(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

687K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(40-2) - ယွီယွီ

4.9K 1K 23
By Xiao_Yiii

Unicode

အခန်း(၄၀-၂) - ယွီယွီ

ဒီလို ဆိတ်ငြိမ်ပြီး ရိုးရှင်းတဲ့ဘဝက နှစ်အတော်ကြာအောင် ဖြတ်သန်းခဲ့သည်။ ထိုအချိန်အတောအတွင်းမှာ ခြေသလုံးအိမ်တိုင် ငါးပြာလေးက ထိုနေရာမှာ အခြေချနေမိသည်။ နေ့တိုင်း နေရောင်အောက်မှာ အရူးလေးကြောင့် နိုးလာရပြီး အရူးလေးကစားပြတဲ့ တူတူပုန်းတမ်းကို ကြည့်ရတာက ထုံးစံဖြစ်လာသည်။ ပြီးရင်တော့သူက ကလေးလေးအား ရေကစားဖို့အတွက် ပင်လယ်ကြမ်းခြေဆီ ခေါ်ဆောင်သွားလိမ့်မည်။

တစ်နေ့မှာတော့ ငါးပြာလေးက ရုတ်တရက် နေ့လည်ခင်းရောက်မှ ပြင်းထန်လှတဲ့ နေပူချိန်ကြောင့် နိုးလာခဲ့ရပြီး ဒီမနက် ထိုကောင်လေး မရောက်လာဘူး ဆိုတာကို ရုတ်တရက် တွေ့ရှိသွားသည်။

ဘာများဖြစ်နေလို့လဲ?

အကြိမ်အနည်းငယ်မျှ သံသယဖြင့် ခုန်လိုက်ပြီးနောက်မှာ သူ့ကိုယ်ပေါ်က သဲများအား တက်လာတဲ့ ရေနဲ့ဆေးကြောရန် သွားလိုက်သည်။ ဆေးကြောနေရင်း သိပ်မဝေးတဲ့နေရာမှ ကလေးများသည် အရူးလေးအကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေသည်။

"မင်းသိပြီးပြီလား, အဲ့ဒိအရူးက သေလုမျောပါး ဖြစ်နေပြီတဲ့...."

"ငါ့အမေပြောတာတော့ ဒီနေ့ကို မကျော်နိုင်ဘူးဆိုပဲ, မနေ့ညက တစ်ညလုံး အဖျားတတ်နေတာလေ!"

"အမှန်ပဲ, ကြည့်ရတာ ငါတို့ မကြာခင် သူ့ကမာခွံတွေ ရလိမ့်မယ်, အဲ့ဒီလောက်လှတဲ့ ကမာခွံတွေကို သူဘယ်ကရလဲ လဲ ဘယ်သူသိမှာလဲ, ငါဆို မနာလိုလွန်းလို့ သေတော့မယ်!"

အပြာရောင်ငါးလေးက အလန့်တကြားဖြစ်သွားသည်။ သူက ရေထဲကနေ ခုန်တက်လိုက်ပြီးနောက် သူ့ခန္တာကိုယ်အား အလျင်အမြန် ဖုန်းကွယ်ကာ ကလေးရဲ့ အိမ်ဆီအမြန်အဆန်သွားလိုက်သည်။

သို့သော်လည်း သူမသွားခင်မှာ လှိုင်းလုံးကြီးကြီး တစ်ခုခေါ်ပြီး ထိုကလေးတွေကို ရေနဲ့ ပက်ခဲ့ဖို့လည်း မမေ့ပေ။

နေ့ခင်းအချိန်ဖြစ်နေတာတောင် ဖျားနေတဲ့ ကလေးဘေးမှာ ဘယ်သူမှ ရှိမနေ။ သူ့ညီအစ်ကို မောင်နှမများက သူတို့နဲ့ ရွယ်တူများဖြင့် ကစားရန် ထွက်ခွာသွားကြသည်။ အဖေဖြစ်သူက ငါးဖမ်းထွက်သွားပြီး အမေဖြစ်သူကတော့ တစ်ခြားအမျိုးသမီးတွေနဲ့ စကားစမည်ပြောဖို့ ထွက်သွားသည်လေ။

......သေလုမြောပါး သတိလစ်နေတဲ့ ကလေးငယ်လေးကို ဘယ်သူမှ ဂရုမစိုက်ကြဘူး

အဖြူရောင်အလင်းတန်းများ တောက်ပလာပြီးနောက် ဆံနွယ်ရှည်များနဲ့ လှပသော မျက်နှာရှိသည့် အမျိုးသားတစ်ယောက်က သနားစရာ ကလေးလေးကို ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ ရေခဲပြာရောင် မျက်လုံးထဲမှာ သနားမှုတွေနဲ့ ကူကယ်ရာမဲ့မှုများ ရှိနေသည်။

သူလိုလူတစ်ယောက်တောင် ကြည့်လိုက်တာနဲ့ ဒီကောင်လေး သေတော့မယ်ဆိုတာ မြင်နိုင်သည်။

ကုသလို့မရနိုင်တော့လောက်အောင်

.....နေဦး

ထိုအမျိုးသားက ကလေးလေးကို လေ့လာလိုက်ပြီးနောက် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ သူက ခဏလောက် သူ့ကိုယ်သူ ရေရွတ်နေပြီးနောက်မှာ သူ့ရဲ့အေးစက်တဲ့ လက်အား ကလေးလေးရဲ့ ပူပြင်းနေသောနှဖူးပေါ်သို့ တင်လိုက်သည်။ ကလေးလေးရဲ့ နာကျင်မှုကို ပြေလျော့စေရန်အတွက် ဝိညာဉ်စွမ်းအင်တစ်ချို့ ထည့်ပေးလိုက်၏။

"ငါမင်းကို ကယ်နိုင်တယ် ဒါပေမဲ့ တန်ကြေးကတော့ မင်းဘယ်တော့မှ မကြီးပြင်းနိုင်တော့ဘူး, လုပ်မလား?"

ရေခဲပြာရောင် မျက်လုံးများက အပြာရောင်ငါးလေးရဲ့ အကြေးခွံများကဲ့သို့ပင် လှပသည်။

ဖျားနေတဲ့ ကလေးက ထိုရေခဲပြာရောင် မျက်လုံးများကို ငေးကြည့်ပြီးနောက် ဖြည်းညင်းစွာ ခိုင်မာစွာဖြင့် ခေါင်းညိတ်ပြသည်။

ထိုလူက သူ့ရဲ့ ပုံစံအစစ်အမှန်ကို ပြောင်းလဲလိုက်သည်။ သူ့ရဲ့ တကယ့်ပုံစံ အစစ်အမှန်က အပြာရောင် ငါးလေး မဟုတ်ပဲ သွယ်လျတဲ့ ရေခဲပြာရောင် ငါးမြှီးရှိသော ရေသူထီးတစ်ကောင်ပင်။ အလွန်လှပတဲ့ အကြေးခွံထောင်ပေါင်းများစွာကြားထဲက အနည်းငယ် ဖြူသော အကြေးခွံတစ်ခုအား ထိကာ ညင်သာစွာ ဖိချလိုက်သည်။

ပုံရိပ်ယောင်ရဲ့ အပြင်ဘက်မှာတော့ ရှန်ကျစ်ရှန်းက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးမိသွားသည်။

- ပြောင်းပြန်အကြေးခွံ

နောက်ဆုံးတော့ လူ့အသွေးအသားနဲ့ အရိုးတွေကို ကုသပေးနိုင်တဲ့ ဒဏ္ဍာရီလာ အကြေးခွံကို မြင်ရပြီ

ဒါက ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်နေတာတော့ နှမြောစရာပဲ။ ရှန်ကျစ်ရှန်းက အနားတိုးသွားပြီး သူ့လက်အား ဆန့်ထုတ်ကြည့်လိုက်သော်လည်း လက်ချောင်းများက ပုံရိပ်ယောင်တစ်လျှောက်ကို ဖြတ်ကျော်သွားကာ ထိတွေ့လို့မရပေ။ သူက နှုတ်ခမ်းကိုသာ ဖိကပ်၍ ဆက်ကြည့်နေယုံသာ ရှိတော့သည်။

အကြေးခွံက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကလေးရဲ့ ပါးစပ်ထဲ ဝင်သွားသည်

ကလေးက ပိုသက်သာလာ၏။

လူတိုင်း အံ့အားသင့်ကုန်ကြသည်။ သူ့မိဘတွေဆိုရင် အံ့အားသင့်ပြီး စိတ်ပျက်ကုန်ကြပေမယ့် ဘာမှတော့မပြောကြ။ သူတို့က ကလေးလေးအား အရင်အတိုင်းသာ ကြုံသလို ဆက်ထားသည်။

ထိုလေးနက်လှတဲ့ ဖျားနာမှုက ကလေးဘဝမှာ တိတ်တဆိတ် မေ့ပျောက်သွားမယ့် ဖြစ်ရပ်အပိုင်းအစ တစ်ခုလိုသာပင်။

သို့သော်လည်း အပြာရောင်ငါးလေးကတော့ ဒါက ဒီအတိုင်း ပုံရိပ်ယောင်တစ်ခုပဲ ဆိုတာကို သိနေသည်။

သူက နှစ်ပေါင်း ထောင်သောင်းချီ နေခဲ့သည့် ရှေးနတ်ဆိုးငါးတစ်ကောင် ဖြစ်ပေမယ့်လည်း လူတွေရဲ့ သေခြင်းရှင်ခြင်းကိုတော့ လုံးလုံးမပြောင်းလဲနိုင်ပေ။ ကလေးကို ကယ်တင်နိုင်ခဲ့ပေမယ့် သူပေးဆပ်ခဲ့ရတဲ့ တန်ကြေးကတော့ ဘယ်တော့မှ အရွယ်မရောက်လာခြင်းဖြစ်သည်။

နှစ်တွေ ကုန်ဆုံးသွားပြီး ဆယ်နှစ်ကျော် ကြာလာတဲ့အချိန်မှာတော့ ကလေးလေးကို ကြည့်တဲ့ ရွာသူရွာသားများရဲ့ မျက်လုံးများက အထင်အမြင် သေးခြင်းကနေ ကြောက်ရွံ့ခြင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ခေါင်းစဉ်သည်လည်း အရူးအဖြစ်ကနေ မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားသည်။

ကလေးငယ်လေးသည် သူ့ရဲ့ အိုမင်းနေတဲ့ မိဘများနဲ့ ကျန်းမာသန်စွမ်းနေသော ညီအစ်ကိုမောင်နှမများရဲ့ မောင်းထုတ်ခြင်းကို ခံလိုက်ရတာကြောင့် ပင်လယ်ကမ်းစပ်မှာသာ ရပ်၍ သူ့ငါးပြာလေးကို ရှာဖွေနေသည်။ ဆယ်စုနှစ်ကျော်ကြာသွားပြီးနောက် သူ့စိတ်က သူ့အသက်အရွယ်မှာသာ ရပ်တန့်နေခဲ့သော်လည်း သူ့ရဲ့ပုံမှန်မဟုတ်မှုကိုတော့ ဝေတေဝါးတားဖြင့် သိနေသည်။ သို့သော်လည်း သူက နားမလည်နိုင်ဖြစ်နေဆဲပင်။

အပြာရောင်ငါးလေးက တိတ်ဆိတ်စွာဖြင့် ကူးခတ်လာပြီး သက်ပြင်းချသည်။

ထို့နောက် ငါးပြာလေးက လူသားပုံစံပြောင်းလဲ၍ ကလေးလေးအတွက် ပင်လယ်နားမှာ အိမ်တစ်လုံး ဆောက်ပေးလိုက်သည်။

"ငါမင်းကိုနာမည်ပေးမယ်, မင်းက ဆယ်နှစ်ကျော်ကျော် အရူးလို့ အခေါ်ခံလာရတာ" ငါးပြာလေးက ခါးကိုင်းလိုက်ပြီး ကောင်လေးရဲ့ ရှုပ်ပွပွ ခေါင်းလေးအား ပွတ်သပ်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ပြောလိုက်၏။

"Little Ten လို့ပဲ ခေါ်ကြတာပေါ့"

ကလေးက ထိုအမျိုးသားရဲ့ ခြေထောက်ကို ပျော်ပျော်ရွှင်ရွှင် ဖက်လိုက်ပြီး ခေါင်းညိတ်ပြကာ နူးနူးညံ့ညံ့လေးခေါ်လိုက်သည်။

"ယွီယွီ!ယွီယွီ!"

Little Ten က ပင်လယ်ဘေးမှာ အခြေကျပြီးနောက် ငါးပြာလေးရဲ့ စောင့်ရှောက်မှုကို ရရှိသွားသည်။ ရွာသူရွာသားများကတော့ သူတို့နှစ်ယောက်နဲ့ အဝေးမှာသာနေကြ၏။ အပြာရောင်ငါးလေးကလည်း ဂရုမစိုက်ပေ။ Little Ten လိုချင်တဲ့ ဘယ်အရာမဆို သူထောက်ပံ့ပေးလိမ့်မည်။

ငါးတစ်ကောင်နဲ့ လူတစ်ယောက်က ထိုပုံစံဖြင့်ပင် ပျော်ပျော်ရွှင်ရွှင်နေလာကြရင်း တစ်နေ့တော့ ယွီယွီက သတိလစ်နေသည့် လူတစ်ယောက်ကို သယ်ဆောင်လာခဲ့သည်။

လူသားပုံစံအဖြစ် ပြောင်းလဲထားသည့် ငါးပြာလေးရဲ့ အိမ်သေးသေးလေးထဲတွင် ထိုလူအား ကုတင်ပေါ်တင်ပေးလိုက်သည်။ သူ့ရဲ့ လှပတဲ့မျက်နှာသည် ပိန်ပါးနေတဲ့ ထိုလူက ရီဝေဝေဖြင့် သတိရလာခြင်း မြင်လိုက်ရသော အရာပင်။

Little Tenက ထိုသူ့လက်ကို ဗြောင်ကျကျပင် ထိုးကြည့်လိုက်သည်။

"ယွီယွီ, သူကဘယ်သူလဲ?"

ယွီယွီက သူ့လက်များအား တင်ပါးပေါ်သို့ တင့်တယ်ကျော့ရှင်းစွာ တင်လိုက်ပြီးနောက် အခုလေးတင် ခေါ်လာတဲ့ သနားစရာ နတ်ဆိုးကို ပေါ့ပေါ့ပါးပါးကြည့်လိုက်သည်။

"ငါလည်းမသိဘူးလေ"

Little Ten ကပြောပြန်သည်။

"သူအခုထိ မနိုးသေးဘူး....သူကရေထဲမှာ အကြာကြီး စိမ်ထားတာဆိုတော့ သူ့ဦးနှောက်ရော စိုရွှဲသွားပြီလား မသိဘူး?"

ယွီယွီက ခေါင်းညိတ်သည်။

"သူအရုးဖြစ်သွားတော့လည်း ကောင်းတာပေါ့, ဒါဆိုရင် သူက မင်းကို အဖော်ပြုပေးနိုင်ပြီ"

ထို့ကြောင့် ပြင်းပြင်းထန်ထန် ရှုံးနိမ့်လာပြီး အခုထိတောင် အသိစိတ်အပြည့်အဝ ပြန်မရနိုင်သေးတဲ့အပြင် မျက်လုံးတောင် မဖွင့်နိုင်သေးတဲ့ ရင်ချီသည် သူ့ခေါင်းရေဝင်နေလား မဝင်နေဘူးလားဆိုတဲ့ ထို တိုတောင်းပေမယ့် လေးနက်လှသည့် စကားပြောဆိုမှုကို ကြားလိုက်ရသည်။

ရင်ချီ: "..."

သူက မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီးနောက်မှာ သူ့ကိုယ်ထဲက ဝိညာဉ်စွမ်းအင်အားလုံး ကုန်ဆုံးနေတာကို ရှာတွေ့သွားရသည်။ သူ့ရှေ့က လူစိမ်းများကို စိုက်ကြည့်လိုက်ပြီးနောက် ခပ်ကြောင်ကြောင်မေး၏။

"ငါအသက်ရှင်နေသေးလား?"

သူ့အား သေချာပေါက် အသက်ရှင်နေသေးပြီး အချိန်အကြာကြီး အသက်ရှင်နေရဦးမည်ဖြစ်ကြောင်း ပြန်ပြောလာသည်။

ဘုရင်က ရှုံးနိမ့်ခဲ့ပြီး သူ့ဝိညာဉ်စွမ်းအားများလည်း ပျောက်ဆုံးသွားသည်။ သူက အခုဆို ပြန်သွားပြီး တိုက်ခိုက်ဖို့အတွက် အခွင့်အရေးများ ဆုံးရှုံးသွားလေပြီ။ တွက်ချက်ပြီးနောက်မှာတော့ စိတ်ပျက်လက်ပျက်ဖြင့်ပင် ထိုအမည်မသိ တံငါရွာသေးသေးလေးမှာသာ ရိုးရှင်းစွာဖြင့် အသက်ရှင်နေထိုင်တော့သည်။

ယွီယွီက စိတ်သက်သာရာရစွာ သက်ပြင်းချ၍ သူ့အား ကလေးကို ဂရုစိုက်ပေးရမည့် လေးလံလှသည့် တာဝန်ကို ယုံယုံကြည်ကြည် ပေးအပ်လိုက်သည်။ ထို့နောက် သူကတော့ ပင်လယ်ထဲ ပြန်သွား၍ ငါးပြာလေးအဖြစ်သာ ဆက်နေတော့၏။

နောက်ပိုင်း ပုံရိပ်ယောင်များကတော့ ခွေးသွေး ဇာတ်လမ်းတွေကို ကြည့်နေရသလိုမျိုး ရန်ကျစ်ရှန်းက ယွီယွီအပေါ် တစ်ဖြည်းဖြည်း ပြောင်းလဲလာသည့် ရင်ချီရဲ့ မျက်လုံးများကို ကြည့်နေရသည်။

သူက သက်ပြင်းချမိသည်။

ဟေး, သနားစရာ နတ်ဆိုးလေးက သူ့ကိုကယ်တင်ခဲ့တဲ့ လှပတဲ့ ရေသူထီးလေးကို ချစ်သွားတယ်...

သေချာပေါက်ပင် တစ်ညမှာတော့ ယွီယွီက ရင်ချီဆီကနေ မတူညီတဲ့ ခံစားချက်ကို လက်ခံရရှိတော့သည်။ ယွီယွီသည် ထိုအိမ်သေးသေးလေးမှာ တစ်ညလုံး ခဲယဉ်းစွာ နေခဲ့ပြိး ထိုလူကလည်း သူ့ကိုယ်သူ မထိန်းထားနိုင်တော့

တိတ်တိတ်ဆိတ်ဆိတ်ပင် ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာပေါ်သို့ နွေးထွေးသော အနမ်းတစ်ခု ကျရောက်လာသည်။

ထို့နောက် သူကလှည့်မကြည့်ရဲတော့ပဲ တံခါးကနေ အလျင်စလို ထွက်ပြေးသွားသည်။

အဲ့ဒါကြောင့် သူမသိလိုက်ဘူး.... သူထွက်သွားပြီးတဲ့နောက်မှာ အိပ်ပျော်နေတဲ့ ရေသူထီးလေးရဲ့ မျက်လုံးတွေက ဖြတ်ခနဲ ပွင့်လာပြီး အဲ့ဒီ ရေခဲပြာရောင် မျက်လုံးထဲမှာ ရင်းနှီးနေတဲ့ ကရုဏာတရားတွေ ဖြစ်ပေါ်လာသည်ကို

ယွီယွီထွက်သွားသည်။

ရင်ချီပဲဖြစ်ဖြစ် Little Tenပဲဖြစ်ဖြစ် သူ့ကိုဆက်နေအောင် မလုပ်နိုင်ကြ။ ယွီယွီက သူတစ်ခြားနေရာကို သွားတော့မယ် ပြီးတော့ ပြန်လာချင်မှ ပြန်လာတော့မယ် ဟုသာ ရိုးရိုးရှင်းရှင်း ပြောသွားခဲ့သည်။

သူက အထိန်းအကွပ် မရှိတဲ့ ငါးတစ်ကောင်သာဖြစ်ပြီး ဘယ်နေရာနဲ့မှ မသက်ဆိုင်သူပင်။

Little Ten ကတော့ ရင်ချီရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေပြီဟု သူကောင်းကောင်းလေး တွေးထင်ခဲ့မိသည်။ သူတို့က သာမာန်လူတွေဖြစ်တာမို့လို့ အတူတကွ နေတာပိုပြီး သင့်တော်လိမ့်မည်ဟု။ သူကတော့ ဒီနေရာနဲ့ မသက်ဆိုင်တဲ့ ငါးတစ်ကောင်သာဖြစ်ပြီး အသက်အရှည်ကြီး နေရဦးမည့်သူတစ်ယောက်ပဲလေ။ ဒီနေရာမှာ အချိန်အကြာကြီး ချုပ်နှောင်မထားသင့်တော့ဘူး

ယွီယွီက ရက်စက်စွာပင် ထွက်ခွာသွားခဲ့သည်။

ထို့နောက် အချိန်အတော်လေး ကြာပြီးနောက်မှာ စိတ်ဓာတ်ကျဆင်းမှုကြောင့် ရင်ချီက ရူးသွပ်သွားသည်။

အဆုံးမှာတော့ သူက ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး သူ့လေ့ကျင့်မှုကို ပြန်ရနိုင်မည့် နည်းလမ်းပေါင်းစုံရှိသည်။ သို့သော် ဒီတစ်ခေါက်တော့ ရင်ချီက လမ်းဟောင်းကို မလိုက်တော့ပဲ နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ဖြစ်သွားခဲ့သည်။

သူက Little Ten အားခေါ်၍ ပင်လယ်ပြင်တစ်လျှောက်မှာ ထို လှပပြီး တင့်တယ်လှတဲ့ လူတစ်ယောက်အတွက် လှပသည့် အပြာရောင်ငါးလေးကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည်။

သူ့ရဲ့ စွဲလမ်းမှုက ပိုပိုပြီး နက်ရှိုင်းလာခဲ့သည်။ နတ်ဆိုးဖြစ်လာပြီးနောက်မှာ သူ့စိတ်ခံစားချက်များသည်လည်း မကြာခဏ ထိန်းချုပ်ဖို့အတွက် အခက်အခဲ ကြုံလာရသည်။ ပိုင်ဆိုင်လိုစိတ်များကလည်း အဆပေါင်းများစွာ ချဲ့ထွင်လာခဲ့၏။ သူ့မျက်လုံးများကလည်း တစ်ဖြည်းဖြည်း နီရဲလာတာကြောင့် Little Ten က တစ်ခါတလေ သူ့ကို စကားလုံးဝမပြောရဲပေ။

သူတို့ရှာနေတာ ဘယ်နှစ်နှစ် ကြာသွားမှန်း မသိခဲ့ပဲ နောက်ဆုံးတော့ သူတို့ရှာနေသည့် ငါးလေးကို ရှာတွေ့သွားခဲ့သည်။

ကြော့ရှင်းလှပြီး ပျင်းရိနေသည့် ထိုအမျိုးသားက ရေသူထီးအဖြစ် ပြောင်းလဲ၍ ကျောက်စွန်းတစ်ခုပေါ်မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် အနားယူနေခဲသည်။ မြို့များတွင် ကပ်ရောဂါတစ်ခု ဖြစ်ပွားခဲ့ပြီး သူက ထိုကြေကွဲစရာ ဖြစ်ရပ်ကို ရပ်တန့်ရန် ကြိုးစားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သူ့ဝိညာဉ်စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့ပြီး ပင်ပန်းနေခြင်းပင်။ သူက နေရောင်အောက်မှာ ခွေ၍ သွယ်လျတဲ့ ငါးမြီးလေးကတော့ ရေမျက်နှာပြင်ကို ပုတ်နေသည်။

နတ်ဆိုးကျင့်ကြံသူက သွေးကဲ့သို့ နီရဲနေသည့် မျက်လုံးများဖြင့် ရေခဲပြာရောင် အမြီးအား စိုက်ကြည့်နေသည်။

သူက လက်ကိုမြှောက်လိုက်ပြီး သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်သောအခါ နူးညံ့သည့် ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုကွင်းရဲ့ ပတ်ပတ်လည်မှာ မရေမတွက်နိုင်သော အထစ်များစွာ ပါဝင်နေပြီး တစ်ခုချင်းဆီတိုင်းက အကျဉ်းချဖို့အတွက်ပင်။

ရုတ်တရက်, ငါးမြှီးကို ထိုးခွင်းခံလိုက်ရသည့် ပြင်းထန်သော နာကျင်မှုကြောင့် ထိုအမျိုးသားလေးက တုန်လှုပ်သွားပြီး ပြင်းထန်စွာ ရုန်းကန်စ ပြုလာသည်။ ဝေဒနာကို ခံစားရင်း မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သောအခါ အေးစက်နီရဲနေသည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရလေသည်။

"ငါမင်းကို ရှာတွေ့ပြီ" မျက်လုံးနီနဲ့လူက အက်ရှစွာပြောလာသည်။ သူက ရေထဲမှာ ခါးလောက် အနက်တွင် မတ်တပ်ရပ်လိုက်ပြီး ငါးမြှီးပေါ်က အကျဉ်းချကွင်းအား သော့ခတ်လိုက်သည်။

ဒဏ်ရာရနေသော ငါးမြီးမှသွေးများ စီးကျလာ၍ ပင်လယ်ရေပြင်အား အနီရောင်များဖြင့် စွန်းထင်းသွားစေ၏။

ထိုလူက အသက်ကို ပြင်းပြင်းရှုနေပြီး သူ့ရင်ဘက်က နိမ့်လိုက်မြင့်လိုက်ဖြစ်၍ သူ့ပါးစပ်က တစ်ခုခုပြောရန် ဖွင့်လိုက်သော်လည်း ရှန်ကျစ်ရှန်းမှာ မကြားလိုက်ရပေ။ ဓားတစ်ချောင်းက ကွက်လပ်နေရာကို ဖြတ်သန်းသွား၍ ပုံရိပ်ယောင်တစ်ခုလုံးကို ထောင်ပေါင်းများစွာ အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားစေသည်။

ထိုလူ, ငါးအမြီးနဲ့ ကွင်းချိတ်...သွေးများပါ ရုတ်တရက် ပျောက်ကွယ်သွား၍ 'ငါမင်းကို ရှာတွေ့ပြီ' ဆိုတဲ့စကားလုံးသာ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

- မှားသွားပြီ

တစ်ယောက်ယောက်က သူ့နောက်ကို တိတ်တိတ်လေး ရောက်လာပြီး ပွေ့ဖက်လိုက်တာကြောင့် ရှန်ကျစ်ရှန်းမှာ အလန့်တကြား ဖြစ်သွားရသည်။ သူက ကိုင်ထားတဲ့ ပန်းကိုင်းကို လျင်မြန်စွာ မလိုက်ပြီး တစ်ဖက်မလှည့်ပဲနဲ့ လှုပ်ရှားမှုလုပ်ဖို့ ကြံစည်လိုက်၏။ သို့သော်လည်း သူ့နောက်ကျောက ရင်းနှီးနေတဲ့ အပူငွေ့ကြောင့် ရုတ်တရက် ရပ်တန့်သွားပြီး သူ့လက်ကောက်ဝတ်က ပြန်ကျသွားရလေသည်။

"အားကျင်း?"

ရန်ကျင်းရဲ့ အသက်ရှုနှုန်းက အနည်းငယ် မတည်မငြိမ်ဖြစ်နေပြီး သူ့မျက်လုံးထဲမှာ အနီရောင်ဖျော့ဖျော့လေး တစ်လွှာရှိနေသည်။ သူက ရှန်ကျစ်ရှန်းရဲ့ နားရွက်ဘေးနားလေးကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်ပြီး ထိုလူရဲ့ စကားအား နူးညံ့စွာ ထပ်ပြောလာသည်။

"ကျွန်တော်ခင်ဗျားကို ရှာတွေ့ပြီ"

သူ့အသံက အနည်းငယ် ထူးဆန်းနေသည်။ ရှန်ကျစ်ရှန်းက တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ ပြင်းပြင်းထန်ထန် တွေးမိပေမယ့် ဘာစကားမှမပြောပဲ တစ်ဖက်သို့သာလှည့်၍ သူ့ကိုကြည့်လိုက်သည်။

ရန်ကျင်းက သူ့အားတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး သူ့ရဲ့ ငုံ့ထားသည့်ခေါင်းက ရှေ့ကိုအနည်းငယ် စောင်းနေ၏။ ရှန်ကျစ်ရှန်းတစ်ဖက်ကို လှည့်လိုက်သည့်အခါမှာတော့ သူ့နှုတ်ခမ်းက ရန်ကျင်းရဲ့ ပါးပြင်ပေါ်ကို ဖွဖွလေး ဖြတ်သွားတော့သည်။

နူးညံ့တဲ့ ထိတွေ့မှုအောက်မှာ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း လန့်ဖျန့်သွားကြရသည်။

29.11.2021

=============
Zawgyi

အခန္း(၄၀-၂) - ယြီယြီ

ဒီလို ဆိတ္ၿငိမ္ၿပီး ႐ိုးရွင္းတဲ့ဘဝက ႏွစ္အေတာ္ၾကာေအာင္ ျဖတ္သန္းခဲ့သည္။ ထိုအခ်ိန္အေတာအတြင္းမွာ ေျခသလံုးအိမ္တိုင္ ငါးျပာေလးက ထိုေနရာမွာ အေျခခ်ေနမိသည္။ ေန႔တိုင္း ေနေရာင္ေအာက္မွာ အ႐ူးေလးေၾကာင့္ ႏိုးလာရၿပီး အ႐ူးေလးကစားျပတဲ့ တူတူပုန္းတမ္းကို ၾကည့္ရတာက ထံုးစံျဖစ္လာသည္။ ၿပီးရင္ေတာ့သူက ကေလးေလးအား ေရကစားဖို႔အတြက္ ပင္လယ္ၾကမ္းေျခဆီ ေခၚေဆာင္သြားလိမ့္မည္။

တစ္ေန႔မွာေတာ့ ငါးျပာေလးက ႐ုတ္တရက္ ေန႔လည္ခင္းေရာက္မွ ျပင္းထန္လွတဲ့ ေနပူခ်ိန္ေၾကာင့္ ႏိုးလာခဲ့ရၿပီး ဒီမနက္ ထိုေကာင္ေလး မေရာက္လာဘူး ဆိုတာကို ႐ုတ္တရက္ ေတြ႕ရွိသြားသည္။

ဘာမ်ားျဖစ္ေနလို႔လဲ?

အႀကိမ္အနည္းငယ္မွ် သံသယျဖင့္ ခုန္လိုက္ၿပီးေနာက္မွာ သူ႔ကိုယ္ေပၚက သဲမ်ားအား တက္လာတဲ့ ေရနဲ႔ေဆးေၾကာရန္ သြားလိုက္သည္။ ေဆးေၾကာေနရင္း သိပ္မေဝးတဲ့ေနရာမွ ကေလးမ်ားသည္ အ႐ူးေလးအေၾကာင္း ေဆြးေႏြးေနၾကသည္ကို ၾကားလိုက္ရေလသည္။

"မင္းသိၿပီးၿပီလား, အဲ့ဒိအ႐ူးက ေသလုေမ်ာပါး ျဖစ္ေနၿပီတဲ့...."

"ငါ့အေမေျပာတာေတာ့ ဒီေန႔ကို မေက်ာ္ႏိုင္ဘူးဆိုပဲ, မေန႔ညက တစ္ညလံုး အဖ်ားတတ္ေနတာေလ!"

"အမွန္ပဲ, ၾကည့္ရတာ ငါတို႔ မၾကာခင္ သူ႔ကမာခြံေတြ ရလိမ့္မယ္, အဲ့ဒီေလာက္လွတဲ့ ကမာခြံေတြကို သူဘယ္ကရလဲ လဲ ဘယ္သူသိမွာလဲ, ငါဆို မနာလိုလြန္းလို႔ ေသေတာ့မယ္!"

အျပာေရာင္ငါးေလးက အလန္႔တၾကားျဖစ္သြားသည္။ သူက ေရထဲကေန ခုန္တက္လိုက္ၿပီးေနာက္ သူ႔ခႏာၱကိုယ္အား အလ်င္အျမန္ ဖုန္းကြယ္ကာ ကေလးရဲ႔ အိမ္ဆီအျမန္အဆန္သြားလိုက္သည္။

သို႔ေသာ္လည္း သူမသြားခင္မွာ လွိုင္းလံုးႀကီးႀကီး တစ္ခုေခၚၿပီး ထိုကေလးေတြကို ေရနဲ႔ ပက္ခဲ့ဖို႔လည္း မေမ့ေပ။

ေန႔ခင္းအခ်ိန္ျဖစ္ေနတာေတာင္ ဖ်ားေနတဲ့ ကေလးေဘးမွာ ဘယ္သူမွ ရွိမေန။ သူ႔ညီအစ္ကို ေမာင္ႏွမမ်ားက သူတို႔နဲ႔ ရြယ္တူမ်ားျဖင့္ ကစားရန္ ထြက္ခြာသြားၾကသည္။ အေဖျဖစ္သူက ငါးဖမ္းထြက္သြားၿပီး အေမျဖစ္သူကေတာ့ တစ္ျခားအမ်ိဳးသမီးေတြနဲ႔ စကားစမည္ေျပာဖို႔ ထြက္သြားသည္ေလ။

......ေသလုေျမာပါး သတိလစ္ေနတဲ့ ကေလးငယ္ေလးကို ဘယ္သူမွ ဂ႐ုမစိုက္ၾကဘူး

အျဖဴေရာင္အလင္းတန္းမ်ား ေတာက္ပလာၿပီးေနာက္ ဆံႏြယ္ရွည္မ်ားနဲ႔ လွပေသာ မ်က္ႏွာရွိသည့္ အမ်ိဳးသားတစ္ေယာက္က သနားစရာ ကေလးေလးကို ငံု႔ၾကည့္လိုက္သည္။ သူ႔ရဲ႔ ေရခဲျပာေရာင္ မ်က္လံုးထဲမွာ သနားမႈေတြနဲ႔ ကူကယ္ရာမဲ့မႈမ်ား ရွိေနသည္။

သူလိုလူတစ္ေယာက္ေတာင္ ၾကည့္လိုက္တာနဲ႔ ဒီေကာင္ေလး ေသေတာ့မယ္ဆိုတာ ျမင္ႏိုင္သည္။

ကုသလို႔မရႏိုင္ေတာ့ေလာက္ေအာင္

.....ေနဦး

ထိုအမ်ိဳးသားက ကေလးေလးကို ေလ့လာလိုက္ၿပီးေနာက္ ႐ုတ္တရက္ အေတြးတစ္ခု ဝင္လာသည္။ သူက ခဏေလာက္ သူ႔ကိုယ္သူ ေရရြတ္ေနၿပီးေနာက္မွာ သူ႔ရဲ႔ေအးစက္တဲ့ လက္အား ကေလးေလးရဲ႔ ပူျပင္းေနေသာႏွဖူးေပၚသို႔ တင္လိုက္သည္။ ကေလးေလးရဲ႔ နာက်င္မႈကို ေျပေလ်ာ့ေစရန္အတြက္ ဝိညာဥ္စြမ္းအင္တစ္ခ်ိဳ႔ ထည့္ေပးလိုက္၏။

"ငါမင္းကို ကယ္ႏိုင္တယ္ ဒါေပမဲ့ တန္ေၾကးကေတာ့ မင္းဘယ္ေတာ့မွ မႀကီးျပင္းႏိုင္ေတာ့ဘူး, လုပ္မလား?"

ေရခဲျပာေရာင္ မ်က္လံုးမ်ားက အျပာေရာင္ငါးေလးရဲ႔ အေၾကးခြံမ်ားကဲ့သို႔ပင္ လွပသည္။

ဖ်ားေနတဲ့ ကေလးက ထိုေရခဲျပာေရာင္ မ်က္လံုးမ်ားကို ေငးၾကည့္ၿပီးေနာက္ ျဖည္းညင္းစြာ ခိုင္မာစြာျဖင့္ ေခါင္းညိတ္ျပသည္။

ထိုလူက သူ႔ရဲ႔ ပံုစံအစစ္အမွန္ကို ေျပာင္းလဲလိုက္သည္။ သူ႔ရဲ႔ တကယ့္ပံုစံ အစစ္အမွန္က အျပာေရာင္ ငါးေလး မဟုတ္ပဲ သြယ္လ်တဲ့ ေရခဲျပာေရာင္ ငါးႃမွီးရွိေသာ ေရသူထီးတစ္ေကာင္ပင္။ အလြန္လွပတဲ့ အေၾကးခြံေထာင္ေပါင္းမ်ားစြာၾကားထဲက အနည္းငယ္ ျဖဴေသာ အေၾကးခြံတစ္ခုအား ထိကာ ညင္သာစြာ ဖိခ်လိုက္သည္။

ပံုရိပ္ေယာင္ရဲ႔ အျပင္ဘက္မွာေတာ့ ရွန္က်စ္ရွန္းက အသက္ကို ျပင္းျပင္းရွဳလိုက္ၿပီး ေျခလွမ္းအနည္းငယ္ ေရွ႕တိုးမိသြားသည္။

- ေျပာင္းျပန္အေၾကးခြံ

ေနာက္ဆုံးေတာ့ လူ႔အေသြးအသားနဲ႔ အ႐ိုးေတြကို ကုသေပးႏိုင္တဲ့ ဒ႑ာရီလာ အေၾကးခြံကို ျမင္ရၿပီ

ဒါက ပံုရိပ္ေယာင္တစ္ခုပဲ ျဖစ္ေနတာေတာ့ ႏွေျမာစရာပဲ။ ရွန္က်စ္ရွန္းက အနားတိုးသြားၿပီး သူ႔လက္အား ဆန္႔ထုတ္ၾကည့္လိုက္ေသာ္လည္း လက္ေခ်ာင္းမ်ားက ပံုရိပ္ေယာင္တစ္ေလွ်ာက္ကို ျဖတ္ေက်ာ္သြားကာ ထိေတြ႕လို႔မရေပ။ သူက ႏႈတ္ခမ္းကိုသာ ဖိကပ္၍ ဆက္ၾကည့္ေနယံုသာ ရွိေတာ့သည္။

အေၾကးခြံက အလင္းတန္းတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး ကေလးရဲ႔ ပါးစပ္ထဲ ဝင္သြားသည္

ကေလးက ပိုသက္သာလာ၏။

လူတိုင္း အံ့အားသင့္ကုန္ၾကသည္။ သူ႔မိဘေတြဆိုရင္ အံ့အားသင့္ၿပီး စိတ္ပ်က္ကုန္ၾကေပမယ့္ ဘာမွေတာ့မေျပာၾက။ သူတို႔က ကေလးေလးအား အရင္အတိုင္းသာ ၾကံဳသလို ဆက္ထားသည္။

ထိုေလးနက္လွတဲ့ ဖ်ားနာမႈက ကေလးဘဝမွာ တိတ္တဆိတ္ ေမ့ေပ်ာက္သြားမယ့္ ျဖစ္ရပ္အပိုင္းအစ တစ္ခုလိုသာပင္။

သို႔ေသာ္လည္း အျပာေရာင္ငါးေလးကေတာ့ ဒါက ဒီအတိုင္း ပံုရိပ္ေယာင္တစ္ခုပဲ ဆိုတာကို သိေနသည္။

သူက ႏွစ္ေပါင္း ေထာင္ေသာင္းခ်ီ ေနခဲ့သည့္ ေရွးနတ္ဆိုးငါးတစ္ေကာင္ ျဖစ္ေပမယ့္လည္း လူေတြရဲ႔ ေသျခင္းရွင္ျခင္းကိုေတာ့ လံုးလံုးမေျပာင္းလဲႏိုင္ေပ။ ကေလးကို ကယ္တင္ႏိုင္ခဲ့ေပမယ့္ သူေပးဆပ္ခဲ့ရတဲ့ တန္ေၾကးကေတာ့ ဘယ္ေတာ့မွ အရြယ္မေရာက္လာျခင္းျဖစ္သည္။

ႏွစ္ေတြ ကုန္ဆံုးသြားၿပီး ဆယ္ႏွစ္ေက်ာ္ ၾကာလာတဲ့အခ်ိန္မွာေတာ့ ကေလးေလးကို ၾကည့္တဲ့ ရြာသူရြာသားမ်ားရဲ႔ မ်က္လံုးမ်ားက အထင္အျမင္ ေသးျခင္းကေန ေၾကာက္ရြံ႔ျခင္းအျဖစ္သို႔ ေျပာင္းလဲသြားၾကသည္။

ေခါင္းစဥ္သည္လည္း အ႐ူးအျဖစ္ကေန မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းသြားသည္။

ကေလးငယ္ေလးသည္ သူ႔ရဲ႔ အိုမင္းေနတဲ့ မိဘမ်ားနဲ႔ က်န္းမာသန္စြမ္းေနေသာ ညီအစ္ကိုေမာင္ႏွမမ်ားရဲ႔ ေမာင္းထုတ္ျခင္းကို ခံလိုက္ရတာေၾကာင့္ ပင္လယ္ကမ္းစပ္မွာသာ ရပ္၍ သူ႔ငါးျပာေလးကို ရွာေဖြေနသည္။ ဆယ္စုႏွစ္ေက်ာ္ၾကာသြားၿပီးေနာက္ သူ႔စိတ္က သူ႔အသက္အရြယ္မွာသာ ရပ္တန္႔ေနခဲ့ေသာ္လည္း သူ႔ရဲ႔ပံုမွန္မဟုတ္မႈကိုေတာ့ ေဝေတဝါးတားျဖင့္ သိေနသည္။ သို႔ေသာ္လည္း သူက နားမလည္ႏိုင္ျဖစ္ေနဆဲပင္။

အျပာေရာင္ငါးေလးက တိတ္ဆိတ္စြာျဖင့္ ကူးခတ္လာၿပီး သက္ျပင္းခ်သည္။

ထို႔ေနာက္ ငါးျပာေလးက လူသားပံုစံေျပာင္းလဲ၍ ကေလးေလးအတြက္ ပင္လယ္နားမွာ အိမ္တစ္လံုး ေဆာက္ေပးလိုက္သည္။

"ငါမင္းကိုနာမည္ေပးမယ္, မင္းက ဆယ္ႏွစ္ေက်ာ္ေက်ာ္ အ႐ူးလို႔ အေခၚခံလာရတာ" ငါးျပာေလးက ခါးကိုင္းလိုက္ၿပီး ေကာင္ေလးရဲ႔ ရႈပ္ပြပြ ေခါင္းေလးအား ပြတ္သပ္လိုက္သည္။ ခဏေလာက္ စဥ္းစားၿပီးေနာက္မွာေတာ့ ေျပာလိုက္၏။

"Little Ten လို႔ပဲ ေခၚၾကတာေပါ့"

ကေလးက ထိုအမ်ိဳးသားရဲ႔ ေျခေထာက္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဖက္လိုက္ၿပီး ေခါင္းညိတ္ျပကာ ႏူးႏူးညံ့ညံ့ေလးေခၚလိုက္သည္။

"ယြီယြီ!ယြီယြီ!"

Little Ten က ပင္လယ္ေဘးမွာ အေျခက်ၿပီးေနာက္ ငါးျပာေလးရဲ႔ ေစာင့္ေရွာက္မႈကို ရရွိသြားသည္။ ရြာသူရြာသားမ်ားကေတာ့ သူတို႔ႏွစ္ေယာက္နဲ႔ အေဝးမွာသာေနၾက၏။ အျပာေရာင္ငါးေလးကလည္း ဂ႐ုမစိုက္ေပ။ Little Ten လိုခ်င္တဲ့ ဘယ္အရာမဆို သူေထာက္ပံ့ေပးလိမ့္မည္။

ငါးတစ္ေကာင္နဲ႔ လူတစ္ေယာက္က ထိုပံုစံျဖင့္ပင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနလာၾကရင္း တစ္ေန႔ေတာ့ ယြီယြီက သတိလစ္ေနသည့္ လူတစ္ေယာက္ကို သယ္ေဆာင္လာခဲ့သည္။

လူသားပံုစံအျဖစ္ ေျပာင္းလဲထားသည့္ ငါးျပာေလးရဲ႔ အိမ္ေသးေသးေလးထဲတြင္ ထိုလူအား ကုတင္ေပၚတင္ေပးလိုက္သည္။ သူ႔ရဲ႔ လွပတဲ့မ်က္ႏွာသည္ ပိန္ပါးေနတဲ့ ထိုလူက ရီေဝေဝျဖင့္ သတိရလာျခင္း ျမင္လိုက္ရေသာ အရာပင္။

Little Tenက ထိုသူ႔လက္ကို ေျဗာင္က်က်ပင္ ထိုးၾကည့္လိုက္သည္။

"ယြီယြီ, သူကဘယ္သူလဲ?"

ယြီယြီက သူ႔လက္မ်ားအား တင္ပါးေပၚသို႔ တင့္တယ္ေက်ာ့ရွင္းစြာ တင္လိုက္ၿပီးေနာက္ အခုေလးတင္ ေခၚလာတဲ့ သနားစရာ နတ္ဆိုးကို ေပါ့ေပါ့ပါးပါးၾကည့္လိုက္သည္။

"ငါလည္းမသိဘူးေလ"

Little Ten ကေျပာျပန္သည္။

"သူအခုထိ မႏိုးေသးဘူး....သူကေရထဲမွာ အၾကာႀကီး စိမ္ထားတာဆိုေတာ့ သူ႔ဦးေႏွာက္ေရာ စိုရႊဲသြားၿပီလား မသိဘူး?"

ယြီယြီက ေခါင္းညိတ္သည္။

"သူအ႐ုးျဖစ္သြားေတာ့လည္း ေကာင္းတာေပါ့, ဒါဆိုရင္ သူက မင္းကို အေဖာ္ျပဳေပးႏိုင္ၿပီ"

ထို႔ေၾကာင့္ ျပင္းျပင္းထန္ထန္ ရွံုးနိမ့္လာၿပီး အခုထိေတာင္ အသိစိတ္အျပည့္အဝ ျပန္မရႏိုင္ေသးတဲ့အျပင္ မ်က္လံုးေတာင္ မဖြင့္ႏိုင္ေသးတဲ့ ရင္ခ်ီသည္ သူ႔ေခါင္းေရဝင္ေနလား မဝင္ေနဘူးလားဆိုတဲ့ ထို တိုေတာင္းေပမယ့္ ေလးနက္လွသည့္ စကားေျပာဆိုမႈကို ၾကားလိုက္ရသည္။

ရင္ခ်ီ: "..."

သူက မ်က္လံုးမ်ားကို ခက္ခက္ခဲခဲ ဖြင့္လိုက္ၿပီးေနာက္မွာ သူ႔ကိုယ္ထဲက ဝိညာဥ္စြမ္းအင္အားလံုး ကုန္ဆံုးေနတာကို ရွာေတြ႕သြားရသည္။ သူ႔ေရွ႕က လူစိမ္းမ်ားကို စိုက္ၾကည့္လိုက္ၿပီးေနာက္ ခပ္ေၾကာင္ေၾကာင္ေမး၏။

"ငါအသက္ရွင္ေနေသးလား?"

သူ႔အား ေသခ်ာေပါက္ အသက္ရွင္ေနေသးၿပီး အခ်ိန္အၾကာႀကီး အသက္ရွင္ေနရဦးမည္ျဖစ္ေၾကာင္း ျပန္ေျပာလာသည္။

ဘုရင္က ရွံဳးနိမ့္ခဲ့ၿပီး သူ႔ဝိညာဥ္စြမ္းအားမ်ားလည္း ေပ်ာက္ဆံုးသြားသည္။ သူက အခုဆို ျပန္သြားၿပီး တိုက္ခိုက္ဖို႔အတြက္ အခြင့္အေရးမ်ား ဆံုးရွံဳးသြားေလၿပီ။ တြက္ခ်က္ၿပီးေနာက္မွာေတာ့ စိတ္ပ်က္လက္ပ်က္ျဖင့္ပင္ ထိုအမည္မသိ တံငါရြာေသးေသးေလးမွာသာ ႐ိုးရွင္းစြာျဖင့္ အသက္ရွင္ေနထိုင္ေတာ့သည္။

ယြီယြီက စိတ္သက္သာရာရစြာ သက္ျပင္းခ်၍ သူ႔အား ကေလးကို ဂ႐ုစိုက္ေပးရမည့္ ေလးလံလွသည့္ တာဝန္ကို ယံုယံုၾကည္ၾကည္ ေပးအပ္လိုက္သည္။ ထို႔ေနာက္ သူကေတာ့ ပင္လယ္ထဲ ျပန္သြား၍ ငါးျပာေလးအျဖစ္သာ ဆက္ေနေတာ့၏။

ေနာက္ပိုင္း ပံုရိပ္ေယာင္မ်ားကေတာ့ ေခြးေသြး ဇာတ္လမ္းေတြကို ၾကည့္ေနရသလိုမ်ိဳး ရန္က်စ္ရွန္းက ယြီယြီအေပၚ တစ္ျဖည္းျဖည္း ေျပာင္းလဲလာသည့္ ရင္ခ်ီရဲ႔ မ်က္လံုးမ်ားကို ၾကည့္ေနရသည္။

သူက သက္ျပင္းခ်မိသည္။

ေဟး, သနားစရာ နတ္ဆိုးေလးက သူ႔ကိုကယ္တင္ခဲ့တဲ့ လွပတဲ့ ေရသူထီးေလးကို ခ်စ္သြားတယ္...

ေသခ်ာေပါက္ပင္ တစ္ညမွာေတာ့ ယြီယြီက ရင္ခ်ီဆီကေန မတူညီတဲ့ ခံစားခ်က္ကို လက္ခံရရွိေတာ့သည္။ ယြီယြီသည္ ထိုအိမ္ေသးေသးေလးမွာ တစ္ညလံုး ခဲယဥ္းစြာ ေနခဲ့ၿပိး ထိုလူကလည္း သူ႔ကိုယ္သူ မထိန္းထားႏိုင္ေတာ့

တိတ္တိတ္ဆိတ္ဆိတ္ပင္ ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ မ်က္ႏွာေပၚသို႔ ေႏြးေထြးေသာ အနမ္းတစ္ခု က်ေရာက္လာသည္။

ထို႔ေနာက္ သူကလွည့္မၾကည့္ရဲေတာ့ပဲ တံခါးကေန အလ်င္စလို ထြက္ေျပးသြားသည္။

အဲ့ဒါေၾကာင့္ သူမသိလိုက္ဘူး.... သူထြက္သြားၿပီးတဲ့ေနာက္မွာ အိပ္ေပ်ာ္ေနတဲ့ ေရသူထီးေလးရဲ႔ မ်က္လံုးေတြက ျဖတ္ခနဲ ပြင့္လာၿပီး အဲ့ဒီ ေရခဲျပာေရာင္ မ်က္လံုးထဲမွာ ရင္းႏွီးေနတဲ့ က႐ုဏာတရားေတြ ျဖစ္ေပၚလာသည္ကို

ယြီယြီထြက္သြားသည္။

ရင္ခ်ီပဲျဖစ္ျဖစ္ Little Tenပဲျဖစ္ျဖစ္ သူ႔ကိုဆက္ေနေအာင္ မလုပ္ႏိုင္ၾက။ ယြီယြီက သူတစ္ျခားေနရာကို သြားေတာ့မယ္ ၿပီးေတာ့ ျပန္လာခ်င္မွ ျပန္လာေတာ့မယ္ ဟုသာ ႐ိုး႐ိုးရွင္းရွင္း ေျပာသြားခဲ့သည္။

သူက အထိန္းအကြပ္ မရွိတဲ့ ငါးတစ္ေကာင္သာျဖစ္ၿပီး ဘယ္ေနရာနဲ႔မွ မသက္ဆိုင္သူပင္။

Little Ten ကေတာ့ ရင္ခ်ီရဲ႔ အုပ္ထိန္းမႈေအာက္မွာ ရွိေနၿပီဟု သူေကာင္းေကာင္းေလး ေတြးထင္ခဲ့မိသည္။ သူတို႔က သာမာန္လူေတြျဖစ္တာမို႔လို႔ အတူတကြ ေနတာပိုၿပီး သင့္ေတာ္လိမ့္မည္ဟု။ သူကေတာ့ ဒီေနရာနဲ႔ မသက္ဆိုင္တဲ့ ငါးတစ္ေကာင္သာျဖစ္ၿပီး အသက္အရွည္ႀကီး ေနရဦးမည့္သူတစ္ေယာက္ပဲေလ။ ဒီေနရာမွာ အခ်ိန္အၾကာႀကီး ခ်ဳပ္ေႏွာင္မထားသင့္ေတာ့ဘူး

ယြီယြီက ရက္စက္စြာပင္ ထြက္ခြာသြားခဲ့သည္။

ထို႔ေနာက္ အခ်ိန္အေတာ္ေလး ၾကာၿပီးေနာက္မွာ စိတ္ဓာတ္က်ဆင္းမႈေၾကာင့္ ရင္ခ်ီက ႐ူးသြပ္သြားသည္။

အဆံုးမွာေတာ့ သူက က်င့္ၾကံသူတစ္ေယာက္သာျဖစ္ၿပီး သူ႔ေလ့က်င့္မႈကို ျပန္ရႏိုင္မည့္ နည္းလမ္းေပါင္းစံုရွိသည္။ သို႔ေသာ္ ဒီတစ္ေခါက္ေတာ့ ရင္ခ်ီက လမ္းေဟာင္းကို မလိုက္ေတာ့ပဲ နတ္ဆိုးက်င့္ၾကံသူ တစ္ေယာက္ ျဖစ္သြားခဲ့သည္။

သူက Little Ten အားေခၚ၍ ပင္လယ္ျပင္တစ္ေလွ်ာက္မွာ ထို လွပၿပီး တင့္တယ္လွတဲ့ လူတစ္ေယာက္အတြက္ လွပသည့္ အျပာေရာင္ငါးေလးကို ႏွစ္ေပါင္းမ်ားစြာ ရွာေဖြခဲ့သည္။

သူ႔ရဲ႕ စြဲလမ္းမႈက ပိုပိုၿပီး နက္႐ွိဳင္းလာခဲ့သည္။ နတ္ဆိုးျဖစ္လာၿပီးေနာက္မွာ သူ႔စိတ္ခံစားခ်က္မ်ားသည္လည္း မၾကာခဏ ထိန္းခ်ဳပ္ဖို႔အတြက္ အခက္အခဲ ၾကံဳလာရသည္။ ပိုင္ဆိုင္လိုစိတ္မ်ားကလည္း အဆေပါင္းမ်ားစြာ ခ်ဲ႔ထြင္လာခဲ့၏။ သူ႔မ်က္လံုးမ်ားကလည္း တစ္ျဖည္းျဖည္း နီရဲလာတာေၾကာင့္ Little Ten က တစ္ခါတေလ သူ႔ကို စကားလုံးဝမေျပာရဲေပ။

သူတို႔ရွာေနတာ ဘယ္ႏွစ္ႏွစ္ ၾကာသြားမွန္း မသိခဲ့ပဲ ေနာက္ဆံုးေတာ့ သူတို႔ရွာေနသည့္ ငါးေလးကို ရွာေတြ႕သြားခဲ့သည္။

ေၾကာ့ရွင္းလွၿပီး ပ်င္းရိေနသည့္ ထိုအမ်ိဳးသားက ေရသူထီးအျဖစ္ ေျပာင္းလဲ၍ ေက်ာက္စြန္းတစ္ခုေပၚမွာ ပင္ပန္းႏြမ္းနယ္စြာျဖင့္ အနားယူေနခဲသည္။ ၿမိဳ႔မ်ားတြင္ ကပ္ေရာဂါတစ္ခု ျဖစ္ပြားခဲ့ၿပီး သူက ထိုေၾကကြဲစရာ ျဖစ္ရပ္ကို ရပ္တန္႔ရန္ ႀကိဳးစားခဲ့သည္။ ထိုျဖစ္ရပ္ေၾကာင့္ သူ႔ဝိညာဥ္စြမ္းအင္မ်ားစြာ ကုန္ဆံုးသြားခဲ့ၿပီး ပင္ပန္းေနျခင္းပင္။ သူက ေနေရာင္ေအာက္မွာ ေခြ၍ သြယ္လ်တဲ့ ငါးၿမီးေလးကေတာ့ ေရမ်က္ႏွာျပင္ကို ပုတ္ေနသည္။

နတ္ဆိုးက်င့္ၾကံသူက ေသြးကဲ့သို႔ နီရဲေနသည့္ မ်က္လံုးမ်ားျဖင့္ ေရခဲျပာေရာင္ အၿမီးအား စိုက္ၾကည့္ေနသည္။

သူက လက္ကိုေႁမွာက္လိုက္ၿပီး သူ႔လက္ေခ်ာင္းမ်ားကို ဆန္႔ထုတ္လိုက္ေသာအခါ ႏူးညံ့သည့္ ကြင္းတစ္ခု ထြက္ေပၚလာသည္။ ထိုကြင္းရဲ႔ ပတ္ပတ္လည္မွာ မေရမတြက္ႏိုင္ေသာ အထစ္မ်ားစြာ ပါဝင္ေနၿပီး တစ္ခုခ်င္းဆီတိုင္းက အက်ဥ္းခ်ဖို႔အတြက္ပင္။

႐ုတ္တရက္, ငါးႃမွီးကို ထိုးခြင္းခံလိုက္ရသည့္ ျပင္းထန္ေသာ နာက်င္မႈေၾကာင့္ ထိုအမ်ိဳးသားေလးက တုန္လႈပ္သြားၿပီး ျပင္းထန္စြာ ႐ုန္းကန္စ ျပဳလာသည္။ ေဝဒနာကို ခံစားရင္း မ်က္ေမွာင္က်ံဳ႔ကာ ၾကည့္လိုက္ေသာအခါ ေအးစက္နီရဲေနသည့္ မ်က္လံုးတစ္စံုကို ေတြ႕လိုက္ရေလသည္။

"ငါမင္းကို ရွာေတြ႕ၿပီ" မ်က္လံုးနီနဲ႔လူက အက္ရွစြာေျပာလာသည္။ သူက ေရထဲမွာ ခါးေလာက္ အနက္တြင္ မတ္တပ္ရပ္လိုက္ၿပီး ငါးႃမွီးေပၚက အက်ဥ္းခ်ကြင္းအား ေသာ့ခတ္လိုက္သည္။

ဒဏ္ရာရေနေသာ ငါးၿမီးမွေသြးမ်ား စီးက်လာ၍ ပင္လယ္ေရျပင္အား အနီေရာင္မ်ားျဖင့္ စြန္းထင္းသြားေစ၏။

ထိုလူက အသက္ကို ျပင္းျပင္းရႈေနၿပီး သူ႔ရင္ဘက္က နိမ့္လိုက္ျမင့္လိုက္ျဖစ္၍ သူ႔ပါးစပ္က တစ္ခုခုေျပာရန္ ဖြင့္လိုက္ေသာ္လည္း ရွန္က်စ္ရွန္းမွာ မၾကားလိုက္ရေပ။ ဓားတစ္ေခ်ာင္းက ကြက္လပ္ေနရာကို ျဖတ္သန္းသြား၍ ပံုရိပ္ေယာင္တစ္ခုလံုးကို ေထာင္ေပါင္းမ်ားစြာ အစိတ္စိတ္အႁမြာႁမြာ ကြဲထြက္သြားေစသည္။

ထိုလူ, ငါးအၿမီးနဲ႔ ကြင္းခ်ိတ္...ေသြးမ်ားပါ ႐ုတ္တရက္ ေပ်ာက္ကြယ္သြား၍ 'ငါမင္းကို ရွာေတြ႕ၿပီ' ဆိုတဲ့စကားလံုးသာ သူ႔နားထဲတြင္ ပဲ့တင္ထပ္ေနသည္။

- မွားသြားၿပီ

တစ္ေယာက္ေယာက္က သူ႔ေနာက္ကို တိတ္တိတ္ေလး ေရာက္လာၿပီး ေပြ႕ဖက္လိုက္တာေၾကာင့္ ရွန္က်စ္ရွန္းမွာ အလန္႔တၾကား ျဖစ္သြားရသည္။ သူက ကိုင္ထားတဲ့ ပန္းကိုင္းကို လ်င္ျမန္စြာ မလိုက္ၿပီး တစ္ဖက္မလွည့္ပဲနဲ႔ လႈပ္ရွားမႈလုပ္ဖို႔ ၾကံစည္လိုက္၏။ သို႔ေသာ္လည္း သူ႔ေနာက္ေက်ာက ရင္းႏွီးေနတဲ့ အပူေငြ႕ေၾကာင့္ ႐ုတ္တရက္ ရပ္တန္႔သြားၿပီး သူ႔လက္ေကာက္ဝတ္က ျပန္က်သြားရေလသည္။

"အားက်င္း?"

ရန္က်င္းရဲ႔ အသက္ရွဳႏႈန္းက အနည္းငယ္ မတည္မၿငိမ္ျဖစ္ေနၿပီး သူ႔မ်က္လံုးထဲမွာ အနီေရာင္ေဖ်ာ့ေဖ်ာ့ေလး တစ္လႊာရွိေနသည္။ သူက ရွန္က်စ္ရွန္းရဲ႔ နားရြက္ေဘးနားေလးကို သူ႔ႏႈတ္ခမ္းျဖင့္ ဖိကပ္လိုက္ၿပီး ထိုလူရဲ႔ စကားအား ႏူးညံ့စြာ ထပ္ေျပာလာသည္။

"ကၽြန္ေတာ္ခင္ဗ်ားကို ရွာေတြ႕ၿပီ"

သူ႔အသံက အနည္းငယ္ ထူးဆန္းေနသည္။ ရွန္က်စ္ရွန္းက တစ္စံုတစ္ရာ မွားယြင္းေနတယ္လို႔ ျပင္းျပင္းထန္ထန္ ေတြးမိေပမယ့္ ဘာစကားမွမေျပာပဲ တစ္ဖက္သို႔သာလွည့္၍ သူ႔ကိုၾကည့္လိုက္သည္။

ရန္က်င္းက သူ႔အားတင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားၿပီး သူ႔ရဲ႔ ငံု႔ထားသည့္ေခါင္းက ေရွ႕ကိုအနည္းငယ္ ေစာင္းေန၏။ ရွန္က်စ္ရွန္းတစ္ဖက္ကို လွည့္လိုက္သည့္အခါမွာေတာ့ သူ႔ႏႈတ္ခမး္က ရန္က်င္းရဲ႔ ပါးျပင္ေပၚကို ဖြဖြေလး ျဖတ္သြားေတာ့သည္။

ႏူးညံ့တဲ့ ထိေတြ႕မႈေအာက္မွာ ႏွစ္ေယာက္လံုး တစ္ၿပိဳင္နက္တည္း လန္႔ဖ်န္႔သြားၾကရသည္။

29.11.2021

=============

Continue Reading

You'll Also Like

690K 90.1K 59
Black-eyed Susan ဆိုတဲ့ ပန္​းရဲ႕ အဓိပၸါယ္​ကို သိလား စံု​ေထာက္​ႀကီး... Black-eyed Susan ပန္​းဟာ တရားမ်ွတမႈကို ကုိယ္​စားျပဳတယ္​တဲ့.. သူ႔ကို Flower of...
507K 83K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
331K 6.1K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...