ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

485K 53.5K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၃၅)

3.6K 443 3
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၅)

TRANSLATOR - SHARR

--------------------

ကောင်းကင်က ဖေ့ကျင်း၏ဆန္ဒကို မလိုက်လျောချေ။

ထိုနေ့က ရန်ရှီးနဥ် အိမ်တော်
တွင်နေရင်း အစေခံငယ်လေးများ ဥယျာဥ်ထဲတွင် ဆော့ကစားနေသည်ကို ကြည့်နေစဥ် ဖေ့ကျင်းနှင့် ပေ့သိုတို့က ဆေးဝယ်ထွက်လာကြသည်။ သူတို့နှင့်အတူ ဆော့ကစားလိုသော်လည်း ကြင်နာတတ်သော နဝမမင်းသား၏ဇနီးသည်က အိန္ဒြေသိက္ခာရှိရှိနေရမည်လေ။ သူမဂါဝန်က ယခင်ကထက် နည်းနည်း ပိုကျပ်လာသည်ဟု ခံစားလိုက်ရသည်။ သူမ မနေ့ညက ရေချိုးတုန်းက သူမရင်သားများမှာလည်း အနည်းငယ် ပိုကြီးပုံပေါ်လာသည်ကို သတိရသွားသည်။

"သခင်မ မင်းသား(၁၃) ရောက်နေပါတယ်" အစေခံတစ်ယောက်က ​လျှောက်တင်လိုက်သည်။

ဟိုတစ်လောတုန်းက နန်းတော်ထဲတွင် ဖေ့ခန်းပါးများကို ညှစ်၍ အားရင် သူမနှင့် ဖေ့ကျင်းဆီ လာလည်ရန်ပြောခဲ့သေးသည်။ ဒါ့ကြောင့် လာလည်တာလား ရန်ရှီးနဥ် သိချင်သွားသည်။

ဖေ့ခန်း မွေးကတည်းက နန်းတော်အပြင် တ်ခါမှ မထွက်ဖူးချေ။ နဝမအစ်မတော်
က သူမနှင့် နဝမအစ်ကိုတော်ဆီ လာလည်ရန် ပြောတော့ သူ တကယ်ကို စိတ်လှုပ်ရှားသွားသည်။

ဖေ့ခန်းက ရန်ရှီးနဥ်နှင့် ဖေ့ကျင်းဆီ သွားလည်ခွင့်တောင်းတော့ ဖေ့ခန်း ရန်ရှီးနဥ်တို့
နှင့် ရင်းနှီးမှုရရန် အခွင့်အရေးကောင်းဖြစ်သည်ဟု လမိဖုရား တွေးမိသွားသည်။ နဝမမင်းသား နေပြန်ကောင်းလာသည်အထိ စောင့်ပြီး ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုမိန့်တောင်းကာ ဖေ့ခန်းကို ဖေ့ကျင်းအိမ်တော်သို့ အလည်လွှတ်လိုက်သည်။

ဘုရင်မင်းမြတ်က ခွင့်ပြုလိုက်ပြီး နန်းတွင်းသက်တော်စောင့်
များနှင့်အတူ ဖေ့ခန်းကို ဖေ့ကျင်းအိမ်တော်သို့ လွှတ်လိုက်၏။

ဖေ့ခန်း ရန်ရှီးနဥ်ကို မြင်တော့ သူမလက်မောင်းထဲ ခုန်ဝင်လာပြီး ဖေ့ကျင်းကို လှည့်ပတ်ရှာတော့သည်။

"နဥ်... နဥ်" ဖေ့ခန်း ပြော၏။

ရန်ရှီးနဥ်သည် ဖေ့ခန်းကို သူမအဆောင်တော်နှင့် နီးသော ဥယျာဥ်သို့ ခေါ်သွားလိုက်၏။

"မင့်အစ်ကို(၉)က အပြင်သွားတယ်" ရန်ရှီးနဥ် ပြောပြီး အစေခံတစ်ယောက်ကို အရိပ်ပြလိုက်၏။

"မင်းသား(၁၃)အတွက် ပေါက်စီနဲ့ သကြားလုံးတွေ ယူလာခဲ့"

​ေဖ့ကျင်း အပြင်ထွက်သွား၍ ဖေ့ခန်း နည်းနည်းစိတ်ပျက်သွားသော်လည်း သူ ရန်ရှီးနဥ်နှင့် ကစားလို့ရသေး၍ သူပျော်သည်။

ရန်ရှီးနဥ်လည်း ဖေ့ခန်းနှင့် ကစားလို့ရသည်ကို တွေးမိသွားပြီး တစ်လောတုန်းက ဖေ့ကျင်း အိမ်ကိုယူလာသော ဆုကျွီးဘောလုံးကို သတိရသွားသည်။

[ ဆုကျွီး - ရှေးခေတ် တရုတ်ဘောလုံးကစားနည်း ]

"မတ်တော်(၁၃) ဆုကျွီး ကစားရအောင်"

အရင်တုန်းက ရန်ရှီးနဥ်သည် ရွှမ်ချင်းတွင် နေခဲ့စဥ်က ဆုကျွီးကစားရသည်ကို နှစ်ခြိုက်ခဲ့သည်။ သူမ ဖေ့ခန်းကို မြေပြင်ပေါ် ပြန်ချကာ ဆုကျွီးဘောလုံးကို ယူရန် အဆောင်တော်ထဲသို့ ပြေးသွားလိုက်သည်။

ဖေ့ခန်း ဆုကျီးဘောလုံးနှင့် ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။ သူ ခပ်ဝေးဝေးသို့ ကန်လိုက်မိလျှင် သူ့ခြေထောက်တိုတိုလေးက ဆုကျွီးဘောလုံးနောက် အပြေးကလေး လိုက်ဖမ်းသည်။

ရန်ရှီးနဥ်၊ အစေခံများနှင့် နန်းတွင်းသက်တော်စောင့်တို့သည် ပြုံးလျက် ဖေ့ခန်း ဘောလုံးနောက်လိုက်သည်ကို ကြည့်နေကြသည်။ ဖေ့ခန်းအမူအရာမှာ အလေးအနက်ဖြစ်နေပြီး မည်သူတစ်ဦးယောက်မှ ဆုကျွီးဘောလုံးကို သူ့ဆီက လုယူခွင့်မပေးနိုင်။

ဖေ့ခန်း ဆုကျွီးကို ကန်လိုက်တိုင်း အဝေးသို့ ရောက်သွားသည်။ သူ၏ ပြင်းထန်လှသောကန်ချက်ကြောင့် ဆုကျွီးဘောလုံးများ ပျံဝဲပြီး ရေတွင်းထဲ ကျသွားတော့သည်။

ဖေ့ခန်း၏ ဝမ်းနည်းနေသော မျက်လုံးဝိုင်းဝိုင်းလေးကို ရန်ရှီးနဥ် မြင်လိုက်ရသော သူ့ကို ချော့လိုက်သည်။

"မတ်တော်(၁၃)ကစားဖို့ ဆုကျွီးအသစ်လုပ်ပေးမယ်လေ"

ဖေ့ခန်း ခေါင်းညိတ်လိုက်၏။
အထည်များမှ ဆုကျွီးဘောလုံးလုပ်ရသည်မှာ အရမ်းကြာသည်ကို ရန်ရှီးနဥ်သိ၍ စက္ကူသားနှင့် လုပ်သည်က ပိုမြန်လိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ သူမ ဖေ့ခန်းကို ကောက်ချီကာ ဖေ့ကျင်း၏ လက်ရေးလှလေ့ကျင့်သည့်အခန်းထဲသို့ ချီသွားလိုက်သည်။

ဖေ့ကျင်း၏ လက်ရေးလှလေ့ကျင့်သည့်အခန်းထဲတွင် ရန်ရှီးနဥ်နှင့် ဖေ့ခန်းတို့သည် စားပွဲခုံပေါ်နှင့် ကြမ်းပြင်ပေါ်မှ ဆုတ်ဖြဲထားသော စက္ကူများကို စုလိုက်ကြသည်။ထို့နောက် ဖေ့ခန်းအား တွန့်ကြေနေသောစက္ကူများကို ဘယ်လိုပြန့်အောင်လုပ်ရမလဲ ပြလိုက်ပြီး စက္ကူဘောလုံးသေးသေးလေးဖြစ်လာအောင် လုံးခြေပစ်လိုက်ရသည်။

အရမ်းကို လွယ်လွန်းသည်ဟု ဖေ့ခန်းတွေးလိုက်ပြီး စက္ကူဘောလုံးသေးသေးလေးတွေ တစ်ပုံကြီး လုပ်နေလိုက်သည်။

ရုတ်တရက် သူမကောက်လိုက်သော တွန့်ကြေနေသော စက္ကူတစ်ခုကို ကြည့်မိလိုက်သည်။ ရန်ကျင်း။ သူမ သေသေချာချာ ဖတ်ပြီးနောက် တွန့်ခေါက်နေသော စက္ကူက သူမလက်ထဲမှ လွတ်ကျကာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ဖေ့ကျင်း အိမ်တော်သို့ပြန်လာတော့ ဖေ့ခန်းက အလည်လာပြီး လက်ရေးလှလေ့ကျင့်သည့်အခန်းထဲတွင် ရန်ရှီးနဥ်နှင့်အတူ ရန်ရှီးနဥ်နှင့်အတူ ရှိနေသည်ဟု ကြားလိုက်ရသည်။ ဖေ့ကျင်း လက်ရေးလှလေ့ကျင့်ခန်းထဲ ဝင်လာတော့ ဖေ့ခန်းက ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း ပျော်ရွှင်စွာဖြင့် စက္ကူဘောလုံးသေးသေးလေးတွေကို လုပ်နေသည်။ သို့သော် ရန်ရှီးနဥ်က စားပွဲရှေ့ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူမမျက်နှာတွင် စိတ်ပျက်​ေသာအကြည့်တို့က ရှိနေသည်။ သူ စားပွဲပေါ်ရှိ တွန့်ကြေနေသော စက္ကူကို တစ်ချက်ကြည့်လိုက်ပြီး စာတွေရဲ့ နောက်ဆုံးပွားထားတာကို မီးရှို့ရန် မေ့သွားသည်ကို နားလည်လိုက်သည်။

ဖေ့ကျင်း ဖေ့ခန်းကို ပေ့သို၏အဆောင်သို့ ချီသွားလိုက်ပြီး ပေ့သိုကို ဖေ့ခန်းနှင့် ခဏလောက် ဆော့နေရန် ပြောလိုက်သည်။ ထို့နောက် သူ လက်ရေးလှလေ့ကျင့်သည့်အခန်းဆီသို့ အမြန်ပြေးသွားပြီး ရန်ရှီးနဥ်ဘေးတွင် ထိုင်လိုက်၏။

"ဖေ့ကျင်း..." ရန်ရှီးနဥ် ပြော၏။

ဖေ့ကျင်း ရန်ရှီးနဥ်ကို ဖက်လိုက်၏။ "ရှီးနဥ်... ကိုယ် ရှင်းပြမယ်"

ရန်ရှီးနဥ် ဖေ့ကျင်းကို ခပ်ဝေးဝေးသို့ တွန်းလိုက်သည်။

"အဖေနဲ့ မင်းသမီးခန်းဟွာရဲ့ စာတွေကို ဘာလို့ပွားထားတာလဲ၊ ဘာလို့လဲ"

ဖေ့ကျင်း ဘာပြောရမှန်း မသိတော့ချေ။

"အမေ့ရဲ့ စွပ်ပြုတ်ပန်းကန်လုံးထဲကို သူ ဘာထည့်လိုက်တာလဲ" ရန်ရှီးနဥ် မေး၏။ သူမ စားပွဲပေါ်ရှိ တွန့်ကြေနေသော စက္ကူကို ကြည့်နေရင်း မျက်ရည်များက ကျလာသည်။ "ဖေ့ကျင်း... ရှင် ဘာဖြစ်လို့ ကျွန်မကို မပြောတာလဲ"

ရန်ရှီးနဥ် ဖေ့ကျင်းထိတာကို ရှောင်လိုက်သည်။ "ဖေ့ကျင်း... ရှင် အားလုံးကို သိထားရက်နဲ့ ဘာလို့ ကျွန်မကို မပြောပြတာလဲ၊ ဘာလို့လဲ၊ ပြောစမ်းပါ၊ သူ ကျွန်မအမေစွပ်ပြုတ်ထဲကို ဘာထည့်လိုက်တာလဲလို့"

ရန်ရှီးနဥ် ငိုတာကို မြင်ရတော့ဖေ့ကျင်း ရင်နာရသည်။

"အဆိပ်"

ထိုနှစ်တွေတုန်းက သူမအမေ၏ကျန်းမာရေးက မသေခင်မှာ ဖြည်းဖြည်းချင်း အားနည်းလာသည်ကို အမှတ်ရလိုက်သည်။

"အမေ..."

ဖေ့ကျင်း သူမကိုယ်လေးမှာ တုန်ယင်နေပြီး ရှိုက်ကြီးတငင်ငိုကြွေးနေသော ရန်ရှီးနဥ်ကို ဖက်လိုက်၏။

"ရှီးနဥ်... စိတ်လျှော့"

ရန်ရှီးနဥ်လက်မောင်းများက ဖေ့ကျင်းပခုံးကို ဖက်လိုက်ပြီး သူ့လည်ပင်း ရှိုက်ကာငိုတော့သည်။

"သူ ဘာလို့ ကျွန်မအမေကို သတ်တာလဲ၊ ဘာလို့လဲ၊ အမေက သူ့ကို ဘာမှမလုပ်ဘူးလေ၊ အမေက သူနဲ့လည်း ရန်မဖြစ်ဖူးဘူး၊ သူ ဘာဖြစ်လို့ ကျွန်မအမေကို သတ်ချင်နေသေးတာလဲ၊ ဖေ့ကျင်း... ကျွန်မ သူ့ကို သတ်ချင်တယ်"

ရန်ရှီးနဥ် ငိုကြွေးနေရင်း အသံဝင်လာသည်ကို ဖေ့ကျင်းကြားလိုက်ရသည်။ သူမကို အသံမဝင်စေချင်၍ သူမ သတိလစ်သွားအောင် မရိုက်ချင်ရိုက်ချင်နှင့် ရိုက်ထည့်လိုက်ရသည်။

ရန်ရှီးနဥ် သူမအဖေနှင့် မင်းသမီးခန်းဟွာက အမေ့ကို သတ်နေကြသည်ဟု အိမ်မက်မက်လေသည်။ သူမက ကုလားထိုင်တစ်လုံးတွင် ကြိုးချည်ခံထားရကာ အမေ့ကို မကယ်နိုင်ခဲ့ချေ။

"အမေ... အမေ... "

ရန်ရှီးနဥ် လန့်နိုးလာသည်။ သူမ မျက်လုံးများ ဖွင့်လိုက်တော့ ဖေ့ကျင်းက သူမဘေးအိပ်ရာထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဘယ်အချိန်ရှိပြီလဲတော့ သူမ မသိ။

"ရှီးနဥ် ဘာဖြစ်လို့လဲ"

"ဖေ့ကျင်း ကျွန်မ သူ့ကို သတ်ချင်တယ်" ရန်ရှီးနဥ် ပြောလိုက်၏။ "ကျွန်မ သူတို့ကို နာကျင်ခံစားရပြီး သေစေချင်တယ်"

"မင်းအမေသေခဲ့တဲ့အတွက် ကိုယ် မင်းကို လက်စားကူချေပေးမယ်" ဖေ့ကျင်း ကတိပေးလိုက်၏။

ဖေ့ကျင်း သူ့ကတိ သူတည်မည်ကို ရန်ရှီးနဥ်သိ၍ သူမအမေကို ဆုံးရှုံးရသည့်အတွက် သူမ ကျယ်လောင်စွာဖြင့် ရှိုက်ကာ ငိုပြန်သည်။

ငိုရတာ ပင်ပန်းလွန်း၍ ရန်ရှီးနဥ် အိပ်ပျော်သွားသည့်နောက်တွင် ဖေ့ကျင်း ပေ့သို့အဆောင်သို့ ပြန်လာခဲ့သည်။ဖေ့ကျင်း ဖေ့ခန်းကို ဖက်ပြီးနောက် နန်းတွင်းအစောင့်များက ဖေ့ခန်းကို နန်းတော်သို့ ပြန်ပို့ကြသည်။

"ဘာဖြစ်တာလဲ" ပေ့သို မေး၏။

"ငါ့မိန်းမ သိသွားပြီ" ဖေ့ကျင်း ပြော၏။

"ဒါလည်း ကောင်းတာပဲ" ပေ့သို ပြော၏။

ဖေ့ကျင်း မျက်မှောင်ကြုတ်လိုက်၏။ "မင်းပျော်နေတယ်လို့ ငါ ဘာကြောင့် ခံစားနေရတာပါလိမ့်"

"မင်းမိန်းမ ပိုသန်မာလာရင် မင်းအတွက် ကောင်းတာပေါ့" ပေ့သိုက ပြော၏။

ဖေ့ကျင်း သူမကို ကာကွယ်ရာတွင် ရှုံးနိမ့်နေသည်ဟု ခံစားနေရသည်။

"မင်းမိန်းမက နဂိုထဲက ကြံ့ခိုင်တဲ့သူပဲ" ပေ့သို ပြော၏။ "ဒါပေမယ့် မင်းက သူ့ကို ကာကွယ်လွန်းအားကြီးတယ်"

ဖေ့ကျင်း သက်ပြင်းချလိုက်၏။ "မင်းမှန်တယ်၊ ငါ့မိန်းမ ကြံ့ခိုင်တဲ့သူပဲ၊ ငါထင်ထားတာထက် သူက ပိုကြံ့ခိုင်ပြီး ပိုအငြိုးအတေးကြီးတယ်"

"ဟုတ်တာပေါ့ ခြင်္သေ့လေးတစ်ကောင်က သာမန်လူတွေနဲ့ ခြားနားတယ်" ပေ့သို ပြော၏။

ဖေ့ကျင်း သူ့လက်က ကျောက်စိမ်းလက်စွပ်ကို ခဏလောက် လှည့်နေမိသည်။

ဖေ့ကျင်း ဆုံးရှုံးသွားသောမှတ်ဉာဏ်များကို သတိရလာည်။ ရန်ရှီးနဥ်အမေကို ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြံစည်သော ယစ်ထုတ်တစ်ယောက်ကို သတိရမိသွားသည်။ သို့သော် ရန်ရှီးနဥ်အမေက ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ယစ်ထုတ်ကို ခြောက်လန့်ပြီး အဝေးသို့ နှင်ထုတ်လိုက်သည်။

"မင်းမိန်းမ အားလုံးကို သိသွားပြီလား" ပေ့သို မေးလိုက်၏။

"အကုန်လုံးတော့ မဟုတ်ဘူး" ဖေ့ကျင်း ပြော၏။ "သူ ကသောင်းကနင်းဖြစ်သွားပြီးတော့ အများကြီး မတွေးနိုင်သေးဘူး၊ ဒါပေမယ့် သူ မြန်မြန်ပြန်သက်သာလာပြီး ငါ့ကို  အရာအားလုံး​ အတင်းပြောခိုင်းလိမ့်မယ်"

မင်းသမီးခန်းဟွာက သူမအမေကို သတ်ရုံတင်မက သူမကိုပါ သတ်ချင်နေသည့်အကြောင်းကို   ရန်ရှီးနဥ်အား ဖေ့ကျင်း မပြောပြလိုပါ။

"သူ့အမေအတွက် ငါ့မိန်းမ ဘယ်လိုလက်စားချေချင်လဲ မသိဘူး" ဖေ့ကျင်း​ေပြာလိုက်၏။
"ဒါပေမယ့် သူ့ကို အန္တရာယ်ပေးရဲတဲ့ ဘယ်သူမဆို၊ သူချစ်တဲ့ဘယ်သူ့ကိုမဆို ငါသိတယ်၊ အဲ့ဒီလူကို သူ ခံစားရတာထက် အဆတစ်ရာပိုခံစားရအောင် သူလုပ်လိမ့်မယ်"

"မင်းနဲ့မင်းမိန်းမက ငါတွေးထားတာထက်တောင် ပိုလိုက်ဖက်ညီနေသေးတယ်" ပေ့သို ပြောလိုက်၏။

နောက်တစ်နေ့တွင် ရန်ရှီးနဥ်သည် ကုလားထိုင်ပေါ်တွင် တိတိဆိတ်စွာ ထိုင်ကာ တစ်နေ့လုံး အတွေးနက်နေတော့သည်။

ဖေ့ကျင်း အကြောက်ဆုံးသည် ရန်ရှီးနဥ်၏ခေါင်းကို အမုန်းတရားတွေက ဝါးမြိုသွားမှာကိုပင်။

ဖေ့ကျင်းက သူအကြောက်ဆုံးအရာကို တကယ်ဖြစ်လာခွင့် မပြုနိုင်ချေ။ သူ ရန်ရှီးနဥ်ရှေ့တွင် ဒူးထောက်ပြီး သူ့မေးစေ့ကို စေ့ထားသော သူမ၏ဒူးများကြားတွင် မှီထားကာ သူမကို သနားစဖွယ် ကြည့်လာသည်။

"ရှင်မ တစ်နေ့လုံး ကိုယ့်ကို ပစ်ထားတော့ ကိုယ့်မှာ အထီးကျန်နေရတယ်"

ဖေ့ကျင်း၏ သနားစဖွယ်မျက်နှာလေးကို ရန်ရှီးနဥ် ကြည့်လိုက်ပြီး တင်းတင်းစေ့ထားသော သူမနှုတ်ခမ်းတို့က ပြေလျော့သွားသည်။ သူ သူမကို စိုးရိမ်နေပြီး ရယ်အောင် လုပ်ပေးချင်သည်ကို သူမ သိသည်။ သူမနှလုံးသားထဲမှ အေးစက်စက်ခံစားရခြင်းတို့က လျော့နည်းသွားသည်။

"ရှင်မ မင့်ယောက်ျားက လူကြီးလူကောင်းပါနော်" ဖေ့ကျင်း သနားစဖွယ် ပြောလာသည်။ "ကိုယ့်ကို ဘာလို့ ပစ်ထားချင်ရတာလဲ"

ရန်ရှီးနဥ် ဖေ့ကျင်းနားကို ပွတ်သပ်လိုက်ပြီး မျက်နှာကို ကိုင်ကာ နှုတ်ခမ်းတို့ကို နမ်းလိုက်တော့သည်။

ရန်ရှီးနဥ်၏အနမ်းတို့က ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နေပြီး အမှောင်ပြီးတော့ အလင်းလာသလို ဖေ့ကျင်း ခံစားလိုက်ရသည်။

အစေခံများက အခန်းထဲမှ အလျင်အမြန်ထွက်ကာ တံခါးပိတ်ပေးခဲ့ကြသည်။

"ဖေ့ကျင်း" ရန်ရှီးနဥ် ပြော၏။

"ဟင်?" ဖေ့ကျင်း ​မေး၏။

"ကျွန်မကို လိုချင်လား" ရန်ရှီးနဥ် မေးလိုက်၏။

ဖေ့ကျင်း နားလည်သွားကာ ရန်ရှီးနဥ်ကို သူတို့အိပ်ရာပေါ်သို့ ချီသွားလိုက်တော့သည်။

____

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၃၅)

TRANSLATOR - SHARR

--------------------

ေကာင္းကင္က ေဖ့က်င္း၏ဆႏၵကို မလိုက္ေလ်ာေခ်။

ထိုေန့က ရန္ရွီးနဥ္ အိမ္ေတာ္
တြင္ေနရင္း အေစခံငယ္ေလးမ်ား ဥယ်ာဥ္ထဲတြင္ ေဆာ့ကစားေနသည္ကို ၾကည့္ေနစဥ္ ေဖ့က်င္းႏွင့္ ေပ့သိုတို႔က ေဆးဝယ္ထြက္လာၾကသည္။ သူတို႔ႏွင့္အတူ ေဆာ့ကစားလိုေသာ္လည္း ၾကင္နာတတ္ေသာ နဝမမင္းသား၏ဇနီးသည္က အိႁႏၵေသိကၡာရိွရိွေနရမည္ေလ။ သူမဂါဝန္က ယခင္ကထက္ နည္းနည္း ပိုက်ပ္လာသည္ဟု ခံစားလိုက္ရသည္။ သူမ မေန့ညက ေရခ်ိဳးတုန္းက သူမရင္သားမ်ားမွာလည္း အနည္းငယ္ ပိုႀကီးပံုေပၚလာသည္ကို သတိရသြားသည္။

"သခင္မ မင္းသား(၁၃) ေရာက္ေနပါတယ္" အေစခံတစ္ေယာက္က ​ေလ်ွာက္တင္လိုက္သည္။

ဟိုတစ္ေလာတုန္းက နန္းေတာ္ထဲတြင္ ေဖ့ခန္းပါးမ်ားကို ၫွစ္၍ အားရင္ သူမႏွင့္ ေဖ့က်င္းဆီ လာလည္ရန္ေျပာခဲ့ေသးသည္။ ဒါ့ေၾကာင့္ လာလည္တာလား ရန္ရွီးနဥ္ သိခ်င္သြားသည္။

ေဖ့ခန္း ေမြးကတည္းက နန္းေတာ္အျပင္ တ္ခါမွ မထြက္ဖူးေခ်။ နဝမအစ္မေတာ္
က သူမႏွင့္ နဝမအစ္ကိုေတာ္ဆီ လာလည္ရန္ ေျပာေတာ့ သူ တကယ္ကို စိတ္လႈပ္ရွားသြားသည္။

ေဖ့ခန္းက ရန္ရွီးနဥ္ႏွင့္ ေဖ့က်င္းဆီ သြားလည္ခြင့္ေတာင္းေတာ့ ေဖ့ခန္း ရန္ရွီးနဥ္တို႔
ႏွင့္ ရင္းႏွီးမႈရရန္ အခြင့္အေရးေကာင္းျဖစ္သည္ဟု လမိဖုရား ေတြးမိသြားသည္။ နဝမမင္းသား ေနျပန္ေကာင္းလာသည္အထိ ေစာင့္ၿပီး ဘုရင္မင္းျမတ္ထံမွ ခြင့္ျပဳမိန္႔ေတာင္းကာ ေဖ့ခန္းကို ေဖ့က်င္းအိမ္ေတာ္သို႔ အလည္လႊတ္လိုက္သည္။

ဘုရင္မင္းျမတ္က ခြင့္ျပဳလိုက္ၿပီး နန္းတြင္းသက္ေတာ္ေစာင့္
မ်ားႏွင့္အတူ ေဖ့ခန္းကို ေဖ့က်င္းအိမ္ေတာ္သို႔ လႊတ္လိုက္၏။

ေဖ့ခန္း ရန္ရွီးနဥ္ကို ျမင္ေတာ့ သူမလက္ေမာင္းထဲ ခုန္ဝင္လာၿပီး ေဖ့က်င္းကို လွည့္ပတ္ရွာေတာ့သည္။

"နဥ္... နဥ္" ေဖ့ခန္း ေျပာ၏။

ရန္ရွီးနဥ္သည္ ေဖ့ခန္းကို သူမအေဆာင္ေတာ္ႏွင့္ နီးေသာ ဥယ်ာဥ္သို႔ ေခၚသြားလိုက္၏။

"မင့္အစ္ကို(၉)က အျပင္သြားတယ္" ရန္ရွီးနဥ္ ေျပာၿပီး အေစခံတစ္ေယာက္ကို အရိပ္ျပလိုက္၏။

"မင္းသား(၁၃)အတြက္ ေပါက္စီနဲ႔ သၾကားလံုးေတြ ယူလာခဲ့"

​ေဖ့က်င္း အျပင္ထြက္သြား၍ ေဖ့ခန္း နည္းနည္းစိတ္ပ်က္သြားေသာ္လည္း သူ ရန္ရွီးနဥ္ႏွင့္ ကစားလို႔ရေသး၍ သူေပ်ာ္သည္။

ရန္ရွီးနဥ္လည္း ေဖ့ခန္းႏွင့္ ကစားလို႔ရသည္ကို ေတြးမိသြားၿပီး တစ္ေလာတုန္းက ေဖ့က်င္း အိမ္ကိုယူလာေသာ ဆုကြၽီးေဘာလံုးကို သတိရသြားသည္။

[ ဆုကြၽီး - ေရွးေခတ္ တရုတ္ေဘာလံုးကစားနည္း ]

"မတ္ေတာ္(၁၃) ဆုကြၽီး ကစားရေအာင္"

အရင္တုန္းက ရန္ရွီးနဥ္သည္ ရႊမ္ခ်င္းတြင္ ေနခဲ့စဥ္က ဆုကြၽီးကစားရသည္ကို ႏွစ္ၿခိဳက္ခဲ့သည္။ သူမ ေဖ့ခန္းကို ေျမျပင္ေပၚ ျပန္ခ်ကာ ဆုကြၽီးေဘာလံုးကို ယူရန္ အေဆာင္ေတာ္ထဲသို႔ ေျပးသြားလိုက္သည္။

ေဖ့ခန္း ဆုက်ီးေဘာလံုးႏွင့္ ေပ်ာ္ရႊင္စြာ ေဆာ့ကစားေနေလသည္။ သူ ခပ္ေဝးေဝးသို႔ ကန္လိုက္မိလ်ွင္ သူ႔ေျခေထာက္တိုတိုေလးက ဆုကြၽီးေဘာလံုးေနာက္ အေျပးကေလး လိုက္ဖမ္းသည္။

ရန္ရွီးနဥ္၊ အေစခံမ်ားႏွင့္ နန္းတြင္းသက္ေတာ္ေစာင့္တို႔သည္ ၿပံဳးလ်က္ ေဖ့ခန္း ေဘာလံုးေနာက္လိုက္သည္ကို ၾကည့္ေနၾကသည္။ ေဖ့ခန္းအမူအရာမွာ အေလးအနက္ျဖစ္ေနၿပီး မည္သူတစ္ၪီးေယာက္မွ ဆုကြၽီးေဘာလံုးကို သူ႔ဆီက လုယူခြင့္မေပးႏိုင္။

ေဖ့ခန္း ဆုကြၽီးကို ကန္လိုက္တိုင္း အေဝးသို႔ ေရာက္သြားသည္။ သူ၏ ျပင္းထန္လွေသာကန္ခ်က္ေၾကာင့္ ဆုကြၽီးေဘာလံုးမ်ား ပ်ံဝဲၿပီး ေရတြင္းထဲ က်သြားေတာ့သည္။

ေဖ့ခန္း၏ ဝမ္းနည္းေနေသာ မ်က္လံုးဝိုင္းဝိုင္းေလးကို ရန္ရွီးနဥ္ ျမင္လိုက္ရေသာ သူ႔ကို ေခ်ာ့လိုက္သည္။

"မတ္ေတာ္(၁၃)ကစားဖို႔ ဆုကြၽီးအသစ္လုပ္ေပးမယ္ေလ"

ေဖ့ခန္း ေခါင္းညိတ္လိုက္၏။
အထည္မ်ားမွ ဆုကြၽီးေဘာလံုးလုပ္ရသည္မွာ အရမ္းၾကာသည္ကို ရန္ရွီးနဥ္သိ၍ စကၠူသားႏွင့္ လုပ္သည္က ပိုျမန္လိမ့္မည္ဟု ဆံုးျဖတ္လိုက္ေတာ့သည္။ သူမ ေဖ့ခန္းကို ေကာက္ခ်ီကာ ေဖ့က်င္း၏ လက္ေရးလွေလ့က်င့္သည့္အခန္းထဲသို႔ ခ်ီသြားလိုက္သည္။

ေဖ့က်င္း၏ လက္ေရးလွေလ့က်င့္သည့္အခန္းထဲတြင္ ရန္ရွီးနဥ္ႏွင့္ ေဖ့ခန္းတို႔သည္ စားပြဲခံုေပၚႏွင့္ ၾကမ္းျပင္ေပၚမွ ဆုတ္ၿဖဲထားေသာ စကၠူမ်ားကို စုလိုက္ၾကသည္။ထို႔ေနာက္ ေဖ့ခန္းအား တြန္႔ေၾကေနေသာစကၠူမ်ားကို ဘယ္လိုျပန္႔ေအာင္လုပ္ရမလဲ ျပလိုက္ၿပီး စကၠူေဘာလံုးေသးေသးေလးျဖစ္လာေအာင္ လံုးေျခပစ္လိုက္ရသည္။

အရမ္းကို လြယ္လြန္းသည္ဟု ေဖ့ခန္းေတြးလိုက္ၿပီး စကၠူေဘာလံုးေသးေသးေလးေတြ တစ္ပံုႀကီး လုပ္ေနလိုက္သည္။

ရုတ္တရက္ သူမေကာက္လိုက္ေသာ တြန္႔ေၾကေနေသာ စကၠူတစ္ခုကို ၾကည့္မိလိုက္သည္။ ရန္က်င္း။ သူမ ေသေသခ်ာခ်ာ ဖတ္ၿပီးေနာက္ တြန္႔ေခါက္ေနေသာ စကၠူက သူမလက္ထဲမွ လြတ္က်ကာ ထိတ္လန္႔တုန္လႈပ္သြားခဲ့ရသည္။

ေဖ့က်င္း အိမ္ေတာ္သို႔ျပန္လာေတာ့ ေဖ့ခန္းက အလည္လာၿပီး လက္ေရးလွေလ့က်င့္သည့္အခန္းထဲတြင္ ရန္ရွီးနဥ္ႏွင့္အတူ ရန္ရွီးနဥ္ႏွင့္အတူ ရိွေနသည္ဟု ၾကားလိုက္ရသည္။ ေဖ့က်င္း လက္ေရးလွေလ့က်င့္ခန္းထဲ ဝင္လာေတာ့ ေဖ့ခန္းက ၾကမ္းျပင္ေပၚတြင္ ထိုင္ေနရင္း ေပ်ာ္ရႊင္စြာျဖင့္ စကၠူေဘာလံုးေသးေသးေလးေတြကို လုပ္ေနသည္။ သို႔ေသာ္ ရန္ရွီးနဥ္က စားပြဲေရ႔ွရိွ ကုလားထိုင္ေပၚတြင္ ထိုင္ေနၿပီး သူမမ်က္ႏွာတြင္ စိတ္ပ်က္​ေသာအၾကည့္တို႔က ရိွေနသည္။ သူ စားပြဲေပၚရိွ တြန္႔ေၾကေနေသာ စကၠူကို တစ္ခ်က္ၾကည့္လိုက္ၿပီး စာေတြရဲ့ ေနာက္ဆံုးပြားထားတာကို မီးရိႈ႔ရန္ ေမ့သြားသည္ကို နားလည္လိုက္သည္။

ေဖ့က်င္း ေဖ့ခန္းကို ေပ့သို၏အေဆာင္သို႔ ခ်ီသြားလိုက္ၿပီး ေပ့သိုကို ေဖ့ခန္းႏွင့္ ခဏေလာက္ ေဆာ့ေနရန္ ေျပာလိုက္သည္။ ထို႔ေနာက္ သူ လက္ေရးလွေလ့က်င့္သည့္အခန္းဆီသို႔ အျမန္ေျပးသြားၿပီး ရန္ရွီးနဥ္ေဘးတြင္ ထိုင္လိုက္၏။

"ေဖ့က်င္း..." ရန္ရွီးနဥ္ ေျပာ၏။

ေဖ့က်င္း ရန္ရွီးနဥ္ကို ဖက္လိုက္၏။ "ရွီးနဥ္... ကိုယ္ ရွင္းျပမယ္"

ရန္ရွီးနဥ္ ေဖ့က်င္းကို ခပ္ေဝးေဝးသို႔ တြန္းလိုက္သည္။

"အေဖနဲ႔ မင္းသမီးခန္းဟြာရဲ့ စာေတြကို ဘာလို႔ပြားထားတာလဲ၊ ဘာလို႔လဲ"

ေဖ့က်င္း ဘာေျပာရမွန္း မသိေတာ့ေခ်။

"အေမ့ရဲ့ စြပ္ျပဳတ္ပန္းကန္လံုးထဲကို သူ ဘာထည့္လိုက္တာလဲ" ရန္ရွီးနဥ္ ေမး၏။ သူမ စားပြဲေပၚရိွ တြန္႔ေၾကေနေသာ စကၠူကို ၾကည့္ေနရင္း မ်က္ရည္မ်ားက က်လာသည္။ "ေဖ့က်င္း... ရွင္ ဘာျဖစ္လို႔ ကြၽန္မကို မေျပာတာလဲ"

ရန္ရွီးနဥ္ ေဖ့က်င္းထိတာကို ေရွာင္လိုက္သည္။ "ေဖ့က်င္း... ရွင္ အားလံုးကို သိထားရက္နဲ႔ ဘာလို႔ ကြၽန္မကို မေျပာျပတာလဲ၊ ဘာလို႔လဲ၊ ေျပာစမ္းပါ၊ သူ ကြၽန္မအေမစြပ္ျပဳတ္ထဲကို ဘာထည့္လိုက္တာလဲလို႔"

ရန္ရွီးနဥ္ ငိုတာကို ျမင္ရေတာ့ေဖ့က်င္း ရင္နာရသည္။

"အဆိပ္"

ထိုႏွစ္ေတြတုန္းက သူမအေမ၏က်န္းမာေရးက မေသခင္မွာ ျဖည္းျဖည္းခ်င္း အားနည္းလာသည္ကို အမွတ္ရလိုက္သည္။

"အေမ..."

ေဖ့က်င္း သူမကိုယ္ေလးမွာ တုန္ယင္ေနၿပီး ရိႈက္ႀကီးတငင္ငိုေႂကြးေနေသာ ရန္ရွီးနဥ္ကို ဖက္လိုက္၏။

"ရွီးနဥ္... စိတ္ေလ်ွာ့"

ရန္ရွီးနဥ္လက္ေမာင္းမ်ားက ေဖ့က်င္းပခံုးကို ဖက္လိုက္ၿပီး သူ႔လည္ပင္း ရိႈက္ကာငိုေတာ့သည္။

"သူ ဘာလို႔ ကြၽန္မအေမကို သတ္တာလဲ၊ ဘာလို႔လဲ၊ အေမက သူ႔ကို ဘာမွမလုပ္ဘူးေလ၊ အေမက သူနဲ႔လည္း ရန္မျဖစ္ဖူးဘူး၊ သူ ဘာျဖစ္လို႔ ကြၽန္မအေမကို သတ္ခ်င္ေနေသးတာလဲ၊ ေဖ့က်င္း... ကြၽန္မ သူ႔ကို သတ္ခ်င္တယ္"

ရန္ရွီးနဥ္ ငိုေႂကြးေနရင္း အသံဝင္လာသည္ကို ေဖ့က်င္းၾကားလိုက္ရသည္။ သူမကို အသံမဝင္ေစခ်င္၍ သူမ သတိလစ္သြားေအာင္ မရိုက္ခ်င္ရိုက္ခ်င္ႏွင့္ ရိုက္ထည့္လိုက္ရသည္။

ရန္ရွီးနဥ္ သူမအေဖႏွင့္ မင္းသမီးခန္းဟြာက အေမ့ကို သတ္ေနၾကသည္ဟု အိမ္မက္မက္ေလသည္။ သူမက ကုလားထိုင္တစ္လံုးတြင္ ႀကိဳးခ်ည္ခံထားရကာ အေမ့ကို မကယ္ႏိုင္ခဲ့ေခ်။

"အေမ... အေမ... "

ရန္ရွီးနဥ္ လန္႔ႏိုးလာသည္။ သူမ မ်က္လံုးမ်ား ဖြင့္လိုက္ေတာ့ ေဖ့က်င္းက သူမေဘးအိပ္ရာထဲတြင္ လဲေလ်ာင္းေနသည္ကို ေတြ့လိုက္ရသည္။ သို႔ေသာ္ ဘယ္အခ်ိန္ရိွၿပီလဲေတာ့ သူမ မသိ။

"ရွီးနဥ္ ဘာျဖစ္လို႔လဲ"

"ေဖ့က်င္း ကြၽန္မ သူ႔ကို သတ္ခ်င္တယ္" ရန္ရွီးနဥ္ ေျပာလိုက္၏။ "ကြၽန္မ သူတို႔ကို နာက်င္ခံစားရၿပီး ေသေစခ်င္တယ္"

"မင္းအေမေသခဲ့တဲ့အတြက္ ကိုယ္ မင္းကို လက္စားကူေခ်ေပးမယ္" ေဖ့က်င္း ကတိေပးလိုက္၏။

ေဖ့က်င္း သူ႔ကတိ သူတည္မည္ကို ရန္ရွီးနဥ္သိ၍ သူမအေမကို ဆံုးရႈံးရသည့္အတြက္ သူမ က်ယ္ေလာင္စြာျဖင့္ ရိႈက္ကာ ငိုျပန္သည္။

ငိုရတာ ပင္ပန္းလြန္း၍ ရန္ရွီးနဥ္ အိပ္ေပ်ာ္သြားသည့္ေနာက္တြင္ ေဖ့က်င္း ေပ့သို႔အေဆာင္သို႔ ျပန္လာခဲ့သည္။ေဖ့က်င္း ေဖ့ခန္းကို ဖက္ၿပီးေနာက္ နန္းတြင္းအေစာင့္မ်ားက ေဖ့ခန္းကို နန္းေတာ္သို႔ ျပန္ပို႔ၾကသည္။

"ဘာျဖစ္တာလဲ" ေပ့သို ေမး၏။

"ငါ့မိန္းမ သိသြားၿပီ" ေဖ့က်င္း ေျပာ၏။

"ဒါလည္း ေကာင္းတာပဲ" ေပ့သို ေျပာ၏။

ေဖ့က်င္း မ်က္ေမွာင္ၾကဳတ္လိုက္၏။ "မင္းေပ်ာ္ေနတယ္လို႔ ငါ ဘာေၾကာင့္ ခံစားေနရတာပါလိမ့္"

"မင္းမိန္းမ ပိုသန္မာလာရင္ မင္းအတြက္ ေကာင္းတာေပါ့" ေပ့သိုက ေျပာ၏။

ေဖ့က်င္း သူမကို ကာကြယ္ရာတြင္ ရႈံးနိမ့္ေနသည္ဟု ခံစားေနရသည္။

"မင္းမိန္းမက နဂိုထဲက ႀကံ့ခိုင္တဲ့သူပဲ" ေပ့သို ေျပာ၏။ "ဒါေပမယ့္ မင္းက သူ႔ကို ကာကြယ္လြန္းအားႀကီးတယ္"

ေဖ့က်င္း သက္ျပင္းခ်လိုက္၏။ "မင္းမွန္တယ္၊ ငါ့မိန္းမ ႀကံ့ခိုင္တဲ့သူပဲ၊ ငါထင္ထားတာထက္ သူက ပိုႀကံ့ခိုင္ၿပီး ပိုအၿငိဳးအေတးႀကီးတယ္"

"ဟုတ္တာေပါ့ ျခေသၤ့ေလးတစ္ေကာင္က သာမန္လူေတြနဲ႔ ျခားနားတယ္" ေပ့သို ေျပာ၏။

ေဖ့က်င္း သူ႔လက္က ေက်ာက္စိမ္းလက္စြပ္ကို ခဏေလာက္ လွည့္ေနမိသည္။

ေဖ့က်င္း ဆံုးရႈံးသြားေသာမွတ္ဉာဏ္မ်ားကို သတိရလာည္။ ရန္ရွီးနဥ္အေမကို ကိုယ္ထိလက္ေရာက္ က်ူးလြန္ရန္ ႀကံစည္ေသာ ယစ္ထုတ္တစ္ေယာက္ကို သတိရမိသြားသည္။ သို႔ေသာ္ ရန္ရွီးနဥ္အေမက ဓားတစ္ေခ်ာင္းကို ဆြဲထုတ္ကာ ယစ္ထုတ္ကို ေျခာက္လန္႔ၿပီး အေဝးသို႔ ႏွင္ထုတ္လိုက္သည္။

"မင္းမိန္းမ အားလံုးကို သိသြားၿပီလား" ေပ့သို ေမးလိုက္၏။

"အကုန္လံုးေတာ့ မဟုတ္ဘူး" ေဖ့က်င္း ေျပာ၏။ "သူ ကေသာင္းကနင္းျဖစ္သြားၿပီးေတာ့ အမ်ားႀကီး မေတြးႏိုင္ေသးဘူး၊ ဒါေပမယ့္ သူ ျမန္ျမန္ျပန္သက္သာလာၿပီး ငါ့ကို  အရာအားလံုး​ အတင္းေျပာခိုင္းလိမ့္မယ္"

မင္းသမီးခန္းဟြာက သူမအေမကို သတ္ရံုတင္မက သူမကိုပါ သတ္ခ်င္ေနသည့္အေၾကာင္းကို   ရန္ရွီးနဥ္အား ေဖ့က်င္း မေျပာျပလိုပါ။

"သူ႔အေမအတြက္ ငါ့မိန္းမ ဘယ္လိုလက္စားေခ်ခ်င္လဲ မသိဘူး" ေဖ့က်င္း​ေျပာလိုက္၏။
"ဒါေပမယ့္ သူ႔ကို အႏၲရာယ္ေပးရဲတဲ့ ဘယ္သူမဆို၊ သူခ်စ္တဲ့ဘယ္သူ႔ကိုမဆို ငါသိတယ္၊ အဲ့ဒီလူကို သူ ခံစားရတာထက္ အဆတစ္ရာပိုခံစားရေအာင္ သူလုပ္လိမ့္မယ္"

"မင္းနဲ႔မင္းမိန္းမက ငါေတြးထားတာထက္ေတာင္ ပိုလိုက္ဖက္ညီေနေသးတယ္" ေပ့သို ေျပာလိုက္၏။

ေနာက္တစ္ေန့တြင္ ရန္ရွီးနဥ္သည္ ကုလားထိုင္ေပၚတြင္ တိတိဆိတ္စြာ ထိုင္ကာ တစ္ေန့လံုး အေတြးနက္ေနေတာ့သည္။

ေဖ့က်င္း အေၾကာက္ဆံုးသည္ ရန္ရွီးနဥ္၏ေခါင္းကို အမုန္းတရားေတြက ဝါးၿမိဳသြားမွာကိုပင္။

ေဖ့က်င္းက သူအေၾကာက္ဆံုးအရာကို တကယ္ျဖစ္လာခြင့္ မျပဳႏိုင္ေခ်။ သူ ရန္ရွီးနဥ္ေရ႔ွတြင္ ဒူးေထာက္ၿပီး သူ႔ေမးေစ့ကို ေစ့ထားေသာ သူမ၏ဒူးမ်ားၾကားတြင္ မွီထားကာ သူမကို သနားစဖြယ္ ၾကည့္လာသည္။

"ရွင္မ တစ္ေန့လံုး ကိုယ့္ကို ပစ္ထားေတာ့ ကိုယ့္မွာ အထီးက်န္ေနရတယ္"

ေဖ့က်င္း၏ သနားစဖြယ္မ်က္ႏွာေလးကို ရန္ရွီးနဥ္ ၾကည့္လိုက္ၿပီး တင္းတင္းေစ့ထားေသာ သူမႏႈတ္ခမ္းတို႔က ေျပေလ်ာ့သြားသည္။ သူ သူမကို စိုးရိမ္ေနၿပီး ရယ္ေအာင္ လုပ္ေပးခ်င္သည္ကို သူမ သိသည္။ သူမႏွလံုးသားထဲမွ ေအးစက္စက္ခံစားရျခင္းတို႔က ေလ်ာ့နည္းသြားသည္။

"ရွင္မ မင့္ေယာက္်ားက လူႀကီးလူေကာင္းပါေနာ္" ေဖ့က်င္း သနားစဖြယ္ ေျပာလာသည္။ "ကိုယ့္ကို ဘာလို႔ ပစ္ထားခ်င္ရတာလဲ"

ရန္ရွီးနဥ္ ေဖ့က်င္းနားကို ပြတ္သပ္လိုက္ၿပီး မ်က္ႏွာကို ကိုင္ကာ ႏႈတ္ခမ္းတို႔ကို နမ္းလိုက္ေတာ့သည္။

ရန္ရွီးနဥ္၏အနမ္းတို႔က ေက်းဇူးတင္မႈတို႔ျဖင့္ ျပည့္ေနၿပီး အေမွာင္ၿပီးေတာ့ အလင္းလာသလို ေဖ့က်င္း ခံစားလိုက္ရသည္။

အေစခံမ်ားက အခန္းထဲမွ အလ်င္အျမန္ထြက္ကာ တံခါးပိတ္ေပးခဲ့ၾကသည္။

"ေဖ့က်င္း" ရန္ရွီးနဥ္ ေျပာ၏။

"ဟင္?" ေဖ့က်င္း ​ေမး၏။

"ကြၽန္မကို လိုခ်င္လား" ရန္ရွီးနဥ္ ေမးလိုက္၏။

ေဖ့က်င္း နားလည္သြားကာ ရန္ရွီးနဥ္ကို သူတို႔အိပ္ရာေပၚသို႔ ခ်ီသြားလိုက္ေတာ့သည္။

Continue Reading

You'll Also Like

506K 54.6K 42
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
9.9K 843 21
The Picture of Dorian Gray သည္ Oscar Wilde က Lippincott လစဥ္ မဂၢဇင္းတြင္ ေရးသားခဲ့ေသာ Gothic ၀တၴဳ အမ်ိဳးအစားျဖစ္ျပီး July 1890 တြင္ အျပီးသတ္ခဲ့သည္။...
115K 8.1K 87
My wife spoil me too much.... translated by :Triple - M20 အျမဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလို...
367K 39.9K 29
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...