Mini Stories

Da HoarFROST_

36.5K 3.5K 411

Mini stories written by frost. All mini stories are Boylove Romance. Altro

အဝေရာတမ်းချင်း-၂(အဝေရာတမ်းချင်း)
အဝေရာတမ်းချင်း-၃(အဝေရာတမ်းချင်း)
Mercury{၁}U/Z
Mercury{၂}U/Z
Mercury{၃}U/Z
Mercury{၄}U/Z
Mercury{၅}U/Z

အဝေရာတမ်းချင်း-၁(အဝေရာတမ်းချင်း)

15K 661 21
Da HoarFROST_

Unicode

(အစကိုမဖတ်ခင်မှာ တောင်ကြီးတန်ဆောင်တိုင်ရဲ့အခေါ်အဝေါ် နဲ့ အကြောင်းအရာလေးတွေကိုအရင်ဖတ်ပေးပါ။
တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ကိုးရက်အလိုလောက်မှာ တောင်ကြီးမြို့ရဲ့ အစဉ်အလာအရ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကျင်းပပါတယ်။
ရည်ရွယ်ချက်ကတော့ ဘာသာရေးအရ မီးပူဇော်သလိုပါပဲ။
မီးပုံးအကြီးကြီးလွှတ်ပြီးပူဇော်သလိူပါပဲ။နောက်တော့ လုံးဝ ရိုးရာအစဉ်အလာဖြစ်သွားတာပေါ့။

တောင်ကြီးမြို့မှာ အဝေရာမီးပုံးပျံကွင်းဆိုပြီးရှိပါတယ် မီးပုံးလွှတ်ဖို့သီးသန့် မြေနေရာအကျယ်ကြီးပါ။
ပွဲကဆယ်ရက်ကျင်းပပါတယ်။
အစရက်က ဖွင့်ပွဲရက်၊အဆုံးရက်ကပိတ်ပွဲရက်။ကြားရက်ထဲ နေ့တိုင်းမီးပုံးပျံလွှတ်ပါတယ်။
ပွဲမစခင်မှာ ချားရဟတ်တွေ၊ အရုပ်ပစ်တဲ့ကစားနည်းတွေပင်လယ်ဓားပြတွေ၊ စျေးရောင်းဖို့ နေရာတွေအရင်ပြင်ဆင်ခင်းကျင်းကြတယ်။

ကွင်းကကျယ်တော့ အဲ့လို ကစားဖို့၊အစားအသောက်တွေရောင်းဖို့လည်း သတ်မှတ်ပေးထားတဲ့နေရာရှိတယ်။ ပြီးရင် ပွဲလာတဲ့လူတွေကတော့ မြေနေရာအလွတ်တွေရှိတယ်။ ထိုင်ခုံတွေနဲ့ကြည့်လို့မရဘူး🤣🤣
မီးပုံးပျံကအန္တရာယ်များတာမို့လေ ပြေးရင်လည်းပြေးရတာ။
ဒိုင်ကြည့်တဲ့စင်တွေလည်းရှိတယ်။ လူတွေကတော့ ဆာလာအိတ်ခင်း၊အိမ်ကယူလာတဲ့ဖျာတွေခင်းကြ၊တချို့ကကားရပ်ထားတဲ့နေရာတွေမှာပဲကြည့်ကြတယ်။

နေ့လွှတ်နဲ့ညလွှတ်ဆိုပြီးရှိတယ်။နေ့လွှတ်က နေ့လယ် ၁၁နာရီလောက်က​ေန ညနေ၄နာရီလောက်ထိ။ အရုပ်တွေလွှတ်ကြတယ်။ ဟင်္သာရုပ်၊ဆင်ရုပ်၊ကျွဲရုပ်၊နွားရုပ် etc..။

ညဆို မီးကျည်နဲ့ စိန်နားပန်ဆိုပြီးလွှတ်တယ်။ အရမ်းအသေးစိတ်ရပါတယ်။နေ့လွှတ်ဖြစ်ဖြစ်၊ညလွှတ်ဖြစ်ဖြစ်။
စိန်နားပန်တွေက ညအစောပိုင်း၊မီးကျည်က ညနက် သန်းခေါင်ဝန်းကျင်လွှတ်ကြတာများတယ်။

စိန်နားပန်ကတော့ မီးပုံးမှာ ပုံဖော်ထားသလို အသေးစိတ် မီးတွေလိုက်ထွန်းရတာ။အောက်ဆွဲပါတယ်။

မီးကျည်က မီးပုံးမှာအရုပ်တွေဆွဲတာ။ ဘုရားပုံ၊ဒါမှမဟုတ်ကနုတ်။အမျိုးမျိုးပဲ။မီးကျည်ဆိုတဲ့အတိုင်း
အောက်ဆွဲက ယမ်းတွေနဲ့ဆင်ထားတာ။
အန္တရာယ်များပါတယ် တချို့ဆို ယမ်းထောင်းရင်း ပေါက်ကွဲတာ၊ ဒါမှမဟုတ် အိမ်မီးလောင်တာမျိုး ဖြစ်နေကျပါ။
နောက်ဆုံးမှာ ဆုပေးပေမဲ့ ဆုကြေးနဲ့ တကယ့်ကုန်ကျငွေကမကာမိပါဘူး။ အကုန်လုံးက ဝါသနာပါလို့လွှတ်တာမို့ပါ။
အနည်းဆုံး မီးကျည်ဆိုရင် သိန်းကို ဆယ်နဲ့ချီကုန်ပါတယ်။ (may be 30​ေလာက်ဖြစ်မယ်)

ပြီးရင်အခေါ်အဝေါ်-
မီးပုံးပျံလို့ သိပ်မခေါ်ပါဘူး။ မီး လို့ခေါ်တယ်။
မီးပုံးပျံတိုင်းကလည်းနာမည်ရှိတယ်။
ဥပမာ- လူပဲ့မီး၊ တိမ်ယံမီး၊ ရွှေတောင်ရိုးမီး။
"ဒီနေ့ဘာမီးလဲ?မီးကောင်းလား"
အဲ့လိုပေါ့။
အခုရေးပြတဲ့ မီးတွေက တကယ့်နာမည်ကြီးမီးတွေပါ။ ကျန်တာတွေလည်း တကယ်မိုက်ပါတယ်။
ကွင်းလယ်မှာလွှတ်ကြတာပါ။တစ်နှစ်ကဆိုရင် အန္တရာယ်များလို့ လွှတ်မဲ့လူတွေသာဝင်ဖို့ပြောပေမဲ့လည်း တောင်ကြီးသားတွေက အနီးကပ်ကြည့်ရတာ အရမ်းကြိုက်တာပါ။ အန္တရာယ်တော့များတယ်။ဒါပေမဲ့ အရမ်းမိုက်ပါတယ်။ဘာနဲ့မှမတူဘူး။
မီးဘေးကြောင့် မီးသတ်ကားတွေကလည်းဘေးကနေအဆင်သင့်ပါ။ အရမ်းကြောက်မသွားကြပါနဲ့ ။ foreigners တွေလည်း camera တကားကားနဲ့အနီးကပ်ကြည့်ကြတယ်။
အဖိတ်နေ့နဲ့ လပြည့်နေ့ဆို လူအရမ်းစည်ပါတယ်။ တစ်ခါတလေလူတိုးလို့ ပြားမတတ်။🤣
မလွှတ်ခင် အစမ်းထောင်ပါတယ်။ ပုံတွေအောက်ဆုံးထိသွားကြည့်ပါ)


Part(1)

✳ဝေဆာပွင့်ဖူးလှပနေတဲ့ မီးရောင်စုံများက

တောင်ပေါ်မြေရဲ့ဆောင်းလလေးမှာ ငါတို့ပွဲတော်ည

နှင်းမှုန်ကြားမှာလျှောက်လည်ကြမယ် ...

အရောက်သာလာခဲ့ပါ တန်ဆောင်တိုင်မီးပုံးပွဲတော်မှ

ကြယ်တွေစုံတဲ့မိုးကောင်ကင်ဟာ လှချင်တဲ့အတိုင်းလှ...
အဖော်တွေစုံတဲ့ မီးပုံပွဲမှာကချင်တဲ့အတိုင်းက...

မီးကျည်လေးတွေလိပ်ပြာလေးလို ဝဲပျံနေတဲ့ည
စိန်နားပန်မီးပုံးလေးရဲ့အလှ...
//
ပွဲတော်ည ပွဲတော်ည..ဟေး
အိုးစည်ဗုံမောင်းတီးလို့က..
ပွဲတော်ည ပွဲတော်ည...
တို့ရှမ်းပြည်ကတို့ရိုးရာ...
ပွဲတော်ည ပွဲတော်ည...ဟေး
ဆွေးစရာတွေလည်းထားခဲ့ကြ
ပွဲတော်ည ပွဲတော်ည...
တောင်ကြိးကိုအရောက်လှမ်းခဲ့ကြ...❇

ခြံထဲက Sound box ဆီကနေ လွင့်လာသည့် ပွဲတော်ည ဆိုသည့်သီချင်းသည် သူ့ရဲ့ညတာကို ပိုရှည်စေသည်။တန်ဆောင်တိုင်ရောက်ခါနီးတိုင်း သူ့ရဲ့အတိတ်က ခံစားချက်များက မီးဖိုပေါ်ကဒယ်အိုးအဖုံးကိုဖွင့်စဉ် ထွက်လာသည့်အငွေ့များနှယ် တလူလူဖြစ်နေဆဲ။ နှစ်နှစ်တောင်ရှိပြီ။ တကယ်ကို နှစ်နှစ်ရှိခဲ့ပြီ။ သည်နှစ်မှပြန်မတွေ့ရလျှင်တော့ နှစ်နှစ်ပေါ့။ ထောင်သောင်းချီတဲ့လူတွေကြားမှာ ခင်ဗျားလက်ကို ကျွန်တော် ထပ်ဆွဲချင်သေးတယ်လေ။

လွန်ခဲ့သည့်နှစ်နှစ်က သူသည် ဆယ်တန်းအောင်ကာစ မနူးမနပ်ကလေးဖြစ်သည်။ ဖြစ်ရပ်များသည် တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် ရိုက်ခတ်သွားခဲ့လေသည်။အတွေးများက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နောက်ပြန်လွန်ဆွဲခဲ့လေသည်။

°°°°°°°

ဆယ်တန်းမပြီးခင်နှစ်များတွင် တန်ဆောင်တိုင်မီးပုံပျံပွဲသွားကြည့်ကြမည်ဆိုလျှင် လူကြီးတွေနှင့်သွားရသည်မို့မလွတ်လပ်။ အိမ်ကညီလေး၊ညီမလေး တွဲလောင်းလေးတွေကပါသေးသည်မို့ စိတ်ရှုပ်ခဲ့ရသည်။
ယခုမူတော့ ဆယ်တန်းပြီးသည်နှင့် သူငယ်ချင်းများနှင့်လည်ရမည့် ရွှေလိုတန်ဖိုးရှိသည့် ခွင့်ပြုချက်ကိုရခဲ့သည်။တန်ဆောင်တိုင်ကို စိတ်ကြိုက်လည်ခွင့်။

ဇာဏီ့ရဲ့အဖေကကူပြောပေးလို့လည်းပါသည်။
ထို့ကြောင့် သူတို့သူငယ်ချင်းအုပ်စု ဇာဏီသွေး၏အိမ်ကို ညအိပ်အဖြစ်ရောက်နေကြခြင်းပင်။
ဇာဏီတို့အိမ်က နှစ်တိုင်း မီးကျည် လွှတ်သည်။
ဇာဏီဟူသောနာမည်နှင့်ပင်။ သူ ဇာဏီ့ကိုအမြဲအားကျခဲ့ရသည်။ အမြဲကွင်းထဲထိ မီးပုံးပျံသွားလွှတ်ရသည့်အပြင် ဆုရလျှင်လည်း သူ့ကိုတက်ယူခိုင်းကြသည်။ ပွဲကလူသိပ်ကျပ်သည်။ ဆိုင်ကယ်နှင့်တောင်မနည်းဝင်ရသည်။ သို့ပေမဲ့ ဇာဏီတို့အိမ်က မီးပုံးပျံလွှတ်သည့်အဖွဲ့မို့ လမ်းကြောင်းသက်သက်ပေးထားသည်။ ထို့ကြောင့် လူအုပ်ကြီးကို တွန်းထိုးစရာမလိုပါပဲ အခန့်သားကွင်းလယ်ကိုရောက်မည်။ မနက်ဖြန်လည်းဇာဏီတို့အိမ်ကားနှင့်ကပ်လိုက်မည်မို့ အိပ်လို့တောင်မပျော်တော့ချေ။
မီးပုံးလုပ်သည့်အစ်ကိုများနှင့်ယမ်းဆင်သော အစ်ကိုများကလည်း ခြံထဲမှာ စကားပြောနေကြကာ တရုံးရုံးဖြင့် ဆူညံနေသည်။ ထိုလူငယ်အဖွဲ့က ဇာဏီ့အစ်ကိုတို့ လူငယ်အဖွဲ့။ မီးပုံးလုပ်သည့်အိမ်ကို သူငယ်ချင်းအပေါင်းအပါများက လာကူကြတာဟာ
သူတို့၏ဓလေ့ပင်။

"ဇာဏီ မင်းအိပ်ပြီလား"

သူဇာဏီ့ကိုလှမ်းခေါ်တော့ တစ်ဖက်ခြင်ထောင်ထဲက ဇာဏီက
"မအိပ်သေးဘူး။ငါ့ကောင်မလေးနဲ့စကားပြောနေတုန်း"

"ဪ .."
သူကျစ်ခနဲစုတ်သတ်လိုက်သည်။ ဆယ်တန်းအောင်တာခြင်းအတူတူ၊ ရုပ်ရှိတာခြင်းအတူတူ တောင်မှ ဇာဏီနှင့် ကျန်တဲ့ကောင်တွေက ရည်းစားတွေနဲ့။ လူကြီးတွေရဲ့မျက်စိဒေါက်ထောက်ကြည့်ခံရသည့်သူကတော့ ခုထိဂေါ်မစွံသေး။ သူကအရမ်းချောနေလို့များရည်းစားမရတာလားဟု ပြန်တွေးယူရသည်။
ဆယ်တန်းပြီးတော့ တစ်ဖက်သတ်ကြိုက်နေရသည့်ကောင်မလေးကို ဖွင့်ပြောခဲ့ပေမဲ့ ပြန်ရလာသည့်အဖြေက လွန်စွာ စိတ်ပျက်စရာပေါ့။
ဘာတဲ့...
"နင်နဲ့ငါ ယှဉ်သွားရင်တောင် နင်ကငါ့ထက်ပိုပြီး ချစ်စရာကောင်းနေမှာတဲ့။"

ဘယ်သူကများချွန်ပေးလိုက်လည်းမသိပါဘူး။
ချစ်စရာကောင်းတာမဟုတ်ဘူး Handsome ပါဆို။

"ရိန်း မင်းကကောမအိပ်သေးဘူးလား။"
(ရိန်း=Rain / မိုး ဆိုတဲ့အဓိပ္ပာယ်)
ဇာဏီကသူ့ကိုပြန်မေးသည်။

"အေး အိပ်မပျော်လို့တွေးနေတာ။မနက်ဖြန် မီးစာညှိတဲ့အထဲ ငါလည်းပါမယ်မလား"

"ဟာကွာ။ အဲ့ထိကတော့ အန္တရာယ်များပါတယ်ကွ။ ဘေးမှာပဲရပ်ကြည့်စမ်းပါ။ "

"ငါကအပြေးသန်ပါတယ်။ထားစမ်းပါ။ ငါရင်နာစရာပြောပြမလို့"

"အေးဘာလဲ"

"မနေ့က ဖွင့်ပွဲသွားတာကွာ အိမ်ကလူတွေနဲ့။ သိတဲ့အတိုင်း အိမ်ကလူတွေနဲ့ဆိုတော့ ခန်းမနားမှာပဲ ကားရပ်ကြည့်ရတာ။ အဲ့မှာ ဘေးကို အစ်မချောချောလေးတွေကလာရော။ ငါထင်တာ တခြားမြို့ကဖြစ်မယ်။ ရှေ့က အရုပ်ကြီး ကနေတာကို လက်ညိုးထိုးပြီး ဘာအကလဲမသိဘူးတဲ့၊ ငါလည်း ချောင်းဟန့်ပြီး 'တိုးနယား'အက လို့ပြောလိုက်ရော။"

"အမယ်.. လူတတ်ကြီးလုပ်နေတာပေါ့။ကြွေဆင်းသွားရောလား"

"ဘယ်နှယ့်... ကျေးဇူးပဲ ကလေးတဲ့၊ ငါ့မှာ နင်ပါနင်သွားတယ်။ ငါ့ကိုများကလေးတဲ့။"

သူဒေါသသံနှင့်ပြောနေရင်း ဇာဏီ၏ရယ်သွေးသံကိုကြားလိုက်ရသည်။
" အေးလေ မင်းက ကလေးရုပ်ပဲကို"

"လခွီးကို ကလေးရုပ်လား! ဒီလောက် ယောက်ျားပီသတာကို"

"အေးပါကွာ ယောက်ျားကြီးရာ။ မနက်ဖြန် ငါတို့ဆိုင်ကယ်နဲ့ပဲလိုက်မလားလို့၊ ကားနောက်ကနေအေးဆေးလိုက်ရုံပဲ"

သူ ပျော်ရွှင်စွာနှင့်လက်ခံလိုက်သည်။ အိမ်ကနေဆိုင်ကယ်ပါယူလာသေးတာပဲ။ ပွဲလမ်းက ရှုပ်ပေမဲ့
ပထမဆုံးအတွေ့အကြုံအဖြစ် ဆိုင်ကယ်နှင့်လိမ့်ရတော့မည်လေ... မလုပ်ဖူးတဲ့အရာတွေလုပ်ရမှာမို့
ပိုလို့တောင်တက်ကြွနေမိတော့သည်။

                             ×××××

ဇာဏီတို့ မီးပုံး လွှတ်မည့်ည...

အတွဲကိုယ်စီနှင့်သူငယ်ချင်းများကြောင့် သူ သွေးတိုးရသည်။
ကွင်းထဲကို ညဆယ်နာရီလောက်မှာရောက်သည်။
ညနက်လေ မီးကောင်းလေ...
သူတို့လွှတ်ရမည့် အလှည့်တော့မရောက်သေးချေ။ရှေ့က လွှတ်နေသည့်မီးပုံးကို စောင့်ရသည်။ မီးကျည် ပဲမို့ စပ်စပ်စုစု ရှေ့တိုးကြည့်သည်။
မီးပုံးတစ်ခုထောင်ရသည်မှာမလွယ်။ မီးနဲ့ဆော့ကစားရသည်မို့ ပိုပြီးဂရုစိုက်ရသည်။ မတော်တဆများ မီးပုံးကို လောင်သွားလျှင် ဘာမှလုပ်မရတော့ပေ။
ယခုအလုံးသည် ပအိုဝ်းများလွှတ်သောမီးလုံးဖြစ်ရမည်။ပအိုဝ်းဝတ်စုံတွေနဲ့လူများက ယမ်းခွေနားမှာ စုစုရုံးရုံး။သိပ်မကြာခင်မှာပဲ ထိုမီးပုံးသည်လည်း လေ ငြိမ်ငြိမ်နှင့်အတူ အပေါ်သို့ ခပ်ဖြည်းဖြည်း တက်သွားလေသည်။ ယမ်းခွေကနေကျဲဖြာကျလာသော မီးရှူးများကိုကြည့်ရင်း ဆန္ဒတစ်ခုပြည့်ဝသွားရသည်။ကွင်းထဲကလူတွေရဲ့သောင်းသောင်းဖျဖျအော်သံတွေကြားမှာ မပြုံးဘဲမနေနိုင်။
ရှေ့အဖွဲ့ပြီးတော့ ညဆယ့်တစ်နာရီထိုးနေပြီ။
လူကျဲသွားတာမျိုးမရှိ။ ပွဲကြိုက်သည်​့တောင်ကြီးသားများနှင့် တနယ်တစ်ကျေးကလာသည့်လူများက ဇွဲကောင်းလှသည်။ တချို့ဆိုလျှင်သန်းခေါင်ကျော်မှပွဲလာသူများလည်းရှိသည်။
မီးကျည်အများစုက သန်းခေါင်ဝန်းကျင်မှလွှတ်ကြတာများတာကြောင့်ပင်။

ဇာဏီတို့မီးအလှည့်ရောက်တော့ သူတို့တစ်ဖွဲ့လုံး
မီးပုံးလွှတ်ရမည့်နေရာကိုစုရုံးသွားကြသည်။
တစ်ဖွဲ့သားလုံး ဇာဏီဟု ရိုက်နှိပ်ထားသည့် အင်္ကျီများကိုဆင်တူဝတ်ဆင်ထားကြသည်။ပါးမှာလည်းစတေကာများကပ်ထားကြသည်။  ဤသည်က မီးပုံးလွှတ်မည့်အဖွဲ့သားများ၏အမှတ်အသားပင်။
ဗုံများ၊ လကွင်းခြမ်းများကိုင်ထားသူများကတော့ စပြီးတီးခတ်လေပြီ။ ဘယ်လောက်ပဲအန္တရာယ်များတယ်ဟုဆိုဆို၊ မီးပုံးလွှတ်မည့်မိသားစုကတော့ကလေးများကိုပင် ခေါ်လာကာ ဂုတ်ပေါ်တင်၍ ကွေးနေအောင်ကကြသည်။ဘေးလူကကြည့်ရင်တောင် အပျော်တွေကိုကူးစက်စေမည်မှာအမှန်ပင်။
ဇာဏီ့ အစ်ကိုတို့အုပ်စုကမီးပုံးကို စထောင်သည်။ ဖြည်းဖြည်းချင်းထောင်ရသည်။ ဘေးပတ်ပတ်လည်ကနေ မီးပုံးသားကို အသာကိုင်ထားရကာ မီးပုံးအပေါက်နေရာရှိ မီးစွဲရမည့်နေရာကို မီးပုံးသားနှင့်လွှတ်အောင်လည်း ကိုင်ထားရသည်။ မီးစညှိတော့ သူ့သဘာဝအတိုင်း မီးပုံးကတဖြည်းဖြည်းလေပြည့်လာသည်။

"ရိန်း ဂရုစိုက်"
ဇာဏီက မလှမ်းမကမ်းတွင် မီးပုံးကို ကိုင်နေရင်း သူ့ကိုသတိပေးသည်။

"စိတ်ချ"
သူစောက်ရမ်းစိတ်လှုပ်ရှားနေသည်။ သူ့လက်နှင့်မီးပုံးကိုကိုင်ရင်း လွှတ်တင်ရတော့မည်လေ။
ရာသီဥတုက ကိုယ့်ဘက်ပါသည် ဟူသောစကားအတိုင်းပါပဲ လေဟာငြိမ်သက်နေသည်။
မီးပုံး မှိုင်းဝကာ ကိုယ်ထည်အပြည့် အပေါ်သို့ တည့်တည့်ထောင်မတ်သွားသည်။မီးပုံးပေါ်ရေးဆွဲထားသည့် ကနုတ်ပန်းတွေဟာ သေသပ်စွာပေါ်လာတော့သည်။ စလိုက်မီးကလည်း မီးပုံးကို အလင်းအားကောင်းကောင်းဖြင့်ထိုးပေးနေသည်။
မီးပုံးတည့်မတ်သွားသည်က ပထမအဆင့်အောင်မြင်ခြင်း။ထို့ကြောင့် လူများ၏ လက်ခုပ်သံ၊လေချွန်သံများကို ခပ်စိတ်စိတ်ကြားလိုက်ရသည်။
မီးပုံးကိုလှမ်းရိုက်နေသည့် ဖုန်းအလင်းများကလည်း တစ်ကွင်းလုံးအပြည့်။

ယမ်းခွေကို စချိတ်သည်။ ယမ်းခွေအလေးချိန်ကပိုနေလျှင် မီးပုံးက မတက်နိုင်သည်များလည်းရှိသည်။ထိုအခါ ယမ်းခွေအဆင့်တချို့ကိုဖြုတ်ချခဲ့ရတတ်သည်။
ကံအားလျော်စွာနှင့် သူတို့မီးပုံးနှင့်ယမ်းခွေအလေးချိန်က အချိုးညီနေသည်။

"မီးညှိတော့မယ်"
ဇာဏီ့အစ်ကို ကိုလင်းရုံရဲ့အသံက စိတ်တက်ကြွမှုအပြည့်နှင့်...
ကိုလင်းရုံက ယမ်းခွေတစ်ဖက်ကို မီးညှိသည်။ သူ့သူငယ်ချင်းက မျက်နှာချင်းဆိုင် တစ်ဖက်ကို မီးညှိသည်။
အဖြူရောင် မီးပွားလေးများက ရေတံခွန်ကဲ့သို့ ယိုကျလာသလို မီးပုံးကိုလက်လွှတ်လိုက်သည်မို့ ဖြည်းဖြည်းချင်းဆန်တက်သွားသည်။

ဟေးခနဲ...အော်သံများနှင့်အတူ မျှော်လင့်ခြင်းအားကြီးစွာနှင့် မီးပုံးကို မော်ကြည့်နေသည့် မျက်ဝန်းပေါင်းထောင်သောင်းချီ...
မီးပုံးတစ်လုံးကို အပေါ်သို့ အောင်မြင်စွာလွှတ်တင်နိုင်ခြင်းက ဒုတိယအဆင့်အောင်မြင်ခြင်း။
သည် ဒုတိယတစ်ဆင့်နဲ့တင် အဖွဲ့သားတွေဟာရူးမတတ်ပျော်နေကြပြီ။
မီးရှူး တွေဖြာသင့်နေပြီ။
ဒါဆိုလျှင် နောက်ဆုံးအဆင့်အောင်မြင်ခြင်းပဲ။
အကုန်လုံးရင်တထိတ်ထိတ်နှင့် မီးရှူးကျဲဖို့ ဆုတောင်းနေကြသည်။
ယမ်းကတဆင့်ပြီး တဆင့်ကူးသွားသည်။
မိုးရွာသလိုကျဲချလိုက်တဲ့ ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း မီးရှူးများက Cinderella ကားထဲမှာ နတ်သမီးက Cinderella ကို ဂါဝန်လေး ဖန်တီးပေးလိုက်သည့်နှယ်။

ဇာဏီရဲ့ ဟေးခနဲအော်သံ...
ဗုံသံ မောင်းသံတွေကြားမှာ ကွေးနေအောင်ကကြသည့်အဖွဲ့သားများ။ လက်ခုပ်ဩဘာတီးပေးကြသည့် ကွင်းထဲကပွဲကြည့်ပရိတ်သတ်။
မီးရှူးများက မြေပြင်ပေါ် တဖြောက်ဖြောက်ကျနေပေမဲ့ အဲ့သည့်ကြားမှာပဲ ကခုန်နေကြသည်။
သည်ခံစားချက်ကိုပြောမပြတတ်အောင်ပင်။
ပျော်ရွှင်မှု၊ စိတ်တက်ကြွမှု၊အောင်မြင်မှု အသီးအပွင့်တွကို ချက်ချင်းရလိုက်သလိုပင်။
ဒါတောင် သူက မီးပုံးလုပ်တဲ့နေရာမှာ အများကြီးကူညီထားတဲ့လူမဟုတ်ဘူး။ ဇာဏီတို့လို လပေါင်းများစွာ စိတ်ရှည်လက်ရှည် ပြင်ဆင်ခဲ့တဲ့လူတွေအဖို့တော့ ပိုပြီးဝမ်းမြှောက်စရာ...

ကွင်းထဲမှာ အောင်ပွဲခံပြီး ကနေတာ အချိန် နာရီဝက်နီးပါးပင်။
ပြီးနောက် အသီးသီး ပြန်ကြဖို့ ပြင်လေသည်။ လူကြီးပိုင်းများက ကားပေါ်သို့ပြန်တက်သွားကြသည်။ ကိုလင်းရုံတို့လူငယ်တွေက မပြန်ကြသေး။ ပွဲလည်ဖို့ နေခဲ့ကြသည်။
ဇာဏီက သူ့ကို လက်တို့ကာ

"ရိန်း။မင်းပြန်ချင်ရင် အမေတို့နဲ့လိုက်သွားလေ"

"ပြန်စရာလား"

"အေး ငါ့ကောင်မလေးက မုန့်စားချင်လို့တဲ့ ၊ သွားဝယ်ပေးလိုက်ဦးမယ် လိုက်မလား။"

" Third wheel ဖြစ်အောင်လုပ်မနေနဲ့"

" ဒါဆို ကွင်းထဲမှာပဲစောင့်မလား။"

"အေး !"

"အိုကေ.. မတွေ့ရင်ဖုန်းဆက်လိုက်မယ်"

ဇာဏီတို့ထွက်သွားတော့ တခြားလူတွေကို ကျီးကန်းတောင်းမှောက်ရှာလိုက်မိသည်။
သောက်ကျိုးနည်းကို ရည်းစားတွေနဲ့လစ်ထွက်သွားတော့တာပဲ။
မလှမ်းမကမ်းမှာ ကိုလင်းရုံတို့အုပ်စုကိုတွေ့ပေမဲ့လည်း လက်ပွန်းတတီးအရမ်းရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်တာမို့ တသီးတသန့်သာ ရပ်နေလိုက်တော့သည်။

ခေတ္တခဏအကြာမှာ နောက်ထပ်မီးပုံး တစ်လုံးထောင်သည်။စိန်နားပန်အလုံးဖြစ်သည်။ မိန်းကလေးတစ်ယောက်ကြာပန်းကိုင်ထားသည့် အောက်ဆွဲနှင့် လက်ရာမြှောက်သောမီးပုံးပါပင်။
ထိုမီးပုံးကလည်း လျောလျောရှူရှူ တက်သွားပြန်သည်။ ဒီနေ့ ည လေသိပ်ငြိမ်တာနေတာပဲ။
သို့ထိတိုင် ဇာဏီကပြန်မလာသေး။ ဘေးဘီကြည့်လိုက်ပြန်တော့ ကိုလင်းရုံတို့ကိုပါမတွေ့တော့။ ပွဲခင်းထဲ သူ့တစ်ယောက်တည်းကျန်ခဲ့သလိုဖြစ်နေသည်။

ထိုအချိန်မှာပဲ ဇာဏီကဖုန်းဆက်သည်။
သူ့ကောင်မလေး အိမ်က အတင်းပြန်ခေါ်နေတာမို့လိုက်ပို့နေသည်တဲ့။နေရာမှာပဲစောင့်တဲ့လေ။ ယီးပဲလို့စိတ်ထဲကနေအော်ဆဲလိုက်မိသည်။
မီးပုံးပျံကွင်းဆိုတာက သူ့အတွက်တော့ မျက်စိမှိတ်ပြီးသွားလို့ရတဲ့နေရာ။ သို့ပေမဲ့ တစ်ယောက်တည်းကျန်ခဲ့ရတာတော့ ခံစားချက်သိပ်မကောင်းလှပေ။
အရေးထဲ ပါလာသည့်ပိုက်ဆံကို အင်္ကျီအိတ်ကပ်မပါသည်နှင့် ဇာဏီ့ ဂျာကင်ထဲ ခဏထည့်ထားမိသည်လေ။

"လမ်းလေးနည်းနည်းလောက်.."

ဘေးကနေ ကောင်မလေးတစ်ယောက်ကို လက်ဆွဲလာသည့်ကောင်လေးက သူ့ကို တွန်းဖယ်လာသည်မို့ အလိုက်တသိပင် အနောက်သို့ဆုတ်ပေးလိုက်သည်။

အို...​ေလာကကြီးမကောင်းပါ။အတွဲတွေနဲ့မျက်စိရှုပ်စရာ...

သူအနောက်ဆုတ်ပေးလိုက်တုန်း ကျောက်တုံးကို မမြင်ပါဘဲ ခြေယိုင်သွားရကာ အနောက်သို့လှန်သွားပေမဲ့ ထုထည်ကြီးမားသည့်အရာတစ်ခုက တောင့်တောင့်တင်းတင်းရှိနေသည်မို့ လဲကျသည်အထိမဖြစ်။ ထိုထုထည်ကား လူတစ်ယောက်မှန်း သူသိလိုက်သောအခါ ချက်ချင်းပင် လှည့်ပြီးတောင်းပန်စကားဆိုလိုက်ရသည်။

"ဆောရီးဗျာ...ဆောရီး"

တဆက်တည်းမှာပါ အနည်းငယ်တန့်သွားရသည်။ အစကနဦးက ထိုလူကို ကမူကုန်းမြင့်မှာရှိနေတာမို့မော့ကြည့်လိုက်ရသည်ဟု ထင်လိုက်ပေမဲ့ လက်တွေ့မှာတော့ မြေပြင်ဟာ တပြေးညီ။
အရပ်ခြောက်ပေကျော်တဲ့ဘဲကြီးတစ်ပွေပေါ့။

သူ့အရပ်က ငါးပေးရှစ်လောက်သာရှိသည်မို့ သူ့ထက်သိသိသာသာမြင့်နေသည့်ထိုလူက သေချာပေါက်ကို ခြောက်ပေကျော်မှာပဲ။ အနေအထားအရလည်း အရပ်နှင့်ခန္ဓာကိုယ်က လိုက်ဖက်နေသည်။

"ရပါတယ်.."

သူ ထိုလူ့ကို ခွဲခြမ်းစိတ်ဖြာခြင်းမပြုတော့ဘဲ ချက်ချင်းပြန်လှည့်လိုက်သည်။
ဇာဏီ့ကို သူ့ထက်အရပ်ရှည်လှပြီမှတ်နေတာ။
အမြဲကိုယ့်ကိုယ်ကိုယ် ပါးစပ်ကတဖွဖွပြောလာမိသည့် Handsome ဖြစ်တာပါဟူသောစကားကလည်း သိပ်မမှန်တော့သလိုပဲ။

သို့သော် သူ့အာရုံများက မီးပုံးထောင်နေသည့်အပေါ်အာရုံရောက်သွားပြန်သည်။
နာမည်ကြီးတဲ့မီးပဲ...
ယမ်းခွေကိုကြည့်ရင်း သူမျက်ခုံးလည်းပင့်သွားရသည်။
ဒါကြီးက မလေးလွန်းဘူးလား။ နိုင်ပါ့မလား ဆိုသည့်အတွေးများဝင်လာပေမဲ့ မီးဆရာလောက် သူကသိနိုင်မလား။ ထို့ကြောင့် သက်တောင့်သက်သာပင်ပြန်တွေးလိုက်ရတော့သည်။ နိုင်မှာပါ။

(မီးဆရာ- ယမ်းခွေဆင်တဲ့လူ)

သန်းခေါင်ကျော်ပြီမို့ လေကတဖြူးဖြူးနှင့် စိမ့်တက်လာသည်။
ပင်လယ်ဓားပြလှေကြီးကလည်း အပေါ်တက်လိုက် ပြန်ကျလိုက်၊ ချားရဟတ်ဟာလည်း ပုံမှန်လည်နေသလို၊ပွဲခင်းစျေးထဲမှာလည်း လူပေါင်းစုံက ဆော့ကစားနည်းပေါင်းစုံနှင့်ပျော်မြူးနေကြမှာအမှန်ပင်။

မီးပုံးစလွှတ်သည်။
အောက်ဆွဲဟာသိသိသာသာလေးနေသည်။
သူထိတ်ခနဲဖြစ်သွားရတာတော့အမှန်။ အောက်ဆွဲလေးရင်ပြတ်ကျတတ်သည်၊ပြတ်ကျရင် မီးပုံးမီးလောင်မည်။ ထိုအခါ ယမ်းတွေကမြေပေါ်ကျကာ မြေမှာပဲ မီးရှူတွေကျဲရင် လူထိမည်။ ယမ်းခွေမီးစွပ်ရင် လူပါ မီးလောင်တတ်သည်။

အောက်ဆွဲမနိုင်တော့ တဆင့်ဖြုတ်ချလိုက်လေသည်။ ထိုအခါမှ သူသက်ပြင်းချရတော့သည်။

မီးပုံးက တက်သွားတော့ ဘုံသံတွေထွက်လာပြန်သည်။ လူတွေကလည်း အော်ဟစ်ကြသည်။

သူမီးပုံးသွားရာကို တဖြည်းဖြည်းကြည့်နေရင်း မီးခိုးတွေအူတက်လာသည်ကို သတိထားမိလိုက်သည်။
လေက သူတို့ရှိရာကိုယိမ်းသည်။ မီးပုံးကလည်းလေယိမ်းရာလာနေသည်။

မဟန်တော့ဘူး။ မီးပုံးမီးလောင်နေပြီ။ တအိအိနှင့်မြေပေါ်သို့ပြန်ကျလာ၏။
​ေနရာရှိလူတွေကပြေးကြသည်။
သူလည်း တစ်ဖက်သို့လစ်ပြေးသည်။

ရုတ်တရက်ပါပဲ ထိုအခြေအနေမှာ မပြေးဘဲရပ်နေသည့်လူကိုတွေ့လိုက်ရပြန်သည်။

ခုနက​ ထောက်တိုင်ကြီး!
ငလူးထဲမှ ဒီလူကမပြေးဘဲ ဘာလုပ်နေတာလဲ…

သူနှစ်ခါမစဉ်းစားတော့ဘဲ ထိုလူ၏လက်ကိုပြေးဆွဲသည်။
ကံသီစွာပါပဲ နေရာ၏မနီးမဝေးကိုမီးကွင်းကျလာလေသည်။

"ပြေးလေ  ဘာလုပ်နေတာလဲ"

သူကလက်ဆွဲနေတာတောင်တောင့်တောင့်ကြီးပါလာသည့်လူကို စိတ်မရှည်ဟန်ပြောလိုက်တော့
ထိုလူရဲ့လက်တွေက သူ့လက်ဖဝါးကိုတင်းတင်းပြန်ဆုပ်ကိုင်လာသည်။

ပြီးသည့်နောက်တွင်တော့ ထိုလူက လူတွေကြားတိုးတိုက်ပြီး သူ့ကိုဦးဆောင်ကာပင် လွတ်မည့်နေရာသို့ခေါ်သွားတော့သည်။

နေပါဦး။ အခုဦးဆောင်ပြီးပြေးနေတာက သူလား။ငါလား?
°°°°°°

Zawgyi

အဝေရာတမ်းချင်း-၁

(အစကိုမဖတ္ခင္မွာ ေတာင္ႀကီးတန္ေဆာင္တိုင္ရဲ့အေခၚအေဝၚ နဲ႔ အေၾကာင္းအရာေလးေတြကိုအရင္ဖတ္ေပးပါ။
တန္ေဆာင္မုန္းလျပၫ့္ေန့မတိုင္ခင္ ကိုးရက္အလိုေလာက္မွာ ေတာင္ႀကီးၿမိဳ႔ရဲ့ အစဉ္အလာအရ တန္ေဆာင္တိုင္ မီးပံုးပ်ံလႊတ္ပဲြက်င္းပပါတယ္။
ရည္ရြယ္ခ်က္ကေတာ့ ဘာသာေရးအရ မီးပူေဇာ္သလိုပါပဲ။
မီးပံုးအႀကီးႀကီးလႊတ္ၿပီးပူေဇာ္သလိူပါပဲ။ေနာက္ေတာ့ လံုးဝ ရိုးရာအစဉ္အလာျဖစ္သြားတာေပါ့။

ေတာင္ႀကီးၿမိဳ႔မွာ အေဝရာမီးပံုးပ်ံကြင္းဆိုၿပီးရိွပါတယ္ မီးပံုးလႊတ္ဖို႔သီးသန႔္ ေျမေနရာအက်ယ္ႀကီးပါ။
ပဲြကဆယ္ရက္က်င္းပပါတယ္။
အစရက္က ဖြင့္ပဲြရက္၊အဆံုးရက္ကပိတ္ပဲြရက္။ၾကားရက္ထဲ ေန့တိုင္းမီးပံုးပ်ံလႊတ္ပါတယ္။
ပဲြမစခင္မွာ ခ်ားရဟတ္ေတြ၊ အရုပ္ပစ္တဲ့ကစားနည္းေတြပင္လယ္ဓားျပေတြ၊ ေစ်းေရာင္းဖို႔ ေနရာေတြအရင္ျပင္ဆင္ခင္းက်င္းၾကတယ္။

ကြင္းကက်ယ္ေတာ့ အဲ့လို ကစားဖို႔၊အစားအေသာက္ေတြေရာင္းဖို႔လည္း သတ္မွတ္ေပးထားတဲ့ေနရာရိွတယ္။ ၿပီးရင္ ပဲြလာတဲ့လူေတြကေတာ့ ေျမေနရာအလြတ္ေတြရိွတယ္။ ထိုင္ခံုေတြနဲ႔ၾကၫ့္လို႔မရဘူး🤣🤣
မီးပံုးပ်ံကအႏၲရာယ္မ်ားတာမို႔ေလ ေျပးရင္လည္းေျပးရတာ။
ဒိုင္ၾကၫ့္တဲ့စင္ေတြလည္းရိွတယ္။ လူေတြကေတာ့ ဆာလာအိတ္ခင္း၊အိမ္ကယူလာတဲ့ဖ်ာေတြခင္းၾက၊တခ်ိဳ႕ကကားရပ္ထားတဲ့ေနရာေတြမွာပဲၾကၫ့္ၾကတယ္။

ေန့လႊတ္နဲ႔ညလႊတ္ဆိုၿပီးရိွတယ္။ေန့လႊတ္က ေန့လယ္ ၁၁နာရီေလာက္က​ေန ညေန၄နာရီေလာက္ထိ။ အရုပ္ေတြလႊတ္ၾကတယ္။ ဟသၤာရုပ္၊ဆင္ရုပ္၊ကၽဲြရုပ္၊ႏြားရုပ္ etc..။

ညဆို မီးက်ည္နဲ႔ စိန္နားပန္ဆိုၿပီးလႊတ္တယ္။ အရမ္းအေသးစိတ္ရပါတယ္။ေန့လႊတ္ျဖစ္ျဖစ္၊ညလႊတ္ျဖစ္ျဖစ္။
စိန္နားပန္ေတြက ညအေစာပိုင္း၊မီးက်ည္က ညနက္ သန္းေခါင္ဝန္းက်င္လႊတ္ၾကတာမ်ားတယ္။

စိန္နားပန္ကေတာ့ မီးပံုးမွာ ပံုေဖာ္ထားသလို အေသးစိတ္ မီးေတြလိုက္ထြန္းရတာ။ေအာက္ဆဲြပါတယ္။

မီးက်ည္က မီးပံုးမွာအရုပ္ေတြဆဲြတာ။ ဘုရားပံု၊ဒါမွမဟုတ္ကႏုတ္။အမ်ိဳးမ်ိဳးပဲ။မီးက်ည္ဆိုတဲ့အတိုင္း
ေအာက္ဆဲြက ယမ္းေတြနဲ႔ဆင္ထားတာ။
အႏၲရာယ္မ်ားပါတယ္ တခ်ိဳ႕ဆို ယမ္းေထာင္းရင္း ေပါက္ကဲြတာ၊ ဒါမွမဟုတ္ အိမ္မီးေလာင္တာမ်ိဳး ျဖစ္ေနက်ပါ။
ေနာက္ဆံုးမွာ ဆုေပးေပမဲ့ ဆုေၾကးနဲ႔ တကယ့္ကုန္က်ေငြကမကာမိပါဘူး။ အကုန္လံုးက ဝါသနာပါလို႔လႊတ္တာမို႔ပါ။
အနည္းဆံုး မီးက်ည္ဆိုရင္ သိန္းကို ဆယ္နဲ႔ခ်ီကုန္ပါတယ္။ (may be 30​ေလာက္ျဖစ္မယ္)

ၿပီးရင္အေခၚအေဝၚ-
မီးပံုးပ်ံလို႔ သိပ္မေခၚပါဘူး။ မီး လို႔ေခၚတယ္။
မီးပံုးပ်ံတိုင္းကလည္းနာမည္ရိွတယ္။
ဥပမာ- လူပဲ့မီး၊ တိမ္ယံမီး၊ ေရႊေတာင္ရိုးမီး။
"ဒီေန့ဘာမီးလဲ?မီးေကာင္းလား"
အဲ့လိုေပါ့။
အခုေရးျပတဲ့ မီးေတြက တကယ့္နာမည္ႀကီးမီးေတြပါ။ က်န္တာေတြလည္း တကယ္မိုက္ပါတယ္။
ကြင္းလယ္မွာလႊတ္ၾကတာပါ။တစ္ႏွစ္ကဆိုရင္ အႏၲရာယ္မ်ားလို႔ လႊတ္မဲ့လူေတြသာဝင္ဖို႔ေျပာေပမဲ့လည္း ေတာင္ႀကီးသားေတြက အနီးကပ္ၾကၫ့္ရတာ အရမ္းႀကိဳက္တာပါ။ အႏၲရာယ္ေတာ့မ်ားတယ္။ဒါေပမဲ့ အရမ္းမိုက္ပါတယ္။ဘာနဲ႔မွမတူဘူး။
မီးေဘးေၾကာင့္ မီးသတ္ကားေတြကလည္းေဘးကေနအဆင္သင့္ပါ။ အရမ္းေၾကာက္မသြားၾကပါနဲ႔ ။ foreigners ေတြလည္း camera တကားကားနဲ႔အနီးကပ္ၾကၫ့္ၾကတယ္။
အဖိတ္ေန့နဲ႔ လျပၫ့္ေန့ဆို လူအရမ္းစည္ပါတယ္။ တစ္ခါတေလလူတိုးလို႔ ျပားမတတ္။🤣
မလႊတ္ခင္ အစမ္းေထာင္ပါတယ္။ ပံုေတြၾကၫ့္ပါ)

Part(1)

✳ေဝဆာပြင့္ဖူးလွပေနတဲ့ မီးေရာင္စံုမ်ားက

ေတာင္ေပၚေျမရဲ့ေဆာင္းလေလးမွာ ငါတို႔ပဲြေတာ္ည

ႏွင္းမႈန္ၾကားမွာေလ်ွာက္လည္ၾကမယ္ ...

အေရာက္သာလာခဲ့ပါ တန္ေဆာင္တိုင္မီးပံုးပဲြေတာ္မွ

ၾကယ္ေတြစံုတဲ့မိုးေကာင္ကင္ဟာ လွခ်င္တဲ့အတိုင္းလွ...
အေဖာ္ေတြစံုတဲ့ မီးပံုပဲြမွာကခ်င္တဲ့အတိုင္းက...

မီးက်ည္ေလးေတြလိပ္ျပာေလးလို ဝဲပ်ံေနတဲ့ည
စိန္နားပန္မီးပံုးေလးရဲ့အလွ...
//
ပဲြေတာ္ည ပဲြေတာ္ည..ေဟး
အိုးစည္ဗံုေမာင္းတီးလို႔က..
ပဲြေတာ္ည ပဲြေတာ္ည...
တို႔ရွမ္းျပည္ကတို႔ရိုးရာ...
ပဲြေတာ္ည ပဲြေတာ္ည...ေဟး
ေဆြးစရာေတြလည္းထားခဲ့ၾက
ပဲြေတာ္ည ပဲြေတာ္ည...
ေတာင္ႀကိးကိုအေရာက္လွမ္းခဲ့ၾက...❇

ၿခံထဲက Sound box ဆီကေန လြင့္လာသၫ့္ ပဲြေတာ္ည ဆိုသၫ့္သီခ်င္းသည္ သူ႔ရဲ့ညတာကို ပိုရွည္ေစသည္။တန္ေဆာင္တိုင္ေရာက္ခါနီးတိုင္း သူ႔ရဲ့အတိတ္က ခံစားခ်က္မ်ားက မီးဖိုေပၚကဒယ္အိုးအဖံုးကိုဖြင့္စဉ္ ထြက္လာသၫ့္အေငြ့မ်ားႏွယ္ တလူလူျဖစ္ေနဆဲ။ ႏွစ္ႏွစ္ေတာင္ရိွၿပီ။ တကယ္ကို ႏွစ္ႏွစ္ရိွခဲ့ၿပီ။ သည္ႏွစ္မျွပန္မေတြ့ရလ်ွင္ေတာ့ ႏွစ္ႏွစ္ေပါ့။ ေထာင္ေသာင္းခ်ီတဲ့လူေတြၾကားမွာ ခင္ဗ်ားလက္ကို ကၽြန္ေတာ္ ထပ္ဆဲြခ်င္ေသးတယ္ေလ။

လြန္ခဲ့သၫ့္ႏွစ္ႏွစ္က သူသည္ ဆယ္တန္းေအာင္ကာစ မႏူးမနပ္ကေလးျဖစ္သည္။ ျဖစ္ရပ္မ်ားသည္ တန္ေဆာင္တိုင္ မီးပံုးပ်ံပဲြတြင္ ရိုက္ခတ္သြားခဲ့ေလသည္။အေတြးမ်ားက အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေနာက္ျပန္လြန္ဆဲြခဲ့ေလသည္။

°°°°°°°

ဆယ္တန္းမၿပီးခင္ႏွစ္မ်ားတြင္ တန္ေဆာင္တိုင္မီးပံုပ်ံပဲြသြားၾကၫ့္ၾကမည္ဆိုလ်ွင္ လူႀကီးေတြႏွင့္သြားရသည္မို႔မလြတ္လပ္။ အိမ္ကညီေလး၊ညီမေလး တဲြေလာင္းေလးေတြကပါေသးသည္မို႔ စိတ္ရႈပ္ခဲ့ရသည္။
ယခုမူေတာ့ ဆယ္တန္းၿပီးသည္ႏွင့္ သူငယ္ခ်င္းမ်ားႏွင့္လည္ရမည့္ ေရႊလိုတန္ဖိုးရိွသၫ့္ ခြင့္ျပဳခ်က္ကိုရခဲ့သည္။တန္ေဆာင္တိုင္ကို စိတ္ႀကိဳက္လည္ခြင့္။

ဇာဏီ့ရဲ့အေဖကကူေျပာေပးလို႔လည္းပါသည္။
ထို႔ေၾကာင့္ သူတို႔သူငယ္ခ်င္းအုပ္စု ဇာဏီေသြး၏အိမ္ကို ညအိပ္အျဖစ္ေရာက္ေနၾကျခင္းပင္။
ဇာဏီတို႔အိမ္က ႏွစ္တိုင္း မီးက်ည္ လႊတ္သည္။
ဇာဏီဟူေသာနာမည္ႏွင့္ပင္။ သူ ဇာဏီ့ကိုအၿမဲအားက်ခဲ့ရသည္။ အၿမဲကြင္းထဲထိ မီးပံုးပ်ံသြားလႊတ္ရသၫ့္အျပင္ ဆုရလ်ွင္လည္း သူ႔ကိုတက္ယူခိုင္းၾကသည္။ ပဲြကလူသိပ္က်ပ္သည္။ ဆိုင္ကယ္ႏွင့္ေတာင္မနည္းဝင္ရသည္။ သို႔ေပမဲ့ ဇာဏီတို႔အိမ္က မီးပံုးပ်ံလႊတ္သၫ့္အဖဲြ႔မို႔ လမ္းေၾကာင္းသက္သက္ေပးထားသည္။ ထို႔ေၾကာင့္ လူအုပ္ႀကီးကို တြန္းထိုးစရာမလိုပါပဲ အခန႔္သားကြင္းလယ္ကိုေရာက္မည္။ မနက္ျဖန္လည္းဇာဏီတို႔အိမ္ကားႏွင့္ကပ္လိုက္မည္မို႔ အိပ္လို႔ေတာင္မေပ်ာ္ေတာ့ေခ်။
မီးပံုးလုပ္သၫ့္အစ္ကိုမ်ားႏွင့္ယမ္းဆင္ေသာ အစ္ကိုမ်ားကလည္း ၿခံထဲမွာ စကားေျပာေနၾကကာ တရံုးရံုးျဖင့္ ဆူညံေနသည္။ ထိုလူငယ္အဖဲြ႔က ဇာဏီ့အစ္ကိုတို႔ လူငယ္အဖဲြ႔။ မီးပံုးလုပ္သၫ့္အိမ္ကို သူငယ္ခ်င္းအေပါင္းအပါမ်ားက လာကူၾကတာဟာ
သူတို႔၏ဓေလ့ပင္။

"ဇာဏီ မင္းအိပ္ၿပီလား"

သူဇာဏီ့ကိုလွမ္းေခၚေတာ့ တစ္ဖက္ျခင္ေထာင္ထဲက ဇာဏီက
"မအိပ္ေသးဘူး။ငါ့ေကာင္မေလးနဲ႔စကားေျပာေနတုန္း"

"ဪ .."
သူက်စ္ခနဲစုတ္သတ္လိုက္သည္။ ဆယ္တန္းေအာင္တာျခင္းအတူတူ၊ ရုပ္ရိွတာျခင္းအတူတူ ေတာင္မွ ဇာဏီႏွင့္ က်န္တဲ့ေကာင္ေတြက ရည္းစားေတြနဲ႔။ လူႀကီးေတြရဲ့မ်က္စိေဒါက္ေထာက္ၾကၫ့္ခံရသၫ့္သူကေတာ့ ခုထိေဂၚမစြံေသး။ သူကအရမ္းေခ်ာေနလို႔မ်ားရည္းစားမရတာလားဟု ျပန္ေတြးယူရသည္။
ဆယ္တန္းၿပီးေတာ့ တစ္ဖက္သတ္ႀကိဳက္ေနရသၫ့္ေကာင္မေလးကို ဖြင့္ေျပာခဲ့ေပမဲ့ ျပန္ရလာသၫ့္အေျဖက လြန္စြာ စိတ္ပ်က္စရာေပါ့။
ဘာတဲ့...
"နင္နဲ႔ငါ ယွဉ္သြားရင္ေတာင္ နင္ကငါ့ထက္ပိုၿပီး ခ်စ္စရာေကာင္းေနမွာတဲ့။"

ဘယ္သူကမ်ားခၽြန္ေပးလိုက္လည္းမသိပါဘူး။
ခ်စ္စရာေကာင္းတာမဟုတ္ဘူး Handsome ပါဆို။

"ရိန္း မင္းကေကာမအိပ္ေသးဘူးလား။"
(ရိန္း=Rain / မိုး ဆိုတဲ့အဓိပၸာယ္)
ဇာဏီကသူ႔ကိုျပန္ေမးသည္။

"ေအး အိပ္မေပ်ာ္လို႔ေတြးေနတာ။မနက္ျဖန္ မီးစာၫွိတဲ့အထဲ ငါလည္းပါမယ္မလား"

"ဟာကြာ။ အဲ့ထိကေတာ့ အႏၲရာယ္မ်ားပါတယ္ကြ။ ေဘးမွာပဲရပ္ၾကၫ့္စမ္းပါ။ "

"ငါကအေျပးသန္ပါတယ္။ထားစမ္းပါ။ ငါရင္နာစရာေျပာျပမလို႔"

"ေအးဘာလဲ"

"မေန့က ဖြင့္ပဲြသြားတာကြာ အိမ္ကလူေတြနဲ႔။ သိတဲ့အတိုင္း အိမ္ကလူေတြနဲ႔ဆိုေတာ့ ခန္းမနားမွာပဲ ကားရပ္ၾကၫ့္ရတာ။ အဲ့မွာ ေဘးကို အစ္မေခ်ာေခ်ာေလးေတြကလာေရာ။ ငါထင္တာ တျခားၿမိဳ႔ကျဖစ္မယ္။ ေရ႔ွက အရုပ္ႀကီး ကေနတာကို လက္ညိုးထိုးၿပီး ဘာအကလဲမသိဘူးတဲ့၊ ငါလည္း ေခ်ာင္းဟန႔္ၿပီး 'တိုးနယား'အက လို႔ေျပာလိုက္ေရာ။"

"အမယ္.. လူတတ္ႀကီးလုပ္ေနတာေပါ့။ႂကြေဆင္းသြားေရာလား"

"ဘယ္ႏွယ့္... ေက်းဇူးပဲ ကေလးတဲ့၊ ငါ့မွာ နင္ပါနင္သြားတယ္။ ငါ့ကိုမ်ားကေလးတဲ့။"

သူေဒါသသံႏွင့္ေျပာေနရင္း ဇာဏီ၏ရယ္ေသြးသံကိုၾကားလိုက္ရသည္။
" ေအးေလ မင္းက ကေလးရုပ္ပဲကို"

"လခီြးကို ကေလးရုပ္လား! ဒီေလာက္ ေယာက္်ားပီသတာကို"

"ေအးပါကြာ ေယာက္်ားႀကီးရာ။ မနက္ျဖန္ ငါတို႔ဆိုင္ကယ္နဲ႔ပဲလိုက္မလားလို႔၊ ကားေနာက္ကေနေအးေဆးလိုက္ရံုပဲ"

သူ ေပ်ာ္ရႊင္စြာႏွင့္လက္ခံလိုက္သည္။ အိမ္ကေနဆိုင္ကယ္ပါယူလာေသးတာပဲ။ ပဲြလမ္းက ရႈပ္ေပမဲ့
ပထမဆံုးအေတြ့အႄကံုအျဖစ္ ဆိုင္ကယ္ႏွင့္လိမ့္ရေတာ့မည္ေလ... မလုပ္ဖူးတဲ့အရာေတြလုပ္ရမွာမို႔
ပိုလို႔ေတာင္တက္ႂကြေနမိေတာ့သည္။

                             ×××××

ဇာဏီတို႔ မီးပံုး လႊတ္မၫ့္ည...

အတဲြကိုယ္စီႏွင့္သူငယ္ခ်င္းမ်ားေၾကာင့္ သူ ေသြးတိုးရသည္။
ကြင္းထဲကို ညဆယ္နာရီေလာက္မွာေရာက္သည္။
ညနက္ေလ မီးေကာင္းေလ...
သူတို႔လႊတ္ရမၫ့္ အလွၫ့္ေတာ့မေရာက္ေသးေခ်။ေရ႔ွက လႊတ္ေနသၫ့္မီးပံုးကို ေစာင့္ရသည္။ မီးက်ည္ ပဲမို႔ စပ္စပ္စုစု ေရ႔ွတိုးၾကၫ့္သည္။
မီးပံုးတစ္ခုေထာင္ရသည္မွာမလြယ္။ မီးနဲ႔ေဆာ့ကစားရသည္မို႔ ပိုၿပီးဂရုစိုက္ရသည္။ မေတာ္တဆမ်ား မီးပံုးကို ေလာင္သြားလ်ွင္ ဘာမွလုပ္မရေတာ့ေပ။
ယခုအလံုးသည္ ပအိုဝ္းမ်ားလႊတ္ေသာမီးလံုးျဖစ္ရမည္။ပအိုဝ္းဝတ္စံုေတြနဲ႔လူမ်ားက ယမ္းေခြနားမွာ စုစုရံုးရံုး။သိပ္မၾကာခင္မွာပဲ ထိုမီးပံုးသည္လည္း ေလ ၿငိမ္ၿငိမ္ႏွင့္အတူ အေပၚသို႔ ခပ္ျဖည္းျဖည္း တက္သြားေလသည္။ ယမ္းေခြကေနက်ဲျဖာက်လာေသာ မီးရႉးမ်ားကိုၾကၫ့္ရင္း ဆႏၵတစ္ခုျပၫ့္ဝသြားရသည္။ကြင္းထဲကလူေတြရဲ့ေသာင္းေသာင္းဖ်ဖ်ေအာ္သံေတြၾကားမွာ မႃပံုးဘဲမေနႏိုင္။
ေရ႔ွအဖဲြ႔ၿပီးေတာ့ ညဆယ့္တစ္နာရီထိုးေနၿပီ။
လူက်ဲသြားတာမ်ိဳးမရိွ။ ပဲြႀကိဳက္သည္​့ေတာင္ႀကီးသားမ်ားႏွင့္ တနယ္တစ္ေက်းကလာသၫ့္လူမ်ားက ဇဲြေကာင္းလွသည္။ တခ်ိဳ႕ဆိုလ်ွင္သန္းေခါင္ေက်ာ္မွပဲြလာသူမ်ားလည္းရိွသည္။
မီးက်ည္အမ်ားစုက သန္းေခါင္ဝန္းက်င္မွလႊတ္ၾကတာမ်ားတာေၾကာင့္ပင္။

ဇာဏီတို႔မီးအလွၫ့္ေရာက္ေတာ့ သူတို႔တစ္ဖဲြ႔လံုး
မီးပံုးလႊတ္ရမၫ့္ေနရာကိုစုရံုးသြားၾကသည္။
တစ္ဖဲြ႔သားလံုး ဇာဏီဟု ရိုက္ႏိွပ္ထားသၫ့္ အက်ႌမ်ားကိုဆင္တူဝတ္ဆင္ထားၾကသည္။ပါးမွာလည္းစေတကာမ်ားကပ္ထားၾကသည္။  ဤသည္က မီးပံုးလႊတ္မၫ့္အဖဲြ႔သားမ်ား၏အမွတ္အသားပင္။
ဗံုမ်ား၊ လကြင္းျခမ္းမ်ားကိုင္ထားသူမ်ားကေတာ့ စၿပီးတီးခတ္ေလၿပီ။ ဘယ္ေလာက္ပဲအႏၲရာယ္မ်ားတယ္ဟုဆိုဆို၊ မီးပံုးလႊတ္မၫ့္မိသားစုကေတာ့ကေလးမ်ားကိုပင္ ေခၚလာကာ ဂုတ္ေပၚတင္၍ ေကြးေနေအာင္ကၾကသည္။ေဘးလူကၾကၫ့္ရင္ေတာင္ အေပ်ာ္ေတြကိုကူးစက္ေစမည္မွာအမွန္ပင္။
ဇာဏီ့ အစ္ကိုတို႔အုပ္စုကမီးပံုးကို စေထာင္သည္။ ျဖည္းျဖည္းခ်င္းေထာင္ရသည္။ ေဘးပတ္ပတ္လည္ကေန မီးပံုးသားကို အသာကိုင္ထားရကာ မီးပံုးအေပါက္ေနရာရိွ မီးစဲြရမၫ့္ေနရာကို မီးပံုးသားႏွင့္လႊတ္ေအာင္လည္း ကိုင္ထားရသည္။ မီးစၫွိေတာ့ သူ႔သဘာဝအတိုင္း မီးပံုးကတျဖည္းျဖည္းေလျပၫ့္လာသည္။

"ရိန္း ဂရုစိုက္"
ဇာဏီက မလွမ္းမကမ္းတြင္ မီးပံုးကို ကိုင္ေနရင္း သူ႔ကိုသတိေပးသည္။

"စိတ္ခ်"
သူေစာက္ရမ္းစိတ္လႈပ္ရွားေနသည္။ သူ႔လက္ႏွင့္မီးပံုးကိုကိုင္ရင္း လႊတ္တင္ရေတာ့မည္ေလ။
ရာသီဥတုက ကိုယ့္ဘက္ပါသည္ ဟူေသာစကားအတိုင္းပါပဲ ေလဟာၿငိမ္သက္ေနသည္။
မီးပံုး မိႈင္းဝကာ ကိုယ္ထည္အျပၫ့္ အေပၚသို႔ တၫ့္တၫ့္ေထာင္မတ္သြားသည္။မီးပံုးေပၚေရးဆဲြထားသၫ့္ ကႏုတ္ပန္းေတြဟာ ေသသပ္စြာေပၚလာေတာ့သည္။ စလိုက္မီးကလည္း မီးပံုးကို အလင္းအားေကာင္းေကာင္းျဖင့္ထိုးေပးေနသည္။
မီးပံုးတၫ့္မတ္သြားသည္က ပထမအဆင့္ေအာင္ျမင္ျခင္း။ထို႔ေၾကာင့္ လူမ်ား၏ လက္ခုပ္သံ၊ေလခၽြန္သံမ်ားကို ခပ္စိတ္စိတ္ၾကားလိုက္ရသည္။
မီးပံုးကိုလွမ္းရိုက္ေနသၫ့္ ဖုန္းအလင္းမ်ားကလည္း တစ္ကြင္းလံုးအျပၫ့္။

ယမ္းေခြကို စခ်ိတ္သည္။ ယမ္းေခြအေလးခ်ိန္ကပိုေနလ်ွင္ မီးပံုးက မတက္ႏိုင္သည္မ်ားလည္းရိွသည္။ထိုအခါ ယမ္းေခြအဆင့္တခ်ိဳ႕ကိုျဖဳတ္ခ်ခဲ့ရတတ္သည္။
ကံအားေလ်ာ္စြာႏွင့္ သူတို႔မီးပံုးႏွင့္ယမ္းေခြအေလးခ်ိန္က အခ်ိဳးညီေနသည္။

"မီးၫွိေတာ့မယ္"
ဇာဏီ့အစ္ကို ကိုလင္းရံုရဲ့အသံက စိတ္တက္ႂကြမႈအျပၫ့္ႏွင့္...
ကိုလင္းရံုက ယမ္းေခြတစ္ဖက္ကို မီးၫွိသည္။ သူ႔သူငယ္ခ်င္းက မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ကို မီးၫွိသည္။
အျဖဴေရာင္ မီးပြားေလးမ်ားက ေရတံခြန္ကဲ့သို႔ ယိုက်လာသလို မီးပံုးကိုလက္လႊတ္လိုက္သည္မို႔ ျဖည္းျဖည္းခ်င္းဆန္တက္သြားသည္။

ေဟးခနဲ...ေအာ္သံမ်ားႏွင့္အတူ ေမ်ွာ္လင့္ျခင္းအားႀကီးစြာႏွင့္ မီးပံုးကို ေမာ္ၾကၫ့္ေနသၫ့္ မ်က္ဝန္းေပါင္းေထာင္ေသာင္းခ်ီ...
မီးပံုးတစ္လံုးကို အေပၚသို႔ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ျခင္းက ဒုတိယအဆင့္ေအာင္ျမင္ျခင္း။
သည္ ဒုတိယတစ္ဆင့္နဲ႔တင္ အဖဲြ႔သားေတြဟာရူးမတတ္ေပ်ာ္ေနၾကၿပီ။
မီးရႉး ေတျြဖာသင့္ေနၿပီ။
ဒါဆိုလ်ွင္ ေနာက္ဆံုးအဆင့္ေအာင္ျမင္ျခင္းပဲ။
အကုန္လံုးရင္တထိတ္ထိတ္ႏွင့္ မီးရႉးက်ဲဖို႔ ဆုေတာင္းေနၾကသည္။
ယမ္းကတဆင့္ၿပီး တဆင့္ကူးသြားသည္။
မိုးရြာသလိုက်ဲခ်လိုက္တဲ့ ျဖဴ၊နီ၊ျပာ၊ဝါ၊စိမ္း မီးရႉးမ်ားက Cinderella ကားထဲမွာ နတ္သမီးက Cinderella ကို ဂါဝန္ေလး ဖန္တီးေပးလိုက္သၫ့္ႏွယ္။

ဇာဏီရဲ့ ေဟးခနဲေအာ္သံ...
ဗံုသံ ေမာင္းသံေတြၾကားမွာ ေကြးေနေအာင္ကၾကသၫ့္အဖဲြ႔သားမ်ား။ လက္ခုပ္ဩဘာတီးေပးၾကသၫ့္ ကြင္းထဲကပဲြၾကၫ့္ပရိတ္သတ္။
မီးရႉးမ်ားက ေျမျပင္ေပၚ တေျဖာက္ေျဖာက္က်ေနေပမဲ့ အဲ့သၫ့္ၾကားမွာပဲ ကခုန္ေနၾကသည္။
သည္ခံစားခ်က္ကိုေျပာမျပတတ္ေအာင္ပင္။
ေပ်ာ္ရႊင္မႈ၊ စိတ္တက္ႂကြမႈ၊ေအာင္ျမင္မႈ အသီးအပြင့္တြကို ခ်က္ခ်င္းရလိုက္သလိုပင္။
ဒါေတာင္ သူက မီးပံုးလုပ္တဲ့ေနရာမွာ အမ်ားႀကီးကူညီထားတဲ့လူမဟုတ္ဘူး။ ဇာဏီတို႔လို လေပါင္းမ်ားစြာ စိတ္ရွည္လက္ရွည္ ျပင္ဆင္ခဲ့တဲ့လူေတြအဖို႔ေတာ့ ပိုၿပီးဝမ္းၿမွောက္စရာ...

ကြင္းထဲမွာ ေအာင္ပဲြခံၿပီး ကေနတာ အခ်ိန္ နာရီဝက္နီးပါးပင္။
ၿပီးေနာက္ အသီးသီး ျပန္ၾကဖို႔ ျပင္ေလသည္။ လူႀကီးပိုင္းမ်ားက ကားေပၚသို႔ျပန္တက္သြားၾကသည္။ ကိုလင္းရံုတို႔လူငယ္ေတြက မျပန္ၾကေသး။ ပဲြလည္ဖို႔ ေနခဲ့ၾကသည္။
ဇာဏီက သူ႔ကို လက္တို႔ကာ

"ရိန္း။မင္းျပန္ခ်င္ရင္ အေမတို႔နဲ႔လိုက္သြားေလ"

"ျပန္စရာလား"

"ေအး ငါ့ေကာင္မေလးက မုန႔္စားခ်င္လို႔တဲ့ ၊ သြားဝယ္ေပးလိုက္ဦးမယ္ လိုက္မလား။"

" Third wheel ျဖစ္ေအာင္လုပ္မေနနဲ႔"

" ဒါဆို ကြင္းထဲမွာပဲေစာင့္မလား။"

"ေအး !"

"အိုေက.. မေတြ့ရင္ဖုန္းဆက္လိုက္မယ္"

ဇာဏီတို႔ထြက္သြားေတာ့ တျခားလူေတြကို က်ီးကန္းေတာင္းေမွာက္ရွာလိုက္မိသည္။
ေသာက္က်ိဳးနည္းကို ရည္းစားေတြနဲ႔လစ္ထြက္သြားေတာ့တာပဲ။
မလွမ္းမကမ္းမွာ ကိုလင္းရံုတို႔အုပ္စုကိုေတြ့ေပမဲ့လည္း လက္ပြန္းတတီးအရမ္းရင္းႏွီးတဲ့ဆက္ဆံေရးမဟုတ္တာမို႔ တသီးတသန႔္သာ ရပ္ေနလိုက္ေတာ့သည္။

ေခတၲခဏအၾကာမွာ ေနာက္ထပ္မီးပံုး တစ္လံုးေထာင္သည္။စိန္နားပန္အလံုးျဖစ္သည္။ မိန္းကေလးတစ္ေယာက္ၾကာပန္းကိုင္ထားသၫ့္ ေအာက္ဆဲြႏွင့္ လက္ရာၿမွောက္ေသာမီးပံုးပါပင္။
ထိုမီးပံုးကလည္း ေလ်ာေလ်ာရႉရႉ တက္သြားျပန္သည္။ ဒီေန့ ည ေလသိပ္ၿငိမ္တာေနတာပဲ။
သို႔ထိတိုင္ ဇာဏီကျပန္မလာေသး။ ေဘးဘီၾကၫ့္လိုက္ျပန္ေတာ့ ကိုလင္းရံုတို႔ကိုပါမေတြ့ေတာ့။ ပဲြခင္းထဲ သူ႔တစ္ေယာက္တည္းက်န္ခဲ့သလိုျဖစ္ေနသည္။

ထိုအခ်ိန္မွာပဲ ဇာဏီကဖုန္းဆက္သည္။
သူ႔ေကာင္မေလး အိမ္က အတင္းျပန္ေခၚေနတာမို႔လိုက္ပို႔ေနသည္တဲ့။ေနရာမွာပဲေစာင့္တဲ့ေလ။ ယီးပဲလို႔စိတ္ထဲကေနေအာ္ဆဲလိုက္မိသည္။
မီးပံုးပ်ံကြင္းဆိုတာက သူ႔အတြက္ေတာ့ မ်က္စိမိွတ္ၿပီးသြားလို႔ရတဲ့ေနရာ။ သို႔ေပမဲ့ တစ္ေယာက္တည္းက်န္ခဲ့ရတာေတာ့ ခံစားခ်က္သိပ္မေကာင္းလွေပ။
အေရးထဲ ပါလာသၫ့္ပိုက္ဆံကို အက်ႌအိတ္ကပ္မပါသည္ႏွင့္ ဇာဏီ့ ဂ်ာကင္ထဲ ခဏထၫ့္ထားမိသည္ေလ။

"လမ္းေလးနည္းနည္းေလာက္.."

ေဘးကေန ေကာင္မေလးတစ္ေယာက္ကို လက္ဆဲြလာသၫ့္ေကာင္ေလးက သူ႔ကို တြန္းဖယ္လာသည္မို႔ အလိုက္တသိပင္ အေနာက္သို႔ဆုတ္ေပးလိုက္သည္။

အို...​ေလာကႀကီးမေကာင္းပါ။အတဲြေတြနဲ႔မ်က္စိရႈပ္စရာ...

သူအေနာက္ဆုတ္ေပးလိုက္တုန္း ေက်ာက္တံုးကို မျမင္ပါဘဲ ေျခယိုင္သြားရကာ အေနာက္သို႔လွန္သြားေပမဲ့ ထုထည္ႀကီးမားသၫ့္အရာတစ္ခုက ေတာင့္ေတာင့္တင္းတင္းရိွေနသည္မို႔ လဲက်သည္အထိမျဖစ္။ ထိုထုထည္ကား လူတစ္ေယာက္မွန္း သူသိလိုက္ေသာအခါ ခ်က္ခ်င္းပင္ လွၫ့္ၿပီးေတာင္းပန္စကားဆိုလိုက္ရသည္။

"ေဆာရီးဗ်ာ...ေဆာရီး"

တဆက္တည္းမွာပါ အနည္းငယ္တန႔္သြားရသည္။ အစကနဦးက ထိုလူကို ကမူကုန္းျမင့္မွာရိွေနတာမို႔ေမာ့ၾကၫ့္လိုက္ရသည္ဟု ထင္လိုက္ေပမဲ့ လက္ေတြ့မွာေတာ့ ေျမျပင္ဟာ တေျပးညီ။
အရပ္ေျခာက္ေပေက်ာ္တဲ့ဘဲႀကီးတစ္ေပြေပါ့။

သူ႔အရပ္က ငါးေပးရွစ္ေလာက္သာရိွသည္မို႔ သူ႔ထက္သိသိသာသာျမင့္ေနသၫ့္ထိုလူက ေသခ်ာေပါက္ကို ေျခာက္ေပေက်ာ္မွာပဲ။ အေနအထားအရလည္း အရပ္ႏွင့္ခႏၶာကိုယ္က လိုက္ဖက္ေနသည္။

"ရပါတယ္.."

သူ ထိုလူ႔ကို ခဲြျခမ္းစိတ္ျဖာျခင္းမျပဳေတာ့ဘဲ ခ်က္ခ်င္းျပန္လွၫ့္လိုက္သည္။
ဇာဏီ့ကို သူ႔ထက္အရပ္ရွည္လွၿပီမွတ္ေနတာ။
အၿမဲကိုယ့္ကိုယ္ကိုယ္ ပါးစပ္ကတဖြဖြေျပာလာမိသၫ့္ Handsome ျဖစ္တာပါဟူေသာစကားကလည္း သိပ္မမွန္ေတာ့သလိုပဲ။

သို႔ေသာ္ သူ႔အာရံုမ်ားက မီးပံုးေထာင္ေနသၫ့္အေပၚအာရံုေရာက္သြားျပန္သည္။
နာမည္ႀကီးတဲ့မီးပဲ...
ယမ္းေခြကိုၾကၫ့္ရင္း သူမ်က္ခံုးလည္းပင့္သြားရသည္။
ဒါႀကီးက မေလးလြန္းဘူးလား။ ႏိုင္ပါ့မလား ဆိုသၫ့္အေတြးမ်ားဝင္လာေပမဲ့ မီးဆရာေလာက္ သူကသိႏိုင္မလား။ ထို႔ေၾကာင့္ သက္ေတာင့္သက္သာပင္ျပန္ေတြးလိုက္ရေတာ့သည္။ ႏိုင္မွာပါ။

(မီးဆရာ- ယမ္းေခြဆင္တဲ့လူ)

သန္းေခါင္ေက်ာ္ၿပီမို႔ ေလကတျဖဴးျဖဴးႏွင့္ စိမ့္တက္လာသည္။
ပင္လယ္ဓားျပေလွႀကီးကလည္း အေပၚတက္လိုက္ ျပန္က်လိုက္၊ ခ်ားရဟတ္ဟာလည္း ပံုမွန္လည္ေနသလို၊ပဲြခင္းေစ်းထဲမွာလည္း လူေပါင္းစံုက ေဆာ့ကစားနည္းေပါင္းစံုႏွင့္ေပ်ာ္ျမဴးေနၾကမွာအမွန္ပင္။

မီးပံုးစလႊတ္သည္။
ေအာက္ဆဲြဟာသိသိသာသာေလးေနသည္။
သူထိတ္ခနဲျဖစ္သြားရတာေတာ့အမွန္။ ေအာက္ဆဲြေလးရင္ျပတ္က်တတ္သည္၊ျပတ္က်ရင္ မီးပံုးမီးေလာင္မည္။ ထိုအခါ ယမ္းေတြကေျမေပၚက်ကာ ေျမမွာပဲ မီးရႉေတြက်ဲရင္ လူထိမည္။ ယမ္းေခြမီးစြပ္ရင္ လူပါ မီးေလာင္တတ္သည္။

ေအာက္ဆဲြမႏိုင္ေတာ့ တဆင့္ျဖဳတ္ခ်လိုက္ေလသည္။ ထိုအခါမွ သူသက္ျပင္းခ်ရေတာ့သည္။

မီးပံုးက တက္သြားေတာ့ ဘံုသံေတြထြက္လာျပန္သည္။ လူေတြကလည္း ေအာ္ဟစ္ၾကသည္။

သူမီးပံုးသြားရာကို တျဖည္းျဖည္းၾကၫ့္ေနရင္း မီးခိုးေတြအူတက္လာသည္ကို သတိထားမိလိုက္သည္။
ေလက သူတို႔ရိွရာကိုယိမ္းသည္။ မီးပံုးကလည္းေလယိမ္းရာလာေနသည္။

မဟန္ေတာ့ဘူး။ မီးပံုးမီးေလာင္ေနၿပီ။ တအိအိႏွင့္ေျမေပၚသို႔ျပန္က်လာ၏။
​ေနရာရိွလူေတြကေျပးၾကသည္။
သူလည္း တစ္ဖက္သို႔လစ္ေျပးသည္။

ရုတ္တရက္ပါပဲ ထိုအေျခအေနမွာ မေျပးဘဲရပ္ေနသၫ့္လူကိုေတြ့လိုက္ရျပန္သည္။

ခုနက​ ေထာက္တိုင္ႀကီး!
ငလူးထဲမွ ဒီလူကမေျပးဘဲ ဘာလုပ္ေနတာလဲ…

သူႏွစ္ခါမစဉ္းစားေတာ့ဘဲ ထိုလူ၏လက္ကိုေျပးဆဲြသည္။
ကံသီစြာပါပဲ ေနရာ၏မနီးမေဝးကိုမီးကြင္းက်လာေလသည္။

"ေျပးေလ  ဘာလုပ္ေနတာလဲ"

သူကလက္ဆဲြေနတာေတာင္ေတာင့္ေတာင့္ႀကီးပါလာသၫ့္လူကို စိတ္မရွည္ဟန္ေျပာလိုက္ေတာ့
ထိုလူရဲ့လက္ေတြက သူ႔လက္ဖဝါးကိုတင္းတင္းျပန္ဆုပ္ကိုင္လာသည္။

ၿပီးသၫ့္ေနာက္တြင္ေတာ့ ထိုလူက လူေတြၾကားတိုးတိုက္ၿပီး သူ႔ကိုဦးေဆာင္ကာပင္ လြတ္မၫ့္ေနရာသို႔ေခၚသြားေတာ့သည္။

ေနပါဦး။ အခုဦးေဆာင္ၿပီးေျပးေနတာက သူလား။ငါလား?
°°°°°°


Continua a leggere

Ti piacerà anche

179K 2.7K 29
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
3.3M 207K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 29.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2M 119K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...