The Protagonist is My Ex [Com...
By Mikoshi_Zerk
292K 30.4K 2.8K
"ဇာတ်လိုက်က ငါ့Ex" It's Zsww fanfiction. More
Teaser(intro)
0.1
0.2
0.3
0.4
0.5
0.6
0.7
0.8
0.9
1.0
1.1
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
2.0
2.1
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
3.0
3.1
3.2
Heyo
Final
12.1K 881 227
By Mikoshi_Zerk
"ကဲ သတို့သားနဲ့ သတို့သားရဲ့လင်လေး တို့နမ်းလို့ရပါပြီ"
ကျူးရှီးလော့ ရဲ့ အသံက အကျယ်ကြီးထွက်လာခဲ့ပါတယ်။ ဝမ်ရီပေါ် က ရှက်ပြုံးပြုံးနေခဲ့ပြီး ရှောင်ကျန့်ကတော့ ထုံးစံအတိုင်း ဧည့်ခံပွဲက လူ တွေကို ဂြိုလ်သားဇာတ်သွင်းနေဆဲပါ။
"ဘာကို နမ်းမှာလဲ..ဒါက စေ့စပ်ပွဲပဲကို..ကျူးရှီးလော့တို့ဉာဏ်မရှိပုံများ"
"Wedding မှ နမ်းရမယ်လို့ CEO ကြီးကိုဘယ်သူပြောလဲ..နမ်းချင်ရင်နမ်းလို့ရတာပဲ"
"နမ်းချင်ရင်နမ်းလို့ရတယ်ပေါ့.."
အခုရက်ပိုင်း CEO ကြီးက ထူးဆန်းလာတာကို ကျူးရှီးလော့ သတိထားမိပါတယ်။ဥပမာ အခုလို ထဖောက်လာတာမျိုးပေါ့။
CEO မသိအောင် သူ့ရဲ့ laptop ထဲကို gayporn တွေခိုးထည့်ပေးမိတာ အမှားကြီးမှားပြီလားတော့မသိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ CEO ရဲ့ အပြုံးကြီးကို သူက ကြက်သီးထပါတယ်။
"အဟမ်း ...ဟို..ဟို..ခဏနေသတင်းသမားတွေရောက်လာတော့မှာမို့ ပြင်ဆင်စရာလေးတွေရှိသေးတယ်ရယ်..ကျနော့်ကို ခွင့်ပြုပါဦး CEO"
"ငါရော ကူပေးမယ်လေ.."
Super hero တို့ ကျူးရှီးလော့ကို ကယ်ကြပါ။
CEO ကြီးက သူ့ကို 'ကူပေးမယ်' လို့ပြောလိုက်တာလား။
ကြည်ရတာ ဒီနေ့မနက် CEO ကြီး ဆေးမှားသောက်လာခဲ့ပြီထင်ပါရဲ့။
.
.
.
"ကိုကို ..ငါ ရင်တွေတုန်နေတယ်"
"ကိုယ်ရှိတယ်လေ ဝမ်ကလေးရယ်"
ရှောင်ကျန့်က တုန်လှုပ်ခြင်း တစ်စက်မျှ မရှိလေတဲ့ အသံနဲ့ဆိုပါတယ်။
မနက်ဖြန်ခေါင်းစည်းပိုင်းမှာ ပါလာမယ့် သူတို့နှစ်ယောက်ရဲ့ သတင်းအတွက် အကျိုးရလဒ်ကတော့ ကောင်း၏ဆိုး၏မသေချာပါဘူး။
ဒါပေမဲ့ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ရှောင်ကျန့်ဟာ ထည့်တွက်လိမ့်မှာမဟုတ်ပါဘူး။
"စေ့စပ်ပွဲအထိန်းအမှတ်အနေနဲ့ ဝမ်ကလေး ဒီနေ့ည ကိုယ့်အခန်းထဲလာအိပ်ရမယ်"
"ဘာမှလည်းမဆိုင်ဘူး"
ရှောင်ကျန့်က စိတ်နဲ့လူနဲ့ မကပ်တဲ့ကောင်လေးအတွက် ရောက်တတ်ရာရာ စကားလမ်းကြောင်းလွှဲပါတယ်။
ဒီကနေ့မှာ သူသိပ်ပျော်နေတာမို့ ချစ်ရတဲ့ ဝမ်ကလေးကိုလည်း ဝမ်းမနည်းနေစေချင်ပါဘူး။
"ဝမ်ကလေး ဒီနေ့ ပင်ပန်းတယ်မဟုတ်လား"
"ဟင့်အင်း ငါစိတ်ထဲမှာ မနက်ကတည်းက လေပေါ်ပျံနေရသလိုပဲ တလှပ်လှပ်နဲ့ သိပ်နေလို့ကောင်းတဲ့ ခံစားချက်မျိုး..ဟီးဟီး"
"လာပါဦး ကိုယ့်ဆီကို"
သူ့ဆီကို ပစ်ဝင်လာတဲ့ ကောင်လေးကို ရှောင်ကျန့်က မလွှတ်တမ်း ဖမ်းဆုပ်ထားလိုက်ပါတယ်။
ချစ်ရတဲ့ပါးဖောင်းလေးကို အသံမြည်အောင် ဖိကပ်နမ်းတော့ ကောင်ကလေးမျက်နှာက ရှုံခနဲပဲ။
"ပါးထဲကိုနှာခေါင်းကြီးဝင်သွားတော့မှာပဲ"
"ဟားဟား."
.
.
.
"ဝမ်ကလေး ..ဟိုရောက်ရင် night out တွေခဏခဏ မထွက်ရဘူးနော်။
မတည့်တာတွေလည်း လျှောက်မစားနဲ့.။နွေးနွေးထွေးထွေးနေ။ညနက်တဲ့အထိလည်း စာလုပ်မနေနဲ့ဦး..ကြားရဲ့လား ."
"စိတ်ချပါ.ကိုကိုကလည်း.."
"ဖြစ်နိုင်ရင် ကိုကိုက ဝမ်ကလေးနဲ့တစ်ခါတည်းလိုက်ခဲ့လိုက်ချင်တာ"
".ငါ semester တစ်ခုပြီးတိုင်းပြန်လာပါ့မယ်ဆို..
ငါ့ရဲ့ကိုကို သိပ်အလုပ်များတဲ့ သူဌေးကြီးဆိုတာ သိပါတယ် "
"ဟိုကျရင် ဘယ်အနောက်တိုင်းသူနဲ့မှရောရောနှောနှောမနေနဲ့..သူတို့က လက်ရဲဇက်ရဲ နိုင်တော့ ဝမ်ကလေးကို စိတ်မချပါဘူး။
ပြီးတော့ အဖြူကောင်တွေနဲ့လည်း နီးနီးကပ်ကပ်မနေနဲ့"
"အင်းဆို.."
"ကဲ ရှောင်ကျန့်ရေ မှာလို့ပြီးပြီဆိုလည်း ချာတိတ်ကို ခဏငှားပါဦး ..အောက်ထပ်မှာ Ceo ဝမ်တို့ စောင့်နေကြပြီ..လေယာဥ်အချိန်လည်းနီးနေပြီ"
ကျူးရှီးလော့က တံခါးဘောင်ပေါ်လက်တင်ရင်း ပျင်းတိပျင်းရွဲနဲ့ပြောပါတယ်။ ဝမ်ကလေးကတော့ တစ်ချက်ပြုံးပြလိုက်ရင်း ရှောင်ကျန့်ရဲ့ပါးပြင်ကို အားဘွားကြီးကြီးလှမ်းပေးလိုက်ပါတယ်။ သုန်မှုန်နေတဲ့ ရှောင်ကျန်က အဲ့ဒိတော့မှ ပြုံးယောင်သန်းလာတာရယ်ပါ။
"ကိုကို မင်းကိုလွမ်းလိုက်တာ ဝမ်ကလေးရယ်"
"သောက်ပိုတွေကို instock တင်ရောင်းနေပါပြီဗျိူး"
"မင်းသွားလိုက်တော့ ကျူးရှီးလော့!!"
မကြည်မလင်ကြည့်လာတဲ့ ရှောင်ကျန့်ကို နှုတ်ခမ်းရွဲ့ပြတဲ့ ကျူးရှီးလော့ရယ်ပါ။ ရှောင်ကျန့်ရဲ့ဝမ်ကလေးကတော့ရယ်လို့ကောင်းနေတုန်းပဲဖြစ်ပါတယ်။
"သွားမှာပါ..ရှောင်ကျန့်ရာ
နောက်တစ်ပတ် Awards show ကိုတက်ရမှ ရှီးလော့ကယ်ပါ..ငါ့သူငယ်ချင်းကူပါ လာမလုပ်နဲ့...ကန်တော့ဆွမ်းကို triple ပေးလိုက်မယ်"
ဘောက်ဆက်ဆက်နဲ့ ထွက်သွားတဲ့ ကျူးရှီးလော့ကို မကျေမနပ်ဖြစ်နေတဲ့ ရှောင်ကျန့်က သူ့ရဲ့ဝမ်ကလေးကို ကြည့်မိတာနဲ့ ပြိုတော့မိုးညိုညိုတွေလိုပြန်ဖြစ်သွားပါတယ်။
"ဝမ်ကလေး နားတဲ့အချိန်တိုင်း ကိုကိုတို့ vedio call ပြောကြမယ်နော်. အချိန်ကွာလည်း ကိစ္စမရှိဘူး။ မနက်၄နာရီဆိုရင်တောင် ကိုကို အဆင်ပြေပါတယ်"
"ကိုကို ..က ငါ့ကို မသွားချင်အောင်ပြောနေတာ"
"ဟင့်အင်း ..ဝမ်ကလေး သွားရမှာပေါ့။ ကိုကို က မင်းရဲ့တက်လမ်းကို ဘယ်သောအခါမှ ပိတ်ရပ်နေမယ့် လူမျိုးမဟုတ်ရပါဘူး"
"ကိုကိုကွာ ..ချစ်စရာကြီး"
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ပါးနှစ်ဖက်ကို အုပ်မိုးကိုင်လို့ နှုတ်ခမ်းပါးအောက်က မှည့်နက်ကလေးကို အသံမြည်အောင် အနမ်းခြွေပါတယ်။
"မှည့်ကိုပဲနမ်းနေတော့မှာလား..ဝမ်ကလေး"
"ငါက အဲ့တာလေးကို ချစ်နေရတဲ့ဟာ"
"ဝမ်ကလေးက သွားခါနီးကို ကိုယ့်ရဲ့သမာဓိအား စမ်းသပ်သွားချင်တာလား..။
အဲ့တာဆိုရင်တော့ အခုကတည်းက ကိုယ့်ရဲ့သမာဓိအားတွေကျနေပြီ။
စာမေးပွဲစစ်တဲ့သူက ဝမ်ကလေးဖြစ်နေတော့ ရလဒ်အနေနဲ့ ဝမ်ကလေး US ကိုမရောက်ဘဲ ကုတင်ပေါ်ကမထနိုင်မှာဘဲ စိုးရိမ်ရတာ"
"ကိုကို!!"
"ဟင်းဟင်းဟင်း ."
"ဘာတွေကိုပြောနေမှန်း မသိတော့ဘူး..အရှက်ကိုတစ်စက်မှ မရှိတဲ့ ယုန်စုတ်ကြီး"
"မသွားခင်လေး ကိုယ်တို့ တစ်ခါလောက်.."
"ရှောင်ကျန့်!!!"
ဝမ်ရီပေါ်မျက်နှာက နီရဲနေပြီး ဂြိုလ်ကြည့်ကြည့်ပါတယ်။ အရှက်မရှိတဲ့ သူ့အနာဂါတ်ခင်ပွန်းလောင်းကြီးက တော့ တဟားဟားနဲ့ အော်ရယ်လို့ကောင်းနေဆဲပါပဲ။
"တစ်ခါလောက်..အနမ်းပေးရအောင်လို့ ပြောတာပါ...ဝမ်ကလေးရဲ့"
"သွား..မသိဘူး.."
"မသိရင် ကိုကို နမူနာပြမယ်..လာဒီကို"
"လွှတ်. .ငါ့ကိုအတင်းမဖက်နဲ့။ အကျီတွေကြေကုန်ရင် ရှိုးပဲ့တယ်ဆို..လွှတ်"
"မလွှတ်နိုင်ပါဘူး ..ပဲများတဲ့ ကောင်ကလေးကို အပြစ်ပေးရမယ်"
ဝမ်ရီပေါ်က အားမပါဘဲ ရုန်းပေမယ့် ရှောင်ကျန့်ကတော့ လွှတ်ပေးဖို့အစီအစဥ်မရှိရပါဘူး။
"Flight မမှိဘဲနေ....အွတ်!"
.
.
.
"ရှောင်ကျန့်ရာ. မင်းကြည့်ရတာ သူတောင်းစားခွက်ပျောက်နေတဲ့ ရုပ်ကြီးနဲ့.."
ရှောင်ကျန့်က Beijing international Airport ဆိုတဲ့ စာတန်းကြီးကို လှည့်ကြည့်လှည့်ကြည့်နဲ့ သံယောဇဉ် တွယ်နေရှာပါတယ်။
ကျူးရှီးလော့ကိုလည်း ရန်မလုပ်ချင်တော့တာကြောင့် ကားနောက်ခန်းမှာ အားရပါးရလှဲချလိုက်ပြီး မျက်လုံးတွေကို စုံမှိတ်ထားလိုက်တော့တာပါပဲ။
သူ့မျက်လုံးထဲမှာ ဝမ်ကလေးရဲ့ပုံရိပ်က အမြဲစိုးမိုးနေတာမို့ အလွမ်းပြေလို ပြေငြားနဲ့ရယ်ပါ။
"သောက်ပိုတွေသိပ်မလုပ်ပါနဲ့ ငါ့ကောင်ရေ . .မင်းလင်လေးက အခုနကမှ လေယာဥ်ပေါ်ကိုတက်သွားတာလေ"
"ကျူးရှီးလော့ .ပါးစပ်ပိတ်ထားစမ်းပါ"
"ဟူး.မင်းချာတိတ်ကို သိပ်ချစ်တာသိပါတယ်ကွာ။
အခုဟာက နှစ်ယောက်လုံး ကောင်းဖို့အတွက် ခဏလေးခွဲရတာပဲဟာ..ငါတို့လည်း schedule တွေအားရင် သွားလည်လို့ရတာပဲ"
"အင်းပါကွာ၊"
"အင်းပါကွာဆိုလည်း တက်တက်ကြွကြွနေစမ်းပါ။ မင်းက အခုမှ Ent: စထောင်ထားတာ..ငါတို့ ဒီထက်ပိုပြီး အောင်မြင်ဖို့လိုတယ်ကွ။
ဒါမှ ယွဲ့ဟွာ က CEO ကြီးကို ချေ လို့ရမှာ"
ရှောင်ကျန့်ရဲ့ ဖွင့်ဟချက်ကြောင့် အနုပညာလောက အတော်ဂယက်ရိုက်သွားခဲ့တာမို့ သူတို့မှာအတော်ဖြေရှင်းယူလိုက်ရပါတယ်။ရှောင်ကျန့်ကတော့ သီးသန့် Entertainmentခွဲဖွင့်ပြီးတော့ ကြိုးစားနေရတာကြောင့် သူငယ်ချင်းဖြစ်တဲ့ ကျူးရှီးလော့ကလည်း မနေနိုင်ရှာပါဘူး။
ယွဲ့ဟွာ ကနေထွက်ပြီးတော့ကို ရှောင်ကျန့်အနားမှာ PA လိုက်လုပ်ပေးနေရခြင်းပါ။
"မင်းပဲပြောတော့ . ..CEO ရှေ့ရောက်ရင်ကျ အသံကိုထွက်မလာတော့ဘူး ..မသိရင် CEO ကပဲမင်းကို လုပ်ထားတဲ့ပုံစံနဲ့"
"ဘာ...ဘာပြော..ဘာ 'လုပ်' တယ်?"
" ရိုက်တာနှက်တာပြောပါတယ် "
ကျူးရှီးလော့ က မျက်လုံးထဲပေါ်လာတဲ့ CEO မျက်နှာကြီးကို ပျောက်သွားအောင် ခေါင်းတွေခါနေပါတော့တယ်။
ကားအနောက်ခန်းထဲက ရှောင်ကျန့်ကတော့ လွမ်းနာကျလို့ရယ်ပါ။
.
.
.
နွေဦးမှာ မေပယ်ရွက်ဝါတွေကြွေတော့ ရှောင်ကျန့် က ဝမ်ကလေးကို သိပ်လွမ်းပါတယ်။
နွေလည်ခေါင်ရောက်ပြန်တော့ သူကလွမ်းနာကျပြီး အရူးရင့်ခဲ့ပြန်ပါပေါ့ ။
ဆောင်းဦးရဲ့အငွေ့အသက်လေးတွေကြားထဲမှာလည်း ဝမ်ကလေးကိုပဲ အသည်းအသန်ရှာမိနေပါတော့တယ်။
ဒီနှစ်ရဲ့ နှင်းတွေဝေတဲ့ December ဆောင်းညကျရင်တော့ ချစ်ရသူကို ပြန်တွေ့ချင်မိပါသေးရဲ့။
တစ်နှစ်ဆိုတဲ့ အရာက သူ့အတွက် တစ်သက် လို့ပါလား အောက်မေ့ရပါတယ်။
.
.
.
In 25 December, 2021
"ကိုကိုရေ ..ဒီမယ်နှင်းတွေသိပ်ကျနေတယ် သိလား"
"ကိုကိုကတော့ ဝမ်ကလေးကိုလွမ်းနေရလို့ ဝမ်ကလေးနောက်က နှင်းစက်တွေကိုတောင် မမြင်တော့ပါဘူး"
"ကိုကိုက ခြွေတယ်ကွာ..."
ရှောင်ကျန့်က screen ပေါ်က ပုံရိပ်လေးကို လက်ကလေးနဲ့ အမြတ်တနိုးထိပါတယ်။
သူရဲ့ဝမ်ကလေးက ချောချော လာလို့ဘယ်လိုလုပ်ရပါ့မလဲ။သူ့ရင်ခွင်ထဲမှာပဲ ထွေးထားလို့ရရင်လည်း အကောင်းသားရယ်ပါ။
"ဒီတစ်ခါ Semester end ရင်တော့ ငါပြန်လာလို့ရမယ်မထင်ဘူး ကိုကို"
ရှောင်ကျန့်ရဲ့ မျက်နှာက သိသိသာသာကြီး ညိုးငယ်သွားပါတယ်။ဒီသုံးလေးလအတွင်း သူက ဘယ်လောက်တောင် လွမ်းခဲ့ရတာမို့လို့လဲ။ ခါတိုင်းလိုပဲ Semester ပြီးရင် ဝမ်ကလေးက ပြန်လာနေကျဆိုပြီး အားတင်းထားခဲ့ရတာဖြစ်တယ်။ဒီနှစ်ရဲ့ Christmas ကတော့ သူ့အတွက် အကြီးအကျယ် ပြသာဒါးပါပဲ။
"ကိုကို ရာ ဘာလို့ မျက်နှာကြီးစူပုတ်နေတာလဲ..ဒီတစ်ခေါက် ပြန်မလာနိုင်ပေမယ့် နောက်ထပ် နည်းနည်းထပ်စောင့်လိုက်ရင် ငါ ကျောင်းပြီးပြီလေကွာ"
"ကိုယ် မနက်ဖြန် အရေးကြီးmeeting ရှိတယ် ဝမ်ကလေး ညကျမှ ထပ်ခေါ်လိုက်မယ်နော်"
"ကိုကို..ငါ့ကို စိတ်ဆိုးသွားတာလား"
"ဟင့်အင်း.."
"ဟုတ်ပါတယ်..စိတ်ဆိုးနေပါတယ်.."
"မဆိုးပါဘူး"
"စိတ်မဆိုးပါနဲ့ ကိုကို. ငါ အာဘွားပေးမယ်လေ"
"မွ!!..ပြုံးပြဦးလေ..ငါ့ကို..ပြုံးပြဆို.."
ရှောင်ကျန့်က Ageyo တွေလုပ်ပြနေတဲ့ ဝမ်ကလေးကို ငေးမဝသလိုကြည့်ပါတယ်။
အနီးအနားမှာသာ ရှိရင် ဝမ်ပေါက်စ က သူ့ရင်ခွင်ထဲရောက်နေလောက်ရောပေါ့ ။
ရှောင်ကျန့်ရဲ့ အားနည်းချက်က ဝမ်ကလေးအကြောင်းစဥ်းစားလိုက်တာနဲ့ မျက်နှာက အလိုလို ပြုံးနေပြီးသားဖြစ်လေတော့ မခက်ပေဘူးလား။
"ပြုံးပြီ...မင်း နောက်ဆုံးတော့လည်း ပြုံးရတာပဲမဟုတ်လား..ဟားဟား"
"ဝမ်ကလေး..ဒီနေ့ lecture သေချာရောလိုက်ရဲ့လား"
"လိုက်တာပေါ့ ..ငါက ဒီနေ့ pressentation မှာ leader ပါနော်။
အာရိုး . .မင်းကိုပြောဦးမယ် Jack ကလေ ငါတို့ pressentation စတော့မယ်ဆိုမှpower point ထဲက data တွေအကုန် မှားပြီး recycle bin ထံပို့လိုက်တာ ငါ့မှာ မျက်လုံးတွေကိုပြာတက်သွားတာပဲ"
"အဆင်ရောပြေရဲ့လား"
"တော်သေးတယ် Emily က IT အတော်ကျွမ်းလို့ data တွေ အများကြီး ပလုန်မသွားတာ။
ပျက်သွားတဲ့ data အချို့ကတော့ ငါ pressentation လုပ်နေရင်းနဲ့ နည်းနည်း ဖြည့်ပြီး အဆင်ပြေအောင် လုပ်လိုက်ရတယ်"
"ဝမ်ကလေးက တော်လိုက်တာ"
"ဒါပေါ့...မင်းရော အကုန် Ok တယ်မလား အလုပ်ကတော့ ပင်ပန်းမှာပေါ့ ငါတို့ Ent: က စ run တာမကြာသေးဘူးမလား"
"မင်းယောကျ်ားပဲဟာ အကုန်အဆင်ပြေရမှာပေါ့.ဟားဟား"
"စိတ်ချမ်းသာသလိုသာ ပြောပါတော့"
"ဟင်းဟင်းဟင်း "
"ငါ မင်းကိုပြောပြဖို့ မေ့တော့မလို့..မင်းသိလား..ငါနေတဲ့ flat နားလေးက ပေါင်မုန့်ဆိုင်ရှိတယ်လေ။အဲ့ဒီကMrs.Mercy လေ သူက အပေါက်အရမ်းဆိုးတာပဲ..ငါဟိုနေ့က.."
ရှောင်ကျန့်ကတော့ နှုတ်ခမ်းလေးတချွန်ချွန်နဲ့ စကားတွေမနားတမ်းပြောနေတဲ့ ဝမ်ကလေးကို ပြုံးပြုံးကြီးထိုင်ကြည့်တတ်ပါတယ်။ ဒါက သူတို့နှစ်ယောက် chatting ထိုင်ဖြစ်တိုင်း ဖြစ်နေကျ ရိုးရာကြီး တစ်ခုလိုပါပဲ။
ဝမ်ကလေးကတော့ သူရဲ့တစ်နေ့တာတွေကို မမောတမ်းဖောက်သည်ချလေ့ရှိပြီး ရှောင်ကျန့်ကလည်း screen လေးကို တမြတ်တနိုးငေးကြည့်နေတတ်တော့တာပါပဲ။
သူတို့က နှစ်ရက်သုံးရက်တစ်ခါလောက် ပြောဖြစ်ကြတာမို့ ရှောင်ကျန့်ရဲ့ နေ့ရက်လေးတွေက ထင်သလောက်ကြီး ခြောက်ကပ်မနေတော့တာပဲဖြစ်တယ်။
.
.
.
"ရှောင်ကျန့် မင်းဟာလေ . .ပြောမရဆိုမရနဲ့ ဒီလိုမှန်းသိရင် အကို့ ကိုပစ်ပြီး မင်းဆီမှာ PA လိုက်မလုပ်ခဲ့ပါဘူး"
"အဲ့တာဆိုလည်း မင်းဘဲကြီးဆီသွားတော့ကွာ။
ငါ ဒီမှာ Trainee တွေရဲ့ personal data တွေကို check နေတယ်မအားဘူး"
"မင်းကလေ.."
ကျူးရှီးလော့က ခေါင်းတွေသာကုတ်နေမိတော့တာပါပဲ။ JCG group က တကူးတက ကမ်းလှမ်းလာတဲ့ dinner မို့ လက်ခံလိုက်ပြီးမှ အခုတော့ အမောင် ရှောင်ကျန့် လုပ်ပုံနဲ့ ဘယ်လိုနှစ်ပါးသွားရပါ့မလဲ။
စိတ်ညစ်လို့ကောင်းနေတုန်းအချိန်မှာဘဲ အိတ်ကပ်ထဲက ဖုန်းလေးက vibrate ဖြစ်လာပါတယ်။
Contact ကို ကြည့်မိတော့ 'CEO' တဲ့။
ကျူးရှိးလော့ကမျက်မှောင်ကြုတ်လိုက်ပါတယ်။ သူနဲ့ CEOနဲ့ကလွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ Official စ date ကြတာမို့ Contact name တောင် ပြောင်းဖို့မေ့နေခဲ့တာ။
"ဟယ်လို..အကို"
"အင်း.. ကျနော် အားတယ်ရယ်.."
"စားပြီးပြီ အကိုရဲ့ ဟီးဟီး . "
"အကိုကတော့ပိုပြီ ဘာတွေပြောမှန်းမသိဘူး"
"ချစ်တယ်ဆို...အင်း..bye"
ရှောင်ကျန့်က laptop ကနေ ခဏခွာပြီး ပြုံးဖြီးနေတဲ့ ကျူးရှီးလော့ ကို ကြည့်ပြီး ခံတွင်းတွေချဥ်လာပါတယ်။
ထာဝရ Fa တွေများ ပထမဆုံး ရည်းစားထားဖူးတာမှန်း သိသာလိုက်တာဆိုတာ မပြောပြချင်တော့ပါဘူး။
သူ့သူငယ်ချင်းကြီး စိတ်ချမ်းသာရင်ပြီးတာပဲဆိုတဲ့ စေတနာနဲ့ လွှတ်ထားပေးလိုက်တာ ကျူးရှီးလော့တို့က ဇောင်းကလွတ်တဲ့ မြင်းကြီးလိုပဲ
စပ်စလူးကိုခါနေရော။
"ငါ့ရုံးခန်းထဲက ဖုန်းပြောစရာနေရာလား အလုပ်တွေအားနေတယ်ထင်တယ်။ ဟိုတစ်နေ့က Audition ဖြေထားတဲ့ ကလေးတွေရဲ့ data တွေကို survey ပြန်ကောက်ခဲ့"
"မင်းကလေ ဝဋ်အကြီးကြီးလည်မယ့် ကောင်"
"မလေးမစားနဲ့ ပါလား အတွင်းရေးမှူး ကျူး "
မျက်ဖြူလှန်ပြပြီး အခန်းထဲကနေထွက်သွားတဲ့ ကျူးရှီးလော့ က သူ့ဘဲကြီး အားကိုးနဲ့ အတော်ရွလာတယ်လို့ပဲ ရှောင်ကျန့်ကမြင်ပါတယ်။
တံခါးကို အသံထွက်အောင်က ဆောင့်ပိတ်သွားပါသေးတယ်။ဒါက FA တွေရည်းစား စ ထားရင်ဖြစ်တတ်တဲ့ စိတ်ကစင့်ကလျား ရောဂါလို့ပဲ နှလုံးသွင်းလိုက်ပါတော့တယ်။
[Knock!..Knock!]
အပြင်က တံခါးခေါက်တဲ့အသံကြောင့် ရှောင်ကျန့်က မျက်မှန်ချွတ်လိုက်ပြီး မျက်ရိုးတွေကို နှိပ်နယ်မိတော့တယ်။ကျူးရှီးလော့ က သူ့ကို အနှောင့်အယှက် ပေးလို့ဝသေးပုံမပေါ်ပါဘူး။
"အတွင်းရေးမှူး ကျူး. ..လုပ်စရာရှိတာသွားလုပ်ထားပါ။ ညနေမှ Survey ကောက်လို့မပြီးရင် မင်းဒီနေ့ည overtime ဆင်းရမယ်မှတ်!!"
ရှောင်ကျန့်က အသံမြင့်မြင့်နဲ့လှမ်းအော်ရင်း မျက်မှန်ကို ပြန်တပ်လိုက်ပြီး screen ကိုပဲ အာရုံစိုက်ထားလိုက်တော့တယ်။
[Click.. !]
အတန်တန်ပြောထားပါရက်ကြားက တံခါးဖွင့်သံကြားရတာကြောင့် ရှောင်ကျန့်က မျက်ခုံးတွေတွန့်ချိုးထားမိပါတယ်။
"ကျူးရှီးလော့ရေ..ငါ"
"ကိုကို...."
Keyboard ပေါ်က ရှောင်ကျန့်ရဲ့လက်တွေက ရပ်တန့်သွားခဲ့တယ်။ အသက်ရှုနေတာကို တောင် ရပ်ထားလိုက်မိတာလား မသေချာတော့ပါဘူး။
သူက မတ်တပ်ထရပ်မိတဲ့အထိ ရင်ထဲက တဒိန်းဒိန်း မြည်သံတွေကြားနေရပါတယ်။
"ဝမ်...ဝမ်ကလေး ..လား"
.
.
.
"အဆိုးလေးက ကိုယ့်ကို အံ့သြစေချင်တာနဲ့ပဲ တိတ်တိတ်လေးပြန်လာရလား"
"မသိဘူး ငါ ကိုကို့ ကိုလွမ်းနေတာပဲ သိတော့တယ်"
"ကိုယ့်ကို ခြွေနေတော့မှာလား"
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ကိုယ်ပေါ်မှာ မှောက်အိပ်နေရင်းကနေ ခေါင်းထောင်ကြည့်ပါတယ်။
အရင်ကဆို တရုတ်ကိုအလည်ပြန်လာတိုင်း မားမားနဲ့ဖက်ပြီး အလွမ်းသယ်လေ့ရှိပေမယ့် အခုတော့ ဝမ်ပါးပါးနဲ့ မားမားကို ဖုန်းလေးသာဆက်ပြီး ရှောင်ကျန့် Condo မှာ လာသောင်တင်နေတာဖြစ်တယ်။
မားမားတို့ကို အားနာပေမယ့် ကိုကို့ ကို မတွေ့ရရင်မနေနိုင်တော့လည်း အခက်သား..။ဝမ်ရီပေါ်က တော်ရုံချစ်မိနေတာမျိုး မဟုတ်တော့ပါဘူး။
"ငါ ပြန်သွားစရာမလိုတော့ဘူး.သိလား "
"ဟင် .."
"ငါတို့batch က အခြေအနေအမျိုးမျိုးကြောင့် Final exam အားကြီး စောသွားတာ..ဒါပေမဲ့ Pre test အရင်စစ်ပြီးမှ စာတမ်းပြုစုပြီးတင်ခဲ့ရတာ..
အဲ့တာကို past ဖြစ်မှ Final ကို ဖြေရတာ"
"ကိုယ့် ကောင်လေးက သိပ်တော်နေတော့တာပဲ"
"ဟီးဟီး ..အဲတော့ နောက်နှစ်လုပ်မယ့် Graduation ကျရင် မင်းရော လိုက်ခဲ့ရမယ်"
"သေချာတာပေါ့.."
အတန်ကြာတဲ့အထိ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားရပါတယ်။
သူတို့နှစ်ယောက်လုံးက စကားတစ်ခွန်းမှထပ်မဆိုပဲ တစ်ယောက်အသက်ရှုူသံတစ်ယောက်နားထောင်ရင်းအချိန်တွေကို ကုန်ဆုံးစေပါတယ်။
"ကိုကို...ငါ တစ်ယောက်ယောက်ကို အရမ်းပြောပြချင်တဲ့ အကြောင်းတစ်ခုရှိတယ်သိလား။
ငါဟိုတလောက Supernatural နဲ့ပတ်သတ်ပြီးmajor ပေါင်းစုံ Discussionလုပ်ရတယ်သိလား. .
ငါကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်share ချင်ပေမယ့် သူတို့က ငါ့ကိုယုံမှာမဟုတ်ဘူး"
"ဝမ်ကလေးပြောတာကို ကိုယ်က ယုံပြီးသား"
"မင်းလည်း ယုံမှာမဟုတ်ဘူး..ဒါကို ငါကြုံခဲ့ပါတယ်ဆိုတဲ့ သက်သေပြစရာလည်း မရှိဘူး"
"ကိုကို သိတာပေါ့.. ဝမ်ကလေးက တကယ်မဖြစ်တဲ့ အကြောင်းအရာကို ဘယ်တုန်းက လုပ်ကြံပြောခဲ့ဖူးလို့လဲ"
"တကယ်တော့...တကယ်တော့လေ"
"အင်း"
"ငါ ပြီးခဲ့တဲ့နှစ် က accident ဖြစ်ပြီး ပြန်သတိရလာတာက ရိုးရိုးသားသားမဟုတ်ဘူး။
ငါ အရမ်းထူးဆန်းတဲ့အဖြစ်မျိုးနဲ့ ကြုံပြီးတော့မှ ပြန်သတိရလာနိုင်ခဲ့တာ"
"အင်း "
"မင်း .မယုံဘူးမလားဟင်."
"ကိုယ်ယုံတာပေါ့ ဝမ်ကလေးရယ်"
"ဟင့်အင်း...မင်းမယုံပါဘူး။ ငါစိတ်ချမ်းသာအောင် ပြောပေးနေတာမဟုတ်လား"
"ကိုယ်တကယ် ယုံပါတယ်..ဝတ်ရုံရှင်လေးရယ်"
"ဟင်....ကိုကို..မင်း..မင်း.."
ဝမ်ရီပေါ်က အံ့သြမှူနဲ့အတူ ထ ထိုင်ဖို့ပြင်တော့ ရှောင်ကျန့်က ခပ်တင်းတင်းဖက်ပြီး မျက်ခွံလေးတွေကို ဖိနမ်းပါတယ်။ သူကိုယ်တိုင်လည်းမျက်လုံးကလေး မှိတ်ရင်း ဝမ်ကလေးရဲ့ အသက်ရှုုသံလေးကို နားစွင့်တယ်။
"အိပ်တော့..ခရီးပန်းလာတယ်မလား .."
"ဒါပေမဲ့ မင်း"
"မနက်ဖြန် ကျရင် ဝမ်ကလေးကို ခေါ်သွားစရာတစ်နေရာရှိတယ်..တွေ့ပေးချင်တဲ့လူရောပဲ"
"ကိုကို. ."
"အိပ်တော့ ..မနက်ဖြန်ကျရင် ဝမ်ကလေး မေးခွန်းတွေကို ဖြေပေးမှာပါ"
.
.
.
ခပ်နွမ်းနွမ်းမိဘမဲ့ ကျောင်းလေးထဲကို ကားအကောင်းစားကြီးဝင်လာတာကြောင့် ဆော့နေတဲ့ ကလေးတွေက. စိတ်ဝင်တစားဖြစ်သွားကြပါတယ်။
သူထက်ငါ အပြိုင်ပြေးလို့ စပ်စုကြတာကြောင့် စစ်စတာက ထွက်ပြီးတားရတဲ့အထိပါပဲ။
စစ်စတာကြီးက ကလေးတွေကို ခြံအနောက်ထဲမှာ ကစားနေဖို့မှာပြီးတာနဲ့ သူမက ကားပေါ်ကဆင်းလာတဲ့ဧည့်သည်တွေကိုအေးချမ်းစွာ ပြုံးပြနေပါတယ်။
"လူလေးရှောင်း ပါလား"
"ဟုတ်တယ် ... စစ်စတာကြီးရေ..ဆရာမနျန် ကိုလည်း တွေ့ချင်တာနဲ့"
"အေးကွယ် လာလေ .အေးအေးဆေးဆေးနေပြီးမှ ပြန်ကြပေါ့"
ဝမ်ရီပေါ်ကတော့ အားလုံးကို ကြောင်တောင်တောင်လေး လိုက်ကြည့်နေဆဲပါ။
အရာရာက သူမသိသေးတဲ့ ပဟေဠိတွေမို့ သူက စူးစမ်းနေဆဲအနေအထားပါပဲ။
"စစ်စတာ...ဒိဟာက လစဥ်အသုံးစရိတ်ပါ။ ကလေးတွေရော အဆင်ပြေကြတယ်မလား"
"ပြေပါတယ်..လူလေးရယ်..စစ်စတာတို့ကို ဒီလိုထောက်ပံ့ပေးတဲ့အတွက် ဘုရားသခင်ကောင်းချီးပေးပါစေ။ ဒီလထဲ အငယ်လေးတွေက ကျန်းမာရေးချူချာတော့ စစ်စတာကြီးတို့လည်း စိတ်ပမ်းလူပမ်းပါပဲ"
"ကျနော်တို့ပြန်ခါနီးမှ အငယ်လေးတွေကို တွေ့သွားရဦးမယ်..အော်..ဒါနဲ့...ဒီဘက်က ကျနော့်အမျိုးသားလောင်းလေ.."
"ကလေးက ချစ်စရာလေးကွယ်"
"တွေ့ရတာဝမ်းသာပါတယ်ဗျ . ကျနော်က ဝမ်ရီပေါ်ပါ"
"အေးကွယ်..လူလေးရှောင်း ကတော့ စစ်စတာတို့ရဲ့ ကျေးဇူးရှင်ကြီးပါပဲ..စစ်စတာတို့ကျောင်းက မထင်မရှားဆိုတော့ လူလေး ရှောင်း ကြောင့်ပဲ အခုထက်ထိဆက်ဖွင့်ထားနိုင်တာ"
"မဟုတ်တာ စစ်စတာရယ်...ဒါနဲ့ ကျနော်တို့ ဆရာမနျန်ကို အရင်သွားတွေ့လိုက်ပါဦးမယ်"
"ကောင်းပါပြီကွယ်.. သမီးကတော့ ကောင်းကင်ဘုံကနေပျော်နေရှာမှာပါ"
.
.
.
"ဒါ...ဒါက...ချီး ..ချီးထုပ်ပရိုမက်စ်လား.."
ဝမ်ရီပေါ်က အမျိူးသမီးငယ်လေးတစ်ယောက်ရဲ့ ဓါတ်ပုံကို ကြည့်ရင်းရေရွတ်တယ်။သူက အုတ်ဂူလေးကို ဖွဖွစမ်းမိတော့ စိတ်ထဲမကောင်းပါဘူး။
မက်မွန်ရွက်တွေတဖွဲဖွဲကြွေနေတာကြောင့် ပတ်ဝန်းကျင်က လေရှပ်သံ တသဲ့သဲ့ကြားရတယ်။
"သူက ကိုယ်တို့နှစ်ယောက်ကို ကူညီပေးခဲ့တဲ့သူပဲ..ဝမ်ကလေး"
"ဒါ ဒါဆို. မင်းက. မင်းအိပ်ဆေးသောက်ရတာ ငါ့.ငါ့ကြောင့်လား. "
ယူကြုံးမရဖြစ်နေတဲ့ ဝမ်ကလေးကို သူက ထွေးပွေ့မိပါတယ်။ ဒါတွေကို မပြောပြဖို့ ဆုံးဖြတ်ထားပေမယ့် အကြောင်းဖန်လာတော့ သူကဘာတတ်နိုင်မှာလဲ။
"မဟုတ်တာကွယ်. .အဲ့တာ ဝမ်ကလေး ကြောင့်မဟုတ်ပါဘူး"
"ငါက မင်းကိုတောင် အထင်လွဲနေခဲ့မိသေးတာပဲ..ငါကမကောင်းလိုက်တာ"
"အဲ့ဒီလို မတွေးပါနဲ့ကွာ. တကယ်က ကိုယ့်အပြစ်တွေပါ"
[အရှင့်သား!!]
ဒါက တချိန်က သိပ်ရင်းနှိးဖူးခဲ့သည်ခေါ်သံဖြစ်ပေမယ့် ဝမ်ရီပေါ် နှုတ်ဖျားကထွက်ကျလာတာမဟုတ်သလို ရှောင်ကျန့်ဆီကလည်း မဟုတ်ရပါဘူး။
ဝမ်ရီပေါ်က တိခနဲ အငိုတိတ်သွားပါတယ်။ သူနဲ့ ရှောင်ကျန့်က အကြည့်ချင်းစုံပြီးနောက်မှာတော့ ဝမ်ရီပေါ်က ရှောင်ကျန့်ရင်ခွင်ထဲပိုလို့တိုဝင်မိတော့တာပါပဲ။
"ချီးထုပ်...ချီးထုပ် . .သရဲ"
"ဝမ်ကလေး နားကြားမှားတာဖြစ်မှာပါ"
"အင်း...အင်း...ဟုတ်မှာပါ"
"ငါက ပရိုမက်စ်အကြောင်းစုံစမ်းနေခဲ့တာအတော်ကြာပြီ .သူမ က ခြေရာရောလက်ရာရော အကုန်ဖျောက်သွားတော့ ငါလက်လျော့ရမလိုတောင်ဖြစ်နေခဲ့တာ"
"ဆရာမနျန်က အပေါင်းအသင်းသိပ်မရှိတာကြောင့်ပါ။ သူမ ကဒီ ဂေဟာမှာ ကြီးပြင်းခဲ့တာဆိုတော့သူမရဲ့ ဇာတိကလည်း ရှာမရဘူး။"
"အင်း ..သူမ ကငါတို့ကျေးဇူးရှင်ပေမယ့်.Mission ထဲမှာတုန်းကတော့ ငါသူ့ကိုမကျေနပ်ဘူးရယ်"
"ဝမ်ကလေးရောပဲ သူမ ကို မကျေနပ်နေတာလား"
"အွင်း...သူမ ကလေ ငါ့ကို Mission ထဲခေါ်လာပြီး တစ်ခါနှစ်ခါ လာတွေ့ပြီးတာနဲ့ ငါ့ကို ပစ်ထားတော့တာ"
"ဝမ်ကလေး အနားမှာမရှိတာက သူမက ကိုယ့်ကိုပဲ မျက်စိတောက်ထောက်ကြည့်နေလို့နေမယ်။
သူမ က ကိုယ့်အနားမှာနေပြိး 'အရှင့်သား အရှင့်သား' နဲ့ အကုန်လိုက်ပြီးထိန်းချုပ်နေတော့တာပဲ "
မက်မွန်ပင်ကိုင်းပေါ်မှာမမြင်ရတဲ့သက်မဲ့လေးရှိနေခဲ့ပါတယ်။ သူမ ရှေ့မှာ သူမအကြောင်းဖောက်သည်ချနေကြတဲ့ ကျေးဇူးကန်းလေးနှစ်ယောက်ကို သူမ အံကြိတ်ရုံသာတတ်နိုင်ခဲ့ပါတယ်။
ဒီကနေ့မှာ ဒီနေရာကို ယောင်ပြီးပြန်လာမိတဲ့ သူမကိုယ်သူမဘဲ အပြစ်ဖို့လိုက်ပါတော့မယ်။
ဘဝကူးပြောင်းခွင့်ရတော့မှာကြောင့် သူမ မြတ်နိုးခဲ့ရတဲ့နေရာလေးကို နောက်ဆုံးအကြိမ်လာကြည့်မိလေခြင်း..
ဒါက အတော်ဆိုးရွားတဲ့တိုက်ဆိုင်မှုပါပဲ။
ဒီနေ့က သူမအတွက် နောက်ဆုံးပါပဲ။ ဒီတစ်ခါတော့ ၁၀ ယောက်မြောက် ဝိညာဥ်ကို သွားခေါ်တဲ့အခါ သတိအကြီးကြီးထားရပါတော့မယ်။
ကောင်းကျိုးမပေးတဲ့ ၁၀ ဦးမြောက် ဝိညာဥ်တွေဟာ ချစ်သူကောင်လေးမရှိနေပါစေနဲ့ လို့ သူမက ဆုတောင်းမိတယ်။
သူမက ပါဝါမျက်မှန်အထူကြီးကို ဖုန်သုတ်လိုက်ပြီး အနည်းငယ်ခါယမ်းလိုက်တယ်။
လေတစ်ဝှေ့က အားအလွန်ပြင်းသွားတာကြောင့် အညှာမခိုင်ရှာတဲ့ မက်မွန်သီးလေး တစ်လုံးက အပင်အောက်ကို သက်ဆင်းရတော့တာပါ။
[ဘုတ်!]
မက်မွန်သီးလေးဟာသူမရဲ့ အုတ်ဂူပေါ် ကြွေကျသွားခဲ့ပြီးနောက်မှာ သူမက လူသားနှစ်ဦးကိုပဲ စောင့်ကြည့်နေမိတော့တာပါပဲ။
"မက်မွန်သီး.!!"
ရှောင်ကျန့်နဲ့ သူ၏ဝမ်ကလေး ဟာ ကြွေကျလာတဲ့ မက်မွန်သီးကိုကြည့်ပြီး တဟားဟားအော်ရယ်ကြပါတယ်။
"ဒါက အရှင့်သားရဲ့ မက်မွန်ပင်တော့ မဟုတ်ဘူးမလား . .ကျနော်မျိုးစားရင် အပြစ်မဖြစ်တော့ဘူးပေါ့"
"မက်မွန်သီးစားချင်တာ အပြစ် ပဲ ဝတ်ရုံရှင်!"
မက်မွန်သီးနဲ့အူမြူနေကြတဲ့ နှစ်ယောက်ကို မက်မွန်ကိုင်းပေါ်က မကျေမနပ်ဖြစ်နေတဲ့ နှစ်ချို့ ဝိညာဥ်ရှိနေခဲ့ပါတယ်။
"ဒါတွေက မနေ့တစ်နေ့ကလိုပဲ"
"ကိုယ့်မျက်လုံးထဲမှာလည်း သွေးတွေအန်ပြီးဖြူဖျော့နေတဲ့ မင်းရဲ့ပုံရိပ်ကလေးက မနေ့ကအတိုင်းပဲ မေ့မရဘူး..အဲ့တာက သိပ်နာကျင်ရတယ်။
နောက်တစ်ခါ မင်းကို အဲ့ဒီလိုလုံးဝ ကြုံခွင့်မပေးတော့ဘူး"
ရှောင်ကျန့်ရဲ့ရင်ခွင်ထဲကိုမှီထိုင်ရင်း ဝမ်ရီပေါ်က တွေတွေလေးပြုံးပါတယ်။
"ငါလည်း အဲ့ဒီတုန်းက ဝမ်းနည်းခဲ့တယ်။ မင်းက ငါ့ကို ဘယ်လောက်တောင် ချေမိုး နေခဲ့လဲ"
"အဲ့တာ ကိုယ်မဟုတ်ပါဘူးကွယ်"
"ကိုယ်မဟုတ်လို့ဘယ်သူလဲ.."
"အဲ့တာ..အဲ့တာ..ဆရာမနျန်ကြောင့်ပါ"
[အမလေး ဗုဒ္ဓ ငါရုပ်လှ!!. .အဟွတ်!]
ရှောင်ကျန့်အပါအဝင် ဝမ်ရီပေါ် ရော ကြောင်အမ်းနေကြဆဲဖြစ်တယ်။
သူတို့က တောင်ကြည့်မြောက်ကြည့်ကြည့်ရင်း အုတ်ဂူထက်က ဆရာမနျန်ဓါတ်ပုံကို အကြည့်ရောက်မိကြတော့တာပါပဲ
"ကိုကို . .မင်းကြားလိုက်တယ်မဟုတ်လား.."
"အင်း."
"သူမ က အခုထက်ထိ မကျွတ်သေးဘူးထင်တယ်"
"မကြောက်နဲ့နော် ဝမ်ကလေး လာကိုယ့်လက်ကို မြဲမြဲကိုင်ထား"
"အွင်း.."
သူတို့က တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း မတ်တပ်ထလိုက်ကြပါ။
ထီးထီးကြီးရှိနေတဲ့ မက်မွန်ပင်ကြီးကို တိတ်ဆိတ်စွာ ရပ်ကြည့်နေမိကြတော့တာပါပဲ။
"ဆရာမနျန် ရှိနေသေးတာလား ။ ကျနော်တို့က နောက်တစ်ပါတ်ထဲကျရင် လက်ထပ်ကြတော့မှာဆိုတာ လာအသိပေးတာ။
ခဗျား ဘဝကူးပြောင်းနိုင်ဖို့ဆုတောင်းပေးခဲ့ပါတယ်"
"ချီးထုပ်ပရိုမက်စ် ခဗျားကို သတိရနေခဲ့တာ
ကျနော့်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်. .စိတ်ရင်းနဲ့ပါ. .
ခဗျားက တကယ်ကြင်နာတတ်တဲ့လူတစ်ယောက်ပါပဲ"
"ကျနော်တို့ ဒီကို မကြာမကြာ လာခဲ့မယ်နော်..ဒါပေမဲ့ နောက်တစ်ခေါက် ကျရင် ခဗျားကို မတွေ့ချင်တော့ဘူး။
ဘဝအသစ်ကို အဆင်ပြေပြေ ရောက်နိုင်ပြီး သာယာတဲ့မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေ"
"ဝမ်ကလေး..ကိုယ်တို့ သွားကြရအောင်"
သူမ က မက်မွန်ပင်ကြီးပေါ်ကနေ ဆွေးဆွေးမြေ့မြေ့လှမ်းကြည့်ပါတယ်။
ဒီလူသားလေးနှစ်ယောက်က ဘာကြောင့်မှန်းမသိပေမယ့် စတွေ့ကတည်းက ခံစားချက်အမျိုးမျိူးကို ပေးနိုင်လွန်းပါတယ်။
သူမ နောင်တမရမိဘူး၊
အဲ့ဒီကောင်လေးကို ကယ်တင်ပေးနိုင်ခဲ့ရတာကို..
အဆုံးသတ်မှာ အားလုံးအဆင်ပြေသွားခဲ့လို့ သိပ်ဝမ်းသာမိပါတယ်။
တလှုပ်လှုပ်ဝေးကွာသွားတဲ့ ကျောပြင်ကလေးနှစ်ခုရယ်
လေတစ်ချက်အဝှေ့မှာ ယိမ်းနွဲ့နေတဲ့ မက်မွန်ကိုင်းလေးတွေရယ်။
ဖြူလွှလွှ အုတ်ဂူလေးပေါ်က မက်မွန်သီးကလေး တစ်လုံးရယ်..
တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ သူမရဲ့ ဝိညာဥ်ကလေးရယ်နှင့်..
.
.
.
"ဝမ်ကလေး .. ကိုကို့ကို ချစ်လား အိမ်ရှေ့စံကိုချစ်လား"
"အဲတာဆိုမင်းအရင်ပြောလေ. ငါ့ကိုချစ်တာလား.ဝတ်ရုံရှင်ကို ချစ်တာလား ဆိုတာ"
"အင်း .ကိုယ်ထင်တာကတော့
ဝတ်ရုံရှင်လေးက ကိုယ့်ရဲ့ အသက်
ဝမ်ကလေးကတော့ ကိုကို့ ဘဝကြီး"
"ငါက အိမ်ရှေ့စံကို ပိုချစ်တယ်.ဘာလို့ဆိုတော့ သူမှာ မက်မွန်ပင်ကြီးရှိတယ်လေ"
"ဝမ်ကလေးက ကွာ..ကိုကိုက ဝမ်ကလေးသာ စားချင်ရင် နှစ်ဆယ့်နှစ်လုံးမက ဝယ်ကျွေးနိုင်ပါတယ်။
ကိုကို က ဘယ်လောက်ကောင်းလဲ မင်းကို အပြစ်သားလို့လည်း မခေါ်ဘူးလေ"
"အင်း ...ငါ ကိုကို့ကို နည်းနည်း ပိုချစ်သွားပြီထင်တယ်"
"တကယ်လား .."
"တကယ်လို့ထင်တာပဲ.."
ကောင်ကလေးနှစ်ယောက်ရဲ့ ရယ်သံကလေးတွေက လေပြေနဲ့အတူ လွင့်လာခဲ့တယ်။
ကောင်းကင်ပြာကြီးက ပြောလာခဲ့တယ်။
ချစ်ခြင်းတရားက အင်မတန်မှ လှပတာမို့ သဘာဝရဲ့အလှတရားကလေးပါတဲ့။
အလှတရားကလေးက သိပ်အဖိုးတန်တယ်။
ရှောင်ကျန့်ရဲ့ ကမ္ဘာကြီးထဲမှာတော့ သူရယ် ဝမ်ကောင်ကလေး ရယ်နှစ်ယောက်တည်းဖြစ်တယ်။
သူ့အတွက် ချစ်ခြင်းတရားက ဝမ်ကလေးဖြစ်သလို
အလှတရားကလည်း သိပ်မြတ်နိုးရတဲ့ ဝမ်ကောင်လေးပါပဲ။
[The End]
'ဇာတ်လိုက်က ငါ့Ex' ကလေး ပြီးဆုံးသွားခဲ့ပါပြီ
အဆုံးထိစိတ်မပျက်ပဲ လိုက်ပေးခဲ့တာကို အများကြီးအများကြီး ကျေးဇူးတင်ပါတယ်💜
Ursue ရဲ့ အရေးအသားကြောင့် ဒီfiction လေးက ချို့ယွင်းချက်အများကြီး ဖြစ်သွားရတာတကယ်အားနာရပါတယ်
အများကြီးmentပေးကြတဲ့ အချစ်ကလေးတွေကိုလည်း အားကြီးချစ်ပါတယ်လို့💜
Thanks for votes, rl and comments💜
Zg
"ငါရော ကူပေးမယ်လေ.."
.
.
.
"ဘာမှလည်းမဆိုင်ဘူး"
"လာပါဦး ကိုယ့်ဆီကို"
"ဟားဟား."
.
.
.
"စိတ်ချပါ.ကိုကိုကလည်း.."
"အင်းဆို.."
"သောက်ပိုတွေကို instock တင်ရောင်းနေပါပြီဗျိုး"
"ကိုကို!!"
"ဟင်းဟင်းဟင်း ."
"ရှောင်ကျန့်!!!"
"သွား..မသိဘူး.."
"Flight မမှိဘဲနေ....အွတ်!"
.
.
.
"အင်းပါကွာ၊"
"ဘာ...ဘာပြော..ဘာ 'လုပ်' တယ်?"
.
.
.
နွဦေးမှာ မေပယ်ရွက်ဝါတွေကြွေတော့ ရှောင်ကျန့် က ဝမ်ကလေးကို သိပ်လွမ်းပါတယ်။
နွလေည်ခေါင်ရောက်ပြန်တော့ သူကလွမ်းနာကျပြီး အရူးရင့်ခဲ့ပြန်ပါပေါ့ ။
.
.
.
In 25 December, 2021
"ကိုကိုက ခြွေတယ်ကွာ..."
"ဟင့်အင်း.."
"မဆိုးပါဘူး"
"အဆင်ရောပြေရဲ့လား"
"ဝမ်ကလေးက တော်လိုက်တာ"
"မင်းယောက်ျားပဲဟာ အကုန်အဆင်ပြေရမှာပေါ့.ဟားဟား"
"ဟင်းဟင်းဟင်း "
.
.
.
"မင်းကလေ.."
"ဟယ်လို..အကို"
"အင်း.. ကျနော် အားတယ်ရယ်.."
"ချစ်တယ်ဆို...အင်း..bye"
စပ်စလူးကိုခါနေရော။
[Knock!..Knock!]
[Click.. !]
"ကျူးရှီးလော့ရေ..ငါ"
"ကိုကို...."
"ဝမ်...ဝမ်ကလေး ..လား"
.
.
.
"ဟင် .."
"သေချာတာပေါ့.."
"တကယ်တော့...တကယ်တော့လေ"
"အင်း"
"အင်း "
"မင်း .မယုံဘူးမလားဟင်."
"ဟင်....ကိုကို..မင်း..မင်း.."
"ဒါပေမဲ့ မင်း"
"ကိုကို. ."
.
.
.
"လူလေးရှောင်း ပါလား"
"ကလေးက ချစ်စရာလေးကွယ်"
.
.
.
[အရှင့်သား!!]
"ချီးထုပ်...ချီးထုပ် . .သရဲ"
"အင်း...အင်း...ဟုတ်မှာပါ"
[ဘုတ်!]
"မက်မွန်သီး.!!"
"အင်း."
"အွင်း.."
ဒီလူသားလေးနှစ်ယောက်က ဘာကြောင့်မှန်းမသိပေမယ့် စတွေ့ကတည်းက ခံစားချက်အမျိုးမျိုးကို ပေးနိုင်လွန်းပါတယ်။
သူမ နောင်တမရမိဘူး၊
.
.
.
"အင်း .ကိုယ်ထင်တာကတော့
"တကယ်လား .."
"တကယ်လို့ထင်တာပဲ.."
[The End]
Continue Reading
You'll Also Like
78.8K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
41.1K 2.9K 72
ဖတ်ကြည့်နော်😉😉
57.8K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
492K 40.4K 61
Top1တစ်ကျောင်းလုံးရဲ့Top1 ပညာရေး အားကစား ဖျော်ဖြေရေး နောက်ဆုံး အလှဆုံးရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားသည့် ချင်ချောင်အာလေး မနာလိုမှုတစ်ခုက ဖြစ်သွားခဲ့တဲ့...