?Daffodils[Complete]
Od ScarletV496
340K 21.1K 547
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... Více
အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book
🍁Daffodils_Extra.2
1.4K 43 1
Od ScarletV496
•Married Life Story:ခေါင်းဆောင်ကြီးနဲ့သူ့နောက်လိုက်နှစ်ယောက်အားအရှုံးပေးရခြင်း!
နွေဉီး ကားပေါ်ရောက်ရောက်ချင်းပဲ မိုးပင်လယ်ကပွေ့ဖက်လိုက်ပြီးသူ့ပုခုံးမှာ ခေါင်းဝှက်ထားလိုက်ရင်း....
"အရမ်းလွမ်းနေတာ..."
နွေဉီးပြန်လည်ပွေ့ဖက်လိုက်ပြီးမိုးပင်လယ်ရဲ့ကျောပြင်လေးကိုပါဖွဖွလေးပွတ်ပေးလိုက်တယ်။တစ်ခါတစ်လေ မိုးပင်လယ်က အမွှာလေးတွေထက် ပိုကလေးဆန်တယ်။
ဒါပေမယ့် အဲ့ကလေးဆန်မှုကသူ့ကိုစိတ်အနှောက်အယှက်နည်းနည်းလေးတောင် မဖြစ်စေတာမို့ သူသဘောတကျပြုံးလိုက်ရင်း...
"ကျွန်တော်ရောပဲ..."
မိုးပင်လယ်ကနွေဉီးရဲ့ပုခုံးစွန်းကို ရွတ်ခနဲနမ်းပြီးကပ်နေတဲ့ ရင်ချင်းကိုမခွာချင်ခွာချင် ခွာလိုက်ကာသူ့နဖူးကိုလဲ ဖိကပ်နမ်းလိုက်သေးတယ်။ပြီးတော့သူ့နဖူးပေါ်က ဆံစလေးတွေကို လက်ချောင်းလေးတွေနဲ့တို့ထိစရင်း..
"နွေဉီး ပင်ပန်းနေပြီလား"
နွေဉီး ခေါင်းခါပြလိုက်ပြီး မိုးပင်လယ်ရဲ့ ရင်ခွင်ထဲကို ပြန်တိုးဝင်ပြီး ရင်ဘက်ကိုတစ်ချက်နမ်းလိုက်တော့ သူချစ်ရတဲ့အမျိုးသားရဲ့နှလုံးခုန်သံက သူ့နားထဲမှာဒုတ်ခနဲ...
သူကသဘောတကျနမ်းရှိုက်လိုက်ပေမယ့် မိုးပင်လယ်ကတော့ အလန့်တကြားနဲ့ တားမြစ်လာတယ်။
"ဟာ နွေဉီးကလဲ ချွေးစော်တွေနံနေတာကို"
"ဟင် ခင်ဗျားကျ နမ်းပြီးတော့"
"နွေဉီးကဘယ်ချိန်ဖြစ်ဖြစ်မွှေးနေတာပဲလေ ကိုယ်ကတစ်ချိန်လုံးတောင်နမ်းနေချင်တာ..သိလား"
မိုးပင်လယ်ရဲ့စကားကြောင့် နွေဉီးမျက်နှာကတော့ ပန်းရောင်လေးသွေးသွားပြီး သူအကြိုက်ဆုံးမျက်နှာအနေအထားကလဲ သူ့ရဲ့စကားကြောင့်ဖြစ်ဖြစ် သူ့အပြုအမူကြောင့်ပဲဖြစ်ဖြစ်နွေဉီးမျက်နှာလေးကချယ်ရီပန်းလေးဖြစ်သွားတာကိုပဲ...ဒါပေမယ့် နွေဉီးကတော့ သူ့ကိုကြာကြာမကြည့်ခိုင်းပါဘူး။
နွေဉီးက ချယ်ရီပန်းလိုမျက်နှာလေးကို အရြေှ့ပန်လှည့်ပြီး...
"ခင်ဗျားလဲမနံပါဘူး...ချွေးတောင်ထွက်ထားလို့လား..Air.conခန်းထဲထိုင်နေပြီးတော့"
"ဒါပေမယ့် နွေဉီးကလဲ..ရေချိုးပြီးမှနမ်းတာမဟုတ်ဘူး"
"ကျွန်တော်က ခုပဲနမ်းချင်တာလေ...နမ်းလို့မရဘူးလား"
"မဟုတ်ပါဘူး...နမ်း!နမ်း!ကိုယ့်တစ်ကိုယ်လုံးရော စိတ်ဝိဉာဉ်ရောက နွေဉီးအပိုင်ပဲကို..နမ်းပဲနမ်းနမ်း..လုပ်ချင်ရာပဲလုပ်လုပ်"
"ကဲ!အပိုတွေလုပ်ပြန်ပြီ ခင်ဗျား!"
နွေဉီးရဲ့ရှက်ဝဲဝဲနဲ့ နှာခေါင်းရှုံ့ပြီးပြောတဲ့ ပုံကိုကြည့်ပြီး မိုးပင်လယ်ရယ်ရပြန်တယ်။စကားကိုလိုအပ်တာထက်ပိုမပြောဖို့ သူ့ဟာသူစာချုပ်ချုပ် ထားတဲ့နွေဉီးက သူအဲ့လို စကားတွေပြောရင် ရှက်ဝဲဝဲနဲ့ ရန်စောင်တတ်တယ်။ဒါပေမယ့် သူအပိုလုပ်ပြောတာမဟုတ်ရပါဘူး...တကယ်ကို သူ့ရဲ့အရာရာကိုနွေဉီးကိုပေးအပ်ထားတာ။
နွေဉီးကိုသူကြည့်လေသဘောကျလေ သဘောကျလေ ချစ်လေ ချစ်လေ တစ်စိမ့်စိမ့်ကြည့်ချင်လေနဲ့ သူ့စိတ်နှလုံးသားသံသရာက နွေဉီးဆီမှာချည်နှောင်ပြီး လည်နေတယ်။မျက်လုံးချင်းဆုံအောင်ကြည့်ပြီး သူအချစ်စကားတွေပြောလိုက်တိုင်း ဘယ်တော့မှအသားမကျပဲ နားရွက်ဖျားလေးတွေရဲလာတတ်တာတွေ...သူ ချစ်ခြင်းမေတ္တာကို ဖော်ပြတိုင်း ရှက်သွားတတ်တာလေးတွေက သူ့အဖို့ ဘယ်တော့မှရိုးမသွားမဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ပုဒ်လိုပဲ...အမြတ်တနိုးအမြဲ ကြည့်နေချင်တယ်...ဘယ်သူမှမမြင်အောင်လဲ ဖွက်ထားချင်တဲ့စိတ် ဖြစ်စေတယ်။
"နွေဉီး...ကိုယ်.."
သူ့စကားမဆုံးခင်မှာ နွေဉီးဖုန်းကတုန်ခါသံထွက်လာတယ်။
နွေဉီးက ခဏဆိုပြီးလက်ကာပြရင်း...
"ဟဲလို..."
"သားရေ...နွေဉီး!ပြန်လာနေပြီလား..သားပင်လယ်ရဲ့ဖုန်းကိုခေါ်မရလို့..ဒီမှာ..."
"ပြန်လာတော့မှာ မေမေ...မေမေဘာဖြစ်လို့လဲ..သားနဲ့သမီးဘာဖြစ်လို့လဲ"
နွေဉီးရဲ့ အလန့်တကြားအသံ​ကြောင့် ဖုန်းတစ်ဖက်ကမေမေက​ခဏကြောင်သွားတယ်။မိုးပင်လယ်လဲဘေးမှာထိုင်ရင်းလန့်သွားတာမို့ နွေဉီးကို စပီကာဖွင့်ခိုင်းလိုက်ပြီး...
"မေမေ ကျွန်တော့်အမြွှာလေးတွေဘာဖြစ်လို့လဲ"
"အမလေး!မင်းတို့အမြွှာလေးတွေဘာမှမဖြစ်ပါဘူးကွယ်...ဆော့နေကြတာ အိမ်တောင် မိုးနဲ့မြေပြောင်းပြန်ဖြစ်တော့မယ်...မေမေက ဒိုက်ပါလေးဝင်ဝယ်ခဲ့ပါလို့ပြောမလို့ပါ"
"သြော်...ဟုတ်ကဲ့လန့်သွားတာပဲ မေမေကလဲ"
"ဟယ် ..မေမေကသားတို့ကိုဘာပြောရသေးလို့လဲ ကိုယ့်ဟာကို ထ လန့်ကြပြီးတော့"
မေမေ့ရဲ့ ရယ်သံစွက်တဲ့စကားသံကြားမှ သူတို့နှစ်ယောက်လဲသက်ပြင်းချမိကြတော့တယ်။သားနဲ့သမီးတစ်ခုခုများဖြစ်သလားဆိုတဲ့ စိတ်ကသူ့နှလုံးကို အောင့်မျက်သွားအောင်ထိ ရင်ခုန်စေတယ်။အဲ့ဒိ့ရင်ခုန်တာက မိုးပင်လယ်ရဲ့ ချိုသာတဲ့စကားတွေ ထိတွေ့တဲ့ အပြုအမူတွေကြောင့် ရင်ခုန်တာနဲ့သေးသေးလေးတောင်မတူဘူး။
နွေဉီးသက်ပြင်းချလိုက်ရင်း...
"မသိဘူးလေ...တစ်ခုခုများလားလို့"
"အေးအေး မေမေဖုန်းချပြီ...ဟယ် မြေးပင်လယ်!မမအရုပ်ကိုမလုနဲ့လေ...အမလေး!သားရေကိုယ့်ဘာသာကိုယ်သာဖုန်းချတော့"
သူဖုန်းမချခင်စပ်ကြားမှာဖုန်းတစ်ဘက်မှာတော့ ဘွားအေရဲ့ချစ်စနိုးဆူပူသံနဲ့ အသေးလေးနှစ်ယောက်ရဲ့အော်သံတွေက ဆူညံနေတော့တယ်။သူချက်ချင်းပဲအိမ်ကိုပြန်ပြီး ဆူညံနေတဲ့ အဖွဲ့ထဲတိုးဝင်ပျော်ပစ်လိုက်ချင်တော့တယ်။
ဖုန်းကိုချလိုက်ပြီးချိန်မှာတော့ တုန်နေတဲ့ရင်ကအနည်းငယ်လေးတော့ငြိမ်သွားပြီဖြစ်တယ်။သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီး ဘေးကငြိမ်လှချည်လားဆိုပြီးလှည့်ကြည့်လိုက်တော့ မိုးပင်လယ်ကသူ့ထက်ပိုဆိုးနေတယ်။မျက်စိမျက်နှာပျက်ပြီးနားသယ်ကဇောချွေးတွေစိမ့်ထွက်နေတာ ကားထဲကAir_Conတောင် ပျက်နေသလားလို့ထင်မိလောက်တဲ့အထိပဲ...နွေဉီး ပြုံးလိုက်ပြီး မိုးပင်လယ်ရဲ့လက်မောင်းကိုလှုပ်ရင်း...
"ကဲ ဆရာကြီး...သွားကြမယ်လေ!ကျွန်တော်တို့ဒီမှာ တစ်ညလုံးနေတော့မလို့လား"
"မဟုတ်ပါဘူး..."
ပြောနေရင်း မိုးပင်လယ်ဆီဖုန်းဝင်လာတယ်။မေမေ့ဆီကပဲ...မိုးပင်လယ် ရဲ့ပုံမှန်ဖြစ်လုဖြစ်ခင်မျက်လုံးက ပြန်ကျယ်သွားပြီး..
"ဟဲလို..မေမေဘာဖြစ်လို့..."
"ပေပေ!"
နားထဲကို ဝင်လာတဲ့ မပီကလာအသံလေး...အသံသေးသေးလေးကချစ်ဖို့ကောင်းလိုက်တာ...
သူ့နှလုံးသားအတွင်းဘက်ဆုံးထိ ကြည်နူးမိသွားတယ်။
"သားရေ မင်းသားက သားနဲ့ဖုန်းပြောမလို့တဲ့"
"သားလေး!ဖေဖေ့ကိုသတိရနေပြီလား...မမရော!"
"အွန်း ရ! ရတယ်" ပင်လယ်သေးသေးလေးက စကားကိုမရမကပြတ်တောင်းပြတ်တောင်းပြန်ဖြေလို့ သူရောနွေဉီးရော အသဲယားသွားရတယ်။၂နှစ်သားလေး ပင်လယ်က စကားအရှည်ကြီးတွေ မပြောနိုင်သေးပေမယ့် အရှည်ကြီးတွေပြောချင်တာလဲ သူ့အပြင်မရြှိပန်ဘူး။
"သားလေး!ဖေ့ကိုကျသတိမရဘူးလား"နွေဉီး ကမေးလိုက်တော့ ပင်လယ်လေး ခဏတိတ်သွားပြီး...ကလောက် ဆိုတဲ့အသံနဲ့အတူ သူ့ဘွားဘွားရဲ့ အသံထွက်လာတယ်။
"သားရေ...ဖုန်းကိုပစ်ချပြီး သူ့မမဆီပြန်ပြေးပြီ...ကလေးဆိုတော့ စိတ်ကအစိုးမရဘူး သိတယ်မလား"
"ဟုတ်.."
"မေမေဖုန်းချပြီနော်"
"ဟုတ်"
နွေဉီး အားပြတ်တဲ့အသံနဲ့ ပြောလိုက်ပြီးဖုန်းချကာ ဖုန်းကိုဒက်ရှ်ဘုတ်ပေါ်ပစ်တင်ရင်း မျက်မှောင်ကြုတ်ထားမိတယ်။ကလေးတွေက သူ့ကိုဆို သူ့တို့အဖေလောက်ကို မချစ်ကြဘူး...ချစ်မှာပေါ့ မိုးပင်လယ်က အလိုလဲလိုက်..အတူတူရှိတဲ့အချိန်လဲပိုများတာကိုး။သနပ်ခါးလဲကိုယ်တိုင်လိမ်းပေး ထမင်းလဲ ကိုယ်တိုင်ခွံ ရေလဲကိုယ်တိုင်ချိုးပေးနဲ့ လုပ်ပေးနေတာ...သူကဂျုတီဝင်နေရတော့ ဘေးမှာသိပ်မရှိနိုင်တော့ ကလေးတွေရဲ့အချစ်တွေ သူတစ်ယောက်ထဲ စုယူနေတာပေါ့...
မဖြစ်တော့ဘူး! နောက်ဆို ရရင်ရသလို ကလေးတွေနား ကပ်နေတော့မယ်။
ဘေးကစူပုတ်နေတဲ့ နွေဉီးကိုကြည့်ပြီးမိုးပင်လယ် သဘောတွေကျနေရတယ်။သိသားပဲ!ပင်လယ်လေးက သူ့ကိုဖုန်းမပြောလို့ တစ်ယောက်တည်းကောက်နေပြန်ပြီ။ဘယ်လိုပဲဖြစ်ဖြစ် အရမ်းခံရမှာကတော့ သူပဲ!!
မိုးပင်လယ် ကားကို လမ်းကြောင်းပေါ် မောင်းတင်ရင်း..နွေဉီးရဲ့လက်လေးကို အုပ်မိုးကိုင်ကာ..
"သားက ကလေးပဲရှိသေးလို့ပါနွေဉီးရယ်..စိတ်မကောင်းမဖြစ်ပါနဲ့"
"ခင်ဗျားကတော့ အဲ့လိုပြောနိုင်တာပေါ့...သားနဲ့သမီးနဲ့က ဖေဖေ ဖေဖေနဲ့ဖြစ်နေတာကိုး"
"ဟားဟား!မဟုတ်ပါဘူး..အချစ်ကလဲ...ကိုယ်က သူတို့နဲ့ရှိတဲ့အချိန်ပိုများလို့ပါ..ကလေးဆိုတာ ခင်မိခင်ရာ ပိုခင်တတ်တာ သဘာဝပဲကို"
မိုးပင်လယ် ဘယ်လိုပြောပြော နွေဉီး မျက်နှာကရွှင်ပျမလာဘူး...ပြဿနာပဲ!မိုးပင်လယ် စိတ်အိုက်အိုက် အကြံအိုက်အိုက်နဲ့ ကားချည်းလှိမ့်မောင်းနေတုန်း နွေဉီး ရဲ့ အသံတိုးတိုးလေးထွက်လာတယ်။
"သားနဲ့သမီးနဲ့က ကျွန်တော့်ကိုဆို စိမ်းကိုစိမ်းနေတယ်လို့မထင်ဘူးလား"
နွေဉီးအသံက တိုးလျနေပြီး တစ်ကိုယ်စာကြားရုံဆိုပေမယ့် သူကတော့သေသေချာချာ ကြားလိုက်ရတယ်။မိုးပင်လယ် ရုတ်တရက် နှစ်သိမ့်စရာ စကားတွေပျောက်ရှသွားရပြီး တိတ်တိတ်လေးပဲ ကားကိုမောင်းနေလိုက်တယ်။နွေဉီးက အပြင်ဘက်ကို အဓိပ္ပါယ်မဲ့ငေးနေပြီး မျက်ဝန်းတွေက အားလျော့နေတယ်။အမြဲ အားအင်ပြည့်နေတတ်တဲ့ မျက်နှာလေးက အားငယ်နေပုံပေါက်နေတာကို သူ မြင်နေရတော့ သူ့စိတ်ထဲမှာလဲ နာကျင်လာရတယ်။
နွေဉီး ကိုသူဘယ်လိုနှစ်သိမ့်ပေးရမလဲ...
"ကျွန်တော် အလုပ်ပဲထွက်လိုက်ရမလား...ဟင်!ကိုမိုးပင်လယ်"
မိုးပင်လယ် အချက်ပြမီးကိုဖွင့်ပြီး ကားကိုလမ်းဘေးကို ချရပ်လိုက်တယ်။နွေဉီးရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့တောင့်တင်းနေတဲ့ ပုခုံးလေးကို ဖျစ်ညှစ်အားပေးရင်း...
"နွေဉီး...ကိုယ့်ကိုကြည့်!"
နွေဉီးကသူ့ကို မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ မော့ကြည့်လာတယ်။ဖြတ်သွားဖြတ်လာ ကားမီးရောင်တွေကြောင့် နွေဉီးရဲ့ မျက်လုံးလေးတွေက ကြယ်တွေလိုတောက်ပနေတယ်။ဝမ်းနည်းရိပ်သန်းနေတဲ့ ကြယ်လေးတွေကလှပပြီး သူ့စိတ်ကိုကျနာကျင်စေတယ်။
မိုးပင်လယ် စီးကျလာတဲ့ မျက်ရည်ဥလေးကို လက်မနဲ့ သာသာလေးသုတ်ပေးရင်း...
"မငိုပါနဲ့ ကွာ...သားနဲ့သမီးက မင်းကိုချစ်ပါတယ်...ကိုယ်လဲမင်းကိုအဲ့ဒါအပြင် ထပ်မပြောတတ်တော့ဘူး။ဒါပေမယ့် ချစ်တဲ့လူအချင်းချင်း နားလည်တယ်..ကိုယ်သေချာသိတယ်...မင်းရဲ့အချစ်တွေကိုလဲ သူတို့ခံစားမိပါတယ်...စိတ်မကောင်းမဖြစ်နဲ့တော့နော်"
"ဒါပေမယ့်..."
"ဒါပေမမယ့်နဲ့..ပြီးတော့ အလုပ်လဲမထွက်နဲ့ ထွက်စရာမလိုဘူး...နွေဉီး ဒီအလုပ်ကို ဘယ်လောက်မြတ်နိုးလဲ ကိုယ်သိနေတာကို...အမြွှာလေးတွေကြီးလာလို့ သူတို့ရဲ့ ဖေ ကသူတို့စိမ်းသွားမှာကြောက်လို့ အလုပ်ထွက်ရတယ်ဆို သူတို့စိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားဉီးမယ်..
ပြီးတော့ နွေဉီးဘာမှစိတ်မပူနဲ့...နွေဉီးအတွက်ရော ကိုယ့်အတွက်ပါ သားနဲ့သမီးကို ကိုယ်ချစ်ပေးမယ်..ကိုယ်ပိုဂရုစိုက်ပေးမယ်..ပြီးတော့ သားနဲ့သမီးကို သူတို့ ဖေ က ဘယ်လောက်တော်ကြောင်း..သူတို့ကိုဘယ်လောက်ထိချစ်ကြောင်းပြောပြပေးမှာမို့ နွေဉီးက နောက်ဆံမတင်းပဲ အလုပ်လုပ်နော်...
နွေဉီး အလုပ်ထွက်လိုက်ရင် ကိုယ်ကတော့ ပျော်တာပေါ့...တကယ်ပြောတာပါ..ဒါပေမယ့် နွေဉီးအလုပ်ထွက်လို့ နွေဉီးပျော်လဲခဏပဲ...ပြီးရင် ခွဲစိတ်ဓားကိုလွမ်းလာမယ်...သီရေတာကိုလွမ်းမယ်...ရောဂါတွေရှာဖွေနေရတာကိုလွမ်းမယ်..ဆေးရုံကိုလွမ်းမယ်...ဘယ်မှာပျော်တော့မှာလဲ။ မြတ်နိုးတဲ့ အလုပ်ကိုလုပ်နေတဲ့ နွေဉီးကိုကြည့်ရတာ ကိုယ်လဲမြတ်နိုးတာမို့ ပျော်တဲ့ထိလုပ်..စိတ်ပျက်တဲ့အထိလုပ်!ဟုတ်ပြီလား"
"အင်း..."
"ပြုံးပါဉီး...မငိုပါနဲ့တော့ကွာ...ရုပ်ဆိုးလေးဖြစ်နေပြီ!ကလေးအဖေဖြစ်နေပြီ ကလေးနဲ့အပြိုင်ငိုတော့မလို့လား"
မိုးပင်လယ် နီရဲနေတဲ့ နှာဖျားလေးကို ချစ်စနိုးဆွဲဖျစ်ရင်းပြောတော့နွေဉီးနှာရှုံ့ပြီး ရှက်အမ်းအမ်းရယ်လိုက်ရင်း...
"ငိုရတာ ဘယ်သူကြောင့်လဲ"
"ကိုယ့်ကြောင့်! ကိုယ့်ကြောင့်!"
"အင်း...ကိုယ့်အပြစ်ကိုသိသားပဲ တော်တယ် တော်တယ်!"
"ဟုတ်ပါပြီ ဟုတ်ပါပြီ  ယောက်ျားကို ဆုချဉီး တော်ရင်"
မိုးပင်လယ်က ပြော​ပြောဆိုဆိုသူ့ဘက်ကိုပါးတစ်ဖက်ဖောင်းပြီးတိုးလာလို့ နွေဉီးရယ်ကျဲကျဲနဲ့ ရှေ့တည့်တည့်ပြန်ထိုင်ရင်း...
"ကိုမိုးပင်လယ် ကားရပ်ထားတာကြာပြီ!သွားကြမယ်"
"ဟာ!မရဘူး...နွေဉီးဆီကဆုရမှ ကားမောင်းနိုင်တော့မှာ"
"အဲ့လိုလား!"
"အဲ့လို.."
"အဲ့ဒါဆိုလဲ..လာဒီနားကို"
နွေဉီး ပြန်လည်ရွှင်ပျလာတဲ့စိတ်နှလုံးနဲ့ မိုးပင်လယ်ရဲ့ဖောင်းထားတဲ့ပါးထဲကို သူ့နှာခေါင်းလေးနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်တယ်။မိုးပင်လယ်ကလဲ သူ့နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်ရင်း...
"အရမ်းချစ်တာပဲ နွေဉီးရာ..ဘယ်လိုလုပ်ရမလဲ"
"ကားပဲမောင်းလိုက်ပါ"
"အိုခေ!"
ပြန်ပြေလည်သွားတော့လဲ စိတ်ကောက်နေကြတာသူတို့မဟုတ်ကြတဲ့အတိုင်း လမ်းတစ်လျှောက်လုံး လက်တွဲမဖြုတ်ကြတော့ဘူး။
"ကိုယ်ကြုံတဲ့ Marketကိုပဲဝင်လိုက်တော့မယ်နော်"
"အင်း...ဒိုက်ပါလေးဝယ်ဖို့ပဲမလား"
"အင်းလေ..."
နွေဉီး ကားပေါ်ကအဆင်း မီးရောင်တွေထိန်လင်းနေတဲ့ ကုန်တိုက်ကိုမော့ကြည့်ရင်း...
"ကြုံတဲ့ Marketက ခင်ဗျားကုန်တိုက်လား"
"အင်း..အဲ့လိုဖြစ်သွားတယ်..မတတ်နိုင်ဘူးလေ အချစ်ရယ် ကိုယ့်ကုန်တိုက်ကလဲ နေရာစုံမှာရှိနေတာကို"
"ဖြစ်ရလေ..."
"အဟွန်း!လာ!ကိုယ်တို့ အတူတူဈေးဝယ်မထွက်ရတာကြာပြီ!"
နွေဉီးခေါင်းညိတ်လိုက်ပြီး မိုးပင်လယ်ကမ်းပေးတဲ့လက်ကိုဆွဲလိုက်တယ်။သူတို့နှစ်ယောက် လက်ထပ်ပြီးကာစက မကြာခဏဆိုသလို အတူတူဈေးဝယ်ထွက်တတ်ကြပေမယ့် နောက်ပိုင်းအမြွှာလေးတွေနည်းနည်းကြီးလာတော့ ၂ယောက်အတူရှိချိန်ထက် ကလေးတွေကိုအချိန်ပေးဖြစ်တာကများနေတော့ ဒီတစ်ခါကတော့တော်တော်လေးကြာမှ အတူတူထွက်ဖြစ်တဲ့ ဈေးဝယ်ထွက်ခြင်းပဲ...
ယောက်ျားလေးနှစ်ယောက် လက်ချင်းတွဲထားတာတွေ့တော့လူတွေကကွက်ကြည့် ကွက်ကြည့်နဲ့ဆိုပေမယ့် သူတို့အတွက်ကတော့ရိုးနေပါပြီ။မိုးပင်လယ်ကတော့ ဘေးကလူတွေကိုတောင် ရှိတယ်လို့ မထင်တော့ပါဘူး။သူ့လက်ကိုတစ်ဖက်ဆွဲ ဈေးဝယ်တဲ့လှည်းကိုတစ်ဖက်တွန်းပြီး ဈေးဝယ်ဖို့သာအာရုံရှိတော့တယ်။
မိုးပင်လယ်ကဈေးဝယ်ရင် သူကိုယ်တိုင် ကျကျနနဝယ်ရမှစိတ်တိုင်းကျတာလို့အမြဲပြောတာကြောင့်နွေဉီး ဘေးကနေပဲကြည့်နေလိုက်တယ်။ပြီးတော့ သူ့မှာ ဈေးဝယ်ဖို့အတွက်ထိရောက်တဲ့နည်းလမ်းရှိတယ်လို့လဲပြောသေးတယ်။အဲ့ဒိ့နည်းလမ်းကတော့တွေ့သမျှ ပစ္စည်းတွေကို လှည်းထဲပစ်ထည့်တာပါပဲ။အဲ့နည်းက မိုးပင်လယ်ရဲ့ထိရောက်တဲ့ဈေးဝယ်တဲ့နည်းပါပဲ...
ဘာကိုထိရောက်တာလဲ!ပေါက်ကရတွေ..
အဲ့ဒိ့အသုံးမဝင်တဲ့နည်းလမ်းကြောင့် သူတို့အိမ်မှာ အသုံးမဝင်တဲ့ပစ္စည်းတွေ အပုံလိုက်ကြီးဖြစ်နေပြီး ၆လတစ်ကြိမ်ရှင်းထုတ်လိုက်ရင် ရက်ကွက်ထဲကကုန်စုံဆိုင်လောက်နီးနီး ပစ္စည်းတွေထွက်လာတတ်တယ်။
ခုလဲ ကုန်တိုက်ထဲရောက်လာတဲ့ မိနစ်၂၀လောက်အတွင်းမှာ လှည်းတစ်ခုလုံးပြည့်နေလို့ သူပါကူကိုင်နေရပြီ။ထိရောက်တဲ့နည်းဆိုတာ အဲ့ဒါထင်ပါတယ်။အချိန်ကုန်သက်သာတယ်။ဆက်ပြီးလှည့်ပတ်နေရင် သူနောက်ထပ်လှည်းတစ်ခုတွန်းရတော့မဲ့ပုံပေါ်လို့ဈေးဝယ်ဆရာကြီးကို ရပ်ခိုင်းလိုက်ရတယ်။
"ကိုမိုးပင်လယ်...ရပ်တော့!စွတ်ထည့်မနေနဲ့ အောက်လဲငုံ့ကြည့်ဉီး!ကျွန်တော်မနိုင်တော့ဘူး"
"အာ...အဲ့လောက်တောင်ဖြစ်သွားတာလား...ကိုယ်ဖြင့်ဘာမှတောင်မထည့်ရသေးဘူးထင်နေတာ"
"ဘာ!"
"အဟွန်း!တော်ပါပြီ...အယ်!နွေဉီးရေ ကိုယ်တို့ ဒိုက်ပါမထည့်ရသေးဘူး"
အဓိကလာဝယ်တာဒိုက်ပါလေဗျာ!
"မြန်မြန်သွားယူ ကျွန်တော် အဲ့ဘက်ပြန်မလိုက်နိုင်ဘူး..."
"အွန်း..အွန်း!ခဏပဲကိုယ်ပြန်လာမယ်"
မိုးပင်လယ်က သူ့နှာဖျားလေးကိုဖျစ်ညှစ် စပြီး အပြေးတစ်ပိုင်းထွက်သွားတယ်။ဒါလားဥက္ကဌ!
သူ့ကုန်တိုက်ကဝန်ထမ်းတွေ သူ့ကိုမမှတ်မိကြတာတော်သေးတယ်...နို့မို့ဆို သူတို့သူဌေးကို စိတ်ခွဲတွေအများကြီးရှိတဲ့ စိတ်ရောဂါသည်လို့တောင် ထင်သွားလောက်ကြမှာ...
သိပ်မကြာဘူး မိုးပင်လယ်နောက်ထပ်ပြည့်လုပြည့်ခင် တွန်းလှည်းတစ်ခုနဲ့ ပြန်ရောက်လာတယ်။ဒီမှာတောင်အပုံလိုက်ကြီးဖြစ်နေပြီလေ...ဘယ်လိုတောင်အသုံးဖြုန်းကြီးတဲ့ယောက်ျားလဲ..နွေဉီးအသဲယားသွားပြီး ခြေထောက်နဲ့လှမ်းကန်လိုက်တော့ မိုးပင်လယ်က ကိုယ်ကိုရို့ရှောင်ရင်း...
"ဘာတုန်းနွေဉီးရဲ့...ကိုယ်က လူကြီးနော်..ငရဲကြီးမယ်"
"ခြေထောက်ပဲအားလို့..ခြေထောက်နဲ့ကန်ရတာ..ဘာလို့နောက်တစ်လှည်းလဲ..."
"သြော်...ဒါတွေက စားစရာတွေလေ...ရုံးပိတ်ရက်ကျ နွေဉီးတို့ကိုချက်ကြွေးမလို့"
"တော်ပြီ!နောက်တစ်ခါ ခင်ဗျားနဲ့ဈေးဝယ်မထွက်ဘူး"
"ဘာလို့!"
"အသုံးအဖြုန်းကြီးလွန်းတယ်!"
"တစ်ခါတစ်လေကို နွေဉီးကလဲ"
"••••"
"ဟာ!နွေဉီး!"
"ဘာလဲ!"
"ကိုယ် ဖက်ထုပ်ရွက်မေ့ကျန်ခဲ့ပြီ!..သွားယူလိုက်ဉီးမယ်"
"အင်းအင်း...ဒီကုန်တိုက်ကိုအိမ်ကိုမ'သွားကြမယ်လာ"
"ဟားဟားဟား!အဲ့လိုမလုပ်ပဲ ကိုယ်တို့အိမ်ကို ဒီကို ရွှေ့ထားတာပိုမလွယ်ဘူးလား"
"အရူး!"
နွေဉီး စိတ်ပျက်ပျက်နဲ့ မရယ်ဘဲမနေနိုင်တော့ဘူး။ဒီပြဿနာက ဈေးဝယ်ထွက်တိုင်းဖြစ်နေကျပြဿနာ...တော်သေးတယ် သူ့ယောက်ျားကအသုံးအဖြုန်းကြီးသလောက် ပြန်လဲရှာနိုင်တဲ့လူမို့လို့...နို့မို့သာဆို သူ 'လင်ဆိုးမယား တဖားဖား' ဆိုသလိုဖြစ်နေလောက်ပြီ။
အမလေး...ခုမှကိုယ့်ကိုကိုယ်ယောက်ျားရကံကောင်းလိုက်တာဆိုပြီး ဂုဏ်ဆာရမလိုဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ် ကံကောင်းတာကကံကောင်းတာပါပဲ...ဟုတ်တယ်မလား?
အိမ်ရောက်တော့ နွေဉီး အထုပ်တွေတောင်ကူမသယ်ပဲ ဝယ်လာတဲ့အရုပ်၂ခုကိုပဲယူပြီးကလေးတွေဆီ​တန်းပြေးတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ်ရရင် ရသလို သားနဲ့သမီးဆီကအမှတ်ယူပြီး သူ့ကိုပိုချစ်အောင်လုပ်ဖို့ကသူ့Missionပဲ!
အမြွှာလေးတွေက သူတို့ပြန်ရောက်လာတာကို မသိဘဲ ရောင်စုံတွေနဲ့ဆော့နေတယ်။သူတို့ဘွားဘွားကတော့ မီးဖိုခန်းထဲမှာ ဘာတွေလုပ်နေလဲမသိဘူး...နွေဉီး ကလေးတွေနားမှာ သွားထိုင်လိုက်ပြီး...
အရုပ်ကိုမြှောက်ပြကာ..
"ပင်လယ်!မေပါယ်!!ဒီမှာ ဖေ' ဘာဝယ်လာလဲ"
နွေဉီးကသာအားရပါးရကြီး ပြောလိုက်ပေမယ့် ကလေး၂ယောက်ကသူ့ကို လေ လိုသဘောထားတာကိုခံလိုက်ရတယ်။
ခက်လိုက်တာ!ခက်တယ်!ကလေးတွေရဲ့အာရုံစိုက်မှုကိုရဖို့က ခရက်ရှ်ဆီက Replyပြန်တာခံရဖို့ထက် ခက်နေမှန်းသူဒီနေ့ ဒီအချိန်မှာရင်နဲ့ရင်းပြီးသိလိုက်ရပြီ။
"သားနဲ့သမီး ဒီမှာ ဖေ ဘာဝယ်လာလဲလှည့်ကြည့်ဉီးလို့!"
သူ့အသံကငိုသံတောင်နည်းနည်းပါသွားပြီလို့ နွေဉီးထင်လိုက်မိတယ်။သူကသာဘေးမှာ ငိုမလို ရယ်မလိုဖြစ်နေတာ သူ့ရဲ့ပိစိနှစ်ကောင်က သူ့ကိုမျက်မွှေးထော်လို့တောင်မော်ကြည့်မလာဘူး။သူ တကယ်ပဲ လေ ဖြစ်သွားပြီလား?
မိုးပင်လယ်ကတော့ အလိုက်တသိ အသံမထွက်ဘဲ ခပ်လှမ်းလှမ်းကဆိုဖာမှာထိုင်နေပြီးပြုံးပြုံးကြီး သူတို့ကိုကြည့်နေတယ်။ဟုတ်တာပေါ့!အောင်နိုင်သူစစ်သူကြီးရဲ့ အပြုံးမျိုးပဲ...
'ကလေးတွေကို ဒီလိုသွားလုပ်လို့မရဘူး မောင်နွေဉီးဧရာရဲ့' ဆိုတဲ့ ရုပ်မျိုးနဲ့လေ..နွေဉီး နည်းနည်းကျွဲမြီးတိုသွားပြီး ...
"ကိုမိုးပင်လယ်...ဒီကိုလာဉီး!"
မိုးပင်လယ်ဆိုတဲ့အသံလဲကြားရော အမြွှာလေးတွေရဲ့အောက်စိုက်နေတဲ့ခေါင်းတွေက ရုတ်တရက်ကြီးထောင်မတ်လာပြီး မျက်လုံးတွေပါ အရောင်တွေတောက်လာတာကိုတွေ့လိုက်ရတော့ နွေဉီး မျက်နှာက ပိုပြီးဆူပုတ်လာတော့တယ်။ဟန်ဆောင် ပန်ဆောင်တောင် နွေဉီးထိန်းမထားနိုင်တော့ပဲ...
"တွေ့လား!ကျွန်တော်ပြောသားပဲ!အမြွှာလေးတွေက ကျွန်တော့်ကို...."
"ရှုး!"
မိုးပင်လယ်က နွေဉီး နှုတ်ခမ်းကိုလက်ညိုးနဲ့ တားလိုက်ပြီး...ပါးကိုပါတစ်ဆက်ထဲ နမ်းမွှေးလိုက်တယ်။
"အာ...ကလေးတွေရှေ့မှာမလုပ်နဲ့ဆိုမှ...ခင်ဗျားနော်.."
နွေဉီးဆူအောင့်အောင့်ပြောတော့ မိုးပင်လယ်ကမေးဆတ်ပြရင်း...
"နွေဉီးကသာမလုပ်နဲ့ပြောနေတာ..သားနဲ့သမီးကိုကြည့်ဉီး"
ကျစ်!ဘာတွေကြည့်ခိုင်းနေတာလဲ!
နွေဉီးအရမ်းအံ့သြသွားရတယ်...သားနဲ့သမီးရဲ့ မျက်နှာလေးတွေကကြည်လင်နေပြီး သူတို့ကိုကြည့်နေတဲ့မျက်လုံးလေးတွေက ချစ်ခြင်းအားဖြင့်တောက်ပနေတယ်။မိုးပင်လယ်က နွေဉီး ပုခုံးလေးကိုဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းရင်း...
"သားနဲ့သမီးက ကိုယ့်ကို မင်းဆူထားလို့ စိတ်ကောက်နေကြတာ!"
"ဟမ်!"
"အင်း...သားနဲ့သမီး ဖေဖေတို့ခု ရန်မဖြစ်တော့ဘူးနော်..ပြန်ခေါ်သွားပြီ..မယုံရင် ဖေဖေ ထပ်ပြီးမွှေးမွှေးပေးပြမယ်..အာဘွား!အာဘွား!ချစ်လိုက်တာကွာ!"
မိုးပင်လယ်စကားဆုံးတော့ အနေအေးတဲ့ မေပါယ်လေးကပါ လက်ဝါးသေးသေးလေးကိုရိုက်ပြီးခိုးခိုးခစ်ခစ်နဲ့ရယ်နေတော့တယ်။နွေဉီးလဲအတူတူလိုက်ရယ်ရင်း...
"လာပါဉီး ဖေ့ ဆီကို"
နွေဉီးရဲ့ လက်ကိုဆန်တန်းပြီး ဖွင့်ထားတဲ့ရင်ခွင်ထဲကို ပင်လယ်ရော မေပါယ်ပါတိုးဝင်လာတယ်။သူ သားနဲ့သမီးကိုပွေ့ဖက်ထားလိုက်ပြီး ပါးအိအိလေးတွေကိုတရွှတ်ရွှတ်နမ်းနေလိုက်တယ်။
ဘေးကမိုးပင်လယ်ကပါ သူ့ကိုပွေ့ဖက်လာပြီး...
"ကိုယ့်ကိုလဲ မွှေးမွှေးပေးပါဉီး!ကိုယ်လဲ အနမ်းခံချင်တယ်"
"မရဘူး!ကလေးတွေနဲ့"
"သားနဲ့သမီးရေ..ဖေက ဖေဖေ့ကို မွှေးမွှေးမပေးဘူးတဲ့!"
"ဟ!တိုင်တယ်!"
"တိုင်တာပေါ့!"
ိမိုးပင်လယ် ကလေးတွေကိုတိုင်လိုက်တော့ ခေါင်းဆောင်ရဲ့စကားကိုနောက်လိုက်တွေကတသွေမတိမ်း နားထောင်တဲ့အတိုင်း သူ့ရင်ခွင်ထဲက ကော့လန်ပြီးတိုးထွက်ကြတော့တယ်။နွေဉီး စိတ်တိုသွားပြီး လှည့်ကြည့်လိုက်တော့..မိုးပင်လယ်က မဲ့ပြပြီး လျှာထုတ်ပြတယ်။
"အာ...နေပါဉီး...ကလေးလေးတို့ကလဲ..ဖေဖေ့ကိုမွှေးမွှေးပေးလိုက်မယ်နော်" နွေဉီး ကော့ထိုးနေတဲ့ကလေးတွေကို တားမြစ်ရင်း...မိုးပင်လယ်ကိုထပ်ပြီးလှည့်ကြည့်တော့ သကောင့်သားက ပါးကိုပါအဆင့်သင့်ဖောင်းထားသေး...
နွေဉီး ပြုံးလိုက်ရင်း ပါးဖောင်းဖောင်းကို သူ့နှာခေါင်းနစ်ဝင်တဲ့အထိနမ်းလိုက်တော့ ခေါင်းဆောင်ကြီးနဲ့သူ့နောက်လိုက် ၂ယောက်ရဲ့ ရယ်သံကလဲ တသောသောဆူညံလို့...
_______________
A/N
အရမ်းတွေကြာသွားတာ ဆောရီး!အလုပ်လေးနည်းနည်းရှုပ်နေလို့!ဘာပဲဖြစ်ဖြစ်..
ဟက်ပီး တန်ဆောင်တိုင်ပါ ယူတို့!
ဆာဒါးငဲ...💙💛
Pokračovat ve čtení
Mohlo by se ti líbit
78.8K 10.8K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
181K 6.4K 57
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
312K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
127K 7K 89