Ant(ပုရွက်ဆိတ်)

By D_reamLan_D

2.8K 567 88

သည်းသည်းလေးက အချိုခဲဆို ကျွန်တော်က သည်းသည်း​လေးရှိရာ အရောက်လာမယ့် ပုရွက်ဆိတ်...။ သည္းသည္းေလးက အခ်ိဳခဲဆို ကြၽန... More

Ant-1
Ant-2
Ant-3
Ant-4
Ant-5

Ant-6 (final)

545 95 9
By D_reamLan_D

<unicode>

အဲ့ဒီနေ့ကစပြီး ဂင်မ်ဂျုံအင်းဆိုသော ကလေးပိစိမှာ ဂျောင်ဆူးအိမ်သို့ ရောက်မလာလေတော့။ ၃ရက်အကြာမှာတော့ သူ့မိဘတွေလာခေါ်လို့ ပြန်လိုက်သွားပြီဆိုသော အကြောင်းကိုသာ မေမေကနေတဆင့် သိလိုက်ရ၏။

ဒါလည်းကောင်းပါတယ် ဂျောင်ဆူးအတွက် တစ်ရန်အေးသွားတာပေါ့။

ဆူဟိုဟျောင်းကလည်း သူ့တူကိုငိုအောင် လုပ်ရပါ့မလားဆိုပြီး အရင်ကလို ဂျောင်ဆူးအိမ် လာလည်တာမျိုးမရှိတော့။ အပြင်မှာများ တစ်ခါတလေဆုံမိရင် မသိတဲ့လူတွေလို မမြင်ချင်ယောင်ဆောင်ပြီး သူ့ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ထွက်သွားတတ်သေးတာ။

ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် သူနဲ့ဆူဟိုက အတန်းမတူကြတာကြောင့် အရင်ကလိုမတွေ့မိကြပေမယ့် ကျောင်းကန်တင်းမှာ တွေ့မိတဲ့အခါမျိုးဆို ဂျောင်ဆူးကအရင် နှုတ်ဆက်ရင်တောင် ချေမိုးနေတဲ့ မျက်နှာကြီးနဲ့ ''ငါ့တူကိုငိုအောင်လုပ်ထားတာ မင်းပြန်ပေးဆပ်ရမယ်'' ဆိုပြီး ဒရမ်မာဆန်ဆန် ပေါတောတောစကားတွေက ပြောတတ်သေးတာ။

ဒီလိုနဲ့ပဲ သူတင်းလျှင် ကိုယ်မလျှော့ ဆိုတဲ့စကားနဲ့အညီ နောက်ပိုင်းတော့ ဂျောင်ဆူးသည်လည်း ဆူဟိုကို ဘယ်မှာတွေ့တွေ့ သွားနှုတ်ဆက်လေ့မရှိတော့။

ဘယ်ရှုထောင့်ကကြည့်ကြည့် ဂျောင်ဆူးဘက်က ခံဘက်ချည်းပဲကို မသိရင်ဂျောင်ဆူးကပဲ အသက်မပြည့်သေးတဲ့ သူ့တူကို မတော်မတရားကြံစည်ထားသလိုလို။ သူ့သူငယ်ချင်းတစ်ယောက်လုံး သူ့တူလက်ထဲမှာ လုံးပါးပါးရမှာတော့ မသိချင်ယောင် ဆောင်ထားပြီးတော့များ။

တစ်ဖြည်းဖြည်းနဲ့ လကနေနှစ်ပိုင်းသို့ ကူးပြောင်းလာသည်မှာ ၁၂ပင်ရှိခဲ့ပြီ။ အသက်ကြီးရင် မိန်းမယူမည်ဟု အာချောင်ထားသော ဂျောင်ဆူးပင် လူပျိုဘဝဖြင့် အပူမရှာဘဲ ဖြတ်သန်းလာသည်မှာ ကျောင်းပြီး၊ ဘွဲ့ရ၊ ယခုအစိုးရအလုပ်ကို ဝင်သည်အထိ။

အပူမရှာချင်၍ ရည်စားတောင်မထားဘဲ အသက်ကြီးရင် သာသနာ့ဘောင်ဝင်မည်ဟု ကြုံးဝါးထားသမျှ တစ်နေ့မှာတော့ ဂျောင်ဆူးဆီသို့ အပူတွေက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာခဲ့ပြီ၏။

ဇာတိမြို့ကလေးရဲ့ စာသင်ကျောင်းမှာ အလယ်တန်းကျောင်းဆရာအဖြစ် အလုပ်ဝင်နေသည့်အချိန် ဆယ်စုနှစ်ကျော် သူငယ်ချင်းအဖြစ် ရပ်ဆဲထားသူက နေ့လည်စာအတွက် ထမင်းဗူးကိုင်ပြီး လာပို့သတဲ့။

ဆူဟိုသည်ကား လွန်ခဲ့တဲ့၁၂နှစ်တာအတွင်း ဘာမှမဖြစ်ခဲ့သလိုပင် ဟိုးယခင်ကလို ရယ်ရယ်မောမောဖြင့် ဂျောင်ဆူးအား ခေါ်ပြောလာသည်ကြောင့် ငယ်ပေါင်းပီပီ ဂျောင်ဆူးဘက်ကလည်းလျော့ကာ သူငယ်ချင်းနှစ်ယောက် အရင်လိုပင် ရင်းနှီးသွားကြပြန်၏။

" မေမေက မင်းအတွက် နေ့လည်စာ လုပ်ပေးလိုက်တာ။ မင်းကြိုက်တဲ့ဟင်းတွေချည်းပဲနော် ''

ဆူဟိုလှမ်းပေးတဲ့ နေ့လည်စာ ထမင်းဗူးလေးကိုလှမ်းယူကာ ဂျောင်ဆူးကပြုံးစစဖြင့်

" အန်တီ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးအုံးဟျောင်း။ ကျောင်းဆင်းမှပဲ ဟျောင်းတို့အိမ်ဘက် လာခဲ့တော့မယ် ''

သူ့ကျောင်းအထိ လိုက်လာခဲ့တဲ့ ဆူဟိုက တစ်ယောက်တည်းတော့မဟုတ် ဘေးမှာကောင်လေးတစ်ယောက်ပါ ပါလာခဲ့၏။ ဂျောင်ဆူးထက် ငယ်မယ့်ပုံရှိတဲ့ ဤကောင်လေးက ဂျောင်ဆူးထက်ပင် သိသိသာသာနဲ့ ခေါင်းတစ်လုံးစာ ပိုမြင့်နေ၏။

သူနဲ့ဆူဟိုရဲ့ စကားဝိုင်းထဲ ဝင်မပြောသော်ငြား သူ့အနားရောက်တဲ့အခါ၊ သူ့ရှေ့မှာရပ်ရင်း ေဂျာင်ဆူးမျက်နှာကို စိုက်ကြည့်ရင်း ပြုံးလိုက်သည့်အခါ ပါးနှစ်ဖက်ပေါ် ခွက်ဝင်သွားတဲ့ ပါးချိုင့်တုလေးနှစ်ခုက လွန်ခဲ့တဲ့၁၂နှစ်က ကလေးလေးတစ်ယောက်ကို သတိရမိသွား၏။

ဆူဟိုလက်ထဲက ထမင်းဗူးယူပြီး သူ့ကိုကြည့်နေတဲ့ ကောင်လေးရဲ့ အကြည့်တွေကို လျစ်လျူရှုကာ လစ်ပြေးမယ်ဟု ကြံစည်ထားသော်ငြား ဟိုးအရင့်အရင်ကတည်းက မကောင်းတဲ့ညဉ်ဆိုးကြီး မပျောက်နိုင်တဲ့ ဆိူဟိုဟျောင်းသည်ကား မချိပြုံးကြီးဖြင့် ဘေးနားကကောင်လေးနဲ့ မိတ်ဆက်ပေးတော့၏။

" ဂျုံအင်းနီလေ။ မှတ်မိတယ်မလား...မင်းကိုအသေရရ၊ အရှင်ရရ လိုက်နေတဲ့ ငါ့တူလေး။ နာမည်အပြည့်အစုံ သိသေးတယ်မလား? ဂင်မ်ဂျုံအင်း တဲ့ ''

ထိုအခိုက်အတံ့ ဂင်မ်ဂျုံအင်း၊ ဂျုံအင်းနီဆိုသော အမည်နာမသည်ကား ဂျောင်ဆူးနားထဲ ဗုံးတစ်လုံး ပစ်ထည့်လိုက်သည့်အလား အသံကျယ်ကျယ်ဖြင့် ပေါက်ကွဲသွား၏။

သူ့အနေနဲ့ ဆူဟိုဟျောင်းသာ မိတ်ဆက်မပေးဘူးဆိုလျှင် အရူးကွက်နင်းကာ မေ့ချင်ဟန်ဆောင်မည်ဟု တေးထားခဲ့သမျှ ဆူဟိုဟျောင်းရဲ့ သူ့သူငယ်ချင်းကို ဂင်ဂျုံအင်းဆိုသော လူပျိုကောင်လေးရဲ့လက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်ပြီ ဖြစ်တာကြောင့် မသိဟန်ဆောင်နေတာ မရလေတော့။

ခံစားချက်တွေ မျက်နှာပေါ်မပေါ်အောင် ထိန်းထားနိုင်သည့် အားသာချက်ကြောင့် ရှိရင်းစွဲ မျက်နှာတည်နှင့်ပင် မှင်သေသေဖြင့် နှုတ်ဆက်လိုက်တော့သည်။

" ဂျုံအင်းနီကိုး...တော်တော်ထွားလာတယ်နော်။ အရပ်လည်းရှည်လာတယ် ''

ရှေ့ကကောင်လေးက ပါးချိုင့်တုလေးတွေပေါ်အောင် ပြုံးပါ၏။ ဂျောင်ဆူးသာလျှင် ဂျုံအင်းရဲ့အပြုံးကိုမြင်ပြီး အငွေ့အသက်မကောင်းသလို ခံစားနေရတာဖြစ်သည်။

" ကျွန်တော့်ကို ချစ်သူရနေပြီလားလို့ မမေးတော့ဘူးလား? "

" မရသေးဘူးမလား။ မထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ မင်းတို့အရွယ်လေးတွေက ချစ်သူထားတာထက် ဂိမ်းကိုပိုစွဲလန်းကြတယ်လေ ''

စကားသာလက်ခံပြောနေရတာ ဂျောင်ဆူးက ထွက်ပြေးချင်နေပြီ။ သူတကယ်ကို မအီမသာကြီး ခံစားနေရလို့ဖြစ်၏။

ဂျုံအင်းက တစ်ခုခုပြောမလို့ ပါးစပ်ဟလိုက်ချိန်မှာ ဂင်မ်တူဝရီးနှစ်ယောက်နောက်က ဖြတ်သွားတဲ့ ဘယ်သူမှန်းမသိသည့် ဆရာမတစ်ယောက်ကို ပါးစပ်ထဲတွေ့ကရာ နာမည်ခေါ်ကာ အရူးကွက်နင်းပြီး လစ်သွားသည်မှာ ဒိုဂျောင်ဆူးရယ်ပါ။

ကျန်တဲ့နှစ်ယောက်သား အနောက်မှာ ဘယ်လိုကျန်ခဲ့မလဲဆိုတာ မသိချင်။ အရင်ဆုံး ဂင်မ်ဂျုံအင်းဆိုသော အကြည့်စူးစူးတွေနဲ့ ကောင်လေးရှေ့ကနေ ထွက်သွားရဖို့က အရေးကြီးသည်။

ဒီတစ်ခေါက်တော့ ဂျုံအင်းလက်ကနေ လွတ်သွားပြီ။ နောက်တစ်ခါဆိုရင်တော့ ဘယ်လိုရှောင်ပြေးရပါ့။

•°•°•°•

ယနေ့ကျောင်းဆင်းသည့်အချိန်သည် ဂျောင်ဆူးအတွက် အိမ်မက်ဆိုးပင်ဖြစ်၏။ အကြောင်းမူကား ဂင်မ်ဂျုံအင်းဆိုသော ကလေးပိစိက ကလေးပိစိမဟုတ်တော့ဘဲ အရွယ်ရောက်ပြီးသား ကောင်လေးဖြစ်နေပြီ ဖြစ်တာကြောင့် အရင်ကလေးဘဝတုန်းကတောင် ဂျောင်ဆူးမှာ ခံဘက်ကချည်းဖြစ်တာ အခုလို သူ့ထက်၂ဆလောက် ထွားကျိုင်းလာသည်ကြောင့် ဂင်မ်ဂျုံအင်းဆိုသော ေကာင်လေးလက်က မလွတ်နိုင်တော့သည်မှာ သေချာသလောက် ရှိနေပါပြီ။

" သည်းသည်းလေး ''

" ဘုရား! "

ေပြးလို့မလွတ်မယ့်အတူတူတော့ အပင်ပန်းခံပြီး ပြေးမနေတော့။ အေးအေးဆေးဆေး အမိခံလိုက်တာပဲကောင်းသည်။ တစ်နည်းပြောရရင် အားအင်ချွေတာရာလည်း ရောက်သွားတာပေါ့။

" ငါ့ကိုလာကြိုတာလား? "

" ဗျာ! ဟုတ်တယ်..ဟုတ်တယ် ''

ဂျောင်ဆူးဘက်က ရှောင်ပြေးမည်ဟု ထင်ထားခဲ့ပေမယ့် တကယ်တန်း ရှောင်ပြေးခြင်းမရှိသည်ကြောင့် ဂျုံအင်းမျက်နှာလေးက လန်ဆန်းသွား၏။

" လာကြိုတယ်ဆိုတော့လည်း ရော့...ငါ့အိတ်သယ်ခဲ့ ''

နှစ်ယောက်သား အတူလျှောက်နေပေမယ့်၊ မျက်နှာပေါ် အမူအရာမပေါ်ပေမယ့် ဂျောင်ဆူးရင်ထဲမှာတော့ သံစုံတီးဝိုင်းမြည်ဟည်းနေပြီ။

ငယ်ငယ်ကလို ခြေမြန်၊လက်မြန်ရှိတဲ့ ဤကလေးက လူပြတ်တဲ့လမ်းမှာ မတော်မတရားလုပ်လိုက်ရင် ကိုယ်ကျိုးမနည်းပေဘူးလားနော်။

ဂျုံအင်းဘက်က တစ်ခုခုမူမမှန် ဖြစ်လာခဲ့ရင် ကြိုတင်ပြီး ထွက်ပြေးရအောင်လို့ ဘေးဘီဝဲယာ လမ်းကြောင်းတွေကို ကြိုကြည့်ထားပြီးသား။

" သည်းသည်းလေး ''

၁၂နှစ်လောက် မကြားခဲ့ရတဲ့ ဤစကားတစ်ခွန်းမှာတင် ဂျောင်​ဆူးသည်လည်း ရင်ခုန်သံမြန်လာသလိုလို၊ နှေးသွားသလိုလို။

" ကျွန်တော်က သည်းသည်းလေးကို အများကြီးချစ်တာ ''

မြန်လာပြန်ပြီ...အသက်ရှူသံတွေ။

" ငါ့ထက်ငယ်တဲ့လူကိုစိတ်မဝင်စားဘူး။ သက်တူရွယ်တူပဲယူမှာ ''

" အရင်ကပြောခဲ့သလို မိန်းမယူမှာလို့ ပြောအုံးမလို့လား။ ကလေးအချစ်ကို စျေးမဆစ်ပါနဲ့ဗျ။ သည်းသည်းလေး တစ်ယောက်တည်းအတွက် ကန့်သတ်ပစ္စည်းကို စျေးလျော့ပေးထားတာမို့ ၁၅၀၀ပဲပေးရင် ကျေနပ်ပါပြီ ''

" ကန့်သတ်ပစ္စည်း ၁၅၀၀က စျေးပေါတယ်...ငါ့အကြိုက်မဟုတ်ဘူး ''

" စျေးပေါပေမယ့် ပစ္စည်းကောင်းပါတယ်ဗျ။ သည်းသည်းလေးကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ အသစ်စက်စက်ပစ္စည်းလေးကို ၁၅၀၀နဲ့ယူမထားရင် နောင်တရလိမ့်မယ်နော် ''

ဂျောင်ဆူးက ​ခြေစုံရပ်ပစ်တော့ ဂျုံအင်းကပါ လိုက်ရပ်၏။

" ဝေးသေး! "

နှာခေါင်းရှုံ့ကာဖြင့် သူ့လက်ထဲကအိတ်ကို ဆွဲလုကာ ခြံထဲပြေးဝင်သွားသည်ကြောင့် ဂျုံအင်းမှာ ဆက်မလိုက်တော့ဘဲ ရယ်၍သာ ကျောပြင်လေးကို ကြည့်နေလိုက်တော့သည်။

ဘယ်လောက်ပြေးပြေး သည်းသည်းလေးက ကျွန်တော့်အပိုင်ဖြစ်လာမှာပဲ စောင့်နေလိုက်။

•°•°•°•

နောက်တစ်နေ့ မနက်မှာတော့ ဂင်မ်ဂျုံအင်း ကျောင်းလိုက်ပို့နေမှာစိုးလို့ ဂျောင်ဆူးကအရင် မနက်စောစောထပြီး ကျောင်းကိုပြေးတော့၏။

ဘဝမှာလည်း ကျန်တဲ့အချိန် အေးဆေးနေသလောက် ဂင်မ်ဂျုံအင်းရောက်လာရင် ကမောက်ကမတွေကိုဖြစ်လို့ပင်။

ထူးဆန်းတယ်ပဲပြောရမလား? ဆုတောင်းပြည့်တယ်ပဲပြောရမလား?
အရင်လို အချိုခဲရှိရာ အနံ့ခံပြီး ရောက်လာတတ်တဲ့ ပုရွက်ဆိတ်လေးတစ်​ကောင်က ယနေ့တော့ဖြင့် အချိုခဲလေးဆီ ရောက်မလာခဲ့ပါ။

လက်လျော့သွားတာ မဟုတ်မှန်းတော့ ဂျောင်ဆူးသိသည်။ ဂျုံအင်းကသူနဲ့ပတ်သက်ရင် လွယ်လွယ်နဲ့ လက်လျော့မယ့် ေကာင်လေးမဟုတ်ပါချေ။

အတန်းအားတဲ့အချိန် နားနေစဉ်မှာ ဂျောင်ဆူးဆီဝင်လာတဲ့ မက်ဆေ့လေးတစ်ကြောင်း

~ သည်းသည်းလေး

ခဏတဖြုတ်တော့ အားနေတာကြောင့်ရော၊ ဂျုံအင်းပို့ထားတဲ့မက်ဆေ့ကို seenဖြစ်မိပြီးသွားတာကတစ်ကြောင်းမို​့ စာမပြန်လည်း မသင့်တော်လှဘူးဟု တွေးမိတာကြောင့် ခပ်သွက်သွက်ပင် စာပြန်လိုက်လေ၏။

~ ဘာတုန်း

စက္ကန့်ပိုင်းပင်မကြာ ဂျုံအင်းဆီကနေ ရယ်နေတဲ့emojiလေးတစ်ခု ထပ်ရောက်လာပြန်သည်။

~ 🤣

~ ဘာလဲ..ပြော။ ငါအလုပ်မအားဘူး

~ ကျွန်တော်က သည်းသည်းလေးကိုချစ်တာ သိတယ်မလား?

ေသာက်ကြီးသောက်ကျယ်နဲ့ ဒီကလေးရဲ့ငယ်ဘဝဘဝင်က အခုထိမကျသေးဘူးပဲ။

ဂျောင်းဆူးကလည်း အမြင်ကပ်စွာနဲ့ ခပ်ချေချေပဲ စာပြန်လိုက်တယ်လေ။

~ သိသားပဲ

~ ကျွန်တော့်ကိုရော ပြန်သဘောကျဖို့ စိတ်ကူးမရှိဘူးလား?

~ ငါကမိန်းမယူမှာ

စာထဲမှာအနိုင်ပိုင်းလိုက်နိုင်၍ ဖုန်းနှိပ်နေတဲ့ ဂျောင်ဆူးမျက်နှာဟာ ပြုံးစိစိဖြစ်နေလေ၏။ ဂင်ဂျုံအင်းကို သူကမိန်းမယူမှာလို့ စကားနိုင်လုရတာလောက် အူရွှင်တာမရှိပေ။

~ တကယ်ပဲ ကျွန်တော့်ကို မချစ်နိုင်ဘူးလားဗျာ

~ မချစ်ဘူး

~ ဒီစကားတကယ်အတည်လား

~ အတည်ပေါ့ဟ

~ ကျွန်တော်ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးလား?

~ သေကြောင်းကြံစည်မလို့လား? ဒီဇာတ်လမ်းတွေက ရိုးနေပြီနော် ဂျုံအင်းနီ။ မင်းရဲ့သည်းသည်းလေးက အထာနပ်ပြီးသား။ မင်းထက်အရင် မွေးလာတာပါကွ

~ ကျွန်တော်သိပြီ

~ သိပြီးတာပဲ

ကောင်လေးကို အနိုင်ပိုင်းလိုက်ရလို့ အူရွှင်မိပေမယ့် ဂျုံအင်းကိုတော့ တစိုးတစိ ထိခိုက်စေတဲ့ဆန္ဒ မရှိပါလေ။

တော်တော်ကြာတဲ့အထိ စာပြန်မလာသည်ကြောင့် ဂျောင်းဆူးရင်ထဲ အနည်းငယ်တော့ စိုးထိတ်သွားမိ၏။

သူနဲ့ပတ်သက်ရင် ထင်ရာစိုင်း၍ လုပ်တတ်သည့် ကောင်လေးက သူ့ကိုယ်သူထိခိုက်အောင် မလုပ်ပါဘူးဟူ၍ တပ်အပ်မပြောနိုင်ပါလေ။

တစ်ခါမှမသိခဲ့တဲ့၊ ခေါ်ဆိုခြင်းမရှိခဲ့တဲ့ ဂျုံအင်းရဲ့ မက်ဆေ့ဝင်ရာ ဖုန်းနံပါတ်ကို ခေါ်ဆိုသော်ငြား အဝင်ကောလ်သာပြပြီး တစ်ဖက်မှ ကိုင်မည့်လူမရှိသည်ကြောင့် ဂျောင်ဆူး၏ စိုးရိမ်မှုတို့ မြင့်တက်လာချေပြီ။

မပြောကောင်း မဆိုကောင်း
ဂျုံအင်းတစ်ခုခု ဖြစ်သွားရင် သူ့အပြစ်လည်းမကင်းပေ။

ဘယ်နှစ်ခါပင်ခေါ်ခေါ် စိမ်းသက်နေတဲ့ ဖုန်းနံပါတ်လေးကတော့ ကိုင်မည့်သူမရှိ။

" ဂျုံအင်းရာ ဘာမှဖြစ်လို့မရဘူးနော်။ ဟျောင်းခွင့်လွှတ်မှာမဟုတ်ဘူး ''

သူ့စကားကိုအဖက်မလုပ်သည့် ကိုင်သူမဲ့ဖုန်းကလေးမှာ အဝင်ကောလ်တွေက ရဲတောက်နေပေရော့မည်။

" ဆရာဒို...အတန်းမဝင်ဘူးလား? ဆရာ့အချိန်ရောက်နေပြီလေ ''

ပုခုံးကိုလာပုတ်တဲ့ လက်တစ်ဖက်ကြောင့်သာ လက်ရှိလောကထဲ ဆွဲသွင်းခြင်းခံလိုက်ရပြီး အသိစိတ်က အနည်းငယ်တော့ ပြန်ကပ်လာ၏။

" ဆရာ့ မျက်နှာလည်း မကောင်းပါလား။ ဆရာ့ရည်းစား သူများနဲ့ယူသွားလို့လား? "

" ဗျာ! "

" ဪ..မဟုတ်ဘူးပဲ။ ဟဲဟဲ...ကျွန်မကြည့်နေကြ ဇာတ်လမ်းထဲက မင်းသားပုံစံနဲ့ ဆရာ့အဖြစ်က တူနေလို့ မေးကြည့်တာပါ။ တစ်မျိုးမထင်ပါနဲ့ ''

ဂျောင်ဆူးဘက်က ဘာမှပြန်မပြောပေမယ့် အောင့်သက်သက်တော့ ခံစားလိုက်ရသည်။ ဒီဆရာမသည်ကား လူမှုရေးကျင့်ဝတ် နားမလည်ပေဘူးလား။ သူထင်ရာတွေ စွတ်ပြောနေတော့တာပဲ။

အတန်းဝင်ဖို့သွားနေတဲ့လမ်းတစ်လျှောက် ဂျောင်ဆူးအသိစိတ်က စိတ်နဲ့ကိုယ်နဲ့ ကပ်လိုက်၊မကပ်လိုက်ပါလေ။

တစ်ဖက်မှာလည်း ဂျုံအင်းကို စိတ်ပူရသလို၊ နောက်တစ်ဖက်မှာလည်း ဂျုံအင်းစိတ်ထင်ရာ မလုပ်ဖို့သာ ဆုတောင်းရသည်။

" ဂျောင်ဆူးရေ! ဂျောင်ဆူး! လုပ်ပါအုံးကွာ! ဂျုံအင်းနီလေ ... ''

သူ့ဆီကို အမောတကော ပြေးလာတဲ့ တူဟိုဟျောင်းကို မြင်လိုက်သည့် အချိန်မှာတော့ တင်းခံထားတဲ့ စိတ်တွေက ကြိုးပြတ်သည့်စွန်လို လွတ်ထွက်သွားချေပြီ။

" ေဂျာင်ဆူးရေ...ငါ့တူလေးဂျုံအင်းနီလေ... ''

" သွားမယ်! ''

" ဟမ်! ဪ...အေးအေး။ သွားမယ်လေ။ လာလာ ''

ဆူဟိုကသာ လာလာဟုခေါ်ပေမယ့် ဂျောင်ဆူးကအရင် ဆူဟိုလက်ကိုဆွဲပြီး ကျောင်းဝန်းအပြင်ဘက် ပြေးတော့သည်။

နှစ်ယောက်သား ကားပေါ်ရောက်တော့ ဆူဟိုကကားမောင်းနေရင်း မျက်နှာမကောင်းပေ။ ဂျောင်ဆူးဘက်ကလည်း သူ့အပြစ်နဲ့သူမို့ စကားမစချင်ပေမယ့် ေပြာစရာရှိတာတော့ ပြောရအုံးမယ်။

" ဟျောင်း...ကျွန်တော်တောင်းပန်ပါတယ် ''

" မင်းအမှားချည်းပဲ မဟုတ်ပါဘူးကွာ။ ဂျုံအင်းနီက ငယ်ငယ်ကတည်းကကို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ရှိတာ ''

" ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ? မြစ်ကမ်းဘေးလား? တံတားပေါ်လား? မဟုတ်မှ အိမ်ကိုပဲလား? "

စိတ်ထင်ရာ လုပ်တတ်တဲ့ ဂင်မ်ဂျုံအင်းက မြစ်ကမ်းဘေးမှာများ အဆုံးစီရင်လိုက်ပြီလား? တံတားပေါ်ကနေများ မြစ်ထဲခုန်ချပြီး အဆုံးစီရင်လိုက်ပြီလား? မဟုတ်မှ...အိမ်မှာပဲ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တာများလား?

" ဟျောင်း! ဘယ်ကိုသွားမှာလဲ ပြောအုံးလေဗျာ! ကျွန်တော်စိတ်ပူလို့သေတော့မယ် ''

ကားမောင်းနေတဲ့ဆူဟိုက ဂျောင်ဆူးကို ခပ်စူးစူးလှည့်ကြည့်လာ၏။

" ဗုဒ္ဓဘုန်းတော်ကြီးကျောင်း ''

" ဘုရားရေ! "

" ဂျုံ..ဂျုံအင်းက အားလုံးကို စွန့်လွှတ်လိုက်ပြီလား? ကျွန်တော် သူ့ကို မတွေ့ရတော့ဘူးပေါ့ ''

" သူရွေးတဲ့လမ်းပဲ ဂျောင်းဆူးရ။ ဟျောင်းတို့လည်း တားမှမတားလိုက်နိုင်တာ ''

တကယ်ကြီး သူ ဂျုံအင်းကို နောက်ဆုံးအနေနဲ့ မတွေ့ရတော့ဘူးလား။ ဂျုံအင်းအသက် မမှီအောင်အထိ သူနောက်ကျသွားတာလား။ သူ့အပြောတွေက ဂျုံအင်းအပေါ်မှာ လွန်လွန်းသွားတာလား?

သူ...သူ ဂျုံအင်းနီကို ဘယ်လိုပြန်ပေးဆပ်ရတော့မလဲ?

" ရောက်ပြီဂျောင်ဆူး။ ဝင်ရအောင်။ အမျိုးတွေလည်း ခဏနေရောက်လိမ့်မယ်။ မင်းကိုအရင်ဆုံး ခေါ်ပြချင်လို့ ဟျောင်းကလာခေါ်တာ ''

ဟန်ယန်းဗုဒ္ဓဘုန်းတော်ကြီးကျောင်းဝန်းထဲအား ခြေချဖို့်ရာ တွန့်ဆုပ်နေမိ၏။ သူအထဲဝင်သွားရင် ဂျုံအင်းနီရဲ့ အသက်မဲ့ခန္ဓာကိုယ် စီးကြိုနေမှာကို ကြည့်နိုင်မယ်မထင်ဘူး။

ဆူဟိုဉီးဆောင်ရာနောက် လိုက်ခဲ့ရပေမယ့် ဘယ်လမ်းကိုဖြတ်ပြီး ဘယ်ကိုဉီးတည်သွားသလဲဆိုတာ အသိစိတ်ကပ်မနေပါလေ။ ဆူဟိုဟျောင်း၏ တံခါးပိတ်သံ ကြားရတဲ့အခါမှပဲ လက်ရှိလောကထဲ ပြန်ရောက်လာ၏။

ဂျောင်ဆူးရောက်နေတာက ဟန်ယန်းဗုဒ္ဓဘုန်းတော်ကြီးကျောင်း၏ ဘုရားခန်းထဲမှာ။ ဘုရားဆင်းတုရှေ့ ဒူးတုပ်ထိုင်နေတဲ့ ဗုဒ္ဓဘုန်းတော်ကြီးနှစ်ပါး။ ဂျောင်ဆူးကို ကျောပေးပြီးထိုင်နေတဲ့ ဂင်မ်ဂျုံအင်း၏ အရှင်လတ်လတ် ခန္ဓာကိုယ်။

ဂျုံအင်းဆီမှ မထိမခိုက်ဘဲ တွေ့လိုက်ရသည်ကြောင့် ပျော်သွားမိတာကတော​့ မလိမ်ညာလိုပါ။

ဒါပေမယ့် ဘုန်းတော်ကြီးတစ်ပါးက ဘာလို့လက်ထဲမှာ ဆံပင်ရိတ်စက် ကိုင်ထားရသလဲပဲ။

" ဟျောင်းတို့လည်း တားတာပဲ။ မရဘူး။ မင်းပြန်မချစ်လို့ဆိုပြီး ရာသက်ပန် ဘုန်းတော်ကြီး ဝတ်တော့မလို့တဲ့ဟေ့။ သူ့အမေကတော့ တစ်ဉီးတည်းသော သူ့သားလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာ့ဘောင် ဝင်လို့ဆိုပြီး အိမ်မှာတငိုငိုနဲ့ ကျန်ခဲ့ရော။ ငါလည်းဘာလုပ်ရမှန်းကို မသိတော့တာနဲ့ မင်းကိုလာခေါ်တာ ဂျောင်ဆူးရာ ''

ဒါဆိုလည်း အရင်ဆုံး အကျိုးအကြောင်း ရှင်းပြပြီးပြောလေ။ ခုတော့ သေမလိုတွေများ ဖြစ်ကုန်သလားလို့ ဂျောင်ဆူးရင်ပူသွားတာ ဂျောင်ဆူးသာအသိပင်။

" ဂျုံအင်းနီ ''

ဂျောင်ဆူးအသံကြားတော့ ဂျုံအင်းကျောပြင်က မတ်ကနဲ ဖြစ်သွားပေမယ့် တုံ့ပြန်သံတော​့ ထွက်မလာလေခဲ့။

" ဂျုံအင်းက တကယ်ပဲ ဘုန်းတော်ကြီး ဝတ်တော့မှာလား? "

" ကျွန်တော် သာသနာပြုတာကို မတားပါနဲ့ဗျ။ သည်းသည်းလေးမှ ပြန်မချစ်တာ ကျွန်တော့်ဘဝက ရှင်သန်နေလည်း သေလူနဲ့မခြားမယ့်အတူတူ ရာသက်ပန် ဘုန်းတော်ကြီး ဝတ်လိုက်တာပဲ ကောင်းပါတယ် ''

ဘုန်းတော်ကြီး နှစ်ပါးရှေ့မှာ ရည်စားစကား အပြောခံလိုက်ရ၍ ဂျောင်ဆူးမျက်နှာက ရှက်အမ်းအမ်း ဖြစ်သွားလေ၏။

" ဆရာတော်ဘုရားတို့ ဘုန်းတော်ကြီး ဝတ်တယ်ဆိုတာ အုပ်ထိန်းသူခွင့်ပြုချက်ရှိမှ ဝတ်လို့ရတာမဟုတ်လား ''

" ဟုတ်ပါတယ် ဒကာလေး ''

" ဒီလိုဆိုအရှင်ဘုရား ဒီကောင်လေးက အုပ်ထိန်းသူခွင့်ပြုချက်မရဘဲ ဘုန်းတော်ကြီးလာဝတ်တဲ့သူပါ။ ဘာလို့ဆို သူ...နဲ့...ကျွန်တော်က ချစ်! ချစ်သူတွေမို့ပါ! ကျွန်တော့်ကို စိတ်ကောက်ပြီး ဘုန်းတော်ကြီး လာဝတ်မှာမို့ ဗွေမယူပါနဲ့ ဆရာတော်ဘုရားတို့။ ချစ်သူစုံတွဲတွေရဲ့အဖြစ်ကို နားလည်ပေးပါ ဘုရား ''

မတတ်နိုင်ပေ။ ဂျုံအင်း ဘုန်းကြီးမဝတ်အောင် တားနိုင်တာက ဒီတစ်နည်းအပြင်မရှိတော့။ အရင်က ဒီကောင်လေးအပေါ် အနိုင်ယူခဲ့မိတာကို ပြန်ပေးဆပ်တာလည်းပါသည်။

" သည်းသည်းလေး တကယ်ပြောတာလား? လိမ်နေတာမဟုတ်ပါဘူးနော်? "

" ဘုရားဆင်းတုတော် ရှေ့မှာတောင် ဝန်ခံပြီးနေပြီပဲ။ ဘာတွေကိုမယုံတာလဲ ''

" ဒါဆိုအတည်ပေါ့လေ? "

" အေး ''

" ကျွန်တော်ရဲ့ချစ်သူ လုပ်ပေးမှာနော်? အတည်ဟုတ်? "

" ဟုတ်တယ်ဆိုကွာ! အိမ်အရင်ပြန်မယ် ''

သက်သက် ဒုက္ခလာပေးမိတဲ့ ဘုန်းတော်ကြီးနှစ်ပါးကို အားနာတာကြောင့် ဂါဝရပြုပြီး ဂျုံအင်းလက်ကိုဆွဲလို့ အပြင်ကို ခပ်သွက်သွက်ထွက်သွားတော့သည်။

" သည်းသည်းလေး ကျွန်တော်အိမ်မက် မက်နေတာ မဟုတ်ပါဘူးနော် ''

ဂျုံအင်းက ဂျောင်ဆူးရဲ့ လက်ကလေးကို ဝံ့ဝံ့ကြွားကြွား ဆုပ်ကိုင်ရင်း မျက်နှာကလည်း ဖုံးဖိမရအောင် ပျော်ရွှင်လို့။

" တကယ်ပြောတာ...အတည်။ ဟျောင်းက ဂျုံအင်းရဲ့ချစ်သူ ဖြစ်ပေးမယ်။ အရင်ကဂျုံအင်းအပေါ် အနိုင်ယူခဲ့မိတာအတွက် ဟျောင်းတကယ်ကို တောင်းပန်တယ်နော် ''

" ရပါတယ်ဗျ။ သည်းသည်းလေးသာ အနိုင်ယူချင်ရင် ဂျုံအင်းနီက အရှုံးပေးပြီးသားပါ ''

ဂျောင်ဆူးပြုံးမိပါ၏။ ဒီကောင်လေးက သူ့ကိုတကယ် တန်ဖိုးထားတာပဲ။

"ဒါဆိုဟျောင်းက ဂျုံအင်းနီရဲ့ ကန့်သတ်ထုတ်ကုန်လေးကို ၁၅၀၀နဲ့ ဝယ်လိုက်ပြီနော် ''

" ဝယ်ပေမယ့် ငွေမချေရသေးဘူးလေ ''

" ဟျောင်းဘယ်လို ငွေချေရမှာလဲ? "

နှစ်ယောက်သား လက်တွဲလျှောက်နေရာကနေ ဂျုံအင်းက ပါးတစ်ဖက်ကိုဖောင်းပြီး ေဂျာင်ဆူးဘက် ထိုးပေးပါ၏။

" နမ်း ''

" ငယ်ငယ်ကလို အသားယူတဲ့အကျင့်က မပျောက်သေးဘူးပဲ ''

တွဲထားတဲ့ ဂျုံအင်းလက်ကို လှစ်ကနဲဖြုတ်ချကာ ပြေးထွက်သွားတဲ့ ဂျောင်ဆူးနောက် ဂျုံအင်းကလည်း သည်းသည်းလေး ဆိုသော တစ်ဉီးတည်းပိုင် အမည်နာမကို အော်ခေါ်ရင်း လိုက်သွားလေပြီ။

ဘုန်းကြီးကျောင်းဝင်းထဲ လာနားတဲ့ အချစ်ငှက်နှစ်ကောင်အားကြည့်ရင်း ဆူဟိုမှာ မျှားနတ်မောင်လုပ်ရတာ တန်သွားပါပြီ။ သူတို့်တူဝရီး လက်ဝါးခြင်းရိုက်ပြီး ဇာတ်လမ်းရိုက်ထားတာကိုတော့ ဂျောင်ဆူးမသိပါလေ။ ဧည့်သည့်သရုပ်ဆောင်အနေနဲ့ ဘုန်းတော်ကြီးနှစ်ပါးပါ ဆွဲထည့်လိုက်ရလို့ ဗွေမယူပါနဲ့ဗျာ။

~ ပြီးပါပြီ ~

ဝူးးးးး ဂျုံအင်းနီရဲ့ သည်းသည်းလေး ဝတ္ထုတိုလေး ပြီးသွားပါပြီ👏

🔶🔶🔶🔶🔶🔶

< zawgyi>

အဲ့ဒီေန႕ကစၿပီး ဂင္မ္ဂ်ဳံအင္းဆိုေသာ ကေလးပိစိမွာ ေဂ်ာင္ဆူးအိမ္သို႔ ေရာက္မလာေလေတာ့။ ၃ရက္အၾကာမွာေတာ့ သူ႕မိဘေတြလာေခၚလို႔ ျပန္လိုက္သြားၿပီဆိုေသာ အေၾကာင္းကိုသာ ေမေမကေနတဆင့္ သိလိုက္ရ၏။

ဒါလည္းေကာင္းပါတယ္ ေဂ်ာင္ဆူးအတြက္ တစ္ရန္ေအးသြားတာေပါ့။

ဆူဟိုေဟ်ာင္းကလည္း သူ႕တူကိုငိုေအာင္ လုပ္ရပါ့မလားဆိုၿပီး အရင္ကလို ေဂ်ာင္ဆူးအိမ္ လာလည္တာမ်ိဳးမရွိေတာ့။ အျပင္မွာမ်ား တစ္ခါတေလဆုံမိရင္ မသိတဲ့လူေတြလို မျမင္ခ်င္ေယာင္ေဆာင္ၿပီး သူ႕ေရွ႕ကေန ေကာ့ေတာ့ေကာ့ေတာ့နဲ႕ ထြက္သြားတတ္ေသးတာ။

ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခ်ိန္ သူနဲ႕ဆူဟိုက အတန္းမတူၾကတာေၾကာင့္ အရင္ကလိုမေတြ႕မိၾကေပမယ့္ ေက်ာင္းကန္တင္းမွာ ေတြ႕မိတဲ့အခါမ်ိဳးဆို ေဂ်ာင္ဆူးကအရင္ ႏႈတ္ဆက္ရင္ေတာင္ ေခ်မိဳးေနတဲ့ မ်က္ႏွာႀကီးနဲ႕ ''ငါ့တူကိုငိုေအာင္လုပ္ထားတာ မင္းျပန္ေပးဆပ္ရမယ္'' ဆိုၿပီး ဒရမ္မာဆန္ဆန္ ေပါေတာေတာစကားေတြက ေျပာတတ္ေသးတာ။

ဒီလိုနဲ႕ပဲ သူတင္းလွ်င္ ကိုယ္မေလွ်ာ့ ဆိုတဲ့စကားနဲ႕အညီ ေနာက္ပိုင္းေတာ့ ေဂ်ာင္ဆူးသည္လည္း ဆူဟိုကို ဘယ္မွာေတြ႕ေတြ႕ သြားႏႈတ္ဆက္ေလ့မရွိေတာ့။

ဘယ္ရႈေထာင့္ကၾကည့္ၾကည့္ ေဂ်ာင္ဆူးဘက္က ခံဘက္ခ်ည္းပဲကို မသိရင္ေဂ်ာင္ဆူးကပဲ အသက္မျပည့္ေသးတဲ့ သူ႕တူကို မေတာ္မတရားႀကံစည္ထားသလိုလို။ သူ႕သူငယ္ခ်င္းတစ္ေယာက္လုံး သူ႕တူလက္ထဲမွာ လုံးပါးပါးရမွာေတာ့ မသိခ်င္ေယာင္ ေဆာင္ထားၿပီးေတာ့မ်ား။

တစ္ျဖည္းျဖည္းနဲ႕ လကေနႏွစ္ပိုင္းသို႔ ကူးေျပာင္းလာသည္မွာ ၁၂ပင္ရွိခဲ့ၿပီ။ အသက္ႀကီးရင္ မိန္းမယူမည္ဟု အာေခ်ာင္ထားေသာ ေဂ်ာင္ဆူးပင္ လူပ်ိဳဘဝျဖင့္ အပူမရွာဘဲ ျဖတ္သန္းလာသည္မွာ ေက်ာင္းၿပီး၊ ဘြဲ႕ရ၊ ယခုအစိုးရအလုပ္ကို ဝင္သည္အထိ။

အပူမရွာခ်င္၍ ရည္စားေတာင္မထားဘဲ အသက္ႀကီးရင္ သာသနာ့ေဘာင္ဝင္မည္ဟု ႀကဳံးဝါးထားသမွ် တစ္ေန႕မွာေတာ့ ေဂ်ာင္ဆူးဆီသို႔ အပူေတြက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးကို ေရာက္လာခဲ့ၿပီ၏။

ဇာတိၿမိဳ႕ကေလးရဲ႕ စာသင္ေက်ာင္းမွာ အလယ္တန္းေက်ာင္းဆရာအျဖစ္ အလုပ္ဝင္ေနသည့္အခ်ိန္ ဆယ္စုႏွစ္ေက်ာ္ သူငယ္ခ်င္းအျဖစ္ ရပ္ဆဲထားသူက ေန႕လည္စာအတြက္ ထမင္းဗူးကိုင္ၿပီး လာပို႔သတဲ့။

ဆူဟိုသည္ကား လြန္ခဲ့တဲ့၁၂ႏွစ္တာအတြင္း ဘာမွမျဖစ္ခဲ့သလိုပင္ ဟိုးယခင္ကလို ရယ္ရယ္ေမာေမာျဖင့္ ေဂ်ာင္ဆူးအား ေခၚေျပာလာသည္ေၾကာင့္ ငယ္ေပါင္းပီပီ ေဂ်ာင္ဆူးဘက္ကလည္းေလ်ာ့ကာ သူငယ္ခ်င္းႏွစ္ေယာက္ အရင္လိုပင္ ရင္းႏွီးသြားၾကျပန္၏။

" ေမေမက မင္းအတြက္ ေန႕လည္စာ လုပ္ေပးလိုက္တာ။ မင္းႀကိဳက္တဲ့ဟင္းေတြခ်ည္းပဲေနာ္ ''

ဆူဟိုလွမ္းေပးတဲ့ ေန႕လည္စာ ထမင္းဗူးေလးကိုလွမ္းယူကာ ေဂ်ာင္ဆူးကၿပဳံးစစျဖင့္

" အန္တီ့ကို ေက်းဇူးတင္ပါတယ္လို႔ ေျပာေပးအုံးေဟ်ာင္း။ ေက်ာင္းဆင္းမွပဲ ေဟ်ာင္းတို႔အိမ္ဘက္ လာခဲ့ေတာ့မယ္ ''

သူ႕ေက်ာင္းအထိ လိုက္လာခဲ့တဲ့ ဆူဟိုက တစ္ေယာက္တည္းေတာ့မဟုတ္ ေဘးမွာေကာင္ေလးတစ္ေယာက္ပါ ပါလာခဲ့၏။ ေဂ်ာင္ဆူးထက္ ငယ္မယ့္ပုံရွိတဲ့ ဤေကာင္ေလးက ေဂ်ာင္ဆူးထက္ပင္ သိသိသာသာနဲ႕ ေခါင္းတစ္လုံးစာ ပိုျမင့္ေန၏။

သူနဲ႕ဆူဟိုရဲ႕ စကားဝိုင္းထဲ ဝင္မေျပာေသာ္ျငား သူ႕အနားေရာက္တဲ့အခါ၊ သူ႕ေရွ႕မွာရပ္ရင္း ေဂျာင်ဆူးမျက်နှာကို စိုက္ၾကည့္ရင္း ၿပဳံးလိုက္သည့္အခါ ပါးႏွစ္ဖက္ေပၚ ခြက္ဝင္သြားတဲ့ ပါးခ်ိဳင့္တုေလးႏွစ္ခုက လြန္ခဲ့တဲ့၁၂ႏွစ္က ကေလးေလးတစ္ေယာက္ကို သတိရမိသြား၏။

ဆူဟိုလက္ထဲက ထမင္းဗူးယူၿပီး သူ႕ကိုၾကည့္ေနတဲ့ ေကာင္ေလးရဲ႕ အၾကည့္ေတြကို လ်စ္လ်ဴရႈကာ လစ္ေျပးမယ္ဟု ႀကံစည္ထားေသာ္ျငား ဟိုးအရင့္အရင္ကတည္းက မေကာင္းတဲ့ညဥ္ဆိုးႀကီး မေပ်ာက္နိုင္တဲ့ ဆိူဟိုေဟ်ာင္းသည္ကား မခ်ိၿပဳံးႀကီးျဖင့္ ေဘးနားကေကာင္ေလးနဲ႕ မိတ္ဆက္ေပးေတာ့၏။

" ဂ်ဳံအင္းနီေလ။ မွတ္မိတယ္မလား...မင္းကိုအေသရရ၊ အရွင္ရရ လိုက္ေနတဲ့ ငါ့တူေလး။ နာမည္အျပည့္အစုံ သိေသးတယ္မလား? ဂင္မ္ဂ်ဳံအင္း တဲ့ ''

ထိုအခိုက္အတံ့ ဂင္မ္ဂ်ဳံအင္း၊ ဂ်ဳံအင္းနီဆိုေသာ အမည္နာမသည္ကား ေဂ်ာင္ဆူးနားထဲ ဗုံးတစ္လုံး ပစ္ထည့္လိုက္သည့္အလား အသံက်ယ္က်ယ္ျဖင့္ ေပါက္ကြဲသြား၏။

သူ႕အေနနဲ႕ ဆူဟိုေဟ်ာင္းသာ မိတ္ဆက္မေပးဘူးဆိုလွ်င္ အ႐ူးကြက္နင္းကာ ေမ့ခ်င္ဟန္ေဆာင္မည္ဟု ေတးထားခဲ့သမွ် ဆူဟိုေဟ်ာင္းရဲ႕ သူ႕သူငယ္ခ်င္းကို ဂင္ဂ်ဳံအင္းဆိုေသာ လူပ်ိဳေကာင္ေလးရဲ႕လက္ထဲ ယုံယုံၾကည္ၾကည္ ထည့္ေပးလိုက္ၿပီ ျဖစ္တာေၾကာင့္ မသိဟန္ေဆာင္ေနတာ မရေလေတာ့။

ခံစားခ်က္ေတြ မ်က္ႏွာေပၚမေပၚေအာင္ ထိန္းထားနိုင္သည့္ အားသာခ်က္ေၾကာင့္ ရွိရင္းစြဲ မ်က္ႏွာတည္ႏွင့္ပင္ မွင္ေသေသျဖင့္ ႏႈတ္ဆက္လိုက္ေတာ့သည္။

" ဂ်ဳံအင္းနီကိုး...ေတာ္ေတာ္ထြားလာတယ္ေနာ္။ အရပ္လည္းရွည္လာတယ္ ''

ေရွ႕ကေကာင္ေလးက ပါးခ်ိဳင့္တုေလးေတြေပၚေအာင္ ၿပဳံးပါ၏။ ေဂ်ာင္ဆူးသာလွ်င္ ဂ်ဳံအင္းရဲ႕အၿပဳံးကိုျမင္ၿပီး အေငြ႕အသက္မေကာင္းသလို ခံစားေနရတာျဖစ္သည္။

" ကြၽန္ေတာ့္ကို ခ်စ္သူရေနၿပီလားလို႔ မေမးေတာ့ဘူးလား? "

" မရေသးဘူးမလား။ မထားတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ မင္းတို႔အ႐ြယ္ေလးေတြက ခ်စ္သူထားတာထက္ ဂိမ္းကိုပိုစြဲလန္းၾကတယ္ေလ ''

စကားသာလက္ခံေျပာေနရတာ ေဂ်ာင္ဆူးက ထြက္ေျပးခ်င္ေနၿပီ။ သူတကယ္ကို မအီမသာႀကီး ခံစားေနရလို႔ျဖစ္၏။

ဂ်ဳံအင္းက တစ္ခုခုေျပာမလို႔ ပါးစပ္ဟလိုက္ခ်ိန္မွာ ဂင္မ္တူဝရီးႏွစ္ေယာက္ေနာက္က ျဖတ္သြားတဲ့ ဘယ္သူမွန္းမသိသည့္ ဆရာမတစ္ေယာက္ကို ပါးစပ္ထဲေတြ႕ကရာ နာမည္ေခၚကာ အ႐ူးကြက္နင္းၿပီး လစ္သြားသည္မွာ ဒိုေဂ်ာင္ဆူးရယ္ပါ။

က်န္တဲ့ႏွစ္ေယာက္သား အေနာက္မွာ ဘယ္လိုက်န္ခဲ့မလဲဆိုတာ မသိခ်င္။ အရင္ဆုံး ဂင္မ္ဂ်ဳံအင္းဆိုေသာ အၾကည့္စူးစူးေတြနဲ႕ ေကာင္ေလးေရွ႕ကေန ထြက္သြားရဖို႔က အေရးႀကီးသည္။

ဒီတစ္ေခါက္ေတာ့ ဂ်ဳံအင္းလက္ကေန လြတ္သြားၿပီ။ ေနာက္တစ္ခါဆိုရင္ေတာ့ ဘယ္လိုေရွာင္ေျပးရပါ့။

ယေန႕ေက်ာင္းဆင္းသည့္အခ်ိန္သည္ ေဂ်ာင္ဆူးအတြက္ အိမ္မက္ဆိုးပင္ျဖစ္၏။ အေၾကာင္းမူကား ဂင္မ္ဂ်ဳံအင္းဆိုေသာ ကေလးပိစိက ကေလးပိစိမဟုတ္ေတာ့ဘဲ အ႐ြယ္ေရာက္ၿပီးသား ေကာင္ေလးျဖစ္ေနၿပီ ျဖစ္တာေၾကာင့္ အရင္ကေလးဘဝတုန္းကေတာင္ ေဂ်ာင္ဆူးမွာ ခံဘက္ကခ်ည္းျဖစ္တာ အခုလို သူ႕ထက္၂ဆေလာက္ ထြားက်ိဳင္းလာသည္ေၾကာင့္ ဂင္မ္ဂ်ဳံအင္းဆိုေသာ ေကာင်လေးလက်က မလြတ္နိုင္ေတာ့သည္မွာ ေသခ်ာသေလာက္ ရွိေနပါၿပီ။

" သည္းသည္းေလး ''

" ဘုရား! "

ေပြးလို့မလွတ်မယ့်အတူတူတော့ အပင္ပန္းခံၿပီး ေျပးမေနေတာ့။ ေအးေအးေဆးေဆး အမိခံလိုက္တာပဲေကာင္းသည္။ တစ္နည္းေျပာရရင္ အားအင္ေခြၽတာရာလည္း ေရာက္သြားတာေပါ့။

" ငါ့ကိုလာႀကိဳတာလား? "

" ဗ်ာ! ဟုတ္တယ္..ဟုတ္တယ္ ''

ေဂ်ာင္ဆူးဘက္က ေရွာင္ေျပးမည္ဟု ထင္ထားခဲ့ေပမယ့္ တကယ္တန္း ေရွာင္ေျပးျခင္းမရွိသည္ေၾကာင့္ ဂ်ဳံအင္းမ်က္ႏွာေလးက လန္ဆန္းသြား၏။

" လာႀကိဳတယ္ဆိုေတာ့လည္း ေရာ့...ငါ့အိတ္သယ္ခဲ့ ''

ႏွစ္ေယာက္သား အတူေလွ်ာက္ေနေပမယ့္၊ မ်က္ႏွာေပၚ အမူအရာမေပၚေပမယ့္ ေဂ်ာင္ဆူးရင္ထဲမွာေတာ့ သံစုံတီးဝိုင္းျမည္ဟည္းေနၿပီ။

ငယ္ငယ္ကလို ေျချမန္၊လက္ျမန္ရွိတဲ့ ဤကေလးက လူျပတ္တဲ့လမ္းမွာ မေတာ္မတရားလုပ္လိုက္ရင္ ကိုယ္က်ိဳးမနည္းေပဘူးလားေနာ္။

ဂ်ဳံအင္းဘက္က တစ္ခုခုမူမမွန္ ျဖစ္လာခဲ့ရင္ ႀကိဳတင္ၿပီး ထြက္ေျပးရေအာင္လို႔ ေဘးဘီဝဲယာ လမ္းေၾကာင္းေတြကို ႀကိဳၾကည့္ထားၿပီးသား။

" သည္းသည္းေလး ''

၁၂ႏွစ္ေလာက္ မၾကားခဲ့ရတဲ့ ဤစကားတစ္ခြန္းမွာတင္ ေဂ်ာင္ဆူးသည္လည္း ရင္ခုန္သံျမန္လာသလိုလို၊ ႏွေးသြားသလိုလို။

" ကြၽန္ေတာ္က သည္းသည္းေလးကို အမ်ားႀကီးခ်စ္တာ ''

ျမန္လာျပန္ၿပီ...အသက္ရႉသံေတြ။

" ငါ့ထက္ငယ္တဲ့လူကိုစိတ္မဝင္စားဘူး။ သက္တူ႐ြယ္တူပဲယူမွာ ''

" အရင္ကေျပာခဲ့သလို မိန္းမယူမွာလို႔ ေျပာအုံးမလို႔လား။ ကေလးအခ်စ္ကို ေစ်းမဆစ္ပါနဲ႕ဗ်။ သည္းသည္းေလး တစ္ေယာက္တည္းအတြက္ ကန့္သတ္ပစၥည္းကို ေစ်းေလ်ာ့ေပးထားတာမို႔ ၁၅၀၀ပဲေပးရင္ ေက်နပ္ပါၿပီ ''

" ကန့္သတ္ပစၥည္း ၁၅၀၀က ေစ်းေပါတယ္...ငါ့အႀကိဳက္မဟုတ္ဘူး ''

" ေစ်းေပါေပမယ့္ ပစၥည္းေကာင္းပါတယ္ဗ်။ သည္းသည္းေလးကလြဲလို႔ ဘယ္သူ႕ကိုမွ မခ်စ္ဖူးေသးတဲ့ အသစ္စက္စက္ပစၥည္းေလးကို ၁၅၀၀နဲ႕ယူမထားရင္ ေနာင္တရလိမ့္မယ္ေနာ္ ''

ေဂ်ာင္ဆူးက ေျခစုံရပ္ပစ္ေတာ့ ဂ်ဳံအင္းကပါ လိုက္ရပ္၏။

" ေဝးေသး! "

ႏွာေခါင္းရႈံ႕ကာျဖင့္ သူ႕လက္ထဲကအိတ္ကို ဆြဲလုကာ ၿခံထဲေျပးဝင္သြားသည္ေၾကာင့္ ဂ်ဳံအင္းမွာ ဆက္မလိုက္ေတာ့ဘဲ ရယ္၍သာ ေက်ာျပင္ေလးကို ၾကည့္ေနလိုက္ေတာ့သည္။

ဘယ္ေလာက္ေျပးေျပး သည္းသည္းေလးက ကြၽန္ေတာ့္အပိုင္ျဖစ္လာမွာပဲ ေစာင့္ေနလိုက္။

ေနာက္တစ္ေန႕ မနက္မွာေတာ့ ဂင္မ္ဂ်ဳံအင္း ေက်ာင္းလိုက္ပို႔ေနမွာစိုးလို႔ ေဂ်ာင္ဆူးကအရင္ မနက္ေစာေစာထၿပီး ေက်ာင္းကိုေျပးေတာ့၏။

ဘဝမွာလည္း က်န္တဲ့အခ်ိန္ ေအးေဆးေနသေလာက္ ဂင္မ္ဂ်ဳံအင္းေရာက္လာရင္ ကေမာက္ကမေတြကိုျဖစ္လို႔ပင္။

ထူးဆန္းတယ္ပဲေျပာရမလား? ဆုေတာင္းျပည့္တယ္ပဲေျပာရမလား?
အရင္လို အခ်ိဳခဲရွိရာ အနံ႕ခံၿပီး ေရာက္လာတတ္တဲ့ ပု႐ြက္ဆိတ္ေလးတစ္ေကာင္က ယေန႕ေတာ့ျဖင့္ အခ်ိဳခဲေလးဆီ ေရာက္မလာခဲ့ပါ။

လက္ေလ်ာ့သြားတာ မဟုတ္မွန္းေတာ့ ေဂ်ာင္ဆူးသိသည္။ ဂ်ဳံအင္းကသူနဲ႕ပတ္သက္ရင္ လြယ္လြယ္နဲ႕ လက္ေလ်ာ့မယ့္ ေကာင်လေးမဟုတ်ပါချေ။

အတန္းအားတဲ့အခ်ိန္ နားေနစဥ္မွာ ေဂ်ာင္ဆူးဆီဝင္လာတဲ့ မက္ေဆ့ေလးတစ္ေၾကာင္း

~ သည္းသည္းေလး

ခဏတျဖဳတ္ေတာ့ အားေနတာေၾကာင့္ေရာ၊ ဂ်ဳံအင္းပို႔ထားတဲ့မက္ေဆ့ကို seenျဖစ္မိၿပီးသြားတာကတစ္ေၾကာင္းမို့ စာမျပန္လည္း မသင့္ေတာ္လွဘူးဟု ေတြးမိတာေၾကာင့္ ခပ္သြက္သြက္ပင္ စာျပန္လိုက္ေလ၏။

~ ဘာတုန္း

စကၠန့္ပိုင္းပင္မၾကာ ဂ်ဳံအင္းဆီကေန ရယ္ေနတဲ့emojiေလးတစ္ခု ထပ္ေရာက္လာျပန္သည္။

~

~ ဘာလဲ..ေျပာ။ ငါအလုပ္မအားဘူး

~ ကြၽန္ေတာ္က သည္းသည္းေလးကိုခ်စ္တာ သိတယ္မလား?

ေသာက်ကြီးသောက်ကျယ်နဲ့ ဒီကေလးရဲ႕ငယ္ဘဝဘဝင္က အခုထိမက်ေသးဘူးပဲ။

ေဂ်ာင္းဆူးကလည္း အျမင္ကပ္စြာနဲ႕ ခပ္ေခ်ေခ်ပဲ စာျပန္လိုက္တယ္ေလ။

~ သိသားပဲ

~ ကြၽန္ေတာ့္ကိုေရာ ျပန္သေဘာက်ဖိဳ႕ စိတ္ကူးမရွိဘူးလား?

~ ငါကမိန္းမယူမွာ

စာထဲမွာအနိုင္ပိုင္းလိုက္နိုင္၍ ဖုန္းႏွိပ္ေနတဲ့ ေဂ်ာင္ဆူးမ်က္ႏွာဟာ ၿပဳံးစိစိျဖစ္ေနေလ၏။ ဂင္ဂ်ဳံအင္းကို သူကမိန္းမယူမွာလို႔ စကားနိုင္လုရတာေလာက္ အူ႐ႊင္တာမရွိေပ။

~ တကယ္ပဲ ကြၽန္ေတာ့္ကို မခ်စ္နိုင္ဘူးလားဗ်ာ

~ မခ်စ္ဘူး

~ ဒီစကားတကယ္အတည္လား

~ အတည္ေပါ့ဟ

~ ကြၽန္ေတာ္ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္ေတာ့ဘူးလား?

~ ေသေၾကာင္းႀကံစည္မလို႔လား? ဒီဇာတ္လမ္းေတြက ရိုးေနၿပီေနာ္ ဂ်ဳံအင္းနီ။ မင္းရဲ႕သည္းသည္းေလးက အထာနပ္ၿပီးသား။ မင္းထက္အရင္ ေမြးလာတာပါကြ

~ ကြၽန္ေတာ္သိၿပီ

~ သိၿပီးတာပဲ

ေကာင္ေလးကို အနိုင္ပိုင္းလိုက္ရလို႔ အူ႐ႊင္မိေပမယ့္ ဂ်ဳံအင္းကိုေတာ့ တစိုးတစိ ထိခိုက္ေစတဲ့ဆႏၵ မရွိပါေလ။

ေတာ္ေတာ္ၾကာတဲ့အထိ စာျပန္မလာသည္ေၾကာင့္ ေဂ်ာင္းဆူးရင္ထဲ အနည္းငယ္ေတာ့ စိုးထိတ္သြားမိ၏။

သူနဲ႕ပတ္သက္ရင္ ထင္ရာစိုင္း၍ လုပ္တတ္သည့္ ေကာင္ေလးက သူ႕ကိုယ္သူထိခိုက္ေအာင္ မလုပ္ပါဘူးဟူ၍ တပ္အပ္မေျပာနိုင္ပါေလ။

တစ္ခါမွမသိခဲ့တဲ့၊ ေခၚဆိုျခင္းမရွိခဲ့တဲ့ ဂ်ဳံအင္းရဲ႕ မက္ေဆ့ဝင္ရာ ဖုန္းနံပါတ္ကို ေခၚဆိုေသာ္ျငား အဝင္ေကာလ္သာျပၿပီး တစ္ဖက္မွ ကိုင္မည့္လူမရွိသည္ေၾကာင့္ ေဂ်ာင္ဆူး၏ စိုးရိမ္မႈတို႔ ျမင့္တက္လာေခ်ၿပီ။

မေျပာေကာင္း မဆိုေကာင္း
ဂ်ဳံအင္းတစ္ခုခု ျဖစ္သြားရင္ သူ႕အျပစ္လည္းမကင္းေပ။

ဘယ္ႏွစ္ခါပင္ေခၚေခၚ စိမ္းသက္ေနတဲ့ ဖုန္းနံပါတ္ေလးကေတာ့ ကိုင္မည့္သူမရွိ။

" ဂ်ဳံအင္းရာ ဘာမွျဖစ္လို႔မရဘူးေနာ္။ ေဟ်ာင္းခြင့္လႊတ္မွာမဟုတ္ဘူး ''

သူ႕စကားကိုအဖက္မလုပ္သည့္ ကိုင္သူမဲ့ဖုန္းကေလးမွာ အဝင္ေကာလ္ေတြက ရဲေတာက္ေနေပေရာ့မည္။

" ဆရာဒို...အတန္းမဝင္ဘူးလား? ဆရာ့အခ်ိန္ေရာက္ေနၿပီေလ ''

ပုခုံးကိုလာပုတ္တဲ့ လက္တစ္ဖက္ေၾကာင့္သာ လက္ရွိေလာကထဲ ဆြဲသြင္းျခင္းခံလိုက္ရၿပီး အသိစိတ္က အနည္းငယ္ေတာ့ ျပန္ကပ္လာ၏။

" ဆရာ့ မ်က္ႏွာလည္း မေကာင္းပါလား။ ဆရာ့ရည္းစား သူမ်ားနဲ႕ယူသြားလို႔လား? "

" ဗ်ာ! "

" ဪ..မဟုတ္ဘူးပဲ။ ဟဲဟဲ...ကြၽန္မၾကည့္ေနၾက ဇာတ္လမ္းထဲက မင္းသားပုံစံနဲ႕ ဆရာ့အျဖစ္က တူေနလို႔ ေမးၾကည့္တာပါ။ တစ္မ်ိဳးမထင္ပါနဲ႕ ''

ေဂ်ာင္ဆူးဘက္က ဘာမွျပန္မေျပာေပမယ့္ ေအာင့္သက္သက္ေတာ့ ခံစားလိုက္ရသည္။ ဒီဆရာမသည္ကား လူမႈေရးက်င့္ဝတ္ နားမလည္ေပဘူးလား။ သူထင္ရာေတြ စြတ္ေျပာေနေတာ့တာပဲ။

အတန္းဝင္ဖို႔သြားေနတဲ့လမ္းတစ္ေလွ်ာက္ ေဂ်ာင္ဆူးအသိစိတ္က စိတ္နဲ႕ကိုယ္နဲ႕ ကပ္လိုက္၊မကပ္လိုက္ပါေလ။

တစ္ဖက္မွာလည္း ဂ်ဳံအင္းကို စိတ္ပူရသလို၊ ေနာက္တစ္ဖက္မွာလည္း ဂ်ဳံအင္းစိတ္ထင္ရာ မလုပ္ဖို႔သာ ဆုေတာင္းရသည္။

" ေဂ်ာင္ဆူးေရ! ေဂ်ာင္ဆူး! လုပ္ပါအုံးကြာ! ဂ်ဳံအင္းနီေလ ... ''

သူ႕ဆီကို အေမာတေကာ ေျပးလာတဲ့ တူဟိုေဟ်ာင္းကို ျမင္လိုက္သည့္ အခ်ိန္မွာေတာ့ တင္းခံထားတဲ့ စိတ္ေတြက ႀကိဳးျပတ္သည့္စြန္လို လြတ္ထြက္သြားေခ်ၿပီ။

" ေဂျာင်ဆူးရေ...ငါ့တူေလးဂ်ဳံအင္းနီေလ... ''

" သြားမယ္! ''

" ဟမ္! ဪ...ေအးေအး။ သြားမယ္ေလ။ လာလာ ''

ဆူဟိုကသာ လာလာဟုေခၚေပမယ့္ ေဂ်ာင္ဆူးကအရင္ ဆူဟိုလက္ကိုဆြဲၿပီး ေက်ာင္းဝန္းအျပင္ဘက္ ေျပးေတာ့သည္။

ႏွစ္ေယာက္သား ကားေပၚေရာက္ေတာ့ ဆူဟိုကကားေမာင္းေနရင္း မ်က္ႏွာမေကာင္းေပ။ ေဂ်ာင္ဆူးဘက္ကလည္း သူ႕အျပစ္နဲ႕သူမို႔ စကားမစခ်င္ေပမယ့္ ေပြာစရာရှိတာတော့ ေျပာရအုံးမယ္။

" ေဟ်ာင္း...ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ''

" မင္းအမွားခ်ည္းပဲ မဟုတ္ပါဘူးကြာ။ ဂ်ဳံအင္းနီက ငယ္ငယ္ကတည္းကကို စိတ္လိုက္မာန္ပါ လုပ္တတ္တဲ့ အက်င့္ရွိတာ ''

" ကြၽန္ေတာ္တို႔ ဘယ္ကိုသြားၾကမွာလဲ? ျမစ္ကမ္းေဘးလား? တံတားေပၚလား? မဟုတ္မွ အိမ္ကိုပဲလား? "

စိတ္ထင္ရာ လုပ္တတ္တဲ့ ဂင္မ္ဂ်ဳံအင္းက ျမစ္ကမ္းေဘးမွာမ်ား အဆုံးစီရင္လိုက္ၿပီလား? တံတားေပၚကေနမ်ား ျမစ္ထဲခုန္ခ်ၿပီး အဆုံးစီရင္လိုက္ၿပီလား? မဟုတ္မွ...အိမ္မွာပဲ သူ႕ကိုယ္သူ အဆုံးစီရင္လိုက္တာမ်ားလား?

" ေဟ်ာင္း! ဘယ္ကိုသြားမွာလဲ ေျပာအုံးေလဗ်ာ! ကြၽန္ေတာ္စိတ္ပူလို႔ေသေတာ့မယ္ ''

ကားေမာင္းေနတဲ့ဆူဟိုက ေဂ်ာင္ဆူးကို ခပ္စူးစူးလွည့္ၾကည့္လာ၏။

" ဗုဒၶဘုန္းေတာ္ႀကီးေက်ာင္း ''

" ဘုရားေရ! "

" ဂ်ဳံ..ဂ်ဳံအင္းက အားလုံးကို စြန့္လႊတ္လိုက္ၿပီလား? ကြၽန္ေတာ္ သူ႕ကို မေတြ႕ရေတာ့ဘူးေပါ့ ''

" သူေ႐ြးတဲ့လမ္းပဲ ေဂ်ာင္းဆူးရ။ ေဟ်ာင္းတို႔လည္း တားမွမတားလိုက္နိုင္တာ ''

တကယ္ႀကီး သူ ဂ်ဳံအင္းကို ေနာက္ဆုံးအေနနဲ႕ မေတြ႕ရေတာ့ဘူးလား။ ဂ်ဳံအင္းအသက္ မမွီေအာင္အထိ သူေနာက္က်သြားတာလား။ သူ႕အေျပာေတြက ဂ်ဳံအင္းအေပၚမွာ လြန္လြန္းသြားတာလား?

သူ...သူ ဂ်ဳံအင္းနီကို ဘယ္လိုျပန္ေပးဆပ္ရေတာ့မလဲ?

" ေရာက္ၿပီေဂ်ာင္ဆူး။ ဝင္ရေအာင္။ အမ်ိဳးေတြလည္း ခဏေနေရာက္လိမ့္မယ္။ မင္းကိုအရင္ဆုံး ေခၚျပခ်င္လို႔ ေဟ်ာင္းကလာေခၚတာ ''

ဟန္ယန္းဗုဒၶဘုန္းေတာ္ႀကီးေက်ာင္းဝန္းထဲအား ေျခခ်ဖိဳ့္ရာ တြန့္ဆုပ္ေနမိ၏။ သူအထဲဝင္သြားရင္ ဂ်ဳံအင္းနီရဲ႕ အသက္မဲ့ခႏၶာကိုယ္ စီးႀကိဳေနမွာကို ၾကည့္နိုင္မယ္မထင္ဘူး။

ဆူဟိုဉီးေဆာင္ရာေနာက္ လိုက္ခဲ့ရေပမယ့္ ဘယ္လမ္းကိုျဖတ္ၿပီး ဘယ္ကိုဉီးတည္သြားသလဲဆိုတာ အသိစိတ္ကပ္မေနပါေလ။ ဆူဟိုေဟ်ာင္း၏ တံခါးပိတ္သံ ၾကားရတဲ့အခါမွပဲ လက္ရွိေလာကထဲ ျပန္ေရာက္လာ၏။

ေဂ်ာင္ဆူးေရာက္ေနတာက ဟန္ယန္းဗုဒၶဘုန္းေတာ္ႀကီးေက်ာင္း၏ ဘုရားခန္းထဲမွာ။ ဘုရားဆင္းတုေရွ႕ ဒူးတုပ္ထိုင္ေနတဲ့ ဗုဒၶဘုန္းေတာ္ႀကီးႏွစ္ပါး။ ေဂ်ာင္ဆူးကို ေက်ာေပးၿပီးထိုင္ေနတဲ့ ဂင္မ္ဂ်ဳံအင္း၏ အရွင္လတ္လတ္ ခႏၶာကိုယ္။

ဂ်ဳံအင္းဆီမွ မထိမခိုက္ဘဲ ေတြ႕လိုက္ရသည္ေၾကာင့္ ေပ်ာ္သြားမိတာကေတာ့ မလိမ္ညာလိုပါ။

ဒါေပမယ့္ ဘုန္းေတာ္ႀကီးတစ္ပါးက ဘာလို႔လက္ထဲမွာ ဆံပင္ရိတ္စက္ ကိုင္ထားရသလဲပဲ။

" ေဟ်ာင္းတို႔လည္း တားတာပဲ။ မရဘူး။ မင္းျပန္မခ်စ္လို႔ဆိုၿပီး ရာသက္ပန္ ဘုန္းေတာ္ႀကီး ဝတ္ေတာ့မလို႔တဲ့ေဟ့။ သူ႕အေမကေတာ့ တစ္ဉီးတည္းေသာ သူ႕သားေလးက ငယ္ငယ္႐ြယ္႐ြယ္နဲ႕ သာသနာ့ေဘာင္ ဝင္လို႔ဆိုၿပီး အိမ္မွာတငိုငိုနဲ႕ က်န္ခဲ့ေရာ။ ငါလည္းဘာလုပ္ရမွန္းကို မသိေတာ့တာနဲ႕ မင္းကိုလာေခၚတာ ေဂ်ာင္ဆူးရာ ''

ဒါဆိုလည္း အရင္ဆုံး အက်ိဳးအေၾကာင္း ရွင္းျပၿပီးေျပာေလ။ ခုေတာ့ ေသမလိုေတြမ်ား ျဖစ္ကုန္သလားလို႔ ေဂ်ာင္ဆူးရင္ပူသြားတာ ေဂ်ာင္ဆူးသာအသိပင္။

" ဂ်ဳံအင္းနီ ''

ေဂ်ာင္ဆူးအသံၾကားေတာ့ ဂ်ဳံအင္းေက်ာျပင္က မတ္ကနဲ ျဖစ္သြားေပမယ့္ တုံ႕ျပန္သံေတာ့ ထြက္မလာေလခဲ့။

" ဂ်ဳံအင္းက တကယ္ပဲ ဘုန္းေတာ္ႀကီး ဝတ္ေတာ့မွာလား? "

" ကြၽန္ေတာ္ သာသနာျပဳတာကို မတားပါနဲ႕ဗ်။ သည္းသည္းေလးမွ ျပန္မခ်စ္တာ ကြၽန္ေတာ့္ဘဝက ရွင္သန္ေနလည္း ေသလူနဲ႕မျခားမယ့္အတူတူ ရာသက္ပန္ ဘုန္းေတာ္ႀကီး ဝတ္လိုက္တာပဲ ေကာင္းပါတယ္ ''

ဘုန္းေတာ္ႀကီး ႏွစ္ပါးေရွ႕မွာ ရည္စားစကား အေျပာခံလိုက္ရ၍ ေဂ်ာင္ဆူးမ်က္ႏွာက ရွက္အမ္းအမ္း ျဖစ္သြားေလ၏။

" ဆရာေတာ္ဘုရားတို႔ ဘုန္းေတာ္ႀကီး ဝတ္တယ္ဆိုတာ အုပ္ထိန္းသူခြင့္ျပဳခ်က္ရွိမွ ဝတ္လို႔ရတာမဟုတ္လား ''

" ဟုတ္ပါတယ္ ဒကာေလး ''

" ဒီလိုဆိုအရွင္ဘုရား ဒီေကာင္ေလးက အုပ္ထိန္းသူခြင့္ျပဳခ်က္မရဘဲ ဘုန္းေတာ္ႀကီးလာဝတ္တဲ့သူပါ။ ဘာလို႔ဆို သူ...နဲ႕...ကြၽန္ေတာ္က ခ်စ္! ခ်စ္သူေတြမို႔ပါ! ကြၽန္ေတာ့္ကို စိတ္ေကာက္ၿပီး ဘုန္းေတာ္ႀကီး လာဝတ္မွာမို႔ ေဗြမယူပါနဲ႕ ဆရာေတာ္ဘုရားတို႔။ ခ်စ္သူစုံတြဲေတြရဲ႕အျဖစ္ကို နားလည္ေပးပါ ဘုရား ''

မတတ္နိုင္ေပ။ ဂ်ဳံအင္း ဘုန္းႀကီးမဝတ္ေအာင္ တားနိုင္တာက ဒီတစ္နည္းအျပင္မရွိေတာ့။ အရင္က ဒီေကာင္ေလးအေပၚ အနိုင္ယူခဲ့မိတာကို ျပန္ေပးဆပ္တာလည္းပါသည္။

" သည္းသည္းေလး တကယ္ေျပာတာလား? လိမ္ေနတာမဟုတ္ပါဘူးေနာ္? "

" ဘုရားဆင္းတုေတာ္ ေရွ႕မွာေတာင္ ဝန္ခံၿပီးေနၿပီပဲ။ ဘာေတြကိုမယုံတာလဲ ''

" ဒါဆိုအတည္ေပါ့ေလ? "

" ေအး ''

" ကြၽန္ေတာ္ရဲ႕ခ်စ္သူ လုပ္ေပးမွာေနာ္? အတည္ဟုတ္? "

" ဟုတ္တယ္ဆိုကြာ! အိမ္အရင္ျပန္မယ္ ''

သက္သက္ ဒုကၡလာေပးမိတဲ့ ဘုန္းေတာ္ႀကီးႏွစ္ပါးကို အားနာတာေၾကာင့္ ဂါဝရျပဳၿပီး ဂ်ဳံအင္းလက္ကိုဆြဲလို႔ အျပင္ကို ခပ္သြက္သြက္ထြက္သြားေတာ့သည္။

" သည္းသည္းေလး ကြၽန္ေတာ္အိမ္မက္ မက္ေနတာ မဟုတ္ပါဘူးေနာ္ ''

ဂ်ဳံအင္းက ေဂ်ာင္ဆူးရဲ႕ လက္ကေလးကို ဝံ့ဝံ့ႂကြားႂကြား ဆုပ္ကိုင္ရင္း မ်က္ႏွာကလည္း ဖုံးဖိမရေအာင္ ေပ်ာ္႐ႊင္လို႔။

" တကယ္ေျပာတာ...အတည္။ ေဟ်ာင္းက ဂ်ဳံအင္းရဲ႕ခ်စ္သူ ျဖစ္ေပးမယ္။ အရင္ကဂ်ဳံအင္းအေပၚ အနိုင္ယူခဲ့မိတာအတြက္ ေဟ်ာင္းတကယ္ကို ေတာင္းပန္တယ္ေနာ္ ''

" ရပါတယ္ဗ်။ သည္းသည္းေလးသာ အနိုင္ယူခ်င္ရင္ ဂ်ဳံအင္းနီက အရႈံးေပးၿပီးသားပါ ''

ေဂ်ာင္ဆူးၿပဳံးမိပါ၏။ ဒီေကာင္ေလးက သူ႕ကိုတကယ္ တန္ဖိုးထားတာပဲ။

"ဒါဆိုေဟ်ာင္းက ဂ်ဳံအင္းနီရဲ႕ ကန့္သတ္ထုတ္ကုန္ေလးကို ၁၅၀၀နဲ႕ ဝယ္လိုက္ၿပီေနာ္ ''

" ဝယ္ေပမယ့္ ေငြမေခ်ရေသးဘူးေလ ''

" ေဟ်ာင္းဘယ္လို ေငြေခ်ရမွာလဲ? "

ႏွစ္ေယာက္သား လက္တြဲေလွ်ာက္ေနရာကေန ဂ်ဳံအင္းက ပါးတစ္ဖက္ကိုေဖာင္းၿပီး ေဂျာင်ဆူးဘက် ထိုးေပးပါ၏။

" နမ္း ''

" ငယ္ငယ္ကလို အသားယူတဲ့အက်င့္က မေပ်ာက္ေသးဘူးပဲ ''

တြဲထားတဲ့ ဂ်ဳံအင္းလက္ကို လွစ္ကနဲျဖဳတ္ခ်ကာ ေျပးထြက္သြားတဲ့ ေဂ်ာင္ဆူးေနာက္ ဂ်ဳံအင္းကလည္း သည္းသည္းေလး ဆိုေသာ တစ္ဉီးတည္းပိုင္ အမည္နာမကို ေအာ္ေခၚရင္း လိုက္သြားေလၿပီ။

ဘုန္းႀကီးေက်ာင္းဝင္းထဲ လာနားတဲ့ အခ်စ္ငွက္ႏွစ္ေကာင္အားၾကည့္ရင္း ဆူဟိုမွာ မွ်ားနတ္ေမာင္လုပ္ရတာ တန္သြားပါၿပီ။ သူတို့္တူဝရီး လက္ဝါးျခင္းရိုက္ၿပီး ဇာတ္လမ္းရိုက္ထားတာကိုေတာ့ ေဂ်ာင္ဆူးမသိပါေလ။ ဧည့္သည့္သ႐ုပ္ေဆာင္အေနနဲ႕ ဘုန္းေတာ္ႀကီးႏွစ္ပါးပါ ဆြဲထည့္လိုက္ရလို႔ ေဗြမယူပါနဲ႕ဗ်ာ။

~ ၿပီးပါၿပီ ~

ဝူးးးးး ဂ်ဳံအင္းနီရဲ႕ သည္းသည္းေလး ဝတၳဳတိုေလး ၿပီးသြားပါၿပီ

Continue Reading

You'll Also Like

1.9K 218 7
သံယောစဉ်ကနေ ချစ်ခြင်းမေတ္တာဆီကို ကူးပြောင်းသွားလို့ရောဖြစ်တယ်မလား??
196K 4.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
557K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
26.1K 1K 9
☾☾☾☾☾☾☾☾☾☾ "𝚍𝚘𝚔𝚒 𝚍𝚘𝚔𝚒!" ♡♡♡♡♡♡ 𝙰 𝚠𝚑𝚘𝚕𝚎𝚜𝚘𝚖𝚎 𝚜𝚝𝚘𝚛𝚢 𝙰𝚋𝚘𝚞𝚝 𝚔𝚒𝚍𝚜 𝚊𝚗𝚍 𝚃𝚑𝚎𝚒𝚛 𝚏𝚒𝚛𝚜𝚝 𝚕𝚘𝚟𝚎 . . . 𝚆𝚑𝚘𝚕𝚎𝚜...