(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

686K 120K 3.3K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(40-1) - ယွီယွီ

5.2K 1K 20
By Xiao_Yiii

Unicode

အခန်း(၄၁-၁) - ယွီယွီ

လူတစ်ယောက်နဲ့ ငါးတစ်ကောင်တို့က အချင်းချင်း အချိန်အကြာပြီး စိုက်ကြည့်နေကြပြီး နှစ်ယောက်လုံး စိတ်ရှုပ်ထွေးနေပုံရသည်။

ခဏလောက်အကြာမှာတော့ ငါးပြာလေးက သူ့အမြှီးလေးကို ထောင်လိုက်၍ အနည်းငယ် ပိုကြာကြာ ခုန်လိုက်ပြီး နောက်တစ်ဖန်ပြောလာသည်။

"အဲ့ဒီနေရာမှာ သွားဆော့နေ, ဒီကိုလာပြီး ငါ့ကို ထပ်မထိနဲ့တော့"

ကလေးလေးက နားမလည်ဟန်ဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးမှသာ ငါးကလေးက သူ့ကိုစကားပြောနေတာဖြစ်ကြောင်း သိသွားရသည်။ သူက အော်ပြောလိုက်လေသည်။

"ဒါပေမဲ့, ဒါပေမဲ့ ငါးလေးတွေက ရေမရှိရင် သေလိမ့်မယ်"

သူမှတ်မိသေးတယ်, သူတို့အိမ်ဘေးက ဦးလေးကြီးက ငါးမျှားပြီးလို့ ပြန်လာတဲ့အချိန်မှာ နှမြောနေသလို ပုံစံနဲ့ ငါးအနည်းငယ်ကို ကမ်းခြေဆီ ပစ်ထုတ်လိုက်တယ်လေ။ ပြီးတော့ပြောသေးတယ်

"ရေမရှိတော့ မြန်မြန် သေကုန်ကြတယ်, မလတ်ဆတ်တော့ဘူး ဆိုမှတော့ အသုံးမဝင်တော့ဘူး"

ငါးလေးတွေက အရမ်းလှတာကြောင့် ကလေးလေးက ထိုဦးလေး ထွက်သွားပြီးနောက်မှာ တိတ်တိတ်လေး အဲ့ဒီနေရာကို ခိုးသွားလိုက်သည်။ သူတို့ရဲ့ အေးစက်တဲ့ ခန္တာကိုယ်များက သဲမြေပေါ်မှာ လဲလျောင်းနေပြီး လှုပ်ရှားမှုလည်း မရှိတော့သလို ဘူဘောင်းလေးတွေလည်း မှုတ်မထုတ်တော့။

လှိုင်းများက တက်လာပြီး သူတို့ကို ပင်လယ်အောက်ခြေဆီ ရာသက်ပန် ခေါ်ဆောင်သွားတော့သည်။

"ရေထဲပြန်သွားလို့....." ကလေးက ငါးပြာလေးအား လက်ဖြင့်ဖမ်းဖို့ ကြိုးစားနေပြီး ငါးပြာလေးကလည်း တစ်ဖက်ကိုလှိမ့်လှိမ့်သွား၍ သူထိတာအား လက်မခံပေ။ ကလေးက အရမ်းကို စိတ်ပူပန်နေတာကြောင့် သူ့မျက်လုံးများ နီရဲလာပြီး ငိုကြွေးတော့သည်။

"မင်းရေမရှိရင် သေလိမ့်မယ်လို့......"

သူ့မျက်ရည်တွေ ကျဆင်းလာတဲ့အချိန်မှာ ငါးပြာလေးလည်း လှိမ့်နေတာကို ရပ်တန့်လိုက်တော့သည်။ ကလေးရဲ့ မျက်လုံးက မျက်ရည်များနဲ့ မှုန်မှိုင်းနေသော်လည်း သူက ငါးလေးကို သူ့လက်ဖဝါးလေးဖြင့် အလွန်ဂရုတစိုက် ဖမ်းယူလိုက်ပြီး ဂရုတစိုက် ကိုင်တွယ်လိုက်သည်။

ထို့ကြောင့် မျက်ရည်များက ငါးပြာလေးရဲ့ ကိုယ်ပေါ်သို့ အလွန်နွေးထွေးစွာဖြင့် ကျဆင်းသွား၏။

ငါးပြာလေးမှာ ကလေးကသူ့ကို ရေထဲ ပြန်ထည့်ပေးသည်အား ငြိမ်ငြိမ်သက်သက်သာ ခံယူလိုက်တော့သည်။ သေးငယ်တဲ့ လှိုင်းလုံးတစ်ခု တက်လာတဲ့ အချိန်မှာ သူက ရှေ့ကို ကူးလာပြီး မျောပါမသွားပဲနဲ့ စကားပြောလာပြန်သည်။

"ငါးတွေက ရေမရှိပဲ သေတယ်ဆိုတာ မင်းသိတယ်ဆိုရင် လူတွေလည်း ရေထဲကျရင် သေမယ်ဆိုတာ သိသင့်တယ်လေ, မင်းကသေသွားပြီလား?"

ကလေးက ငုတ်တုတ်လေး ထိုင်ချသည်။ သူက ဒီငါးပြာလေးအား တကယ်သဘောကျမိတယ်လေ။ ငါးလေးကလည်း ရေမကူးသလို သူကလည်း ငါးလေးကို စိတ်ပူပန်စွာဖြင့် ကြည့်နေသည်။ ထိုမေးခွန်းကို ကြားတဲ့အခါမှာတော့ ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီးမှ ချီတုံချတုံဖြင့်ပြောရှာ၏။

"ကြည့်ရတာငါ.....သိသလိုပဲ"

မကြာသေးခင်တုန်းက အိမ်နီးချင်း ဦးလေးနဲ့ အဖွားဖြစ်သူတို့သည် ပင်လယ်ကမ်းစပ်မှာ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ကြတာကြောင့် ကလေးလေးကို အလွန်ကြောက်လန့်မိသွားစေပြီး အနားမှာ မကစားရဲတော့ပဲ ရှောင်ပြေးသွားစေခဲ့သည်။ သို့သော်လည်း သူ့နားထဲမှာတော့ စကားလုံးတစ်ချို့ စိမ့်ဝင်နေသေးသည်ပင်။

"လူတွေအများကြီး ရှိနေတာကို ဘာဖြစ်လို့ ရေနစ်တဲ့သူက နင်ဖြစ်ရတာလဲ......."

အတိတ်တုန်းက သူ့ကို အကြိမ်ပေါင်းများစွာ ကျောက်ခဲနဲ့ ပေါက်ခဲ့ဘူးသော ခပ်ထွားထွားကောင်လေးသည် ရေများနဲ့စိုရွှဲနေပြိး သဲများပေကျံနေကာ ကမ်းခြေတွင် အေးစက်စွာဖြင့် မလှုပ်မယှက် လဲလျောင်းနေခဲ့သည်လေ။ သေသွားသလိုပဲ, ရေထဲက ထွက်လာတဲ့ ငါးလေးတွေလိုပဲ

အဲ့ဒါကြောင့် သူနောက်ထပ် အမှန်တရားတစ်ခုကို နားလည်လိုက်သည်။ လူတွေက ရေထဲပြုတ်ကျသွားရင်း ရေနစ်လိမ့်မယ်

သူက ကမ်းခြေမှာ နေရတာကို ကြိုက်ပေမယ့် ရေထဲကိုတော့ အရမ်းဝေးဝေးကြီး မသွားရဲပေ။ သူက ဘယ်သူမှ မနှစ်သက်ကြတဲ့ အရူးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ ရေထဲကျသွားမယ်ဆိုရင် ဘယ်သူမှ သူ့ကိုလာကယ်ကြမှာ မဟုတ်ဘူး

ကလေးလေးက ခေါင်းညိတ်ပြတာကို မြင်တော့ ငါးပြာလေးက သူ့အမြီးလေးကို လှုပ်ခါလိုက်ကာ တစ်စုံတစ်ရာကို ပြောလိုက်သည်။ ရုတ်တရက် အကွာအဝေး တစ်နေရာမှ လှိုင်းလုံးကြီးတစ်လုံးက တစ်လိမ့်လိမ့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ်းခြေသို့ ရောက်ရှိလာ၍ ကြောင်တောင်တောင်ဖြစ်နေသော ကလေးအား သယ်ဆောင်ကာ ရေထဲချပေးလိုက်သည်။

ကလေးလေးသည် ရေထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ထိတ်လန့်သွားရှာသည်။ သူက ဒီလောက်ကြီးမားတဲ့ လှိုင်းလုံးကြီးကို မမြင်ဘူးသလို ဒီလောက်နက်တဲ့ ရေထဲလည်း မဆင်းဘူးပေ။ သူတော့ ရေနစ်တော့မှာပဲဟု အသည်းအသန် တွေးမိသွားသည်။ သူ့အတွက် သချိုင်းဂူက ပင်လယ်ကြမ်းပြင်မှာ ဖြစ်မလား ဒါမှမဟုတ် သူ့အလောင်းကို ကမ်းခြေဆီ ပြန်ပို့ပေးမှာလား သူမသိဘူး....

သို့သော်လည်း သူမျှော်လင့်ထားသလို နာကျင်မှုက ရောက်မလာပေ။ မျက်လုံးများကို ဖြတ်ခနဲ ဖွင့်ကြည့်လိုက်သောအခါ သူက အကြည်ရောင် ဘောလုံးကြီးတစ်ခုထဲတွင် ထိုင်နေခြင်း ဖြစ်တာကို ရှာတွေ့သွားရသည်။ ပင်လယ်ကြီးက ဘောလုံးရဲ့ အပြင်ဘက်မှာ ရှိနေပြီး ဘောလုံးထဲမှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေကလွဲရင် ရှိမနေ။

ငါးပြာလေးက သူ့ဘေးနားကို ကူးခတ်လာပြီး သူ့မျက်လုံးများ ဖွင့်နေတာကို မြင်သွားသည်။ ငါးလေးက အမြှီးကို ယမ်းခါရင်း ပြောလိုက်၏

"မကြောက်နဲ့"

ငါးလေးရဲ့ အသံက အလွန်နူးညံ့ပြီး သိမ်မွေ့လှသည်။ ကလေးက သူ့အသံကြောင့် ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူက သူ့ဘေးပတ်ပတ်လည်က ကြီးမားလှသော အကြည်ရောင် ဘောလုံးကြီးကို ဂရုတစိုက် ထိကြည့်လိုက်သောအခါ ထိုအရာက နွေးထွေးနူးညံ့လှတာကြောင့် သူ့လက်ချောင်းလေးဖြင့် ထိုးလိုက်တဲ့အချိန်မှာ အပြင်ဘက်သို့ပင် ထွက်သွားသည်။

သူက ဘောလုံးအား ထိုးဖောက်မိမှာကို ကြောက်ရွံ့တာကြောင့် သူ့လက်လေးကို အလျင်စလို နောက်ပြန်ဆုတ်မိ၏။ ထို့နောက် ဒူးခေါင်းပေါ်သို့ လက်လေးနှစ်ဖက်တင်ပြီး လိမ်လိမ်မာမာထိုင်နေကာ ငါးပြာလေးနောက်ကိုသာ လိုက်ပါသွားလိုက်သည်။

ထိုပုံစံလေးဖြင့် လိုက်နေသည်မှာ ငါးပြာလေးက ရပ်တန့်လိုက်ပြီး သူ့အားပတ်ဝန်းကျင်ကို ကြည့်ရန် ခေါ်လိုက်မှသာ သူအခု ပင်လယ်နက်နက်ထဲကို မသိလိုက်စွာနဲ့ ရောက်ရှိနေသည်ကို နားလည်သွားရသည်။

လှပသောငါးများစွာသည် အနီးတစ်ဝိုက်တွင် ကူးခတ်နေကြပြီး သမုဒ္ဒရာကြမ်းပြင်တစ်လျှောက်က ရေထဲတွင်တော့ အေးအေးလူလူ ကူးခတ်နေသော ပုစွန်နှင့် ကဏန်းငယ်များစွာရှိသည်။ ဒါက သူ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုပင်။

ခဏလောက်အကြာမှာ ကလေးက ကြောက်ရွံ့ဖို့ကို မေ့သွားတော့၏။ သူက သူ့ရှေ့က မြင်ကွင်းအား မျက်လုံးများ ပြူးကျယ်၍ မျက်တောင်မခတ်ပဲ ငေးစိုက်ကြည့်နေကာ အော်ဟစ်နေသည်။

"ယွီယွီ, ယွီယွီ!"

[T/N: ယွီ = ငါး]

ငါးပြာလေးက အနီးအနားက ငါးလေးတွေကို ပြောနေတယ်လို့ တွေးမိတာကြောင့် စကားမပြန်ပေ။ သူက အမြီးလေးကိုသာ ယမ်းရင်း ကလေးရဲ့ ဘေးနားမှာ သက်တောင့်သက်သာ ကူးခတ်နေသည်။

သို့သော်လည်း ကလေးလေးက ဆက်တိုက်အော်နေပြီး စိတ်လှုပ်ရှားစွာ ရယ်မောနေသည်။ သူက ငါးပြာလေးအား လှမ်းခေါ်လိုက်၏။

"ယွီယွီ!, ယွီယွီ!, ယွီယွီက အကောင်းဆုံးပဲ!"

ငါးပြာလေးက ရပ်တန့်သွားပြီး ကလေးကို ပတ်ကာ ကူးခတ်လိုက်သည်။ ကလေးလေးက သူ့အား အပြုံးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး မမျှော်လင့်စွာပင် ဒါက အနည်းငယ် ပျော်စရာကောင်းတယ်ဆိုတာအား ရှာတွေ့သွားရလေသည်။

"ပျော်ဖို့ကောင်းလား?"

"အင်း, ပျော်စရာကောင်းတယ်!"

"မင်းပျော်နေတာလား?"

"ပျော်-ပျော်တယ်!"

စကားထစ်ခြင်းကပင် သူ့ရဲ့ အလွန်အကျူး ပျော်ရွှင်နေမှုကို မတားဆီးနိုင်။

ရှန်ကျစ်ရှန်းက ပုံရိပ်ယောင်ရဲ့ အပြင်ဘက်မှာ ရပ်နေပြီး ပွဲကြည့်ပရိသတ်လုပ်နေသည်။ 

 ငါးပြာလေးက ကလေးလေးကို ပင်လယ်ထဲသို့ တစ်ရက်တာ ခရီးစဉ်အဖြစ် ခေါ်သွားပြီးနောက် ကမ်းစပ်သို့ ပြန်ခေါ်လာကာ မေးမြန်းနေသည်ကို ကြည့်နေသည်။

"မင်းနားလည်ပြီလား?"

ကလေးလေးက စိတ်လှုပ်ရှားမှုကြောင့် မတည်ငြိမ်ဖြစ်နေသေးပြီး ငါးလေးရဲ့ မေးခွန်းက သူ့ကိုရှုပ်ထွေးသွားစေသည်။

ငါးပြာလေးက စိတ်ရှည်လက်ရှည်နဲ့ ချော့ပြောနေသည်။

"ကြည့်လေ, မင်းအခု ရေထဲကျသွားတာ, ရေနစ်လို့လား?"

ကလေးလေးက ခဏလောက် စဉ်းစားပြီးနောက် ပြန်ဖြေလာသည်။

"ဟင့်အင်း"

ငါးပြာလေးက နိဂုံးချုပ်လိုက်သည်။

"မင်းတောင်ရေထဲ ကျသွားတာကို ရေမနစ်တာ ငါလည်း နေပူစာလှုံဖို့ ကမ်းပေါ်တက်လာရင် သေမှာမဟုတ်ဘူးပေါ့"

ဒါက ကလေးကို စိတ်ရှုပ်သွားစေပြန်သည်။ အကြောင်းပြချက်ကို စဉ်းစားရင်း သူ့လက်ချောင်းလေးများက အတူတကွ လိမ်ယှက်နေကာ အချိန်အကြာပြီး ရှုပ်ရှက်ခက်နေသည်။

ထိုငြင်းခုန်မှုအပေါ် လက်ခံပြီးနောက်မှာတော့ သူက တိုးတိုးလေး ပြောလာသည်။

"ယွီယွီ, ဒီနေ့, ဒီနေ့ မင်းရောအရမ်းပျော်လား?"

ကလေးတွေက အတူတူ ကစားပြီးနောက်မှာ အချင်းချင်း အမြဲလိုလို ဒီလိုမေးခွန်းများ မေးတတ်ကြသည်။ အကယ်၍ လူတိုင်းပျော်တယ်ဆိုရင် ဆိုလိုတာ သူတို့ နောက်တစ်ကြိမ် အတူတူ ကစားလို့ရလိမ့်မယ်လေ။

ကလေးလေးက အပြာရောင်ငါးလေးအား စိတ်အားထက်သန်နေသည့် မျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။

အပြာရောင် ငါးလေးကတော့ အများကြီးမသိတာကြောင့် သူ့အမြီးလေးဖြင့် ရေကို ရိုက်ကာ သေးငယ်သည့် လှိုင်းတွန့်လေးများ ဖန်တီးရင်း သာမာန်ကာလျှံကာပြန်ဖြေသည်။

"အဆင်ပြေပါတယ်"

ဒါက ကလေးလေး မျှော်လင့်စောင့်စားနေတဲ့ အဖြေမဟုတ်ဘူး။ သူက အနည်းငယ် စိတ်ပျက်အားငယ်စွာဖြင့် နှုတ်ခမ်းလေးကို ဖိကပ်လိုက်ကာ ကြောက်ရွံ့တုန်လှုပ်စွာ ထပ်မေးသည်။

"ဒါဆို, မနက်ဖြန်ရော မင်းထပ်လာမှာလား?"

သူ့အသံက လေးနက်မှုနဲ့ ရင်တုန်မှုများ ရှိနေပြီး ထပ်ပေါင်းပြောလာသည်။

"မင်းမနက်ဖြန်လာမယ်ဆိုရင်လေ,ငါ, ငါမင်းကို ပျော်အောင် လုပ်ပေးပါ့မယ်"

ငါးပြာလေးအတွက် ဒီလိုစကားမျိုး ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက အံ့သြစွာဖြင့် မေးလိုက်သည်။

"မင်းမှာ သူငယ်ချင်း မရှိဘူးလား? ဘာလို့ ငါးတစ်ကောင်နဲ့ ကစားချင်ရတာလဲ?"

"ဟင့်အင်း, ငါက, ငါကအရူးလေ, သူတို့နဲ့ငါ ကစားလို့, ကစားလို့မရဘူး"

"အိုး, မင်းကအရူးပဲ, မင်းတစ်ယောက်ပဲ ငါးတစ်ကောင်နဲ့ စကားပြောလိမ့်မယ်"

ကလေးလေးက တစ်ခစ်ခစ်ရယ်လေသည်။ တစ်ခြားသူတွေက သူ့ကို အရူးလို့ ခေါ်တဲ့အချိန်မှာ သူတို့ဆီမှာ ရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူခံစားလို့ရနိုင်သည်။ ဒါပေမဲ့ ငါးပြာလေးက သူ့ကိုအရူးလို့ ခေါ်တဲ့အချိန်မှာတော့ အဲ့ဒါက ချီးကျူးမှုနဲ့ ပိုတူသလိုမျိုး ခံစားရသည်။ သူက ပြန်ပြောလိုက်၏။

"မင်း, မင်းကကြည့်ကောင်းတယ်, ကောင်းကင်ကြီးလို ပင်လယ်ကြီးလိုမျိုး"

ငါးပြာလေးက အချိန်အကြာကြီး ရှင်သန်ခဲ့ပြီး ပြီးဆုံးသွားလိုက် ရောက်လာလိုက် ဖြစ်သွားတဲ့ အရာများစွာကို မြင်ဘူးခဲ့သည်။ ဒါ့အပြင် ငါးလေးက မြှောက်ပင့်ပြောဆိုမှုများအား မရေမတွက်နိုင်အောင် ကြုံတွေ့ဘူးသော်လည်း အများစုက ဂရုတစိုက်နဲ့ ကဗျာဆန်ဆန်များဖြစ်ကြသည်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလိုရိုးရှင်းပြီး ရိုးသားလှတဲ့ စကားလုံးမျိုးနဲ့ သူ့ကိုလှတယ်လို့ပြောတဲ့ စကားမျိုးကို မသုံးဘူးကြပေ။

သူက ရယ်မောလိုက်ပြီး ဘာမှထပ်မပြောတော့ပဲ ကလေးကိုသာ အိမ်မြန်မြန်ပြန်ဖို့ ဆော်သြောလိုက်သည်။

"ကောင်းပါပြီ, မကြာခင် မှောင်တော့မယ် အိမ်ပြန်တော့"

ကလေးလေးက လိမ်လိမ်မာမာနဲ့ အိမ်ပြန်သွားတဲ့အချိန်မှာ ငါးပြာလေးက အတွေးတစ်ခု ရသွားသည်။ သူက ပင်လယ်ထဲကို ပြန်ရမယ့်အစား သူ့ခန္တာကိုယ်ကို ဖုန်းကွယ်သည့် နည်းစနစ်အား အသုံးချ၍ ကလေးရဲ့ အိမ်သို့ တိတ်တဆိတ် လိုက်ပါသွား၏။

ကလေးလေးက တကယ့်ကို ကောင်းမွန်တဲ့ ဘဝမရှိရှာပေ။ သူမွေးဖွားလာတုန်းက အဖျားကြီးခဲ့ပြီး သူ့ဦးနှောက်ကို လောင်ကျွမ်းသွားစေခဲ့သည်။ ပထမတော့ သူက မိသားစုထဲမှာ တစ်ဦးတည်းသော ကလေးဖြစ်တာကြောင့် ဂရုစိုက်ခြင်းကို ခံစားရသည်။ သို့သော်လည်း သူ့ညီလေး ညီမလေးတွေက ကျန်းကျန်းမာမာနဲ့ မွေးဖွားလာပြီး အရွယ်ရောက်လာသည့် အခါမှာတော့ သူသည်လည်း တစ်ဖြည်းဖြည်းနဲ့ သူ့အဆင့်အတန်းကို ဆုံးရှုံးလာခဲ့ရသည်လေ။

သူ့မူရင်းနာမည်က အစောကတည်းက မေ့ပျောက်ခံလိုက်ရသည်။ အခုတော့ သူ့မိဘများနဲ့ ညီအကို မောင်နှမများ အပါအဝင် အားလုံးက သူ့ကို 'အရူး' ဟုသာ ခေါ်ကြသည်။ အချိန်တွေ ကုန်ဆုံးလာပြီးနောက်မှာ သူသည်လည်း သူ့ကိုယ်သူ အရူးတစ်ယောက်လို့ ခံစားလာ၏။

တံငါရွာက လူများက အရူးတစ်ယောက်ကို မနှစ်သက်ကြ။ သက်တူရွယ်တူ ကလေးများသည်လည်း လူကြီးတွေရဲ့ နားသွင်းခြင်းကို ခံရပြီး သူ့ကို မကြိုက်မနှစ်သက် ဖြစ်လာကြသည်။ သူတို့က ကလေးလေးကို ဘယ်တော့မှ ကစားဖို့ မခေါ်သလို လှောင်ပြောတာမျိုးပင် လုပ်ကြသည်။

သူ့ကို အရူးလို့ ခေါ်ကြပေမယ့် တကယ်တော့ ကလေးလေးက ဒီအတိုင်း သူနဲ့ရွယ်တူူ သာမာန်ကလေးများထက် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးပြီး စကားထစ်ခြင်း တစ်ခုသာ ရှိတာဖြစ်သည်။ သေချာပေါက် သူသည်လည်း တစ်ခြားသူများရဲ့ မနှစ်မြို့မှုကို ခံစားရသည်။

အချိန်များ ကုန်ဆုံးလာပြီးနောက် သူက တစ်ခြားကလေးများနဲ့ ကစားဖို့ ရှာဖွေခြင်းအား ရပ်တန့်လိုက်ပြီး အမြဲတမ်း ပင်လယ်ကမ်းစပ်မှာသာ တိတ်တိတ်လေး တစ်ယောက်တည်း ထိုင်နေတတ်တော့သည်။

ငါးပြာလေးသည် ကလေးလေးက သေးငယ်တဲ့ ထောင့်လေးတစ်နေရာမှာ ကွေးကွေးလေး အိပ်သွားတာကို ကြည့်နေမိသည်။ သူက သက်ပြင်းချလိုက်၍ ပင်လယ်ထဲသို့ တိတ်တဆိတ် ပြန်သွားလိုက်တော့၏။

နောက်တစ်နေ့ မနက်အစောပိုင်းမှာ ငါးပြာလေးက ကမ်းစပ်သို့ ကူးလာသည်။ သူလာတာ အရမ်းကိုစောလွန်းနေတာကြောင့် ကလေးလေး မရှိဘူးဟုသာ ထင်ခဲ့မိလေသည်။ သူက ကမ်းစပ်ကိုသွားပြီး ပင်လယ်လေလေးခံ နေပူစာလေး လှုံရင်း ခဏလောက် အိပ်ဖို့ ကြံစည်ထားသည်။ ဒါပေမဲ့ ထိုနေရာမှာ ထိုင်စောင့်နေတဲ့ လူတစ်ယောက် ရှိနေလေပြီ။

အပြာရောင်ငါးလေး: "..."

သူက လုပ်ချင်တာများကို ဖျတ်သိမ်းလိုက်ပြိး ကလေးလေးရှေ့ကိုခုန်ဝင်သွားလိုက်သည်။ ကလေးလေးက သူ့ကိုမြင်တာနဲ့ မျက်လုံးလေးများ တောက်ပသွားရင်း ပြောလာ၏။

"ငါ, ငါမင်းကို ဒီနေ့ ပျော်အောင် လုပ်ပေးမယ်! ငါမင်းအတွက် ကစားပြမယ်, မင်းကြည့်လို့ရအောင်လို့"

ထို့နောက် သူ့ရင်ဘက်ထဲမှာ ဖက်ထားသည့် ပစ္စည်းလေးကိုထုတ်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။

"ငါနဲ့မူမူနဲ့ အတူတူ ကစားပြမယ်! ကစားမယ်, တူတူပုန်းတမ်း ကစားမယ်!"

တကယ်တော့ သူ့လက်ဖဝါးထဲက အရာက ကြီးမားသည့် သစ်သားလိပ် တစ်ကောင်ဖြစ်သည်။ ထိုလိပ်က အချိန်တွေ ကြာနေပြီဖြစ်တာကြောင့် အခြေအနေက အတော်လေး ဆိုးဝါးနေပြီး လက်တွေခြေထောက်တွေပင် မရှိတော့ပေ။ သို့သော်လည်း ကလေးလေးကတော့ အလွန်တန်ဖိုးထားနေဆဲပင်။

အပြာရောင်ငါးလေးသည် ဒီသစ်သားပိုင်းလေးက ဘယ်လိုမျိုး တူတူပုန်းတမ်း ကစားမှာလဲ ဆိုပြီး ရယ်မောချင်ပေမယ့် မနေ့ညက မြင်ကွင်းကို ပြန်စဉ်းစားလိုက်မိတာကြောင့် တိတ်ဆိတ်သွားတော့သည်။

ထို့ကြောင့် ကလေးလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် သစ်သားလိပ်လေးအား သဲမြေပြင်အတွင်းမှာ ဖွက်ထားလိုက်ပြီး ခြေလှမ်းအနည်းငယ်လောက် ပြေးသွားလိုက်သည်။ သူက ဘေးတစ်ဖက်အား မျက်နှာမူ၍ ငုတ်တုတ်ထိုင်ချလိုက်ပြီး သူ့လက်လေးကို မျက်လုံးပေါ် ဖုန်းအုပ်လိုက်၏။

"မြန်မြန်ပုန်းပါ, မြန်မြန်ပုန်းပါ...."

သူက ကလေးတွေ တူတူပုန်းတမ်း ကစားကြသည့် ပုံစံကို လေ့လာထားခြင်းပင်။ သူက တစ်ဆယ်ထိ ထစ်ထစ်အအ ရေရွတ်ပြီးနောက် တစ်ဖက်ပြန်လှည့်လာသည်။

"မူမူ, ငါ, ငါမင်းဆီလာပြီနော်!"

သူက အလျင်စလို ဖြစ်နေဟန်ဖြင့် ဘေးပတ်ဝန်းကျင်ကို လှည်ပတ်ကြည့်ချင်ယောင် ဆောင်လိုက်ပြီး နောက်ဆုံးတော့ သဲမြေထဲက သစ်သားလိပ်လေးကို ရှာတွေ့သွားတော့သည်။

"ယွီယွီ, ကြည့်!" ကလေးလေးက သစ်သားလိပ်လေးကို လက်မှာကိုင်ပြီး တစ်ခစ်ခစ်ရယ်သည်။

"ငါ, ငါရှာတွေ့ပြီ!"

အပြာရောင် ငါးလေးသည် ကလေးလေးက သူ့ကိုယ်သူ ရယ်စရာကောင်းတဲ့ ပုံစံမျိုးလေးနဲ့ ဖျော်ဖြေနေတာကို ကြည့်ရင်း သနားလှစွာပင် ပူဖောင်းလေးများ တိတ်တဆိတ် မှုတ်ထုတ်လိုက်သည်။ ပူဖောင်းလေးများက လွင့်ပျံလာပြီး ကလေးရဲ့နှဖူးကိုထိကာ ပေါက်သွားတာကြောင့် ကလေးလေးကို ရယ်မောသွားစေသည်။

ပြုံးနေရင်းဖြင့်ပင် ကလေးလေးက သစ်သားလိပ်လေးကိုကိုင်၍ လေးလေးနက်နက် စတင်ရှင်းပြသည်။

"ငါ, ငါက တူတူပုန်းတမ်းပဲ ဆော့လို့ရတာ, ငါဒါကို လူတိုင်းနဲ့ ဆော့တယ်, ဒါပေမဲ့ငါ့ကို , ငါ့ကို ဘယ်သူမှ ရှာမတွေ့ကြဘူး

တကယ့်ကို သနားဖို့ကောင်းတဲ့ ဝိညာဉ်လေးပဲ

ငါးပြာလေးက တွေးမိသည်။ ဒီလောက် ကလေးတွေ များတဲ့နေရာမှာ ဒီအရူးလို အင်အားလေးနဲ့ ဘယ်သူမှ သူ့ကိုရှာမတွေ့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

သူတို့ကဒီအတိုင်း သူ့ကိုမုန်းလို့ သူနဲ့ မကစားချင်လို့ပဲ

ကလေးလေးက သူ့ကို မျှော်လင့်တကြီးဖြင့် ကြည့်နေဆဲပင်။

"ယွီယွီ, ယွီယွီ ပျော်ရဲ့လားဟင်?"

အပြာရောင်ငါးလေးက ပြုံးလိုက်ပြီး သူ့အသံကို နူးညံ့လိုက်သည်။

"ပျော်တယ်"

ထိုစကားကိုကြားတော့ ကလေးလေးက သူ့ကိုယ်သူ ချီးမွမ်းစပြုလာသည်။ သူက သစ်သားလိပ်လေးကို ပျော်ပျော်ရွှင်ရွှင် ဖက်ပြီး တိုးတိုးလေးပြောနေ၏။

"ကြည့်, ငါလည်းအသုံးဝင်တယ်, ငါ, ငါယွီယွီကို ပျော်အောင် လုပ်ပေးနိုင်တယ်, ယွီယွီ, မင်း, မင်းနေ့တိုင်း ပျော်နိုင်မလား?"

ဒီတစ်ခေါက်တော့ အပြာရောင်ငါးလေးက သူ့ကိုပြန်မဖြေပဲ တစ်ခြားစကားပြောလိုက်သည်။

"ဒီနေ့ မင်းကငါ့ကို ပျော်အောင် လုပ်ပေးတယ်ဆိုတော့ ငါလည်းမင်းကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတွေ မြင်ရအောင် ခေါ်သွားပေးမယ်"

တကယ်တော့လည်း ကလေးလေးက အရူးလေးသာဖြစ်ပြီး သူ့ပြဿနာကို ချက်ချင်းမေ့သွားကာ အပြင်းအထန် ခေါင်းညိတ်ပြသည်။

ထို့ကြောင့် လူတစ်ယောက်နဲ့ ငါးတစ်ကောင်တို့က သမုဒ္ဒရာအောက်ခြေသို့ နောက်တစ်ခေါက် ရောက်သွားကြပြန်သည်။ သူတို့နှုတ်ဆက်တဲ့အချိန်မှာ ကလေးလေးက ကြီးမားလှပတဲ့ ကမာခွံနှစ်ခုကို ရသွားတာကြောင့် အလွန်ပျော်ရွှင်သွားသည်။

သူက အပြာရောင်ငါးလေးနဲ့ မခွဲချင်ခွဲချင်ဖြင့် လမ်းခွဲလိုက်ပြီး နောက်တစ်နေ့ ဆက်ကစားဖို့ သဘောတူပြီးနောက်မှာ အဝေးသို့ တစ်လှမ်းချင်းဆီ လှမ်းသွားတော့သည်။

သူထွက်သွားတာကို ကြည့်ပြီးနောက် အပြာရောင်ငါးလေးက သူ့အမြီးကို လှုပ်ခါလိုက်ပြီး ပင်လယ်နက်ထဲသို့ ပြန်ကူးခတ်သွားတော့၏။

25.11.2021

=============
Zawgyi

အခန္း(၄၁-၁) - ယြီယြီ

လူတစ္ေယာက္နဲ႔ ငါးတစ္ေကာင္တို႔က အခ်င္းခ်င္း အခ်ိန္အၾကာၿပီး စိုက္ၾကည့္ေနၾကၿပီး ႏွစ္ေယာက္လံုး စိတ္ရႈပ္ေထြးေနပံုရသည္။

ခဏေလာက္အၾကာမွာေတာ့ ငါးျပာေလးက သူ႔အႃမွီးေလးကို ေထာင္လိုက္၍ အနည္းငယ္ ပိုၾကာၾကာ ခုန္လိုက္ၿပီး ေနာက္တစ္ဖန္ေျပာလာသည္။

"အဲ့ဒီေနရာမွာ သြားေဆာ့ေန, ဒီကိုလာၿပီး ငါ့ကို ထပ္မထိနဲ႔ေတာ့"

ကေလးေလးက နားမလည္ဟန္ျဖင့္ ေဘးပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္ၿပီးမွသာ ငါးကေလးက သူ႔ကိုစကားေျပာေနတာျဖစ္ေၾကာင္း သိသြားရသည္။ သူက ေအာ္ေျပာလိုက္ေလသည္။

"ဒါေပမဲ့, ဒါေပမဲ့ ငါးေလးေတြက ေရမရွိရင္ ေသလိမ့္မယ္"

သူမွတ္မိေသးတယ္, သူတို႔အိမ္ေဘးက ဦးေလးႀကီးက ငါးမွ်ားၿပီးလို႔ ျပန္လာတဲ့အခ်ိန္မွာ ႏွေျမာေနသလို ပံုစံနဲ႔ ငါးအနည္းငယ္ကို ကမ္းေျခဆီ ပစ္ထုတ္လိုက္တယ္ေလ။ ၿပီးေတာ့ေျပာေသးတယ္

"ေရမရွိေတာ့ ျမန္ျမန္ ေသကုန္ၾကတယ္, မလတ္ဆတ္ေတာ့ဘူး ဆိုမွေတာ့ အသံုးမဝင္ေတာ့ဘူး"

ငါးေလးေတြက အရမ္းလွတာေၾကာင့္ ကေလးေလးက ထိုဦးေလး ထြက္သြားၿပီးေနာက္မွာ တိတ္တိတ္ေလး အဲ့ဒီေနရာကို ခိုးသြားလိုက္သည္။ သူတို႔ရဲ႔ ေအးစက္တဲ့ ခႏာၱကိုယ္မ်ားက သဲေျမေပၚမွာ လဲေလ်ာင္းေနၿပီး လႈပ္ရွားမႈလည္း မရွိေတာ့သလို ဘူေဘာင္းေလးေတြလည္း မႈတ္မထုတ္ေတာ့။

လွိုင္းမ်ားက တက္လာၿပီး သူတို႔ကို ပင္လယ္ေအာက္ေျခဆီ ရာသက္ပန္ ေခၚေဆာင္သြားေတာ့သည္။

"ေရထဲျပန္သြားလို႔....." ကေလးက ငါးျပာေလးအား လက္ျဖင့္ဖမ္းဖို႔ ႀကိဳးစားေနၿပီး ငါးျပာေလးကလည္း တစ္ဖက္ကိုလွိမ့္လွိမ့္သြား၍ သူထိတာအား လက္မခံေပ။ ကေလးက အရမ္းကို စိတ္ပူပန္ေနတာေၾကာင့္ သူ႔မ်က္လံုးမ်ား နီရဲလာၿပီး ငိုေႂကြးေတာ့သည္။

"မင္းေရမရွိရင္ ေသလိမ့္မယ္လို႔......"

သူ႔မ်က္ရည္ေတြ က်ဆင္းလာတဲ့အခ်ိန္မွာ ငါးျပာေလးလည္း လွိမ့္ေနတာကို ရပ္တန္႔လိုက္ေတာ့သည္။ ကေလးရဲ႔ မ်က္လံုးက မ်က္ရည္မ်ားနဲ႔ မႈန္မွိုင္းေနေသာ္လည္း သူက ငါးေလးကို သူ႔လက္ဖဝါးေလးျဖင့္ အလြန္ဂ႐ုတစိုက္ ဖမ္းယူလိုက္ၿပီး ဂ႐ုတစိုက္ ကိုင္တြယ္လိုက္သည္။

ထို႔ေၾကာင့္ မ်က္ရည္မ်ားက ငါးျပာေလးရဲ႔ ကိုယ္ေပၚသို႔ အလြန္ေႏြးေထြးစြာျဖင့္ က်ဆင္းသြား၏။

ငါးျပာေလးမွာ ကေလးကသူ႔ကို ေ၇ထဲ ျပန္ထည့္ေပးသည္အား ၿငိမ္ၿငိမ္သက္သက္သာ ခံယူလိုက္ေတာ့သည္။ ေသးငယ္တဲ့ လွိုင္းလံုးတစ္ခု တက္လာတဲ့ အခ်ိန္မွာ သူက ေရ႔ွကို ကူးလာၿပီး ေမ်ာပါမသြားပဲနဲ႔ စကားေျပာလာျပန္သည္။

"ငါးေတြက ေရမရွိပဲ ေသတယ္ဆိုတာ မင္းသိတယ္ဆိုရင္ လူေတြလည္း ေရထဲက်ရင္ ေသမယ္ဆိုတာ သိသင့္တယ္ေလ, မင္းကေသသြားၿပီလား?"

ကေလးက ငုတ္တုတ္ေလး ထိုင္ခ်သည္။ သူက ဒီငါးျပာေလးအား တကယ္သေဘာက်မိတယ္ေလ။ ငါးေလးကလည္း ေရမကူးသလို သူကလည္း ငါးေလးကို စိတ္ပူပန္စြာျဖင့္ ၾကည့္ေနသည္။ ထိုေမးခြန္းကို ၾကားတဲ့အခါမွာေတာ့ ခက္ခက္ခဲခဲ စဥ္းစားလိုက္ၿပီးမွ ခ်ီတံုခ်တံုျဖင့္ေျပာရွာ၏။

"ၾကည့္ရတာငါ.....သိသလိုပဲ"

မၾကာေသးခင္တုန္းက အိမ္နီးခ်င္း ဦးေလးနဲ႔ အဖြားျဖစ္သူတို႔သည္ ပင္လယ္ကမ္းစပ္မွာ အခ်ိန္အေတာ္ၾကာေအာင္ ငိုေႂကြးေနခဲ့ၾကတာေၾကာင့္ ကေလးေလးကို အလြန္ေၾကာက္လန္႔မိသြားေစၿပီး အနားမွာ မကစားရဲေတာ့ပဲ ေရွာင္ေျပးသြားေစခဲ့သည္။ သို႔ေသာ္လည္း သူ႔နားထဲမွာေတာ့ စကားလံုးတစ္ခ်ိဳ႔ စိမ့္ဝင္ေနေသးသည္ပင္။

"လူေတြအမ်ားႀကီး ရွိေနတာကို ဘာျဖစ္လို႔ ေရနစ္တဲ့သူက နင္ျဖစ္ရတာလဲ......."

အတိတ္တုန္းက သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ ေက်ာက္ခဲနဲ႔ ေပါက္ခဲ့ဘူးေသာ ခပ္ထြားထြားေကာင္ေလးသည္ ေရမ်ားနဲ႔စိုရႊဲေနၿပိး သဲမ်ားေပက်ံေနကာ ကမ္းေျခတြင္ ေအးစက္စြြာျဖင့္ မလႈပ္မယွက္ လဲေလ်ာင္းေနခဲ့သည္ေလ။ ေသသြားသလိုပဲ, ေရထဲက ထြက္လာတဲ့ ငါးေလးေတြလိုပဲ

အဲ့ဒါေၾကာင့္ သူေနာက္ထပ္ အမွန္တရားတစ္ခုကို နားလည္လိုက္သည္။ လူေတြက ေရထဲျပဳတ္က်သြားရင္း ေရနစ္လိမ့္မယ္

သူက ကမ္းေျခမွာ ေနရတာကို ႀကိဳက္ေပမယ့္ ေရထဲကိုေတာ့ အရမ္းေဝးေဝးႀကီး မသြားရဲေပ။ သူက ဘယ္သူမွ မႏွစ္သက္ၾကတဲ့ အ႐ူးတစ္ေယာက္ျဖစ္သည္။ အကယ္၍ သူသာ ေရထဲက်သြားမယ္ဆိုရင္ ဘယ္သူမွ သူ႔ကိုလာကယ္ၾကမွာ မဟုတ္ဘူး

ကေလးေလးက ေခါင္းညိတ္ျပတာကို ျမင္ေတာ့ ငါးျပာေလးက သူ႔အၿမီးေလးကို လႈပ္ခါလိုက္ကာ တစ္စံုတစ္ရာကို ေျပာလိုက္သည္။ ႐ုတ္တရက္ အကြာအေဝး တစ္ေနရာမွ လႈိင္းလံုးႀကီးတစ္လံုးက တစ္လိမ့္လိမ့္တက္လာၿပီး မ်က္စိတစ္မွိတ္အတြင္းမွာပင္ ကမ္းေျခသို႔ ေရာက္ရွိလာ၍ ေၾကာင္ေတာင္ေတာင္ျဖစ္ေနေသာ ကေလးအား သယ္ေဆာင္ကာ ေရထဲခ်ေပးလိုက္သည္။

ကေလးေလးသည္ ေရထဲကို ေရာက္သြားတာနဲ႔ တစ္ၿပိဳင္နက္ ထိတ္လန္႔သြားရွာသည္။ သူက ဒီေလာက္ႀကီးမားတဲ့ လွိုင္းလံုးႀကီးကို မျမင္ဘူးသလို ဒီေလာက္နက္တဲ့ ေရထဲလည္း မဆင္းဘူးေပ။ သူေတာ့ ေရနစ္ေတာ့မွာပဲဟု အသည္းအသန္ ေတြးမိသြားသည္။ သူ႔အတြက္ သခ်ိဳင္းဂူက ပင္လယ္ၾကမ္းျပင္မွာ ျဖစ္မလား ဒါမွမဟုတ္ သူ႔အေလာင္းကို ကမ္းေျခဆီ ျပန္ပို႔ေပးမွာလား သူမသိဘူး....

သို႔ေသာ္လည္း သူေမွ်ာ္လင့္ထားသလို နာက်င္မႈက ေရာက္မလာေပ။ မ်က္လံုးမ်ားကို ျဖတ္ခနဲ ဖြင့္ၾကည့္လိုက္ေသာအခါ သူက အၾကည္ေရာင္ ေဘာလံုးႀကီးတစ္ခုထဲတြင္ ထိုင္ေနျခင္း ျဖစ္တာကို ရွာေတြ႕သြားရသည္။ ပင္လယ္ႀကီးက ေဘာလံုးရဲ႔ အျပင္ဘက္မွာ ရွိေနၿပီး ေဘာလံုးထဲမွာေတာ့ သန္႔ရွင္းလတ္ဆတ္တဲ့ ေလကလြဲရင္ ရွိမေန။

ငါးျပာေလးက သူ႔ေဘးနားကို ကူးခတ္လာၿပီး သူ႔မ်က္လံုးမ်ား ဖြင့္ေနတာကို ျမင္သြားသည္။ ငါးေလးက အႃမွီးကို ယမ္းခါရင္း ေျပာလိုက္၏

"မေၾကာက္နဲ႔"

ငါးေလးရဲ႔ အသံက အလြန္ႏူးညံ့ၿပီး သိမ္ေမြ႕လွသည္။ ကေလးက သူ႔အသံေၾကာင့္ ခ်က္ခ်င္းပင္ စိတ္သက္သာရာရသြားသည္။ သူက သူ႔ေဘးပတ္ပတ္လည္က ႀကီးမားလွေသာ အၾကည္ေရာင္ ေဘာလံုးႀကီးကို ဂ႐ုတစိုက္ ထိၾကည့္လိုက္ေသာအခါ ထိုအရာက ေႏြးေထြးႏူးညံ့လွတာေၾကာင့္ သူ႔လက္ေခ်ာင္းေလးျဖင့္ ထိုးလိုက္တဲ့အခ်ိန္မွာ အျပင္ဘက္သို႔ပင္ ထြက္သြားသည္။

သူက ေဘာလံုးအား ထိုးေဖာက္မိမွာကို ေၾကာက္ရြံ႔တာေၾကာင့္ သူ႔လက္ေလးကို အလ်င္စလို ေနာက္ျပန္ဆုတ္မိ၏။ ထို႔ေနာက္ ဒူးေခါင္းေပၚသို႔ လက္ေလးႏွစ္ဖက္တင္ၿပီး လိမ္လိမ္မာမာထိုင္ေနကာ ငါးျပာေလးေနာက္ကိုသာ လိုက္ပါသြားလိုက္သည္။

ထိုပံုစံေလးျဖင့္ လိုက္ေနသည္မွာ ငါးျပာေလးက ရပ္တန္႔လိုက္ၿပီး သူ႔အားပတ္ဝန္းက်င္ကို ၾကည့္ရန္ ေခၚလိုက္မွသာ သူအခု ပင္လယ္နက္နက္ထဲကို မသိလိုက္စြာနဲ႔ ေရာက္ရွိေနသည္ကို နားလည္သြားရသည္။

လွပေသာငါးမ်ားစြာသည္ အနီးတစ္ဝိုက္တြင္ ကူးခတ္ေနၾကၿပီး သမုဒၵရာၾကမ္းျပင္တစ္ေလွ်ာက္က ေရထဲတြင္ေတာ့ ေအးေအးလူလူ ကူးခတ္ေနေသာ ပုစြန္ႏွင့္ ကဏန္းငယ္မ်ားစြာရွိသည္။ ဒါက သူ တစ္ခါမွ မျမင္ဖူးတဲ့ ျမင္ကြင္းတစ္ခုပင္။

ခဏေလာက္အၾကာမွာ ကေလးက ေၾကာက္ရြံ႔ဖို႔ကို ေမ့သြားေတာ့၏။ သူက သူ႔ေရွ႕က ျမင္ကြင္းအား မ်က္လံုးမ်ား ျပဴးက်ယ္၍ မ်က္ေတာင္မခတ္ပဲ ေငးစိုက္ၾကည့္ေနကာ ေအာ္ဟစ္ေနသည္။

"ယြီယြီ, ယြီယြီ!"

[T/N: ယြီ = ငါး]

ငါးျပာေလးက အနီးအနားက ငါးေလးေတြကို ေျပာေနတယ္လို႔ ေတြးမိတာေၾကာင့္ စကားမျပန္ေပ။ သူက အၿမီးေလးကိုသာ ယမ္းရင္း ကေလးရဲ႔ ေဘးနားမွာ သက္ေတာင့္သက္သာ ကူးခတ္ေနသည္။

သို႔ေသာ္လည္း ကေလးေလးက ဆက္တိုက္ေအာ္ေနၿပီး စိတ္လႈပ္ရွားစြာ ရယ္ေမာေနသည္။ သူက ငါးျပာေလးအား လွမ္းေခၚလိုက္၏။

"ယြီယြီ!, ယြီယြီ!, ယြီယြီက အေကာင္းဆံုးပဲ!"

ငါးျပာေလးက ရပ္တန္႔သြားၿပီး ကေလးကို ပတ္ကာ ကူးခတ္လိုက္သည္။ ကေလးေလးက သူ႔အား အျပံဳးျဖင့္ ျကည့္ေနသည္ကို ျမင္လိုက္ရၿပီး မေမွ်ာ္လင့္စြာပင္ ဒါက အနည္းငယ္ ေပ်ာ္စရာေကာင္းတယ္ဆိုတာအား ရွာေတြ႕သြားရေလသည္။

"ေပ်ာ္ဖို႔ေကာင္းလား?"

"အင္း, ေပ်ာ္စရာေကာင္းတယ္!"

"မင္းေပ်ာ္ေနတာလား?"

"ေပ်ာ္-ေပ်ာ္တယ္!"

စကားထစ္ျခင္းကပင္ သူ႔ရဲ႔ အလြန္အက်ဴး ေပ်ာ္ရႊင္ေနမႈကို မတားဆီးႏိုင္။

ရွန္က်စ္ရွန္းက ပံုရိပ္ေယာင္ရဲ႔ အျပင္ဘက္မွာ ရပ္ေနၿပီး ပြဲၾကည့္ပရိသတ္လုပ္ေနသည္။ 

 ငါးျပာေလးက ကေလးေလးကို ပင္လယ္ထဲသို႔ တစ္ရက္တာ ခရီးစဥ္အျဖစ္ ေခၚသြားၿပီးေနာက္ ကမ္းစပ္သို႔ ျပန္ေခၚလာကာ ေမးျမန္းေနသည္ကို ၾကည့္ေနသည္။

"မင္းနားလည္ၿပီလား?"

ကေလးေလးက စိတ္လႈပ္ရွားမႈေၾကာင့္ မတည္ၿငိမ္ျဖစ္ေနေသးၿပီး ငါးေလးရဲ႔ ေမးခြန္းက သူ႔ကိုရႈပ္ေထြးသြားေစသည္။

ငါးျပာေလးက စိတ္ရွည္လက္ရွည္နဲ႔ ေခ်ာ့ေျပာေနသည္။

"ၾကည့္ေလ, မင္းအခု ေရထဲက်သြားတာ, ေရနစ္လို႔လား?"

ကေလးေလးက ခဏေလာက္ စဥ္းစားၿပီးေနာက္ ျပန္ေျဖလာသည္။

"ဟင့္အင္း"

ငါးျပာေလးက နိဂံုးခ်ဳပ္လိုက္သည္။

"မင္းေတာင္ေရထဲ က်သြားတာကို ေရမနစ္တာ ငါလည္း ေနပူစာလွံုဖို႔ ကမ္းေပၚတက္လာရင္ ေသမွာမဟုတ္ဘူးေပါ့"

ဒါက ကေလးကို စိတ္ရႈပ္သြားေစျပန္သည္။ အေၾကာင္းျပခ်က္ကို စဥ္းစားရင္း သူ႔လက္ေခ်ာင္းေလးမ်ားက အတူတကြ လိမ္ယွက္ေနကာ အခ်ိန္အၾကာၿပီး ရႈပ္ရွက္ခက္ေနသည္။

ထိုျငင္းခုန္မႈအေပၚ လက္ခံၿပီးေနာက္မွာေတာ့ သူက တိုးတိုးေလး ေျပာလာသည္။

"ယြီယြီ, ဒီေန႔, ဒီေန႔ မင္းေရာအရမ္းေပ်ာ္လား?"

ကေလးေတြက အတူတူ ကစားၿပီးေနာက္မွာ အခ်င္းခ်င္း အၿမဲလိုလို ဒီလိုေမးခြန္းမ်ား ေမးတတ္ၾကသည္။ အကယ္၍ လူတိုင္းေပ်ာ္တယ္ဆိုရင္ ဆိုလိုတာ သူတို႔ ေနာက္တစ္ႀကိမ္ အတူတူ ကစားလို႔ရလိမ့္မယ္ေလ။

ကေလးေလးက အျပာေရာင္ငါးေလးအား စိတ္အားထက္သန္ေနသည့္ မ်က္လံုးေလးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။

အျပာေရာင္ ငါးေလးကေတာ့ အမ်ားႀကီးမသိတာေၾကာင့္ သူ႔အၿမီးေလးျဖင့္ ေရကို ႐ိုက္ကာ ေသးငယ္သည့္ လွိုင္းတြန္႔ေလးမ်ား ဖန္တီးရင္း သာမာန္ကာလွ်ံကာျပန္ေျဖသည္။

"အဆင္ေျပပါတယ္"

ဒါက ကေလးေလး ေမွ်ာ္လင့္ေစာင့္စားေနတဲ့ အေျဖမဟုတ္ဘူး။ သူက အနည္းငယ္ စိတ္ပ်က္အားငယ္စြာျဖင့္ ႏႈတ္ခမ္းေလးကို ဖိကပ္လိုက္ကာ ေၾကာက္ရြံ႔တုန္လႈပ္စြာ ထပ္ေမးသည္။

"ဒါဆို, မနက္ျဖန္ေရာ မင္းထပ္လာမွာလား?"

သူ႔အသံက ေလးနက္မႈနဲ႔ ရင္တုန္မႈမ်ား ရွိေနၿပီး ထပ္ေပါင္းေျပာလာသည္။

"မင္းမနက္ျဖန္လာမယ္ဆိုရင္ေလ,ငါ, ငါမင္းကို ေပ်ာ္ေအာင္ လုပ္ေပးပါ့မယ္"

ငါးျပာေလးအတြက္ ဒီလိုစကားမ်ိဳး ၾကားဖူးတာ ပထမဆံုးအႀကိမ္ျဖစ္သည္။ သူက အံ့ၾသစြာျဖင့္ ေမးလိုက္သည္။

"မင္းမွာ သူငယ္ခ်င္း မရွိဘူးလား? ဘာလို႔ ငါးတစ္ေကာင္နဲ႔ ကစားခ်င္ရတာလဲ?"

"ဟင့္အင္း, ငါက, ငါကအ႐ူးေလ, သူတို႔နဲ႔ငါ ကစားလို႔, ကစားလို႔မရဘူး"

"အိုး, မင္းကအ႐ူးပဲ, မင္းတစ္ေယာက္ပဲ ငါးတစ္ေကာင္နဲ႔ စကားေျပာလိမ့္မယ္"

ကေလးေလးက တစ္ခစ္ခစ္ရယ္ေလသည္။ တစ္ျခားသူေတြက သူ႔ကို အ႐ူးလို႔ ေခၚတဲ့အခ်ိန္မွာ သူတို႔ဆီမွာ ရွိတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို သူခံစားလို႔ရႏိုင္သည္။ ဒါေပမဲ့ ငါးျပာေလးက သူ႔ကိုအ႐ူးလို႔ ေခၚတဲ့အခ်ိန္မွာေတာ့ အဲ့ဒါက ခ်ီးက်ဴးမႈနဲ႔ ပိုတူသလိုမ်ိဳး ခံစားရသည္။ သူက ျပန္ေျပာလိုက္၏။

"မင္း, မင္းကၾကည့္ေကာင္းတယ္, ေကာင္းကင္ၾကီးလို ပင္လယ္ႀကီးလိုမ်ိဳး"

ငါးျပာေလးက အခ်ိန္အၾကာႀကီး ရွင္သန္ခဲ့ၿပီး ၿပီးဆံုးသြားလိုက္ ေရာက္လာလိုက္ ျဖစ္သြားတဲ့ အရာမ်ားစြာကို ျမင္ဘူးခဲ့သည္။ ဒါ့အျပင္ ငါးေလးက ေႁမွာက္ပင့္ေျပာဆိုမႈမ်ားအား မေရမတြက္ႏိုင္ေအာင္ ၾကံဳေတြ႕ဘူးေသာ္လည္း အမ်ားစုက ဂ႐ုတစိုက္နဲ႔ ကဗ်ာဆန္ဆန္မ်ားျဖစ္ၾကသည္။ ဒါေပမဲ့ ဘယ္သူကမွ ဒီလို႐ိုးရွင္းၿပီး ႐ိုးသားလွတဲ့ စကားလံုးမ်ိဳးနဲ႔ သူ႔ကိုလွတယ္လို႔ေျပာတဲ့ စကားမ်ိဳးကို မသံုးဘူးၾကေပ။

သူက ရယ္ေမာလိုက္ၿပီး ဘာမွထပ္မေျပာေတာ့ပဲ ကေလးကိုသာ အိမ္ျမန္ျမန္ျပန္ဖို႔ ေဆာ္ေၾသာလိုက္သည္။

"ေကာင္းပါၿပီ, မၾကာခင္ ေမွာင္ေတာ့မယ္ အိမ္ျပန္ေတာ့"

ကေလးေလးက လိမ္လိမ္မာမာနဲ႔ အိမ္ျပန္သြားတဲ့အခ်ိန္မွာ ငါးျပာေလးက အေတြးတစ္ခု ရသြားသည္။ သူက ပင္လယ္ထဲကို ျပန္ရမယ့္အစား သူ႔ခႏာၱကိုယ္ကို ဖုန္းကြယ္သည့္ နည္းစနစ္အား အသံုးခ်၍ ကေလးရဲ႔ အိမ္သို႔ တိတ္တဆိတ္ လိုက္ပါသြား၏။

ကေလးေလးက တကယ့္ကို ေကာင္းမြန္တဲ့ ဘဝမရွိရွာေပ။ သူေမြးဖြားလာတုန္းက အဖ်ားႀကီးခဲ့ၿပီး သူ႔ဦးေႏွာက္ကို ေလာင္ကၽြမ္းသြားေစခဲ့သည္။ ပထမေတာ့ သူက မိသားစုထဲမွာ တစ္ဦးတည္းေသာ ကေလးျဖစ္တာေၾကာင့္ ဂ႐ုစိုက္ျခင္းကို ခံစားရသည္။ သို႔ေသာ္လည္း သူ႔ညီေလး ညီမေလးေတြက က်န္းက်န္းမာမာနဲ႔ ေမြးဖြားလာၿပီး အရြယ္ေရာက္လာသည့္ အခါမွာေတာ့ သူသည္လည္း တစ္ျဖည္းျဖည္းနဲ႔ သူ႔အဆင့္အတန္းကို ဆံုးရွံုးလာခဲ့ရသည္ေလ။

သူ႔မူရင္းနာမည္က အေစာကတည္းက ေမ့ေပ်ာက္ခံလိုက္ရသည္။ အခုေတာ့ သူ႔မိဘမ်ားနဲ႔ ညီအကို ေမာင္ႏွမမ်ား အပါအဝင္ အားလံုးက သူ႔ကို 'အ႐ူး' ဟုသာ ေခၚၾကသည္။ အခ်ိန္ေတြ ကုန္ဆံုးလာၿပီးေနာက္မွာ သူသည္လည္း သူ႔ကိုယ္သူ အ႐ူးတစ္ေယာက္လို႔ ခံစားလာ၏။

တံငါရြာက လူမ်ားက အ႐ူးတစ္ေယာက္ကို မႏွစ္သက္ၾက။ သက္တူရြယ္တူ ကေလးမ်ားသည္လည္း လူႀကီးေတြရဲ႔ နားသြင္းျခင္းကို ခံရၿပီး သူ႔ကို မႀကိဳက္မႏွစ္သက္ ျဖစ္လာၾကသည္။ သူတို႔က ကေလးေလးကို ဘယ္ေတာ့မွ ကစားဖို႔ မေခၚသလို ေလွာင္ေျပာတာမ်ိဳးပင္ လုပ္ၾကသည္။

သူ႔ကို အ႐ူးလို႔ ေခၚၾကေပမယ့္ တကယ္ေတာ့ ကေလးေလးက ဒီအတိုင္း သူနဲ႔ရြယ္တူူ သာမာန္ကေလးမ်ားထက္ ဉာဏ္ရည္ဖြံ႔ၿဖိဳးမွဳ ေႏွးေကြးၿပီး စကားထစ္ျခင္း တစ္ခုသာ ရွိတာျဖစ္သည္။ ေသခ်ာေပါက္ သူသည္လည္း တစ္ျခားသူမ်ားရဲ႔ မႏွစ္ၿမိဳ႔မွဳကို ခံစားရသည္။

အခ်ိန္မ်ား ကုန္ဆံုးလာၿပီးေနာက္ သူက တစ္ျခားကေလးမ်ားနဲ႔ ကစားဖို႔ ရွာေဖြျခင္းအား ရပ္တန္႔လိုက္ၿပီး အၿမဲတမ္း ပင္လယ္ကမ္းစပ္မွာသာ တိတ္တိတ္ေလး တစ္ေယာက္တည္း ထိုင္ေနတတ္ေတာ့သည္။

ငါးျပာေလးသည္ ကေလးေလးက ေသးငယ္တဲ့ ေထာင့္ေလးတစ္ေနရာမွာ ေကြးေကြးေလး အိပ္သြားတာကို ၾကည့္ေနမိသည္။ သူက သက္ျပင္းခ်လိုက္၍ ပင္လယ္ထဲသို႔ တိတ္တဆိတ္ ျပန္သြားလိုက္ေတာ့၏။

ေနာက္တစ္ေန႔ မနက္အေစာပိုင္းမွာ ငါးျပာေလးက ကမ္းစပ္သို႔ ကူးလာသည္။ သူလာတာ အရမ္းကိုေစာလြန္းေနတာေၾကာင့္ ကေလးေလး မရွိဘူးဟုသာ ထင္ခဲ့မိေလသည္။ သူက ကမ္းစပ္ကိုသြားၿပီး ပင္လယ္ေလေလးခံ ေနပူစာေလး လွဳံရင္း ခဏေလာက္ အိပ္ဖို႔ ၾကံစည္ထားသည္။ ဒါေပမဲ့ ထိုေနရာမွာ ထိုင္ေစာင့္ေနတဲ့ လူတစ္ေယာက္ ရွိေနေလၿပီ။

အျပာေရာင္ငါးေလး: "..."

သူက လုပ္ခ်င္တာမ်ားကို ဖ်တ္သိမ္းလိုက္ၿပိး ကေလးေလးေရွ႕ကိုခုန္ဝင္သြားလိုက္သည္။ ကေလးေလးက သူ႔ကိုျမင္တာနဲ႔ မ်က္လံုးေလးမ်ား ေတာက္ပသြားရင္း ေျပာလာ၏။

"ငါ, ငါမင္းကို ဒီေန႔ ေပ်ာ္ေအာင္ လုပ္ေပးမယ္! ငါမင္းအတြက္ ကစားျပမယ္, မင္းၾကည့္လို႔ရေအာင္လို႔"

ထို႔ေနာက္ သူ႔ရင္ဘက္ထဲမွာ ဖက္ထားသည့္ ပစၥည္းေလးကိုထုတ္လိုက္ၿပီး စိတ္အားထက္သန္စြာ ေျပာသည္။

"ငါနဲ႔မူမူနဲ႔ အတူတူ ကစားျပမယ္! ကစားမယ္, တူတူပုန္းတမ္း ကစားမယ္!"

တကယ္ေတာ့ သူ႔လက္ဖဝါးထဲက အရာက ႀကီးမားသည့္ သစ္သားလိပ္ တစ္ေကာင္ျဖစ္သည္။ ထိုလိပ္က အခ်ိန္ေတြ ၾကာေနၿပီျဖစ္တာေၾကာင့္ အေျခအေနက အေတာ္ေလး ဆိုးဝါးေနၿပီး လက္ေတြေျခေထာက္ေတြပင္ မရွိေတာ့ေပ။ သို႔ေသာ္လည္း ကေလးေလးကေတာ့ အလြန္တန္ဖိုးထားေနဆဲပင္။

အျပာေရာင္ငါးေလးသည္ ဒီသစ္သားပိုင္းေလးက ဘယ္လိုမ်ိဳး တူတူပုန္းတမ္း ကစားမွာလဲ ဆိုၿပီး ရယ္ေမာခ်င္ေပမယ့္ မေန႔ညက ျမင္ကြင္းကို ျပန္စဥ္းစားလိုက္မိတာေၾကာင့္ တိတ္ဆိတ္သြားေတာ့သည္။

ထို႔ေၾကာင့္ ကေလးေလးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖင့္ သစ္သားလိပ္ေလးအား သဲေျမျပင္အတြင္းမွာ ဖြက္ထားလိုက္ၿပီး ေျခလွမ္းအနည္းငယ္ေလာက္ ေျပးသြားလိုက္သည္။ သူက ေဘးတစ္ဖက္အား မ်က္ႏွာမူ၍ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး သူ႔လက္ေလးကို မ်က္လံုးေပၚ ဖုန္းအုပ္လိုက္၏။

"ျမန္ျမန္ပုန္းပါ, ျမန္ျမန္ပုန္းပါ...."

သူက ကေလးေတြ တူတူပုန္းတမ္း ကစားၾကသည့္ ပံုစံကို ေလ့လာထားျခင္းပင္။ သူက တစ္ဆယ္ထိ ထစ္ထစ္အအ ေရရြတ္ၿပီးေနာက္ တစ္ဖက္ျပန္လွည့္လာသည္။

"မူမူ, ငါ, ငါမင္းဆီလာၿပီေနာ္!"

သူက အလ်င္စလို ျဖစ္ေနဟန္ျဖင့္ ေဘးပတ္ဝန္းက်င္ကို လွည္ပတ္ၾကည့္ခ်င္ေယာင္ ေဆာင္လိုက္ၿပီး ေနာက္ဆံုးေတာ့ သဲေျမထဲက သစ္သားလိပ္ေလးကို ရွာေတြ႕သြားေတာ့သည္။

"ယြီယြီ, ၾကည့္!" ကေလးေလးက သစ္သားလိပ္ေလးကို လက္မွာကိုင္ၿပီး တစ္ခစ္ခစ္ရယ္သည္။

"ငါ, ငါရွာေတြ႕ၿပီ!"

အျပာေရာင္ ငါးေလးသည္ ကေလးေလးက သူ႔ကိုယ္သူ ရယ္စရာေကာင္းတဲ့ ပံုစံမ်ိဳးေလးနဲ႔ ေဖ်ာ္ေျဖေနတာကို ၾကည့္ရင္း သနားလွစြာပင္ ပူေဖာင္းေလးမ်ား တိတ္တဆိတ္ မႈတ္ထုတ္လိုက္သည္။ ပူေဖာင္းေလးမ်ားက လြင့္ပ်ံလာၿပီး ကေလးရဲ႔ႏွဖူးကိုထိကာ ေပါက္သြားတာေၾကာင့္ ကေလးေလးကို ရယ္ေမာသြားေစသည္။

ျပံဳးေနရင္းျဖင့္ပင္ ကေလးေလးက သစ္သားလိပ္ေလးကိုကိုင္၍ ေလးေလးနက္နက္ စတင္ရွင္းျပသည္။

"ငါ, ငါက တူတူပုန္းတမ္းပဲ ေဆာ့လို႔ရတာ, ငါဒါကို လူတိုင္းနဲ႔ ေဆာ့တယ္, ဒါေပမဲ့ငါ့ကို , ငါ့ကို ဘယ္သူမွ ရွာမေတြ႕ၾကဘူး

တကယ့္ကို သနားဖို႔ေကာင္းတဲ့ ဝိညာဥ္ေလးပဲ

ငါးျပာေလးက ေတြးမိသည္။ ဒီေလာက္ ကေလးေတြ မ်ားတဲ့ေနရာမွာ ဒီအ႐ူးလို အင္အားေလးနဲ႔ ဘယ္သူမွ သူ႔ကိုရွာမေတြ႕ဘူးဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ

သူတို႔ကဒီအတိုင္း သူ႔ကိုမုန္းလို႔ သူနဲ႔ မကစားခ်င္လို႔ပဲ

ကေလးေလးက သူ႔ကို ေမွ်ာ္လင့္တႀကီးျဖင့္ ၾကည့္ေနဆဲပင္။

"ယြီယြီ, ယြီယြီ ေပ်ာ္ရဲ႔လားဟင္?"

အျပာေရာင္ငါးေလးက ျပံဳးလိုက္ၿပီး သူ႔အသံကို ႏူးညံ့လိုက္သည္။

"ေပ်ာ္တယ္"

ထိုစကားကိုၾကားေတာ့ ကေလးေလးက သူ႔ကိုယ္သူ ခ်ီးမြမ္းစျပဳလာသည္။ သူက သစ္သားလိပ္ေလးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဖက္ၿပီး တိုးတိုးေလးေျပာေန၏။

"ၾကည့္, ငါလည္းအသံုးဝင္တယ္, ငါ, ငါယြီယြီကို ေပ်ာ္ေအာင္ လုပ္ေပးႏိုင္တယ္, ယြီယြီ, မင္း, မင္းေန႔တိုင္း ေပ်ာ္ႏိုင္မလား?"

ဒီတစ္ေခါက္ေတာ့ အျပာေရာင္ငါးေလးက သူ႔ကိုျပန္မေျဖပဲ တစ္ျခားစကားေျပာလိုက္သည္။

"ဒီေန႔ မင္းကငါ့ကို ေပ်ာ္ေအာင္ လုပ္ေပးတယ္ဆိုေတာ့ ငါလည္းမင္းကို ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းတဲ့အရာေတြ ျမင္ရေအာင္ ေခၚသြားေပးမယ္"

တကယ္ေတာ့လည္း ကေလးေလးက အ႐ူးေလးသာျဖစ္ၿပီး သူ႔ျပႆနာကို ခ်က္ခ်င္းေမ့သြားကာ အျပင္းအထန္ ေခါင္းညိတ္ျပသည္။

ထို႔ေၾကာင့္ လူတစ္ေယာက္နဲ႔ ငါးတစ္ေကာင္တို႔က သမုဒၵရာေအာက္ေျခသို႔ ေနာက္တစ္ေခါက္ ေရာက္သြားၾကျပန္သည္။ သူတို႔ႏႈတ္ဆက္တဲ့အခ်ိန္မွာ ကေလးေလးက ႀကီးမားလွပတဲ့ ကမာခြံႏွစ္ခုကို ရသြားတာေၾကာင့္ အလြန္ေပ်ာ္ရႊင္သြားသည္။

သူက အျပာေရာင္ငါးေလးနဲ႔ မခြဲခ်င္ခြဲခ်င္ျဖင့္ လမ္းခြဲလိုက္ၿပီး ေနာက္တစ္ေန႔ ဆက္ကစားဖို႔ သေဘာတူၿပီးေနာက္မွာ အေဝးသို႔ တစ္လွမ္းခ်င္းဆီ လွမ္းသြားေတာ့သည္။

သူထြက္သြားတာကို ၾကည့္ၿပီးေနာက္ အျပာေရာင္ငါးေလးက သူ႔အၿမီးကို လႈပ္ခါလိုက္ၿပီး ပင္လယ္နက္ထဲသို႔ ျပန္ကူးခတ္သြားေတာ့၏။

=============

Continue Reading

You'll Also Like

559K 100K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
280K 43.6K 74
Title - Rebirth As a fatuous and self-indulgent ruler Type- Web novel(CN) Genre- Historical, Martial Arts,Romance,Slice of life,Yoai Author- Blood En...
135K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
133K 24.9K 100
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...