"ကိုယ်ဝန်ဖျက်ချချင်လို့ပါ"
ဆေးခန်းအတွင်းမှာရှိကြသော ဆရာဝန်သာမက သူနာပြုနှစ်ယောက်၏လှုပ်ရှားမှုတွေပါ ရပ်တန့်သွားသည်။
ဖြူဖျော့ဖျော့မျက်နှာ ချည်ထည်ထဘီနှင့်အနည်းငယ်ဟောင်းသော ဘလောက်အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီးငယ်လေးဟာ မကောင်းသော အသက်မွေးဝမ်းကြောင်းမှုဟုသတ်မှတ်ထားသော ခန္ဓာကိုယ်ဖြင့်ရင်းနှီးရသော အသက်မွေးမှုကိုလုပ်ဆောင်သောသူဟုလည်း မထင်ရပေ။
"ညီမလေးရဲ့ ကိုယ်ဝန်ကဘယ်နှစ်လရှိပြီလဲ"
မြတ်လေး၏ရှေ့က အမျိုးသမီးငယ်လေးရဲ့ဖြူဖျော့ဖျော့ မျက်နှာဟာ ပိုဖျော့သွားသည်။ အနည်းငယ်သွယ်သော မျက်နှာကြောင့် နှာတံလှလှဟာ ပိုထင်းနေသလို မေးရိုးဟာလည်းထင်းထွက်နေသည်။ ကပိုကရိုစည်းထားသော ဆံနွယ်တွေဟာ ဟိုတစ်စဒီတစ်စ။
အားလုံးကိုခြုံကြည့်လိုက်တော့ ဒီအမျိုးသမီးငယ်လေးဟာ ကျန်းမာရေးသိပ်ကောင်းပုံမရ။
"အသက်ကော ဘယ်လောက်ရှိပြီလဲ ညီမလေး"
"၂၂ နှစ်ပါ"
"ညီမလေးကိုကြည့်ရတာ ကျန်းမာရေးလဲသိပ်ကောင်းပုံမရဘူး ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မတို့ဆေးခန်းက ကိုယ်ဝန်တော့မဖျက်ချပေးဘူး"
ထိုအမျိုးသမီးငယ်လေး၏မျက်ဝန်းမှာ စိတ်သက်သာရာရသွားမှုအပြင် စိတ်ပျက်မှုနှစ်ခုလုံးရောထွေးနေတာကို သေချာကြည့်လျှင်မြင်နိုင်ပေသည်။
"ဟုတ်လား ဒါဆို ဒုက္ခပေးမိပြီ ကျွန်မကိုပြန်ခွင့်ပြုပါဦး"
"ခဏလေး ညီမလေး ရောက်လက်စနဲ့ သွေးပေါင်ချိန်သွားပါလား"
လက်ထဲမှာခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ တစ်သောင်းတန်အရွက်လေး ပိုကျစ်သွားတာကို မြတ်လေးတွေ့လိုက်တော့ ပြုံးလိုက်ကာ
"အခမဲ့ပါ ညီမလေးရဲ့ သွေးပေါင်ချိန်ရုံနဲ့တော့ ပိုက်ဆံမယူပါဘူး နီနီရေ ဒီညီမလေးကို BP (blood pressure) လေးချိန်ပေးလိုက်ပါဦး"
ခပ်ယဲ့ယဲ့အနေအထားဖြင့် လူနာစမ်းသပ်ကုတင်ပေါ်တက်သွားသော အမျိုးသမီးလေး၏ အနေအထားမှာ အားရစရာမရှိ။ ပိန်ပါးနေသော ခန္ဓာကိုယ်နှင့် ဖြူဖျော့နေမျက်နှာက အာဟာရမပြည့်ဝမှုကိုဖော်ပြနေသည်။
"၉၀ ၆၀ ပဲရှိတယ် ဒေါက်တာ"
ထင်သည့်အတိုင်းပါပင်။ အနည်းဆုံးတော့ ၁၀၀ ၇၀ လောက်ရှိမည်မဟုတ်ပါလား။
"ညီမလေး အားဆေးလေးထိုးသွားပါလား ဆေးဖိုးက စိတ်မပူပါနဲ့ အစ်မဆေးခန်းကတချို့ဆေးတွေက foc ရထားတာလေ"
ထိုအမျိုးသမီးငယ် ခေါင်းညိမ့်လိုက်လား ခေါင်းခါလိုက်လားကို မြတ်လေးမကြည့်တော့ မြန်မြန်ဆန်ဆန်ပင် လိုအပ်သည့်ဆေးပုလင်းတွေကိုဖောက်ကာ syringe နဲ့စုပ်လိုက်သည်။
"မထိုးချင်လို့မရတော့ဘူးနော် အစ်မကစုပ်ပြီးပြီး နီနီရေ အစ်မကိုတစ်ချက်လောက်ကိုင်ပေးပါဦး"
ငေးကြောင်ကြောင်ဖြစ်နေသော အမျိုးသမီးငယ်လေး၏ ခပ်ပိန်ပိန်ဖြူဖျော့ဖျော့လက်ကို နီနီကဆုပ်ကိုင်လိုက်တော့ အကြောစိမ်းစိမ်းကထင်းလာသည်။
"နည်းနည်းနာမယ်နော်"
မြတ်လေးသတိပေးလိုက်ပေမဲ့လို ထိုအမျိုးသမီးလေးကတော့ သတိထားမိဟန်မရှိသလို အကြောထဲကိုအပ်ဝင်သွားတာတောင်မှ သတိထားမိပါရဲ့လေလား။
"ကဲ ရပြီ ညီမလေး လက်ကိုကွေးထား"
ဂွမ်းစကိုဖိပြီးလက်ကိုကွေးခိုင်းလိုက်တော့ မြတ်လေးကို သူကတစ်ချက်မော့ကြည့်သည်။
"ဘယ်လောက်ကျလဲ ဆရာမ"
"ပေးစရာမလိုဘူးလို့ပြောပြီးသားလေ အစ်မဆေးစာရေးပေးလိုက်မယ် ဝယ်သောက်လိုက်နော်"
ခပ်သော့သော့ ဆရာဝန်လက်ရေးဖြင့်ရေးပေးလိုက်သော ဆေးစာဟာ ကိုယ်ဝန်သည်တွေအတွက်လိုအပ်သောဆေးဝါးတွေဆိုတာကိုတော့ မြတ်လေးမရှင်းပြတော့။
သူရိပ်မိနေတာလဲဖြစ်နိုင်သလို မျှော်လင့်ချက်ပါးပါးလေးကြောင့်လည်းဖြစ်နိုင်သည်။ ပိုက်ဆံကိုဆုပ်ထားသောလက်ဖဝါးထဲကို ဆေးစာရွက်လေးဝင်ရောက်ပျောက်ကွယ်သွားတော့ ကလေးရော အမေရော အဆင်ပြေပါစေလို့ ကျိတ်ဆုတောင်းလိုက်မိသည်။
"ဘာတွေများခက်ခဲနေရှာလဲမသိဘူးနော်"
ဆေးမှတ်တမ်းကူးရေးပေးနေသော အကူကောင်မလေးစကားကို သူနာပြုလေးနီနီကလည်းထောက်ခံသည်။
"ဟုတ်ပ သူကြည့်ရတာ အဆင်ပြေတဲ့ပုံလည်းမဟုတ်ဘူး အသက်လဲငယ်ငယ်လေး ယောကျာ်းရောရှိရဲ့လား"
ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားမိပေမဲ့ ကြည်ကြည်လင်လင်မျက်လုံးလေးတွေက သူ့ဗိုက်ထဲကကလေးအပေါ်ရက်စက်မဲ့ သူမျိုးမဟုတ်ဟု မြတ်လေးကတော့ ယုံကြည်နေသည်။
မြတ်လေးတို့မသိနိုင်သော အကြောင်းကြောင်းတွေကြောင့် ဖြစ်ပေါ်လာသော ကလေးငယ်လေးကိုလည်း ဘေးကင်းစေချင်သလို မိခင်ဖြစ်သောသူကိုလည်း အဆင်ပြေစေချင်သည်။
"ဘဝတွေက ခက်ခဲပါတယ်"
"ခစ်ခစ် ဘဝတွေကခက်ခဲပေမဲ့ ဒေါက်တာအတွက်တော့ လွယ်ပါတယ်နော်"
နီနီ၏စနောက်လိုက်သောစကားကို ပြန်ပြောဟန်ပြင်လိုက်ပေမဲ့ ဆေးခန်းအတွင်းသို့ဝင်လာသော ပုံရိပ်ကြောင့် ပြန်မပြောမိတော့သလို မြတ်လေး၏နှုတ်ခမ်းဖျားလေးတွေမှာ အပြုံးတွေဖြစ်ထွန်းလာရသည်။
"ဘာတွေပြောနေကြတာလဲ"
"ဟီးဟီး ဘာမှမပြောကြပါဘူး ခရီးသွားတာဆို ဘယ်တုန်းကပြန်ရောက်တာလဲ"
"အခုပဲလေ လက်ဆောင်တွေကတော့ မနက်ဖြန်မှယူတော့ အခုက မမကိုတွေ့ချင်လို့အပြေးလာရတာ"
"သိပါတယ်ရှင် သိပါတယ် ဟီးဟီး"
စနောက်နေသော နီနီကိုမျက်စောင်းထိုးလိုက်ကာ
"မောင် ခရီးပန်းလာမှာကိုဘာလို လာရတာလဲလို့"
"မမကိုလွမ်းလို့ပေါ့"
အမြဲတမ်းလူကိုအရည်ပျော်အောင်ချွဲတတ်သော မောင့်စကားတွေက မရိုးရပေ။ စကားလုံးတိုင်းကရင်ခုန်အောင်ပြုစားနိုင်ပြီး အချစ်တွေသာတိုးရသည်။
"မောင်နော်"
"ပြန်တော့မှာမလား မမကားထားခဲ့တော့လေ မနက်မှမောင်လိုက်ပို့မယ်"
"အင်းပါ နီနီရေ အစ်မပြန်ပြီနော်"
"စိတ်ချ စိတ်ချ ဒေါက်တာ ကောင်းကောင်းပျော်ကြပါ"
စနောက်နေသောစကားကို ဥပေက္ခာပြုကာ မောင်ရဲ့လက်ဖဝါးနွေးနွေးကို ဆုပ်ကိုင်ပြီး မောင်ခေါ်ရာကိုလိုက်ခဲ့လေသည်။
------------
ကားမောင်းနေသည့် ဘေးတိုက်အနေအထားကအစ ဆွဲဆောင်မှုရှိလွန်းသော မြတ်လေးရဲ့မောင်ပါလေ။
"မောင့်ကို အဲ့လောက်ကြည့်နေတော့ မောင်မနေတတ်တော့ဘူးနော် မမ"
"မောင် နည်းနည်းပိန်သွားတယ် အစားအသောက်တွေ သေချာမစားဘူးမလား"
"မမမှဘေးမှာမရှိတာ မောင်ဘယ်လိုစားလို့ဝင်မလဲ"
"မောင်ကတော့လေ"
စကားတတ်လွန်းသော မောင့်အပြောတွေကို မြတ်လေးလိုက်မမှီသလို ပြန်လဲမပြောတတ်ပေ။
"အလုပ်ကိစ္စကရော"
"အဆင်ပြေပါတယ် မမရဲ့ မဖြစ်မနေမို့လို့သာသွားရတာ မမအနားကနေ မောင်ဘယ်မှမသွားချင်ဘူး"
"အပိုတွေသိပ်ပြော"
မြတ်လေးရုံဟူသော သူမ၏ဘဝတစ်စိတ်တစ်ပိုင်းမှာ ဂုဏ်ထည်ဝါမောင် ဟူသော မောင်ကမပါမဖြစ်ပေ။
မောင်ဟာ သူမရဲ့အရေးကြီးသော ပျောက်ဆုံးမသွားရမဲ့ အစိတ်အပိုင်းလေးဖြစ်သလို လက်ရှိနဲ့အနာဂတ်အတွက် လက်တွဲဖော်လေးပင်။
"အိမ်ဝင်ခဲ့သေးလား"
"ဝင်ခဲ့ဘူးလေ မောင်ပြောတယ်မလား မမဆီကိုပဲ တန်းလာတာပါဆို"
"တစ်လမ်းလုံးကားမောင်းလာရတာကို မောင်ရယ် ဘာလို့ တစ်ခါတည်းလာရတာလဲ ပင်ပန်းတာပေါ့"
"မမကိုမြင်ရရင် မောင်အမောပြေတာပေါ့"
"ရှင် တအားချွဲ သိလား"
ကားမောင်းနေရင်းကနေ မြတ်လေး၏ပါးလေးကိုလှစ်ခနဲ နမ်းလိုက်သော မောင်ကြောင့် နှလုံးသားလေးနွေးသွားရသည်။
မောင် လူလည်...
"အိမ်ဝင်နေရင် မမနဲ့လွဲသွားမှာစိုးလို့လေ တော်ကြာ မမကအပြန် မောင်ကအလာဖြစ်နေမှာပေါ့"
"အိမ်ရောက်ရင်တွေ့ရမှာပဲကို"
"လွမ်းလို့ပါဆို မမကလည်း မောင့်ကိုမလွမ်းဘူးပေါ့"
"လွမ်းပါသတဲ့ရှင်"
ဒါတော့ လုံးဝမုသားမဟုတ်ခဲ့ပေ။ မောင်မရှိတဲ့ညတွေမှာ အေးစက်စက်အိပ်ယာက နွေးထွေးမှုမရှိသလို လမ်းပျောက်နေသလို ယောင်တောင်တောင်။ ခံစားချက်တွေကို ထုတ်ဖော်မပြောတတ်သူမို့ ဘာခံစားရတယ်ဆိုတာကို မပြောဖြစ်ခဲ့သော်လည်း မောင်ကတော့ မြတ်လေး၏ ခံစားချက်တွေမြစ်ဖျားခံရာအရပ်လေး။
"ဘာစားပြီးပြီလဲ"
"မစားရသေးဘူး ကြီးကြီးငယ်လက်ရာတွေကိုလွမ်းနေတာ မမရဲ့ခေါက်ဆွဲပြုတ်ရောပေါ့"
မြတ်လေး၏မျက်စောင်းနုနုကိုမောင်ကခံယူရင်း အားရပါးရရယ်သည်။ သွားစွယ်ဖွေးဖွေးလေးတွေက ရယ်လိုက်တိုင်းပေါ်ပေါ်လာတတ်ပြီး စွဲဆောင်မှုရှိလွန်းသည်။
"ကြီးကြီးငယ်ဆီကနေ ဟင်းချက်သင်နေပါတယ်နော်"
ရန်တွေ့သလိုစကားကို မောင်ကရယ်ပြန်သည်။
"မလိုပါဘူး မမရယ် မမရဲ့ခေါက်ဆွဲပြုတ်ကို မောင်ကအကြိုက်ဆုံးပါ"
သဘောမကျဘူးဟုပြောရင် လိမ်ရာကျတာပေါ့။ စကားချိုချိုလေးတွေဟာ မုသားမဟုတ်ဘူးဆိုတာ မြတ်လေးခံစားလို့ရနေတယ်လေ။
"ကားလမ်းတွေကလည်း ပိတ်လိုက်တာ"
"အလုပ်တွေဆင်းချိန်ဆိုတော့ ပိုဆိုးတာပေါ့ ဘာလို့လဲ အိမ်မှာလုပ်စရာရှိလို့လား"
"မောင် ဗိုက်ဆာနေမှာစိုးလို့"
မောင့်လက်ဖဝါးနွေးနွေးတွေက မြတ်လေး၏လက်ဖဝါးတွေကို ဆုပ်ကိုင်လာတော့ မောင့်မျက်နှာချောချောကို မြတ်လေးအပြုံးဖြင့်ပြန်ကြည့်လိုက်သည်။
"မောင့်ရဲ့ မမက အရမ်းချစ်ဖို့ကောင်းတယ်"
"အခုမှသိတာလား"
"ဟင့်အင်း အရင်ထဲကသိပါတယ်"
"ပြီးရော"
"ဒါပေမဲ့ ထမင်းမစားချင်ဘူး"
"မောင်က တစ်ခုခုစားချင်လို့လား ဒါဆိုဆိုင်တစ်ခုခုကိုဝင်လိုက်လေ မောင်ဘာစားချင်တာလဲ"
"မောင်က မမကိုစားချင်တာလေ"
မြတ်လေး၏နားအနားကိုတိုးကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့ နားရွက်ဖျားလေးတွေနီတက်လာရသည်။ မောင်မျက်နှာကိုစေ့စေ့မကြည့်ရဲတော့သလို တဖက်ကိုလှည့်ကာ ကားမှန်ကနေလမ်းမကိုမျက်နှာလွှဲလိုက်မိသည်။
"မမလို့ မောင့်ကိုအငတ်ထားတော့မလို့လား"
ခပ်တိုးတိုးထပ်မံထွက်ပေါ်လာသော စကားသံကြောင့် မြတ်လေးရဲ့နားရွက်ဖျားလေးတွေပိုနီလာရသည်။
"မမကလည်းဖြေပါဦး"
"မောင် တအားကဲတယ်ကွာ"
"ရော် တစ်လလောက်ကြီးခွဲနေရတဲ့အိမ်သူသက်ထား ဇနီးမယားလေးကို စားချင်တာ မောင့်အပြစ်လား"
"မောင်နော် ပြောလေကဲလေ"
မောင့်နှုတ်ခမ်းတွေကို လက်ဖဝါးနုနုနဲ့ပိတ်လိုက်မိတော့ လက်ဖဝါးပြင်မှာနွေးထွေးသော အထိအတွေ့ကိုရသည်။
ဖယ်ခွါဖို့ကြိုးစားလိုက်ပေမဲ့ မောင်ကမြတ်လေး၏လက်ကောက်ဝတ်ကိုဆွဲလိုက်ကာ လက်ကလေးကို အနမ်းပေးလိုက်သည်။
"စတာပါကွာ မမမပေးချင်လဲ မောင်ကအတင်းမတောင်းဆိုပါဘူး ဟုတ်ပြီလား"
မီးပွိုင့်မိနေလို့ကားရပ်ထားရတော့ နီရဲနေသောနားရွက်ဖျားလေးတွေကိုနမ်းကာ မောင်ကစကားဆိုသည်။
"တစ်ခါပဲရမယ်"
"နှစ်ခါတော့လုပ်ပါ"
"စျေးမဆစ်နဲ့ ဒီတိုင်းဖက်အိပ်ခိုင်းလိုက်မှာ"
"ဟုတ်ပြီ ဟုတ်ပြီ တစ်ခါပဲ"
ရှက်စရာအနည်းငယ်ကောင်းသည်ဟုဆိုသော်လည်း မောင်က မြတ်လေး၏လက်ထပ်ထားသော သူမဟုတ်ပါလား။
သူဆန္ဒကိုတော့လိုက်လျောပေးရမည်လေ။
"အိမ်မြန်မြန်ရောက်ချင်နေပြီ"
"ဘာလို့"
"မမကို စားချင်လို့"
"မောင်နော် စကားကိုဘယ်လိုကြီးပြောနေတာလဲလို့"
ရှက်ရှက်နဲ့ဆူမိပေမဲ့ တကယ်စိတ်ဆိုးမိတာတော့ ဘယ်ဟုတ်ပါ့မလဲလေ။ စိတ်မဆိုးရက်သလို စိတ်လဲမကောက်ရက်တဲ့ မြတ်လေးရဲ့ချစ်ရသောသူလေးပဲကို။
ကားရှုပ်ရှုပ်မှာ ဂရုတစိုက်မောင်းရတော့ မောင့်စကားသံတိတ်သွားသလို မြတ်လေး၏လက်ဖဝါးပြင်ကခပ်နွေးနွေးအထိအတွေ့မှာလည်းဖယ်ခွါသွားလေသည်။
တီရှပ်နဲ့ဂျင်းပန့်ကိုသာ ဝတ်ဆင်ထားပေမဲ့ မောင်ရဲ့ပုံစံကမိမိုက်ကာ ကြည့်ကောင်းလွန်းသည်။
စတီယာတိုင်ကို ကိုင်ထားသော လက်ချောင်းရှည်ရှည်သွယ်သွယ်လေးမှာ မြတ်လေးနဲ့ဆင်တူလက်စွပ်လေးကိုတွေ့ရတော့ အပြုံးတွေပွင့်လန်းလာရပြန်သည်။
မောင်ပြောသလိုပဲ အိမ်မြန်မြန်ရောက်မှဖြစ်မှာပါလေ။
မြတ်လေးလဲမောင့်ကိုလွမ်းလှပြီမဟုတ်ပါလား။
၁၈.၁၁.၂၀၂၁
Zawgyi>>>>
"ကိုယ္ဝန္ဖ်က္ခ်ခ်င္လို႔ပါ"
ေဆးခန္းအတြင္းမွာရွိၾကေသာ ဆရာဝန္သာမက သူနာျပဳႏွစ္ေယာက္၏လႈပ္ရွားမႈေတြပါ ရပ္တန့္သြားသည္။
ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာ ခ်ည္ထည္ထဘီႏွင့္အနည္းငယ္ေဟာင္းေသာ ဘေလာက္အကၤ်ီဝတ္ဆင္ထားေသာ အမ်ိဳးသမီးငယ္ေလးဟာ မေကာင္းေသာ အသက္ေမြးဝမ္းေၾကာင္းမႈဟုသတ္မွတ္ထားေသာ ခႏၶာကိုယ္ျဖင့္ရင္းႏွီးရေသာ အသက္ေမြးမႈကိုလုပ္ေဆာင္ေသာသူဟုလည္း မထင္ရေပ။
"ညီမေလးရဲ႕ ကိုယ္ဝန္ကဘယ္ႏွစ္လရွိၿပီလဲ"
ျမတ္ေလး၏ေရွ႕က အမ်ိဳးသမီးငယ္ေလးရဲ႕ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာဟာ ပိုေဖ်ာ့သြားသည္။ အနည္းငယ္သြယ္ေသာ မ်က္ႏွာေၾကာင့္ ႏွာတံလွလွဟာ ပိုထင္းေနသလို ေမးရိုးဟာလည္းထင္းထြက္ေနသည္။ ကပိုကရိုစည္းထားေသာ ဆံႏြယ္ေတြဟာ ဟိုတစ္စဒီတစ္စ။
အားလုံးကိုၿခဳံၾကည့္လိုက္ေတာ့ ဒီအမ်ိဳးသမီးငယ္ေလးဟာ က်န္းမာေရးသိပ္ေကာင္းပုံမရ။
"အသက္ေကာ ဘယ္ေလာက္ရွိၿပီလဲ ညီမေလး"
"၂၂ ႏွစ္ပါ"
"ညီမေလးကိုၾကည့္ရတာ က်န္းမာေရးလဲသိပ္ေကာင္းပုံမရဘူး ပြင့္ပြင့္လင္းလင္းေျပာရရင္ အစ္မတို႔ေဆးခန္းက ကိုယ္ဝန္ေတာ့မဖ်က္ခ်ေပးဘူး"
ထိုအမ်ိဳးသမီးငယ္ေလး၏မ်က္ဝန္းမွာ စိတ္သက္သာရာရသြားမႈအျပင္ စိတ္ပ်က္မႈႏွစ္ခုလုံးေရာေထြးေနတာကို ေသခ်ာၾကည့္လွ်င္ျမင္နိုင္ေပသည္။
"ဟုတ္လား ဒါဆို ဒုကၡေပးမိၿပီ ကြၽန္မကိုျပန္ခြင့္ျပဳပါဦး"
"ခဏေလး ညီမေလး ေရာက္လက္စနဲ႕ ေသြးေပါင္ခ်ိန္သြားပါလား"
လက္ထဲမွာခပ္တင္းတင္းဆုပ္ကိုင္ထားတဲ့ တစ္ေသာင္းတန္အ႐ြက္ေလး ပိုက်စ္သြားတာကို ျမတ္ေလးေတြ႕လိုက္ေတာ့ ၿပဳံးလိုက္ကာ
"အခမဲ့ပါ ညီမေလးရဲ႕ ေသြးေပါင္ခ်ိန္႐ုံနဲ႕ေတာ့ ပိုက္ဆံမယူပါဘူး နီနီေရ ဒီညီမေလးကို BP (blood pressure) ေလးခ်ိန္ေပးလိုက္ပါဦး"
ခပ္ယဲ့ယဲ့အေနအထားျဖင့္ လူနာစမ္းသပ္ကုတင္ေပၚတက္သြားေသာ အမ်ိဳးသမီးေလး၏ အေနအထားမွာ အားရစရာမရွိ။ ပိန္ပါးေနေသာ ခႏၶာကိုယ္ႏွင့္ ျဖဴေဖ်ာ့ေနမ်က္ႏွာက အာဟာရမျပည့္ဝမႈကိုေဖာ္ျပေနသည္။
"၉၀ ၆၀ ပဲရွိတယ္ ေဒါက္တာ"
ထင္သည့္အတိုင္းပါပင္။ အနည္းဆုံးေတာ့ ၁၀၀ ၇၀ ေလာက္ရွိမည္မဟုတ္ပါလား။
"ညီမေလး အားေဆးေလးထိုးသြားပါလား ေဆးဖိုးက စိတ္မပူပါနဲ႕ အစ္မေဆးခန္းကတခ်ိဳ႕ေဆးေတြက foc ရထားတာေလ"
ထိုအမ်ိဳးသမီးငယ္ ေခါင္းညိမ့္လိုက္လား ေခါင္းခါလိုက္လားကို ျမတ္ေလးမၾကည့္ေတာ့ ျမန္ျမန္ဆန္ဆန္ပင္ လိုအပ္သည့္ေဆးပုလင္းေတြကိုေဖာက္ကာ syringe နဲ႕စုပ္လိုက္သည္။
"မထိုးခ်င္လို႔မရေတာ့ဘူးေနာ္ အစ္မကစုပ္ၿပီးၿပီး နီနီေရ အစ္မကိုတစ္ခ်က္ေလာက္ကိုင္ေပးပါဦး"
ေငးေၾကာင္ေၾကာင္ျဖစ္ေနေသာ အမ်ိဳးသမီးငယ္ေလး၏ ခပ္ပိန္ပိန္ျဖဴေဖ်ာ့ေဖ်ာ့လက္ကို နီနီကဆုပ္ကိုင္လိုက္ေတာ့ အေၾကာစိမ္းစိမ္းကထင္းလာသည္။
"နည္းနည္းနာမယ္ေနာ္"
ျမတ္ေလးသတိေပးလိုက္ေပမဲ့လို ထိုအမ်ိဳးသမီးေလးကေတာ့ သတိထားမိဟန္မရွိသလို အေၾကာထဲကိုအပ္ဝင္သြားတာေတာင္မွ သတိထားမိပါရဲ႕ေလလား။
"ကဲ ရၿပီ ညီမေလး လက္ကိုေကြးထား"
ဂြမ္းစကိုဖိၿပီးလက္ကိုေကြးခိုင္းလိုက္ေတာ့ ျမတ္ေလးကို သူကတစ္ခ်က္ေမာ့ၾကည့္သည္။
"ဘယ္ေလာက္က်လဲ ဆရာမ"
"ေပးစရာမလိုဘူးလို႔ေျပာၿပီးသားေလ အစ္မေဆးစာေရးေပးလိုက္မယ္ ဝယ္ေသာက္လိုက္ေနာ္"
ခပ္ေသာ့ေသာ့ ဆရာဝန္လက္ေရးျဖင့္ေရးေပးလိုက္ေသာ ေဆးစာဟာ ကိုယ္ဝန္သည္ေတြအတြက္လိုအပ္ေသာေဆးဝါးေတြဆိုတာကိုေတာ့ ျမတ္ေလးမရွင္းျပေတာ့။
သူရိပ္မိေနတာလဲျဖစ္နိုင္သလို ေမွ်ာ္လင့္ခ်က္ပါးပါးေလးေၾကာင့္လည္းျဖစ္နိုင္သည္။ ပိုက္ဆံကိုဆုပ္ထားေသာလက္ဖဝါးထဲကို ေဆးစာ႐ြက္ေလးဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့ ကေလးေရာ အေမေရာ အဆင္ေျပပါေစလို႔ က်ိတ္ဆုေတာင္းလိုက္မိသည္။
"ဘာေတြမ်ားခက္ခဲေနရွာလဲမသိဘူးေနာ္"
ေဆးမွတ္တမ္းကူးေရးေပးေနေသာ အကူေကာင္မေလးစကားကို သူနာျပဳေလးနီနီကလည္းေထာက္ခံသည္။
"ဟုတ္ပ သူၾကည့္ရတာ အဆင္ေျပတဲ့ပုံလည္းမဟုတ္ဘူး အသက္လဲငယ္ငယ္ေလး ေယာက်ာ္းေရာရွိရဲ႕လား"
ရင္ထဲမွာ ဒိတ္ခနဲျဖစ္သြားမိေပမဲ့ ၾကည္ၾကည္လင္လင္မ်က္လုံးေလးေတြက သူ႕ဗိုက္ထဲကကေလးအေပၚရက္စက္မဲ့ သူမ်ိဳးမဟုတ္ဟု ျမတ္ေလးကေတာ့ ယုံၾကည္ေနသည္။
ျမတ္ေလးတို႔မသိနိုင္ေသာ အေၾကာင္းေၾကာင္းေတြေၾကာင့္ ျဖစ္ေပၚလာေသာ ကေလးငယ္ေလးကိုလည္း ေဘးကင္းေစခ်င္သလို မိခင္ျဖစ္ေသာသူကိုလည္း အဆင္ေျပေစခ်င္သည္။
"ဘဝေတြက ခက္ခဲပါတယ္"
"ခစ္ခစ္ ဘဝေတြကခက္ခဲေပမဲ့ ေဒါက္တာအတြက္ေတာ့ လြယ္ပါတယ္ေနာ္"
နီနီ၏စေနာက္လိုက္ေသာစကားကို ျပန္ေျပာဟန္ျပင္လိုက္ေပမဲ့ ေဆးခန္းအတြင္းသို႔ဝင္လာေသာ ပုံရိပ္ေၾကာင့္ ျပန္မေျပာမိေတာ့သလို ျမတ္ေလး၏ႏႈတ္ခမ္းဖ်ားေလးေတြမွာ အၿပဳံးေတြျဖစ္ထြန္းလာရသည္။
"ဘာေတြေျပာေနၾကတာလဲ"
"ဟီးဟီး ဘာမွမေျပာၾကပါဘူး ခရီးသြားတာဆို ဘယ္တုန္းကျပန္ေရာက္တာလဲ"
"အခုပဲေလ လက္ေဆာင္ေတြကေတာ့ မနက္ျဖန္မွယူေတာ့ အခုက မမကိုေတြ႕ခ်င္လို႔အေျပးလာရတာ"
"သိပါတယ္ရွင္ သိပါတယ္ ဟီးဟီး"
စေနာက္ေနေသာ နီနီကိုမ်က္ေစာင္းထိုးလိုက္ကာ
"ေမာင္ ခရီးပန္းလာမွာကိုဘာလို လာရတာလဲလို႔"
"မမကိုလြမ္းလို႔ေပါ့"
အၿမဲတမ္းလူကိုအရည္ေပ်ာ္ေအာင္ခြၽဲတတ္ေသာ ေမာင့္စကားေတြက မရိုးရေပ။ စကားလုံးတိုင္းကရင္ခုန္ေအာင္ျပဳစားနိုင္ၿပီး အခ်စ္ေတြသာတိုးရသည္။
"ေမာင္ေနာ္"
"ျပန္ေတာ့မွာမလား မမကားထားခဲ့ေတာ့ေလ မနက္မွေမာင္လိုက္ပို႔မယ္"
"အင္းပါ နီနီေရ အစ္မျပန္ၿပီေနာ္"
"စိတ္ခ် စိတ္ခ် ေဒါက္တာ ေကာင္းေကာင္းေပ်ာ္ၾကပါ"
စေနာက္ေနေသာစကားကို ဥေပကၡာျပဳကာ ေမာင္ရဲ႕လက္ဖဝါးေႏြးေႏြးကို ဆုပ္ကိုင္ၿပီး ေမာင္ေခၚရာကိုလိုက္ခဲ့ေလသည္။
------------
ကားေမာင္းေနသည့္ ေဘးတိုက္အေနအထားကအစ ဆြဲေဆာင္မႈရွိလြန္းေသာ ျမတ္ေလးရဲ႕ေမာင္ပါေလ။
"ေမာင့္ကို အဲ့ေလာက္ၾကည့္ေနေတာ့ ေမာင္မေနတတ္ေတာ့ဘူးေနာ္ မမ"
"ေမာင္ နည္းနည္းပိန္သြားတယ္ အစားအေသာက္ေတြ ေသခ်ာမစားဘူးမလား"
"မမမွေဘးမွာမရွိတာ ေမာင္ဘယ္လိုစားလို႔ဝင္မလဲ"
"ေမာင္ကေတာ့ေလ"
စကားတတ္လြန္းေသာ ေမာင့္အေျပာေတြကို ျမတ္ေလးလိုက္မမွီသလို ျပန္လဲမေျပာတတ္ေပ။
"အလုပ္ကိစၥကေရာ"
"အဆင္ေျပပါတယ္ မမရဲ႕ မျဖစ္မေနမို႔လို႔သာသြားရတာ မမအနားကေန ေမာင္ဘယ္မွမသြားခ်င္ဘူး"
"အပိုေတြသိပ္ေျပာ"
ျမတ္ေလး႐ုံဟူေသာ သူမ၏ဘဝတစ္စိတ္တစ္ပိုင္းမွာ ဂုဏ္ထည္ဝါေမာင္ ဟူေသာ ေမာင္ကမပါမျဖစ္ေပ။
ေမာင္ဟာ သူမရဲ႕အေရးႀကီးေသာ ေပ်ာက္ဆုံးမသြားရမဲ့ အစိတ္အပိုင္းေလးျဖစ္သလို လက္ရွိနဲ႕အနာဂတ္အတြက္ လက္တြဲေဖာ္ေလးပင္။
"အိမ္ဝင္ခဲ့ေသးလား"
"ဝင္ခဲ့ဘူးေလ ေမာင္ေျပာတယ္မလား မမဆီကိုပဲ တန္းလာတာပါဆို"
"တစ္လမ္းလုံးကားေမာင္းလာရတာကို ေမာင္ရယ္ ဘာလို႔ တစ္ခါတည္းလာရတာလဲ ပင္ပန္းတာေပါ့"
"မမကိုျမင္ရရင္ ေမာင္အေမာေျပတာေပါ့"
"ရွင္ တအားခြၽဲ သိလား"
ကားေမာင္းေနရင္းကေန ျမတ္ေလး၏ပါးေလးကိုလွစ္ခနဲ နမ္းလိုက္ေသာ ေမာင္ေၾကာင့္ ႏွလုံးသားေလးေႏြးသြားရသည္။
ေမာင္ လူလည္...
"အိမ္ဝင္ေနရင္ မမနဲ႕လြဲသြားမွာစိုးလို႔ေလ ေတာ္ၾကာ မမကအျပန္ ေမာင္ကအလာျဖစ္ေနမွာေပါ့"
"အိမ္ေရာက္ရင္ေတြ႕ရမွာပဲကို"
"လြမ္းလို႔ပါဆို မမကလည္း ေမာင့္ကိုမလြမ္းဘူးေပါ့"
"လြမ္းပါသတဲ့ရွင္"
ဒါေတာ့ လုံးဝမုသားမဟုတ္ခဲ့ေပ။ ေမာင္မရွိတဲ့ညေတြမွာ ေအးစက္စက္အိပ္ယာက ေႏြးေထြးမႈမရွိသလို လမ္းေပ်ာက္ေနသလို ေယာင္ေတာင္ေတာင္။ ခံစားခ်က္ေတြကို ထုတ္ေဖာ္မေျပာတတ္သူမို႔ ဘာခံစားရတယ္ဆိုတာကို မေျပာျဖစ္ခဲ့ေသာ္လည္း ေမာင္ကေတာ့ ျမတ္ေလး၏ ခံစားခ်က္ေတြျမစ္ဖ်ားခံရာအရပ္ေလး။
"ဘာစားၿပီးၿပီလဲ"
"မစားရေသးဘူး ႀကီးႀကီးငယ္လက္ရာေတြကိုလြမ္းေနတာ မမရဲ႕ေခါက္ဆြဲျပဳတ္ေရာေပါ့"
ျမတ္ေလး၏မ်က္ေစာင္းႏုႏုကိုေမာင္ကခံယူရင္း အားရပါးရရယ္သည္။ သြားစြယ္ေဖြးေဖြးေလးေတြက ရယ္လိုက္တိုင္းေပၚေပၚလာတတ္ၿပီး စြဲေဆာင္မႈရွိလြန္းသည္။
"ႀကီးႀကီးငယ္ဆီကေန ဟင္းခ်က္သင္ေနပါတယ္ေနာ္"
ရန္ေတြ႕သလိုစကားကို ေမာင္ကရယ္ျပန္သည္။
"မလိုပါဘူး မမရယ္ မမရဲ႕ေခါက္ဆြဲျပဳတ္ကို ေမာင္ကအႀကိဳက္ဆုံးပါ"
သေဘာမက်ဘဴးဟုေျပာရင္ လိမ္ရာက်တာေပါ့။ စကားခ်ိဳခ်ိဳေလးေတြဟာ မုသားမဟုတ္ဘူးဆိုတာ ျမတ္ေလးခံစားလို႔ရေနတယ္ေလ။
"ကားလမ္းေတြကလည္း ပိတ္လိုက္တာ"
"အလုပ္ေတြဆင္းခ်ိန္ဆိုေတာ့ ပိုဆိုးတာေပါ့ ဘာလို႔လဲ အိမ္မွာလုပ္စရာရွိလို႔လား"
"ေမာင္ ဗိုက္ဆာေနမွာစိုးလို႔"
ေမာင့္လက္ဖဝါးေႏြးေႏြးေတြက ျမတ္ေလး၏လက္ဖဝါးေတြကို ဆုပ္ကိုင္လာေတာ့ ေမာင့္မ်က္ႏွာေခ်ာေခ်ာကို ျမတ္ေလးအၿပဳံးျဖင့္ျပန္ၾကည့္လိုက္သည္။
"ေမာင့္ရဲ႕ မမက အရမ္းခ်စ္ဖို႔ေကာင္းတယ္"
"အခုမွသိတာလား"
"ဟင့္အင္း အရင္ထဲကသိပါတယ္"
"ၿပီးေရာ"
"ဒါေပမဲ့ ထမင္းမစားခ်င္ဘူး"
"ေမာင္က တစ္ခုခုစားခ်င္လို႔လား ဒါဆိုဆိုင္တစ္ခုခုကိုဝင္လိုက္ေလ ေမာင္ဘာစားခ်င္တာလဲ"
"ေမာင္က မမကိုစားခ်င္တာေလ"
ျမတ္ေလး၏နားအနားကိုတိုးကပ္ကာ ခပ္တိုးတိုးေျပာလိုက္ေတာ့ နား႐ြက္ဖ်ားေလးေတြနီတက္လာရသည္။ ေမာင္မ်က္ႏွာကိုေစ့ေစ့မၾကည့္ရဲေတာ့သလို တဖက္ကိုလွည့္ကာ ကားမွန္ကေနလမ္းမကိုမ်က္ႏွာလႊဲလိုက္မိသည္။
"မမလို႔ ေမာင့္ကိုအငတ္ထားေတာ့မလို႔လား"
ခပ္တိုးတိုးထပ္မံထြက္ေပၚလာေသာ စကားသံေၾကာင့္ ျမတ္ေလးရဲ႕နား႐ြက္ဖ်ားေလးေတြပိုနီလာရသည္။
"မမကလည္းေျဖပါဦး"
"ေမာင္ တအားကဲတယ္ကြာ"
"ေရာ္ တစ္လေလာက္ႀကီးခြဲေနရတဲ့အိမ္သူသက္ထား ဇနီးမယားေလးကို စားခ်င္တာ ေမာင့္အျပစ္လား"
"ေမာင္ေနာ္ ေျပာေလကဲေလ"
ေမာင့္ႏႈတ္ခမ္းေတြကို လက္ဖဝါးႏုႏုနဲ႕ပိတ္လိုက္မိေတာ့ လက္ဖဝါးျပင္မွာေႏြးေထြးေသာ အထိအေတြ႕ကိုရသည္။
ဖယ္ခြါဖို႔ႀကိဳးစားလိုက္ေပမဲ့ ေမာင္ကျမတ္ေလး၏လက္ေကာက္ဝတ္ကိုဆြဲလိုက္ကာ လက္ကေလးကို အနမ္းေပးလိုက္သည္။
"စတာပါကြာ မမမေပးခ်င္လဲ ေမာင္ကအတင္းမေတာင္းဆိုပါဘူး ဟုတ္ၿပီလား"
မီးပြိုင့္မိေနလို႔ကားရပ္ထားရေတာ့ နီရဲေနေသာနား႐ြက္ဖ်ားေလးေတြကိုနမ္းကာ ေမာင္ကစကားဆိုသည္။
"တစ္ခါပဲရမယ္"
"ႏွစ္ခါေတာ့လုပ္ပါ"
"ေစ်းမဆစ္နဲ႕ ဒီတိုင္းဖက္အိပ္ခိုင္းလိုက္မွာ"
"ဟုတ္ၿပီ ဟုတ္ၿပီ တစ္ခါပဲ"
ရွက္စရာအနည္းငယ္ေကာင္းသည္ဟုဆိုေသာ္လည္း ေမာင္က ျမတ္ေလး၏လက္ထပ္ထားေသာ သူမဟုတ္ပါလား။
သူဆႏၵကိုေတာ့လိုက္ေလ်ာေပးရမည္ေလ။
"အိမ္ျမန္ျမန္ေရာက္ခ်င္ေနၿပီ"
"ဘာလို႔"
"မမကို စားခ်င္လို႔"
"ေမာင္ေနာ္ စကားကိုဘယ္လိုႀကီးေျပာေနတာလဲလို႔"
ရွက္ရွက္နဲ႕ဆူမိေပမဲ့ တကယ္စိတ္ဆိုးမိတာေတာ့ ဘယ္ဟုတ္ပါ့မလဲေလ။ စိတ္မဆိုးရက္သလို စိတ္လဲမေကာက္ရက္တဲ့ ျမတ္ေလးရဲ႕ခ်စ္ရေသာသူေလးပဲကို။
ကားရႈပ္ရႈပ္မွာ ဂ႐ုတစိုက္ေမာင္းရေတာ့ ေမာင့္စကားသံတိတ္သြားသလို ျမတ္ေလး၏လက္ဖဝါးျပင္ကခပ္ေႏြးေႏြးအထိအေတြ႕မွာလည္းဖယ္ခြါသြားေလသည္။
တီရွပ္နဲ႕ဂ်င္းပန့္ကိုသာ ဝတ္ဆင္ထားေပမဲ့ ေမာင္ရဲ႕ပုံစံကမိမိုက္ကာ ၾကည့္ေကာင္းလြန္းသည္။
စတီယာတိုင္ကို ကိုင္ထားေသာ လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္ေလးမွာ ျမတ္ေလးနဲ႕ဆင္တူလက္စြပ္ေလးကိုေတြ႕ရေတာ့ အၿပဳံးေတြပြင့္လန္းလာရျပန္သည္။
ေမာင္ေျပာသလိုပဲ အိမ္ျမန္ျမန္ေရာက္မွျဖစ္မွာပါေလ။
ျမတ္ေလးလဲေမာင့္ကိုလြမ္းလွၿပီမဟုတ္ပါလား။
၁၈.၁၁.၂၀၂၁