံ့မရဲနဲ့ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်လေး ရှိနေသည်။

"ဟို, ယွီယွီကို တွေ့မိသေးလား?"

"ယွီယွီက ဘယ်မှာလဲ?" ရှန်ကျစ်ရှန်းက ညင်သာတဲ့ အသံဖြင့် ပြန်မေးသည်။

"ယွီယွီက၊ ယွီယွီက....." Little Ten က ခဏလောက် စဉ်းစားပြီးနောက်မှာ တွန့်ဆုတ်စွာဖြင့် တိကျသည့် ဦးတည်ရာတစ်ဖက်ကို လှည့်လိုက်သည်။

"ယွီယွီက အဲ့ဒီထဲမှာ....ငါဝင်လို့ မရဘူး....."

ပြောရင်းဖြင့် သူ့အသံက ဝမ်းနည်းမှုများ ပြည့်နှက်လာပြီး သူ့ကိုယ်လေးက တုန်ယင်လာသည်။

"ယွီယွီ....ယွီယွီက မပျော်ဘူးလားဟင်? ယွီယွီ ရယ်နိုင်မှာလား?" သူ့မျက်လုံးများက တစ်ဖြည်းဖြည်း မှိန်ဖျော့လာသည်။

"ယွီယွီအတွက် တူတူပုန်းတမ်း ကစားပေးမယ်လေ..... ယွီယွီကို ရယ်အောင် လုပ်ပေးမယ်"

ရှန်ကျစ်ရှန်းက သူ့အကြည့်နောက်က လိုက်ပါ၍ မြူများကွဲထွက်ကာ တစ်ဖြည်းဖြည်း ပေါ်လာသော နယ်မြေအတားအဆီးကို ကြည့်လိုက်သည်။

Little Tenက နယ်မြေအတားအဆီးအား မတည်မငြိမ်ဖြင့် ဖြတ်သန်းရန် ကြိုးစားရှာသော်လည်း ပြန်ကန်ထွက်နေသည်။ စက္ကန့်ပိုင်းလောက်တော့ သူ့ဝိညာဉ်က ပြိုကွဲပြီး အစီအစဉ်မကျ ဖြစ်ကုန်ပြန်၏။

ရှန်ကျစ်ရှန်းသည်လည်း အတားအဆီးကို ထိကြည့်လိုက်သည်။

အတားအဆီးက အနည်းငယ် တောက်ပလာလေသည်။

ရှန်ကျစ်ရှန်းက ရန်ကျင်းအား ခေါင်းလှည့်ကြည့်လိုက်သောအခါ ရန်ကျင်းသည် ချက်ချင်း သူလိုချင်တာကို နားလည်လိုက်သည်။ သူဘာမှ မပြောရသေးခင်မှာပဲ သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၍ ရှေ့ကို တိုးလိုက်ပြီး နယ်မြေအတားအဆီးအား လွယ်ကူစွာ ဖြတ်သန်းစေလိုက်သည်။ တကယ်တော့ နယ်မြေအတားအဆီးက လူတွေ ထွက်ခွာသွားမှာအား တားဆီးထားတာ မဟုတ်ပေ။ Little Ten ရဲ့ ဝိညာဉ်က မပြည့်မစုံ ဖြစ်နေသောကြောင့်သာ ဖြတ်သန်းလို့ မရဖြစ်နေခြင်းဖြစ်သည်။

သူတို့တွေ နယ်မြေ အတားအဆီးအား ဖြတ်ကျော်လိုက်သည်နှင့် လှိုင်းပုတ်သံများ ကြားလိုက်ရသည်။ သူတို့ရှေ့က မြူမှုန်များ ပျောက်ပျက်သွားသည်နှင့် ရှန်ကျစ်ရှန်းသည် သူတို့တွေ ပင်လယ်ကို ရောက်နေမှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

အဆုံးမရှိတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးက ကျောက်စိမ်းလိုမျိုး နေရောင်အောက်မှာ တစ်လက်လက် တောက်ပနေပြီး ကောင်းကင်ယံက လွင့်မျောနေသည့် တိမ်လွှာများကို ရောင်ပြန်ဟပ်နေစေသည်။

သိပ်မဝေးတဲ့ တစ်နေရာက လှိုင်းလုံးများကြားမှာ မလှုပ်မယှက် ရှိနေသည့် ကျောက်တုံးကြီးတစ်တုံး ရှိသည်။ အပေါ်တွင်တော့ ရေခဲပြာရောင် အမြီးနှင့် ရေသူထီးလေးတစ်ကောင်က သူ့အမြီးကို ရေထဲသို့ တစ်ဝက်ချထားပြီး ကျောက်တုံးကြိးပေါ်မှာ ငြိမ်သက်စွာ ထိုင်နေသည်။ သူက ရံဖန်ရံခါ အဝေးက ပင်လယ်ပြင်ကို ငေးကြည့်နေပြီး တေးသွားတစ်ခုကို ဆိုညည်းနေ၏။

သူတို့ရဲ့ လှုပ်ရှားမှုကို သတိပြုမိသောအခါ ထိုလူက တစ်ဖက်လှည့်လာပြီး သူ့ရဲ့ ရှည်လျားတဲ့ ရေတံခွန်လို ဆံနွယ်များက လေနဲ့အတူ တလွင့်လွင့်ဖြစ်သွားကာ သူ့အသားအရည်အား ဆီးနှင်းကဲ့သို့ ပိုမိုဖြူဖွေးသွားစေသည်။

ရှန်ကျစ်ရှန်းက သူ့ကိုမြင်လိုက်တဲ့ အချိန်မှာပဲ ထူးဆန်းတဲ့ အမျိုးသားတစ်ယောက်အသံက သူ့ခေါင်းထဲ တိုးဝင်လာလေသည်။

"ငါသူ့အတွက် ပုံရိပ်ယောင်တွေ ထောင်ပေါင်းများစွာ ဖန်တီးပေးမယ်, အကန့်အသတ်မဲ့ ပင်လယ်ပြင်၊ လေလှိုင်းသံ၊  ပျက်စီးနေတဲ့ နေနဲ့ တောက်ပတဲ့ လ၊ တိမ်လွှာများစွာနဲ့ ကြယ်တွေ.....အားလုံးက ချို့ယွင်းချက် လုံးဝ မရှိစေရဘူး, တစ်ခုပဲ......ငါ့ကိုတော့ ဘယ်တော့မှ ထားသွားခွင့် မပေးနိုင်ဘူး"

ထိုအသံပေါ်လာတဲ့အချိန်မှာ ရှန်ကျစ်ရှန်းသည် ရန်ကျင်းက သူ့ကို ထိုရေသူထီးဆီ ခေါ်သွားနေတဲ့ အချိန်မှာတောင် သတိလက်လွတ်ဖြင့် ရန်ကျင်းကိုသာ ကြည့်နေမိသည်။

သူက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသည်။ သူ့စိတ်ထဲမှာတော့ မရှင်းမလင်းနဲ့ ဝေခွဲမရသည့် အသံတစ်ချို့က အနည်းငယ် ဆူဆူညံညံ ကြားနေရသည်။ သူက ဂရုတစိုက် နားထောင်ကြည့်သော်လည်း သိပ်ပြီး နားမလည်နိုင်။

သူ့ခေါင်းထဲမှာ မှတ်ဉာဏ်တွေပြည့်နှက်နေပြီး အဲ့ဒါတွေက သူနဲ့မသက်ဆိုင်သလို ခံစားရတာကြောင့် ခဏလောက်ထိ အတွေးတွေ ဖရိုဖရဲဖြစ်ကာ ရေသူထီးရှေ့ကို ဆွဲခေါ်ခံသွားရတာတောင် မတုန့်ပြန်နိုင်ဖြစ်နေသည်။

ရေသူထီးက သီချင်းဆိုတာ ရပ်တန့်လိုက်ပြီး သူ့ရဲ့ လှပသော ရေခဲပြာရောင် မျက်လုံးများက ရှန်ကျစ်ရှန်းအား တစ်ချက်ကြည့်လာသည်။ သူ့မျက်ခုံးကတော့ အနည်းငယ် မြင့်တက်သွားရသည်။

"နှလုံးရောဂါလား?"

သူထိုစကားကို ပြောလိုက်တဲ့ တစ်ခဏမှာပဲ ရန်ကျင်းရဲ့ အမူအယာက လှုပ်ခတ်သွားပြီး တွန့်ဆုတ်မှုမရှိစွာပင် ရေပြင်ခံနေသည့် ကျောက်ဆောင်ပေါ်ကို ပြင်းထန်စွာ ဒူးထောက်ချလိုက်သည်။ သူ့အသံက တိုးညှင်းနေသည်။

"အကြေးခွံအတွက် စီနီယာကို တောင်းဆိုပါတယ်"

ရှန်ကျစ်ရှန်းသည် ထိုတိုးတိတ်သည့် အသံကြောင့် အံသြသွားရပြီး သူ့နှလုံးများ တုန်ယင်သွားလေသည်။ သူက သတိလက်လွတ်ဖြင့်ပင် ရန်ကျင်းအား ပြန်ထနိုင်ဖို့ ကြိုးစား ဆွဲထူနေမိပြီး သူ့မျက်လုံးထဲမှာတော့ ဖိတ်ခေါ်ထားခြင်း မရှိတဲ့ နာကျင်မှုဝေဒနာများ ပေါ်ပေါက်လာရသည်။

ရေသူထီးလေးက ထိုအရာအားလုံးကို မြင်နေရပြီး စက္ကန့်ပိုင်းမျှ အာရုံ မစူးစိုက်နိုင်ဘူးဖြစ်သွားပုံရသည်။ ခဏအကြာမှာတော့ သေးငယ်သည့် အပြုံးတစ်ခု ပြုံးလိုက်ပြီး သူ့လက်ကို အနည်းငယ် မြှောက်လိုက်၍ ညင်သာသည့် အင်အားတစ်ချို့သုံးကာ ရန်ကျင်းကို မတ်တပ်ရပ် အနေအထားဖြစ်စေရန် ထူပေးလိုက်သည်။

"အဲ့ဒီ နှလုံးရောဂါက,..... သာမာန် အကြေးခွံနဲ့ မကယ်တင်နိုင်မှာပဲ စိုးမိတယ်, မင်း ပြောင်းပြန်အကြေးခွံကို သုံးမှရမှာ"

ရေသူထီးလေးက အလျင်မလိုစွာဖြင့် ကြည်လင်ရှင်းလင်းကာ အေးမြသော အသံဖြင့် ပြောနေပြီး သူ့ပြောင်းပြန် အကြေးခွံကို တည်ငြိမ်စွာ ထုတ်ပြလာသည်။

"ငါ့မှာ ပြောင်းပြန်အကြေးခွံက တစ်ဝက်ပဲကျန်တော့တယ်"

ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက မွမ်းကျပ်သွားရသည်။ ပြောင်းပြန်အကြေးခွံက ဘယ်လောက်တောင် အရေးကြီးလဲ သူသိသည်လေ။ အကယ်၍ သာမာန် အကြေးခွံဆိုရင်တော့ ပြဿနာ မရှိဘူးဆိုပေမယ့် ရေသူထီး တစ်ကောင်အတွက် ပြောင်းပြန်အကြေးခွံကို ဆုံးရှုံးလိုက်ရခြင်းက သူ့ဘဝသက်တမ်း တစ်ဝက်ကျော် ဆုံးရှုံးသွားရခြင်းနှင့် ညီမျှသည်။

ရန်ကျင်းလည်း ဒါကိုတွေးမိတာ သိသာသည်။ သူက နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး စကားစလုဆဲဆဲမှာ ရေသူထီးလေးက သူ့လက်ကို မြှောက်လိုက်ပြီး သူ့ရဲ့ ရှည်လျားသည့် လက်ချောင်းထိပ်လေးများကတော့ တိတ်တိတ်နေရန် အမူအယာဖြင့် နှုတ်ခမ်းကို ထိလိုက်သည်။

"ငါလည်း ရှင်သန်လာတာ ကြာနေပါပြီ, မင်းတို့က ဒီလောက် အဝေးကြီးထိ ရောက်လာခဲ့တယ် ဆိုမှတော့ ဒီပြောင်းပြန်အကြေးခွံကို ပေးလိုက်တာလည်း ကောင်းပါတယ်, အဲ့ဒါက ဒီအတိုင်း....."

သူက ခေတ္တ ရပ်တန့်သွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့ပါးစပ်ကို ဖွင့်၍ ထပ်ပေါင်းပြောလာသည်။

"အဲ့ဒါက ဒီအတိုင်း လူတစ်ယောက်ရဲ့ ဘဝသက်တမ်းနဲ့ ကံကြမ္မာကို ပြောင်းလဲတာက ပြန်ပေးဆပ်ရမယ့် တန်ကြေးနဲ့လာတာ..... ငါဒီပြောင်းပြန်အကြေးခွံနဲ့ Little Ten ရဲ့ အသက်ကို ကယ်တင်ဖို့ အသုံးပြုခဲ့ပြီး တန်ကြေးကတော့ သူဘယ်တော့မှ အရွယ်မရောက်လာတော့တာပဲ, မင်းရဲ့ အခြေအနေဆိုရင်တော့ အကယ်၍ ဒီပြောင်းပြန်အကြေးခွံကို သုံးမယ်ဆိုရင် တန်ကြေးက ဘာဖြစ်လာမလဲ ဆိုတာကို မဆုံးဖြတ်နိုင်ဘူး"

"စီနီယာဆီမှာ ဒီပြဿနာအတွက် အဖြေများ ရှိလား?"

ရေသူထီးလေးက ခဏလောက် စဉ်းစားပြီးနောက်မှာ သေချာမှု မရှိစွာဖြင့် ပြောလာသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်တုန်းကတော့ Undead City လို့ခေါ်တဲ့ နေရာတစ်ခုကို ရောက်ဘူးတယ်, အဲ့ဒီမြို့ထဲမှာ 'ဝိညာဉ်ခြေရာခံမြက်' ရှိတယ်, အဲ့ဒါက အကြေးခွံရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်တယ်"

သူက နှစ်ယောက်လုံးအား အလေးအနက် ကြည့်လိုက်ပြီးနောက် ပြုံးပြီး ဆက်ပြောသည်။

"အကယ်၍ အခု လောလောဆယ် မရှာနိုင်သေးဘူးဆိုရင်လည်း လောလောဆယ် နည်းနည်းပဲ သုံးထားရင် အဆင်ပြေတယ်, အနည်းဆုံးတော့ အချိန်တိုတစ်ခုအတွင်းမှာ ဝိညာဉ်စွမ်းအင်ကို အသုံးပြုလို့ ရနိုင်ပြိး နောက်တစ်ခေါက် ထပ်ဖျားနာမှာ မဟုတ်တော့ဘူး, အနာဂတ်မှာတော့ အဲ့ဒီ 'ဝိညာဉ်ခြေရာခံမြက်'ကို ရှာမှဖြစ်မယ်, ပြီးရင် နှလုံးသွေးလွှတ်ကြောတွေနဲ့ သွေးကြောတွေကို အလုံးစုံပြုပြင်ရမယ်"

ရှန်ကျစ်ရှန်းက တွန့်ဆုတ်နေမိသည်။ သူ့စိတ်ထဲမှာ ဒီရှေးဟောင်း ငါးနတ်ဆိုးက ဟိုးတုန်းကတည်း ပျောက်ကွယ်သွားခဲ့ပြီလို့ အမြဲတမ်း ထင်ခဲ့မိတာဖြစ်သည်။ အကယ်၍ သူတို့တွေ ပြောင်းပြန်အကြေးခွံကို ရှာတွေ့ရင်တောင် အဲ့ဒါက မတော်တဆ ကျန်ရစ်ခဲ့တဲ့ အရာဖြစ်လိမ့်မည်ဟုသာ။ ရေသူထီးတစ်ကောင်ကို အသက်ရှင်ရက်ကြီး တွေ့ရမယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

အကယ်၍ ရေသူထီးက ပြောင်းပြန် အကြေးခွံကို ဆုံးရှုံးလိုက်ရရင် သူသေချာပေါက် သေဆုံးရလိမ့်မည်။

ရှန်ကျစ်ရှန်းရဲ့ နှလုံးသားသည် ခက်ခဲသော ဆုံးဖြတ်ချက်ကြောင့် အလွန် နာကျင်နေရသည်။ ရန်ကျင်းက သူ့ရဲ့ ရှုပ်ထွေးမှုကို သတိပြုမိတာကြောင့် တိတ်တဆိတ်ပင် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

သူ့လက်ထဲက နွေးထွေးမှုက ရှန်ကျစ်ရှန်းရဲ့ နှလုံးသားကိုပါ နွေးထွေးသွားစေသည်။ ရှန်ကျစ်ရှန်းက ဘာမှ မတွေးမိတော့ပဲ သူ့ခေါင်းကို ငုံ့ချလိုက်ကာ သူ့နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားလေသည်။

ပျင်းရိနေတဲ့ ငါးမြှီးက ရေမျက်နှာပြင်ကို ရိုက်ခတ်၍ တစ်ဗွမ်းဗွမ်းဖြစ်နေသော ရေသံကို ကြားလိုက်ရမှသာ သူတို့အား လက်ရှိအခြေအနေကို ပြန်ရောက်လာစေသည်။

"မင်းတို့တွေက အပြင်ဘက်က လာကြတာဆိုတော့.....Little Ten ကို တွေ့မိသေးလား? သူအခု ဘာတွေလုပ်နေလဲ?"

ထိုမေးခွန်းက ဖြေဖို့ မခက်ခဲပေမယ့်လည်း အမှန်တရားကတော့ ရေသူထီးလေးအတွက် အနည်းငယ်ရက်စက်နိုင်သည်။ ပုံရိပ်ယောင်ထဲမှာ မြင်ခဲ့ရတဲ့ ဖြစ်ရပ်အရဆိုရင် ငါးပြာလေးနဲ့ Little Ten တို့ကြားထဲက ခံစားချက်များသည် မိသားစုတစ်ခုထက်ပင် ပိုမိုသာလွန်သည်ကို ရှန်ကျစ်ရှန်း သိသည်။ ကလေးလေးက ရူးကြောင်ကြောင်နဲ့ ဉာဏ်ထိုင်းတဲ့သူ တစ်ယောက် ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့သူက အတော်လေး ချစ်စရာကောင်းလှသည်။ အခု သူက ဒီလိုအခြေအနေ ဖြစ်သွားတော့.....

စဉ်းစားကြည့်ပြီး နောက်မှာလည်း အမှန်တရား အပြည့်အစုံ ပြောဖို့အတွက်က ခက်ခဲနေသေးသည်။

"Little Ten က တစ်ခြား Little Ten ကိုးယောက်နဲ့ တူတူပုန်းတမ်း ကစားနေတယ်, သူက ခင်ဗျားကို အရမ်းသတိရနေတာ ပြိးတော့ ခင်ဗျားကို မေးပေးပါဆိုပြီး ကျွန်တော်တို့ကို စကားပါးလိုက်သေးတယ်..... ခင်ဗျားပျော်လားတဲ့?"

ရေသူထီးလေးအတွက် နားလည်နိုင်ရန် ခဏမျှ အချိန်ယူလိုက်ရသည်။ သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြိးနောက် သူ့အမူအယာက နူးညံ့သွားကာ တိုးတိုးလေး ပြောလေသည်။

"သူက တကယ့်ကို အရူးလေးပဲ....."

သူ့လက်က ပြောင်းပြန်အကြေးခွံအား ကိုင်ထားပြီး သူ့ရဲ့ ရေခဲပြာရောင် မျက်လုံးများကတော့ ရှန်ကျစ်ရှန်းအား တည့်တည့်စိုက်ကြည့်လာသည်။

"ငါမင်းကို ဒီပြောင်းပြန် အကြေးခွံ ပေးလိုက်မယ်, ဒါပေမဲ့ ပထမဆုံး ငါ့အတွက် Little Ten ရဲ့ ဝိညာဉ်တွေကို စုစည်းပြီး သူ့ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ပို့ပေးပါ"

"မပြည့်စုံတဲ့ ဝိညာဉ်က ဒီအတားအဆီးကို မဖြတ်ကျော်နိုင်ဘူး, မင်းသူ့ဝိညာဉ်ကို စုစည်းပြီးသွားရင် ငါတစ်ချက်လောက် တိတ်တိတ်လေး ကြည့်ရအောင် ငါ့ဆီပို့ပေး.....မေ့လိုက်တော့" သူက ခဏလောက် ရပ်တန့်သွားပြီးနောက်မှာ သူ့ရဲ့ စိတ်ပျက်အားငယ်မှုနဲ့ စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ရန်  ခေါင်းကိုခါယမ်းလိုက်သည်။ ထို့နောက် ထပ်ပေါင်းပြော၏။

"......ထားလိုက်ပါတော့, တစ်ယောက်နဲ့တစ်ယောက် တွေ့စရာလည်း မလိုအပ်တော့ပါဘူး, သူ့ကိုမြန်မြန်သာ သွားခွင့် ပြုလိုက်ပါတော့မယ်"

တွေ့ဆုံခြင်းက နာကျင်မှုနဲ့ မခွဲခွာနိုင်မှုကိုသာ ပေးစွမ်းလိမ့်မည်။ အဲ့ဒီအစား မြတ်နိုးဖွယ်ရာ မှတ်ဉာဏ်တွေကို ပြန်တွေးနေတာကပင် ပိုကောင်းသည်လေ။

ရှန်ကျစ်ရှန်းက သူ့ရင်ထဲမှာ နားလည်လိုက်တာကြောင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ရန်ကျင်းနဲ့အတူ ပြန်ထွက်ခွာလာတော့သည်။

3.12.2021

=============
Zawgyi

အခန္း(၄၁-၁) - ျပန္လာျခင္း

ရွန္က်စ္ရွန္းရဲ႔ ပထမအေတြးက ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္လိုက္မယ္ ဆိုတာျဖစ္ၿပီး ဒုတိယအေတြးကေတာ့ ဒီလိုဆိုးဝါးတဲ့ အရာမ်ိဳး လုပ္ၿပီးတာေတာင္ မေတာင္းပန္တဲ့အတြက္ သူက တကယ္ဆိုးတာပဲ ဆိုတာျဖစ္သည္။

--အဲ့ဒါက မရည္ရြယ္ခဲ့ေပမယ့္ေပါ့

သူက ရန္က်င္းရဲ႔ အမူအယာကိုၾကည့္ကာ သူ႔ေတာင္းပန္မႈကို မ်ိုသိပ္လိုက္ဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။

အကယ္၍ သူေျပာလိုက္မိရင္ တစ္စံုတစ္ခု ဆိုးဝါးသြားလိမ့္မယ္လို႔ အာရံုရေနတယ္

သူက ေနာက္ဆုတ္တာကို မသိသာေစရေအာင္ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ဟန္ေဆာင္၍ ေျခလွမ္းဆုတ္လိုက္သည္။ သို႔ေသာ္ သူ႔ခါးတစ္ဝိုက္က ရန္က်င္းရဲ႔ လက္မ်ား တင္းၾကပ္သြားတာေၾကာင့္ ရွန္က်စ္ရွန္းမွာ ကူကယ္ရာမဲ့စြာျဖင့္ ေျပာလိုက္ရေလသည္။

"အားက်င္း, လက္ကိုလႊတ္ေလ"

ရန္က်င္းက သူ႔ကို တိတ္တဆိတ္ ေငးၾကည့္ေနရင္းျဖင့္ သူ႔လက္ကို အနည္းငယ္ ေျဖေလ်ာ့ေပးလိုက္သည္။ တကယ့္ကို နည္းနည္းေလးပဲ ျဖစ္ကာ သူ႔လက္မ်ားက ရွန္က်စ္ရွန္းရဲ႔ ခါးတစ္ဝိုက္မွာ ရွိေနဆဲပင္။

ရွန္က်စ္ရွန္းက ထိုကဲ့သို႔ အၾကည့္ ခံေနရျခင္းအေပၚ အေတာ္ေလး မသက္မသာ ခံစားလာရတာေၾကာင့္ စကားေျပာရန္ ပါးစပ္ဖြင့္လိုက္သည္။ သို႔ေသာ္လည္း ႐ုတ္တရက္ ရန္က်င္းရဲ႔ မ်က္လံုးထဲက အနီေရာင္ တစြန္းတစကို သတိျပဳမိသြားသည္။ ထိုအခ်င္းအရာကို ျမင္သည္ႏွင့္ ရွန္က်စ္ရွန္းရဲ႔ ႏွလံုးသားက တင္းၾကပ္သြားရ၏။ သူက ရန္က်င္းရဲ႔ လက္ေကာက္ဝတ္ကို အလိုလို ဆုပ္ကိုင္လိုက္မိၿပီး သူ႔ခႏာၱကိုယ္ကို စစ္ေဆးဖို႔ ျပင္လိုက္ေသာ္လည္း သူ႔မွာ ဝိညာဥ္စြမ္းအား မရွိတာကို သတိရသြားသည္။

ရွန္က်စ္ရွန္းရဲ႔ လုပ္ရပ္က ဖုံုးကြယ္ဖို႔ ခက္ခဲလွသည္။ ရန္က်င္းလည္း နားလည္လိုက္ၿပီး သူ႔မ်က္လံုးထဲက အနီေရာင္က ပိုမိုနက္႐ွိဳင္းလာသည္။ သူက တီးတိုးေျပာလာ၏။

"အကယ္၍ ကၽြန္ေတာ္သာ နတ္ဆိုးလမ္းေၾကာင္းထဲ ဝင္သြားခဲ့ရင္ ေဆြ႕ရွန္းက ကၽြန္ေတာ့ကို မုန္းမွာလား?"

စာအုပ္ေတြ အမ်ားႀကီး ဖတ္ၿပီးတဲ့ေနာက္မွာ လူတစ္ေယာက္က ဒီလိုေမးခြန္း ေမးလာၿပီဆိုရင္ အဲ့ဒီလူက နတ္ဆိုးလမ္းေၾကာင္းကို ဝင္ေရာက္ဖို႔ သိပ္မေဝးေတာ့ဘူး ဆိုတာကို ရွန္က်စ္ရွန္းအလိုလို သိေနသည္။

ရွန္က်စ္ရွန္းက အနည္းငယ္ အံ့အားသင့္သြားမိသည္။ မူရင္းစာအုပ္ထဲမွာ ဒါက ရန္က်င္း ဘယ္လိုမ်ိဳး နတ္ဆိုးအတတ္ က်င့္ၾကံသူတစ္ေယာက္ ျဖစ္လာလဲ ဆိုတာမ်ားလား?

သူသိထားတာေတြကို ျပန္ေႏႊးေနမိတာေၾကာင့္ ခဏတာမွ် တုန္႔ျပန္ရန္ ေမ့သြားသည္။ ရန္က်င္းသည္ သူတိတ္ဆိတ္ေနတာကို ျမင္ေသာအခါ သူ႔ရဲ႔ပူေႏြးေနတဲ့ ႏွလံုးသားက ေရခဲလိုမ်ိဳး ေအးစက္လာခဲ့ၿပီး သူ႔တစ္ကိုယ္လံုးက မထိန္းခ်ဳပ္ႏိုင္စြာ တုန္လႈပ္လာသည္။

ရန္က်င္း လံုးဝ သည္းမခံႏိုင္ေတာ့တဲ့ အခ်ိန္မွာပဲ ရွန္က်စ္ရွန္းက အသိစိတ္ ျပန္ဝင္လာၿပီး သက္ေတာင့္သက္သာ အမူအယာျဖင့္ ေျပာလာ၏။

"အမတ က်င့္ၾကံသူပဲျဖစ္ျဖစ္ နတ္ဆိုးအတတ္ က်င့္ၾကံသူပဲ ျဖစ္ျဖစ္ အားလံုးက ေလ့လာတဲ့ ပံုစံပဲ ေျပာင္းလဲသြားတာ, အႏွစ္သာရအားျဖင့္က ႏွစ္ေယာက္ၾကားထဲ ျခားနားခ်က္မွ မရွိတာ ဘာလို႔ မုန္းရမွာလဲ?"

သူက ရန္က်င္းရဲ႔ လက္ကို ပုတ္ေပးရန္ လက္ဆန္႔ထုတ္လိုက္ေသာ္လည္း သူ႔လက္ထဲမွာ ပန္းကိုင္းေလး ကိုင္ထားမိဆဲ ဆိုတာကို သေဘာေပါက္လိုက္တာေၾကာင့္ ရန္က်င္းလက္ထဲ ထည့္ေပးလိုက္မိျခင္းျဖင့္ အဆံုးသတ္သြားသည္။ သူက အေျခအေနထဲက ႐ုန္းထြက္လိုက္၍ ကေလးေလး ပုန္းေနသည့္ သစ္ပင္ရွိရာသို႔သာ သြားလိုက္ေတာ့၏။

ရန္က်င္းရဲ႔ လက္အလြတ္က ႐ုတ္တရက္ႀကီး ပန္းကိုင္းတစ္ခု ကိုင္လိုက္ရသည္။ အံ့အားသင့္စြာျဖင့္ပင္ ပြင့္ခ်ပ္ တစ္ဝက္ေလာက္ေတာင္ မရွိေတာ့ပဲ တုန္တုန္ယင္ယင္ျဖစ္ေနသည့္ တစ္ပြင့္တည္းေသာ ပန္းေလးကို ငံု႔ၾကည့္မိသြားသည္။ ဘာစဥ္းစားရမွန္းပင္ မသိေတာ့။ သို႔ေသာ္လည္း အဆံုးမွာ သူ႔လက္ေကာက္ဝတ္ကိုသာ လွည့္လိုက္ၿပီး ပန္းကိုင္းေလးကို ဖယ္ရွားလိုက္သည္။

ထို႔ေနာက္ မနီးမေဝးတြင္ ကိုယ္တစ္ဝက္ကိုင္းကာ ကေလးေလးနဲ႔ စကားေျပာေနသည့္ ရွန္က်စ္ရွန္းဆီ ေျခလွမ္းလွမ္းလိုက္ေလ၏။

ပံုရိပ္ေယာင္မ်ား အက္ကြဲသြားခဲ့ၿပီ ျဖစ္တာေၾကာင့္ ၿပိဳကြဲေနခဲ့သည့္ ဝိညာဥ္သံုးခုနဲ႔ ကိုယ္ထည္ ခုႏွစ္ခုက အလိုလိုပင္ စုစည္းကာ လူတစ္ဦးအျဖစ္ ျပန္လည္ ေပါင္းစည္းသြားခဲ့သည္။ သို႔ေသာ္လည္း သူ႔စိတ္ဝိညာဥ္သည္ အခ်ိန္အေတာ္ၾကာ ျပန႔္က်ဲေနေသာေၾကာင့္ ေကာင္းစြာမေပါင္းစည္းႏိုင္ခဲ့ဘဲ လူတစ္ကိုယ္လုံး မွိန္ေဖ်ာ့ေန၏။

"Little Ten?" ရွန္က်စ္ရွန္းက ေခၚၾကည့္လိုက္သည္။

ကေလးက မဝံ့မရဲနဲ႔ ေခါင္းညိတ္ျပၿပီး သူ႔မ်က္လံုးထဲတြင္ ေမွ်ာ္လင့္ခ်က္ေလး ရွိေနသည္။

"ဟို, ယြီယြီကို ေတြ႕မိေသးလား?"

"ယြီယြီက ဘယ္မွာလဲ?" ရွန္က်စ္ရွန္းက ညင္သာတဲ့ အသံျဖင့္ ျပန္ေမးသည္။

"ယြီယြီက၊ ယြီယြီက....." Little Ten က ခဏေလာက္ စဥ္းစားၿပီးေနာက္မွာ တြန္႔ဆုတ္စြာျဖင့္ တိက်သည့္ ဦးတည္ရာတစ္ဖက္ကို လွည့္လိုက္သည္။

"ယြီယြီက အဲ့ဒီထဲမွာ....ငါဝင္လို႔ မရဘူး....."

ေျပာရင္းျဖင့္ သူ႔အသံက ဝမ္းနည္းမႈမ်ား ျပည့္ႏွက္လာၿပီး သူ႔ကိုယ္ေလးက တုန္ယင္လာသည္။

"ယြီယြီ....ယြီယြီက မေပ်ာ္ဘူးလားဟင္? ယြီယြီ ရယ္ႏိုင္မွာလား?" သူ႔မ်က္လံုးမ်ားက တစ္ျဖည္းျဖည္း မွိန္ေဖ်ာ့လာသည္။

"ယြီယြီအတြက္ တူတူပုန္းတမ္း ကစားေပးမယ္ေလ..... ယြီယြီကို ရယ္ေအာင္ လုပ္ေပးမယ္"

ရွန္က်စ္ရွန္းက သူ႔အၾကည့္ေနာက္က လိုက္ပါ၍ ျမဴမ်ားကြဲထြက္ကာ တစ္ျဖည္းျဖည္း ေပၚလာေသာ နယ္ေျမအတားအဆီးကို ၾကည့္လိုက္သည္။

Little Tenက နယ္ေျမအတားအဆီးအား မတည္မၿငိမ္ျဖင့္ ျဖတ္သန္းရန္ ႀကိဳးစားရွာေသာ္လည္း ျပန္ကန္ထြက္ေနသည္။ စကၠန္႔ပိုင္းေလာက္ေတာ့ သူ႔ဝိညာဥ္က ၿပိဳကြဲၿပီး အစီအစဥ္မက် ျဖစ္ကုန္ျပန္၏။

ရွန္က်စ္ရွန္းသည္လည္း အတားအဆီးကို ထိၾကည့္လိုက္သည္။

အတားအဆီးက အနည္းငယ္ ေတာက္ပလာေလသည္။

ရွန္က်စ္ရွန္းက ရန္က်င္းအား ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ရန္က်င္းသည္ ခ်က္ခ်င္း သူလိုခ်င္တာကို နားလည္လိုက္သည္။ သူဘာမွ မေျပာရေသးခင္မွာပဲ သူ႔လက္ေကာက္ဝတ္ကို ညင္သာစြာ ဆုပ္ကိုင္လိုက္၍ ေရွ႕ကို တိုးလိုက္ၿပီး နယ္ေျမအတားအဆီးအား လြယ္ကူစြာ ျဖတ္သန္းေစလိုက္သည္။ တကယ္ေတာ့ နယ္ေျမအတားအဆီးက လူေတြ ထြက္ခြာသြားမွာအား တားဆီးထားတာ မဟုတ္ေပ။ Little Ten ရဲ႔ ဝိညာဥ္က မျပည့္မစံု ျဖစ္ေနေသာေၾကာင့္သာ ျဖတ္သန္းလို႔ မရျဖစ္ေနျခင္းျဖစ္သည္။

သူတို႔ေတြ နယ္ေျမ အတားအဆီးအား ျဖတ္ေက်ာ္လိုက္သည္ႏွင့္ လွိုင္းပုတ္သံမ်ား ၾကားလိုက္ရသည္။ သူတို႔ေရွ႕က ျမဴမႈန္မ်ား ေပ်ာက္ပ်က္သြားသည္ႏွင့္ ရွန္က်စ္ရွန္းသည္ သူတို႔ေတြ ပင္လယ္ကို ေရာက္ေနမွန္း ရွင္းရွင္းလင္းလင္း ျမင္လိုက္ရ၏။

အဆံုးမရွိတဲ့ အျပာေရာင္ ပင္လယ္ျပင္ႀကီးက ေက်ာက္စိမ္းလိုမ်ိဳး ေနေရာင္ေအာက္မွာ တစ္လက္လက္ ေတာက္ပေနၿပီး ေကာင္းကင္ယံက လြင့္ေမ်ာေနသည့္ တိမ္လႊာမ်ားကို ေရာင္ျပန္ဟပ္ေနေစသည္။

သိပ္မေဝးတဲ့ တစ္ေနရာက လႈိင္းလံုးမ်ားၾကားမွာ မလႈပ္မယွက္ ရွိေနသည့္ ေက်ာက္တံုးႀကီးတစ္တံုး ရွိသည္။ အေပၚတြင္ေတာ့ ေရခဲျပာေရာင္ အၿမီးႏွင့္ ေရသူထီးေလးတစ္ေကာင္က သူ႔အၿမီးကို ေရထဲသို႔ တစ္ဝက္ခ်ထားၿပီး ေက်ာက္တုံုးႀကိးေပၚမွာ ၿငိမ္သက္စြာ ထိုင္ေနသည္။ သူက ရံဖန္ရံခါ အေဝးက ပင္လယ္ျပင္ကို ေငးၾကည့္ေနၿပီး ေတးသြားတစ္ခုကို ဆိုညည္းေန၏။

သူတို႔ရဲ႔ လႈပ္ရွားမႈကို သတိျပဳမိေသာအခါ ထိုလူက တစ္ဖက္လွည့္လာၿပီး သူ႔ရဲ႔ ရွည္လ်ားတဲ့ ေရတံခြန္လို ဆံႏြယ္မ်ားက ေလနဲ႔အတူ တလြင့္လြင့္ျဖစ္သြားကာ သူ႔အသားအရည္အား ဆီးႏွင္းကဲ့သို႔ ပိုမိုျဖဴေဖြးသြားေစသည္။

ရွန္က်စ္ရွန္းက သူ႔ကိုျမင္လိုက္တဲ့ အခ်ိန္မွာပဲ ထူးဆန္းတဲ့ အမ်ိဳးသားတစ္ေယာက္အသံက သူ႔ေခါင္းထဲ တိုးဝင္လာေလသည္။

"ငါသူ႔အတြက္ ပံုရိပ္ေယာင္ေတြ ေထာင္ေပါင္းမ်ားစြာ ဖန္တီးေပးမယ္, အကန္႔အသတ္မဲ့ ပင္လယ္ျပင္၊ ေလလွိုင္းသံ၊  ပ်က္စီးေနတဲ့ ေနနဲ႔ ေတာက္ပတဲ့ လ၊ တိမ္လႊာမ်ားစြာနဲ႔ ၾကယ္ေတြ.....အားလံုးက ခ်ိဳ႔ယြင္းခ်က္ လံုးဝ မရွိေစရဘူး, တစ္ခုပဲ......ငါ့ကိုေတာ့ ဘယ္ေတာ့မွ ထားသြားခြင့္ မေပးႏိုင္ဘူး"

ထိုအသံေပၚလာတဲ့အခ်ိန္မွာ ရွန္က်စ္ရွန္းသည္ ရန္က်င္းက သူ႔ကို ထိုေရသူထီးဆီ ေခၚသြားေနတဲ့ အခ်ိန္မွာေတာင္ သတိလက္လြတ္ျဖင့္ ရန္က်င္းကိုသာ ၾကည့္ေနမိသည္။

သူက အၾကည့္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး အနည္းငယ္ မ်က္ေမွာင္က်ံု႔လိုက္မိသည္။ သူ႔စိတ္ထဲမွာေတာ့ မရွင္းမလင္းနဲ႔ ေဝခြဲမရသည့္ အသံတစ္ခ်ိဳ႔က အနည္းငယ္ ဆူဆူညံညံ ၾကားေနရသည္။ သူက ဂ႐ုတစိုက္ နားေထာင္ၾကည့္ေသာ္လည္း သိပ္ၿပီး နားမလည္ႏိုင္။

သူ႔ေခါင္းထဲမွာ မွတ္ဉာဏ္ေတြျပည့္ႏွက္ေနၿပီး အဲ့ဒါေတြက သူနဲ႔မသက္ဆိုင္သလို ခံစားရတာေၾကာင့္ ခဏေလာက္ထိ အေတြးေတြ ဖရိုဖရဲျဖစ္ကာ ေရသူထီးေရ႔ွကို ဆြဲေခၚခံသြားရတာေတာင္ မတုန္႔ျပန္ႏိုင္ျဖစ္ေနသည္။

ေရသူထီးက သီခ်င္းဆိုတာ ရပ္တန္႔လိုက္ၿပီး သူ႔ရဲ႔ လွပေသာ ေရခဲျပာေရာင္ မ်က္လံုးမ်ားက ရွန္က်စ္ရွန္းအား တစ္ခ်က္ၾကည့္လာသည္။ သူ႔မ်က္ခံုးကေတာ့ အနည္းငယ္ ျမင့္တက္သြားရသည္။

"ႏွလံုးေရာဂါလား?"

သူထိုစကားကို ေျပာလိုက္တဲ့ တစ္ခဏမွာပဲ ရန္က်င္းရဲ႔ အမူအယာက လႈပ္ခတ္သြားၿပီး တြန္႔ဆုတ္မႈမရွိစြာပင္ ေရျပင္ခံေနသည့္ ေက်ာက္ေဆာင္ေပၚကို ျပင္းထန္စြာ ဒူးေထာက္ခ်လိုက္သည္။ သူ႔အသံက တိုးၫွင္းေနသည္။

"အေၾကးခြံအတြက္ စီနီယာကို ေတာင္းဆိုပါတယ္"

ရွန္က်စ္ရွန္းသည္ ထိုတိုးတိတ္သည့္ အသံေၾကာင့္ အံၾသသြားရၿပီး သူ႔ႏွလံုးမ်ား တုန္ယင္သြားေလသည္။ သူက သတိလက္လြတ္ျဖင့္ပင္ ရန္က်င္းအား ျပန္ထႏိုင္ဖို႔ ႀကိဳးစား ဆြဲထူေနမိၿပီး သူ႔မ်က္လံုးထဲမွာေတာ့ ဖိတ္ေခၚထားျခင္း မရွိတဲ့ နာက်င္မွဳေဝဒနာမ်ား ေပၚေပါက္လာရသည္။

ေရသူထီးေလးက ထိုအရာအားလံုးကို ျမင္ေနရၿပီး စကၠန္႔ပိုင္းမွ် အာရံု မစူးစိုက္ႏိုင္ဘူးျဖစ္သြားပံုရသည္။ ခဏအၾကာမွာေတာ့ ေသးငယ္သည့္ အျပံဳးတစ္ခု ျပံဳးလိုက္ၿပီး သူ႔လက္ကို အနည္းငယ္ ေႁမွာက္လိုက္၍ ညင္သာသည့္ အင္အားတစ္ခ်ိဳ႔သံုးကာ ရန္က်င္းကို မတ္တပ္ရပ္ အေနအထားျဖစ္ေစရန္ ထူေပးလိုက္သည္။

"အဲ့ဒီ ႏွလံုးေရာဂါက,..... သာမာန္ အေၾကးခြံနဲ႔ မကယ္တင္ႏိုင္မွာပဲ စိုးမိတယ္, မင္း ေျပာင္းျပန္အေၾကးခြံကို သံုးမွရမွာ"

ေရသူထီးေလးက အလ်င္မလိုစြာျဖင့္ ၾကည္လင္ရွင္းလင္းကာ ေအးျမေသာ အသံျဖင့္ ေျပာေနၿပီး သူ႔ေျပာင္းျပန္ အေၾကးခြံကို တည္ၿငိမ္စြာ ထုတ္ျပလာသည္။

"ငါ့မွာ ေျပာင္းျပန္အေၾကးခြံက တစ္ဝက္ပဲက်န္ေတာ့တယ္"

ရွန္က်စ္ရွန္းရဲ႔ ႏွလံုးသားက မြမ္းက်ပ္သြားရသည္။ ေျပာင္းျပန္အေၾကးခြံက ဘယ္ေလာက္ေတာင္ အေရးႀကီးလဲ သူသိသည္ေလ။ အကယ္၍ သာမာန္ အေၾကးခြံဆိုရင္ေတာ့ ျပႆနာ မရွိဘူးဆိုေပမယ့္ ေရသူထီး တစ္ေကာင္အတြက္ ေျပာင္းျပန္အေၾကးခြံကို ဆံုးရွံဳးလိုက္ရျခင္းက သူ႔ဘဝသက္တမ္း တစ္ဝက္ေက်ာ္ ဆံုးရွံဳးသြားရျခင္းႏွင့္ ညီမွ်သည္။

ရန္က်င္းလည္း ဒါကိုေတြးမိတာ သိသာသည္။ သူက ႏွဳတ္ခမ္းကို ဖိကပ္လိုက္ၿပီး စကားစလုဆဲဆဲမွာ ေရသူထီးေလးက သူ႔လက္ကို ေႁမွာက္လိုက္ၿပီး သူ႔ရဲ႔ ရွည္လ်ားသည့္ လက္ေခ်ာင္းထိပ္ေလးမ်ားကေတာ့ တိတ္တိတ္ေနရန္ အမူအယာျဖင့္ ႏႈတ္ခမ္းကို ထိလိုက္သည္။

"ငါလည္း ရွင္သန္လာတာ ၾကာေနပါၿပီ, မင္းတို႔က ဒီေလာက္ အေဝးႀကီးထိ ေရာက္လာခဲ့တယ္ ဆိုမွေတာ့ ဒီေျပာင္းျပန္အေၾကးခြံကို ေပးလိုက္တာလည္း ေကာင္းပါတယ္, အဲ့ဒါက ဒီအတိုင္း....."

သူက ေခတၱ ရပ္တန္႔သြားၿပီးေနာက္ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ သူ႔ပါးစပ္ကို ဖြင့္၍ ထပ္ေပါင္းေျပာလာသည္။

"အဲ့ဒါက ဒီအတိုင္း လူတစ္ေယာက္ရဲ႔ ဘဝသက္တမ္းနဲ႔ ကံၾကမၼာကို ေျပာင္းလဲတာက ျပန္ေပးဆပ္ရမယ့္ တန္ေၾကးနဲ႔လာတာ..... ငါဒီေျပာင္းျပန္အေၾကးခြံနဲ႔ Little Ten ရဲ႔ အသက္ကို ကယ္တင္ဖို႔ အသံုးျပဳခဲ့ၿပီး တန္ေၾကးကေတာ့ သူဘယ္ေတာ့မွ အရြယ္မေရာက္လာေတာ့တာပဲ, မင္းရဲ႔ အေျခအေနဆိုရင္ေတာ့ အကယ္၍ ဒီေျပာင္းျပန္အေၾကးခြံကို သံုးမယ္ဆိုရင္ တန္ေၾကးက ဘာျဖစ္လာမလဲ ဆိုတာကို မဆံုးျဖတ္ႏိုင္ဘူး"

"စီနီယာဆီမွာ ဒီျပႆနာအတြက္ အေျဖမ်ား ရွိလား?"

ေရသူထီးေလးက ခဏေလာက္ စဥ္းစားၿပီးေနာက္မွာ ေသခ်ာမႈ မရွိစြာျဖင့္ ေျပာလာသည္။

"လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္ ေလာက္တုန္းကေတာ့ Undead City လို႔ေခၚတဲ့ ေနရာတစ္ခုကို ေရာက္ဘူးတယ္, အဲ့ဒီၿမိဳ႔ထဲမွာ 'ဝိညာဥ္ေျခရာခံျမက္' ရွိတယ္, အဲ့ဒါက အေၾကးခြံရဲ႔ ေဘးထြက္ဆိုးက်ိဳးေတြကို သက္သာေစႏိုင္တယ္"

သူက ႏွစ္ေယာက္လံုးအား အေလးအနက္ ၾကည့္လိုက္ၿပီးေနာက္ ျပံဳးၿပီး ဆက္ေျပာသည္။

"အကယ္၍ အခု ေလာေလာဆယ္ မရွာႏိုင္ေသးဘူးဆိုရင္လည္း ေလာေလာဆယ္ နည္းနည္းပဲ သံုးထားရင္ အဆင္ေျပတယ္, အနည္းဆံုးေတာ့ အခ်ိန္တိုတစ္ခုအတြင္းမွာ ဝိညာဥ္စြမ္းအင္ကို အသံုးျပဳလို႔ ရႏိုင္ၿပိး ေနာက္တစ္ေခါက္ ထပ္ဖ်ားနာမွာ မဟုတ္ေတာ့ဘူး, အနာဂတ္မွာေတာ့ အဲ့ဒီ 'ဝိညာဥ္ေျခရာခံျမက္'ကို ရွာမွျဖစ္မယ္, ၿပီးရင္ ႏွလုံးေသြးလႊတ္ေၾကာေတြနဲ႔ ေသြးေၾကာေတြကို အလုံးစုံျပဳျပင္ရမယ္"

ရွန္က်စ္ရွန္းက တြန္႔ဆုတ္ေနမိသည္။ သူ႔စိတ္ထဲမွာ ဒီေရွးေဟာင္း ငါးနတ္ဆိုးက ဟိုးတုန္းကတည္း ေပ်ာက္ကြယ္သြားခဲ့ၿပီလို႔ အၿမဲတမ္း ထင္ခဲ့မိတာျဖစ္သည္။ အကယ္၍ သူတို႔ေတြ ေျပာင္းျပန္အေၾကးခြံကို ရွာေတြ႕ရင္ေတာင္ အဲ့ဒါက မေတာ္တဆ က်န္ရစ္ခဲ့တဲ့ အရာျဖစ္လိမ့္မည္ဟုသာ။ ေရသူထီးတစ္ေကာင္ကို အသက္ရွင္ရက္ႀကီး ေတြ႕ရမယ္လို႔ ဘယ္သူက ထင္ခဲ့မိမွာလဲ?

အကယ္၍ ေရသူထီးက ေျပာင္းျပန္ အေၾကးခြံကို ဆံုးရွံဳးလိုက္ရရင္ သူေသခ်ာေပါက္ ေသဆံုးရလိမ့္မည္။

ရွန္က်စ္ရွန္းရဲ႔ ႏွလံုးသားသည္ ခက္ခဲေသာ ဆံုးျဖတ္ခ်က္ေၾကာင့္ အလြန္ နာက်င္ေနရသည္။ ရန္က်င္းက သူ႔ရဲ႔ ရႈပ္ေထြးမႈကို သတိျပဳမိတာေၾကာင့္ တိတ္တဆိတ္ပင္ သူ႔လက္ကို ဆုပ္ကိုင္လိုက္သည္။

သူ႔လက္ထဲက ေႏြးေထြးမႈက ရွန္က်စ္ရွန္းရဲ႔ ႏွလံုးသားကိုပါ ေႏြးေထြးသြားေစသည္။ ရွန္က်စ္ရွန္းက ဘာမွ မေတြးမိေတာ့ပဲ သူ႔ေခါင္းကို ငံု႔ခ်လိုက္ကာ သူ႔ႏႈတ္ခမ္းက အျပံဳးတစ္ခုအျဖစ္ ေကြးၫႊတ္သြားေလသည္။

ပ်င္းရိေနတဲ့ ငါးႃမွီးက ေရမ်က္ႏွာျပင္ကို ႐ိုက္ခတ္၍ တစ္ဗြမ္းဗြမ္းျဖစ္ေနေသာ ေရသံကို ၾကားလိုက္ရမွသာ သူတို႔အား လက္ရွိအေျခအေနကို ျပန္ေရာက္လာေစသည္။

"မင္းတို႔ေတြက အျပင္ဘက္က လာၾကတာဆိုေတာ့.....Little Ten ကို ေတြ႕မိေသးလား? သူအခု ဘာေတြလုပ္ေနလဲ?"

ထိုေမးခြန္းက ေျဖဖို႔ မခက္ခဲေပမယ့္လည္း အမွန္တရားကေတာ့ ေရသူထီးေလးအတြက္ အနည္းငယ္ရက္စက္ႏိုင္သည္။ ပံုရိပ္ေယာင္ထဲမွာ ျမင္ခဲ့ရတဲ့ ျဖစ္ရပ္အရဆိုရင္ ငါးျပာေလးနဲ႔ Little Ten တို႔ၾကားထဲက ခံစားခ်က္မ်ားသည္ မိသားစုတစ္ခုထက္ပင္ ပိုမိုသာလြန္သည္ကို ရွန္က်စ္ရွန္း သိသည္။ ကေလးေလးက ႐ူးေၾကာင္ေၾကာင္နဲ႔ ဉာဏ္ထိုင္းတဲ့သူ တစ္ေယာက္ ျဖစ္ရင္ျဖစ္မယ္ ဒါေပမဲ့သူက အေတာ္ေလး ခ်စ္စရာေကာင္းလွသည္။ အခု သူက ဒီလိုအေျခအေန ျဖစ္သြားေတာ့.....

စဥ္းစားၾကည့္ၿပီး ေနာက္မွာလည္း အမွန္တရား အျပည့္အစံု ေျပာဖို႔အတြက္က ခက္ခဲေနေသးသည္။

"Little Ten က တစ္ျခား Little Ten ကိုးေယာက္နဲ႔ တူတူပုန္းတမ္း ကစားေနတယ္, သူက ခင္ဗ်ားကို အရမ္းသတိရေနတာ ၿပိးေတာ့ ခင္ဗ်ားကို ေမးေပးပါဆိုၿပီး ကၽြန္ေတာ္တို႔ကို စကားပါးလိုက္ေသးတယ္..... ခင္ဗ်ားေပ်ာ္လားတဲ့?"

ေရသူထီးေလးအတြက္ နားလည္ႏိုင္ရန္ ခဏမွ် အခ်ိန္ယူလိုက္ရသည္။ သူက အခ်ိန္ၾကာျမင့္စြာ တိတ္ဆိတ္သြားၿပိးေနာက္ သူ႔အမူအယာက ႏူးညံ့သြားကာ တိုးတိုးေလး ေျပာေလသည္။

"သူက တကယ့္ကို အ႐ူးေလးပဲ....."

သူ႔လက္က ေျပာင္းျပန္အေၾကးခြံအား ကိုင္ထားၿပီး သူ႔ရဲ႔ ေရခဲျပာေရာင္ မ်က္လံုးမ်ားကေတာ့ ရွန္က်စ္ရွန္းအား တည့္တည့္စိုက္ၾကည့္လာသည္။

"ငါမင္းကို ဒီေျပာင္းျပန္ အေၾကးခြံ ေပးလိုက္မယ္, ဒါေပမဲ့ ပထမဆံုး ငါ့အတြက္ Little Ten ရဲ႔ ဝိညာဥ္ေတြကို စုစည္းၿပီး သူ႔ကို ျပန္လည္ေမြးဖြားျခင္း စက္ဝန္းထဲ ပို႔ေပးပါ"

"မျပည့္စံုတဲ့ ဝိညာဥ္က ဒီအတားအဆီးကို မျဖတ္ေက်ာ္ႏိုင္ဘူး, မင္းသူ႔ဝိညာဥ္ကို စုစည္းၿပီးသြားရင္ ငါတစ္ခ်က္ေလာက္ တိတ္တိတ္ေလး ၾကည့္ရေအာင္ ငါ့ဆီပို႔ေပး.....ေမ့လိုက္ေတာ့" သူက ခဏေလာက္ ရပ္တန္႔သြားၿပီးေနာက္မွာ သူ႔ရဲ႔ စိတ္ပ်က္အားငယ္မႈနဲ႔ စိတ္ရႈပ္ေထြးမႈကို ဖံုးကြယ္ရန္  ေခါင္းကိုခါယမ္းလိုက္သည္။ ထို႔ေနာက္ ထပ္ေပါင္းေျပာ၏။

"......ထားလိုက္ပါေတာ့, တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕စရာလည္း မလိုအပ္ေတာ့ပါဘူး, သူ႔ကိုျမန္ျမန္သာ သြားခြင့္ ျပဳလိုက္ပါေတာ့မယ္"

ေတြ႕ဆံုျခင္းက နာက်င္မႈနဲ႔ မခြဲခြာႏိုင္မႈကိုသာ ေပးစြမ္းလိမ့္မည္။ အဲ့ဒီအစား ျမတ္ႏိုးဖြယ္ရာ မွတ္ဉာဏ္ေတြကို ျပန္ေတြးေနတာကပင္ ပိုေကာင္းသည္ေလ။

ရွန္က်စ္ရွန္းက သူ႔ရင္ထဲမွာ နားလည္လိုက္တာေၾကာင့္ တိတ္တဆိတ္ ေခါင္းညိတ္ျပလိုက္၏။ ထို႔ေနာက္ ရန္က်င္းနဲ႔အတူ ျပန္ထြက္ခြာလာေတာ့သည္။

3.12.2021

=============

Continue Reading

You'll Also Like

164K 23.5K 49
Name : Who Dare Touch My Disciple!? [Notice : Not written in English.] Genre : historical, bl, fantasy, romance Start date : 19.7.2020 End date : 19...
331K 6.1K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
508K 83K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
157K 10K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...