TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1

3.4K 708 1
By Comet222

Zawgyi

ယြီေဟာင္ေရြ႕တစ္ေယာက္ ဒီမေတာ္တဆျဖစ္ရပ္ေၾကာင့္ အရမ္းေဒါသထြက္ႏွင့္ေနၿပီျဖစ္တယ္။ ၿပီးေတာ့ ရလဒ္အေနနဲ႔ကေတာ့ ယြီဂ်င္႐ွန္းက အခုေလးတင္ သူ႔ရဲ႕ေဒါသေရဆူမွတ္ကို တက္နင္းလိုက္တယ္။

ေဒါသထြက္ေနတဲ့မ်က္လံုးတစ္စံုက ယြီဂ်င္႐ွန္းကို စိတ္ဆိုးမာန္ဆိုးနဲ႔ စိုက္ၾကည့္လိုက္တယ္။ ယြီဂ်င္႐ွန္းတစ္ေယာက္ အရမ္းေၾကာက္လန္႔မိသြားတာေၾကာင့္ သူအေနာက္ကို ေျခတစ္လွမ္းဆုတ္သြားမိတယ္။

"အေဖ . . ." ယြီဂ်င္႐ွန္းက မဝံ့မရဲေခၚလိုက္မိတယ္။

"ထြက္သြားစမ္း!" ယြီေဟာင္ေရြ႕တစ္ေယာက္ သူ႔သားကိုေအာ္ဟစ္လိုက္တယ္။

ယြီဂ်င္႐ွန္းတစ္​ေယာက္ သူ႔ကိုအျမဲတမ္းခ်စ္ခဲ့တဲ့သူ႔အေဖက သူ႔အေ႐ွ႕မွာ သူ႔ကို စိတ္ဆိုးေဒါသထြက္ေနလိမ့္မယ္ဆိုတာကို မယံုၾကည္ႏိုင္ဘူး။ ၿပီးေတာ့ ထြက္သြားဖို႔ သူ႔ကိုေျပာလိုက္ေသးတယ္။

႐ုတ္တရက္ သူ႔ရဲ႕ေဒါသကလည္း ေထာင္းကနဲထြက္လာတယ္။ ေျခေဆာင့္လိုက္ရင္း သူလွည့္ထြက္ၿပီးေတာ့ အေဝးကို ထြက္ေျပးသြားေတာ့တယ္။

ဆန္းတုမိန္တစ္ေယာက္ သူမရဲ႕ေဒါသထြက္ေနတဲ့ခင္ပြန္းကို ၾကည့္လိုက္ၿပီးေနာက္ ထြက္ေျပးသြားတဲ့ သူမရဲ႕သားကို ၾကည့္လိုက္မိတယ္။ ဘယ္တစ္ေယာက္ကို အရင္ဂ႐ုစိုက္ရမလဲဆိုတာကို သူမ မသိေတာ့ဘူး။

သူမရဲ႕ခင္ပြန္းႏွလံုးသားထဲမွာ ႐ွိေနတဲ့ေဒါသအတြက္ကေတာ့ ဆန္းတုမိန္တစ္ေယာက္ ကိစၥအနည္းငယ္မွ်သာ သိတာျဖစ္တယ္။ က်န္းေမာ့႐ွန္းတစ္ေယာက္ ျပန္လည္ေကာင္းမြန္လာလို႔ဆိုတာကို သူမသိတယ္။ ၿပီးေတာ့ ဒီအေၾကာင္းျပခ်က္ေၾကာင့္ပဲ က်န္းမိသားစုက ဒီတစ္ႀကိမ္မွာ အရမ္းလြယ္လြယ္ကူကူ ၿပိဳလဲက်သြားေတာ့မွာမဟုတ္ဘူး။ သူတို႔ရဲ႕ယြီမိသားစုက က်န္းမိသားစုေအာက္မွာပဲ ႐ွိေနအံုးမွာျဖစ္တယ္။ သူမရဲ႕ရည္မွန္းခ်က္ႀကီးမားတဲ့ ခင္ပြန္းသည္အတြက္ေတာ့ ဒါက လက္မခံႏိုင္စရာကိစၥရပ္တစ္ခုျဖစ္တယ္။

"ေဟာင္ေရြ႕ အဲ့ကေလးက်န္းေမာ့႐ွန္းက အသံုးမက်တဲ့လူတစ္ေယာက္ ျဖစ္သြားၿပီဆိုတာကို ႐ွင္ေမ့သြားတာလား? ျပည္ေထာင္စုထဲမွာ ပ်က္စီးေနတဲ့စြမ္းအားဗဟိုခ်က္ကို ျပန္လည္ျပဳျပင္ႏိုင္တဲ့ လူတစ္ေယာက္မွမ႐ွိဖူးဘူးေလ။ အဲ့ဒါေၾကာင့္ တကယ္လို႔ သူ႔ခႏၶာကိုယ္က တစ္နည္းနည္းနဲ႔ ျပန္လည္သက္သာလာတယ္ဆိုရင္ေတာင္မွ သူက အသံုးမက်တဲ့လူတစ္ေယာက္ ျဖစ္ေနေသးတုန္းပဲေလ။ သူကကြၽန္မတို႔မိသားစုကို မၿခိမ္းေျခာက္ႏိုင္ေတာ့ပါဘူး။ ကြၽန္မတို႔ယြီမိသားစုမွာ အနာဂတ္က်ရင္ သူတို႔က်န္းမိသားစုကိုရင္ဆိုင္ဖို႔ အခြင့္အေရးတစ္ခု ႐ွိေနပါေသးတယ္။"

ဆန္းတုမိန္က သူမရဲ႕ခင္ပြန္းကို က်န္းေမာ့႐ွန္းက စြမ္းရည္ေတြကိုဆံုး႐ွံဴးသြားၿပီလို႔ အသိေပးလိုက္ရင္း ႏွစ္သိမ့္ေပးလိုက္တယ္။ က်န္းေမာ့႐ွန္းရဲ႕စြမ္းအားဗဟိုခ်က္ က်ိဳးပ်က္သြားမႈကို အစကတည္းကကို ဆရာဝန္ေတြအမ်ားႀကီးက စစ္ေဆးထားၿပီးသားျဖစ္တယ္။ အဲ့ဒါေၾကာင့္ ဒီအေၾကာင္းကို စစ္ဌာနခ်ဳပ္အထက္ပိုင္းက လူေတြအကုန္လံုး သိၾကတယ္။

ဆန္းတုမိန္ေျပာခဲ့တဲ့စကားေတြေၾကာင့္ ယြီေဟာင္ေရြ႕တစ္ေယာက္ ေနာက္ဆံုးမွာ ျပန္သတိရသြားၿပီးေတာ့ အနည္းငယ္ စိတ္ျငိမ္သက္သြားတယ္လို႔ ခံစားလိုက္ရတယ္။

ဟုတ္သားပဲ။ သူ႔ဇနီးေျပာခဲ့သလိုပဲ က်န္းေမာ့႐ွန္းက အခုခ်ိန္မွာ က်န္းမာေနႏိုင္ေပမဲ့ သူက အသံုးမက်တဲ့လူတစ္ေယာက္ ျဖစ္ေနေသးတုန္းပဲျဖစ္တယ္။ က်န္းေမာ့႐ွန္းတစ္ေယာက္ စစ္ဌာနခ်ဳပ္ဆီကို ျပန္လာႏိုင္ပါ့မလားဆိုတာက ေဆြးေႏြးဆံုးျဖတ္ရမဲ့ အေရးႀကီးကိစၥရပ္တစ္ခုျဖစ္ေနတယ္။ အခုခ်ိန္မွာ ဒီအေၾကာင္းကိုစၿပီးစိုးရိမ္ေနတာက သူ႔အတြက္ အခ်ိန္နည္းနည္းေစာေနေသးတယ္။

ဒီလိုမ်ိဳးစဥ္းစားမိၿပီးေနာက္ ယြီေဟာင္ေရြ႕ရဲ႕စိတ္ခံစားခ်က္ေတြက ေနာက္ဆံုးမွာေတာ့ စိတ္တည္ၿငိမ္လာခဲ့ၿပီျဖစ္တယ္။ သူ႔ရဲ႕စိုးရိမ္ပူပန္ေနတဲ့ဇနီးကို ၾကည့္လိုက္ရင္း သူသူမကို ေတာင္းပန္တဲ့အေနနဲ႔ နမ္းလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ေတာင္းပန္ပါတယ္။ ကိုယ္မင္းကို စိုးရိမ္ေစမိၿပီ။ ၿပီးေတာ့ ႐ွန္းအာ . . ."

"အဆင္ေျပပါတယ္။ ကြၽန္မသူ႔ကို ေနာက္က်ရင္ ေဖ်ာင္းဖ်လိုက္ပါမယ္။" ဆန္းတုမိန္က အျပံဳးေလးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္။

ယြီေဟာင္ေရြ႕တစ္ေယာက္ သူ႔အိမ္မွာ ဘယ္ေလာက္ပဲေသာင္းက်န္းေနပါေစ။ ဒီအခိုက္အတန္႔ေလးမွာ က်န္းမိသားစုရဲ႕ေပ်ာ္ရႊင္ေနမႈအေပၚ ဘာအက်ိဳးသက္ေရာက္မႈမွ မ႐ွိေလပါဘူး။

. . .

သတင္းစာ႐ွင္းလင္းပြဲမွာ ထြက္ေပၚလာၿပီးေနာက္ သူ႔ရဲ႕ခႏၶာကိုယ္ကို ျပန္လည္အားျဖည့္ဖို႔ လိုအပ္ေနတာေၾကာင့္ က်န္းေမာ့႐ွန္းတစ္ေယာက္​ေနာက္ထပ္စစ္ဌာနခ်ဳပ္အစည္းအေဝးပြဲကို မတက္ေရာက္ေတာ့ပဲ အဲ့အစား အိမ္ကိုပဲ တိုက္႐ိုက္ျပန္လာခဲ့ေတာ့တယ္။

က်န္းေမာ့႐ွန္းရဲ႕ျပန္လည္ေကာင္းမြန္လာမႈ သတင္းက ျပည္ေထာင္စုအႏွံ႔အျပားတြင္ အုတ္ေသာ္ေသာင္းနင္း ျဖစ္သြားေစရံုတင္မကပဲနဲ႔ စစ္ဌာနခ်ဳပ္တြင္လည္း လိႈင္းလံုးႀကီးႀကီးမားမားတစ္ခုကို ျဖစ္ပ်က္သြားေစခဲ့တယ္။

"ငါ့ရဲ႕သူငယ္ခ်င္းေကာင္းႀကီး အား႐ွန္းက အခုအဆင္ေျပသြားၿပီ။ ဒါေပမဲ့မင္းက ဒီလိုမ်ိဳးသတင္းအႀကီးႀကီးတစ္ခုကို ငါ့ကိုေတာ့ မေျပာျပခဲ့ဘူးေနာ္။ ငါဒီေန႔ သတင္းစာ႐ွင္းလင္းပြဲကို ျမင္လိုက္ရတဲ့အခ်ိန္တုန္းကဆိုရင္ ငါမတံု႔ျပန္ႏိုင္လုနီးနီးေတာင္ ျဖစ္သြားတာ။" က်န္းဇန္ေထာင္ကို ျမင္တဲ့အခ်ိန္မွာ ထန္ခ်ီ႐ွဳတစ္ေယာက္ မတတ္ႏိုင္ပဲ သူ႔ပုခံုးကို႐ိုက္လိုက္ၿပီးေတာ့ ေျပာလိုက္တယ္။

က်န္းဇန္ေထာင္က သတင္းစာ႐ွင္းလင္းပြဲအေၾကာင္းကို ႀကိဳတင္ၿပီး ဘယ္သူ႔ကိုမွမေျပာျပခဲ့ပါဘူး။ ရည္ရြယ္ခ်က္က ရန္သူကို အံ့အားသင့္သြားေအာင္လုပ္ဖို႔ ျဖစ္ၿပီးေတာ့ ရန္သူကို ျပင္ဆင္ခ်ိန္ ဘာအခြင့္အေရးမွ မေပးႏိုင္ေအာင္ျဖစ္တယ္။

"သူက မၾကာေသးခင္ကမွ သက္သာစျပဳလာတာ။ အင္တာနက္ေပၚက ေကာလဟာလေတြက အရမ္းရက္စက္ျပင္းထန္ေနလို႔သာ မဟုတ္ဘူးဆိုရင္ ငါသူ႔ကို ေ႐ွ႕ထြက္ခိုင္းမွာမဟုတ္ဘူး။" က်န္းဇန္ေထာင္က အျပံဳးနဲ႔ေျပာလိုက္တယ္။

"မာ႐ွယ္က်န္း ခင္ဗ်ားက လ်ိဳ႕ဝွက္ခ်က္ေတြကို ထိန္းသိမ္းရာမွာ အရမ္းေတာ္တာပဲ။ ငါဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာတစ္ခုကိုမွမၾကားခဲ့မိဘူး။ ဒီလိုမွန္းသိရင္ ငါဗိုလ္ခ်ဳပ္က်န္းဆီကို အလည္လာပါတယ္။ သူကေနာက္ဆံုးမွာေတာ့ ငါ့ရဲ႕သားမက္ေလးပဲေလ။ ငါသူ႔ဆီ အလည္လာသင့္တာေပါ့။ မဟုတ္ရင္ငါ​ေတာ့ ေဝဖန္ခံထိေတာ့မွာပဲ။" ယြီေဟာင္ေရြ႕က မေပ်ာ္မရႊင္ျဖစ္စြာ ေျပာလိုက္တယ္။

ေကာင္းေကာင္းအကြက္ေရြ႕ခဲ့တာပဲ။ က်န္းဇန္ေထာင္ ဒီလူအိုႀကီးရဲ႕ပါးစပ္က​ေတာ္ေတာ္ႏႈတ္လံုတာပဲ။ စစ္ဌာနခ်ဳပ္ရဲ႕ ေနာက္ဆံုးတစ္ေခါက္ အစည္းအေဝးပြဲမွာတုန္းကက်ေတာ့ သူ႔သားက ေသေတာ့မလိုမ်ိဳးျဖစ္ေနတဲ့ပံုနဲ႔ ဝမ္းနည္းေနသလိုမ်ိဳးျပဳမူခဲ့တယ္။ ဒါေပမဲ့ တစ္ပတ္မွ်သာၾကာေသးတယ္။ သူက သတင္းစာ႐ွင္းလင္းပြဲကိုေတာင္ က်င္းပလိုက္ေသးတယ္။ သူ႔သား ျပန္လည္ေကာင္းမြန္သက္သာလာတာ သိပ္မၾကာေသးဘူးလို႔ သူေျပာေပမဲ့လည္း ယြီေဟာင္ေရြ႕ကေတာ့ ဒါကိုမယံုၾကည္ပါဘူး။

က်န္းေမာ့႐ွန္းက ျပန္လည္သက္သာလာမယ္ဆိုတာကို သူသိခဲ့မယ္ဆိုရင္ သူဒီလိုမ်ိဳးမွားယြင္းမႈကို ေသခ်ာေပါက္ကို ျပဳလုပ္မိမွာမဟုတ္သလို သူက်န္းေမာ့႐ွန္းကိုလည္း ဒီေလာက္ေခ်ာေခ်ာေမြ႔ေမြ႔ ျပန္လည္သက္သာလာခြင့္ ျပဳခဲ့မွာမဟုတ္ဘူး။ သို႔ေသာ္လည္း သူမွားယြင္းတဲ့ေျခလွမ္းကို ျပဳလုပ္ခဲ့မိတယ္။ ဇာ့ခ္ဘုရင္ရဲ႕အဆိပ္အာနိသင္ကို သူအရမ္းေမွ်ာ္လင့္ထားခဲ့မိတာျဖစ္တယ္။

ဟြီေဟာင္ေရြ႕ရဲ႕စကားလံုးေတြကို ၾကားလိုက္ရတဲ့အခ်ိန္မွာ က်န္းဇန္ေထာင္က သူ႔ကို အျပံဳးတုတစ္ခုကို ဆင္ျမန္းထားရင္း ၾကည့္လိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "အား႐ွန္းနဲ႔ပတ္သက္ၿပီး မစိုးရိမ္ပါနဲ႔။ အား႐ွန္းနဲ႔ သစ္အယ္သီးေလးတို႔ႏွစ္ေယာက္စလံုး ေနေကာင္းၾကပါတယ္။ အား႐ွန္းကို ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ သစ္အယ္သီးေလးကို ေက်းဇူးတင္ရမွာပါပဲ။ အဲ့ဒါေၾကာင့္ သူျမန္ျမန္ ျပန္လည္ေကာင္းမြန္လာႏိုင္ခဲ့တာ။"

က်န္းဇန္ေထာင္က တမင္သက္သက္ကို ယြီေဟာင္ေရြ႕ကို သူအစတုန္းက ဘာလုပ္ခဲ့သလဲဆိုတာနဲ႔ ဒီသားငယ္ေလးကို သူဘယ္လိုဆက္ဆံခဲ့သလဲဆိုတာကို သတိျပန္ေပးတဲ့အေနနဲ႔ ယြီဂ်င္လီကိုပါ ထည့္ေျပာလိုက္တယ္။ ယြီမိသားစုကယြီဂ်င္လီကို အသိအမွတ္ျပဳဖို႔ အစီအစဥ္မ႐ွိခ်င္ေန သူတို႔ရဲ႕က်န္းမိသားစုကေတာ့ အသိအမွတ္ျပဳတယ္။ ေသခ်ာေပါက္ကိုပဲ ယြီဂ်င္လီရဲ႕နာမည္ကို သူၾကားၿပီးတဲ့ေနာက္မွာ ယြီေဟာင္ေရြ႕ရဲ႕မ်က္ႏွာအမူအရာက ႐ုပ္ဆိုးလာၿပီးေတာ့ သူ႔ရဲ႕အေပၚယံမ်က္ႏွာဖံုးကိုေတာင္ မထိန္းသိမ္းထားႏိုင္ေတာ့ပဲ စကားအနည္းငယ္ေျပာၿပီးေနာက္ ေဒါသတႀကီး ထြက္ခြာသြားေတာ့တယ္။

ထန္ခ်ီ႐ွဳနဲ႔က်န္းဇန္ေထာင္တို႔တေတြလည္း မခြဲခြာခင္မွာ ေနာက္ထပ္စကားအခ်ိဳ႕ကို ဖလွယ္ေျပာဆိုခဲ့ၾကတယ္။

. . .

ပထမစစ္တပ္အဖြဲ႔ရဲ႕ ေလ့က်င့္ေရးအခန္းထဲတြင္ အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေတြအားလံုးက အခုခ်ိန္တြင္ အတူတကြ စုစည္းေနၾကၿပီးေတာ့ သူတို႔ေတြကိုၾကည့္ရတာ သိသာထင္႐ွားေနတဲ့ စိတ္လႈပ္႐ွားမႈေတြနဲ႔ အေလးအနက္ျဖစ္ေနၾကတယ္။

ဒီအဖြဲ႔ထဲမွာ စုစုေပါင္းအဖြဲ႔ဝင္ ခုႏွစ္ေယာက္မွ်သာ ႐ွိေသာ္ျငားလည္းပဲ သူတို႔ေတြက စစ္တပ္ရဲ႕လက္ေရြးစင္အဖြဲ႔ျဖစ္တယ္။ က်န္းေမာ့႐ွန္းရဲ႕ဦးေဆာင္မႈေအာက္တြင္ သူတို႔ေတြက ခက္ခဲတဲ့တာဝန္ေတြကို တစ္ခုၿပီးတစ္ခု ၿပီးေျမာက္ၿပီးေနၿပီျဖစ္တယ္။

က်န္းေမာ့႐ွန္းရဲ႕ မေတာ္တဆမႈျဖစ္ပြားၿပီးကတည္းက အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေတြက ေလးလံတဲ့စိတ္အေျခအေနေတြနဲ႔ အရမ္းစိတ္ဓာတ္က်ေနခဲ့ၾကတာျဖစ္တယ္။ သူတို႔ရဲ႕ေဘာ့စ္ကို မ်က္ႏွာျပင္အႀကီးႀကီးေပၚမွာ သူတို႔ျမင္လိုက္ရတဲ့အခ်ိန္မွာ သူတို႔ရဲ႕စိတ္အေျခအေနေတြက ႐ိုလာကိုစတာတစ္ခုလိုမ်ိဳး နိမ့္လိုက္ ျမင့္လိုက္ျဖစ္ေနခဲ့တယ္။

"မင္းတို႔အားလံုး ျမင္ၾကၿပီးၿပီလား? ေဘာ့စ္က ျပန္လည္ေကာင္းမြန္လာၿပီ။ ေဘာ့စ္ျပန္လည္သက္သာလာၿပီ!" က်ားျဖဴက စိတ္လႈပ္႐ွားစြာ ေျပာလိုက္တယ္။ သန္မာၿပီးမာေၾကာတဲ့ ေယာက္်ားတစ္ေယာက္ျဖစ္တဲ့သူက အခုအခ်ိန္မွာ စိတ္လႈပ္႐ွားမႈေၾကာင့္ သူ႔မ်က္လံုးထဲကေန မ်က္ရည္ေတြ ထြက္က်လာမိတယ္။
















Unicode

Chapter(69):အဲ့ဒါ ကောင်းတာပေါ့!-1

ယွီဟောင်ရွေ့တစ်ယောက် ဒီမတော်တဆဖြစ်ရပ်ကြောင့် အရမ်းဒေါသထွက်နှင့်နေပြီဖြစ်တယ်။ ပြီးတော့ ရလဒ်အနေနဲ့ကတော့ ယွီဂျင်ရှန်းက အခုလေးတင် သူ့ရဲ့ဒေါသရေဆူမှတ်ကို တက်နင်းလိုက်တယ်။

ဒေါသထွက်နေတဲ့မျက်လုံးတစ်စုံက ယွီဂျင်ရှန်းကို စိတ်ဆိုးမာန်ဆိုးနဲ့ စိုက်ကြည့်လိုက်တယ်။ ယွီဂျင်ရှန်းတစ်ယောက် အရမ်းကြောက်လန့်မိသွားတာကြောင့် သူအနောက်ကို ခြေတစ်လှမ်းဆုတ်သွားမိတယ်။

"အဖေ . . ." ယွီဂျင်ရှန်းက မဝံ့မရဲခေါ်လိုက်မိတယ်။

"ထွက်သွားစမ်း!" ယွီဟောင်ရွေ့တစ်ယောက် သူ့သားကိုအော်ဟစ်လိုက်တယ်။

ယွီဂျင်ရှန်းတစ်​ယောက် သူ့ကိုအမြဲတမ်းချစ်ခဲ့တဲ့သူ့အဖေက သူ့အရှေ့မှာ သူ့ကို စိတ်ဆိုးဒေါသထွက်နေလိမ့်မယ်ဆိုတာကို မယုံကြည်နိုင်ဘူး။ ပြီးတော့ ထွက်သွားဖို့ သူ့ကိုပြောလိုက်သေးတယ်။

ရုတ်တရက် သူ့ရဲ့ဒေါသကလည်း ထောင်းကနဲထွက်လာတယ်။ ခြေဆောင့်လိုက်ရင်း သူလှည့်ထွက်ပြီးတော့ အဝေးကို ထွက်ပြေးသွားတော့တယ်။

ဆန်းတုမိန်တစ်ယောက် သူမရဲ့ဒေါသထွက်နေတဲ့ခင်ပွန်းကို ကြည့်လိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ သူမရဲ့သားကို ကြည့်လိုက်မိတယ်။ ဘယ်တစ်ယောက်ကို အရင်ဂရုစိုက်ရမလဲဆိုတာကို သူမ မသိတော့ဘူး။

သူမရဲ့ခင်ပွန်းနှလုံးသားထဲမှာ ရှိနေတဲ့ဒေါသအတွက်ကတော့ ဆန်းတုမိန်တစ်ယောက် ကိစ္စအနည်းငယ်မျှသာ သိတာဖြစ်တယ်။ ကျန်းမော့ရှန်းတစ်ယောက် ပြန်လည်ကောင်းမွန်လာလို့ဆိုတာကို သူမသိတယ်။ ပြီးတော့ ဒီအကြောင်းပြချက်ကြောင့်ပဲ ကျန်းမိသားစုက ဒီတစ်ကြိမ်မှာ အရမ်းလွယ်လွယ်ကူကူ ပြိုလဲကျသွားတော့မှာမဟုတ်ဘူး။ သူတို့ရဲ့ယွီမိသားစုက ကျန်းမိသားစုအောက်မှာပဲ ရှိနေအုံးမှာဖြစ်တယ်။ သူမရဲ့ရည်မှန်းချက်ကြီးမားတဲ့ ခင်ပွန်းသည်အတွက်တော့ ဒါက လက်မခံနိုင်စရာကိစ္စရပ်တစ်ခုဖြစ်တယ်။

"ဟောင်ရွေ့ အဲ့ကလေးကျန်းမော့ရှန်းက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားပြီဆိုတာကို ရှင်မေ့သွားတာလား? ပြည်ထောင်စုထဲမှာ ပျက်စီးနေတဲ့စွမ်းအားဗဟိုချက်ကို ပြန်လည်ပြုပြင်နိုင်တဲ့ လူတစ်ယောက်မှမရှိဖူးဘူးလေ။ အဲ့ဒါကြောင့် တကယ်လို့ သူ့ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ ပြန်လည်သက်သာလာတယ်ဆိုရင်တောင်မှ သူက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေသေးတုန်းပဲလေ။ သူကကျွန်မတို့မိသားစုကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ ကျွန်မတို့ယွီမိသားစုမှာ အနာဂတ်ကျရင် သူတို့ကျန်းမိသားစုကိုရင်ဆိုင်ဖို့ အခွင့်အရေးတစ်ခု ရှိနေပါသေးတယ်။"

ဆန်းတုမိန်က သူမရဲ့ခင်ပွန်းကို ကျန်းမော့ရှန်းက စွမ်းရည်တွေကိုဆုံးရှူံးသွားပြီလို့ အသိပေးလိုက်ရင်း နှစ်သိမ့်ပေးလိုက်တယ်။ ကျန်းမော့ရှန်းရဲ့စွမ်းအားဗဟိုချက် ကျိုးပျက်သွားမှုကို အစကတည်းကကို ဆရာဝန်တွေအများကြီးက စစ်ဆေးထားပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအကြောင်းကို စစ်ဌာနချုပ်အထက်ပိုင်းက လူတွေအကုန်လုံး သိကြတယ်။

ဆန်းတုမိန်ပြောခဲ့တဲ့စကားတွေကြောင့် ယွီဟောင်ရွေ့တစ်ယောက် နောက်ဆုံးမှာ ပြန်သတိရသွားပြီးတော့ အနည်းငယ် စိတ်ငြိမ်သက်သွားတယ်လို့ ခံစားလိုက်ရတယ်။

ဟုတ်သားပဲ။ သူ့ဇနီးပြောခဲ့သလိုပဲ ကျန်းမော့ရှန်းက အခုချိန်မှာ ကျန်းမာနေနိုင်ပေမဲ့ သူက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေသေးတုန်းပဲဖြစ်တယ်။ ကျန်းမော့ရှန်းတစ်ယောက် စစ်ဌာနချုပ်ဆီကို ပြန်လာနိုင်ပါ့မလားဆိုတာက ဆွေးနွေးဆုံးဖြတ်ရမဲ့ အရေးကြီးကိစ္စရပ်တစ်ခုဖြစ်နေတယ်။ အခုချိန်မှာ ဒီအကြောင်းကိုစပြီးစိုးရိမ်နေတာက သူ့အတွက် အချိန်နည်းနည်းစောနေသေးတယ်။

ဒီလိုမျိုးစဉ်းစားမိပြီးနောက် ယွီဟောင်ရွေ့ရဲ့စိတ်ခံစားချက်တွေက နောက်ဆုံးမှာတော့ စိတ်တည်ငြိမ်လာခဲ့ပြီဖြစ်တယ်။ သူ့ရဲ့စိုးရိမ်ပူပန်နေတဲ့ဇနီးကို ကြည့်လိုက်ရင်း သူသူမကို တောင်းပန်တဲ့အနေနဲ့ နမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။ "တောင်းပန်ပါတယ်။ ကိုယ်မင်းကို စိုးရိမ်စေမိပြီ။ ပြီးတော့ ရှန်းအာ . . ."

"အဆင်ပြေပါတယ်။ ကျွန်မသူ့ကို နောက်ကျရင် ဖျောင်းဖျလိုက်ပါမယ်။" ဆန်းတုမိန်က အပြုံးလေးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

ယွီဟောင်ရွေ့တစ်ယောက် သူ့အိမ်မှာ ဘယ်လောက်ပဲသောင်းကျန်းနေပါစေ။ ဒီအခိုက်အတန့်လေးမှာ ကျန်းမိသားစုရဲ့ပျော်ရွှင်နေမှုအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိလေပါဘူး။

. . .

သတင်းစာရှင်းလင်းပွဲမှာ ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေတာကြောင့် ကျန်းမော့ရှန်းတစ်ယောက်​နောက်ထပ်စစ်ဌာနချုပ်အစည်းအဝေးပွဲကို မတက်ရောက်တော့ပဲ အဲ့အစား အိမ်ကိုပဲ တိုက်ရိုက်ပြန်လာခဲ့တော့တယ်။

ကျန်းမော့ရှန်းရဲ့ပြန်လည်ကောင်းမွန်လာမှု သတင်းက ပြည်ထောင်စုအနှံ့အပြားတွင် အုတ်သော်သောင်းနင်း ဖြစ်သွားစေရုံတင်မကပဲနဲ့ စစ်ဌာနချုပ်တွင်လည်း လှိုင်းလုံးကြီးကြီးမားမားတစ်ခုကို ဖြစ်ပျက်သွားစေခဲ့တယ်။

"ငါ့ရဲ့သူငယ်ချင်းကောင်းကြီး အားရှန်းက အခုအဆင်ပြေသွားပြီ။ ဒါပေမဲ့မင်းက ဒီလိုမျိုးသတင်းအကြီးကြီးတစ်ခုကို ငါ့ကိုတော့ မပြောပြခဲ့ဘူးနော်။ ငါဒီနေ့ သတင်းစာရှင်းလင်းပွဲကို မြင်လိုက်ရတဲ့အချိန်တုန်းကဆိုရင် ငါမတုံ့ပြန်နိုင်လုနီးနီးတောင် ဖြစ်သွားတာ။" ကျန်းဇန်ထောင်ကို မြင်တဲ့အချိန်မှာ ထန်ချီရှုတစ်ယောက် မတတ်နိုင်ပဲ သူ့ပုခုံးကိုရိုက်လိုက်ပြီးတော့ ပြောလိုက်တယ်။

ကျန်းဇန်ထောင်က သတင်းစာရှင်းလင်းပွဲအကြောင်းကို ကြိုတင်ပြီး ဘယ်သူ့ကိုမှမပြောပြခဲ့ပါဘူး။ ရည်ရွယ်ချက်က ရန်သူကို အံ့အားသင့်သွားအောင်လုပ်ဖို့ ဖြစ်ပြီးတော့ ရန်သူကို ပြင်ဆင်ချိန် ဘာအခွင့်အရေးမှ မပေးနိုင်အောင်ဖြစ်တယ်။

"သူက မကြာသေးခင်ကမှ သက်သာစပြုလာတာ။ အင်တာနက်ပေါ်က ကောလဟာလတွေက အရမ်းရက်စက်ပြင်းထန်နေလို့သာ မဟုတ်ဘူးဆိုရင် ငါသူ့ကို ရှေ့ထွက်ခိုင်းမှာမဟုတ်ဘူး။" ကျန်းဇန်ထောင်က အပြုံးနဲ့ပြောလိုက်တယ်။

"မာရှယ်ကျန်း ခင်ဗျားက လျို့ဝှက်ချက်တွေကို ထိန်းသိမ်းရာမှာ အရမ်းတော်တာပဲ။ ငါဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှမကြားခဲ့မိဘူး။ ဒီလိုမှန်းသိရင် ငါဗိုလ်ချုပ်ကျန်းဆီကို အလည်လာပါတယ်။ သူကနောက်ဆုံးမှာတော့ ငါ့ရဲ့သားမက်လေးပဲလေ။ ငါသူ့ဆီ အလည်လာသင့်တာပေါ့။ မဟုတ်ရင်ငါ​တော့ ဝေဖန်ခံထိတော့မှာပဲ။" ယွီဟောင်ရွေ့က မပျော်မရွှင်ဖြစ်စွာ ပြောလိုက်တယ်။

ကောင်းကောင်းအကွက်ရွေ့ခဲ့တာပဲ။ ကျန်းဇန်ထောင် ဒီလူအိုကြီးရဲ့ပါးစပ်က​တော်တော်နှုတ်လုံတာပဲ။ စစ်ဌာနချုပ်ရဲ့ နောက်ဆုံးတစ်ခေါက် အစည်းအဝေးပွဲမှာတုန်းကကျတော့ သူ့သားက သေတော့မလိုမျိုးဖြစ်နေတဲ့ပုံနဲ့ ဝမ်းနည်းနေသလိုမျိုးပြုမူခဲ့တယ်။ ဒါပေမဲ့ တစ်ပတ်မျှသာကြာသေးတယ်။ သူက သတင်းစာရှင်းလင်းပွဲကိုတောင် ကျင်းပလိုက်သေးတယ်။ သူ့သား ပြန်လည်ကောင်းမွန်သက်သာလာတာ သိပ်မကြာသေးဘူးလို့ သူပြောပေမဲ့လည်း ယွီဟောင်ရွေ့ကတော့ ဒါကိုမယုံကြည်ပါဘူး။

ကျန်းမော့ရှန်းက ပြန်လည်သက်သာလာမယ်ဆိုတာကို သူသိခဲ့မယ်ဆိုရင် သူဒီလိုမျိုးမှားယွင်းမှုကို သေချာပေါက်ကို ပြုလုပ်မိမှာမဟုတ်သလို သူကျန်းမော့ရှန်းကိုလည်း ဒီလောက်ချောချောမွေ့မွေ့ ပြန်လည်သက်သာလာခွင့် ပြုခဲ့မှာမဟုတ်ဘူး။ သို့သော်လည်း သူမှားယွင်းတဲ့ခြေလှမ်းကို ပြုလုပ်ခဲ့မိတယ်။ ဇာ့ခ်ဘုရင်ရဲ့အဆိပ်အာနိသင်ကို သူအရမ်းမျှော်လင့်ထားခဲ့မိတာဖြစ်တယ်။

ဟွီဟောင်ရွေ့ရဲ့စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန်မှာ ကျန်းဇန်ထောင်က သူ့ကို အပြုံးတုတစ်ခုကို ဆင်မြန်းထားရင်း ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။ "အားရှန်းနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။ အားရှန်းနဲ့ သစ်အယ်သီးလေးတို့နှစ်ယောက်စလုံး နေကောင်းကြပါတယ်။ အားရှန်းကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သစ်အယ်သီးလေးကို ကျေးဇူးတင်ရမှာပါပဲ။ အဲ့ဒါကြောင့် သူမြန်မြန် ပြန်လည်ကောင်းမွန်လာနိုင်ခဲ့တာ။"

ကျန်းဇန်ထောင်က တမင်သက်သက်ကို ယွီဟောင်ရွေ့ကို သူအစတုန်းက ဘာလုပ်ခဲ့သလဲဆိုတာနဲ့ ဒီသားငယ်လေးကို သူဘယ်လိုဆက်ဆံခဲ့သလဲဆိုတာကို သတိပြန်ပေးတဲ့အနေနဲ့ ယွီဂျင်လီကိုပါ ထည့်ပြောလိုက်တယ်။ ယွီမိသားစုကယွီဂျင်လီကို အသိအမှတ်ပြုဖို့ အစီအစဉ်မရှိချင်နေ သူတို့ရဲ့ကျန်းမိသားစုကတော့ အသိအမှတ်ပြုတယ်။ သေချာပေါက်ကိုပဲ ယွီဂျင်လီရဲ့နာမည်ကို သူကြားပြီးတဲ့နောက်မှာ ယွီဟောင်ရွေ့ရဲ့မျက်နှာအမူအရာက ရုပ်ဆိုးလာပြီးတော့ သူ့ရဲ့အပေါ်ယံမျက်နှာဖုံးကိုတောင် မထိန်းသိမ်းထားနိုင်တော့ပဲ စကားအနည်းငယ်ပြောပြီးနောက် ဒေါသတကြီး ထွက်ခွာသွားတော့တယ်။

ထန်ချီရှုနဲ့ကျန်းဇန်ထောင်တို့တတွေလည်း မခွဲခွာခင်မှာ နောက်ထပ်စကားအချို့ကို ဖလှယ်ပြောဆိုခဲ့ကြတယ်။

. . .

ပထမစစ်တပ်အဖွဲ့ရဲ့ လေ့ကျင့်ရေးအခန်းထဲတွင် အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေအားလုံးက အခုချိန်တွင် အတူတကွ စုစည်းနေကြပြီးတော့ သူတို့တွေကိုကြည့်ရတာ သိသာထင်ရှားနေတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အလေးအနက်ဖြစ်နေကြတယ်။

ဒီအဖွဲ့ထဲမှာ စုစုပေါင်းအဖွဲ့ဝင် ခုနှစ်ယောက်မျှသာ ရှိသော်ငြားလည်းပဲ သူတို့တွေက စစ်တပ်ရဲ့လက်ရွေးစင်အဖွဲ့ဖြစ်တယ်။ ကျန်းမော့ရှန်းရဲ့ဦးဆောင်မှုအောက်တွင် သူတို့တွေက ခက်ခဲတဲ့တာဝန်တွေကို တစ်ခုပြီးတစ်ခု ပြီးမြောက်ပြီးနေပြီဖြစ်တယ်။

ကျန်းမော့ရှန်းရဲ့ မတော်တဆမှုဖြစ်ပွားပြီးကတည်းက အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက လေးလံတဲ့စိတ်အခြေအနေတွေနဲ့ အရမ်းစိတ်ဓာတ်ကျနေခဲ့ကြတာဖြစ်တယ်။ သူတို့ရဲ့ဘော့စ်ကို မျက်နှာပြင်အကြီးကြီးပေါ်မှာ သူတို့မြင်လိုက်ရတဲ့အချိန်မှာ သူတို့ရဲ့စိတ်အခြေအနေတွေက ရိုလာကိုစတာတစ်ခုလိုမျိုး နိမ့်လိုက် မြင့်လိုက်ဖြစ်နေခဲ့တယ်။

"မင်းတို့အားလုံး မြင်ကြပြီးပြီလား? ဘော့စ်က ပြန်လည်ကောင်းမွန်လာပြီ။ ဘော့စ်ပြန်လည်သက်သာလာပြီ!" ကျားဖြူက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ သန်မာပြီးမာကြောတဲ့ ယောက်ျားတစ်ယောက်ဖြစ်တဲ့သူက အခုအချိန်မှာ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်လုံးထဲကနေ မျက်ရည်တွေ ထွက်ကျလာမိတယ်။








Continue Reading

You'll Also Like

271K 7.2K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 44.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd